2.23.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

လှိုင်သာယာ မြို့နယ် ၊ ( ၇ ) ရပ်ကွက် ၊ အန်အယ်ဒီ အဖွဲ့ဝင် ဦးတင်ယု နေသည့် ရပ်ကွက် တံတား ဖြူ မှတ်တိုင် ရှိ ဦးပုည လမ်းထိပ် ဆိုက်ကားဂိတ် နားတွင် ရှိသော လမ်းဆိုင်းဗုဒ် တွင် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ ၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းပစ် ၊ စစ်အစိုးရ အလိုမရှိ စသော စာများပါသည့် စာသားများရေးသားထားသည့် စာရွက်များ လိုက်လံ ကပ်သည့် လှုပ်ရှားမှုများကို အကောင်းဆုံး မြေသြဇာ အဖွဲ့မှ လိုက်လံ ပြုလုပ်ခဲ့ကြပါတယ်။ ထို့အပြင် လှိုင်သာယာမြို့နယ် အောင်မြေရိပ်သာ ဘုရား ပေါ်တွင်လည်း ၂၀၁၀ အလိုမရှိစာသားများကို ဆော့ပင် အနီ/အပြာ များဖြင့် လိုက်လံ ရေးသားကြပါတယ်။ အထပ်ပါ (၇ ) ရပ်ကွက် ဦးပုံည လမ်းသွယ် အောင်မင်းခေါင် ( ၁ ) လမ်း၊ အိမ်အမှတ် ( ၂၉၉ ) တွင် မြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်း နေထိုင်သည်ဟု သိရှိရပါတယ်။
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့
0001
Sept. 17, 2009 file photo Najibullah Zazi arrives at the federal building for questioning by the FBI in Denver-AP

နယူးယောက်မြို့ကို ဗုံးခွဲတိုက်ခိုက်ဖို့နဲ့ လူတွေ အမြောက်အမြားကို သေစေနိုင်တဲ့ လက်နက်တွေ သုံးစွဲပြီး တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ အစွပ်စွဲခံထားရတဲ့ အာဖဂန်လူမျိုးတဦးက အပြစ်ရှိကြောင်း ၀န်ခံထွက်ဆိုပြီး လျှောက်လဲချက် ပေးခဲ့ပါတယ်။

U Tin Oo, deputy leader of NLD Party, talks to journalists at the party headquarters after holding talks with U.N. envoy Tomas Ojea Quintana, Thursday Feb. 18, 2010, in Yangon, Myanmar-AP ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဦးတင်ဦး တိုက်တွန်း Audio Clip Available




Myanmar Muslims seeking refugee status hold a newspaper behind a perimeter fence at the United Nations High Commissioner for Refugees office in Kuala Lumpur Saturday, July 5, 2003-AP

နယ်ခြားစောင့်တပ် ပြောင်းရေး ၀နှင့် စစ်အစိုးရ တင်းမာ

နယ်ခြားစောင့်တပ် ပြောင်းရေး ၀နှင့် စစ်အစိုးရ တင်းမာ

စစ်အစိုးရ တာဝန်ရှိသူ များနှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင် တချို့တို့က နယ်ခြားစောင့် တပ်အသွင် ပြောင်းရေး အတွက် မူအားဖြင့် သဘောတူညီ ထားသော်လည်း
မြန်မာ့ရိုးရာအက တိမ်ကောတော့မလား

မြန်မာ့ရိုးရာအက တိမ်ကောတော့မလား

မြန်မာ့ရိုးရာ အကနှင့် အနုပညာကို ခေတ်လူငယ်များ အနေဖြင့် အထင်သေးစရာ၊ ရယ်စရာ တခုအသွင်ဖြင့် ထင်မြင်လာကာ စိတ်ဝင်စားမှု လျော့နည်း လာကြောင်း သိရသည်။“အနုပညာ သင်တန်းသွားဖို့ စောင်းပိုက်ပြီး

မြန်မာရေတပ် ဦးစီးချုပ် အိန္ဒိယသို့ရောက်

မြန်မာ ရေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း အိန္ဒိယနိုင်ငံသို့ စနေနေ့က ရောက်ရှိ လာကြောင်း အိန္ဒိယ နိုင်ငံထုတ် Hindustan Times သတင်းစာတွင် ဖော်ပြထားသည်။

အလုပ်သမားများ ထိုင်းတွင် နှိပ်စက်ခံရမှု HRW ဖွင့်ချ

ထိုင်း နိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများသည် ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ပြုမူမှုများ ခံနေရသဖြင့် ထိုမတရားမှုများ အဆုံးသတ် ရေးအတွက် ထိုင်းအစိုးရက အမြန်ဆုံး ဆောင်ရွက် သင့်သည်ဟု

ဒုက္ခသည်များ မလေးရှားတွင် အလုပ်လုပ်ခွင့် ရဖွယ်ရှိ

မလေးရှား နိုင်ငံတွင် ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်များကို အလုပ်လုပ်ကိုင် ခွင့်ပေးရန် မလေးရှား အစိုးရက စဉ်းစားနေသည်ဟု သိရသည်။အလုပ်လုပ်ခွင့် ပေးမည့် အစီအစဉ်သည် အကောင်

TV ထုတ်လွှင့်ခွင့် ရွှေသံလွင် ရရှိ

နိုင်ငံတကာသို့ ထိုးဖောက်မည့် ရုပ်မြင်သံကြားလိုင်း တခုကို ၂၄ နာရီ ထုတ်လွှင့်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီမှာ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်မှုရှိသော ရွှေသံလွင် ကုမ္ပဏီ ဖြစ်ကြောင်း ပြန်ကြားရေး

ရန်ကုန် အကျိုးပြု လုပ်ငန်းများအတွက် ကြံ့ဖွံ့က သန်း ၁၂၀၀ သုံးမည်

၂၀၁၀ ပြည့်နှစ် အတွင်း ရန်ကုန် မြို့တွင်းရှိ လမ်းများခင်းခြင်း အပါအ၀င် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) အနေနှင့် ကျပ်ငွေ ၁၂ ဘီလီယံ

ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်မှာလည်း မသက်သာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များသည် ဖမ်းဆီး၍ နှိပ်စက် ညှင်းပန်း ခံနေရပြီး မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ရန် အာဏာပိုင်များက လုပ်ဆောင် နေကြောင်း လူ့အခွင့်အရေး

အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ပဏာမ လျာထားချက် အောင်မြင်စွာပြီးစီး

NEJ/ ၂၃ ဖေဖော်ဝါရီ ၂၀၁၀

“ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းကတဆင့် ပေးတဲ့မူရှိပါတယ်။ နိုင်ငံရေးတာဝန် ထမ်းဆောင်ရင်းက အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးသင့်ဘူး။ သူတို့ကိုလည်း ဒီတာဝန်တွေကို ပေးချင်တယ်ဆိုတာ ဖော်ပြတာတခုရှိတယ်။ နောက်တခုက ပါတီမှာ နိုင်ငံရေးလုပ်ငန်းလုပ်ရင်းကနေ လူမှုရေးလုပ်ငန်းတွေ ထူးထူးခြားခြား တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ .... ” အပြည့်အစုံသို့

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆုရရှိ

တက်လူ/ ၂၃ ဖေဖော်ဝါရီ ၂၀၁၀
“ဘာလို့ ဒီစာအုပ်ကို ရွေးလဲဆိုတော့ ဒီစာအုပ်က အချက်အလက်ပြည့်စုံတယ်၊ နောက်အကြောင်းအရာက လေးနက်တယ်၊ နောက် မြန်မာ့ ..” အပြည့်အစုံသို့
စစ်ဗိုလ်ချုပ်များ ကြည့်ရှုရန် နွေစပါး ဟန်ပြစိုက်
အောင်ထက်/၂၃ ဖေဖော်ဝါရီ ၂၀၁၀
“အာဏာပိုင်တွေ လာစစ်မယ်ဆိုရင် ကော့မှူး မယကနဲ့ စိုက်ပျိုးရေး ညှိပြီး အပြင်က လယ်သမားတွေကို နေ့စားငှားလိုက်တယ်။ အဲဒီနေ့က နေ့စား ...” အပြည့်အစုံသို့
မလေးရှား ထိန်းသိမ်းရေးစခန်း၌ မြန်မာ (၁,၀၀၀) ကျော် အစာငတ်ခံဆန္ဒပြ

ဝီရ / ၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ
“စခန်းထဲမှာ အနေအထိုင်၊ အစားအသောက်အတွက် အရမ်းခက်ခဲ ကျဉ်းကျပ်နေလို့ အစာငတ်ခံ ဆန္ဒပြကြတာ ဖြစ်တယ်။ ရေလည်း မလုံလောက် ...” အပြည့်အစုံသို့
ကျပ်ငွေ ဘီလီယံ (၃၀၀) ထက်မနည်း ဦးတေဇ ရမည်


မျိုးဝင်းဇော်/ ၂၃ ဖေဖော်ဝါရီ ၂၀၁၀
“ဘယ်လောက်အထိ လုပ်ခွင့်ရ သလဲဆိုရင် စီဒီအမ်အေဆင်းကတ် တွေကို ...” အပြည့်အစုံသို့
နိုင်ငံရေး အကျဉ်းသား ၆ ဦး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ
ရန်ကုန် အင်းစိန်ထောင်တွင်း အကျဉ်းသား အခွင့်အရေး ရရှိရန် နိုင်ငံရေးအကျဉ်းသား ၆ ဦး ယမန်နေ့ ...
ဟတ်ကြီး ရေကာတာ လေ့လာရေး ပြန်စပြီ
သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မည်ဟု အငြင်းပွားနေသော ကရင်ပြည်နယ် သံလွင်မြစ်ပေါ်မှ ...
အမျိုးသမီး ပြိုင်ကားလေးမောင်း ပြိုင်ပွဲ ကျင်းပမည်
မြန်မာပြည်တွင် အမျိုးသမီးများ သီးသန့်ယှဉ်ပြိုင်မည့် ပထမဆုံးသော အပေါ့စား ပြိုင်ကားလေးမောင်း ...
ဦးခေါင်းမဲ့ ရုပ်အလောင်း လှော်ကားတွင် တွေ့ရှိ
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် စံပြကျေးရွာ အရှေ့ဘက် လှော်ကားဥယျာဉ်အနီး ...
သူပုန်အဖွဲ့များ အသွင်ပြောင်းရန် ၅ ရက်သာလို
မိုးမခအထောက်တော် အမှတ် ၀၀၁
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၀ ငြိမ်းချမ်းရေး ယူခဲ့သည်မှာ ၁၆ နှစ် ပြည့်ပြီဖြစ်သော KIAတပ်မှ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-BBC)
အပြည့်အစုံသို့ ...

ကျောင်းသားလှုပ်ရှားမှုသမိုင်းနှင့် ကိုအောင်ထွန်း
ထိန်လင်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၀
ပြီးခဲ့တဲ့အပတ်က ကျောင်းသားလှုပ်ရှားမှုများအကြောင်းနဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုလို့ အကျဉ်းချခံခဲ့ရတဲ့ ကိုအောင်ထွန်းအကြောင်း တင်ပြခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အာဏာပိုင်တွေက ကိုအောင်ထွန်းကို အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။ မဆလ ခေတ်နှောင်းပိုင်းကနေ နောက်ပိုင်းကာလ တလျှောက်လုံး ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကိုအောင်ထွန်းဟာ စုစုပေါင်း ၁၁ နှစ် ၇ လ ၂၁ ရက် အကျဉ်းချခံခဲ့ရပါတယ်။ လက်ရှိ စစ်အစိုးရ လက်ထက်မှာ ၂ ကြိမ် အကျဉ်းချခံခဲ့ရပြီး ၁၉၉ဝ ပြည့်နှစ်ကလည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
အပြည့်အစုံသို့ ...

မက်သမ်ဖက်တာမင်း ခေါ် မြင်းဆေး အလုံးပေါင်း ၇၈၀,၀၀၀ နဲ့ မြင်းဆေးအကြည် ၉ကီလိုဂရမ် ဖမ်းမိ
Tuesday, February 23, 2010 ...
အပြည့်အစုံသို့

စင်္ကာပူသားတယောက်၊ မြင်းဆေးအကြည် ၃၂ ကီလိုဂရမ် နဲ့ဖမ်းမိ
Tuesday, February 23, 2010 ...
အပြည့်အစုံသို့


ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ၀ ဋ္ဌာနချုပ်လာရန် ပျက်ကွက်

ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ၀ ဋ္ဌာနချုပ်လာရန် ပျက်ကွက်မြန်မာစစ်တပ်မှ စစ်ဘက်ရေးရာလုံခြုံရေးအကြီးအကဲ (စရဖ) ဒု ဗိုလ်ချုပ်ကြီးရဲမြင့်သည် ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ၏ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးရန် ဖိတ်ကြားချက်ကို ပျက်ကွက်ခဲ့ကြောင်းသိရသည်။
လွိုင်ကော်တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေး တင်းကြပ်ကာ စစ်ဆေးမှုများပြုလုပ်
ကန္တာရ၀တီတိုင်း(မ်)/ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၀

ကရင်နီပြည် လွိုင်ကော်မြို့ရှိ ကြည်သာယာရပ်ကွက် ဘူတာရုံအနီးတွင် ဗုံးပေါက်ကွဲပြီးနောက် အာဏာပိုင်များက မြို့တွင်း၌ လုံခြုံရေး တင်းကြပ်စွာ ချထားပြီး...

ဆက်ဖတ်ရန်...

ရှားတောမြို့နယ်တွင်းရှိ ရွာသားများ ရွာသူကြီး မဖြစ်ရဲကြ

ပါးရယ်/ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၀

ကရင်နီပြည် ရှားတောမြို့နယ်တွင်းရှိ ကျေးရွာများမှ ကရင်နီတော်လှန်ရေးတပ်မတော်များအား အထောက်အကူနှင့် ထောက်ခံမှုများ မပေးနိုင်ရန်...

ဆက်ဖတ်ရန်...


more


more


more


more


more


more


more


more


more
ပၝတီ ဗဟိုဦးစီးအဖွဲ့အသစ်ဖွဲ့ရေး NLD ဆွေးနွေး
ကုန်ဈေးနှုန်း ကျဆင်းရေးဆန္ဒပြပွဲ သုံးနှစ်ပြည့် ဆွေးနွေးပွဲ

ကျော်သူရဲ့ ပြိုင်ပွဲ




အမှည့် . . . ကြွေ. . .ခြွေခြင်း။
အချိန်တန်လို့ ကြွေအချိန် မတန်ဘဲ ခြွေ . . . စသည်ဖြင့် နိဒါန်း ပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသော ခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။




အမှည့်ကြွေ ။ ။

လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။


အမှည့်ခြွေ ။ ။

လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။


ကြွေချိန်မတန်ဘဲနှင့် ကြွေ

အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။

မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။

ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။

မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတော မိတော့သည်။


အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?

အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?

ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?

မခြွေသင့်မခြွေထိုက်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?


ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာ မြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . . မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။ အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။


အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား ။

မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား ။

မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော် လုပ်သော ဒေါသလူသား။

မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည် ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား။


ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာ ပြုသင့်သည် မဟုတ်ပါလား။


ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။ ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။


ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား။ ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား။

တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား။

ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေ သော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။


ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေး နေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။


မမှည့်ခင် . . . မကြွေစေလိုပါ။

မမှည့်ခင် . . . အခြွေမခံလိုပါ။

မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။

သဘာဝအရ . . . မှည့်ပြီးမှကြွေကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။


မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန် ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။


မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။

ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတ လူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။ အတ္တဟိတ သမားများ အနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက် ရုံပင် ဖြစ်သည်။


သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။


မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။ ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?


မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။


ဒါကြောင့် . . . ပြိုင်ကြပါ

ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ

သီလလုံခြုံရေး . . . ပြိုင်ကြပါ

အကြင်နာရှိရေး . . . ပြိုင်ကြပါမေတ္တာထားရေး . . . ပြိုင်ကြပါ

ကရုဏာထားရေး . . . ပြိုင်ကြပါ

မုဒိတာထားရေး . . . ပြိုင်ကြပါ

သစ္စာတရား . . . ပြိုင်ကြပါ

ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . . အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။


သို့တည်းမဟုတ် . . .


တရားမဲ့ရေး . . . ပြိုင်မလား။


အာဃာတထားရေး . . . ပြိုင်မလား။

မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။

ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။

ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။ ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။


ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်း အတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ် စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့ သည်ဟု မှတ်ယူ လိုက်တော့သည်။


သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။“အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ” ဟုပင် သတ်မှတ်ပေလိမ့်မည်။


ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . . မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင် မိတော့သည်။

ဟိတ်!ကိုယ့်လမ်း . . .

ကိုယ်သွားကိုယ့်အလုပ် . . .

ကိုယ်လုပ်ကိုယ့်တာဝန် . . .

ကိုယ်ကြေကိုယ့်သီလ . . .

ကိုယ်လုံကိုယ့်သမိုင်း . . . ကိုယ်ရေး

ဒါပဲ . . . ကျော်သူ


မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှု လျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .


အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည် ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။


ကျော်သူ

2.22.2010

မေတ္တာသန့် အနာကြီးရောဂါ စောင့်ရှောက်ရေး အဖွဲ့သို့ ကိုတေ၏ အလှူငွေနှင့် ပေးစာ

သို့
မေတ္တာသန့်အဖွဲ့
မင်္ဂလာပါခင်ဗျာ....
ကျွန်တော့်နာမည် တေဇာတေပါ။ ဒိန်းမတ်ရောက် မြန်မာ လူမှုအဖွဲ့အစည်းကို ကျစ်လျစ်အောင် ကြိုးစားပြီး တတပ်တအား ၀ိုင်းလုပ်နေတဲ့ သူတစ်ယောက်ပါ။လောလောဆယ် အနေအထားအရ တတ်နိုင်တဲ့ အတိုင်း အတာတစ်ခုက အမေရိကန်ဒေါ်လာငါးဆယ်ပါ ခင်ဗျာ.... ဒါကို ကျွန်တော် မိတ်ဆွေတို့ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ Donate tab ကိုနှိတ်ပြီး ဝေဒနာသည်တွေ အတွက် ဖွင့်ထားတဲ့ အွန်လိုင်းအကောင့်ထဲကို Paypal ကနေ အခုပဲ လွှဲလိုက်ပါတယ်။ အခုလိုဝေဒနာသည်တွေ အတွက် ၀ိုင်းဝန်း လုပ်ဆောင် ပေးနေကြတာကိုလဲ ကျေးဇူးတင်၊ လေးစားဝမ်းသာပါတယ်။
မေတ္တာသန့်အဖွဲ့ရဲ့ အားထုတ်မှုကို ရဟူးဂရုတစ်ခုကနေ မေးလ်ဖတ်ရပြီး http://www.leprosyhelp.org/ ကိုလဲ ၀င်ရောက် လေ့လာ ဖြစ်ပါတယ်။ အလှူရှင်တွေ စုစုပေါင်းအယောက် ၂၀ ပဲ မှတ်တမ်းတင်ထားတာ ရှိသေးတာကို စိတ်မကောင်းစွာနဲ့ပဲ တွေ့ရပါတယ်... ဒါနဲ့ပဲ ရဟူးဂရုမှာ ဖတ်ရတဲ့မေးလ်ကို အရင်ဆုံး မိတ်ဆွေတွေဆီ ဖြန့်ဖြစ်ခဲ့ပါတယ်... လောလောဆယ်တော့ တစ်ယောက်က သူလဲ မြန်မာငွေ ငါးသောင်းလောက် လှူမယ်လို့ ပြန်ပြောလာပါတယ်။ ကျွန်တော့် မိတ်ဆွေတွေထဲက တခြားလှူမယ့် သူတွေလဲ ရှိလိမ့်ဦးမယ် လို့လဲ မျှော်လင့်ထားပါတယ်။
ကျွန်တော် လှူလိုက်တဲ့ဟာကို attachment တွဲပြီး ပို့ပေးလိုက်ပါတယ်... တဆက်တည်းမှာပဲ အကြံပြုချင်တာ တစ်ခုကတော့ လက်ရှိမြန်မာပြည်မှာ ဦးတေဇ (ထူးကုမ္ပဏီပိုင်ရှင်)၊ ဦးဇော်ဇော်စတဲ့ လုပ်ငန်းရှင် ဘောလုံးကလပ် အသင်းတွေပါ ပိုင်တဲ့ သူဌေးကြီးတွေ ရှိပါတယ်... သူတို့ဆီကို အလှူခံနိုင်အောင်ကြိုးစားကြ စေချင်ပါတယ်။ သူတို့တွေဆို ပိုပြီးတော့ လှူနိုင်ကြမှာပါ...
ဒီနေ့လှူရတဲ့ အကျိုးအားကြောင့် ဝေဒနာသည်တွေ ခံစားနေရတာကြီးတွေ သက်သာကြပါစေလို့..
ဆုတောင်းမေတ္တာပို့ရင်း
စိတ်မကောင်းစွာဖြင့်

ကိုတေ

Burma's News World's News


File photo of Dutch soldiers on patrol in Uruzgan province
Twenty-seven civilians died in a Nato air strike in Afghanistan's Uruzgan province, the Afghan government says.

Obama to unveil new health plan
US President Barack Obama is to unveil new proposals to advance legislation to overhaul the US healthcare system.

Nut allergy 'cure' being tested
Doctors say they may be able to cure peanut allergies and plan the largest trial of their 'exposure' treatment.




Junta Bans Reporting Quintana's Comments

By THE IRRAWADDY
News journals have been barred from reporting the UN special rapporteur's comments made at his press conference in Rangoon.

Bangladesh Pressures Rohingya after EU Visit

By SIMON ROUGHNEEN
The Bangladesh authorities renew arrests and pushback of Rohingya refugees after a European parliamentary delegation departs from the region bordering Burma.

USDA Promises Big Spending in Rangoon

By AUNG THET WINE
The mayor of Rangoon says the pro-junta USDA will spend $12 million this year on roadworks, waterworks, funeral services and free public health care.

24-hr News Channel to Air in Burma

By AUNG THET WINE
Along the lines of CCTV and Al Jazeera, a new 24-hour international news channel will soon air on Burmese television.

15 Burmese Police Killed in Tachilek Ambush

By LAWI WENG
Fifteen Burmese anti-narcotics agents are killed when drug traffickers ambush their patrol boats on the Mekong River near the Thai border.

H1N1 traps Chin youths in Naypyidaw
A group of Chin youth who earlier this month made the long trip to Burma’s ...
Bangladesh cracks down on Burmese Muslim refugees
The Bangladesh authorities have cracked down on Burmese Muslim refugees seeking refuge ...
Hawk’s eye on net users in Sittwe by regime
Monitoring of internet cafes has been stepped up in a big way by the Burmese military ...
Over 260 households being forcibly relocated
In yet another instance of high handedness by the Burmese military junta, over 260 ...
Mass Burmese hunger strike in Malaysian camp

Feb 22, 2010 (DVB)–Up to one thousand detained migrants, mainly Burmese, in a Malaysian camp are on hunger strike and demanding access to the UN refugee agency amidst severe overcrowding. - more


‘Machete victims’ among fleeing Rohingya

Feb 22, 2010 (DVB)–The brutal treatment of ethnic Rohingya living in Bangladesh has intensified in recent months, according to a medical group which has treated victims of rape and machete attacks. - more


Burma opposition downcast over UN visit

Feb 22, 2010 (DVB)–Opposition activists and politicians yesterday lamented last week’s “fruitless” visit to Burma by the UN rapporteur on human rights, Tomas Ojea Quintana. - more


Fiancé of Burma prisoner 'betrayed' by US

Feb 22, 2010 (AFP)–The fiancé of an American rights activist imprisoned by Burma said she felt betrayed by the US government and urged a more robust response to the military regime. - more


Eight police killed in Burma ambush

Feb 22, 2010 (DVB)–Fourteen people, including eight policemen, have been shot dead by unknown gunmen in the Golden Triangle region between Burma and Laos. - more