7.18.2009

အာဇာနည်နေ့ အမှတ်တရ ကဗျာ

Photobucket

quote

“အာဇာနည်နေ့အဓိဌာန်
”


◊အာဇာနည်ဆိုတာ

ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့

ပုခုံးဒေါက်က ကြယ်ပွင့်များမဟုတ်။

◊ဖေါ်ရှိုးပြထားတဲ့

ရင်ဘတ်က တံဆိပ်များလဲမဟုတ်။

◊ကိုယ့်ကိုယ်ကို အစွံထုတ်တဲ့

ဗိုလ်ချုပ်မှူးကြီး ရာထူးလဲမဟုတ်။

◊ဘယ်သူမှ အတုလုပ်မရတဲ့

အနှိုင်းမဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။

◊အာဇာနည်ဆိုတာ

တုပြိုင်ဘက်ကင်းတဲ့

စွန့်လွှတ် အနစ်နာခံခြင်းရဲ့သရုပ်။

◊ရယူလိုမှုကင်းတဲ့

အဆုံးမဲ့ ပေးဆပ်ခြင်းရဲ့ပြရုပ်။

◊လူသား ဖြစ်တည်မှုရဲ့

ကြီးမြတ်တဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။

◊လူတဦးရဲ့ လုပ်ရပ်ကို

သမိုင်းက အဖြေထုတ်သလို

အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်ကို

လူထုရဲ့ နှလုံးသားက ထုလုပ်တယ်။

◊ အဲဒီဂုဏ်ပုဒ်ကို

ဦးညွတ် အလေးပြုကြ။

အာဇာနည် စိတ်ဓါတ်ကို

လက်ဆင့်ကမ်း သယ်ဆောင်ကြ။

သူတို့ ရည်မှန်းတဲ့

ဒီမိုကရေစီ ပန်းတိုင်ဆီ

တိုက်ပွဲဝင် ချီတက်ကြ။

အမျိုးသားရေး အောင်လံကို

အမြင့်မားဆုံး လွှင့်ထူကြ။

ရွက်စိမ်း

အာဇာနည်နေ့ အမှတ်တရ ဆောင်းပါး

“အာဇာနည်မျိုးသေရိုးမရှိ”
၆၂နှစ်မြောက် အာဇာနည်နေ့


martyr-day


အာဇာနည်မျိုးဆက်များ


အစားထိုးမရသောဆုံးရှုံးမှုကြီး

၁၉၄၇ ၊ ဇူလိုင်လ၁၉ရက်၊ စနေနေ့၊ မနက် ၁၀နာရီကျော်

“စနေမိုးပေမို့ မစဲလေသလား၊ မကြာမီဖြစ်လာတော့မည့် အစားထိုးမရနိုင်သည့် ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုကြီး အတွက် ကြိုတင်၍ပင် ငိုကြွေးနေလေသလားပင်မသိ။

ကောင်းကင်ပြင် တခုလုံး ညိုမှိုင်း၍ မိုးက တအိအိတဖွဲဖွဲ ရွာသွန်းနေလေသည်။ မိုးကြောင့် လမ်းများတွင် လူသွား လူလာ မရှိသလောက်ပင်။ ထိုအချိန်တွင် ဝန်ကြီးများရုံး အဆောက်အအုံရှေ့သို့ အစိမ်းပုပ်ရောင် ဂျစ်ကား တစီး ဆိုက်ရောက်လာပြီး ဘရင်းဂန်းများ ကိုင်ဆောင်ထားကြသော လူတစုသည် ကားပေါ်မှ ခုန်ဆင်း၍ ရုံးအပေါ်ထပ်သို့ လျှင်မြန်စွာ ပြေးတက်သွားကြသည်။ သူတို့ဦးတည်ရာ အရပ်ကား အစည်းအဝေး ခန်းမဆီသို့………

အစည်းဝေး ခန်းမထဲတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေသည်။ လက်တကမ်းသာ လိုတော့သည့် မြန်မာ့လွတ်လပ်ရေး ကိစ္စနှင့် ရှေ့အနာဂတ် အလားအလာ များအတွက် စိတ်အားထက်သန်စွာ ဆွေးနွေးနေမှုက စစ်ဖိနပ်သံများနှင့်အတူ အခန်းဝတွင် ပေါ်ပေါက်လာသည့် လက်နက်စွဲကိုင်သူ လူတစုကြောင့် ရပ်တန့်သွားသည်။ သွေးဆာနေသည့် လူသတ်သမားတို့က သေနတ်များဖြင့် ချိန်လိုက်စဉ်ဗိုလ်ချုပ်အောင်ဆန်းက တခုခုပြောရန် လက်တဖက်ကို မြှောက်၍ တားလိုက်သည်။ သို့သော် ဆူညံသော သေနတ်သံများနှင့်အတူ အခန်းတခုလုံး ယမ်းငွေ့တို့ဖြင့် မှောင်ပိန်း သွား လေတော့သည်။

ယမ်းငွေ့များ ပြယ်စပြုချိန်တွင် အခန်းထဲ၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်ကြီးများ သွေးအိုင် ထဲတွင် အတုန်းအရုံး လဲပြိုကျလျက်ရှိနေပါတော့သည်။ ထိုအဖြစ်ဆိုးကို သိသည့်အလား မိုးက အငြိုးတကြီးဖြင့် တိုး၍ရွာချလိုက်သည်။ ထိုသတင်း ထွက်ပေါ်လာသည်နှင့် တပြည်လုံး ယူကြုံးမရ ငိုကြွေးကြပါတော့သည်။ မြန်မာပြည်၏ အနာဂတ်သည်လည်း မိုးနှင့်အတူ ရေစုန် မျောရပေတော့မည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ သခင်မြ၊ အတွင်းဝန်ဦးအုန်းမောင် အစရှိသော နိုင်ငံရေးခေါင်းဆောင်များနှင့် အခန်းပြင်ရှိ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ပါ ထိုသွေးစွန်းသော စနေနေ့ မနက်၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကြေကွဲဖွယ်ရာ ကျဆုံးခဲ့ရ ပါတော့သည်။”

ဤကား ကျွန်တော်ကြားခဲ့၊ မှတ်ခဲ့၊ ဖတ်ခဲ့ရဘူးသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျဆုံးခဲ့ရမှု ရုပ်ပုံကားချပ်ပင်။ ယခုနှစ်ဆိုလျှင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည်မှာ(၆၂)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ တခေတ်တွင် တယောက်ပင် ပေါ်ထွက်ခဲသော နိုင်ငံခေါင်းဆောင်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားခေါင်းဆောင်၊ တိုင်းရင်းသားလူမျိုးများ၏ ချစ်ခင်လေးစားမှုကိုရသူ၊ အတိုက်အခံများကပင် လေးစားရသူ၊ တပ်မတော်၏ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကိုယ်ကျိုး မဖက် ဆောင်ရွက်ခဲ့ကြသော ထိုခေါင်းဆောင်များကို ဆုံးရှုံးမှုက တိုင်းပြည်အတွက် တန်ဘိုးအနဂ္ဂတွက် ချက်မ ရအောင် နစ်နာခဲ့ပါတော့သည်။

တိုင်းပြည်အတွက်နစ်နာဆုံးရှုံးရခဲ့မှူများ

ယခုမျက်မှောက် ဖြစ်ပေါ်နေသော အခြေအနေများကိုပင် သက်သေပြရပါတော့မည်။ ဗိုလ်ချုပ်ဖောက်ခဲ့သော လမ်းကို ဆက်လျောက်၍ လွတ်လပ်ရေး ပန်းတိုင်ဆီကိုတော့ ရောက်ခဲ့ရပါသည်။ ဆက်ခံသူ နိုင်ငံရေး ခေါင်းဆောင်များ၏ လက်ထက်တွင် နိုင်ငံရေးအယူအဆ ဂိုဏ်းဂဏ ကွဲပြားမှုများ၊ တိုင်းရင်းသား လူမျိုးများ အရေးအရာကိစ္စ မပြေလည်မှုများကြောင့် မြန်မာနိုင်ငံ အတွင်းတွင် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရ ပါတော့သည်။

အသွေးအရောင် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် မြေဇာပင်ကတော့ တိုင်းရင်းသား ပြည်သူလူထု များပင်။ ပြည်တွင်းစစ်ကြောင့် စစ်အင်အားအပေါ်ကို မှီခိုရသည်။ နိုင်ငံရေးအယူအဆ ကွဲပြားမှုကြောင့် စစ်တပ်ကို ကြားခံမဏ္ဍိုင်ပြုရသည်။ နိုင်ငံရေးအရရော စစ်ရေးအရပါ ဩဇာအာဏာ ကြီးမားသော ဗိုလ်ချုပ်မရှိတော့သည့် အခါတွင် ထိုအခြေအနေများကြောင့် ဗိုလ်နေဝင်းဆိုသော အာဏာရူး အတွက် ဘီလူးအစွယ်ပေါက်ရန် ဖြစ်လာတော့သည်။

အလိုလိုက် အကြိုက်ခစားသည့် ဗိုလ်အောင်ကြီးတို့လို လူစားတွေကြောင့် ပို၍ သွေးနားထင်ရောက်လာသည့် ဗိုလ်နေဝင်း၏ စစ်အာဏာသိမ်းခြင်းကို ခံရပါတော့သည်။ ထိုအချိန်မှစပြီး ဆိုရှယ်လစ်အနံ့ပေး၍ သွေးခွဲလိုက်၊ ငြိမ်းချမ်းရေးအသံပေး၍ ဘေးတီးလိုက်နှင့် အမျိုးမျိုးသော ဇာတ်ရုပ်ကိုက၍ မြန်မာပြည်တွင် စစ်မျိုးဆက် အုပ်ချုပ်ရေး အသက်ရှည်ရေးနှင့် စစ်ကျွန်ဇာတ်သွင်းရေးကို စနစ်တကျဖော်ဆောင်ခြင်း ခံခဲ့ရသည်မှာ ယခု ဗိုလ်သန်းရွှေတို့ လက်ထက်တိုင်ပင် ဖြစ်ပါသည်။

နှမြောစရာ အကောင်းဆုံး အချက်မှာ B.I.A ၊ B.D.Aမှစ၍ အစဉ်အလာကြီးမားခဲ့သည်ြ့ပည်သူလူထုကြားမှ ပေါက်ဖွား လာခဲ့သည့် မြန်မာ့ တပ်မတော်ကြီးသည် ယနေ့အချိန်တွင် အာဏာရူး လက်တဆုပ်စာတို့ အတွက် လက်ကိုင်တုတ်အဖြစ် ယုတ်နိမ့်သော ကြေးစားစစ်တပ် ဖြစ်ခဲ့ရခြင်းပင်။ အမျိုးကို အမှန်တကယ်ချစ်သော၊ တိုင်းပြည်ကို တကယ် မြတ်နိုးသော တပ်မတော်သားများ လေးနက်စွာ စဉ်းစားသုံးသပ်သင့်သော အချက်ဖြစ် ပါသည်။

ထိုကာလမှ ယနေ့အထိ ဆုံးရှုံးခဲ့ရသော ပြည်သူလူထုပေါင်း များစွာ၏ အသက်အိုးအိမ် စည်းစိမ်များ၊ အာဏာရူး များ၏ ကိုယ်ကျိုးရှာမှုကြောင့် တိုင်းပြည်ချွတ်ခြုံကျခဲ့ရမှုများကိုပါ ထည့်တွက်လျှင် တန်ဘိုးမည်မျှဟု ဘယ်ကဲ့သို့ တွက်ချက်နိုင်ပါမည်နည်း။ အလွန်အင်မတန် ကြီးမားလှသော ဆုံးရှုံးမှုကြီးဟုသာ ဆိုနိုင်ပါတော့သည်။

အာဇာနည်နေ့တို့မမေ့

ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်၍ နှစ်စဉ်အလေးထား ဂုဏ်ပြုကျင်းပခြင်းသည် တိုင်းပြည်က တတ်နိုင်သမျှ ကျေးဇူးတုန့်ပြန်ခြင်း၊ အသိမှတ်ပြုခြင်းပင် ဖြစ်သည်။ ထိုမျှမက ဂုဏ်ပြုသင့်ပါသည် ဟုဆိုလျှင်လည်း ကျွန်တော် ငြင်းဆန်ရန် အကြောင်းမရှိပါ။

သို့ရာတွင် ၁၉၈၈ခုနှစ်စစ်တပ်မှ အာဏာသိမ်းပြီး ချိန်မှစ၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပ မှုများကို မကောင်းတတ်၍သာ အဖြစ်သဘော လုပ်ဆောင်ကြသည်ကို ထင်ရှား စွာတွေ့ရပါသည်။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အချိန် ဇူလိုင်လ ၁၉ ရက် နံနက်၁၀နာရီ ၃၇မိနစ်တွင် မြန်မာ့အသံနှင့် နိုင်ငံတဝှမ်းလုံးရှိ စက်ရုံများမှ ဆွေးဆွေးမြေ့မြေ့ ဥဩဆွဲသံ ထွက်ပေါ် လာသည့်အခါ စိတ်မခိုင်သူများ မျက်ရည် ပေါက်ပေါက်ကျသည် အထိပင် ဖြစ်ခဲ့ ကြရဘူးပါသည်။

ထိုဥဩသံကိုပင် မဆွဲခိုင်းသည်အထိ ယခု ဗိုလ်ချုပ်ကြီးများဟု အမည်ခံသူများက ကျေးဇူးကန်းဝံ့ကြပါသည်။ တပ်မတော်၏ ဖခင်ကြီးကို ဦးညွတ်အလေးပြုရန် တပ်မတော် ခေါင်းဆောင်များဟု အမည်ခံသူများက ရှောင်လွှဲ ၍ သေးသိမ်စေကြသည်။ သို့သော် ပြည်သူလူထုများ ရင်ထဲ နှလုံးသားများထဲမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစားကြည်ညိုသည့် စိတ်ကိုတော့ ဖြောက်ဖျက်မပစ်နိုင်ပါ။ ထို့ကြောင့် ပင်လျှင် ပြည်သူများက နှစ်စဉ်မပျက်မကွက် အာဇာနည်ကုန်းရှိရာသို့ သွားရောက်ပန်းခွေချခြင်း၊ ဦးညွတ် အလေးပြုခြင်းများ လုပ်ဆောင်နေကြခြင်းပင် ဖြစ်သည်။ ထိုသည်ကိုပင် မလိုတမာစိတ်ဖြင့် တားဆီး ပိတ်ပင်မှု အမျိုးမျိုး ပြုလုပ်နေကြပါသေးသည်။ မည်ကဲ့သို့ ပိတ်ပင် တားဆီးစေကာမူ အာဇာနည်နေ့ကို ကျွန်တော်တို့မမေ့ကြပါ။

အာဇာနည်မျိုးသေရိုးမရှိ

ပြည်သူလူထု အားလုံးသည် ဗိုလ်ချုပ်သာရှိခဲ့လျှင် ငါတို့တိုင်းပြည် အခုလိုမဖြစ်ဘူးဟု ဆိုကာ ယနေ့တိုင် တသ တိရ နေရဆဲပင်။ ယခုလို အဖမဲ့သားရေနည်းငါး ဖြစ်နေကြရချိန်တွင် ပိုလို့ပင် တမ်းတကြပါသည်။ တကယ် တော့ သတိရနေရုံနှင့်မပြီးသေးပါ။

ဗိုလ်ချုပ် ရည်မှန်းခဲ့သည့် ဒီမိုကရေစီပန်းတိုင် ရောက်အောင် ဆက်လက်လျှောက်လှမ်းရန် တာဝန်များ ကျန်နေ ပါသေးသည်။ သို့မှသာ အာဇာနည်ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်သည်။

ဗိုလ်ချုပ်၏ ရုပ်ခန္ဓာကိုယ်သည် ယခု၆၂ နှစ်မျှကြာသည့် အချိန်တွင် ဆွေးမြေ့ ပျောက်ကွယ်လောက်ပါပြီ။ သို့သော် ဗိုလ်ချုပ်၏ပုံရိပ်များ၊ ဗိုလ်ချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ ဗိုလ်ချုပ်ပြုမူကျင့်ကြံ နေထိုင်ခဲ့ပုံများ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများ စသည် တို့သည် ပြည်သူလူထုများ၏ နှလုံးသားများထဲတွင် အမှတ်ရနေဆဲ ဖြစ်ပါသည်။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများသည် ပြည်သူလူထု၏ ရင်ထဲတွင် ဆက်လက် ရှင်သန်နေပါ သေးသည်။ ပြည်သူလူထုများ၏ ဒီမိုကရေစီတပ်ဦး အောင်လံရှေ့မှ ဗိုလ်ချုပ် ဦးဆောင်မှုပေးနေသည် ဆိုသည့် ယုံကြည်စိတ်ဖြင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေး အတွက် တခဲနက် ဆက်လက်တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။

“အာဇာနည်မျိုးသေရိုးမရှိပါ။”

ရွက်စိမ်း


Ar_Zar_Nyi_Day_Lote_Kyan_Mhu_Gyi%5B1%5D[1]

Burma's News World's News

Noordin Top (archive image)
There are "strong indications" a key fugitive militant was behind deadly hotel blasts in Jakarta, Indonesian officials say.

US Secretary of State Hillary Clinton begins a five-day visit to India with a ceremony to mark last year's Mumbai attacks.

Henry Allingham, the world's oldest man and one of the last surviving WWI servicemen, dies at the age of 113.

U.S. Secretary of State Hillary Clinton delivers a speech at the Council on Foreign Relations in Washington, 15 Jul 2009
Sat. 18 Jul 2009 0707 UTC

Clinton Denies Pressuring India on Pakistan Relations

US secretary of state in Mumbai for first Indian visit since becoming top diplomat

Full Story »

Mauritanian woman casts her vote for president at polling station in Olympic Stadium, Nouakchott, 18 Jul 2009

Presidential Election Begins in Mauritania

General Mohamed Ould Abdel Aziz, who overthrew President Sidi Ould Cheikh Abdallahi last August, is a candidate

US President Barack Obama (file photo)

World Leaders Condemn Jakarta Hotel Attacks

US President Barack Obama says Jakarta attacks make it clear that extremists remain committed to murdering innocent men, women and children of all faiths in any countries

Iranian influential cleric and former president Akbar Hashemi Rafsanjani delivers his sermon during Friday prayers at Tehran University in the Iranian capital, 17 Jul 2009

Former Iranian President Criticizes Hard-Liners in Sermon Audio Clip Available

Akbar Hashemi Rafsanjani argues that 'if people are not content with government, it loses its legitimacy'

Walter Cronkite speaks at Arizona State University, 1 Nov. 2005

TV Anchor Walter Cronkite Dies Audio Clip Available

Legendary newsman who retired as CBS news anchor in 1981, died late Friday at the age of 92 after a long illness



QUOTE OF THE DAY
Asean could start by dispatching envoys to Rangoon in order to demand the immediate, unconditional release of Aung San Suu Kyi.
-- US Senator John McCain

Indonesia Suspects Fugitive Terrorist in Bombings

By BEN STOCKING
Investigators worked to identify a pair of suicide bombers who attacked two American luxury hotels in Indonesia's capital, and health officials confirmed at least four of the dead were foreigners.

NEWS ANALYSIS

Clinton’s Burma Agenda

By AUNG ZAW
Will the Obama administration engage with Burma despite the failure of ‘constructive engagement’?

NLD to Mark Martyrs’ Day, Despite Restrictions

By LAWI WENG
Burma’s main opposition party said that it would not allow restrictions to prevent it from holding ceremonies around the country to commemorate the assassination of Aung San.

North Korea Focus of Asian Conference

By DENIS D GRAY
The United States is expected to trumpet its comeback onto the Asian scene after years of neglect as a major security conference tackles the seemingly intractable issues of North Korea's nuclear threat and political repression in Burma.

Rangoon Charity Clinic to Reopen Despite Harassment

By SAW YAN NAING
In the face of official adversity, the FFSS will officially reopen their new clinic for the poor and needy.

Weekly Business Roundup (July 18, 2009)

By WILLIAM BOOT
Foreign developers of Burma’s biggest gas field are being invited by the China National Petroleum Corporation (CNPC) to take shares in the 1,000 kilometer pipeline from the Bay of Bengal to southwest China.

Now or never - the UN must act on Burma

(Analysis) As members of the United Nations Security Council debate UN Secretary-General Ban Ki-moon’s latest visit to Burma, the country’s opposition leader and democracy icon...

Aung San Suu Kyi meets lawyers to discuss final stages of trial

Burma’s democracy icon, Aung San Suu Kyi met her legal team on Friday, to discuss the final arguments of her trial in Rangoon’s notorious Insein prison. The authorities allowed...

Huge heroin haul in Tachileik

Over 761 kilograms of heroin and several tablets of Amphetamine tablets were seized by the Burmese authorities from a Thai-Burma border town of Tachileik in eastern Shan...

Ten children die of dengue in north-western Burma

At least 10 children have died and several are ill after being afflicted by Dengue, a mosquito-borne viral disease, in Kalemyo a town near the Indo-Burma border in Sagaing Division,......

Calls to ASEAN to form a strong human rights body

ASEAN civil society organizations have highlighted Burma as a benchmark for ASEAN human rights issues and called for a strong Human Rights Body to place Burma on the agenda...

Than Shwe’s grandson learns flying

The Burmese military junta supremo Snr Gen Than Shwe’s grandson Pho La Pyea is said to be taking flying lessons, according to eyewitnesses. The pampered grandson, Pho La Pyea (alias)......

အာဇာနည်နေ့ အကြိုတင်ဆက်မှု

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ

လှမြင့် (ရန်ကုန်တက္ကသိုလ်)

ဇူလိုင် ၁၅၊ ၂၀၀၉

လှမြင့် (ရန်ကုန်တက္ကသိုလ်) ရဲ့ "ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ" ပြန်ပြောင်း ရှာဖွေ ဖော်ထုတ်မှုကို ချင်းတွင်း၊ မဂ္ဂဇင်း အမှတ် (၄ဝ)၊ ဇူလိုင်လ၊ ၂ဝဝ၉ ခု ထုတ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အာဇာနည် ခေါင်းဆောင်ကြီးများသည် နယ်ချဲ့တို့၏ သွေးခွဲ သပ်လျှိုမှု၊ အသားထဲမှ လောက်တွယ်မှု ဖြစ်ရပ်ဆိုးတို့ကို အရင်းခံလျက် ရေတိမ် နစ်ခဲ့ကြရသည့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသော ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ သမိုင်းဖြစ်ရပ်ဆိုး အခြေအနေများကို ထိုအချိန်က ထုတ်ဝေခဲ့သော စာနယ်ဇင်းများတွင် သမိုင်းမှတ်တမ်းတင် ရေးသား ဖော်ပြခဲ့ကြ၏။ ထိုသမိုင်းဝင် မှတ်တမ်းသဖွယ် ဖြစ်သော စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများကို လက်လှမ်းမီသမျှ ရှာဖွေဖော်ထုတ် ကောက်နှုတ် တင်ပြလိုပါသည်။

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ပြီးနောက် တပတ် အကြာတွင် ထုတ်ဝေသော ဂျာနယ်ကျော် (အုပ်တွဲသစ် ၉၊ အမှတ် ၆) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် စာစောင်တွင် ဂျာနယ်ကျော် မမလေးသည် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသည့် နေ့ရက်နှင့် သူ၏ ခံစားရမှု အထွေထွေကို နှိုင်းယှဉ်၍ 'လဆန်း ၂ ရက်နေ့' ဆောင်းပါးကို ဝမ်းနည်း ကြေကွဲစွာ ရေးသား မှတ်တမ်းတင်ခဲ့သည်။

'လဆန်း ၂ ရက်နေ့' ဆောင်းပါးတွင်၊ လဆန်း ၂ ရက်နေ့တိုင်း ကျမ တသက်ပန် အဖို့ စိတ်နှလုံး ထိခိုက်သော နေ့ဖြစ်၍ ဤလဆန်း ၂ ရက်နေ့ထက် ဗျာပါမီး တောက်ရသည့်နေ့ကား ကျမ တသက်လုံး မရှိနိုင်။ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဗိုလ်အောင်ကျော်တို့သည် လဆန်း ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ကြသည် ဟူ၍ အစချီလျက် ၁၉၃ဝ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဗိုလ်ချုပ်တို့ ကျဆုံးမှုအတွက် ဝမ်းနည်းမဆုံး ဖြစ်ရမှုကို …

"မြန်မာပြည် လွတ်လပ်ရေး မရမီ သူ့တို့တတွေ ကွယ်လွန်သည်မှာ အသည်းနာဖို့ အလွန်ကောင်းလေသည်။ သူတို့သည် သူ့တို့ မသေခင် ကျမတို့အား လွတ်လပ်သော လူမျိုးတမျိုး မဖြစ်ကြသေးကြောင်းကို လည်းကောင်း၊ မြန်မာပြည်တွင် ကိုယ်တယောက်တည်း အတွက် သုခရှာ၍ မဖြစ်နိုင်ဘဲ လွတ်လပ်ရေး သုခကြီးကို တမျိုးလုံး တညီတညွတ်တည်း ရှာယူကြဖို့ရာ လည်ကောင်း နှိုးဆော်သင်ကြား လမ်းပြ ပေးသွားကြသည်။"

၁၉၄၉ ခုနှစ်၊ သြဂုတ်လ ၉ ရက် ( ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၈ ရက်)နေ့ထုတ် ဂျာနယ်ကျော်အုပ်တွဲသစ် ၉ အမှတ် ၈ တွင် ဆောင်းပါးရှင် ဂျာနယ်ကျော်အဖွဲ့ဝင် ဦးအုန်းမြင့်သည် 'သူ့အကြောင်း ကျနော် မှတ်မိ သိရှိရသမျှ' ဟူသော အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ စတင်ကာ ကျဆုံး အချိန်အထိ ဖြစ်ရပ်များကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။

ဆောင်းပါးရှင် ဦးအုန်းမြင့်သည် သခင် ဘဝကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြောမနာ၊ ဆိုမနာ မိတ်ဆွေရင်း ဖြစ်သည်။ ဗိုလ်ချုပ် ကိုယ်တိုင်ပင် "ကျုပ်အကြောင်းကို သူတို့ နှစ်ယောက် (ဦးအုန်းမြင့်နှင့် သခင်တင်ဦး) သာ ကောင်းကောင်းသိတယ်" ဟု ပြောဆိုခဲ့ဖူးသည်။ ဦးအုန်းမြင့်၏ ဆောင်းပါးတွင်၊ …

"ဗိုလ်ချုပ် ကွယ်လွန်ပြီဟု ပြောသံကြားရသည်နှင့် တပြိုင်နက် ကျနော်၏ အနီးတွင် ကပ်၍ ဗုံးကျပြီး ပြင်းထန်စွာ မြည်ဟိန်း ပေါက်ကွဲကာ မီးခိုးလုံးတွေ ပိတ်ဖုံး မှောင်မည်း သွားသကဲ့သို့ ထင်မှတ် လိုက်မိတော့သည်။ လျှပ်တပြက်ခန့် လုံးလုံးသတိလစ်ကာ လေဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြည်းဖြည်းပင် တရေးရေး ထင်မြင် ပေါ်ပေါက်လာသည်မှာကား ယခင် နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့် အတူ နေထိုင် လုပ်ကိုင် စားသောက် သွားလာ ပြောဆိုရပုံများပင် ဖြစ်ပေသည်" စသည်ဖြင့် ရေးသား ဖော်ပြထားသည်။

၁၉၄၇ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့ထုတ် ဂျာနယ်ကျော် အုပ်တွဲသစ် (၉)၊ အမှတ် (၁ဝ) တွင် သခင်ဗအေး (သူရဲ) သည် 'ကျနော် သိသော ဗိုလ်ချုပ်' ဆောင်းပါးကို ရေးသားခဲ့သည်။ သခင်ဗအေးသည် ဗိုလ်ချုပ်နှင့် ကျောင်းသား ဘဝကပင် သိခဲ့သည်။ သခင် ဘဝနှင့် အင်္ဂလိပ်ကို တော်လှန်စဉ် အခါက လည်ကောင်း၊ ဂျပန်ကို တော်လှန်စဉ် အခါက လည်းကောင်း ဗိုလ်ချုပ်ထံ အပါးတော်မြဲ အဖြစ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူ၏ ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ရောင့်ရဲတတ်မှု၊ အာရုံဝင်စား ပြင်းထန်မှုတို့ကို …

"စာအလွန်ဖတ်သူ ဖြစ်သည်။ တခါတရံ နောက်ဖေးသွားစဉ် နောက်ဖေးသွားရင်း စာဖတ်နေရာ နာရီဝက်ကျော်ကြာ သဖြင့် ခေါ်ယူရ၏။ ထမင်းကိုလည်း အမှတ်တရ မရှိ၊ စားချိန်တွင် ခေါ်ယူ ကွေ္ဆးရ၏။ မုန့်ပဲသရေစာကို စားရန် ကောင်းစွာ ဂရုမစိုက်။ ရေကိုလည်း အတွင် ချိုးစေရ၏" ဟူ၍ ဖော်ပြထားသည်။

ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ရှုမဝ ရုပ်စုံမဂ္ဂဇင်း စတင် ပေါ်ထွက်စ အချိန် ဖြစ်သည်။ ရှုမဝ ရုပ်စုံ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၃)၊ ၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ်တွင် ဝမ်းနည်းသည့် သဝဏ်လွှာနှင့် ကဗျာများကို ထည့်သွင်း ဖော်ပြခဲ့သည်။ 'သဝဏ်လွှာ' တွင် ဝမ်းနည်းသည့် အထိမ်းအမှတ် အဖြစ် အတွဲ (၁)၊ အမှတ် (၃)၊ သြဂုတ်လထုတ် မဂ္ဂဇင်းကို မထုတ်ဝေသင့်ကြောင်းကို၊

"တကယ်ဆိုလျှင် ယခုလ ရှုမဝ မဂ္ဂဇင်း ထုတ်ဝေခြင်းငှာ မသင့်ပါပေ။ အကယ်တည့် လွန်ခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့တွင် ရှုမဝ စာမျက်နှာ ၇ မှ ၁ဝဝ အထိ ရိုက်ပြီးသား မဖြစ်ခဲ့မိလျှင် လည်းကောင်း၊ တတိုင်းပြည်လုံး ယူကျုံးမရ တသဝမ်းနည်း အဖြစ်ကြီး ဖြစ်ရသော နိုင်ငံရေး လုပ်ကြံမှုသည် ဇူလိုင် ၁၉ ရက်ထက် စောလျက် လဆန်းစ ၃၊ ၄ ရက် အတွင်း ဖြစ်ပွားခဲ့ပါလျှင် လည်းကောင်း ရှုမဝ အမှတ် (၃) သည် မည်သည့်နည်းနှင့်မျှ ထုတ်လာနိုင်မည် မဟုတ်ချေ" ဟူ၍ ဖော်ပြခဲ့သည်။

ဆက်လက်၍ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားသိရသော အခါ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှု ခံစားရချက်တို့ကိုလည်း၊

"ဤအချိန်မှာ က္ဆွန်ုပ်တို့ နံနက် ထမင်း စားနေဆဲ ဖြစ်ကြသည်။ ဤသတင်းကို ကြားလျှင်ကြားချင်း အလျဉ်းပင် မယုံကြည်ကြ၊ မယုံနိုင်ကြ၊ ယုံလည်း မယုံချင်ကြ၊ မယုံကြဘူး ဟူ၍သာ ဆိုရသည်။ တဝိုင်းလုံး တုန်လှုပ် ချောက်ချား နေကြသည်။ အံ့သြ ဝမ်းနည်း ယူကျုံးမရကြီး ဖြစ်နေကြသည်။ ထမင်းပင် ဆက်မစားနိုင်ကြ။ ဆေးရုံ ပြေးသူပြေး၊ သတင်းစာတိုက် သွားသူသွား၊ တတိုက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

ညနေ သတင်းစာများ ထွက်လာသော အခါ၌ကား ကျွန်ုပ်တို့ လက်ခံနိုင်၍လည်း မရ။ မယုံနိုင်၍လည်း မဖြစ်။ ဝမ်းနည်း ဝမ်းနည်း ယူကျုံးမရ ကြီးစွာဖြင့်သာ လက်ခံ ယုံကြည် လိုက်ကြရတော့သည်။ ဗမာတိုင်းလိုလိုပင် ဤနည်းနှင်နှင် ဖြစ်ပျက်ကြမည်ကား မလွဲ။"

၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ် ဒဂုန်မဂ္ဂဇင်း အုပ်တွဲ (၂၁)၊ အမှတ် (၈) တွင် ဒဂုန်ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူး ဆပ်မည်နည်း'၊ မောင်မောင်ကြွက်၏ 'ကလောင်စက်'၊ ရန်ကုန်ခင်ဆွေ၏ 'ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများနှင့်'၊ 'ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများအတွက် ကုသိုလ်ဆွမ်းသွတ် လွမ်းဆွတ် ကြေကွဲခြင်း လေးချိုးလတ် ငိုချင်း' စသည်တို့ဖြင့် အမှတ်တရ ထုတ်ဝေခဲ့သည်။

ဒဂုန် ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူးဆပ်မည်နည်း' ဆောင်းပါးတွင်

"မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဟူသော ဂဏန်းကွက်သည် မြန်မာ တိုင်းရင်းသားတို့ အတွက် စိတ်လက်ညစ်နွမ်း ဝမ်းနည်းမဆုံး ကြိမ်မီးအုံးသကဲ့သို့ ယူကျုံးမရ ဖြစ်စေသော အမင်္ဂလာနေ့ကြီး ဖြစ်ပေသည်။

လူတို့ မည်သည်မှာ မိမိတို့ အားကိုးပြုရာ မေရုမြင်းမိုရ်တောင်ကြီး ပြိုကွဲ ယိုင်လဲရှာခြင်း အတွက် ပွက်ပွက်ဆူမျှ ပူလောင်ကြမြဲ ဖြစ်သော်လည်း ဤသို့ ပူဆွေးလောင်ကျွမ်း ဝမ်းနည်းမပြေ ဖြစ်နေရုံမျှဖြင့် ကွယ်လွန်ရှာသူတို့အား လွမ်းရာကျမည် မဟုတ်။ သူတို့၏ လုပ်ငန်းများကို ဆက်လက် အမွေခံကာ လုပ်ကိုင် ကျင့်ကြံခြင်းသည်သာလျှင် စစ်စစ် လွမ်းရာရောက်မည် ဖြစ်လေသည်။

သို့ဖြစ်၍ ဗိုလ်ချုပ် အမှူးရှိသော ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းမဆုံး စိတ်နှလုံး ပူဆွေး နေကြရရုံမျှနှင့် အချိန်မကုန်စေကြကုန်ဘဲ ခေါင်းဆောင်ကြီးများအား တကယ်တမ်း လွမ်းဆွတ်ရာ ရောက်ကြလေအောင် လမ်းပြခဲ့သည့် ခရီးစဉ်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ကြခြင်းဖြင့် ကွယ်လွန်သူ ခေါင်းဆောင်ကြီးများ၏ ကြီးမားလှသော ကျေးဇူးတရားများကို အသီးသီး ပေးဆပ်တော်မူ နိုင်ကြပါစေသတည်း" ဟူ၍ သတိပေး နှိုးဆော် ရေးသားခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် သတင်းစုံဂျာနယ် အုပ်တွဲ (၂)၊ အမှတ် (၂၃) ၏ ခေါင်းကြီးပိုင်းတွင် 'မိခင်မျက်မှောက်၊ မြန်ပြည်အောက်မှ၊ ကွယ်ပျောက်ခဲ့ပြီ၊ အာဇာနည်' ဟူသော ခေါင်းစီးဖြင့် ဗိုလ်ချုပ်တို့၏ ကျဆုံးမှုနှင့် ပြည်သူတို့၏ ခံစားရမှုများကို မှတ်တမ်းတင်ခဲ့သည်။ 'ဂျူဗလီဟောတွင် ဤသို့ပင်' ဆောင်းပါးတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များ ပြင်ဆင်ထားမှုကို

"ဗိုလ်ချုပ် အလောင်းနှင့် ခုတင်ကား ရှေ့ဆုံးတွင် ရှိနေ၏။ စင်မြင့်ပေါ်မှ မြင်ရသည်မှာ လက်ဝဲမှ လက်ယာသို့ ၁) အိုင်စီအက် ဦးအုန်းမောင် (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၂) မိုင်းပွန်စော်ဘွား (အဖြူ၊ အစိမ်း၊ အဝါ၊ အလယ် အဖြူလုံး အမှတ်အသား အလံ လွှမ်းထားသည်)၊ ၃) ဦးဘချို (တောင်လှန်ရေးအလံ လွှမ်းထားသည်)၊ ၄) ဦးဘဝင်း (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၅) သခင်မြ (ဥဒေါင်းရုပ်ပါသည့် ဆိုရှယ်လစ်အလံ)၊ ၆) မန်းဘခိုင် (အဖြူ၊ အပြာရင့်နှင့် အနီပါသောထောင့်၌ ဖားစည်တံဆိပ်နှင့် အလံ)၊ ၇) ဆရာကြီး ဦးရာဇတ် (ခေါင်းအလွတ် စတိသာ ပြင်ထားသည်)၊ ၈) ကိုထွေး (အလောင်းနှင့် ခေါင်းမရှိ ခုတင်သာ ရှိသည်) အားလုံးသော ခေါင်းများပေါ်တွင် ပန်းခွေနှင့် အမည် စာကဒ်ကလေးများရှိလျက် ပန်းရောင် ခေါင်းအုံး တလုံးစီနှင့် သစ္စာပန်းများ တင်ထားသည်" ဟူ၍ မှတ်တမ်းတင်ခဲ့သည်။

အယ်ဒီတာ အာဘော် အခန်းတွင် ခေါင်းဆောင်ကြီးများ မကျဆုံးမီ တရက်အလို ဇူလိုင်လ ၁၈ ရက် သောကြာနေ့တွင် မြန်မာ့အလင်း၊ စီးပွားရေး၊ ဟံသာဝတီရှေ့ဆောင် သတင်းစာတိုက်များမှ အယ်ဒီတာတို့ကို ဒီဒုတ် ဦးဘချို ပြောကြားခဲ့သည့်

"ပထမ ဘရင်းဂန်း ၂ဝဝ၊ ဒုတိယ စတင်းဂန်း ၁,ဝဝဝ၊ ပျောက်ဆုံးတဲ့ လက်နက်တွေဟာ တကယ်တော့ ဖဆပလကို တိုက်ဖျက်ပြီး ကျုပ်တို့တတွေကို သတ်ဖို့ပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် ရိုးရိုးသားသား လုပ်နေတဲ့ ကျုပ်တို့တတွေဟာ အကာအကွယ်တော့ ယူဖို့ မလိုပါဘူး။ သတ်ရင်လည်း သေရုံပေါ့။ ခင်ဗျားတို့ကသာ တိုင်းပြည်ကြီး မမှောက်မှားရအောင် ထိန်းထိန်းအုပ်အုပ် ရေးကြပါ" ဟူသော နောက်ဆုံး စကားဖြင့် လွမ်းဆွတ်ဖွယ် ရေးသားထားသည်။

၁၉၄၇ ခုနှစ်၊ သတင်းစုံဂျာနယ် အတွဲ (၂)၊ အမှတ် (၂၆)၊ အထူးထုတ် သတင်းစုံ အချပ်ပိုတွင် ဗိုလ်ချုပ်အောင်ဆန်းအား တိုင်းရင်းသား တောင်တန်းသားများ၏ ချစ်ခင်မှု၊ လေးစားမှု၊ အားကိုးမှု၊ စေတနာထားမှုများကို 'လွမ်းစချင့်ဖွယ်၊ တောင်တန်းနယ်က၊ ဘယ်ဝယ်ရော်ရမ်း၊ ဦးအောင်ဆန်း၊ မျှော်မှန်းချင့်တွေး၊ သွေးနှင့်ရေးသည့် သူတို့ပေးစာ၊ သဝဏ်လွှာကား' ဟူသော ခေါင်းစဉ်ရှည်နှင့် ဝင်းလဲ့ကြည် နတ်မောက်မြို့၏

"တောင်တန်းနယ်သူ၊ နယ်သားများသည် ကျွန်သက်ရှည်ရေး အဖြစ်မှ ကယ်တင်ခဲ့သော ဗိုလ်ချုပ်အား ၎င်း၏ လုပ်ငန်းစဉ်ကို လိုက်ရုံမျှမက ပုဂ္ဂိုလ်စွဲ အားဖြင့်လည်း ခင်မင် နေကြလေ၏။ ယခု ရက်တာရှည်စွာ မနေနိုင်သေးသော်လည်း ဗိုလ်ချုပ်က လွတ်လပ်ရေး ရပြီးနောက် တောင်တန်းနယ်တွင် စိတ်အေးလက်အေး လာ၍ နေပါမည် အကြောင်းနှင့် ပြုံးပြုံးရယ်ရယ် ပြန်ပြောသည့် အခါ ဗိုလ်ချုပ် ပြောသည့် စကားများကို တောင်တန်း နယ်သားများသည် ယခုတိုင် ကြားယောင်လျက် ရှိကြောင်း" စသည်ဖြင့် မှတ်တမ်းတင် ရေးသားခဲ့သည်။

ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ထုတ်ဝေခဲ့သော စာနယ်ဇင်းများမှာ အရေအတွက်အားဖြင့် အမြောက်အမြား ရှိနေသည်။ စာ-နယ်-ဇင်း အားလုံးတွင် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းကို ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ခေါင်းကြီးတို့ဖြင့် ကြေကွဲ ဝမ်းနည်းစွာ မှတ်တမ်းတင် ဖော်ပြခဲ့ကြသည်။ စာ-နယ်-ဇင်းတိုင်း ခေတ်သမိုင်း ဟူသော ဆိုရိုးနှင့် အညီ နယ်ချဲ့တို့၏ ပယောဂ သွေးထိုး သပ်လျှို လှုံ့ဆော်မှုကို နားယောင်၊ နာခံ ဆောင်ရွက်မှုကြောင့် မြန်မာ့ အာဇာနည်များနှင့် မြန်မာနိုင်ငံ၏ ရေတိမ်နစ်ခဲ့ရသော သမိုင်း သင်ခန်းစာ ပေးနေသည့် ဖြစ်ရပ်ကို အသိနှင့် သတိ ယှဉ်နိုင်စေရန် ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က စာ-နယ်-ဇင်း မှတ်တမ်းတင်ခဲ့မှုများမှ လက်လှမ်းမီသမျှ၊ ကြိုးစားရှာဖွေ တင်ပြခြင်း ဖြစ်ပါသည်။

ပုံစာ - ၁၉၄၇ ခု၊ ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားကို ဂျူဘလီဟော၌ ပြင်ဆင်ထားပုံနှင့် ယနေ့ အာဇာနည်ဗိမာန် (ပေါ်)၊ ၁၉၄၈ မေ ၈ အရုဏ်တက်ချိန်၊ အင်းစိန်ထောင်၌ ယုတ်မာ ညစ်ထေးသည့် အမျိုးသား သစ္စာဖောက် ဂဠုန်စောအား ကြိုးပေးရန် ပြင်နေစဉ်နှင့် မိုက်ရူးရဲ နောက်လိုက်များ (အောက်)။

စာကြွင်း - အီး စာမူအဖြစ် မြန်မာအိုင်အက်စ်ပီက ယူပါတယ်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း


ပြည်ပမီဒီယာတစ်ချို့ကြောင့် ပြည်တွင်း မီဒီယာသမားများထိခိုက်မှုရှိကြောင်း

စာရေးဆရာကျော်ဝင်း ပြောဆို

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇူလိုင် ၁၇၊ ၂၀၀၉

ပြည်ပ မီဒီယာတွေရဲ့ တစ်ချို့သောလုပ်ရပ်များကြောင့် မြန်မာနိုင်ငံအတွင်းရှိ မီဒီယာသမားများ ထိခိုက်မှုရှိကြောင်း The Wave မဂ္ဂဇင်းအယ်ဒီတာ စာရေးဆရာကျော်ဝင်းက လူငယ်ဂျာနယ်လစ်များနှင့် သတင်းစာပညာဆွေးနွေးပွဲတစ်ခု၌ ပြောကြားခဲ့သည်။

“အပြင်မီဒီယာတွေက “ဖွ” တဲ့အခါကျတော့ အထဲမှာ အလုပ်လုပ်ရတဲ့သူတွေက ပိုကျပ်သွားတယ်။ သူတို့ဖွမှ ပိုဆိုးကုန်တာ။ အုတ်အော်သောင်းတင်းဖြစ်ပြီး တစ်ဖက်က “မတတ်သေးတဲ့သူတွေ”ကို တတ်အောင် သင်ပေးလိုက်သလိုဖြစ်သွားတယ်” ဟု စာရေးဆရာကျော်ဝင်းက ဇူလိုင် ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာပညာ ဆွေးနွေးပွဲတစ်ခုတွင် ပြောပါသည်။

အျပည့္အစုံသိုႛ ...

တက္ကစီ အငှားယာဉ်ဈေးကွက် စီးသူဈေးကွက် ဖြစ်လာ

တက္ကစီငှားရမ်းမှု ဈေးကွက်တွင် စီးနင်းသူများက ဈေးနှုန်း သတ်မှတ်၍ ယင်းတို့ သတ်မှတ်သည့် ဈေးနှုန်းအပေါ် အငှားယာဉ်မောင်းများက လိုက်ရသော ဈေးကွက်ပုံစံသို့ ပြောင်းလဲလာကြောင်း သိရှိရ ......

၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရန် ပါတီဖွဲ့မည်

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးအတွက် ပါတီတရပ် ထူထောင်နိုင်ရန် ဖြစ်မြောက်ရေး ကော်မတီ၊ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ကို ရန်ကုန်အခြေပြု...


မြန်မာအမျိုးသမီးအသင်း အာရှဖလား ခြေစစ်ပွဲအောင်

တိုက်စစ်မှူး မိုင်နီလာထွေး တဦးတည်းက ၃ ဂိုးသွင်းပေးပြီး တရုတ် (တိုင်ပေ) အသင်းကို ၅ ဂိုး ၂...

ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုစာအုပ် ထုတ်ဝေခွင့် ကြန့်ကြာနေ

'စာရေးဆရာ ကိုအောင်ဆန်း' အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကို ထုတ်ဝေနိုင်ရန် သက်ဆိုင်ရာ စိစစ်ရေးဌာနများသို့ လွန်ခဲ့သည့် ၅ လခန့်ကတည်းက...
ဖူးကက်တွင် လုံခြုံရေးတင်းကျပ်၍ မြန်မာပြည်သားများ အခက်တွေ့

ဖူးကက်တွင် လုံခြုံရေးတင်းကျပ်၍ မြန်မာပြည်သားများ အခက်တွေ့

ထိုင်းနိုင်ငံ၊ ဖူးကက်မြို့တွင် ယခုပြုလုပ်နေသည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ အတွက် လုံခြုံရေး ထူထပ်စွာချထားသဖြင့် ဖူးကက်ရောက် မြန်မာပြည်သားများ အခက်အခဲ တွေ့နေကြသည်။

တရားမဝင် တပတ်ရစ်ကားများစွာ ထိုင်းမှတဆင့် တင်သွင်းနေ

ဂျပန်လုပ် တပတ်ရစ်ကားများကို ထိုင်းနိုင်ငံ မဲဆောက်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် လမ်းကြောင်းမှ နေ့စဉ် တင်သွင်း နေကြောင်း သိရသည်။ ထိုကားများကို

လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ

စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု

ပြည်ပမှ ပြန်လာသူ ၄ ဦးသာ ဝက်တုပ်ကွေး ဖြစ်ဟုဆို

မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးA (H1N1) ရောဂါပိုးတွေ့ရှိသူ ၄ ဦးစလုံးသည် ပြည်ပမှ ပြန်လာသူများ ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရပိုင် သတင်းစာများမှ ထုတ်ပြန်ကြေညာသည်။

နာရေးအသင်း ဆေးခန်း ပြောင်းရွှေ့ရသောကြောင့် အခက်အခဲဖြစ်

နာရေး ကူညီမှုအသင်းက ဖွင့်လှစ်ထားသော သုခ ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းကို ယခင် နေရာတွင် ဖွင့်ခွင့် ပိတ်ပင်လိုက်သည့် အတွက် မြောက် ဒဂုံဘက်၌ သွားရောက်ဖွင့်လှစ်

အာဇာနည်နေ့ ကျင်းပရန် စီစဉ်သူများကို သတိပေးကန့်သတ်မှုများရှိ

မြန်မာနိုင်ငံတွင် ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်နေသူများကို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ဥက္ကဌများက ခေါ်ယူ၍


အဇာတသတ် ဇာတ်လမ်းသစ်

ဘွဲ့ဖြူ / ၁၇ ဇူလိုင် ၂၀၀၉
လောလောဆယ်မှာ နအဖ ဘယ်လမ်းလျှောက်တော့မယ် ဆိုတဲ့ အချက်လက်ဟာ အဖုံးအကာတွေအောက်မှာ ရှိနေတဲ့ အရာတခုမဟုတ်တော့ပါဘူး။ အဲဒီလမ်းဟာ လတ်တလောမှာ မြန်မာပြည်သူတွေအတွက်သာ အန္တရာယ်ရှိတဲ့လမ်း ဖြစ်သေးပေမယ့် နောင်သိပ်မကြာတော့မယ့် ကာလမှာပဲ ဒေသတွင်းနိုင်ငံတွေအတွက် အဲဒီကတဆင့် ....အပြည့်အစုံသို့

အာဇာနည်နေႛအခန်းကဏ္ဏမှေးမှိန်လာပုံကို သမီးဖြစ်သူက ပြောပြ

ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်း မိန်ႛခွန်းများက သက်သေခံ

အာဇာနည်နေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သခင်တင်မြ ပြန်လည်ပြောပြ

7.16.2009

Burma's News World's News

Hotels were targetted in the Mumbai attacks in November 2008.
Pakistan and India pledge to co-operate in fighting terrorism, after a meeting to discuss restarting peace talks.

Two French security advisers snatched in Somalia are now being held by two different Islamist groups, officials say.

Comedy 30 Rock, starring Alec Baldwin and Tina Fey, leads the nominations for this year's Emmy awards with 22.

Pakistani PM Syed Yousuf Raza Gilani leaves his meeting with Indian PM Manmohan Singh in Egyptian Red Sea resort of Sharm el-Sheik, 16 Jl 2009
Thu. 16 Jul 2009 1207 UTC

Pakistani, Indian Leaders Meet at NAM Summit

Talks on sidelines of Non-Aligned Movement summit aimed at easing tensions following last year's terrorist attacks in Mumbai

Full Story »

US Secretary of State Hillary Clinton

India Hopes Clinton Visit Will Demonstrate US Commitment to Strategic Partnership Audio Clip Available

US secretary of state arrives in India Friday for four-day visit during which she will hold talks with senior leaders

China export

China's Second Quarter Economic Growth Rate Accelerates

World's third largest economy expanded by 7.9 percent April through June, compared with a year earlier

Iranian workers search at the site where a Russian-made Iranian passenger plane crashed, 15 Jul 2009

Iran Recovers Black Boxes From Crashed Plane

Black boxes were heavily damaged, but experts are still trying to retrieve flight data from them

Peshawar, North West Frontier in Pakistan

UN Worker Killed at Pakistan Refugee Camp

Officials say employee was working at Kacha Garhi camp near Peshawar when gunmen tried to kidnap him, then shot him in chest


QUOTE OF THE DAY
The fact that we haven't completed this policy review doesn't mean that we're without diplomatic tools or fundamental policy. The fundamental policy remains the same, which is to do whatever we can to try to encourage progress in Burma.
— Scot Marciel, Deputy Assistant Secretary of State for East Asian and Pacific Affairs


NEWS ANALYSIS

Constitutional Crisis over the Border Guard Force

By SAW YAN NAING
Will rejection of the Border Guard Force order under the new constitution force a reappraisal of the constitution?

Asia Stocks Rise as China Growth Buoys Confidence

By JEREMIAH MARQUEZ
Asian stocks jumped Thursday after China's economic growth quickened and US companies posted stronger-than-expected results, boosting faith in a global recovery.

OPINION

Beijing’s Burma Agenda

By AUNG ZAW
For 20 years, China has forged closer ties with Burma, but now those ties are being evaluated and adjusted.

Kachin Reject Border Guard Force Second Time

By WAI MOE
The KIO again rejected the Burmese military’s border guard force plan for its ethnic armed forces.

Army Officers Held Over Publication of Sensitive Material

By SAW YAN NAING
Ten high-ranking Burmese army officers have reportedly been arrested on suspicion of divulging to Western and exiled media news of a secret visit to North Korea.

Will Shwe Mann Become Mr President?

By THE IRRAWADDY
The junta’s No 3 leader has been tapped to be president under the new Constitution following the 2010 national election, sources say.

Rangoon Health Officials Optimistic on Flu Outbreak

By WAI SANN
Health officials claim Burma has the capacity to control a major outbreak of swine flu.

Hla Myo, a member of the Pan Say Peoples Militia in Northern Shan State, on July 15 shot...Burmese port authorities on Wednesday held a meeting related to the explosion on July 14 in the Asia World Port...

Peoples Militia

Hla Myo, a member of the Pan Say Peoples Militia in Northern Shan State, on July 15 shot...

Burma buys electricity from China

In an ironic twist, Burma is said to have bought 300 megawatts of electricity from the Sino-Burma border town of Ruili in China, to meet the energy requirements of its...

Clinton on mission to further ASEAN ties, discuss Burma

United States Secretary of State Hillary Clinton is set to arrive in Thailand early next week for a round of Association of Southeast Asian Nations (ASEAN) meetings, where it is...

Editorial, Opinion and Analysis

Junta under siege on two fronts

Burma's ruling junta – in preparing to switch to a puppet parliamentary democracy manipulated and controlled by the Army, faces two daunting political hurdles...