10.27.2008

Asian (con)Fusion: Release Aung San Suu Kyi

Assk By Andrew Buncombe

At her house on Rangoon's University Avenue, Aung Sang Suu Kyi sits and waits. Imprisoned off and on for the best part of two decades, this weekend marked 13 years of accumulated time she has spent either in prison or else under house arrest. Remarkably it also marked the first time that Western and Asian leaders came together to demand the release of political prisoners such as her.

At the Asian-European summit in Beijing, a statement was released which said: "Leaders... encouraged the Myanmar government to engage all stakeholders in an inclusive political process in order to achieve national reconciliation and economic and social development. In this regard, they called for the lifting of restrictions placed on political parties and early further release of those under detention."

Clearly, it's one thing for European countries that have little or no stake in Burma to call on the military junta to free prisoners and quite another for China, the regime's main backer, to do so.

Activists said they were pleased. "This is a significant breakthrough," said Mark Farmaner, of the Burma Campaign UK. "It's the first time we've had Europe and Asia come together in this way to demand real political progress in Burma. The demand to release political prisoners is particularly significant."

Last month, the regime said it was releasing 9,000 prisoners, including six political prirsoners, one of whom I spoke with. (One of the six, U Win Htein, was promptly rearrested and returned to jail.)

But what seems clear is that however many prisoners may have been released - it is impossible to verify the numbers - the vast majority of the political prisoners imprisoned in the aftermath of last year's democracy protests remain in jail. Indeed, the Burma Campaign UK believes the number of such prisoners of conscience has doubled to 2,100 since last year. In December, UN Sec General Ban-Ki Moon is to hold unprecedented talks with the regime's leaders. Let's hope he remembers the woman at 54 University Avenue and the hundreds of others thrown behind bars by Burma's generals.

First Burmese official visit to NKorea in 25 years

Updated October 27, 2008 22:14:42

Burma's foreign minister Nyan Win arrived in North Korea on Monday, becoming the most senior Burmese government official known to have visited the country since ties were severed in 1983 in the wake of a bomb attack in Rangoon in which North Korean agents were implicated.

North Korea's official Korean Central News Agency reports that Nyan Win was greeted at Pyongyang's airport by North Korea's Vice Foreign Minister Kim Yong Il and other officials.

The development comes a year and a half after the two governments agreed to reestablish diplomatic relations.

They fell out after North Korean agents attacked a South Korean delegation in Yangon on October 9, 1983, during an official visit by then South Korean President Chun Doo Hwan.

More than 20 people were killed in the bomb attack, including 17 South Koreans, four of them ministers, and more than 40 people were wounded.

Mr Chun was saved because his car had been delayed in traffic.

နိုင်ငံရေးအကဵဉ်းသားတွေရဲႚ အမှုတွေကို အျမန္စီရင္ခဵက္ခဵဖိုႛ ပြည်ထဲရေးကညွှန်ကြားထား

2008-10-26

ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကဵဉ်းသားတွေရဲႚ အမှုတွေကို အမြန်အဆုံး စီရင်ခဵက်ချနိုင်အောင် အောက်တိုဘာလ မကုန်ခင် အ္ဘပီးစစ်ဆေးဖိုႛ အာဏာပိုင်တွေက ပြည်နယ်နဲႛ တိုင်းအလိုက် တရားရုံးတွေကို လျှို့ဝှက် အကြောင်းကြားထားတယ်လိုႛ သိရပၝတယ်။

္ဘပီးခဲ့တဲ့ အပတ်ကတည်းက ပြည်နယ်နဲႛ တိုင်းတွေက တရားရုံးတွေကို ပြည်ထဲရေးဝန်ကြီး ဌာနကနေ အကြောင်းကြားထားတာဖြစ်ပါတယ်။ဝန်ကြီးဌာနနဲႛ နီးစပ်တဲ့သူတဦးက သက်ဆိုင်ရာ တရားရုံးတွေကိုပြောတာ၊ ဒီလနောက်ဆုံးပတ်မှာ နိုင်ငံရေးမှုတွေကို အ္ဘပီးဖြတ်ဖို့ညွှန်ကြားထားတယ်၊ နိုင်ငံရေးမှုဆိုတာ အခုရန်ကုန် မန္တလေးမှာရှိတဲ့ အမှုတွေ အဲဒၝတွေကို တပတ်အတွင်း အ္ဘပီးဖြတ်ရမယ်၊ စီရင်ခဵက်ခဵရမယ်။"ဟုအမိန်းပေးထားကြောင်းပြေပြပါသည်။

အာဏာပိုင်တွေက အစည်းဝေးထိုင် ညွှန်ကြားခဲ့တာဖြစ်္ဘပီး စာထုတ်ပြန် အကြောင်းကြားတာ မရှိဘူးလိုႛလည်းနိုင်ငံရေးအမှုတွေနဲႛ နီးစပ်သူတွေက ပြောပၝတယ်။

မန္တလေး္ဘမိုႚက နိုင်ငံရေးအမှုတွေဆိုရင် ဒီလထဲမှာ အ္ဘပီးသတ်စစ်ဆေးရမယ်ဆိုတဲ့ အမိန်ႛကြောင့် တရားခံ တောင်းဆိုထားတဲ့ ထောင်မှူးတွေဆင့်ခေၞကြားနာရေး ကိစ္စမျိုးတောင် အာဏာပိုင်တွေဖက်က ပယ်္ဘပီး အမြန်စီရင်ခဵက် ခဵခဲ့တယ္လိုႛ သိရပၝတယ္။

ပဲခူးတိုင်းဖက်မှာဆို အောက်တိုဘာလထဲမှ္ဘာပီးနိုင်ဖိုႛ ရန်ကုန် အင်းစိန်ထောင်ပိုႛ စစ်ဆေးဖိုႛ ပြင်ထားတယ်လိုႛ သိရပၝတယ်။ ရန်ကုန်မှာဆိုရင်လည်း္ဘမို့ထဲက ထောင်အပြင်ရုံးတွေမှာ စစ်နေတဲ့ နိုင်ငံရေးအမှုတွေကို အင်းစိန်ထောင်ကို လႊဲပိုႛစီရင္ဖိုႛ ပြင်နေတာတွေလည်း ရှိတယ်လိုႛ နီးစပ်သူတွေက ပြောပၝတယ်။

ဒီလို နိုင်ငံရေးအမှုတွေ အျမန္စီရင္ခဵက္ခဵ အဆံုးသတ္ဖိုႛ အာဏာပိုင္ေတြဖက္က ျပင္ဆင္လာတာမဵိဳး ႓ပီးခဲ့တဲ့အပတ္ထဲမွာတင္ ေတြႛလာရတယ္လိုႛ ရန်ကုန်နိုင်ငံရေး အသိုင်းဝိုင်းကလည်း ပြောပၝတယ်။ ဥပမာ ၈၈ ကေဵာင်းသားတွေရဲ့ အမှုမဵိုးဆိုရင် ခဵိန်းနေကဵ နေႛတွေမှာတင် မဟုတ်တော့ဘဲ ရက်စိပ်္ဘပီး ထပ်ခဵိန်းတာမဵိုးတွေ ရှိလာပၝတယ်။

ဒီကိစ္စနဲႛ ပတ်သက်္ဘပီး နိုင်ငံရေးအမှုတွေကို လိုက်ပၝပေးနေတဲ့ ရှေ့နေဦးခင်မောင်ရှိန်ကတော့ လက်တွေ့မှာ လုပ်ဆောင်ဖိုႛ မဖြစ်နိုင်ဘူးလိုႛ မှတ်ခဵက်ပေးပၝတယ်။

ဒီလို နိုင်ငံရေးအမှုတွေကို အမြန်စီရင်ခဵက်ခဵအောင် ကြိုးစားလာတာဟာ တရားမျှတမှု အတွက် ထိခိုက်နိုင်သလို နိုင်ငံရေးစွဲခဵက်နဲႛ ဖမ်းထားသူအမဵားစုလည်း အပြစ်ရှိကြောင်း စီရင္ခဵက္ခဵခံရဖိုႛ အလားအလာ မဵားလာတယ္လိုႛလည္း တျခားဥပေဒပညာရွင္တဦးက ပြောပၝတယ်။

စစ်တွေ တက္ကသိုလ် ကျောင်းသား တဦး ဖမ်းဆီးခံရ

10/26/2008

ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်မှ ပထမနှစ်ကျောင်းသား တဦးကို ပြည်ပရှိ ကျောင်းသား အဖွဲ့အစည်း တခုနှင့် ဆက်သွယ်မှုရှိသည်ဟုကာ စစ်တွေရဲက ဖမ်းဆီ်းထားသည်ဟု သူ့သူငယ်ချင်း တဦးက ပြောသည်။

ဖမ်းဆီးခံထားရသူမှာ ကိုနီမင်းအောင် (ဘ) ဦးထူးကျော်ဖြစ်ပြီး စစ်တွေမြို့ ဓည၀တီ ရပ်ကွက်မှ ဖြစ်သည်။

သူ့အား အောက်တိုဘာလ ၈ ရက်နေ့က သူဖခင်ပိုင် ထူးကျော် ဘက်ထရီဆိုင်မှ ရဲတပ်ဖွဲ့ဝင်များက ခေါ်ယူသွားပြီး ယခုအခါ စစ်တွေ အမှတ် ၁ ရဲစခန်းတွင် ချုပ်နှောင် ထားသည်ဟု သူကပြောသည်။

ယခုအချိန်ထိ တရားရုံးထုတ်ပြီး အမှု စစ်ဆေးမှု မရှိသေးကြောင်း သိရသည်။

ကိုနီမင်းအောင် ဖမ်းဆီး ခံရပြီးနောက် ကျောင်းသား အနည်းဆုံး ၁၁ ဦးခန့်ထွက်ပြေး တိမ်းရှောင်နေကြရသည်။

သူတို့ ၁၁ ဦးအား ပြည်ပ ကျောင်းသား အဖွဲ့အစည်း တခုခုနှင့် အဆက်အသွယ် လုပ်သည့် စွဲချက်ဖြင့် ဆက်လက် ဖမ်းဆီးလာနိုင်သဖြင့် ရှောင်တိမ်းနေကြခြင်း ဖြစ်ကြောင်း ကိုနီမင်းအောင် သူငယ်ချင်းက ပြောသည်

သတင်းထိန်ချန်ခြင်းလိမ်ညာခြင်းများ လုပ်လိုပါကပြန်ကြားရေးဝန်ကြီးဌာနသို့ဆက်သွယ်ပါရန်

အစိုးရဌာနများအနေဖြင့် ထိန်ချန်ပိတ်ပင်လိုသော သတင်းများကို ပြန်ကြားရေး ၀န်ကြီးဌာနသို့ ကြိုတင် အကြောင်းကြားလျှင် ပူးပေါင်း ထိန်းချုပ်ပေးမည် ဖြစ်ကြောင်း ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဖိတ်ခေါ်ထားသည်။

"မိမိတို့ ဌာနဆိုင်ရာနှင့် ပတ်သက်၍ ဖော်ပြခွင့် မပြုလိုသော၊ ထိန်ချန်လိုသော၊ ထိန်ချန် ပိတ်ပင်ထားလိုသော သတင်း အကြောင်းအရာများ ရှိပါက" "ပြန်ကြားရေးဌာနသို့ စာဖြင့် ကြိုတင်ညှိနှိုင်း ပေးပို့ထားမည် ဆိုပါက သင့်လျော်သလို ထိန်းချုပ် ချပြပေးနိုင်မည် ဖြစ်ပါသည်" ဟု ပြောခဲ့ကြောင်း မဇ္ဇျိမသတင်းတရပ်တွင် ဖေါ်ပြသည်။
"စာပေစိစစ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ၀န်ကြီးဌာနအလိုက် သတင်းထုတ်ပြန်ရေး စနစ်နှင့် သတင်းညှိနှိုင်းစနစ်များ ထားရှိ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ" စာတွင် ပြန်ကြားရေးဝန်ကြီး လက်အောက်ရှိ စာပေစိစစ်ရေးဌာနအတွက် ကန့်သတ်ရမည့် အသုံးအနှုန်း၊ အကြောင်းအရာနှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ်ထားခြင်းမရှိ၍ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲ ရှိနေရာ လိမ်ညာဖေါ်ပြလိုလျှင်၎င်း၊ သတင်းထိမ်ချန်လိုလျှင်၎င်း အတွေ့အကြုံရှိပြီး လုပ်နေကျဖြစ်သော သူ၏ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်သွယ်ရန် ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းက ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် "အထူးသဖြင့် ဌာနဆိုင်ရာများနှင့် ပတ်သက်သည့် သတင်းများ၌ သက်ဆိုင်ရာဌာနနှင့် စာနယ်ဇင်းသမားများအကြား မကြာခဏ အငြင်းပွားဖွယ် အခြေအနေများ ပေါ်ပေါက်လျက်ရှိကြောင်း တွေ့ရှိရပါသည်" ဟု ဆိုထားရာ သူတို့စိတ်တိုင်းကျ
လိမ်ညာဖေါ်ပြခြင်းမရှိသဖြင့် အလိုမကျဖြစ်နေပုံရသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ ၂၀၀၈ ခုနှစ်အတွက် ၁၇၃ နိုင်ငံအား လေ့လာချက်တွင် သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုအဆင့်၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၀ တွင် ရှိနေသည်။ သူ့ထက်ဆိုးရွားသော နိုင်ငံ ၃ ခုမှာ တာ့ခ်မေနစ်စတန် (Turkmenistan) ၊ မြောက်ကိုရီးယားနှင့် အီရီထရီးယား (Eritrea) တို့ ဖြစ်ရာ သူတို့ထက်သာသူရှိနေသေးခြင်းကိုလဲ မနာလိုဖြစ်နေပုံရပါသည်။

RSF က မြန်မာနိုင်ငံတွင် "သတင်းသမားများ၊ ပညာတတ်များနှင့် နိုင်ငံခြားသားများကိုပင် စစ်အစိုးရက ရန်သူအဖြစ် ရှုမြင်ကြသည်” ဟု ပြောထားသည်။တကယ်တော့ မြန်မာနိုင်ငံသားအားလုံးကို ဒီမိုကရေစီတောင်းခဲ့ခြင်းကြောင့် ရန်သူ
အဖြစ်ရှုမြင်နေခြင်းသာဖြစ်သည်။

ဗိုလ်မှူးချုပ် ကျော်ဆန်း၏ စာတွင် ၀န်ကြီးဌာနများကို သတင်းထုတ်ပြန်ရေး အဖွဲ့များဖြင့် သတင်းထုတ်ပြန်ရန် တိုက်တွန်းလိုက်ထားသည့်အပြင်.."မိမိတို့၏ သတင်းများကို ထိန်းချုပ်ထားခြင်းထက် မိမိလိုလားသည့်အတိုင်း
ပညာသားပါပါ ကြိုတင်အသိပေးခြင်းဖြင့် (Pre-emptive) လက်ဦးမှု ရယူဆောင်ရွက်ခြင်းက မိမိတို့အတွက်
ပိုမိုကောင်းမွန် အကျိုးရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်" ဟု ပြောဆိုခဲ့ရာ သတင်းလိမ် သတင်းညာထုတ်ပြန်
လိုသူများနှင့် သတင်းထိမ်ချန် လိုသူများ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်နိုင်ပါကြောင်း တင်ပြလိုက်ရ
ပါသည်။

ဘဝမြန်မြန်ပြောင်းနိုင်ရေးအတွက် သမ္မတကြီးဦးသန်းရွှေဟုခေါ်ကြပါရန်

နေပြည်တော်နှင့်နီးစပ်သောသတင်းရပ်ကွက်များအဆိုအရ၂၀၁၀ရွေးကောက်ပွဲ
တွင်ပေါ်ထွက်လာမည့်အရပ်သားအစိုးရကိုဗိုလ်ချုပ်မှူးကြီးသန်းရွေကနိုင်ငံတော်
သမ္မတအဖြစ်၎င်း၊ဗိုလ်ချုပ်ကြီးမောင်အေးကဒုသမ္မတ၊ဒုတိယဗိုလ်ချုပ်ကြီးသီဟ
သူရတင်အောင်မြင့်ဦးကဝန်ကြီးချုပ်အဖြစ်၎င်းဗိုလ်ချုပ်ကြီးသူရရွှေမန်းကရာထူး
တိုးပြီးကာကွယ်ရေးဝန်ကြီးအဖြစ်ဆောင်ရွက်ရန်အသီးသီးလက်ဝါးရိုက်ထားပြီး
ဖြစ်သည်ဟုဆိုသည်။

ဦးသန်းရွှေ၏လက်ရင်းတပည့်ဦးအောင်သောင်းကတော့မန္တလေးတိုင်းမှအရွေးခံ
မည်ဟုပြောဆိုခဲ့သည်။နေပြည်တော်တွင်တည်ဆောက်နေသောသမ္မတနှင့်ဒုတိ
ယသမ္မတအိမ်တော်များလည်းအပြီးသတ်ခါနီးပြီဖြစ်သည်။

အရပ်သားအစိုးရသစ်အတွက်တည်ဆောက်နေသောလွတ်တော်အဆောက်အဦး
သည်လည်းအပြီးသတ်တော့မည်ဖြစ်ပြီး။လွှတ်တော်ရုံးအဖွဲ့တွင်ရုံးထိုင်ရန်စစ်ဗိုလ်များ
ကိုပင်စတင်စီစစ်ရွေးချယ်နေပြီဖြစ်ရာရွေးကောက်ပွဲအတွက်အပိုင်တွက်ထားပြီး
ဖြစ်ပုံရပါသည်။

အမှန်စင်စစ်ဆိုရလျှင်ဦးသန်းရွှေသည်သူ့ကိုယ်သူစစ်အာဏာရှင်မျိုးဆက်တွင်
ကံအဆိုးဆုံးဖြစ်သည်ဟုယူဆထားပုံရပါသည်။သူတို့ပါပါကြီးဟောင်းဦးနေဝင်း
သည်စစ်အာဏာသိမ်းဗိုလ်ချုပ်ကြီး၊ဝန်ကြီးချုပ်လမ်းစဉ်ပါတီဥက္ကဌကြီးစသည်
ဖြင့်ဂုဏ်ပုဒ်ကြီးများစွာပိုင်ဆိုင်ခဲ့ရသည်။

နောက်လိုက်ဦးစိန်လွင်၊ဦးမောင်မောင်စသည်တို့လဲဘာပြောပြောဝန်ကြီးချုပ်
ခဏစီဖြစ်ခဲ့ရသေးသည်။နောက်ဘာမဆိုင်ညာမဆိုင်ဗိုလ်ခင်ညွန့်ကဝန်ကြီးချုပ်
ထလုပ်ပြန်သောအခါမှာသူ့လက်အောက်မှဖြစ်သော်လည်းသူ့မှာခုလုခုလုဖြစ်ရ
ပြန်သည်။

ဗိုလ်ခင်ညွန့်ကနိုင်ငံတကာလှည့်၍အခြားဝန်ကြီးချုပ်များနှင့်တန်းတူလက်ဆွဲ
နှုတ်ဆက်နေသောအခါသူ့ခမျာဘယ်သူ့ကိုတန်းတူလက်ဆွဲနှုတ်ဆက်ရမည်မသိ
နိုင်ငံတော်အေးချမ်းသာယာရေးနှင်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌဆိုသောရာထူးသည်
မည်သည့်အဆင့်နှင့်တန်းတူညီမှန်းသူ့ဘာသာသူမသိ။

ဘဝရှင်မင်းတရားကြီးဆိုသည်မှာလည်းအိမ်ထဲနှင့်ကိုယ့်အသိုင်းအဝိုင်းကြား
ထဲတွင်သာကြိတ်ရှုးရခြင်းဖြစ်ပြီးတကယ်ကျတော့ဇာတ်ထဲကဘုရင်လောက်
ပင်ဘုရားထူးမည့်သူမရှိ။သူ့ခမျာတော်တော်ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ပုံရပါသည်။
ထို့ကြောင့်၂၀၁၀ရွေးကောက်ပွဲတွင်ဇွတ်အနိုင်ရရန်အကြံကြီးကြံ၍သမ္မတ
ကြီးအခေါ်ခံရရန်ကြိုးစားနေပြန်သည်။တကယ်တော့သူကျမ်းမာရေးကခပ်
ယဲ့ယဲ့။ဘယ်လိုပဲဖြစ်ဖြစ်သမ္မတကြီးအခေါ်မခံရလျှင်အသေဖြောင့်မည့်ဟန်
မတူပါ။
ထို့ကြောင့်ပြည်သူလူထုများကိုမေတ္တာရပ်ခံလိုသည်မှာ၂၀၁၀မတိုင်ခင်သူအ
သေဖြောင့်နိုင်ရန်အတွက်စိတ်ကြေနပ်သွားစေရန်ဝိုင်းခေါ်ပေးလိုက်ကြစေလို
ပါသည်။ကျွန်တော်တို့လူမျိုးသည်သီးခံခွင်လွှတ်တတ်သော၊ဂရုဏာထားတတ်
သောလူမျိုးဖြစ်သဖြင့်သေမည့်လူ၏နောက်ဆုံးဆန္ဒဆိုလျှင်ပို၍ပင်လိုက်လျှော
တတ်ကြရာမြန်မြန်သေလျှင်တိုင်းပြည်တဝက်လောက်မြန်မြန်အေးချမ်းမည်
ဖြစ်ပါ၍ဝိုင်းခေါ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
သမ္မတကြီးဦးသန်းရွှေခင်ဗျား.....သမ္မတကြီးဟုခေါ်ပြီးပြီဖြစ်ပါ၍.................
ဇာတ်ထဲကဝန်ကြီး

10.26.2008

Security relaxed at Suu Kyi's home

October 26, 2008
Authorities in military-run Burma removed barbed wire barriers and reduced security around the Rangoon home of detained democracy leader Aung San Suu Kyi, an official from her party said.

Witnesses near the lakeside compound where the Nobel peace prize winner has been locked away for most of the past 19 years said that barricades and checkpoints preventing people from going near her house had been removed.

"We noticed this morning that the security was reduced around her house," said Nyan Win, a spokesman for the National League for Democracy (NLD) party.

"Barbed wire was removed and every vehicle can pass the road in front of her house... (but) it's still early to comment on this situation."

The gate to her compound remained closed, witnesses said.

Aung San Suu Kyi has been under detention for 13 of the past 19 years, and is only allowed sporadic visits from her doctor and lawyer.

Asian and European leaders meeting in China on Saturday urged Burma's junta to release detained opposition members, while American officials also put out a fresh plea for an end to Aung San Suu Kyi's house arrest last week.

Aung San Suu Kyi, 63, is currently appealing her detention, but the ruling generals have not yet indicated whether they will consider the case. Nyan Win said he had heard no news about her release.

The level of security in the leafy Yangon neighbourhood where Aung San Suu Kyi lives fluctuates depending on the political climate, with more barricades being erected on sensitive occasions such as the democracy leader's birthday.

Burma has been ruled by the military since 1962. The NLD won a landslide victory in 1990 elections, but the junta never allowed it to take office.

© 2008 AFP

မဆုံးသေးသည့် နောက်ဆုံးအိမ်မက်(၄)

နောက်ဆုံးအိမ်မက် အမှတ်လေးကို ဆက်ရေးဖို့ တော်တော် အားမွေးခဲ့ရပါသည်။ အဟောင်းတွေ အသစ်ပြန်ဖြစ်တဲ့ အခါ အဲဒီအချိန်တုံးကလိုပဲ ရင်မှာနာကျင်စွာ ပြန်ခံစားရပါသည်။ အတွေးတွေ တဆက် တစပ်တည်း ရှိနေတုန်းမှာ (အရှိန်လေးရှိနေတုန်းမှာ) မဖြစ်မနေ ဆက်ရေးရဦးမည်။ အဖြစ်တွေက အတော်ပင် ဆင်တူရိုးမှား နိုင်ပါသည်။

ကျွန်တော်ရဲ့ ဆောင်းပါး တတိယပိုင်းမှာ ရေးသလို သံသရာက လည်လွန်းပါသည်။ ကျွန်တော်တို့တုန်းက ၁၉၈၈ကုန်ခါနီး။ ၁၉၉၀မှာ ရွေးကောက်ပွဲကျင်းပတော့မည်။ အခု ကျွန်တော် ဆောင်းပါးရေးနေတဲ့ အချိန်က ၂၀၀၈ကုန်ခါနီး၊ ၂၀၁၀မှာ ပြည်သူတွေ သဘောတူတူ မတူတူ သူတို့စိတ်တိုင်းကျ ရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြုလို့ သူတို့စိတ်တိုင်းကျ ရွေးကောက်ပွဲ ပြုလုပ်တော့မှာပါ။

၁၉၈၈တုန်းက လူ့ဘောင်သစ်ပါတီက ရွေးကောက်ပွဲမဝင်ပါလို့ တရားဝင် ကြေညာခဲ့သည်။ အခု ၂၀၀၈မှာတော့  NLDပါတီက ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဟု တရားဝင်ငြင်းဆန်ခဲ့ပြီ။ ဒါဆိုလျှင် ၁၉၈၈ တုန်းက လူဘောင်သစ်ပါတီ ကြုံခဲ့သည့် အဖြစ်များသည် တပတ်ပြန် မလည်လာနိုင်ပါဟု မည်သူ ပြောနိုင်ပါ မည်နည်း။ ကျွန်တော်တို့ ကြုံခဲ့ရသည့် အဖြစ်များက လက်ရှိ တိုက်ပွဲဝင်နေသူများအတွက် သတိပြုစရာ တစုံတရာများ ပေးနိုင်ပါမည်လား။

စစ်အာဏာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရမှုများ အကြိမ်မြောက်များစွာ ဖြစ်ခဲ့ရသည်။ ၁၉၈၉ခုနှစ် ဇူလိုင်လတွင် အပြင်းထန်ဆုံးဖြစ်ခဲ့ပါသည်။ ပါတီ၏ လှုပ်ရှားမှုများသာမက ကျောင်းသားသမဂ္ဂများ၏ လှုပ်ရှားလှုံ့ဆော်မှုများသည် အရှိန်အမြင့်ဆုံး ဖြစ်လာသည်။

တဖက်မှ မဟာမိတ်ပါတီဖြစ်သော NLDပါတီမှလည်း မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဟူသည့် ဆောင်ပုဒ်ဖြင့် တိုက်ပွဲရေချိန် အမြင့်ဆုံးဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်က လာမည့်ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့ကို မိမိတို့ NLDပါတီ၏ အစီအစဉ် ဖြင့်သာ တက်ရောက်အလေးပြု ပန်းခွေချမည်ဟု ကြေညာခဲ့သည်။ ဇူလိုင်လ(၁၆)ရက်နေ့တွင် အာဇာနည်နေ့အကြို ဟောပြောပွဲအဖြစ် အင်းစိန်မြို့နယ် NLDရုံးတွင် NLDနှင့် လူ့ဘောင်သစ်ပါတီတို့ ပူးတွဲ
ကျင်းပခဲ့ကြသည်။

ထောင်နှင့်သောင်းနှင့်ချီသော လူထုကြီးက သူတို့၏ လူထုခေါင်းဆောင် ဟောပြောခြင်းကို တခဲနက် လာရောက် အားပေးခဲ့ကြသည်။ လူ့ဘောင်သစ်ပါတီနှင့် ကျောင်းသားသမဂ္ဂများမှ ခေါင်းဆောင်အချို့လည်း ထိုနေ့တွင် ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် စိတ်ဓါတ်တက်ကြွနေသော လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ကားနောက်မှ ကြွေးကြော်သံများ ကြွေးကြော်ကာ လိုက်လံ ပို့ဆောင်ပေးခဲ့ကြသည်။ ထိုပွဲသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခြင်း မခံရခင် နောက်ဆုံးတရားပွဲပင် ဖြစ်တော့သည်။ ထိုအချိန်ကတော့ လူထုကြီးလဲမသိ၊ ကျွန်တော်တို့လည်း မသိခဲ့ပါ။

ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် စုရပ်ဖြစ်သော ရွှေဂုံတိုင်လမ်းဆုံသို့ ကျောင်းသားများ၊ ပြည်သူလူထုများ၊ လူ့ဘောင်သစ်ပါတီဝင်များသည် ပန်းခြင်းပန်းခွေများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ပုံကားချပ်များ ကိုင်ဆောင်၍ စုရုံးရောက်ရှိနေခဲ့ကြသည်။ ဦးဆောင် ချီတက်မည့် ဒေါ်အောင်ဆန်းစုကြည် ကတော့ ထွက်မလာနိုင်ရှာတော့။

"ကျမတို့ဟာ ကျမတို့ တိုင်းပြည်မှာနေပြီး အကျဉ်းသားတွေ ဖြစ်နေရတာ ကမ္ဘာက သိပါစေ"ဟူသည့် ကြေငြာချက် အတိုလေးတစောင်သာ ထွက်လာနိုင်ခဲ့တော့သည်။ (နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်ခြင်း၊ တောထဲမှာ ငှက်ဖျားရောဂါ အကြိမ်ကြိမ်နှိပ်စက်ခံခဲ့ရခြင်းနှင့် ငတ်မွတ်ခက်ခဲ ကြမ်းတမ်းစွာ ဖြတ်သန်းလာခဲ့ရသည့် အကြောင်းများကြောင့် တခါတရံ စကားလုံးအနည်းငယ် လွဲချော်မှုများရှိခဲ့ပါလျှင် သည်းခံခွင့်လွှတ် ပေးပါရန်။) ကျွန်တော်အပါအဝင် စုရုံးရောက်ရှိ နေသူများအားလုံး ယူကြုံးမရ ဒေါသဖြစ်ကြရသည်။

သွေးဆူနေကြသော ကျောင်းသားများသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ချီတက်၍ ဒေါ်အောင်ဆန်းစုကြည်ကိုြ ပန်လုရန် စိုင်းပြင်းလာကြသည်။ တယောက်နှင့် တယောက် အမျိုးမျိုးချော့မော့ ဖြောင်းဖျ ထိန်းသိမ်းရင်းမှ နောက်ဆုံးတွင် ကျွန်တော်တို့၏ လူထုခေါင်းဆောင် ဦးမဆောင်နိုင် တော့သော်လည်း သူဆုံးဖြတ်ခဲ့သည့် အတိုင်း အာဇာနည်ကုန်းသို့ ငြိမ်းချမ်းစွာ ချီတက်ပန်းခွေချ အလေးပြုရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြသည်။ ငြိမ်းချမ်းရေးကို မြတ်နိုးသော အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ ကျွန်တော်တို့ကို တလျှောက်လုံး ခေါင်းဆောင်မှုပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို တုန့်ပြန်ဂုဏ်ပြုရန် ထိုတလမ်းတည်းသာ ရှိသည်ဟု ကျွန်တော်တို့ယုံကြည်ခဲ့ကြသည်။

ထိုကြောင့် အားလုံးကို ငြိမ်းချမ်းစွာချီတက်ရန်၊ မည်သို့ပင်ဖြစ်စေ ဒေါသနှင့် မတုန့်ပြန်ရန် အားလုံးကို မေတ္တာရပ်ခံ၍ အာဇာနည်ဗိမာန်သို့ ချီတက်ခဲ့ကြပါသည်။ ထိုအာဇာနည်ကုန်းသို့ ရောက်လျှင်လည်း သူတို့ခွင့်ပြုသည့် အစီအစဉ်အတိုင်းသာ အစဉ်အလိုက် ပန်းခွေချမည်၊ အလေးပြုကြမည်ဟု ရည်စူးထား ခဲ့ကြပါသည်။

သို့ရာတွင် ရေခဲဆိုင်မှတ်တိုင် မရောက်ခင် ဘက်နှစ်ဘက်လုံး အုတ်တံတိုင်းများ ကာရံထားသော တနေရာတွင်ကျွန်တော်တို့အား ပိတ်ဆို့တားဆီးခြင်း ခံရပါတော့သည်။ ရုန်းရင်းဆန်ခတ်ဖြစ်ရန် ဆန္ဒမရှိ သော ကျွန်တော်တို့အနေဖြင့် အေးဆေးပြေလည်စွာ ညှိနိုင်းရန်ကြိုးစားခဲ့ပါသေးသည်။ သို့ရာတွင် ကျွန်တော်တို့သည် သားစားကျူးသော ဘီလူးတို့ကို လူဟု ထင်မှတ်မှားခဲ့ပါပြီ။ ရှေ့မှ ပန်းခွေ၊ ပန်းခြင်းကိုင် အမျိုးသမီးငယ်များကို ထိုင်ခိုင်းလိုက်ပြီး ကျွန်တော်တို့ သွားရောက်ညှိနိုင်း ဆွေးနွေးနေစဉ်မှာပင် နှစ်ဘက်ညှပ်၍ ရိုက်နှက်ခြင်း ခံရပါတော့သည်။

ဘေးဘက်သို့ ပြေးရန်နေရာမရှိခြင်း ရှေ့နှင့်နောက်နှစ်ဘက် ပြေးပေါက်မရှိအောင် ရှေ့နောက်ပိတ်ပြီး ဘက်နှက်များဖြင့် ထိုးခြင်း၊ ရာဘာတုတ်များဖြင့် ရိုက်နှက်ခြင်းကြောင့် အထိနာကြရပါသည်။

အထူးသဖြင့် အုတ်တံတိုင်းနှင့် ခြံစည်းရိုးများကို ကျော်မပြေးနိုင်ရှာသဖြင့် အမျိုးသမီးများ ပို အထိနာကြပါသည်။ ကျွန်တော်မှတ်မိသမျှ သုံးယောက်သေပြီး၊ ၁၈ယောက်ဒဏ်ရာရကာ ၈၂ယောက်အဖမ်းခံရပါသည်။ အများစုမှာ လူ့ဘောင်သစ်ပါတီဝင်များ ဖြစ်ကြသည်။

ထိုနှိမ်နင်းခံရမှု၏ အရှိန်သည် ရန်ကုန်မြို့တွင်းအထိ ပြန့်နှံ့သွားခဲ့ပြီး နေရာ အများအပြားတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွါးခဲ့ပါသည်။ အထူးသဖြင့် လူ့ဘောင်သစ်ပါတီ ဌာနချုပ်အနီး တဝိုက်ဖြစ်သော ရန်ကုန်မြို့လယ်တွင် ပိုမိုများပြားခဲ့ပါသည်။ ဇူလိုင်လ၂၁ရက်နေ့တွင် ထိုဖြစ်ရပ်အတွက် သတင်းစာ ရှင်းလင်းပွဲကို ကျွန်တော်တို့ ပြုလုပ်ခဲ့ပြီး မတရားမှုများကို ဖွင့်ချနိုင်ခဲ့ပါသည်။

ထို့အတွက် သူတို့၏တုန့်ပြန်မှုက လူ့ဘောင်သစ်ပါတီ ခေါင်းဆောင်များကို တဦးပြီးတဦး ဖမ်းဆီးခဲ့ခြင်းပင်ဖြစ်သည်။ ဥက္ကဌကိုအောင်ဇေယျ၊ ကိုဂျင်မီ၊ ကိုယဉ်ထွေး နောက် ရန်ကုန်တိုင်းဥက္က ကိုတင်သန်းဦး အပါအဝင်မြို့နယ် အဆင့် ခေါင်းဆောင်များပါ အဖမ်းခံကြရသည်။ ကျွန်တော်တို့ဘက် တခြမ်းသည် ရပ်တည်မရတော့အောင် ဖြိုခွဲခံခဲ့ရသည်။ အချို့ခေါင်းဆောင်များ တောထဲသို့ ထွက်ပြေးခဲ့ရပါသည်။

ယခုဖြစ်စဉ်များကို ကျွန်တော်ပြန်ရေးနေခြင်းမှာ ဆက်လက်တိုက်ပွဲဝင်နေကြသူများ နှိုင်းယှဉ်သင်္ခန်းစာ ယူနိုင်ပါရန်ဖြစ်သည်။ ယခုNLDပါတီတွင် လူငယ်အဖွဲ့ဝင်အချို့သည် ထိုစဉ်က အထက်တန်း အလယ်တန်းကျောင်းသား အရွယ်သာရှိကြပါမည်။

ယခုအခြေအနေများနှင့် ကျွန်တော်တို့ ကြုံတွေ့ခံစားခဲ့ရသည့် အခြေအနေများသည် တူညီနေသော အချက်များရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှု ကာလက အဖြစ်များပင် ကျွန်တော်တို့ခေတ်တွင် ဆင်တူရိုးမှား ဖြစ်ခဲ့သည်များ ရှိခဲ့သည်။ ထိုစဉ်က ကွဲထွက်သွားခဲ့သော ဘက်သည်ကော ထိုဖြိုခွဲခံရသည့် အဖြစ်မှ လွတ်ပါသည်လား။

ကျွန်တော်တို့ပြီးတော့ သူတို့အလှည့်ဖြစ်သည်။ နောက်ဆုံးတွင် မတရားသင်း ကြေညာခံရသည့် အခြေအနေ ရောက်ခဲ့သည်။ ယခုလက်ရှိ လူ့ဘောင်သစ်ပါတီကို ဦးဆောင်နေသော ကိုအောင်မိုးဇော်တို့ အသိဆုံးဖြစ်သည်။ သူကတဖက်ခြမ်းတွင် ခေါင်းဆောင်တဦးဖြစ်သည်။ လက်ရှိ ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ကိုငွေလင်းသည် ထိုစဉ်က ကျွန်တော်တို့ဘက်ခြမ်းမှ ဖြစ်သည်။

ယခုတော့ အတူတကွတွဲ၍ တာဝန်ထမ်းဆောင်နေကြသည်။ ထိုစဉ်က ကြီးမားသော ညှိမရသော ပြဿနာကြီးသည် ယခုတော့ ဘာမျှမဟုတ်တော့ပေ။ သမိုင်းသည် ကြော့၍ကြော့၍ တပါတ်လည်နေသည်။ ဟိုယခင် မဆလ လက်ထက်ကတည်းက ထိုသွေးခွဲမှုမျိုး သူတို့ကျင့်သုံးသည်။ ယခုစစ်အာဏာရှင်များလည်း ကျင့်သုံးသည်။ ထိုသို့ပြုသမျှ အကြိမ်ကြိမ်ခံနေကြရလျှင် ထိုမျိုးဆက်သည် ညံ့ရာကျတော့မည်။ ကျွန်တော်တို့ညံ့၍ သွေးခွဲခံခဲ့ကြသည်။

ယခုမျိုးဆက်များကော ကျွန်တ်ာတို့ နောက်ကို ဆက်လိုက်မည်လော။

(ဆက်လက်ဖေါ်ပြပါမည်။)

ရွက်စိမ်း

Credential Challenge အတွက်အလားအလာများမကုန်သေးဟုဆို



NCUB၏အထွေထွေအတွင်းရေးမှူးဦးမောင်မောင်က Credential Challenge သည်ငြင်းပယ်ခံရခြင်းမဟုတ်ပဲအချက်အလက်လိုအပ်နေသေးသည့်အတွက်
ကုလသမဂ္ဂ၏ဥပဒေရေးရာဌာနတွင်ဆိုင်းငံနေရခြင်းသာဖြစ်ပြီးလာမည့်ဒီဇင်
်ဘာလ၁၄ရက်နေ့အထိဆက်လက်ဆောင်ရွက်နိုင်သောမျှော်လင့်စရာရှိသေး
သည်ဟုယနေ့ညနေကBPPU(မြန်မာနိုင်ရေးအကျဉ်းသားများသမဂ္ဂ)တွင်ပြု
လုပ်သောရှင်းလင်းပွဲတခုတွင်ပြောဆိုသွားပါသည်။

၎င်းကပြောကြားရာတွင်ထိုသို့ရပ်တန့်နေရသည့်လိုအပ်ချက်မှာNCGUB
ခေါ်အမျိုးသားညွန့်ပေါင်းအစိုးရ၏လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသည့်အချက်
သည်အဓိကဖြစ်နေသည်ဟုဆိုပါသည်။NCGUBကအဆိုပါ Credential
Challengeနှင့်ပါတ်သက်သောလှုပ်ရှားမှူကိုနိုင်ငံရေးအရထောက်ခံသည်
ဟုဆိုသော်လည်းတရားဝင်လက်မှတ်ရေးထိုးပေးခြင်းမရှိသေးပါ။

ထိုလှုပ်ရှားမှု၏ရည်ရွယ်ချက်မှာကုလသမဂ္ဂတွင်စစ်အာဏာသိမ်းအစိုးရ၏
တရားဝင်မှုကိုပယ်ဖျက်ပေးရန်ဖြစ်ပြီးလက်ရှိဆောင်ရွက်ထားမှုအခြေအနေ
များအရအောင်မြင်ရန်အခွင့်အလမ်းများရှိနိုင်သည်ဟုရှင်းလင်းပြောပြသွား
ခဲ့ပါသည်။
၎င်းကဆက်လက်ပြောဆိုရာတွင်စစ်အာဏာရှင်များကမည်သို့ငြင်းဆိုနေစေကာ
မူ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ၏ရလဒ်ယခုအချိန်အထိခိုင်မာစွာတရားဝင်နေဆဲဖြစ်
်ပြီးကုလသမဂ္ဂ၏ညီလာခံကျင်းပသည့်နှစ်တိုင်းတွင်၁၉၉၀ရွေးကောက်ပွဲ၏ရလဒ်
ကိုအမြဲအသိအမှတ်ပြုခဲ့သလိုအမေရိကန်နိုင်ငံကလည်းလက်ရှိသမ္မတဘုရှ်ကိုယ်
တိုင်၂၀၀၃ခုနှစ်ကတည်းကလက်မှတ်ရေးထိုးဥပဒေထုတ်ပြန်ပြီး၁၉၉၀ရွေး
ကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုထားပြီးဖြစ်သည်ဟုဆိုပါသည်။

ထိုအပြင်နအဖစစ်အာဏာသိမ်းအစိုးရ၏လူ့အခွင့်အရေးချိုးဖေါက်မှုမတရား
ဖမ်းဆီးချုပ်နှောင်မှုများနှင့်လုပ်ကြံသတ်ဖြတ်ရန်ကြံစည်ခဲ့မှုများကိုလည်း
နိုင်ငံတကာတရားရုံးတွင်တရားစွဲဆိုသွားရန်ပြင်ဆင်နေသည်ဟုလည်း
ပြောပြသွားခဲ့ပါသည်။

၎င်းတို့ထံတွင်ခိုင်မာသောသက်သေအထောက်အထားများရရှိထားပြီးဖြစ်ပြီး။
တရားနည်းလမ်းတကျသာရင်ဆိုင်ရန်အခွင့်အရေးရှိလျှင်မည်သည့်နိုင်ငံတကာ
တရားရုံးတွင်မဆိုရင်ယှဉ်ပြိုင်သွားရန်အသင့်ရှိကြောင်းနှင့်တွေ့ဆုံဆွေးနွေး
အဖြေရှာသည့်နည်းလမ်းကိုနအဖတို့ငြင်းပယ်နေသမျှဆက်လက်ပြီးနည်းလမ်း
ရှာဖိအားပေးဆောင်ရွက်သွားမည်ဟုပြောဆိုသွားခဲ့ပါသည်။

မြန်မာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အာရှ နဲ့ ဥရောပ ခေါင်းဆောင်တွေ တောင်းဆို



26 October 2008


ဥရောပနဲ့ အာရှ နိုင်ငံပေါင်း ၄၀ ကျော်က ခေါင်းဆောင်တွေ မြန်မာစစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိဖို့၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာစေဖို့အတွက် သက်ဆိုင်တဲ့ သူတွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖော်ဆောင်သွားဖို့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့ မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီး အစည်းအဝေး မှာ အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဥရောပ မြန်မာရုံး ညွှန်ကြားရေးမှုး ဦးဟန်ယောင်ဝေ ကို VOAမှမညိုညိုလွင်၏ မေးမြန်းချက်......

“ကျနော့်အမြင်ကတော့ အာရှနဲ့ ဥရောပနိုင်ငံတွေက ဒီလိုမြင်တယ်ဆိုတော့ မြန်မာပြည်အတွက်ကတော့ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခုလက်ရှိ စစ်အစိုးရကလည်း သူ့အနီးအနား နိုင်ငံတွေကလည်း ဒီလို မြင်ပါတယ် ဆိုရင် သူကလည်း ငြင်းပယ်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီအခုလိုမျိုး အကြံပေးတဲ့နေရာမှာကလည်း ဒီ ၂၀၁၀ လာမယ့် ရွေးကောက်ပွဲမှာ နအဖ ကတော့ သူ လိုလားတဲ့ အခြေခံဥပဒေနဲ့ သူ သွားချင်တဲ့လမ်းနဲ့ သူ သွားမယ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေ ပြောနေတာကတော့ တကယ် ဒီမိုကရေစီလိုလားရင် ရွေးကောက်ပွဲ တခုတည်းနဲ့ လုပ်လို့မရဘူး။ ရွေးကောက်ပွဲ ဆိုရင်လည်း လူထု ပါဝင်ရမယ်။ အတိုက်အခံတွေလည်း ပါဝင်ရမယ်။ လူတိုင်းပါမှ တကယ် ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ပြောချင်တာ ဖြစ်လိမ့်မယ်။ ပြီးတော့မှ ဒီ ပြန်လည် သင့်မြတ်ရေး ရှိသင့်တယ်၊ အဲဒီလိုမျိုး မရှိရင်လည်း ဒီရွေးကောက်ပွဲက အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး ဆိုတဲ့သဘော ဖြစ်ပါတယ်။”

နောက်ပြီးတော့ ဒီကြေညာချက် ထုတ်တဲ့နေရာမှာ အစည်းအဝေးကိုလည်း တရုတ်နိုင်ငံမှာ လက်ခံကျင်းပခဲ့တယ်။ တရုတ်အစိုးရက မြန်မာအစိုးရကို အမြဲတမ်း နောက်ကနေ အားပေးနေတဲ့ အစိုးရတရပ်လို့လည်း အားလုံး သိပြီးသား ဖြစ်ပါတယ်။ အဲတော့ ဒီကြေညာချက် ထုတ်တဲ့နေရာမှာ တရုတ်နိုင်ငံကလည်း ပါဝင်နေတယ် ဆိုတော့ ဒီတရုတ်နိုင်ငံက မြန်မာ ဒီမိုကရေစီရေး ပြောင်းလဲရေးမှာ စိတ်ပြောင်းသွားပြီလား လို့ရော ဦးဟန်တို့အနေနဲ့ ယူဆပါသလားရှင်။ -

“တရုတ်အနေနဲ့ကတော့ ကျနော်တို့ ပြည်ထောင်စုထဲမှာ ဖြစ်နေတဲ့ ပြည်တွင်းပြဿနာကို ၀င်မရှုပ်ဘူး။ ဒါပေမယ့် တိုင်းပြည်ကောင်းဖို့ကတော့ သူတို့ ကြိုးစားမယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ ပြည်ထောင်စုမှာ စစ်အစိုးရ ဖြစ်စေ၊ ဘယ်အစိုးရ တက်လာသည် ဖြစ်စေ၊ မြန်မာပြည်နဲ့ တရုတ်ပြည် ကတော့ ပူးပေါင်းပြီးတော့မှ မိတ်ဆွေအနေနဲ့ နေသွားရမယ်ဆိုတဲ့ သဘော ရှိပါတယ်။ အဲဒါကြောင့်လည်း သူတို့က ဒီအချိန်မှာ နအဖ က လုပ်မယ့် ရွေးကောက်ပွဲက တကယ် အလုပ်ဖြစ်မယ် ဆိုရင် သူတို့ အတွက်လည်း ကောင်းမယ်။ မြန်မာပြည်အတွက်လည်း ကောင်းမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”

ဟုတ်ကဲ့။ ဒါပေမယ့် ဒီကြေညာချက်ထဲမှာ ပါတာက ရွေးကောက်ပွဲအကြောင်း မဟုတ်ဘဲနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ နိုင်ငံရေး ပါတီတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးဖို့ ဆိုတဲ့ အကြောင်းအရာတွေ ဖြစ်နေတော့ တရုတ်အနေနဲ့က ဒီအကြောင်းအရာတွေအပေါ်မှာ လိုက်နာမှု ရှိလာမယ် လို့ရော ယူဆပါသလားရှင့်။ -

“ရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခု ရွေးကောက်ပွဲအကြောင်း မပြောပေမယ့် ပြန်လည်သင့်မြတ်ရေး မရှိရင် ရွေးကောက်ပွဲက အဓိပ္ပါယ် မရှိဘူး။ ဆိုတော့ သူတို့အနေနဲ့ ပြောချင်တာကတော့ အခုကနေ စပြီးတော့မှ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြန်လည်သင့်မြတ်ရေး လုပ်ကြပါ။ ပြန်ဆွေးနွေးကြပါ။ ဖမ်းထားတဲ့ ပုဂ္ဂိုလ်တွေလည်း လွှတ်ပေးပါ။ တကယ် နိုင်ငံရေး အဖြေရှာတဲ့ နည်းလမ်း ဖြစ်လာမယ် ဆိုတာ ကျနော်တို့ အဲဒီလိုမျိုး နားလည်ပါတယ်။”

အဲဒီတော့ တရုတ်အနေနဲ့ကတော့ ဒီကြေညာချက်မှာ ပါတဲ့အတိုင်းပေါ့နော်။ မြန်မာစစ်အစိုးရအပေါ်မှာ ပိုပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်လာမယ် လို့ရော ယူဆပါလား။ -

“ဟုတ်ကဲ့။ ကျနော် နားလည်တာကတော့ အခုမှ မဟုတ်ပါဘူး။ ဒါ သူတို့ကတော့ တိုက်တွန်းနေတာကတော့ တနှစ် နှစ် နှစ်လောက် ရှိပါပြီ။ အခု ကုလသမဂ္ဂ ကြိုးစားထားတဲ့ ဂမ်ဘာရီ ခရီးစဉ်တို့မှာလည်း တရုတ်အကူအညီ ပါပါတယ်။ နိုင်ငံတကာက တောင်းဆိုချက်တွေကို တရုတ်က လက်ခံတယ်။ ဆိုတော့ သူတို့ကတော့ ဆက်ပြီးတော့မှ ကြိုးစားမယ်လို့ ကျနော် ယူဆပါတယ်။ ဒီ နအဖ ကိုတော့ သူတို့က ဖိအားပေးမှာတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံလိုမျိုး ဖိအားပေးမယ်၊ မကောင်းကြောင်း ပြောမယ်ဆိုရင် သူတို့ကတော့ မလုပ်ဘူးလို့ ကျနော် မြင်ပါတယ်။”

ဟုတ်ကဲ့။ နောက်တချက်က တရုတ်အစိုးရကိုရော ဥရောပ သမဂ္ဂနိုင်ငံတွေက မြန်မာပြည်ပြောင်းလဲရေးမှာ ပိုပြီး လုပ်ဆောင်ပါ ဆိုတဲ့ ဖိအားပေးမှုမျိုး ဖြစ်လာနိုင်ပါလားရှင်။ -

“ကျနော် နားလည်သလောက်ကတော့ တရုတ်မကဘူး။ တရုတ်ရော အိန္ဒိယ နိုင်ငံရော၊ အာဆီယံ ဖြစ်တဲ့ အနီးအနား နိုင်ငံတွေကိုရော သူတို့က တိုက်တွန်းနေတာ ကြာပြီ။ အခုလိုမျိုး အကောင်အထည် ပေါ်လာတယ် ဆိုတာ ဒါ ကောင်းတယ် လို့ ကျနော် မြင်ပါတယ်။”

ဥရောပ မြန်မာရုံးညွှန်ကြားရေးမှုး ဦးဟန်ယောင်ဝေ ပြောဆိုသွားတာပါ၊ အခုလို ကြေညာချက် မထွက်လာမီ ရက်ပိုင်းတွေမှာပဲ ကုလသမဂ္ဂ အပါအ၀င် အမေရိကန်၊ ဥရောပသမဂ္ဂ တို့ကလည်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ ဖြစ်ပေါ်လာစေနိုင်ဖို့ အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ကို တချိန်တည်း တောင်းဆိုလိုက်ကြတာကြောင့် မြန်မာနိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ဖို့ဟာ ဖမ်းဆီး ထိန်းသိမ်းခံထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ လွတ်မြောက်လာဖို့ဟာ အဓိက ကျတယ်လို့ မြင်နိုင်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ သတင်းစာတွေထဲမှာတော့ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တရုတ်ပြည်သူ့ သမတ နိုင်ငံ နန်နင်း မြို့မှာ ကျင်းပတဲ့ (၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ (၅) ကြိမ်မြောက် တရုတ် အာဆီယံ စီးပွားရေးနဲ့ ရင်းနှီမြှပ်နှံမှု ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ အောက်တိုဘာလ ၂၀ ရက်နေ့က သွားရောက်ခဲ့တဲ့ သတင်းနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိတဲ့အကြောင်း တွေကိုပဲ ဖော်ပြထားတဲ့ အတွက် ပြီခဲ့တဲ့ ၂၄ နေ့ နဲ့ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီးညီလာခံကို မြန်မာစစိအစိုးရ ကိုယ်စားပြု ဘယ်သူ တက်ရောက်ခဲ့သလဲ ဆိုတာကိုတော့ မသိရပါဘူး။

10.25.2008

Burma unripe for democracy at present: rights expert အရပ်သား အစိုးရအတွက် စစ်အစိုးရဘက်က ပြင်ဆင်မှုမရှိဟု ကင်တာနား ဝေဖန်

Building on a report he issued earlier in the month, the United Nations' Human Rights Envoy for Burma yesterday appealed to the international community to take a common stand and engage Burma on its long road to democracy.

Tomás Ojea Quintana, appointed to his position only this May, cautioned delegates in the United Nations General Assembly's third committee that the realization of democracy in Burma would take considerable time, but it was imperative that the international community come to the assistance of the country to ensure that progressive benchmarks along the path are achieved.

"Restoration of full democracy cannot happen overnight; it will take generations," Quintana said, adding that it was insufficient for the United Nations to simply issue resolutions on the situation in the Southeast Asian country, instead insisting that resources must also be made available so that the goals of resolutions may be met.

"Nothing can be achieved in isolation and condemnation, while there are possibilities for engagement, encouragement and cooperation," noted Quintana, referring to a common theme of his report following his inaugural visit to the country in August.

In order for the proposed 2010 general election in Burma to be a success, Quintana has repeatedly put forth four elements which must be implemented: the revision of domestic laws that limit fundamental rights, the progressive release of political prisoners, military reform, and alterations to ensure an independent judiciary.

The Special Envoy stressed that as the process unfolds, the promotion of human rights must not be subjected to double standards or politicization.

Yet, while Quintana pled for an international community with one voice on Burma, the exchange between delegates following the Envoy's delivery again highlighted stark divisions within the international community.

Burma's representative, Ambassador Thaung Tun, was overall appreciative of the Rights Envoy's speech, though reserving criticism for what he termed regurgitation of baseless exile claims against the government and excessive criticism of the junta's response to Cyclone Nargis in May.

Representatives from Japan and Thailand also spoke appreciatively of Quintana's assessment, preferring to focus on opportunities ahead for cooperation and successes to date.

However, the European, North American and New Zealand delegates offered by in large dubious assessments of the chances of healing Burma's wounds if the international community were to heed the Special Envoy's proposed prescription.

Additionally, twice, in reference to responses from the representatives of the United States and United Kingdom, the Chair was forced to intervene to request that delegates refer to the country as Myanmar, as that is the name for the country officially recognized by the United Nations.
Summing up his analysis of the situation, the Rights Envoy told reporters afterward, "To get a civil Government will take time. They are not prepared for that. They are prepared for war."

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အချိန်ကြာနိုင်ပြီး စစ်အစိုးရက အရပ်သား အစိုးရတရပ် အုပ်ချုပ်နိုင်အောင် ပြင်ဆင်တာမျိုး မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် အိုဟေး ကင်တာနား (Thomas Ojea Quintana) က ဝေဖန် ပြောဆိုပါတယ်။ တချိန်တည်းမှာ စစ်အစိုးရ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံဟာ အတုအယောင် ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး စစ်အစိုးရအနေနဲ့ သူ အဆိုပြုထားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အချက်လေးချက်ကို လုပ်ဆောင်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

မနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် ဟိုဟေး ကင်တာနား က မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖေါ်ခွင့်၊ စည်းရုံးခွင့် စတဲ့ နိုင်ငံရေး အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အကြောင်း၊ စစ်အစိုးရဘက်က နိုင်ငံတကာက လက်ခံတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် အခြေခံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတဲ့အကြောင်း အဓိက ပြောသွားတာ တွေ့ရပါတယ်။

အရပ်သားအစိုးရတရပ် ပေါ်ပေါက်ရေးနဲ့ပတ်သက်လို့ -

Tomas Ojea Quintana from Argentina, Special Rapporteur on the Situation of Human Rights in Burma (file photo)
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ရေးရေးမှူး တိုမာ့တ်စ် အိုဟေး ကင်တားနား
“မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အရပ်သားအစိုးရတရပ် ပေါ်လာရေးနဲ့ ပတ်သက်လို့ အချိန်ယူရအုံးမှာ ဖြစ်ပါတယ်။ သေချာတဲ့အချက် သိသိသာသာ မြင်ရတဲ့အချက် ကတော့ စစ်အစိုးရက အရပ်သားအစိုးရ အတွက် ပြင်ဆင်တာမျိုး မရှိပါဘူး။ စစ်အတွက်ပဲ ပြင်ဆင်တာ တွေ့ရပါတယ်။ ဒါကြောင့် အချိန်ကြာမယ်လို့ ကျနော်ပြောတာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်ဖို့ ဆိုရင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြည်တွင်း ဥပဒေတွေကို ပြင်ဆင်ဖို့၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ စစ်တပ်ကို လူ့အခွင့်အရေး သတင်တန်းတွေ ပေးပြီး ပြုပြင်ပြောင်းလဲဖို့ နဲ့ လွတ်လပ်တဲ့ တရားစီရင်မှု နဲ့ တရားဥပဒေ စိုးမိုးအောင် လုပ်ဆောင်ဖို့ အကြံပေးထားပါတယ်။ ဒီအကြံပေးချက်တွေကို မလိုက်နာရင် စစ်အစိုးရအပေါ် နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။

“ကျနော့် အစီရင်ခံစာမှာ ကျနော် ပြောထားပါတယ်။ စစ်အစိုးရ ကျင်းပတဲ့ အမျိုးသားညီလာခံ ဟာ အတုအယောင် အမျိုးသားညီလာခံ ဖြစ်တယ် ဆိုပြီး၊ ဒီကိစ္စက ရှင်းပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ ရောက်ခဲ့တဲ့ အတွက်လည်း ဒီကိစ္စကို ကျနော် စုံစမ်းနိုင်ပါတယ်။ ကျနော် အဆိုပြုထားတဲ့ အချက်လေးချက်က မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး ဘာပဲလုပ်လုပ်၊ ဖွဲ့စည်းပုံရေးဆွဲရေးပဲ လုပ်လုပ် ဒီအချက်တွေကို အကောင်အထည် မဖော်ဘူးဆိုရင် နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာနဲ့ ပတ်သက်လို့လည်း မစ္စတာ ကင်တားနားက -

“ကျနော့် ရှုမြင်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တဖက်သတ် စစ်အစိုးရဘက်က သူ့သဘောနဲ့သူ ချုပ်နှောင် ထားတာကို ခံထားရတာပါ။ မျှမျှတတ တရားစီရင်တာကို မခံရဘူးလို့ ကျနော် မြင်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက အယူခံ ၀င်ထားတယ်လို့ ကျနော် သိပါတယ်။ စစ်အစိုးရအနေနဲ့ ဒီကိစ္စကို အရေးတယူ ပြန်လည်ပြုပြင်ပြီး မျှမျှတတ စဉ်းစားမယ်၊ ချက်ခြင်း လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံအတွင်း မုန်တိုင်းဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်ပြီး လိုအပ်နေဆဲ ဖြစ်တဲ့အကြောင်းနဲ့ တချိန်တည်းမှာ လူ့အခွင့်အရေး အခြေအနေကိုလည်း ပစ်ပယ်ထားလို့ မရတဲ့အကြောင်း မစ္စတာ ကင်တားနားက ပြောသွားပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အကျဉ်းထောင်တွေကို လွတ်လွတ်လပ်လပ် သွားခွင့်ရဖို့ စစ်အစိုးရ အာဏာပိုင်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရတာတွေ ရှိတဲ့အကြောင်း ကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်၊ ကုလသမဂ္ဂဟာ မြန်မာစစ်အစိုးရကို အထီးကျန် ၀ိုင်းပယ်ခံ ထားရတာကနေ ကယ်ထုတ်ဖို့ ကြိုးစားတာ ဖြစ်တယ်ဆိုတာ စစ်အစိုးရ နားလည်ဖို့ လိုတဲ့အကြောင်းတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။


ကမ္ဘာ့ အကြာဆုံး အကျဉ်းကျ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်(ကြိုင်လှမောင်မောင်)


Six leaders were given a long term


Six leaders of National League for Democracy party who were arrested
in September and October 2007 were given a long term imprisonment by
Mandalay Divisional Court in this afternoon at Mandalay, a second
capital of Burma. Many of them were charged under 505/b and 153/a and
one was charged with 505/b only.

Those who were given imprisonment are:
(1) Win Mya Mya ( F) who is a organizing committee member of NLD
Mandalay Division was given 12 years imprisonment.
(2) Kan Tun, (M) Who is a secretary of the NLD Mandalay Division
was 12 years imprisonment.
(3) Than Lwin,(M) Who is a vice-chair person of the NLD Mandalay
Division was 8 years imprisonment.
(4) Min Thu,(M) Who is a In-charge of the Mogok township NLD,
Mandalay Division was 13 years imprisonment.
(5) Tin Ko Ko, (M) Who is an organizing committee member of
Meiktila Township NLD of Mandalay division was given two years
imprisonment.
(6) Win Shwe (M) who is a member of Salin Township NLD of Magwe
Devision was given to 11 years imprisonment.


Section 505(B): Whoever makes, publishes or circulates any statement,
rumour or report, with intent to cause, or which is likely to cause,
fear or alarm to the public or to any section of the public whereby
any person may be induced to commit an offence against the State or
against the public tranquility; shall be punished with imprisonment
which may extend to two years, or with fine, or with both.

Section 153(A): Whoever by words, either spoken or written, or by
signs, or by visible representations, or otherwise, promotes or
attempts to promote feelings of enmity or hatred between different
classes of [persons resident in the Union] shall be punished with
imprisonment which may extend to two years, or with fine, or with
both.
လွန်ခဲ့သည့် ၉ နှစ်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသော ဒေါ်ဝင်းမြမြ (အလယ်မှ၊ အင်္ကျီအဖြူနှင့်)။

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲများတွင် ပါဝင်ခဲ့သူအချို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အောက်ပါအတိုင်း နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။

မန္တလေးတိုင်း
ဒေါ်ဝင်းမြမြ - ထောင်ဒဏ် ၁၂ နှစ်
ဦးကံထူး - ၁၂ နှစ်
ဦးသန်းလွင် - ၈ နှစ်
ကိုမင်းသူ - ၁၃ နှစ်
ကိုဝင်းရွှေ (ကျောက်ပန်းတောင်း မြို့နယ်) - ၁၁ နှစ်
ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်) - ၂ နှစ်

ရန်ကုန်တိုင်း
သံဃာ ၇ ပါး - တပါးလျှင် ထောင်ဒဏ် ၄ နှစ်၊ ၃ လ
သီလရှင် ၇ ပါး - ထောင်ဒဏ် ၄ နှစ်၊ ၃လ


ကြံ့ခိုင်ရေးအသင်းဝင်ဟု ယူဆရသူတဦးက သံလက်သီး (သံကွင်း) ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နှာခေါင်းရိုးကျိုးပြီး မျက်လုံးတဘက် ပျက်စီးသွားသော ဦးသန်းလွင် (အသက် ၇၁နှစ်၊ ထောင် ၈ နှစ်)
ကိုမင်းသူ (မိုးကုတ်၊ ထောင် ၁၃ နှစ်)Align Center

ဗန်းမောင်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အခမ်းအနားကျင်းပ


ဗန်းမောင်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အခမ်းအနားကျင်းပ

မိုးမခ အထောက်တော် ၀၀၃

အောက်တိုဘာ ၂၄၊ ၂၀၀၈

ကိုလိုနီစနစ်၊ နယ်ချဲ့စနစ်နှင့် အာဏာရှင်စနစ်ခေတ် တလျောက်လုံး တော်လှန်သော စာရေးဆရာအဖြစ် မဆုတ်မနစ်ရပ်တည်ပြီး ကလောင်လက်နက်ဖြင့် အာခံတိုက်ခိုက်ခဲ့သူ၊ အဖိနှိပ်ခံ ပြည်သူလူထုဖက်က အမြဲတစေ ထာဝရ ရပ်တည် အသံပြုခဲ့သူ မြန်မာပြည်ရဲ့ သူရဲကောင်း စာရေးဆရာတဦးဖြစ်သူ ဗန်းမော်တင်အောင် (၁၉၂၀ - ၁၉၇၈) ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အမှတ်တရ အခမ်းအနားကို ကျန်ရစ်သူမိသားစု သားသမီးများက သမီးကြီး ဒေါ်တင်သန်းယုနေအိမ်၊ ၂၅ နှင်းဆီ ၃ လမ်း၊ ဂရင်းဗယ်လီ၊ ၉ မိုင် မရမ်းကုန်းမှာ ၂၃ အောက်တိုဘာ နံနက် ၉ နာရီက ၁၂ နာရီအထိ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှူအဖြစ် ဗြူတီမဂ္ဂဇင်း အယ်ဒီတာ ကိုထွန်းဝင်းငြိမ်းက ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အစီအစဉ် ၉ ရပ်နဲ့ ကျင်းပတယ်လို့ ဆိုပါတယ်။

၁ - အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ ၂ - နှစ်ခြင်း ခရစ်ယာန်သင်းအုပ်ဆရာ ဦးကျော်ညွန့်က ဂုဏ်ပြုစကားနဲ့ ၀တ်ပြုဆုတောင်းပေးခြင်း၊ ၃ သမီးကြီးက မိသားစုနှင့် ဧည့်သည်တို့ကို မိတ်ဆက်ပေးခြင်း၊ ၄ - ဆရာဒဂုန်တာရာက တာရာမဂ္ဂဇင်း ထုတ်ခဲ့စဉ် ဗန်းမော်တင်အောင်နဲ့ ဆုံခဲ့သည့် အတွေ့အကြုံများ ပြောကြားခြင်း၊ ၅ - ဆရာ ပါရဂူ ရန်တိနိကေတန် စာကြည့်တိုက် အတွက် ငွေ ၁ သိန်းကို ကျန်ရစ်သူ မိသားစုက ပေးလှူခြင်း၊ ၆ - နာမကျန်းသူ စာပေအနုပညာရှင် ၆ ဦးကို ကျပ်ငွေ ၂ သောင်းစီ ကျန်ရစ်သူ မိသားစုက ဒါနပြုခြင်း၊ ၇ - တကသ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလှရွှေက ဗန်းမော်တင်အောင် ဂရပ်ဖစ်ဒီဇိုင်းပုံတူ ပန်းချီကားတချပ် မိသားစုထံ ပေးအပ်ခြင်း၊ ၈ - အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်းနဲ့ ၉ အစီအစဉ်အဖြစ် အကျွေးအမွေးများနဲ့ ဧည့်ခံခဲ့ပါတယ်။

မိသားစုက ဒါနအကူအညီပြုတဲ့ စာရေးဆရာများမှာ - ညွန့်သစ်၊ မောင်အောင်နီ၊ မောင်ရန်ပိုင်၊ ဆရာဌေးကြည်၊ နီဟိန်း၊ ခင်ဝင်းသစ်တို့ ဖြစ်ကြပါတယ်။ တက်ရောက်သူ ပညာရှင်ပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ဧည့်သည်များထဲမှာ ဒဂုန်တာရာ၊ ပါရဂူ၊ တိုးတက်ရေး သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဟံသာဝတီ ဦးဝင်းတင်၊ ဌေးမောင်၊ မောင်မိုးသူ၊ အောင်လွင်၊ ဦးလှရွှေ၊ မောင်ဝံသတို့အပြင် ထင်ရှားတဲ့ စာပေအနုပညာနဲ့ နိုင်ငံရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။

(ဓာတ်ပုံ ကျေးဇူး - ဇေမှိုင်းနဲ့ မိုးမခ ၀ိုင်းတော်သားများ)

US, EU Call for Release of Suu Kyiအီးယူ၊ အမေရိကန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို

By LALIT K JHA Friday, October 24, 2008


NEW YORK — The release of pro-democracy leader Aung San Suu Kyi should be the first step towards the reintegration of Burma with the international community, a United States official said on Wednesday.

The call for Suu Kyi’s release was made in a US State Department statement released in Washington on the eve of the 13th anniversary of Aung San Suu Kyi's house arrest.

Burmese residents in Japan with a portrait of detained democratic leader Aung San Suu Kyi chant slogans at a Tokyo park, on September 27. (Photo: AP)
Supporters of Suu Kyi have planned a series of meetings and demonstrations across the world. The US Campaign for Burma on Wednesday announced that it would hold protest demonstrations at the Chinese Embassy in Washington.

"As the Burmese regime's single most important supporter, China holds the key to Aung San Suu Kyi's release," said Aung Din, the executive director of US Campaign for Burma. "Nelson Mandela was locked up for decades before the world came to his aid— Aung San Suu Kyi shouldn't have to wait that long."

The US statement said: "As of October 24, 2008, Aung San Suu Kyi has spent a total of 13 years under house arrest. We again call upon the Burmese regime to immediately and unconditionally release her and the more than 2,000 political prisoners it holds."

Observing that October 24 also marks the anniversary of the coming into force of the United Nations charter, the statement said: "We renew our support for the UN efforts, under the leadership of Secretary-General Ban ki-Moon, to obtain the release of Burma's political prisoners and encourage Burma to move toward democracy."

"We further join the United Nations and the rest of the international community in calling upon the regime to engage credibly in an inclusive, time-bound dialogue with Aung San Suu Kyi and other democratic and ethnic minority leaders to bring about a genuine democratic transition."

Meanwhile, the European Parliament called on Asian and European leaders at a meeting in Beijing on Friday and Saturday to launch a joint appeal to the Burmese military government for the release of all political prisoners.

European MPs, meeting in Strasbourg, condemned the continued detention of Suu Kyi and called for her immediate release. The parliament also denounced "the arbitrary charges behind the arrests of many dissidents and the harsh conditions of detention of political prisoners, including widespread use of torture and hard labor."


အီးယူ၊ အမေရိကန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို
ဧရာဝတီ | အောက်တိုဘာ ၂၄၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နေရသည့်ကာလမှာ သက်တမ်း ၁၃ နှစ် ပြည့်မြောက်ပြီဖြစ်သဖြင့် ၎င်းအားအမြန်ဆုံးလွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဌာနက စစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားနှစ်ထောင်ကျော်ကို ခြွင်း ချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ထပ်မံ တောင်းဆိုသည်ဟု ယမန်နေ့ကထုတ် ပြန်သည့် အမေရိကန် နိုင်ငံခြားရေးဌာန ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပပါလီမန်ကလည်း တရုတ်နိုင်ငံရှိ မြို့တော်ဘေဂျင်း၌ ယနေ့နှင့် မနက်ဖြန် ၂ ရက် ကျင်းပမည့် ဥရာပ အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းဝေး ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးကို တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ် ဇူလိုင်လ၊ ၂၀၀၀ ခုနှစ် စက်တင်ဘာလနှင့် ၂၀၀၃ ခုနှစ် မေလတို့ တွင် အကျယ်ချုပ် ၃ ကြိမ် ချမှတ်ခဲ့သည်။

ယခုလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရခြင်းနှင့်ပတ်သက်၍ နေပြည်တော်တွင် အယူခံ တင်ခဲ့သည်ဟု ၎င်း၏အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက ဧရာဝတီကို ပြောဆိုသည်။

အယူခံလွှာနှင့်စပ်လျှင်း၍ ရှေ့နေ ဦးကြည်ဝင်းအား စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၅ ကြိမ် တွေ့ဆုံခွင့်ပြုခဲ့ပြီး နောက်တကြိမ်တွေ့ခွင့်ထပ်ရရန် ရှေ့နေ ဦးကြည်ဝင်းက တောင်းဆိုထားကြောင်း သိရသည်။

ကမ္ဘာတ၀န်းရှိ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက အစည်းဝေးပွဲများနှင့် ဆန္ဒပြပွဲများကို ယနေ့ပြုလုပ်ကြမည် ဖြစ်သည်။

အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (USCB) ကလည်း စစ်အစိုးရကို ထောက်ခံအားပေးနေသည့် တရုတ်အစိုးရအား ရှုတ်ချသည့်အနေနှင့် ၀ါရှင်တန်မြို့တော်ရှိ တရုတ်သံရုံးရှေ့တွင် ယနေ့ ကန့်ကွက်ဆန္ဒပြမည်ဟု လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ကတည်းက ကြေညာထားသည်။

10.24.2008

Burmese Junta Sentences NLD Activists

By WAI MOE Friday, October 24, 2008

Win Mya Mya, a well-known pro-democracy activist in Mandalay, and five other members of the opposition National League for Democracy (NLD) were sentenced to long prison terms on Friday.

The court sentenced the six members of the NLD’s Mandalay Division to up to 13 years imprisonment, Nyan Win, an NLD spokesperson, told The Irrawaddy.

“Daw Win Mya Mya and U Kan Tun received 12 years, and U Than Lwin who was elected in the 1990 election, received eight years in prison,” he said.

Min Thu from Mogok Township, received 13 years; Win Shwe from Kyaukpadaung Township received 11 years; and Tin Ko Ko from Meiktila Township received two years.

According to a Burmese human rights group, the Assistance Association for Political Prisoners (AAPP), the NLD members were charged with Act 505 (B) for meeting with American diplomats and 153 (A) for campaigning for political and human rights and the reopening of NLD offices in the country.

Win Mya Mya is a well-known pro-democracy activist in Mandalay, Burma’s second largest city. Since 1988, she provided food and other material to political prisoners in Mandalay Prison. In return, authorities harassed her family business and arrested her several times during 20 years as a political activist.

She was injured and arrested when Aung San Suu Kyi’s supporters were brutally ambushed by thugs backed by the junta in Depayin, Sagaging Division in northern Burma in late May, 2003. She has been in detention since the September 2007 demonstrations.

Than Lwin, who was a successful candidate for Madaya Township in 1990, is vice-chairman of the NLD's Mandalay Division. He was arrested during the 2007 demonstrations. He was also assaulted when he returned home from praying for the release from house arrest of NLD leader Aung San Suu Kyi at a Buddhist temple in the township in June 2007.

NLD spokesman Nyan Win said, “They didn’t commit any crimes. So the jail term for them is unjust and unfair.”

မေတ္တာလွှမ်း၍အေးချမ်းနိုင်ပါစေ




မေတ္တာလွှမ်း၍အေးချမ်းနိုင်ပါစေ

ဒီနေ့ညနေဘက်ကမှမိတ်ဆွေတယောက်ဆေးရုံတက်နေတာသတင်းမေးဖို့
မယ်တော်ဆေးခန်းကိုရောက်သွားပါတယ်။လူနာတွေပြည့်ကျပ်နေတော့အံသြ
သွားမိတယ်။နောက်မှနိုင်ငံခြားကမျက်စိခွဲစိတ်ဆရာဝန်တွေရောက်နေလို့မျက်
စိခွဲဖို့ရောက်နေကြတာလို့သိရတယ်။ဒီကလူတွေဒီလောက်များလှခြည်လားလို့
စပ်စုမိတော့မှ..မြန်မာပြည်အနှံအပြားကလူတွေဖြစ်နေတာကိုး။

မနေနိုင်လို့တွေ့တဲ့လူအချို့ကိုဗျူးကြည့်မိတော့မျက်စိတခါခွဲဖို့ဆိုတာပြည်တွင်း
မှာမလွယ်ပါလားလို့သိရတော့တယ်။ကော့ကရိတ်မှလူနာတဦးကဒီလောက်
တောင်စားဖို့နေဖို့တောင်ကျပ်နေတဲ့အချိန်မှာသုံးလေးသိန်းအကုန်ခံပြီးခွဲဖို့ဆို
တာအိမ်မက်တောင်မမက်နိုင်ဘူး။အပြင်ဆေးခန်းမှာမခွဲနိုင်လို့ဆေးရုံသွားရင်
လဲဆရာဝန်ကလွဲလို့ဘာမှအလကားမရဘူး။

ဒီကြားထဲမှာဟိုကဟောက်လိုက်ဒီကဟောက်လိုက်၊ဟိုဘက်သွားခိုင်းလိုက်၊ဒီ
ဘက်သွားခိုင်းလိုက်နဲ့လူကိုကြေးစည်လိုခြာခြာလည်နေတော့နောက်ထပ်စိတ်
ကျရောဂါပါအဆစ်ရလာမှာစိုးရတယ်။ဒီမှာကအားလုံးအလကားလုပ်ပေးနေတာ။
ဒါကြောင့်သတင်းရတာနဲ့ကမန်းကတန်းပြေးလာရတာဟုဆိုပါသည်။

မော်လမြိုင်ကဘုန်းတော်ကြီးတပါးက..မော်လမြိုင်ဘက်တင်ဘယ်ကမလဲ၊ဟို
ဒကာမကြီးတယောက်ဆိုရွေဘိုက၊ရန်ကုန်ကလာတဲ့လူလဲရှိတယ်။ဖားအံ၊ကော့
ကရိတ်နဲ့ကရင်ပြည်နယ်ကလူတွေကအများစုပေါ့။

ကရင်လူမျိုးတွေများတယ်။တချို့ဆိုမြန်မာစကားတောင်မတတ်ဘူး။ခွဲမယ့်လူက
၆၀၀ရှိတယ်။အဖေါ်လိုက်လာတာက၈၀၀ကျော်တယ်။အကုန်လုံးကိုနေရာပေး။
ထမင်းကျွေးထားတာ။ကျုပ်လဲဒီမှာပဲတည်းတယ်။ဘုန်းကြီး၃၀လောက်နဲ့သီလရှင်
၂၀လောက်ပါတယ်။စေတနာကောင်းချက်ဗျာပြောမနေနဲ့။ဆရာမလေးတွေ
ဆိုပြုံးနေတာပဲ။

ထမင်းလဲကျွေး၊ပိုက်ဆံလဲတပြားမှမပေးရဘူး။ဒီကိုလာရတဲ့စားရိတ်နဲ့လမ်းမှာ
စားတာသောက်တာနဲ့လွန်ရောကျွံရော၁သိန်းလောက်ကုန်မှာပေါ့။မော်လမြိုင်မှာ
ဆိုသပြေတို့၊သရဖူတို့မှာခွဲရင်ခွဲတာပဲနှစ်သိန်းခွဲလောက်ပေးရမယ်။ဒီကြားထဲ....
စာအုပ်လုပ်တာ..ရက်ချိန်းပြန်ပြတာ။ကွန်ပြူတာမျက်စိစမ်းတာနဲ့စားစရိတ်နဲ့
ဘာနဲ့ဆို၎သိန်းလောက်ကုန်တာပေါ့။

ဘယ်ကသတင်းရလဲဆိုတော့လူသတင်းလူချင်းဆောင်တာပေါ့ဗျာ။ကျုပ်ကိုတော့
ဘုန်းကြီးချင်းသတင်းလှမ်းပေးလို့ပြေးလာရတယ်။အခုတခါကညာဘက်ခွဲမှာ။ပြီး
ခဲ့တဲ့နှစ်ကဘယ်ဘက်တခါလာခွဲပြီးသွားပြီ။ဘယ်ဘက်ကအခုဆိုရင်ရှင်းနေတာပဲ။
ခွဲရမဲ့ဘက်ကတော့အခုလုံးဝမမြင်ရဘူး။အခုနံပါတ်လေးဆယ်ရှိသွားပြီ။ကျုပ်က
နံပါတ်၇၀ဆိုတော့မိုးမချုပ်ခင်ခွဲရမှာပေါ့။တကြိမ်ခွဲဘူးတော့ကြောက်ပါဘူး။ပထမ
ခွဲတော့လဲဒီအမေရိကန်ဆရာမကြီးပဲ။သူကမြန်မာစကားလဲတတ်တယ်ဗျာ။ကျုပ်
ကိုခွဲတော့သူ့ဘာသာစကားနဲ့မေတ္တာပို့တယ်ပြောတယ်။ပြီးတော့မြန်မာလိုပါလူ
သားအားလုံးကျမ်းမာချမ်းသာပါစေလို့မေတ္တာပို့တယ်။ကျုပ်မှာသူ့ကိုအံသြနေ
တာနဲ့ဘယ်အချိန်ကထုံဆေးထိုးပြီးဘယ်အချိန်ခွဲလိုက်မှန်းမသိလိုက်ဘူး.....
ဘုန်းဘုန်းပြန်လို့ရပြီဆိုမှပြီးမှန်းသိတယ်။

ကျုပ်ကငယ်ဖြူမဟုတ်ဘူးကိုးဝါပဲရသေးတယ်။အရင်ကMOGEမှာလုပ်တယ်။
တပြည်လုံးသွားရတာလဲနှံ့လို့။အဆင်မပြေလွန်းလို့လူထွက်ပြီးဘုန်းကြီးဝတ်
လိုက်တယ်.....ငြိမ်းချမ်းတာပေါ့ဗျာ။

ဘာ..မြန်မာပြည်ပိုက်ဆံမရှိတဲ့လူတွေဘယ်လိုလုပ်မလဲဟုတ်လား....
မျက်စိဆိုကန်း....ရောဂါကျွမ်းရင်သေပေါ့ဗျာ။
ဘယ်လိုလုပ်ကြမလဲ……မေတ္တာတွေခြောက်ခမ်းနေတာ…….

ပြောပြောဆိုဆိုဖြင့်အလှည့်နီး၍ထွက်သွားသောဘုန်းတော်ကြီးကိုကြည့်ရင်း......
ကျွန်တော်သံဝေဂတော်တော်ရမိပါတယ်။မယ်တော်ဆေးခန်းမှ..............
ဒေါက်တာဒေါ်စင်သီယာမောင်နှင့်ဆရာဆရာမများကိုလည်းလူနာများကိုယ်စား
ကျေးဇူးတင်ရသည်။နိုင်ငံရပ်ခြားကသွေးမတော်သားမစပ်သူများကဒုက္ခရောက်
နေသည့်ဝေဒနာသည်များကိုစာနာကူညီရုံမက။မေတ္တာပါပို့သည်တဲ့..............

ကျွန်တော်တို့နိုင်ငံမှစစ်ဗိုလ်ကြီးများကတော့ထိုဆင်းရဲနွမ်းပါးသောပြည်သူများ၊
ဝေဒနာသည်များကိုဂရုမပြုရုံမကမေတ္တာပို့စီတန်းလမ်းလျှောက်သူများက
ိုသေနတ်ဖြင့်ပစ်သည်။
ထိုမျှမကမေတ္တာပို့သောသံဃာတော်များကိုထောင်သွင်းအကျဉ်းချသည်..............
မေတ္တာခြင်းကခြားနားလှပါပကော။

ဆင်းရဲဒုက္ခငရဲတွင်းမှမြန်မာပြည်သူများအတွက်မေတ္တာလွှမ်း၍အေးချမ်းနိုင်ပါစေ
လို့ဆန္နပြုရုံမှအပ………………………………။

Saffron Reporter

ထီတစောင်၂၀၀ကျပ်ဖြစ်တော့မည်

အောင်ဘာလေ ထီတစောင် ကျပ် (၂၀၀) နှုန်းဖြင့် တိုးမြှင့်သတ်မှတ်ရောင်းချရခြင်းသည် အောင်ဘာလေ သိန်းဆုအခွန်ငွေ နှစ်ဆတိုး ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိတဦးက ပြောသည်။

၎င်းက “လက်ရှိ ကျပ် (၁၀၀) နဲ့ ရောင်းနေတဲ့ ထီလက်မှတ်တွေကနေ တနှစ် ပျှမ်းမျှအခွန် ကျပ်ငွေ (၁၂) ဘီလီယံကျော်ရနေတယ်။ အဲဒါ လာမယ့် ၂၀၀၉ ခုနှစ်က စပြီး ကျပ်ငွေ (၂၄) ဘီလီယံကျော်ရအောင် စီမံကိန်းချပြီး လုပ်တာဖြစ်တယ်” ဟုပြောသည်။

လာမည့် ဒီဇင်ဘာ (၁) ရက်မှ စတင်ကာ အောင်ဘာလေထီတစောင်ကို ကျပ် (၂၀၀) ဖြင့် ရောင်းချမည်ဖြစ်ပြီး ၂၀၀၉ ခု ဇန်န၀ါရီ (၁) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြသည်။

မြန်မာပြည်တွင်း၌ အစိုးရအောင်ဘာလေ ထီအပြင် ထိုင်းအိုင်တီဗွီ ချယ်နယ်မှ တနေ့နှစ်ကြိမ် ဖော်ပြသည့် အစုရှယ်ယာဈေးနှုန်း နောက်ဆုံးဂဏန်း နှစ်လုံးကို လောင်းကစားသည့် (၂) လုံးထီ၊ တလ နှစ်ကြိမ်ဖွင့်လှစ်သည့် ထိုင်းထီကို အခြေခံလောင်းကစားသည့် ချဲထီတို့လည်း ပျံ့နှံ့နေပြီး ယခုနောက်ပိုင်း စင်ကာပူနိုင်ငံမှ အောင်ဘာလေထီကိုပါ ထိုးနေကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ယင်းလောင်းကစားမှုများကို နယ်မြေခံရဲများက ပုံမှန်ဆက်ကြေးကောက်ယူကာ ခွင့်ပြုထားခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

မည်သို့သောသုံးသပ်ဝေဖန်ချက်များရှိသည်ဖြစ်စေသေချာသည့်အချက်တခုမှာ

စစ်အာဏာရှင်များအတွက်အခွန်ငွေနှစ်ဆတိုး၍ရရှိစေမည်မှာအသေအချာပင်
ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကင်တားနား တိုက်တွန်း

24 October 2008

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ ၂၀၁၀

ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင်
လုပ်ဆောင်ဖို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်း
ကျခံနေရတဲ့ အကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးဖို့လည်း မစ္စတာ တိုးမာ့စ် အိုဟေး
ကင်တားနား (Tomas Ojea Quintana) က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ
တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို သြဂုတ်လမှာ ပထမဆုံး
အကြိမ် သွားရောက်ခဲ့ပြီးတဲ့နောက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရလုပ်ရ
မယ့် အချက် ၄ ချက်ကို အဆိုပြုခဲ့ပါတယ်။

Tomas Ojea Quintana, Special Rapporteur on the Situation of Human Rights in Myanmar, Monday, June 9 2008.AP
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်
မစ္စတာ ကင်တားနား။ ဇွန် ၉၊ ၂၀၀၈။
"နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့
ကိုက်ညီအောင် ပြည်တွင်းဥပဒေတွေကို ပြင်ဆင်
ပါ၊ နိုင်ငံရေးခံယူချက်တွေကြောင့် ဖမ်းဆီးထားသူ
တွေအားလုံးကို လွှတ်ပေးပါ၊ စစ်တပ်ကို ပြုပြင်
ပြောင်းလဲရေးလုပ်ပါ၊ စစ်တပ်မှာ လူ့အခွင့်အရေး
သင်တန်း ပေးပါ၊ လွတ်လပ်တဲ့ တရားစီရင်နိုင်မှုနဲ့
တရားဥပဒေစိုးမိုးအောင် လုပ်ပါ။"

စက်တင်ဘာလတုန်းက အကျဉ်းသား ၉,၀၀၀
လွှတ်ပေးခဲ့တာကို မစ္စတာကင်တားနားက ကြိုဆို
ပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ
၇ ယောက်ပဲ ပါတယ်ဆိုတာကို ထောက်ပြပါ
တယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂,၀၀၀ ကျော်ရှိနေတာကို
လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အထင်ရှားဆုံးကတော့ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံသက်တမ်း ၁၃ နှစ် ပြည့်ပြီ



Burmese opposition leader Aung San Suu Kyi (file photo)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီး
ထိန်းသိမ်းခဲ့တာ မနက်ဖြန်ဆို ၁၃ နှစ်ပြည့်ပြီဆိုပြီး
ကမ္ဘာအနှံ့က မြန်မာ့အရေးလှုပ်ရှားနေတဲ့
လူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား
တွေကို လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

စာရေးဆရာမ ခင်ပန်နှင်း ကဗျာဆရာစောဝေဘက်မှ သက်သေထွက်ဆို

ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၃၊ ၂၀၀၈

ကဗျာဆရာစောဝေဘက်မှ သက်သေလိုက်ပေးနေသော စာရေးဆရာမ ခင်ပန်နှင်း (ဒေါက်တာဒေါ်ခင်မြင့်ဦး)။

မိတ်ဆွေတဦးဖြစ်သောကြောင့် တရားရုံးတက်ပြီး သက်သေလိုက်ပေးနေခြင်းဖြစ်သည်ဟု သိရသည်။ လွန်ခဲ့သည့် ၉ လက ဖမ်းဆီးခံခဲ့ရသော ကဗျာဆရာစောဝေသည် ယခုအခါ အင်းစိန်အကျဉ်းထောင်ဆေးရုံတွင် ရောက်ရှိနေပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည်။ ၅၀၅(ခ)သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်သည်။ လာမည့်လဆန်းတွင် စီရင်ချက်ချမည်ဟု ကဗျာဆရာ၏ရှေ့နေဖြစ်သူက အာအက်ဖ်အေ သတင်းဌာနသို့ ပြောကြားခဲ့သည်။ အာဏာပိုင်များက ကိုစောဝေဖွဲ့ဆိုခဲ့သည့် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ကဗျာကြောင့် အများပြည်သူထိတ်လန့်နိုင်သည်ဟု စွပ်စွဲထားသည်။ (ဓာတ်ပုံ စာဖတ်သူဂျာနယ်)

[FFO] China poisoned milk

၁၄ကြိမ်မြောက်KNUကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်



ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက “တွေ့ဆုံဆွေးနွေးရေးမူကို ကေအန်ယူက ဆက်လက်ကိုင်စွဲထားပေမယ့် နအဖက ကေအန်ယူကို တဖက်သတ် သူတို့နဲ့ပူးပေါင်းဖို့ လက်နက်ချဖို့ပဲ ပြောတယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကို မကြိုးစားဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေးလမ်းစဉ်ကိုပဲ ဆက်လုပ်နေတယ်။ တွေ့ဆုံဆွေးနွေးရေးလုပ်မှသာ ငြိမ်းချမ်းစွာနဲ့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်မယ်” ဟုပြောသည်။

သို့သော် နအဖက နိုင်ငံရေးပြဿနာကို စစ်ရေးနှင့်သာ ဖြေရှင်းလိုသည့်အတွက် ကေအန်ယူလက်အောက်ခံ တပ်မဟာများတွင် တိုက်ပွဲများ အမြဲဖြစ်ပွားနေသကဲ့သို့ ကျန်တပ်မဟာများတွင်လည်း ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။

“နအဖ အနေနဲ့ ကေအန်ယူ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို နောက်ထပ်အနှစ် (၁၀၀) အထိ ဆက်တိုက်ချင်ရင်လည်း ရတယ်။ ဗိုလ်သန်းရွှေကို ပြောချင်တာက မြန်မာ့နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနည်းကသာ အကောင်းဆုံးဖြစ်တယ်” ဟု ပဒိုဒေးဗစ်သာကပေါက ပြောကြားခဲ့ပါသည်။
မူရင်းPDFင်္ File ဒေါင်းလုပ်ရယူရန်
14 Congress Statement(KNU) - Upload a Document to Scribd

10.23.2008

Wanted monk flees to Thailand border

A Buddhist monk featuring in the wanted list of the Burmese military regime fled to the Thai-Burma border yesterday.

U Ein Thariya (33) a monk of 14 years standing changed into civilian clothes, temporarily, while fleeing to a neighbouring country. He was under surveillance of Burmese intelligence agencies.

He was wanted by the Burmese military junta for his involvement in street demonstrations against the regime in Pakkoku Township.

He had written vehement protest letters under the pen name "Min Thonenya" against the junta's atrocities and sent it to foreign news broadcasting radio stations.

"They didn't know me directly. They knew only my pen name and they had no idea whose name it actually was. They made inquires but my relatives and friends kept it a secret. I was not arrested because they did not know who exactly I was," he told Mizzima over telephone.

U Ein Thariya was a student monk (studying Buddha's sermon) in Kyilin monastery, Chanmyatharzi Township, Mandalay.

On October 15, 2007, military junta officials arrested and beat up some monks who took part in the monk-led march spreading their love to countrymen by singing sermons. Although monks had demanded the regime apologize to them for the assault, the junta ignored the demand in what is a Buddhist majority country.

၂၀၁၀သို့မျှော်ကြည့်ခြင်း(D-Wave)

နိဒါန်းမဟုတ်သောအမှာမဟုတ်သောရှင်းလင်းချက်

ကျွန်တော်ဆောင်းပါးရေးလျှင်နိဒါန်းတွေ၊အမှာတွေမရေးချင်ပါ။စကားလုံး
ရွေးချယ်လျှင်ပင်စာဖတ်နိုင်သောတွေးတတ်သောလူအားလုံးနားလည်ရန်
သာကြိုးစားရေးခဲ့ပါသည်။သာမန်လူတန်းစားအားလုံးဖတ်နိုင်ရန်မိတ်ဆွေ
တယောက်ကိုဆွေးနွေးနေသလိုသာရေးလေ့ရေးထရှိသည်။ယခုဆောင်းပါး
အတွက်ရှင်းလင်းချက်အနည်းငယ်ပေးရခြင်းမှာလဲဤဆောင်းပါး၏ခေါင်းစဉ်
ကြောင့်ဖြစ်သည်။အကြောင်းအရာကကြီးမား၍ကျယ်ပြန့်လွန်းလှပါသည်။

ငွေတပဲနှင့်ငါးကြင်းခေါင်းတက်ကိုင်ရသည့်အဖြစ်မျိုးရောက်မည်ကိုတကယ်
ပင်ပူပန်မိသည်။ဒါဆိုလျှင်ဘာ့ကြောင့်ရေးနေရလဲဟုမေးစရာရှိသည်။တ
ကယ်ကိုလိုအပ်၍ရေးရပါသည်ဟုသာဖြေစရာရှိပါတော့သည်။ကျွန်တော်ရေး
သောဆောင်းပါးမှအချက်အလက်တစုံတရာ(သို့)အတွေးအခေါ်တခုခုသည်
ဘာဆက်လုပ်ရမှန်းမသိတော့ပဲလမ်းပျောက်နေသူတချို့ကိုလမ်းတခုခုပြပေး
နိုင်လျှင်၊ကျွန်တော်တို့တိုက်ပွဲဝင်နေကြသောဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
အတွက်တစုံတရာအကျိုးဖြစ်ထွန်းမည်ဆိုလျှင်ကျွန်တော်ကျေနပ်ပြီဖြစ်သည်။

၂၀၁၀တွင်ဘာဖြစ်လာမည်လဲ

အများသိပြီးဖြစ်သည့်အတိုင်း၂၀၁၀တွင်ရွေးကောက်ပွဲလုပ်ရန်နအဖကတရား
ဝင်ကြေညာထားပြီးဖြစ်သည်။ကျွန်တော့်အမြင်တော့ဖြစ်အောင်ကျင်းပ၍နိုင်
အောင်လဲလုပ်ပေလိမ့်မည်။ထိုသို့ဆိုလျှင်ဘာဖြစ်လာပါမည်လဲ။လွယ်လွယ်
်ပြောလျှင်စစ်ကျွန်တခေတ်ဆန်းသစ်လာပါမည်။သတင်းစာဆရာကြီး
ဦးဝင်းတင်၏စကားနှင့်ပြောလျှင်ငရဲသို့ရောက်ရတော့မည်။ဒီပုံအတိုင်းသာ
ဆက်သွားနေမည်ဆိုလျှင်ဒီပုံမျိုးနှင့်မိုးချုပ်ပါတော့မည်။

၂၀၁၀ မတိုင်ခင်သူတို့ဘာလုပ်လေမလဲ

အခြေအနေတရပ်ရပ်ကြောင့်ရွေးကောက်ပွဲလုပ်တော့မည်ဆိုလျှင်လက်ရှိ
အာဏာရယူထားသူများအနေဖြင့်
(၁)ဖမ်းဆီးချုပ်နှောင်ထားသောနိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရခြင်း၊

(၂)လက်နက်ကိုင်အတိုက်အခံအဖွဲ့အစည်းများရှိလျှင်လွတ်ငြိမ်းချမ်းသာ
ခွင့်ကြေငြာပေးရခြင်း၊
(၃)ရွေးကောက်ပွဲဝင်မည့်ပါတီများအတွက်လုံလောက်သည့်မဲဆွယ်စည်းရုံးခွင့်
နှင့်ပြင်ဆင်ခွင့်ပေးရခြင်း၊
(၄)တဖက်စောင်းနင်းအာဏာဖြင့်လွှမ်းမိုးသည်ဟုမယူဆစေရန်နိုင်ငံတကာ
အကဲခတ်များကိုစောင့်ကြည့်လေ့လာခွင့်ပေးရခြင်း စသည်တို့ပြုလုပ်ပေးရ
ပါသည်။

နအဖတို့ထိုသို့လုပ်မည်မလုပ်မည်ကိုဗေဒင်မေးလျှင်ဆန်ကုန်နေပေဦးမည်။
နဂိုထဲကမှမလွှဲပေးချင်၍အချိန်ဆွဲလာခဲ့သည်မှာ၁၉၉၀ထဲကခုထိဖြစ်သည်။
ဒီလိုချည်ပြီးတုပ်ပြီးလုပ်ထားသည်ကိုပင်ဆုတ်သာတက်သာဖြစ်ရအောင်သူတို့
တပ်ချုပ်ကြီးကခုထိရွေးကောက်ပွဲပြုလုပ်မည့်ဥပဒေကိုလက်မှတ်မထိုးသေး။
လုပ်ရမည်ဆိုလျှင်ကောဘယ်လိုလုပ်မည်နည်း။

နိုင်ငံရေးအကျဉ်းသားအနည်းငယ်မျှကိုရာဇဝတ်အကျဉ်းသားမြောက်များစွာ
နှင့်ရော၍အလွှတ်ထပ်ပြပေးမည်။အကြိုက်ပေး၍အတင်းဆွဲငြိမ်းချမ်းရေးလုပ်
ထားသောလူမျိုးစုအဖွဲ့များကိုရွေးကောက်ပွဲဝင်နိုင်ရန်လမ်းဖွင့်ပေးမည်
(နိုင်ခွင့်တော့ဘယ်တော့မှမပေးပါ)။လက်ရှိစစ်ခေါင်းဆောင်များသည်လူမျိုးစု
လက်နက်ကိုင်အဖွဲ့များကိုဘယ်တော့မှမယုံပါ။သူတို့အချင်းချင်းပင်မယုံကြည်
၍တယောက်နှင့်တယောက်မျက်စိဒေါက်ထောက်ကြည့်နေရသည်။တချိန်က
သူတို့သူပုန်သောင်းကျန်းသူအဖျက်သမားများဟုခေါ်၍အပြင်းအထန်တိုက်
ခိုက်ခဲ့ဘူးသည့်လူမျိုးစုအဖွဲ့များကိုတရားမျှတစွာယှဉ်ပြိုင်အနိုင်ယူခွင့်ပေးလို
သောသဘောထားသာရှိလျှင်ကျွန်တော်တို့အခုအချိန်အထိတိုက်ပွဲဝင်နေရန်
ပင်မလိုတော့။

ကျန်အချက်များကိုရှေ့ဆက်တွေးနေရန်အကြောင်းမရှိ။ရှုံ့ချည်နှပ်ချည်လုပ်
၍ပေးသောမဲဆွယ်စည်းရုံးခွင့်တချို့ကံကောင်းလျှင်ရချင်ရမည်။သူတို့ကြိုးဆွဲ
သလိုကမည်ဟုယူဆသောပုဂ္ဂိုလ်တချို့စောင့်ကြည့်လေ့လာခွင့်ရချင်ရမည်။
ဒါသည်လည်းသူတို့အကျိုးစီးပွါးကိုထိခိုက်လာပြီဟုယူဆလျှင်ချက်ချင်းပြန်ရုပ်
သိမ်းလိမ့်မည်။နအဖတို့စတင်ပေါ်ပေါက်လာသောအချိန်မှယခုအထိလူကြီး
လူကောင်းပီသစွာဂတိတည်ခဲ့သည့်လုပ်ရပ်တခုမှမရှိခဲ့သေးသည်ကိုမမေ့သင့်။

နအဖ၏ခြေလှမ်းနှင့်အလားအလာများ
တကမ္ဘာလုံးကမည်သို့ဆိုနေစေကာမူနအဖတို့သည်သူတို့အာဏာကိုလွဲပြောင်း
ပေးရမည့်လမ်းကြောင်းဆီသွားမှဖြစ်မည်ဆိုလျှင်လက်ရှိအချိန်အထိခိုင်မာသည်
ဟုသူတို့ယူဆထားသောRoadMapဆီမှတဆံခြည်မှပင်သွေဖီလိမ့်မည်မဟုတ်။
ထိုလမ်းကြောင်းအတိုင်းသွားသည့်အခါသူတို့လမ်းကြောင်းတွင်ရှိသမျှ၊ပိတ်ဆို့
တားဆီးသည်ဟုယူဆသည့်အရာမှန်သမျှကိုဖျက်ဆီးခြေမွသွားလိမ့်မည်။

သူတို့၏လမ်းကြောင်းတွင်လက်ရှိထင်ထင်ရှားရှားရှိနေသည်မှာNLDဖြစ်သည်။
ရွေးကောက်ပွဲမဝင်နိုင်ဟုNLDကတရားဝင်ကြေညာထားသည်။ထို့သို့ဆိုလျှင်
NLD၏ရှေ့အလားအလာမည်သို့ဖြစ်လာမည်နည်း။ကျွန်တော့်အနေနှင့်နှစ်လမ်း
ဖြစ်လာစရာအကြောင်းရှိမည်ဟုယူဆသည်။

ပထမတလမ်းမှာNLDကိုဖဲ့ထုတ်ဖြိုခွဲသည့်နည်းလမ်းဖြစ်သည်။ထိုလမ်းသည်
နအဖတို့လုပ်နေကျနည်းလမ်းဖြစ်သည်။အကယ်၍NLDတွင်အက်ကြောင်းတခု
ရှိခဲ့လျှင်ထိုအက်ကြောင်းမှမဖြစ်မနေသပ်လျှိုပေလိမ့်မည်။ရွေးကောက်ပွဲဝင်လို
သည့်ဆန္ဒရှိသူများကိုသာရခဲ့လျှင်အတိုင်းထက်အလွန်ပင်ဖြစ်တော့မည်။

ကျွန်တော့်အယူအဆကိုပြောရလျှင်၂၀၁၀သူတို့သဘောကျရွေးကောက်ပွဲကို
အံတုရင်ဆိုင်နိုင်ရန်NLD၏ပါတီတွင်းစည်းလုံးညီညွတ်မှုသည်လွန်စွာအရေး
ကြီးသောအချက်တချက်ဖြစ်သည်။ထိုအချက်ပေါ်တွင်မြန်မာနိုင်ငံ၏ကံကြမ္မာ
သည်ရာနှုန်းတော်တော်များများမှီတည်နေသည်။ယခုအချိန်တွင်ပေါ်ပင်စကား
များကိုပြောလျှင်စကားလုံးများဖြင့်ရဲရင့်ပြောင်မြောက်ပြလျှင်တချို့ကသူရဲ
ကောင်းထင်ကြပေလိမ့်မည်။လက်တွေ့တွင်စကားလုံးများသည်အလုပ်မဖြစ်။
ပကတိအခြေအနေကိုမှန်ကန်
စွာသုံးသပ်နိုင်ရန်လွန်စွာအရေးကြီးပေသည်။

ဒုတိယလမ်းကတော့မတရားသင်းကြေငြာသည့်နည်းဖြစ်သည်ထိုနည်းသည်
သိပ်ဗြောင်ကျလွန်းသဖြင့်မလွှဲသာမှသုံးချင်သုံးပေလိမ့်မည်။သို့သော်လုံးဝမ
သုံးဟုတော့ပုံသေမယူမှတ်စေလို။စစ်အာဏာရှင်များမလုပ်ရဲသောအလုပ်
်သည်မရှိ။

စုလွှတ်တွေ့နှင့်ရံသုံးရံကိုဘယ်လိုဝန်းရံမလဲ

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရေး၊လွှတ်တော်ခေါ်ယူရေးနှင့်တွေ့ဆုံ
ဆွေးနွေးရေးစသည့်ခက်မသုံးသွယ်ကိုဝန်းရံကြဆိုသည့်အချက်ပေါ်အတိုက်
အခံအင်အားစုများအားလုံးလိုလိုလက်ခံသည့်လုပ်ငန်းစဉ်ဖြစ်သည်။ဖြစ်သင့်
ဖြစ်ထိုက်သည့်အချက်လည်းဖြစ်သည်။ထိုအချက်များအပေါ်နအဖတို့လိုက်နာ
လိုက်လျောလာအောင်မည်ကဲ့သို့ဖိအားပေးမည်နည်း။ထိုသို့ဖြစ်ပေါ်လာစေမည့်
အဓိကမောင်းနှင်အားသည်မည်သူနည်း။

ကုလသမဂ္ဂလော

ကုလသမဂ္ဂ၏လုပ်ပိုင်ခွင့်သည်အကန့်အသတ်ရှိသည်။အရေးယူဆောင်ရွက်နိုင်
သည့်အမြင့်ဆုံးအဖွဲ့အစည်းသည်လုံခြုံရေးကောင်စီဖြစ်၏။လုံခြုံရေးကောင်စီမှ
အရေးယူဆောင်ရွက်လာနိုင်အောင်ကျွန်တော်တို့လုပ်ဆောင်နိုင်မည်လား။
လတ်တလောတွင်မဖြစ်နိုင်သေးပါ။ထိုသို့ဆိုလျှင်လက်ရှိကုလသမဂ္ဂအတွင်း
ရေးမှုးချုပ်၏အမြင့်ဆုံးလုပ်ဆောင်နိုင်မှုမှာပြစ်တင်ရှုံ့ချခြင်း၊ဖိအားပေးတောင်း
ဆိုခြင်း၊အခြားနိုင်ငံများပါဝင်လာအောင်ဆွေးနွေးပြောဆိုခြင်းသည်အမြင့်ဆုံး
ဖြစ်သည်။ဘက်နှစ်ဘက်လုံးနှင့်ပူးပေါင်းဆောင်ရွက်မှုအလွန်နည်းသေးသည်။

အာစီယံနှင့်တရုတ်နိုင်ငံလော

အာစီယံနှင့်တရုတ်နိုင်ငံတို့ကိုချဉ်းကပ်၍နအဖသဘောထားပြောင်းလဲလာ
အောင်ကြိုးစားဆောင်ရွက်နိုင်ပါမည်လား။အာစီယံနှင့်တရုတ်တို့အတွက်
လက်ရှိအခြေအနေသည်သူတို့အတွက်အကျိုးအမြတ်ပိုရရှိစေသည်။မြန်မာ
ပြည်ဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲသွားလျှင်လက်ရှိသူတို့လက်သိပ်ထိုးရ
ရှိထားသည့်အခွင့်အရေးတော်တော်များများဆုံးရှုံးရပေမည်။အကယ်၍သူ
တို့သဘောထားပြောင်းခဲ့သည်ဆိုဦးတော့နအဖသည်ထိုနိုင်ငံများကိုသူတို့
အားကျောသပ်နေသဖြင့်လက်ခံနေခြင်းသာဖြစ်ပြီးအပြောင်းအလဲပြုလုပ်
ပေးရန်ဖိအားပေးလာလျှင်လက်ခံမည်လက်မခံမည်မသေချာ။

အမေရိကန်နှင့်ဒီမိုကရေစီမဟာမိတ်များ၏ပိတ်ဆို့
ဖိအားပေးမှုများလော


အမေရိကန်နှင့်အခြားဒီမိုကရေစီနိုင်ငံများ၏စီးပွားရေးပိတ်ဆို့မှုအဆက်အ
သွယ်ဖြတ်တောက်မှုဖိအားပေးမှုများသည်နအဖအားချိနဲ့စေသည်မှာမှန်ပါ
၏။သို့သော်နှစ်ရှည်ကြာလာပြီဖြစ်သောထိုဖိအားပေးမှုများသည်အချိန်ကာ
လနှင့်စာလျှင်အကျိုးသက်ရောက်မှုလွန်စွာနည်းနေပေသေးသည်။ပိုမိုထိ
ရောက်အကျိုးရှိမည့်နည်းလမ်းများရှာဖွေရန်လိုနေပါသေးသည်။နအဖ
ထိပ်သီးပုဂ္ဂိုလ်များသည်သူတို့နှင့်သူတို့ပါတ်သက်ရာအသိုင်းအဝိုင်းများကို
တိုက်ရိုက်မထိခိုက်သရွေ့ပြည်သူလူထုများ၏ငတ်မွတ်သေကြေပျက်စီးမှု
များကိုမည်သည့်အခါမှဂရုမပြုခဲ့။နာဂစ်ဘေးဒဏ်ခံစားခဲ့ရသောပြည်သူများ
အတွက်အကူအညီများကိုငြင်းပယ်ခဲ့ခြင်းကရှင်းလင်းသောသက်သေပင်။

ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းများ၏လှုပ်ရှား
ဆောင်ရွက်မှုများပေလော


ကျွန်တော့်အနေနှင့်ပြောရလျှင်ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းများ၏
လှုပ်ရှားဆောင်ရွက်မှုများသည်အတော်ပင်အကျိုးသက်ရောက်မှုရှိသောဖြစ်
စဉ်များရှိခဲ့သည်ကိုတွေ့ရသည်ဟုပြောရပေမည်။သို့သော်အမြင့်ဆုံးအဆင့်
အထိမအောင်မြင်။

အဓိကလိုအပ်ချက်မှာပြည်ပရောက်အဖွဲ့အစည်းများ၏ဆောင်ရွက်ကြမှုများ
သည်သီးခြားစီဖြစ်နေကြသည်။ဥပမာပြည်ပရောက်MPများ၏ခရီရန်ရှယ်
ကမ်ပိန်းလိုကိစ္စမျိုးတွင်အခြားအဖွဲ့အစည်းများ၏ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း။
ယခုလက်ရှိထွက်ပေါ်လာသောအာစီယံ၏နာဂစ်ဆိုင်ရာReportကိုတုန့်ပြန်
ထွက်ပေါ်လာသောအစီရင်ခံစာကိုအဖွဲ့သုံးဖွဲ့သာပါဝင်ခဲ့ခြင်းမျိုးဖြစ်သည်။ဆို
လိုသည်မှာပြည်ပရောက်အဖွဲ့အစည်းများသည်သူတို့၏လှုပ်ရှားဆောင်ရွက်မှု
များပိုမိုထိရောက်အောင်မြင်ရန်မှာဒီထက်ပိုညီညွတ်သောစုစည်းမှုမဖြစ်မနေ
လိုပါသည်။လတ်တလောတွင်(လက်ရှိဆောင်ရွက်နေမှုများသည်)နအဖ၏သ
ဘောထားကိုပြောင်းလဲအောင်ဆောင်ရွက်နိုင်သည့်အခြေအနေမရှိသေးဟု
ပင်ဆိုရပါလိမ့်မည်။

ပြည်တွင်းလှုပ်ရှားမှုများကဖိအားပေးနိုင်မည်လော

လှုပ်ရှားမှုအားလုံးတွင်အန္တရာယ်အများဆုံးသော၊အကျပ်တည်းဆုံးသောနေရာ
ဖြစ်သည်။နအဖ၏လက်တံအောက်တွင်ရှိနေသဖြင့်အချိန်မရွေးဖမ်းဆီးနှိပ်စက်
ခြင်းထောင်ချအရေးယူခြင်းကိုခံရနိုင်သည်။လိုအပ်လာလျှင်ထိုထက်ဆိုးသော
ဖိနှိပ်မှုမျိုးကိုခံရမည်။လုပ်လဲလုပ်ခဲ့ဘူးသည်။ဆန္ဒပြတောင်းဆိုမှုများကိုရက်
စက်စွာပစ်ခတ်နှိမ်နင်းခံရခြင်း။ထောင်ထဲတွင်မတရားညှင်းပန်းနှိပ်စက်ခြင်းများ
ကြောင့်အသက်ဆုံးရှုံးကြရသည်။သို့ရာတွင်အနီးကပ်ဆုံးအင်အားသည်အထိ
ရောက်ဆုံးသောထိုးနှက်တိုက်ခိုက်မှုကိုဖြစ်စေနိုင်သည်။လက်ရှိအခြေအနေကို
အပြောင်းအလဲဖြစ်စေနိုင်သောချိန်ခွင်လျှာသည်ပြည်တွင်းရှိNLDအပါအဝင်အ
တိုက်အခံအင်အားစုများပေါ်တည်မှီနေသည်။ထို့ကြောင့်ထင်ရှားသည့်စာရေး
ဆရာကြီးဖြစ်သောလူထုဦးစိန်ဝင်းကလူထုအင်အား၊လူထုတိုက်ပွဲသည်သာအ
ရာရာကိုအဆုံးအဖြတ်ပေးလိမ့်မည်ဟုဆိုခဲ့သည်။ကြီးမားသောလူထုလှုပ်ရှားမှု
တွေဖြစ်ခဲ့ပါလျှက်အဆုံးသတ်ဆီမရောက်သေး။

အချုပ်ဆိုရလျှင်ဘက်ပေါင်းစုံတွင်အားနည်းချက်များရှိနေသေးသည်။အဓိကအ
ကြီးမားဆုံးလိုအပ်ချက်မှာလှုပ်ရှားမှုအားလုံးတွင်ခိုင်မာစွာစုစည်းနိုင်မှု၊ဘက်
ပေါင်းစုံအချိုးညီဆောင်ရွက်မှုအရေးတကြီးလိုအပ်နေသည်။

လူထုတိုက်ပွဲဘယ်လိုဆင်နွဲကြမလဲ

လတ်တလောတွင်ကျွန်တော်တို့အခြေအနေကိုဥပမာပြရလျှင်ကိုယ့်ထက်လက်
ရည်သာသောလက်ဝှေ့သမားကိုသက်လုံနှင့်ခံနိုင်ရည်အားကိုးဖြင့်သာယှဉ်ထိုး
နေရသလိုဖြစ်နေသည်။ကိုယ့်မှာကခံနိုင်ရည်ရှိသည်။သက်လုံလည်းကောင်း
သည်ပရိတ်သတ်ကလည်းကိုယ့်ကိုတခဲနက်အားပေးနေသည်။သို့သော်လက်
တွေ့တွင်တော့သူကချည်းဖိထိုးနေခြင်းဖြစ်သည်။ထိုအခြေအနေတွင်တဖက်ပြိုင်
ဘက်ကိုသရေပွဲလုပ်ရန်တောင်းဆို၍မဖြစ်(တွေ့ဆုံဆွေးနွေးပါဟုတွင်တွင်
်ပြောသော်လည်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းများကိုလွှတ်ပေး
ဟုတွင်တွင်အော်သော်လည်းဖြစ်လာမည်မဟုတ်)။ကံမကောင်းလျှင်ဒိုင်ပွဲပင်
ရပ်သွားနိုင်သည်(UNဒိုင်ကြီးကလဲဒိုင်ပွဲရပ်ရန်ချောင်းနေသည်။UNကNLDကို
နည်းလမ်းရှာ၍ရွေးကောက်ပွဲဝင်စေလိုသည်။၉၀ရွေးကောက်ပွဲ၏ရလာဒ်ကို
ဆုပ်ကိုင်ထားခြင်းအားလက်လျော့စေလိုသည်။)

သူ့ဘက်မှသရေပွဲကိုလက်ခံလာအောင်နည်းလမ်းတခုသာရှိသည်။သက်လုံမ
ကောင်းသောပြိုင်ဘက်ကိုအနာခံ၍အရှိုက်ကိုတချက်နှစ်ချက်အမိအရထိုးရန်
သာရှိသည်။သို့မှသာအမောမစေ့သောရန်သူသည်သရေပွဲကိုလက်ခံပေလိမ့်
မည်။သူ့၏အားနည်းချက်ကိုအမိအရဆုပ်ကိုင်နိုင်မှကိုယ်ဖြစ်စေချင်သည့်တွေ့
ဆုံဆွေးနွေးညှိနိုင်းအဖြေရှာမှုသည်ဖြစ်ပေါ်လာပေမည်။

သူ့၏အားနည်းချက်ဆိုသည်မှာဘယ်အရာဖြစ်ပါမည်လဲ

သူတို့သည်လက်နက်အားကိုးကာအုပ်ချုပ်သူဖြစ်၍တပ်ကိုအလွန်အားကိုးသည်။
စစ်အင်အားကိုအလွန်အကျွံတိုးချဲ့သည်။စစ်တပ်တွင်းသဘောထားကွဲမှုဖြစ်မည်
ကိုအလွန်စိုးရိမ်သည်။ထို့ကြောင့်ဘေးပြောတာကိုမယုံနှင့်ဟူသောစကားမျိုး၊
တပ်မတော်သာအမိအဖဟူသောစကားကိုတွင်တွင်သုံးသည်။သွေးကွဲမည်ဆန့်
ကျင်မည်ကိုစိုးသဖြင့်တပ်မှူးအဆင့်ဆင့်၏အာဏာအလွဲသုံးမှုများကိုလျှစ်လျူရှု
ထားသည်။ကြီးမားသောတပ်အင်အားကိုကျွေးမွေးရန်၊လစာပေးရန်၊စစ်လက်
နက်တပ်ဆင်ပေးရန်ငွေကြေးမြောက်များစွာလိုအပ်သည်။ထိုငွေကြေးကိုပြည်သူ
တို့ပေးသောအခွန်ဘဏ္ဍာများမှသုံးစွဲသည်။သဘာဝသယံဇာတအရင်းမြစ်များ
ကိုသူခိုးဈေးနှင့်ရောင်း၍တပ်ကိုကျွေးသည်။ကိုယ့်အိတ်ထဲလဲထည့်သည်။

စစ်တပ်သည်တကယ်တမ်းပြောရလျှင်စစ်တိုက်သည်မှလွဲ၍ဘာမှမလုပ်တတ်။
သူတို့၏အုပ်ချုပ်ရေးယန္တရားကြီးလည်ပါတ်စေရန်သာမန်အရပ်သားအမှုထမ်း
များကိုမဝရေစာလစာလေးပေး၍ခိုင်းသည်။မလောက်သဖြင့်လာဒ်စားခြင်း၊
ခြစားခြင်းများကိုမသိကျိုးကြင်ပြုထားသည်။ထိုအရပ်သားဝန်ထမ်းများကိုပင်
စိတ်မချ၍အရပ်ဘက်ရာထူးကြီးများကိုသူတို့လူများကိုတပ်မှထွက်ခိုင်း၍ချုပ်
ကိုင်ထားစေသည်။ဤအချက်များသည်သူတို့၏လက်ရှိလုပ်ဆောင်နေမှုများ
ပင်ဖြစ်၍သူတို့၏အားနည်းချက်များလည်းဖြစ်ပါသည်ဟုကျွန်တော်ပြောလို
ပါသည်။

(၁)သူတို့ကွဲမှာကြောက်သောစစ်တပ်ကိုကွဲစေနိုင်မည်လား

စစ်တပ်ထဲတွင်တကယ်တိုင်းပြည်ကိုချစ်သူများစွာရှိပါလိမ့်မည်။မတတ်သာ၍
သံဃာတော်များကိုသတ်ဖြတ်နှိပ်စက်နေသည်ကိုကြည့်နေရသော်လည်း။မ
လိုလားသူများစွာရှိပါသည်။အောက်ခြေအဆင့်သာမန်ရဲဘော်များသည်ပြည်
သူလူထုများနှင့်မခြားငတ်မွတ်ဆင်းရဲမှုကိုခံစားနေကြရသည်။ရှေ့တန်းထွက်
နေသည့်ရဲဘော်များ၏အချို့ဇနီးမယားတို့သည်မိသားစုများစားဝတ်နေနေ
ရေးအတွက်အဆင်ပြေသောတပ်ရေး၊တပ်ထောက်အရာရှိများနှင့်ဖေါက်ပြန်
ကြသည်။

သူတို့တွင်လည်းအက်ကြောင်းရှိပါသည်။ဘယ်သူတာဝန်ယူ၍ထိုကိစ္စကို
ဆောင်ရွက်မလဲ၊ဘက်ပြောင်းရန်ရှိသောထိုရဲဘော်များကိုတာဝန်ယူမလဲ
ဆိုသည်ကပိုအရေးကြီးပါသည်။

(၂)တပ်ကိုကျွေးမွေးလခပေးနေရသောတာဝန်ကို
မည်သူထမ်းနေသလဲ


ပြည်သူလူထုများသာထမ်းကြရပါသည်။နှစ်စဉ်လူထုများပေးဆောင်နေရသော
အခွန်အခများသည်စစ်အင်အားကိုကြီးမားစေသော၊စစ်အာဏာရှင်တို့
သက်တမ်းကိုရှည်စေသောအချက်ဖြစ်သည်။အကယ်၍များအခွန်ထမ်း
ပြည်သူတရပ်လုံးကညီညွတ်စွာအခွန်မဆောင်ကြလျှင်ထိုစစ်စားရိတ်သည်
သူတို့အတွက်ကြီးစွာသောပြသနာဖြစ်လာလိမ့်မည်။ဥပဒေအရအခွန်ချက်
ချင်းမဆောင်လျှင်လည်းချက်ချင်းအရေးယူဆောင်ရွက်၍မရပေ။

(၃)နအဖ၏အုပ်ချုပ်ရေးယန္တယားကြီးကို
မည်သူမောင်းနှင်ပေးနေသနည်း


ရှေးစကားတခုရှိပါသည်။
“သစ်ပင်များမှအရိုးမလုပ်လျှင်သစ်တောကိုဘယ်ပုဆိန်မှခုတ်၍မရ”။

ပြည်သူလူထုတရပ်လုံးကိုဖိစီးနှိပ်စက်နေသောစစ်အာဏာရှင်ယန္တယားကြီး
ကိုမောင်းနှင်ပေးနေရသူအများစုမှာအရပ်သားဝန်ထမ်းများဖြစ်ပါသည်။ကိုယ့်
အားဖိနှိပ်သည့်တံပိုးကိုကိုယ့်ဘာသာထမ်းနေရခြင်းဖြစ်သည်။အကယ်၍ထို
ဝန်ထမ်းများ၏ပူးပေါင်းဆောင်ရွက်မှုမရှိလျှင်ထိုယန္တယားမလည်ပတ်နိုင်။ယ
နေ့ကိုယ်နဲ့မဆိုင်ဘူးဆိုကာလျှစ်လျူရှုလိုက်သည့်ကိစ္စသည်မနက်ဖြန်တွင်
ကိုယ့်ထံတပတ်ပြန်မလည်လာဟုမည်သူအာမခံနိုင်ပါသနည်း။

အထက်ပါအချက်အားလံုးကိုကျွန်တော့်အနေဖြင့်အကျဉ်းမျှသာဖေါ်ပြ
ပေးခြင်းဖြစ်ပါသည်။

ပြည်သူလူထုများသည်မိမိတို့ကိုမတရားဖိနှိပ်ချုပ်ချယ်သောအုပ်ချုပ်သူများကို
အံတုရင်ဆိုင်ရာတွင်လမ်းပေါ်ထွက်ဆန္ဒပြခြင်းသည်သာတခုတည်းသောနည်း
လမ်းမဟုတ်ပါ။လမ်းပေါ်တက်၍ဆန္ဒပြခြင်းသည်လူထုတိုက်ပွဲ၏အမြင့်ဆုံးအဆင့်
ဖြစ်၍ထိုအဆင့်နောက်တွင်လူထုအားဖြင့်အရပ်ဘက်အုပ်ချုပ်ရေးတည်ဆောက်
ရန်သာရှိပါတော့သည်။အာဏာရှင်စနစ်များကိုရင်ဆိုင်ရာတွင်ဆန္ဒပြခြင်းတခု
ုကိုသာရှေ့တန်းတင်လျှင်ပစ်ခတ်နှိမ်နင်းခံရခြင်းနှင့်ဖမ်းဆီးနှိပ်စက်ခံရခြင်း
သည်မလွဲမသွေလာပါလိမ့်မည်။

ဒီမိုကရေစီနိုင်ငံအချို့တွင်ဆန္ဒပြတိုက်ပွဲတခုတည်းဖြင့်အုပ်ချုပ်ရေးအာဏာကို
အပြောင်းအလဲလုပ်နိုင်ခြင်းကိုအမြဲပုံတူမကူးသင့်ပါ။မိမိတို့ရင်ဆိုင်နေရသည်မှာ
နာဂစ်ကဲ့သို့လူသိန်းချီသေရသည့်သူများ၏ရက်လည်သောနေ့တွင်အလောင်းပုံ
ပေါ်မှာထိုင်၍လူထုဆန္ဒခံယူပွဲလုပ်သူများဖြစ်သည်။သံဃာတော်များကိုပင်သူတို့
အာဏာထိပါးလာလျှင်သတ်ဝံ့သူများဖြစ်သည်။

ထို့ကြောင့်သူတို့အားထိုးနှက်ရန်အထိရောက်ဆုံးနည်းသည်သူတို့ကြောက်
သောအခြေအနေများဖြစ်ပေါ်လာစေရန်လုပ်ဆောင်ခြင်းသာဖြစ်သည်။မိမိ
အင်အားစုများကောင်းစွာပြင်ဆင်မှုရပြီးအံတုနိုင်သောအခြေအနေရရှိရန်
ကြိုတင်ဆောင်ရွက်ထားပြီးမှနောက်ဆုံးတိုက်ပွဲကိုဆင်သင့်ပါသည်။

ဤနေရာတွင်ကျွန်တော့်အနေဖြင့်ရှင်းလင်းတင်ပြရန်ရှိပါသည်။ကျွန်တော်သည်
နိုင်ငံရေးကျွမ်းကျင်သူတဦးမဟုတ်သလိုစစ်ရေးကျွမ်းကျင်သူတဦးလည်းမဟုတ်
ပါ။မြန်မာနိုင်ငံသားတဦးအနေဖြင့်မိမိနိုင်ငံအရေးအတွက်ဖြစ်နိုင်ချေရှိသည်များ
ကိုတွေး၍စာရေးတင်ပြနေခြင်းသာဖြစ်ပါသည်။

ထိုကြောင့်ကျွန်တော်တင်ပြချက်များသည်အလုံးစုံပြီးပြည့်စုံသည်ဟုမဆိုလိုပါ။
လိုသည်ကိုသုံး၍မလိုသည်ကိုချန်လှပ်ခဲ့ရန်သာဖြစ်ပါသည်။ယခုကဲ့သို့အရေး
ကြီးနေချိန်တွင်တိုင်းပြည်အရေးနှင့်မည်သူမှဝေးမနေသင့်တော့ပါဟုတင်ပြ
လိုက်ရပါသည်။

D_Wave