3.19.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း


ကာတွန်း နာရီ - ၂၀၁၀ သို့ ဆင်မယဉ်သာ

မတ် ၁၉၊ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း အပိုင်း (၆)
မတ် ၁၉၊ ၂၀၀၉
ဝါရှင်တန်အနီးတ၀ိုက်တွင်နေထိုင်သော မြန်မာအတိုက်အခံခေါင်းဆောင်၂ဦး (ဓာတ်ပုံ - getty image)
အျပည့္အစုံသိုႛ ...


more


more


more


more


more


more


more


more

Burma VJ ရုပ်ရှင်ရိုမေးနီးယား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသ
2009-03-19

AIG office building in New York, 17 Mar 2009

အမေရိကန် ပြည်ထောင်စုမှာ အစိုးရဆီက ငွေကြေး အကူအညီ ရယူပြီး ၀န်ထမ်းတွေကို သန်းနဲ့ချီ အပို ဆုကြေးပေးခဲ့တဲ့ AIG ကုမ္မဏီရဲ့ အကြီးအကဲက ဆုကြေးငွေတွေတွေ ယူခဲ့တဲ့ ၀န်ထမ်းတွေကို အနည်းဆုံး တ၀က်ပြန်ပေးဖို့ တောင်းဆိုထားတဲ့ အကြောင်း ပြောဆိုပါတယ်
Myanmar boys walk through a rice field during a heavy rain storm on the outskirts of Yangon, Myanmar, Thursday, May 15, 2008
Madagascan opposition leader Andry Rajoelina greets the crowd at a rally in Antananarivo, 18 Mar 2009




NEJ / မတ်လ(၁၉) ရက်၊ ၂၀၀၉

လက်ရှိ ဆောက်လုပ်ရေးကဏ္ဍတွင် ဖြစ်ပေါ်နေသည့် ပြဿနာများနှင့် ပတ်သက်ပြီး မတ်လ (၁၄) ရက်က ကျင်းပသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း (၁၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။...အပြည့်အစုံသို့
လူရွှင်တော်ဇာဂနာ
ခဲဆိပ်သင့်ဝေဒနာ ခံစားနေရ

NEJ / မတ်လ(၁၉) ရက်၊ ၂၀၀၉
မြစ်ကြီးနားထောင်တွင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ ခေါ် လူရွှင်တော်ဇာဂနာသည် ထောင်တွင်း၌ ခဲဓာတ်ပါသည့်ရေကို သောက်သုံးနေရပြီး ခဲဆိပ်သင့်ဝေဒနာ ခံစားနေရကြောင်း..အပြည့်အစုံသို့
မလေးရှားက
ထိုင်းလိမ္မော်သီးသွင်းခွင့်ပိတ်

NEJ / မတ်လ(၁၉) ရက်၊ ၂၀၀၉
ထိုင်းနိုင်ငံမှ တင်ပို့သည့် လိမ္မော်သီးများတွင် (Ethion) အက်သီယွန် ဓာတုပစ္စည်းပါနေ သည့်အတွက် တင်သွင်းခွင့်မပြု တော့ကြောင်း မလေးရှားနိုင်ငံက ကြေညာသည်။ ၂၀၀၈ ခုနှစ်အတွင်း မလေးရှားနိုင်သို့ .....အပြည့်အစုံသို့

ဒေါ်လာဈေး ရုတ်တရက် မြင့်တက်
မြန်မာငွေ (၅) ရာခိုင်နှုန်းကျ

NEJ / မတ်လ(၁၉) ရက်၊ ၂၀၀၉ မကြာခင်က တဒေါ်လာလျှင် မြန်မာငွေ (၁,၀၁၀) ကျပ် ခန့်သာ ရှိရာမှ မတ်လ (၁၈) ရက် ညနေပိုင်းတွင် တဒေါ်လာလျှင် မြန်မာငွေ (၁,၀၅၀) ကျပ်၊ (၁,၀၆၂) ကျပ်ထိ မြင့်တက်သွား သည့်အတွက် (၃) ရက်အတွင်း မြန်မာငွေ (၅) ရာခိုင်နှုန်း ကျသွားသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ ရန်ကုန်ရှိ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ.....အပြည့်အစုံသို့
ဒေါ်စုလွှတ်ပေးရေး
(၂၂) နိုင်ငံတောင်းဆို

NEJ / မတ်လ(၁၈) ရက်၊ ၂၀၀၉
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက် သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်ကင်တားနား၏ အစီရင်ခံစာကို မတ်လ (၁၇)ရက် မနက်ပိုင်း၌ လူ့အခွင့်အရေးကောင်စီ၌ ..အပြည့်အစုံသို့

ဦးပဉ္ဖင်းကျော်ဟိန်း လူဝတ်လဲဟု ကောလာဟလ ထွက်ပေါ်

ဦးပဉ္ဖင်းကျော်ဟိန်း လူဝတ်လဲဟု ကောလာဟလ ထွက်ပေါ်

အောင်မြင် ကျော်ကြားခဲ့သော ရုပ်ရှင် အနုပညာရှင် ဦးကျော်ဟိန်းသည် ဦးကိတ္တိသာရ ဘွဲ့အမည်ဖြင့် သာသနာ့ ဘောင်သို့ ၀င်ရောက် ပြီးနောက် မကြာသေးခင်က လူဝတ်လဲ လိုက်သည်

ဒုက္ခသည်စခန်းများ ပိတ်ရန် ကရင်ခွဲထွက်အဖွဲ့ တောင်းဆို

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားသော အဖွဲ့တခုက ထိုင်း-မြန်မာ နယ်စပ်ဒေသမှ ဒုက္ခသည် စခန်းများကို ဖျက်သိမ်းပြီး ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်ပို့ရန်

လက်ဖက် အရောင်းကျနေ

အစိုးရက လက်ဖက် တံဆိပ် ၄၀ ကျော်ကို အန္တရာယ် ဖြစ်စေနိုင်၍ စားသုံးရန် မသင့်ကြောင်း ကြေညာချက် ထုတ်ပြန် ပြီးနောက် ယခု အခါ လက်ဖက် အရောင်းအ၀ယ် လုပ်ငန်းများ

မြစ်ဝကျွန်းပေါ်တွင် သောက်ရေ ပြတ်လပ်

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်မုန်တိုင်းအပြီး ဆားငန်ရေ၊ ရွှံနှင့် နုန်းမြေများ ဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်များ ပျက်စီးနေဆဲဖြစ်၍ ယခု နွေဦးကာလတွင်ပင်

ဈေးထဲရောက် တားမြစ်လက်ဖက်များ ကုမ္ပဏီတွေ ပြန်သိမ်းယူရမည်

အန္တရာယ်ရှိသည့် တားမြစ်ဆိုးဆေး အသုံးပြုသည့် လက်ဖက်ကုမ္ပဏီများကို ဈေးများတွင် ပေးသွင်းပြီးဖြစ်သည့် လက်ဖက်များကို ပြန်သိမ်းရန် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ယခုအခါ...

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကို မေလမှာ စတင်မည်

ပရောက်ဖက်ရှင်နယ် ဘောလုံး ကလပ်အသင်းများ ထူထောင်ပြီး ပထမဆုံးပြိုင်ပွဲ ဖြစ်လာမည့် မြန်မာ နေရှင်နယ်လိဂ်၏ ဘောလုံးပွဲစဉ်များကို လာမည့် မေလတွင်...

မိုးဖျက်၍ ဆားဈေး ခုန်တက်

ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်သုံးဆားဈေးများ နှစ်ဆခွဲအထိ ထိုးတက်သွားသည်။ လပ္ပတ်တာ၊ ဘိုကလေး၊ ဖျာပုံမြို့တို့အပြင် အခြားဒေသများတွင်...


ဆောင်းပါး

ဒါလားဟဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ

(ဆောင်းပါး) မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာဟာ ၁၉၈၈ ခုနှစ် ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်က ရက်ရက်စက်စက်...

Burma's News World News

Three Burmese Citizens Arrested in Bangladesh
Narinjara News - Dhaka,Bangladesh
Cox'sbazar: Three Burmese citizens were arrested Monday by Bangladesh authorities on the border after illegally entering Bangladesh territory, said a police ...
See all stories on this topic
Clash with Karen rebels wounds two after Burmese army forces ...
Independent Mon News Agency - Pullman,WA,USA
One civilian was wounded in a clash with Karen rebels after the Burmese army forced passenger trucks to stay the night at their encampment. ...
See all stories on this topic
Aktuálně.cz
Generals sure to suffer living hell, says Burmese monk
Aktuálně.cz - Praha,Czech Republic
Prague - Burmese monk Ashin Sopaka recently came to Prague on the invitation of the One World film festival to introduce one of the strongest human rights ...
See all stories on this topic
Burma Dissident's Eyesight 'At Risk'
自由亞洲電臺 - Washington DC,USA
A Burmese dissident's wife calls on prison authorities to treat her husband's eyesight before he goes blind. Burmese protestors shout anti-military slogans ...
See all stories on this topic
Burma-Bangladesh Tensions Raise Fears of New Restrictions
The Irrawaddy News Magazine - Chiang Mai,Thailand
By LAWI WENG Hundreds of people living near the Burma-Bangladesh border say they are worried that a new fence being built by the Burmese military will soon ...
See all stories on this topic
Burmese Sex Workers Tested for HIV
The Irrawaddy News Magazine - Chiang Mai,Thailand
By MIN LWIN A recent survey of female sex workers in Burma confirms a high incidence of HIV, threatening a dangerous and potentially devastating epidemic. ...
See all stories on this topic
Singapore pushes Burma to take 'bolder steps'
Radio Australia News - Melbourne,Australia
Singapore is urging Burma's junta rulers to reconcile with the opposition and engage with the west. Singapore's Prime Minister Lee Hsien Loong made the ...
See all stories on this topic
Burmese Prime Minister Visits Indonesia
Tempo Interaktif - Jakarta,Indonesia
TEMPO Interactive, Jakarta:Burmese Prime Minister Gen Thein Sein yesterday arrived in Indonesia on his first official visit since he became prime minister ...
See all stories on this topic

Salford honours footballer Ryan Giggs
WalesOnline - United Kingdom
... for the last 19 years by Burma’s military leaders. Her current term of house arrest is due to expire on May 24, according to The Irrawaddy newspaper. ...
See all stories on this topic
SCG urges more subsidies
TMCnet - USA
Asean markets, such as Laos, Burma, Vietnam, Cambodia, and Malaysia, are the prime targets, and SCG hopes to utilise its existing distribution network in ...
See all stories on this topic
The Second Shockwave
Foreign Policy In Focus - USA
In late February, the World Bank staff prepared a background paper for the Group of 20 (G-20) finance ministers meeting held near London on March 13 and 14. ...
See all stories on this topic

The World Debate
The World Debate puts the important questions to those in the spotlight...
Tropic of Capricorn
Simon Reeve embarks on an epic odyssey along the Tropic of Capricorn. Through Africa, Australia and South America he unearths human stories of history, culture and politics.

Our World
Our World, the major documentary strand which features some of the finest reporting from our News correspondents covering issues around the world.
The World Uncovered
Saira Khan investigates the dramatic stories of British Asians taken to Pakistan by their parents and forced to marry against their will.

Evan Davis
Evan Davis cuts through confusion, statistics and spin to give you a clearer view of the business world through discussion with people running leading and emerging companies.

US Federal Reserve Chairman, Ben Bernanke

Economists say move is designed to help improve credit conditions by lowering the cost of borrowing

More Stories from VOA

အရှုံးမပေးကြေး

မြန်ဂျာလစ် ဗုဒ္ဓဟူးနေ့၊ မတ်လ 18 2009 13:11 - မြန်မာစံတော်ချိန်
အရှုံးမပေးကြေး

ကျနော်ဂျာနယ်လစ်ဘဝ ခံယူခဲ့သည်မှာ သတင်းထောက်ဘဝမှစသော် ဆယ်စုနှစ် သက်တမ်းတခု ဖြတ်သန်း ခဲ့ပေပြီ။ အာဏာရှင်စစ်အစိုးရ ဖိနှိပ်အုပ်ချုပ်ခဲ့သည့် သက်တမ်းတဝက်မျှ သတင်းစာသမားဘဝဖြင့် မိမိတတ်နိုင် သမျှ အခွင့်အရေးရသ၍ ပြည်သူအတွက် အလုပ်အကျွေးပြုခဲ့သည်။

သတင်းစာသမားသည် တိုင်းပြည်၏ စတုတ္ထမဏ္ဏိုင်ဟု ဆိုထားသည့်အတိုင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး ဒေါက်တိုင်သုံးခု မယိုင်းမယိုင်စေရေးအတွက် ဝင်ရောက် အထောက်အကူပြုသည့် လေးခုမြောက် ဒေါက်တိုင်ပင်။ အိမ်စောင့်ခွေးဟုလည်း တင်စားပြောကြသည်။ ပြည်ကြီးပုခုံး၊ ပြည်ကြီးမျက်လုံးဟုလည်း တင်စား ဆိုကြပါသေးသည်။ မြန်မာပြည် လွတ်လပ်ရေး မရခင်ကတည်းက စတင်ကာ သတင်းစာ၊ သတင်းစာဆရာနှင့် သတင်းထောက်တို့ ခေါင်းဆောင်မှု မပါခဲ့သော ခေတ်တခေတ်မှ မရှိသေးပေ။ ထိုသို့ခေါင်းဆောင်မှု ပြုရသူ အဖြစ်ကို စာရေးသူ အားကျပေသည်။

ကုန်းဘောင်ခေတ် ရတနာပုံနေပြည်တော်ကို အုပ်ချုပ်တော်မူသော မင်းတုန်းမင်းတရားကြီး၏ “ရတနာပုံ သတင်းစာ” မှ စတင်ကာ မြန်မာသတင်းစာသမားတို့၏ အရေးအရာပါမူ စတင်လာခဲ့ပါသည်။ “ငါမကောင်းလျှင် ငါ့အကြောင်းရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားအကြောင်းကို ရေး၊……” မှ စတင်ကာ သတင်းစာ လွတ်လပ်ခွင့် ၂၆ ချက် သတ်မှတ်ပေးလျက် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ပေးခဲ့ပေသည်။ ထိုမှသည် ကိုလိုနီ လက်အောက်၊ ပါလီမန် ဒီမိုကရေစီခေတ်နှင့် တော်လှန်ရေးကောင်စီ လက်ထက်ထိ သတင်းစာ လွတ်လပ်ခွင့် ရှိစွာ လုပ်ကိုင်ခွင့် ရခဲ့ကြသည်။ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှ စတင်ကာ ယနေ့ အာဏာရှင် စစ်အစိုးရ လက်ထက်ထိမူ သတင်းစာလွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရသည့်အပြင် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်များပါ ရပ်ဆိုင်းခဲ့ရသည်။

စစ်အစိုးရလက်ထက်တွင် ပုဂ္ဂလိက သတင်းဂျာနယ်များ ထုတ်ဝေခွင့် ရခဲ့သည်မှာ ဆယ်စုနှစ် တစုကျော်သာ ရှိပါ သေးသည်။ စာပေစိစစ်ရေးဌာန၏ ဆင်ဆာဖြတ်တောက်မှုကို ကြံ့ကြံ့ခံရင်း ရနိုင်သမျှ အခွင့်အရေးလေးဖြင့် ပြည်သူ့ အကျိုး သယ်ပိုးလာခဲ့ကြသည်မှာ ယနေ့ထိတိုင် ဖြစ်ပါသည်။

စာရေးသူ၏ အဖိုးနှင့်အဖွား (စာရေးသူ ဖခင်၏ အဖေနှင့် အမေ) တို့သည် ၁၃ဝဝ ပြည့် အရေးတော်ပုံ၏ ရေနံမြေ သခင်၊ သခင်မများ ဖြစ်သည်။ စာရေးသူ၏ ဖခင်မှာလည်း ၁၉၇၅ ခုနှစ် ဦးသန့်အရေးအခင်းတွင် ပါဝင်ခဲ့ သောကြောင့် ထောင်ချခံခဲ့ရပြီး၊ အစိုးရဝန်ထမ်းဘဝက အထုတ်ခံခဲ့ရသူဖြစ်သည်။ စာရေးသူ၏ ဘဝတွင် နိုင်ငံရေးမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံမှ စတင်ကာ ဝင်ရောက်လာခဲ့ပါသည်။ ထိုစဉ်က စာရေးသူမှာ ရှစ်တန်းကျောင်းသားအရွယ်။ နိုင်ငံရေးအကြောင်း ဂဃနဏမသိ။ သူများ 'ဒို့အရေး' အော်၍ လိုက်အော်ခဲ့သော အဆင့်။ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို နားမလည်။ သူများတွေက ရရှိရေး တောင်းဆို သဖြင့် ကိုယ်လည်း ခေတ်နောက်မကျအောင် တောင်းဆိုခဲ့သော ဒီမိုကရေစီ ရရှိရေးသာ။

ထိုမှ အတန်းကြီးလာလေ၊ လေ့လာဖတ်ဖြစ်သော စာတွေ များလာလေ၊ နိုင်ငံရေးဆိုသည့် စကားနှင့် အဓိပ္ပာယ် ကို ရေးရေးမျှ သိလာခဲ့ရသည်။ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတုနှစ်တွင်တော့ နယ်မြို့လေးမှ စာရေးသူ သည် တက္ကသိုလ်ပညာ ဆည်းပူးရန်အတွက် ရန်ကုန်မြို့တော်ကြီးသို့ ဆင်းလာခဲ့သည်။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ပညာသင်ယူနေခိုက် ၁၉၉၆ ကျောင်းသားအရေးအခင်းတွင် ပါဝင်ဆင်နွှဲခဲ့သည်။ ရှေ့ရှေ့က ကျောင်းသား ခေါင်းဆောင်များကို အားကျရင်း ဆင်နွှဲခဲ့သော အရေးတော်ပုံသည် ဖိနှိပ်နှိမ်နှင်းမှုများ ဟိုယခင်က အတိုင်းပင် ခံခဲ့ကြရလေ၏။

ထိုအချိန်မှ စတင်ကာ စစ်အာဏာရှင်စနစ်ဆိုးကို ရွံ့မုန်းလျက် မိမိတတ်နိုင်သည့် နည်းဖြင့် အံတုရန် အားထုတ် ခဲ့သည်။ နိုင်ငံရေးလုပ်သူတို့မှာ တိုင်းပြည်နှင့် ပြည်သူအတွက် ထူးခြားလာအောင် ဘာတခုမှ လုပ်မပေးနိုင် သေးခင် သက်တမ်းရှည် ထောင်နန်းစံကြရသည်ကို တွေ့မြင်ခဲ့ရရာ နိုင်ငံရေးသမားအနေဖြင့် မရပ်တည်ဘဲ မည်သည့် နည်းဖြင့် နိုင်ငံရေးလုပ်၍ ရမည်လဲ အမြဲစဉ်းစားနေခဲ့မိသည်။ ထောင်ကျခံရမှာ ကြောက်၍တော့ မဟုတ်ပါ။ အချိန်နှင့် ပေးဆပ်ရမှုများက တန်ဖိုးများ၍ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်တွင် စာရေးသူ ဂျာနယ်လစ် တယောက် အနေနှင့် ပြည်တွင်း သတင်းဂျာနယ်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ စတင်ဝင်ရောက်စဉ်က ဝါသနာ အရင်းခံဖြင့်သာ ဝင်ရောက်လာခဲ့သော်ငြား နောက်ပိုင်း နိုင်ငံရေးအမြင်များ ရရှိလာခဲ့ပါသည်။

ဆရာသမား သတင်းစာဆရာကြီးတဦးက “နိုင်ငံရေးကို စိတ်ဝင်စားပါ၊ လေ့လာပါ၊ နိုင်ငံရေးသမားတော့ မလုပ်နဲ့၊ ဒီတိုင်းပြည်ရဲ့ အခြေအနေအရ ကိုယ်သွားချင်တဲ့ ပန်းတိုင်အထိ နိုင်ငံရေးလုပ်ခွင့်ရမှာ မဟုတ်ဘူး။ ထောင်ထဲ မှာပဲ အချိန်ကုန်သွားမယ်။ မင်း သတင်းစာဆရာ လုပ်ပြီး၊ နိုင်ငံရေး လုပ်လို့ရတာတွေ ရှိတယ်။ ပြည်သူအတွက် လုပ်လို့ ရတာတွေ ရှိတယ်။ ဂျာနယ်လစ် အလုပ်လုပ်နေတာဟာလည်း ခံယူတတ်ရင် နိုင်ငံရေး လုပ်နေတာပဲ” ဟု သုံးသပ် ပြောပြသည်ကို နာယူခဲ့ရချိန်မှစကာ သတင်းစာသမား ဂျာနယ်လစ်ဘဝကို ခုံမင်စွာဖြင့် ဘယ်တော့မှ မစွန့်လွှတ်ဘဲ ကိုယ်တတ်နိုင်သ၍ တိုင်းပြည်နှင့် ပြည်သူအတွက် အလုပ်အကျွေးပြုသွားမည်ဟု သံဓိဋ္ဌာန် ချလိုက်မိသည်။

ဂျာနယ်လစ်လောကသို့ နောက်လူများ ဝင်လာပြီဆိုလျှင်လည်း ပြည်သူ့အကျိုး ဆောင်ရွက်မည့် သူတယောက် လာပြန်ပေပြီဆိုကာ ကြိုဆိုခဲ့ရမြဲ၊ မိမိအတွေ့အကြုံများ ပြန်လည်ဝေမျှပေးခဲ့မြဲ၊ ဂျာနယ်လစ်ဘဝကို မက်မက် မောမော ခံယူတတ်စေရန် ဤသို့ သတင်းစာဆရာဘဝဖြင့် နိုင်ငံရေးလုပ်နိုင်သည့် အကြောင်းကို ပြန် ဖောက်သည်ချ ပြောပြခဲ့မြဲပင်။

ဂျာနယ်လစ်လောကသို့ ဝင်ရောက်လုပ်ကိုင်ကာစက နိုင်ငံခြား သွားရနိုင်သည့် အခွင့်အရေး၊ ပြည်ပ သတင်းစာ သင်တန်းများ တက်ရမည့် အခွင့်အရေးများ ရှိသည်ဆိုသည်ကို သိပင် မသိခဲ့ပါ။ ယခုနောက်ပိုင်းတွင်တော့ ဝါသနာထက်၊ သတင်းစာဆရာဘဝကို ခုံမင်၍ ဆိုသည်ထက် ဂျာနယ်လစ်လုပ်လျှင် နိုင်ငံခြားသင်တန်းများ သွားတက်နိုင်သည့် အခွင့်အရေးများ၊ နိုင်ငံခြားလေ့လာရေး ခရီးများ သွားရတတ်သည် ဆိုသည့် အခွင့်အရေးများ မျှော်ကိုးဝင်လာသူများ ရှိလာနေသည်။ တချို့ ပိုဆိုးသည်က ဂျာနယ်လစ်ဘဝနှင့် ပြည်တွင်းတွင် မနေကြ တော့ဘဲ နိုင်ငံခြားတိုင်းပြည်များ ထွက်ကာ ထိုနိုင်ငံသား ခံယူလိုက်ကြသည်များနှင့် နိုင်ငံခြားလေ့လာရေး ခရီးစဉ် အခွင့်အရေး ရရာမှ မြန်မာပြည်သို့ ပြန်မလာတော့ဘဲ ပြည်ပတွင် နေလိုက်ကြတော့သည်များပင် ရှိလာနေလေသည်။

တဦးနှင့် တဦး အမြင်မတူနိုင်ဘဲ ခံယူချက်ကွဲပြားကာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ဟု ဆိုနိုင်ပါသော်လည်း စာရေးသူ၏ တသီးပုဂ္ဂလ ခံယူချက်နှင့် အမြင်ကို တင်ပြလိုပေသည်။

ပြည်တွင်းတွင် ဂျာနယ်လစ်တယောက် ဘဝဖြင့် ရပ်တည်လှုပ်ရှား ရုန်းကန်ရသည်မှာ ဝင်ငွေနည်းပါးမှုကြောင့် ခက်ခဲကောင်း ခက်ခဲပါမည်။ ဒါတောင် အခြားသော ကုမ္ပဏီဝန်ထမ်းများထက် စာလျှင် လစာခံစားခွင့်များ ပါသေးသည်။ ထိုသို့သော အခြေအနေကြောင့် ပြည်ပထွက်ကာ ဝင်ငွေပိုကောင်းသော ပြည်ပမီဒီယာများတွင် ဝင်လုပ်ပါသည် ဆိုသည့် ခံယူချက်မျိုးကိုတော့ဖြင့် အားမနာတမ်း ပြောရလျှင် လက်မခံလိုပေ။ မြန်မာပြည်တွင် မနေလိုသောကြောင့် ပြည်ပထွက်နေကာ ဘဝရပ်တည်ရေးအတွက် ပြင်ပမီဒီယာများတွင် ဝင်လုပ်ခြင်းကိုလည်း ကျနော်အနေဖြင့် နည်းနည်းမျှ သဘောမကျနိုင်ပေ။ နိုင်ငံရေးခံယူချက်ဖြင့် ပြည်တွင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် မရလေသောကြောင့် အပြင်ထွက်ကာ ပြည်ပမီဒီယာများမှနေ အာဏာရှင် စစ်အစိုးရကို တိုက်ခိုက်မည်ဆိုသည့် ခံယူချက်သက်သက် ဝင်ငွေအဓိကမကျ ဆိုသည့် သူမျိုးများကိုတော့ ခြွင်းချက်အနေဖြင့် လက်ခံပါသည်။

ပြည်တွင်းတွင် ဖြစ်ပေါ်ခဲ့သော အရေးအခင်းများတွင် အဓိကအခန်းများမှ ပါဝင်ဖြစ်ခဲ့ပြီး မြန်မာပြည်တွင်း ဆက်လက် နေထိုင်ရန် အန္တရာယ်ရှိလာသဖြင့် ပြည်ပသို့ တိမ်းရှောင်ကြရကာ ပြင်ပမီဒီယာများမှ ဆက်လက်၍ စစ်အာဏာရှင်စနစ်ဆိုး ပြုတ်ကျရေး ဆောင်ရွက်နေကြသူ ကနဦး နိုင်ငံရေးသမားဘဝမှ ဂျာနယ်လစ် ဖြစ်သွားသူများကိုတော့ ချီးကျူးဂုဏ်ယူပါသည်။

ကျနော်ပြောလိုရင်းမှာ ဆိုခဲ့ပါ မြန်မာပြည်တွင်း မည်သို့မှ နေထိုင်၍ မရတော့သည့် နိုင်ငံရေး လှုပ်ရှားမှု အခြေအနေများကြောင့် ထွက်သွားရသူများမှလွဲ၍ ကျန် အကြောင်းအမျိုးမျိုးဖြင့် ထွက်သွားကြလေသူများကို တိုင်းပြည်တွင်း နေနိုင်သ၍နေကာ လုပ်ခွင့်ရသလောက် တိုင်းပြည်နှင့် ပြည်သူအတွက် လုပ်ပေးကြဖို့ပင်။ ပြည်တွင်းတွင် လုပ်၍ရသလောက် အခွင့်အရေးကြားမှ လုပ်ပြကြဖို့၊ စိစစ်ဖြတ်တောက် ပိတ်ပင်မှုများကြားမှ လွတ်လာသလောက် ပြည်သူကို ပေးနိုင်မည့် အခွင့်အရေးကို ရှာဖွေပေးကြဖို့ တိုက်တွန်းလိုပါသည်။

ပြင်ပမီဒီယာများမှ မိတ်ဆွေများနှင့် စကားပြောဖြစ်တိုင်း ကျနော်ကို ယင်းတို့ထံတွင် လာရောက်လုပ်ကိုင်ဖို့ ခေါ်တတ်ကြပါသည်။ အပြင်ထွက်လာဖို့ တိုက်တွန်းတတ်ကြသည်။ ကျနော် အမြဲပြောသော စကားမှာ “ကျနော် အထဲကနေ ခင်ဗျားတို့ကို ကူညီပေးနိုင်သလောက် ကူညီပေးမယ်။ အထဲမှာ လုပ်ရဦးမှာတွေ၊ လုပ်လို့ရတာတွေ အများကြီးပါ။ ကျနော့်တိုင်းပြည်က ကျနော့်ကို လက်ခံနေသေးသ၍ ကျနော် အထဲမှာပဲ နေမယ်။ ဘယ်လိုမှ နေဖို့ မဖြစ်နိုင်တော့ဘူး၊ ကျနော့်အတွက် အန္တရာယ်ရှိလာပြီဆိုမှပဲ ထွက်လာခဲ့မယ်” ဟု အမြဲ ပြောခဲ့ပါ၏။

ကျနော့်အမြင်မှာ အာဏာရှင်စစ်အစိုးရမှာ တိုင်းပြည်တွင်း၌ သတင်းစာဆရာတွေ ရှိနေသည်ကို ပို ဂရုစိုက် နေမည်ဟု ထင်ပါသည်။ ထိုသူတွေ ရှိနေသမျှ သူတို့ ဘယ်လောက်ပင် ပိတ်ပင်ဖြတ်တောက်ပါစေ သူတို့၏ မမှန် သော လုပ်ရပ်များက ဘယ်လိုမှ ဖုံးမရဘဲ ပေါ်ထွက်လာနေမည် ဖြစ်သောကြောင့်ပင်။ သတင်းစာဆရာ ဂျာနယ်လစ် တယောက် ပြည်ပထွက်သွားပြီး၊ ပြန်မလာတော့ဘူးဆိုသည့် သတင်းစကား ကြားရလေ သူတို့ ပျော်လေဖြစ်မည်ပင်။ သူတို့ကို ဒုက္ခပေးနိုင်သူတဦး လျော့သွားသောကြောင့် ဖြစ်ပါသည်။

ထိုသို့ ပျော်သည်ထက်ပိုကာ တယောက်တော့ဖြင့် တို့ကို အရှုံးပေးသွားပြန်ပြီဟု လှောင်ရယ်နေကြမည်ကို ကျနော် အခံရအခက်ဆုံး ဖြစ်သည်။ သူတို့ ပျော်သည်ကို ပြည်တွင်းတွင် ရှိနေသေးသော မိတ်ဆွေ သတင်းစာ ဆရာ ဂျာနယ်လစ်များ လိုလားပါသလား၊ အရှုံးပေးသွားပြန်ပြီဟု လှောင်ကြလေမည်ကို ခံနိုင်ပါသလား။ ကျနော်ကတော့ အရှုံးမပေးကြေး စိတ်ဓာတ် မွေးမြူဖို့ တိုက်တွန်းလိုပါသည်။

3.18.2009

ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီး တစ်ဦးက မြန်မာအမျိုးသမီးများအား အိမ်ဖေါ်အလုပ် မလုပ်သင့်ကြောင်းပြောဆို

Photobucket

ဘန်ကောက်မြို့မှာ ကျနော်တို့ ကယ်တင်ကူညီခွင့်မရရှိတဲ့ မြန်မာမလေးတွေ ဘယ်လောက်ထိ လူမျိုးခြားတွေဆီမှာ လိင်ဖျော်ဖြေ ပေးနေရတယ် ဆိုတာ မခန့်မှန်းနိုင်ပါ (ကိုကျော်သောင်း)

မတ်လ ၁၈

အိမ်ရှင်မှ အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်မှု မှ လွတ်မြောက်လာသူ မြန်မာ အိမ်ဖေါ် အလုပ်သမ တစ်ဦးက မြန်မာအလုပ်သမ များ အနေဖြင့် အိမ်ဖေါ်အလုပ်ကို မလုပ်သင့်ကြောင်း ပြောဆို လိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်နေရာတွင် အိမ်ဖေါ်အလုပ် လုပ်ကိုင်နေစဉ် အိမ်ရှင်အဖိုးကြီးက သားမယား ပြုကျင့်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသဖြင့် ဘန်ကောက်မြို့  အခြေစိုက် “ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်း”ထံသို့ ရောက်ရှိလာသော ပဲခူးတိုင်း - - - - မြို့ နယ်- - - - ကျေးရွာမှ အသက် ၂၀ အရွယ် မ - - - - က ပြောဆို လိုက်ခြင်းဖြစ်သည်။

“သမီး ဘန်ကောက်ရောက်တာ ၃လရှိပြီ၊ သမီးအလုပ်လုပ်တဲ့ အိမ်ရှင်သူဌေးရဲ့  မယားငယ်က ယောက်ျားလျာ လိုလို ဘာလိုလို သမီးကို တချိန်လုံး အောကားတွေ ဖွင့်ပြတယ်။ သမီးရေချိုးရင် ရေချိုးခန်းထဲကို လိုက်လာပြီး ဟိုကိုင်ဒီကိုင် လုပ်တယ်၊ သူ့ကိုလည်း သမီးကို ကိုင်ခိုင်းတယ်၊ သမီးငြင်းဆန်ပေမယ့် မရဘူး၊ ပြီးတော့ သမီးရှေ့  သူတို့လင်မယား လိင်ဆက်ဆံပြတယ်၊ သမီးရှက်လို့ ထွက်ပြေးတယ် တော်တော် ရှက်စရာ ကောင်းပါတယ်။ သမီးကို မယားငယ်လုပ်ဖို့ စည်းရုံးတယ်၊ သမီးက သူများ မယားငယ်လုပ်ပြီးမှ ရမယ့်ပိုက်ဆံကို မလိုချင်ဘူး၊ အလုပ်ကြိုးစားပြီး ရတဲ့ငွေကိုပဲ သမီးရချင်တယ်''။

အဆိုပါ သူဌေးမှာ အသက် ၆၀ကျော် အရွယ်ခန့်ရှိပြီး သူ၏ မယားငယ်မှာ အသက် ၃၀ ၀န်းကျင်ဖြစ်သည်။ သူဌေးတို့ လင်မယားနှင့် အတူတူအိပ်စက်ရပြီး တနေ့နေ့ တစ်ချိန်ချိန်တွင် မိမိဘ၀ နစ်မွန်းနိုင်သည်ကို မြင်သဖြင့် မြန်မာအလုပ်သမ မှာ လွတ်မြောက်နိုင်မည့် အခွင့်အခါကို စောင့်နေခဲ့သည်။ သူမနှင့်အတူ အခြား မြန်မာအိမ်ဖေါ် တစ်ဦးပါ ရှိသဖြင့် နှစ်ယောက်သား ခြံစည်းရိုးကို ကျော်၍ ထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။

“သမီးကို သူဌေးက ကြိုက်တယ်ဆိုပြီး သမီးကို မဲဆောက်က ပို့ပေးတဲ့ ပွဲစားကို လှမ်းပြောတယ်။ ဘန်ကောက်မှာ ကရင်မ ပွဲစား၂ယောက်က သမီးကို အကြီးအကျယ် လိုက်ရှာနေတယ်၊ ဗမာလူမျိုးအချင်းချင်း သူတို့ ငွေရ ရင်ပြီးရော သမီးကို ပြန်ပို့ဖို့ ရှာနေကြတယ်၊ အိမ်ဖေါ်ဆိုပြီး အချိန်ပြည့်ခိုင်းတယ် ထမင်းကို ၀အောင် မကျွေးဘူး အသီးအရွက်နဲ့ပဲ စားရတယ်။ ထမင်းဂျိုးကို ရေးနှုးပြီး ကျွေးတယ်။ စိတ်ချမ်းသာတဲ့ နေ့ဆိုတာ မရှိဘူး၊''ဟု ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ စည်းရုံးရေးနှင့် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သက်သက်ဦးက “ကျမတို့ဆီကို ဒီကိစ္စမျိုးတွေနဲ့ မကြာခဏဆိုသလို ရောက်လာကြတယ်။ ကျမတို့ ကိုယ်တိုင်လည်း အလုပ်သမားပဲလေ၊ နိုင်သလောက်တော့ ကူညီပေးတာပေါ့။ ကျမတို့က ငွေကြေးတတ်နိုင်တဲ့ အဖွဲ့မဟုတ်ဘူးလေ။ ကျမတို့ စားသလို ကျွေးတယ်၊ ကျမနဲ့ အတူအိပ်တယ်၊ ကျမတို့ သိတာလေးတွေကို ရှင်းပြပေးတယ်၊ ဆေးဝါးကုသဖို့ ကျရင်တော့ အခြားအဖွဲ့အစည်းတွေကို အကူအညီ တောင်းရတာပေါ့နှော်။

ဘန်ကောက်မှာ မြန်မာအလုပ်သမားတွေကို ထိထိရောက် ကူညီနိုင်မယ့် အဖွဲ့တွေ လိုအပ်ပါတယ်၊ အလှမ်း ကျယ်ပြီး အလယ်လပ် နေတာ၊ ဘန်ကောက်မှာ အိမ်ဖေါ်တွေ၊ ပြင်ပကို လုံးဝမထွက်ရတဲ့ အလုပ်ရုံတွေ ရှိပါတယ်၊
မြန်မာ အမျိုးသမီးလေးတွေ အခြားအလုပ်ကိုပဲ လုပ်ကြစေချင်ပါတယ်၊ ဘ၀လုံခြုံမှုလုံးဝမရှိတဲ့ ဒီအိမ်ဖေါ် အ လုပ်ကို မလုပ်ကြပါနဲ့လို့ ကျမ တိုက်တွန်းချင်ပါတယ်၊ ကျမတို့ဆီကို ဒီလိုကိစ္စမျိုး အမြဲရောက်ပါတယ်''ဟု ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအရ အိမ်ရှင်မှဖြစ်စေ တစ်စုံတစ်ယောက်မှဖြစ်စေ မတော်မတရား ပြုကျင့်ခံရသော မြန်မာအလုပ်သမများမှာ ဘတ်မရှိလျှင် နယ်စပ်ကို ပြန်ပို့ခံရမည်ဖြစ်သည်။ ထို့ပြင် အမှုရင်ဆိုင်နေရစဉ် အတွင်း အမျိုးသမီး ထိမ်းသိမ်းေ၇း စခန်းတွင် တစ်နှစ်နီးပါး ၀င်ငွေမရရှိပဲ နေရသည်။ အင်ဂျီအိုများနှင့် ပူးပေါင်း၍ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ပူးပေါင်း၍ အမှုမှန် ပေါ်ပေါက်အောင် ဖေါ်ထုတ်ရမှု များမှာလည်း များစွာ ခက်ခဲကြန့်ကြာ တတ်သည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

owiး

Family members wait for the release of their loved ones at the gate of Myanmar's Insein prison in northern Yangon, Saturday Feb. 21, 2009.

စစ်တပ်အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော် လွှတ်ပေးပါလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးက စစ်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။


Opposition leader Andry Rajoelina arrives at a rally in Antananarivo, Madagascar, 17 Mar 2009

"ဒန်ဒရိုဘိုင်ယမ် သိန်းစိန်"
ဓာတ်ပုံသတင်း
မတ် ၁၈၊ ၂၀၀၉ စင်္ကာပူရုက္ခဗေဒဥယျာဉ်တွင် ယနေ့ တွေ့ရသော မြန်မာအစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့် သစ်ခွပန်းတမျိုး။ အလည်လာသူ ဗိုလ်ချုပ်ကြီးကို ဂုဏ်ပြုသောအားဖြင့် စင်္ကာပူအစိုးရက အဆိုပါသစ်ခွပန်း၏အမည်ကို "ဒန်ဒရိုဘိုင်ယမ် သိန်းစိန်" ဟု ကင်ပွန်းတပ်လိုက်သည်။ (photo: Reuters)

သမိုင်းနှင့်အစဉ်အလာ - မှတ်စုမှတ်တမ်း
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း အပိုင်း (၅)
မတ် ၁၈၊ ၂၀၀၉

" - - သူတို့ကို ကျမက ယူရိုဆလားဗီးယား ဥပမာကို လှမ်းကြည့်လိုက်ဖို့ ညွန်ပြချင်ပါတယ်။ အဲဒီမှာ အတွင်းလှိုက်ပြီး လူမျိုးစု တစုနဲ့ တစု ယုံကြည်စိတ်ချရမှု ကင်းမဲ့နေတာကို ဘယ်သူကမှ မကုစားခဲ့ဘူး။ အချိန်ဟာ ဒဏ်ရာတိုင်းကို ကုစားမှာတော့ မဟုတ်ဘူး - - "

အျပည့္အစုံသိုႛ ...

အမေရိကန် စီးပွားရေးအကြပ်အတည်း

ဘေးလ်အောက်၊ စတင်မြူလတ်စ်နဲ့ ဘတ်ဂျက်

ဒေ၀ါလီ သာဂိ

မတ် ၁၈၊ ၂၀၀၉

ဒီဟာကို ဆက်ရေးရမတဲ့။ စီးပွားပျက်နေတာက အမေရိကန်တင်မဟုတ်ဘူး၊ တကမ္ဘာလုံးဖြစ်နေတာလို့ ဆိုတယ်။ မြန်မာပြည်တော့မပါဘူး။ ဘာကြောင့်ဆိုတော့ မြန်မာပြည်မှာ အပြင်ကလို ဘဏ်တွေ မရှိဘူး။ အိမ်ရောင်း၊ အိမ်ဝယ်၊ ကားရောင်း ကားဝယ်ကလည်း လက်ငင်း ငွေအကြေချေစနစ်။ ပိုက်ဆံချေးလာရင်လည်း ဘဏ်ကမဟုတ်ဘူးဗျာ။ တခြားအသိုင်းအ၀ိုင်းဆီက ၁၀ တိုးတို့၊ အစိတ်တိုးတို့နဲ့ ချေးလာတာ။ ရက်ပြန်တိုး၊ လပြန်တိုးနဲ့ဆိုတော့ ခရက်ဒစ်ကုမ္မဏီတွေတောင် ၀င်မလာရဲဘူး။ စတော့တို့၊ ရှယ်ယာတို့ဆိုတာက စစ်ဗိုလ်ချုပ်မိသားစုတွေဆီမှာ သင်ဘယ်လောက် ထည့်ဝင်ထားသလဲနဲ့ပဲ ဆိုင်တယ်။ ဗိုလ်ခင်ညွန့်စတော့ ထိုးကျသွားပြီးနောက် အားလုံးက ဗိုလ်သန်းရွှေ စတော့ပဲ ဖိဝယ်နေကြတော့ တမိုးလုံး သူဖျောက်ဆိပ်ပေါ့။ အပြင်က စီးပွားပျက်တာနဲ့ ပြည်တွင်းက စီးပွားဟာ တခြားစီပဲဆိုတော့ မြန်မာပြည်သူများ ဒီဆောင်းပါးဖတ်ရတာ ဆားပေါ့ပေလိမ့်မယ်။
အျပည့္အစုံသိုႛ ...

အင်န်အယ်ဒီရဲ့ “လူငယ်နဲ့ သတင်းစာပညာ” ဟောပြောပွဲကျင်းပ

မိုးမခ ဓာတ်ပုံသတင်း

မတ် ၁၈၊ ၂၀၀၉

မတ်လ ၁၇ က ရန်ကုန်မြို့၊ ပါတီဌာနချုပ်မှာ ကျင်းပတဲ့ လူငယ်ပညာပေးဟောပြောပွဲအစီအစဉ်တခုအဖြစ် လူငယ်နဲ့ သတင်းစာပညာဟောပြောပွဲကို ကျင်းပခဲ့ရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးအုန်းကြိုင်က ဟောပြောခဲ့ပြီး လူငယ်အဖွဲ့ဝင်တို့က ၀ိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။

အျပည့္အစုံသိုႛ ...

ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နယ်စပ် ဒေသ တကျော့်ပြန် တင်းမာ
AFP သတင်းဌာန
မတ် ၁၇၊ ၂၀၀၉

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်စပ်ဒေသတွင် တင်းမာမှုများ ဖန်တီးနေသည်ဟု ဆိုသည်။

“မြန်မာပြည်က နယ်စပ်မှာ သိပ်မကြာခင် ခြံစည်းရိုး ကာတော့မယ့် သဘောရှိတယ်” ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး Abdul Khaleque က ပြောသည်။ မြန်မာတပ်များ နယ်စပ်ဒေသတွင် ပိုမို ဖြန့်ကျက်လျက်ရှိသည်ဟုလည်း ဆိုသည်။

အျပည့္အစုံသိုႛ ...


more


more


more



Agencies / မတ်လ(၁၈) ရက်၊ ၂၀၀၉

အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်နှင့် နိုင်ငံတကာ အသိုင်းအ၀န်းနှင့် လက်တွဲလုပ်ကိုင်ရန် မြန်မာစစ်အစိုးရ ဗိုလ်ချုပ်ကြီးများ ရဲရင့်သည့်ခြေလှမ်းများ လှမ်းရန်လိုပြီဟု စင်ကာပူအစိုးရက တိုက်တွန်းလိုက်သည်။...အပြည့်အစုံသို့


နေပြည်တော်သိမ်း စီမံကိန်း

နေပြည်တော်သိမ်း စီမံကိန်း ရရင်ရ … မရရင် ချ … ရရ မရရ ချ … “ဂွပ်”(မလန့်ကြပါနှင့် … ဖုန်းကို ပစ်ချလိုက်သံ ဖြစ်ပါသည်)သို့သော် … လန့်ပြီး ဒူးတွေ တဆတ်ဆတ် တုန်နေတာကတော့ တံခါးရွက်ကြားက ချောင်းကြည့်နေသည့် ဦးရုက္ခစိုးပဲဖြစ်သည်။ အခန်းထဲမှ ဗိုလ်ချုပ်ပြူးကျယ်သည် ဖုန်းကိုပစ်ချလိုက်ကာ နှာခေါင်းကို ပွစိပွစိ လုပ်လိုက်ပြီး…
ဆက်ဖတ်ရန် ...
ရန်ကုန်တွင်
အကြီးဆုံး ကုန်တိုက်ဖွင့်လှစ်

NEJ / မတ်လ(၁၈) ရက်၊ ၂၀၀၉
ပြည်တွင်းစီးပွားရေး ကျဆင်း နေချိန်ဖြစ်သော်လည်း ရန်ကုန်မြို့ တွင် East Point ဟု အမည်ရသည့် အကြီးဆုံး Shopping Center တခု ကို မဟာဗန္ဓုလ တံတားအဆင်း ပုဇွန်တောင်မြို့နယ်၌ ဖွင့်လှစ်လိုက်ကြောင်း မြို့ခံများက ..အပြည့်အစုံသို့
ဒေါ်စုလွှတ်ပေးရေး
(၂၂) နိုင်ငံတောင်းဆို

NEJ / မတ်လ(၁၈) ရက်၊ ၂၀၀၉
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက် သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်ကင်တားနား၏ အစီရင်ခံစာကို မတ်လ (၁၇)ရက် မနက်ပိုင်း၌ လူ့အခွင့်အရေးကောင်စီ၌ ..အပြည့်အစုံသို့

လေလံပစ်ယာဉ်များကြောင့်
ပြင်ပကားဈေးကွက်ပျက်

အောင်ထက် / မတ်လ(၁၈) ရက်၊ ၂၀၀၉ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်း ထိန်းသိမ်းမှု ဦးစီးဌာမှ ဖမ်းဆီးထိန်းသိမ်းထားသော လိုင်စင်မဲ့ Without ယာဉ်များ တဖက်နိုင်ငံခိုး ကားများကို လေလံတင်ရောင်းချနေသည့် အတွက် ပြင်ပကား အရောင်းအ၀ယ်ဈေးကွက် လုံးဝပျက်နေကြောင်း သိရသည်။ ..အပြည့်အစုံသို့

ဈေးထဲရောက် တားမြစ်လက်ဖက်များ ကုမ္ပဏီတွေ ပြန်သိမ်းယူရမည်

အန္တရာယ်ရှိသည့် တားမြစ်ဆိုးဆေး အသုံးပြုသည့် လက်ဖက်ကုမ္ပဏီများကို ဈေးများတွင် ပေးသွင်းပြီးဖြစ်သည့် လက်ဖက်များကို ပြန်သိမ်းရန် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ယခုအခါ ညွှန်ကြား ...

ကျောက်မျက်ပြပွဲ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပ

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲနှင့် ရောင်းချပွဲကို သီးသန့် ဖိတ်ကြားထားသည့် နိုင်ငံခြား ကျောက်မျက်ရတနာ ကုမ္ပဏီများမှ ကျောက်လုပ်ငန်းရှင်များနှင့်
မြစ်ဝကျွန်းပေါ်တွင် သောက်ရေ ပြတ်လပ်

မြစ်ဝကျွန်းပေါ်တွင် သောက်ရေ ပြတ်လပ်

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်မုန်တိုင်းအပြီး ဆားငန်ရေ၊ ရွှံနှင့် နုန်းမြေများ ဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်များ ပျက်စီးနေဆဲဖြစ်၍ ယခု နွေဦးကာလတွင်ပင်

ပြည့်တန်ဆာများ အိတ်ခ်ျအိုင်ဗီ ကူးစက်နှုန်း မြင့်မား

မြန်မာနိုင်ငံမှ ပြည့်တန်ဆာများတွင် အိတ်ခ်ျအိုင်ဗီပိုး ကူးစက်မှုနှုန်း မြင့်မားနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတခုတွင် ဖော်ပြထားသည်။

ဘန်ကောက်ရှိ မြန်မာ အရောင်းဝန်ထမ်းများ အဖမ်းခံရပြန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တိုက်ရိုက် အရောင်းဝန်ထမ်း အဖြစ် လေ့ကျင့် သင်ယူနေသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲများက ဖမ်းဆီး

မောင်းတော နယ်စပ်ကို သံဆူးကြိုးကာပြီ

ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုးများ ကာရန်ခြင်းကို စတင်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်မှ လာသော

Burma News

Burma Dissident's Eyesight 'At Risk'

2009-03-18

A Burmese dissident's wife calls on prison authorities to treat her husband's eyesight before he goes blind.

Vietnam Set To Open Mine

2009-03-17

A planned bauxite mine in Vietnam will provide jobs, but some experts fear its environmental impact.

Burma Dissidents' Visits Restricted

2009-03-17
Jailers in the central Burmese city of Meiktila face new allegations of abusing politic

Karen Splinter Group Calls for Closure of Refugee Camps

By WAI MOE
The KNU/ KNLA Peace Council has called for the closure of Burmese refugee camps in Thailand and said that refugees should be sent back to Burma.

Suu Kyi’s Lawyer Appeals to PM over House Arrest

By WAI MOE
A lawyer representing Aung San Suu Kyi has asked Gen Thein Sein to hold a hearing on his client’s appeal against her continued house arrest.

Burma-Bangladesh Tensions Raise Fears of New Restrictions

By LAWI WENG
People living along the Burma-Bangladesh border are worried about losing their freedom of movement, as the Burmese military begins construction on a new fence.

Burmese Sex Workers Tested for HIV

By MIN LWIN
A survey finds HIV positive sex workers in six Burmese townships across the country.

6 Dead as Philippine Troops Battle Kidnappers

By JIM GOMEZ
Philippine marines and al-Qaida-linked militants holding three Red Cross workers clashed for a second day Tuesday, leaving three militants and three troops dead.
Media coverage of the Rohingyans has barely broken the surface

Francis Wade

Mar 18, 2009 (DVB)–While the world remains shocked by the story of the Rohingya boatpeople who washed up on Thailand’s shores in January, the media coverage has failed to open up a discussion on the wider Burmese refugee crisis. - more


Prisoners living in dire conditions hundreds of miles from families

Mar 18, 2009 (DVB)–Family members of political prisoners languishing in jails across Burma have spoken of appalling living conditions and difficulties in visiting relatives held in remote prisons. - more


Aung San Suu Kyi’s lawyer demands response from government

Mar 18, 2009 (DVB)–The lawyer of detained opposition leader Aung San Suu Kyi has sent a second letter to the government demanding a response to an appeal for her release, five months after the as yet unacknowledged initial demand. - more


Farmers’ lawyer sentenced to four years in prison

Mar 18, 2009 (DVB)–A young lawyer defending farmers whose land had been forcibly seized by the army was sentenced to four years' imprisonment by Magwe division court yesterday, said a source close to the court. - more

Suu Kyi’s lawyer despatches letter to PM

Detained opposition leader Aung San Suu Kyi’s lawyer has sent a letter of appeal to the Prime Minister General Thein Sein to review the house arrest order of his client....

SAARC writers encourage Burmese scribes to continue work

The members of the Foundation of SAARC Writers and Literature has urged Burmese scribes to continue their work amidst tight restrictions imposed on them, by their military rulers,

Internet drug sells high in Thailand

Age of narcotics drug users in Thailand is found decreasing while internet open a new window for users to access drug easier, according to Thai Public Health Minister.

Thein Sein meets Singapore Prime Minister

Burmese Prime Minister General Thein Sein and host Singaporean Prime Minister Lee Hsien Loong on Tuesday agreed to strengthen bilateral trade and cooperation between the two countries.
Voice of America
UN Expert Calls for Burma to Release Political Prisoners
Voice of America - USA
By Lisa Schlein A UN special investigator is calling for Burma's ruling military junta to release more than 2000 political prisoners. ...
See all stories on this topic
Burma Dissidents' Visits Restricted
Radio Free Asia - Washington,DC,USA
Jailers in the central Burmese city of Meiktila face new allegations of abusing political detainees. Currently jailed Ko Pyone Cho (L) joins fellow student ...
See all stories on this topic
Burma's minorities and controversy surrounding Rohingya refugees
Asian Tribune - Bangkok,Thailand
Sadly or fortunately, the international community has come to understand better the reality of the socio-political problems inside Burma since the 2007 ...
See all stories on this topic
Burma's gem mines face closure
BBC News - UK
By Thuyein Kyaw-Zaw Burmese rubies and jades are famous for their quality, and sold all over the world. But even such a reclusive and secretive country as ...
See all stories on this topic
Burmese military junta arrests another leader connected to Aung ...
AsiaNews.it - Italy
"I was told around 30 policemen came to his house and arrested him," says NLD spokesman Nyan Win, on the dissident website Democratic Voice of Burma. ...
See all stories on this topic
Burmese Delegation Arrives in Jakarta
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE Burmese Prime Minister Gen Thein Sein arrived in Jakarta on Monday on an official visit, heading a delegation of five key ministers and nine ...
See all stories on this topic
Burmese Troops Mobilize on Bangladesh Border
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE Tension between Bangladesh and Burma went up another notch on Tuesday as the Burmese junta mobilized army and navy units along the border area, ...
See all stories on this topic
Burma: Last Stand for Democracy?
MorungExpress - Dimapur,Assam,India
Burma’s ruling military junta are aggressively seeking to eliminate all opposition ahead of elections in 2010. They may well succeed In a small Karen ...
See all stories on this topic
Five Suu Kyi supporters arrested in Burma: opposition
ABC Online - Australia
Burmese authorities have arrested five members of detained democracy leader Aung San Suu Kyi's party, a spokesman said, as the UN chastised the regime for ...
See all stories on this topic
Norway divests from company supplying military trucks to Burma
Democratic Voice of Burma - Oslo,Norway
Mar 16, 2009 (DVB)–A state-owned Norwegian fund has pulled shares from a company that sells trucks to the Burmese government after it emerged they were ...
See all stories on this topic

“ဒီမိုကရေစီ ခေတ်အပြောင်းအတွက် ခေါင်းဆောင်ကောင်းများလိုပါသည်”

8888

D-Wave

ရှေးပဒေသရာဇ်ခေတ်က ကျွန်တော်တို့၏ ဘိုးဘေးများသည် မင်းဆိုးမင်းညစ်များနှင့် ကြုံရသည့်အခါ မင်းလောင်း မျှော်ကြသည်။ သူ့ကျွန်ဘဝတွင်လည်းထိုအတိုင်းပင် နောက်ပိုင်းခေတ်တွင် ခေါင်းဆောင် ကောင်းကိုမျှော် ကြသည်။ ယခုအချိန်တွင်လည်း ကျွန်တော်တို့ ပြည်သူလူထု သည် အကျယ်ချုပ်ကျနေ သော လူထုခေါင်းဆောင်၏ ဦးဆောင်မှု၊ ခေါင်းဆောင် တဦးဦး ၏ ဦးဆောင်မှုကိုသာ မျှော်လင့်နေ ကြသည် ။

ထိုအချက်ကို သိသော ထိုအားနည်းချက် ကို ကျေညက်နေသော၊ စစ်အာဏာရှင်များသည် ယခုအခါ ကျွန်တော်တို့၏ခေါင်း ဆောင်များကိုဖမ်းဆီးချုပ်နှောင်ထားသည်။ တက်ကြွ လှုပ်ရှားသူများ အားလုံးကို နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်သည်။ ခေါင်းဆောင်မှု ပေး နိုင်သူ အားလုံးလိုလိုကို အငြိုးကြီးစွာ ချုပ်နှောင် ဖိနှိပ်ပြခြင်းဖြင့် နောက်လိုက်နောက်ပါ ပြည်သူလူထု၏ စိတ်ဓါတ်ကိုပြိုကွဲစေသည်။ ပြင်းပြင်းထန်ထန် ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်း ဆီးခြင်း။ အများပြည်သူရှေ့တွင် ဖိနှိပ်ပြ ခြင်းဖြင့်အကြောက်တရားတို့ကို ဖြစ်ပေါ်စေသည်။

စစ်ဏာရှင်တို့သည် သူတို့ ယခုအချိန် အထိ သက်ဆိုးရှည် နေစေရန် အောက်ပါ အချက် (၃) ချက်ကို စဉ်ဆက်မပြတ် ထူထောင်ထား ပါသည်။

ပထမအချက်မှာ အကြောက်တရား ကိစ္စ ပင်ဖြစ်သည်။

လူ့ဘောင် အသိုင်းအဝိုင်း အ တွင်း စာသင်အရွယ် ကတည်းက ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များ ကို လွန်ကဲစွာ ကြောက်လာခဲ့စေရန် ပျိုးထောင်ခြင်း ခံခဲ့သည်။ဝန်ထမ်း လောကထဲတွင် ဖြစ်စေ၊ စစ်တပ် ထဲတွင်ဖြစ်စေ၊အောက်မှ အထက်ကို အဆင့်ဆင့် ကြောက်နေ စေရန် ဆင့်ကဲ ဆင့်ကဲ အကြောက်တရားကို ထူထောင်ထားသည်။ ဥပမာ - အောက်ခြေ အဆင့် စစ်သား တစ်ဦးသည် ဗိုလ်ချုပ်မှုးကြီး အဆင့်ကို မျက်နှာချင်းပင် ဆိုင်မကြည့်ရဲပါ။ မော်ဖူးစေဟု မိန့်မှ မော်ဖူးရဲမည် ဖြစ်သည်။

ဒုတိယအချက်မှာ အငတ်ဘေးဖြစ်သည်။

စစ် အာဏာရှင်များသည် အခြေခံ လူထုများကို စားဝတ်နေရေး ပြဿနာများနှင့် အမြဲ လုံးထွေးနေ စေပါသည်။ သို့မှသာသူတို့မလိုလားသည့် အခြား အတွေးအခေါ်တို့ ဝင်မလာ မည်ဖြစ်သည်။

ဥပမာ-လူတစ်ယောက်သည် မနက် အိပ်ယာ ထသည်နှင့် ဒီနေ့စားဖို့ ဘယ်လိုလုပ်ရမည် ကို စဉ်းစားရသည်။ တစ်နေကုန် ကြက်ယက် သလို နဖူးကချွေး ခြေမ ကျအောင် ရှာဖွေလုပ် ကိုင်မှ တစ်နေ့စာ မဝရေစာ စားနိုင် သည့် အခွင့်အရေးကို ရမည်။ ပြီးသည်နှင့် ပင်ပန်းစွာ အိပ်မောကျ သွားပြီး နောက်တစ်နေ့ နံနက်တွင် ထိုဇာတ်လမ်းကို ပြန်စရ သည်။ ထိုအခါ နိုင်ငံရေးကို စဉ်းစားရန် မရှိတော့။ ဦးဆောင်သူရှိ၍ အုံကြွမှုများ ဖြစ်လာသည့် အခါမှသာ နာကျည်း ခံပြင်းစိတ်ဖြင့် ပါဝင် လာတော့သည်။

မြန်မာပြည်၏ များစွာသော ပြည်သူတို့သည် ထိုသံသရာတွင် လည်နေကြသည်။ ထိုသို့ ဖြစ်စေရန်လည်း အာဏာပိုင် အဆင့်ဆင့်၊ စစ်တပ်အရာရှိအဆင့်ဆင့်ကို အကျင့်ပျက် ခြစားခွင့် ပေးထားသည်။ အနိုင်ကျင့် ဖိနှိပ်စေသည်။ ထိုသူများ ကောင်းစွာ အလုပ် မလုပ်၊ ထိုသို့ ဖိနှိပ် နေမှ လူထု ဒုက္ခရောက်မည်။ အငတ်ဘေးနှင့်ကြုံရမည်မဟုတ်ပါလား။ ထိုသို့ ပြည်သူ အများစုမှာ တနေ့စာ စား ဝတ် နေရေး အတွက် လုံးပမ်းနေချိန်တွင် သူတို့ ကတော့ တညတည်း သို့ နာရီပိုင်း အတွက် ကျပ်သိန်းပေါင်း မြောက်များစွာကို အတွန့်အဆုတ်မရှိ ဖြုန်းတီး နေနိုင်သည်။ သူတို့ ဇနီးမယားများ သားသမီးများကို စိန် စီထားသည်။ ဒီကြားထဲကပင် တိုင်းပြည်ကို သူတို့ပဲ ကယ်တင်နေသလိုလို ခပ်တည်တည်ဖြင့် ဝါဒ ဖြန့်သည်။

တတိယအချက်မှာ သူတို့ပေးချင်၊ သိစေချင်သော သတင်းအချက်အလက် ဖြစ်စဉ်များမှ အပ အခြားဗဟုသုတများ၊ တွေးခေါ်မျှော်မြင်မှုများ မရှိစေရန် ချုပ်ကိုင်ထားသည်။

စီစစ်ရေး အမျိုးမျိုးကို ထူထောင်၍ တင်းကျပ်စွာ စီစစ်သည်။မတတ်သာ၍ လက်လျှော့ထားရ သော ဂြိုလ်တု စလောင်း အသုံးပြုမှုများ၊ အင်တာနက်အသုံးပြုမှုများကိုပင် အမျိုးမျိုး အနှောင့် အယှက် ပေး၍ တင်းကြပ်စွာ စီစစ် သည်။ အသိအမြင်သည် အတွေးအခေါ် ကို ဖြစ်ပေါ် စေသည်။ တီထွင်ဆန်းသစ် ဖန်တီးမှုကို ဖြစ်ပေါ်စေသည်။ ဗဟုသုတ ရှိသူများကို လွယ်ကူစွာ လှည့်စား၍မရ။ ထို့ကြောင့် သူတို့လိမ်ချင်တိုင်းလိမ်၍ ရစေရန် လူထု၏ အသိပညာ မျက်စိကို ထိုးဖောက်ဖျက်ဆီးထားပါသည်။

လူထုကို နိုင်ငံရေး လှုပ်ရှားသူများနှင့် မပတ် သက်ရဲရန် အုပ်စုဖွဲ့ နည်းမျိုးစုံသုံးကာ ခြောက်လှန့်သည်။ လူသားအခွင့်အရေးတို့ကို နည်းမျိုးစုံဖြင့် ချိုးဖောက်သည်။ ထိုအချက်များ အပေါ် တွန်းလှန် တိုက်ဖျက် သူများကို မတရား ပြစ်ဒါဏ်များချသည်။ နောက်ထပ်မည်မျှပင် ထပ်ကြိုးစား စေကာမူ ထိုသို့ပင်ဖိနှိပ်မည်ဟူသောအရိပ်လက္ခဏာများကို တွင်တွင် ပြထား သည်။

ထိုသို့ဆောင်ရွက်မှု များကြောင့် လူထု လှုပ်ရှားမှုများ၊ အဆက်ဆက်သော မျိုးဆက်သစ်တို့၏ လှုပ်ရှားမှုများသည် ရပ်တန့်သွားသည် ဟူ၍ မရှိခဲ့၊ သို့သော် တက်လာသမျှသော ဦးဆောင်သူ များကို နအဖတို့က သူတို့၏ ရှေးရိုးနည်း လမ်းအတိုင်းပင်ဆက်လက်ဖမ်းဆီး အကျဉ်း ချသောနည်းဖြင့် ဖြေရှင်း ပြန်လေသည်။

သံသရာကထိုသို့ပင် လည်နေရသည်။ ထိုအစဉ်အလာကို ဘယ်ကဲ့သို့ ချိုးဖျက်ကြပါမည်

နည်း။ အမှန်တကယ် စဉ်းစားကြည့်မည်ဆို လျှင်တိုင်းပြည်၏ကံကြမ္မာကို ခြယ်လှယ် နေသူ များမှာ ဆယ်ဂဏန်းမျှသောအရေအတွက်သာ ရှိသည်။ ထိုဆယ်ဂဏန်း ထဲတွင်မှ ဆုံးဖြတ် ချက် ပေးနိုင်သောသူသည် သုံးလေးဦးမျှသာ။ ကျန်သူများသည် ထိုသူများ၏ အတည် ပြုချက် မပါပဲ ဘာမှ လုပ်ရဲသူများမဟုတ်။

လူသန်း၅၀ကျော်ရှိသော တိုင်းပြည်တခုတွင် လူ လေးသန်းခန့်က ပြည်ပနိုင်ငံများတွင်

ရောက်နေရသည်။ အချို့က မိမိတို့ တကိုယ်ရေ တိုးတက်ကြီးပွါးရေး အတွက်၊ အချို့က အသက်အန္တရာယ်ဘေးကြောင့်၊ အချို့က အငတ်ဘေးကြောင့် ထွက်ပြေးလာကာ၊ အချို့က ပြည်တွင်းရှိ မိမိတို့ မိသားစုများ ရှင်သန် ရပ်တည်နိုင်ရန် အတွက် ကြိုးစားရုန်းကန် နေကြ ရသည်။

ပြည်တွင်းရှိ လူ၅၀သန်းခန့်တွင် ထိုဆယ် ဂဏန်း အနည်းငယ် မျှသော လူများနှင့် ပါတ်သက်ရာ ပါတ်သက်ကြောင်း မျှသာ ချမ်းသာ ကြွယ်ဝ ကြသည်။ သူတို့နှင့် ပါတ် သက် တော်စပ်မှု မရှိလျှင် သူတို့ မှလက်ခံ ကြည်ဖြူ စေရန် လာဘ်ထိုး ပဏ္ဍာ ဆက်ရသည်။ သို့မှသာ ရပ်တည်ခွင့်ရမည်။ ထိုသန်း၅၀ကျော်မျှသော လူတို့၏ ကံကြမ္မာ ကို လူသုံးလေးဦးမျှက ထင်သလို ခြယ်လှယ် နေသည်။

ထိုသို့ သူတို့ အနိုင်ကျင့် ဖိနှိပ်နိုင်စေရန် လူဦးရေ လေးသိန်းမျှရှိသော စစ်တပ်က ကျားကန်ပေးထားသည်။ အံသြစရာ ကောင်းသည်မှာ ထိုစစ်တပ်၏ အောက်ခြေ အဆင့် တပ်သား များသည်လည်း မြန်မာပြည်၏ အခြား အခြေခံ ပြည်သူလူထုများ၏ ဘဝနှင့် ဘာမှ ပိုမိုထူးမခြားနား။ ထိုစစ်အာဏာရှင်ကြီးများ၏အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုအတွက် အသက်ကိုပေး၍ ဆောင်ရွက်နေကြရ သော်လည်း သူတို့၏ မိသားစုများမှာ နောက်တန်းတွင် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။

ပို၍ ဆိုးရွား သည်မှာ ရဟန်း သံဃာများကို သတ်ဖြတ်သူများ၊ ကျောင်းသား ပြည်သူများကို နှိပ်စက် သတ်ဖြတ်သူများ အဖြစ် အများပြည်သူ၏ အမုန်းကို ခံယူရသေးသည်။ သူတို့၏ မိသားစု သားသမီးများသည် စစ်သား သားသမီး ဆိုသော အဖြစ်ကို လူကြားထဲ တွင်ပင် ထုတ်ဖော် မပြောရဲ။

ထိုသို့ဆိုလျှင် အရာရှိအဆင့် စစ်သားများကကော မည်သို့ အခြေအနေ ရှိပါမည်နည်း။ အချို့ အရာရှိ များသည် ယူနီဖောင်းလေး ကျော့နေအောင် ဝတ်၍ ဌာနကပေးသော ကားလေးစီး၊ ကိုယ်ပိုင်ကားလေး စီးကာ အ ဆင်ပြေနေသလို၊ အချို့အရာရှိများသည် ရှေ့တန်း စစ်မြေပြင် တွင် သေမင်းနှင့် ရင်ဆိုင်နေရသည်။ နောက်တန်းသို့ ရောက်ပြန်လျှင်လည်း ထိုအရာရှိ များလို စည်းစိမ်ခံခွင့်မရှိ၊ ကွာခြားချက်သည်ကား ကျောထောက် နောက်ခံပင် ဖြစ်သည်။

အမြဲစည်းစိမ် ခံနိုင်သော အရာရှိများမှာ ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်မှူးကြီးများ၏ သား များ ဆွေမျိုးများ ဖြစ်၍ အမြဲ သေမင်းနှင့် စစ်ခင်းနေရသူ အရာရှိများမှာ ဝါဒ ဖြန့်ချီမှုများကို အဟုတ်ကြီး မှတ်၍ ဆွေမရှိ မျိုးမရှိနှင့် တပ်ထဲ ရောက်လာသူများ ဖြစ်သည်။

အရာရှိများ အဆင့်သည် နိမ့်သေးသည် ဆို လျှင် အရာရှိကြီးများ အဆင့်ကို လေ့လာ ကြည့်ကြ ရအောင်။ အရာရှိကြီးများ အဆင့်သည် ထိုစစ်အာဏာရှင်ကြီးများ ရပ်တည်မှု အတွက် အရေးကြီးသော ဒေါက်တိုင်ကြီးများ ဖြစ်လာသဖြင့် လူရိုသေရှင်ရိုသေ အခွင့်အ ရေးများတော့ ရရှိပေသည်။

သို့သော်ဒီမိုကရေစီအရေး အတိုက်အခံများ အရေးနှင့် မပါတ်သက် စေဦးတော့ ဘယ်အရာရှိကြီးသည် ဦးသန်းရွှေ၏ သမက်ဗိုလ်မှူး အဆင့်သာ ရှိသူကို အမိန့်ပေး စေခိုင်းရဲပါ သနည်း။

နိုင်ငံခြား စစ်သံရုံးများတွင် ပို့ထားသော၊ မြို့ ပေါ် နေရာကောင်းများတွင် ထားသော ဗိုလ် ချုပ်ကြီးများ၏ သားများအား ရှေ့တန်းသို့ အခြားအရာရှိများနည်းတူထွက်ရန် စေခိုင်းရဲ ပါသနည်း။

ယုတ်စွအဆုံး ဘယ်ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီး၊ ဘယ်ဒုဗိုလ်မှူးကြီးကတော်သည် ဦးသန်းရွှေ သမီးအားသမီးတော်လေးဟုမခေါ်ပဲ နေရဲပါသလဲ။တာဝန်နှင့် မဆိုင်ပဲအနိုင်ကျင့် ခိုင်းစေ မှုများအတွက် ဘယ်သူက အငြိုငြင်ခံကာ မလုပ်ပဲ နေရဲပါသလဲ။ ခေါင်းဆောင်ကြီးဟု သူတို့ကိုယ် သူတို့ ပြောသည့်သူများ၏ သား သမီးမြေးများ၏လူု့ကျင့်ဝတ် ဖောက်ဖျက်မှုများ အနိုင်ကျင့်စော်ကားမှုများကို ဘယ်သူ က လူသိရှင်ကြား ဖွင့် ချရဲပါသလဲ။

အားနည်းသော ခိုကိုးရာမဲ့ ပြည်သူများ အပေါ်အနိုင်ကျင့်ဖိနှိပ်ခွင့်နှင့်အကျင့်ပျက် ခြစားခွင့် အချို့ကိုရရှိနေသော်လည်းထိုသူများ၏ ဇနီးမယား၊ သားသမီးများသည် ထိုခေါင်းဆောင် ကြီးများ မိသားစုများ၏ အိမ်တော်ပါ ကျွန်များနှင့် မခြား ပြန်လည် ဖိနှိပ်ခံ နေကြရသည်။ ထိုအခြေအနေ များဖြင့် နေရသည်နှင့် စာလျှင် ဇာတ်ထဲက ဝန်ကြီး၊ ပြဇာတ်ထဲက စစ်ဗိုလ်ကြီး လုပ်ရသည်ကမှ ပိုမိုဂုဏ်ရှိ ပါဦး မည်။

ထိုအခြေအနေ များအရ တကယ်တန်းတွင် မည်သူမှ ယခု အခြေအနေတွင် ကျေနပ်နေ ကြသည် မဟုတ်။ သို့ရာတွင် ထိုမကျေနပ်မှု များကို စစ်အာဏာရူး မှူးကြီး သန်းရွှေနှင့် သူ၏လက်ဝေခံများက အထက်တွင်ဖေါ်ပြခဲ့ သည့်အတိုင်းအကြောက်တရား၊အငတ်ဘေး အသိပညာ ချို့တဲ့မှု တို့ဖြင့် ထိန်းချုပ်ထားသည်။

ထို့ကြောင့်လူအားလုံးသည် မိမိတို့ကိုယ်တိုင် မဆောင်ရွက်နိုင်ကြသည့် အခါ ဦးဆောင် ဦးရွက်ပြုမည့် ခေါင်းဆောင်ကို မျှော်လင့်ကြသည်။ ထိုအခါ ထိုစစ်ခေါင်းဆောင်တို့က ထို ခေါင်းဆောင်များကို ဖမ်းဆီး၍ ၆၅နှစ် နှစ်၁၀၀ စသော ထောင်ဒဏ်များကို ချပြ၍ အကြောက် တရားဆီ ရောက်အောင် ပို့ ဆောင်ပြန်သည်။ သံသရာ တပါတ် ပြန်လည်ပြန် တော့သည်။

အမှန်မှာမူ လူတိုင်းသည် မိမိတို့ ကြမ္မာကို မိမိတို့သာ ဖန်တီ်းကြသည်။မိမိတို့ မိသားစု ဘဝကိုမိမိတို့တည်ဆောက်ကြသည်။ထိုနေရာတွင်မူ မည်သူ၏ ခြယ်လှယ် ဦးဆောင်မှု ကိုမျှ မတောင်းဆိုကြပါ။ ဆိုလိုသည်မှာ မိမိ၏ မိသားစု ဘဝကို ဖန်တီ်းရာ နေရာ၌ မည့်သည့် ခေါင်းဆောင်ကိုမျှ မမျှော်ကြ။ အခွင့်အလမ်း အပြောင်းအလဲ ရှိလျှင်ရှိသလို မိမိတို့ ဆုံးဖြတ် ချက်ဖြင့် မိမိတို့ လှုပ်ရှား ဆောင်ရွက်သည်။

ထို့သို့ဆိုလျှင်ယခု တိုင်းပြည်အရေး ဆိုသည် ကကော။ တိုင်းပြည်အရေး ဆိုသည်နှင့် စကား လုံးက ကျယ်ပြန့်၍ တွန့်ဆုတ်သွားကာ မိမိကိုယ်တိုင်ပင် ဦးဆောင် နိုင်သည် ဆိုသော အသိသည် ပျောက်ကွယ် သွား သည်။ အမှန်မှာမူ တိုင်းပြည် အရေးသည် လည်း မိမိတို့ ဘဝအရေးပင် ဖြစ်ပြီး ထိုတိုင်းပြည် တိုးတက်ပြောင်းလဲ ခြင်းသည် မိမိတို့ ဘဝ တိုးတက် ပြောင်းလဲ ခြင်းသာ ဖြစ်ပေ၍ သူတပါး လာရောက်ဦးဆောင်မှ မိမိ တို့ဘဝ ပြောင်းလဲ ရမည့်အခြေအနေကိုစောင့်သင့်ပါသလော သို့ မိမိတို့ဘာသာ တတ်စွမ်းသည့် အရည်အချင်း ဖြင့် ဦးဆောင်မည်လော ဆိုသော အချက်ကို လူတိုင်း အလေးအနက် စဉ်းစားကြရန် လိုပါ သည်။

သူကြီးမရှိတော့၍ မိမိတို့ ရွာကို ဓားပြ တိုက်လာသည့် အခါ မိမိတို့ဘာသာ စုပေါင်း ကာကွယ်ရမည်။ သူကြီးကိုယ်တိုင် ဓားပြဖြစ် နေလျှင်လည်း မိမိတို့ဘာသာ စုပေါင်း တွန်းလှန် ရမည်။ ခိုင်မာသော ဦးဆောင်မှု ရှိလျှင် ညီညာစွာ စုပေါင်းဝန်းရံရမည်။ ဦးဆောင်မည့်သူ မရှိ လျှင်လည်း မိမိတို့ ဘာသာ စုပေါင်း ဦးဆောင်ရပေမည်။ မိမိတို့ ကံကြမ္မာ ကို မိမိတို့ ဘာသာ ဖန်တီ်းရန် မိမိတို့သည် သာမန်အရပ်သား တဦးဖြစ်စေ၊ ဝန်ထမ်း တ ဦးဖြစ်စေ၊ တပ်မတော်သား တဦးပင် ဖြစ်စေ၊ကျောင်းသား လူငယ်တဦးပင် ဖြစ်စေ မိမိ ကိုယ်ကို ဦးဆောင်နိုင် သလို အများကို ဦးဆောင် သူလည်း ဖြစ်လာနိုင်ပါသည်။

အရေးတကြီး ဆောင်ရွက်ရန်တခုမှာ ဘာမှန်းမသိ ကြောက်နေရသည့် စစ်ဏာရှင် လူအ နည်းငယ် က ကာရံ ထားသော အကြောက်တရား တံတိုင်းကြီးကို စနစ်တကျ ချိုးဖျက်နိုင်ရန်နှင့်၊ အခွင့်အလမ်း အခြေအနေ အပေါ်မူ တည်၍ မိမိတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် မိမိတို့ကိုယ်တိုင် ခေါင်းဆောင်အဖြစ် ပြတ်သားစွာ အကောင်အထည်ဖေါ် ဆောင်ရွက် သွားကြ ရန်သာ ဖြစ်ပါသည်။