5.10.2010

ခရစ်နှစ်-၂၀၁၀၊ ကောဇာနှစ်-၁၃၇၂ ခုအတွက် ဗေဒင်ဟောကိန်းနှင့် ဖြစ်လာနိုင်သော နိုင်ငံရေးအခြေအနေ

(သုဓနု )
ခရစ်နှစ်သက္ကရာဇ် ၂၀၁၀ ခု ဇန္နာဝါရီလ ၁၅ ရက်နေ့တွင် နေကြတ်ခဲ့သည်။ ဤနှစ်သည် တရုတ်ဗေဒင်အရ ကျားနှစ် ဖြစ်သည်။ ကောဇာသက္ကရာဇ် -၁၃၇၂ သည် ကဆုန်လတွင် သင်္ကြန်ကျသည်။ သင်္ကြန်အကျနေ့ နှင့် အတက်နေ့တို့သည် ပြဿဒါးရက် ဖြစ်နေပြန်သည်။ ၁၃၇၂ ခုနှစ်၏ သက်ရောက်နှစ်အတွက် မဟာဘုတ်အခြေခံ ကံဇာတာအနေအထား အပါအဝင်တို့အပေါ် အခြေပြုပြီး အမည်မဖေါ်လိုသူ ထင်ရှားသည့် ဗေဒင် ဗညာရှင်တစ်ဦးက အောက်ပါအတိုင်း ဟောကြားခဲ့သည်။
ဇန္နာဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာပြည်အပေါ် (၁၀) မိနစ်ကြာ (၂-အံစာခွဲ) နေကြတ်ခဲ့သည်။ မြန်မာပြည်၏ အလယ်တည့်တည့်ပေါ်မှ နေအရစ်ကြတ်မှု ဖြစ်ပေါ်ခဲ့သည်။ မြန်မာပြည် အလယ်ပိုင်း ဒေသတလျှောက်တွင် ထင်ရှားစွာ တွေ့မြင်ခဲ့ရသည်။ ဤသို့နေကြတ်ခဲ့ခြင်းကြောင့် မြန်မာပြည်အတွက် ဆိုးကျိုးကို ဖြစ်ပေါ်စေလိမ့်မည်။ အုပ်ချုပ်သူတွေအတွက် မကောင်းသလို အုပ်ချုပ်ခံ ပြည်သူတွေ အတွက်လည်း မကောင်းပါ။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများအကြား ကြီးမားသောပြဿနာ ဖြစ်ပေါ်လာ နိုင်သည်။ တနင်္ဂနွေနေ့ နာမည်ရှိသော အုပ်ချုပ်သူ အကြီးအကဲများ အတွက် ကံကြမ္မာ ဆိုးဝါးစေနိုင်သည်။ နေကြတ်သည့်အချိန်ကာလသည် သာမန်ဖြစ်နေကျထက် မြင့်သဖြင့် ဖြစ်ပေါ်နိုင်သော ဆိုးဝါးမှုသည် ပြင်းထန်ကြမ်းတမ်းသော သဘောရှိသည်။ ထို့အပြင် ဆန် ရေ ရိက္ခာရှားပါးမှု အသီးအနှံအမျိုးအစားအချို့ အထွက်နည်းခြင်းများ ဖြစ်ပေါ်လာ နိုင်သည်။
တရုတ်ဗေဒင်အရ ကျားနှစ်ဖြစ်သည့်အတွက် ကျားတို့၏ သဘောအရ သွေးထွက်သံယိုဖြစ်မှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ ဆူပူအုံကြွမှု၊ စစ်ရေးတိုက်ခိုက်မှု စသည်တို့ ဖြစ်ပေါ်လာစရာ ရှိသည်။ အားကြီးသူ၊ လက်နက်ကိုင် ထားသူတွေက အားနည်းသူ၊ လက်နက်မဲ့သူတွေအပေါ် အနိုင်ကျင့်မှု ဖိနှိပ်မှုများ ရှိမည်။ အစိုးရ အပြောင်းအလဲ ဖြစ်ခြင်း၊ ဘေးဒုက္ခအန္တရာယ် ကျရောက်ခြင်းများ ဖြစ်လာနိုင်သည်။ ဤကား မြန်မာပြည် မှာရော ကမ္ဘာ့နိုင်ငံများ တွင်ပါ ဖြစ်လာနိုင်သည့် အခြေအနေ ဖြစ်သည်။
ကဆုန်လတွင် သင်္ကြန်ကျခြင်းကြောင့် နိုင်ငံရေးအပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်လာနိုင်သည်။ ပြည်သူများက ခေါင်းဆောင် ပြောင်းလဲဖို့ နိုင်ငံရေးစနစ် ပြောင်းလဲဖို့ တောင်းဆိုသည့် အုံကြွမှုများ ဖြစ်ပေါ်လာနိုင်သည်။ သင်္ကြန်ကျသော ဗုဒ္ဓဟူးနေ့သည်၎င်း၊ အတက်နေ့ သောကြာနေ့ သည်၎င်း ပြဿဒါးရက် ဖြစ်နေသဖြင့် သင်္ကြန်ကို နှစ်သစ်ကူးအဖြစ် အသိအမှတ်ပြုထားသော နိုင်ငံများ အတွက် ပြဿနာ ရှုပ်ထွေးမှု များပြားစေမည်။ တနှစ်တာပတ်လုံး ရှုပ်ထွေးနေရလိမ့်မည်။ သောကြာနေ့ သည် နိုင်ငံအများအပြားတွင် ဘေးဆိုးအန္တရာယ် ဖြစ်ပေါ်စေတတ်သော နေ့အဖြစ် မှတ်ယူထားကြသဖြင့် သာမန်ထက် ကြီးမားသော ပြဿနာ ပဋ္ဋိပက္ခများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။ အုပ်စိုးသူနှင့် ပြည်သူများ အကြား ပဋ္ဋိပက္ခဖြစ်ခြင်း အုပ်စိုးသူများအချင်းချင်းအကြားနှင့် ပြည်သူများအချင်းချင်းအကြားတွင်လည်း ပြဿနာ ပဋ္ဋိပက္ခများ ဖြစ်ပေါ်လာစရာ ရှိသည်။
၁၃၇၂ ခုနှစ်၏ သက်ရောက်ဇာတာ မဟာဘုတ်အခြေခံ ဗေဒင်သဘောအရ စနေ၊ တနင်္ဂနွေ၊ အင်္ဂါနေ့နံများသည် ပုတိ၊ ဘင်္ဂ၊ မရဏကိန်းတွင် ကျရောက်နေပြီး အောက်တန်း၊ အနိမ့်တန်းတွင် ရှိနေကြသည်။ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့နံများသည် အဓိပတိ၊ ရာဇာ၊ အထွန်းတွင် ရှိနေ၍ အပေါ်တန်း အထက်တန်းတွင် ရှိသည်။ အောက်တန်း၊ အနိမ့်တန်း နေ့နံရှိ ခေါင်းဆောင်ပုဂ္ဂိုလ်များ၏ ကံဇာတာသည် အညံ့တွင် ရှိနေသလို ထိုနေ့နံရှိ ကုန်ပစ္စည်းများ ရှားပါးမည်။ ထို့အတူ အပေါ်တန်း အထက်တန်းနေ့နံရှိ ခေါင်းဆောင်များ ပုဂ္ဂိုလ်များ၏ ကံဇာတာကောင်းသလို ထို့နေ့ နံပစ္စည်းများ ပေါများဖွယ် ရှိသည်။
ဗေဒင်ဆရာက အနှစ်သဘော ဤသို့ဟောကြားလိုက်သည့်အပေါ် လက်တွေ့အခြေအနေနှင့် မိမိဆက်စပ် လေ့လာကြည့်သည့်အခါ အောက်ပါ အတိုင်း သုံးသပ်မိပါသည်။
၂၀၀၄ ခုတွင် လကြတ်ခဲ့ပါသည်။ ထိုသို့ တနင်္လာဂြိုလ်ဖြစ်သော လကြတ်ခဲ့သဖြင့် တနလာင်္နံပိုင်ရှင် နိုင်ငံ အကြီးအကဲ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသည်။ အာဏာရှင်တို့၏ သဘာဝ တပည့်မွေး ဆရာရှာ အာဏာကို အုပ်စုဖြင့် တည်ဆောက်ထားကြသဖြင့် ၎င်း၏အုပ်စုဝင်များကိုပါ ဖယ်ရှားခဲ့သည်။ ဤတွင်စစ်ထောက်လှမ်းရေးအဖွဲ့မှ အကြီးတန်းအရာရှိ (၅၀) ခန့်နှင့် နောက်လိုက် နောက်ပါ တစ်ထောင် ကျော်တို့ကို၎င်း၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် နီးစပ်သူ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင် တို့ကို၎င်း ဗိုလ်ချုပ်ခင်ညွန့်၏သား ရဲနိုင်ဝင်းနှင့် ဗိုလ်မှူးဇော်နိုင်ဦးတို့ကို၎င်း အမှုအမျိုးမျိုးစွဲပြီး ထိန်းသိမ်း ထောင်ချ နေရာမှဖယ်ရှားခဲ့သည်တို့ကို တွေ့ရသည်။
ယခုနှစ် ၂၀၁၀တွင် နေကြတ်ခဲ့သည်။ နေဂြိုဟ်ဖြစ်သော တနင်္ဂနွေနေ့ နံပိုင်ရှင် မြန်မာ့စစ်ခေါင်းဆောင် များထဲတွင် မည်သူတွေ ရှိကြသနည်း။ ထင်ထင်ရှားရှား တွေ့မြင်နေရသည်မှာ ဒုဗိုလ်ချုပ်ကြီးမောင်အေး ရှိသည်။ ၎င်း၏ကံဇာတာသည် ကောဇာသက္ကရာဇ် သက်ရောက်နှစ်အရ အနိမ့် ပိုင်းအကျပိုင်းတွင် ရှိနေ သည်။ အာဏာရှင်ကြီးတို့၏ သဘာဝ ၎င်းတို့၏နေရာတွင် ဝင်ရောက်လာမည့်လူ့ကို ၎င်းတို့၏သားသမီး သို့မဟုတ် တပည့်ရင်းများသာ ဖြစ်စေလိုသည်။ ပခုံးချင်းယှဉ်သူကို ပေးလိုသည့်ဆန္ဒ မရှိ။ ဒု-မှူးကြီး မောင်အေးသည် မှူးကြီးသန်းရွှေနှင့် အာဏာချိန်ခွင် ညှိနေသူ ဖြစ်သည်။ သူ၏အုပ်စုတွင် တိုင်းမှူး၊ တပ်မမှူး အများအပြား ရှိသည်။ ဤသို့ ပခုံးချင်းယှဉ်နေသည့် အနေအထားကို မှူးကြီးသန်းရွှေ မလိုလား သည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ယ္ခုနှစ်နေကြတ်ခြင်းသည် ဒု-မှူးကြီးမောင်အေးအတွက် ဖြစ်လာလေမလား တွက်ဆစရာ ဖြစ်နေသည်။
ဒု-မှူးကြီးမောင်အေးသည် ဗိုလ်ချုပ်ခင်ညွန့်ကဲ့သို့ လက်ကိုင်တပ်မရှိသော ဗိုလ်ချုပ်မဟုတ်။ သူသည် ဖယ်ရှားခြင်း ခံရသော် သူ့နောက်က ဖယ်ရှား ခံရမည့် ဗိုလ်ချုပ်တွေများစွာရှိသည်။ ၎င်းတို့ကလွယ်လွယ်နှင့် အဖမ်းခံကြမည်လား။ မခံပါကပေါက်ခွဲမှု ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်သည်။ကျားတို့ သဘောအရ ရန်မူ မည်၊ စစ်ရေးပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည်။ နေကြတ်သည့်အချိန်သည် သာမန်ထက် ကြာသဖြင့် ပြင်းထန်သည့် သဘော ရှိသည်။
အခြားထင်ရှားသည့်တနင်္ဂနွေနံတို့မှာ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ဥက္ကဌ ဦးအောင်ရွှေတို့ ဖြစ်သည်။ အဖွဲ့သည်၎င်း ခေါင်းဆောင် သည်၎င်း တနင်္ဂနွေနံ ဖြစ်နေသည်။ လက်တွေ့အရလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စာရင်းမတင်၊ ဝင်ရောက်အရွေးခံမည် မဟုတ်ဟု ကြေညာထားသည်။ ဒုဥက္ကဌ ဦးတင်ဦးသည်၎င်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည်၎င်း ကောဇာသက်ရောက် ဇာတာအရ အနိမ့်တန်းတွင် ရှိနေသည်။ ရွေးကောက်ပွဲကိုဆန့်ကျင်နေသည့်အပေါ် စစ်အစိုးရနှင့် ထိပ်တိုက် တိုးဖွယ် ရှိသည်။ ၎င်းတို့တွင် ထောက်ခံမှုအင်အား ပြည်သူများစွာ ရှိသည်။ နိုင်ငံများစွာက ၎င်းတို့ကို အကာကွယ်ပေးရန် စောင့်ကြည့်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်အစိုးရအကြား ဖြစ်ရှိနေသော ပြဿနာသည် ညှိနှိုင်း၍ ရနိုင်သောအနေအထား မရှိ။ ပေါက်ကွဲလာနိုင်သည့် အနေအထား တွင် ရှိသည်။
နောက်ထင်ရှားသည့် တနင်္ဂနွေနံတစ်ခုမှာ အပစ်အခတ်ရပ်စဲရေး ဖြစ်သည်။ “အ” အက္ခရာဖြင့်စသော တနင်္ဂနွေနံသည် အလားအလား မကောင်း၊ ဖြစ်ပျက်မည့် အလားအလာ ရှိသည်။ လက်တွေ့အရလည်း စစ်အစိုးရက နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အသွင်ပြောင်းခိုင်းနေသည်။ ၎င်းကို အပစ်အရပ် အဖွဲ့ကြီးများက လက်မခံနိုင်ပါ။ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးအခြေအနေသည် နိဂုံးချုပ်ဖွယ် ရှိနေ သည်။ ၎င်းအပစ်အရပ်အဖွဲ့များကို စစ်အစိုးရဘက်က သွားရောက်တိုက်ခိုက်ပါက ပြင်းထန်းသော လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် ပြည်တွင်းစစ်မီး ထတောက်တော့မည်။ ကျားနှစ်၏ သဘောသဘာဝအရ သွေးထွက်သံယိုမှု၊ စစ်ရေးတိုက်ခိုက်မှု ဖြစ်လာစရာအကြောင်း ရှိသည်။ ပြည်သူများ စစ်ရေးစစ်ဒဏ် ခံရဖွယ်၊ စစ်ပြေးဒုက္ခသည်ဘဝ ရောက်ရဖွယ် မြင်သည်။
အပစ်အရပ်အဖွဲ့များနှင့် စစ်ဖြစ်လျှင် နယ်စပ်တွင်သာ ဖြစ်မည်မဟုတ်။ အတွင်းပိုင်းမှာလည်း ဖြစ်နိုင်သည်။ ကောဇာခုနှစ်၏ မဟာဘုတ်ဗေဒင် သက်ရောက်နေ့နံအရ ကချင်၊ မွန်၊ ဝ၊ ရှမ်း တို့သည် အထက်တန်းတွင် ရှိနေကြသဖြင့် ဆုံးရှံးနစ်နာမှုများစွာ မရှိနိုင်၊ န အ ဖ စစ်အစိုးရအဖို့ အနိမ့်နံတွင် ကျရောက်နေသဖြင့် ပို၍ ထိခိုက်နစ်နာ ကျဆုံးရဖွယ် ရှိသည်။ အပစ်ရပ်အဖွဲ့ဝင်များအား တိုက်ခိုက်ချေမှုန်းနိုင်ဖွယ် ရှိမည်မဟုတ်ပါ။
ကဆုန်လတွင် သင်္ကြန်ကျခြင်း၏ ဖြစ်တတ်သောသဘောအရ နိုင်ငံရေးအပြောင်းအလဲ သို့မဟုတ် ခေါင်းဆောင် အပြောင်းအလဲ ဖြစ်လာဖွယ်ရှိသည်။ အနိမ့်ဆုံး ထိုသို့ဖြစ်ရန် တောင်းဆိုအုံကြွမှုများ ရှိလာ လိမ့်မည်။ ၁၉၆၂ ခုက ကဆုန်လတွင် သင်္ကြန်ကျခဲ့ရာ စစ်အဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည်။ ၂၀၀၇ (၁၃၆၉) ခုတွင် သင်္ကြန်အတက်နေ့သည် ကဆုန်လဆန်းတစ်ရက် ဖြစ်ခဲ့သည်။ သင်္ကြန်၏အဖျားပိုင်းမျှသာ ကဆုန်လ အတွင်း ကျရောက်ခဲ့သည်။ ထိုမျှနှင့်ပင် (၈၈) ကျောင်းသားဟောင်းများ၏ ကုန်ဈေးနှုန်းကျဆင်းမှု ဆန္ဒပြပွဲ၊ သံဃာထုကြီး၏ကျယ်ပြန့်သော ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။ ယ္ခုနှစ်တွင် အကြိုရက်မှစ၍ သင်္ကြန်ရက်များ အားလုံးသည် ကဆုန်လထဲတွင်ဖြစ်နေသည်။ ထို့ကြောင့်အုပ်စိုးသူများသို့မဟုတ် အုပ်ချုပ်ရေး စံနစ်ယန္တရားတခုလုံး အပြောင်းအလဲဖြစ်လာဖွယ် ရှိသည်။ ဖြစ်နိုင်ချေ အလားအလာကို သုံးသပ်ကြည့်ပါက သင်္ကြန်ကိုနှစ်သစ်ကူး အဖြစ်အသိအမှတ် ပြုထားသောနိုင်ငံ တခုဖြစ်သည့် ထိုင်းနိုင်ငံ တွင် ရှပ်နီဝတ် ပြည်သူများနှင့် အဏာရအစိုးရအကြား ပြဿနာပြင်းထန်နေသည်။ လူ (၂၀) ကျော် သေဆုံးခဲ့ရပြီး လွှတ်တော်နှင့် အစိုးရဖျက်သိမ်းရဖွယ် ရှိနေသည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်တွင် သေနတ်သံများ ကြားနေရသည်။
မြန်မာပြည်တွင်ကား သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးအနီးရှိ ရေကစားမဏ္ဍာပ်တစ်ခု ဗုံး (၃) လုံး ပေါက်ကွဲခဲ့ရာ လူ (၈) ဦးသေ၊ (၁၇၀) ခန့် ဒဏ်ရာရခဲ့ကြောင်း ကြားသိရသည်။ သင်္ကြန် အတက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၌ လေပြင်းတိုက်သဖြင့် ရေကစားမဏ္ဍာပ် အများ အပြား ပျက်စီး ခဲ့ရသည်။ နှစ်သစ်ကူးနေ့တွင် ကချင်ပြည်နယ် မေခနှင့် မလိခမြစ်နှစ်သွယ်ဆုံရာ ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရာ၌ ဗုံး (၄)လုံးပေါက်ခဲ့ပြန်သည်။ အသေအပျောက်စာရင်း မသိရသော်လည်း အပျက်အစီး အချို့ ရှိခဲ့သည်။ ၁၃၇၂ ခုကို အမြောက်သံဗုံးသံများဖြင့် နိဒါန်းပျိုး နေကြောင်း ပြသခဲ့သည်။ ထို့ကြောင့် ၁၃၇၂ ခု၏ အလားအလာသည် စိုးရိမ်ဖွယ် အလွန်ကောင်းနေပါသည်။ ခရစ်နှစ်၂၀၁၀အကူး နှစ်သစ်ကူးနေ့ တွင်လည်း မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ရေးမြို့အကြားကားလမ်းမပေါ်နှင့် ကားလမ်းဘေး တို့တွင် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး အမှတ်အသားများစွာကို တွေ့ရှိခဲ့ရသည်။ ထိုသို့ နိဒါန်းစခဲ့ရာမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထွက်လာသောအခါ အများပြည်သူနှင့် နိုင်ငံရေးအဖွဲ့ အစည်း အများအပြားတို့ လက်မခံနိုင်သော အချက်များကို တွေ့ရှိလာရသည်။ ထို့ကြောင့်ရွေးကောက်ပွဲ၏ အလားအလာသည် အပေါင်းလက္ခဏာ၊ နတ်လူသာဓု ခေါ်နိုင်မည့် အလားအလာ မရှိပါ။
အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့တခွင်ကို လေ့လာကြည့်ပြန်သောအခါ သင်္ကြန်အကြို ဧပြီ (၁၃) ရက်နေ့၌ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် လေပြင်းတိုက်သဖြင့် လူ (၁၀၀) ကျော် သေဆုံးခဲ့ရသည်။ သင်္ကြန် အကျနေ့ (၁၄) ရက်နေ့၌ တရုတ်ပြည်အနောက်မြောက်ပိုင်း တိဘက်ဒေသတွင် ငလျှင်လှုပ်ခဲ့ရာ လူ(၂၀၀၀)ကျော် သေဆုံးပြီး (၁၀၀၀၀)ကျော် ဒဏ်ရာရခဲ့ကြသည်။ ၄င်းသင်္ကြန်ရက်အတွင်း အိုက်စ်လန် နိုင်ငံတွင် မီးတောင်ပေါက် ကွဲခဲ့ရာ ဥရောပအနောက်ပိုင်း နိုင်ငံများ တလွှားတွင် မီးခိုးနှင့် ပြာများ ဖုံးလွှမ်း သွားသဖြင့် လေယာဉ်ခရီးစဉ်များကို ၄-၅ ရက်မျှ ပိတ်ထားခဲ့ရသည်။ ဤအဖြစ်အပျက်များသည်လည်း မြန်မာတို့နှစ်သစ် ၁၃၇၂ ခုအတွက် အဆိုးလက္ခဏာ နိဒါန်းအစများ ဖြစ်လေမလား တွေးပူစရာ ဖြစ်နေ ရပါသည်။
မည်သို့ဆိုစေ ဗေဒင်ဆရာ၏ တွေ့ရှိဟောကြားချက်များသည် မြန်မာ့လောက ကမ္ဘာ့လောကအပေါ် ကျရောက် လာနိုင်သော အကောင်းအဆိုး ကံကြမ္မာရှိလာနိုင်သည် ဖြစ်သောကြောင့် သုံးသပ်ချင့်ချိန် ပြင်ဆင်ထားနိုင်ရန် တင်ပြလိုက်ပါသည်။
တိုင်းရင်းသားလူမျိုးစုံပြည်သူအပေါင်း ဘယာဘေး ကင်းဝေးနိုင်ပါစေ။
(8888 People power mail မှ ရရှိပါသည်။)

Burma's News World's News

Traders on Wall Street
Global stock markets jump after Europe agrees measures to try to stop the Greek debt crisis affecting other countries.
President Barack Obama nominates Solicitor-General Elena Kagan (right) to the Supreme Court, at the White House on 10 May 2010 Tiger
President Obama nominates Solicitor-General Elena Kagan to become the youngest member of the US Supreme Court.
 
Earth's ongoing loss of biodiversity and ecosystems losses may soon begin to hit economies, a UN report warns.
Benigno Aquino voting in Tarlac City, Philippines (10 May 2010) An aerial photo of the mass grave released during a news conference in Belgrade on 10 May 2010
Benigno "Noynoy" Aquino is leading presidential polls in the Philippines with about 40% of the vote so far, early results indicate.
 
A mass grave believed to hold the bodies of about 250 Kosovo Albanians is found under a building in Serbia, officials say.

Campbell Meets Suu Kyi and NLD Officials

By BA KAUNG
US Assistant Secretary of State Kurt Campbell has had a one hour meeting with detained pro-democracy leader Aung San Suu Kyi at a government guesthouse in Rangoon.

Arms Imported Over New Year?

By WAI MOE
Did the Junta get more weapons from China and North Korea in April?

Wife Says Husband Had No Role in Bombings

By ZARNI MANN
The wife of Phyo Wai Aung, who was arrested on April 23 after the bomb explosions at the Thingyan water festival, said her husband had no connection to the blasts.

Record Temperatures Cause Water Shortages

By KO HTWE
Seasonally hot temperatures in Burma have led to increased water shortages and concern for the health of children and the elderly.
SLIDE SHOW

Filipinos Vote Amid Violence, Computer Glitches

By HRVOJE HRANJSKI
Scattered violence and glitches with vote-counting machines being used for the first time failed to dissuade millions of Filipinos from voting in Monday's elections.
US Congressional Report Weighs Up Burma Election
By LALIT K. JHA
An internal congressional report says that the results of the 2010 election in Burma may be a strong indicator of the potential for political change.

ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကို ရွေးခဲ့ခြင်းအတွက် စစ်အစီုးရကို မစ္စတာ ကာ့တ်ကမ်း ဘဲလ် ဝေဖန်


ရန်ကုန်မေ ၁၀။
 အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က သူ၏ နှစ်ရက်ကြာ ခရီးစဉ်အပြီး ရန်ကုန်မြို့မှ မထွက်ခွာခင် ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် အဓိကကျသောအတိုက်အခံ ခေါင်းဆောင် များနှင့် ညှိနှိုင်းမှု မရှိပဲ တရားမျှတမှုမရှိသော ရွေးကောက်ပွဲကို ကျင်းပရန် ဦးတည်ခဲ့မှုအတွက် ပြစ်တင် ဝေဖန် သွားခဲ့ပါသည်။ 
သူက ဆက်လက်ပြောပြရာတွင် ထိုသို့ ပြုလုပ်ခဲ့သည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲအပေါ်  နိုင်ငံတကာ၏ ယုံကြည်မှု ရရှိလိမ့်မည် မဟုတ်ဟုလည်း  ပြောဆိုဝေဖန်သွားခဲ့ပါသည်။ ထို့အတွက် ရွေးကောက်ပွဲ မတိုင်ခင် အချိန်တွင် ပွင့်လင်းမြင်သာသော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် စစ်အုပ်စုကို တောင်းဆိုခဲ့ သည်ဟု လည်း သူက ပြောပြခဲ့ပါသည်။ 
သူ၏ နှစ်ရက်ခရီးစဉ်နှင့် ပါတ်သက်၍ ပြောပြရာတွင် သူ့အနေနှင့် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးနှင့် သတင်းနှင့်ပြန်ကြားရေး ဝန်ကြီးတို့နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး လူ့အခွင့်အရေးများကို ပိုမို လေးစားရန်နှင့် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စစ်အုပ်စု ခေါင်းဆောင်များကို တောင်းဆို ခဲ့သည်ဟု ပြောပြခဲ့ပါသည်။ ၄င်းက ဆက်လက်ပြောပြရာတွင် စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ အရည်အချင်း ရှိသော ခေါင်းဆောင်များနှင့် မျိုးချစ်ပုဂ္ဂိုလ်များကို ထောင်သွင်း အကျဉ်းချထားဆဲ ဖြစ်ရာ ပြည်သူလူထု များအတွက် တိုင်းပြည်အနာဂတ် အပြောင်းအလဲများကို ဖေါ်ဆောင်ရန် တွေဝေမှုများ ဖြစ်စေခဲ့သည်ဟု ဆိုပါသည်။ 
မြန်မာစစ်အုပ်စုသည် ပြည်သူလူထုများကို ထုတ်ဖေါ်ပြောဆိုရဲခြင်း မရှိအောင်နှင့် မိမိတို့ ဒေသများမှ ထွက်ခွာသွားအောင် လုပ်ဆောင်ခြင်းဖြင့် သူတို့၏ လုပ်ဆောင်မှုများကို မေ့ပျောက်သွားလိမ့်မည်ဟု ယုံကြည်နေပုံရသည်ဟု လည်းပြောပြခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပါတ်သက်၍ ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုသည် သူ၏ မေတ္တာရပ်မှုများကို အလေးဂရုမပြုသည့်အချက်ကို ထောက်ပြပြောဆို သွားခဲ့သည်ဟု ပြောခဲ့ပါသည်။ 
ထို့အတူ တိုင်းရင်းသားလူမျိုးစုများ၏ လိုလားချက်များကို အလေးဂရုမပြုသည့်အတွက် တင်းမာမှုများ ပိုမို တိုးပွားလာသည့် အခြေအနေကိုလည်း ပြန်လည်တင်ပြသွားမည်ဟု ဆိုပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Kurt Campbell holding a press conference in Bangkok before heading to Burma, May 09, 2010

စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆွေးနွေး ပြောဆိုဖို့ မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန် အကြီးတန်း သံတမန်တဦးနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံကြပါတယ်။
Senior members of the detained pro-democracy leader Aung San Suu Kyi NLD at the party headquarters Monday, March. 29, 2010, in Yangon-AP
Campaign posters dot the streets of Manila on the eve of the Philippines first ever automated presidential elections, 09 May 2010-AP
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ့တ်ကမ်းဘဲလ် တွေ့

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ့တ်ကမ်းဘဲလ် တွေ့

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် အမေရိကန် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်း ဘဲလ်နှင့် ယနေ့ နေလယ်
ကြံ့ဖွံ့ပါတီ ဥပဒေနှင့် မညီဟု တခြားပါတီတခု ဝေဖန်

ကြံ့ဖွံ့ပါတီ ဥပဒေနှင့် မညီဟု တခြားပါတီတခု ဝေဖန်

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် အာဏာရပါတီ ဆန်နေသည့် အပြင် ရွေးကောက်ပွဲ ဥပဒေများနှင့်လည်း ညီညွတ်မှု မရှိဟု
ဘုရားသုံးဆူမြို့အတွင်း ဗုံးခွဲသူနှစ်ဦး ဖမ်းဆီးရမိ
Mon, 10/05/10 – 5:47 | No Comment | Related articles
မေလ ၁၀ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဘုရာသုံးဆူမြို့၌ ယမန်နေ့ည ၉နာရီခန့်တွင် ကြံစည်ဗုံးဖောက်ခွဲသူနှစ်ဦးကို လက်ဝယ်ပစ္စည်းများနှင့်တကွ နအဖ အာဏာပိုင်မှ ဖမ်းဆီးရမိကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ပြောပြ ချက်အရ သိရသည်။

သင်္ကြန်ဗုံးကွဲသည့်နေရာ ဓာတ်ပုံရိုက်သူ တရားစွဲခံရ

သင်္ကြန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ထိုနေရာတွင် ဓာတ်ပုံ ရိုက်ကူးနေစဉ် အဖမ်းခံခဲ့ရသော ကိုစည်သူဇေယျသည် တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် တရားစွဲ ခံနေရကြောင်း

စစ်အစိုးရနှင့် နီးစပ်သူများ ဂျာနယ်ထုတ်ခွင့် ထပ်ရ

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ စစ်ဗိုလ်ချုပ်ကြီး တဦး၏ သားအပါအဝင် စစ်အစိုးရနှင့် နီးစပ်သူတချို့ကို မကြာသေးမီက သတင်းဂျာနယ် ထုတ်ဝေခွင့်များ ထပ်မံ ချထားပေး လိုက်ကြောင်း

သင်္ကြန်ဗုံးအမှု လူမှားဖမ်းဟု ဆို

သင်္ကြန် ဗုံးကွဲမှုဖြင့် ဖမ်းဆီးခံ ထားရသော ကိုဖြိုးဝေအောင်တွင် အပြစ်မရှိ ကြောင်းနှင့် အာဏာပိုင်တို့က မှားယွင်း ဖမ်းဆီးထား ခြင်းသာ ဖြစ်ကြောင်း ဇနီးဖြစ်သူက ထုတ်ဖော် ပြောဆို
အမေရိကန် သံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ...
ဒေါ်စုအမှု အထူးအယူခံ ဗဟိုတရားရုံး လက်ခံ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် ၁၈ လ ထိန်းသိမ်း ...


ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်များကို မစ္စတာ ကာ့တ်ကမ်ဘဲလ် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်များကို မစ္စတာ ကာ့တ်ကမ်ဘဲလ် တွေ့ဆုံ

သူ့ဘက်က ပြောတာတော့ အတိုက်အခံအင်အားစုဖြစ်တဲ့ အန်အယ်လ်ဒီဟာ ဘယ်ပုံစံနဲ့ပဲနေနေ မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ၊ တရားဝင်ပါတီ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အန်အယ်လ်ဒီကို ဆက်လက် ထောက်ခံသွားမယ်
ဆင်းကတ်ဝယ်သူများ မှတ်ပုံတင်မိတ္တူ ပေးရမဲဆောက်တွင် တရားမ၀င် အလုပ်သမားများအား ဖမ်းဆီးသည့် စစ်ဆင်ရေးစ

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တနာရီကျော်ကြာ တွေ့ဆုံ

ရန်ကုန် မေ ၁၀ ။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နေ့လည် ၂နာရီမှ ၃နာရီ ခွဲအထိ စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် တွေ့ဆုံခံကြပါသည်။ သူတို့၏ တွေ့ဆုံ ပြောကြားမှုများကို တရားဝင်ထုတ်ပြန် ပြောဆိုမည် မဟုတ်သေးသော်လည်း တွေ့ဆုံပွဲမစခင်တွင်  အမေရိကန် သံရုံးက သတင်းသမားများကို ဖိတ်ခေါ်ပြီး ဓါတ်ပုံရိုက်ခွင့် ပြုခဲ့ပါသည်။ ထို့အတူ အစိုးရ လုံခြုံ ရေး အရာရှိများသည်လည်း သူတို့ ဆွေးနွေးသည့် နေရာနှင့် အဝေးမှသာ စောင်ကြည့်နေသည်ကို တွေ့ရ ပါသည်။ 
ယခုအကြိမ်သည် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၆လအတွင်း ဒုတိယ အကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါသည်။ ပြီးခဲ့သော နိုဝင်ဘာလကလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါသည်။
မည်သို့ပင် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးသည့် နိုဝင်ဘာလ မှပင် လွတ်မြောက်ရမည့် အခြေအနေသည် အပြောင်းအလဲ တစုံတရာဖြစ်ပေါ်လာလိမ့်မည်ဟု ယူဆစရာ အကြောင်းရင်း တစုံတရာကို မြင်ရခြင်း မရှိသေးဟု နိုင်ငံရေး အကဲခတ်များက ဆိုပါသည်။
အမေရိကန် သမ္မတ မစ္စတာ အိုဘားမား၏ မြန်မာစစ်အုပ်စုနှင့် ပိုမို နီးကပ်စွာ ဆက်ဆံပြီး တိုးတက်သော အပြောင်းအလဲများ ဖြစ်ပေါ်ရန် ကျိုးစားဆောင်ရွက်နေသည့် အခြေအနေမှာ အခက်အခဲများရှိနေလိမ့်ဦးမည် ဖြစ်ပါသည်။ တင်းမာပြီး အတိုက်အခံ အင်အားစုများနှင့် ကွဲပြားခြားနားသော နိုင်ငံရေး အမြင်ကိုသာ ဆုတ်ကိုင်ထားသော စစ်ဗိုလ်ချုပ်များကြောင့် အပြောင်းအလဲ တစုံတရာ ဖြစ်လာနိုင်မည်မဟုတ်ဟု အကဲခတ်များက ဆိုပါသည်။

ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ် NLD ဗဟိုကော်မတီများက ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုရန် တောင်းဆို

ရန်ကုန် မေ ၁၀ ။
ယနေ့ နံနက် ၁၁ နာရီက အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် သံအမတ်နေအိမ်တွင် တွေ့ဆုံခဲ့စဉ် NLD ဗဟိုကော်မတီများက တရားမျှတမှုမရှီသော ရွေးကောက်ပွဲ ဥပဒေများကို အခြေခံ၍ ကျင်းပမည့် သံသယဖြစ်ဖွယ်ရာ ၂၀၁၀ ရွေးကောက်ပွဲ၏ ရလဒ်များကို လက်မခံ ရန်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်လာစေရန် ဖိအားပေးဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ NLD ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဝင်းတင်က သူတို့အနေနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးကို တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေများနှင့်ပါတ်သက်ပြီး ရှင်းလင်းပြောပြခဲ့ကြပြီး၊ ထိုတရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေများသည် NLD ပါတီကို ရွေးကောက်ပွဲ မဝင်ဖြစ်အောင် ကန့်သတ်ထားခဲ့ကြောင်း ပြောပြခဲ့သည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးခွန်ထွန်းဦးတို့ကဲ့သော တိုင်းရင်းသားခေါင်းဆောင်များ မပါဝင်အောင် ကန့်သတ်ထားသော ရွေးကောက်ပွဲ ဥပဒေများသည် မျှတမှု မရှိကြောင်း ထောက်ပြခဲ့သည်ဟု သတင်းသမားများကို ပြောပါသည်။
ဦးခွန်ထွန်းဦးသည် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ဥက္ကဌဖြစ်ပြီး ၂၀၀၅ခုနှစ် ကတည်းက ထောင်ဒဏ် ၉၃နှစ် ကျခံနေရပါသည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် NLD ဗဟိုကော်မတီဝင် ဆယ်ဦးနှင့် တွေ့ဆုံ ခဲ့ပြီးနောက် အခြား နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟုလည်း သိရပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

DKBA မူးယစ်ဂိုဏ်းနှင့် ထိုင်းဂိုဏ်းတို့အား ထိုင်းအထူးမူးယစ်နှိမ်နင်းရေးကဖမ်းဆီး

Photobucket
မေလ ၁၀
ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
မူးယစ်ဆေးဝါးအမြောက်အများဖြင့်  DKBAတိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ မှ တပ်ဖွဲ့ ဝင်၎ဦးနှင့် ထိုင်း မူးယစ်ဂိုဏ်းမှ ၆ဦးတို့အား ထိုင်းအထူးမူးယစ်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်တူဒေး သတင်းစာတွင် ဖေါ်ပြထားသည်။
မေလ၅ရက်နေ့ ကာလတန်ဘိုး ဘတ်ကိုးသန်းခုနှစ်သိန်းငါးသောင်းဖိုး ၀ယ်ယူလိုကြောင်း ဆက်သွယ်ခဲ့သည်။ လာရောက်ပို့ ဆောင်ရန်ချိန်းဆိုပြီး ၊အယုဒယမြို့ ရှိ လိုတ ကုန်တိုက်တွင် လက်ရဖမ်းဆီးလိုက်သည်။ DKBA အဖွဲ့ မှ မူးယစ်ဂိုဏ်းခေါင်းဆောင်အသက်၂၄နှစ်အရွယ် နိုင်ထာနာဖ နှင့် အသက် ၄၀ အရွယ် နိုင်ဖိထ၊ အသက်၃၀ အရွယ် ဖိုင်ဖုန်ထစ်အခက်၊ အသက် ၂၇နှစ်အရွယ် နိုင်ယုန် စီလဖါတို့ ၄ဦးအား ယာဘ(ခေါ်) စိတ်ကြွဆေးပြား အလုံးရေ ကိုးသောင်းနှင့်အတူ ဆေးပြားထုတ်လုပ်သည့် ဆေးမှုန့် ၅ကီလိုအား မူးယစ်အဖွဲ့မူးယစ်ဆေးဝါးများနှင့်အတူ ဟိုင်းလတ်ကား၂စီးအပြင် လက်ကိုင်ဖုန်း၅လုံးတို့ကို သိမ်းဆည်း လိုက်သည်။
ထိုင်းမူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးထပ်ဖွဲ့ ဗိုလ်ချုပ်ကြီး တီထစ်ပန်ကျမာနုန်း က “ထိုင်းနိုင်ငံ မြောက်ပိုင်း မဲဆောက်ကနေ ထိုင်းနိုင်ငံအတွင်းကို ၀င်နေတဲ့မူးယစ်ဆေးဝါးတွေကို အစစ်ဆေးမခံ၇အောင် နည်းအမျိုးမျိုး နဲ့ပို့ဆောင်နေကြတာဖြစ်တယ်၊ ကလေးတွေနဲ့ မိန်းကလေးတွေ သုံးစွဲမှုတွေ အထူးများပြားလာပါတယ်။ မူးယစ်ဆေးဝါးကို ထိုင်းလူမျိုးတွေသုံးစွဲနေကြတာတွေဟာ အနာဂတ်အတွက် အထူးစိုးရိမ်စရာဖြစ်ပါတယ်၊ မူးယစ်ဆေးဝါးဂိုဏ်းတွေဟာ တော်တော်ကို ပိပိရိရိလှုပ်ရှားတတ်ကြပါတယ်။ ကျနော်တို့လည်း ကြိုးစားပြီး ဖေါ်ထုတ်နေကြတာပဲ”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုနုန်းတို့ မှာ အထူးများပြားနေသည်။ မည်မျှပင်ဖမ်းဆီးမိ
သည်ဖြစ်စေ၊ မူးယစ်ဆေးဝါးဂိုဏ်းများမှာ စဉ်ဆက်မပြတ် သယ်ယူနေဆဲဖြစ်သဖြင့် ထိုင်းလူ့အဖွဲ့အစည်း အတွက်အထူးစိုးရိမ်စရာ ဖြစ်ကြောင်း၊ ကလေးငယ်နှင့် မိန်းကလေးများမှာ မူးယစ်ဆေးဝါးလုပ်ငန်းအတွင်း ဓါးစာခံများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သူများ ထောင်ကျပြီး ပြန်လည်လွတ်မြောက်လာခဲ့လျှင်လည်း အဆိုပါ မူးယစ်ဆေးသံသရာတွင် ပြန်လည်လှုပ်ရှားလေ့ ရှိကြကြောင်း ဗိုလ်ချုပ်ကြီးက ဆက်လက်ပြောသည်။
အယုဒယမြို့ရှိ လိုတကုန်တိုက်တွင် ဖမ်းဆီးပြီးနောက် ထိုင်းမူးယစ်အထူးတပ်ဖွဲ့ က DKBA မူးယစ်ဂိုဏ်း နှင့် အဆက်အသွယ်ရှိသည့် နောက်ထပ်မူးယစ်ဆေးဂိုဏ်းတစ်ခုကို ထပ်မံဆက်သွယ်လိုက်သည်။ ထပ်မံ စစ်ဆေးဖေါ်ထုတ်ချက်အရ ဘန်ကောက်မြို့ ဖက်ကဆင်လမ်းမကြီးတွင်ရှိသည့် တမောဘန်ခေ ကုန်တိုက်ကြီး အတွင်းရှိ သစ်သီးဝလံများ ရောင်းချသည့် ကုမ္ပဏီတစ်ခုဖွင့်ထားပြီး အဆိုပါ နေရာမှ ဖြန့်ချီ ကြောင်းသိရှိခဲ့သည်။
အထူးထောက်လှမ်းရေးများက သစ်သီးကုမ္ပဏီအား အနီးကပ်စောင့်ကြည့်လေ့လာနေစဉ် မသင်္ကာဖွယ်ရာ လိမ္မော်သီးသေတ္တာ ၄လုံးနှင့်အတူ လာဝယ်သူတို့ အားဖမ်းဆီးပြီး စစ်ဆေးရာ စိတ်ကြွးဆေးပြား သုံးသောင်း လေးထောင်နှင့် အဆိုပါလိမ္မော်သီးသေတ္တာကို လာရောက်သယ်ဆောင်သည့် ဟိုင်းလတ်အမျိုးအစား ကား၁စီးနှင့် ကိုတဇိမ်ခံကားတစ်စီး၊ လက်ကိုင်ဖုန်း၆လုံးတို့ကို သိမ်းဆည်းလိုက်သည်။ ဆက်လက်စစ်ဆေးချက်အရ ခေါင်ဟတ်ရပ်ကွက်လူကြီး ပါဝင်ပတ်သက်နေသဖြင့် ဖမ်းဆီးနိုင်ရန် အပူတပြင်း ဆောင်ရွက်နေကြကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ဘန်ကောက်တူဒေးသတင်းစာတွင် ရေးသားထားသည်။

5.09.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Mr. Kurt Campbell in Bangkok talking to reporters before heading to Burma, May 08, 2010

အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်ဟာ မေလ ၉ ရက်၊ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ ရောက်သွားပါပြီ။

EU flag outside European Commission's Berlaymont building
A girl drinks water from a container as her homeless family eats donated food in Konegyangone township in the outskirts of Rangoon, 07 May 2008




more | audio




ရွှေလှပိုင်သည် ပင်လယ်ဓါးပြဗိုလ် ဖြစ်သည်။ ဆင်းရဲသားများကို ဒါးပြမတိုက်။ သူဋ္ဌေးများကိုသာ တိုက်သည်။ တိုက် ရာပါများကို ဆင်းရဲသားများသို့ဝေပေးကြောင်း နောင်မှသိရသည်၊ ပင်လယ်ဓါးပြအဖွဲ့များ တနင်္သာရီ...အပြည့်အစုံသို့

လူပျက်ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲ ထွန်းအောင်ကျော်.. Saturday, May 08, 2010
အပြစ်မဲ့သောပြည်သူ ထောင်ပေါင်းများစွာတို့ကို မည်သူတို့က သတ်ဖြတ်ခဲ့သနည်း၊ မည်သူတို့က ဖမ်းဆီးနှိပ်စက် ညှင်းပန်းခဲ့သနည်း? အဓိကတရားခံမှာ အကြမ်းဖက်သမား နအဖ သာ... အပြည့်အစုံသို့
သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ်သူ အေးလွင်နှင့် အပေါင်းအပါများ တားမြစ်ခြင်းခံရ
မိုးမခအထောက်တော် ၀၀၃
မေ ၉၊ ၂၀၁၀
ယခင်အပတ်က အေးလွင်နှင့် ရဲထွန်းညီအကိုတို့က ၂၀၁၀ စစ်အုပ်စုရွေးကောက်ပွဲကို ၀င်ရောက်ရန် ပါတီမှတ်ပုံတင်ရာတွင် မြန်မာနိုင်ငံ၏ သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံနှင့် မြန်မာလွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) အလံတို့ကို ထပ်တူနီးပါး ကူးယူသုံစွဲထားသဖြင့် မြန်မာနိုင်ငံ၏ စာပေ၊ အနုပညာရှင်များ၊ ကျောင်းသားပြည်သူများနှင့် သက်ဝါကြီး လူပုဂ္ဂိုလ်ကြီးများ က စုပေါင်း လက်မှတ်ထိုး ကန့်ကွက်စာထုတ်ပြန်ပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်သို့ ပေးအပ်ခဲ့သည်။
အပြည့်အစုံသို့ ...
 

ပဲခူး သောက်သုံးရေ ပြတ်၊ ကိုယ်ထူကိုယ်ရေအလှူရှင်တို့ အစွမ်းကုန် ဆောင်ရွက်နေကြ
သတင်းရင်းမြစ် - ဦးအေးမြင့်နှင့် လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
မေ ၉၊ ၂၀၁၀
ပဲခူး၊ သနပ်ပင်၊ ဝေါ၊ က၀ လေးမြို့နယ်တွင် ရာသီဥတုပူပြင်းမှု ပြင်းထန်သဖြင့် သောက်သုံးရေများ ပြတ်လတ်မှုများ ဖြစ်ပွားနေရာ မြို့နယ်တွင်းရှိ စေတနာ့ဝန်ထမ်း အစုအဖွဲ့များ၊ ဒေသခံလုပ်ငန်းရှင်များ ပူးပေါင်းပြီး ရေဒုက္ခသည် ရွာသူ ရွာသားများထံအရောက် ကားကြီး ကားငယ်များ သုံးစွဲပြီး ရေကုသိုလ်ပြုလုပ်နေကြသည်ဟု သိရှိရသည်။
အပြည့်အစုံသို့ ...
 

ဂီတအနုပညာရှင်များနဲ့ နာရေးအနုပညာ - ၂ -
ကျော်သူ
မေ ၉၊ ၂၀၁၀
 Photobucket
နာရေးကူညီမှု၊ လူမှုရေးလုပ်ငန်းဟု ဆိုရာတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အသက်ကြီးငယ်မရွေး၊ ထမ်းဆောင်ပေးဆပ်မှုတို့ကို လိုအပ်သည်။ လူမှုရေးလုပ်ငန်းကို မျိုးဆက်သစ်များ ပါဝင်လှုပ်ရှားလုပ်ကိုင်ခြင်းသည် တိုင်းပြည်အတွက် မင်္ဂလာရှိသော၊ အလားအလာကောင်းသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။
အပြည့်အစုံသို့ ...
 

ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံနေရာများတွင် အပူလှိုင်းကြီး၊ လူသေပျောက်မှုရှိ
မိုးမခအထောက်တော် ၀၀၃
မေ ၉၊ ၂၀၁၀
၂၀၁၀ နှစ်ဆန်းကတည်းက ရန်ကုန်မြို့တွင် အပူချိန်မှာ မြင့်တက်လာခဲ့ရာ ယခု နွေရာသီ ကာလတွင် အဆိုးဝါးဆုံးဖြစ်သည်ဟု မြို့ခံတို့က ဆိုသည်။ မနက်ခင်းတွင် အပူချိန် ၁၀၀ ကျော်မှ နေ့လည် ၂ နာရီတွင် အပူချိန် ၁၁၀ မှ ၁၁၄ ရှိသည်ဟု သိရသည်။ ညနေဖက်တွင် အပူချိန်လျော့သွားသော်လည်း အေးမြသွားခြင်း မရှိဘဲ အပူချိန် ၉၀ နှင့် ၁၀၀ ကြား တန်းနေသည်။
        ရေချိုးခြင်း၊ ရေသောက်ခြင်းနှင့် အပူတွင်းမှ အအေးသို့ အကူးအပြောင်းကို ဆင်ခြင်မှုမရှိပါက အပူဟပ်ပြီး ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်သည်ဟု အများအားဖြင့် သိကြသော်လည်း အချို့မှာ မခံမရပ်နိုင်လွန်းသဖြင့် အနေအထိုင် မဆင်ခြင်မှုကြောင့် အသက်အန္တရာယ်များ ထိခိုက်ကြသည်ဟု ဆိုသည်။
အပြည့်အစုံသို့ ...
ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ ကြံ့ဖွံ့ပါတီခေါင်းဆောင်များ အစိုးရအဖွဲ့အားခေါင်းဆောင်နေခြင်းကို သဘာဝမကျဟု ကော်မရှင်အား စာရေးသား တင်ပြ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၉၊ ၂၀၁၀
လွန်ခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲ ကော်မရျင်ထံ ပါတီတည်ထောင်ခွင့် ပြုရေန် လျှောက်ထားခဲ့သည့် ကြံ့ဖွံ့ပါတီခေါင်းဆောင်များ နအဖ အစိုးရအဖွဲ့တွင်ရာထူး ဆက်လက်ရယူ ထားခြင်းနှင့် ကြံ့ဖွံ့ပါတီနှင့် အသင်းကွဲကွဲပြားပြား မရှိခြင်းအပေါ် ပြည်ထောင်စု ဒီမိုကရေစီပါတီမှ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အပြည့်အစုံသို့ ...
မော်လမြိုင်-ရန်ကုန်အဝေးပြေးကားများကို လက်နက်ကိုင်တို့က ဆက်ကြေးတောင်း
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၉၊ ၂၀၁၀
မော်လမြိုင်မှ ရန်ကုန် ညအဝေးပြေး ကားများအား သထုံအလွန် ဘီးလင်းမရောက်မီစပ်ကြား ဒုံးဝန်းအနီးတွင် လက်နက်ကိုင် လူစုက ကားကိုတားဆီးပြီး ကားပိုင်ရှင်ထံမှ တစီးလျင် ကျပ်ငွေ ၄သိန်း၊ ၅သိန်း တောင်းယူသည့် ဖြစ်ရပ် မေလ ၁ရက်နေ့ည ဖြစ်ပွားခဲ့သည်။
အပြည့်အစုံသို့ ...

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် ယခင်တကြိမ်ကထက် အဆင့်နိမ့် အရာရှိများဖြင့်သာ တွေ့ဆုံခွင်ရ

ရန်ကုန်၊ မေ ၉။
ယနေ့နေ့လည် တနာရီ ဆယ့်ငါးမိနစ်က အထူးလေယာဉ်ဖြင့် နအဖ၏ အုပ်ချုပ်ရေးရုံးများစိုက်ရာ နေပြည်တော်သို့ သွားရောက်ပြီး တနာရီကျော် ဆွေးနွေးခဲ့ရာတွင် နအဖ၏ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်းနှင့်သာ တွေ့ဆုံခွင့်ရခဲ့သည်ဟု သိရပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတအောင် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်ဟုလည်း ဆိုပါသည်။

ဗိုလ်ချုပ်ကျော်ဆန်းသည် မကြာသေးခင်ကပင် ကြံဖွံ့ပါတီနှင့်အတူ ရွေးကောက်ပွဲဝင်ရန်အတွက် သူ၏ စစ်ဘက်ရာထူးမှ နှုတ်ထွက်ထားပြီး ဖြစ်ပါသည်။ သူနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဥာဏ်ဝင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး ဦးခင်အောင်မြင့် (၄င်းသည်လည်း စစ်ဘက်ရာထူးမှ ရွေးကောက်ပွဲဝင်ရန် နှုတ်ထွက်ထားပြီး ဖြစ်ပါသည်)။ ထိုကြံဖွံ့ဝန်ကြီး နှစ်ဦးကသာ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ရှင်းလင်း ပြောပြခဲ့သည်ဟု နေပြည်တော်မှ အမည်မထုတ်ဖေါ်လိုသော အဆင့်မြင့် အရာရှိ တဦးက ပြောပြခဲ့ပါသည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၃ရက် နှင့် ၄ရက်က မြန်မာပြည်သို့ ပထမအကြိမ် လာရောက်ခဲ့စဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နှင့် တွေ့ဆုံခွင့် ရခဲ့သော်လည်း ၊ ယခုတကြိမ်တွင် တဆင့်နိမ့် အရာရှိများသာမက အနာဂတ်၏ ကြံ့ဖွံ့ခေါင်းဆောင် တချို့ နှင့်သာ တွေ့ခွင်ရခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်နှင့် သူ၏ အဖွဲ့သည် နေပြည်တော်တွင် တညနေထိုင်ပြီးနောက် ရန်ကုန်မြီု့သို့ပြန်လာပြီး မနက်ဖြန်နေ့လည် ၁နာရီတွင် အတိုက်အခံ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံရန် စီစဉ်ထား ပါသည်။ ထို့အတူ ဦးတင်ဦးခေါင်းဆောင်သော NLD ပါတီ ဗဟိုကော်မတီ ၁၀ဦးနှင့်လည်း မနက်ဖြန်နံနက် ၁၁ နာရီတွင် သူတည်းခိုမည့် အမေရိကန်သံရုံး ဧည့်ဂေဟာတွင် တွေ့ဆုံရန် စီစဉ်ထားသလို အခြား ထင်ရှားသော နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့်လည်း ထိုနေရာတွင်ပင် ရန်ကုန်မှ ပြန်လည် မထွက်ခွာခင် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားပါသည်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ရန်ကုန်မြီု့မှ မနက်ဖြန်ညနေ ရနာရီ တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

5.08.2010

Burma's News World's News

Nick Clegg, David Cameron and Gordon Brown at VE Day celebrations
Britain's third party discusses a power-sharing offer from the Conservatives, after an inconclusive UK election.
Passengers wait at Vigo airport 5.5.10 Map locator
Hundreds of flights are disrupted in Spain after 19 airports close as an ash cloud from the Icelandic volcano hits the country's north.
 
A Staten Island ferry in New York crashes into a pier and injures 60 people on board, though none of them seriously, officials say.
US Middle East envoy George Mitchell and Palestinian Authority President in Ramallah (7 May 2010) Harrods
Palestinian leaders in the West Bank back indirect negotiations with Israel, more than a year since peace talks broke off.
 
Upmarket London department store Harrods is sold by Mohammed Al Fayed for about $2.2bn to Qatar's investment arm.
Bishop Walter Mixa Gay pride parade march in Vilnius, Lithuania 8/5/10
Pope Benedict accepts the resignation of German Bishop Walter Mixa, who has been accused of hitting children.
 
Police fire tear gas as opponents of Lithuania's first gay pride parade throw stones and fireworks at marchers.
A crane lowers the containment device in the Gulf of Mexico off the coast of Louisiana, 6 May 2010 The prosecutor for the International Criminal Court Luis Moreno Ocampo, left, stands next to Kenyan Prime Minister Raila Odinga as he addresses the media at the office of the President in Nairobi, Kenya (5 Nov 2009)
A deadly blast on an oil rig in the Gulf of Mexico was caused by exploding methane gas, US media reports.
 
A top international prosecutor has flown into Kenya to investigate the country's post-election violence.

White Elephants Snubbed by Junta

By AUNG THET WINE
Three albino elephants that were celebrated during the rule of Gen Khin Nyunt are being ignored by the current military top brass.

Campbell Visit in Question

By LALIT K. JHA
Unless given permission to meet Suu Kyi, NLD leaders and ethnic representatives, US Assistant Secretary of State Kurt Campbell may cancel his visit to Burma.

US Senate Urges Review of Burma Policy

By LALIT K JHA
The US senate unanimously calls for the Obama administration to review its policy of engagement with the Burmese junta.

Thai Gov't Warns of Violence if Protests Persist

By DENIS D GRAY
Thailand's government warned “Red Shirt” protesters that more violence could erupt if the entrenched demonstrations. The warning came in the wake of double nighttime attacks that killed two policemen and wounded 13 people.
NEWS ANALYSIS

Noynoy Aquino Tipped to Win Philippine Election

By SIMON ROUGHNEEN
Depicted as a run-off between a saint, a CEO and a faded movie star, the Philippines election is being overshadowed by worries over a computerized vote-counting system.

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Assistant US Secretary of State Kurt Campbell chairs round table discussion with journalists at US embassy in Beijing, 14 Oct 2009

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ မြန်မာပြည်ကိုရောက်မယ်လို့ ဆိုပါတယ
250 statues Gautam Buddha

ဗုဒ္ဓရုပ်ပွားတော် ၂၅၀ ထိုင်းနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ပေးပို့လှူဒါန်း

၅၊၈၊၂၀၁၀
ထိုင်းနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ဗုဒ္ဓရုပ်ပွားတော် ၂၅၀ ကို ပေးပို့ လှူဒါန်းခဲ့ရာ အဆိုပါ ရုပ်ပွားတော်များကို ယမန်နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက စစ်တကောင်း မြို့တွင် အခမ်းအနားဖြင့် လက်ခံ ယူခဲ့သည်။ အပြည့်အစုံသို့
မယ်လစခန်း ကေ၀ိုင်အိုရုံး မီးလောင် ကွန်ပျူတာ (၇)လုံး ပျက်စီး
Sat, 8/05/10 – 6:06 | No Comment | Related articles
မေလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း ဇုံစီ ရပ်ကွက်(၂)ရှိ ကရင်လူငယ်အစည်းအရုံး (ကေ၀ိုင်အို)ရုံး ယနေ့မနက်တွင် မီး လောင်မှုတခုဖြစ်ပွားခဲ့ပြီး ကွန်ပျူတာ (၇)လုံး လောင်ကျွမ်းပျက်စီးသွားခဲ့သည်ဟု သိရသည်။

သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီစေချင်

သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီစေချင် မြန်မာပြည်မှာ ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်တွေဟာ သက်ဦးဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆနိုင်တယ်။ ဒီကနေ့အထိလဲ စဉ်ဆက်မပြတ်သက်ရောက်နေသေးတယ်။ လူတန်းစားအဆင့်ဆင့် တုံးအောက်ကဖားတွေလို ပြားနေကြရတာခံစားတတ်သူ့ ပုထုဇဉ်တိုင်းအတွက် စိတ်မကောင်းစရာပါ။
ဂီတအနုပညာသည်များနဲ့ နာရေးအနုပညာ
ကျော်သူ
မေ ၈၊ ၂၀၁၀
(မိုးမခက ပြန်လည် တင်ဆက်သည်)
သား - မောင်ကျော်သူ သို့ အမေ့လက်ဆောင် (၉ - ၉ - ၂၀၀၄) ဟူသော အမေ လူထုဒေါ်အမာ ရေးသားထားသည့် “မြန်မာ့မဟာဂီတ” စာအုပ်ကို ကျွန်တော်ပြန်လည် ဖတ်ရှုမိသောအခါ ကျွန်တော်၏ စိတ်အာရုံထဲတွင် အတွေးတစ်ချက်ရသွားသည်။ အမေကတော့ မြန်မာလူမျိုးတို့၏ ဂီတ .. မဟာဂီတ .. ရှေးသီချင်းကြီး သီချင်းခံတို့၏ ပေါ်ပေါက်လာမှု၊ ရပ်တည်မှု၊ ဖြစ်တည်မှု ဂုဏ်ယူဖွယ်ရာတို့ကို စေတနာ အရင်းခံ၍ ဂီတအကြောင်း ထဲထဲဝင်ဝင် ရေးသားထားသည်။
ကျွန်တော်သည် ဂီတနှင့် ကျွမ်းကျင်မှု၊ ရင်းနှီးမှု၊ နားလည်မှုတို့ မရှိခဲ့ရိုးအမှန်။ ဂီတကို နားဆင်ရန်၊ ခံစားရန်သာ ၀င်ဆံ့ခဲ့သည်။ သို့သော် အမေ့ရဲ့စာကို ဖတ်ပြီးသည့်နောက် ကျွန်တော်၏ အတွေးတစ်ချက်သည် နောက်ကြောင်းရာဇ၀င် တို့ကို ပြန်လည်ရောက်ရှိသွားသည်။ ဤတွင် ယခု စာစုတို့ ပေါ်ပေါက်လာခဲ့တော့သည်။ 
အပြည့်အစုံသို့ ...
 
မြန်မာ့အရေး လေ့လာသူ ကိုအာကြီးနဲ့ …
ဖိုးဇော် (စကားဝါမြေ)
မေ ၈၊ ၂၀၁၀
သတင်းကြေငြာသူ။       ။ မြန်မာနိုင်ငံ ဗုံးပေါက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး  နိုင်ငံရေး၊ စစ်ရေး၊ အချစ်ရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ အိမ်သာရေး၊ မိလ္လာရေး၊ နှလုံးထီရေး၊ ကုန်ဈေးနှုန်းရေး  အရေးအကုန်လုံးကိုလေ့လာသူ သုတေသီပညာရှင် ကိုအာကြီးနှင့် တွေ့ဆုံမေးမြန်ခန်း မကြာမကြာ၊ ခဏခဏ၊ ကတီးကတီး ပြန်လည်ထုတ်လွှင့်ချက်ကို ပြသမှာဖြစ်ပါတယ် ခင်ဗျာ။

အမေး။ ။ ကျမ တွေ့ဆုံမေးမြန်းမယ့်သူကတော့ နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ အိမ်သာရေး၊ မိလ္လာရေး၊ နှလုံးထီရေး၊ ဗေဒင်လက္ခဏာရေး၊ ကုန်ဈေးနှုန်းရေးများကိုလေ့လာသူ သုတေသီပညာရှင် ကိုအာကြီးပဲ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
ကာတွန်း စောငို - စစ်အာဏာရှင်၏ သံသရာ
မေ ၈၊ ၂၀၁၀

more

 

more

 

more

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ ပေးပို့လာတဲ့စာ....

ရန်ကုန်မြို့မှာ မနေ့က စ၍လုံခြုံရေးများ အထူးတင်းကြပ်လျှက်ရှိကြောင်း ပြည်တွင်းမှ စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ဆိုတဲ့ အမည်နဲ့ အီးမေးလ်ကနေ ဆက်သွယ် ပေးပို့လာတာကို ဖော်ပြလိုက်ပါတယ်။