9.11.2008
ဖတ်မိသမျှဟာသလေးများ
(၁)
နေရာ ... စိတ္တဇဆေးရုံ
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။
(၂)
ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။
ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် "ဆရာမ ကလေးမလိုချင်ဘူး" ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက "ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။
(၃)
တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..
(၄)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့ ပြောလိုက်သတဲ့။
(၅)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"
တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။
(၆)
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။
(၇)
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြစ်သူက
"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။
(၈)
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
--------
--------
--------
--------
အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့။
(၉)
တရုတ်နဲ့ ဂျပန်
ကမ္ဘာစစ်က ရန်ငြိုးတွေကြောင့် တရုတ်နဲ့ဂျပန် တစ်ယောက်ကို တစ်ယောက် အမြင်မကြည်ကြဘူးလို့ အလုပ်က ပြည်ကြီးတရုတ် သူငယ်ချင်း တစ်ယောက်က ပြောပြဖူးတယ်။ ဘယ်လောက်ထိတောင် အမြင်မကြည်လဲဆို တရုတ်နာမည်ကြီး ဘတ်စကက်ဘောသမား "Yao Ming"ဆိုရင် ဂျပန်က ကမ်းလှမ်းတဲ့ ကြော်ငြာတွေကို ဘယ်တော့မှ လက်မခံပါဘူးတဲ့။ ဒါဆိုရင် မနှစ်က ဂျပန်ကား ရိုက်သွားတဲ့ နာမည်ကြီး တရုတ် မင်းသမီး"Zhang Ziyi " ရောလို့ ကျွန်မ မေးတော့ အဲဒီမင်းသမီးကို ပြည်ကြီးက တရုတ်တွေ မကြိုက်တဲ့အကြောင်း သူပြောပြတယ်။
နောက်ပြီး သူဆက်ပြောသေးတယ်။ တစ်ခါက တီဗွီ အစီစဉ်တစ်ခုမှာ ကမ္ဘာကျော် တရုတ်မင်းသား "ဂျက်လီ"နဲ့ ထိုင်ဝမ် အဆိုတော် တစ်ယောက်ကို ဂျပန်သတင်းထောက်က အင်တာဗျူးလုပ်သတဲ့။ အင်တာဗျူးမှာ သတင်းထောက်က အဆိုတော်ကို "ကမ္ဘာစစ်တုန်းက ဂျပန်တွေက တရုတ်လူမျိုး သန်းပေါင်းများစွာကို သတ်ခဲ့တယ်လို့ ပြောတယ်။ အသတ်ခံရတဲ့ အရေအတွက်ကို ခင်ဗျားတို့က လိုက်ရေထားလို့လား" လို့ မေးတော့ အဆိုတော်က ဘာပြန်ဖြေရမှန်း မသိဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ မင်းသား ဂျက်လီက ရုပ်ရှင်ထဲက သူ့ရဲ့ ကန်ချက် ထိုးချက်အတိုင်း လျှင်မြန်တဲ့ အတိမ်းအရှောင်နဲ့ အခုလို ဖြေလိုက်ပါသတဲ့။ "ကမ္ဘာစစ်တုန်းက အမေရိကားစစ်သားတွေ ဂျပန်အမျိုးသမီးတွေကို မုဒိန်းကျင့်ခဲ့တယ်လို့ ပြောတယ်။ ခင်ဗျားတို့က အဲဒီမုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေကို ဖရီးလာလားလို့ မေးခဲ့လား" လို့ ပြန်မေးလိုက်မှ သတင်းထောက်ကြီး ဆွံအသွားသတဲ့။ တီဗွီထဲကရော တီဗွီအပြင်မှာရော ကြည့်နေကြတဲ့ ပြည်ကြီး တရုတ်တွေက လက်ခုပ်လက်ဝါး တဖြောင်းဖြောင်း တီးလို့ပေါ့။
(၁၀)
တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို ဆွေးနွေးကြတယ်။
ဂျပန်လူမျိုးက "ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်" လို့ ပြောပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ် ပြိုင်ခိုင်းလိုက်တယ်။
ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂၀ လှမ်းပြီး ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက မီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. "I am Hunter" ငါက မုဆိုးတဲ့။
ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅၀လှမ်းပြီး ကိုယ်ကို တစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်က ကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. "I am Bond" ငါက ဂျိမ်းစ်ဘွန်းတဲ့။
နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီး ပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။ တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။ "I am sorry" ငါဝမ်းနည်းပါတယ်တဲ့။
(၁၁)
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ် ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက် မေးကြတော့တာပေါ့။
ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။
`ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊ စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။
ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။ `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ ငိုပြန်ပါလေရော။
နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။ သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။
မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။
(၁၂)
တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ် အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။ အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့
`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´ လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။
ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။
နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့ ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။
`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။
9.10.2008
လွတ်သွားခဲ့သော ငါးကြီးများ
လွတ်သွားခဲ့သော ငါးကြီးများ “လွတ်သော ငါးကြီးသည်” ဟု မြန်မာစကားရှိသလို “A bird in the hand is worth than two in the bush”ဟု အင်္ဂလိပ် စကားပုံ ရှိပါသည်။ ရလာသည့် အခွင့်အရေးကို အမိအရမဆုပ်ကိုင်နိုင်လိုက်၍ လက်လွတ်သွားလျှင် နောင်ခါကျမှ နောင်တ ရတတ်ပုံကို ညွှန်းဆိုခြင်း ဖြစ်ပါသည်။ ၁၉၈၈ အရေးအခင်းကာလက အစိုးရအာဏာစက် မသက်ရောက်တော့သည့်အချိန်၊ တပ်မတော်သားများ ဒီမိုကရေစီဖက်သို့ အလုံးအရင်းဖြင့် ကူးပြောင်းစပြုနေသည့်အချိန်မှာ အခွင့်ကောင်းယူ၍ ၀န်ကြီးချုပ်ဟောင်း ဦးနုက မိမိအာဏာကို ပြန်လည် ရယူလိုက်ကြောင်း ကြေငြာပေးခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့ဝင် ၀န်ကြီးစာရင်းကိုပါ ထုတ်ပြန်ခဲ့သည်။ အချိန်က ဒီမိုကရေစီဖက်သားတို့ အင်အားအကောင်းဆုံးအချိန်။ တပ်မတော်ကိုယ်တိုင် အခြေပျက်နေချိန်။ အစိုးရ မလှုပ် ရှားနိုင်တော့သည့်အချိန်။ တပ်မတော်သားများ ဘက်ပြောင်း ၀င်လာနေကြသည့်အချိန်။ သည်အချိန်မျိုးမှာ ဦးနုက ကြေငြာ ပေးခဲ့သည်မှာ အချိန်ကိုက် လှုပ်ရှားဆောင်ရွက်မှုပင် ဖြစ်သည်။ တကယ်ဆို ထိုအခွင့်ကောင်းကို လက်လွတ်မခံဘဲ အရယူလိုက်နိုင်ကြလျှင်၊ ဒီမိုကရေစီဖက်သားတို့ ကြားဖြတ်အစိုးရ ဖွဲ့နိုင် ကြမည်။ မိမိတို့လိုချင်သော ပန်းတိုင်အရောက် လှမ်းနိုင်ကြမည်။ တပ်မတော်သားများအဖို့လည်း ရွေးချယ်စရာလမ်း မရှိ တော့သည့်အတွက်ကို လာရောက်ပူးပေါင်းကြတော့မည်။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်များက မည်သို့တုန့်ပြန်ခဲ့ကြပါသနည်း။ ဦးနုသည် အာဏာရူး ဖြစ်သည်။ ၎င်းအာဏာလိုချင် သဖြင့် စတန့်ထွင်ခြင်းဖြစ်သည်ဟု ပြောကြသည်။ ထင်ရှားသော ခေါင်းဆောင် တစ်ယောက်ကဆိုလျှင် သည်လိုပွဲလန့် ဖျာခင်း ဒီမိုကရေစီမျိုး မလိုချင်ဟုပင် ပြောခဲ့သည်။ အချို့ကလည်း အစိုးရအဖွဲ့စာရင်းတွင် မိမိအမည်ပါလာပေမင့် မိမိဆန္ဒ မပါကြောင်း ထို့ကြောင့် ပြတ်ပြတ်သားသား ငြင်းပယ်ရခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။ အမှန်တော့ ဦးနုသည် အသက်ရှစ်ဆယ်ကျော်နေပြီ။ မိမိသိပ်မနေရတော့ဘူး ဆိုသည်ကိုလည်း သိသည်။ သို့ရာတွင် နောင်လာနောက်သားများအတွက် စစ်အစိုးရ၏ စစ်ဖိနပ်အောက်မှ အရဲစွန့်ကာ ဆွဲထုတ်ပေးဖို့ ကြိုးပမ်းသွားခြင်းကြောင်း မိမိလည်း အသက် ရှစ်ဆယ်ကျော်နေ၍ ကြာကြာမနေရတော့ မှန်းလည်း သိပါလိမ့်မည်။ အစိုးရ၏ အဖမ်းအဆီးသာခံရလျှင် သေဒဏ်ပေးခံရမည့် ပြစ်မှုကြီးဖြစ်သည်။ နောင်လာ နောက်သားတွေ ကောင်းစားရစ်ကြပါစေတော့ ဆိုသည့်စေတနာ။ ထိုစဉ်က နိုင်ငံရေးစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်တိုင်းသိခဲ့ကြပါသည်။ အာဏာရယူပြီးလျှင် နိုင်ငံရေးခေါင်းဆောင်များနှင့် ညှိနှိုင်းကာ ကြားဖြတ်အစိုးရ တစ်ခုဖွဲ့ပေးပြီး အနားယူရုံသာ။ အာဏာပြန်သိမ်းလိုက်ပြီဟု ကြေငြာခြင်းသည် နိုင်ငံတော်အပေါ် သစ္စာဖောက်မှုကြီးဖြစ်ကြောင်း ကိုယ်တိုင် ၀န်ကြီးချုပ် လုပ်သက်ရင့်နေသူ တစ်ဦးအနေဖြင့် သိပါလိမ့်မည်။ တကယ်တော့ ဦးနုက မိမိအသက်နှင့် လောင်းကြေး ထပ်ခဲ့ခြင်းပင် ဖြစ်ပါသည်။ အားနည်းချက်တစ်ခုဘဲ ရှိသွားသည်။ မိမိ အာဏာပြန်သိမ်းမည့်အကြောင်း မည်သူတစ်ဦး တစ်ယောက်ကိုမျှ ဖွင့်ဟတိုင်ပင် နိုင်ခြင်း မရှိခဲ့ခြင်းပင်။ စဉ်းစားကြည့်ပါ။ ဥပဒေကြောင်းအရ အကြီးဆုံး ပြစ်မှုကြီးကို ကျူးလွန်ရတော့မည့် အနေအထား၊ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့် ကိစ္စကြီးမှာ မည်သူ့ကိုမျှယုံကြည်စိတ်ချစွာ ဖွင့်ဟတိုင်ပင်၍ မရကောင်းမှန်း အများ သိကြပါလိမ့်မည်။ အကယ်၍သာ ထိုစဉ်က ဒီမိုကရေစီ ဖက်တော်သားအားလုံးက သဘောပေါက်ပြီး စုစည်းညီညွတ်စွာ ၀ိုင်းရံပေးလိုက်ကြမည် ဆိုပါလျှင်၊ ကျွန်တော်တို့တစ်တွေ လွန်ခဲ့သည့် အနှစ်နှစ်ဆယ် အချိန်ကတည်းက ဒီမိုကရေစီ ရနေလောက်ပြီ။ အခုတော့ ပွဲလန့်ဖျာခင်း ဒီမိုကရေစီ မလိုချင်သူလည်း နေအိမ်အကျယ်ချုပ်ဖြင့်။ ဦးနုအာဏာရူးတာပါ ဆိုသူလည်း ပြည်ပ မှာဘဲ အရိုးထုတ်ရတော့မည်။ သူတပါးကို အပြစ်ပြောနေခြင်း မဟုတ်ပါ။ နိုင်ငံရေးလုပ်နေပြီး နိုင်ငံရေးပါး မ၀ခြင်းကိုသာ အားမလိုအားမရ ဖြစ်မိပါသည်။ ဒါက ပထမဆုံး လွတ်ထွက်သွားသည့် အခွင့်အလမ်း။ ဒုတိယကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခံရစဉ်က။ စစ်အစိုးရသည် တရားဝင် အစိုးရမဟုတ် ကြောင်း။ မိမိတို့သာ အရွေးကောက်ခံ ပြည်သူ့ကိုယ်စားလည်များ ဖြစ်ကြောင်း၊ နိုင်ငံတကာကသိအောင် မလုပ်နိုင်ခဲ့ကြခြင်း က ဒုတိယလက်လွတ်ခံလိုက်ရသည့် အခွင့်အလမ်းပင် ဖြစ်ပါသည်။ ထိုစဉ်က စစ်အစိုးရ၏နောက်တွင် ရပ်တည်ပေးမည့် နိုင်ငံမရှိသေး။ NCGUB ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်ပါသည်။ သိုရာတွင် စစ်အစိုးရကို တရားမ၀င်အစိုးရအဖြစ် ဘယ်သော အခါကမျှ မကြေငြာနိုင်ခဲ့ပါ။ ကုလသမဂ္ဂ စင်မြင့်မှလည်း မောင်းမထုတ်နိုင်ခဲ့ကြပါ။ အဆိုးဆုံးက မိမိမှာ ဘာကျောထောက် နောက်ခံမှ မရှိပါဘဲလျှက် “အကြမ်းမဖက်သောနည်းဖြင့် ဖြေရှင်းရေး”၊ “နိုင်ငံရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်း နည်းဖြင့် ဖြေရှင်းရေး” ပေါ်လစီများ ချမှတ်လာခြင်းဖြစ်ပါသည်။ ၎င်းနှစ်နည်စလုံးမှာ နိုင်ငံရေးလောကတွင် အလွန်အရသာ ရှိလှသော ပြော၍အကောင်းဆုံးသော စကားလုံးများဖြစ်ပေမည့် လုံးဝအသုံးမ၀င်ချေ။ အကြမ်းမဖက်သောနည်းကို နောက်ထောက် ကျောခံရှိထားမှသာ သုံးရန်သင့်ပါသည်။ အိန္ဒိယတွင် မဟတ္တမဂန္ဓီကြီး၊ တောင်အာဖရိကတွင် နယ်လဆင်မင်ဒဲလားတို့ ကျင့်သုံးအောင်မြင်ခဲ့ကြသည် မှန်ပါသည်။ မဟတ္တမဂန္ဓီကြီး၏ နောက်တွင် တက်ကြွစွာ ထောက်ခံနေကြသော သူပြောသည့်အတိုင်း လိုက်လုပ်နေကြသော အိန္ဒိယပြည်သူများ ရှိကြပါသည်။ နယ်လဆင်မင်ဒဲလား၏နောက်တွင် အင်အားကြီးသော ANC အာဖရိက အမျိုးသားကွန်ဂရက်ကြီး ရှိနေပါသည်။ ထိုအင်အား စုများ၏ ဆန့်ကျင်မှုကိုမခံနိုင်တော့၍ အပြောင်းအလဲ လုပ်ပေးလာရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့မှာ ထိုအင်အားမျိုး မရှိဟုဆိုရပါမည်။ ထိုသို့မရှိရသည့်အထဲက တွေ့ဆုံဆွေးနွေးရေးအတွက် အစိုးရအငြိုငြင် မခံလို၍ ကိုယ့်ဖက်က နစ်နာနေရသည်ကိုပင် ထုတ်မပြောရဲသည့်ဘ၀။ နောက်ဆုံး ဒီပဲယင်းမှာ လုပ်ကြံခံလိုက်ရသည်ကိုပင် အရိုက်ခံရသူတရားလိုကို နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်ပြောင်တင်းတင်း ချုပ်နှောင်ခံရသည့်ဘ၀ ဆိုက်နေပါပြီ။ ကဲ … တွေ့ဆုံဆွေးနွေးရေးဆိုတာကြီးကကော အလုပ်ဖြစ်ပါ့မလား။ လက်ရှိအစိုးရသည် မည်သူ အသိအမှတ်ပြုပြု မပြုပြု စင်မြင့်ပေါ်ရောက်နေပါပြီ။ ရာဇပလ္လင်ပေါ်ရောက်လို့မှ အနှစ်နှစ်ဆယ် ကျော်နေပါပြီ။ ကိုယ့်ကိုယ်ကိုတောင် ဘုရင်ဟုပင် အထင်ရောက်နေပါပြီ။ စစ်တပ်ကို ကြိုက်သလို အမိန့်ပေးခိုင်းနိုင်နေပါပြီ။ တက်ကြွသည့် နိုင်ငံရေးအတိုက်အခံများ အားလုံး နီးပါး ထောင်ထဲထည့်ထားနိုင်ပါပြီ။ သူတို့အလိုကျ အခြေခံဥပဒေကိုပင် ပြဌာန်းနိုင်နေပြီ။ အခုကာမှ တိုင်းပြည်ရှေ့ရေး ဆွေးနွေးချင်လို့ပါဆိုလျှင်၊ ဘာအကြောင်းနှင့် ဆွေးနွေးဖို့လိုနေပါသေးသနည်း။ ဆွေးနွေးမည် ဆိုကတည်းက သူတို့မှာ အားနည်းချက်ရှိလို့ဟု စွပ်စွဲရာရောက်ပေမည်။ သူတို့ရဲ့ Road Map ခုနစ်ချက်တွင် တွေ့ဆုံ ဆွေးနွေးရေးမပါပါ။ သူကြီးရေ့ … ခင်ဗျားလုပ်နေပုံတွေ ဟန်မကျလို့ ကျုပ်တို့နဲ့ဆွေးနွေးရအောင် ပလ္လင်ပေါ်ကနေ ဖျာပေါ်ဆင်းခဲ့ပါဟု ပြောနေ သယောင်ပင်။ ကိုယ်တိုင် သူကြီးဖြစ်နေယင်ကော အဲသလို အပြောခံနိုင်ကြပါ့မလား။ ကဲ … သဘောကောင်းလို့ လိုက်လျော ပြီး ဆွေးနွေးပါမယ်တဲ့။ လက်ရှိအားဖြင့် သူက ဆင်ပေါ်ကလူ။ သူမကြိုက်လို့ မဆွေးနွေးဘူးဆိုတော့ကော ဘာတတ်နိုင်ကြ ပါမည်နည်း။ ဦးနေ၀င်းလက်ထက်က တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့တာကို ပြန်ပြီး သင်ခန်းစာ ယူကြစေချင်ပါသည်။ သူက အာဏာရှိထားသူဆိုတော့ သူမဆွေးနွေးဘူးဆိုတာနဲ့ ဆွေးနွေးပွဲပျက်ခဲ့သည်။ အဲသည့်အချိန်ကျမှ ပြန်တိုက်ကြဖို့ဆိုတော့ အရမ်းကိုနောက်ကျသွားပြီ။ တွေ့ဆုံဆွေးနွေးချင်လျှင် ကိုယ်အာဏာရအောင် အရင်လုပ်မှဖြစ်မှာပါ။ သည်လိုနှင့် ဗမာပြည်ကွန်မြူနစ်ပါတီကြီး ပျောက်ကွယ်သွားခဲ့ရပြီ။ ငြိမ်းချမ်းရေးအဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပျောက်ကွယ်ကြရတော့မည်။ အခုကော … ၁၉၉၀ ရွေးကောက်ပွဲပြီးစက မြေပေါ်မှာဆိုလည်း အားလုံးက မခံချင်စိတ်တွေနှင့် တင်းနေကြသည်။ တပ်မတော်အတွင်းကကို NLD ကို အင်တိုက်အားတိုက် ထောက်ခံခဲ့ကြသည်။ မြေအောက်မှာကျ ABSDF ကျောင်းသားတပ် မတော်ကြီး ရှိနေပြီ။ ပြည်ပမှာလဲ အဝေးရောက် အစိုးရအဖွဲ့နဲ့ဘာနဲ့။ ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ အားကလည်းရှိသေးသည်။ ဦးဆောင်မှု ပေးနိုင်မည့် ခေါင်းဆောင်ကောင်းပဲ လိုအပ်ခဲ့သည်။ သည်တုန်းက ဦးကြည်မောင်က တင်ပြခဲ့ဖူးသည်။ တဖက်က တွေ့ဆုံဆွေးနွေးရေးလုပ်သလို၊ တစ်ဖက်ကလည်း ကိုယ်ပိုင် အင်အား ထူထောင်ထားဖို့။ ဦးကြည်မောင်ဆိုသည်က နှယ်နှယ်ရရ မဟုတ်။ စစ်ရေးရော နိုင်ငံရေးအမြင်ပါရှိသူ။ နိုင်ငံရေးပါး ၀သူ။ ဗိုလ်အောင်ကျော် အရိုက်ခံရ၍ လဲကျသွားချိန်က အလံလဲကျမသွားအောင် ရှေ့ဆုံးက ဆက်လက်တာဝန်ယူ ဦးဆောင် ချီတက်ခဲ့သူ။ ကျောင်းသားခေါင်းဆောင်ဟောင်း။ ဦးကြည်မောင် တင်ပြချက်ကို လက်မခံခဲ့။ နောက်ဆုံးတော့ ဦးကြည်မောင်သာ NLD ကို ကျောခိုင်းသွားခဲ့ရသည်။ ကဲ … အခုတော့ ဘာကျောထောက်နောက်ခံမှမရှိဘဲ ဘယ်လိုလုပ် တွေ့ဆုံဆွေးနွေးရေး လုပ်ကြမှာလဲ။ ဘယ်သူက အရေးလုပ် နားထောင်နေမှာလဲ။ ကျောင်းသားတပ်မတော်ကို အင်အားမဖြည့်လိုက်နိုင်တော့ စစ်တပ်က သဘောကျပေါ့။ သူ့အင်အားကို ရသမျှချဲ့ပစ်လိုက်သည်။ သည်လိုနှင့် ကျောင်းသားတပ်မတော် ပျောက်ကွယ်သွားရတော့မည်။ တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ တစ်ဖက်သား မလိုက်လျောသေးသမျှ ဘာမှလုပ်မရ ဖြစ်သွားတတ်ပါသည်။ နိုင်ငံရေး အခွင့်အလမ်းအားလုံး ပိတ်ဆို့သွားတတ်ပါသည်။ အခုလဲကြည့်ပါ။ တွေ့ဆုံဆွေးနွေးရေး Stake က နအဖလက်ထဲမှာ။ NLD အဖို့ နအဖ၏ အရိပ်အကဲကိုပဲ စောင့်မျှော်နေရသည့်ဘ၀ ရောက်နေပါပြီ။ အင်အားကြီးနိုင်ငံများကထိပ်ဆုံးကသမတကြီးတွေကိုယ်တိုင်က မြန်မာ့ဒီမိုကရေစီရေးအတွက် ကူညီပံ့ပိုးပေးချင်တာတောင် “တွေ့ဆုံဆွေးနွေးရေး” လုပ်ချင်နေကြတာမို့ ဘယ်ကစလို့ ဘာကူညီရမှန်းမသိ ဖြစ်နေကြပြီလေ။ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာအောင် ဂန်ဘာရီလည်း မတတ်နိုင်ပါ။ ဘန်ကီးမွန်းလည်း မတတ်နိုင်ပါ။ နအဖ စိတ်မပါသေးသ၍ ခံပေဦးတော့ နှစ်ပေါင်းများစွာ။ အဲ … တိုင်းပြည်ပျက်တော့မည်ဆိုလျှင်တော့ ဒရောသောပါး ဆွေးနွေးနိုင်ဖို့ ကြိုးစားလာကြပါလိမ့်မည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးတုန်းက ဗိုလ်ချုပ်ဘာလုပ်ခဲ့ပါသနည်း။ ဖက်ဆစ်တွေကို ဘယ်လိုမောင်းထုတ်နိုင်ခဲ့ပါသနည်း။ ရှေ့သွားလမ်းပြရှိပြီးသားပါ။ ဘာဖြစ်လို့ သည်လမ်းမရွေးခဲ့ကြပါသနည်း။ ပြည်တွင်းစစ် ဖြစ်မှာစိုးလို့ဟု အကြောင်းပြကြ သည်။ ယခုအခြေအနေက ပြည်တွင်းစစ်ဖြစ်သည်ထက် ပိုဆိုးနေသည်။ ပြည်သူတွေအဖြစ်က ရေထဲထည့်ပြီးမှ မီးတိုက် သတ်ခံရသည့် ငါးကလေးတွေလို ဖြစ်နေသည်။ ရေပူမှာသာ ထည့်ခံရလျှင် ချက်ချင်း ခုန်ထွက်နိုင်မှာဖြစ်ပေမည့် ရေအေး ထဲမှာဆိုတော့ ပူလို့ ပူမှန်းမသိ။ တဖြည်းဖြည်းချင်းမှ ရေဆူပွက်သည့်ဒဏ်ကို တမြေ့မြေ့ခံစားရပြီး ဘ၀အဆုံးခံရမလို ဖြစ်နေကြပြီ။ သနားစရာ အကောင်းဆုံးကတော့ ခေါင်းဆောင်ကြီးတွေကို ယုံကြည်အားထားပြီး စွန့်လွှတ်စွန့်စား ကြိုးစားအားထုတ်ခဲ့ကြ ရတဲ့ ရဲဘော်များ ထောင်ထဲမှာပဲ အရိုးထုတ်ကြရတော့မယ့် အနေအထားပါ။ ကျွန်တော်တို့ ဘာများလုပ်ပေးနိုင်ကြပါသနည်း။ ခုပုံအတိုင်း သွားနေလို့ကတော့ ခေါင်းဆောင်ကြီးတွေမပြောနှင့် ကျွန်တော်တို့တွေ မသေခင်တောင် ဒီမိုကရေစီဆိုတာကြီး မြင်မှ သွားကြရပါ့မလားဗျာတို့ … ။ ။ စာရေးသူသည် မြန်မာပြည်တွင်းရှိ ဧရာဝတီ စာဖတ်ပရိသတ်တဦး ဖြစ်သည်။ |
9.09.2008
Thai Court Rules Against Samak, Orders his Resignation ထိုင်းဝန်ကြီးချုပ်အား ရာထူးမှနုတ်ထွက်ရမည်ဟု ထိုင်းတရားရုံးဆုံးဖြတ်
Thailand's Constitutional Court ruled on Tuesday that Prime Minister Samak Sundaravej had violated the constitution by hosting a TV show while serving as premier, and ordered him and his cabinet to resign.
"The defendant has violated Article 267 of the constitution, and his position as prime minister has ended," the head of the panel of nine judges, Chat Chonlaworn, said, according to the Associated Press. “The cabinet will remain in a caretaker position until a new administration is installed.”
| Anti-government demonstrators at Government House in Bangkok, Thailand, shout with joy as they learn that Thai Prime Minister Samak Sundaravej is being forced to resigned from office by the constitutional court. (Photo: AP) |
Karn Tienkaew, deputy leader of Samak's People's Power Party, described the court ruling as a "small legal matter" and said the party planned to meet later and to propose a parliamentary vote to reinstall Samak.
It is unclear whether Tuesday’s ruling by the Constitutional Court will affect Samak’s plan to address the United Nations General Assembly later this month.
According to the Bangkok English language daily the Bangkok Post, Samak intends to urge Burma’s military regime to allow the UN to play a role in the general election planned for 2010.
Speaking at the Foreign Ministry in Bangkok, Samak said the UN’s experience in organizing elections in Cambodia and East Timor could help Thailand’s neighbor establish democracy, the newspaper said.
The prime minister did not explain what kind of role the UN could play in the 2010 election. He stressed that he would not mention the position of opposition leader Aung San Suu Kyi in any talks he had with the Burmese junta, the Bangkok Post said.
"The UN cannot help bring any genuine political change in Burma, even if they are offered a role in the 2010 election because the military government will conduct the election based on the referendum that they have ratified without the real will of the Burmese people in Burma,” said Pu Chin Sian Thang, chairman of Burma’s Zomi National Congress.
“What he [Samak] said indeed insults Burmese citizens who are working toward democracy in Burma,” Pu Chin Sian Thang said. “He should deeply consider before he says something like that as he is a democratically elected leader.”
Pu Chin Sian Thang said UN Envoy Ibrahim Gambari, instead of discussing the 2010 election with the Burmese military government, should urge the regime to initiate a tripartite dialogue with the genuine aim of working towards national reconciliation.
Such a dialogue between the Burmese junta, opposition parties and ethnic political parties was of paramount importance if national reconciliation was to be achieved, he said.
During a meeting with Gambari in Bangkok in late August, Samak reportedly said the international community should focus on the 2010 elections instead of dialogue with Suu Kyi.
The French news agency AFP reported that Samak said focusing on Suu Kyi’s release was not the most effective way to bring democracy to Burma.
“Europe uses Aung San Suu Kyi as a tool. If it’s not related to Aung San Suu Kyi, you can have deeper discussions with Burma,” the AFP quoted Samak as saying.
“The [international community] should talk about how to bring democracy to Burma and focus on the constitution and the elections,” he said.
Samak reportedly said he would make the same points when he meets UN Secretary-General Ban Ki-moon in New York in late September.
The Thai premier’s remarks drew strong criticism from Burmese democracy activists and opposition politicians. Suu Kyi’s National National League for Democracy said his comments weren’t appropriate for a national leader.
ထိုင်းဝန်ကြီးချုပ်အား ရာထူးမှနုတ်ထွက်ရမည်ဟု ထိုင်းတရားရုံးဆုံးဖြတ်
ထိုင်းဝန်ကြီးချုပ်စမတ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ချိုးဖောက်၍ အစားအစာ ချက်ပြုတ်ရေး ရုပ်သံအစီအစဉ်တခုကို ထုတ်လွှင့်ခဲ့သောကြောင့် အပြစ်ရှိသဖြင့် ၀န်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပေးရမည်ဟု ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာတရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။
ထိုင်းနိုင်ငံ ၂၀၀၇ ခု ဖွဲ့စည်းပုံဥပဒေ၌ ရွေးချယ်ခံ မည်သည့်နိုင်ငံရေးသမားမဆို တာဝန်ထမ်းဆောင်နေစဉ် အခြားလခစားအလုပ်များ လုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားခြင်းဖြစ်သည်။ ယခုစွပ်စွဲချက်ကို လွှတ်တော် အမတ်အချို့က ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါစွပ်စွဲချက်ကို ယမန်နေ့က စတင်စစ်ဆေးစဉ် အသက် (၇၃) နှစ်ရှိ ၀န်ကြီးချုပ်စမတ်က Face Media Co.,Ltd. မှ ချက်ပြုတ်ရေးအစီစဉ် ထုတ်လွှင့်ရာ၌ သွားရေးလာရေး ခရီးစရိတ်မျှသာရပြီး လခအနေဖြင့် မရရှိသဖြင့် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။
၎င်းက “ကျနော် ၀ါသနာပါလို့ အဲဒီလိုလုပ်ခဲ့ပါတယ်။ ၀န်ကြီးချုပ်ဖြစ်ပြီးနောက် ဥပဒေအကြံပေးတွေနဲ့ တိုင်ပင်တော့လည်း ကုမ္ပဏီတခုအတွက် ပုံမှန်လစာယူ လုပ်ပေးတာမဟုတ်ဘူးဆိုရင် ဖွဲ့စည်းပုံဥပဒေနဲ့ မငြိစွန်းဘူးလို့ သူတို့အားလုံးက ပြောကြပါတယ်” ဟု ထွက်ဆိုသည်။
အဆိုပါကုမ္ပဏီ စီမံခန့်ခွဲရေးမှူး ဆက်ချိုင်း ကယောက်ဝနီဆကွန်ကမူ ၎င်းတို့ကုမ္ပဏီက မစ္စတာစမတ်အား ရုပ်သံ ကြော်ငြာ (၄) ခု အတွက် ဘတ်ငွေ (၈၀,၀၀၀) ပေးခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။ သို့သော် ယင်းသို့ပေးခြင်းသည် ၀န်ထမ်းအဖြစ်ပေးခြင်းမဟုတ်ဘဲ ဂုဏ်ပြုမှုတခုအနေဖြင့်သာ ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။
မစ္စတာစမတ်၏ ပြည်သူ့စွမ်းအားပါတီ (PPP) အဖွဲ့ဝင်များကလည်း တရားရုံး၏ဆုံးဖြတ်ချက်ကို လိုက်နာမည် ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့အနေဖြင့် မစ္စတာစမတ်အား ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ကြသည်။
မစ္စတာစမတ်နုတ်ထွက်ပေးလိုက်ရသဖြင့် လစ်လပ်သွားသည့် ၎င်းနေရာအား အစားထိုးရန် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ပါတီ (၆) ခုအတွင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ မစ္စတာစမတ်သည် လွှတ်တော်အမတ် ဖြစ်နေသေး သောကြောင့် အစိုးရအဖွဲ့ဝင် အခြား (၅) ပါတီက လက်ခံပါက ၀န်ကြီးချုပ်ပြန်လည် အရွေးခံနိုင်သေးကြောင်း PPP အဖွဲ့ဝင် မစ္စတာ ၀ိထယာက ပြောသည်။
ယခုအခါ ထိုင်းနိုင်ငံရေးအနေအထားသည် ရှုပ်ထွေးလျက်ရှိပြီး မစ္စတာစမတ်၏ ရုံးသည်လည်း ၎င်းအား နုတ်ထွက်ပေးရန် တောင်းဆိုနေသော ဆန္ဒပြသူများ၏ သိမ်းပိုက်ခြင်းကို ယခင်လ (၂၆) ရက်မှစ၍ ယခုအထိ ခံထားရဆဲဖြစ်သည်။ ယခုလဆန်းပိုင်းတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားသော်လည်း ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (PAD) ဦးဆောင်သော ဆန္ဒပြ သူများက ဆက်လက်စုဝေးနေဆဲဖြစ်သည်။
ယခင်သီတင်းပတ်ကလည်း ၀န်ကြီးချုပ်ရုံးသို့ ချီတက်ဆန္ဒပြသည့် ဘန်ကောက်မြို့ ရမ်ခဲန်ဟမ်တက္ကသိုလ်မှ ကျောင်းသားများကို အမည်မသိ သေနတ်သမားများက ပစ်ခတ်သဖြင့် ကျောင်းသား (၂) ဦး ဒဏ်ရာရ သွားပြီးနောက် ဆန္ဒပြမှုများအတွင်း ကျောင်းသားများလည်း ပိုမိုပါဝင်လာကြပြီ ဖြစ်သည်။
Three Injured in Rangoon Bus Blast ပြည်လမ်းမပေါ်တွင် ဘတ်စ်ကားတစီးပေါက်ကွဲမှုဖြစ်ပွား
Three people including the driver were seriously injured when an explosion ripped through their vehicle in Rangoon on Tuesday, according to witnesses. The blast occurred, at about 11 a.m., at the Hledan junction in Kamayut Township.
| An explosion wrecked the bus. Three people were seriously injured. |
Although a bomb attack has not been ruled out, the possibility of a gas canister explosion is also being considered. In 2004, the Rangoon authorities began a program of converting the city buses from using diesel fuel to compressed natural gas (CNG).
Tuesday’s explosion wrecked the bus and blocked the Hledan junction for more than an hour.
ပြည်လမ်းမပေါ်တွင် ဘတ်စ်ကားတစီးပေါက်ကွဲမှုဖြစ်
ယနေ့နံနက် (၁၁) နာရီခန့်တွင် အမှတ် (၄၅) လိုင်းမှ ဘတ်စ်ကားတစီး ပြည်လမ်းမပေါ် လှည်းတန်းမီးပွိုင့်နားအရောက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါကားမှာ မြေနီကုန်းတွင် လူအချို့ဆင်းပြီး ဆက်လက်မောင်းနှင်လာရာမှ လှည်းတန်း အရောက် ဦးတေဇပိုင် အက်စတိတ်အဲဗင်းနယူး ဟိုတယ်ရှေ့တွင် ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ကားစပယ်ယာဖြစ်သူက ပြောသည်။
ဦးခေါင်းနှင့် လက်တွင် ဒဏ်ရာရှိသွားသည့် ကားစပယ်ယာက ကားပေါ်တွင် ခရီးသည် (၁၀) ယောက်ကျော်ခန့်ပါပြီး ကားဒရိုင်ဘာအပါအ၀င် လူအချို့ဒဏ်ရာရရှိကြောင်း ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိခဲ့သူ မျက်မြင်တဦးက “ကားခေါင်မိုးတွေ ပွင့်ထွက်သွားပြီး မှန်ကွဲစတွေ လမ်းတဖက်အထိ အတော်ဝေးဝေးကို လွင့်စဉ်နေတာ တွေ့ရတယ်။ ပေါက်ကွဲမှု ပြင်းထန်ပုံရတယ်” ဟု ပြောသည်။
ကားပေါက်ကွဲရသည့်အကြောင်းရင်းကိုမူ သေချာစွာမသိရသေးပေ။
9.08.2008
ကြံ့ဖွံ့ရုံးဗုံးခွဲမှုစွပ်စွဲခံရသူများငြင်းဆို
ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ဇူလိုင် (၁) ရက် ရွှေပြည်သာကြံ့ဖွံ့ရုံးကို ဗုံးဖောက်ခွဲမှုကျူးလွန်ခဲ့သူများသည် ထန်းတပင် အန်အယ်လ်ဒီ လူငယ် ရန်ရွှေနှင့် ရွှေပြည်သာအန်အယ်လ်ဒီ ဇော်ဇော်အောင်တို့ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲရန် ပြည်ပက အဓိကစီမံဆောင်ရွက်ပေးသူမှာ FDBမှ ကျော်ထက်ဖြစ်ပြီး ဗုံးပေးသူနှင့် ငွေကြေး တဆင့်ခံ ထောက်ပံ့ပေးသူမှာ ဦးမြင့်အေးဖြစ်သည်ဟု စွပ်စွဲထားသည်။
ရဲချုပ်၏ ဦးမြင့်အေးအပေါ် စွပ်စွဲချက်များသည် လုံးဝဆီလျော်မှုမရှိဘဲ မှားယွင်းသည့်စွပ်စွဲချက် များသာဖြစ်သည်ဟု HRDP အဖွဲ့မှ ဦးမောင်မောင်လေးက ပြောကြားသည်။
၎င်းက “ကျနော်တို့က လူ့အခွင့်အရေးကိစ္စပဲလုပ်တယ်။ မည်သည့်တခြားကိစ္စမှ လက်ခံဆောင် ရွက်ခြင်းမရှိဘူး။ အကြမ်းဖက်မှုကိစ္စတွေ ကျနော်တို့ကိုယ်တိုင်လည်း ဆန့်ကျင်တယ်။ ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်း၊ အစိုးရ အကုန်ဆန့်ကျင်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က တစုံတရာ အားပေးစရာ၊ ပတ်သက်စရာအကြောင်း ဘာမှမရှိဘူး” ဟု ပြောသည်။
ဗုံးဖောက်ခွဲမှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ကိုရန်ရွှေ၊ ကိုဇော်ဇော်အောင်တို့နှင့် HRDP အဖွဲ့ ပတ်သက်မှုမရှိကြောင်း၊ ဦးမြင့်အေးအား မည်သည့်နေရာတွင် ဖမ်းချုပ်ထားသည်ကို မသိရှိ သေးဘဲ မိသားစုနှင့်လည်း အဆက်အသွယ်ဖြတ်ခံထားရကြောင်း၊ ထိန်သိမ်းခံနေရစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်ခံနေရမည်ကို စိုးရိမ်ပူပန်မိကြောင်း HRDP အဖွဲ့က ပြောသည်။
ဖောက်ခွဲဖျက်ဆီးမှုများကို ကျူးလွန်ရာတွင် အန်အယ်လ်ဒီပါတီဝင်များ ပါဝင်ပတ်သက်နေသည် ဆိုသည့် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီ၏ စွပ်စွဲချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက“မနေ့က သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီဆိုပြီး ပြောသွားတဲ့တော်တော်များများဟာအန်အယ်လ်ဒီကထုတ်ပယ်ပြီးသားသူတွေဖြစ်တယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေဟာ စွပ်စွဲချက်အဆင့်ပဲရှိပါတယ်။ သက်သေထင် ရှားတဲ့ အချက်တွေမဟုတ်ပါဘူး။ အန်အယ်လ်ဒီအပေါ်မှာ ပိုပြီးဖိအားပေးတဲ့သဘောလို့ပဲ မြင်ပါတယ်။ ဒီဖောက်ခွဲဖျက်ဆီးရေးသမားတွေနဲ့ အန်အယ်လ်ဒီက ချိတ်ဆက်တယ်ဆိုတဲ့ သဘောမျိုးပါ ” ဟုပြောသည်။
မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) ဒု-အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်ထက်က လည်း ဗုံးဖောက်ခွဲမှုပြုလုပ်ရန်အတွက် ဦးမြင့်အေးအား ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက် မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုသည်။
ပြစ်မှုကျူးလွန်သူတဦးချင်းကိုဥပဒေနှင့်အညီအရေးယူဆောင်ရွက်နေကြောင်း၊ အန်အယ်လ်ဒီအပေါ် နောင်မည်သို့ သဘောထားရမည်ဆိုသည်မှာ အန်အယ်လ်ဒီ၏ ရှေ့ဆက် ဆောင် ရွက်မှု အပေါ် မူတည်သည်ဟုပြန်ကြားရေးဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်းကလည်းယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
၂၀၀၈ ခုနှစ်တွင် ဗုံးပေါက်ကွဲမှု(၅) ကြိမ်ဖြစ်ပွားခဲ့ပြီး (၁) ကြိမ်သာဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲ၌ ၀န်ခံပြောကြားသည်။
စလင်း အန်အယ်ဒီ အဖွဲ့ဝင်များ ဖမ်းဆီးခံရ
9.07.2008
ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့်CDCကျောင်းနံရံကပ်စာစောင်ပြိုင်ပွဲဆုရဝထ္တုတို
စက်တင်ဘာတနှစ်ပြည့်အတွက်အကြိမ်(၅၀)မြောက်ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲ50th time worship ceremony of all religious for peace and democracy of BURMA
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူတဦး ဆေးရုံတင်ထားရ
ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)က ပြောသည်။
ဒေါ်ခင်ခင်ဝင်းမှာ ၎င်း၏ သမီးဖြစ်သူကို ဆေးရုံတွင် လိုက်ပါပြုစုနေရကြောင်းနှင့် ဆေးကုသမှုခံယူ ရသည့် အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း က ပြောသည်။
“ဒီနေ့ ဒေါ်ခင်ခင်ဝင်းရဲ့သမီး ဆေးရုံတက်ရတယ်လို့ သိရပါတယ်၊ ဒေါ်ခင်ခင်ဝင်းလည်း ဆေးရုံမှာပါ၊ အသေး
စိတ် အခြေအနေကိုတော့ အသေအချာ မသိရသေးပါဘူး၊ ကျနော်တို့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဒေါ်ခင်ခင်ဝင်းတို့ သားအမိမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စတင်ကျသည့် အချိန်ကပင် အတူနေထိုင်လျှက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ပြုတ်ကျွေးမွေးနေသူများဖြစ်
သည်ဟုလည်း ၎င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား နေ့စဉ်ပုံမှန်ပေးပို့နေသော ဈေးခြင်းကို လက်မခံခဲ့သည်မှာ ၃ ပတ်ခန့် ရှိပြီ ဖြစ်၍ အထူးစိုးရိမ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေး
တို့အတွက် ဖမ်းဆီး ထိန်းသိမ်းထားသည့် စစ်အစိုးရတွင် တာဝန်ရှိကြောင်း ယမန်နေ့တွင် အန်အယ်လ်ဒီက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ရကြောင်း ကျနော်တို့ ကြေညာချက်ထုတ်ခဲ့ တာပါ၊ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာဖြစ်နေတယ်ဆိုတာကို အာဏာပိုင်တွေအပါအ၀င် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး၊ ဒါ ဟာ ကျနော်တို့အတွက် အလွန် စိုးရိမ်စရာ ဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း ကဆိုသည်။
ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေဖြင့် ၎င်းအားနေ့စဉ်ပုံမှန်ပေးပို့နေသောဈေးခြင်းကို လက်မခံခြင်းဖြစ် သည်ဟုလည်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။
9.06.2008
9.04.2008
Journalist’s Arrest Triggers Regime Warning to Editors စစ်အစိုးရက ပြည်တွင်း သတင်းသမားများကို ပိုမိုတင်းကျပ်
Bookshop workers arrange newspapers at a market. The authorities visited the offices of at least six Rangoon journals and warned editors to avoid contacts with the exiled media and international news organizations. (Photo: AFP) Editors of at least six Rangoon publications have been visited by the authorities and warned to avoid contacts with the Burmese media in exile and international news organizations in what is being seen as a new crackdown on the Burmese media.
The warning follows the arrest of the chief reporter of Flower News Journal, Saw Myint Than, who was reportedly charged with at least three offences, including an infringement of a section of the Electronics Act which bans contacts with unlawful organizations.
Saw Myint Than was interrogated by the police last week after he had reported on a Rangoon murder case. Burmese exiled media, including The Irrawaddy, reported on his interrogation, during which the journalist was reportedly accused of spreading rumors.
On Monday, nearly a week after his initial interrogation, he was arrested. The authorities also visited the offices of at least six Rangoon journals, including 7 Days and The Voice, and warned editors to avoid contacts with the exiled media and international news organizations.
The Irrawaddy’s editor, Aung Zaw, said Saw Myint Than did not work for his publication.
"The regime is nervous and deeply concern about the anniversary of last September’s demonstrations," Aung Zaw said. "It knows very well that bloggers and reporters played a very important role in the September uprising. That's why it is now monitoring media groups in Burma very closely."
Aung Zaw also condemned the arrest of Saw Myint Than, saying it was a “great threat to freedom of expression in Burma.”
Rangoon-based correspondents Aung Thet Wine and Moe Aung Tin also contributed to this report.
ယင်းသို့ ဖမ်းဆီးအရေးယူမှုများအပြင် သတင်းဂျာနယ်များကို ခေါ်ယူသတိပေး ကြိမ်းမောင်းခြင်း၊ ဂျာနယ်တိုက်များသို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်ရှာဖွေစစ်ဆေးခြင်း၊ သတင်းအယ်ဒီတာများကို တဦးချင်း ခေါ်ယူစစ်ဆေးခြင်း၊ အစိုးရဌာန ဆိုင်ရာများမှ ပုဂ္ဂလိက သတင်းမီဒီယာသမားများကို သတင်းထုတ်ပြန်မှုများ မပြုလုပ်ခြင်းနှင့် သတင်းသမားများက အစိုးရ ဌာနဆိုင်ရာများသို့ ၀င်ထွက်သွားလာရာတွင်လည်း အသေးစိတ် စုံစမ်းမေးမြန်းခြင်းတို့ကို အာဏာပိုင်များက ပြုလုပ်ကြောင်း လည်း ရန်ကုန်မြို့ရှိ မီဒီယာသမားများက ပြောဆိုသည်။
ရန်ကုန်မီဒီယာ အဖွဲ့မှ ထုတ်ဝေသော ဖလားဝါးနယူးစ်ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို တနင်္လာနေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က ဂျာနယ်တိုက်များသို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်၍ သတင်း အယ်ဒီတာ တဦးကိုလည်း ရဲစခန်းသို့ ခေါ်ယူစစ်ဆေးသည် ဟု ရန်ကုန်မြို့မှ ၀ါရင့်သတင်းထောက်တဦးက ပြောသည်။
“ဟုတ်တယ် … ရဲတွေ ဖလားဝါးနယူးစ် ဂျာနယ်ရုံးကိုလာတယ်၊ နောက်ပြီး ဗွိုက်စ်က တယောက်ကိုလည်း မနေ့ကလာရှာ တယ်၊ ရန်ကုန်မီဒီယာက အယ်ဒီတာ တယောက်ကိုလည်း ရဲစခန်းက ခေါ်စစ်သေးတယ်”ဟု ၎င်းက ပြောဆိုသည်။
သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား သြဂုတ်လကုန်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်မှ လင်မယား၂ ဦး အသတ်ခံရမှုကို ဖလားဝါးနယူးစ် ဂျာနယ်တွင် ရေးသားဖော်ပြခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းခဲ့သည်။ ယင်းသို့ ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းသည့် သတင်းကို ဧရာဝတီ သတင်းဌာနတွင် ပါရှိသည့်အတွက် ကိုစောမြင့်သန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး လက်ရှိ ဖလားဝါးနယူးစ် ဂျာနယ်တွင် လုပ်ကိုင်သူများနှင့် ပတ်သက်ဆက်သွယ်မှု မရှိကြောင်း ဧရာဝတီ တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားထားသည်။
“အခု ဖမ်းဆီးခံရတဲ့ ကိုစောမြင့်သန်းဟာ ကျနော်တို့ ဧရာဝတီရဲ့ ပြည်တွင်း သတင်းထောက် မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့နှစ် သံဃာ့လှုပ်ရှားမှုနဲ့ ဒီနှစ် နာဂစ်မုန်တိုင်း သတင်းတွေကို နိုင်ငံတကာကသိအောင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ မြန်မာသတင်း ထောက်တွေရဲ့ လှုပ်ရှားမှုကို စစ်အစိုးရက အနီးကပ် စောင့်ကြည့်နေတယ်ဆိုတာ ထင်ရှားပါတယ်၊ အခုမတရားဖမ်းဆီးမှုဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို အကြီးအကျယ် ခြိမ်းခြောက်လိုက်တာပဲ ဖြစ်တယ်”ဟု ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က ပြောဆိုသည်။
အဆိုပါ လူသတ်မှု သတင်းသည် စစ်အစိုးရ စာပေစိစစ်ရေး၏ ခွင့်ပြုချက်ဖြင့် သြဂုတ်လကုန်ပိုင်း၌ ထုတ်ဝေသော ဖလားဝါး နယူးစ် ဂျာနယ် အပါအ၀င် ၀ိကလီး အလဲဗင်း ဂျာနယ်နှင့် သည်ဗွိုက်စ် ဂျာနယ်များတွင် ပါ ဖော်ပြ ပါရှိခဲ့ သည်။
ယင်းကိစ္စ ဖြစ်ပွားပြီးနောက် လွန်ခဲ့သည့် ၄ ရက်ခန့်က အစိုးရနှင့်သက်ဆိုင်သော သတင်းများ ပြည်ပသတင်းဌာန များတွင် ပါရှိခြင်းနှင့်ပတ်သက်ပြီး ဆဲဗင်းဒေး ဂျာနယ်၊ သည်ဗွိုက်စ် ဂျာနယ်များ အပါအ၀င် ပုဂ္ဂလိက ဂျာနယ် ၆ စောင်ကို အာဏာပိုင် များက ခေါ်ယူကြိမ်းမောင်း သတိပေးခဲ့ကြောင်း သတင်းထောက်များက ပြောသည်။
လတ်တလောတွင် ကိုစောမြင့်သန်းအား အီလက်ထရွန်းနစ် ပုဒ်မ၊ ပြည်ပ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်သည့် ပုဒ်မ၊ အစိုးရကို အကြည်ညိုပျက်စေသည့် ပုဒ်မ များတပ်၍ ကျောက်တံတား မြို့နယ် ရဲ စခန်းတွင်ဖမ်းဆီး ချုပ်နှောင် ထားကြောင်းသိရသည်။
ယင်း လူသတ်မှု သတင်းအား ကိုစောမြင့်သန်းနှင့်အတူ ရေးသားခဲ့သော ဖလားဝါးနယူးစ် ဂျာနယ်မှ သတင်းထောက်တဦး ကိုလည်း ရဲက ဖမ်းဆီးရန်ပြုလုပ်သောကြောင့် လတ်တလော ရှောင်တိမ်းနေရသည်ဟု သတင်းသမားတဦးက ပြောသည်။
“သူနဲ့ စောမြင့်သန်း အဲဒီ သတင်းရေးကြတာ၊ အင်္ဂါနေ့က စခန်းမှာသွားတွေ့တော့ သူ့ကိုပါ ခေါ်ထားဖို့လုပ်နေလို့ သူရှောင် ပြေးခဲ့ရတယ်”ဟု ၎င်းက ပြောဆိုသည်။
လွန်ခဲ့သည့် အပတ်အတွင်းကပင် ဖော်အဲဗားစပေ့ မီဒီယာမှ ကိုဇေယျာဦး ဆိုသူကိုလည်း ပြင်ပမီဒီယာနှင့် ဆက်သွယ်မှုဖြင့် လှိုင်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း အထက်ပါ ၀ါရင့်သတင်းထောက်က ပြောသည်။
ထိုသို့ မီဒီယာသမားများအား လတ်တလော ဖမ်းဆီးအရေးယူမှုများသည် ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ ညွှန်ကြား ချက်ဖြင့် ရဲ တပ်ဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းကလည်း ၎င်းနှင့် သက်ဆိုင်သည့် သတင်းများ ဧရာဝတီ အင်တာနက် စာမျက်နှာတွင် ပါရှိမှုနှင့် ပတ်သက်ပြီး အပတ်စဉ် တွေ့ဆုံသည့် သတင်းစာ ရှင်းလင်းပွဲကို ရပ်နားထားကြောင်း သတင်းမီဒီယာအသိုင်း အ၀န်းက ပြောဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် ၎င်းနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် လုံခြုံရေးကိစ္စများပြောဆိုမှုကို သတင်းဌာန များတွင် ဖော်ပြပါရှိမှုနှင့် ပတ်သက်ပြီး နအဖ စစ်ဗိုလ်ချုပ်ကြီးများက ဗိုလ်မှူးချုပ် အောင်သိန်းလင်းအား ဆူပူကြိမ်းမောင်းကြောင်း လည်း သိရသည်။
“သတင်းထောက်တွေထဲမှာကို ပြည်ပကိုသတင်းပို့တဲ့သူတွေရှိတယ် ဆိုပြီးမြို့တော်ဝန်က ပြောဖူးတယ်။ သူက တော့ ဘယ်လိုယူဆပြီးပြောသလဲ မသိဘူး။ ကျမ အမြင်ကတော့ သတင်းထောက်ဆိုတာက ဘယ် သတင်းဌာန မှာပဲရေးရေး သူ့အလုပ်က သတင်းရေးဖို့နဲ့ မှန်ကန်တိကျတဲ့ အချက်အလက်တွေပေးဖို့ပဲ”ဟု ၀ါရင့် သတင်း အယ်ဒီတာ အမျိုးသမီးတဦး က ပြောသည်။
ရန်ကုန်စာနယ်ဇင်းလောကတွင် ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်နေသည့် စာရေးဆရာ၊ သတင်းထောက် များနှင့် စာပေစာနယ်ဇင်းသမားများကို ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ထုတ်ဖမ်းဆီးမည် ဆိုသောသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း လည်း သိရသည်။စစ်အစိုးရက၂၀၀၇ ခု စက်တင်ဘာလတွင် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေး သတင်းနှင့် ဓာတ်ပုံ များ နိုင်ငံတကာ မီဒီယာများတွင် ပျံ့နှံ့ခဲ့ခြင်းမှစ၍ သတင်းလောကကို ထိန်းချူပ် တင်းကျပ်ပြုမှုများ ပိုမိုပြုလုပ်လာခဲ့ပြီး သတင်းထောက်နှင့် စာရေးဆရာများကို ဖမ်းဆီး အရေးယူမှုများ ဆက်တိုက်ပြုလုပ်လာခြင်း ဖြစ်ကြောင်း စာနယ်ဇင်းအသိုင်း အ၀ိုင်းက ပြောသည်။
အဆိုပါ သတင်းထောက်ချုပ် ကြိမ်းမောင်းခံရသည့် သတင်းအား ပြည်ပအခြေစိုက် ဧရာဝတီ သတင်းမီဒီယာတွင် ဖော်ပြပါ ရှိမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက် တဦးက ပြော သည်။
“ဧရာဝတီမှာ ရဲက ခေါ်ကြိမ်းတယ်ဆိုတဲ့ သတင်းတက်တဲ့ ညနေက စတာ၊ စိစစ်ရေးက ဖလားဝါးနယူးစ်က အမှုဆောင် အရာရှိချုပ် ဦးကိုကို ကို ခေါ်တယ်တဲ့၊ ဘာပြောလဲတော့ မသိဘူး၊ နောက်တနေ့မှာ သူတို့ကို မဖိတ် တော့ ဘူး၊ တခြား ဂျာနယ် ၆ စောင်ကို ခေါ်ပြီး သတိပေးတယ်၊ အဲဒီလိုမျိုးတွေ လုပ်ရင် အရေးယူမယ်ပေါ့၊ နောက်တခု က ကိုစောမြင့်သန်း ကို အရေးယူမယ်လို့လဲ ရှင်းလင်းတယ်တဲ့၊ ရဲက သူတို့ကို ဘယ်လို ကြိမ်းမောင်းတယ်ဆိုတာ အကြည်ညိုပျက်အောင် ပြည်ပ မီဒီယာကို ပြောတယ်ဆိုပြီးတော့တဲ့၊ ညက သူ့အမေနဲ့ သွားတွေ့တော့ အခြေ အနေတော့ သိပ်မကောင်းဘူး၊ ထောင်ကျဖို့ များတယ်လို့ သိရတယ်”ဟု ၎င်းက ပြောဆိုသည်။
ကိုစောမြင့်သန်းဖမ်းဆီးမခံဘဲ ရှောင်တိမ်းမည်ဆိုပါက ဂျာနယ်ကို လိုင်စင်ပိတ်သိမ်းမည်ဖြစ်သည့် အတွက် ယခု ကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ဖမ်းမယ်လို့ ပြောတာ ၃ ရက်လောက် ရှိပြီ၊ တကယ်လို့ သူအဖမ်းမခံလို့ ရှောင်တယ် ဆိုရင် ဂျာနယ်ကို လိုင်စင် ပိတ်မယ် ပေါ့၊ အဲဒါနဲ့ သူ့ ဆရာက မင်းအဖမ်းခံလိုက် မိသားစုကို တာဝန်ယူမယ်ပေါ့၊ သူ့မိသားစုက အမေအိုကြီး တယောက်တော့ ရှိတယ်၊ သူ့ကို အားကိုးပြီး ရန်ကုန် အင်းစိန်မှာ လာနေတာ ၆ လ လောက်ပဲ ရှိသေးတယ်၊ သူက လူလွတ်ပါ”ဟု ရန်ကုန် ဂျာနယ် သတင်းထောက်ကပြောသည်။
တခြားသော အမျိုးသမီး သတင်းထောက်တဦးကလည်း သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား သက်ဆိုင်ရာက ဖမ်းဆီးပြီးနောက် ယခုကိစ္စကို မည်သူ့ကို ပြောဆိုခြင်း နှင့် ဧရာဝတီ သတင်းဌာနအတွက် အလုပ်လုပ်နေခြင်း ဟုတ်မဟုတ် မေးမြန်းကြောင်း ပြောပြသည်။
“ရဲက ဘယ်သူ့ကို ပြောလိုက်သလဲပေါ့၊ ပြောလိုက်တဲ့လူကို ပြောပါပေါ့၊ သူက မပြောနိုင်တော့ ဒီကိစ္စကို သူ့ကို တာဝန်ယူခိုင်း သလို ဖြစ်နေတယ်”ဟု အထက်ပါ အမျိုးသမီး သတင်းထောက်က ဆိုသည်။
ယင်းသတင်း ထောက်ချုပ် ကိုစောမြင့်သန်းသည် ဧရာဝတီသတင်းဌာနနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် ၎င်းအား ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းသည့် သတင်းဖော်ပြရာတွင်လည်း ကိုစောမြင့်သန်းနှင့် တိုက်ရိုက် ဆက်သွယ်၍ သတင်းရ ယူမှု မရှိကြောင်း ဧရာဝတီ တာဝန်ရှိသူများက ပြောကြားသည်။
လတ်တလောတွင် ကိုစောမြင့်သန်းအား အီလက်ထရွန်းနစ် ပုဒ်မ၊ ပြည်ပ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်သည့် ပုဒ်မ၊ အစိုးရကို အကြည်ညိုပျက်စေသည့် ပုဒ်မ များတပ်၍ ကျောက်တံတား ရဲ စခန်းတွင်ဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရသည်။
“သူတို့ (အာဏာပိုင်) က ဒီလိုဟာမျိုးကို သည်းမခံဘူး၊ နောက်တခုက စံပြ သဘောလည်း ဖြစ်လိမ့်မယ် ထင်တယ်၊ စိစစ် ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ အထူးသဖြင့် ပြည်တွင်းက သတင်းတွေ နာရီပိုင်းနဲ့ ၀က်ဘ်ဆိုက်မှာတက် သွားတာကို၊ အပြင်ရော အတွင်းရော လုပ်နေတာကို အရေးယူပြရမယ်ဆိုတဲ့ သဘောမျိုး လို့ထင်တယ်”ဟု သတင်း အယ်ဒီတာ တဦးက ပြောဆိုသည်။
ကိုစောမြင့်သန်းသည် စစ်အစိုးရ စာပေစိစစ်ရေး ခွင့်ပြုချက်ဖြင့် သြဂုတ်လကုန်ပိုင်း၌ ထုတ်ဝေသော ဖလားဝါး နယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်းမြို့ နယ် မှ လင်မယား ၂ ဦး အသတ်ခံရမှု သတင်းအား ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က ၎င်းအား ခေါ်ယူ စစ်ဆေးကြိမ်းမောင်းခဲ့သော်လည်း ယင်းသတင်းသည် ၀ိကလီး အလဲဗင်း ဂျာနယ်နှင့် သည်ဗွိုက်စ် ဂျာနယ်များတွင် ပါ ဖော်ပြ ပါရှိခဲ့သည်။ နောက်ဆုံးရရှိသည့် သတင်းများအရ စစ်အစိုးရ ၀န်ကြီးဌာနများက ပြင်ပ ပုဂ္ဂလိက မီဒီယာများသို့ သတင်းထုတ် ပြန်မှုများ မပြုလုပ်တော့ကြောင်းနှင့် မီဒီယာသမားများ ယင်းဌာနများသို့ လာရောက်ပါက မည်သည့် အကြောင်း ဖြင့်လာသည် ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းမှုများပြုလုပ်၍ မှတ်တမ်းပြုစုထားရန် တနင်္လာနေ့က စတင် ညွှန်ကြား ထားကြောင်း သိရှိရသည်။
9.03.2008
FBC DENOUNCES TO THAI PM'S COMMENT ON DASSK
Open letter to Ambassador H E Mr D Bunnag,
သံဃာတော်များကို သင်္ကန်းချွတ် ရုံးထုတ်တာ ရပ်ဖို့ တောင်းဆို
မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းတွေကို ပြေလည်စေရေး သံဃာတော်တွေက
လမ်းမထွက်ပြီး မေတ္တာပို့ ကြွချီခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ အခုဆို တနှစ်
ပြည့်လာပါပြီ။ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ အရှင်ဂမ္ဘီရ အပါအ၀င် သံဃာတော်တချို့
ကို အာဏာပိုင်တွေက ဖမ်းဆီးထားခဲ့ပြီး သင်္ကန်းကိုလည်း ၀တ်ခွင့်မပြုတဲ့အတွက်
သံဃာတော်တွေလောကမှာရော၊ ရှေ့နေလောကမှာပါ ဝေဖန်မှုတွေ ပေါ်ထွက်နေပါ
တယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ရဲ့ မနေ့ကထုတ်ပြန်ချက်ထဲမှာတော့ ၁၉၈၈
ခုနှစ်ကနေ ဒီကနေ့အထိ သံဃာတော်အပါး ၇၀၀ ကျော်ကို မြန်မာစစ်အစိုးရက
ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက သံဃာတော် ၁၉ ပါးဟာ ထောင်တွေနဲ့ ရဲဘက်စခန်းတွေမှာ
ပျံလွန်တော်မူခဲ့ရတယ်၊ အခုလည်း အဖမ်းအဆီးခံနေရတဲ့ သံဃာတော်တွေကို အကျဉ်း
ထောင်ဥပဒေတွေအတိုင်း ဧကသီ ၂ ထည်နဲ့ သင်းပိုင် ၃ ထည် ပေးရမယ့်အစား
လူဝတ်လဲပြီး ရုံးထုတ်စစ်ဆေးနေတာတွေဟာ တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးနေတာ
ပဲလို့ ဆိုထားပါတယ်။
သံဃာတော်တွေကို လူဝတ်လဲပြီး ရုံးထုတ်တာကို မလုပ်ဖို့ အဖမ်းဆီးခံနေရတဲ့ သံဃာ့
တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရရဲ့ တောင်းဆိုချက်ကို အခု စက်တင်ဘာလ ၁ ရက်
နေ့ကပဲ ရှေ့နေဦးအောင်သိန်းက တရားရုံးမှာ လျှောက်လဲချက် ပေးခဲ့ပါတယ်။
"မေတ္တာသုတ်ရွတ်တဲ့ သံဃာတွေကို ပြစ်မှုကျူးလွန်တယ်ဆိုပြီး အခုလို အရေးယူ
ဆောင်ရွက်မယ်ဆိုရင် တစ်အချက် သူ့ကို သင်္ကန်းချွတ်ရတဲ့ကိစ္စက ပေါ်ပေါက်လာတယ်။
အဲဒီသင်္ကန်းကို ဘယ်ဥပဇ္ဈာယ်ဆရာတော်နဲ့ ဘယ်သံဃာ့နာယက အဖွဲ့အစည်းအပေါ်မှာ
ဘယ်လိုအကြောင်းပြုပြီး ချွတ်မှာလဲ။ ဒီဟာကို တယောက်နဲ့တယောက် ပေါ်ပေါ်
လွင်လွင်၊ ရှင်းရှင်းလင်းလင်း ကြားနာဖို့ အခွင့်အလမ်းတော့ ပေးဖို့ကောင်းတယ်။
"သံဃာ့ဝိနည်းနဲ့အညီ၊ သံဃာ့စည်းမျဉ်းစည်းကမ်းနဲ့အညီ လူဝတ်လဲရမှာ။ လူဝတ်
လဲတာက ပါရာဇိကကံမြောက်လို့ လူဝတ်လဲတာလား၊ သူ့သဘော သူ့ဆန္ဒအရ လူဝတ်
လဲတာကို ပြုလုပ်တာလား၊ သံဃာ့အဖွဲ့အစည်း တစုံတရာရဲ့ ဆုံးဖြတ်ချက်မရှိဘဲနဲ့
ဆောင်ရွက်ထားတဲ့အတွက် ဒီတရားရုံးက အမှုဆက်လက်ကြားနာစစ်ဆေးမှု ဆိုင်းငံ့
ထားသင့်တယ်ဆိုတာကို လျှောက်ထားခဲ့တာပါ။
"တရားသူကြီးက ၁၀ မိနစ်နေတော့ အမိန့်တရပ်ချတယ်။ နိုင်ငံတော်ကနေ တရားလို
လုပ်ပြီးစွဲတဲ့ မှုခင်းကိစ္စဖြစ်တဲ့အတွက် မှုခင်းဆိုင်ရာကို ဆိုင်းငံ့မထားဘဲ ဆက်လက်
စစ်ဆေးသွားမယ်ဖြစ်ကြောင်း ဒီကလျှောက်တဲ့ဟာကို ပယ်တယ်ဆိုပြီး အမိန့်ချတာ
ပေါ့။"
ရန်ကုန်မြို့က ရှေ့နေဦးအောင်သိန်း ပြောခဲ့တာပါ။
အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း လော့စ်အိန်ဂျလိစ်မြို့မှာ သီတင်းသုံးနေတဲ့ အရှင်
ဂုနိသရကလည်း သာသနာထွန်းကားတဲ့တိုင်းပြည်မှာ အခုလို သံဃာတော်တွေကို
လူဝတ်လဲပြီး ရုံးထုတ်တာဟာ မဖြစ်သင့်တဲ့ကိစ္စလို့ မိန့်ကြားပါတယ်။
"ရဟန်းဟာ ရဟန်းသိက္ခာရှိတယ်။ ရဟန်းသိက္ခာ ကိုယ်၌တည်သရွေ့ ရဟန်းဟာ
သင်္ကန်းဆိုတာ ရှိရမယ်။ သင်္ကန်းဆိုတာ ရဟန်းရဲ့ မြင့်မြတ်တဲ့ ပရိက္ခရာ တခုပါပဲ။ ဘုရား
ကိုယ်တိုင် သတ်မှတ်ခဲ့တာပါ။ ရဟန်းကို ရဟန်းရဲ့ အသုံးအဆောင်ဖြစ်တဲ့ သင်္ကန်းပရိက္ခ
ရာနဲ့ မထုတ်ဘဲနဲ့ ရဟန်းနဲ့မတန်တဲ့၊ မသင့်လျော်တဲ့ လူအ၀တ်အစားတွေနဲ့ ထုတ်မယ်
ဆိုရင် လုံးဝမသင့်လျော်ပါဘူး။ သာသနာတော် ထွန်းကားတဲ့ တိုင်းပြည်မှာ ဒီလို လုံးဝ
မလုပ်သင့်ပါဘူး။"
တကယ်တမ်းတော့ ဘယ်လိုပဲ အာဏာသုံးပြီး လူဝတ်လဲလဲ ရဟန်းကိုယ်တိုင်က သိက္ခာ
မချရင် ရဟန်းဘ၀ မပျက်ပြယ်ဘူး၊ ဒီလိုလုပ်ခြင်းဟာ သာသနာတော်ကို စော်ကားတာ
ပဲဖြစ်တယ်လို့ အရှင်ဂုနိသရက မိန့်ပါတယ်။
"ရဟန်းအဖြစ်ကနေ သိက္ခာချဖို့ဆိုတာ အချက် ၆ ချက်ရှိပါတယ်။ စိတ် ခေတ် ကာလ
ပရောဂါပေါ့။ နံပါတ်တစ်ကတော့ စိတ်ပါပဲ။ အဓိက လူထွက်ချင်တဲ့စိတ် လုံးဝမရှိရင်
သိက္ခာချလို့ မရပါဘူး။ ဘယ်လောက်ပဲ အင်အားသုံး၊ အာဏာသုံးပြီးလုပ်လုပ်၊ လူဝတ်
တွေ လဲနေ လဲနေ ရဟန်းက ရဟန်းပါပဲ၊ လူဖြစ်မသွားပါဘူး။
"ဆရာတော် ဦးသုမင်္ဂလ မြစ်ကြီးနားထောင်ထဲမှာ ရှိစဉ်တုန်းက သူတို့ သိက္ခာချတာတွေ
ဘာတွေလဲ မလုပ်ဘူး။ ထောင်ထဲမှာ သင်္ကန်းမ၀တ်သည့်တိုင်အောင် သင်္ကန်းလိုအ၀တ်
အစားမျိုး၊ အရောင်မျိုး ဒကာ၊ ဒကာမတွေက လာလှူတာကို စစ်အစိုးရက ဘာမှမပြော
ဘဲ ဒီအတိုင်း လက်ခံထားပါတယ်။ ဦးသုမင်္ဂလကိုယ်တိုင် တောင်ကြီးမြို့က ၉၉ ခုနှစ်
ရွှေကျင်ဂိုဏ်း အစည်းအဝေးမှာ သူကိုယ်တိုင်ပြောသွားတာပါ။
"မြတ်စွာဘုရားရဲ့ ဥပဒေအရ အပြစ်မရှိပေမယ့် သူတို့ အစိုးရဥပဒေအရ အပြစ်ရှိတယ်
ဆိုရင် သူတို့ဥပဒေအရ သူတို့၊ ဦးဇင်းတို့ပြောစရာမလိုဘူး၊ သူတို့က လုပ်နေတာပဲ။
အဲတော့ ဘုရားဥပဒေအရတော့ ဒါ ဘာမှဖြစ်မသွားဘူး။ ဆရာတော် ဦးသုမင်္ဂလတို့
တောင် သူတို့ မလုပ်ဘူးဆိုရင် ဒီသံဃာငယ်လေးတွေကိုလည်း သူတို့ မလုပ်သင့်ဘူး။
ဘုရားဥပဒေအတိုင်းပဲ သူတို့ ဆက်သွားသင့်တယ်။
"နောက်တခါ ဆရာတော် ဦးဝိစာရ အင်္ဂလိပ်အစိုးရလက်ထက်မှာ လူမျိုးခြား၊ ဘာသာ
ခြား အစိုးရလက်ထဲမှာ ထောင်ကျနေတဲ့ အချိန်မှာတောင်မှ ရဟန်းတွေရဲ့ သိက္ခာနဲ့
အပြည့်နေလို့ရတယ်။ ထောင်ထွက်တဲ့အခါလည်း ဒီအတိုင်း သင်္ကန်းနဲ့ပဲ ထွက်လို့ရ
တယ်။ ဘာသာခြား၊ လူမျိုးခြားဖြစ်တဲ့ အင်္ဂလိပ်အစိုးရတောင်မှ ရဟန်းတွေကို ဂရု
စိုက်သေးတယ်ဆိုရင် ဗုဒ္ဓဘာသာလို့ အမည်ခံပြီး တကမ္ဘာလုံးကို ကြော်ငြာနေတဲ့
စစ်အစိုးရက ရဟန်းတွေကို လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာ စဉ်းစားသာ
ကြည့်ပါ။ တကယ် လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ရဟန်းကို ရဟန်းအနေနဲ့ပဲ၊ သင်္ကန်းနဲ့ပဲ
ရုံးထုတ်တာတို့၊ ထောင်ထဲမှာထားတာလို့ လုပ်သင့်တယ်လို့ ဦးဇင်းအနေနဲ့ မြင်ပါ
တယ်။"
အရှင်ဂုနိသရ မိန့်ကြားခဲ့တာဖြစ်ပါတယ်။
9.02.2008
အရေးအပေါ် အခြေအနေ ဘန်ကောက်မြို့ တွင် ထုတ်ပြန်



ထိုင်းနိုင်ငံမှာ ဆန္ဒပြကြတဲ့ အတိုက်အခံ အုပ်စုနှစ်ခုအကြား လူသေဆုံးခဲ့ရတဲ့ အထိကရုန်းတွေဖြစ်ပွားခဲ့မှုကြောင့် ထိုင်းဝန်ကြီးချုပ် စမတ်စွန်ထရာဝေ (Samak Sundaravej) က နိုင်ငံအရေးပေါ်အခြေအနေကို ဘန်ကောက်မြို့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ အင်္ဂါနေ့ မှာ ထိုင်းဘာသာနဲ့ အသံလွှင့်ပြောဆိုတာမှာ လူ (၅) ဦးထက် ပိုပြီး စုရုံးခွင့်ကို လည်း ပိတ်ပင်တားမြစ်တဲ့အကြောင်းဖေါ်ပြထားပါတယ်။ ဒါအပြင့် ထိုင်းနိုင်ငံရဲ့ အရှိန်အ၀ါကြီးတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အနုဖွန် ဖေါဂျင်ဒါ (Gen Anupong Paochinda) ကို လည်း အခြေအနေကို ကိုင်တွယ်ထိမ်းသိမ်းဘို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးအနုဖွန်ဟာ စောစောပိုင်းတုံးက ထိုင်းစစ်သားတွေကို စေ လွှတ်ဘို့ အမိန့်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
အဂါင်္နေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အထိကရုန်းကြောင့် အနည်းဆုံး လူ(၃၇) ဦးဒါဏ်ရာရရှိပြီး တဦး သေဆုံးခဲ့ပါတယ်။ သေနတ်ကျည်မှန်သူ နှစ်ဦးကို ဘန်ကောက်ဆေးရုံးမှာ ကုသနေတယ်လို့ ဆိုပါတယ်၊
ဒီအထိကရုန်းဟာ ၀န်ကြီးချုပ် စမတ်ကို ထောက်ခံသူရာပေါင်းများစွာက အစိုးရရုံးခြံဝင်းကို ရက်အတန်ကြာ စီးနင်းထားခဲ့တဲ့ အစိုးဆန့်ကျင်သူတွေကို မောင်းထုတ်ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။
ဟာရီကိန်းမုန်တိုင်းသတင်း

| 02 September 2008 |
| ဂုစတပ်ဗ်မုန်တိုင်းကြောင့် ရေလွှမ်းမိုး ခံနေရသော အမြန်မောင်းလမ်းမကြီး အမှတ် ၉၀။ စက်တင်ဘာ ၁၊ ၂၀၀၉။ |
ဘက် မက္ကဆီကိုပင်လယ်ကွေ့ ကမ်းရိုးတန်း
တလျှောက်ကို ဒေသစံတော်ချိန် တနင်္လာ
နေ့ နေ့လယ်ပိုင်းမှာ တိုက်ခတ်လာတဲ့
ဂုစတပ်ဗ် (Gustav) ဟာရီကိန်းမုန်တိုင်းကြီး
ဟာ လူဝီစီယားနား (Louisiana) ပြည်နယ်၊
နယူးအော်လင်းန်စ် (New Orleans) မြို့က
ရေကာတာ တာရိုးတလျှောက်ကိုကျော်ပြီး
ပင်လယ်ရေတွေ လှိမ့်ဝင်လာစေခဲ့ပါတယ်။
မုန်တိုင်းကြီး ၀င်ရောက်နေတဲ့ ဘေးစိန့်လူးဝစ္စ (Bay St. Louis)၊ ပတ်စ် ခရစ်ယာန်
(Pass Christian)၊ လောင်းဘိခ်ျ (Long Beach) နဲ့ ဘိုင်လော့က်စီ (Biloxi) အာဏာပိုင်
တွေရဲ့ သတင်းပေးပို့ချက်အရ အမြန်မောင်းလမ်းမကြီး အမှတ် ၉၀ ဟာ ရေအောက်မှာ
နစ်မြုပ်နေပြီး ဂုစတပ်ဗ်မုန်တိုင်းကြီးဟာ နယူးအော်လင်းန်စ်မြို့ရဲ့ အနောက်ဘက်ကနေ
မစ္စစ္စပီ (Mississippi) ပြည်နယ်ဘက်ကို ရွေ့လျားနေပါတယ်။
အန္တရာယ်သတ်မှတ်ချက်အဆင့် တနာရီ မိုင် ၁၁၀ လေတိုက်ခတ်နှုန်းနဲ့ ကုန်းတွင်းပိုင်း
ကို ကျရောက်လာခဲ့တဲ့ ဒီမုန်တိုင်းဟာ အခုအခါ အန္တရာယ်သတ်မှတ်ချက် အဆင့် ၁၊
တနာရီ မိုင် ၈၀ လေတိုက်ခတ်နှုန်းနဲ့ ဆက်ပြီးရွေ့လျားနေတာ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်က ဒီဒေသတွေကိုပဲ ကျရောက်ခဲ့တဲ့ ကတ်ထရီးနား (Katrina) မုန်တိုင်းနဲ့
နှိုင်းယှဉ်လိုက်ရင်တော့ ကြိုတင်ပြင်ဆင် ကာကွယ်မှုတွေ အချိန်မီလုပ်ဆောင်ခဲ့တာ
ကြောင့် ဂုစတပ်ဗ်မုန်တိုင်းရဲ့ဒဏ်ကို ပိုပြီးခံနိုင်ရည် ရှိနေတယ်လို့ အမေရိကန်သမ္မတ
ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W. Bush) က တက္ကဆက် (Texas) ပြည်နယ်
အော်စတင် (Austin) မြို့မှာ မုန်တိုင်းအခြေအနေ စောင့်ကြည့်လေ့လာနေရင်း ပြောဆို
လိုက်ပါတယ်။
အရှေ့မြောက်ဒေသတွေမှာ မိုးသည်းထန်မှုနဲ့ ရေလွှမ်းမိုးမှုတွေကို ရက်ပေါင်းများစွာ
ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ အခုအခါ နယူးအော်လင်းန်မြို့ရဲ့ အနောက်ဘက်ကနေ
မစ္စစ္စပီပြည်နယ်ဘက်ကို တနာရီ လေတိုက်ခတ်နှုန်း မိုင် ၈၀ နဲ့ ဂုစတပ်ဗ်မုန်တိုင်း
ရွေ့လျားနေဆဲဖြစ်ပါတယ်။
9.01.2008
ဒေါ်အောင်ဆန်းစုကြည်သေဆုံးသည်ဟုယနေ့နံနက်ပိုင်းကသတင်းများထွက်ပေါ်ခဲ့
YANGON - MYANMAR opposition leader Aung San Suu Kyi is well but has lost some weight, her lawyer said on Monday, following reports that she had refused new food supplies since Aug 15.
Mr Kyi Win, who met Ms Suu Kyi at her Yangon home where she has been under house arrest for five years, said she had not indicated whether or not she was on a hunger strike.
'I am well, but I have lost some weight. I am a little tired and I need to rest,' Mr Kyi Win quoted the 63-year-old Nobel Peace laureate as saying during their 30 minute meeting.
ဒေါ်အောင်ဆန်းစုကြည်သေဆုံးသည်ဟုယနေ့နံနက်ပိုင်းကသတင်းများထွက်ပေါ်ခဲ့သော်လည်း
ရှေ့နေကြီး ဦးကြည်ဝင်းဟာ ဒီနေ့ ဒေါ်အောင်ဆန်းကြည်ရဲ့နေအိမ်မှာ ဒေါ်အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုံမှန်လက်ခံနေကျ အစားအသောက်တွေကို
ဦးကြည်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က နေထိုင်ကောင်းတဲ့အကြောင်း
အန်န်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင်ဒေါက်တာဝင်းနိုင်ကတော့ ဒီနေ့ ရှေ့နေကြီး
"ဒီနေ့တွေ့တဲ့အခြေအနေကတော့ ကျနော်တို့သိသလောက် မနက်ပိုင်း
ကြီးကိုပိန်သွားတယ်ဆိုတော့ လူအနေနဲ့ ကျန်းမာပေမယ့်လို့ ဦးကြည်ဝင်းရှေ့မှာ
"အဲတော့ သူ အစားအသောက်စားတယ်၊ မစားဘူး၊ စားရတယ်၊ မစားရဘူးဆိုတာလည်း
ဒေါ်အောင်ဆန်းစုကြည်ဘက်က အစားအသောက်တွေကို လက်မခံတာကဒေါ်အောင်ဆန်း
"နောက်တချက်က သူပြောထားတဲ့ သူ့ရဲ့ လူမှုရေးနဲ့ပတ်သက်တဲ့ တောင်းဆိုချက်တွေက
အခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာဟုတ်မဟုတ်
ထိုင်းဆန္ဒပြမှုသတင်းများ
| ထိုင်းဆန္ဒပြလူအုပ် ဖြိုခွဲရန် မျက်ရည်ယိုဗုံး သုံးပြီ | |
29 August 2008 |
သတင်း - နားဆင်ရန် (MP3)
| ဘန်ကောက်မြို့ က အစိုးရ ရုံးဝန်း အပြင်ဘက်တွင် ရဲနှင့် ဆန္ဒပြသူများ လုံးထွေးသတ်ပုတ် နေကြပုံ (သြဂုတ်လ ၂၉၊ ၂၀၀၈) |
ထိုင်းဝန်ကြီးချုပ် စမတ် ဆွန်ထရာဝေ ရာထူးက နှုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေသူတွေက အစိုးရ ရုံးကို ၀ိုင်းပိတ်ထားကြတာကို ထိုင်းရဲတပ်ဖွဲ့က အင်အားသုံးပြီး ရုံးထဲကို ပြန်ဝင်ခဲ့ပါတယ်။
ထိုင်းအစိုးရရုံးကို ပိတ်ပြီး ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးကြားထဲက ထိုင်းလုံခြုံရေး တပ်ဖွဲ့က ဒီကနေ့မှာပဲ အတင်းတိုးဝင်ခဲ့ပြီး ဆန္ဒပြနေသူတွေ အနေနဲ့ အစိုးရရုံးကနေ အမြန်ထွက်သွားဖို့ တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄၀၀ လောက်ကို လည်း ဒီကနေ့ အစောပိုင်းမှာ အဲဒီ ဆန္ဒပြတဲ့ နေရာကနေ မောင်းထုတ်နိုင် ခဲ့ကြပါတယ်။ ရဲတွေဖက်ကလည်း ပြန်လည် ခုခံခြင်း မလုပ်ခဲ့ဘဲ ပြန်ထွက်သွားခဲ့ကြတဲ့ အတွက် ဆန္ဒပြသူတွေက အော်ဟစ် ကခုန်ပြီး ချီးကျူး ထောပနာပြုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး အင်အား ၁၀,၀၀၀ ကျော်ရှိတဲ့ အတိုက်အခံ ပြည်သူ့ ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး အဖွဲ့ဝင်တွေက အစိုးရရုံးကို ထိန်းချုပ် ထားခဲ့ကြတာပါ။
လက်ရှိဝန်ကြီးချုပ် ဆမတ် စွန်ထရာဝေဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာ သိမ်းပြီးနောက် ရာထူးက ဖြုတ်ချခံရပြီး အဂတိလိုက်စားမှုတွေ နဲ့ တရားစွဲဆို ခံထားရတဲ့ တက်ဆင် ရှင်န၀ဒ် နဲ့ အရမ်း နီးကပ်လွန်းနေတယ် လို့ ဆန္ဒပြသူတွေ ဖက်က စွပ်စွဲနေကြတာ ဖြစ်ပါတယ်။
| ရာထူးမှနုတ်ထွက်ပေးမည် မဟုတ် ဟု ထိုင်းဝန်ကြီးချုပ် ဆမတ် တုံ့ပြန် | |
31 August 2008 |
မညိုညိုလွင် - နားဆင်ရန် (MP3)
| အစိုးရ ရုံးဝန်းရှေ့တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြနေကြသူများ (သြဂုတ်လ ၃၀၊ ၂၀၀၈) |
လ
စောစောပိုင်းမှာတော့ မစ္စတာ ဆမတ်ဟာ ထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလ်ယာ ဒေ့ခ်ျ နဲ့ သွားရောက်တွေ့ဆုံပြီး ၅ ရက်တာ ကြာလာပြီဖြစ်တဲ့ အစိုးရကို ဆန့်ကျင် သူတွေရဲ့ ဆန္ဒပြမှုတွေကြောင့် လောလောဆယ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။
သက်တမ်း ၇ လရှိပြီဖြစ်တဲ့ ၆-ပါတီ ညွှန့်ပေါင်း အစိုးရ ကိုယ်စားလှယ် တွေ ကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ပါလီမန် အထူး အစည်းအဝေးခေါ် ဆွေးနွေးသင့်တယ်လို့ မစ္စတာ ဆမတ်ကို ထောက်ခံရင်း စနေနေ့ က ပြောဆိုခဲ့ကြပါတယ်။
ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ PAD ဦးဆောင်တဲ့ အစိုးရအတိုက်အခံ ဆန္ဒပြ သူတွေဟာ မစ္စတာ ဆမတ်ရဲ့ အစိုးရတဖွဲ့လုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုနေတာ ပါ။ လက်ရှိဝန်ကြီးချုပ် ဆမတ်ဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အာဏာသိမ်းမှု ဖြစ် ပွားခဲ့ပြီး အဂတိလိုက်စားမှုတွေကြောင့် ရာထူးက နှုတ်ထွက် ပေးခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီန၀ဒ် နဲ့ အလွန်နီးစပ်သူ တဦးဖြစ်တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့ က အစိုးရရုံးထိုင်တဲ့ အဆောက်အဦ ၀န်းထဲကနေ ဆန္ဒပြ သူတွေကို ထိုင်း ရဲတွေက အင်အားသုံးဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်၊ ရဲတွေ ပြန်လည်မထွက်ခွာမီ နှစ်ဘက် ရုံးရင်းဆန်ခတ် အနည်းငယ်ဖြစ်သွားခဲ့ပါတယ်။
ချုလာလောင်ကောင်း တက္ကသိုလ်က နိုင်ငံရေးသိပံ္ပ ပညာရှင် ပဏ္ဍိတံ ၀ပ်ထနယာဂွန် ကတော့ ၀န်ကြီးချုပ်အနေနဲ့ ဆန္ဒပြသူတွေ ပြောဆိုနေတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး၊ အထူးသဖြင့် မစ္စတာ သက်ဆင်ရဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိနေတဲ့ ဆိုတဲ့အကြောင်းပါပဲ လို့ ဆိုပါတယ်။
“ဒါဟာ တကယ့် နိုင်ငံရေး အကျပ်အတည်းပါပဲ၊ နိုင်ငံရေး နဲ့ပတ်သက်ပြီး တောင်းဆိုနေမှုတွေကို အခုချိန်ထိ စီစဉ်ဆောင်ရွက်ပေးတာ မရှိသေးပါဘူး၊ အထူးသဖြင့် ၀န်ကြီးချုပ်ပေါ့၊ ဒီတော့ သူတို့အနေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးနိုင်တယ်၊ ဖြိုခွဲပစ်နိုင်တယ်၊ ဆန္ဒပြသူတွေကလည်း ပြန်ပြီး စုဝေးမှာပဲ၊ ဘန်ကောက်တခုထဲမှာတင် မဟုတ်ပါဘူး၊ နေရာအနှံ့မှာပါ၊”
စတင်ဆန္ဒပြပြီး ဒုတိယနေ့ မှာ မီးရထားအလုပ်သမားတွေ လုပ်ငန်းခွင်တွေထဲကို မသွားကြတော့တာကြောင့် ထိုင်းနိုင်ငံက မီးရထားပိုးဆောင်ရေး လုပ်ငန်းတွေ စနေနေ့က ရပ်တန့်သွားပါတယ်၊ ဒါဟာ နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ သမဂ္ဂတွေဟာ PAD ကို ထောက်ခံတယ်ဆိုတဲ့ သဘောပါပဲ။
အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေး အဖွဲ့ ရဲ့ ထိုင်းနိုင်ငံ တာဝန်ခံ ဆူနိုင်း ဖစွတ် ကတော့ ပြည်သူပိုင်ဌာနတွေက အလုပ်သမားသမဂ္ဂတွေ PAD ကို ထောက်ခံတာဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ပိုပြီး ဖြစ်ပွားစေတယ်လို့ ပြောဆိုလိုက်ပါတယ်။
“ဒီလို နိုင်ငံရေး မတည်ငြိမ်မှု အကျပ်အတည်းတွေဟာ ဖြိုခွဲလိုက်ယုံ၊ စီးနင်း ထိန်းသိမ်းလိုက်ယုံနဲ့ မပြီးသွားနိုင်ပါဘူး၊ အခု နောက်ပိုင်း ဆက်ဖြစ် လာတာက နှစ်ဦးနှစ်ဘက် ရင်ဆိုင်မှုတွေ ကြာလာတဲ့နောက် အခုတော့ နိုင်ငံပိုင် လုပ်ငန်း တွေရဲ့ သမဂ္ဂတွေဟာ PAD နဲ့ သွားပြီး ပူးပေါင်းလိုက်ပါပြီ၊”
မစ္စတာ ဆမတ် ကတော့ အစိုးရ အတိုက်အခံတွေဟာ စစ်အာဏာသိမ်းပြီး သူ့အစိုးရ ကို ဆန့်ကျင်တာမျိုး လိုလားနေတယ် လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ သောကြာနေ့ က မစ္စတာ ဆမတ်ဟာ အကြီးတန်း စစ်တပ်အရာရှိတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်ကတော့ နိုင်ငံမှာ စစ်အာဏာသိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ နောက်ဆုံး စစ်အာဏာ သိမ်းခဲ့တာဟာ ၂၀၀၆ ခုနှစ် ၀န်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်က ဖြစ်ပါတယ်။
ထိုင်းအစိုးရဖြုတ်ချရေး အုံကြွမှု အထွေထွေသပိတ်သို့ ဦးတည် | ||
ထိုင်းဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့နေစဉ် | ||
ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သော ဆုံခလာနှင့် ဖူးခက်ရှိ ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပီအေဒီ) ကိုထောက်ခံသူများက ဟတ်ယိုင်နှင့် ဖူးခက် နိုင်ငံတကာလေဆိပ် အ၀င်ပေါက်များကို ယနေ့မွန်းလွဲပိုင်း၌ ပိတ်ဆို့လိုက်သည်။ ဘန်ကောက်ရှိ ၀န်ကြီးချုပ်ရုံးဝန်းအတွင်း ဆန္ဒပြနေသူများ အား အကြမ်းဖက်နှိမ်နင်းမှုမပြုရန် တောင်းဆိုသည့်အနေဖြင့် ယခုကဲ့သို့ ပိတ်ဆို့ခြင်းဖြစ်သည်။ နိုင်ငံပိုင်ရထားပို့ဆောင်ရေး (အက်စ်အာတီ) သမဂ္ဂကလည်း ဘန်ကောက်ရှိ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထောက်ခံသည့်အနေဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများသို့ ပြေး ဆွဲနေသော ရထားပို့ဆောင်ရေးကို ယနေ့ညသန်းကောင်မှစပြီး ရပ်ထားမည်ဖြစ်ကြောင်း ယမန် နေ့ကထုတ်ဖော်ခဲ့ကြသည်။ ပြည်တွင်းနှင့် နိုင်ငံခြားသား ခရီးသွားများကို အနှောက်အယှက် ဖြစ် ထိုအတောအတွင်း ဆန္ဒပြသူများအပေါ် ရဲ၏ကြမ်းတမ်းမှုကို လက်တုံ့ပြန်သည့်အနေနှင့် သပိတ် မှောက်ကြရန် ထိုင်းအဲယားဝေး အလုပ်သမားသမဂ္ဂအဖွဲ့ကြီးက အဖွဲ့ဝင်တသောင်းခွဲကို နှိုးဆော် ထားသည်။ ပီအေဒီ အမာခံခေါင်းဆောင်တဦးဖြစ်သူ ဆွန်ထိ ကလည်း နိုင်ငံတ၀န်းမှ ၎င်းအားထောက်ခံသူ များကို ဘန်ကောက် ၀န်ကြီးချုပ်ရုံးအတွင်းရှိ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ အမြန်ဆုံးလာ ရောက်ပူးပေါင်းကြရန် တိုက်တွန်းခဲ့သည်။ မစ္စတာဆွန်ထိက ယနေ့သည် “အဆုံး အဖြတ်ပေးမည့် နေ့” ဖြစ်ကြောင်း ကြေညာထားသည်။ ယနေ့ နံနက်၌ ရာနှင့်ချီရှိသော အဓိကရုဏ်း နှိမ်နင်းရေးရဲများက တုတ်၊ ဒိုင်းများအသုံးပြု၍ | ||






