9.17.2009

Burma's News World's News

Breaking News

We are sorry to inform you that though SPDC announced they release all together 7114 prisoners this evening but we did not hear any political prisoners release according to the said of NLD spoke man U Nyein Win and our internal reporter. All of the prisoners release were criminals .
Saffron Mail Letter

Pentagon Press Secretary Geoff Morrell (file photo)
Thu. 17 Sep 2009 1209 UTC

US Adjusting Plan for European Missile Defense System

Pentagon spokesman says change will better protect US forces in Europe, allies from Iranian missile threat

Full Story »

French President Nicolas Sarkozy (file)

Iran Lashes Out at France for Remarks on Nuclear Program

Foreign Ministry criticizes French president for saying Iran is working on creating nuclear weapons

Afghan President Hamid Karzai (file photo)

Afghan President Denies Major Fraud in Tainted Election Audio Clip Available

Hamid Karzai says fraud must be investigated 'fairly and without prejudice'

US President Barack Obama (R) meets with Canadian Prime Minister Stephen Harper (L) in the Oval Office of the White House in Washington, D.C., 16 Sep 2009

Obama Urges Patience on Afghan Troop Decision Audio Clip Available

US president speaks after discussing Afghanistan and other issues with Canadian Prime Minister Stephen Harper at White House

Indonesian police officers carry ammunition as they walk from the site of police raid on a suspected terrorist hideout in Solo, Central Java, Indonesia, 17 Sep 2009

Terrorism Mastermind Killed During Police Raid in Indonesia Audio Clip Available

Noordin Mohammad Top, was killed in an early morning raid and shoot-out Thursday in central Java


Iranian test of Shahab-2 missile, November 2006
The US abandons plans to base a missile defence system in Europe, the Czech PM announces, in a major foreign policy shift.

Italy says a bomb attack on one of its military convoys in the Afghan capital, Kabul, has killed at least six soldiers.

The European Space Agency has released the first images from the Planck telescope, looking deep into the ancient Universe.

Resettlement—the Black Market

By ALEX ELLGEE
A network of “brokers” is accused of arranging resettlement for bogus refugees with some UNHCR staff complicit in the corruption process.

Eight Democracy Activists Arrested

By THE IRRAWADDY
Authorities raid homes in the middle of the night and take away eight democracy activists, including one monk, in Myingyan Township.

Human Rights Report Showcases Political Prisoners

By LALIT K JHA
A new Human Rights Watch report dramatically showcases the rise in political prisoners in Burma one day after anti-sanction Sen Jim Webb met with US Secretary of State Hillary Clinton.

French Ship Builder Eyes Asia Naval Defense Market

By ALEX KENNEDY
French warship builder DCNS said it's in talks with Asian navies to sell submarines, ships and other naval equipment as the region looks to boost defense spending to protect burgeoning economic interests.

Seven Bombs Go Off in Rangoon

By THE IRRAWADDY
Seven bombs explode in northern Rangoon, but no one is reported injured.

Burma announces amnesty for 7114 prisoners

“We want justice”: Burmese rebels tell Court

Detained for the past 11 years, Burmese rebels on Thursday told the City Sessions Court in India’s Kolkata city that they were falsely framed and demanded justice. The rebels,......

Junta defends barring Suu Kyi from attending hearing

Burma’s state-run media on Thursday defended a decision barring pro-democracy leader Aung San Suu Kyi from attending the hearing of her appeal scheduled for September 18,...

Editorial, Opinion and Analysis

Business overwhelms democracy when it comes to Burma

(Commentary) The world is politics and politics is money. This is what majority of ignorant Burmese people have had to discover lately. The Burmese people hav...


Court continues hearing of detained Burmese rebels

Burmese rebels, who are currently undergoing trial at a City Sessions Court in India’s Kolkata, on Wednesday, told the Court that they were not criminals, but freedom fighters...

Industrial Zones get only 5 hours worth of electricity

Industrial zones in Rangoon Division currently get electricity only for five hours per day as the Ministry of Energy has further reduced the power supply. After the constant voltage......

Peace March For The World Stember 21,2009

Peace March Media Advisory

သူတို့ရည်ရွယ်ချက်က ဘယ်သူ့ဆီမှ လက်နက်မထားချင်တော့ဘူး

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ဖုန်ကြားရှင်ဦးစီးသည့် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အပစ်ရပ်တပ်ဖွဲ့ကို နအဖစစ်အစိုးရက ပြီးခဲ့သည့် သြဂုတ်(၂၇) ရက်တွင် တိုက်ခိုက်ခဲ့သဖြင့် နအဖတပ်များနှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား (၃) ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့မှု နယ်စပ်အခြေအနေများနှင့် ပတ်သက်၍ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာအကဲခတ်သူ ဦးအောင်ကျော်ဇောနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်း ချက်။


မေး။ ။ နအဖစစ်အစိုးရက ကိုးကန့်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့အပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။

ဖြေ။ ။ တစ်အချက်က ဦးဖုန်ကြားရှင်က နယ်ခြားစောင့်တပ်အသွင်ပြောင်း ဖွဲ့စည်းရေးကိစ္စကို မာမာတင်းတင်း ဆက်ဆံတာတခု။ နောက်တခုက သူက တရုတ်ဖြစ်တာတခု။ သူ့ကိုဘာလို့ရွေးတယ်ဆိုတာပေါ့။ သူတို့အဖွဲ့မှာလည်း အက်ကြောင်းက သူများထက်ပိုတယ်။ မြန်မာအစိုးရက စောစောကတည်းက ပိုင်စုံချိန်ကို ၀ယ်ထားနိုင်တယ်။ အဲလိုအခြေအနေတွေအောက်မှာ နအဖက သူတို့အဖွဲ့ကို ရွေးချယ်လိုက်တာဖြစ်တယ်။ အဓိကအချက်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတာ။ အဲဒီမှာ အချိန်ကာလနဲ့ အဖွဲ့အစည်းနဲ့ နေရာကိုရွေးတဲ့အခါမှာ သူတို့အတွက် အင်မတန်ကိုက်ညီတဲ့ဟာကို ရွေးလိုက်နိုင်တယ်။
တရုတ်-မြန်မာနယ်စပ်မှာရှိနေတဲ့ ဗကပက ခွဲထွက်သွားတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ အနည်းနဲ့အများဟာ မိသားစုစနစ်လို ဖြစ်နေကြတာ များတယ်။ နဂိုကလည်း ပဒေသရာဇ်အစဉ်အလာရှိတဲ့ လူမျိုးစုဒေသ တွေဖြစ်တယ်။ အဲလိုရှိတဲ့ ဓမ္မတာအောက်မှာပဲ ဒီမိုကရက်တစ်ခေါင်းဆောင်မှုက နည်းတယ်။ အဲတော့ အနည်းနဲ့ အများဆိုသလို အဲဒီမှာ အက်ကြောင်းတွေရှိတယ်။ အဲဒီထဲမှာ အက်ကြောင်းအများဆုံးဖြစ်တဲ့ ကိုးကန့်အဖွဲ့ကို ရွေးလိုက်တာပဲ။ အဲတော့ ကိုးကန့်တရုတ်တွေကို တိုက်တာရှင်းတယ်။

ပြီးခဲ့တဲ့လ (၂၇) နဲ့ (၂၈) ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရက်သားနဲ့ ထပ်ပြီးတော့လုပ်တယ်။ ဒါက ဘာကိုပြတာလည်းဆိုရင် သာမန်ကိုးကန့်ကိစ္စတခုတည်း မဟုတ်ဘူး။ သူတို့မှာ ရည်ရွယ်ချက် နှစ်ခု သုံးခုရှိတယ်။ တခုက ဘော်ဒါကိစ္စကို အကြပ်ကိုင် လုပ်ခိုင်းတဲ့သဘောဖြစ်တယ်။ မင်းတို့ နယ်ခြားစောင့်တပ် မလုပ်ဘူးလား။ မလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ ပြလိုက်တာပဲ။ နောက်ပြီး သူတို့က ကမ္ဘာကိုလည်းပြချင်တယ်။ တရုတ်ပြည်နဲ့ပတ်သက်လို့ ငါတို့လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ဟာကို ပြတာ။ နောက်တခုက အမေရိကန်ကို လည်းပြတာ ငါတို့က တရုတ်တပြည့်မဟုတ်ဘူး။ မလွဲသာလို့ ပေါင်းနေတာဆိုတာကို ပြတယ်။ ကိုးကန့်ကို တိုက်တာဟာ အဓိကနိုင်ငံရေးအရ တိုက်တာပဲ။

မေး။ ။ နအဖစစ်အစိုးရဘက်က ကိုးကန့်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ တရုတ်နိုင်ငံဘက်က သတင်းပေးပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင် ပါသလဲ။

ဖြေ။ ။ နအဖဘက်က တရုတ်ပြည်က ပေးတဲ့သတင်းနဲ့ ကိုးကန့်ကိုလုပ်တာပါလို့ ပြောတယ်။
တရုတ်ပြည်ဘက်က လက်နက်ကိစ္စကို နှစ်နိုင်ငံလုံခြုံရေးကိစ္စကို ထည့်တွက်တာရှိတယ်။ ပြောခဲ့တယ်။ ကျနော် တို့ မေးစမ်းတဲ့အခါ တရုတ်ပြည်က မနှစ်ကပြောတာဖြစ်တယ်။ လုံခြုံရေးဝန်ကြီးကလည်းပြောတယ်၊ မန္တလေး ကောင်စစ်ဝန် ကလည်းပြောတယ်။ ဒီနှစ်နိုင်ငံနယ်စပ်ကို ကျနော်တို့ သေချာကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရ အောင်ဆိုတဲ့ အနေအထားပေါ့၊ သတိထားပြီးတော့ လက်နက်အရောင်းအ၀ယ်တွေ ဆက်ရှိနေသေးရင် မကောင်းဘူးဆိုတာပေါ့။ နောက်ဆုံးပြောတာက မန္တလေး ကောင်စစ်ဝန်ကနေပြီးတော့ ဒု-ရဲချုပ်ကို မန္တလေးမှာ ထမင်းစားပွဲမှာတွေ့တော့ပြောတာက နယ်စပ်ဒေသမှာ လက်နက်အရောင်းအ၀ယ်ကိစ္စတွေကိုတော့ နှစ်ဘက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ကောင်းတယ်ပေါ့။ ဒါကိုယူပြီး နအဖက ချလိုက်တာ။ တရုတ်ပြည်ကလည်း သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒအမှားပေါ့နော်၊ အဲဒါကို မြိုးမြိုးမြက်မြက် ခံစားလိုက်ရတယ်။

မေး။ ။ အခု ကိုးကန့်ဒေသအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အခုအခြေအနေကတော့ ဘယ်လိုမှ ပြောလို့မရသေးဘူး။ ခုတော့ အေးချမ်းတယ်၊ ဒါပေမယ့် အနာရှိန် ကျန်ခဲ့တယ်။ ပြောက်ကျားတပ်ဖွဲ့တွေ ကျန်ရစ်ခဲ့တယ်။ အနီးအနားလက်နက်ကိုင် တပ်ဖွဲ့အဖွဲ့ အစည်းတချို့မှာ လည်း ကိုးကန့်ထဲက တပ်ဖွဲ့ဝင်တချို့ကျန်တယ်။

မေး။ ။ တရုတ်ဘက်မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေရော နေရပ်ပြန်ကုန်ကြပြီလား။

ဖြေ။ ။ စစ်ပြေးဒုက္ခသည် စုစုပေါင်း (၃၇,၀၀၀) ကျော်ရှိတယ်။ ဒီထက်မက ရှိနိုင်ပါတယ်။ အခုဟာက စာရင်းလုပ်တဲ့နေရာကပါ။ ဧရိယာက နည်းတဲ့ဧရိယာမဟုတ်ဘူး။ ဒါကို မ၀င်နိုင်အောင် သူတို့ဘယ်လို ထိန်းသိမ်းပြီး တားဆီးလို့ရမလဲ။ အများစုက (၂) သောင်းနီးပါးလောက် အိမ်ကိုပြန်ကြတယ်။ တချို့လည်း မပြန်ကြသေးဘူး။ (၃) သောင်းကျော်ထဲမှာ လူ (၁) သောင်းနီးပါး လောက်ကတော့ ပြန်သွားမှာ မဟုတ်တော့ဘူး လို့ ထင်တယ်။ တရုတ်တွေဖြစ်နေလို့။

မေး။ ။ အခုဖုန်ကြားရှင် ဘယ်မှာရှိနေပါလဲ။

ဖြေ။ ။ တရုတ်-ဗမာနယ်စပ်မှာတော့ မဟုတ်တော့ဘူး။ ဗမာပြည်ထဲမှာပါ။ လုံခြုံတဲ့တနေရာမှာ ရှိနေပါတယ်။

မေး။ ။ UWSA ၀တပ်ဖွဲ့တွေ ထိန်းချုပ်ရာဟိုပန်နဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားဒေသမှာလည်း နအဖဘက်က စစ်အင်အားတွေ တိုးချဲ့ချထားတယ်လို့ သိရပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်ထင်တယ်လေ။ နအဖဘက်ကတော့ ဆက်တိုက်မှာပဲ။ နှစ် (၂၀) အတွင်းမှာ သူတို့စစ်တပ် အင်အား တည်ဆောက်ခဲ့တာဟာ အင်အားနဲ့ဖိဖို့ကြိုးစားတာ။ လက်နက်ကြီးတွေ ဘာတွေ သုံးအုံးမှာပဲ။

မေး။ ။ UWSA ၀တပ်ဖွဲ့တွေနဲ့ ကေအိုင်အိုတို့ အနေအထား ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အများစုက ကျနော်တွေ့တာတော့ ပြင်ထားတာပဲ။ တကယ်တမ်း တိုက်မလား။ သူတို့တိုက်ရမှာက သူတပြန် ကိုယ်တပြန်တိုက်တဲ့ မျိုးချစ်စိတ်နဲ့ အမျိုးသားစိတ်နဲ့ တိုက်ရမှာဖြစ်တယ်။ ဒီလိုတိုက်ဖို့ ဆုံးဖြတ်ချက်ချထားမှ၊ တိုက်မှသာလျှင် တကယ်တမ်း တိုက်နိုင်မယ်။ အဲလိုမှမဟုတ်ရင်တော့ နအဖက လက်နက် အင်အားတွေ သုံးမှာပဲ။ နအဖဘက်က မတိုက်ခင်မှာ ဒီဘက်ကအဖွဲ့တွေက လျှော့မလား၊ မုန်းလားလို အနေအထားက သူတို့တစုံတရာ အလျှော့အတင်း လုပ်ချင်လုပ်မယ်။ ၀နယ်ကြတော့ ခက်နေတယ်။ သူ့တို့ရဲ့အမျိုးသားအလံကြီးကို လွှတ်ပစ်ပြီး ဒူးထောက်မလား။ ၀တို့ ကေအိုင်အေတို့ပေါ့လေ။ ကေအိုင်အေဆို ၁၉၆၀ ခုနှစ် ပတ်ဝန်းကျင်ကစပြီး နှစ်ပေါင်း (၅၀) ကျော်ကိုင်စွဲခဲ့တဲ့ ကေအိုင်အေအလံပေါ့။ ကချင် အမျိုးသားပေါင်း ရာနဲ့ထောင်နဲ့ချီတဲ့သွေးတွေနဲ့ ရင်းထားခဲ့တဲ့ သူတို့အလံကို ဗမာအစိုးရလက်အပ်မလား။ အပ်ရင်အပ်တဲ့ခေါင်းဆောင်ဟာ သမိုင်းတရားခံဖြစ်လိမ့်မယ်။

တကယ်လို့ နအဖက ဖိအားပေးပြီး တိုက်လို့ရှိရင်လည်း သူယာယီပဲ ရနိုင်မယ်။ အမျိုးသားပြဿနာဟာ ဘယ်တော့မှ မငြိမ်းသွားဘူး။ ဒီနေ့ ကေအိုင်အိုမရှိတော့ဘူးဆိုရင် နောက်နေ့မှာ ကေအိုင်အို အသစ်တမျိုး ထွက်လာမှာပဲ။ UWSA က ဘယ်လိုမှတိုက်မနိုင်လို့ အပ်လိုက်ရရင်လည်း နောက်ဝတပ်ဖွဲ့တဖွဲ့ပေါ်လာမှာပဲ။ ဒါမုချဖြစ်တယ်။ ငြင်းလို့မရဘူး။

မေး။ ။ နအဖက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူခဲ့ပြီး အခုလို အပစ်ရပ်အဖွဲ့တွေအပေါ် စစ်ရေး အရ တိုက်နေတာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ နအဖရဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ မူလသဘောတူညီချက်က နောက်တက်လာတဲ့အစိုးရနဲ့ကျမှ ခင်ဗျားတို့ရဲ့ အုပ်ချုပ်မှုကိစ္စ ဆွေးနွေးပါ။ ခုလောလောဆယ် ခင်ဗျားတို့တပ်ကို အသိအမှတ်ပြုထားတယ်။ ခင်ဗျားတို့ရဲ့ ဒေသကို အသိအမှတ်ပြုထားတယ်။ အခုကျတော့ နအဖထုတ်ပြန်လာတဲ့ နယ်ခြားစောင့်တပ်ပေါ်လစီဟာ ဒီနှစ်ခုနဲ့ လုံးဝဆန့်ကျင်တယ်။ အခုလည်း တိုင်းရင်းသား တွေက လက်နက်မအပ်ဘူးပြောတာမဟုတ်ဘူး။ ရွေးကောက်ပွဲပြီးမှ တက်လာတဲ့ အရပ်သားအစိုးရနဲ့ တရားဝင်အစိုးရနဲ့ စကားပြောပြီး ကျနော်တို့ အပ်ပါမယ်လို့ပြောတာဖြစ်တယ်။ ဘာဖြစ်လို့လက်မခံနိုင်တာလဲ။ သူတို့ကတော့ အလိုမကျရင် လုပ်ချင်တာလုပ်မှာပဲ။ သူတို့က ရွေးကောက်ပွဲအတွက် ပြင်ဆင်ရတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလုပ်ဖို့ ရည်ရွယ်တာပေါ့။ သူတို့ရည်ရွယ်ချက်က ဘယ်သူ့ဆီမှ လက်နက်မထားချင်တော့ဘူး၊ တက်လာတဲ့ အစိုးရလက်ထဲမှာပဲ သေနတ်တွေရှိဖို့လိုတယ်။ သူတို့ဘက်ကကြည့်ရင်တော့ အမှန်တရားပေါ့။ သူတို့က အာဏာ ရှင်ကိုး။

နအဖထုတ်ပြန်ထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးဆိုတာဟာ တချက်တည်းနဲ့ အကုန်လုံးကို အပြီးသတ် တာပဲ။ ဒီ အစီအစဉ်အရဆို သေနတ်တွေ လက်နက်တွေအားလုံး သူတို့ကို အပ်ရတာ။ ရိုးရိုးသားသား သေနတ်အပ်ပြီး အိမ်ပြန်သွားရမှာ မဟုတ်ဘူး။ စစ်သားလည်းပေးရမယ်၊ တပ်လည်းပေးရမယ်။ သူတို့အတွက် လက်နက်ကိုင်အင်အား ထပ်တိုးလာရင် စစ်သားစုဆောင်းနေရတဲ့ အခက်အခဲ အင်မတန်ရှင်းသွားမယ်။ နောက်တခုက လက်နက်တွေအားလုံးကလည်း သူတို့လက်ထဲ ရောက်လာမယ်။ ကျန်တဲ့ဒေသတွင်းမှာ ဖွဲ့ထားတဲ့ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ဖျက်ပစ်လိုက်ရမယ်။ ဖျက်ပြီးတော့ ပါတီရုံးတွေထောင်ပြီးတော့ ပါတီပဲလုပ်ရမယ်။ ရွေးကောက်ပွဲမှာ နိုင်မနိုင်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ ဒါကြောင့် နအဖက တချီတည်းနဲ့ အားလုံးကို တွယ်လိုက်တဲ့နည်းကိုသုံးလိုက်တာ။ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ အနေအထားက သူတို့ထင်ထားသလို မလွယ်ဘူး။ အဖွဲ့တွေက လက်မခံကြဘူး။

မေး။ ။ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နအဖတို့အကြား ရှေ့အနာဂတ်မှာ ဘာဖြစ်နိုင်ပါသလဲ။

ဖြေ။ ။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒူးမထောက်ဘဲနဲ့ သူတို့ရသင့်ရထိုက်တဲ့ အကျိုးစီးပွားအတွက် ဆက်လက်ခုခံကာကွယ်ကြမယ်ဆိုရင် ပြည်တွင်းစစ်အကြီးစားတခု ထပ်ဖြစ်လာမှာပဲ။ အခုလည်းဖြစ်နေတာပဲ။ ပိုပြီးအဆင့်မြင့်တဲ့ ပြည်တွင်းစစ်ဖြစ်လာမှာပဲ။ ပြည်တွင်းမှာရှိတဲ့ အမျိုးသားတွေကို ချေမှုန်းနေတာပဲ။ ပြည်တွင်းစစ် အသစ်ဖြစ်လာမှာမဟုတ်ဘူး၊ ဒီထက်ပြင်းထန်တဲ့ ကျယ်ပြန့် ပြည်တွင်းစစ်ကြီးကို မြင်ရမှာဖြစ်တယ်။ ပြည်သူပေါင်းများစွာ သေကျေပျက်စီးကြအုံးမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီမီးက ငြိမ်းမသွားဘူး၊ ဗမာအစိုးရက ၀တွေကို ရချင်ရမယ်။ အေအိုင်အို အမြစ်ပြုတ်အောင် လုပ်ချင်လုပ်လို့ရမယ်။ ဒါပေမယ့် သူတို့ ကချင်အမျိုးသားတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး လွတ်လပ်ခွင့်ရရေးနဲ့ ၀ပြည်သူတွေရဲ့ ၀ပြည်နယ်ရရေး၊ ၀ပြည်နယ် တန်းတူညီတူ နေထိုင်ခွင့်ရရေးတွေအတွက် ဆက်တိုက်မယ့်မျိုးဆက်တွေ ထပ်ခါထပ်ခါ ပေါ်လာအုံးမှာပဲ။ သမိုင်းကြောင်းမှာ မြေကြီးလက်ခတ်မလွဲတဲ့ကိစ္စတွေပဲ။ တရုတ်-မြန်မာနယ်စပ်က လက်ကိုင်အဖွဲ့အစည်း အမျိုးသားခေါင်းဆောင်တွေအားလုံးဟာ သူတို့ဘာမှမရသေးဘဲနဲ့ နအဖအလိုလိုက်ပြီး ဒူးထောက်မယ်ဆိုရင်တော့ သမိုင်းမှာ သူတို့တရားခံတွေ ဖြစ်ကြမှာပဲ။ ဒါကြောင့် တကယ်တမ်းတိုက်ဖို့ ဆုံးဖြတ်ချက်ရှိရင်လည်း ပြတ်ပြတ်သားသားပြင်ပါ။ နိုင်ငံတကာနည်းနဲ့ ၀င်နိုင်ပြောနိုင် ပြောသင့်တာပြော၊ ကိုယ့်ဘာသာ ခံတိုက်တဲ့နည်းကခံတိုက်မှ ဖြစ်မှာ။

မေး။ ။ တရုတ်နိုင်ငံရဲ့သဘောထားကရော မြန်မာစစ်အစိုးရအပေါ် ဘယ်လိုရှိတယ်လို့ ယူဆနိုင်ပါသလဲ။

ဖြေ။ ။ တရုတ်ကတော့ ဗမာကို ပိုက်လိုင်းနှစ်လိုင်းနဲ့ လည်ပင်းကို လည်စင်းပေးထားရသလိုဖြစ်နေတယ်လေ။ သူဘယ်လောက်အတိုင်းအတာအထိ သည်းညည်းခံမလဲ။ ပိုက်လိုင်းကို အပျက်ခံမလား၊ ပိုက်လိုင်းအပျက်ခံပြီးတော့ ဘယ်ဘက်က ရပ်မလဲ။ အစောကြီးကတည်းက ဗမာပြည်သူတွေဘက်က၊ အမှန်တရားဘက်က ရပ်ခဲ့ရင် တနေ့ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ အန်အယ်လ်ဒီအစိုးရသာ ရှိခဲ့ရင်လည်း ဒီပိုက်လိုင်း နှစ်လိုင်းကို ခွင့်ပြုမှာပဲ။

ယနေ့ည ၈နာရီသတင်းတွင် အကျဉ်းသားများလွှတ်ကြောင်းကြေငြာမည်

ယနေ့ည ၈နာရီသတင်းတွင် အကျဉ်းသား ၇၁၁၁၄ယောက် လွတ်ပေးကြောင်းကြေငြာမည်ဟု ပြည်တွင်းပြည်ပ သတင်းများအရ သိရသည်။ ထိုအတူ မြန်မာ့ရုပ်မြင်သံကြား မှာလဲ စာတမ်းထိုးကြေငြာသွားပြီဖြစ်သည်။
အကျဉ်းထောင်ဆိုတာ ပျော်မွေ့ရာ နေရာမဟုတ်လို့ ဘယ်သူတွေပဲလွတ်လွတ် ကြည်နူးကျေနပ်ရတာပါ။ ဒါကြောင့် ရှင်လိင်ပြန်တဲ့နေ့၊ အိမ်ထောင်ကျတဲ့နေ့ ၊ထောင်ကလွတ်တဲ့နေ့ဟာ ပျော်စရာအကောင်းဆုံးဖြစ်တယ် လို့တင်စား ကြတာပါ။
ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသား တချို့လည်း ပါလာနိုင်တာမို့ သက်ဆိုင်သူတွေ ကြိုတင်ရင်ခုန်နိုင်အောင် ကြိုတင် အသိပေးအပ်ပါတယ်။

အသိပေးတောင်းပန်ချက်
ကျွန်တော်တို့ Saffron Mail Letter Group အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုတင် အသိပေးကြေငြာ ခဲ့သော်လည်း မျှော်လင့်ထားခဲ့သလို နိုင်ငံရေး အကျဉ်းသား တဦးတယောက်မှ လွတ်မြောက်လာခဲ့ခြင်း မရှိခဲ့ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနှင့် ကျွန်တော်တို့၏ ပြည်တွင်းသတင်းထောက်၏ ပြောပြချက်များကို ကိုးကား၍ ဝမ်းနည်းစွာတင်ပြအပ်ပါသည်။ ကျွန်တော်တို့ကြားသိရသမျှ လွတ်မြောက်သူ များဟာ ရာဇဝတ်ကြောင်းအရ တရားစွဲဆို အကျဉ်းချခံခဲ့ရတဲ့ ရာဇဝတ် အကျဉ်းသား များသာ ဖြစ်ပါတယ်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Burma Forgotten Prisoners-HRW

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ ၀ါရှင်တန်မြို့တော်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆောင်ရွက်ခဲ့ကြပါတယ်။


မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ အစီရင်ခံစာထုတ်ပြန်
NEJ / ၁၇ စက်တင်ဘာ၂၀၀၉
“မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသား များ” ဟု အမည်ပေးထားသည့် စာမျက်နှာ (၃၅) ....အပြည့်အစုံသို့
အန်ဒီအေ-ကေ တပ်ဖွဲ့က ဒေသခံတို့ကို ဖိနှိပ်မှုများပြုလုပ်

ခိုင်လင်း / ၁၇ စက်တင်ဘာ ၂၀၀၉
“သူတို့က ကျနော်တို့လူထုတွေ တရုတ်ပြည်ထဲသွားရင်ပဲ ဖြစ်ဖြစ်၊ အဲဒီဂိတ်ကိုဖြတ်ရတယ်။ အဲဒီခါမှာ ပြည်သူ့စစ်အဖွဲ့ တွေနဲ့ ဘယ်လိုပတ်သက်သလဲ၊ သူတို့ရဲ့.....”အပြည့်အစုံသို့
ကိုးကန့်ဒေသ စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံ
ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြီးဆုံးခဲ့သော်လည်း ဒေသတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံနေရကြောင်း သိရသည်။မကြာမီက စစ်အစိုးရနှင့် ကိုးကန့်တိုင်းရင်းသား အပစ်ရပ်အဖွဲ့ကြား

နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌ ကျန်းမာရေးဆိုးရွားနေ

မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ၁၄၀ ခန့်သည် ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း လူ့အခွင့်အရေး

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် HRW တောင်းဆို

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံ ယုံကြည်မှု ရရှိလိုပါက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်း

DJ သားစိုး အမေရိကန်မှာ ဆက်မွှေမည်

“ ရောသမ ည” အမည်ရ စင်မြင့်ဖျော်ဖြေပွဲကို အမေရိကန် နိုင်ငံရောက် ရောသမမွှေ အဆိုတော် သားစိုးက ကယ်လီဖိုးနီးယား ပြည်နယ် ဖရီးမောင့်မြို့၌ လာမည့် အောက်တိုဘာလ ၃ ရက်



more


more


more


more

စစ်အစိုးရအပေၞ မူဝၝဒသစ် ချမှတ်ဖို့  ဂျပန်အစိုးရသစ်ကို ရုပ်ရှင်သရုပ်ဆောင် Jane Birkin တိုက်တွန်း

၁၉၇၄ ခုနှစ်အခြေနေမျိုး ပြန်ဖြစ်မယ့်အရေး လူထုဦးစိန်ဝင်းစိုးရိမ်

တရုတ်-မြန်မာ ဆက်ဆံရေး

Chronology of China-Burmese Relations - တရုတ်-မြန်မာ ဆက်ဆံရေး

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်း ၁ - ၄ သင်တန်းဆင်းများ

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်း ၁ - ၄ သင်တန်းဆင်းများ


မြင်းခြံမှ တက်ကြွလှုပ်ရှားသူ ၅ ဦး အဖမ်းခံရ

မန္တလေးတိုင်း မြင်းခြံမြို့မှ လှုပ်ရှားတက်ကြွသူ ၅ ဦးအား မန္တလေးတိုင်း အထူးရဲသတင်း တပ်ဖွဲ့က ယခုလ ၁၅ ရက်နေ့ ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူတဦးက...

သဘာဝဓာတ်ငွေ့ ပြတ်တောက်သဖြင့် ထိုင်းနိုင်ငံ ဘတ်ငွေ ၁ ဘီလျံ နစ်နာ

နည်းပညာဆိုင်ရာ ပြဿနာများကြောင့် မြန်မာနိုင်ငံနှင့် ထိုင်း ပင်လယ်ကွေ့မှ ပေးပို့နေသော သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုများ ပြတ်တောက် သွားသဖြင့် ထိုင်းနိုင်ငံသည်...

ရန်ကုန်မြို့ နေရာအချို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွါး

မနေ့ည သန်းခေါင်ယံ အချိန်ခန့်က ရန်ကုန်မြို့နေရာ ၅နေရာခန့်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့သည်ဟု သိရပါသည်။ လူအသွားအလာ မရှိသော သန်းခေါင်ယံနှင့် သန်းခေါင်ကျော် အချိန်များတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်၍ သေပျောက် ထိခိုက်မှုများ မရှိခဲ့ဟု လည်းသိရပါသည်။
ရဲသတင်းရပ်ကွက်မှ ပြောဆိုချက်အရ သန်းခေါင်မတိုင်ခင် အချိန်က လှိုင်သာယာ မြို့နယ်တွင် ဗုံး၅လုံးနှင့် ရွှေပေါက္ကံ မြို့နယ်တွင် သန်းခေါင်ကျော်နောက်ပိုင်း တလုံး စုစုပေါင်း ၆လုံး ပေါက်ကွဲခဲ့ကြောင်းသိရပါသည်။
လှိုင်သာယာမြို့နယ် စက်မှုဇုံ ၃ အကွက်အမှတ် ၁၉၄၄ A တွင် ည၁၁နာရီ ၅၅ က၄င်း ၊၁၂နာရီ ၅၂ တွင် မင်းမဟာသိဒ္ဓိလမ်းရှိ Fine Men သစ်ဆိုင် အနီးတွင် တလုံး၊ ၁နာရီ ၃၀က ကယ်ဆယ်ရေးပစ္စည်းဂိုထောင် အနီးတွင် တလုံး၊ ၁၂နာရီ ၅၂တွင် စက်မှုဇုံ၃ နဝဒေးရပ်ကွက်ရှိ တိုကျိုပိုက် ခြံစည်းရိုးအနီးတွင် တလုံး၊ အကွက်၁၉၄၄ B ခြံစည်းရိုး အနီးတွင် ည၁၁နာရီ ၁၅မိနစ်က တစ်လုံး ပေါက်ကွဲခဲ့ပြီး ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာအထည်ချုပ်စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် တလုံးပေါက်ကွဲခဲ့ကြောင်း သိရပါသည်။
ထိုရဲသတင်း ရပ်ကွက်ကပင် မနက်ဖြန်သည် စစ်အာဏာသိမ်းခဲ့သည့် ၂၁ နှစ်မြောက်နေ့ဖြစ်သည့် အတွက် ထိုသို့ ဖေါက်ခွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်းနှင့် ထိုင်းနိုင်ငံနယ်စပ် တနေရာတွင် ဖေါက်ခွဲရေးသင်တန်း တက်ခဲ့သူများက လုပ်ဆောင် ခြင်း ဖြစ်ကြောင်း တူညီစွာ ပြောဆိုခဲ့ပါသည်။
အရပ်ဘက် သတင်းရပ်ကွက်များကမူ ထိုလုပ်ဆောင်ချက်သည် လတ်တလော မတရားဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများကို ဖေါက်ခွဲရေးသမား ဆိုင်းဘုတ်ကပ်ရန် ၊ ထိုင်းနိုင်ငံ အစိုးရကို ဖိအားပေး၍ နယ်စပ်ရှိ အတိုက်အခံ အဖွဲ့အစည်းများကို အကျပ်အတည်း ဖြစ်အောင်ဆောင်ရွက်ရန်နှင့် ယခုအချိန်သည် သံဃာ့ အဖွဲ့အစည်းများက သပိတ်မှောက်ကံဆောင်ကြရန် နှိုးဆော်နေချိန် ဖြစ်ရာ မသင်္ကာသူများ အားလုံးကို ဖမ်းဆီးနိုင်ရန် အတွက် အကြောင်းပြချက်ရစေရန် အာဏာပိုင်များက ဖေါက်ခွဲခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

9.16.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

အတ္တပရဟိတ လုပ်ငန်း
အောင်သူငြိမ်း တုန့်ပြန်ချက်ရေးသားတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ဆောင်းပါး

အမှန်တရားဂျာနယ် အတွဲ၁ အမှတ်၇

အမှန်တရားဂျာနယ် အတွဲ၁ အမှတ်၇ ကိုအွန်လိုင်း တွင်ဖတ်ရှုရန်

Burma's News World's News

Israeli Prime Minister Benjamin Netanyahu (R) and U.S. Mideast envoy George Mitchell, shake hands during their meeting at Mr. Netanyahu's office in Jerusalem, 16 Sep 2009
Wed. 16 Sep 2009 0909 UTC

US Envoy Meets Israeli PM Again to Discuss Settlements

George Mitchell said he hopes to bring his current phase of talks with the parties to a 'positive conclusion' in the coming weeks

Full Story »

Yukio Hatoyama, who will be Japan's next prime minister, addresses members of his Democratic Party of Japan at a meeting in Tokyo, 15 Sep 2009

Hatoyama Becomes Japan's New Prime Minister

In a landslide election victory last month, Yukio Hatoyama's Democratic Party of Japan won 308 of the 480 seats in parliament's lower chamber

iraq

Iraqi, US Troops Detain Militants After Baghdad Green Zone Mortar Attack

Militants fired four mortars at the complex Tuesday, hours after US Vice President Joe Biden arrived in Baghdad for meetings with US military and Iraqi officials

US Navy Admiral Michael Mullen

Top US Military Officer Says More Troops Likely Needed in Afghanistan Video clip available

Admiral Michael Mullen did not say how many more soldiers would be needed, but he said he expects request for additional troops in next two weeks

Workers count ballots at the Independent Election Commission in Kabul, Afghanistan, 27 Aug 2009

Afghan Election Recount Begins Before Final, Preliminary Results Released Audio Clip Available

Recount amid fraud allegations leaves open possibility of second round for disputed election


Yukio Hatoyama in Tokyo on 16 September 2009
PM Hatoyama promises economic revival and strong US ties, taking office to end a half century of one-party rule in Japan.

Former US President Jimmy Carter says much of the vitriol against President Barack Obama's health reform plans is "based on racism".

Renault says it will not dispute allegations of F1 race-fixing, as team principal Flavio Briatore quits the team.

ASEAN can take a leaf out of African Union

(Commentary) ASEAN still has much to learn about establishing an effective human rights body from – of all places – Africa. As the Association of Southeast Asian Nations prepares......

Suu Kyi denied permission to attend appeal hearing

Aung San Suu Kyi’s request to the Rangoon Division of the Special Branch of Police to allow her to be present in court, which will hear her appeal...

Burmese rebels clarifies court over prosecution statement

The City Sessions Court in India’s Kolkata city on Tuesday sought clarifications from 34 Burmese rebels, who are currently facing trial on charges of gunrunning. The trial resumed...

NLD ‘Youth Working Groups’ set up in 69 townships

National League for Democracy, Burma’s main opposition party, is consolidating its youth and women party members across the country and has formed ‘Youth Working Groups’...

Editorial, Opinion and Analysis

ASEAN can take a leaf out of African Union

(Commentary) ASEAN still has much to learn about establishing an effective human rights body from – of all places – Africa. As the Association of Southeast ...


Food Shortages Reported in Laogai

By LAWI WENG
Many people in the Kokang area are short of food because of the suspension of aid programs by the UN and NGOs following the fighting between government troops and Kokang militia.

Don’t Dance Until You Hear the Tune

By AUNG ZAW
As everyone awaits Than Shwe’s next move, the shareholders in next year’s election are already maneuvering for position.

Junta Announces Selection of Proxy Candidates

By THE IRRAWADDY
Three hundred candidates are selected to run under the banner of the National Political Party, a government-approved proxy party for the military.

A Child Porter

By LAWI WENG
A 16-year-old Mon boy describes his ordeal as a porter forced to carry ammunition on the frontline for Burmese government troops.

Htoo Company Plans Tea Plantation near Mount Popa

By THE IRRAWADDY
Businessman Tay Za is clearing timber in the reserve forest near Mount Popa for a tea plantation, raising environmental concerns.

Burma Fails to Meet Global Counter-narcotics Measures

By LALIT K JHA
The junta may be subject to more US sanctions following a determination it has “failed demonstrably” to adhere to international counter-narcotics standards.

ရုက္ခစိုးကြီးက ပါတီထောင်ချင်သတဲ့လား

E-mail Print
ကြွက်စုတ်။ ။ အခြေအနေမကောင်းဘူး ဖိုးရှုပ်ရေ။

ဖိုးရှုပ်။ ။ ဘာလဲကွာ ဆိုင်းမဆင့်ဗုံမဆင့် ..။ ရုံးမှာ ကိုဂေါ်ကြီးအလစ် ခဏထွက်လာတဲ့ ဟာကို။

ကြွက်စုတ်။ ။ ကိုဂေါ်ကြီးအလစ် .. မင်းက ဘာလာလုပ်တာလဲ။

ဖိုးရှုပ်။ ။ မင်းအခန်းမှာ ချက်တင်ထိုင်ပြီး ကောင်မလေးနဲ့ ပွားမယ်လေ။

ကြွက်စုတ်။ ။ အောင်မာ ဟေ့ကောင်၊ ငါ့ကွန်ပျူတာက ချက်တင်ထိုင်ပွားဖို့ မဟုတ်ဘူးကွ ..။

ဖိုးရှုပ်။ ။ ချက်တင်ထိုင် ပွားဖို့မဟုတ်ရင် ဘာလုပ်ဖို့လဲ။

ကြွက်စုတ်။ ။ တော်လှန်ရေးလုပ်ဖို့၊ နိုင်ငံရေးလုပ်ဖို့၊ တိုက်ပွဲဝင်ဖို့ကွ ..။

ဖိုးရှုပ်။ ။ ထားပါတော့ကွာ .. ဒါဆိုလည်း မပွားတော့ပါဘူး။ ပြောပါဦး၊ ဘာတွေအခြေအနေ မကောင်းတာလဲ။

ကြွက်စုတ်။ ။ ချင်းမိုင်မှာ ဖမ်းနေတယ်လေ။ နိုင်ငံရေးအဖွဲ့အစည်းတွေကို ဝင်ဖမ်းနေတာ မင်းမကြားဘူးလား။

ဖိုးရှုပ်။ ။ ကြားသားပဲ၊ ဒါကတော့ကွာ .. နားညည်းတယ်ဆိုပြီး တိုင်တဲ့သူက တိုင်တော့ ဖမ်းတဲ့သူကလည်း ဖမ်းမှာပေါ့။

ကြွက်စုတ်။ ။ ငါတို့လည်း တခါတလေ မူးပြီးသောင်းကျန်းတာလေး၊ ဆူမိတာလေး ရှိတယ်လေကွာ။ အဲဒီလို လုပ်မိလို့ တိုင်ရင် ငါတို့လည်း ဖမ်းခံရမှာပေါ့။

ဖိုးရှုပ်။ ။ အဲဒီတော့ မင်းက ဘာလုပ်ချင်လို့လဲ။

ကြွက်စုတ်။ ။ ရန်ကုန်ပြန်ရင် ကောင်းမလားလို့။

ဖိုးရှုပ်။ ။ ဘာ .. ရန်ကုန်ပြန်ပြီး ဘာလုပ်မှာလဲ။

ကြွက်စုတ်။ ။ နိုင်ငံရေး ပါတီလေးဘာလေးထောင်မယ်လေကွာ။ ခု ပါတီတွေ ထောင်နေကြပြီ .. မကြားဘူးလား။

ဖိုးရှုပ်။ ။ အရူးက ထပြန်ပြီကွာ .. ပါတီမထောင်ခင် .. မင်းကိုဖမ်းရင် ဘယ်လိုလုပ်မလဲ။

ကြွက်စုတ်။ ။ မဖမ်းပါဘူးကွ၊ ဟိုရောက်တော့လည်း စကားရောဖောရောနဲ့ ဒီဘက်က လူတွေ အကြောင်း နည်းနည်းပါးပါး သားပုတ်လေလွင့် လျှောက်ပြောမှာပေါ့။ ဒီကလူတွေကို စိတ်ကုန်လို့ပါ ဆိုပြီး ရောမှာပေါ့၊ အရေးကြီးတာ ပါတီထောင်ခွင့်ရဖို့ပဲကွ။

“အင်း ဒီနိုင်ငံရေးရူးနဲ့တော့ ပြောလို့လည်းရမှာမဟုတ်ဘူး” ဟု ဖိုးရှုပ်စိတ်ထဲက တွေးလိုက်သည်။

ဖိုးရှုပ်။ ။ ပါတီထောင်မှာတော့ ဟုတ်ပါပြီ။ မင်းရဲ့ ပါတီမှာ ဘယ်သူတွေပါမှာလဲ။

ကြွက်စုတ်။ ။ လောလောဆယ်တော့ ၃ ယောက်ရှိနေပြီ။

ဖိုးရှုပ်။ ။ ဘယ်သူတွေလဲကွ။

ကြွက်စုတ်။ ။ ငါရယ်၊ မင်းရယ်၊ ဦးရုက္ခစိုးရယ် ..။ တကယ်လို့ စည်းရုံးတာ အဆင်ပြေရင် ရန်ကုန်က ကွမ်းယာရောင်းတဲ့ တာတေ့ကိုပါထည့်မယ်။

ဖိုးရှုပ်။ ။ မင်းဟာကလည်းကွာ၊ ငါနဲ့ ဦးရုက္ခစိုးက ပါမယ်ပြောလို့လား။

ကြွက်စုတ်။ ။ ဒီလိုပဲ လျာထားရတာပေါ့။ ခဏပါကွာ .. ငါအာဏာရရင် မင်းကို ပြန်ကြားရေးဝန်ကြီး ခန့်ပါ့မယ်။

ဖိုးရှုပ်။ ။ (စိတ်ထဲမှ - ဒီအရူးနဲ့တော့ ငါလိုက်မထိမ်းရင် ပေါက်ကရတွေ ဖြစ်ကုန်တော့မယ်) မင်းဘာသာ လုပ်ချင်တာသာ လုပ်တော့ ကြွက်စုတ်ရေ .. ဒါနဲ့ မင်းက ဘယ်တော့ပြန်မှာလဲ။

ကြွက်စုတ်။ ။ အခုပဲလေ .. အခုပြန်မှဖြစ်မှာပေါ့၊ ဘယ်သူမှမသိအောင် ခုလို ရုတ်တရက် ထပြန်လိုက် မယ်။ ကဲလာ သွားမယ်။

ပြောပြောဆိုဆို ပစ္စည်းများကို ကောက်သိမ်းကာ ဖိုးရှုပ်လက်ကို အတင်းဆွဲခေါ်သွားသဖြင့် ဖိုးရှုပ် ကန့်လန့် .. ကန့်လန့်နှင့် မရုန်းနိုင်ဘဲ လိုက်ပါသွားရလေတော့သည်။ စာမျက်နှာအခက်အခဲကြောင့် ထို ၂ ဦး၏ ပြည်တော်ပြန် ခရီးစဉ်ကို အပြည့်အစုံ မဖော်ပြနိုင်ခြင်းအား သည်းခံပါလေ ..။ သူတို့ ၂ ဦး ပြည်တော်ပြန် ခရီးစဉ်မှာ အခက်အခဲမရှိ လွယ်ကူချောမော လှသည်တော့မဟုတ်။ သူတို့ထက် အိုင်ဒီယာဦးကာ ပြန်နှင့်၍ ထောက်လှမ်းရေးကို လက်တို့မည့်သူများ မမြင်အောင် ပုန်းလျှိုး ကွယ်လျှိုး ပြန်ရသောကြောင့် .. သူများ ခြံစည်းရိုး ခွေးတိုးပေါက်များမှ တိုး၍ တသွယ်၊ အိမ်နောက်ဖေး လမ်းကြား၊ ရေအိမ်များကြားမှ ဖြတ်လျှောက်၍ တနည်း လျှို့ဝှက်သည်းဖိုဆန်ဆန် ရန်ကုန်ရောက်လာကြခြင်း ဖြစ်သည်။

ကြွက်စုတ်။ ။ ကဲဖိုးရှုပ်၊ သတင်းစာရှင်းလင်းပွဲ အရင်လုပ်ရအောင်၊ မင်းက သတင်းထောက်ဆိုတော့ ရန်ကုန်က သတင်းသမားတွေကို ခေါ်ကွာ ..။

ပါတီထောင်ဖို့အတွက် တက်ကြွနေသည့် ကြွက်စုတ်ကို ဂရုမစိုက်အားဘဲ ဖိုးရှုပ် တနေရာသို့ စူးစိုက် ကြည့်နေသည်။

ဖိုးရှုပ်။ ။ ဟာ .. ဟေ့ ကြွက်စုတ်၊ ဟိုမှာ .. ဟိုမှာ .. ဦးရုက္ခစိုးကြီး မဟုတ်လား။

ကြွက်စုတ်။ ။ ဟုတ်ပါ့ကွာ .. သူ့နောက်မှာ ကွမ်းယာရောင်းတဲ့ တာတေပါလား။

ကြွက်စုတ်က ဦးရုက္ခစိုးကြီးကို အော်ခေါ်လိုက်ရာ ဦးရုက္ခစိုး သူတို့နားသို့ စွေ့ခနဲ ရောက်လာသည်။

ရုက္ခစိုး။ ။ မင်းတို့လည်း ရန်ကုန်ရောက်နေကြပါလား။ ဘာလာလုပ်ကြတာလဲကွ။

ကြွက်စုတ်။ ။ နေပါဦး .. ဦးရုက္ခစိုးအရင်ပြောပါ။ ဦးရုက္ခစိုးက ဘာလာလုပ်တာလဲ။

ရုက္ခစိုး။ ။ ငါလား .. ပါတီ လာထောင်တာလေကွာ .. ။ ဟောဒီ တာတေ့ကိုတောင် စည်းရုံးရေးမှူး ခန့်လိုက်ပြီ။

ကြွက်စုတ်။ ။ ဟာ .. ကျနော်တို့လည်း ပါတီလာထောင်တာပဲလေ ..။ ဦးရုက္ခစိုးကို ကျနော့်ပါတီထဲ ပါခိုင်းမလို့ .. ပြီးတော့ တာတေ့ကိုပါ စည်းရုံးမလို့ ..။

ရုက္ခစိုး။ ။ မင်း နောက်ကျသွားပြီ ကြွက်စုတ်ရဲ့ .. ငါတို့က နှစ်ယောက်နဲ့ တပါတီ ထောင်လိုက်ပြီ။ ပြောလိုက်လေ တာတေ။

ဦးရုက္ခစိုးက ကွမ်းယာသည် တာတေ့ကို တံတောင်နှင့် တွတ်လိုက်ရာ တာတေက ရင်ဘတ်ကိုကော့၍ လည်ချောင်း ရှင်းလိုက်သည်။

တာတေ။ ။ ဒီလို ရှိတယ်နော အားကို့။ ချွန်ဒေါ်တို့ ပါတီကို ထောက်ခံရင် ကွမ်းယာ တသောင်းဖိုးတိတိ အလကားဝေမယ်၊ နောက်ပြီး ချွန်ဒေါ်တို့က ဒီမိုကလေးစီး ရဖို့ အပြင်းအထန်ကြိုးစားမယ်။ ဒီမိုကလေးစီးနော် .. ချွန်ဒေါ်တို့ ချက်ချင်းမရနိုင်ဘူးနော်၊ ကိစ္စမရှိဘူး အားကို့ ..။ နောက် တဖြည်းဖြည်းရမယ်၊ စိတ်ရှည်ပါ။ ချွန်ဒေါ်တို့ ပါတီသာ အနိုင်ရကြည့် တိုင်းပြည်ချမ်းသာဝပြောဖို့ အပြင်းအထန် လုပ်ပေးမယ်။ ဒီစစ်အစိုးရနဲ့ ဒီမိုကလေးစီး ချက်ချင်းပေးပါ ဘယ်လိုလုပ်ရမလဲ အားကို့ ..။ မလွယ်ဘူးလေ .. အဲဒီတော့ ချွန်ဒေါ်တို့က ရသလောက်လေး ယူထားမယ် .. ပြီးမှ ကိုယ်လိုချင်တာကို တဖြည်းဖြည်း ချဲ့ယူရမယ်။ ဟုတ်တယ်နော် အဘ။

တာတေက ကြွက်စုတ်တို့ဘက်ကြည့်ကာ ပြောရင်း ဦးရုက္ခစိုးဘက်သို့ လှည့်ကာ ထောက်ခံချက် တောင်းလိုက် သေးသည်။

ဖိုးရှုပ်။ ။ ခင်ဗျားတို့က ပါတီတွေ စွတ်ထောင်နေကြ .. ၊ ဦးဝင်းတင်ကတော့ ရွေးကောက်ပွဲ မဝင်ရေးဘဲ နော်၊ အဓိကကျတဲ့ အတိုက်အခံ ပါတီတခုလုံးကို လျစ်လျူရှုကြမလို့လား။

ရုက္ခစိုး။ ။ ဟာ .. ဦးဝင်းတင်ကသာ မဝင်ရေး လုပ်နေတာ၊ သူ့ပါတီထဲမှာတောင် တချို့က ဝင်ဖို့ ပြင်နေကြပြီ မဟုတ်ဘူးလား။ တချို့ဆို ဟိုဘက်က ဆိုင်းသံဗုံသံ ပေးတာနဲ့ ခါးတောင်းကျိုက်ပြီး လိုက်ကြမယ် ဖြစ်နေတာ။ တော်ကြာ ဝင်ရမလို မဝင်ရမလိုနဲ့ ဘာလုပ်ရမှန်းမသိဘဲ ကျန်ခဲ့မှာစိုးလို့ စိတ်ချရအောင် .. အဲ အဲ ခေတ်မီအောင်လည်း ပါတာပေါ့ကွာ .. အဲဒါ ပါတီတခု ထောင်ထားမလို့ .. မင်းတို့ကော ဝင်မလား၊ ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးပေါ့ကွာ။

ကြွက်စုတ်။ ။ ဟာ ကျနော်လည်း တပါတီထောင်မယ်ဗျာ .. ။ ဖိုးရှုပ်ဆိုတဲ့ကောင် မပါလည်း တယောက်တည်း တပါတီပဲ။

ဖိုးရှုပ်။ ။ ငါကတော့ ရွေးကောက်ပွဲ မဝင်ရေးဘဲဟေ့။

တာတေ။ ။ ဟာ ခင်ဗျားတို့ဟာကလည်း လူသုံးယောက်မှာနော် … ၂ ယောက်က တယောက်ကို တပါတီနှုန်းနဲ့ ၂ ပါတီ၊ ကျန်တဲ့ တယောက်က ရွေးကောက်ပွဲ မဝင်ရေး ဘယ်လိုတုန်းဗျ။ တကယ်ဆို ခင်ဗျားတို့ ၃ ယောက်က အစက တဖွဲ့တည်း မဟုတ်လား။

ရုက္ခစိုး။ ။ ဟုတ်တယ်လေ … တဖွဲ့တည်းပဲ … ။ ဒါပေမယ့် ပါတီလည်း များချင်တယ် .. ဒီကြားထဲ ရွေးကောက်ပွဲ လုံးဝမဝင်တဲ့သူလည်း ပါချင်တယ်ဆိုတော့ သုံးယောက်က တခုစီအတွက် ပရောက်စီ (Proxy) လုပ်လိုက်တာ။ မင်းလည်း ပရောက်စီလုပ်လေ တာတေ .. သုံးကိုယ်ခွဲလိုက် ပြီးရင် သုံးယောက်စလုံးနဲ့ ပူးပေါင်းလိုက်။

တာတေ။ ။ ဟာ အဘ၊ ဒါဆို ဒီးလိုလုပ်မယ် .. ချွန်ဒေါ်ရယ်၊ ချွန်ဒေါ့်မွိန်းမွရယ် ချွန်ဒေါ့်ယောက္ဖရယ် .. သုံးယောက်က အဘတို့ တယောက်စီအတွက် ပရောက်စီလုပ်မယ်။ ဒီးလောက်တော့ ကျွမ်းပါတယ် အဘရယ် .. ချွန်ဒေါ့်ကွမ်းယာဆိုင်တောင် ပရောက်စီလုပ်ထားတာ ဆိုင်ခွဲအများကြီးပဲရှိတယ်နော် …။

ဖိုးရှုပ်။ ။ အေးလုပ်ကြ .. လုပ်ကြ၊ ခုတော့ အားလုံးပရောက်စီ၊ တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေလည်း ပရောက်စီတွေလုပ်ပြီး .. ရွေးကောက်ပွဲဝင်ကြ၊ ဗိုလ်ချုပ်တွေလည်း ပရောက်စီလုပ်ပြီး ရွေးကောက်ပွဲ ဝင်ကြ တော့မယ်၊ ခေတ်မီသူတိုင်း ပရောက်စီလုပ်သည်လို့ ပြောရမလိုတောင် ဖြစ်နေပြီ။

ထိုစဉ် သူတို့နားသို့ လူတဦးချဉ်းကပ်လာသည်။ ထိုသူက ပုဆိုးဘိုသီဖတ်သီနှင့်၊ ခေါင်းစုတ်ဖွားနှင့် မျက်နှာက လည်း ကတ္တရာပုံးကို မိုးကြိုးပစ်ချထားသလို (မှောင်မည်း ရှုံ့တွနေတာကို သရုပ်ဖော်ခြင်းဖြစ်သည်)

ရုက္ခစိုး။ ။ ဟင် … ချိုကုပ်ဒူးကြီးပါလား၊ ဘာဖြစ်လာတာလဲ။ ယူနီဖောင်းနဲ့လည်း မဟုတ်ဘူး။ ဘာလဲ ပရောက်စီချိုကုပ်ဒူးကြီးလား။

ချိုကုပ်။ ။ မဟုတ်ရပါဘူးဗျာ … ဒီမှာ စိတ်ညစ်နေတာ။

ဖိုးရှုပ်။ ။ ဘာတွေ စိတ်ညစ်နေတာလဲဗျ။ ချိုကုပ်ဒူးကြီးက အားလုံး လုပ်ချင်တာ လုပ်နိုင်နေတာပဲဟာ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကန်စောင်းက အိမ်ထဲပြန်ထည့်ထားနိုင်တယ်၊ နိုင်ငံတကာကိုလည်း ခဏလောက်ပဲ ဖြစ်ဖြစ် ငြိမ်နေအောင် ထိန်းထားနိုင်တယ်။

ချိုကုပ်။ ။ မဟုတ်ဘူးနော်၊ စိတ်အရမ်းညစ်နေတယ်။

ပြောရင်းချိုကုပ်ဒူးကြီး ခေါင်းကို တဗျင်းဗျင်းကုတ်နေသည်။

ကြွက်စုတ်။ ။ ဟုတ်တယ်လေဗျာ။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ခင်ဗျား စိတ်တိုင်းကျ လုပ်နိုင် တော့မယ် မဟုတ်လား။ ခုဆို တိုင်းရင်းသားတွေကလည်း ပါတီတွေထောင်ဖို့၊ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်နေကြပြီ၊ အတိုက်အခံပါတီကြီးတောင် ဝင်မယ့်သူ မဝင်မယ့်သူ ကွဲမလိုလို ဘာလိုလို ဖြစ်နေပြီ။ ဒါ ခင်ဗျား စွမ်းလို့ပေါ့ဗျ။

ချိုကုပ်။ ။ မဟုတ်ဘူး .. ခင်ဗျားတို့ အားလုံး မှားနေကြပြီ။ ခု ကျုပ်ဝဋ်လည်တော့မှာဗျ။ သိလား။

တာတေ။ ။ အား ဟုတ်တယ် … ဝဋ်ဆိုတာနော် လည်တတ်တယ်။ ချွန်ဒေါ် ကောင်းကောင်း နားလည်တယ် ပြောပါ။

ရုက္ခစိုး။ ။ အာ … ဒီကွမ်းယာသည်က တမှောင့် .. ဆိုစမ်းပါဦး။ ဘာတွေများ ဝဋ်လည်မှာ မို့လို့လဲ။

ချိုကုပ်။ ။ ကျုပ်မြေးဖိုးလောက်လန်းလေ။ အဲဒီကောင် လျှောက်သောင်းကျန်းပြီး လုပ်ချင်ရာ လုပ်နေတာ မနိုင်တော့ဘူး။ ဟိုးအရင် ဦးနေဝင်းမြေးတွေကို နှိပ်ကွပ်သလို ပြန် အလုပ်ခံရတော့မယ့်ကိန်း ဆိုက်နေပြီဗျ။

ကြွက်စုတ်။ ။ အာ .. မတူနိုင်ပါဘူး ချိုကုပ်ဒူးကြီးကလည်း။ ခင်ဗျားက ပိုစွမ်းပါတယ်ဗျာ။ ခင်ဗျား လုပ်ချင်တဲ့ ရွေးကောက်ပွဲသာ လုပ်လိုက် … အားလုံးပြီးသွားမှာပဲဟာ။

ချိုကုပ်။ ။ ဟာ … စိတ်ညစ်နေပါတယ် ဆိုမှဗျာ။ နေပါဦး … ခင်ဗျားတို့က ဘာလို့ တနေရာတည်းမှာ လာစု နေကြတာလဲ။ ဘာလုပ်နေတာလဲ။

ရုက္ခစိုး။ ။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်လေ။

ချိုကုပ်။ ။ ဘာ …

ကြွက်စုတ်။ ။ ဟုတ်တယ်လေ … ။ အားလုံးပြင်ဆင်နေကြပြီ၊ စီစဉ်နေကြပြီ။ အာဏာရရင် ဘာလုပ်ကြမယ်ဆိုတာတောင် စဉ်းစားပြီးပြီ။ လူတွေကို ချပြ … ပြ …

“ဟားဟားဟား ဟားဟားဟားဟားဟား” … ကြွက်စုတ်စကားအဆုံးတွင် ချိုကုပ်ဒူးကြီးက အူလှိုက် သည်းလှိုက် အော်ရယ်လိုက်သည်။

ချိုကုပ်။ ။ အူတက်လို့ သေတော့မယ်။ အရူးတွေ၊ အရူးတွေ၊ ခင်ဗျားတို့ အားလုံး အရူးတွေချည်းပဲ။ ဒီမှာ … အားလုံးနားထောင်။ ရွေးကောက်ပွဲလုပ်မယ်လို့ ခင်ဗျားတို့ကို ဘယ်သူပြောလဲ။ တကယ်တော့ အစီအစဉ် လုံးဝ …. လုံးဝ … မရှိဘူးဗျ။ အရူးတွေ၊ အရူးတွေ၊ နိုင်ငံရေးရူးတွေ … ဟားဟားဟား ဟားဟားဟားဟားဟား … တူနယ်တယ့်နယ်ဗျောင် … တယ်နယ် တူ့နယ် ဗျောင် … ။

ပြောချင်ရာပြော၍ ပါးစပ်ဆိုင်းတီးကာ ကွေးနေအောင်ကပြီး ထွက်သွားသော ချိုကုပ်ဒူးကြီးကို ကြည့်ကာ … ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ကြလေတော့သည်။

မှတ်ချက်။ ။ တကယ်တော့ အဆိုပါ ချိုကုပ်ဒူးကြီးမှာ ပရောက်စီ ချိုကုပ်ဒူးကြီးသာ ဖြစ်သည်။ သူက ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် တိုက်ပုံနှင့် ပုဆိုးဝတ်၍ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်သည်။ ယူနီဖောင်းဝတ် ချိုကုပ်ဒူးကြီးမှာကား နေပြည်တော် လိုဏ်ခေါင်းအတွင်း အိပ်ငိုက်နေသဖြင့် ထိုအဖြစ်အပျက် များကို ဘာမှမသိ လိုက်ရပေ။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။