6.10.2010
ငါးဖမ်းလှေပေါ်တွင် ရောင်းစားခံနေရသည့် မြန်မာအလုပ်သမားတစ်ဦးအား ရခိုင်လူငယ်တစ်ဦး စွန့်စားကယ်တင်
မေ ၉
ထိုင်းနိုင်ငံအလယ်ပိုင်း ခြုံဘူရီအပိုင် အချောင်လှေဆိပ် ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေရသည့် မောင်စိုးမင်းငြိမ်း ဆိုသည့် ရခိုင်အလုပ်သမားလူငယ်တစ်ဦးအား အခြားနေရာတွင် အခြေစိုက်နေထိုင်သည့် ရခိုင်လူငယ်တစ်ဦးက မောင်စိုးမင်းငြိမ်း အစ်ကို ကိုလင်းလင်းနှင့် စွန့် စားကယ်တင်လိုက်သဖြင့် ယမန်နေ့  နံနက်က လွတ်မြောက်လာခဲ့သည်။
ကယ်တင်ပေးသည့် ကို ဘမောင်က “သူ့ အစ်ကိုကျနော့်ဆီကိုဧပြီလ ၂၆ ရက်ကတည်းကရောက်နေတာပါ။ သူ့အစ်ကိုလည်းပွဲစားနဲ့တက်လာတာ၊ လှေကိုရောင်းစားခံရမယ့် အနေအထားကနေ ကျနော်ပဲ ရွေးထားတာပါ။ မနေ့ က ကမနက်စောစော ၃နာရီကတည်းက ကျနော်တို့  ဆိုင်ကယ်နဲ့ မောင်းသွားတာ ၃နာရီလောက်ကြာပါတယ်။ကျနော်တို့ က အဲဒီလှေဆိပ်မှာရှိတဲ့ ဈေးဆိုင်တွေနားမှာစောင့်နေပါတယ်။ သူတို့ ညီအစ်ကိုအချင်းချင်းမြင်တဲ့ အခါ စကားပြောစရာမလိုပဲ အထာပေါက်တာပေါ့ဗျာ။ နဲနဲလစ်တာနဲ့ကျနော် စက်နှိုးထားတဲ့ ဆိုင်ကယ်ပေါ်တင်ပြီး ပြေးလာခဲ့ပါတယ်။ ကယ်တင်ထယ်ဆိုတာထက် ပွဲစားတွေလက်ထဲက လုယူလာတာလို့ ပြောရမယ်ထင်တယ်”ဟု ပြောသည်။
အဆိုပါ ကိုဘမောင်ဆိုသည့် ရခိုင်လူငယ်မှာ ……….နယ်တွင် နေထိုင်သူဖြစ်ပြီး တစ်နှစ်ကျော်အတွင်း အကူညီတောင်းခံလာသည့် မြန်မာအလုပ်သမားများ စဉ်ဆက်မပြတ် တစ်ကိုယ်တည်း ကူညီနေသူ ဖြစ်ကြောင်း ပြောပြသည်။ သူ၏ ကူညီမှုများကိုဘန်ကောက်အခြေစိုက် အဖွဲ့အစည်း အချို့အား အသိပေးလေ့ရှိကြောင်းပြောသည်။ ပြီးခဲ့သည ဧပြီလအတွင်းက နေမကောင်းသည့် ကလေးငယ်တစ်ဦးအား ဆေးရုံတင်ပေးပြီးအပြန် ကော်ဖီထိုင်သောက်နေစဉ် ကိုဘမောင်အား သစ်သားတုတ်ဖြင့် အသေ၇ိုက် သတ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အသက်မသေပဲ ဆေး၇ုံတက်ရောက်ခဲ့ရသည်။
ဦးခေါင်းဘယ်ဘက်ခြမ်းတွင်၂လက်မကျော်ခန့် ဒဏ်ရာ၂ ချက်ရရှိခဲ့ပြီး ဘယ်လက်သန်း ကျိုးသွားခဲ့သည်။ ဘယ်လက်ညှိုးနှင့် လက်ခလယ်အလယ်မှ လက်ဝါးပြင်အလယ်နီးပါးအထိ စုတ်ပြဲခဲ့သည်။ ညာခြေသလုံးနှင့် ခြေထောက်တို့မှာ အရိုးကျိုးခါနီး အထိဒဏ်ရာရရှိခဲ့သည်။ ယခုအခါ ရုတ်တရက်ထရလိုက်လျှင် မူးနောက်သည့် ရောဂါကိုခံစားနေရသော်လည်း လူလူချင်းကျွန်ပြုနေမှုတို့အား တတ်နိုင်သမျှ လုပ်ဆောင်နေဦးမည် ဖြစ်ကြောင်းသူကဆိုသည်။
လွတ်မြောက်လာသည့် မောင်စိုးမင်းငြိမ်းက“ကျနော်တို့ ကိုမဲဆောက်မှာ ပွဲစားခေါ်တုန်းက ဘန်ကောက်က ကြက်သား၇ုံမှာအလုပ်လုပ်ရမယ်ဆိုလို့ လိုက်လာတာ၊အချောင်ရောက်မှ ရောင်းစားခံရမှန်းသိတော့တယ်။ ၂လကျော်ကျော်လုပ်နေခဲ့ရပါတယ်။ နားရတယ်မရှိပါဘူး၊ အလုပ်တစ်ခုခုမှားရင် ပါးစပ်နဲ့ မပြောဘူး၊ ပိုက်ဆရာက အနားမှာရှိတာနဲ့ကိုင်ပေါက်ပါတယ်။ ကျနော်တို့ ရှစ်လ လုပ်ဆပ်ရမယ်လို့ ပြောပါတယ်။ လွတ်ခါနီး အကိုတစ်ယောက်ကို မဲဆောက်မှာရှိတဲ့ ကျနော့်အစ်ကို ဖုန်းကိုပေးပြီးတော့ ကျနော်ရောင်းစားခံနေရပြီဆိုတာကို သတင်းပို့ခိုင်းခဲ့ပါတယ်။ ကျနော်ထောင်ကျနေရာက လွတ်သလိုခံစားရပါတယ်။ ကယ်တင်ပေးတဲ့ ကိုဘမောင်နဲ့ ကျနော့်အစ်ကို ကိုအထူးကျေးဇူးတင်ပါတယ်” အချောင်ပိုက်ဆိပ်တွင် မြန်မာလှေလုပ်သားများအား မွန်ပွဲစားများ၊ မွန်ပိုက်ဆရာများက ၀ယ်ယူထားလေ့ရှိပြီး ထိုင်းလူမျိုးများပိုင်ဆိုင်သည့် ငါးဖမ်းလှေများပေါ်တွင်အလုပ်လုပ်စေသည်။
ကိုလင်းလင်းက “ကျနော်လည်း ကျနော့်ညီ ရောင်းစားခံနေရတဲ့ သတင်းကိုကြားကြားခြင်း မဲဆောက်ကနေ၊ ပွဲစားနဲ့ တက်လာခဲ့တော့တယ်။ ဒီရောက်တော့ ကျနော့်ကို လှေကိုရောင်းစားမယ် လုပ်တယ်။ ကိုဘမောင်ပဲ ရွေးပေးထားပါတယ်။ ကျနော်နဲ့ ကိုဘမောင်နဲ့ လှေဝင်မယ်လို သတင်းကြားရင် လိုက်သွားကြတယ်၊ လွဲသွားတယ်။ ဒီလိုနဲ့ ကျနော်ဒီမှာ အလုပ်ဝင်လုပ်ရင်း ကျနော့်ညီကို စောင့်နေတာ။ မနေ့ က ကျနော့်ညီတို့  လှေပေါ်တက်ခါနီး အချောင်လှေဆိပ် နှစ်ခွတံတားနားက ဈေးဆိုင်မှာဈေးဝယ်နေတာတွေ့တယ်လေ။ ပွဲစားတွေလည်း ကျနော်တို့ကို စောင့်ကြည့်နေတာပဲ။ ကျနော်လည်းမထူးဘူး၊ သေခါမှသေရော ပွဲစားတွေ နဲနဲလစ်တာနဲ့  ညီလေးကို ခေါ်ပြီးပြေးလာခဲ့တော့တယ်”ဟု ပြောသည်။
လွတ်မြောက်လာသည့် အသက်၂၅နှစ်အရွယ် မောင်ငယ်(ခေါ်)မောင်စိုးမင်းငြိမ်းမှာ ၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နယ် မအီအုပ်စု၊ ပြင်ဝန်းအမှတ် ၄ရပ်ကွက်မှ ဖြစ်သည်။
အချောင်လှေဆိပ်တွင်ရောင်းစားခံထားရသည့် မြန်မာနိုင်ငံသားများရာပေါင်းများစွာရှိနေဆဲဖြစ်သည်။ လှေတိုင်းတွင် မြန်မာအလုပ်သမားများရှိသည်။ လှိုင်းမူး၍ဖြစ်စေ၊ ပင်ပန်း၍ဖြစ်စေ၊ ဖျားနာ၍ဖြစ်စေ မလုပ်မလုပ်လို၍ မရကြောင်း ထွက်ပြေးလာသူများကပြောသည်။ မြန်မာလှေသမားအချို့မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်နေရသော်လည်း လွတ်မြောက်နိုင်သည့် အခွင့်အလမ်းများမရှိသဖြင့် ရေထဲသို့ ခုန်ချပြီး မိမိကိုယ်အသက်ကို အဆုံးစီရင်သည့်ဖြစ်ရပ်များလည်းရှိသည်။ အချို့မှာ ပိုက်ဆရာများ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ ကြောင့် သေဆုံးရမှုများလည်းရှိသည်။
မြန်မာအလုပ်သမားများ ထွက်ပြေးလျှင် ၀ယ်ယူထားသည့် မွန်ပွဲစားများ လိုက်လံဖမ်းဆီးစရာမလိုပဲ အချောင်လှေဆိပ်အတွင်းရှိ ထိုင်း၇ဲများက ထွက်ပြေးသည့်လူများအား လိုက်လံဖမ်းဆီးပြီး မွန်ပွဲစားများထံ ပြန်လည်အပ်နှံပေးပြီး ငွေကြေးရယူကြောင်း လွတ်မြောက်လာသူများကပြောသည်။
နိုင်ငံတကာ လူကုန်ကူမှုတိုက်ဖျက်ရေးအဖွဲ့ များနှင့် ထိုင်းအခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ တို့ မှာ တစ်နေ့တခြား တိုးတက်လာနေသည့် ထိုင်းငါးဖမ်းလုပ်ငန်းခွင်အတွင်း တရားမ၀င် လူကုန်ကူးမှုများကို ထိရောက်စွာ အေ၇းယူဆောင်ရွက်နိုင်ခြင်းမရှိဖြစ်နေသည်။အတွေ့ အကြုံရှိသည့်အချို့ အဖွဲ့ အစည်းများက လည်း အဆိုပါ လူကုန်ကူမှုလုပ်ငန်းစဉ်အတွင်း ထိုင်းအာဏာပိုင်များ ပါဝင်ပါသက်နေသည်ကို အကြောင်းပြလျှက် မိမိတို့ အသင်းအဖွဲ့ရပ်တည်ရေး ထိခိုက်မည်ဟုဆိုကာ လက်ရှောင်နေကြောင်း တစ်ကိုယ်တော် စွန့် စားကယ်တင်နေသည့် ကိုဘမောင်က ပြောသည်။
ဒေသအခြေစိုက် အင်ဂျီအိုအဖွဲ့ များမှ မိမိတို့ အသက်အန္တရာယ်ကို အထူးစိုးရိမ်သဖြင့် လူကုန်မှုလုပ်ငန်းကို မသိချင်ယောင်ဆောင် နေရသည်။ အလားတူ ဒေသအခြေစိုက် ထိုင်း၇ဲများမှာလည်း လူကုန်ကူးမှုကြောင့် အထူးဖိအားပေးခံရသည့်အခါ ရှောင်တခင် အဖမ်းပြသော်လည်း ထိရောက်သည့် အရေးယူမှုကို လုပ်ဆောင်နိုင်ခြင်း မပြုလိုကြကြောင်း ဆက်လက်ပြောပြသွားသည်။ 
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
ထိုင်းတောင်ပိုင်း၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့ အစည်းများက ဒီရေရောက်သစ်ပင်များ စိုက်ပျိုး
Photobucket
မေ ၉
ထိုင်းသဘာဝပတ်ကျင်ထိန်းသိမ်းရေးအဖွဲ့ TEI ၊ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ဖွံ့ဖြိုးရေးအဖွဲ့ GHRE ၊ ထိုင်းရွာ လူကြီးများအဖွဲ့ နှင့် ထိုင်းကျောင်းသားများအဖွဲ့ တို့ စုပေါင်းအင်အား ၈၀ခန့် တို့ ကပြီးခဲ့သည့် မေလ ၅ရက်နေ့ တွင် ကျရောက်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေ့လည် ၁၂နာရီမှ ညနေ၄ နာရီအထိ ထိုင်းတောင်ပိုင်း ကော့ခေါ့ခေါင်ကျွန်း ကမ်းရိုးတန်းတွင် ပျိုးထားသည့် လမုပင် အပါအ၀င် အခြားဒီရေရောက်သစ်ပင် စုစုပေါင်း ၃၀၀၀ စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ဤလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သူတစ်ဦးဖြစ်သည့် FED မှ ကိုသောမတ်စ်က “သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးအောင်၊ ပြီးတော့ ဒေသခံလူထုတွေပိုင်ဆိုင်တဲ့ သစ်တော့ဧရိယာများအောင်ပြီးတော့ ။ ငါးပုဇွန်တွေ ခိုအောင်လာနိုင်တဲ့အတွက်ေ၇ထွက်ကုန်ပစ္စည်းထုတ်လုပ်မှု တိုးတက်လာအောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စိုက်ပျိုးကြတာဖြစ်ပါတယ်။
ထိုသို့ သစ်ပင်များစိုက်ပျိုးခြင်းသည် ရေရှည်တွင်အကျိုးထူးများခံစားရမည်ဖြစ်ပြီး ရေတိုက်စားသည့် အန္တရာယ်များကိုပါ ကာကွယ်ပေးသည်။ ကုန်းမြေနှင့် ဒီရေရောက်သစ်တောတို့၏ ခြားနားမှု သိသာထင်ရှားစေပြီး ထိုင်းလူမျိုးများအနေဖြင့် ယခုကဲ့သို့ လုပ်ငန်းစဉ်များနှင့်  အထူးရင်းနှီး ကျွမ်းဝင်နေပြီး ဖြစ်သည်။
“ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဒီလိုစိုက်ပျိုးမှုတွေကို စတင်ပြီးလုပ်သင့်ပါပြီ၊ ပျက်စီးမှ လုပ်ကိုင်တာထက်
ရှိတာကို မပျက်အောင်၊ ရှိတာထက်ပိုရှိလာအောင် လုပ်သင့်တယ်လို့ ယူဆပါတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် လူထုအခြေပြုလူ့အဖွဲ့ အစည်းများ အတိုင်းအတာတစ်ခုအထိ လှုပ်ရှားလည်ပတ်မှုရှိနေသဖြင့်
အများနှင သက်ဆိုင်သည့်လုပ်ငန်းရပ်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အခက်အခဲ အထူး
နည်းပါးကြောင်းသိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
ထိုင်းတောင်းပိုင်းဒေသများအတွင်း ဆူနာမိကယ်ဆယ်ရေးကြိုတင်ပြင်ဆင်
မေ ၈
ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်အတွင်းရှိ မြို့၊ရွာ ကမ်းခြေအပန်းဖြေစခန်းများအား ဆူနာမိ သတိပေးချက်များနှင့် အတူ ကယ်ဆယ်ရေးလုပ်ငန်းများအစမ်းလေ့ကျင့်ခြင်းများကို ထိုင်းအစိုးရနှင့် ဒေသအခြေစိုက် အင်ဂျီအိုအဖွဲ့ များက ပြင်ဆင်လျှက်ရှိသည်။
တကွန်ပါမြို့ နယ်၊ ကူရပူရီ၊ တကွာထုန်း၊ ထိုင်းမွန် စသည့် မြို့ နယ်၎ခုတို့ အား အဓိကထား လေ့ကျင့်ပြင်ဆင် လျှက်ရှိသည်။ ဖန်ငအခြေစိုက် ပညာရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း GHRE မှ ဆူနာမီ ကယ်ဆယ်ရေးကော်မတီဝင် ကိုမိုးဝေက“ထိုင်းမိုးလေ၀သနှင့် ဇလဗေဒ အပါအ၀င် ထိုင်းသတင်းဌာနတွေက လာမယ့် မေလ ၁၂ ရက်နေ့ မှာ ဆူနာမီ အထူးသတိပေးထားပါတယ်။ ကျနော်တို့ ကတော့ မေလ ၁၁ ရက်၊၁၂ရက်နဲ့ ၁၃ အထိ စောင့်ကြည့်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီ့မတိုင်ခင် ဟယ်လီကော့ပတာ (ရဟတ်ယာဉ်)နဲ့  ၀ဲနေတယ်။သင်္ဘောတွေက ရေထဲက  လူတွေကို ဆယ်ယူတယ်၊ ကမ်းစပ်မှာ လူနာတင်ကားတွေ၊ အလောင်းတင်ကားတွေစသဖြင့် တကယ်ဖြစ်နေတဲ့ အနေအထားနဲ့ ကျနော်တို့လေ့ကျင့် ပြင်ဆင်ထားပါတယ်။ ပြီးတော့ဘေးလွတ်ရာမှာ တည်းခိုးဆောင်၊ စားသောက်စရာ၊ ဆေးဝါး၊ သူနာပြု စတာတွေ အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ပါတယ်”ဟု ပြောသည်။
ဒေသဆိုင်ရာ အစိုးရက သူနာပြုယာဉ်(ဆေးရုံးအရေးပေါ်ကား)၁၀စီနှင့် GHREမှ ဟိုင်းလတ်ကား ၄စီးတို့ အား အဆင်သင့် ပြင်ဆင်ထားသည်။ ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် ဆူနာမီဘေး အန္တရာယ် ကျရောက်တုန်းကာလက ဒေသတွင်း ထိုင်းလူမျိုးများက ထိုင်းအိမ်များမှ ပစ္စည်းများအား မြန်မာ အလုပ်သမားများ ခိုးဝှက်ကြောင်း စွတ်စွဲပြောဆိုမှုများရှိခဲ့သဖြင့် ယခုလေ့ကျင့်မှုတွင် ထိုင်းတစ်ယောက် မြန်မာတစ်ယောက် ကယ်ဆယ်ရေးအဖွဲ့အကျီများ ၀တ်ဆင်ပြီး ပူးတွဲ ဆောင်ရွက်ကြမည်ဖြစ်သည်။ ကယ်ဆယ်ရေးအကျီမှာ အနက်ရောင်ဝစ်စကုတ်ဖြစ်ပြီး အစိုးရ ကယ်ဆယ်ရေး လက်ဝါးတံဆိပ်အပါအ၀င် အခြားအဖွဲ့ အစည်းများ၏ အမှတ်အသားများအား ရိုက်နှိပ်ထားသည်။
GHRE မှ ဆူနာမိဆိုင်ရာ အဖွဲ့ဝင် သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ကိုသောမတ်က“ မြန်မာ အလုပ်သမားတွေ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်ရရှိဖို့။ မတိကျပဲ မထိတ်လန့်အောင် ဖြစ်လာရင် အကောင်းဆုံး ပြင်ဆင်နိုင်အောင် တယ်လီဖုန်းတွေနဲ့ ဆက်ပါမယ်။ အနီးပတ်ဝန်းကျင်ကိုတော့ သတိပေးချက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေပါတယ်။ ဆူနာမီ အကယ်၍ဖြစ်လာခဲ့ရင် အရေးပေါ်ပေါ့လေ ကြိုပို့တာတော့ မဖြစ်နိုင်တော့ဘူး။ သတ်မှတ်တဲ့နေ၇ာကပဲ လုပ်နိုင်တော့မယ်။ အဲဒီသတ်မှတ်တဲ့ နေရာကို ရောက်အောင်လူတွေပြေးလာရပါမယ်။ ခု အယင်တုန်းက အတွေ့ အကြုံတွေအရ လမ်းမပေါ်တက်ပြေးရင် ကားတိုက်လို့ ၊ ဆိုင်ကယ်တိုက်လို့ သေသွားတာတွေရှိပါတယ်။ အဲဒီလိုမဖြစ်အောင် ကားလမ်းဘေးကပြေးဖို့ ဒေသခံထိုင်းတွေကိုရော မြန်မာအလုပ်သမားတွေကိုပါ အသိပေးထားပါတယ်”ဟု ပြောသည်။
ဒေသတွင်း မြန်မာအလုပ်သမားများအနေဖြင့် GHRE ရုံးဖုန်း 076 486 531 ။ကိုမိုးဝေ 087 277 3424 နှင့် ကိုသောမတ် 081 087 1535 တို့ သို့ ဆက်သွယ်နိုင်ကြောင်း တာဝန်ရှိသူများကပြောသည်။
ထိုင်းအစိုးရအနေဖြင့် ၂၀၀၄ ခုနှစ်က ကြိုတင်ပြင်ဆင်နိုင်မှုမရှိခဲ့သဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ယခုသတိပေးကာလအတွင်း အဆိုပါ ပူပေါင်းကယ်ဆယ်ရေးကော်မီတီတွင် အ၀တ်အထည်၊ ခြုံစောင်များ၊ သောက်ရေသန့်များ၊ ဆေးဝါးများ၊ အစားအစာများ၊ အဆင်သင့်ပြင်ဆင် စုဆောင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
6.08.2010
Burma's News World's News
Iranian President Mahmoud Ahmadinejad at news conference in Istanbul on 8 June 2010
President Mahmoud Ahmadinejad warns Iran will not agree to talks on its nuclear programme if new UN sanctions pass this week.
China-North Korea bridgeRussian security forces at scene of Polish president's plane crash
China says a guard from its ally North Korea shot and killed three people on the Chinese side of the border last week.
Four Russian soldiers are charged over the theft of credit cards from the wreck of the Polish president's plane, officials say.
Stock market in BarcelonaJerome Kerviel arriving at court
Spanish public sector workers launch their first major strike in protest at austerity measures, including a 5% cut in pay.
The trial of Jerome Kerviel, an alleged "rogue trader" blamed by Societe Generale for 4.9bn euros in losses, begins in Paris.
QUOTABLE
“We have seen the related articles in the media and we are now assessing the information. And, if necessary, we will seek clarification from Myanmar [Burma].”
– Yukiya Amano, head of the International Atomic Energy Agency (IAEA)
New Political Parties to Start Websites
By LAWI WENG
At least two new political parties in Burma will launch a website as a strategic part of their election campaign.
A nuclear nightmare
Ambassador Denies Nuclear Allegations; UN to Investigate
By BA KAUNG
Burma's ambassador to Singapore dismisses a media report claiming that the country is developing nuclear weapons, as the UN's nuclear watchdog says it will assess the latest evidence.
Police Question Missile Expert Defector's Family
By SAW YAN NAING
Burmese authorities have questioned members of the family of the defector Maj Sai Thein Win following his televised disclosures of Burma's nuclear program.
Brit Photographer Wins PX3 for Burma Work
By DAVID PAQUETTE
British photographer James Mackay wins 1st and 2nd prizes at the Prix de la Photographie Paris Awards for his work on Burma.
Donors Urged to Demand Faster Cambodia Reforms
By IRWIN LOY
The majority of the population in Cambodia lacks legal land titles, a result of Khmer Rouge regime that emptied Phnom Penh of its inhabitants and stripped away private ownership.
IAEA ‘assessing’ Burma nuclear claims thumbnail
IAEA ‘assessing’ Burma nuclear claims
UN atomic agency is investigating reports and 'may seek clarification' from Burmese government about evidence of a nuclear weapons programme
Civil servants return to Wa region thumbnail
Civil servants return to Wa region
The return of education workers may signal an easing of tensions between the Wa army and the Burmese government over the issue of border militias
Paltry payout for mass land grab thumbnail
Paltry payout for mass land grab
Farmers compensated less than one percent of estimated cost of land confiscated in 2006 by the Burmese army in Magwe division
မြန်မာ့သတင်း ကမ္ဘာ့သတင်း
မြန်မာနျူကလီးယားအရေး IAEA စုံစမ်းမည်
နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြန်မာစစ်အစိုးရ ကြိုးစားနေတယ်ဆိုတဲ့ အစီရင်ခံစာအပေါ် IAEA က လေ့လာ သုံးသပ်နေပြီလို့ ပြောကြားလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
ခန္ဓာကိုယ်တွင်း ဟီးရိုးအင်းဝှက်၍ တရုတ်ပြည်ဝင်သည့် အမျိုးသမီးများ မိုင်းလားတပ်ဖွဲ့ဖမ်းမိ
 ခန္ဓာကိုယ်တွင်း ဟီးရိုးအင်းဝှက်၍ တရုတ်ပြည်ဝင်သည့် အမျိုးသမီးများ မိုင်းလားတပ်ဖွဲ့ဖမ်းမိခန္ဓာကိုယ်အတွင်း ဟီးရိုးအင်းဝှက်ထည့်ကာ တရုတ်ပြည်ထဲသို့ ခိုးဝင်သည့် အမျိုးသမီး အယောက် ၃၀ ထက် မနည်း ဖမ်းဆီးရမိကြောင်း မိုင်းလား မူးယစ်ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်း ကပြောပါသည်။
ဝ နယ်အတွင်း ကျွံဝင်ထောက်လှမ်းသည့် နအဖ ပုလိပ် အဖမ်းခံရ
ဝ နယ်အတွင်း ကျွံဝင်ထောက်လှမ်းသည့် နအဖ ပုလိပ် အဖမ်းခံရ၀ နယ်အတွင်း ၀င်ရောက်ထောက်လှမ်းသည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းအခြေစိုက်ပုလိပ်အား ၀  အာဏာပိုင်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။
နျူကလီးယားသတင်းပျံ့မှုကြောင့် ကျောက်မဲမြို့၌ နအဖ ထောက်လှမ်းရေးတိုးချ
နျူကလီးယားသတင်းပျံ့မှုကြောင့် ကျောက်မဲမြို့၌ နအဖ ထောက်လှမ်းရေးတိုးချနအဖ စစ်အုပ်စု၏ နျူကလီးယားစီမံကိန်းသတင်း ထုတ်ဖေါ်သူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ဇာတိ ကျောက်မဲမြို့၌စစ်ထောက် လှမ်းရေး အများအပြားတိုးချဲ့ချထားကြောင်း မြို့ခံများက ပြောပါသည်။
ခွဲခြား နှိမ့်ချသည့် အုပ်စုတွင် ဆရာဝန် အများဆုံး ပါဝင်
ခွဲခြား နှိမ့်ချသည့် အုပ်စုတွင် ဆရာဝန် အများဆုံး ပါဝင် ကြောင်း Marie Stopes International (Myanmar) မှ ဆရာဝန်ကြီး တစ်ဦးက ပြောသည်။ အထူး သဖြင့် အေ့စ် ရောဂါ ဝေဒနာ သည်များ အပေါ် ခွဲခြား ဆက်ဆံမှု များသည် ဆရာဝန် အုပ်စုများအ တွင်း အများဆုံး ဖြစ်သည်။ "ကျွန်တော် ပြောရင် စိတ်ဆိုးမယ်။ လက်အိတ် စွပ်ပြီး ကိုင်တာတို့၊ ငွေ နှစ်ဆ တောင်းတာတို့၊ မကိုင် ချင်တာတို့၊ မကုချင် တာတို့၊ ဆေးခန်းကို မလာစေချင် တာတို့ ဒီလို
ဝံသာနု အင်န်အယ်ဒီ တစ်နိုင်ငံလုံး ၀င်ပြိုင်ရန်ဆုံးဖြတ်
မန္တလေးမြို့ အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သော ၀ံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီသည် လာမည့် ၂၀၁၀ ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ၌ ယခင်က တိုင်း ဒေသကြီး အတွင်း ၌သာ စည်းရုံးရန် ရည်ရွယ်ခဲ့ သော်လည်း အသင်းသား အားလုံး၏ သဘော တူညီချက်ဖြင့် ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံး မည့် ပါတီ အဖြစ် မှတ်ပုံတင် ခဲ့ကြောင်း သိရသည်။ "အစပိုင်း မှာတော့ မန္တလေးတိုင်း အခြေစိုက် အနေနဲ့ပဲ ပါဝင်ယှဉ်ပြိုင် ဖို့ပါ။
ခြေလှမ်းစနေပြီ ဖြစ်သော ပုဂ္ဂလိက ဘဏ်သစ်များ
မြန်မာနိုင်ငံ ပုဂ္ဂလိက ဘဏ်လောကတွင် နောက်ထပ် ဖွင့်ခွင့်ရ ဘဏ် လေးခုတို့ မကြာမီ ပေါ်ထွန်း လာမည် ဖြစ်ရာ ယခုအခါ အဆောက် အဦး၊ ၀န်ထမ်း နှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ၀န်ဆောင်မှု ပစ္စည်း ကိရိယာ တို့အတွက် စတင်ပြင်ဆင် လုပ်ကိုင် နေကြပြီ ဖြစ်သည်။ ယင်းဘဏ် လေးခုမှာ နှစ်လခန့် အတွင်း လုပ်ငန်းများ အပြီးသတ် ပြင်ဆင်ကာ သြဂုတ်လ ခန့်တွင် ဖွင့်လှစ်ဖွယ် ရှိသည်ဟု သိရသည်။ ဖွင့်လှစ်ခွင့် ရသော ပုဂ္ဂလိက ဘဏ်
ဆေးခန်းအချို့ HIV/AIDS မရှိကြောင်း လက်မှတ် အတုများ ထုတ်ပေးနေ
အချို့သော ဆေးခန်း များသည် အိတ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် မရှိကြောင်း လက်မှတ် အတုများ ထုတ်ပေး နေကြောင်း Marie Stopes International (Myanmar) မှ ပြော သည်။ အိတ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် ဖြစ်လျှင် အပြစ်တင် ခံရခြင်း များနှင့် သိက္ခာ ကျမှု အဖြစ် လူမှု ပတ်ဝန်းကျင် သတ်မှတ် မှုများကြောင့် ယင်းကဲသို့ လိမ်လည်မှုများ များပြား လာနေသည်။ မင်္ဂလာ ဆောင်ရန်
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား တိုးမြှင့် ဖြန့်ဝေ မည်ဟုဆို
မိုးရာသီ ကာလ ဖြစ်သော်လည်း အချိန်ပိုင်း အလှည့်ကျ စနစ်ဖြင့်သာ လျှပ်စစ် ဓာတ်အား အသုံးပြုနေ ရသော ရန်ကုန် မြို့တော်၌ ဇွန်လ ဒုတိယပတ် နှောင်းပိုင်းမှ စတင်၍ လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဝေ ပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့ အကြီးတန်း အင်ဂျင်နီယာ တစ်ဦး၏ အဆိုအရ သိရသည်။ ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေး ရွာမှ တစ်ဆင့် သွယ်တန်း
မြန်မာ နျူကလီးယားဆိုင်ရာ အထောက်အထား IAEA စိစစ်
မြန်မာ နျူကလီးယားဆိုင်ရာ အထောက်အထား IAEA စိစစ်
မြန်မာ နျူကလီးယား လျှို့ဝှက် စီမံကိန်းနှင့် ပတ်သက်၍ အသစ် ထွက်ပေါ်လာသော အထောက် အထားများကို ကြည့်ရှု စစ်ဆေး နေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ
ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိသားစုဝင်များ စစ်ဆေးခံရ
ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိသားစုဝင်များ စစ်ဆေးခံရ
စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းအား ဖော်ထုတ် လိုက်သော ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိသားစုဝင်များကို အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
နိုင်ငံရေးပါတီများ ဝက်ဘ်ဆိုက်တင်လာကြ
၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများသည် ၎င်းတို့ ပါတီနှင့် မဲဆန္ဒရှင်များ အကြား ဆက်သွယ်ရေး နည်းလမ်း တခုအဖြစ် အင်တာနက် စာမျက်နှာများ၊ ဘလော့ဂ်များ
နယ်ခြားစောင့်တပ်ကိစ္စ DKBA ကို ပြင်းထန်စွာ သတိပေး
စစ်အစိုးရက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ကို လာမည့် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံး ထား၍ နယ်ခြားစောင့် တပ်ဖွဲ့ရန် ပြီးခဲ့သော
နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ
မယ်လဒုက္ခသည်စခန်းတွင် ၀မ်းရောဂါဖြစ်ပွားမှု စိုးရိမ်စရာရှိ
မယ်လဒုက္ခသည်စခန်းတွင် ၀မ်းရောဂါဖြစ်ပွားမှု စိုးရိမ်စရာရှိ
အခုရောဂါဖြစ် ပွားနေတဲ့လူတွေက ရပ်ကွက် (၃) ခုက လူတွေပဲ ရှိသေးတယ်၊ အခြားရပ်ကွက်တွေ မပါသေးဘူး။ အခြားရပ်ကွက်တွေပါ ဖြစ်မယ်ဆိုရင် ကျနော်တို့ဆေးရုံမှာ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး၊ မယ်လစခန်းမှာ အဓိကပြဿနာက ရေပဲ။ ရေမလုံလောက်တော့ လူတွေက
မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံဆု (၂) ဆု ချီးမြှင့်
more
more
more
more
more
more
more
more
more
more
္ဘဗိတိသျှဓာတ်ပုံဆရာ မြန်မာပြည်ဆိုင်ရာဓာတ်ပုံများဖြင့် နိုင်ငံတကာဆုရရှိ
နိုင်ငံရေး အကျဉ်းသား ဦးအေးကို အယူခံ အနိုင်ရ္ဘပီးမှ တိုက်ပိတ်ခံရ
ပြန်ခေၞဖိုႛ ကြိုးစားနေခိုက် ကလေးစစ်သား ရပ်ဝေးအပိုႛခံရ
နှစ်ကြာ ပျောက်နေသည့် ကျောင်းသား စစ်ထဲရောက်နေမှန်း ယခုမှသိရ