8.29.2009

အိမ်ဖေါ်အမျိုးသမီး အခွင့်အရေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပ

Photobucket
Photobucket

သြဂုတ် ၂၉
ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် မက်ဖေါင်ဒေးရှင်း (ခေါ်) အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အင်ဂျီအိုအဖွဲ့ က ယမန်နေ့ နေ့လည်ပိုင်းတွင် ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ်၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကျင်းပခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကိုလာပြီး အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ အနက် အိမ်ဖေါ် အလုပ်သမားများ၏ အခြေအနေများကို ထိုင်းအစိုးရအနေဖြင့် ဝိုင်းဝန်းဖြေရှင်း ကူညီပေးရန် မက် ဖေါင်ဒေးရှင်းက တိုက်တွန်း ပြောဆိုသည်။
“လုပ်အားခ အပြည့်အဝမရရှိနိုင်သလို ကာအိနြေ္ဒ အကာအကွယ်မဲ့တဲ့ အပြင် အိမ်ရှင်အသတ်ခံရတာလည်း မကြာခဏဆိုသလို ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်တတ်တွေ သိရပါတယ်၊ ထိုင်းအလုပ်သမားတွေကို ထိုင်းလူမှု ကယ်ဆယ်ရေးအဖွဲ့ တွေဆီက အကူအညီတွေ ရရှိသလိုမျိုး မြန်မာအိမ်တွင်း အလုပ်သမားတွေကိုလည်း ပေးသင့်ပါတယ်၊ ပြီးတော့သူတို့ တွေကိုနားခွင့် နားရက် ပေးသင့်ပါတယ်”ဟု မက်ဖေါင်ဒေးရှင်း ဒါရိုက်တာ မစ္စက် Jackie Pullot ကပြောသည်။
ဘန်ကောက်အခြေစိုက်ကမ္ဘာ့အလုပ်သမားများအဖွဲ့ ILO အာရှ အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး အထူးကိုယ်စားလှယ် Tim De Meyer က“လာမယ့် အိုင်အယ်အို အစည်းအဝေးမှာ တင်ပြသွားမယ်လို့ ဆိုပါတယ်၊ သူတို့် တွေဟာ အချိန်အများကြီး လုပ်ရပြီးတော့ အရမ်းပင်ပန်းပါတယ်၊ နားရက်တွေမှာ သူတို့တွေကို အနားပေးခြင်းဟာ စိတ်ကျမ္မာ ရေးရော ကိုယ်ကျမ္မာရေး အတွက်ပါ အထောက်အပံ့ဖြစ်စေပါတယ်၊ သူတို့ဖြစ်ရပ်တွေဟာ တော်တော် စိတ်မကောင်းစရာ ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာအိမ်ဖေါ် အလုပ်သမားလေးတွေ အကာအကွယ်မဲ့တာနဲ့ ပတ်သက်ပြီးတော့ မက်ဖေါင်ဒေးရှင်းက
အိမ်ဖေါ်အမျိုးသမီး အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဌာနခေါင်းဆောင် မြန်မာရှမ်းအမျိုးသမီး ပင် က “အချိန်ပြည့် အလုပ်လုပ်ရတဲ့ အိမ်အလုပ်သမားတွေရဲ့ အခြေနေတွေကို သိရအောင်လို့ ကျမတို့ မက်ဖေါင်ဒေး ရှင်းက ပြီးခဲ့တဲ့လပိုင်းက ပို့စ်ကဒ်ကန်ပိန်း လုပ်ခဲ့ပါတယ်၊ လက်မှတ်ထိုးထားတဲ့ ပို့စ်ကဒ်ပေါင်း ၆၁၂ဝ ရရှိခဲ့ပါတယ်၊ပိုစတာမှာ အိမ်အလုပ်လုပ်တဲ့ အိမ်ဖေါ်အလုပ်သမ တစ်ယေက် လက်တွေ ခြေတွေမအားလပ်အောင် အလုပ်များတယ်ဆိုတဲ့ ပန်းချီပုံကိုေ၇းဆွဲထားပါတယ်၊ အိမ်ဖေါ်ကိစ္စရပ် တစ်ခုခု ပေါ်ပေါက်လာရင် ကျမကို ဆက်သွယ်ပေးကြပါ၊ ကျမတို့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးပါမယ်” ဟု ပြောသည်။
မက်ဖေါင်ဒေးရှင်း ယာယီ သုတေသနမှူး ပအို့ဝ်အမျိုးသားကိုခွန်အောင်က “ထိုင်းနိုင်ငံကို ရောက်ရှိလာကြတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ မိမိတို့ အခွင့်အရေး ဆိုင်ရာကိစ္စတွေ ပညာရေးနဲ့ ကျမ္မာရေး ဆိုင်ရာ အခွင့်အရေးတွေကို သိရှိအောင် လေ့လာရမယ်၊ ပြီးတော့ အလုပ်သမား အရေးဆောင်ရွက်တဲ့ အဖွဲ့တွေ၊ အင်ဂျီအိုတွေရဲ့ ဖုန်းနံပါတ်တွေကို သိရှိအောင် စုံစမ်းထားသင့်တယ်”ဟု ပြောသည်။
နောက်သုသေတနမှူး တစ်ဦးဖြစ်သူ ကိုစိုးလင်းအောင်က “ကျနောတို့ အဓိက သုသေတနလုပ်တဲ့ မဲဆောက်နဲ့  ချင်းမိုင်မှ အိမ်အလုပ်သမားတွေ ဖြစ်ပါတယ်၊ ထိုင်းနိုင်ငံမှာ စီးပွားရေးတွေ ကျဆင်းလာတာကြောင့် အလုပ်ဖြုတ်ခံရတာတွေ ရှိပါတယ်၊ ဒါပေမယ့် မြန်မာအလုပ်သမားတွေဟာ နေရပ်ရင်းကို မပြန်လိုကြဘူး၊ ဖြစ်သလို နေထိုင်စားသောက်ပြီး အလုပ်အကိုင်ပြန်ရအောင် စောင့်ဆိုင်းနေကြသလို ရရာအလုပ်တွေကို ရသလောက် လုပ်အားခနဲ့ ဝင်လုပ်နေတာတွေ ရှိပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော စစ်အာဏာရှင်များက တိုင်းပြည်၏ စီးပွားရေးကို တိုးတက်အောင် စီမံခန့် ခွဲနိုင်ခြင်းမရှိခြင်းတို့  ကြောင့် ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း မရှိသလောက် ဖြစ်လာခဲ့သည် မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့  မြန်မာများ နေ့စဉ်ဝင်ရောက် အလုပ်လုပ်ကိုင် နေကြဆဲဖြစ်သည်။ အင်ဂျီအိုများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား ၂သန်းနီးပါး ရှိကြောင်းပြောကြပြီး အိမ်ဖေါ် အလုပ် လုပ်ကိုင်နေသူပေါင်း ၂သိန်းထက်မနည်း ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

8.28.2009

အမေရိကန် အထက်လွှတ်တော်မှ အဆင့်မြင့် ဝန်ထမ်းများ NLD ဌာနချုပ်သို့ လာရောက်တွေ့ဆုံ

အမေရိကန် လွှတ်တော်ရုံးအဖွဲ့၏ အဆင့်မြင့် ဝန်ထမ်းများသည် NLD ဗဟိုဌာနချုပ်သို့ ရောက်ရှိလာခဲ့ပြီး NLD မှ ဦးစိုးမြင့်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ ဦးခင်မောင်ဆွေ တို့နှင့် ယနေ့ ညနေ ၄နာရီမှ ၅နာရီ အထိ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရပါသည်။ မည့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ကို အတိအကျ ထုတ်ပြန်ပြော ဆိုခြင်း မရှိသေးပါ။
ပြည်တွင်း သတင်းထောက်တဦး(ရွှေဝါရောင် သတင်းလွှာ)

8.27.2009

နွေဆူးလင်္ကာ၏ စောဝေသို့ တမ်းတခြင်း

ရွာထဲက ထန်းရည်ဝိုင်း

စစ်ပွဲတွေကြားထဲက
နာဂတ်ကမ္ဘာဟာ
စိုးရိမ်စရာအခြေအနေနဲ့
စရာမရှိအောင်ကိုမှောင်တယ်။
နိုင်အရှုံးဆိုတာကို
လိုချင်သလိုရနေသူတွေနဲ့
သေချင်ပဲသေနေရသူတွေ
ရှိနေကြဦးမှာပဲလေ။
သန်းခေါင်ကျော်လာရင်တော့
ရွှေရောင်လွှမ်းတဲ့မနက်ခင်းတစ်ခုကို
ရောက်သွားနိုင်ကြလိမ့်မယ်လို့
ရူးကြောင်မူးကြောင်နဲ့ပြောနေကြလေရဲ့။
မောင်တို့ရွာထန်းရည်ဝိုင်းမှာ
အေးအေးလူလူဆူဆူညံညံနဲ့ပဲ
မိုက်သားကာလသားတစ်စု
မူးနေတာတောင်မိုက်ကောင်းတုန်း။
ဒီလိုညနေမျိုးဆို
မိုနိုသံစဉ်ကျေးလက်သီချင်းတွေ
ကဒေါင်ကဒင်တီးပြတတ်တဲ့
ရေဘင်အတုနဲ့မယ်ဒလင်သမားကဇာတ်လိုက်။
စီကနဲဆိုချက်ကြီးပါတယ်
ထားတဲ့လူမိုက်ဘွဲ့နဲ့
ရှိနေတဲ့အရည်အချင်းကအံကိုက်
ရေးထားတဲ့အကြွေးစာရင်းကိုဂရုမစိုက်။
ဒို့ရွာထန်းတောမှာလူစုံရင်
ရည်မရအဖတ်မရတွေပြောရင်း
ရေးကြီးခွင်ကျယ်ကမ္ဘာနဲ့ကိုချီလို့။ ။
နွေဆူးလင်္ကာ

(ဆရာစောဝေကိုလေးစားလို့ သူ့လိုကြိုးစားရေးကြည့်တာပါ
ဆရာအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။)
(ကဗျာလေးကိုဖတ်ပြီးရင် အစဆုံး စာလုံးလေးတွေချည်း
တစ်ခေါက်ပြန်ဖတ်လိုက်ပါဦး)

Burma's News World's News


Mourners line up to sign condolence books for Edward M. Kennedy at the John F. Kennedy Presidential Library and Museum in Boston, 26 Aug 2009
Thu. 27 Aug 2009 0908 UTC

Public to Pay Final Respects to Senator Edward Kennedy

Senator Kennedy's coffin will lie in Boston in repose at the library named after one of his slain older brothers, President John F. Kennedy

Full Story »

Irish FM Ray Burke meets with Sen. Edward Kennedy, D-Mass. on Capitol Hill on 23 Sept 1997 to discuss the Northern Ireland peace plan

Kennedy Leaves Global Legacy Audio Clip Available Video clip available

World leaders reach out to share fond memories, admiration of late Democratic Senator Ted Kennedy

1963 photo from the John F. Kennedy Pres. Library and Museum shows (from L) US Attorney General Robert F. Kennedy, Mass. Sen. Edward Kennedy, Pres. John F. Kennedy

Kennedy to Be Buried at Arlington Cemetery Video clip available

Senator Edward Kennedy to be laid to rest next to his slain brothers, President John F. Kennedy and Senator Robert Kennedy

President Barack Obama reads a statement about the death of Sen. Edward Kennedy while on vacation on Martha's Vineyard in Chilmark, Massachusetts, 26 Aug 2009

Obama Remembers Kennedy as Mentor, Friend, Political Icon Audio Clip Available

US president leading nation in remembering Ted Kennedy, calling him one of greatest senators of our time

North Koreans gathered for a reunion wave to their South Korean relatives before returning home after the Separated Family Reunion Meeting in North Korea (2007 File)

South Korea Presses North for More Reunions

In talks Thursday between Red Cross delegations from North and South Korea, officials from the South urged North Korean representatives to not make family reunions a one-time event


Israeli Prime Minister Benjamin Netanyahu and German Chancellor Angela Merkel in Berlin, 27 August 2009
Iran could face new sanctions if it does not show willingness to talk about its nuclear programme, the German chancellor says.

The war in Darfur, which has killed up to 300,000 people, is over, says the UN's military commander there.

Engineers launch a radical plan to start removing carbon emissions from the atmosphere using man-made "trees".

No Turning Back

By AUNG ZAW
Burma’s rulers would like to have friendly relations with Washington, but that won’t happen unless they make significant changes.

QUOTE OF THE DAY
99.9 percent of the ruling junta, from a normal soldier to the top generals, are completely corrupt.
—Ka Hsaw Wa, a recipient of Ramon Magsaysay award

Fighting Breaks Out in Kokang Area

By SAW YAN NAING
Following the fall of Kokang stronghold Laogai on Monday night, troops loyal to MNDAA leader Peng Jiasheng have launched a counteroffensive against the Burmese army.

Malaysia Bars Muslims from Black Eyed Peas Concert

By SEAN YOONG
Malaysia's government has barred Muslims from a concert by US hip-hop stars the Black Eyed Peas next month because the event is organized by Irish beer giant Guinness.

Thein Htay: Burma’s Terminator?

By MIN LWIN
Maj-Gen Thein Htay’s job is to upgrade Burma’s military hardware and his rapid promotion means he’s one of the generals to watch.

Expert Doubts Napyidaw’s Nuclear Program

By WAI MOE
A well-known expert on Burma’s military affairs is skeptical about recent reports on nuclear cooperation between the Burmese regime and North Korea.

China Accused of Ignoring Burmese Junta's Graft

By JIM GOMEZ
China and other governments with lucrative business deals in Burma are ignoring massive corruption by its ruling military junta, said a recipient of the prestigious Ramon Magsaysay award.

Critics Challenge Sen Webb’s Views on Burma

By LALIT K JHA
An op-ed opinion article by US Sen James Webb is challenged by pro-sanction policy advocates.

China to promote trade with Thailand and Burma

With China keen on opening one more border trade checkpoint with Burma, a boost in trade is likely by corporates in Northern Thailand and southern China. Thailand’s Department...

Indian- Burmese military officials meet

A six-day meeting between Indian and Burmese military officers began on Wednesday in Kalemyo town, Sagaing division in North-western Burma, to discuss issues relating to border...

Burma's fishery export downward trend continue

(Analysis) Despite Burma’s fishery products being a good revenue earner in the export market, this year it has taken a beating and failed to achieve the targe...

Japanese FM exhorts Burma to release Aung San Suu Kyi

The Japanese Foreign Minister Hirofumi Nakasone reiterated Japan’s expectation from Burma’s ruling junta to release detained opposition leader Aung San Suu Kyi...

Opposition activists launch yellow campaign

With the second anniversary of the ‘Saffron Revolution’ round the corner, 10 opposition activists launched a campaign in Rangoon last Tuesday to pay tribute to monks,...

မြန်မာ့သတင်း ကမ္ဘာ့သတင်း

NyanWin spokesman from NLD_30_jan_08-ap-180

အမေရိကန် အထက်လွှတ်တော်အမတ်တွေရဲ့ ကျွမ်းကျင်ဝန်ထမ်း ဆိုသူတွေဟာ သြဂုတ်လ ၂၈ ရက်၊ သောကြာနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တာဝန်ရှိသူတွေနဲ့ လာရောက်ဆွေးနွေးဖို့ ရှိနေပါတယ်။


ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲ စတင်ဖြစ်ပွား
ခိုင်လင်း/ ၂၇ သြဂုတ် ၂၀၀၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံဖြတ်ကျော် ဂိတ်ပေါက်တခုဖြစ်သော လောက်ကိုင်မြို့အနီး ရန်လုံကျိုက် နယ်စပ်ဂိတ်ရှိ ရဲစခန်းအား ဖုန်ကျားရှင်ကို ထောက်ခံသည့် ကိုးကန့်တပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်တာဝန်ကျရဲ (၁) ဦးထက်မနည်း .......အပြည့်အစုံသို့
အခွန်ငွေကိစ္စ အဂတိလိုက်စားမှု များပြား

အောင်ကျော်မိုး / ၂၇ သြဂုတ် ၂၀၀၉ “ခု စက်တင်ဘာ (၁) ရက်ကစ တိတိကျကျ လုပ်မယ်လို့ အကြောင်းကြားတာနဲ့ အခွန်ငွေ အများကြီးကျမှာစိုးလို့ အခွန်မှူးအိမ် လိုက်သွားပြီး ညှိရတယ်....”အပြည့်အစုံသို့
အယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီမှုရ
မင်းနိုင်သူ / ၂၇ သြဂုတ် ၂၀၀၉ “ကျနော်တို့ အယူခံလွှာမူကြမ်းရိုက်ပြီး ယူသွားတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ကိုပြတော့ တချို့ဟာလေးတွေကို ဖြုတ်တာ။ ထပ်ဖြည့်တာလုပ်တယ်.....”အပြည့်အစုံသို့

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျင်းပမည်

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ယူခဲ့သော ကျောင်းတော်ကြီးတခုမှ ကျောင်းသူ ၆၀၀ က သူမလွတ်မြောက်ရေး တာတို အပြေးပြိုင်ပွဲကို မနက်ဖြန်တွင် ကျင်းပ ......

စစ်အစိုးရက ကိုးကန့်အပေါ် သွေးခွဲနည်းဗျူဟာဟောင်း အသုံးပြုနေ

နယ်ခြားတပ် အသွင်ပြောင်းရေး ငြင်းဆန်နေသည့် ကိုးကန့် အပစ်ရပ်အဖွဲ့အား စစ်အစိုးရက နည်းဗျူဟာဟောင်း တခုဖြစ်သော သွေးခွဲ အုပ်ချုပ်ရေး စနစ်ကို...

ထိုင်း-မြန်မာနယ်စပ် ရေကာတာ ရေလျှံမှုကြောင့် စိုးရိမ်နေကြ

ထိုင်း-မြန်မာနယ်စပ် အနီးတွင် ပြီးခဲ့သည့်တပတ်က ရုတ်တရက်ဖြစ်ပေါ်ခဲ့သော ရေလျှံမှုသည် အာဏာပိုင်များ၏ စွမ်းဆောင်ရည် မဲ့မှုနှင့် အရှက်မဲ့စွာ သတင်းအမှောင် ချထားမှုကို...
ကိုးကန့်ဒေသ သေနတ် ပြန်ပေါက်၊ ဒုက္ခသည်များ တရုတ်ဘက် ခိုလှုံ

ကိုးကန့်ဒေသ သေနတ် ပြန်ပေါက်၊ ဒုက္ခသည်များ တရုတ်ဘက် ခိုလှုံ

တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသအတွင်း လောက်ကိုင်မြို့အနီး မြန်မာစစ်အစိုးရ တပ်များနှင့် ကိုးကန့်ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့ဝင်များအကြား ရင်ဆိုင်တိုက်ပွဲငယ်များ ဖြစ်ပွား

ကျန်းမာရေးက ပိတ်ထားသော စားသုံးဆီများကို စည်ပင်သာယာက ရောင်းခွင့်ပြု

စားသုံးရန် မသင့်ဟု ဆိုကာ ပိတ်ပင်ထားသော စားသုံးဆီ ၁၁ မျိုးထဲမှ ၇ မျိုးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည် ရောင်းချခွင့် ပြုလိုက်သည်ဟု သတင်းရရှိ

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ လာမည့်အပတ် တင်မည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံကို လာမည့်အပတ်တွင် ရန်ကုန် တိုင်းတရားရုံး၌ စတင်ကြားနာမည်ဟု ၎င်း၏ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

ရန်ကုန်ယူနိုက်တက် ခြေစမ်းပွဲများ ဆက်တိုက်ရှုံး

စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပိုင် ရန်ကုန်ယူနိုက်တက် အသင်း နှင့် BEC တယ်ရိုဆက်ဆနာ အသင်းတို့ ယမန်နေ့က ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ခြေစမ်းပွဲကစားရာ ရန်ကုန်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်အပေါ် ချမှတ်ထားသော ဆိုင်းငံ့ပြစ်ဒဏ်များ အပါအ၀င် အားလုံးသော ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စစ်အစိုးရ ခေါင်းဆောင်

အင်္ကျီ ချွတ်ပြီး ယာဉ်မမောင်းရ၊ ရန်ကုန်တွင် အမိန့်ထုတ်

ရန်ကုန်မြို့တွင်းရှိ မော်တော်ယာဉ် မောင်းသမားများနှင့် အနှေးယာဉ် မောင်းသမားများသည် မြို့တော် အင်္ဂါရပ်နှင့် မညီညွတ်သည့် အမြင်မလျော်ဖွယ် ဝတ်စားဆင်ယင်ခြင်းသော်

ကိုးကန့်ခေါင်းဆောင် ၀ နယ်မြေသို့ ၀င်ရောက်ခိုလှုံ

ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ကြောင်းနှင့် ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင်

သပိတ်မှောက်ကံဆောင်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော်

သံဃာ့လှုပ်ရှားမှု နှစ်နှစ်ပြည့် ကာလအတွင်း စစ်အစိုးရကို ဆန့်ကျင်သည့် သပိတ်မှောက် ကံဆောင်ရန် အတွက် နိုင်ငံတကာရောက် ဗုဒ္ဓဘာသာ သံဃာတော်များ အပါအဝင် မြန်မာ

ကိုးကန်ႛတပ်ဖွဲႚကို စစ်အစိုးရ နောက်ခံဖြင့် အသစ်ပြန်ဖွဲ့

သတင်းပေးလုပ်နည်း သင်တန်း ကြံႛခိုင်ဖွံ့္ဘဖိုးရေးအသင်းက ပိုႛချပေးနေ

ဒေၞအောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှု ရန်ကုန်မှာ လုပ်ခဲ့

မြန်မာနိုင်ငံအပေၞ ပိတ်ဆိုႛမှုတရုတ် သြဇာလွှမ်းမိုး

အဝၝရောင် လှုပ်ရှားမှု စ္ဘပီ

ဒေၞအောင်ဆန်းစုကြည်နှင့် ဂျွန်ယက်တော ဆွေးနွေးခြင်း အလျဉ်းမရှိခဲ့

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမရှေ့နေများ တွေ့ဆုံခဲ့

နေအိမ် အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ရှေ့နေများနှင့် ယနေ့ နေ့လည် ၁၂ နာရီ မှ နေ့လည် ၂နာရီ ၃၅အထိ တွေ့ဆုံ ခွင့်ရခဲ့ပါတယ်။ သူမရဲ့ရှေ့နေတဦးအပြင် NLD ရဲ့ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်တဲ့ ဦးဥာဏ်ဝင်းက သူတို့ ရှေ့နေ၄ဦးလုံး တွေ့ဆုံခွင့် ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် သုံးနှစ်ချထားတဲ့ အမှုအတွက် လာမယ့် တနင်္လာနေ့မှာ တရားရုံးချုပ်ကို အယူခံတင်သွင်းမှာ ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ထိုပြစ်ဒဏ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အမိန့်နဲ့ ၁နှစ်ခွဲသို့ ပြောင်းလဲပေးခဲ့ပြီးနောက် အင်းယားကန်စောင်းက သူမရဲ့အိမ်မှာ ပြန်လည်နေထိုင်စေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စီရင်ချက်ချပြီး နောက်တရက်ဖြစ်တဲ့ သြဂုတ်လ ၁၂ ရက်နေ့မှာ သူမရဲ့ ရှေ့နေတွေကို အဲဒီ အင်းယားကန်စောင်းက အိမ်မှာတွေ့ ဆုံစဉ်ကတည်းက သူမအပေါ်ချမှတ်တဲ့ စီရင်ချက်အပေါ် ကျေနပ်မှု မရှိတဲ့ အကြောင်းပြောဆိုခဲ့ပြီး ရှေ့နေများကို အယူခံအတွက် ပြင်ဆင်ရန် အမိန့်ပေး ခဲ့ပါသည်။
အဲဒီ ပြစ်ဒဏ် လျှော့ပေါ့မှု အမိန့်ထဲမှာ သူမဟာ လိုအပ်သလို ကျမ်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ရှိကြောင်းပါခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၃ ခုနှစ် မေလ ၃၀ရက် ထပ်မံ ထိမ်းသိမ်းခံခဲ့ ရစဉ်ကတည်းက ၆နှစ်ကျော် ကျမ်းမာရေးစောင့်ရှောက် ကုသမှု ပြုလုပ်ပေးခဲ့တဲ့ သူမရဲ့ သမားတော် ဒေါက်တာမျိုးဝင်းနှင့် ပြသခွင့်ကို တောင်းဆိုခဲ့သော်လည်း ယခုအချိန် အထိ အကြောင်းပြန်ကြားခြင်း မရှိသေးဟုလည်း ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
ထိုသို့ နှစ်နာရီ ခွဲကျော် တွေ့ဆုံခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ဆီနိတ်တာ မစ္စတာဂျင်ဝက်၏ ဆောင်းပါးပါ မြန်မာနိုင်ငံ အပေါ်စီးပွါးရေး ပိတ်ဆို့ထားမှု အကြောင်း ရေးသားချက်များနှင့် ပါတ်သက်၍ သူမဟာ လွန်ခဲ့သော ၁၅ နှစ် ကတည်းက ဒီကိစ္စတွေကို ဝိုင်းဝန်း ဆွေးနွေး အဖြေရှာဖို့ နအဖ ခေါင်းဆောင်များကို အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့ကြောင်းကိုလည်း ဦးဥာဏ်ဝင်းက ပြောပြသွားပါတယ်။
ပြည်တွင်းသတင်းထောက်တဦး(ရွှေဝါရောင်သတင်းလွှာ)

ဒီနေ. ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေလေးဦး အယူခံကိစ္စ တွေ့ခွင့်ရမည်

ဒီနေ.အယူခံကိစ္စ ဆွေးနွေးတိုင်ပင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နေ့ခင်းပိုင်းလောက်မှာ တွေ့ခွင့်ရမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါ တယ်။

" မနက်ဖြန် အန်ကယ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည်လောက်မှာ အန်ကယ်တို့ ရှေ့နေလေးဦးနဲ့ အယူခံ မှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် တွေ့ခွင့်ရပါမယ်။ မနက်ဖြန်တွေ့ပြီးရင် အယူခံပေါ်မှာ ပါဝင်တဲ့ ဆွေးနွေးချက်တွေ အပေါ်မူတည်ပြီး သောကြာနေ့ ဒါမှမဟုတ် နောက်အပတ်လောက်မှာ အယူခံကို တင်ဖြစ်ပါမယ် " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်ရောက်ရှိချိန်မှ စပြီး ယခုအကြိမ်ဟာ ရှေ့နေများ နဲ့ ဒုတိယမြောက် တွေခွင့်ရခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက်ထဲမှလည်း မရှင်းလင်းတဲ့ အချက်အလက်များပါဝင်နေပြီး ယခင် ဒေါ်အောင်ဆန်း စုကြည်အား နှစ်ရှည်လများ ပုံမှန်ကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့လည်း ဆေးစစ်ဆေးခွင့်မရရှိပဲ တခြားဆရာဝန်နှင့် သာကြည့်ရှုစစ်ဆေးခွင့် ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက် ကတော့။

၁..။ ဒေါ်စုနေအိမ်၌ နေထိုင်ရမည်။

၂..။ခြံဥပစာအတွင်းသွားလာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိသည်။

၃..။ကျန်းမာရေးအတွက် ခွင့်ပြုထားတဲ့ ဆရာဝန် သူနာပြုတွေနဲ့ စစ်ဆေးကုသခွင့်ပြုတယ်။

၎..။ဧည့်သည်နဲ့ တွေ့ခွင့်ရှိတယ်။သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ တွေ့ခွင့်ရှိတယ်။

၅..။မြဝတီ ၊မြန်မာ့အသံ၊ ရုပ်မြင်သံကြား ကြည့်ခွင့်ရှိတယ်။

၆..။ပြည်တွင်းထုတ် သတင်းစာ၊ဂျာနယ် ဖတ်ခွင့်ရှိတယ်။

၇..။မိမိလိုအပ်ချက်ကို စာဖြင့်ရေးသား ပြောဆိုခွင့်ရှိတယ်။

၈..။အဲ့ဒီခွင့်ပြုချက်အပြင် အခြားဆောင်ရွက်လိုတဲ့ ကိစ္စရှိရင် သက်ဆိုင်ရာ ခွင့်ပြုချက်ရှိမှ ဆောင်ရွက်ခွင့် ပြုမယ်လို့ ဖော်ပြပါရှိပါတယ်။
ကိုရွှေနန္ဒ (အီးမေးမှ ဖြန့်ဝေသောသတင်း)

8.26.2009

Burma's News World's News

Israel's PM meets a top US envoy amid efforts to revive Middle East peace talks with a deal limiting Jewish settlement activity.

Officials say a Frenchman seized by Somali rebels has escaped, but reports that a second hostage is also free are denied.


Sen. Edward Kennedy (2006 file photo)
Wed. 26 Aug 2009 0908 UTC

US Senator Edward Kennedy, Heir of Powerful Family, Dies

Democratic senator had been suffering from incurable form of brain cancer for just over a year

Full Story » | Watch Video clip available

In this Jan. 28, 2008 file photo, then-Democratic presidential hopeful Sen. Obama smiles with Sen. Kennedy, during rally at American University in Washington

Tributes Pour in for Late US Senator Edward Kennedy Audio Clip Available

President Obama says US lost a 'great leader' in Senator Kennedy, who died Tuesday night at his Massachusetts home at age of 77

Benjamin Netanyahu, 25 Mar 2009

Israeli PM, US Envoy to Discuss Settlement Dispute

Benjamin Netanyahu says Israel working to reach compromise with US that will allow Israelis to continue building controversial settlements while restarting peace talks

Kim Young-chol, chief delegate and secretary-general of S. Korean Red Cross office (c) and other delegates wave before leaving for Diamond Mountain in N. Korea, 26 Aug 2009

Envoys From the Two Koreas Meet to Discuss Family Reunions

Thousands of families remain separated by political division of Korean peninsula

Indian PM Manmohan Singh speaks at the Central Bureau of Investigation and State Anti-Corruption Bureaux conference in New Delhi, 26 Aug 2009

Indian Prime Minister Calls for Crackdown on Corruption Audio Clip Available

Speaking at national conference of anti-corruption officials, Manmohan Singh says corruption is an impediment to India's growing economy


QUOTE OF THE DAY
The present regulations imposed on Daw Aung San Suu Kyi are worse than the previous rules.
—Nyan Win, Suu Kyi's lawyer

OPINION
Editorial:

Tension in the North


Tension between the Burmese military and the ethnic ceasefire militias has been rising along the Sino-Burmese border in recent months.


Another Huge Drug Bust in Tachilek

By WAI MOE
High-ranking Burmese officials are visiting the Thai-Burmese border town of Tachilek after huge amounts of heroin and methamphetamine pills were seized there.

Junta Tries to Discredit Kokang Leaders Linked to Drugs

By SAW YAN NAING
The government is pressuring the Kokang ceasefire group on the basis of its links to illegal drugs, in a tactic to achieve Kokang compliance with the junta’s border guard plan.

Junta Warns Buddhist Monks Online

By ARKAR MOE
A junta-run Web site warns that the Burmese regime will take ‘severe action’ against Buddhist monks suspected of planning a military boycott.

Australia Says ‘No’ to Cross-border Relief

By ALEX LEWIS
A Burmese delegation left Canberra empty-handed last week, the apparent victims of geopolitics. Meanwhile, the suffering at the Thai-Burmese border goes on.

ADB: Slowdown Mars Poverty Reduction Goals in Asia

By TERESA CEROJANO
Large pockets of extreme poverty and hunger persist in Asia, where the global downturn makes it more difficult to achieve UN goals to reduce the ranks of the poor, the Asian Development Bank said.