2.27.2009

Burma News

New Report Slams Junta for Nargis ‘Crimes’

By NEIL LAWRENCE
A new report on the aftermath of Cyclone Nargis says the Burmese junta’s actions in the wake of the disaster could constitute crimes against humanity.

Will US Oil Companies Return to Burma?

By WILLIAM BOOT
Will a new US policy towards Burma allow the return of US oil companies as part of a “carrot and stick” approach to influence the regime?

Burma Insists Rohingyas are ‘Bengalis’

By WAI MOE
Burma is insisting at the Association of Southeast Nations summit in southern Thailand that the boatpeople now fleeing Arakan State are not Rohingyas but Bengalis.

Global Fund Discusses Possible Return to Burma

By THE IRRAWADDY
A visit to Burma this week by a Global Fund delegation could result in a resumption of the fund’s discontinued anti-AIDS program there, according to a report by the Chinese news agency Xinhua.

Wa Receive Permanent Identity Cards

By MIN LWIN
Immigration officers have been issuing permanent Burmese identity cards to ethnic Wa adults over the age of 18 since the beginning of February.

Weekly Business Roundup (February 27, 2009)

By WILLIAM BOOT
Burmese bureaucracy’s failure to act on a trade swap of stakes in oil and gas exploration sites between Thailand and China sets back plans of both countries.

Burma sets condition for accepting Rohingya migrants

The Thai Foreign Minister has said that the Burmese military regime has agreed to take back only those migrants, who have been verified as “Bengalis” from Burma, at the regional...

Army-drug gang encounter in Golden Triangle

There was exchange of gunfire on February 18 between Burmese Army troops and a drug trafficking gang operating in Meng Peng region, Shan State in the Golden Triangle.

Editorial, Opinion and Analysis

Challenging human rights in Burma

[Interview] The United Nations Human Rights expert Tomas Ojea Quintana, who recently concluded a six-day visit to Burma, said the ...


KNU Colonel faces trial in Thai Court

Leader of an ethnic Karen resistance group, Colonel Ner Dah Mya is facing trial in a court in Thailand, charged with illegal possession of a weapon , an official of...

Burmese junta should be referred to ICC: Report

The United Nations Security Council should refer Burma’s military rulers to the International Criminal Court for committing crimes against humanity, by stopping relief aids in the aftermath of Cyclone

Ramos-Horta Urges Obama to Ease Stance on Burma
The Irrawaddy News Magazine - Chiang Mai,Thailand
Speaking in Washington on Wednesday, Ramos-Horta said that the decades-long impasse in Burma would be “one of the easiest” in the world to resolve if the US ...
See all stories on this topic
RIGHTS-BURMA: Rohingya Issue Figures in Regional Summit
Inter Press Service - Rome,Italy
By Marwaan Macan-Markar CHA-AM, Thailand, Feb 26 (IPS) - Burma’s military regime has set a tough challenge for regional leaders to grapple with when they ...
See all stories on this topic
ASEAN pressed on Myanmar's abuses
International Herald Tribune - France
Although reform in Myanmar, also known as Burma, may be discussed on the sidelines of the conference, ASEAN traditionally shies away from all criticism of ...
See all stories on this topic
Human Rights in Burma Appalling: US
The Irrawaddy News Magazine - Chiang Mai,Thailand
By LALIT K JHA WASHINGTON — The human rights situation in Burma remains grim as the military government continues to ignore basic rights and continues to ...
See all stories on this topic
Burma's refugees cut from ASEAN agenda
ABC Online - Australia
In recent weeks, hundreds of Rohingya asylum seekers have left Burma. Some are being cared for in the Indonesian province of Aceh, after allegedly being ...
See all stories on this topic
Thailand: Washington Forging New Myanmar Policy
Sin Chew Jit Poh - Malaysia
The generals of Myanmar, also known as Burma, continue to crush popular protests with guns, commit atrocities against ethnic minorities and currently hold ...
See all stories on this topic
Ramos-Horta urges Obama to embrace Burma
Ninemsn - Sydney,New South Wales,Australia
US President Barack Obama should seize on his global popularity and reach out to Burma and Cuba, which are ready to change if sanctions are lifted, ...
See all stories on this topic
Letter to ASEAN Secretary-General Surin Pitsuwan
منظمة هيومان رايتس ووتش - حقوق الانسان - USA
First, ASEAN should set a new standard to address the human rights situation in Burma. Secondly the recent tragedy surrounding the perilous exodus of ...
See all stories on this topic
Rethinking Relations With Burma
Voice of America - USA
This entails a review of the way the United States deals with specific countries, and such an effort is now under way regarding the government of Burma. ...
See all stories on this topic
US Rights Report Cites Abuses in China, Russia, Iran
Voice of America - USA
Burma's military-led government was said to be continuing repressive measures including harassment and imprisonment of human rights and democracy activists. ...
See all stories on this topic

Blogs Alert for: Burma news

Burmese monks share stories of repression - News
"There were brutal crackdowns for Burma's own people, even its religious leaders, shocking the world," U Pyinya Zawta said. "The monks use nonviolent and peaceful response to the military government. We look to our own people as our own ...
The Chronicle - http://www.dukechronicle.com/home/
GMANews.TV - Asean pressed on Myanmar's abuses - World - Official ...
"The tragedy surrounding the Rohingyas' perilous exodus reveals glaring failures of Asean in dealing with Burma," Human Rights Watch said. "Asean's continuing failure to hold the Burmese military government accountable for abuses and ...
GMA News.tv - http://www.gmanews.tv/
Thugs and Thieves_The Burmese military junta has purchased 14 ...
By peacerunning
They increase our target every year,” said a farmer in Letpanchau village. The junta has started purchasing rice from November 2008. But there is no explanation or information to the people regarding this. - Khonumthung News ...
democracy for burma - http://democracyforburma.wordpress.com/
Color Daily World News (beta): Annual U.S. rights report cites ...
By Color Daily
"We will be conducting a review of our U.S.-Burma policy, again with the notion of looking for: are there any other ways that we haven't tried, are there more creative ways that we might add to our approach to push for greater respect ...
Color Daily World News (beta) - http://colordailyworldnews.blogspot.com/
Pastor Mark's Thailand-Burma Trip: Burma Retrospective - Part Two
By Rev. Dr. Mark S. Caruana
Burma Retrospective - Part Two. I am currently sitting in Toyko's Narita Airport with a three hour layover before the next leg of hour-long flight is behind me. The bad news is that I have another twenty-one hours in planes and airports ...
Pastor Mark's Thailand-Burma Trip - http://pastormarksthailand-burmatrip.blogspot.com/

အတုအယောင် ရီဖရင်ဒမ်ကြီးပြီးလို့ ၂၀၀၉၊ ၂၀၁၀ တိုင် လေလှိုင်းတွေကမြိုင်

(ဆောင်းပါး)
ဒေါက်တာလွဏ်းဆွေ /၂၆ ဖေဖော်ဝါရီ ၂၀၀၉

ဆန္ဒခံယူပွဲဆိုတုန်းကလည်း ဆန္ဒခံယူပွဲအလျောက်မို့ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲဆိုပြီး နအဖက အနံ့လေး ထပ်ထုတ်ပေး ထားပြန်တော့ ၂၀၁၀ ရွေးကောက်ပွဲ အနံ့ကို ရှုရင်းရှိုက်ရင်း တိုက်ရိုက် လေလှိုင်း ဆွေးနွေးပွဲတွေမှာ အာပေါင်အာရင်း သန်သန်နဲ့ ဆွေးနွေးငြင်းခုံ နေကြသံ တွေကြားနေရပြန်ပါပြီ။ ပါဝင်ဆွေးနွေးကြသူ အများစုက ပြည်ပမှာ နေထိုင် ကြသူတွေပါ။ အမေးနွားကျောင်းသား များက ပျော်မဆုံးမော်မဆုံး ဆွမေး ဖွမေးနေကြသလို အဖြေဘုရားလောင်းများကလည်း တယောက်တမျိုး မရိုး နိုင်အောင် ဖြေကြားတော်မူနေကြတာကို ခပ်စိတ်စိတ် ကြားနေရပါတယ်။ ဆွေးနွေးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားနေရပုံများ “သီတင်းကျွတ် ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်” ဆိုတဲ့ သီချင်း ကို စာသားပြောင်းပြီး “အတုအယောင် ရီဖရင်ဒမ်ကြီးပြီးလို့ ၂၀၀၉၊ ၂၀၁၀ တိုင် လေလှိုင်းတွေကမြိုင်” လို့ ထဟဲရတော့မလို …။

တခုပဲ တွေးမိပါတယ်။ မြန်မာပြည်ထဲမှာ ခြစ်ကုတ်ဝယ်ထားကြတဲ့ ရေဒီယိုလေးတွေဖွင့်ပြီး ညမှောင်မှောင် လမှောင်မှောင်ထဲကနေ နားဆင်နေကြတဲ့ ကျနော်တို့ရဲ့ ချစ်လှစွာသော ပြည်သူလူထုကြီးကတော့ တယောက်တပေါက် ဆွေးနွေးငြင်းခုံသံတွေကို ကြားရပြီး၊ ဒီမိုကရေစီရေးအတွက် အားတက်ကြလေမလား၊ မျက်လုံးကလေးတွေ ကလယ်ကလယ်နဲ့ အားကိုးရာမဲ့ ဖြစ်နေကြလေမလား၊ တော်ပြီ … ဓာတ်ခဲဖိုး ကုန်တယ်ကွာဆိုပြီး ရေဒီယိုကိုပဲ ပိတ်ပစ် လိုက်ကြလေမလား ဆိုတာကို စိုးရိမ်တကြီး တွေးနေမိတာပါ။

အခုအထိ ကြားခဲ့ရသမျှတွေထဲမှာ လှုပ်လှုပ်ရှားရှားအဖြစ်ဆုံး ဆွေးနွေးပွဲလေးကို ညွှန်းပါဆိုရင်ဖြင့် ဖေဖော်ဝါရီ (၂၁) ရက် စနေညပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို ညွှန်းရပေလိမ့်မယ်။ အဲဒီဆွေးနွေးပွဲမှာ ထူးခြားတာက စီစဉ်တင်ဆက်တဲ့ ဦးကျော်ဇံသာရဲ့ လူရွေးချယ်မှုပါ။ အဓိက ပင်တိုင်ဆွေးနွေးဖို့ ရွေးချယ်ထားတဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူလို့ ဆိုတဲ့ ဦးအောင်သူငြိမ်းနဲ့ ဦးမင်းဇော်ဦးတို့ နှစ်ဦးစလုံးက ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ နှပ်ကြောင်းပေး ပြောဆို ဆွေးနွေးသွားကြတာကို ကြားလိုက်ရလို့ပါ။ တိုက်ဆိုင်တာပဲလား တမင်တကာလုပ်တာလား ဆိုတာတော့ ဦးကျော်ဇံသာ ကိုယ်တိုင်မှပဲ သိနိုင်ပါလိမ့်မယ်။ စီစဉ်တင်ဆက်သူ ဦးကျော်ဇံသာရဲ့ အကြိုမိတ်ဆက် ပြောကြားမှုတွေကို ကြားရပုံကလည်း ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ တွန်းအားပေးချင်ချင် လေသံမျိုး ပေါက်နေလေ တော့ ကြားထားတဲ့ သတင်း အစ အနတွေ မှန်နေလေပြီလားလို့တောင် တွေးမိပြီး ဆံပင်တွေ ထောင်ချင်ချင် ဖြစ်မိပါတော့တယ်။

ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲတုန်းကလည်း ဒိုနာ ဆိုသူတွေက အတိုက်အခံ အုပ်စုအချို့ကို ဒေါ်လာသိန်းနဲ့ ချီချပေးပြီး “ဗုတ်နိုး ” လိုင်းကို လျှောက်ခိုင်းခဲ့တယ်။ ဒါပေမယ့် နအဖ မျက်နှာပြောင်တိုက် လိမ်ညာ သမျှကို လက်ပိုက် ကြည့် နေရပြီး ဘာမှမခုခံ မတုန့်ပြန်နိုင်ဘဲ ခွက်ခွက်လန်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရ တယ်။ အခုလည်း ဒိုနာ ဆိုသူတွေက သူတို့အနှစ် (၂၀) ကြာ အထောက်အပံ့ပေးခဲ့တဲ့ ပြည်ပအတိုက်အခံ အုပ်စုတွေရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက် လက်ပျက်ဖြစ်လာပြီး ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ ဖိအားပေးနေတယ်လို့ ကြားရပါတယ်။ ဒိုနာတွေက သူတို့ကြိုးဆွဲရာကတဲ့ အဖွဲ့အစည်းကိုမှ (၂၀၁၀ ရွေးကောက်ပွဲဝင်မှ) ဒေါ်လာ အထောက်အပံ့ ပေးတော့မယ်လို့ ဆိုပါတယ်။

အဲဒီအတွက် ဒေါ်လာရရေး ဒို့အရေးဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ တိတ်တိတ်ပုန်း ခြေပုန်းခုတ် လှုံ့ဆော်နေတဲ့ အတိုက်အခံဆိုသူ အချို့ရှိနေပြီဆိုတဲ့ အသံတွေ နားနဲ့မဆံ့အောင် ကြားနေရ ပါတယ် (ဘယ်သူတွေလဲ ဆိုတာ တော့ မကြာမတင်သော ကာလမှာ မျက်ဝါးထင်ထင် တွေ့မြင် ကြရတော့မှာပါ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို အမှန်တကယ် ကျင်းပပေးတော့မယ် ဆိုရင်ပေါ့)။

ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို နားဆင်ရတဲ့အခါမှာတော့ ပိုပြီးသံသယ၀င်စေပါတော့တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဗုတ်နိုး ကာလတုန်းက နိုးဗုတ်သတင်းပို့ရင် အသံလွှင်ဋ္ဌာန တွေကမယူဘူး၊ မလွှင့်ဘူးဆိုတဲ့ မိတ်ဆွေသတင်းထောက်ရဲ့ စကားကို ပြန်လည် ကြားယောင်မိ လို့ပါ။

ကြုံရဆုံ ရဘုံဘ၀က အနို့ကလို သို့ကလိုမျိုးတွေ ဖြစ်နေလေတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖက်ဆစ် ဂျပန် တော်လှန်ရေး ကာလတုန်းကများ အခု အချိန်အခါလို ပရိုပိုဇယ်တွေ ဒိုနာတွေ မှိုလိုပေါနေခဲ့ရင် မြန်မာပြည်လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ဘူးလို့ တွေးမိပြီး တော်ပါသေးရဲ့လို့ သက်ပြင်းချမိရဲ့။

ပထမဦးစွာ ဦးကျော်ဇံသာရဲ့ မိတ်ဆက်စကားလေးကို ဆွေးနွေးကြည့်ချင်ပါတယ်။ ဦးကျော်ဇံသာ က “တကယ်တော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လူတချို့ကိုကြည့်ရင် တချို့ကလည်း ပွဲလန့် တုန်း ဖျာခင်းချင်တဲ့လူတွေ၊ အာဏာပိုင်တွေကို မျက်နှာချိုသွေးပြီးတော့ မျက်နှာလိုမျက်နှာရ လုပ်လိုလို့ ယှဉ်ပြိုင်မယ့်သူတွေ ရှိကောင်းရှိမှာ ဖြစ်ပေမယ့်လည်း ဒီလမ်းစဉ်ဟာ တိုင်းပြည်အကျိုးကို တကယ် ဆောင်ရွက် နိုင်မယ်လို့ သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်တဲ့လူတွေလည်း ပါမယ်ဆိုတာ မလွဲပါဘူး။ ဒါကြောင့် ဒီဟာကို ချင့်ချင့်ချိန်ချိန် စဉ်းစားနိုင်အောင်လို့ ဒီနေ့အစီအစဉ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ပွဲလန့်ဖျာခင်းသူတွေနဲ့ အာဏာပိုင်တွေကို မျက်နှာချိုသွေးသူတွေအကြောင်း အထူးတလည် ဆွေးနွေး စရာ မရှိပေမယ့် “သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်သူတွေပါမယ်ဆိုတာ မလွဲပါဘူး” ဆိုတဲ့ ဦးကျော်ဇံသာရဲ့ ထင်မြင်ယူဆမှု အပေါ်မှာတော့ အနည်းငယ်ဆွေးနွေးလိုပါတယ်။

ဒီနေ့အထိ စီအာပီပီ၊ အန်အယ်လ်ဒီ၊ ယူအန်အေနဲ့ မွန်ပြည်သစ်ပါတီလို အပစ်အခတ်ရပ်အဖွဲ့များ၊ လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်း တော်တော်များများက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်နေချိန်မှာ ရွေးကောက် ပွဲဝင်မယ့် အဖွဲ့ဆိုလို့ ၈၈ မျိုးဆက်ကျောင်းသားအတုတွေ၊ အန်အယ်လ်ဒီကခွဲထွက်ပြီး နအဖအလိုကျ ခေါင်းညိတ် ခေါင်းခါလုပ်နေတဲ့ ရုပ်သေးအမတ်တွေ၊ တစညတွေ၊ ကြံ့ဖွံ့တွေနဲ့ ငါတို့အနေချောင်ရင်ပြီးရော ဘယ်သူ တက်တက် ဒို့အစိုးရဆိုတဲ့ ခပ်တိမ်တိမ်လူမျိုးတွေသာ ရွေးကောက်ပွဲဝင်ဖို့ ဆွေးနွေးပြောဆိုနေကြတာပါ။ အဲဒီ လူတွေပဲ ပါတီထောင်ခွင့်တွေ၊ ရွေးကောက်ပွဲဥပဒေတွေ မထုတ်ပြန်ခင်မှာ နအဖရဲ့ မျက်နှာသာပေးမှုနဲ့ ခြေပုန်းခုတ် စည်းရုံးလှုံ့ဆော်ခွင့်တွေ ရနေကြတာပါ။ ပြည်ပကနေ ပြန်ဝင်လာပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မယ် ဆိုတဲ့ သူတွေကလည်း ယူဒီပီလို မရှင်းမရှင်းအဖွဲ့တွေနဲ့ ဒိုနာအလိုကျ ကပြအသုံးတော်ခံမယ့် အဖွဲ့အစည်းတွေ ရယ်လောက်ပဲ ရှိမှာပါ။

အဲဒီတော့ ဦးကျော်ဇံသာပြောတဲ့ သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်တဲ့လူတွေကို အခု မြင်တွေ့နေရပြီဆိုရင် ဘယ်သူတွေလဲဆိုတာရယ်၊ အဲဒီလူတွေအနေနဲ့ နအဖ မျက်နှာသာ အပေးခံရသူတွေလို ပါတီ တရားဝင် ထောင်ခွင့်မရခင် အခုလိုအချိန်မှာ စည်းရုံးလှုပ်ရှားခွင့် ရနေကြပြီလားဆိုတာရယ် သိလိုလှပါတယ်။

အဲဒီလူတွေက အခုတော့ မမြင်သာသေးဘူး ရွေးကောက်ပွဲနီးမှ ပေါ်လာလိမ့်မယ်ဆိုရင်တော့ အဲဒီ ပေါ်လာမယ့် လူတွေဟာ သဘောရိုးနဲ့ ဆောင်ရွက်တဲ့လူတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အားကိုးလောက်တဲ့ လူတွေလို့တော့ ပြောလို့ရမှာမဟုတ်ပါဘူး။ အခွင့်အရေးသမားတွေ၊ ပေါင်းစားမယ့်သူတွေ မဟုတ်ရင် နအဖအခြေခံဥပေဒရဲ့ ညစ်လုံးညစ်ကွက် ကောက်ကျစ်လှည့်ဖျား မှုတွေကို မမြင်တတ်၊ ရှေ့ရှေး နောက်ရေးလည်း ဘာမှမချင့်ချိန် မစဉ်းစားတတ်တဲ့ လူနုံလူအတွေပဲ ဖြစ်ပါလိမ့်မယ်။

အဲဒီတော့ တမတ်သား စစ်ဗိုလ်တွေရယ်၊ အခွင့်အရေးသမားတွေ၊ နအဖနဲ့ ပေါင်းစားမယ့် လူတွေ ရယ်၊ အဲဒီလို (ရိုးသားပြီး စိတ်ကောင်းရှိချင်ရှိမယ်) လူနုံလူအတွေရယ် ပါဝင်မယ့် လွှတ်တော်ဟာ လည်း ပြည်သူ့လူထုအတွက် အားကိုးအားထားပြုရမယ့် လွှတ်တော်ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ပဲ ပြောရပါမယ်။

ဆက်လက်ပြီးတော့ ဦးအောင်သူငြိမ်းရဲ့ ဆွေးနွေးချက်တွေကို ကောက်နှုတ်ကြည့်မယ်ဆိုရင် …

ဦးအောင်သူငြိမ်း ။ ။ “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကတော့ အခု ၂၀၁၀ ဖြစ်တဲ့အချိန်မှာ ဆိုလို့ရှိရင် နှစ် (၂၀) ကျော်ကြာခဲ့ပြီလို့ ပြောရင်ရနိုင်ပါတယ်။ ဆိုတော့ အခုအချိန်မှာ စစ်အစိုးရက နောက်ထပ်ရွေးကောက်ပွဲ တကယ် လို့ ပြန်လုပ်မယ် ဆိုပါစို့။ ဆိုတော့ အခုအချိန်အထိလည်း ကျနော်တို့က တော်တော်ပြောဖို့ခက်သေးတာက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေလည်း မထွက်သေးဘူး။ နောက်တခုက ပါတီတွေကို ဘယ်လို စည်းရုံးခွင့်၊ လှုပ်ရှားခွင့် လွတ်လပ်စွာ ပေးမလား စသည်ဖြင့် ဒါတွေလည်း အခြေအနေတွေ ကျနော်တို့ သေချာမသိရသေးပါဘူး။ ဆိုတော့ ဒီလိုအနေအထားမှာတော့ အပ်ကျမတ်ကျတော့ သေချာပြောဖို့ ခက်ပါ သေးတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခု ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်လာတဲ့အချိန်မျိုးမှာ ကျနော်တို့လို အင်အား စုတွေက ပါဝင်ပြီးတော့ လုံးဝမလှုပ်ရှားဘဲနေမလား၊ ဒါမှမဟုတ်ရင် ပါပြီးတော့ ကျနော်တို့က နေပြီးတော့ ကိုယ့်ဘာသာကိုယ် တတ်နိုင်တဲ့ဘက်က လှုပ်ရှားကြမလားဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။ ဆိုတော့ အဲလို အနေအထားမှာတော့ ကျနော်မြင်တဲ့ အယူအဆကတော့ ခုနပြောသလိုပဲ ဒီလိုရွေးကောက်ပွဲ တခုလုံးကို လုံးဝ ပစ်ပယ်လိုက်မယ့်အစား တချို့ အင်အားစု တွေက ၀င်ပြီးလှုပ်ရှားကြမယ် ဆိုလို့ရှိရင်ကတော့ ကျနော် အနေနဲ့ကတော့ လက်ခံနိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ ဆိုတော့ ကျနော့်အနေနဲ့က ၀ိုင်းဝန်းပံ့ပိုးနိုင်တဲ့ အနေအထားလည်း ရှိပါတယ်ခင်ဗျ။”

ဦးအောင်သူငြိမ်းရဲ့ ဆွေးနွေးချက်ကို သုံးသပ်ရရင် (၉၀) ပြည့်နှစ် ရွေးကောက်ပွဲဟာ နှစ် (၂၀) ကျော်ခဲ့ပြီမို့ လွှင့်ပစ်ရမယ့် အနေအထားလို့ သွယ်ဝိုက်ဆိုလိုရာ ရောက်နေပါတယ်။ လူထုက မဲပေးရွေးချယ်ခဲ့တဲ့ ရလဒ် ကြီးတခုကို မစဉ်းစားမဆင်ခြင်ဘဲ အလွယ်တကူ လွှင့်ပစ်လိုက်မယ်ဆိုရင် မဲပေးခဲ့တဲ့ မြန်မာလူထုကြီးရဲ့ သဘောထားဆန္ဒကို ပစ်ပယ်စော်ကားရာ ကျမနေဘူးလားလို့ ကျနော်တော့ တွေးမိပါတယ်။ နောက်ပြီး (၉၀) ရလဒ် ကို အကောင်အထည်မဖော်နိုင်ခဲ့ဘဲ အနှစ် (၂၀) ကျော်ကြာခဲ့ရတဲ့ အ ကြောင်းအရင်းဟာ အန်အယ်လ်ဒီက ဘာမှမလှုပ်ရှား မဆောင်ရွက် လို့လား၊ နအဖစစ်အုပ်စုက နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့လို့လား ဆိုတာကိုတော့ ဦးအောင်သူငြိမ်းအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ထင်ပါတယ်။

အဲဒီတော့ နအဖအနေနဲ့ အမှန်တကယ် ရွေးကောက်ပွဲ လုပ်ပေးချင်တယ် ဆိုရင် နှစ် (၂၀) အတွင်း ကွယ်လွန်လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ နေရာကိုသာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးပြီး လွှတ်တော် ခေါ်ပေးသင့်တယ်လို့ မြင်ပါတယ်။ လွှတ်တော်ထဲမှာ ကျုပ်တို့ စစ်ဗိုလ်တွေပါ ပါဝင်ဆွေးနွေးရမှ ဆိုရင်လည်း ပြည်သူက မန်းဒိတ်ပေးထားတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ ဆွေးနွေးညှိနှိုင်းလို့ ရနိုင်မယ် ထင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ စစ်ဗိုလ်တွေက တဖက်သတ် ဗိုလ်ကျရေးဆွဲထားတဲ့ လူထုကိုလည်း ကိုယ်စား မပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ဖို့ အကြံပြုနေတာကတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင် စော်ကား ရာကျသလို အဆင်ခြင်မဲ့ ပြောဆိုရာရောက်တယ်လို့လည်း ထင်ပါတယ်။

ဘာဖြစ်လို့ အဆင်ခြင်မဲ့ ပြောဆိုရာရောက်သလဲဆိုရင် ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲရလဒ်ကို ကြည့်ရင် ထင်ရှားပါတယ်။ ဆန္ဒခံယူပွဲတုန်းက ဒိုနာတွေကိုယ်တိုင် ဒေါ်လာတွေ အလုံးအရင်းနဲ့ ထောက်ပံ့ ကူညီခဲ့တာတောင် ဘာမှမခုခံနိုင်ဘဲ နအဖက (၉၂) ရာခိုင်နှုန်းကျော်နဲ့ မျက်နှာပြောင်တိုက် လိမ်လည် အတည်ပြုသွားတာကို ခံခဲ့ ရတယ် မဟုတ်လား။ အခုလည်း ယှဉ်ပြိုင်ခွင့်ရမယ့် (၇၅) ရာခိုင်နှုန်းမှာ နအဖက သူ့လူတွေ အကုန်လုံး နီးပါးရအောင် ညစ်ဦးမယ်ဆိုတာကို မဆင်ခြင်မိလို့ လက်လွတ်စပယ် ရွေးကောက်ပွဲဝင်ဖို့ ပြောကြားလေသလား တွေးမိလို့ပါ။

ဦးအောင်သူငြိမ်း အကြံပြုပုံက ဘာနဲ့တူသလဲဆိုတော့ ရပ်ကွက်ထဲမှာ ချဲမလျော်ဘဲ ထွက်ပြေးသွား တဲ့ ချဲဒိုင်က နှစ်အတော်ကြာမှ ပြန်လာပြီး ဒီတခါတော့ ထိုးပါခင်ဗျာ တကယ်လျော်ပါမယ်၊ ဒါပေမယ့် (၁၀၀) ထိုးရင် (၇၅) ကျပ်ပဲ လျော်ပါမယ်ဆိုတာကို ယုံလွယ်ပြီး အမှတ်သည်းခြေမရှိ “သွားထိုးကြပါ” လို့ ဆော်သြ ပေးသူလို ဖြစ်နေပါတယ်။ ထပ်အလိမ်ခံရရင် ဦးအောင်သူငြိမ်း ဘာများ လုပ်ပေးမှာလဲလို့ပဲ မေးရတော့မယ်ထင်ပါရဲ့။

ဦးမင်းဇော်ဦးရဲ့ ဆွေးနွေးချက်ကို ကောက်နှုတ်ကြည့်မယ်ဆိုရင် …

ဦးမင်းဇော်ဦး။ ။ စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံတွေကနေပြီးတော့ ဒီမိုကရေစီဘက်ကို အကူးအပြောင်း လုပ်ခဲ့တဲ့အခါမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆင်တူတဲ့ အဖြစ်အပျက်တခုကို ကျနော် ပြောရမယ်ဆိုလို့ရှိရင် ချီလီ နိုင်ငံမှာ ၁၉၈၈ ခုနှစ်က စစ်တပ်ဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ အောက်မှာ အရပ်သားတွေ ၀င် ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ရွေးကောက်ပွဲနဲ့ သွားပြီးဆင်တူပါလိမ့်မယ်။ အဲဒီအချိန်မှာ ဒီကနေ့ ကျနော်တို့ ချီလီကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် စစ်တပ်ကနေ ဒီမိုကရေစီကို ပြောင်းတဲ့ နိုင်ငံတွေထဲမှာ ချီလီက အတည်ငြိမ်ဆုံး အတိုးတက်ဆုံးလို့ ပြောလို့ရပါတယ်။ အဲဒီတော့ ဒီလိုနည်းလမ်းမျိုးနဲ့လည်း အပြောင်းအလဲလုပ်ရင် မရနိုင် ဘူးလားဆိုတော့လည်း ရနိုင်တဲ့ အောင်မြင်နိုင်တဲ့ အလားအလာတွေရှိပါတယ်။ ဒါပေမယ့် ဒီလိုလုပ်မှ အောင်မြင် မှာလား ဆိုတော့လည်း အဲလိုလုပ်မှ အောင်မြင်မှာတော့ မဟုတ်ဘူး။ တခြား အကောင်းဆုံးနည်းလမ်းတွေ ရှိလာဆိုလို့ရှိရင် ဗမာပြည်အတွက် အကောင်းဆုံးကတော့ တွေ့ဆုံဆွေးနွေးပြီးတော့ အပြောင်းအလဲလုပ်လိုက် ဒါကအကောင်းဆုံးဆိုတာတော့ အားလုံးလက်ခံပြီးသားဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ဖက်က လက်ရှိအာဏာကို ကိုင်ထားတဲ့အချိန်မှာ အပြောင်းအလဲပေါ်မှာ အခြေခံတဲ့ အပြောင်းအလဲကို သွားမယ်ဆိုလို့ရှိရင် တွေ့ဆုံ ဆွေးနွေးရေးနဲ့ မသွားဘူး။ ငါတို့အတွက် အာမခံနိုင်တဲ့ ကွန်စတီကျူးရှင်းကနေ ချထားတဲ့ လမ်းကြောင်းတွေ ကနေ သွားမယ်ဆိုတဲ့ဟာကို ပြောထားပြီးတဲ့အတွက် ကျနော်တို့မှာက အခြားနည်းလမ်းမရှိတော့ဘဲနဲ့ ဒီနည်း လမ်းတခုပဲ ရှိတယ်ဆိုတဲ့ အမြင်မျိုးရှိတဲ့ နိုင်ငံရေးသမားတွေကတော့ ဒီအခါမှ ၀င်ပြိုင်ကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။

ချီလီ ဥပမာနဲ့ နှိုင်းယှဉ်ပြောကြားပေးတဲ့ ဦးမင်းဇော်ဦးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေး ဆိုတာမျိုးက (၁+၂=၃) ဖြစ်တဲ့ဟာမျိုးလည်း ဟုတ်ချင်မှ ဟုတ်တာဆိုတော့ ပုံတူကူးချလို့ ဖြစ်နိုင်တဲ့အနေအထား ရှိချင်မှရှိမယ်လို့ထင်ပါတယ်။ ချီလီစစ်ခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စိတ်နေသဘောထား၊ ဖိနှိပ်အုပ်ချုပ်မှု အတိုင်းအတာ၊ ဆွဲထားတဲ့ အခြေခံဥပေဒရဲ့ တရားမျှတမှုအချိုးအစား၊ သက်ဆိုင်ရာ စစ် ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ၊ အတိုက်အခံတွေရဲ့ ဆက်ဆံရေးအနေအထားတွေ ကွာခြားတာနဲ့အမျှ ရလဒ်တွေကလည်း ကပြောင်းကပြန်တွေ ဖြစ်တတ်တာကို မြင်နိုင်ရမှာပါ။ (၁+၂=၃) အလွယ်တကူ ဖြစ်ခဲ့မယ် ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ နိုင်ငံရေးဆိုတာက အဲသလိုမဖြစ်လို့ ခက်နေတာကိုး။

တခါတခါကျတော့လည်း ပညာရှင်တွေဆီက ကောင်းတဲ့အကြံဥာဏ်တွေ ရတတ်သလို တခါတခါကျတော့လည်း ပညာရှင်တွေဟာ ရပ်ကွက်ထဲက ချဲဆရာကြီးတွေလို များများသိလို့ တွက်လေ လွဲလေ၊ လွဲတော့ ထပ်လေ့လာ၊ ထပ်လေ့လာတော့ ပိုသိ၊ ပိုသိပြီး ထပ်တွက်တော့ ပိုလွဲ ဆိုတာမျိုးတွေလည်း ရှိတတ်တာကို ကျနော်တို့ သတိ ပြုရမှာပါ။

ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ ဗွီအိုအေ ဆွေးနွေးဝိုင်းမှာ မြန်မာအရေးလေ့လာသူ နှစ်ဦး ဆွေးနွေးသွားတဲ့ အသိအမြင်တွေလောက်ကိုတော့ ကျနော်တို့ရဲ့ အစစ်အမှန် တိုက်ပွဲခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းတင်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တွေးပြီးသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။

အဲဒီတော့ ကျနော်တို့ပြည်သူတွေအနေနဲ့က ကိုယ့်ခေါင်းဆောင်တွေ ဘာဖြစ်လို့ နအဖ အခြေခံဥပေဒကို ဆန့် ကျင်တယ်၊ ဘာဖြစ်လို့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ဘာဖြစ်လို့ ထောင်ကျတန်းကျခံ အနာခံပြီး တိုက်ပွဲ ၀င်နေတာလဲဆိုတာကို ရှင်းလင်းမြင်သာစေဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ ပြောစကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။

“နိုင်ငံရေးဖြေရှင်းမှုဆိုတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အယူအဆဟာ Social Contract Theory ပါ။ တယောက်နဲ့ တယောက် ပဋိညာဉ်ပြုတဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ချုပ်ဆိုကြတဲ့ Contract ပါ။ အဲဒါကို ဘာမှမှ မလုပ်နိုင်ဘဲကွာ အရှုံးသာပေးလိုက်ပါတော့ ဆိုတာက အဲတော့ ကျနော်တို့က အရှုံးပေးလိုက်လို့ ကျနော်တို့ ပြည်သူတွေဟာ အခုရေတွင်းတူး အခုရေကြည်မသောက်ပါဘူး။ ကျနော်တို့ကလည်း ဒီလောက် အလော မကြီးဘူး။ တဖြည်းဖြည်း ပြုပြင်နိုင်တဲ့ အခွင့်အလမ်းမျိုး တွေ ရမလားဆိုတာကိုလည်း ကျနော်တို့က တလျှောက် လုံး မျှော်လင့်နေတယ်။ ကျနော်တို့ ကြိုးစားနေတယ်။ အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ် အားလုံး တနည်းအားဖြင့် တိုင်းရင်းသားတွေ လူထုတွေ သန်း (၅၀) စလုံးက ပြင်ချင်ပါတယ် ဆိုရင်တောင်မှ စစ်ခေါင်းဆောင်က သဘောတူမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရု မစိုက်ဘူးဆိုရင် နောင်အခါလာ နောင်အခါဈေးဆိုရင် တဘက်က တပ်မတော်ရဲ့ အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မယ်လို့ သူကပြောထားတယ်။ အဲဒီတော့ နောင်တချိန်ပြင်ချင်ရင် ကျနော်တို့ နောင်လာ နောက်သားတွေ ကလည်း အသက်နဲ့လဲပြီးတော့ ပြင်ကြ ဆိုပြီး တော့ ကျနော်တို့ ကလေးတွေကို ဒီလိုမျိုး သေကြေ ဒဏ်ရာရမယ့် လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ နောင်အခါလာ နောင်အခါဈေး လုပ်လို့မရတဲ့ အချိန်ဆိုတာကို ကျနော် သတိ ပေးချင်တာပါ။”

(ဘီဘီစီ၏ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’ အစီအစဉ်တွင် ဖြေကြားချက်)

သတင်းပဒေသာ



NEJ / ၂၇ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြသုံးသပ်ထားသည်။...အပြည့်အစုံသို့

------------------------------------------------------------------------------------------------------------------------------
ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံစည်းဝေးတက်မည်
မြန်မာ ရိုဟင်ဂျာပြဿနာရှောင်နေဟု စွပ်စွဲခံရ

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉
ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပနေ သည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် အတွက် နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ယနေ့ နေပြည်တော်မှ ထွက်ခွာ လာခဲ့ သော်လည်း ရိုဟင်ဂျာ ပြဿနာကို ....အပြည့်အစုံသို့
ဝန်ကြီးဦးအောင်သောင်းအား
ရိုဟင်စစ်ဆင်ရေး တာဝန်ပေး

NEJ / ၂၇ ဖေဖော်ဝါရီ ၂၀၀၉
ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ် အစိုးရအပေါ် အာဆီယံနိုင်ငံ အချို့က ဖိအားပေးပြောနေ ချိန်တွင် ပြန်လည်ချေပနိုင်ရန် အခြေခံ အချက်အလက်များ ရှာဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှု (၁) ၀န်ကြီးဦးအောင်သောင်းအား ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေး ပုံစံဖြင့် လျှို့ဝှက် တာဝန်ပေးထားသည်။...အပြည့်အစုံသို့

အိုင်အယ်အိုနှင့် စစ်အစိုးရ
နားလည်မှုစာချွန်သက်တမ်းတနှစ်တိုး

NEJ / ၂၇ ဖေဖော်ဝါရီ ၂၀၀၉
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အမှုဆောင် ညွှန်ကြားရေးမှူး Mr.Kari Tapiola နှင့် နအဖ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ဖေဖော်ဝါရီ (၂၅) ရက်တွင် တွေ့ဆုံခဲ့ကြပြီး (၂၆) ရက်တွင် နောက်ထပ်တနှစ်တာ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်ရန် နောက်ဆက်တွဲ နားလည်မှု ရယူခဲ့ကြသည် ...အပြည့်အစုံသို့
စစ်ခေါင်းဆောင်တွေကို ဘန်ကီမွန်းက
အကျပ်ကိုင်ခိုင်းလို့မရဟု ဂမ်ဘာရီပြော
NEJ / ၂၆ ဖေဖော်ဝါရီ ၂၀၀၉
မြန်မာ့အရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာစစ်ခေါင်းများအား လုပ်သင့်သည်များကို အတင်းအကျပ်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ လုပ်ကိုင်နိုင်ကြောင်း မစ္စတာ ဂမ်ဘာရီက ထုတ်ဖော်ပြော ဆိုသည်။ ...အပြည့်အစုံသို့


“ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်ကြီးပြော

“ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်ကြီးပြော

ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီလူမျိုးများသာ ဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာ စစ် အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ငြင်းဆိုသည်

အာဆီယံက မြန်မာကို ဖိအားပေးမည်မဟုတ်

အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ ဥက္ကဌက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ရိုဟင်ဂျာ အကြပ်အတည်း တို့အပေါ် ၁၄ ကြိမ်မြောက် အာဆီယံ စုံညီ

ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်း

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ရှိပါက နှာခေါင်းစည်းများစည်း၍ ထွက်ရန် ထိုင်းပြည်သူ့

ဝတွေကို မှတ်ပုံတင် ထုတ်ပေး

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင်ရှိ ဝတိုင်းရင်းသားများကို အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများ က နိုင်ငံသားကတ်များ ပြုလုပ်ပေးနေကြောင်း ဒေသခံများက

သတင်းထောက် တဦး၏ နာဂစ်ဒိုင်ယာရီ

သန်းစိုးလှိုင်

ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉

ဧပြီလ ၂၉၊ ၃၀ရက်၊ ၂၀၀၈ခုနှစ်၊

ပူပြင်းလှသည့် နွေရာသီ ဧပြီလ၏ နောက်ဆုံးသီတင်းပတ်၊ မိုးကသည်းထန်စွာ ရက်ဆက်ရွာသွန်းနေခဲ့သည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နေသည်လား၊ မုန်တိုင်းဖြစ်ပေါ်နေသည်လား တခုခု ဖြစ်လိမ့်မည်ဟု အင်တာနက်သတင်းများမှာ စေ့ငုကြည့်တော့ ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် သို့မဟုတ် မြန်မာနိုင်ငံ ဧရာဝတီတိုင်းကို ၀င်ဖို့ အလားအလာရှိနေသည် ဟုဧပြီလ ကုန် ၂၈၊၂၉ ရက်ဝန်းကျင်တွင် ဖတ်ရှုရသည်။

အျပည့္အစုံသိုႛ ...

ဧရာဝတီကို တရားစွဲမည်ဟုဆိုသည့် ဦးကျော်မြင့် နှင့် ဗွီအိုအေ အင်တာဗျူး
VOA
ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉
VOA - ဦးကျော်မြင့်အနေနဲ့ မြန်မာနိုင်ငံမှာ ကျုံယွမ်ကုမ္ပဏီနဲ့ လုပ်ငန်း လုပ်ခဲ့စဉ်တုန်းက ငွေကြေးနဲ့ စီးပွားရေးပြဿနာတွေအတွက် စစ်အစိုးရကနေပြီးတော့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရဖူးတယ်လို့ စွပ်စွဲထားတာတွေ ရှိပါတယ်။ အဲဒီအချိန်က ဘာကြောင့်မို့ ဦးကျော်မြင့် အနေနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတာလဲခင်ဗျ။
UKM - ကျနော် ၉၇ ခုနှစ်တုန်းက စစ်အစိုးရနဲ့ ပြဿနာဖြစ်တာ ငွေကြေးစီးပွားရေးပြဿနာ မဟုတ်ဘူး။ အဓိက နိုင်ငံရေးပါ။ နိုင်ငံရေးဆိုတာ ၅(ည)ပေါ့။ ကျနော်တို့ ငွေရေး ကြေးရေး စီးပွားရေး ထောင်ဒဏ်ချတာ မရှိပါဘူး။ သူတို့ ချထားတာ ၅(ည)၊ နိုင်ငံတော် ဆန့်ကျင်မှုပေါ့။ အဲဒါနဲ့ ထောင်ဒဏ်ချတာပါခင်ဗျ။

VOA - အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။
UKM - ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူ အစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။
အျပည့္အစုံသိုႛ ...

E-mail Print

သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း

နိုင်ငံရေးပါတီတခုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း သံလျင်မြို့တွင် လိုက်လံ စည်းရုံးသူများ ပေါ်ထွက်လာသည်။ ယခုလ ၂၅ ရက်နေ့က အဖွဲ့ဦးဆောင်သူ ၁၀ ဦးခန့်က...

မြန်မာလုပ်သား ရာပေါင်းများစွာ ထိုင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာလုပ်သား ရာပေါင်းများစွာသည် ပြီးခဲ့သည့် ၃ ရက်အတွင်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးပြန်ပို့မှုများ ခံရကာ ဆက်လက်၍လည်း...

နာရေးအသင်း နိဗ္ဗာန်ယာဉ်များ သုဿန်သို့ ပြောင်းရမည်

နိုင်ငံကျော် ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီးလုပ်ကိုင်သည့် ရန်ကုန်မြို့ နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို ရေဝေးသုဿန်သို့ ပြောင်းရွှေ့ရမည်ဟု အာဏာပိုင်များက...

'လူ့အခွင့်အရေး'' တောင်းသူ တိုက်ပိတ်ခံရ (အင်တာဗျူး)

''လူ့အခွင့်အရေး ရရှိရေး - ဒို့အရေး'' ဆိုပြီး အင်းစိန် ထောင်ထဲတွင် အော်ဟစ်ကြွေးကြော်သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်...


- မြန်မာအပေါ် နိုင်ငံတကာဒဏ်ခတ်မှု စစ်အစိုးရကို တရုတ်ကူညီနေသည့်အတွက် အဓိက မအောင်မြင် click
- ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံစည်းဝေးတက်မည်၊ မြန်မာ-ရိုဟင်ဂျာပြဿနာ ရှောင်နေဟု စွပ်စွဲခံရ click
- ၀န်ကြီးအောင်သောင်းအား ရိုဟင်စစ်ဆင်ရေး တာဝန်ပေး click
-ဆက်လက်အုပ်ချုပ်ချင်ရင် စစ်တပ်ရွေးကောက်ပွဲဝင် (အင်တာဗျူး) click
- ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်း click
- ၀တွေကို မှတ်ပုံတင် ထုတ်ပေး click
- အိုဘားမားနှင့် မြန်မာပြည် (ဆောင်းပါး) click
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ် click
- 'လူ့အခွင့်အရေး' တောင်းသူ တိုက်ပိတ်ခံရ (အင်တာဗျူး) click
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ် click
- ကျိုက်ထိုမှာ မီးလောင် click
- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင် click
- သမ္မတအိုဘားမား အစိုးရဘတ်ဂျက် တင်ပြ click
- အရှေ့တီမောရွေးကောက်ပွဲ ကုလသမဂ္ဂ ကူညီမည် click
- ဗကသကျောင်းသား၏ ထောင်တွင်းအတွေ့အကြုံ ဒုတိယပိုင်း) click
- နိဗ္ဗာန်ယာဉ်များ ရန်ကုန်မြို့တွင်း ထားခွင့်မပြုဖို့ တားဆီးမိန်ႛထုတ်ပြန် click
- မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ ဆွေးနွေးပွဲပြုလုပ် click
- အာဆီယံအစည်းအဝေးတွေ ကျင်းပပြီ click
- မြန်မာ့အရေး ယှဉ်ပြိုင်အာဆီယံအဖွဲ့ ဆွေးနွေး click
- စစ်အစိုးရနှင့် အိုင်အယ်လ်အို သဘောတူစာချုပ် သက်တမ်းတိုး - အိုင်အယ်အိုအရာရှိနဲ့ ဆက်သွယ်မေးမြန်း ချက် click
- မြန်မာ့လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးရန် အာဆီယံကို အေအိုင်တောင်းတို click
- လူ့အခွင့်အရေးချိုးဖောက်သည့် မြန်မာစစ်အစိုးရကို အမေရိကန် ပြစ်တင်ရှုတ်ချ click
- မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း (၁၀) click
- သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ click
- မဲဆောက်တွင် ဖမ်းဆီးမှုများ ဆက်လက်ရှိနေဆဲ click
- ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေအတွင်း မီးလောင်၊ လူနေအိမ်များ မီးသင့်လုဖြစ် click
- တရုတ်မီးသတ်သမား ၅၀၀ ကျော် မြန်မာနိုင်ငံဘက် ၀င်ရောက်မီးငြှိမ်းပေး၊ မြန်မာဘက်ခြမ်းတွင် လောင် ကျွမ်းဆဲဖြစ် click
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန်တောင်းဆို click
- မူဆယ်တွင် (၄၃)ကြိမ်မြောက် မဟာသတိပဌာန် ညီလာခံပွဲကြီး ကျင်းပ click
- နားကောင်းမူးအုပ်စုတွင်း လမ်းပြုပြင်မွမ်းမံ ဒေသခံများ ပိုက်ဆံသိန်းချီထည့်ရ click
- နစ်မြုပ်နေသော သင်္ဘောပျက်များကို စစ်တပ်က ရှာဖွေ click
- ၃၃ နာရီကြာ ဘင်္ဂလာရိုင်ဖယ်တပ်ဖွဲ့ပုန်ကန်မူ ပြီးဆုံး၊ အနည်းဆုံး လူပေါင်း ၃၀ ခန့် သေဆုံးခဲ့ click
- မြန်မာနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ် ပြုလုပ်သူနည်းပါးလာ click
- မွန်ပြည်သစ်ပါတီ ဥက္ကဌကြီးနှစ်ဦး၏ အုတ်ဂူ၌ အမှတ်တရရုပ်ပုံကပ် click
ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်

2.26.2009

Burma News

Rights Groups Call on Asean to Focus on Human Rights

By THE IRRAWADDY
Human rights advocacy groups have called on leaders of the Association of Southeast Asian Nations to prioritize rights issues at this week’s summit in Thailand.

KNU Colonel Released by Thai Army

By MIN LWIN
Col Ner Dah Mya of the KNU is released on bail by the Thai army, after being charged with possessing illegal weapons and transporting migrants to Thailand.

Human Rights in Burma Appalling: US

By LALIT K JHA
Burmese citizens are denied basic human rights and the situation deteriorated further in 2008, the annual US State Department report on human rights says.

VOA: UDP Leader Threatens to Sue The Irrawaddy

By WAI MOE
The leader of the Canada-based United Democratic Party of Myanmar is threatening legal action against The Irrawaddy, according to an interview carried by the Voice of America.

Activists demand intensified global pressure on Burma

Thailand-based Assistance Association for Political Prisoners in Burma (AAPP-B), urged the international community on Tuesday, to assert more pressure on Burma’s ruling junta to release...

EU presidency urges Burma to implement political reforms

The European Union’s current Presidency in a statement on Monday urged Burma’s military government to release all political prisoners, including detained opposition leader...

Jailed Burmese journalist honoured with ‘Kenji Nagai Award’

Rangoon-based 'Ecovision' reporter Eint Khaing Oo, who was arrested and sentenced to two years of imprisonment for reporting on victims of Cyclone Nargis, was honoured with the first 'Kenji Nagai...

NLD clarifies its statement

Burma's main opposition party the National League for Democracy on Monday clarified its statement issued on February 17, saying it is not to be misunderstood that detained party...

Activists demand intensified global pressure on Burma
Mizzima.com - New Delhi,Delhi,India
by Solomon New Delhi (Mizzima) – Thailand-based Assistance Association for Political Prisoners in Burma (AAPP-B), urged the international community on ...
See all stories on this topic
Burma Talks Security with Laos amid Ceasefire Tensions
The Irrawaddy News Magazine - Chiang Mai,Thailand
By LAWI WENG A leading member of Burma’s ruling junta traveled to Laos on Sunday to discuss cooperation on security in the volatile Golden Triangle region, ...
See all stories on this topic
Jailed Burmese journalist honoured with ‘Kenji Nagai Award’
Mizzima.com - New Delhi,Delhi,India
At the award giving ceremony held at the Sixth 'Burma Media Conference, in Thailand’s Chiang Mai, organisers said, the award was named after a Japanese ...
See all stories on this topic
Challenging human rights in Burma
Mizzima.com - New Delhi,Delhi,India
by Mizzima News The United Nations Human Rights expert Tomas Ojea Quintana, who recently concluded a six-day visit to Burma, said the release of 24 ...
See all stories on this topic
Changing patterns in Burma's media
Democratic Voice of Burma - Oslo,Norway
Feb 25, 2009 (DVB)–With one of the most strictly-controlled media environments in the world, Burmese journalists who oppose the military government are ...
See all stories on this topic
Northern Rivers Echo
Relief for Burmese
Northern Rivers Echo - Lismore,New South Wales,Australia
David Ellem with a photo of a young Burmese boy taken by local photographer Brenden Allen. There are more than 40000 Burmese people living in refugee camps ...
See all stories on this topic
Freed Burma MP Sees Struggle
自由亚洲电视 - Washington DC,USA
A Burmese dissident freed after serving more than 18 years in prison find dire struggles on the outside too. BANGKOK—A Burmese dissident just freed from ...
See all stories on this topic
Facing the grind of life in limbo
Irish Times - Dublin,Ireland
These people are from Burma, but they are living in a refugee camp just across the border in northern Thailand. They’ve been here for up to 15 years. ...
See all stories on this topic
Translated Survey on Chinese Multinational Investment in Burma's
Earthrights.org - Washington,DC,USA
Ka Hsaw Wa, Executive Director of EarthRights International noted the importance of publishing the survey in the Burmese language, stating, ...
See all stories on this topic
Examiner.com
Myanmar (Burma), The Secrets Behind the Beauty
Examiner.com - USA
Not a lot is known about Myanmar previously named Burma. The government is a dictatorial authoritarian regime which is controlled by the military. ...
See all stories on this topic

Blogs Alert for: Burma news

Turkish plane crash in Amsterdam « Kay Tu Ma Ti
By admin
A witness who was driving past the airport moments after the crash told BBC News he saw the plane lying in a field just 60 metres from the A9 motorway, surrounded by large clouds of brown dust and grey smoke. ...
Kay Tu Ma Ti - http://kaytu.burmabloggers.net/
Burma Newscasts: Changing patterns in Burma's media
By Jeg
Exiled news organizations in countries such as Thailand and India work covertly with networks of journalists inside Burma, receiving and publishing articles and commentary on political developments inside the country. ...
Burma Newscasts - http://burmanewscasts.blogspot.com/
Interview Quintana: Challenging human rights in Burma « democracy ...
By peacerunning
Interview Quintana: Challenging human rights in Burma. February 25, 2009 · No Comments. Mizzima News by Salomon. The United Nations Human Rights expert Tomas Ojea Quintana, who recently concluded a six-day visit to Burma, ...
democracy for burma - http://democracyforburma.wordpress.com/
Rohingyas “As ugly as ogres” « Fifty Viss
By Aung Kyaw
In recent news (give or take a week), a Burmese diplomat by the name of Ye Myint Aung at the Burmese Consulate in Hong Kong used very politically incorrect language in describing the Rohingyas, an Muslim ethnic minority that has created controversy for the Burmese government, ... This perhaps reflects prevailing trends in Burma, where light skin color remains fashionable (probably a product of Westernization and colonial rule), as in the rest of Southeast Asia. ...
Fifty Viss - http://viss.wordpress.com/
HummingBird: Dalai Lama 50 Years in Exile
By HummingBird
News from Ashin Mettacara. Burma, Myanmar: The Secrets Behind the Beauty · Myanmar: Burma to host International Theravada Buddhist universities conference · Heath Ledger wins posthumous Oscar · Complete list of Academy Award winners ...
HummingBird - http://hummingbird333.blogspot.com/

ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြကြောင်ပါမည်

E-mail Print
ဖိုးရှုပ် တယောက် မြန်မာ သတင်းသမဂ္ဂ စည်းဝေးအပြီး ပွဲကိုက်လို့မှ မဝသေးခင်မှာ ဒေဝါလီ မဂ္ဂဇင်းက သတင်း တပုဒ်ကို အိပ်ချင်မူးတူး အယောင်ယောင် အမှားမှားနှင့် ဖတ်မိ လိုက်သောကြောင့် အိပ်ချင်စိတ်များ ပျောက်၊ မူးထားသမျှတို့ ပြေသွားကာ ဦးရုက္ခစိုးတို့နှင့် ဆုံရပ်ဖြစ်သည့် ချင်းမိုင်က ဝါဝီကော်ဖီဆိုင်ကို အသော့ နှင်ခဲ့တော့ သည်။ ကော်ဖီဆိုင်ရောက်တော့ ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့က လက်ပ်တော့ကွန်ပျူတာတလုံး ရှေ့ချလျှက် စိတ်ဝင် တစား ကြည့်နေကြသည်။

ဦးရုက္ခစိုး။ ။ ဟာ ဆင်းရဲသားကား မရိုက်ရ ဆိုပါလား။ ဘာကိုပြောတာလဲကွ။

ကြွက်စုတ်။ ။ သြော် ဦးရုက္ခစိုးကလည်း ဆင်းရဲသားကားဆိုတာ ဟိုဒင်းလေဗျာ အင်္ကျီမဝတ်နိုင်တဲ့ သူတွေ ရိုက်တဲ့ ကားမျိုးကိုပြောတာ။ အဲဒါက ခုမှမဟုတ်ဘူး အရင်ကတည်းကလည်း ပေးမရိုက်ပါဘူးဗျာ။

ထုံးစံအတိုင်း ကြွက်စုတ်က ဆရာကြီးလေသံဖမ်း၍ သူအားလုံးသိသည်ဆိုသည့် စတိုင်ဖြင့် ပြောလိုက်သည်။



ရုက္ခစိုး။ ။ ထွီ ရှက်စရာကြီးကွာ။ ဒါပေမယ့် ဗဟုသုတရအောင် ကြည့်တော့ကြည့်ချင်သား။

ကြွက်စုတ်။ ။ (လေသံကိုနှိမ့်၍) ခုနောက်ပိုင်းတော့ လိုးရှင်းလူးတာတို့၊ မော်ဒယ်လျှောက်ပြတာတို့ ခိုးရိုက် ပြီး အင်တာနက်မှာ တင်နေပြီတဲ့ဗျ (ရှလွတ်)

ကြွက်စုတ်က ပြောရင်း သွားရည်များပင်ကျလိုက်သေးသည်။ နောက်မှာရောက်နေသည့် ဖိုးရှုပ်ကို မမြင်ဘဲ ရုပ်တည်နှင့် ရွှီးကောင်းတိုင်း ရွှီးနေသည့် ကြွက်စုတ်ကို ကြည့်ကာ ဖိုးရှုပ် ရယ်ချင်သွားသည်။ ရယ်သံ အနည်းငယ် ထွက်သွားသောကြောင့် သူတို့ ၂ ယောက် လှည့်ကြည့် လိုက်သည်။

ဖိုးရှုပ်။ ။ ဟေ့ကောင် .. ထင်ရာလျှောက်ပြောမနေနဲ့။ မင်းဟာလေ မှားချင်တိုင်းမှား သတင်းဌာနက သတင်း ထောက် ကျနေတာပဲ။ နားစွန်နားဖျားကြားတာနဲ့ ပြောမယ်၊ ရေးမယ် ဆိုတာချည်းပဲ။ မင်းပြောတဲ့ ဆင်းရဲသားကား ဆိုတာ အပြာကားကွ။ ခု မရိုက်ရတဲ့ ဆင်းရဲသားကား ဆိုတာ တကယ့်ကို ဆင်းရဲစုတ်ပြတ် နွမ်းပါးတဲ့ ဇာတ်လမ်း တွေကိုပြောတာ။

ထိုစဉ် ဝါဝီ ကော်ဖီဆိုင်၏ ထောင့်တနေရာမှ တဟားဟား အော်ရယ်လိုက်သော အသံနက်ကြီးတသံ ထွက်ပေါ် လာသဖြင့် သူတို့အားလုံး လန့်သွားကြသည်။ ကော်ဖီဆိုင်ထောင့်တွင် ထိုင်နေသူမှာ ပြန်ကြားရေး ဝန်ကြီး ဖြစ် နေသည်။

ဦးရုက္ခစိုး။ ။ ဟာ ဗိုလ်ချုပ်ဆော်ကြမ်းပါလား။

ဖိုးရှုပ်။ ။ (လေသံဖြင့်) ဦးရုက္ခစိုးမှားနေပြီ။ ဝန်ကြီးက နာမည်ပြောင်းထားတယ်။ ခု သူ့နာမည် ကြောင်ဆန်း ဖြစ်သွားပြီတဲ့၊ ဒေဝါလီမှာ စာဖတ်သူတယောက်က ကွန်မန့်တခုမှာ ရေးထားတာ ဖတ်လိုက်ရတယ်။ (ဝန်ကြီး ဘက်ကိုလှည့်၍) ဒါနဲ့ ဝန်ကြီး ချင်းမိုင်ကို ဘယ်လိုလုပ်ရောက်နေတာလဲ။

ဝန်ကြီး။ ။ ဟဲဟဲဟဲဟဲ။ ကျုပ်လည်း ခင်ဗျားတို့ ဘီအမ်အေကို လာလေ့လာတာပေါ့ဗျ။ ခင်ဗျားတို့ အတိုက် အခံ သတင်းသမားတွေ မဆိုးဘူးဘဲ။ အတော်သောက်နိုင်တယ်နော်။

ဖိုးရှုပ်။ ။ ဒါကတော့ သောက်နိုင်ဆို သက်တမ်းရင့်အသောက်သမားတွေကိုးဗျ။ သောက်သက်က တော်လှန် ရေးကာလနဲ့တူတူပဲလေ၊ အနှစ် ၂၀ ကျော်ပြီ။ ဒါနဲ့ ဝန်ကြီးနဲ့တွေ့တာနဲ့ အတော်ပဲ။ မေးရဦးမယ်။ ခု မြန်မာ့ ရုပ်ရှင်မှာ ဆင်းရဲသားဇာတ်လမ်း မရိုက်ရတော့ဘူးဆို (ဖိုးရှုပ်က ကိုယ်ခံရမည့်အကွက်ဖြစ်သောကြောင့် အမြန် ဆုံး စကားလွှဲလိုက်ခြင်းဖြစ်သည်)

ဝန်ကြီး။ ။ ဟုတ်တယ်ဗျ။ ကျုပ်တို့ဗိုလ်ချုပ်မှူးကြီးက တိုင်းပြည်မှာ လူတွေ ဆင်းရဲတာ မမြင်ချင်ဘူး။ အားလုံး ချမ်းသာအောင်လုပ် ဆိုလို့ ကျုပ်လည်း ကျုပ်တတ်နိုင်တဲ့ အပိုင်းက တတပ်တအား ဆောင်ရွက်တာပဲလေ။ ဒီလောက် လုပ်တာတောင် ခင်ဗျားတို့ ပြည်ပမီဒီယာတွေက ပြောချင်ဆိုချင်ကြသေးတယ်။

ရုက္ခစိုး။ ။ ဟောလိဝုဒ်မှာတော့ ဆင်းရဲသားကား Slumdog Millionaire က အော်စကာရသွားတယ်နော်။ တကယ်ဆို ကျုပ်တို့ဆီမှာလည်း ခွေးသန်းတို့၊ ကြောင်သန်း တို့ လူသန်းတို့ မျောက်သန်းတို့ …. (မီလျံ ဆို သော စကားကို ဦးရုက္ခစိုးက သန်း ဟုတိုက်ရိုက်မြန်မာမှု ပြုနေရာ ဗိုလ်ချုပ်မှူးကြီး နာမည်ပါနေသောကြောင့် ဗိုလ်ချုပ်ကြောင်ဆန်းက အမြန်စကားဖြတ်လိုက်သည်)

ဝန်ကြီး။ ။ ဒါက ဒီလူတွေ နားမလည် ပါးမလည်နဲ့ ပေးတာပဲဗျ။ ကျုပ်တို့ မြန်မာနိုင်ငံက သရုပ်မှန် သူဌေး ကားတွေ ရိုက်လိုက်ရင် ဟောလိဝုဒ်လောက်မှာ အော်စကာမယူဘူး တာဝတိံသာမှာ သွားယူလို့ရတယ်။ ငှဲငှဲ။

အရပ်ပုပြတ်ပြတ်၊ အသားမည်းမည်းနှင့် ကြည့်ရဆိုးရသည့်အထဲ ဝန်ကြီးက သူ့သွားမည်းမည်းများကို ဖြဲပြ နေသေးသည်။ ဖိုးရှုပ်က သတင်းထောက်ပီပီ သဌေးသရုပ်မှန် ဆိုသော စကားကို စိတ်ဝင်စားသွားသဖြင့် အသင့်ပါလာသော ကက်ဆက်ကိုထုတ်ကာ ဗျူးဖို့ပြင်လိုက်သည်။

ဖိုးရှုပ်။ ။ သူဌေး သရုပ်မှန်ဆိုတာလေး ရှင်းပါဦးခင်ဗျ။ ဒီစကားလုံး တခါမှ မကြားဘူးလို့ပါ။

ဝန်ကြီးက ဖိုးရှုပ်ကို အထင်သေးသည့်အကြည့်ဖြင့် တချက်ကြည့်ပြီး အကယ်ဒမီကျော်ရဲအောင်စတိုင် ပြုံး လိုက်ရာ အပြုံးမတတ်သဖြင့် ဗေလုဝနှင့် ခပ်ဆင်ဆင် ဖြစ်သွားသည်။

ဝန်ကြီး။ ။ ခင်ဗျားတို့ ပြောပြောနေတဲ့ စိန်စီသော ည ဆိုတာ သူဌေး သရုပ်မှန်ပေါ့။ ဒီထက် သရုပ်မှန်တာ တောင် ဒီလောက်သရုပ်မမှန်ဘူး။ အဲဒါမျိုး ကားတွေ များများ ရိုက်ဖို့ ပြောနေတာကွ။

ကြွက်စုတ်။ ။ စိန်စီသောညကတော့ ဟုတ်ပါပြီဝန်ကြီးရယ်။ ဇာတ်လမ်းတွေက ဘယ်သူရေးမှာလဲဗျ။ မြန်မာပြည်က စာရေးဆရာတွေက အဲလောက်ချမ်းသာတာတွေ ရေးတတ်ပုံမရဘူးထင်တယ်နော်။ အဲဒီစာရေး ဆရာတွေက ဆင်းရဲသားခန်းပဲ ပိုင်တယ် ကြားဖူးတယ်။

ဝန်ကြီး။ ။ သူတို့က မချမ်းသာဘူးတော့ ဘယ်ရေးတတ်ပါ့မလဲ။ ကျုပ်ကိုယ်တိုင် ရေးမှာပေါ့ဗျ။ မင်းသားက သိန်းပေါင်း တသောင်းပဲ ချမ်းသာတယ်။ မင်းသမီးက သိန်းတသန်းချမ်းသာလို့ မိဘတွေက သဘောမတူတော့ မင်းသားပိုင်တဲ့ ဖယ်ယာရီ မော်ဒယ်အနိမ့်ကားလေးနဲ့ မင်းသမီးကို ခိုးပြေးရတဲ့ ဇာတ်လမ်းမျိုး ရိုက်စမ်းပါလေ့။ မျက်ရည်တွေ ဘူးသီးလုံးလောက် ကျသွားမယ်။ ဒါမှ သရုပ်မှန်စစ်စစ်။

ဝန်ကြီး၏ စကားကြောင့် ဦးရုက္ခစိုးကြီး မျက်လုံးပြူးသွားသည်။

ရုက္ခစိုး။ ။ ဒီလိုတော့လည်း ဟုတ်သားဗျ။ မြန်မာပြည်မှာက သူဌေးတွေ အတော်ပေါတာပဲနော်။

ဝန်ကြီး။ ။ ပေါတာပေါ့ဗျာ။ ဘယ်လောက်ပေါသလဲဆိုရင် ကမ္ဘာပေါ်မှာအပေါဆုံးလို့တောင် ပြောလို့ ရတယ်။ နေဦးဗျ ဆက်ပြောဦးမယ်။ (တက်တက်ကြွကြွ အားကျိုးမာန်တက်နှင့် အလွန်ပြောချင်နေပုံရသော ဝန်ကြီး ပါးစပ်မှ တံတွေးစဉ်သွားသဖြင့် ဦးရုက္ခစိုး အမြန်ရှောင်လိုက်ရသည်) စီးပွားရေး လုပ်ငန်းရှင်ကြီး ကိုတေဆေးရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို သူဌေးဖြစ်နည်း ဖြတ်လမ်း ဆိုပြီး အကယ်ဒမီ မိုးဒီကြီးနဲ့ ရိုက်လိုက်ရင် ပညာပေး ကော၊ ဟာသကော၊ ဘဝသရုပ်ဖော်ကောပါနေလို့ မရိုက်ခင်ကတောင် အကယ်ဒမီကြိုပေးလို့ရတယ်။ ဟား ပြောရင်းနဲ့မှ သတိရတယ်။ ဒီကားကို ဒါရိုက်တာ ပင်ဂွင်းမှောင်မှောင်ကို ရိုက်ခိုင်းဦးမှ။

ပြောရင်းဖြင့် ဝန်ကြီးက သူ့မှတ်စုစာအုပ်တွင် ရေးမှတ်နေပြန်သည်။

ရုက္ခစိုး။ ။ ဒါနဲ့ ဝန်ကြီး .. ဟိုးတလောက မင်းသမီးတွေကို ဦးစားပေးတဲ့ဇာတ် မရိုက်ရဘူးကြားတယ်။ အဲဒါ ကော ဘယ်လိုဖြစ်သွားပြီလဲ။

ဝန်ကြီးက သူပြောလို့မှ မဝခင် အတင်းဖြတ်မေးသည့် ဦးရုက္ခစိုးကို သိပ်မကျေနပ်သော်လည်း မေးခွန်း အား လုံးက သူ့ကိုဦးတည် မေးနေခြင်း ဖြစ်သောကြောင့် သတင်းစာရှင်းလင်းပွဲတွင် ခပ်တည်တည်ရွှီးသည့် စတိုင် ဖြင့် ပြန် ဖြေသည်။

ဝန်ကြီး။ ။ ဟုတ်ပါတယ်ခင်ဗျ။ အခု အသစ်တခု စမ်းသပ်ဖို့စီစဉ်နေပါတယ်။ မြန်မာ့ရုပ်ရှင် ကမ္ဘာကိုလွှမ်းဖို့ ကြိုးစားရတာလည်း တယ်မလွယ်ပါဘူးဗျာ။ မင်းသမီးဦးစားမပေးဘဲ မာမီတွေကို ဦးစားပေး ရိုက်ခိုင်းမလားလို့။

ကြွက်စုတ်။ ။ ဟာ ဖြစ်ပါ့မလားဝန်ကြီးရဲ့။

ဝန်ကြီး။ ။ ဘာလို့မဖြစ်ရမှာလဲ။ ဟိုတနေ့က ချင်းမိုင်မှာ မာမီတို့အဖွဲ့ လမ်းလျှောက်ပွဲ ပျက်သွားတုန်းကလေ၊ များတို့ မြန်မာပြည်က မာမီ တယောက်ကို များက အသာလေး မေးကြည့်တယ်သိလား။ ထိုင်းနိုင်ငံက တောင်ပြုံးလောက်တောင် မလွတ်လပ်လို့ တဲ့ ကဲ လူဆိုးတွေ သိပြီလား။ များတို့ကတော့ ဒီအချက်ကို အမိအရ အသုံးချရမယ် ထင်တာပဲ။ မာမီဦးစားပေးဇာတ်တွေနဲ့ ကမ္ဘာ ကျော်အောင် လုပ်ရမယ်လေ။

“ဝန်ကြီးတော့ …. သွားရှာပြီထင်တယ်” ဟု ဖိုးရှုပ်တွေးရင် ခပ်လန့်လန့် အထစ်ထစ် အငေါ့ငေါ့နှင့် ဆက်မေး လိုက်သည်။

ဖိုးရှုပ်။ ။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဒီလို အမိန့်တွေထုတ်တာလဲ ဝန် … ဝန် .. ကြီး။

ဝန်ကြီး။ ။ ဒါကတော့ မိန်းမတွေ ရှေ့မထွက်စေချင်တဲ့သဘော၊ ဆင်းရဲသားဆိုတာ အပြင်မှာပဲရှိရမယ်၊ ရုပ်ရှင်ထဲမှာ မရှိစေရဘူးဆိုတဲ့ သဘောပေါ့။ မိုးကုတ်က ပတ္တမြားတွေ၊ ဖားကန့်ကကျောက်စိမ်းတွေ၊ မရောင်း ရတော့တဲ့တူတူ ရုပ်ရှင်ထဲမှာ ထည့်ရိုက်ခိုင်းမယ်၊ ထမင်းပန်းကန်မှာ စိန်တွေစီရမယ်။ ကျုပ်တို့ နိုင်ငံသားတွေ အားလုံး ဘယ်လိုပင်ဆင်းရဲ မွဲပြာကျနေသော်ငြားလည်း ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ငါဟာ လူချမ်းသာ တယောက်ပါလား ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်စေရမယ်။ တောက် တယ်တော်တဲ့ ငါပါလား။

အံကြိတ်ကာ ပြောနေရင်း ဝန်ကြီးက အားမရတော့၍ထင်သည် လက်သီးလက်မောင်းအားရပါးရ တန်းလိုက် ရာ ကြွက်စုတ် မျက်နှာကို သီသီလေး ကပ်လွဲသွားရသည်။

ဝန်ကြီး။ ။ ပြောရင်းနဲ့ သတိရသွားပြီ ကျေးဇူးဗျို့။ မြန်မာ့ရုပ်ရှင် အထက်ဗြဟ္မာ၊ အောက်အဝီစိအထိ ကျော်ကြားစေဖို့ မိန်းမ မပါရ၊ ဆင်းရဲသားမပါရ၊ နိဗာန်ယာဉ် မပါရ၊ လူသေခန်း မရိုက်ရ၊ ခွေးဝဲစား မပါရ၊ ဖယောင်းတိုင် မပါရ၊ ရေစည်လှည်း မပါရ၊ ရိုဟင်ဂျာ မပါရ … မပါရ … မပါရ .. မပါရ။

ပြောရင်း ဝန်ကြီးက တဟားဟားရယ်လိုက်ရာ အနားက နိုင်ငံခြားသားများပါ တအံ့တသြ ဝိုင်းကြည့်ကြသည်။ ဦးရုက္ခစိုးက လှမ်းတားဖို့ ပြင်တုန်းမှာပင် ထိုင်ရာကထ၍ အသံကြောင်ကြီးဖြင့် သီချင်းတပုဒ် အော်ဆိုပြီး တင်ကလေးလှုပ်ကာ လှုပ်ကာ ကရင်း ဝါဝီဆိုင်ထဲမှ ထွက်သွားလေတော့သည်။

ဝန်ကြီး။ ။ ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြကြောင်ပါမည် .. ရတနာ ခုနစ်သွယ် တကယ်ပင် စုံညီ ကား တိုင်းပါရမည် … တယ်နယ်ဗျောင် .. တူနယ် တူနယ် ဗျောင် .. တူနယ်ဗျောင် … ။ ။


သတင်းပဒေသာ

ရန်ကုန်မြို့တွင်း နိဗ္ဗာန်ယာဉ်များ မထားရ

ရန်ကုန်မြို့တွင်း နိဗ္ဗာန်ယာဉ်များ မထားရ

ရန်ကုန် နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို စည်ပင်သာယာ နယ်နိမိတ်အတွင်း မထားရှိရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖိအားပေး သောကြောင့်

UDP ဦးကျော်မြင့်က ဧရာဝတီကို တရားစွဲမည်

ကနေဒါ အခြေစိုက် မြန်မာ့ နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင် ဖြစ်သူက ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲတော့မည်ဟု VOA အသံလွှင့်ဌာနသို့ ယနေ့ ပြောကြား

ရွှေတြိဂံနယ်စပ်ဒေသ စစ်ရေးပြင်ဆင်မှုများရှိနေ

မြန်မာနှင့် လာအို စစ်ရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် မကြာသေးခင်က နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရသည်။

UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို

နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က

အာဆီယံစည်းဝေးတွင် မြန်မာ့အရေးများ ဆွေးနွေးမည်

အာဆီယံ ခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံတောင်ပိုင်း၌ ယခုလကုန်ပိုင်းတွင် ကျင်းပသည့်အခါ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ အပါအ၀င် မြန်မာရေးရာ...

မြန်မာလူနာများကို အရေးပေါ် လေယာဉ်ဖြင့် ဆေးရုံပို့နိုင်ရန် စီစဉ်

မြန်မာနိုင်ငံမှ လူနာများ အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဖယားထိုင်း PAYATHAI အထူးကုဆေးရုံသို့ အရေးပေါ်လေယာဉ် စင်းလုံးငှားပြီး တက်ရောက်...

မအိမ့်ခိုင်ဦးကို သတင်းထောက် သူရဲကောင်းဆု ချီးမြှင့်

နာဂစ် ဒုက္ခသည်များအရေး သတင်းယူသဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချခံရသည့် ရန်ကုန်အခြေစိုက် Ecovision ဂျာနယ်မှ...

စိုက်ဆင်းလေပြင်းသတင်း မိုး/လေ ဦးထွန်းလွင် ငြင်း၊ ဂျာနယ်များ စည်းရှိရန်လိုဟု ပြော

မိုးမခ အထောက်တော် ၀၀၃

ဖေဖော်ဝါရီ ၂၅၊ ၂၀၀၉

ယခုအပတ်ထုတ် နယူးစ်ဝပ်ခ်ျ သတင်းဂျာနယ်အင်တာဗျူးတွင် မိုးလေ၀သဌာနမှ ဦးထွန်းလွင်က စိုက်ဆင်းလေပြင်းကျမည်ဟု မိမိတို့က ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။ ပြည်သူအများ အထိတ်တလန့်ဖြစ်စေအောင် သတင်းမှား ထုတ်ပြန်သည့် သတင်းဂျာနယ်တိုက်ကို အပြစ်တင်ဝေဖန်လိုက်ပြီး အမှားပြင်ဆင်ပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံအတွေ့အကြုံအရ ပြောရရင် လူတသိန်းခွဲလောက် ၁ ည တည်းနဲ့ သေစေနိုင်မယ့် ကိစ္စတွေကို ပေါ့ပေါ့ဆဆ လုပ်ကြတာလဲ …” ဟု ဦးထွန်းလွင်က ပြောလိုက်သည်။
အျပည့္အစုံသိုႛ ...
- UDP ခေါင်းဆောင် ဦးကျော်မြင့်ကို ဆက်သွယ်မေးမြန်း click
- အီကိုဗီးရှင်းသတင်းထောက် မအိမ့်ခိုင်ဦးအတွက် ကင်ဂျီနာဂါအိ ဆုချီမြှင့် click
- နိုင်ငံရေးအကျဉ်းသားများကို စစ်အစိုးရသက်သေများ မမှန်မကန်ထွက်ဆို click
- ရိုဟင်ဂျာပြဿနာကို အာဆီယံညီလာခံမှာ ဆွေးနွေးဖွယ် click
- ထောင်မှ အမှန်လွတ်လာသူနှင့် လွှတ်ပေးသူ စာရင်းကွာခြားနေ click
- မနှစ်က မြန်မာ့လူ့အခွင့်အရေး ပိုဆိုးလာလို့ အမေရိကန်ပြော click
- စိုက်ဆင်းလေပြင်းသတင်း မိုး/လေ ဦးထွန်းလွင် ငြင်း၊ ဂျာနယ်များ စည်းရှိရန်လိုဟုပြော click

မဲဆောက် ဟန်ထိုင်းသိုးမွှေးစက်ရုံအလုပ်သမား ၂၉၃ ဦး ဥပဒေမဲ့အလုပ်ထုတ်ခံ ရသည့်ကိစ္စ BLSO အဖွဲ့၏ ထုတ်ပြန်ချက်၊ ကြယ်ပြာတံခွန်နိမိတ်နှင့် အခြား

Statements 25-2-09

- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွင်း ပုန်ကန်မှုဖြစ် click
- ဘင်္ဂလားဒေ့ရှ်နိုင်ငံက တပ်တွင်းပုန်ကန်မှု click
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ ဆုံးဖြတ် click
- မြန်မာနိုင်ငံမှာ ငွေမရှိရင် ဆေးမကုနိုင် ဖြစ်နေပြီလား (ဆွေးနွေးခန်း) click
- အသုဘယာဉ်တွေ မြို့ကျက်သရေ ယုတ်စေတယ်လို့ အာဏာပိုင်တွေယူဆ click
- ရန်ကုန်မြို့တွင်း နိဗ္ဗာန်ယာဉ်များ မထားရ click
- UDP ဦးကျော်မြင့်က ဧရာဝတီကို တရားစွဲမည် click
- ကျောင်းအိမ်သာထဲ ကျောင်းသားတယောက် ပိတ်မိပြီး သေဆုံး click
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ click
- နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကုလအတွင်းရေမှူးချုပ် တောင်းဆို (ဗွီဒီယိုသတင်း) click
- ဥရောပသမဂ္ဂတိုက်တွန်းချက်ကို တိုင်းရင်းသားမဟာမိတ်အဖွဲ့ ကြိုဆို click
- ကွန်ပျူတာမဟာဘွဲ့ယူမည့်သူများအား ကတိဝန်ခံချက်များ အဆမတန် ထိုးခိုင်းနေ click
- မြန်မာဓာတ်ငွေ့ရှယ်ယာများ တရုတ်နှင့်ဖလှယ်ရေးကိစ္စ ထိုင်းကုမ္ပဏီဖျက်သိမ်း click
- နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ သွားရောက် click
- စင်္ကာပူမှာ မြန်မာများ အလုပ်နှင့် နေရေးခက်ခဲ၊ အချို့လည်း လာနေဆဲ click
- တောမီးမကူးအောင် မြန်မာစစ်အစိုးရ ကြိုးစားသင့်ဟု တရုတ်မီဒီယာ ပြောကြား click
- အာဆီယံစည်းဝေးတွင် မြန်မာ့အရေးများ ဆွေးနွေးမည် click
- နိုင်ငံရေးပြောင်းလဲရန် အီးယူဥက္ကဋ္ဌက မြန်မာကို တိုက်တွန်း click
- ရှမ်းပြည်လုံးဆိုင်ရာ ၄၃ ကြိမ်မြောက် သတိပဋ္ဌာန်ညီလာခံကြီး ကျင်းပ click