6.17.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ။
ဓာတ်ပုံ AP
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ။

NDF စည်းရုံးတာ NLD နှောင့်ယှက်သလား

ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ NDF ပါတီနဲ့ NLD ပါတီဝင်ဟောင်းတွေ နိုင်ငံရေးအယူအဆ မတူညီတဲ့ ပြဿနာတွေ ရှိနေတယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
မရဏ အုပ်စု အပေါ် ဝေဖန်သုံးသပ်ချက်

မရဏ အုပ်စု အပေါ် ဝေဖန်သုံးသပ်ချက်

“မရဏ အုပ်စု” လို့ အမည် တွင်နေတဲ့ ဘရာဇီး၊ ပေါ်တူဂီ၊ အိုင်ဗရီကို့စ်နဲ့ မြောက်ကိုရီးယား အသင်းတို့ မနေ့ညက ပထမ အကြိမ် တွေ့ဆုံ ယှဉ်ပြိုင် ခဲ့ပြီးပါပြီ။ရလဒ် အဖြေကတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်
ရေကူးဝတ်စုံ ကြော်ငြာရိုက်သည့် မြန်မာမော်ဒယ်လ်ကို ဝေဖန်သူများပြား

ရေကူးဝတ်စုံ ကြော်ငြာရိုက်သည့် မြန်မာမော်ဒယ်လ်ကို ဝေဖန်သူများပြား

လန်ဒန်တွင် ကျောင်းတက်ကာ ဓာတ်ပုံ မော်ဒယ်လ် ဖြစ်ရန် ကြိုးစားနေသည့် ဟန်နီဦး ခေါ် Hazel Moe ကို ရေကူးဝတ်စုံ ကြော်ငြာ ရိုက်ကူးခြင်းနှင့် ပတ်သက်၍ မြန်မာ့ ယဉ်ကျေးမှုနှင့် လျော်ညီခြင်း

ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဒတ်ခ်ျ အမျိုးသမီး ၃၆ ဦး နှင်ထုတ်ခံရ

နယ်သလန်နှင့် ဒိန်းမတ် အသင်းတို့ ပြီးခဲ့သည့် တနင်္လာနေ့က ယှဉ်ပြိုင် ကစားခဲ့သော ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် လိမ္မော်ရောင် အဝတ်အစား များကို ဖက်ရှင်ကျကျ ဝတ်ဆင် ထားသည့် ဒတ်ခ်ျ

တရုတ် ဂျက်လေယာဉ် အစီး ၅၀ ဝယ်ယူ

စစ်အစိုးရက လေတပ်မတော်ကို အင်အား ဖြည့်တင်းရန် K-8 လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို တရုတ်နိုင်ငံမှ ဝယ်ယူ လိုက်ကြောင်း မိတ္ထီလာ လေတပ် စခန်းနှင့် နီးစပ်သည့်

ဘူးသီးတောင်နှင့် မောင်းတော ရေကြီး၊ လူ ၂၈ ဦးခန့် သေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့ နယ်နှင့် မောင်းတော မြို့ နယ်များ၌ ယခုရက်ပိုင်း အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်များ ပြိုကျကာ ရေကြီးရေလျှံ ဖြစ်သောကြောင့် လူ၂၈ ဦးခန့် သေဆုံး

မယ်လ ဒုက္ခသည်စခန်းတွင် ကူးစက်ဝမ်းရောဂါ ဆက်လက်ဖြစ်ပွား

ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်းတွင် လွန်ခဲ့သည့် မေလ နောက်ဆုံး ပတ်မှစတင်၍ ယနေ့အထိ ကူးစက် ၀မ်းရောဂါ ဖြစ်ပွားသူ ၁၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း စခန်း တာဝန်ရှိသူ

ကိုယ်ပိုင် သံစဉ်များဖြင့် လူငယ်တီးဝိုင်းများ နယ်လှည့် ဖျော်ဖြေမည်

ကိုယ်ပိုင်သံစဉ် တေးသီချင်းများကို အဓိကထားမည့် လူငယ် တေးဂီတ၀ိုင်းများ နယ်လှည့် ဖျော်ဖြေရေး အဖွဲ့ကို Skull in Ribcage (SIR) အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့ကို မေလက စတင်ဖွဲ့စည်းခဲ့ပြီး

မှော်ဆရာလား၊ အရူးလား

အာဂျင်တီးနား အသင်းကို ကိုင်တွယ်နေတဲ့ ဘောလုံးသမား ဟောင်းကြီး မာရာဒိုနာရဲ့နည်းဗျူဟာနဲ့ အယူအဆတွေ အိုမင်း ဟောင်းနွမ်း နေပြီဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့
တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် ထိုင်းအစိုးရ အမိန့်ထုတ်ပြန်

တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် ထိုင်းအစိုးရ အမိန့်ထုတ်ပြန်

အခုလည်း တဂျိန်းဂျိန်းဖမ်းနေတာပဲ။ ဆိုးတာက လက်မှတ်ရှိတဲ့သူကော၊ အီကစံရှိတဲ့သူကော ဖမ်းနေတာ။ တရားဝင်ဖမ်းမရတဲ့သူ လက်မှတ်ရှိတဲ့သူတွေကြတော့ ငွေညှစ်ပြီး ပြန်လွှတ်တယ်။ ဒီကိစ္စ ကျနော်တို့ နေ့တိုင်းလိုလို ကြားနေရတာပဲ။ အထူးသဖြင့် မဟာချိုင်ဘက်မှာ

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရသူများ ဒုက္ခမျိုးစုံ ကြုံတွေ့နေရ

ပြည်သူ့အလိုကျ ကိုယ်စားလှယ်မရှိဟု ကွမ်းခြံကုန်းမြို့ခံတို့ ပြောကြား
စင်္ကာပူက မြန်မာများ - ဒေါ်အောင်ဆန်းစုကြည် ၆၅ ဖိတ်စာ
ဇွန် ၁၆၊ ၂၀၁၀
ဘားမားပါပါရာဇီ - ဒေါ်အောင်ဆန်းစုကြည် ၆၅
ဇွန် ၁၆၊ ၂၀၁၀
ကာတွန်း စောငို - မြန်မာပြည်က နောက်ဆုံးပေါ် ဂူသင်္ချိုင်းကြီးများ
ဇွန် ၁၆၊ ၂၀၁၀
မတွတ်ရဲ့ဂေဟဗေဒ
ကံထွန်းသစ်
ဇွန် ၁၅၊ ၂၀၁၀

၁။
ညီကို လေးယောက်သား ဂေဟစနစ် အကြောင်း ပြောနေကြစဉ်မှာ မတွတ်ကို ဖမ်းမိလာကြသည်။
၂။
“တို့ ငယ်ငယ်တုန်းကတော့ ခုလို ဆေးဖျန်းတာတွေ ဘာတွေ မရှိပါဘူးကွာ။ ဒီလို ပဲခင်းတွေ ပျ ကျတော့လည်း နေပူတာနဲ့ ပျ တွေ ပျောက်သွားတော့တာ”

အတွေ့ အကြုံအရလည်း အကြီးဆုံး ဖြစ်သည့် အစ်ကိုကြီးက ထောက်ပြလိုက်တော့ ...
အပြည့်အစုံသို့ ...
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဗြိတိန်မှ ကလေးများ အကျယ်ချုပ် ကျခံမည်
မိုးမခအထောက်တော် အမှတ် ၀၀၆
ဇွန် ၁၅၊ ၂ဝ၁ဝ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် မူလတန်းကျောင်း၏ ဘလော့တွင် ထိုင်းမြန်မာနယ်စပ်မှ မြန်မာစာသင်ကျောင်းတခုနှင့် ချိတ်ဆက်ထားကြောင်း တွေ့ရသည်။
ဗြိတိန်နိုင်ငံ East Lothian ဒေသမှ Campie အမည်ရှိ စာသင်ကျောင်းတခုက မကြာမီ ကျရောက်တော့မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ထူးထူးခြားခြား ကျင်းပရန် ပြင်ဆင်နေကြသည်။
အပြည့်အစုံသို့ ...
 
ရွေးကောက်ပွဲတွင်ကြံ့ဖွံ့အောင်နိုင်ရေး စစ်ခေါင်းဆောင် ညွှန်ကြား
ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေးအတွက် စစ်တိုင်းမှူးများ ...
မြေပြို၍ လူ ၄၆ ဦး သေဆုံး
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောမြို့နယ် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများနှင့် ...
ပုဂ္ဂလိကဆိုင်များ စက်သုံးဆီရောင်းချမှု ကန့်သတ်
စက်သုံးဆီ အရောင်းဆိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်ပြီး မကြာမီတွင်ပင် အကန့်အသတ် ...

မန္တလေးမြို့ တွင် စိမ်းရောင်စို Activity ဖွဲ့စည်း

သတင်း ၂ ပုံမန္တလေးမြို့ အပူဒဏ် ကာကွယ်ရေး ရေရှည် အထောက် အကူပြု နိုင်ရန် အတွက် ' စိမ်းရောင်စို Activity ' အမည်ဖြင့် အရိပ်ရ သစ်ပင် စိုက်ပျိုးရေး အစီအစဉ် တစ်ရပ်ကို ဇွန်လဆန်း တွင် စတင် အကောင် အထည်ဖော် ဖွဲ့စည်း လိုက်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရှိ ရသည်။ ယင်း အစီအစဉ် ကို ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး နေ့တွင် ၆၂ လမ်းပေါ်ရှိ အနီဃာ သီလရှင် ကျောင်းတိုက် ၌ စိုက်ပျိုး၍ စတင် လိုက်သည်ဟု အဆိုပါ အဖွဲ့တွင် ပါဝင်သည့် မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးက ပြောကြား သည် ...

နိုင်ငံရေး ပါတီ လေးခုသာ တည်ထောင်ခွင့် ချပေးရန် ကျန်

သတင်း ၁ ပုံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ တည်ထောင်ခွင့် လျှောက်ထား သော နိုင်ငံရေး ပါတီသစ် ၃၇ ပါတီတွင် တည်ထောင်ခွင့် ချပေးရန် နိုင်ငံရေး ပါတီ လေးခုသာ ကျန်ရှိ တော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၈ ရက်နေ့ အထိ ထုတ်ပြန် ထားသော စာရင်းများ အရ သိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ ၁၉၉ဝ ရွေးကောက်ပွဲဝင် တည်ဆဲ နိုင်ငံရေး ပါတီ ငါးခု က မှတ်ပုံ တင်ခွင့် ပြန်လည် လျှောက်ထား ခဲ့ပြီး၊ နိုင်ငံရေး ပါတီသစ် ၃၇ ပါတီ ကလည်း တည်ထောင်ခွင့် လျှောက်ထား ခဲ့ရာ ဇွန်လ ၈ ရက်နေ့ ...

ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) မန္တလေး နှင့် ရန်ကုန်တိုင်း တို့တွင် ရုံးခွဲများ ဖွင့်မည်

သတင်း ၃ ပုံ၂ဝ၁ဝ ရွေးကောက် ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီသစ် တစ်ခု ဖြစ်သော ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) သည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တောင်ပြင် ရပ်ကွက်တွင် အခြေပြုကာ မန္တလေးတိုင်း ရုံးခွဲ နှင့် ရန်ကုန်တိုင်း ရုံးခွဲ များကို ဇွန်လ အတွင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဦးဘိုမောင်က ပြောကြားသည်။''ရုံးချုပ်ကို ဒီပဲယင်း မှာပဲ ထားမယ်။ ဒီလ ၈ ရက်နေ့က ပါတီ ဆိုင်းဘုတ် တင်ပြီးပြီ။ အဲဒီနေ့မှာပဲ ပါတီဝင်ကြေး မယူဘဲ အဖွဲ့ဝင် လျှောက်လွှာကို လက်ခံ ရရှိပါတယ်။ တစ်ပြည်လုံး အတိုင်း အတာနဲ့ လုပ်ဖို့ ရှိပါတယ်'' ဟု ၄င်းက ...

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more
လူမှောင်ခိုတိုက်ဖျက်မှုအနည်းဆုံး စာရင်းမှာ မြန်မာထိပ်ဆုံးမှပၝဝင်
လူမှုရေးလုပ်ငန်းများဖြင့် NLD ၏ နိုင်ငံရေး ဆက်လက်ရှင်သန်နေမည်
ထိန်းသိမ်းခံ စာနယ်ဇင်းဓာတ်ပုံဆရာ သားအဖကို ထောင်ဝင်စာ တွေႚခွင့်ရ
ဒေၞအောင်ဆန်းစုကြည်မွေးနေႛ ပြည်တွင်းနှင့် နိုင်ငံတကာမှာကျင်းပဖိုႛ ပြင်ဆင်
နိုင်ငံရေးအကျဉ်းသူများကို အမေရိကန်ရောက်မြန်မာများ ဂုဏ်ပြုကူညီမည်
နိုင်ငံရေးပၝတီများ ၆၂ ခုနှစ် စာပေစိစစ်ရေး ဥပဒေကို လိုက်နာဖိုႛ ညွှန်ကြား

6.16.2010

အမှုရင်ဆိုင်နေရသည့် မြန်မာအလုပ်သမားများအားဖမ်းဆီးခြင်းမပြုလုပ်ရန် တောင်းဆိုမည်

Photobucket
ဇွန် ၁၆
အမှုရင်ဆိုင်နေသည့်မဲဆောက်မြို့ မှ မြန်မာအလုပ်သမားများအား တရားရုံးနှင့် ဆ၀ါဒီကန်ရုံး (အလုပ် သမားရုံး) တို့သို့ သွားလာနေရသည့် မြန်မာအလုပ်သမားများအား ဖမ်းဆီးခြင်းမပြုရန်၊ ထိုင်းအစိုးရအား တောင်းဆိုရန် မဲဆောက်အခြေစိုက် အလုပ်သမားအဖွဲ့အချို့  ပြင်ဆင်နေကြောင်း သိရှိရသည်။

ယမန်နေ့က ပြုလုပ်သည့် ညှိနှိုင်းစည်းအဝေးသို့ ၊ မက်ဖေါင်ဒေးရှင်း၊ မြန်မာနိုင်ငံရှေ့နေများ ကောင်စီ၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ၊ ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့၊ ပန်းကန့် ကော် အလုပ်သမားအဖွဲ ၊့ အဝေးရောက် ဧရာဝတီအသင်း၊ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာ့အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီတို့ တက်ရောက်ခဲ့ကြသည်။ မဲဆောက်မြို့မှ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မက်ဖေါင်ဒေးရှင်းနှင့် အခြားအလုပ်သမားအဖွဲ့ ၇ဖွဲ့တို့  စုဝေးပြီး ထိုင်းအစိုးရအား တင်ပြရန် အချက် အလက်များ ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

ဦးဆောင်ကျင်းပသည့် မက်ဖေါင်ဒေးရှင်းအဖွဲ့၏ မဲဆောက်မြို့ အလုပ်သမားအခွင့်အရေး မန်နေဂျာ ကိုအေးက “အယင်လတုန်းက နေထိုင်းမကောင်းလို့ ဆေးကုနေရတဲ့လူတွေကို၊ မဖမ်းဆီးဖို့ ကျနော်တို့ တောင်းဆိုခဲလို့ ထိုင်းအစိုးရ လိုက်လျှောပေးခဲ့တာ ရှိပါတယ်။ြ ပီးတော့ မကြာခင်ကမှ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ လူကုန်ကူးခံရသူတွေကို ထိုင်းမှာ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရအောင် ကူညီပေးမယ်လို့။ အဲဒီလိုပဲ ခု အမှုရင်ဆိုင်ရေကြရတဲ့ မြန်မာအလုပ်သမား တွေကိုလည်း အမှု ရင်ဆိုင်နေစဉ်အတွင်း မဖမ်းဆီးဖို့ ပေါ့နော်။ ဖြစ်နိုင်တယ်လို့ တော့ ကျနော်ထင်ပါတယ်”ဟု ပြောသည်။

မဲဆောက်တွင်ရှိသည့် များစွာသော အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများနှင့် အတူ အလုပ်သမားများမှာ ဆ၀ါဒီကန်ရုံး (အလုပ်အကိုင်ရှာဖွေရေး အလုပ်သမားရုံး)နှင့် တရားရုံးများသို့ သွားလာ နေစဉ်အတွင်း ဖမ်းဆီးမှုများ အချို့ ရှိနေသဖြင့် တပူပေါ်နှစ်ပူဆင့် ပြဿနာများ ရှင်းနေရသဖြင့် ယခုကဲ့သို့  ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း ပြောသည်။

တာ့ခရိုင်အပါပင် နခဆ၀န် မှစ၍ ခရိုင်ဆယ်ခုအတွင်း အမှုရင်ဆိုင်နေရသည့် အလုပ်သမားများအား ဖမ်းဆီးခြင်း မပြုလုပ်ရန် ထိုင်းအစိုးရထံသို့ လာမည့် စက်တင်ဘာလတွင် နောက်ဆုံးထား တောင်းဆိုကြမည် ဖြစ်သည်။

“ထိုင်းအစိုးရအနေဖြင့် မြန်မာအလုပ်သမားများအား အသက်သာဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်းဖြင့် ယာယီ ပတ်စပို့ ကို လုပ်ပေးသင့်ပါတယ်။ ပွဲစားမလို ပဲ အလုပ်သမားတွေကိုယ်တိုင် လုပ်နိုင်တဲ့ စနစ်မျိုး ဖြစ်သင့်ပါတယ်၊ အစိုးရသတ်မှတ်ထားတဲ့ ဈေးနုန်းထက်ပိုပြီး လုံးဝမကုန်အောင် လုပ်ပေးပါလို့  တောင်းဆို ချင်ပါတယ်။ မြန်မာအစိုးရကလည်း အလုပ်သမားတွေကို မြန်နိုင်သမျှ မြန်အောင်၊ သက်သာသထက် သက်သာအောင် စဉ်းစားပြီး လုပ်ပေးစေချင်ပါတယ်၊ မဲဆောက်မှာရှိတဲ့ မြန်မာအဖွဲ့ အစည်းနေတွေ အနေနဲ့ လည်း ဥပမာ ကျမ္မာရေးကိစ္စနဲ့ နာမည်ခံထားတဲ့ အဖွဲ့အစည်းဖြစ်ဖြစ်၊ ကလေးသူငယ်နဲ့ မိန်းကလေးတွေ ကိစ္စနဲ့ နာမည်ခံထားတာပဲဖြစ်ဖြစ်၊ြ မန်မာအလုပ်သမားတွေရဲ့ ဖြစ်ပျက်လာတဲ့ ပြဿနာတွေကို အခြား အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တိုင်တိုင်ပင်ပင်နဲ့ လုပ်ပေးကြစေချင်ပါတယ်။ ပြီးတော့ အလုပ်သမားတွေ အားလုံးလည်း စည်းစည်းလုံးလုံး ရှိကြစေချင်ပါတယ်။ ကိုယ့်အခွင့်အရေးကိုကိုယ် တိုက်ယူကြရမှာ ဖြစ်ပါတယ်။ တစ်ယောက်တစ်ပေါက် မလုပ်ဖို့  အရေးကြီးပါတယ်” ဟု မက်ဖေါင်ဒေးရှင်းမှ အလုပ်သမား အခွင့်အရေးဆိုင်ရာ တာဝန်ခံမန်နေဂျာ ကိုအေးက ထပ်ဆောင်းပြောပြသည်။

မဲဆောက်မှ မြန်မာလုပ်သမား အများစုမှာ ယာယီပတ်စပို့ ကို မလုပ်နိုင်ကြပေ။ မဖြစ်မနေ လုပ်နေကြသည့် မြန်မာအလုပ်သမားများမှာ မဲဆောက်မြို့  ၀င်ငွေနှင့် မည်သို့ မှ မဖြစ်နိုင်ခြင်းကြောင့် ၄/၅နှစ်အတွင်း လုပ်ကိုင် စုဆောင်းထားသည့် ရွှေစငွေစများကို ရောင်းချပြီး လုပ်ကြရသည်။

အချို့ မှာ ငွေတိုးဖြင့် ချေးငှါးခြင်း၊ နေရပ်ရင်း မိဘများထံသို့ ငွေထပ်မှာခြင်းများဖြင့် လုပ်ကြရသည်။ မဲဆောက်မြို့ မှ ယာယီပတ်စပို့လုပ်ထားသည့် မြန်မာအလုပ်သမားများမှာ ပတ်စပို့ ကို လုပ်ငန်းရှင်သူဌေးက သိမ်းဆည်းထားသည်။ လုပ်အားခမှာလည်း ယခင်အတိုင်းသာဖြစ်ပြီး ငွေပိုကုန်ခြင်းသာ အဖတ်တင်ကြောင်း မဲဆောက်ဈေးမှ မြန်မာအလုပ်သမားများကပြောသည်။

မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့  တာဝန်ခံ ကိုထက်ခေါင်က “နှစ်နိုင်ငံအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့တာက ဗမာဘက်မှာ ကျပ်ငွေ ၃၀၀၀ နဲ့ ထိုင်းဘက်မှာ ဘတ်ငါးရာ၊ ၂နှစ်စာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရမယ်လို့ ပြောခဲ့တာ။ အလုပ်သမားတွေ ၀မ်းသာခဲ့ကြတယ်။ ခု တကယ့်ကို လုပ်လာတဲ့အခါ ဘတ်တစ်သောင်းခွဲကနေ ဘတ်နှစ်သောင်းလောက် ကုန်နေတယ်။ ဟိုနေရာ ဒီနေရာလည်း မသွားရဘူး ပိုက်ဆံတောင်းတယ်။ work permit လုပ်ရသေးတယ်။ အစိုးရ ၂ရပ်လုံးက ပြောခဲ့တဲ့ အတိုင်း မဟုတ်ပဲ အလုပ်သမားတွေ ကုန်ကျမှု တအားများနေတယ်။ ထိုင်းစကားတတ်တဲ့ လူတွေက ထိုင်းလုပ်ငန်းရှင်တွေ၊ ထိုင်းအာဏာပိုင်တွေနဲ့ ပေါင်းပြီး အကြီးအကျယ် ပွဲစားလုပ်နေကြတယ်။ အရင်တုန်းက (ဘတ်)လုပ်တာ တစ်နှစ်ကို ဘတ်ငွေ=၃၈၀၀ ၊ ၂နှစ်စာကို ဘတ်ငွေ=၇၆၀၀ ပဲကုန်မယ်။ ခုဟာက ၂နှစ်စာမှာ ဘတ်နှစ်သောင်း လောက်ကုန်နေတော့ ကုန်ကျငွေ သုံးဆနီးပါးဖြစ်နေပြီလေ။ အလုပ်သမားတွေအတွက် ၀န်ထုတ်ဝန်ပိုး ပိုဖြစ်စေပါတယ်”ဟု ပြောသည်။

ယာယီ ပတ်စပို့ လုပ်ငန်းစဉ်အတွင်း မတရားခေါင်းပုံဖြတ်ခံရခြင်း၊ အမြတ်ကြီးစားခြင်းတို့ကြောင့် မြန်မာအလုပ်သမားများမှာ ယခင်ထက်ပင် အခြေနေဆိုဝါးနေသည်။ မြန်မာအလုပ်သမားမှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်နေကြသည်။ ယာယီပတ်စပို့ ရှိသော်လည်း အခွင့်အရေး တစ်စုံတစ်ရာထူးခြားစွာ ခံစားရခြင်း မရှိဖြစ်နေသည်များကို နှစ်နိုင်ငံအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးခြင်းများ လုပ်ကိုင်ပေးခြင်းနှင့် အတူ မတရားမှုတို့ အား အရေးယူဆောင်ရွက်ခြင်း တစ်စုံတစ်ခုမရှိသေးသည်မှာ ပွဲစားလူလိမ် ကုမ္ပဏီများ အနေဖြင့် ထင်တိုင်းကြဲခွင့်ပေးထားသလို ဖြစ်နေကြောင်း။ သန်းချီရှိသည့် မြန်မာ အလုပ်သမားများမှာ ယခင်ကလည်း အကာအကွယ်မရှိသကဲ့သို့ ခုလည်း အကာအကွယ်မဲ့ဆဲဖြစ်ကြောင်း ကိုထက်ခေါင်က ဆက်လက်ပြောဆိုသွားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

6.14.2010

ဓါတ်ဆီဆိုင်နှင့် ဘဏ်များကို နအဖ လက်သပ်မွေး ပုဂ္ဂလိကများလက်လွှဲပြောင်း

ရန်ကုန် ၊ ဇွန် ၁၄။
ဒီဇယ်နှင့် ဓါတ်ဆီ ရောင်းချသည့် ဆိုင် ၂၆၁ ဆိုင်ကို ယခုလ ၁၀ရက်နေ့က ပုဂ္ဂလိကများလက်သို့ လွှဲပြောင်း ပေးခဲပြီဟု ယနေ့ထုတ်သတင်းစာများတွင် ထုတ်ပြန်ကြေငြာသွားခဲ့ပါသည်။ သတင်းစာပါ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးလွန်းသီ၏ အဆိုအရ မည်သူမဆို မိမိတို့ နှစ်သက်ရာ ဓါတ်ဆီဆိုင်များတွင် လိုအပ်သလို ဝယ်ယူနိုင်ပြီဟု ဆိုပါသည်။ ယခုလက်ရှိပေါက်ဈေးအရ ဓါတ်ဆီတဂါလံလျှင် ၂၅၀၀ ကျပ်နှင့် ဒီဇယ်တဂါလံလျှင် ၃၀၀၀ကျပ်ဖြစ်ပါသည်။
ဓါတ်ဆီနှင့် ဒီဇယ်များကို ကိုယ်တာနှင့် ရောင်းချသော စနစ်ကို ဦးနေဝင်း၏ ဆိုရှယ်လစ် အစိုးရလက်ထက်က ဓါတ်ဆီဆိုင်များကို အရပ်သားများလက်မှ ပြည်သူပိုင်သိမ်းပြီးနောက် စတင်ခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ် တစီးလျှင် တလကို ဓါတ်ဆီဂါလံ၆၀ ဝယ်ယူခွင့်ရှိပြီး ထိုစဉ်က ပေါက်ဈေးမှာ တဂါလံ ၃ကျပ် ပြား ၅၀ ဖြစ်ပါသည်။
၁၉၈၈ ခုနှစ် အာဏာသိမ်း စစ်အုပ်စုများလက်ထက်တွင် ထိုစနစ်ကိုပင် ဆက်လက်ကျင့်သုံးခဲ့ပြီး အစပိုင်းတွင် တနေ့ ၃ဂါလံ ထုတ်ယူခွင့်ရှိပြီး နောက်ပိုင်းတွင် တနေ ၂ဂါလံသို့ လျှော့ချကာ ဈေးနှုန်းမှာလည်း ၁၈၀ ကျပ် ဖြစ်လာခဲ့ပါသည်။
၂၀၀၅ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့တွင် ဓါတ်ဆီတဂါလံကို ကျပ် ၁၅၀၀ အထိ မြှင့်တင်ခဲ့ပြီးနောက် ၂၀၀၇ခုနှစ် သြဂုတ်လ ၁၅ရက်နေ့မှ စပြီး ဓါတ်ဆီဈေးနှုန်းမှာ ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ အထိ မြင့်တက် လာခဲ့ပါသည်။
မြင့်တက်လာသော ဓါတ်ဆီဈေးနှုန်းကြောင့် ကုန်ဈေးနှုန်းများပါ မြင့်တက်လာခဲ့ရာမှ ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်ပွားခဲ့ရပါသည်။
တချိန်တည်းမှာပင် ဦးတေဇ ထူးကုမ္ပဏီ ၊ ဦးဇော်ဇော် မက်စ်မြန်မာ၊ ဦးနေအောင် IGE ၊ ဦးချစ်ခိုင် ဧဒင် ဂရုပ် တို့ ၄ ဥိးကို ပုဂ္ဂလိက ဘဏ်လေးခု ဖွင့်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ဗဟိုဘဏ်မှ အရာရှိတဥိးက ပြောခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ပုဂ္ဂလိက ဘဏ် ၆ခုသာရှိပါသည်။ စီးပွါးရေးပညာရှင်များက သုံးသပ်ပြောဆိုရာတွင် ၄င်းတို့ လက်သပ်မွေး လုပ်ငန်းရှင် လေးဦးကို ဘဏ်လုပ်ငန်းများ ထူထောင်ခွင့်ပေးလိုက်ခြင်းမှာ ပုဂ္ဂလိကဘဏ်များကဏ္ဍတွင် ၄င်းတို့ ယုံကြည်စိတ်ချရသူများကို အစိတ်အပိုင်းတခုအဖြစ် ရှိနေစေရန် ကြိုတင်ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု သုံးသပ်ကြပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

6.12.2010

Burma's News World's News

An injured ethnic Uzbek boy in hospital in Osh
Kyrgyzstan appeals to Russia to send troops to restore order in a southern city where more than 60 have died in ethnic clashes.
Mahmoud al-Mabhouh Abby Sunderland looks out from her boat. Photo: January 2010
Poland is holding a suspected Israeli agent in connection with the murder of a Hamas operative in Dubai, reports say.
 
A 16-year-old US girl who ran into problems while trying to sail solo around the world is rescued in the Indian Ocean, officials say.
Ship recovering oil from spill site Picture of protests on 18 June 2009 posted on Twitter by a protester named as shadish173
UK PM David Cameron will discuss the Gulf of Mexico oil spill with US President Barack Obama, as pressure increases on BP.
 
Security is stepped up across Iran, witnesses say, a year after the disputed poll which re-elected President Ahmadinejad.


World Cup Celebrates Shared Human Passion

By JOHN LEICESTER
Even if we don't speak each other's languages, don't always appreciate and respect each other's cultures, religions, politics and lifestyle choices, "Goal!" is a word that resonates joyfully and is understood from Beijing to Bogota, Sydney to Seattle.

MORE NEWS
'A Flag of Truth in My Heart'
Burma Denies Having Nuclear Weapons Program
Hun Sen Profits from Suppression and Aid
Suu Kyi Says Burmese Have Right Not to Vote
World Cup Fever Comes to Burma
Five Irrawaddy Dolphins Found Dead

QUOTABLE
As a victim of racism and a sports fan, I urge all who play or simply watch sport to use the World Cup as a catalyst to call for global action against intolerance and racism.
— Navi Pillay, UN High Commissioner for Human Rights

Webb's Mission a Lost Cause?

By AUNG ZAW
US Sen. Jim Webb learns the hard way that “engagement” with Burma's military regime is a treacherous business.
20,000 trees planted for Suu Kyi, 65
National League for Democracy party young members have started planting more than ...
Junta denies developing nuclear arms with N Korea
Burma’s military junta has strongly denied recent allegations made by Burmese media ...
Haulers allege big graft at city’s weigh stations
Cargo truck tonnage checkpoints are demanding exorbitant penalties from weight violators ...
Mon party to push for free market, development
All Mon Region Democracy Party chairman Nai Ngwe Thein said that in parliament it ... Ammonia cylinder explodes at ice factory in Rangoon
An ammonia gas tube exploded at an ice factory in Kamayut Township, Rangoon, ...
Blackouts unnerve Burma’s World Cup fans thumbnailBlackouts unnerve Burma’s World Cup fans
Football fans resorting to massage parlours and karaoke bars to circumvent electricity shortages that threaten to
 spoil the quadrennial competetion 



Trade unions claim rights abuses
Trade union coalition in Burma complains that the ruling junta is failing to abide by domestic law as it continues to imprison labour activists


Politicians call for election postponement thumbnail Politicians call for election postponement
Holding the elections in October would thwart campaign preparations and force civilians to vote for a party whose policies remain unclear

နာမည်ကြီး private school တခုမှ ဆရာမတယောက်၏ ဖွင့်ဟ ဝန်ခံချက်

Private School တွေဖွင့်တော့ M.sc.MA ရထားတဲ့ မိန်းကလေးတော်တော်များများ ဝမ်းသာကြပါတယ်။ Private School တွေက M.Sc M.A ရထားတဲ့သူတွေကို ဆရာမအဖြစ် Study Guide အဖြစ်ခန့်မယ်လို့ seven days news ဂျာနယ်မှာ အတိအလင်းပြောထားတာကိုဖတ်ခဲ့ရလို့ပါ။ အဲဒီထဲမှာ ကျွန်မလဲ တစ်ယောက် အပါအ၀င်ဖြစ်ခဲ့ပါတယ်။

ကျွန်မက M.Sc ရထားတဲ့သူကိုး။ မဟာမြကျွန်းသာ(MMAC)ဆိုတဲ့ ကျောင်းကM.Sc M.Aတွေကို ဆရာမ အဖြစ် study guide အဖြစ်ခေါ်ပါတယ်။ ကျွန်မလဲဝင်လျှောက်ဖြစ်ပါတယ်။ ဆရာမအဖြစ် အရွေးခံရပါတယ်။
အရမ်းနာမည်ကြီးနေတဲ့ ကျောင်းမို့ အရမ်းအထင်ကြီးပြီး လျှောက်ခဲ့တာပါ။ နေစရာစားစရာပေးပြီး လစာကို 45000မှ 80000ထိ ပေးမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့လို ပညာသာတတ်ပြီး ကိုယ့်ဝမ်းစာကို ကိုယ့်ဘာသာ ရှာစားနေရတဲ့ မိန်းကလေးတွေ အတွက်တော့ မဟာ့မဟာ အခွင့်အရေးပါပဲ။
ဒါပေမယ့် ဒါတွေက အိမ်မက်ပဲဖြစ်ခဲ့တာ။ အလုပ်လျှောက်လွှာကို လက်ခံတဲ့နေရာက ၆မိုင်ခွဲမှာရှိတဲ့ မူကြို တစ်ခုမှာပါ။ မူကြိုကလဲ စင်ကာပူ သင်ရိုးအတိုင်း သင်တဲ့မူကြိုမို့ အထင်ကြီးစရာ အင်မတန်ကောင်းပါတယ်။ မူကြိုတောင် ဒီလောက်အဆင့်မြင့်ရင် နာမည်ကြီး က ပိုတောင်သားနားမယ်လို့ ထင်ခဲ့ပါတယ်။ 
ဒါနဲ့ပဲ ကျွန်မအရွေးခံရပါတယ်။ အလုပ်အတွက် စာချုပ်ချုပ်ရမယ်လို့ ပြောပါတယ်။ တလကို 45000နဲ့ ၃နှစ် စာချူပ်ရပါတယ်။ စာချူပ်ထဲမှာလဲ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ အချက်တွေသာပါပြီး၊ သင်ကြားရေး တာဝန်ခံ ဆရာမဆိုတဲ့ ရာထူးနဲ့ ချုပ်တာပါ။ စာချုပ်ချုပ်ပြီးတာနဲ့ မြရိပ်မာလာဆိုတဲ့ အဆောင်ကို ခေါ်သွားပါတယ်။

အဲဒီမှာစပြီး တွေ့တာပါပဲ။ ပေ ၁၀၀ ပတ်လည်တောင်မရှိတဲ့ ခြံဝင်းထဲမှာ နှစ်ထပ်တိုက်၂လုံး ၊ ဂိုထောင်လိုလို အခန်း၂ခန်း၊ စာသင်ဆောင်၂ခုနဲ့ ရေကန်၁ကန် တွေ့ရပါတယ်။ နှစ်ထပ်တိုက်၂လုံးကတော့ ကျောင်းသူတွေနေတဲ့ အဆောင်ပါ။ ဂိုထောင်လိုလို အခန်းကတော့ ဆရာမများအတွက် ဖြစ်ပါတယ်။ ဂိုထောင်တခုမှာ ဆရာမ၄ယောက် နေရပါတယ်။ မိုးတွင်းရောက်ရင် ခုတင်ခြေထောက်ထိ ရေမြုပ်တဲ့ အခန်းတွေပါ။

ကျွန်မတွေ့ခဲ့ရတဲ့ ဖိနှိုပ်မှုနဲ့ ချုပ်ချယ်ခံရမှုများကို အောက်မှာ ဆက်ရေးထားပါတယ်။
(၁) တိုးတက်နေတဲ့ ခေတ်ထဲမှာ သတင်းစာ မဖတ်ရဘူးတဲ့။
(၂) ရေဒီယို နားမထောင်ရဘူးတဲ့။
(၃) MP3 MP4 လက်ကိုင်ဖုန်း သုံးခွင့်မပြုဘူးတဲ့။
(၄) မိမိမိသားစု အသိုင်းအ၀ိုင်းက မိမိထံသို့ ဖုန်းဆက်ခွင့်မရှိပါတဲ့။ လာရောက်တွေ့ခွင့် မရှိပါတဲ့။
(၅) သန့်ရှင်းရေးနဲ့ ပန်းပင်ရေလောင်းတာကို အလှည့်ကျလုပ်ရပါတယ်။
(၆) ညဘက်ရေတင်တာကို အလှည့်ကျစောင့်ရပါတယ်။ (ကျောင်းသူများရဲ့ ရေချိုးခန်းထဲကို ထည့်တာပါ)
(၇) ကျောင်းသူများရဲ့ အခန်းကို room service ၀င်ပေးရပါတယ်။
(၈) ဂိတ်ပေါက် စောင့်ရပါတယ်။
(၉)ဆရာမများ တနေ့ကို ရေတခါပဲ ချိုးရမယ်လို့ စည်းကမ်းထုတ်ထားပါတယ်။ ရေချိုးရတဲ့နေရာကို ပြောပြပါမယ်။

လူနှစ်ရပ်လောက်ရှိတဲ့ ရေကန်နဲ့ ခြံစည်းရိုး အုတ်နံရံကြား လူတကိုယ်ဝင်စာရှိတဲ့ နေရာမှာ ချိုးရတာပါ။ လူနှစ်ရပ်လောက် ရှိတဲ့ ရေကန်မှာ ရေက တစ်တောင်လောက်ပဲရှိတာကို ပုံးမှာကြိုးတပ်ပြီး ငင်ချိုးရတာပါ။ မျက်နှာသစ်ဖို့ ရေက အမှိုက်တွေနဲ့ သံချေးရေပါ။ တစ်နှစ်ပတ်လုံး မိုးတွင်းကလွဲလို့ ကျန်တဲ့ အချိန်တွေမှာ ဒီလိုပဲသုံးရပါတယ်။ ဒါဟာလိမ်ညာမှုပါပဲ။

ဒါဟာ အိမ်ဖော်တွေလုပ်ရတဲ့ အလုပ်မျိုးတွေပါ။ ဆရာမဆိုတဲ့ နာမည်တပ်ပြိး အိမ်ဖော်လုပ်ခိုင်းတာပါ။
စာချုပ်မှာမပါတဲ့ အချက်တွေကို အခိုင်းခံရပေမယ့် စာချုပ်ဆိုတာကြီးကို ကြောက်လို့ မထွက်ရဲတဲ့သူတွေ အများကြီးပါ။

မဟာမြကျွန်းသာဆိုတဲ့ ဒီ private school က ပညာတတ်အမျိုးသမီးတွေကို ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး အကျဉ်းချ ကျွန်ပြုထားတာ ပြည်တွင်း လူကုန်ကူးမှုလို့တောင် ပြောလို့ရပါတယ်။ တိုးတက်နေတဲ့ နည်းပညာခေတ်ကြိးထဲမှာ သတင်းစာ မဖတ်ရဆိုတာ တော်တော်ဆိုးဝါးတဲ့ အချက်ပါ။ စီးပွားရေးအရ ကြည့်ရင်လဲ ပိုက်ဆံရစရာရှိတဲ့ ကျောင်းသူတွေ ကိုတော့ ကောင်းကောင်းထားပြီး ပိုက်ဆံပေးရမယ့် ဆရာမ (တနည်း ၀န်ထမ်းအလုပ်သမား) ကိုတော့ ဖိနှိပ်ထားတာ အရင်းရှင်စနစ်ကို ကျင့်သုံးတာပါပဲ။
အရမ်းကောင်းပြီး အဆင့်မြင့်ပါတယ်လို့ နာမည်ကြီးနေတဲ့ မဟာမြကျွန်းသာ private school ကိုတော့ ပညာတတ် မိန်းကလေးများ မလျှောက်မိပါစေနဲ့။ အမှားကြီးမှားမှာ စိုးရိမ်လို့ပါ။ နီးစပ်ရာသူငယ်ချင်းများကို ပြောပြပြီး forward လုပ်ပေးကြပါလို့ အကူအညီ တောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။