6.25.2010

ယာယီပတ်စပို့ ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမတစ်ဦး သတ္တိရှိရှိရင်ဆိုင်

ဇွန် ၂၅
ဘန်ကောက်မြို့ လုမ္ပနီမြေအောက် ရထားဘူတာရုံတွင် အလုပ်ကိစ္စဖြင့် ရထားစီရန်စောင့်ဆိုင်းနေသည့် မြန်မာ အလုပ်သမ တစ်ဦးအား ထိုင်းလ၀က ရဲနှစ်ဦးက ဖမ်းဆီးခဲ့သည့်ကို သတ္တိရှိရှိ ရင်ဆိုင်လိုက်သဖြင့် ငွေမကုန်ပဲ ပြန်လည် လွတ်မြောက်လာခဲ့ သည်။
ယနေ့ နံနက်ရှစ်နာရီကျော်ခန့် မိတ်ဆွေတစ်ဦးထံသို့ သွားရန် အဆိုပါဘူတာရုံတွင်မဇာခြည်ဆိုသူ စောင့်ဆိုင်းနေစဉ် ပုလိပ်က ဘတ်ကို တောင်းကြည့်ခဲ့သည်။ ယာယီပတ်စပို့ စာအုပ်တွင် စမူပါကန်နယ်မြေတွင် အလုပ်လုပ်ကိုင်ကြောင်းပါရှိသည်။
မဇာခြည်က “စမူပါကန်စာအုပ်နဲ့ ဘန်ကောက်ကို လာလို့မရဘူး၊ စမူပါကန်မှာပဲသွားလို့ရမယ်လို့ ပြောတော့ ကျမက ယာယီပတ်စိပို့က ထိုင်းနိုင်ငံအတွင်း အားလုံးနေရာကို လုပ်လို့ရတယ် မဟုတ်ဘူးလားလို့မေးပါတယ်။ ဆိုတော့ WORK PERMIT မပါဘူးလို့ ပြောပြန်တယ်။ ဘတ်၄၀၀၀ ပေးရမယ်လို့ ပြောပါတယ်။ ကျမကပြောတယ်၊ WORK PERMIT က ကျမ သုံးလပြည့်တဲ့ အခါမှလုပ်မယ်။ အချိန်ရှိသေးတယ်၊ ပြီးတော့ ခုတောင်းတဲ့ ပိုက်ဆံလည်းမရှိဘူး၊ မပေးနိုင်ဘူး။ ရဲစခန်း ခေါ်ချင်ခေါ်သွား၊ ကျမမှာ အထောက်အထား အပြည့်အစုံရှိတယ်လို့ ပြန်ပြောပါတယ်” အဆိုပါထိုင်းပုလိပ်နှစ်ဦးကကားပေါ်တွင် တင်ဆောင်ပြီး မဇာခြည်နှင့်အမျိုးသမီးသူငယ်ချင်းတို့နှစ်ဦကို IDC ဌာနချုပ်သို့ ခေါ်ဆောင်လာခဲ့သည်။ သူငယ်ချင်းဖြစ်သူမှာ စာရွက်စာတမ်းအားလုံး ပြည့်စုံသူဖြစ်သည်။
ပတ်စပို့လုပ်ထား၍ လွတ်လပ်စွာ သွားလာနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးသည့် ပုလိပ်များထက် အဆင့်မြင့်သော တာဝန်ရှိသူများက လက်မှတ်ထိုးထားကြောင်း၊ သို့ဖြစ်၍ ဖုန်းဆက်ကြည့်နိုင်ကြောင်း ပြန်လည်ရှင်းပြခဲ့သည်။ ဖမ်းဆီလာသည့် ပုလိပ်များကလည်း ဖုန်းဆက်ကြည့်ခဲ့သည်။ ထို့နောက်ဖမ်းဆီးပြီး ပြန်လည် ပို့ဆောင်မည်ဆိုပါကလည်း ပုလိပ်များ၏ အမည်ကို ပြောရန်နှင့် ကိုယ်ပိုင်နံပါတ်များကိုပါ ပြောရန်တောင်းဆိုခဲ့သည်။
“ကျမ မကျေနပ်ဘူး၊ ကျမဈေးရောင်းတယ်၊ ခုလိုမတရား ဖမ်းဆီးခံလိုက်ရတော့ ကျမ မနက်ပိုင်းအလုပ်ပျက်
တယ်။ နစ်နာတယ်။ တရားစွဲလို့ရရင် တရားစွဲချင်တယ်၊ ငွေအကုန်ခံပြီးပတ်စပို့ လုပ်ထားတာ၊ မရှိခင်တုန်းကလည်း ထိုင်းပုလိပ်ကိုကြောက်၊ ရှိတော့လည်း ပေးရအုံးမလား၊ မပေးဘူး၊ ကျမတော့ မကြောက်ဘူး”ဟု ပြောသည်။
အသက်၁၈နှစ်အရွယ် မဇာခြည်မှာ ကရင်ပြည်နယ် ဘားအံမြို့ကဖြစ်ပြီး အ၀တ်အထည်များ ရောင်းချသည့်
ဈေးသည် တစ်ဦးဖြစ်သည်။

အာဆီယံပြည်သူ့ အတိုင်ပင်ခံ အကြိုစည်းဝေးပွဲ ဘန်ကောက်တွင်ကျင်းပ

ဇွန် ၂၆
လာမည့် စက်တင်ဘာလခန့်တွင် ကျင်းပမည့် ဗီယင်နမ်နိုင်ငံတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် Asean People Forum အစည်းတွင် လူထုအခြေပြု လူ့အဖွဲ့အစည်းများ အနေဖြင့် မည်သို့သော အချက်အလက် များကို တင်ပြကြမည်ကို ညှိနှိုင်းတိုင်ပင်ကြသည့် နိုင်ငံတကာအစည်းဝေးပွဲအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ယနေ့ ကျင်းပခဲ့ကြသည်။
ယနေ့ တစ်နေကုန် ကျင်းပသည့် အကြိုစည်းဝေးပွဲတွင် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၅ဖွဲ့ခန့်တက် ရောက်ခဲ့ပြီး လာမည့် အာဆီယံ အစည်းဝေးပွဲတွင် လူထုအခြေပြု လူ့အဖွဲ့အစည်းများ အနေဖြင့် မည်သို့ သော အကြောင်းအရာများကို တင်ပြကြမည်ကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းဖန်ငအခြေစိုက် FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းမှ ကွင်းဆင်း ပညာပေး အရာရှိ ဦးကျော်လင်းဦးက “အယင်တုန်းကလို အာဆီယံခေါင်းဆောင်တွေနဲ့  ပြည်ပအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံခြင်း အစီအစဉ်တော့ မပါတော့ဘူး။ အယင်အာဆီယံပွဲတွေတုန်းက မခင်ဥမ္မာတို့၊ ကမ္ဘောဒီယားက အတိုက်အခံတို့ကို ၀န်ကြီးချုပ် တွေက မတွေ့လိုဘူးလေ။ သူ့တို့ဒီလူတွေကို မတွေ့ချင်ဘူး၊ အဲဒီလိုပြဿနာတွေ ရှိခဲ့တော့ ပြီးခဲ့တဲ့ အာဆီယံ ကတည်းက ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက ပြောတာကတော့ အားလုံးလာနိုင်တယ်ပေါ့၊ ဒါပေမယ့် သက်ဆိုင်ရာနိုင်ငံ အစိုးရတွေရဲ့ ခွင့်ပြုမှုကို တောင်းကောင်းတောင်းရမယ်လို့တော့ ပြောပါ တယ်” ဟု ပြောသည်။
လာမည့် အာဆီယံအစည်းအဝေးတွင် ပြည်ပအခြေစိုက် မြန်မာအဖွဲ့အစည်းများ တက်ရောက်ခွင့်ရရှိရေးမှာ မသေခြာခြင်းကြောင့် ပြည်ပအတိုက်အခံ အင်အားစုများအနေဖြင့် ဖြစ်လိုသည့် ဆန္ဒများကို အကြိုဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း ကိုကျော်လင်းဦးက ပြောသည်။
“ထုံးစံအတိုင်းပေါ့ဗျာ အာဆီယံဒေသတွင်း လူအခွင့်အရေး၊ လူကုန်ကူးမှု၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်တွေ၊ ဒေသတွင်း တစ်ခုလုံးပေါ့နော်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့မှာလည်း တရားမ၀င်အလုပ် သမား ဘာညာဆိုပြီး ဖမ်းနေကြတာတွေ၊ လတ်တလော ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ခြားသား အလုပ်သ မားတွေကို ဖမ်းဆီးနေတာတွေဆိုတာ မလုပ်သင့်တဲ့ လုပ်ရပ်အဖြစ် နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။
တရားမ၀င်တဲ့ အလုပ်သမားဆိုတဲ့ ဝေါဟာရဆိုတာ ရှိကိုမရှိသင့်ဘူး၊ လူတိုင်း ရွေ့ပြောင်း လုပ်ကိုင်နေ ကြတာတွေကို အဓိက စဉ်းစားကြပါတယ်”ဟု ပြောဆိုသွားသည်။
အစည်းဝေးတွင် လူ့အခွင့်အရေးအုပ်စု၊ အလုပ်သမားအရေး ဆိုင်ရာအုပ်စု၊ လူကုန်ကူးမှု ဆိုင်ရာအုပ်စု စသည်ဖြင့် သီးခြားစီလည်း ဆွေးနွေးကြပြီး အာစီယံအစည်းဝေးပွဲကြီး မတိုင်ခင်တွင် နောက်ထပ် ညှိနှိုင်းအစည်းဝေး လုပ်ကြအုံးမည်ဖြစ်ကြောင်း ဦးကျော်လင်းဦးက ဆက်လက်ပြောဆိုသွားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

6.24.2010

UN press release report about Children and mother dead in Burma

Press Release_MDG Report 2010

“ မဲဆောက်မြို့က မြန်မာရွေ့ပြောင်းအလုပ်သမားများ ပုံသေနည်း”



ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ လုပ်ငန်းရှင်များအသင်းက အစိုးရကို တင်ပြထားတဲ့ စါရင်းအရ၊ မဲဆောက်အပါ အ၀င်တာ့ခရိုင်အတွင်းမှာ ကားဝပ်ရှော့နှင့် ဂဟေဆော်သည့် အလုပ်ရုံအသေးစားအပါအ၀င် စက်ရုံအလုပ်ရုံပေါင်း၅၀၀ခန့် ရှိပါတယ်။ မဲဆောက်မြို့မှာ အလုပ်သမား အရေအတွက် နှစ်သိန်းခွဲ ၀န်းကျင်ထက်မနည်း ရှိပါတယ်။ အလုပ်သမားတစ်ယောက် လုပ်အားခတစ်နေ့ကို ၁၅၃ဘတ်ပေးရမယ်လို့ ထိုင်းအစိုးက သတ်မှတ်ထားပါတယ်။ ဒါပေမယ့် မြန်မာအလုပ်သမားတွေ အမှန်တကယ်ရရှိတဲ့ နေ့တွက်က အနည်းဆုံး ဘန်၄၀ကနေ ဘတ်၇၀၀န်းကျင်သာ ရရှိကြတာကြောင့် ထိုင်းအစိုးရ သတ်မှတ်ဈေးထက် အများကြီး ကွာခြားနေပါတယ်။

မြန်မာတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပေါင်း ရာချီရှိတဲ့အနက် အလုပ်သမားအဖွဲ့ ရှစ်ဖွဲ့ဝန်းကျင်ရှိတဲ့ မဲဆောက်မှာ ဘာဖြစ်လို့ အစိုးရ သတ်မှတ်တဲ့အတိုင်း အလုပ်သမားတွေ မှန်မှန်ကန်ကန်ရရှိအောင် မလုပ်နိုင်ကြတာလဲ။ မေးမြန်းစုံစမ်းပြီး အသံစုံကို နားထောင်ကြည့်တော့ ဒီလိုပါတဲ့။

မဲဆောက်မြို့က စက်ရုံအလုပ်သမား အတော်များများကို မေးကြည့်တော့ သူတို့တွေဟာ မဲဆောက်အခြေစိုက် အဖွဲ့အစည်းတွေနဲ့ သိပ်မပတ်သက်ချင်ကြဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဓါတ်ပုံတွေရိုက်ကြတယ်၊ ဗွီဒီယိုတွေ ရိုက်ကြတယ်။ မြန်မာပြည်ကို အပြန်ရခက်မှာကို စိုးရိမ်ကြတယ်လို့ အချို့က ဆိုပါတယ်။ အချို့ကျတော့ အလုပ်လာလုပ်တာ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ မပတ်သက်ချင်ဘူး။ ရှုပ်ရှုပ်ရှက်ရှက် မလုပ်ချင်ဘူးလို့ ပြောသူက ပြောပါတယ်။ မဲဆောက်မှာ အလုပ်လုပ်နေကြတဲ့ လူအတော်များများဟာ နယ်စွန်နယ်ဖျားက လူတွေများတာကြောင့် သူတို့က၊ မဲဆောက်မှာ ဘတ်၇၀ ရတာ မြန်မာငွေ ကျပ်၂၀၀၀ ကျပ်၃၀၀၀ ရနေပြီလေ။ ဗမာပြည်မှာထက် သာတယ်လေ၊ ဗမာပြည်မှာ ဘယ်မှာပဲလုပ်လုပ် တစ်နေကုန်လုပ်မှ ကျပ်တစ်ထောင်ပဲ ရတယ်လေ။ မိသားစုထမင်းနပ်မမှန်ဘူး။ ဒီမှာဘာပြောစရာလိုလဲ တော်ပြီးပေါ့လို့ ဆိုကြပြန်တယ်။ အချို့ကျတော့လည်း ဒီဘက်ကအဖွဲ့ အစည်းတွေနဲ့ရောပြီး အလုပ်သမား အခွင့်အရေး၊ ရက်မှန်ကြေးရအောင် ကျနော်တို့ တိုက်ပွဲဝင်တယ်ဆိုပါစို့။ ကျနော်တို့ အလုပ်ပြုတ်မယ်။ ၀င်ငွေမရဖြစ်မယ်။ အလုပ်သမားအဖွဲ့တွေက နာမည်ရသွားတယ်။ ဆုံးရှုံးတာက ကျနော်တို့ပဲလေလို့ ပုံသေနည်းချသူက ချထားကြပြန်တယ်။

အလုပ်သမားအရေး ဆောင်ရွက်တဲ့ လူငယ်တစ်ဦးကတော့ ကျနော်တို့က အလုပ်သမား အခွင့်အရေးတွေကို သိရှိအောင် အမြဲလုပ်ပါတယ်။ ဒါပေမယ့် မြန်မာအလုပ်သမားတွေက မဲဆောက်မှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တိုက်ရမှန်းမသိဘူး၊ မဲဆောက်မှာလုပ်တာ(၁)မြန်မာပြည်မှာထက် ၀င်ငွေသာတယ်။(၂)၀င်ငွေပိုရတဲ့ ဘန်ကောက်ကို တက်ရှာမယ်။(၃)အချက်က ကိုယ်မလုပ်ပဲ တင်းခံနေရင် သူများတွေအလုပ်ရသွားပြီး၊ ကိုယ်က အလုပ်လက်မဲ့ဖြစ်မယ်။ ဒီလိုတွေးကြပါတယ်။

အလုပ်သမားတွေ တွေးတဲ့အချက်ကို လုပ်ငန်းရှင်သူဌေးတွေက သိပါတယ်။ အလုပ်ထွက်ရင် ဘယ်မှာသွားနေမလဲ။ အလုပ်ကကော ဒီထက်ကောင်းလာမှာ မဟုတ်လေတော့ မလုပ်ချင်လဲ လုပ်နေကြရတာပေါ့။ အလုပ်သမားအဖွဲ့အစည်း အချို့က အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်တာတို့၊ စာစောင်တွေ ဝေငှတာတို့တွေကို စိတ်ဝင်စားမှု အထူး နည်းပါးကြပါတယ်။ မြန်မာပြည်ကို ပြန်မရဖြစ်မှာကို အထူးစိုးရိမ်ကြပါတယ်။ သူတို့ အလုပ်ပြုတ်တာဖြစ်ဖြစ်၊ ရောဂါတစ်ခုခု ရတာဖြစ်ဖြစ်၊ လုံးဝ နေထိုင်စရာမရှိ၊ စားစရာမရှိတဲ့ အခါတို့ ပြဿနာတွေ တက်လာတဲ့အခါမှ အဖွဲ့အစည်းတွေကို ဆက်သွယ်တတ်ပါတယ်။ နောက်တစ်မျိုးက တစ်ပတ်လုံး အလုပ်ချိန်က များပါတယ်။ တနင်္ဂနွေတစ်ရက် နားရတဲ့အချိန်မှာ တစ်ပတ်စာ ချက်ပြုတ်၊ လျှော်ဖွတ်နဲ့ တော်ရုံလူတွေ သင်တန်းစကားဝိုင်းတွေကို မတက်နိုင်ကြပါဘူး။ ဘာပဲပြောပြော မဲဆောက်မှာ မြန်မာအဖွဲ့အစည်းပေါင်း ရာချီ်ရှိသည့်တိုင်အောင် မဲဆောက်က အလုပ်သမားတွေ ဗဟုသုတနည်းပါး နေတာတွေ၊ အလုပ်သမားတွေရဲ့ ယုံကြည်အားကိုးမှုကို မတည်ဆောက် နိုင်တာတွေကိုကြည့်ရင် အဖွဲ့အစည်းလုပ်ငန်းတွေ မအောင်မြင်ဘူးလို့ ပြောလို့ရတယ်လို့ အဆိုပါ အလုပ်သမားအရေး လုပ်နေတဲ့ လူငယ်က ၀န်ခံပါတယ်။

မဲဆောက်အခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေက လှုပ်ရှားမှုတစ်ခုခုလုပ်ဖို့ လူအင်အား လိုတဲ့အခါမျိုးတွေမှာသာ အလုပ်သမားတွေကို ခေါ်တယ်ပြောတယ်၊ အခြားအချိန်တွေမှာ အဆက်အဆံတောင် မလုပ်ရုံမှမက မပတ်သက်သလို နေတတ်ကြတယ်လို့ အလုပ်သမားတွေက ပြောကြပြန်တယ်။

အချို့စက်ရုံအလုပ်ရုံတွေက ဆန္ဒပြကြတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လူတွေ လေးငါးခြောက်ဆယ်၊ တစ်ရာနှစ်ရာကို ကျွေးမွေးထားဖို့၊ စောင့်ရှောက်ထားဖို့က ဘယ်အဖွဲ့ကမှ မတတ်နိုင်တော့ အလုပ်သမားတွေဟာအဲဒီဆန္ဒပြတဲ့ အလုပ်ရုံမှာပဲ ပြန်လုပ်ကြတာ ရှိပါတယ်။ ခေါင်းဆောင်လုပ်တဲ့ လူတွေတော့ ဝေးရာကို ပြေးပေါ့။ ပြီးတော့ မလုပ်ရင်လည်း မဖြစ်ပြန်ဘူး။ နေရပ်ရင်းမှာ မိသားစုတွေဆီကို မဖြစ်မနေပို့ရမှာ ဖြစ်တဲ့အတွက် အလုပ်လက်မဲ့ ဘ၀ကို မခံနိုင်ကြပါဘူး။ ဒီကနေငွေမပို့ နိုင်ရင် ရွာမှာရှိတဲ့ မိသားစုတွေ ထမင်းမစားရဖြစ်ရမယ်။ အဲဒါကြောင့် အလုပ်ကို အမြဲတစေ လုပ်နေရမှ တန်ရာကျတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

နောက်တစ်ခုက မြန်မာအဖွဲ့အစည်းတွေဟာ တရားဝင်ဖွဲ့စည်းခွင့်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူးလေ။ ဒါကြောင့် လူစုလူဝေးလုပ်လို့ မရတာတွေ၊ ဟောပြောပို့ချလို့ မရတာတွေကို မဲဆောက်အာဏာပိုင်တွေက နှောက်ယှက် တားမြစ်မှုတွေ ရှိပါတယ်။

အခြားအကြောင်းတစ်ခုမှာ အလုပ်သမား အခွင့်အရေး လုပ်ကိုင်သည့် အလုပ်သမားအဖွဲ့များအား အင်ဂျီအိုများမှ အားပေး ကူညီထောက်ပံ့ခြင်းမရှိပါ။ အလုပ်သမား အခွင့်အရေးဆိုတာက ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းအစိုးရတွေဆီက တောင်းဆိုရမယ်၊ တိုက်ပွဲဝင်ရမယ် ဖြစ်ပါတယ်။ အင်ဂျီအိုတွေက ထိုင်းအစိုးရနဲ့ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားပြီးတော့ သူတို့မှာ နိုင်ငံတကာက ရလာတဲ့ အလှူငွေတွေကို ချပေးခြင်းသာဖြစ်ပါတယ်။ အလုပ်သမား အခွင့်အရေးကို လုပ်တဲ့အဖွဲ့တွေကို ထောက်ပံ့ကူညီမှု အထူးနည်းပါးပါတယ်။ မရှိသလောက် ဖြစ်ပါတယ်။ ပါလာတဲ့ငွေတွေကို HIV ၊ ပညာပေး၊ စာသင်ကျောင်း အဲဒီမှာပဲ အင်ဂျီအိုတွေ ပုံအောကြပါတယ်။ အလုပ်သမား အခွင့်အရေးကို လုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေကို လုပ်နိုင်အောင် ကူညီပေးတဲ့ အင်ဂျီအို မရှိဘူးလို့ အလုပ်သမားအရေး လုပ်ကိုင်သူက ဆိုပါတယ်။

လုပ်သက်ရင့်နေတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးကတော့ ထိုင်းလုပ်ငန်းရှင်တွေက လိုအပ်တာထက် ပိုနေတဲ့ မြန်မာအလုပ်သမား အရေအတွက်ကို ရနေတယ်။ အလုပ်သမားလိုအပ်လို့ မရမကလိုက်ရှာ ရတာမျိုးမှ မဟုတ်တာ၊ လူဘယ်လောက် လိုတယ်ဆိုပြီး ဖုန်းဆက်လို့တောင် အလုပ်သမား လိုချင်သလောက်ကို ရနေပါတယ်။ မဲဆောက်ကို တဖွဲဖွဲ နေ့တိုင်းရောက်နေတာ၊ ဘတ်၄၀ကနေ ၇၀အတွင်း ပေးနေတာတောင် အလုပ်လုပ်ချင်တဲ့လူတွေ တစ်ပုံကြီး ဖြစ်နေတော့ ကျနော်တို့ အခွင့်အရေး တိုက်တဲ့နေရာမှာ အလုပ်သမားတွေ ပူးပေါင်းပါဝင်မှုက အရမ်းနည်းပါတယ်။

နိုင်ငံခြားသား၊ ထိုင်းလုပ်ငန်းရှင်တွေက အလုပ်သမားအခွင့်အရေး ချိုးဖေါက်နေတယ်။ အချိုးဖေါက် ခံနေရသူတွေက မြန်မာ အလုပ်သမားတွေဖြစ်တယ်။ အခွင့်အရေး ချိုးဖေါက်မှုဖက်က အင်အားကြီးမားတယ်။ ကျနော်တို့ဘက်က အင်အားနည်းတယ်၊ အထိအခိုက်များပါတယ်။ လုပ်ကိုင်ရတာ မျက်နှာလည်းငယ်ရသလို စိတ်မကောင်းစရာလည်း နေ့တိုင်းကြုံနေရပါတယ်။

ပြီးတော့ အလုပ်သမားအရေး လုပ်နေတဲ့ လူအချို့ကိုယ်တိုင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်လည်းမရှိ၊ တရားဝင် ဖွဲ့စည်းထားသည့် အဖွဲ့တွေ မဟုတ်တာကြောင့် အဖွဲ့အစည်းတွေက ထောက်ပံ့ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။ ဘတ်ရှိပေမယ့် အလုပ်သမားအရေး လုပ်တဲ့လူအချို့ကို ဆိုင်ကယ်ပေါ်မှာ တင်လာတာ လူကုန်ကူးမှုနဲ့တရားစွဲပြီး ထောင်ချတာတွေရှိပါတယ်။ အလုပ်သမားအဖွဲ့ ခေါင်းဆောင်ကိုယ်တိုင် မြ၀တီဘက်ကို ပို့တာခံဖူးတယ်လို့ ဆိုပါတယ်။ အလုပ်သမားအရေး လုပ်တယ်လို့ အမည်ခံ ထားပေမယ့် ကလေးတွေကိုပြတဲ့ ကျောင်းကလေးတွေကို ဖွင့်ပြီး ရပ်တည်နေကြရတယ်လို့ ဆိုပါတယ်။

တရားဝင် လုပ်ကိုင်ခွင့်ရှိတဲ့ မြန်မာအလုပ်သမားအဖွဲ့ တစ်ခုနဲ့ တရားဝင်မဟုတ်ပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လုပ်ဖေါ်ကိုင်ဘက် အဖွဲ့အစည်းအချို့ ရှိပေမယ့် ထိထိရောက်ရောက် လုပ်နိုင်တာမရှိဘူးလို့ ဆိုပါတယ်။

မဲဆောက်မြို့ဆိုတာ လူကုန်ကူးမှုဌာနချုပ်ဖြစ်ပေမယ့် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေလည်း ထိထိရောက်ရောက် လုပ်နိုင်စွမ်း မရှိဘူးလို့ဆိုပါတယ်။ မဲဆောက်မြို့မှာ အလုပ်သမားအရေး လုပ်နေကြတဲ့ လူတွေရဲ့ အဖြစ်က ထိုင်းအစိုးလည်းမကြိုက်၊ လုပ်ငန်းရှင်လည်းမုန်း၊ နအဖသူလျှို အန္တရာယ်လည်း ရှိတာကြောင့် လုပ်သင့်တဲ့ အလုပ်တောင် မဟုတ်ဘူးလို့ အချို့က ပြောကြပါတယ်။ ဆန္ဒပြလို့ဖြစ်ဖြစ်၊ အမှုဖြစ်လို့ဖြစ်ဖြစ် အလုပ်သမားတွေ ပြဿနာဖြစ်လို့ ဆ၀ါဒီကန်(အလုပ်သမားရုံး)တို့ တရားရုံးတို့ကို သွားလာရင်း အလုပ်သမားအရေး လုပ်တဲ့လူတွေကိုပင်လျှင် မဲဆောက်က ပုလိပ်တွေ ဖမ်းပြီးတော့ မြ၀တီဘက်ကို ပို့တာကိုခံရပါတယ်။ ကူညီပေးမယ့် အလုပ်သမားအဖွဲ့က လူတွေကိုလည်းဖမ်း၊ အမှုဖြစ်နေတဲ့ လူတွေလည်း အဖမ်းခံရဆိုတော့ မြန်မာအလုပ်သမားတွေဟာ အလုပ်သမားအဖွဲ့တွေကို အားကိုး ယုံကြည်မှု နည်းပါးသွားကြပါတယ်။ အကာအကွယ်လည်း တကယ်ပဲမဲ့နေကြရတယ်လို့ ဆိုပါတယ်။

မဲဆောက်မှာ အလုပ်သမားတွေကို အလုပ်ရုံတွေက နေထိုင်စားသောက်စရိတ်အတွက် ဘတ်၂၀၀ ကနေ ဘတ်၄၀၀အတွင်းမှာ ဖြတ်တောက် ခံရတတ်ပါတယ်။ မဲဆောက်မှာရှိတဲ့ စက်ရုံတွေက ဘန်ကောက်ကတစ်ဆင့် လာလုပ်နေတဲ့ စက်ရုံခွဲကလေးတွေ၊ ဒါမှမဟုတ် ကော်မရှင်စား အသေးစားလေးတွေ ဖြစ်ပါတယ်။ ၂၀၀၇ တုန်းက တိုက်ပွဲဝင်ခဲ့တဲ့အလုပ်သမားတွေ ရရှိခဲ့တာ ရှိပါတယ်၊ ၁၅၃ ဘတ်ရပါတယ်၊ ဒါပေမယ့် များမကြာမီအတွင်း အဲဒီအလုပ်သမားတွေကို အလုပ်ဖြုတ်ပစ် လိုက်ပါတယ်။ နောက်အခြေအနေတစ်ခုက သတင်းစာတို့ စာစောင်တို့ဆိုတာ မဲဆောက်မှာ အထူးနည်းပါးပါတယ်။ မည်ကာမတ်တပ် ကွက်တိ၊ ကွက်ကြားပဲ ရှိတယ်လို့ အလုပ်သမားတွေက အားမလိုအားမရ ပြောပြကြပါတယ်။ ဟိုအဖွဲ့က နည်းနည်းထုတ်၊ ဒီအဖွဲ့က နဲနဲထုတ်နဲ့ အလုပ်သမားတိုင်း ဖတ်ရှုခွင့်မရတာလည်း အားနည်းချက် တစ်ခုပါပဲလို့ အလုပ်သမားအရေး လုပ်ကိုင်သူ နောက်တစ်ဦးက ပြောပြပါတယ်။

မြန်မာအလုပ်သမားတွေဟာ မဲဆောက်မြို့ကို ခေတ္တခဏနားခိုတဲ့ နေရာအဖြစ် သတ်မှတ်ထားပြီးတော့ ရတဲ့နည်းနဲ့ ဘန်ကောက်ကို တက်ကြပါတယ်။ ခုဆိုရင်ဘန်ကောက်ကို ဘတ်တစ်သောင်းခွဲနဲ့ တက်နေကြပါတယ်။ အတော်များများက ဘတ်၅၀၀၀စီပေးပြီး ကျန်တစ်သောင်းကိုတော့ လုပ်ရင်းနဲ့ ပေးဆပ်ရတယ်လို့ ပြောကြပါတယ်။ ဗီဇာနဲ့ လုပ်နေတဲ့ အုပ်စုဆိုရင် ၁၈၀၀၀/ပေးရပါတယ်။ အလုပ်သမား အတော်များများ လုပ်နေကြပါတယ်။ အလုပ်သမားတွေ ဘာဖြစ်လာမယ်ဆိုတာကို မသိနိုင်သေးပေမယ့် ယာယီပတ်စပို့ လုပ်ပေးနေတဲ့ ပွဲစားတွေတော့ ချမ်းသာအောင် ရနေကြပါပြီ။ မဲဆောက်က အလုပ်သမားတွေက ယာယီပတ်စပို့နဲ့ ထိုင်းအတွင်းပိုင်းကို သွားပြီး အလုပ်လုပ်ရမှာဆိုတော့ တော်တော်ပဲ ၀မ်းသာအားရ လုပ်နေတာကို တွေ့ကြရပါတယ်။

အယင်တုန်းက အလုပ်သမားအဖွဲ့ နှစ်ဖွဲ့သုံးဖွဲ့သာ ရှိခဲ့တဲ့မဲဆောက်မြို့မှာ ယခုအခါ ဆယ်ဖွဲ့နီးပါးဖြစ်နေပြီး ဖြစ်ပါတယ်။ သိန်းချီရှိနေတဲ့ မြန်မာ အလုပ်သမားတွေအတွက် အလုပ်သမားအဖွဲ့တွေ နောက်ထပ် လိုအပ်ပါသေးတယ်။ အလုပ်သမားတွေရဲ့ ပြဿနာတွေက အမည်ခေါင်းစဉ်တွေ အထူးများပြားတာကြောင့် နောက်ထပ်အဖွဲ့တွေ ပေါ်ပေါက်လာမှာကို ကြိုဆိုပါတယ်လို့ အလုပ်သမားအရေးလုပ်တဲ့ အခြားအဖွဲ့တစ်ခုက ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ဒီအလုပ်သမားအဖွဲ့တွေ စုပေါင်းပြီးတော့ ခေါင်းစဉ် တူတာလေးတွေကို စုပေါင်းတာဝန်ယူပြီးတော့ လုပ်ကိုင်ရင်လည်း အကျိုးဖြစ်ထွန်းနိုင်တယ်လို့ ထောက်ပြပြန်ပါတယ်။ အရင်လုပ်တဲ့လူနဲ့ နောက်လုပ်တဲ့ လူတွေကြားထဲမှာ ၀ါရင့်တာတွေ၊ လုပ်သက်နုတာတွေကို ဘေးဖယ်ထားပြီး သိန်းချီရှိတဲ့ အလုပ်သမားတွေမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ တက်လာနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေးက ပဓာဏကျတယ်လို့ အလုပ်သမားအရေးလုပ်တဲ့ အဖွဲ့တစ်ခုက ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အလုပ်သမားအဖွဲ့အဖြစ် မားမားမတ်မတ် ရပ်တည်ပြီးတော့ တရားဝင်ရပ်တည်ခွင့်ရအောင် အလုပ်သမားအရေး လုပ်နေတဲ့အဖွဲ့တွေ တောင်းဆို တိုက်ပွဲဝင်ကြရပါမယ်။ အလုပ်သမားတွေကိုပဲ အခွင့်အရေးတွေကို ချပြနေတာမျိုး မဟုတ်ပဲ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်ရအောင် အလုပ်သမားအဖွဲ့တွေ အယင်လုပ်ကြရပါမယ်။ ဒါမှ နိုင်ငံတကာအဖွဲ့တွေက တရားဝင် ထောက်ပံ့ ကူညီပေးလာမှာဖြစ်ပြီးတော့ အလုပ်သမားတွေ အားကိုးအားထားပြုလောက်တဲ့ မြန်မာ အလုပ်သမား အဖွဲ့များအဖြစ် ဂုဏ်သိက္ခာရှိလာမှာ ဖြစ်တယ်လို့ မဲဆောက်က အလုပ်သမားအရေးလုပ်တဲ့ လူငယ်က ပြောပြပါတယ်။

(မဲဆောက်မှ။အလုပ်သမားအရေးဆောင်ရွက်သူ၃ဦးနှင့် အလုပ်သမား၅ဦးတို့ အားမေးမြန်းရေးသားပါသည်) 
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

6.23.2010

Burma's News World's News

Gen McChrystal in March 2010, the main photo in the Rolling Stone article The Runaway General
Stanley McChrystal, the US forces chief in Afghanistan, is to meet President Obama after criticising his top officials.
Japanese whaling ship hauls two minke whales on board (file image) Piracy crackdown (pic Peter Macdiarmid/Getty Images)
Attempts to agree a compromise between whaling nations and opponents at the International Whaling Commission meeting fail.
 
A US group set up to pursue illegal file-sharers has its methods and some of its findings questioned by civil rights groups
Tourists stranded in the port of Piraeus, Greece, 23 June 2010 Japanese Prime Minister Naoto Kan in Okinawa
Dock workers strike in Greece's main port, Piraeus, preventing thousands of holidaymakers from catching ferries to Greek islands.
 
Japan's new Prime Minister, Naoto Kan, apologises to the people of Okinawa for "the burden" of US bases, during a trip to the island.

Than Shwe the Third 'Worst of the Worst'

By THE IRRAWADDY
Foreign Policy magazine names Burma's Snr-Gen Than Shwe the world's third worst dictator in an article titled “The Worst of the Worst.”

NLD Leaders Tour Burma

By LAWI WENG
Senior members of the disbanded National League for Democracy are traveling around Burma to discuss the former party's future.

Flood Relief Efforts Continue in Devastated Arakan

By BA KAUNG
With thousands of people still missing and hundreds of thousands of houses and buildings damaged by floods and landslides, relief efforts are ongoing in Burma's Arakan State.

Than Shwe, Laotian PM Discuss Military Ties

By WAI MOE
Burma’s junta leader Snr-Gen Than Shwe and Laotian Prime Minister Bouasone Bouphavanh discuss intelligence, military issues and strengthening bilateral ties.

Hundreds of Buildings Slated for Destruction in Rangoon

By NAYEE LIN LATT
Over 800 government office buildings and three housing compounds are to be demolished to make way for a new road in Rangoon.
Papua Political Prisoner Denied Medical Access
By THE ASSOCIATED PRESS
Speaking by mobile phone from his cell, Filep Karma said doctors have repeatedly advised him to be evacuated for surgery, but "I'm still waiting. I badly need treatment ... They don't have the equipment they need here."
Migrant workers in fear amid Thai crackdown
Migrant workers in Thailand are living in fear amid a police crackdown over the past ...
25-inch Burmese boy reaches for world record
At a mere 25 inches (63.5 centimetres) tall, Zaw Bala Aung had lofty dreams of ...Burmese mission official steps on Suu Kyi’s ‘face’
Protests outside Burma’s permanent mission to the UN in New York were victim to ...
Gold prices hit fresh high
The price of gold on the Burmese market hit a fresh high today, at 658,000 Kyats ...
NLD top leaders take roadshow to grass roots
Leaders of the National League for Democracy are conducting a roadshow of ...Burma cyclone film wins top UK award thumbnail

Burma cyclone film wins top UK award

Orphans of Burma's Cyclone, broadcasted on Channel 4's Dispatches documentary strand last year, receives prestigious One World Media Award NDF says election boycott ‘meaningless’ thumbnail

NDF says election boycott ‘meaningless’

New Burmese opposition party likely to anger old guard of the pro-democracy movement after saying that a boycott will play into the hands of the military Thailand launches mass migrant crackdown thumbnail

Thailand launches mass migrant crackdown

Police targeting migrant workers who failed to register for legal status in Thailand but rights groups warn of indiscriminate arrests and extortion

“စိမ်း … သရဖူစိမ်း”

ရန်ကုန်သားတာတေ Wednesday, June 23, 2
“ပန်း ….. နွယ် …. က ….. စိမ်း … အိမ်အိန်း … စိမ်း … အိန်းအိန်း … စိမ်း”
သွားလေသူ နာမည်ကျော် မြန်မာသံ အဆိုရှင်ကြီး တွံတေး သိန်းတန်၏ အလွန် ဆွတ်ပျံ့ လွမ်းမောဖွယ်ရာ သီချင်းသံနှင့် အတူ အသံချဲ့စက် ၂ လုံး ချိတ်ဆွဲ ထားသော ထီလှည်း တလှည်း တရွေ့ရွေ့ဖြင့် လှမ်းလာနေသည်။ မြန်မာပြည်သို့ ဗီဇာလျှောက်စရာ မလိုဘဲ ဝင်ချင်သလိုဝင် … ထွက်ချင်သလို ထွက်နေနိုင်သော ချင်းမိုင်က ဦးရုက္ခစိုး၊ ရူးချင်ယောင်ဆောင်ကာ အပေါ်လမ်းမှ တမျိုး … အောက်လမ်းမှတသွယ် ဝင်လိုက် ထွက်လိုက် လုပ်နေကြသော ဖိုးရှုပ်နှင့် ကြွက်စုတ် ပေါင်း သုံးဦးတို့မှာ သူတို့ထံ တရွေ့ရွေ့ချဉ်းကပ်လာသော ထီလှည်းကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။
ထီလှည်းကို တွန်းလာသူမှာ နံ့သာရောင်ကြိုးကြီးချိတ်၊ ခုံမြင့်ကတ္တိပါ ဖိနပ်၊ ရင်ဖုံးတိုက်ပုံတို့ကို သေသပ်စွာဆင်ရင်ထားပြီး ခေါင်းပေါင်းစ ညာချထားသည့် ဝန်ကြီးချုပ် ဦးသိန်းဂိန် ဖြစ်နေကြောင်း အံ့သြဖွယ်ရာ တွေ့မြင်လိုက်ရသည်။ ထီလှည်းက သူတို့နားတွင် ရပ်သွားသည်။
“ပန်း … နွယ်က … စိမ်း … အိန်း …. ကလောက်”
ဝန်ကြီးချုပ် ဦးသိန်းဂိန်က သီချင်းဖွင့်ထားသော ကက်ဆက်ကို ပိတ်ကာ သတိအနေအထား ရပ်ရင်း “လေးစားပါတယ် ဦးရုက္ခစိုး” ဟု ပြောလိုက်သည်။
ရုက္ခစိုး။     ။ ဝန်ကြီးချုပ်က ကျုပ်ကို ဘာလို့ လေးစားရတာလဲဗျ။
သိန်းဂိန်။     ။ ကမ်ပိန်းလုပ်တာလေ။ စည်းရုံးတာ။
ဖိုးရှုပ်။     ။ စည်းရုံးတာတော့ ဟုတ်ပါပြီ။ ဘာလို့ ဝန်ကြီးချုပ်က ထီလှည်းကြီး တွန်းလာတာလဲဗျ။ စည်းရုံးရေးဆင်းရင်း တပါတည်း ထီရောင်း ရန်ပုံငွေရှာမလို့လား။
ကြွက်စုတ်။     ။ အဲဒီလိုတော့ မလုပ်နဲ့နော်။ ကျနော်တို့က ထီထိုးတာ ဝါသနာမပါဘူး။ ဘောလုံးပွဲပဲလောင်းတာ။ ဒါလည်း ပြင်သစ်ရှုံးတာနဲ့ ကုန်ပြီ။
သိန်းဂိန်။     ။ ဘယ်ကလာ ထီရောင်းရမှာလဲ။ “သိန်းသန်းကုဋေ ကုဋာ” ဆိုင်က ထီလှည်းကို ခဏငှားလာတာဗျ။ ပါတီ စည်းရုံးရေးကို ကော်မရှင်က ညွှန်ကြားထားတဲ့ စည်းကမ်းချက်လည်း ဘောင်ဝင်အောင်၊ ကျုပ်တို့လည်း အဆင်ပြေအောင် လုပ်ချင်လို့။
ရုက္ခစိုး။     ။ ပါတီ စည်းရုံးရေး ဆင်းတယ်လည်း ပြောသေးတယ်။ ဘာလို့ တွံတေးသိန်းတန် သီချင်းကြီး ဖွင့်ထားရတာလဲ။
သိန်းဂိန်။     ။ ဒါကတော့ ပါတီရဲ့ လိုဂိုကို ကြော်ငြာတဲ့သဘောပါ။ ကျုပ်တို့ပါတီကလည်း အစိမ်း။ သီချင်းကလည်း ပန်းနွယ်က စိမ်းမဟုတ်လား။ လူတွေ မှတ်မိသွားအောင်လို့ ...။ နောက်ပိုင်းကျရင် စိမ်းသရဖူစိမ်းတို့၊ မမ စိမ်းတို့၊ မစိမ်းကားရဲ့ မာယာ သဲကိုးဖျာတို့ အဲဒီ သီချင်းတွေ ဖွင့်ဦးမှာ။
ကြွက်စုတ်။     ။ ကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဘောင်ဝင်အောင် လုပ်တယ်ဆိုတာ ဘာလဲဗျ။
သိန်းဂိန်။     ။ သြော် … အသံချဲ့စက်ကို စည်းရုံးရေးလုပ်တဲ့ နေရာအကျယ်အဝန်းမှာ ကြားရုံပဲ ဖွင့်ရမယ်လို့ ပါတယ် မဟုတ်လား … ။ အခု ကျုပ်က လမ်းပေါ်မှာ ထီလှည်းနဲ့ လိုက်လှည့်တာဆိုတော့ ဒီတရပ်ကွက်လုံးကြားအောင်တောင် အော်လို့ ရတယ်။ စည်းကမ်းလည်း ဘောင်ဝင်တယ်၊ ကျုပ်လည်း အဆင်ပြေတယ်။
ရုက္ခစိုး။     ။ ကော်မရှင် စည်းကမ်းချက်ထဲမှာ ပါတီအလံကို လွှင့်ပြီး လူစုလူဝေးနဲ့ ချီတက်တာတို့၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်တာတို့ မလုပ်ရဘူးလို့လည်း ပါတယ်နော်။
သိန်းဂိန်။     ။ ဟုတ်တယ်လေ။ ထီလှည်းနဲ့ မလှည့်ရဘူးလို့ မပါဘူးမဟုတ်လား။ အခု ကျုပ်တို့ ပါတီအဖွဲ့ဝင် ဝန်ကြီးတွေက တခြား အစီအစဉ်တွေနဲ့ စည်းရုံးရေးဆင်းဖို့ ကြံစည်ထားသေးတယ်။
ကြွက်စုတ်။     ။ ဘယ်လို အစီအစဉ်တွေလဲဗျ။
သိန်းဂိန်။     ။ တချို့က ဦးရှင်ကြီးတင်တဲ့ စင်မှာ အလံထောင်ပြီး လှည်းပေါ်တင်တွန်းရင်း စည်းရုံးရေး ဆင်းမယ်၊ တချို့ ကတော့ ဆိုက်ကားမှာ အလံထောင်ပြီး လှည့်မယ်။ ဦးရှင်ကြီးတင်ချင်တဲ့ အိမ်တို့၊ ဆိုက်ကားစီးတဲ့သူ တို့ကို စည်းရုံးရေး ဆင်းပြီးသား ဖြစ်သွားတာပေါ့ဗျာ။ ဝန်ကြီးတွေ နင်းတဲ့ဆိုက်ကားကို ဈေးသက်သက်သာသာနဲ့ စီးလို့ရမယ်လေ။
ဖိုးရှုပ်။     ။ ကောင်းလိုက်တဲ့ စိတ်ကူး။ အသံချဲ့စက်ကို တည်ဆဲဥပဒေနဲ့ အညီ အသုံးပြုရမယ်လို့လည်း ကော်မရှင်က ညွှန်ကြားထားတယ် မဟုတ်လား။ အဲဒါဘာလဲ။
သိန်းဂိန်။     ။ အဲဒါကတော့ ရှင်းပါတယ်။ အခု အသံချဲ့စက်ကို ဘယ်နေရာတွေမှာ သုံးခွင့်ပြုနေလဲ ကြည့်လိုက်။ အလှူခံ မဏ္ဍပ်တွေ၊ ထီလှည်းတွေ၊ ဆေးကြော်ငြာတဲ့ ကားတွေ မဟုတ်လား။ ဒါတည်ဆဲ ဥပဒေပေါ့။ ကျုပ်တို့ကလည်း ဘောင်ဝင် အောင် အဲဒီလို ပုံစံတွေနဲ့ပဲ အသံချဲ့စက်ကို အသုံးပြုသွားမှာပါ။ ပြီးတော့ ယာဉ်ပိတ်ဆို့မှု မဖြစ်အောင် တာဝန်ယူ ရမယ် ပြောတယ်။ ဆိုက်ကားတို့ … ထီလှည်းတို့က ဘယ်လိုလုပ် ယာဉ်ပိတ်ဆို့မှာလဲ မဟုတ်ဘူးလား။
ကြွက်စုတ်။     ။ ဒါနဲ့ ဝန်ကြီးချုပ် ဝတ်ထားတဲ့ အဝတ်အစားတွေက လာအို ဝန်ကြီးချုပ် လာတုန်းက ကြိုဆိုတဲ့ အဝတ်အစားတွေ မဟုတ်လား။
ဖိုးရှုပ်။     ။ ဟုတ်သားပဲ … အခုမှ သတိရတယ်။ အဲဒီတုန်းက ဝန်ကြီးအဖွဲ့ရဲ့ ဖက်ရှင်ကို ကြည့်ပြီး မြန်မာဖက်ရှင် လောက တခုလုံး တုန်လှုပ်သွားတယ်လို့ ကြားတယ်။
ဖိုးရှုပ်က ခပ်ပင့်ပင့်ပြောလိုက်ရာ ဦးသိန်းဂိန်မျက်နှာကြီးမှာ ဆေးသကြားရည်စိမ်ထားသော သရက်သီး စိပ်ကြီးကဲ့သို့ ဖြစ်သွားသည်။
သိန်းဂိန်။     ။ ဟီးဟီး … အဲဒီလောက်လည်း မဟုတ်ပါဘူးဗျာ … ဒါ … ပါးပါးလေးပဲ ရှိပါသေးတယ်။
ရုက္ခစိုး။     ။ ဟုတ်တယ် ဦးသိန်းဂိန် … ခင်ဗျားတို့ ဝတ်တဲ့ ဖက်ရှင်မျိုး ဘယ်သူမှ ဝတ်တာ မတွေ့ဘူးလို့တဲ့။
သိန်းဂိန်။     ။ ဒါက ဒီလိုရှိတယ် ဦးရုက္ခစိုးရဲ့ … လာအိုဝန်ကြီးလာရင် သွားကြိုရမယ်ဆိုတာ ကျုပ်တို့ အစက မသိဘူး။ နောက်မှ ချိုကုပ်ဒူးကြီးဆီက အမိန့်လာတော့ တော်တော် အချိန်ကပ်နေပြီ။
ကြွက်စုတ်။     ။ ဟာ … ဒီလောက် အချိန်ကပ်ပြီး စီစဉ်ရတာတောင် တော်တော် စေ့စေ့စပ်စပ် လုပ်နိုင် တယ်နော်။
ကြွက်စုတ်က ထပ်ပင့်ပေးလိုက်သည်။
သိန်းဂိန်။     ။ ဟုတ်ပါ့ဗျာ … အရပ်သား အစိုးရ အဖြစ်ကို အကောင်အထည်ဖော်နေပြီ ဆိုတာ အားလုံး သိအောင် ပြလိုက်နိုင်တာ အမြင်ပဲ မဟုတ်လား။ ကျုပ်တို့ ဘယ်လို ကြိုးပမ်းလိုက်ရတယ် ဆိုတာ သိရင် ခင်ဗျားတို့ ဖျားသွားမယ်။
ဖိုးရှုပ်။     ။ လုပ်ပါဦး ဝန်ကြီးချုပ်ရယ်။ မှတ်သားစရာလေးတွေ ကြားချင်လို့ပါ။
ဖိုးရှုပ်က အငြိမ့်လူပြက်များ ပြောသည့်စကားကို အတုခိုး၍ ပြောလိုက်သည်။
သိန်းဂိန်။     ။ ဒီလိုဗျ … အချိန်က အရမ်းကပ်နေပြီ။ ကျုပ်တို့မှာက တိုက်ပုံနဲ့ ခေါင်းပေါင်းတွေက အဆင်သင့်ရှိတယ်၊ ဒါပေမယ့် ပုဆိုးကျတော့ ကြံ့ဖွတ်ဆင်တွေပဲရှိတယ်ဗျ။ ချိုကုပ်ဒူးကြီးက အဲဒီလို မလို ချင်ဘူး။ သူလိုချင်တာက … တကယ့် အရပ်သား ဝန်ကြီးတွေ ပုံစံပေါ့ဗျာ။ တယောက်တမျိုး ဝတ်ချင်တာ ဝတ်ထားတာမျိုး ...။ ဒါပေမယ့် ကျုပ်တို့က စစ်သားစိတ် ကလည်း သိပ်မကုန်သေးတော့ … တမျိုးစီတော့ ဖြစ်မယ် … ဒါပေမယ့် ယူနီဖောင်းလည်း ဖြစ်ရမယ်ပေါ့ဗျာ။ အဲဒီ ဖက်ရှင်ကို စဉ်းစားလိုက်တာ။
ဖိုးရှုပ်။     ။ ဟုတ်မယ်၊ ဟုတ်မယ် … ဖိနပ်တွေက ခုံမြင့်ဖိနပ် ဆင်တူတွေ။ ဘယ်ဖိနပ်ဆိုင်က ဝယ်လိုက်တာလဲ။
သိန်းဂိန်။     ။ ဒါကတော့ ဘယ်ကမှ မဝယ်ပါဘူး။ ဘုန်းကြီးကျောင်းတကျောင်းက သံဃာတော်တွေရဲ့ ဖိနပ်တွေကို သွားခိုးလာတာ။
ရုက္ခစိုး။     ။ တော်တော်ကို ခက်ခက်ခဲခဲပဲနော်။
သိန်းဂိန်။     ။ ခက်ခဲတာတော့ ပြောမနေနဲ့ ဦးရုက္ခစိုးရယ်။ ကျနော်တို့ လိုချင်တဲ့ ပုဆိုးတွေကို အမရပူရက ရက်ကန်းစင်တွေ ကို အပ်တာ … ရက်ကန်းစင်တွေကလည်း လုပ်ပေးပါတယ်။ ဒါပေမယ့် သူတို့လည်း အလုပ်မရတာ ကြာတော့ ရက်ကန်းစင်တွေ ဖုန်သုတ်တာက စလုပ်နေရတာနဲ့ မမီတော့ဘူးပေါ့ဗျာ။
ကြွက်စုတ်။     ။ ဒါဆို ဝန်ကြီးချုပ်တို့ ပုဆိုးတွေက ဘယ်ကရတာလဲဗျ။
သိန်းဂိန်။     ။ အဲဒါပြောချင်လို့ … ကျုပ်တို့ ဘယ်လို ဖြတ်ထိုးဉာဏ် ကောင်းတယ်ဆိုတာ နောင်လာ နောက်သားတွေ အတုယူ ရအောင် ...။ သိပ်မခက်ပါဘူး … ကျုပ်တို့ မိန်းမတွေရဲ့ ကြိုးကြီးချိတ် ထဘီတွေကို အထက်ဆင့်ဖြုတ် ဝတ်လိုက်တာပါပဲ။ လှတယ် မဟုတ်လား။ ကျုပ်တော့ ဟိုတယောက်ဝတ်တဲ့ မရမ်းရောင်ဆင်လေး တော်တော်သဘောကျတယ်။
ဖိုးရှုပ်။     ။ ဝန်ကြီးကတော်တွေက သူတို့ ထဘီတွေကို ကြည်ကြည်ဖြူဖြူကော ပေးရဲ့လားဗျ။
သိန်းဂိန်။     ။ သူတို့ ဘယ်သိမလဲ။ သူတို့က မင်းသမီးတွေ၊ လေယာဉ်မယ်တွေနဲ့ ဘောလုံး ချိန်းကန် ဖို့ရှိတယ်ဆိုပြီး  ဘောင်းဘီတိုတွေနဲ့ ထရိန်နင်ဆင်းဖို့ ဘောလုံးကွင်းထဲ ဆင်းသွားကြတဲ့အချိန်မှာ ကျုပ်တို့က သူတို့ထဘီတွေ ဝင်ယူခဲ့တာ။
ကြွက်စုတ်။     ။ တကယ်ကို မှတ်သားစရာပဲကိုး။ ချိုကုပ်ဒူးကြီးကတော့ အရမ်းသဘောကျမှာပဲ။
သိန်းဂိန်။     ။ သဘောကျသလားတော့ မမေးနဲ့။ ဖုန်းထဲကနေ ကျုပ်ကို ချီးကျူးတယ်။ ကျုပ်တို့က ရိုးရာ မဖျက်တဲ့ အရပ်သားအစိုးရ အစစ်တဲ့ဗျ။
ဖိုးရှုပ်။     ။ မြန်မာဆန်ဆန် ခေါင်းပေါင်းနဲ့ ကြိုးကြီးချိတ်နဲ့မို့လို့ ရိုးရာ မဖျက်ဘူးပြောတာလား။
သိန်းဂိန်။     ။ ဘယ်ကလာ … စစ်တပ်ရိုးရာ ပုံစံမဖျက်တာကို ပြောတာ။ တွေ့တယ်မဟုတ်လား … သတိ အနေအထား တန်းစီထားတာ ညီနေတာပဲ။
ရုက္ခစိုး။     ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက ဘယ်သွားတာလဲဗျ။ အသံ တော်တော် တိတ်နေတယ်။
သိန်းဂိန်။     ။ ဆုသွားယူတာ … ကမ္ဘာ့ဆိုးပေကြီးများထဲမှာ တတိယ အဆင့်ချိတ်လို့လေ။ သူပြန်လာရင် ပါတီပေးမယ်တဲ့။ မနှစ်က အဆင့် ၄ ချိတ်နေရာကနေ … အခု ၃ ဖြစ်သွားလို့တဲ့။ ကဲ အချိန်ရှိတုန်း စည်းရုံးရေး ခရီး ဆက်လိုက်ဦးမယ်ဗျို့ ...။
ပြောပြောဆိုဆို ဦးသိန်းဂိန်က ကက်ဆက်ခလုပ်ကို ထောက်ခနဲ ဖွင့်ကာ ထီလှည်းကို ဟန်ပါပါ တွန်းရင်း ထွက်သွား သောကြောင့် ဦးရုက္ခစိုးတို့ သုံးဦးသား ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့တော့၏။
“စိမ်း … သရဖူစိမ်းရယ် … စိမ်း … သရဖူ စိမ်းရယ်” ဆိုသည့် သီချင်းသံ တသံသာ သူတို့နားတွင် လွင့်ပျံ့ ကျန်ခဲ့လေတော့သည်။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

IAEA အကြီးအကဲဟောင်း မစ္စတာ ရောဘတ် ကယ်လီ။
ဓာတ်ပုံ AP
IAEA အကြီးအကဲဟောင်း မစ္စတာ ရောဘတ် ကယ်လီ။ ဇွန် ၄၊ ၂၀၁၀။

နျူကလီးယား အစီအစဉ် မြန်မာစတင်၊ IAEA အရာရှိဟောင်း အတည်ပြု

မြန်မာနိုင်ငံဟာ နျူကလီးယား ဖွံ့ဖြိုးရေး အစီအစဉ်တွေ လုပ်ဆောင်နေပြီဆိုတာ သေချာတဲ့အကြောင်း IAEA အကြီးအကဲဟောင်းက ထပ်မံ ပြောဆိုလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
 

ဗန်းမောက် ရွှေကုမ္ပဏီ ဧရိယာ လုပ်ကွက်များ သတ်မှတ် စည်းကမ်း များနှင့် ညီ၊ မညီ စစ်ဆေး

ဗန်းမောက် မြို့နယ် ရွှေလုပ်ငန်း စစ်ဆေးရေး နှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အဖွဲ့က မြို့နယ် အတွင်းရှိ ရွှေလုပ်ကွက် များအား သတ်မှတ် စည်းကမ်းချက် များနှင့် အညီ လုပ်ကိုင် ခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ သတ်မှတ် စည်းကမ်း ချက်များ အနေဖြင့် လက်လုပ် လက်စား လုပ်ကွက် ဖြစ်ပါက အင်ဂျင် မြင်းကောင်ရေ ၁၅ ကောင် ထက် ပို မသုံးရန် သတ်မှတ်

မြန်မာသင်္ဘော ကပ္ပတိန် နှင့် အဖွဲ့ လှိုင်းကြား လေကြား သက်စွန့် ဆံဖျားဖြင့် လူလေးဦး အသက်ကယ်

အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း မုန်တိုင်း မိကာ မျောနေသော ရွက်သင်္ဘောပေါ်မှ အင်္ဂလန် နိုင်ငံသား လေးဦးကို မြန်မာ သင်္ဘော ကပ္ပတိန် ခေါင်းဆောင်သော သင်္ဘောသား အဖွဲ့က အသက်ရှင်လျက် ကယ်တင်နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်း(MOSA) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုဇွန် ၉ ရက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း၌ ဗြိတိသျှ နိုင်ငံသား လေးဦး

မြ၀တီမြို့ရှိ ရွှေဆိုင် အနုကြမ်းစီးခံရ

ကရင်ပြည်နယ် မြဝတီမြို့၌ ရွှေဆိုင် တဆိုင်ကို သေနတ် သမားများက အနုကြမ်းစီး သွားကြောင်း သတင်းရရှိသည်။မြ၀တီမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ “ကိုထွန်းအောင်၊ မရွှေသန်း”
ကမ္ဘာ့အဆိုးဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး တတိယချိတ်

ကမ္ဘာ့အဆိုးဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး တတိယချိတ်

ယခုနှစ် ကမ္ဘာ့ အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တတိယသာ ချိတ်ကြောင်း သိရသည်။အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy

အသင်းကြီးများကို ယုံမိ၍ ထိုးသားများရှုံး

ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ပြင်သစ်အသင်း အပါအ၀င် အသင်းကြီများ ရှုံးနိမ့်ခဲ့ရသည့် အတွက် ဘောလုံး လောင်းကစား သူများစွာ လောင်းကြေးငွေ ရှုံးသွားကြသည်ဟု သိရသည်။မြန်မာပြည်ရှိ

Lဆိုင်းဇီ၏ စင်တင်ပွဲ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ

ရန်ကုန် အမျိုးသား ကဇာတ်ရုံကြီးတွင် L ဆိုင်းဇီ၏ အကောင်းဆုံး တေးများကို စုစည်းပြီး “မိုးရာသီထဲ” အမည်ရှိ စင်တင် ဖျော်ဖြေပွဲ အစီအစဉ် တင်ဆက်ခဲ့ရာ နာမည်ကြီး အဆိုတော်များစွာ

ပါတီဝင်များ မဲမထည့်ရန် NLD ခေါင်းဆောင်များ လှုံ့ဆော်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များကို လာမည့် ရွေးကောက်ပွဲတွင် မဲမထည့်ကြရန် ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တဦးဖြစ်သူ  ဦးဝင်းတင်က ပြောကြားသည်။

ဗူဗူဇီလာ ဘယ်ကစ

၂၀၁၀ ကမ္ဘာ့ဖလားမှ ပုစဉ်းရင်ကွဲ အော်သံကဲ့သို့ တစီစီ ပေါ်ထွက်နေသည့် အာဖရိက ရိုးရာ ဗူဗူဇီလာ နှဲသံများကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရသူများ၊ အိပ်ရေး ပျက်ရသူများ အများအပြား

သံဃာတော်များ ပြည်ပထွက်ခွင့် ပိုမို တင်းကျပ်လာ

သံဃာတော်များ ပြည်ပ ထွက်ခွာခွင့်ကို နအဖ စစ်အစိုးရက ပိုမိုတင်းကျပ် နေကြောင်း ပြည်တွင်း သံဃာတော်များက ဧရာဝတီသို့ မိန့်ဆိုသည်။“ဦးပဉ္ဇင်းတို့ ထိုင်းကိုကြွဖို့ ပတ်စ်ပို့ သွားလုပ်တော့

ကုန်သွယ်မှု ငွေကြေးဆိုင်ရာ မူဝါဒ ပြောင်းလဲ

ပြည်တွင်းတွင် တရားဝင် ရရှိထားသော နိုင်ငံခြားငွေဖြင့် ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းခွင့် (Import Right) နှင့် ငွေစာရင်း လွှဲပြောင်းမှု (Account Transferring) များကို လွတ်လပ်စွာ ပြုလုပ်ခွင့် ပေးလိုက်

အတူတူ ကစားကြနော်

E-mail Print
Share/Save/Bookmark
တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ထပ်မတွေ့တော့ဟု မွန်ပြည်သစ် ပြော

တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ထပ်မတွေ့တော့ဟု မွန်ပြည်သစ် ပြော

တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာတွေအတွက် အဖြေရှာသွားဖို့ နအဖကိုရော၊ နောင်တက်လာမည့် အစိုးရကိုပါ မွန်ပြည်သစ်က ဆက်လက် တောင်းဆိုသွားမှာပါ။ မွန်အမျိုးသားတွေအတွက် အာမခံချက် တစုံတရာ မရှိဘဲနဲ့ လက်နက်စွန့်ခိုင်းတာ၊ တပ်အသွင်ပြောင်းတာတို့၊ တပ်နဲ့ ပါတီကို ခွဲခြားတာတို့ ပါတီက လက်ခံမှာ မဟုတ်ဘူး

စည်းရုံးရေးမှုးတဦးလျှင် ပါတီဝင် (၃၀) ပေးရန် ကြံ့ဖွံ့ တောင်းခံ
နိုင်ငံရေးပါတီများ စည်းရုံးဟောပြောခွင့် လျှောက်ထားရမည်
ကမ္ဘာ့ဖလား ဘောလုံးပွဲ သီချင်းဗီဒီယိုတွင် ပါဝင်သူနှင့် ဆက်သွယ် မေးမြန်းခြင်း
မိုးမခ
ဇွန် ၂၂၊ ၂၀၁၀
YouTube ရုပ်သံ ၀က်ဆိုက်ရှိ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ သီချင်းဗီဒီယို http://www.youtube.com/watch?v=oRDgVGHB6eM ကို  ယခုတပတ်တွင် ကြည့်ရှုသူပေါင်း ၄၃ သန်း ရှိခဲ့ရာ ဒုတိယ လူကြည့်အများဆုံး ဗီဒီယိုကလစ် ဖြစ်နေသည်။
          “Waka Waka” (This Time for Africa) သီချင်း ဗီဒီယို ရိုက်ကူးရာတွင် မြန်မာအမျိုးသမီးငယ် ၃ ဦးလည်း ပါဝင်သည်။ ကယ်လီဖိုးနီးယားပြည်နယ် Daly City မြို့တွင် နေထိုင်သော နေခြည်မင်းထွန်းက သီချင်း ဗီဒီယိုရိုက်ကူးရေး အတွေ့အကြုံများ၊ ဗီဒီယိုတွင် ပါဝင်သော ၎င်းတို့ ညီအစ်မ သုံးဦးအကြောင်းကို ပြောပြထားသည်။
အပြည့်အစုံသို့ ...
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ် (၃)
ဘီဘီစီ
ဇွန် ၂၃၊ ၂၀၁၀

ဒီတပတ်မှာတော့ မြန်မာစစ်အစိုးရရဲ့ အခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လေ့လာ သုံးသပ်သွားမှာပါ။ ကိုသိန်းမြတ် စီစဉ်ထုတ်လုပ်ပြီး မသီတာနွယ်က တင်ဆက်ပေးထားပါတယ်။

စစ်တပ်ရဲ့အခန်းကဏ္ဍဟာ ဒီအခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းအပွားကြဆုံး အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေဟာ စစ်တပ်ကို ဦးဆောင်မှုနေရာမှာထားမယ်ဆိုတာကို ပုဒ်မ ၆ (စ) မှာ အခုလို အတိအလင်း ဖော်ပြထားပါတယ်။
“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်”
အပြည့်အစုံသို့ ...
 
ကာတွန်း စောငို - တပ်မတော်အစိုးရ မဟုတ်တော့ပါ
ဇွန်လ ၂၃၊ ၂၀၁၀

ဆိုင်မှ ပစ္စည်းများ ငှားရမ်းပြီး ရခိုင်ရေဘေးဒုက္ခသည်များကို ဟန်ပြ ပေးလှူဟု ဆို
မိုးမခအထောက်တော် အမှတ် ၀၀၆
ဇွန် ၂၂၊ ၂ဝ၁ဝ ရုပ်သံ နှင့် သတင်းစာတို့တွင် ဖော်ပြခဲ့သော ၀န်ကြီးများ၏ “ကယ်ဆယ်ရေးပစ္စည်းပေးအပ်ပွဲ”
ရေကြီး၊ မြေပြိုခဲ့သည့် ရခိုင်ပြည်နယ်ရောက် ၀န်ကြီးများက ဒေသခံတို့ကို ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် ထိုပစ္စည်းများကို ငှားရမ်းခဲ့သည့် ဈေးဆိုင်များထံ ပြန်လည် အပ်နှံရသောကြောင့် ဒေသခံများ အမှန်တကယ် ရခဲ့ခြင်းမရှိဟု BBC သတင်းတပုဒ်တွင် ယမန်နေ့က ဖော်ပြခဲ့သည်။
အပြည့်အစုံသို့ ...
 

ဖမ်းဆီးမှုများကြောင့် ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ စိုးရိမ်နေ
ထိုင်းရဲများက နိုင်ငံတဝှမ်းရှိ ထောင်နှင့်ချီသော ရွှေ့ပြောင်း အလုပ်သမားများကို ပြီးခဲ့သည့် ... 
ကမ္ဘာ့ဖလား အတက်၊ အထွက်နဲ့ ခန့်မှန်းချက်
နောက်တဆင့်တက် ကစားကြမယ့် အတွဲတွေကတော့ အာဂျင်တီးနား-မက္ကဆီကို၊ ဥရုဂွေး-တောင်ကိုရီးယား ... 
ကြံ့ဖွံ့ပါတီ ချောင်းဆုံတွင် စည်းရုံးရေးဆင်း
စစ်အစိုးရ၏ နိုင်ငံရေးပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက မွန်ပြည်နယ် ချောင်းဆုံမြို့ ... 
သြစတြေးလျ ထိန်းသိမ်းရေးစခန်းရှိ မြန်မာများ ဆန္ဒပြ
သြစတြေးလျနိုင်ငံ ဒါဝင်ထိန်းသိမ်းရေးစခန်းတွင် မြန်မာနှင့် အီရတ်နိုင်ငံသားတစု သြစတြေးလျ ... 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

အဆိုးတကာ့အဆိုးဆုံး အာဏာရှင် စာရင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပၝဝင်
မြန်မာနိုင်ငံဖက်မှသွင်းလာသော စိတ်ကြွဆေးပြားတသန်း ထိုင်းမှာဖမ်းမိ
ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင် ပခုက္ကူမှာ ဆွေးနွေး
အမေရိကန်အမတ် ဂျွန်ကယ်ရီ၏ ကိုယ်စားလှယ်နှင့် မြန်မာ့ နိုင်ငံရေးခေၝင်းဆောင်များ တွေႚဆုံ
ရှမ်းပြည်နယ်စပ် ကားလမ်းဂိတ်များ စစ်အစိုးရနှင့် ဝ တပ်ဖွဲႚတင်းကျပ်
ဒေၞအောင်ဆန်းစုကြည်ကို Benazir Bhutto ဒီမိုကရေစီ ဆုချီးမြှင့်
အမေရိကန်သန်းခေၝင်စာရင်းမှာ မြန်မာဒုက္ခသည်ဦးရေ တိကျဖိုႛခက်ခဲ
စစ်အစိုးရ နျူကလီးယားစီမံကိန်း သတင်းစာရှင်းပွဲ ဝၝရှင်တန်မှာ ပြုလုပ်