12.23.2010

မဲဆောက်ဒေသ စာကြည့်တိုက်များ ကွန်ယက်၏ စာအုပ်ပြပွဲ ဖိတ်ကြားလွှာ

Photobucket

Work pamit မရှိသဖြင့် အလုပ်သမား ၃၃ဦးအား ၄၈ ရက်ထောင်ချ

Photobucket
ဒီဇင်ဘာ ၂၂
ဘန်ကောက်မြို့ စမူပါကန် ပါနန်းအရပ်ရှိ ဒိုင်းမွန်း ဆိုဖါ အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများအား နယ်ကျော်မှုနှင့် work pamit မရှိ ဟူသော အချက်များဖြင့် ဖမ်းဆီးပြီး တစ်နေ့တည်း တရားရုံးတင်ကာ ထောင်ဒဏ် ၄၈ ရက် ချမှတ်လိုက်သည်။
ခေါင်ကယ်ပိုက်စက်ရုံမှ ပြောင်းရွေ့ လာခဲ့ပြီးနောက် ထောင်ချီရှိသော မြန်မာ အလုပ်သမားများမှာ ယာယီပတ်စပို့ကို လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိခဲ့ကြသော်လည်း work permit ကိုမူ ရယူနိုင်ခြင်းမရှိခဲ့ပါ။ အဆိုပါ အလုပ်သမားများမှာ အလုပ်အကိုင် အတည်တကျမဖြစ်နိုင်ပဲ ဟိုပြောင်းဒီရွေ့ဖြင့် work pamit ကိုလည်း အသစ် လျှောက်ထားနိုင်ခြင်း မရှိကြသေးပေ။
ဖမ်းဆီးထောင်ချခြင်း ခံလိုက်ရပြီး ဖြစ်သော မဖြိုးနှင့် မလွင်လွင်ကြူ တို့က “ ကျမတို့ကို ဒီမနက် အလုပ်ထဲမှာ လာဖမ်းတာပါ။ work permit လုပ်မထားလို့ လို့ပြောပါတယ်။ သူဌေးဆီကလည်း လုပ်အားခမရသေးဘူး။ ထောင် ၄၈ ရက်ချခံရတယ်။ ပြီးတော့ ဘာဖြစ်အုံးမလဲ မသိဘူးရှင်” ဟု ပြောပြ သွားသည်။
အဆိုပါ အလုပ်သမားများ ယနေ့ နေ့လည်ပိုင်းက (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ) BAT သို့ 
သတင်းပို့ ပြီး အကူအညီ တောင်းခံခဲ့သည်။ BAT ကလည်း မိတ်ဆွေလုပ်ဖေါ်ကိုင်ဘက် ထိုင်းအင်ဂျီအိုအဖွဲ့ 
တစ်ခုနှင့် ဆယ်သွယ် ကူညီရန် ပြင်ဆင်ခဲ့သည်။
ထိုင်းအင်ဂျီအိုမှ မြန်မာဘာသာပြန်နှင့် ထိုင်းရှေ့နေတို့ နှစ်ဦး အဆိုပါ အလုပ်သမားများ ပေးထားသည့် ဖုန်းများကို ဆက်သွယ်ပြီး ၄င်းတို့ ညွှန်ပြသည့် ရဲစခန်းသို့ လာရောက်ခဲ့သော်လည်း ရှာဖွေ မတွေ့ရှိခဲ့ပေ။ ဖုန်းများကိုလည်း မည်သို့ မှ ဆက်သွယ်၍ မရရှိခဲ့ပေ။
ညနေ ၄နာရီခန့်တွင်မှ မဖြိုးတို့ က ဖုန်းကို ထိုင်းရဲများကသိမ်းလိုက်ကြောင်း၊ တစ်လုံးကို ဖွက်ထားပြီး အိမ်သာထဲတွင် ထည့်ထားကြောင်း အဆိုပါဖုန်းဖြင့် ဆက်သွယ်လာခဲ့သဖြင့် အလုပ်သမားများအား ထောင်ချလိုက်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အလုပ်သမား ၃၃ဦးအနက်၊ မိန်းကလေး ၁၄ဦး ဖြစ်သည်။
ထို ၃၃ဦးထဲတွင် လူ၃၀မှာ ယာယီပတ်စပို့ ရှိသူများဖြစ်ပြီး ၃ဦးမှာ ဘန်ကောက်မြို့ ဝိုင်းဝိုင်းယဉ် အရပ်မှ ဖြစ်
သဖြင့် (ဘတ်) နယ်ကျော်သည်ဟု ဆိုခါ တခါတည်း ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရှိရသည်။ ထိုင်းအလုပ်သမား ဥပဒေအရ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်ရှိသူများအနေဖြင့် သတ်မှတ် ထားသော မြို့နယ်အား ကျော်လွန်ပြီးအလုပ်လုပ်ကိုင် သွားလာပါက ဒဏ်ငွေ ဘတ်၅၀၀ ပေးဆောင်ရမည် ဖြစ်သည်။ ယာယီပတ်စပို့ လုပ်ကိုင်ထားသူများ အနေဖြင့် ပတ်စပို့လုပ်ပြီး တစ်လအတွင်း work pamit လျှောက်ထားရမည် ဖြစ်သည်။
ရက်ပေါင်း ၉၀ ပြည့်သည့် အခါ လူဝင်မှုကြီးကြပ်ရေး ရုံးတွင် တံဆိပ်တုံး ထုရမည်ဖြစ်သည်။ ယာယီပတ်စပို့ မှာ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရှိသည်။ work pamit မရှိပဲ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် မရှိပေ။ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေချမှတ်ပြီး နယ်စပ်သို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
(ကိုကျော်သောင်းမှ ပေးပို့ပါသည်။) 

12.22.2010

မြန်မာ ကျောင်းသားလူငယ်တစ်ဦး၏ အာဏာပိုင်များထံ တင်ပြတောင်းဆိုတဲ့စာ

12.21.2010

အိန္ဒိယ- မြန်မာ ရေကြောင်း ကုန်စည်ကူးသန်းရေးစာချုပ်

ရန်ကုန် ၊ဒီဇင်ဘာ ၂၀။
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ် တစ်ခုကို စစ်တွေမြို့တွင် မနေ့က ချုပ်ဆိုခဲ့သည်ဟု သိရပါသည်။ ထိုစာချုပ်ကို မြန်မာဘက်မှ အဆင့်မြင့်အရာရှိကြီးများနှင့် အိန္ဒိယနိုင်ငံ ESSAR projects (India) Co.Ltd ၏ ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ ဥက္ကဌအပါအဝင် အိန္ဒိယ အဆင့်မြင့် အရာရှိများ တက်ရောက်ကြပါသည်။ ထိုစာချုပ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ စစ်တွေမြို့တို့ ကုလားတန်မြစ်ကို ဖြတ်၍ အပြန်အလှန် ကုန်ပစ္စည်းများ တင်ပို့ရန် သဘောတူညီ ရေးထိုးသော စာချုပ်ဖြစ်ပါသည်။
၁၉၆၅ ကီလိုမီတာ ရှည်လျှားသော ကုလားတန်မြစ်၏ အစိတ်အပိုင်းအတွင်း Kolkata ၊ မီဇိုရမ်နှင့် အနောက်ဘင်ဂေါ ပြည်နယ်တို့ကို ဖြတ်သန်းသွားသော ရေကြောင်းဖြင့် ကုန်ပစ္စည်းများ တင်ပို့ နိုင်မည်ဖြစ်ပါသည်။ ထို့အတူ ကားနှင့် မီးရထားလမ်းများ ၆၇၃ ကီလိုမီတာလည်း ပါဝင်ပါသည်။ ၁၂၉၄ ကီလိုမီတာ အရှည်ရှိ ထိုမြစ်၏ အစိတ်အပိုင်းသည် ရခိုင်ပြည်နယ် အနောက်ပိုင်းမှ ဖြတ်သန်းသွားပါသည်။
မြန်မာ အဆင့်မြင့် အရာရှိတစ်ဦးက အလွန်အားရစရာကောင်းသော ထိုစီမံကိန်းသည် ၂၀၁၃ နှစ်ကုန်တွင်မှ ပြီးဆုံးမည်ဟု ပြောပါသည်။
၂၀၀၈ ခုနှစ် ဧပြီလ ၂ရက်နေ့ နအဖ ဒုဥက္ကဌ ဗိုလ်ချုပ်မောင်အေး၏ အလည်အပတ် ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့သော Indo-Myanmar Framework သဘောတူစာချုပ်သည် အမေရိကန်ဒေါ်လာ ၁၁၇ မီလျှံ ကုန်ကျမည်ဖြစ်ပြီး ထိုစီမံချုက်ကမူ အိန္ဒိယ နိုင်ငံတွင် စတင်မည် ဖြစ်ပါသည်။
ယခုစီမံကိန်းမှာမူ စစ်တွေမှ ပလက်ဝအထိ ၁၅၈ ကီလိုမီတာ ရှည်လျှားသော ရေကြောင်းသွားလာရေး လမ်းကြောင်းကို ဖေါ်ထုတ်မည်ဖြစ်ပြီး ၆၈.၂၄ မီလျှံ ကုန်ကျမည် ဖြစ်ပါသည်။
တွက်ချက်မှုများအရ ပလက်ဝမြို့မှ မြန်မာ-အိန္ဒိ နယ်စပ်သို့ ဖေါ်လုပ်မည့် ၆၂ ကီလိုမီတာ အရှည်ရှိ ကားလမ်းမှာမူ ၄၉.၁၄ မီလျှံ ကုန်ကျမည်ဟု ဆိုပါသည်။
အိန္ဒိယနိုင်ငံ၏ ပြင်ပဆက်ဆံရေး ဝန်ကြီးဌာနက ထိုစီမံကိန်းများကို IWAI ခေါ် Inland Waterway Authority of India က စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး အတိုင်ပင်ခံ (PDC) အဖြစ် ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။
နောက်ပိုင်တွင်း Kolkata မှ တန်ချိန် ၆၀၀၀ အထိရှိသော ကုန်စည်သင်္ဘော များသည် စစ်တွေရှိ ရေနက် ဆိပ်ကမ်းသစ်တွင် လာရောက်ဆိုက်ကပ်နိုင်လိမ့်မည်ဟု လည်း ဆိုပါသည်။

12.19.2010

Burma's News World's News

Bombers target Afghan army basesAfghan soldiers run for cover as a bomb explodes during a gun battle on the outskirts of Kabul, Afghanistan, on Sunday

Suicide attacks on army bases in the Afghan capital Kabul and a northern city leave at least 13 security personnel dead, with one gun battle raging for hours.

Tendulkar hits landmark 50th ton

Indian batsman Sachin Tendulkar becomes the first player in history to hit 50 Test match centuries after scoring a ton in the the first Test against South Africa in Centurion. Sport

Inside KNLA Brigade 5 with the Free Burma Rangers

By ALEX ELLGEE
A reporter for The Irrawaddy crosses the border into Karen State and speaks with the director of the Free Burma Rangers while the ranger trains new teams near the front lines.

Suu Kyi Rules Out Replacing NLD Leadership

By SAW YAN NAING
Despite complaints from some of the party's youth members, Aung San Suu Kyi says she won't move to sideline senior leaders of her National League for Democracy.

Than Shwe Vows to Build Strong, Modern Military

By WAI MOE
Burma's junta leader tells cadets at an elite military academy that the armed forces must continue to grow in strength.

Laura Bush Speaks by Phone to Suu Kyi

By JAMIE STENGLE
Former first lady Laura Bush, a longtime advocate of free elections in Burma, speaks with the country's pro-democracy leader Aung San Suu Kyi for the first time.

Weekly Business Roundup (December 18, 2010)

By WILLIAM BOOT
Burma has been accused by the United Nations of dramatically raising cultivation of poppies for opium in 2010.
Local Media Barred from Publishing Suu Kyi Interviews
By YENI
Burma's censors have been ordered to block efforts by privately owned publications to increase their coverage of pro-democracy leader Aung San Suu Kyi's activities.
KNU Eye Manerplaw
By SAW YAN NAING
The KNU's Battalion 202 has launched a short attack on the Burmese army base of Manerplaw, which was formerly the KNU's headquarters.
DKBA faction could commence guerilla war in ‘every township’ thumbnail

DKBA faction could commence guerilla war in ‘every township’

Renegade DKBA commander assertive as he tells DVB from the front line that faction is prepared for guerilla war across Burma if the Burmese army continues its 'offensive' Suu Kyi’s ‘time has come and gone’: India thumbnail

Suu Kyi’s ‘time has come and gone’: India

Leaked cable reveals India's views on Aung San Suu Kyi and the junta number 1's extraordinary travel 'arrangements' for his 2004 visit to the world's largest democracyVictim of land confiscation facing jail thumbnail

Victim of land confiscation facing jail

Farmer who claims his land and property was destroyed by Rangoon authorities is being tried on charges of trespassing Report condemns Norway fund’s Burma investments
pipeline-construction-s(Analysis) Norway’s government has been accused of being “complicit in land confiscation, ...
16 political prisoners released
insein-prison-sSixteen political prisoners who had served their full terms were released today from Burmese jails, ... WikiLeaks: Junta ‘might go nuclear for US attention’
mitraMembers of Burmese dictator Than Shwe’s entourage during a 2004 trip to New Delhi, told the Indian ...
Heavy rain spoils rice harvest, Mon farmers say
rice-crop-sUnseasonal heavy rain in the past week during the harvest had spoiled a large portion of the rice crop ...

မြန်မာ့သတင်း ကမ္ဘာ့သတင်း

US President Barack Obama records the weekly speech, 10 Dec 2010
ဓာတ်ပုံ White House/Samantha Appleton

နျူလက်နက် လျှော့ချရေး စာချုပ်သစ် အထက်လွှတ်တော် အတည်ပြုရေး အိုဘားမား တိုက်တွန်း

နျူကလီးယားလက်နက် လျှော့ချရေး သဘောတူစာချုပ်အသစ်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေးဖို့ သမ္မတ အိုဘားမားက တိုက်တွန်းနေပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ

ကဏ္ဍများ

နေပြည်တော် တည်ဆောက်ရေး လက်ဝါးကြီးအုပ်ထားသည့် ကုမ္ပဏီများ အကျိုးဖြစ်

နေပြည်တော် တည်ဆောက်ရေး လက်ဝါးကြီးအုပ်ထားသည့် ကုမ္ပဏီများ အကျိုးဖြစ်

နေပြည်တော် အထူးစီမံကိန်းများ အကောင် အထည်ဖော်ရေး စီမံကိန်းတွင် လက်ဝါးကြီးအုပ် တည်ဆောက်ခွင့် ရနေသည့်  ဆောက်လုပ်ရေး ကုမ္ပဏီကြီးများမှာ ကျပ်သိန်းပေါင်း ထောင်ချီ၍
“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဂယက် မငြိမ်သေး

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဂယက် မငြိမ်သေး

အင်္ဂလန်နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းခံရသော မြန်မာသရုပ်ဆောင် ၆ ဦးထဲ၌ အစိုးရ၀ါဒဖြန့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သူများ ပါဝင်နေ ခြင်းကြောင့်

မြန်မာ့နိုင်ငံရေး အိန္ဒိယ ဝေဖန်ချက် ဝီကီလိစ်တွင် ပေါက်ကြား

မြန်မာ စစ်အစိုးရသည် ကမ္ဘာကို မည်သို့မည်ပုံ လှည့်စားရမည်ကို ၎င်းတို့၏ “ဆရာ” တရုတ်ထံမှ နည်းယူခဲ့ပြီး အမေရိကန်၏ အာရုံစူးစိုက်မှုရရန် နျူကလီးယား အစီအစဉ်ကို လုပ်ဆောင်ခြင်း

ဒေါ်အောင်ဆန်းစုကြည်သတင်းများ မီဒီယာတွင်ပိတ်ပင်

စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းသတင်းဂျာနယ်များ၏ တွေ့ဆုံမေးမြန်းခန်းများ၊ သတင်းနှင့် ဓာတ်ပုံများကို ဖော်ပြခွင့်မပြုတော့ကြောင်း သိရသည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ဇိုမီး တော်လှန်ရေးအဖွဲ့ တွေ့ဆုံ

အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး မစ္စတာ ပီ ချီဒမ်ဘရမ် က အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ချူရာချန်ပူခရိုင်ရှိ မူဗမ်းလိုင် အရပ် အခြေစိုက် ဇိုမီး တော်လှန်ရေး တပ်မတော် တပ်ရင်း ၁၉၃ နှင့် ၂၀၃ ကို

ရန်ကုန်-ယူနန် မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည်

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၁၁ ခု ဇန်န၀ါရီလ ၌ စတင် ဖောက်လုပ်မည်ဟု နေပြည်တော်ရှိ မြန်မာ့ မီးရထား ၀န်ကြီးဌာနမှ

မာနယ်ပလော တိုက်ပွဲကြောင့် ရွာသားများ တိမ်းရှောင်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလော ဒေသတွင် စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်ဖွဲ့ဝင် များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား ၃၀၀ ခန့် ထိုင်းနိုင်ငံ

“ဒန်အိုးဒန်ခွက် ဝယ်တယ်၊ မန်ယူဝယ်တယ်၊ ပန်းကန်ပြားပျံဝယ်မယ်”

“ဒန်အိုးဒန်ခွက် ဝယ်တယ်၊ မန်ယူဝယ်တယ်၊ ပန်းကန်ပြားပျံဝယ်မယ်” “ရဲဘော်တို့ … စစ်သတ်ကတို ချိုကုပ်လောင်း ဆင်းပွဲမှာ မှာကြားစရာ ရှိတာတွေကို အောက်ကလူတွေ ရေးထားတဲ့အတိုင်း ဖတ်ပြမယ် … သေချာ နားထောင်ကြ”ပြင်ဦးလွင်ခေါ် မေ့မြို့
ဆက်ဖတ်ရန် ...
ကာတွန်း စောငို - ဒုတိယ ပင်လုံ
ဒီဇင်ဘာ ၁၉၊ ၂၀၁၀
ကာတွန်း ဇော်ဒီဒီ - ရွေးကောက်ပွဲအလွန်ကို ပြေးကြည့်ခြင်း
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၀
ပြည်သူ့ဂုဏ်ရည်၏ ဆန်ဖရန်ဘေးဧရိယာအဖွဲ့က ဇန်န၀ါရီ ၂၃ မှာ ရန်ပုံငွေဈေးရောင်းမည်
မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၀
မြန်မာပြည်သားချင်း ရိုင်းပင်းကူညီဟူသော တိုက်တွန်းချက်ဖြင့် နှစ်စဉ် နှစ်တိုင်း မြန်မာပြည်တွင်းရှိ စေတနာဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးမဖက် စွမ်းဆောင်သူများ၊ အဖွဲ့များကို စာရင်းပြုစု ပြန်ကြားခြင်း၊ အများဆန္ဒဖြင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းတို့ လုပ်ကိုင်ရန် ဖွဲ့စည်းထားသော ပြည်ပရောက် မြန်မာပြည်ဖွားများ၏ ပြည်သူ့ဂုဏ်ရည်အဖွဲ့သည် လာမည့်နှစ် ၂၀၁၁ တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ရန် အမေရိကန်မြို့နယ်များအနှံ့ လှုပ်ရှားမှုများ၊ စည်းရုံးလှုံဆော်မှုများ ပြုလုပ်လျက်ရှိသည်။
အပြည့်အစုံသို့ ...
 
လာပြန်ပြီ ဒီ မီး၊ ဆိုင်းဝိုင်းထဲ ပြင်ပတူရိယာ မ၀င်ရ
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၁၉၊ ၂၀၁၀
အပြည့်အစုံသို့ ...
 
“စမ်းမြသီတာ” က ကောင်းသောလက်များ
မောင်သာချို
ဆဲဗင်းဒေးစ် သတင်းဂျာနယ်က ကူးယူဖော်ပြသည်
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၀
(တစ်)
“စမ်းမြသီတာ”ကို နေ့ချင်းညချင်းဆိုသလို အပြောင်းအလဲကြီး ပြောင်းလဲသွားအောင် ပခုံးဖြင့်ထမ်းတင်ပေးလိုက်တာက ဟွာဆောက်ဂျူ အဖွဲ့ပဲ ဖြစ်ပါသည်။ ဟုတ်ပါသည်။ ဟွာဆောက်ဂျူ။ တောင်ကိုးရီးယားနိုင်ငံက ဟွာဆောက်ဂျူ။
အပြည့်အစုံသို့ ...
 
“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၁၀ရက်၊ ၂၀၁၀)
မေးခွန်းမေးသူ။   ။ ဒေါ်မာမာအေး (အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်နေ၊ နိုင်ငံကျော် အဆိုတော်)
Q: ညီမလေး စုရေ၊ ဒီလို အရေးတကြီး အလုပ်များနေတဲ့အချိန်မှာ ဖြေရလွန်းလို့ စိတ်မောလူမောဖြစ်နေမယ့် ညီမလေးကို မမေးရက်ပါဘူးဟယ်။ မှာတော့ မှာချင်ပါတယ်။ ညီမရဲ့ အသက်ဟာ အများ လူထုအတွက်၊  အချက်ဖြစ်နေလို့မို့  ကိုယ့်အသက်ကို ကိုယ်တိုင်စောင့်ရှောက်ပါ။ အရဲမကိုးပါနဲ့နော်။ ပြည်သူ့ခေါင်းဆောင် အတွက် နောက်လိုက်ကောင်းတယောက်အဖြစ် ဝန်းရံ ရပ်တည်နေပါတယ်။ ဒါပါဘဲ။ အမျိုးသားနေ့မှာ ပြောတဲ့ စကားပါ။ အောင်မြင်ပါစေနော်။
A: မမ အနေနဲ့ ကျမအတွက် စေတနာနဲ့ စိုးရိမ်ပေးလို့ အများကြီးပဲ ကျေးဇူးတင်ပါတယ်။ ဒီလိုစိုးရိမ် ပေးတဲ့လူတွေရဲ့ စေတနာကိုလဲ လေးစားသောအားဖြင့် ကျမလဲ ဂရုတစိုက်နဲ့နေသွားမှာပါ။ ကျမတို့ကို ဝန်းရံပေးတာကိုလဲ တကယ့်.. ကိုပဲ အားတက်ရပါတယ်။ ဒီလို ဝန်းရံပေးမှလဲ ကျမတို့အောင်မြင်မှုကို အမြန်ဆုံး ရနိုင်ပါမယ် ဆိုတာကတော့ မမကို အထူးအထွေပြောဖို့ မလိုပါဘူးလို့ ကျမထင်ပါတယ်နော်။
အပြည့်အစုံသို့ ...
 
2010-12-18

ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

2010-12-18
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ချွတ်ယွင်းချက် အားနည်းချက်တွေ အများအပြား ရှိနေပေမယ့် ရွေးကောက်ပွဲ ကျင်းပတာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာတွေ ဟာ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။
2010-12-19

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီ

နေအိမ်အကျယ်ချုပ်ဘ၀မှာ ပန်းချီရေးဆွဲခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်စပ်ပြီး ပန်းချီအနုပညာခံစားမှု အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2010-12-19

ကုလ အချိန်ပြည့် အထူးကိုယ်စားလှယ် ခန့်အပ်ရေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချိန်ပြည့် အထူးကိုယ်စားလှယ် ခန့်အပ်နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ တချို့က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

more

 

more

 

more

 

more

တရုတ်မှ ကူညီပေးသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း

ရန်ကုန် ဒီဇင်ဘာ ၁၆။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် ပြင်ဦးလွင်မြို့တွင် တည်ဆောက်သည့် မီဂါဝပ် ၇၉၀ ထုတ်လုပ်မည့် ရဲရွာ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို နအဖ ဝန်ကြီးချုပ် သိန်းစိန်က မနေ့က ဖွင့်လှစ်ပေးခဲ့ပါသည်။
ရှမ်းပြည်နယ်ရှိ မြစ်ငယ်ဒေသရှိ ဧရာဝတီ မြစ်လက်တက် တစ်ခုဖြစ်သော ဒုတ္ထဝတီမြစ်ပေါ်တွင် တည်ဆောက်ခဲ့သည့် ရေကာတာသည် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ခန့် ကုန်ကျခဲ့ပြီး ဒေါ်လာ သန်းနှစ်ရာမှာ တရုတ်နိုင်ငံမှ ချေးငှားခဲ့ခြင်း ဖြစ်ပါသည်။ ထိုရေကာတာကို တရုတ် အင်ဂျင်နီယာများ၏ အကူအညီဖြင့် ၂၀၀၁ ခုနှစ် မှ စ၍ ကိုးနှစ်တိုင် တည်ဆောက်ခဲ့ရပါသည်။
ထိုရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲတွင် နအဖ ဝန်ကြီးချုပ်သိန်းစိန်က ဒီနေ့သည့် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူဝမ်းမြောက်စရာ နေ့တစ်နေ့ဟု ဆိုခဲ့ပြီး၊ ရဲရွာ ရေကာတာသည် ပထဦးဆုံး ကွန်ကရစ် အသုံးပြု ရေကာတာ ဖြစ်သလို တစ်ကမ္ဘာလုံးရှိ ကွန်ကရစ် ရေကာတာများတွင် တတိယ အကြီးဆုံး ဖြစ်သည် ဟုလည်း ဆိုခဲ့ပါသည်။ ၄င်းကပင် ဆက်လက်၍ ထို မီဂါဝပ် ၇၉၀ထွက် ရေအားလျှပ်စစ် လုပ်ငန်းမှ ၁၉၇.၅ မီဂါဝပ်ထွက် ဂျင်နရေတာ ၄လုံးကို လည်ပါတ်စေမည် ဖြစ်ပြီး ထိုဂျင်နရေတာ များမှ တနာရီလျှင် ၃၅၅၀ မီလျှံကီလိုဝပ် လျှပ်စစ်ဓါတ်အားကို ထုတ်လွှင့်ပေးမည်ဟု ဆိုပါသည်။ ထို့အပြင် ရဲရွာ ရေအား လျှပ်စစ်လုပ်ငန်းသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဟုလည်း ဆိုပါသည်။
သိန်းစိန်က ဆက်လက်ပြီး ၁၉၈၈ ခုနှစ်နှင့် ယခုအခြေအနေ၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို နှိုင်းယှဉ် ပြောရာတွင် တိုင်းပြည်အနေနှင့် ၁၉၈၈ ခုနှစ်က ၅၂၉ မီဂီဝပ်သာ ထုတ်ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် ကျောက်မီးသွေးဖြင့် လည်ပါတ်သော ဓါတ်အားပေးစက်ရုံ တစ်ခုနှင့် ဂက်စ်ဖြင့် လည်ပါတ်သော ဓါတ်အားပေးစက်ရုံများ၊ ယခု ရဲရွာ အပါအဝင် ဓါတ်အားပေး စက်ရုံများက ယခုအခါ ၃၀၄၅ မီဂါဝပ် ထုတ်လုပ်ပေးနိုင်တော့မည် ဟုဆိုပါသည်။ ထို့အတူ နောက်ထပ် ရေအားလျှပ်စစ် လုပ်ငန်းများ ဆက်လက် ဆောင်ရွက် နေသည်ဟု လည်းပြောခဲ့ပါသည်။
ရဲရွာ ရေအားလျှပ်စစ် တည်ဆောက်ရေး ပညာရှင်များ၏ ပြောပြချက်အရ ထိုရေကာတာသည် ကွန်ကရစ် ရေကာဖြစ်ပြီး ၂၂၆၄ ပေ ရှည်လျှားကာ ၄၃၃ ပေအနက်ရှိပြီး ရေကုဗမီလျှံ ၂.၁၁၄ ကို သိုလှောင် ထားနိုင်မည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံတွင် ထိုရေကာတာ မတိုင်မီက တရုတ် အကူအညီဖြင့် တည်ဆောက်ပြီးစီးခဲ့သော ရေအား လျှပ်စစ်စီမံကိန်းမှာ ပေါင်းလောင်းရေကာတာ စီမံကိန်းဖြစ်ပြီး ပေါင်းလောင်းမြစ်ကို ပိတ်ဆို့ပြီးပြုလုပ်ခဲ့သော ရေကာတာ စီမံကိန်းလည်း ဖြစ်ပါသည်။ ထိုရေအားလျှပ်စစ် စီမံကိန်းတွင် အစိတ်အပိုင်း နှစ်ခု ရှိခဲ့ပြီး အနိမ့်ပိုင်း ပေါင်းလောင်း စီမံချက်သည် မတ်လ ၂၄ ရက်နေ့ ၂၀၀၅ခုနှစ်က ပြီးစီးခဲ့ပြီး လျှပ်စစ်ဓါတ်အား ၁၄၀ မီဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပြီး နေပြည်တော်နှင့် အနီးတစ်ဝိုက်ဒေသများကို လျှပ်စစ်ဓါတ်အား ပေးနိုင်ခဲ့ ပါသည်။ အထက်ပိုင်း ပေါင်းလောင်း ရေကာတာမှာမူ နောက်ထပ် မီဂါဝပ် ၁၄၀ ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်နေဆဲ ဖြစ်ပါသည်။
စစ်အုပ်စုသည် တရုတ်နိုင်ငံ၏ အထောက်အပံ့ အကူအညီများဖြင့် ရေကာတာများ တည်ဆောက်နေသည့် ကိစ္စကို မည်သည့် အခါမှ ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း မရှိပါ။
သိန်းစိန်ကမူ ယခုအခါတွင် လျှပ်စစ်ဓါတ်အားများ တိုးမြှင့် ထွက်လာနေသောလည်း ၁၉၈၈ခုနှစ် လူဦးရေ သန်း ၄၀ မှ ယခုအခါ သန်း ၆၀ အထိ တိုးမြှင့်လာနေသဖြင့် မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် လျှပ်စစ်ဓါတ်အား လိုအပ်ချက်များ ရှိနေဦးမည် ဖြစ်သဖြင့် လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှုများ ရှိနေဦးမယ် ဟု ဆိုပါသည်။
သူ၏ ပြောကြားချက်များတွင် သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ရောင်းချနေမှုများ၊ ရေးအားလျှပ်စစ်လုပ်ငန်းများမှ ထွက်လာမည့် လျှပ်စစ်ဓါတ်အားများကို ထိုနိုင်ငံများသို့ ပြန်လည် ရောင်းချ သွားမည့် ကိစ္စများကိုမူ ထုတ်ဖေါ်ပြောခဲ့ခြင်း မရှိပါ။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

12.16.2010

ပစိဖိတ်ရေးရာဌာန ESCAP (အက်စ်ကပ်) က စီးပွားရေးရေးဆိုင်ရာ ကော်မရှင်က အစီရင်ခံစာ ထုတ်ဝေ

Photobucket
၂၀၁၀ ခုနှစ်အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနုန်းတွေကို ခြုံငုံပြီး တော့ ကုလသမဂ္ဂ အာရှနဲ့ ပစိဖိတ်ရေးရာဌာန ESCAP (အက်စ်ကပ်) က စီးပွားရေးရေးဆိုင်ရာ ကော်မရှင်က ထိုင်နိုင်ငံဘန်ကောက်မြို့ မှာရှိတဲ့ နိုင်ငံတကာ သတင်းထောက်များအသင်းမှာ မနေ့က ၃၆မျက်နှာပါ အစီရင်ခံစာတစ်စောင် ထုတ်ဝေပြီး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
စီးပွားရေးပညာရှင် ESCAP Chief Economist Dr. Nagesh Kumar နဲ့ Dr. Aynul Hasan တို့ က နိုင်ငံတကာ သတင်းထောက်တွေကို အာရှနဲ့ ဖစိဖိတ်ဒေသတွင်းမှာ အရေးကြီးတဲ့ စိန်ခေါ်မှုတွေအမေရိကန်  အီးယူနဲ့ ကုန်သွယ်မှုအရှိန် အတိုးအလျှော့တွေအပြင်၊ လွတ်လပ်တဲ့ငွေကြေးဆိုင်ရာ စံကောင်းတွေ ထားရှိမှု မရှိတဲ့ ပြဿနာတွေကို တင်ပြကြပါတယ်။
စီးပွားဖွံ့ ဖြိုးမှုတွေ အရှိန်အဟုန်နဲ့ တိုးတက်မြင့်မားဖို့ အတွက် ပွင့်လင်းမြင်သာတဲ့ တာဝန်ခံမှုတွေရှိတဲ့ပျော့ ပြောင်း ငြင်သာတဲ့ အခင်းအကျင်းတွေကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်သူအစိုးရအဖွဲ့ အနေနဲ့ အထူးသိမြင်ဖို့ 
လိုအပ်တယ်လို့ အကြံပြု ထောက်ပြပြောဆိုကြပါတယ်။
ESCAP (အက်စ်ကပ်) ရဲ့  အစီရင်ခံစာအရ အာရှနဲ့ ဖစိဖိတ်ဒေသတွင်းနိုင်ငံတွေမှာ စင်ကာပူနဲ့ ဂျပန်နိုင်ငံ တို့ဟာ စီးပွားရေးအဖွံ့ ဖြိုးဆုံးဒေသတွေ ဖြစ်ပြီးတော့ တရုတ်၊ အိန္ဒိယ၊ သြစတေးလျှ၊ မလေးရှား၊ ထိုင်း၊ တောင်ကိုးရီးယား  ၊ မက္ကစီကို ၊တူရကီ နိုင်ငံတွေက အလယ်အလပ်မှာ ရှိပါတယ်။ နီပေါ၊နဲ့  Papua New Guin Guinea တို့ ကတော့ ဖွံ့ ဖြိုးမှု အနည်းဆုံး နိုင်ငံတွေဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒီအာရှ ပစိဖိတ်ဒေသတွင်း စီးပွားရေးမှတ်တမ်းတင် အဖွဲ့  ESCAP (အက်စ်ကပ်)ရဲ့ ၂၀၁၀ ခုနှစ် စာရင်းအင်းတွေမှာ မြန်မာနိုင်ငံ စီးပွားရေး နဲ့ ပတ်သက်ပြီးတော့ ဘာဖြစ်လို့ မပါတာလဲလို့ မေးတော့……..
အခြား တိုင်းပြည်တွေမှာလို တိကျတဲ့သတင်းကို စစ်အစိုးရက မထုတ်ပြန်သလို၊ လွတ်လပ်တဲ့ သတင်း မီဒီယာနဲ့ လူထုအခြေပြု လူ့အဖွဲ့ အစည်းတွေ လုပ်ကိုင်ခွင့်မရရှိနိုင်တဲ့ အားနည်းချက်တွေကြောင့် လို့ ပြောဆို သွားကြောင်းပါခင်ဗျာ။

12.14.2010

SSEO နှင့် SWAN အဖွဲ့ တို့က မြင့်တချီ ခန်းတလှည့် အစီရင်ခံစာထုတ်ဝေ

Photobucket
Photobucket
ဒီဇင်ဘာ ၁၄
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာသတင်းထောက်များ ကလပ်တွင် ရှမ်းသဘာဝ ပတ်ဝန်းကျင်ရေးရာ အဖွဲ့ SSEO နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားမှုအဖွဲ့ SWAN တို့ကပူးပေါင်း၍ မြင့်တချီ ခန်းတလှည့် အမည်ရှိ အစီရင်ခံစာတစ်စောင်ကို ယနေ့ ထုတ်ဝေလိုက်သည်။
Shan Sapawa Enviromental Organisation နှင့် Shan Women’s ActionNetwork တို့က ပူးပေါင်း၍ စာမျက်နှာ ၂၀ ပါရှိသော မြင့်တချီ ခန်းတလှည့် အစီရင်ခံစာကို မြန်မာ၊ အင်္ဂလိပ်၊ ထိုင်းနှင့် တရုတ်ဘာသာ တို့ ဖြင့် ထုတ်ဝေဖြန့်ချီ လိုက်ခြင်းဖြစ်သည်။
တရုတ်မြန်မာနယ် နိမိတ်ရွှေလီမြစ်၏ အထက်ပိုင်း ၃၀ကီလိုမီတာခန့် အကွာ၊ တရုတ်နိုင်ငံ လောင်ဂျန်း မြစ်ပေါ်တွင် တည်ဆောက်ထားသော ရေအား လျှပ်စစ်ထုတ်လုပ်သည့် ဆည်များကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် ရွှေလီမြစ်ဝှမ်းဒေအတွင်း နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများ အထူးထိခိုက် နစ်နာမှုများ ရှိနေကြောင်း ရွာပေါင်း ၂၀ မှ ရွာသူရွာသားများကို မေးမြန်း သုသေတနပြု၍ ဤအစီရင်ခံစာကို ထုတ်ဝေခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှမ်းသဘာဝ ပတ်ဝန်းကျင် ရေးရာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းက “တရုတ်ပြည်မှ လောင်ဂျန်း မြစ်ပေါ်မှာ ဆည်ဆောက်ထားတာ ၁၀နှစ်ကျော်ကြာခဲ့ပြီ။ ကျနော်တို့ ရှမ်းပြည်နယ်မှာလည်း ဆောက်နေ ကြပြီ။  ဒီလိုဆည်ကြီးတွေ တည်ဆောက်ခြင်းအားဖြင့် ဒေသခံ ပြည်သူလူထုအတွက် တစ်စုံတစ်ခု အကျိုး ဖြစ်ထွန်းမှုမရှိပဲ အပြစ်ပဲရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသား ဒေသခံတွေမှာ ရေဘယ်အချိန် မြင့်တက် လာမလဲ၊ ဘယ်အချိန် ရေကျသွားမလဲ အတိအကျမသိဘူး ဆိုတော့ စိုက်ပျိုးဖြစ်ထွန်းတုန်း ရေတွေ ဖေါက်ချလိုက်တော့ အကုန်မြုပ်ကုန်တယ်။ အထိတ်တလန့် ရပ်တည်နေရတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံအတွင်းမှ အဆိုပါဆည်တွင် ရေချိန်မှတ်ပိုလျှင် ရေကိုဖေါက်ထုတ်လိုက်ပြီး ရေချိန်မှတ် မပြည်သေးပါက ရေတံခါးများကို ပိတ်ဆို့ထားခြင်းကြောင့် ဖြစ်သည်။ အစီရင်ခံစာတွင် ဓါတ်ပုံ အထောက်အထောက်များနှင့် အတူ ရွှေလီမြစ်၏ ၀ဲယာတွင် ရှိသော ရွာပေါင်း ၂၀မှ ကူးတို့ လုပ်ငန်းကို အားကိုး အားထားပြု လုပ်ကိုင်စားကြသော လူဦးရေ ၁၅၇၅၀ ခန့် တို့ မှာ အခက်အခဲ ကြုံတွေ့ နေရကြောင်း ဖေါ်ပြထားသည်။ တပြိုင်တည်းတွင် တရုတ် မြန်မာနယ်စပ် မူဆယ်မြို့ မှ လူဦးရေ သုံးသောင်းခန့်တို့လည်း အဆိုပါ ကူးတို့ လုပ်ငန်းအပေါ်တွင် မှီတည် လုပ်ကိုင်ကြရကြောင်း ဆိုသည်။
SAWN အဖွဲ့မှ ဒါရိုက်တာ နန်းချန်တောင်းက “ မြန်မာအစိုးရရော၊ တရုတ်အစိုးရပါ မြစ်ပေါ်မှာ ရေကာတာတွေ တည်ဆောက်တဲ့အတွက် ပေါက်ပေါ်နေတဲ့ ဆိုးကျိုးတွေကို လျစ်လျှူမရှုသင့်ဘူး။ ဒီရေအားလျှပ်စစ် လုပ်ငန်းကို လုပ်တဲ့ကုမ္ပဏီတွေ အနေနဲ့လည်း မသိချင်ယောင် ဆောင်မနေပါနဲ့ ဒေသခံ ပြည်သူတွေ တကယ် ဒုက္ခရောက်နေတာတွေကို ဘယ်လို ကူညီဖြေရှင်းကြမလဲ ဆိုတာ သိစေချင်တယ်။ ပြီးတော့ နိုင်ငံတကာနဲ့ အာဆီယံဒေသတွင်းက လူမှုအဖွဲ့အစည်းတွေ၊ အင်ဂျီအိုတွေ ၀ိုင်းဝန်းပြီးတော့မှ ကူညီ နိုင်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ ဒီအစီရင်ခံစာကို ထုတ်ဝေရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် တရုတ်နိုင်ငံအတွင်း ရေကာတာ တည်ဆောက်နေခြင်းများ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် သံလွင်မြစ်တို့တွင် တည်ဆောက်နေမှုများတို့မှ ဆိုးကျိုး ဖြစ်ထွန်းပေါ်နေမှုများကို လေ့လာဆန်းစစ်ခြင်းများ ပြုလုပ်သင့်ကြောင်း နိုင်ငံ နယ်နိမိတ် တစ်ခုကိုသာ မကြည့်ပဲ လောင်ဂျန်းမြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်စသော မြစ်များအပေါ် အမှီသဟဲပြု နေကြသော လူမှု အသိုင်းအ၀ိုင်းများ ဇီဝသဘာဝ ပျက်စီးလာမှုများကို အထူးဂရုပြုသင့်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ SWAN အဖွဲ့က ပညာရေး တာဝန်ခံ မနန်းမွန်းကိန် က “မြန်မာအစိုးရနဲ့ တရုတ်အစိုးရတို့က ၀ိုင်းဝန်းပြီးတော့မှ သဘာဝအတိုင်း ရေတွေ စီဆင်းနိုင်အောင် ပြန်လည်စီစစ်ပြီးတော့ စီစဉ်ဆောင်ရွက်ပေးမှ ဖြစ်မယ်။ လူထုတွေက ဘာမှ မတတ်နိုင်ဘူးလေ။ သူတို့ ခံစားနေရတာကို ကမ္ဘာကသိအောင် တင်ပြပေးဖို့ ကျမတို့ကို အကူအညီ တောင်းတဲ့အတွက် ခုလို သတင်းစာရှင်းလင်းပွဲကို ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောဆိုသွားသည်။
တရုတ်နိုင်ငံက တည်ဆောက်နေသော ရေကာတာများကြောင့် မဲခေါင်မြစ် အောက်ဘက်ပိုင်းရှိ နယ်မြေများ သို့ သက်ရောက်ရိုက်ခတ်မှုများနှင့် ပါတ်သက်၍ နိုင်ငံတကာမှ အချေအတင် ပြောဆိုမှုများ တစတစ တိုးများ လာနေသည်။ တရုတ်နိုင်ငံသည် ၄င်းနိုင်ငံအတွင်းပိုင်းရှိ သံလွင်မြစ်ပေါ်တွင် ရေကာတာ ၁၃ ခု တည်ဆောက်ရန် စီစဉ်ထားကြောင်း အစီရင်ခံစာတွင် ရေးသားဖေါ်ပြထားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

12.12.2010

Burma's News World's News

Sweden probes 'terrorist' attackCar on fire after the first explosion

Two explosions in a busy shopping area of Sweden's capital Stockholm are being investigated as a terrorist attack, officials say.

Three killed in Bangladesh unrest

At least three people are killed and dozens injured as Bangladeshi police clash with garment workers demonstrating for better pay.
Burma not nuclear, says Abhisit
Bangkok Post
... Burma. He said about 300 North Koreans were working at the site, although the US cable noted this was improbably high, The Guardian newspaper in Britain ...
See all stories on this topic »

US Cables Reveal Concern About Burma Nukes, N Korea Ties

By WAI MOE
Diplomatic cables from the US embassy in Rangoon show concern over alleged nuclear-related activities in Burma and growing wariness of the country's ties with Pyongyang.

US Sought Gambari's Dismissal in Late 2008: Wikileaks

By BA KAUNG
A leaked US diplomatic cable expressed dissatisfaction with Ibrahim Gambari's performance as the UN envoy to Burma and urged efforts to have him removed from the post.
SLIDE SHOW

Jailed Chinese Dissident Honored at Nobel Ceremony

By THE ASSOCIATED PRESS
With a large portrait of a smiling Liu Xiaobo hanging front and center, the chairman of the Norwegian Nobel Committee crossed the dais and gently placed the peace prize diploma and medal on an empty chair.

Leaked Cables Reveal China's Impatience with Junta

By THE IRRAWADDY
US diplomatic cables published by Wikileaks show that Beijing is “fed up” with Burma's ruling regime, but remains doubtful about the country's democratic prospects.

Suu Kyi Meets Senior US Official

By SAI ZOM HSENG
Burmese pro-democracy leader Aung San Suu Kyi meets with a senior US official to discuss sanctions and the new US policy of engagement with the ruling regime.
NLD Leadership 'Sclerotic': US Embassy
By BA KAUNG
A US diplomatic cable published by Wikileaks gives a scathing assessment of the senior leadership of Burma's main opposition party, the National League for Democracy.
Asian Shares Fall amid China Rate Hike Worries
By ALEX KENNEDY
Asian stock markets mostly fall amid caution over possible interest rate hikes in China.
Top US official rued ‘ineffective’ sanctions thumbnail

Top US official rued ‘ineffective’ sanctions

Former head of US embassy in Rangoon said in a 2008 cable that sanctions were not comprehensive, and suggested lifting visa ban on generalsUS wary of ‘sclerotic’ opposition leaders thumbnailUS wary of ‘sclerotic’ opposition leaders
Former head of US embassy in Rangoon takes a parting shot at elder members of the National League for Democracy N Korea-Burma nuke fears grow thumbnailN Korea-Burma nuke fears grow
Leaked cables reveal growing fears that North Korea is aiding Burma in the development of a nuclear weapons programme.
NLD hears political inmates’ relatives on UN rights day
prisoner-presents-flower-sNational League for Democracy members met relatives of political prisoners at party ...

Ethnic armed group proposes Chin national flag design
CNF-FLAG-sThe Chin National Front, an armed ethnic group, has conducted a worldwide census of Chin ...
Aid bloc broadcasts plea over Burmese refugees in Thailand
maetao-clinic-aid-1ssOn the heels of the largest influx of Burmese refugees to Thailand in a decade, assistance organisations ... Cables add to talk of Burma, North Korea nuclear amity
wikileaks-logosA secret cable from American diplomats in Burma reveals Australian ambassador to ...

State enterprises incur losses five years running: WikiLeaks
wikileaks-logosBurma’s state-owned enterprises incurred massive losses in at least five successive years, according ...