7.29.2010

ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ တရားပွဲများအောင်မြင် ကျင်းပပြီးစီး

Photobucket
ဇူလိုင် ၂၉
ယမန်နေ့ညက ဘန်ကောက်မြို့အနီး မဟာချိုင် မူစီရပ်ကွက် ၀တ်ထစ် ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း တရားပွဲ ကျင်းပပြီး ယနေ့ တွင် ဆရာတော်နှင့် အဖွဲ့ မြန်မာပြည်သို့ ပြန်ကြွမည်ဖြစ်သည်။
ဘုန်းကြီးကျောင်းဝင်း အတွင်း ထောင်ပေါင်းများစွာသော မဟာချိုင်အရပ်ရှိ ရွေ့ပြောင်းမြန်မာအလုပ်သမား
များအား  “သေလူနှင့် ရှင်လူ” အမည်ရှိသည့် တရားတော်ကို ချီးမြှင့်တော်မူသည်။
ဆရာတော်၏ တရားတော်ထဲတွင် “ထိုင်းနိုင်ငံ တိုးတက်နေခြင်းမှာ စိတ်ဓါတ်ကြောင့် ဖြစ်ကြောင်း၊ စိတ်အဆင့်မြင့် သူတို့ မည်သည်မှာ သူတစ်ပါးကို အထင်သေးခြင်း၊ နှိမ့်ချဆက်ဆံခြင်း မရှိခြင်းများ အပြင် စည်းကမ်းရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ မိမိတို့ ရောက်ရှိနေသည့် တိုင်းပြည်ကို ကျေးဇူးတင်သင့်ပြီး၊ ကောင်းသော အကျင့်စားရိုက်များကို အတုယူသင့်ကြောင်း၊ ပြီးခဲ့သည့်နှစ်၂၀ ခန့် က ထိုင်းနှင့် မြန်မာ ဘာမှ မကွာသေးကြောင်း၊ ယနေ့ထိုင်းနိုင်ငံက
အထက်ကို တက်နေပြီး၊ မြန်မာနိုင်ငံက အောက်ကို ထိုးဆင်းနေကြောင်း၊ ဆင်းရဲခြင်း ချမ်းသာခြင်း၊ တိုးတက်ခြင်း နိမ့်ကျခြင်းတို့ အားလုံးမှာ စိတ်ဓါတ်နှင့်သာ ဆိုင်ကြောင်း၊ လောကော၊ လောကကြီးကို စိတ်တေန စိတ်ကသာ ဆောင်ကြောင်း။ ထိုင်းနိုင်ငံမှာ လမ်း၊ အဆောက်အဦးနှင့် လူနေမှု အဆင့်အတန်းများ တိုးတက်နေခြင်းမှာ ထိုင်း လူမျိုးတို့ စိတ်ဓါတ် အဆင့်မြင့်နေသဖြင့် မြင့်လာခြင်း ဖြစ်ကြောင်း။ မြန်မာများထက် စိတ်ဓါတ်မြင့်နေသဖြင့် မြန်မာများထက် တိုးတက်နေကြောင်း” ထောက်ပြ ဟောပြော မိန့်တော်မူသည်။
တိုးတက်နေသည့် တိုင်းပြည်တိုင်း စိတ်ဓါတ်များ အဆင့်မြင့်ခြင်းကြောင့် ဖြစ်ကြောင်း၊ သခင်စိတ်၊ ကျွန်စိတ် ၂ခုအနက် သခင်စိတ်ဖြစ်အောင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ ဖြစ်စေသတည်းဟူ၍ ဖြစ်လာမည်မဟုတ်ပဲ၊ အောက်တမ်းကျသည့် စိတ်ဓါတ်များကို မမွေးမြူပဲ၊ အဆင့်မြင့်သည့် သခင်စိတ်ဓါတ်များရှိအောင် အစဉ်တစ်စိုက် ကြိုးစားမှ မြန်မာလူမျိုး၊ မြန်မာပြည်ကြီး တိုးတက်လာမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်စရာ၊ လိုက်နာကျင့်ကြံစရာများကို ဟောပြောသွားသည်။
တရားပွဲတော် စီစဉ်သူတစ်ဦး အပါအ၀င်ဖြစ်သူ ဦးအောင်ကျော်က “မြန်မာ လူငယ်များအနေဖြင့် ဘာသာ တရားနှင့် နီးစပ်မှုရှိစေရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ဦးသုမင်္ဂလာ တရားခွေများကို လူငယ်တိုင်း နားထောင်ပြီး သဘောကျတယ်၊ လူငယ်တွေနားလည်အောင် ဘွင်းဘွင်းရှင်းရှင်း ဟောတယ်၊ ဒါကြောင့် လူငယ်တွေ ဒီလောက်အထိ တရားလာနာကြတယ်လို့ ကျနော်ထင်တယ်”ဟု ပြောသည်။
တရားပွဲ မစမီနှင့် တရားပွဲ အစပိုင်းတွင် မိုးရွာသွန်းခဲ့သော်လည်း တရားနာ ကြွရောက်လာသည့် မြန်မာ ပရိတ်သတ်များမှာ ကြည်ညိုသဒ္ဒါတရား ပြင်းပြစွာဖြင့် မိုးရေစိုးခံပြီး တရားပွဲ ပြီးဆုံးသည်အထိ တရားတော်ကို နာယူကြသည်။
ဆယ်ကျော်သက်အရွယ် မြန်မာအလုပ်သမား မောင်မောင်က “ကျနော်တို့ ဆင်ခြင်စရာ တရားတွေကို ဟောတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ လိုက်နာ ကျင့်သုံးရမယ်လို့ လည်း လူငယ်တစ်ယောက်အနေနဲ့ ခံယူပါတယ်။
ဦးသုမင်္ဂလ ကိုယ်တော်သည် ၂၇ ရက်နေ့ ညနေပိုင်းက မဟာချိုင် ထိုင်းယူနီယံ ဘောလုံးကွင်းတွင် ည တရားပွဲ ကျင်းပခဲ့ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ မြန်မာအလုပ်သမားများ ပင့်ဖိတ် လျှောက်ထားချက် အရ ကားလမ်းဖြင့်ကြွရောက်ခဲ့ပြီး ၂၈ ရက်နေ့ မနက်ပိုင်းတွင် တရားသဘင် ဆင်ယင်ကျင်းပခဲ့သည်။ တရားပွဲပြီးစီးပြီး ချက်ခြင်း ကားဖြင့် မဟာချိုင်သို့ ကြွရောက်ခဲ့သည်။
နောက် လူငယ် အောင်ကို ဆိုသည့် အလုပ်သမားငယ် တစ်ဦးက “ကျနော်တို့ အလုပ်ထဲမှာပဲ အချိန်ပြည့်နေရတဲ့ လူတွေဖြစ်ပါတယ်။ ဒီလိုတရားပွဲတွေ ကျင်းပပေးတာ ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုသွားသည်။ အဆင့်အတန်း နိမ့်ကျနေသော၊ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ နိမ့်ကျနေသော ဗုဒ္ဓဘာသာနှင့် အစစ ပျက်စီးနေသည့် မြန်မာနိုင်ငံ အကြောင်းအရာများကို မည်သူ့မျက်နှာမှ မထောက်ပဲ ပြတ်ပြတ်သားသား ဟောကြောခြင်းဖြင့် နိုင်ငံကျော်လာသည့် ဓမ္မကထိကဆရာတော် ဦးသုမင်္ဂလ ခေါ် ဒယ်အိုး ဆရာတော်အား ဤတရားပွဲမှ ဘတ်ငွေ တစ်သိန်းကိုးရာတိတိကို အလုပ်သမား စုပေါင်း ဒါနပြုနိုင်ခဲ့ကြသည်။

7.27.2010

ရောင်းစားခံထားရာမှ မြန်မာအလုပ်သမား၎ဦး လွတ်မြောက်လာ

Photobucket
ဇူလိုင်၂၇
ဘန်ကောက်အနီး မဟာချိုင်မြို့ရှိ ပင်လယ်အစားအစာ ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် ရောင်းစား ခံထားရသည့် မြန်မာ အလုပ်သမား၎ဦးတို့အား ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်းက ကယ်တင်နိုင်ခဲ့သည်။
မြန်မာ အလုပ်သမား ၇၀ ကျော်ခန့် ရောင်းစားခံထားရသည့် မဟာချိုင်မြို့မှ အမည်မသိ ပင်လယ် အစားအစာ အလုပ်ရုံတစ်ရုံတွင် တစ်နေ့လျှင် ၁၈နာရီခန့် နေ့စဉ် အလုပ်လုပ်ရကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် မြန်မာအလုပ်သမားများက ပြောပြသည်။
ထွက်ပြေး လွတ်မြောက်လာသူများမှာ ထောက်ကြံ့မြို့မှ အသက်၂၇နှစ်အရွယ် ကိုသက်ဝေနှင့် အသက် ၂၁နှစ်အရွယ် ကိုချစ်ထွန်း၊ ပဲခူးမြို့မှ အသက်၂၆နှစ်အရွယ် မဝေေ၀လွင်နှင့် မော်လမြိုင်မြို့မှ အသက် ၂၃နှစ်အရွယ် မဌေးဌေးဝင်းတို့ ဖြစ်ကြသည်။ ထိုသူတို့မှာ ၄၅ ရက် တိုင်တိုင် အလုပ်လုပ်ကိုင်ခဲ့သော်လည်း လုပ်အားခ တစ်ပြားတစ်ချပ်မှ ရရှိခြင်း မရှိခဲ့ကြပေ။
ထွက်ပြေး လွတ်မြောက်နိုင်ရေးအတွက် ဦးဆောင်စီစဉ်သူဖြစ်သော ကိုချစ်ထွန်းက “ ပြီးခဲ့တဲ့ ၃ ရက်နေ့က မိုးတွေ တော်တော်ကြီး ပါတယ်။ အဲဒီနေ့မှာ ထွက်ပြေးဖို့အတွက် ကျနော်ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ ကျနော် ဒီစက်ရုံကို ရောက်ကတည်းက လူတစ်ယောက်လို မလုပ်ခဲ့ရ၊ မစားခဲ့ရ၊ မအိပ်ခဲ့ရဘူး။ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ ခံရတယ်။ ကျနော်ဘယ်လို လွတ်နိုင်မလဲလို့ အမြဲလေ့လာနေခဲ့တယ်။ ကျနော် တို့ကို လှောင်ထားတဲ့ အခန်းက သွပ်တွေနဲ့ ကာထားတဲ့ အခန်းဖြစ်တယ်။ ဒါပေမယ့် နောက်ဖက်က အထပ်သားတွေနဲ့ ကာထားတယ်။ ရှေ့က ကျနော်တို့ကို အမြဲ သော့ခတ်ထားတယ်။ အဲဒါကို ကျနော်ဓါးနဲ့ နဲနဲစီ နေ့တိုင်းလှီးထားတယ်။ ထုတ်ချင်းပေါက် နီးနီးဖြစ်အောင်ကို လုပ်ထားတာ၊ မိုးရွာတဲ့နေ့မှာ အခွင့်ကောင်းယူပြီး၊ ပြီးနိုင်သမျှ ကျနော်လုပ်ထားတယ်”ဟု ပြောသည်။
မဝေေ၀လွင်တို့ မောင်နှမ ၃ဦးတို့ မြ၀တီမြို့တွင် လက်သမားနှင့် ပန်းရံအလုပ်ကို လုပ်ကိုင်ပြီး မြန်မာကျပ်ငွေ တစ်သောင်းခွဲသာ ပွဲစားကို ပေးနိုင်ခဲ့သည်။ အလုပ်သမားများအနေဖြင့် အလုပ်ပင်ပန်းသော်လည်း လုပ်ခရရှိပါက ယခုကဲ့သို့ ထွက်ပြေးမည်မဟုတ်ကြောင်း တက်လာသည့် အဖိုးအခ မကျေသေးသည်ကို ကိုယ်ချင်းစာကြောင်း၊ သို့ရာတွင် လူတစ်ယောက်ကဲ့သို့ ဆက်ဆံမခံရခြင်းကို အထူး စိတ်မကောင်းသဖြင့် လွတ်မြောက်အောင် လုပ်ခဲ့ရကြောင်း ထွက်ပြေးလာသူ ကိုသက်ဝေက ပြောပြသည်။
အလုပ်သမားများအား နေ့စဉ်နံနက်၃နာရီမှ ညဥ့်၈နာရီထိ အလုပ်လုပ်ရပြီး အစားအစာများကိုမူ ဖြစ်ကတတ်ဆန်း ကျွေးမွေးကြောင်း၊ အလုပ်သမားများ နေထိုင်သည့် အခန်းမှာ မိုးမလုံသဖြင့် မိုးရွာလျှင် စုဝေးထိုင်နေရကြောင်း အိမ်သာတက်၍ အချိန်ကြာလျှင်လည်း အပြင်မှ အိမ်သာတံခါးကို ရိုက်ပုတ်နေပြီး တစ်တွတ်တွတ် ဆဲဆိုနေကြောင်း၊ ရေချိုးလျှင်လည်း ထိုင်စောင့်နေကြောင်း၊ အိပ်ခါနီး စကား ပြောနေလျှင်လည်း မီးပိတ်ပြီး ဆဲဆိုကာ အိပ်စေကြောင်း အလုပ်သမားများက ပြောပြကြသည်။
ပဲခူးမြို့မှ မဝေေ၀လွင်က“ကျမတို့ ဒီအစ်ကိုတွေ ထွက်ပြေးမယ်ပြောတော့ လိုက်မယ်လို့ ပြောထားတယ်။ ကျမတို့ ငရဲခန်းလောက် ဆိုးဝါးတဲ့ အလုပ်ရုံကနေ ခုန်ဆင်းလိုက်တော့ အခြားအလုပ်ရုံက အစောင့် ရောက်လာတယ်။ မဌေးဌေးဝင်းက ထိုင်းလို ကောင်းကောင်းပြောတတ်တယ်။ သူက အစောင့်ခြေ ထောက်ကို ဖက်ပြီးတော့ ငိုပြီးပြောတယ်။ တောင်းပန်တယ်။ ထိုင်းအစောင့်က သနားသွားပြီးတော့ သူ့ခြံကို ကျော်ခိုင်းတယ်။ ကျမတို့လည်း လွတ်ရင်ပြီးရော ကျိုးချင်လည်း ကျိုးပစေ။ အုတ်နံရံ ခြံစည်းရိုး အမြင့်က ခုန်ဆင်းကြတယ်”ဟု ပြောသည်။
ထိုင်းဘာသာစကားကို ကျွမ်းကျင်သည့် မဟာချိုင်ဒေသ တောရွာတစ်ရွာတွင် မွေးဖွားကြီးပြင်းလာသည့် မဌေးဌေးဝင်းက “ကျမတို့ ဆင်းရဲနွမ်းပါးတာတွေ၊ ရောင်းစားခံရတာတွေ၊ အနှိပ်စက်ခံရတာတွေကို ကျမငိုယိုပြီး ပြောပြတယ်။ ကျမ အမေ မုဆိုးမကို လုပ်ကျွေးချင်လို့ တက်လာတာတွေကို ပြောပြတယ်။ ကျမတို့ကို လွှတ်ပေးတယ်။ ခြံကျော် ခုန်ချပြီး ကျမတို့ တောတစ်ခုထဲကို ၀င်နေခဲ့ကြတယ်။ မနက်မိုးလင်းတော့ အလုပ်ရုံက ၀ဏ္ဏနဲ့ အဲဒီသမီးတို့ကို အမြဲစောင့်ပြီး ဆဲနေတဲ့ ကရင်တို့ လာမေးတယ်။ သမီးတို့ ပုန်းနေကြတယ်။
အနီးအပါးမှာနေကြတဲ့ မွန်ဗမာတွေက မတွေ့လိုက်ဘူးလို့ ပြောကြတယ်။ သမီးတို့ကို သူတို့ ခြင်ဆေးခွေတွေ၊ ထမင်းတွေ လာပို့ကြတယ်။ သမီးတို့ အဲဒီဓနိတောထဲမှာ ၂ရက်ပုန်းနေခဲ့ရတယ်။ သူတို့ ဖုန်းတွေနဲ့ ဘန်ကောက်က ဒီအလုပ်သမားအဖွဲ့ကို အဆက်သွယ်ရပြီး ဒီကိုရောက်လာခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
ထွက်ပြေးလာသူများမှ တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်း အကူအညီတောင်းရင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ်ရရှိခဲ့သည်။ တောထဲတွင် ပုန်းအောင်းနေရသည့် အလုပ်သမားများမှာ မိမိတို့ ရောက်ရှိနေသည့်နေရာကို သေချာစွာ မပြောပြနိုင်သဖြင့် ကယ်ထုတ်ရန် အထူးခက်ခဲနေခဲ့သည်။
ထို့ကြောင့် အဆိုပါအလုပ်သမားများအား ထမင်းထုတ်များ ပေးပို့နေသည့် မွန်အမျိုးသမီးအား တက္ကစီသမား
ကို ငှါးရမ်းခိုင်းပြီး တစ်ဦးအတွက် ဘတ်ငွေ ၅၀၀နုန်းထားဖြင့် လာရောက် ပို့ဆောင်စေခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ ထိုင်းဘာသာ ကျွမ်းကျင်သူ ကိုနေလင်းအောင်က “ကျနော်နဲ့ ကျနော်တို့ အဖွဲ့ခေါင်းဆောင်တို့ တိုင်ပင်ပြီးလုပ်ကြတယ်။ တစ်ရက်ကုန်သွားတယ်။ နေရာကို အတိအကျ မရနိုင်ခဲ့ဘူး။ နောက်ကျတော့ မထူးတော့ဘူး။ ကိုယ်လက်ထဲကို မြန်မြန်ရောက်ဖို့ အရေးကြီးတယ်လို့ ဆုံးဖြတ်ပြီးတော့ ဒီလိုပဲ ပို့ခိုင်းလိုက်ရတော့တယ်။ ကျနော်တို့ဆီမှာ တစ်ရက်တည်းခို ကျွေးမွေးပြီးတော့ အ၀တ်အထည်တွေ ပေးတယ်။ လောလောဆယ်သုံးဖို့ ပိုက်ဆံတွေ ပေးကြတယ်။ ယောက်ျား၂ယောက်တော့ ဖယောင်းပုံစံလောင်းတဲ့ နေရာမှာ အလုပ်သွင်း ပေးလိုက်ပြီ။ မိန်းကလေး ၂ယောက်ကိုတော့ ဗမာမတစ်ဦး ခေါင်းဆောင်ပြီး အလုပ်လုပ်နေတဲ့ ထမင်းဆိုင်တစ်ဆိုင်မှာ အလုပ် သွင်းပေးလိုက်ပြီး ဖြစ်ပါတယ်”ဟု ပြောသည်။
သူတို့သည် ပြီးခဲ့သည့် ဇွန်လ၂ရက်နေ့က မဲဆောက်မြို့မှ ယောက်ျားအလုပ်သမား ၁၂ဦးနှင့် မိန်းကလေးအလုပ်သမား ၆ဦးတို့ တောလမ်းခရီးမှ တက်လာခဲ့သူများ ဖြစ်ကြသည်။ သူတို့ကို မြ၀တီမြို့၊ ….. ရပ်ကွက် ….လမ်း….မှ အသက်….နှစ်အရွယ် မွန်အမျိုးသမီး တစ်ဦးက လက်ဆင့်ကမ်း သယ်ယူခဲ့ခြင်း ဖြစ်သည်။
မြ၀တီမြို့၌ လူစုစဉ် ပွဲစားမက မဟာချိုင် ငါးသေတ္တာရုံတွင် လုပ်ရမည်ဖြစ်ပြီး စရိတ်ငြိမ်း တစ်လလျှင် ဘတ်
ခြောက်ထောင် ရမည်ဖြစ်ကြောင်း၊ ကယ်ရီခအား တစ်လလျှင် ၃၀၀၀စီ ဖြတ်တောက်မည် ဖြစ်ကြောင်း အကြွေးကြေသည့်အခါ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်လုပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု အလုပ်သမားများက ပြောပြကြသည်။
မဟာချိုင်သို့ ရောက်သည့်အခါ ယောက်ျား၈ဦးအား မဟာချိုင်လှေများတွင် လူတစ်ဦးစီ ဘတ် ခြောက်သောင်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ရခိုင်တစ်ဦးနှင့် ရန်ကုန်မှ အလုပ်သမား တစ်ဦးတို့ကိုမူ အင်ဒိုလှေသို့ ရောင်းချခဲ့ကြောင်း အတူတူ တက်လာခဲ့ကြပြီး အစ်ကိုအရင်း ရောင်းစားခံခဲ့ရသူ မဝေေ၀လွင်က ပြောပြသည်။
အဖွဲ့ခေါင်းဆောင် ကိုချစ်ထွန်းက ယောက်ျားများအတွက် မဟာချိုင်တွင် ကုန်းအလုပ်မရှိကြောင်း၊ လှေလိုက်မှ ငွေစုမိကြောင်း ပြောဆိုသော်လည်း ကိုချစ်ထွန်းနှင့် ကိုသက်ဝေတို့က ခေါင်းမာစွာဖြင့် အမြဲ ငြင်းဆိုနေခဲ့သဖြင့် လှေပေါ် ရောင်းစားမခံရပဲ ကျန်နေခဲ့ခြင်းဖြစ်သည်။
အလုပ်ပင်ပန်းလွန်း၍ဖြစ်စေ၊ နေထိုင်မကောင်း၍ဖြစ်စေ အလုပ်မဆင်းပါက မျက်နှာကို လက်ညှိုးထိုးပြီး ပြည့်တန်ဆာရုံတွင် ရောင်းစားမည်ဖြစ်ကြောင်း ယောက်ျားများကိုမူ အင်ဒိုလှေသို့ ရောင်းစားမည် ဖြစ်ကြောင်း မြန်မာ အလုပ်သမားများ၏ လုပ်အားခအား ထုတ်ယူပြီး စောင့်ကြပ်ဆဲဆိုနေသည့် ကရင် ပွဲစားတစ်ဦးက အမြဲကြိမ်းမောင်း ခြိမ်းခြောက် ပြောဆိုလေ့ရှိသည်။ ၄င်းတို့၎ဦး ထွက်ပြေး လွတ်မြောက်လာ သော်လည်း ကျန်နေခဲ့သည့် အလုပ်သမားများ အတွက် အထူးစိုးရိမ်ကြောင်းလည်း ပြောပြကြသည်။
မဟာချိုင်တွင် အလားတူ ရောင်းစားခံနေရမှုများစွာ ရှိကြောင်း မဟာချိုင်မှ အလုပ်သမားများက ပြောပြ၍ သိရှိရသည်။ မဲဆောက်မှ တက်လာရာ လမ်းတစ်လျှောက်တွင်လည်း ထမင်းကို ဖြစ်သလိုစားရ၊ အိပ်ရခြင်းများ၊ တောလမ်းခရီးကို လေးငါးရက် လမ်းလျှောက်လာခဲ့ရသည်။
ကားစီးမည့် နေရာသို့ ရောက်သည့်အခါ ထိုင်းပွဲစားများ ရိုက်နှက်ဆဲဆိုခံရပုံများအပြင် ကားပေါ်တွင် အလေး
အပေါ့ သွားလိုသော်လည်း ကားကို ရပ်နားမပေးပေ။ ရေဆာလျှင် ရေမသောက်ရပဲ လူကို ပြည့်သိပ် တင်ထား သဖြင့် လာရာလမ်းတစ်လျှောက်တွင်လည်း အထူးပင်ပန်းဆင်းရဲကြောင်း၊ သို့ဖြစ်၍ မြ၀တီနှင့် မဲဆောက်တို့မှ ပွဲစားတို့၏ မဲဆွယ်တရားများကို ယုံကြည်၍ တောလမ်းမှ မလာသင့်ကြောင်း မဝေေ၀လွင်က ခရေစေ့တွင်းကျ ရှင်းပြ ပြောဆိုသွားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

မြန်မာအလုပ်သမားများ စုပေါင်းလှူဒါန်းသည့် ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးကျောင်း ရေစက်ချပွဲကျင်းပ

ဇူလိုင် ၂၇
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွန်ပါမြို့နယ်နမ့်ခင်း ကျေးရွာ ထိုင်းဘုန်းတော်ကြီးကျောင်းအတွင်း မြန်မာအလုပ်သမားများ စုပေါင်းဆောက်လုပ် လှူဒါန်းသည့် မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ရေစက်ချပွဲနှင့်အတူ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မြန်မာအလုပ်သမား တစ်ထောင့်ငါးရာခန့်ရှိသည့် နမ့်ခင်းကျေးရွာတွင် မြန်မာအလုပ်သမားများ စုပေါင်း ဖွဲ့စည်းထားသည့် လူမှုကူညီရေးအသင်းကြီးမှ ဦးဆောင်ဦးရွက်ပြု၍ အဆိုပါ ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အလှူဖြစ်မြောက်ရေး အကျိုးတော်ဆောင် ကိုဖိုးဇော်က “ကျနော် အရမ်း ၀မ်းသာနေတယ်ဗျာ၊ ဘာပြောလို့ ပြောရမှန်း မသိအောင်ပဲ၊ လူပေါင်း၅၀၀ ကျော်လောက်ရှိမယ် ထင်တယ်။ ပုလိပ်လည်းမဖမ်းဘူး၊ အားလုံးပျော်ပျော်ရွှင်ရွှင်ပဲ၊ အမှတ်တရ ဗမာအစားအစာ မုန့်ဟင်းခါး ချက်ကျွေး ပါတယ်။ ထမင်းက နေ့တိုင်းအိမ်မှာ စားနေတာပဲ။ ကျနော်တို့ မြန်မာ အလုပ်သမား လူငယ်တွေက၊ ကျနော်တို့ ဘာလုပ်ရမလဲဆိုပြီး နေ့တိုင်းလာပြီး လုပ်အားပေး တာဝန်တွေ ကိုယ်စီခွဲပြီးတော့ လုပ်အားဒါန ပြီးစီးအောင် ပြုခဲ့ကြတာဖြစ်လို့ မရှိမဖြစ်လိုအပ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေလောက်ပဲ ၀ယ်ရပါတယ်။ ဒီနေ့ ကုန်ကျစားရိတ် မပါပဲ မနေ့က ပေါင်းထားတဲ့ စါရင်းအရ အပြီးအစီးထိ ရှစ်သောင်းရှစ်ထောင် ရှစ်ရာသုံးဆယ် ခုနစ်ဘတ် ကုန်ကျခဲ့ပါတယ်၊ ဘာပြောချင်လဲ ဆိုတော့ ကျောင်းဆောက်လုပ်ခွင့်ပေးတဲ့ ထိုင်းကျောင်းထိုင် ဆရာတော်ကြီးနဲ့ ထိုင်းအာဏာပိုင်အားလုံးကို အထူးကျေးဇူးတင်ပါတယ်”ဟု ကြည်နူး ၀မ်းမြောက်စွာ ပြောဆိုသွားသည်။
အဆိုပါ တစ်ထပ် မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပေ ၆၀ကျော် ပတ်လည်ခန့်ရှိပြီး သက်တော် ၃၄နှစ်အရွယ် မြန်မာသံဃာတော် တစ်ပါး သာသနာ ပြုတော်မူမည်ဖြစ်သည်။ သက်ဆိုင်ရာတို့မှ ခွင့်ပြုမိန့် ကျပြီးနောက် မြန်မာအလုပ်သမားများ နေ့ရောညပါ လက်သမား၊ ပန်းရံလုပ်အားပေး တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။
ဤဒေသသို့ နောက်ရောက်လာမည့် မြန်မာအလုပ်သမားနှင့် နောင်လာနောက်သားများ မြန်မာ ဘုန်းတော်ကြီး ကျောင်းကို ကိုးကွယ်ခွင့်ရရန်နှင့် တွေ့ဆုံခွင့်ရရန်၊ အစဉ်အလာကောင်းများ ဖြစ်ထွန်းစေရန် အပြင် ထိုင်းနှင့် မြန်မာများ အကြား နားလည်မှု ပိုမိုရရှိစေရန်ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကိုဖိုးဇော်က ပြောပြသည်။
ဒေသအခြေစိုက် GHRE အခြေခံ လူထု လူ့အခွင့်အရေး ပညာပေးအဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက “ကျနော်တို့လည်း ဒေသတွင်းက လူတွေကို ၀ိုင်းဝန်းစည်းရုံးပေးတယ်။ ပြီးတော့ ကျောင်းတစ်ခုလုံးမှာ ခင်းမယ့်
ကြွေပြားတွေကို ကျနော်တို့အဖွဲ့က လှူပါတယ်။ ကျနော်တို့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် နန်းထ၀ီရော်ဘာကုမ္ပဏီ ခြံဝင်းအတွင်းမှာ မြန်မာတွေစုပေါင်းပြီးတော့ မနှစ်က ဘုန်းတော်ကြီးကျောင်း တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့တယ်၊ နောက်နေရာတွေမှာလည်း မြန်မာဘုန်းတော်ကြီးကျောင်းတွေ ပေါ်ပေါက်လာမယ်ဆိုရင် ကျနော်တို့ တတ်နိုင်သလောက် ကူညီပေးမယ်။ ပြီးတော့ နေရာတိုင်းမှာ ဒီလို သာရေးနာရေး အသင်းလေးတွေ တည်ထောင်နိုင်အောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်း နေရာတိုင်းတွင် မြန်မာအလုပ်သမားများ ရှိနေသော်လည်း စုစုစည်းစည်း သာရေးနာရေး
အသင်းငယ်များ စတင်ဖွဲ့စည်းခြင်းသည် အခြားရွေ့ပြောင်း အလုပ်သမားရေး ဆိုင်ရာ ကိစ္စရပ်များတို့ကို လည်း ဆက်လက် ဆောင်ရွက်သွားနိုင်ကြောင်း ရောက်လေရာ အရပ်တွင် ဖွဲ့စည်းထားသင့်ကြောင်း GHRE မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက တိုက်တွန်းပြောဆိုသွားသည်။
ရေစက်ချ အလှူမင်္ဂလာပွဲသို့ အခြားမြို့ရွာများတွင်လည်း ၀ါဆိုပွဲတော်ရှိနေသဖြင့် ကျောင်းထိုင်မည့် မြန်မာ သံဃာတော်တစ်ပါးနှင့် ကျောင်းရှိ ထိုင်းသံင်္ဃာတော်ဆယ်ပါးတို့ ပရိတ်တရားတော်များကို ချီးမြှင့်တော်မူ ခဲ့ကြသည်။

7.26.2010

Burma's News World's News

US hits out at Afghan war leaksUS soldiers in Afghanistan (file)

Washington condemns as "irresponsible" the release by Wikileaks website of 90,000 secret US military records about the conflict in Afghanistan.

White Tiger Party Popular in Northern Shan State

By SAI ZOM HSENG
The Shan National Democratic “White Tiger” Party is gaining popularity as it opens branches across Northern Shan State.

Hillary shines a light on the Burma-North Korea connection

Monday, July 26, 2010
STEPHFF 

Protests Dog Than Shwe in India

By ZARNI MANN
Protests pursue Than Shwe during his visit to India as prominent Indian supporters of democracy criticize their government.

Villagers Flee in Fear of Attack on DKBA

By THAN HTIKE OO
700 Villagers flee to Thailand from Miyawaddy Township after the DKBA warn a junta attack is imminent.

Than Shwe May Free Suu Kyi Before Election: Former Spy

By WAI MOE
A former Burmese intelligence officer suggests foreign countries must increase pressure to get Suu Kyi released before the election.

Election Day Bomb in Bangkok Kills 1, Injures 10

By THANYARAT DOKSONE
A bomb at a bus stop in downtown Bangkok killed one person and wounded 10, including a woman from Burma, shortly after polls in a parliamentary election closed on Sunday.
Than Shwe to visit Gandhi site as protesters say ‘go to hell’ thumbnailThan Shwe to visit Gandhi site as protesters say ‘go to hell’ Than Shwe leaves protesters 'outraged' as he prepares to visit the sight where the 'father of the nation' was cremated, and strengthen ties with the world's



Female political prisoner beaten by guards thumbnailFemale political prisoner beaten by guards
A female political prisoner in Kachin state's Putao prison was beaten up by prison guards when she tried to stop them from beating up two other inmates DKBA commander’s defiance nudges Karen state towards war thumbnailDKBA commander’s defiance nudges Karen state towards war
Tensions high as SPDC look set to launch offensive against dissident DKBA commander Na Kham Mwe of brigade 907, hundreds of refugees fleeing fighting buddha-shwedagon-pagoda1s
Cautious optimism greets Burmese minister’s overtures on labor rights
Burmese migrant workers responded with cautious optimism to the words of Burma’s ...India urged to press Than Shwe for rights, democratic reforms
As Burmese military leader Senior General Than Shwe continues his five-day state visit ...
Burma’s 2010 elections reveal ugly truths
(Commentary) Burma’s military junta is enjoying being a media celebrity in the build-up ... 
New Kachin party to contest in Kachin State
A new Kachin party with established links to the military regime and business ...

မြန်မာ့သတင်း ကမ္ဘာ့သတင်း

အာဖဂန်နစ္စတန်ရှိ အမေရိကန် တပ်ဖွဲ့ဝင်အချို့။
ဓာတ်ပုံ AP
အာဖဂန်နစ္စတန်ရှိ အမေရိကန် တပ်ဖွဲ့ဝင်အချို့။ ဇူလိုင် ၂၂၊ ၂၀၁၀။

အမေရိကန် ရေတပ်သားတဦး တာလီဘန် ဖမ်းဆီးထား

အာဖဂန်နစ္စတန် အရှေ့ဘက်ခြမ်းမှာ ပျောက်ဆုံးနေတဲ့ အမေရိကန် ရေတပ်သင်္ဘောသား ၂ ဦးကို တောနင်းပြီး အမေရိကန်တပ်က အကြီးအကျယ် ရှာဖွေခဲ့ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ

နှုတ်မဆက်ခဲ့ပါတယ် ... ကျနော် ပြေးတော့မယ် ...

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံ ဒုတိယ ခရီးစဉ် တလျှောက်လုံးတွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်မည်ဖြစ်ပြီး ၄င်းတို့ သွားရောက်မည့် နေရာများ၊ လမ်းများ တလျှောက်တွင်လည်း ကန့်ကွက်စာများ လိုက်လံကပ်သွားမည်ဟု သတင်းရရှိသည်။
ဘန်ကောက်ဗုံးကွဲမှု မြန်မာတဦး ဒဏ်ရာရ

ဘန်ကောက်ဗုံးကွဲမှု မြန်မာတဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ကားမှတ်တိုင်တခု၌ ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မြန်မာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ထိန်းချုပ်သည့် ဒေသအတွင်းရှိ ကရင်ရွာသား ၇၀၀ ခန့် သည် DKBA နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ယမန်နေ့ကစ၍ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရသည်။ 
ဝါဆိုလပြည့်နေ့တွင် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံလာခွင့် ပိတ်ပင်ခံရ
ကျမတို့ အမှတ် (၂) ဂိတ်ကနေ ကူးပြီး မြ၀တီဘက်ခြမ်း ကမ်းနဖူးအတက်မှာ ရဲနဲ့စစ်သားတွေ သေနတ်တွေနဲ့ချိန်ပြီး အမိန့်ထုတ်ထားတာ မသိကြဘူးလား၊ သေချင်လို့လားဆိုပြီး ထိုင်းဘက်ခြမ်းကို အတင်းပြန်မောင်းထုတ်တယ်

မဲဆောက်-မြ၀တီတံတား လကုန်ပြန်ဖွင့်ရန် ထိုင်းဘက်မှ မျှော်လင့်
thashwewanted1s
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ ၅ နာရီကြာ ဘုရားဖူး
thanshwesအိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေ သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင် ...   

ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်းဆီးခံရ

Burmese Nasaka
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်လာသူ မြန်မာနိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ နစကမှ အကြပ်အဆင့် အရာရှိ ၂ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်က ယမန်နေ့က ဖမ်းဆီးလိုက်သည်။
ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေ မောင်တောမြို့နယ်မှ ပြည်ထောင်စု လွှတ်တော် အမတ်အဖြစ် အရွှေးခံမည်
ပြည်ထဲရေး ဒုဝန်ကြီး ဦးဖုန်းဆွေသည် ပြည်ခိုင်ဖြိုး ပါတီကို ကိုယ်စားပြုပြီး မောင်တော မြို့နယ်မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အမတ်လောင်း အဖြစ် အရွှေး ခံမည်ဟု သတင်း ရရှိသည်။


more

 

more

 

more

 

more

 

more

 

more | audio
စစ်အစိုးရခေါင်းဆောင် ဗုဒ္ဓဂၝယာ ရောက်လာ
ရွေးကောက်ပြဲကို ပြည်သူအားလုံး သပိတ်မှောက်သင့်ကြောင်း ဦးဝင်းတင်ပြောကြား
ဗိုလ်ချုပ်မှူးကြီး မရောက်ခင် အိန္ဒိယမှာ ကန်ႛကွက်မှုတွေ စတင်
ပူတာအိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရ

ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားများ စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲများဖြင့် စည်ကား

Photobucket
ဇူလိုင် ၂၆
ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြန်မာအလုပ်သမားများ စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲများဖြင့် စည်ကားနေသည်။
ယနေ့ နံနက်ပိုင်းက ဖက်ကဆင်၉၅ လမ်းရှိ မြန်မာ စက်ချုပ်အလုပ်သမားများ စုပေါင်း၍ မြန်မာ သင်္ဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အလားတူ ဘန်ကောက်မြို့ဖက်က ဆင်၆၀/၂လမ်းရှိ မြန်မာစာသင်သား သင်္ဃာတော်အများ စုဝေး သီတင်းသုံးတော်မူကြသည့် ၀တ်တစ်လုံး ဘုန်းတော်ကြီးကျောင်းတွင် မြန်မာပြည်မှ ခေတ္တ ကြွရောက်တော်မူသည့် (ဒယ်အိုးဆရာတော်) ဦးသုမင်္ဂလ အပါအ၀င် ကျောင်းနေ သံင်္ဃာတော်များအား မြန်မာအလုပ်သမားများက စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူခဲ့ကြသည်။
ဝတ်တစ်လုံးကျောင်းတွင် ကျင်းပသည့်ပွဲသို့ အလှူလာလုပ်သည့် မြန်မာအလုပ်သမား ၁၅ဦးခန့်အားထိုင်းရဲ အချို့က နယ်မြေကျော်သည်ကို အကြောင်းပြ၍ အလုပ်သမားတစ်ဦးစီ ဘတ်ငွေ ၅၀၀ တောင်းယူခဲ့သည်။
နောက်ပိုင်းတွင် အကျိုးဆောင် မြန်မာအလုပ်သမား ခေါင်းဆောင်များနှင့် ကျောင်းထိုင် ဆရာတော်ဘုရားတို့
မေတ္တာရပ်ခံချက်အရ ထိုင်းရဲများ ထွက်ခွာသွားခဲ့ကြသည်။
ယမန်နေ့က ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာအလုပ်ရုံအနီးတွင် ၄င်းနေရာ အခြေစိုက် ထေရ၀ါဒ ဗုဒ္ဓဘာသာ ယာယီစံကျောင်းအဖွဲ့မှ ဦးဆောင်လျှက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပခဲ့သည်။ ဤပွဲသို့ နိုင်ငံတကာ သာသနာပြု phd ဒေါက်တာဘွဲ့ အလောင်းလျာ မြန်မာဆရာတော်တစ်ပါးက ကြွရောက်ပြီး တရားတော်ချီးမြှင့်ပါသည်။
ထို့အပြင် အယ်ကရှိုင် ၆၃လမ်းတွင်လည်း မြန်မာအလုပ်သမားများ စုပေါင်း၍ မြန်မာသံဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက်နှင့် အခြားမြို့ အတော်များများတို့တွင်လည်း ၀ါဆို သင်္ကန်းကပ်လှူပွဲများ ကျင်းပခဲ့ကြောင်းသိရှိရသည်။

7.25.2010

အိန္ဒိယနိုင်ငံရောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကန့်ကွက် ကြမှုများ(ဓါတ်ပုံသတင်း)


သတင်း(ဒီမိုဝေယံ)

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် တရုတ် ကုမ္ပဏီတစ်ခုနှင့် လော်စစ်ဟန်သား စာချုပ်ချုပ်

Photobucket
ရန်ကုန်၊ဇူလိုင် ၂၅။
ကချင်ပြည်နယ်ရှိ ကြီးမားလှသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြီးနှင့် ပါတ်သက်၍ တရုတ်နိုင်ငံ၏ China Power Investment Corporation ( CPIC ) နှင့် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သော်လည်း ယခုအခါ နောက်ထပ် တရုတ် ကုမ္ပဏီ တစ်ခုဖြစ်သော  Yunnan Provincial Investment Holding Group Co Ltd ( YPIC )နှင့် မြစ်ဆုံဒေသတွင်ပင် နိုင်ချမ်းခ အမည်ရှိ ရေအားလျှပ်စစ် လုပ်ငန်းတခု လုပ်ကိုင်ရန် စာချုပ် ချုပ်ဆိုခဲ့သည်ဟု သိရပါသည်။

ယနေ့ထုတ် စစ်အုပ်စု သတင်းစာများတွင် ဖေါ်ပြချက်များအရ နိုင်ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပါတ်သက်သော သဘောတူစာချုပ်ကို YPIC နှင့် International Group of Entrepreneurs ( IGE ) Co. Ltd of Myanmar တို့သည် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အဆင့်မြင့် အရာရှိများတို့နှင့် အတူ နေပြည်တော်တွင် ပြီးခဲ့သော သောကြာနေ့က စာချုပ် ချုပ်ဆိုခဲ့ သည်ဟု ဆိုပါသည်။ 
မြန်မာစစ်တပ် အာဏာရှင်များနှင့် နီးစပ်သည့်  IGE ကုမ္ပဏီသည် ရေအားလျှပ်စစ် လုပ်ငန်း တည်ဆောက် ရေး လုပ်ငန်းများကို အဓိက တာဝန်ခံ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ကတည်းက စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပါသည်။ 
နိုင်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၀၅၅ မီဂါဝပ် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ထို လျှပ်စစ် ဓာတ်အားများကို မဟာ ဓာတ်အားလိုင်းကြီးများသွယ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရောင်းချ မည် ဖြစ်ပါသည်။ 
စစ်အုပ်စု၏ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနမှ အမည်မဖေါ်လိုသော အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပြရာ တွင်မူ နိုင်ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်အား မီဂါဝပ် ၃၆၀၀ ထွက်ရှိမည်ဖြစ်ပြီး ထို လျှပ်စစ် ဓါတ်အား အားလုံးကို တရုတ်နိုင်ငံ ယူနန်ဒေသသို့ ရောင်းချရန် တရုတ် အာဏာပိုင်များနှင့် သဘော တူညီမှု ရရှိပြီး ဖြစ်သည်ဟု ဆိုပါသည်။
ထိုစီမံကိန်းအရ မြစ်ကြီးနားမြို့၏ မြောက်ဘက် ၄၂ ကီလိုမီတာခန့်ကွာဝေးသော မေခနှင့် မလိခမြစ်များ ဆုံစည်းရာ ဧရာဝတီမြစ်ဆုံ ဒေသကို ရေကာတာပြုလုပ်၍ ရေအားလျှပ်စစ် ထုတ်လုပ်ပြီး ရရှိလာသော လျှပ်စစ်ဓာတ်အားများကို တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ဒေသသို့ ဓာတ်အားလိုင်းများသွယ်၍ ပေးပို့ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ၄င်းမှ ပြောပြပါသည်။ 
ထိုစီမံကိန်းကို အကောင်အထည်ဖေါ်ခွင့်ရသော မြန်မာ ကုမ္ပဏီမှာ Asia World လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ်ပြီး တစ်ချိန်က မူးယစ်ဆေးဝါးဖြန့်ချီသူ ဘိန်းရာဇာ လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

7.24.2010

Burma's News World's News

N Korea warns of nuclear responseA woman looks at the USS George Washington in Busan in South Korea on 24 July, 2010
North Korea says it will use its "nuclear deterrent" in response to joint US-South Korean military exercises this weekend.


Than Shwe Visit Condemned in Letter to Indian PM

By ZARNI MANN
Civil society groups in India send a letter to the country's prime minister to protest a state visit by Burmese junta leader Snr-Gen Than Shwe.

US Wants India to Urge Burma to Change

By LALIT K JHA
The Obama administration tells Indian officials they should “communicate directly and forcefully” with visiting Burmese junta leader Snr-Gen Than Shwe about the need for political reform.

Burma's FM Gets an 'Earful' from Asean and Partners

By LARRY JAGAN
Burma dominated this week’s regional meetings in Vietnam, as Asean foreign ministers and their dialogue partners took their Burmese counterpart to task over this year's election.

Weekly Business Roundup (July 24, 2010)

By WILLIAM BOOT
Burma’s junta leader Snr-Gen Than Shwe is expected to seek India’s help in developing information technology systems during a visit he is scheduled to make from this weekend.
Over 4,500 refugees in need of anti-malarial drugs
Forced to flee their homes with little more than the clothes on their backs and seek ...
Washington renews Burma sanctions
U.S. President Barack Obama’s administration on Thursday renewed sanctions against ...Cautious optimism greets Burmese minister’s overtures on labor rights
Burmese migrant workers responded with cautious optimism to the words of Burma’s ...
Floods wash away homes in Phakant
Following heavy downpours resulting in severe flooding, houses in a region of Kachin ...
The electoral curse of poor, divided countries
(Commentary) As time draws ever nearer for Burma’s 2010 general election, news of ... US renews sanctions as Clinton rues abuses thumbnail

US renews sanctions as Clinton rues abuses

US secretary of state voices 'deep concern' about oppression in Burma as Washington extends for another year sanctions on the pariah USDA turns to religious propaganda thumbnail

USDA turns to religious propaganda

Junta-proxy group to reform as the Association for the Propagation of Śāsana under the direction of the Burmese government
Thais protest Burma migrant driving licenses thumbnail

Thais protest Burma migrant driving licenses

1000-strong group of taxi drivers in Ranong complain that the government's granting of driver licenses to Burmese migrants could threaten their jobs