5.12.2008

Actions for victims of cyclone Nargis

Dear All

There are many activates started action for the victims of cyclone Nargis .Ko Kyaw Thu Lead the FFSS (Free Funeral Service Society) and help that victims last a fews day ago.Many actors ,actress ,singers and journalists are actively involved in that action.Some political groups of Thai -Burma border start their action today.They donated food to monks for the person who were dead by cyclone Nargis .And they start collection money and some essential needed such as clothes ,medicine and others. They will send its to victims pass over by some local association they are not concern with authorities .

မြန်မာအနုပညာရှင်များ လေဘေးသင့်ဒုက္ခသည်များကို သွားရောက်ကူညီ
ကိုသက် | မေ ၁၁၊ ၂၀၀၈

ထင်ရှားသည့် ရုပ်ရှင်၊ ဂီတနှင့် စာပေနယ်ရှိ အနုပညာရှင်များ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြသူများထံ သွားရောက်ကာ ကောက်ခံရရှိသည့်စားနပ်ရိက္ခာနှင့် အကူပစ္စည်းများ သွားရောက် ပေးအပ်သည်ဟု လူရွှင်တော် ဇာဂနာက ဧရာဝတီကို ပြောသည်။

အနုပညာရှင်များသည် ဆန်၊ အ၀တ်အထည်၊ ဆေးဝါး၊ မိုးကာနှင့် ငွေကြေးတို့ကို ဧရာဝတီတိုင်းရှိ ဘိုကလေးနှင့် ဒေးဒရဲ၊ ရန်ကုန်တိုင်းရှိ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် လှိုင်သာယာမြို့နယ်များသို့ သွားရောက် လှူဒါန်းကြသည်။

“ပြည်သူတွေတကယ် ဒုက္ခရောက်နေတယ် … ဒီတော့ တို့တတွေ လှူကြရအောင်ဆိုပြီး နိုင်သလောက် ၀ိုင်းလှူကြတာပဲ။ မနက်ကဆို စင်ကာပူကအလှူရှင်တွေက အထည်တွေလှမ်းလှူလို့ အခုပဲသွားယူနေတာ” ဟု လူရွှင်တော် ဇာဂနာက ပြောသည်။

လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အနုပညာရှင်များတွင် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသည့် ကျော်သူ၊ လူမင်း၊ လွင်မိုး၊ ကျော်ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ နေတိုး၊ မျိုးစန္ဒီကျော်၊ ဦးအောင်လွင်၊ မေသန်းနု၊ ခန့်စည်သူ၊ ဝေဠုကျော်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ မိုးဟေကို၊ ဒါရိုက်တာ မိုက်တီး၊ အယ်ဒီတာ ဇော်သက်ထွေး၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ လူရွှင်တော် ညောင်ညောင်နှင့် ဇာဂနာ တို့ပါဝင်သည်။

ယနေ့နံနက်ပိုင်းတွင် သရုပ်ဆောင် ဝေဠုကျော်နှင့်အဖွဲ့က ဧရာဝတီတိုင်း မြောင်းမြမြို့နယ်သို့သွားကာ ဆန်အိတ် ၃၀၀၊ ကျပ်ငွေသိန်း ၃၀၊ အ၀တ်အစားနှင့် မိုးကာများကို သွားရောက်လှူဒါန်ကြောင်း သိရသည်။

“မင်းသား၊ မင်သမီးတွေ သရုပ်ဆောင်တွေ သွားတဲ့အခါကျတော့ တော်ရုံလူအန္တရာယ်မပြုရဲဘူးပေါ့။ ဘိုကလေးကို ဆန်အိတ်ပေါင်း ၁၀၀၀ နဲ့ ကျပ် ၁၈ သိန်း၊ အ၀တ်အစားနဲ့ ဆေးတွေပေးဖို့ရှိတယ်” ဟုလည်း လူရွှင်တော် ဇာဂနာက ပြောသည်။

ယမန်နေ့က သရုပ်ဆောင် လူမင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်သို့ သွားခဲ့ကြပြီး မနက်ဖြန်တွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်အဖွဲ့က ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်သို့ သွားမည်ဖြစ်သည်။ ယခုလ ၁၄ ရက်နေ့နှင့် ၁၅ ရက်တို့တွင် သရုပ်ဆောင် စိုးမြတ်သူဇာနှင့် ကျော်ရဲအောင်တို့က ဧရာဝတီတိုင်း ဘိုကလေးမြို့သို့ သွားကြမည်ဖြစ်သည်။

အနုပညာရှင်များ ကောက်ခံရရှိသည့် အကူအညီစာရင်းအရ ကျပ်ငွေ သိန်း ၃၀၀ ခန့်၊ အ၀တ်အစား အစုံ ၅၀၀၀၊
ဆေးဝါးနှင့် စောင် ကျပ်သိန်း ၄၀ ဖိုးခန့် ရှိသည်။

“ရန်ကုန်မြစ်ကြီးညှီနေပြီ … မကြာခင် ၀မ်းရောဂါနဲ့ ယားနာ ဆိုတာလာတော့မယ်။ အားလုံးမှာတာဝန်ရှိပါတယ်” ဟု လူရွှင်တော် ဇာဂနာက ပြောသည်။

စစ်အစိုးရထုတ်ပြန်သည့်စာရင်းများအရ နာဂစ် မုန်တိုင်းကြောင့် လူဦးရေ ၂၃၃၅၀ သေဆုံးပြီး ၃၇၆၁၉ ဦး ပျောက်ဆုံးကာ တသန်းထက်မနည်း အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အမေရိကန်သံအမတ် ရှာရီ ဗီလာရိုစာက မုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်း ကျော်နိုင်သည်ဟု ပြောသည်။

ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ တသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

5.11.2008

NLD special statement for Nargis victams

5.10.2008

Post Referendum

Dear All readers


Referendum is finished today evening.I'd like to discard with you all ,what can we expect after referendum? What change will appear if Vote NO win?
My opinion is that ,SPDC already arrange to win.How matter you give NO vote ,you will see the result YES after counting votes .They are sure to win you give vote YES or vote NO.Because they already set up for it when they announced for referendum and election.Their announcement said they will held referendum on 10 May 2008 and they will held the election on 2010.It is sure that they did not have idea what they will do if they loose in referendum because they already decided they must win in referendum.

Actually ,most important thing for today Burma is how we can do and support for victim of cyclone Nargis .We can't solve the problems for that poor people till now.They still need food ,closes,shelter, medicine and so on.And some announcement said another big storm toward Burma .It is most important for our poor people.We love democracy , human rights and we love our people of Burma.

I'd like to request to people of Burma ,oversea Burmese and people from all over the world.We always value on human .So, we against SPDC military dictatorship for our human rights. That why , please think about victim people of Burma as first issue and let try for that urgently.And I have ever strongly believe no one can't get the power for long time without people support.


With regards and thank for seeing our blog.

D-wave

Massive Cheating Reported from Referendum Polling Stations


By YENI AND MIN LWIN Saturday, May 10, 2008

E-MAIL
PRINT

Burma's constitutional referendum went ahead as planned on Saturday in areas not affected by Cyclone Nargis, amid accusations of massive cheating at the polling stations and reports of a very low turnout.

Many voters in several Rangoon townships, Mandalay, Pegu, Sagaing and Magwe divisions told The Irrawaddy that referendum officials had handed out ballot papers already filled in with a tick, indicating approval of the government’s draft constitution.



They also complained that the referendum was not free and fair, saying they cast their votes watched by officials, including members of the government-backed mass organization Union Solidarity and Development Association and militias such as Swan-Ar-Shin. Officials of the organizations sat close to the ballot boxes and advised people how to vote.

Voter turn-out was reported to be very light, despite fevered attempts by the regime to persuade people to participate. State TV broke into programming throughout the day with a video showing a group of smiling young women singing a ditty in support of a “Yes” vote. "Let's go vote .... with sincere thoughts for happy days," they sang.

About 27 million of Burma’s 57 million population are entitled to vote.

Nyan Win, spokesman of the opposition National League for Democracy told The Irrawaddy that most polling stations closed at about 11 a.m. Officials then went to the homes of people who had not voted and made them fill in registration forms indicating they had handed in ballots that had already been filled in with a tick.

Rangoon-based Burmese journalists said security at polling stations was very strict. No foreign news agency correspondents or independent journalists were allowed near.

The cheating and intimidation observed on Saturday confirmed claims by human rights activists and western governments that the referendum would be a sham and neither free nor fair.

The regime had used both intimidation and vote-buying to assure itself of a “Yes” vote and would predictably resort to vote-rigging if it lost, observers said. Widespread rumors say the results have already been fixed to deliver an 84.6 percent vote in favor of the charter, an AP report said.

The government has also been widely criticized for pressing on with the referendum while the country is still reeling from the catastrophic effects of Cyclone Nargis.

"Instead of putting all resources toward saving the lives of the victims, the military is concentrating on legalizing military rule in Burma forever through a sham constitutional referendum," said a joint statement from the All Burma Monks Alliance, the 88 Generation Students and the All Burma Federation of Student Unions.

ဆန္ဒခံယူပွဲတွင် မဲအကြီးအကျယ်လိမ်
ဧရာဝတီ | မေ ၁၀၊ ၂၀၀၈

မြန်မာပြည်အတွင်း နာဂစ်မုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် မုန်တိုင်းဒဏ်မခံရသည့် ဒေသများတွင် မူလကြေညာထားသည့်အတိုင်း မေလ ၁၀ ရက်နေ့တွင်ဆန္ဒခံယူပွဲကို ကျင်းပခဲ့သော်လည်း မဲပေးသူ အလွန်နည်းပါးပြီး မဲပေးပုံနည်းစနစ်မှာလည်း မတရားမှုများ အများအပြား ရှိကြောင်း သိရသည်။

(Photo: AFP)

ဧရာဝတီမဂ္ဂဇင်းမှ ဆက်သွယ်ရရှိသော ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနှင့် မကွေး မြို့များရှိ မဲဆန္ဒရှင်များ၏ အဆို အရ အမှန်အမှတ်အသား ခြစ်ပြီးသား မဲပြားများကို အဆင်သင့် ထုတ်ပေးခဲ့ ကြောင်းနှင့် မဲရုံတိုင်းတွင် မဲပေးသူများ အနေဖြင့် အာဏာပိုင်များ၏ တင်းကြပ် စွာ စောင့်ကြည့်မှု အောက်တွင်သာ မဲပေးကြရကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်တမြို့နယ် ရှိ မဲရုံတရုံတွင် မဲရုံမှူး အပါအ၀င် မဲ လက်မှတ်ထုတ်ပေးမည့် သူများ၊ ကြံ့ဖွံ့၊ ရယကများနှင့် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်နှင့် မီးသတ်ရဲဘော်များ စုစုပေါင်း လူ အယောက် ၂၀ ကျော်ခန့် စောင့်ဆိုင်းနေသော်လည်းနံနက် ၆ နာရီခွဲခါနီးအထိ မဲပေးမည့် သူများ ရောက်မလာသေးကြောင်း ဒေသခံတဦး၏ ပြောပြချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း၏ အဆိုအရ မဲရုံအားလုံး နီးပါးမှာ နံနက် ၁၁ နာရီ ကတည်းက ပိတ်သွားခဲ့ကာ မဲရုံမှူးများက မဲမပေးရသေးသော မဲဆန္ဒရှင်တို့၏ အိမ်သို့ ကိုယ်တိုင်သွားရောက်၍ မဲပေးသည့်စာရင်းတွင် ပါဝင်ကြောင်း လက်မှက်ထိုးခိုင်းသည်ဟု သိရသည်။

“ရီဂျစ်စတာမှာ လက်မှတ်ထိုးခိုင်းတယ်ဆိုတော့ မဲပေးပြီးပြီ ဆိုတဲ့ သဘောပေါ့။ ဒီလူတွေက မဲမပေးလိုက်ရဘဲ သူတို့မဲတွေ မဲပုံးထဲရောက်သွားရပြီ။ သဘောက မဲမပေးရဘဲ ထောက်ခံလိုက် ရတာနဲ့ အတူတူပဲ” ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများအားလုံးကို သီးသန့်မဲရုံများအဖြစ် ဆောက်လုပ်ထားခြင်းမရှိဘဲ စာသင်ကျောင်းများ၊ ရပ်ကွက် ဓမ္မာရုံများနှင့် ရယက ရုံးများတွင် ပြုလုပ်ကြခြင်းဖြစ်ကာ မဲရုံအတွင်း ဆန္ဒပြုခန်းများကို မိုးကာဖျင်များ၊ ၀ါးကပ်များ၊ စက္ကူ ကတ်များ၊ ခန်းဆီးများ ကာရံထားကာ မဲပုံးများအနီးမှာတွင် မဲရုံအတွင်း တာဝန်ကျသူများ ထိုင်နေကြသည်ကို တွေ့မြင်ရ သည်ဟု ဆိုသည်။

“ကျနော့်ကို ညီလေးနာမည်ပြော မှတ်ပုံတင်နံပါတ်ပြော ဆိုပြီး ပြောတာနဲ့ ပြန်ခဲ့ရတယ်။ ဘာမဲမှ မထည့်လိုက်ရဘူး” ဟု တိုက်ကြီးမြို့နယ်တွင် နေထိုင်သူ တဦးက ဆိုသည်။

မဲရုံအတွင်း ဆန္ဒပြုခန်းများ မလုံခြုံခြင်းနှင့် မဲပုံးများအနီး ရယက အဖွဲ့ဝင်များ ထိုင်နေကြသည့်အတွက် မဲပေးသူများအနေ နှင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု ဆန္ဒမဲ ပေးခဲ့သူ တဦးကပြောသည်။

“ကျမကို အမှန်ခြစ်ပြီးသား မဲလက်မှတ်ထုတ်ပေးတယ်။ အဲဒါနဲ့ ပြန်လဲပေးပါဆိုတော့ နောက်တခု ထပ်ထုတ်ပေးတယ်။ ဒါလည်း အမှန်ခြစ်ထားတာပဲ။ ပြီးတော့ ညည်းမကျေနပ်ရင် အမှားခြစ်ပေါ့ အဲဒါ ပယ်မဲဖြစ်မှာပဲလို့ လက်ထောက်မဲရုံမှူးက ပြောပြီး ရယ်နေကြတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာတရွာမှ အမျိုးသမီးတဦးက ပြောပြသည်။

၎င်းအပြင် အခြားဆန္ဒမဲပေးခဲ့သူ အများစု၏ ပြောပြချက်များအရ ထောက်ခံမဲများကို ကြိုတင်စီစဉ်ထားပြီး ကန့်ကွက်မဲများ ကို ပယ်မဲများအဖြစ် စီစဉ်ထားကြကြောင်း သိရှိရသည်။

၎င်းမဲရုံတွင် နံနက် ၇ နာရီကျော်သည်အထိ မဲလာပေးမည့်သူ မရှိသောကြောင့် “မဲရုံကို လာပြီး မဲပေးကြဖို့ အချိန်ကျရောက် နေပါပြီ။ မဲစာရင်းမှာပါတဲ့ သူတိုင်း မဲလာပေးကြပါ။ မဲလာ မထည့်တဲ့သူတွေကို အိမ်တိုင်ရာရောက်လိုက်ခေါ်မှာဖြစ်တဲ့အတွက် စောစောစီးစီးပဲ လာထည့်ကြပါ” ဟု အော်လံဖြင့် အော်ခေါ်နေသည် ဟု ၎င်းကပြောသည်။

အထက်ပါမဲရုံအပါအဝင် အခြားမဲရုံများတွင်လည်း ပထမဆုံးမဲပေးသည့် ပြည်သူများကို သက်သေအဖြစ် မဲပုံးဖွင့်ပြ စစ်ဆေး ကာ မဲပုံးအဖုံးကို ပြန်လည်ပိတ်ခြင်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ပထမဦးဆုံး မဲပေးခဲ့သူများက ဧရာဝတီသို့ပြောသည်။

ရန်ကုန်ရှိ စာနယ်ဇင်းအသိုင်းအဝန်း၏ အဆိုအရ မဲရုံများတွင် လုံခြုံရေးအလွန်တင်းကျပ်ထားပြီး အပြင်လူတဦးဦး မဲရုံအနီး ရောက်ရှိလာပါက စစ်ဆေးမေးမြန်းမှုများ အကြီးအကျယ်ပြုလုပ်နေခဲ့ကြောင်း သိရသည်။ မြန်မာစစ်အစိုးရ အနေဖြင့် လွပ်လပ်သောလေ့လာစောင့်ကြည့်မှုကို ငြင်းပယ်ထားပြီးဖြစ်သည်။

စစ်အစိုးရက မဲအရေအတွက် ၈၄.၆ ရာခိုင်နှုန်းဖြင့် အနိုင်ယူလိမ့်မည်ဟု စီစဉ်ထားကြောင်း ပြည်သူလူထုကြားတွင် သတင်း ပြေးလျှက်ရှိသည်။ [

5.09.2008

Referendum Day (or)7th day for the Dead people of Burma after cycolne Nargis

.



ီDear All
Tomorrow will be the 7th day after the deaths of the people of Burma killed by cyclone Nargis. The Burmese traditional day of mourning occurs on this 7th day. On this 7th day, the SPDC has refused to delay the vote on their political Referendum. They will hold the Referendum on 10th May, 2008 in all of Burma, except in the cyclone affected areas. In fact, this military regime is incapable of helping their own people after the devastation of cyclone Nargis.

The victims of cyclone Nargis are in immediate need of food, drinking water, clothes, shelter, medicine and so on. However, the SPDC continues to ignore the needs of the victims and they refuse to accept aid and medical support from the international community, and NGOs. Their lack of action is so shocking and stunning that in lighter times, one could easily see it making the list of "Ripley's Believe it or Not."

The fact is, the military junta of Burma has insisted on holding their phony referendum over the dead bodies of 100,000 people.

Referendum Day

(သို့မဟုတ်)

နာဂစ်မုန်တိုင်းဒ်ါကြောင့်သေဆုံးခဲ့ရသူများ

ရက်လည်သည့်နေ့

ရှေးအစ်အဆက်ကပင် အုပ်ချုပ်သူများအဂတိလိုက်စား

ကိုယ်ကျင့်တရားဖေါက်ပြန်မှုများကြောင့်တိုင်းပြည်တွင်

ရာသီတုများဖောက်ပြန်အပြစ်မဲ့ပြည်သူလူထုများ

နစ်နာခံစားရသည်များကိုဇာတ်တော်များတွင်အထင်

အရှားရှိခဲ့ဘူုးပါသည်။

ငရဲသွားမယ့်ငမိုက်သားများကတော့တဘ၀စံမို့ပန်းပန်

လျှက်ပေမယ့်ခံစားကြရတဲ့ပြည်သူအများမှာတော့

မရှုမလှပါဘဲ။ဒီနှစ်ဆန်းကတည်းကလောင်လိုက်ကြတဲ့

မီးတွေကအခါခါ၊အခုတခါမေလသုံးရက်နေ့ကတိုက်ခတ်

သွားတဲ့နာဂစ်မုန်တိုင်းကြောင့်လူတွေသိန်းဂဏန်းအထိ

သေကြေပျက်စီးခဲ့ကြရတာအားလုံးအသိပါဘဲ။ ဒါကိုတောင်မှ

ှအသိတရားမရကြတဲ့ဒီန.အ.ဖတို့တတွေဟာနိုင်ငံတကာက

ကူညီပေးဖို့မေတ္တာရပ်ခံနေကြတာကိုတောင်ကြောင်တောင်တောင်

လုပ်ပြီးဟိုလူတော့မ၀င်ရဒီလူကျတော့စိတ်မချရဆိုပြီးအလောင်းပုံ

တွေကိုခွပြီးအရိုးများသလေးချီးခါးသလေးလုပ်နေကြပြန်တယ်။

ပြည်သူတွေခမျာမှာဒုက္ခတွေ၊သောကတွေကရင်နှင့်မမျှတော့

အောင်ခံစားနေကြရပြီ။

နောက်ဆက်တွဲဖြစ်လါမယ့်ကူးစက်ရောဂါတွေကိုကာကွယ်

ကုစားဖို့ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့တော့မစဉ်းစားဘဲ

နှစ်ရှည်ကြာအောင်သူတို့အလိုကျရေးဆွဲထားတဲ့ဖွဲ့စည်းပုံ

အခြေခံဥပဒေကိုမရမကအတည်ပြုဖို့အတင်းလုပ်နေသေးတယ်။

သူတို့သိပ်အားကိုးတဲ့ဗေဒင်ပရောဟိတ်တွေကဒီနေ့မှမလုပ်ရရင်

အနိုင်မရနိုင်ဘူးလို့များပြောသလားမသိပါဘူး။

အနိုင်ရတာမရတာကပြည်သူတွေအဆုံးအဖြတ်ပေးကြပါလိမ့်မယ်၊

တခုသေချာတာကတော့လူတသိန်းကျော်ရက်လည်တဲ့နေ့မှာ

လုပ်တဲ့Referendumနဲ့လူမဆန်တဲ့န.အ.ဖဆိုပြီး

ဂရင်းနစ်စံချိန်တော့တင်ကောင်းတင်နိုင်ပါလိမ့်မယ်။

ဒီကောင်တွေငရဲမသွားရသေးခင်ခေတ်မှာလူဖြစ်ရတဲ့

ကျွန်တော်တို့ပြည်သူတွေရဲ့ဝဋ္ဋ်ကြွေးလို့သာ

ဆိုကြရတော့မှာပါ။အုပ်ချုပ်တဲ့အာဏာရှုးတွေမဟုတ်တာ

တွေလုပ်နေကြတဲ့ဒါဏ်တွေကြောင့်

ကပ်ဘေးဆိုက်နေကြရလို့မီးတွေလောင်၊ရေတွေကြီးလို့မုန်တိုင်း

ကျတဲ့ဒါဏ်တွေကိုပြည်သူတွေခံခဲ့ရပြီးပါပြီ။သူတို့ကတော့

ရဟတ်ယာဉ်လေးစီးပြီးရွာတွေပျောက်သွားတဲ့ရေပြင်ကြီးမှာ

မျောနေတဲ့အလောင်းတွေကိုကြည့်၊နေစရာမရှိလို့ပေတရာလမ်း

ပေါ်မှာနေနေကြရသူတွေကိုခပ် တည်တည်နဲ့မိန့်ခွန်းတွေခြွေပြီး

သူများလှူတာတွေနဲ့အိုင်တင်တွေထုတ်နေပါသေးတယ်။

ဒီလိုပုံဒီလိုအချိုးနဲ့ သာဆိုမိုးကြိုးပါထပ်ပစ်ခံရမယ့်ကိန်းဆိုက်နေပါပြီ။

သူတို့အာဏာရှုးကြတိုင်း ကျွန်တော်တို့ပြည်သူတွေ

ထပ်သေပေးကြရဦးမယ်ဆိုဘယ်လိုမှတရားမမျှတနိုင်ပါဘူး

အခုအထိတောင်အသိတရားမရတဲ့ ဒီ န.အ.ဖ အာဏာရှုးတွေကို

သူတို့ရဲ့အသုဘရက်လည်Referendum မှာ ပြည်သူလူထုရဲ့

စုစည်းသောညီညွတ်မှုအင်အားကိုပြသဖို့Vote Noနဲ့

မိုးကြိုးပစ်မှကျွန်တော်တို့ပြည်သူတွေခံစားခဲ့ရတာတွေ

အတွက်တရားမျှတမှုရှိလိမ့်မယ်လို့

အလေးအနက်ယုံကြည်မိပါတယ်။


“ စစ်ကျွန်မဖြစ်လိုက Vote No ပေးကြပါစို့ ”



D-Wave


Impossible Is Nothing

In times of difficulty we must not lose sight of our

achievements, must see the bright future and must

pluck up our courage.

စွမ်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့


ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ)

ကျန်းမာ သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ (၁၀)ရက်စာခန့်ယူကာ ကိုယ်ပိုင်

အစီအစဉ်ဖြင့် (၅) ယောက်တစ်ဖွဲ့ ၊ (၁၀) တစ်ဖွဲ့ စုဝေးပြီး ၊ မုန်တိုင်းဖြစ်ပြီးခါစ

မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ

အစိုးရ၊ NGO အဖွဲ့ အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသများသို့စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့် ။

ကင်မရာတွေလဲ ယူသွားကြ။ ရေဒီယိုတွေ ယူသွားကြပါ။


အမျိုးသမီးငယ်များ ၊ ကျောင်းပိတ်နေဆဲ ကျောင်းသူများ မိမိ ကျေးရွာ ၊ရပ်ကွက် ၊ မြို့နယ် အတွင်း တက်တက်ကြွကြွ အလှူငွေများ ၊ အ၀တ် အထည်၊ စားစရာများ အပင်ပန်းခံ လိုက်လံအလှူခံကာ
ဘုန်းကြီးကျောင်းများ သို့  သွားရောက်လှူဒါန်းကြ၊

http://www.countrybuilders.blogspot.com/ တွင် ရေးသားထားသော အောက်က အကြံပြုချက်လေးတွေကို လက်ကမ်းစာစောင်အဖြစ် ပြုလုပ်ပြီး ကိုယ်နှင့် မကွာယူသွားကြပါ ၊ ကျွန်တော်တို့ရင်ထဲ မှာ မချိအောင်နာပေမယ့် ပျက်ဆီးဆုံးရှုံးမှုက အရမ်းကိုများလွန်းနေတော့ အကူအညီပေးရတာ အားမရနိုင်ဖြစ်ကြ ရပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့ အခါမှာ သိသင့်တယ်လို့ထင်တဲ့ အချက်ကလေးများကို လေ့လာတင်ပြပေး လိုက်ပါတယ်ခင်ဗျာ။

တတ်အားသရွေ့ ဖြန့်ဝေ ပေးကြပါခင်ဗျား။ နောက်တစ်ခုပန်ကြားလိုတာ ကတော့ ကျွန်တော်တို့ သဘာဝဘေးအန္တရာယ်ကျရောက် တဲ့အခါမှာ လိုက်နာဆောင်ရွက်ရမဲ့ လက်စွဲစာအုပ် ငယ်ကို

ရှာဖွေပြီးတော့ ဘေးက Pane မှာ Link လုပ်ပေးထားပါတယ်။ တတ်နိုင်ရင် Chapter တစ်ခုစီလောက် မြန်မာလိုပြန်ပြီး ကျွန်တော်တို့ဆီကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ အကျဉ်းချုပ်ကို Print ထုတ်ပြီး အုပ်ရေ ၁၀၀၀၀၊ ၂၀၀၀၀ လောက်ဝေနိုင်ရင်လဲ အကျိုးရှိနိုင်မယ် ယူဆလို့ပါခင်ဗျာ။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာ အရေးအကြီးဆုံး လိုအပ်တဲ့အချက်တွေကတော့ သောက်ရေသန့်၊ ရိက္ခာထောက်ပံ့မှု၊ ဓာတ်အားပြတ်တောက်ခြင်းနဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကယ်ဆယ်မှုလုပ်ငန်းတွေကို ဘယ်လို ဆောင်ရွက်ရမယ်၊ အစားအသောက်တွေကို ဘယ်လိုပြင်ဆင် မှုပြုရမယ်၊ ရေတွင်းရေကန်တွေကို ဘယ်လိုပိုးသတ်ရမလဲဆိုတာတွေ၊ တစ်သက်လုံးအမာရွတ်ထင်သွား စေနိုင်တဲ့ ကပ်ဘေးဒဏ်ခံ ပြည်သူတွေ ခံစားလိုက်ရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားပေးနိုင်မလဲ ဆိုတာတွေကို လေ့လာ အသုံးချနိုင်ကြပါတယ် ခင်ဗျာ။ ကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်ရာတွင် သတိပြုသင့်သည့်အချက်များ (မှတ်ချက်။ ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည်။ လိုအပ်သည်ထက် ပိုပြီး ဂရုစိုက်လွန်းသည်ထင်ပါက ပယ်နိုင်ပါသည်)

*အမှန်တစ်ကယ် အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိပဲနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာအား မသွားပါနှင့်

*အမြဲတမ်းသတိရှိပါ။ လှေစီးလျင် မီးကြိုးများ ရေထဲထိနေခြင်း ရှိမရှိစသည်။

*ရေကြီးနေသည့် အဆောက်အဦးများ အတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျင် လုံးဝမ၀င်ပါနှင့်။

*ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ပဲနှင့် လုံးဝ မသွားပါနှင့်။

*ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ ကလေးများအတွင်းသို့ပင် ရောဂါပိုး ၀င်ရောက်နိုင်ပါသည်။

*ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်း ကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။

*တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။

*ခြံစည်းရိုးအစရှိသည် နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။

အစားအသောက် ပေးလှူလိုသည်ဆိုလျင် အောက်ပါအချက်များအား စဉ်းစားပါ

*ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန် မလိုသော အစားအသောက်များ

*လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ

*ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ

*ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ

*ဥပမာပေးထားသည့် အစားအစာများမှာ -

စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင် များစွာပါသောအစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွတ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစား ထိုးဆေးပြားများကိုလည်း ပေးပို့နိုင်ပါသည်။

ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။

စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများ အားချေဖျက်ရန်ရေဓာတ်များစွာလိုအပ်ပါသည်။

*ပုလင်းသွတ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)

*အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသူများ

အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။
အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။

*နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။

*အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။

*အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။

*ကွတ်ကီးနှင့် ဘီစကစ် အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး

*နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။

*ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက် စားသုံးနိုင်သည့် အစားအစာများအား

*လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။

*လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁) ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ

အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။

ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ

*ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။

*အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး

*ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)

*ကလိုရင်း ဆေးရည်

*ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်

*အိမ်သာသုံးစက္ကူ

*အိမ်သာဘယ်လိုဆောက်မလဲ -

*ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ် အိတ် ခံကာ အခင်းသွားပါ။

*အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန် အစရှိသည်တို့နှင့် ဝေးရာတွင် စွန့်ပစ်ရန်သတိပြုပါ။

ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့်အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများရှာဖွေရန်လိုအပ်ပါသည်။


ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ

*အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း

*အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း

*ရေပတ်တိုက်ခြင်း

*Towlettes များအသုံးပြုသန့်စင်ခြင်း

*မျက်နှာလိမ်းသည့် ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း

*စပရေးဘူးများအတွင်းသို့ ရေထည့် ကာ ပက်ဖြန်းရေချိုးခြင်းတို့ဖြစ်သည်။

Our Duty is to hold ourselves responsible to the people. Every word, every act and every policy must conform to the people’s interests, and if mistakes occur, they must be corrected - that is what being responsible to the people’s means.




5.08.2008

NLD Special Statement 9-5-2008(Burmese and English)


National League for Democracy
No. (97/b) West Shwegondine Street
Bahan Township, Yangon
Special Statement 9/05/08
Date: 7 May 2008
In statement No. 4/2008, the State Peace and Development Council (SPDC) declared
a State of Emergency in Irrawaddy, Yangon, and Pegu Divisions and Karen and Mon
States as a result of Cyclone Nargis’s devastating destruction on the 2nd and 3rd of
May 2008.
Because of the storm, hundreds of thousand of people have died and remain missing.
The storm caused catastrophic and unprecedented damage of people’s property in
Burma. Victims and their relatives, including ethnic nationalities, are overwhelmed by
their loss. Under these circumstances, people have no desire to vote in the upcoming
referendum. However, in spite of the people’s plight, authorities adamantly plan to
hold the referendum. As authorities neglect people’s basic needs and struggles for
food, shelter, and clothing, they continue to work with supporting organizations to
coerce people to vote “yes” in the referendum in support of their constitution.
On 6 May 2008, the Referendum Convening Commission of the Union of Burma
issued Statement 8/2008 confirming that the referendum will be held on 10 May 2008
in all states and divisions except 40 townships in Yangon division and 7 townships in
Irrawaddy division. It further declared that the referendum for the remaining 47
townships will be held on 24 May 2008. Aid needs and reconstruction work in these
States of Emergency will not be finished by 24 May 2008.
Authorities continue to exploit people's difficulties. The Referendum should be
postponed in all parts of the country, not only in some parts. Convening the
referendum under these dire conditions is deplorable. Therefore, the NLD demands
that the referendum be held simultaneously in all parts of the country once the
conditions in the country have improved.
NLD reprimands authorities for prioritizing approval of their constitution over
people's lives and basic survival needs.
At the present time, victims of the storm need immediate international aid, including
aid from the United Nations. On behalf of the people, the NLD denounces the
authorities’ attempt to hold a referendum instead of accepting disaster relief aid for
the suffering victims of this disaster.
As per the decision of Central Executive Committee held on 7 May 2008.
Central Executive Committee
National League for Democracy
Yangon
(Unofficial translation)

You can trust and send your donation to FFSS

Dear All reader and oversea Burmese people

You can trust and send your donation to Free Funeral Service Society for the victims of Cyclone Nargis.Ko Kyaw Thu (Vice Chair Man of FFSS and famous actor) said to VOA Burmese program in an interview.He is sure and try to send this donation and supports to that suffering people from Irrawaddy division.He was actively involved of September Monks and people movement and was arrested for a few days.
He said to VOA ,how some official try to dastard him he will go to Irrawaddy division and will give help for that suffering people.We want to request to oversea people from all over the world .Please try to help your people as you could pass over by FFSS.

With regards

Saffron Toward
လေဘေးဒုက္ခသည်များ မြောင်းမြမြို့ပေါ် စုပြုံရောက်ရှိ

08 May 2008

ဦးမိုးဇော် - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးမိုးဇော် - နားဆင်ရန် (MP3) audio clip










ဧရာဝတီတိုင်းက မုန်တိုင်းဒဏ်ခံရတဲ့ လပွတ္တာနဲ့ မော်လမြိုင်ကျွန်းဘက်က
သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ မြောင်းမြမြို့မှာ လာရောက်ခိုလှုံနေကြပြီး
အဲဒီအထဲမှာ မိဘမဲ့ကလေး ၃၀၀ ကျော်လောက်ပါဝင်တယ်လို့ ပြောပါတယ်။
အခုအခါမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပေမယ့် ဒုက္ခသည်ဦးရေ များ

လွန်းတာကြောင့် ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ဒီသတင်းကို ထိုင်းအခြေစိုက်သတင်းထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။

မြောင်းမြမြို့မှာ ဒီလ ၆ ရက်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်
ခဲ့ပြီး အခုအခါမှာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း
၁၀ ခုလောက် ဖွင့်ထားပါတယ်။ ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ သောင်းနဲ့ချီ
ရှိနိုင်တယ်လို့ မြောင်းမြမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြင်က
ပြောပါတယ်။

“ကျနော်တို့ကြားတာက မြောင်းမြခရိုင်တွင်းက ဒုက္ခသည်တွေ လက်ခံမယ်ဆိုတဲ့ မူရှိပုံ
ရတယ်။ မြောင်းမြခရိုင်ထဲမှာတော့ လပွတ္တာနဲ့ မော်ကျွန်းက အထိနာသွားတယ်။ အခု

လောလောဆယ် ရောက်နေကြတဲ့အုပ်စုတွေကတော့ လပွတ္တာမြို့နယ်ထဲက ကျေးရွာ
တွေကလူတွေများတယ်။ လက်ခံတဲ့အတိုင်းအတာက အခု တဖွဲဖွဲနဲ့ဝင်လာတယ်။
ဝင်လာတာလည်း တချို့ မော်တော်တွေနဲ့ ရသမျှ ခေါင်မိုးတွေပေါ်တက်ပြီး ပြည့်ကျပ်
စုပြုံပြီး ရောက်လာတဲ့အုပ်စုရှိသလို ကားတွေနဲ့ရောက်လာတဲ့လူတွေလည်း ရှိတယ်။

တချို့ကျတော့လည်း ခြေလျင်ဝင်လာတဲ့အုပ်စုတွေရှိတယ်။ အစားစားပေါ့။ အခု
ကျနော့်စိတ်ထင် တသောင်းခွဲ၊ နှစ်သောင်းလောက်တော့ ရောက်နေပြီထင်တယ်၊
မြောင်းမြမှာ။”

ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်လာတဲ့ ဒုက္ခသည်တွေ များတာကြောင့် ရိက္ခာနဲ့
ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဦးအောင်ကြင်က ဆက်ပြောပါတယ်။

“ကယ်ဆယ်ရေးလုပ်ငန်းက စခန်းဖွင့်ထားတယ်၊ လောလောဆယ် တာဝန်ရှိတဲ့ လူကြီး
တွေလည်း လုပ်နေတယ်။ လုပ်နေတယ်ဆိုတာ လောလောဆယ် တိုင်းမှူးတွေဘာတွေ

လာတယ်ကြားတယ်။ ရောက်လာတဲ့လူဦးရေ အတိုင်းအတာနဲ့ ကယ်ဆယ်ရေးအတိုင်း
အတာကတော့ ကျနော့်အမြင် မလုံလောက်ဘူး။ လူဦးရေကများတယ်၊ ကယ်ဆယ်ဖို့
ဆောင်ရွက်တဲ့ အနေအထားက နည်းနေတဲ့အတွက် အစားအသောက်တွေ အဓိက
လိုတယ်၊ ဆေးဝါးတွေ အဓိကလိုတယ်။”

ဒီလိုဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ဒေသခံပြည်သူတွေက အလှူငွေတွေ
ကောက်ခံပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါ
တယ်။

“လာတဲ့ဒုက္ခသည်တွေအတွက် ကျမတို့ ဒီကနေ အလှူခံတယ်။ အလှူခံ တော်တော်
များများ ထည့်ကြပါတယ်။ တယောက်ကို ၁၀ သိန်း၊ ၁ သိန်း၊ ၂ သိန်းနဲ့။ ပထမနေ့က
အလှူခံဆို ၃၅ သိန်းရတယ်။ ဒုတိယနေ့က အလှူခံဆို သိန်း ၃၀ ရတယ်။”

အဲဒီလို သောင်းနဲ့ချီရှိမယ့် ဒုက္ခသည်တွေထဲမှာ မိဘမဲ့ကလေးငယ် ၃၀၀ လောက် ပါဝင်
နိုင်တယ်လို့ ဦးအောင်ကြင်က ပြောပါတယ်။

“မိဘမဲ့ကလေးတွေ တော်တော်များတယ်။ ကျနော်တို့ရောက်ခဲ့တဲ့ အမှတ် ၄၊ အထက
စခန်းမှာ၊ အဲဒီမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတော့ ကျနော်တို့ ဖြတ်သွားရင်း
ကြည့်လိုက်တော့ ကလေးတွေ တော်တော်များတာ တွေ့တယ်။ ကျနော် သွားတွေ့
ကြည့်လိုက်တော့ တော်တော်များများက မိဘမရှိကြတော့ဘူး။ တချို့ မိသားစုနဲ့ ပါလာ

တာလည်းရှိတယ်။ ကျနော်သိရသလောက်တော့ ၃၀၀ လောက်ရှိတယ်လို့ကြား
တယ်။ ဒါပေမယ့် နောက်ထပ်လည်း အများကြီးထပ်ဝင်လာတုန်းပဲ။”

မိဘမဲ့ကလေးတွေကို အာဏာပိုင်တွေက ဘယ်လို ဆက်လက်စောင့်ရှောက်သွားမယ်
ဆိုတာ မသေချာသေးပေမယ့် တချို့ဒေသခံတွေက ခေါ်ယူစောင့်ရှောက်ဖို့ ပြင်ဆင်
နေတယ်လို့ ဆိုပါတယ်။

“ကျမတို့ကြားရတဲ့အထဲမှာ မိသားစု ၉ ယောက်ရှိရင် ၁ ယောက်တည်းရှင်လာတာတို့၊
အခု ကျမတို့လည်း ၁ ဦးကြားလို့ သွားခေါ်ဖို့ စီစဉ်ထားတယ်။ မိသားစု ၅ ယောက်မှာ
အမေရော၊ အဖေရော၊ မောင်တွေရော အကုန်သေတယ်။ မိန်းကလေးတယောက်
တည်း ရှင်လာလို့။ အဲဒါတောင် ကောက်ရိုးပုံပေါ်မှာ တရက်ကျော်ကျော် မေ့မြောနေ
တာ။ နောက်တော့မှ သွားတွေ့လို့ ရှင်တာတို့ ဘာတို့ အဲလိုမျိုးတွေရှိတယ်။ အဲဒါ
ဘယ်အရွယ်လောက်ရှိမလဲလို့ ကျမမေးတော့ ၁၃ နှစ်လောက်ရှိမယ်လို့ ပြောတယ်။ အဲဒီကောင်မလေးတယောက်က။”

ဒီလို ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြောင်းမြမြို့ပေါ်မှာသာမကဘဲ အနီးအနားက
ကျေးရွာတွေကပါ ဒုက္ခသည်တွေကိုလက်ခံပြီး နိုင်သလောက် ကူညီပေးနေကြတယ်လို့
ဆိုပါတယ်။

မြောင်းမြမြို့လိုပဲ မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးမခံရတဲ့ ပုသိမ်မြို့မှာလည်း ကယ်ဆယ်
ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အဓိကကတော့ အာဏာပိုင်တွေက ပုသိမ်
ခန်းမမှာ ကယ်ဆယ်ရေးပစ္စည်းတွေကို စုဆောင်းပြီး ဒုက္ခသည်တွေကို ဆန်၊ ဆီ၊ ဆား၊
အာလူး၊ ကြက်သွန် စတာတွေကို ဖြန့်ဝေပေးနေပါတယ်။ ပုသိမ်မှာတော့ ဒုက္ခသည်
စခန်း ၄ ခုလောက်ရှိပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ ၃၀၀ ကျော်လောက်သာရှိနိုင်တယ်၊
ပုသိမ်ဘက်ကို လာရောက်ကြတဲ့ ဒုက္ခသည်တွေက ဟိုင်းကြီးကျွန်း၊ သင်္ဃန်းကုန်းနဲ့ ဇီးဖြူကုန်းဘက်ကလူတွေ များတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။


Eighty Thousand People Dead’; Cholera Cases Reported


By AUNG THET WINE / BOGALAY Thursday, May 8, 2008

E-MAIL
PRINT

(An Irrawaddy correspondent has returned from the delta area after interviewing military officers, government officials, medical personnel and survivors of Cyclone Nargis.)

An army major with the Irrawaddy Division military headquarters who asked not to be identified said on Wednesday more than 600 villages are submerged in the Irrawaddy delta along Cyclone Nargis’ deadly path.

Multimedia (View)
The worst-hit areas are Bogalay, Laputta, Mawlamyaing Gyun and Pyapon townships where, he said, more than 80,000 people have died and more than 700,000 people are homeless.

Local medical personnel said some survivors from Kyein Kyi Chaung village in Bogalay have died of cholera. Cholera has also occurred among some survivors from Laputta. The government has been transferring Laputta refugees to Myang Mya Township daily, according to an army officer.

“The cholera outbreak has begun,” said one medical worker. “People have nothing to drink so they drink water from the creeks and rivers. So that is how the outbreak began.

“These waterways are dirty because they are littered with bodies and animals. The survivors know the water is dirty, but they have no other choice and have had to drink the dirty water. That’s how they contracted cholera.

“This is the time for us to stock up on cholera medicine for the possibility of an outbreak in the near future. However, we do not have enough medicine.”

Bogalay was the hardest-hit township with the highest death toll, believed to be around 50,000 people. The military officer said the second largest death toll was in Laputta, with Pyapon third in the number of fatalities.

“Laputta had nearly 20,000 deaths,” he said.

An army officer with Light Infantry 66 who has been involved in relief efforts said:
“A total of 142 villages went under water in Bogalay Township. The majority of the people in these villages have died. Only a few survived. For instance, Khaing Shwe Wa village in Kyun Thaya Dai Nel (village tract) had about 400 people before the cyclone; now they have only four people left. So you can say that the whole village was wiped out.”

All 50 villages in Kyun Thaya Dai Nel located between Meinmahla Kyun and Kadonkana islands southwest of Boglay are submerged. (The villages include Mi Laung Gwin, Kapanan, Yei Kyaw Gyi, Chaung Phye, Gway Chaung, Khaing Shwe Wa, Danyinphyu, inner and outer parts of Khaung Gyi Island, Buyakyaung, Hmon Tine Gyi, Hmon Tine Lay, Tayaw Chaung, Pulonetaing, Ashe-mae, Kantmalar, Chachee Island village, Thakinma Gyi, Thitpoke village, Letwel Gyi, Kyat Pyay and Thamadi).

Thirty-three villages located in the Kyein Chaung Gyi village tract about 40 miles (64 kilometers) west of Bogalay were wiped out, including Shwe Htoo, Lamu Oat Gyi, Lamu Oat Lay, Ma Kyin Myaing, Hlay Lone Kwe, Arr-makhan, Japan Island and Lay Gwa.

The officer from Light Infantry 66 said thousands of people were rescued in recent days from villages where the water level has gone down.

Local residents said many people have seen no relief supplies during the past six days following the disaster. People do not know where to go to seek help, and they are in desperate need of safe drinking water, food and medicine.

A government officer with the Maternal and Child Care Association serving Laputta and Pyapon said there is widespread fear of diseases such as malaria, diarrhea and cholera because of dead bodies that litter the area and unsanitary living conditions.

A resident in the Kadon village tract who has been involved in the relief effort, said: “We are using May Kha, a double-deck boat; Thuria, a long-tale boat; and local fishing boats known as jote (30-35 feet long) in our efforts to find survivors.”

Another soldier with Light Infantry 66 said, “There is not even a trace of a village left after the water has receded; they are just open, empty places now. There are thousands of decaying corpses around islands, villages and along the waterfronts. There is no one to cremate the bodies.”

A rescue worker said: “There’s a pile of dead bodies amounting to hundreds in and around Mein Ma Hla Island. The waterfront along this area is littered with bodies, carcasses of live stock, buffaloes, cupboards, furniture and other household materials.

မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အနှောင့်အယှက်တွေ ကြုံနေရ

08 May 2008

ဦးသားညွန့်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးသားညွန့်ဦး - နားဆင်ရန် (MP3) audio clip












မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီပေးရေးမှာ

အနှောင့်အတားတွေ ဖြစ်နေရုံတင်မကပါဘူး၊ အခုဆိုရင် ပြည်တွင်းမှာပဲ တတ်နိုင်
တဲ့သူတွေစုပြီး ဒုက္ခရောက်သူတွေကို သွားရောက်ကူညီတာ၊ ပစ္စည်းလှူဒါန်းတာ
တွေပါ အနှောင့်အယှက်ဖြစ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

အကြောင်းစုံ မေးမြန်းထားသမျှ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အခုဆိုရင် ရန်ကုန်ဆင်ခြေဖုံးအရပ်တွေမှာ မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်သူတွေ
အဖို့ သောက်ရေသန့်၊ အစားအစာ၊ အ၀တ်အထည်၊ နေစရာ အားလုံး ဆင်းရဲချို့တဲ့နေ
တာကြောင့် တတ်နိုင်သူတွေအဖို့ သူတို့နိုင်သလောက် အလှူငွေတွေ၊ အလှူပစ္စည်းတွေ

ကောက်ခံစုဆောင်းပြီး တနိုင်တပိုင် ကူညီမှုတွေ လုပ်နေပါတယ်။ အစိုးရအာဏာပိုင်
တွေဘက်က အကူအညီတွေ ပေးတာရှိပေမယ့် ရုပ်မြင်သံကြားမှာပါဖို့ကို ပိုပြီး အလေး

ပေးနေတယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။ ဒါ့အပြင် ဒီလို တပိုင်တနိုင် ကူညီနေသူ
တွေကိုလည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဘက်က မေးတာမြန်းတာ၊ နှောင့်ယှက်

တာမျိုးတွေရှိတယ်လို့ လေဘေးဒုက္ခသည်တွေကို သွားရောက်ကူညီနေသူ ရန်ကုန်မြို့ခံ

တဦးက အခုလိုပြောပါတယ်။

“အစ်မတို့ မနေ့က သွားဝေတယ်။ ဝေတဲ့အခါ ရ၀တကို ဆက်သွယ်ပါလို့ပြောတယ်။

ဘာကြောင့်ဆက်သွယ်ရမှာလဲ။ ကျမတို့ ပြည်သူတွေအကုန်လုံးက ဝေချင်တယ်။
သို့သော် ကြားထဲက ဖြတ်စားမှာကြောက်တဲ့အတွက် ပြည်သူတွေမှာ မဝေနိုင်ဘူး။

ယုံကြည်စိတ်ချရတဲ့ လူတွေကတဆင့် ပြည်သူပြည်သူချင်း၊ ဒုက္ခရောက်သူချင်း တလုံး
တစည်းတည်း မျှဝေဖို့ အားလုံးမှာ အဆင်သင့်ရှိတယ်။ သို့သော် သူတို့ကိုမယုံတဲ့
အတွက် ဘယ်ပြည်သူကမှ မထွက်ရဲဘူး။ မနေ့က အစ်မတို့ မိန်းကလေး ၆ ယောက်
သွားတယ်။ လမ်းမှာလည်း အစ်မတို့ အဲလို သွားလှူတယ်ဆိုရင် ရ၀တကို ဆက်သွယ်ပါ။
ရ၀တတွေက ထွက်လာတယ်၊ တားတယ်။ ဒါပေမယ့် အစ်မတို့ကပြောတယ်၊ ကျမတို့

ဘယ်သူ့အဖွဲ့အစည်းမှလည်း မဟုတ်ဘူး၊ ဘေးဖယ်ဆိုပြီး ဆက်သွားတယ်။ ဖြစ်လာရင်
အစ်မတို့ကို ကားပေါ် အတင်းဆွဲတင်ရင် တနေရာရာကို တိုင်မှာပဲဆိုပြီး ဖုန်းတွေ အဆင်သင့်

ဖွင့်ထားတယ်။ ရ၀တ တယောက်ကို အစ်မတို့ ကန်လိုက်တယ်။”

အစ်မတို့ ဘယ်နေရာမှာလှူတာပါလဲ။

“တောင်ဒဂုံ၊ ၁၀၂ ရပ်ကွက်၊ ရွှေဝါထွန်းလမ်းမှာ အစ်မတို့ရောက်တယ်။ ဒါပေမယ့် အဲဒီ
နေရာမှာ ဘာကယ်ဆယ်ရေးမှ မလာသေးဘူး။ လူတွေက အကုန်ငတ်နေတယ်။ အစ်မ
တို့ ငွေ ၁၂ သိန်းကျော်ဝေတယ်။ အကုန်လုံး ကုန်သွားတယ်။ ဒါပေမယ့် ဘယ်သူမှ
မျှမသွားနိုင်ဘူး။ အ၀တ်အစား တစမကျန် ဝေတာလည်း မမျှသွားနိုင်ဘူး။ အဲလို
ငတ်နေတဲ့လူတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့ သူတို့ အခမ်းအနားတွေနဲ့ တိုက်ပုံ
တွေနဲ့ ဆန်တွေ ဆီတွေ ဝေနေလဲ။ ဒီအချိန်မှာ လိုအပ်တာ အခမ်းအနားမဟုတ်ဘူး။
အဲဒါတွေကို ပြည်သူတွေရင်ထဲမှာ ရှိနေတယ်ဆိုတာ သိစေချင်တယ်။

“အစ်မတို့ ထမင်း တပန်းကန်စာရှိရင် တ၀က်ခွဲလှူမှာပဲ။ လူတိုင်းရဲ့စိတ်ထဲမှာရှိတယ်။
အားလုံး ခံစားရတာ။ ရန်ကုန်မြို့မှာ တိုက်နဲ့တာနဲ့နေလို့လည်း ခံစားရတာပဲ၊ တဲနဲ့နေလို့
လည်း ခံစားရတာပဲ။ အကုန်လုံးခံစားနေရတဲ့အတွက် ကိုယ်ချင်းစာကြတယ်။ ဗုဒ္ဓ
ဘာသာပီပီ အကုန်လုံး လှူချင်တန်းချင်နေကြတာပဲ။ သို့သော် ဘာဖြစ်လို့ အဲလို
အနှောင့်အယှက်၊ အဟန့်အတားတွေ ပိတ်နေတာလဲ။ ဒီလိုအလှူမျိုးကိုပိတ်တာ
ဘယ်ဘ၀ကိုရောက်မယ်ဆိုတာ ဗုဒ္ဓဘာသာတိုင်း သိသင့်ပါတယ်။”

အလားတူ တနိုင်တပိုင် ကူညီနေတာတွေထဲမှာတော့ ရုပ်ရှင်မင်းသား ကျော်သူ၊
ရုပ်ရှင်မင်းသား ဝေဠုကျော် စတဲ့ အနုပညာရှင်အချို့လည်း ပါပါတယ်။ ဒီကနေ့တော့
သူတို့ တညင်ဘက်ကိုသွားပြီး အကူအညီတွေပေးနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

“မနေ့က တောင်ဒဂုံ ကျည်ဆုနားမှာ သွားလှူတယ်။ လေဘေးဒုက္ခသည်တွေ၊ အိမ်ခြေ
တွေမရှိဘဲ ပျောက်သွားတဲ့လူတွေ၊ ဒုက္ခသည်တွေကို တအိမ်ထောင် ဆန် ၃ ပြည်
သွားလှူကြတယ်။ အခုလည်း တညင်ဘက်မှာ သွားလှူနေပါတယ်။ ကျနော်တို့နဲ့အတူ
ရုပ်ရှင်ထဲက ဝေဠုကျော်လည်း လိုက်လှူနေပါတယ်။ မနက်ဖြန်ဆိုရင် လူကြမ်းအဖွဲ့တွေ

ကျနော်တို့နဲ့လိုက်ပြီး လုပ်အားပေးလိမ့်မယ်။”

ကိုကျော်သူ မြင်ရသမျှ အခြေအနေလေး ပြောပြပါလား။ မနေ့ကလည်း တောင်ဒဂုံ
ဘက် သွားလှူတယ်ဆိုတော့ အဲဒီမှာ ဖြစ်နေတဲ့အခြေအနေတွေ ဘယ်လိုရှိလဲခင်ဗျ။

“မြင်ရတာကတော့ဗျာ ကျနော်တို့လည်း ဒါမျိုး တခါမှမကြုံဖူးဘူး။ အိပ်မက်လိုကို
ဖြစ်နေတယ်။ အကုန်လုံး လဲပြိုပြီး စားဖို့ကအစ ဒုက္ခရောက်နေကြတယ်။ ကျနော်
မြင်တာကတော့ နောက်ပိုင်း ကျန်းမာရေးကိစ္စတွေ ၀င်တော့မယ်။ ပြဿနာတွေက
ရှိတော့၊ ကလေးတွေရော ၀မ်းရောဂါတွေ ဘာတွေ ဖြစ်ဖို့များနေပြီ။”

အခုလို အကူအညီတွေပေးဖို့ ကြိုးစားတဲ့အထဲမှာ ပြည်ပရောက် မြန်မာတွေလည်း
ပါဝင်ပါတယ်။ စင်ကာပူနိုင်ငံရောက် မြန်မာတွေကလည်း သူတို့ နိုင်သလောက်
ကူညီဖို့ ကြိုးစားနေကြပါတယ်။

“ဒီမှာရှိတဲ့လူတွေအကုန်လုံးက ကိုယ့်နိုင်ငံမှာရှိတဲ့ ဒုက္ခရောက်နေတဲ့လူတွေကို
ထောက်ပံ့ဖို့ အားလုံးက စိတ်တူကိုယ်တူ ရှိကြတယ်။ အဲဒါကြောင့် စိတ်တူကိုယ်တူရှိတဲ့
လူတွေစုပြီး သူငယ်ချင်းတွေ အကုန်လုံးက ထည့်ချင်ကြတယ်။ ဘယ်လိုထည့်မလဲ၊
လူတွေ တနေရာမှာစုထည့်ဖို့အတွက် နေရာလေးရှိသင့်တယ်ဆိုပြီး လမ်းပြကြယ်
စာကြည့်တိုက်မှာ ကျနော်တို့ကို နေရာပေးဖို့ပြောပြီး လမ်းပြကြယ်စာကြည့်တိုက်မှာ

နေရာလေးတခုတောင်းပြီး အလှူခံပုံးလေးဖွင့်ထားတယ်။ လူတွေက လာထည့်ကြ
တယ်။ အဲဒါတွေကို ကျနော်တို့က စုဆောင်းပြီး နာရေးကူညီမှုအသင်းကို လှမ်းပြီး
လှူဒါန်းတယ်။ နာရေးကူညီမှုအသင်းကနေ မြန်မာပြည်ထဲမှာ ဝေငှတယ်။ ဒီပုံစံပဲ
လုပ်နေတာပါ။”

ရန်ကုန် ဆင်ခြေဖုံးအတော်များများမှာတော့ အာဏာပိုင်တွေက အကူအညီပေးတာ
တွေထက် တတ်နိုင်သူတွေက စုပြီး အစုလိုက် ဆန်ဝေတာတွေ ဒီကနေ့လုပ်နေတယ်
လို့ သိရပါတယ်။ မြို့ထဲမှာတော့ အပေါ်ဆုံးထပ်တွေအတွက် သွပ်ပြား ၁၂ ချပ်စီကို
အာဏာပိုင်တွေက ဈေးလျှော့ပြီး ရောင်းချပေးနေပါတယ်။ ရန်ကုန်မြို့ထဲမှာတော့ နေရာ

အတော်များများ မရှင်းရသေးဘဲ အမှိုက်ပုံတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့တော့ ရန်ကုန်နေရာအတော်များများမှာ စစ်တပ်က လုံခြုံရေးယူ

ချထားတာတွေလည်း တွေ့နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

A Cyclone Diary


By KYI WAI / RANGOON Thursday, May 8, 2008

E-MAIL
PRINT

Sanchaung Township. May 2-3

I first heard that a cyclone was approaching Burma on the 1 p.m. news on May 2. The next day, the cyclone’s approach was reported in the state-published newspapers, but the item was buried amid other news. The constitutional referendum planned for May 10 dominated the headlines. Later I heard that many people had overlooked the news item, believing it was of little importance.

Flooded villages are seen in this aerial view near an airport in Rangoon on May 5. (Photo: Reuters)
At about 2 p.m. On May 3, a friend from Bassein, capital of Irrawaddy Division, called me with the news that the cyclone had hit Haing Gyi island in the Irrawaddy delta. Some villages near Chaung Thar beach had reportedly disappeared. I tried to call Chaung Thar to confirm the news but I couldn't get through.

Journalists from some Rangoon publications set out that day to try and reach Bassein, but I later heard that they hadn’t been able to get there.

Offices and schools in Rangoon closed early, and worried groups of residents gathered at bus stops.

Myanmar TV carried storm warnings on its 6 p.m. and 8 p.m. newscasts, but few viewers took the news seriously—not much credence is given to anything carried by the state media.

It rained later that night, and the wind picked up, growing stronger all the time. At 2 a.m. On May 3, the howling wind woke people up and frightened the children. At around 4 a.m. the residents of one eight-story apartment block left their homes and sought shelter on the ground floor. Zinc roofing was being ripped off the building and the rain was penetrating homes.

May 3

Residents fill water into tanks after water shortage in Rangoon. (Photo:Reuters)
In her dilapidated home in Rangoon’s Wartayar district, Ma Oo, a food vendor, described how she recited Than Buddhe rhymes to her eight year-old son and five year-old daughter to comfort them.

She heard cries of help and ran outside, taking the children—just in time to see their home collapse before their eyes. A neighbor, Ma Kyin Ngwe, called them over to her own ruined home, and they hugged the ground as the wind sent pots, pans and furniture flying around them.

There was no escape from the fury of the storm. Wartayar is a raw, treeless place, accommodating people made homeless by a disastrous fire in Rangoon’s Hlaing Township.

May 3, 11 a.m.

The wind began to slacken. In its wake it left behind a scene of devastation—fallen trees and power lines, roofless buildings, collapsed homes. Shocked residents gathered outside to assess the damage.

May 3, Noon

Cars line up for petrol at a petrol station in Rangoon on Wednesday. (Photo:AP)
People began to tour the streets, looking for shops that would sell them food and other provisions. Many shops were closed, and those shopkeepers who opened their doors demanded inflated prices.

Many prices had doubled virtually overnight. A duck egg now cost 200 kyat (18 US cents). Zinc roofing—now in big demand—had jumped in price from 1,200 kyat ($1) per square foot to as much as 3,000 kyat ($2.7).

Neighbors helped each other. A resident of Rangoon’s Shwepyithar district said, "We had to. Anybody with sufficient rice distributed it to those in need, starting with children and the elderly.”

May 4

The demand for zinc roofing sheets and rice grew still further. Buses were back in service, but fares had risen astronomically. A 50 kyat (4 US cents) ticket now cost 2,000 kyat ($1.60).

Taxi fares also jumped, keeping pace with increases in the price of fuel. Not only fuel was in short supply—clean water, too, was hard to find and cost up to 3,000 kyat ($2.40) for 20 liters.