4.18.2011

မဲဆောက်တောင်ယာမှာ မင်းသုဝဏ် မူကြိုကျောင်းသစ်ဖွင့်

ဧပြီ ၁၇
မဲဆောက်မြို့ မယ်ကုကျေးရွာ ၈ရပ်ကွက် အနီး တောင်ယာများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမား များ၏ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် ဆရာမ ဒေါ်မြသန္တာ ဦးစီး၍ မင်းသုဝဏ် မူကြိုကျောင်း အား မဲဆောက်ဒုမြို့နယ်မှူး လာရောက်ပြီး ယနေ့ ဖွင့်လှစ်ပေးလိုက်ကြောင်း သိရှိရသည်။
ကျောင်းတာဝန်ခံ ဒေါ်မြသန္တာ က“ ဒီနေ့ ကျောင်းဖွင့်တယ် လာမယ့် ၂၀ ရက်နေ့ ဆိုရင် ကျောင်းအပ်တာ လက်ခံမယ်။ ကိုယ်ဖါသာကိုယ် ငွေစုပြီးတော့ တချို့ကျောင်းသားမိဘတွေ အကူအညီနဲ့ ဒီကျောင်းကို ဆောက်တာပါ။
ကျောင်းသား ၇၀ လောက် ဆန့်မယ်ရှင့်၊ ကျမအရင် ပြည်ချစ်ကျောင်းနဲ့ ၄၈ ကီလိုကျောင်းမှာ အခလုံးဝမယူပဲ ကျောင်းပြခဲ့ပါပတယ်၊ ဒီမှာ ကလေးတွေ စာမသင်ရတာကိုမြင်လို့ ကျမတတ်နိုင်တာကို လုပ်မယ်ဆိုပြီး ကိုယ်ထူ ကိုယ်ထလုပ်တာပါ” ပြောသည်။
ဆရာမကြီး ဒေါ်မြသန္တာ နှင့်အတူ အခြားစေတနာ့ဝန်ထမ်း ဆရာမ ၂ဦးနှင့် ဆရာဦးမြတ်မင်းက အချိန်ပိုင်းပြသမည်ဖြစ်ကြောင်းသိရှိရသည်။
ဆရာဦးမြတ်မင်းက “ကျနော်တို့ ဒီမူကြိုကျောင်းကို ဖွင့်လိုက်တော့ တစ်အချက် သူတို့အတွက် အလုပ်အကိုင် အဆင်ပြေသွားတယ်။ နှစ်အချက် ပညာရေးကျမ္မာရေး လူနဲ့ လူ့ပတ်ဝန်းကျင်းမှာ ကလေးတွေလိမ္မာ ပါးနပ်စွာနဲ့ ဖြတ်သန်းနိုင်ရမယ်။ သုံးအချက်က ကျနော်တို့ မင်းသုဝဏ်ကျောင်းက မူကြိုပြီးလို့ အခြားကျောင်းကို ပြောင်းသွားတဲ့ ကလေးတွေဟာ အခြားကလေးတွေထက် ထက်မြက်ထူးချွန်နေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းက ဖွင့်လှစ် ရတာဖြစ်ပါတယ်၊ ကလေးမိဘတွေမပေးနိုင်တဲ့ စေတနာ၊ ၀ါသ နာ အနစ်နာဆိုတဲ့ နာသုံးနာနဲ့ ပါ” ဟု ပြောသည်။
တောင်ယာများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား အိမ်ထောင်သည်များတွက် ခလေးများမွေးဖွားပါက အမျိုးသားကအလုပ်လုပ်ကာ အမျိုးသမီးက ကလေးငယ်ကို ပြုစု စောင့်ရှောက်နေရသဖြင့် ဇနီးမောင်နှံ ၂ဦးစလုံး အလုပ်မလုပ်သည်ကို ထိုင်းထောင်ယာပိုင်ရှင်များက သဘောမကျကြချေ။ ယခု ကဲ့သို့ တောင်ယာများအနီး မင်းသုဝဏ်မူကြိုကျောင်း ဖွင့်လှစ်လိုက်သဖြင့် မယ်ကုကျေးရွာအနီး ပတ်ဝန်းကျင်မှ မြန်မာအလုပ်သမားများအတွက် အထူးအဆင်ပြေသွားနိုင်ကြောင်း တက်ရောက်လာသည့် ကလေးမိဘ တစ်ဦးကပြောသည်။
တာ့ခ်ခရိုင်မဲဆောက်မြို့နယ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား တက်ရောက်သင်ကြားနိုင်သည့် ကွန် ပျူတာ အပါအ၀င် အသက်မွေးဝမ်းကျောင်း (မှတ်ပုံတင်ပြီးနှင့် မတင်ရသေးသော ကျောင်းများပါ) စုစုပေါင်း မဲဆောက်မြို့နယ် အတွင်း ၁၀၀ ၀န်းကျင်ခန့် ရှိသည်။ မူကြိုမှ အထက်တန်းကျောင်းသားများအထိ ကျောင်းသားပေါင်း နှစ်သောင်းဝန်းကျင်ခန့် ရှိကြောင်း ထိုင်းပညာရေး ကော်မီတီစါရင်းအရ သိရသည်။ ကျောင်းသားဦးရေ ၈၀ရှိမှ ထိုင်းအာဏာပိုင်များက အသိအမှတ်ပြုသဖြင့် မဲဆောက်မြို့နယ်အတွင်း စာသင်ကျောင်းများကို အတိအကျ ပြောဆိုနိုင်ရန် ခက်ခဲသည်။
တာ့ခ်ခရိုင် ၆မြို့နယ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း ၄သိန်းကျော်ခန့် ရှိကြောင်း မဲဆောက် အခြေစိုက် JACBA စာရင်းအရသိရှိရသည်။

4.15.2011

စည်ပင်ထွန်းကားနေတဲ့ ခေတ်သစ်ကျွန်ရောင်းဝယ်မှု

Photobucket
စစ်ပွဲတွေကြောင့် အနာဂတ်မသေချာတဲ့ ကလေးငယ်တွေ ကမ္ဘာပေါ်မှာ အမြောက်အများရှိကြတာကို သတိပြု မိကြတယ်။ မိဘနဲ့သားသမီးတွေ လူကုန်ကူးခံနေရတာကြောင့် မျှော်လင့်ချက်မဲ့နေတဲ့ မိသားစုတွေလည်း အများကြီး ဖြစ်နေကြတယ် ဆိုတာကို သနားဂရုဏာရှိကြပါစို့။ အာရှတိုက်မှာ ထိုအထဲကကျနော်တို့ မြန်မာတွေမှာ အဆိုးဝါးဆုံးဖြစ်နေကြရပါတယ်။ ပြီးခဲ့တဲ့အပါတ်က အမေရိကန် လွှတ်တော် ကြားနာပွဲပွဲမှ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာအရ နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့်(၃)နေရာမှာရှိ ပါတယ်။ နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများအဖွဲ့ နဲ့ ကမ္ဘာ့ဘဏ်တို့  စာရင်းအရ ကမ္ဘာပေါ်မှာ ပြောင်းရွှေ့ အခြေချသူများ သန်း၂၀၀ အနက် အာရှတိုက်က အများဆုံးလို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ လူတစ်ထောင်မှာ တစ်ယောက်ဟာ အဓမ္မခိုင်းစေခြင်းနဲ့ လိင်ကုန်ကူးမှု ပြဿနာကို ရင်ဆိုင်နေရတယ်။ အာရှနိုင်ငံ တွေဟာ လူကုန်ကူးမှုကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်မှု အားနည်းတယ်လို့ ထောက်ပြထားပါတယ်။
Photobucket
လူကုန်ကူးမှု တိုက်ဖျက်ရေး
ထူးဆန်းပြီး လေးစားလောက်တဲ့ နာမည်ဖြစ်တယ်။ ငယ်ငယ်တုန်းက အမေတို့ အဖွားတို့ တွေ အိမ်က ဝေးဝေးကို သွားမှာစိုးတဲ့အတွက် လူစိမ်းတွေနဲ့  မသွားနဲ့ ဘယ်သူတွေနဲ့ လိုက်မသွားနဲ့ ရောင်းစားခံရ လိမ့်မယ်။ ဒီလိုပြောသံ ကြားဖူးခဲ့တယ်။ သက်ရှိလူကို ရောင်းစားလို့ ရတယ်လို့ လုံးဝ အယုံအကြည်မရှိခဲ့ရိုး အမှန်ပါ။ ထိုင်းကိုရောက်လာတော့ လူကုန်ကူးမှု ဆိုတာ နေ့တိုင်းဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ် ဖြစ်နေတယ်။ ကြားနေကျ စကားသံတွေဖြစ်နေတယ်။ ရောင်းစားခံရသူပေါင်းများစွာနဲ့ တွေ့ဆုံဖြစ်လာတယ်။ လူကုန်ကူးသူတွေနဲ့ တွေ့ဖူး ဆုံဖူးလာခဲ့တယ်။ တကယ်ပဲ လူအချင်းချင်းရောင်းလို့ ၀ယ်လို့ရတဲ့ နိုင်ငံပါလား ဆိုတာ အံ့သြ မှင်သက်မိတော့တယ်။

မြန်မာတွေဘာကြောင့် လူကုန်ကူးခံကြရသလဲ
မြန်မာနိုင်ငံအတွင်းမှာ အထွေထွေ အကြပ်အတည်းတွေကြောင့် လူကြီးကလေးမကျန် အိမ်နီချင်း နိုင်ငံတွေကိုကြုံ ရာလုပ်ဖို့ ထွက်ခွာ နေကြတာကြောင့် ဖြစ်တယ်။ ဒီဖြစ်စဉ်တွေ ဆယ်စုနှစ်ပေါင်း များခဲ့ပြီ ဖြစ်တယ်။ တရုတ်နိုင်ငံဘက်ကို ရောက်သွားကြတဲ့ မြန်မာမလေးတွေရဲ့အခြေအနေတွေက အဆိုးဆုံးလို့ ဆိုနိုင်တယ်။ အသက်ကြီးပြီး ကိုယ် လက် အင်္ဂါမစုံလင်တဲ့၊ ဆွံ့အ တဲ့ တရုတ်အမျိုးသားတွေဆီမှာ ဇနီးမယား အဖြစ် ရောင်းစားခံရသလို လိင်အလုပ် သမတွေအဖြစ်လည်း ရောင်းစားခံရပါတယ်။ တရုတ်နိုင်ငံဟာ အထူးကြီးမားကျယ်ပြန့်ပြီး မြန်မာတွေအစုအဝေး လိုက်ရှိတဲ့ တိုင်းပြည်မဟုတ် တာကြောင့် နေရပ်ရင်းကို ပြန်ရောက်ဖို့ ဆိုတာ အတော်မျှော်လင့်ချက် နည်းပါးတယ် လို့ ဆိုနိုင်ပါတယ်။
ကိုးကွယ်တဲ့ဘာသာ အသားအရောင်နဲ့ အစားအသောက်ချင်း အနီးစပ်ဆုံး နဲ့ အလုပ်အကိုင် အခွင့်အလမ်း အပေါ များဆုံး ဖြစ်တဲ့ ထိုင်းနိုင်ငံထဲမှာတော့ မြန်မာတွေ နှစ်သန်းသုံးသန်းတောင် ရှိနေပြီးလို့ ခန့်မှန်း ထားကြတယ်။ ဒီ ဈေးကွက်အတွက် မြန်မာပြည်က ကျေးရွာ၊ ရပ်ကွက်အထိ လူပွဲစားတွေ ရှိနေကြပြီးဖြစ်တယ်။ အချို့က မိမိတို့လမ်း စရိတ်နဲ့ အကျေပေးပြီး ဘန်ကောက်ကို ထွက်လာကြပေမယ့် အချို့ကျတော့ ဘယ်ရွေ့ဘယ်မျှ ဘယ်ကာလအထိ လုပ်ရင် တက်စရိတ် ကျေမယ်ဆိုပြီး မိမိကိုယ်ကိုယ် လူကုန်ကူးခံပြီး တက်ကြတာတွေလည်း အများအပြားရှိပါတယ်။

လူတိုင်းသိတဲ့ အခြေအနေမှန်တွေ
အချို့ပွဲစားတွေက ကတိအတိုင်း ၆လတန်သည် တစ်နှစ်တန်သည် လုပ်အားခယူပြီး နှစ်ဦးနှစ်ဖက်ကျေကျေ
နပ်နပ်နဲ့ အခြားအလုပ်ကို ပြောင်းသွားကြတယ်။ အတော်များများက မသိနားမလည်တဲ့ မြန်မာ အလုပ်သမလေးတွေကို နှစ်ပေါင်းများစွာ လုပ်အားခမပေးပဲ ကျွန်ပြုနေကြခြင်းတွေဖြစ်တယ်။ တစ်နေ့ကို ၁၈ နာရီနာရီ၂၀ လောက် တံခါးပိတ်ခိုင်းပြီးပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားတယ်။ လူမိုက်တွေကို ထိုင်စောင့်ခိုင်းထားတယ်။ ရှိသေးတယ်။ နေ့ရောညပါခိုင်းပြီးတော့ ငံပြာရည်နဲ့ ငြုပ်မှုန့်သာစားရတဲ့ အလုပ်ရုံတွေရှိသေးတယ်။ သူတို့ခမျာ အလုပ်ရှင်စားပြီး စွန့်ပစ်တဲ့ ဖရဲသီးခွံတို့ ကြက်ရိုးတို့ ငါးခေါင်းခွံ အရိုးတို့ကို ကောက်စားရတဲ့ သူတွေရှိနေတယ်။
အင်ဒိုလှေပေါ်မှာ နှစ်ရှည်ရောင်းစားခံနေရသူတွေ၊ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ ထောင်သောင်းချီပြီး ရောင်းစား ခံနေရသူတွေ၊ မချိလည်းလုပ်၊ နေမကောင်းလည်းလုပ် မလုပ်နိုင်ရင် အသက်သေအောင်သတ်ပြီး ပင်လယ်ထဲ မျောချပစ်တယ်။
အိမ်ဖေါ်အလုပ်လုပ်နေကြတဲ့ မြန်မာအမျိုးသမီးငယ်လေးတွေ။ လုပ်အားခ မရတာတွေရှိတယ်၊ ငွေမပေးချင်လို့ လက်ပတ်နာရီခိုးတယ်ဆိုပြီး ထောင်ချခံရတဲ့ မြန်မာအလုပ်သမတွေ၊ ပုလိပ်ခေါ်ပြီး ဖမ်းခိုင်းလို့ ထောင်ကျနေ သူတွေ ထိုင်းနိုင်ငံထဲမှာ ဒုနဲ့ဒေးပါ။ မြန်မာအိမ်ဖေါ် အလုပ်သမတွေဟာ အိမ်ရှင်တွေခိုင်းသမျှ နေ့ရောညပါ လုပ်ပေးရတယ်။ မိမိတို့အိမ်တွင်းရေး အဆင်မပြေကြတဲကိစ္စ အိမ်အလုပ်သမကို မဆီမဆိုင် သေနတ်နဲ့ ပစ်သတ် လိုက်တာတွေရှိတယ်။ တချို့ဆို အိမ်ရှင်အဖေရော သားပါအဓ္ဓမပြုကျင့်ခံရပြီးတော့ သတ်ရင်လည်းသေ၊ ထားရင်လည်နေရတဲ့ ဘ၀တွေ၊ အဖေမပေါ်ပဲ ဗမာပြည်ပြန်ပြီး မွေးလိုက်ရတဲ့ ကလေးတွေဆို ဘယ်နည်းတော့မလဲ။

ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေတတ်သူများလော
ဒီအနေအထားအမှန်တွေကို ထိုင်းအခြေစိုက် ကလေးအဖွဲ့၊ အိမ်ဖေါ်အဖွဲ့၊ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဥပဒေအဖွဲ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေအပြင် အာစီယံ၊ ယူအင်၊ လူ့အခွင့်အရေးစောင့်ကြည့်ရေး၊ ဘာRight ၊ ညာRight နောက်အဖွဲ့ပေါင်းများစွာ သိကြပါတယ်။ ရှိကြပါတယ်။ သိအောင်လုပ်နိုင်ကြပေမယ့် သက်သာ အောင် ပပျောက်အောင် ဘာကြောင့် မလုပ် နိုင်ကြတာလဲ။
အခြားကမ္ဘာတစ်ခုကို သွားလုပ်ရမယ့်ကိစ္စလား၊ ရေအောက်ကိုလား၊ မြေအောက်မှာမို့လား ၊ ဒီ လူကုန်ကူးကြသူတွေဟာ မြေလျှိုးမိုးပျံနိုင်သူတွေဖြစ်လို့လား။ သို့တည်းမဟုတ် အထက်ကပြောတဲ့ အဖွဲ့ တွေ အလုပ်မလုပ်ကြလို့လား ဆိုတာ အဖြေက ပေါ်ပြီးသားဖြစ်တယ်။ လုပ်ဖို့စဉ်းစားကြသူတွေ မဟုတ်လို့လည်း ဆိုနိုင်တယ်။ အရေးယူ နိုင်လောက်တဲ့ တိကျခိုင်မာတဲ့ အချက်အလက်တွေ နဲ့ ကာယကံရှင်မိသားစုတွေနဲ့ မြန်မာအလုပ်သမားအဖွဲ့တွေ တင်ပြတာကိုတောင် အကောင်အထည်မဖေါ်ကြဘူး။ အကျိုးအကြောင်း ကိုစပြီး တိုင်ကြားတော့ ဘာလိုတယ်၊ ညာလိုတယ်၊ ဆိုပြီး မဖြစ်နိုင်တဲ့၊ မရနိုင်တဲ့ အချက်အလက် အထောက်အထားတွေကို ရမှဖြစ်မယ်လို့ ပြောကြ တယ်။ ကျနော်တို့ ကလည်း ပူးပေါင်းပါဝင်မှု အားကောင်းတဲ့ မိသားစုတွေနဲ့ အချိန်ယူပြီးတော့ အချက်အလက် တွေကို လိုအပ်သမျှ အချက်အလက် တွေကို ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့တယ်။ ဒါပေမယ့် လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့တွေဟာ ခေါင်းကုတ် ဖင်ကုတ် လုပ်နေကြတယ်။ တည့်တည့်ပြောရင် အလုပ်မလုပ်ကြဘူး။ သူတို့လိပ်စာ ကဒ်မှာရိုက်ထားတဲ့ Human trafficking ဆိုတဲ့စာလုံးကို သုံးစွဲဖို့မသင့်ဘူး ထင်ပါတယ်။ မလုပ်ရဲ မလုပ်နိုင်ရင် ရင်လည်း မလုပ်တာက ပိုကောင်းမယ်ထင်ပါတယ်။ ပညာတတ်ကြီးတွေဖြစ်ပြီး လိမ်လည်နေတာကို အထူးရှက် သင့်ပါတယ်။

ပျော့စိစိ ထိုင်းလူကုန်ကူးမှုဥပဒေတွေ
အစည်းဝေးတွေ သတင်းစာရှင်းလင်းပွဲတွေမှာ ဘာသာရပ်တူရာအလိုက် မိတ်ဆက်ကြတယ်။ လူ့အခွင့်အရေးလုပ်တယ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်တယ်ဆိုတဲ့ လိပ်စာကဒ်ကလေးကိုရရှိခဲ့တယ်။ လူချင်းစကားပြောဖြစ်ကြတယ်။ လုပ်ငန်းအကောင်းအထည်ဖေါ်ဖို့ တကယ် စည်းဝေးတိုင်ပင်ကြတဲ့အခါ …………………
(၁)တိကျခိုင်မာတဲ့ သတင်းအချက်အလက်(ဓါတ်ပုံ/ဗွီဒီယို) စာရွက်စာတမ်း အထောက်အထားတွေ ပြည့်စုံရမယ်။
(၂)လူကုန်ကူးမှုဖြစ်ပေါ်နေတဲ့ နေရာကို တိုက်ရိုက်လိုက်လံ ပြသနိုင်သူ ရှိရမယ်။
(၃)လူကုန်ကူးမှု ပြုလုပ်သူရဲ့ အခန်းမှာ လူ အနည်းဆုံးသုံးလေးဦးရှိရမယ်။ လူကုန်ကူးသူပါရှိရမယ်။
(၄)လူကုန်ကူးသူကို ဥပဒေအရ အရေးယူနိုင်ဖို့ အတွက် လူကုန်ကူးခံရသူဟာ အစိုးရ သက်သေအဖြစ်အနည်း ဆုံး ၆လခန့် သက်ဆိုင်ရာ အာဏာပိုင်များစီစဉ်ပေးတဲ့ စခန်းမှာ အပြင်မထွက်ရ၊ ၀င်ငွေမရှိ နေထိုင်ရမယ်။
(၆) နောက်ဆုံးတော့ တရားမ၀င် ၀င်ရောက်လာမှုနဲ့ နယ်စပ်သို့ ပြန်လည်ပို့ ဆောင်ခြင်းခံရမှာဖြစ်တယ်။
ဒါကြောင့် ထိုင်းအခြေစိုက် အင်ဂျီအိုအဖွဲ့ ကြီးတစ်ခုက ပြောဖူးတယ်၊ လူကုန်ကူးမှုကို သူတို့မလုပ်လိုကြောင်း
ဘာကြောင့်လဲဆိုတော့ လူကုန်ကူးခံရသူရဲ့ဆုံးရှုံးနစ်နာမှုက အရမ်းများတယ်။ ကိုယ်ကယ်တင်တဲ့လူတွေကို
ထောင်ချပြီး တရားမ၀င်မှုနဲ့ နယ်စပ်ကိုပြန်ပို့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
Photobucket
အမိမဲ့သား ရေနည်းငါး
မြန်မာတွေ၊ ဖမာတွေကို သတ်မလား၊ နှိပ်စက်မလား၊ ငွေမပေးပဲခိုင်းမလား၊ ကြိုက်သလိုလုပ်၊ လေယာဉ်ကွင်းရှေ့လို နေရာမှာ ပစ်သတ်တာတောင် ဘာမှမဖြစ်ဘူးလေ။ ဖေါ်ထုတ်မယ့်လူ၊ အရေးယူမယ့်လူ ရှိမှမရှိတာ။ မြန်မာအစိုးရ က ထိုင်းမှာသန်းချီရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားထုကြီးဟာ တိုင်းပြည်ရဲ့လူသားအရင်းအမြစ်တွေ၊ တိုင်းပြည်ကို သန်းပေါင်းများစွာ ၀င်ငွေရှာပေးနေတဲ့ လုပ်အားရှင်တွေလို့ အရှိ ပကတိအတိုင်း မြင်စေချင်ပါတယ်။
သက်ဆိုင်ရာ မြန်မာသံရုံးတွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ဆိုးဝါးတဲ့အနေ အထားတွေကို လေ့လာသုံးသပ်ပြီး ထိုင်းအာဏာပိုင်တွေကို မေးမြန်းစုံစမ်းတာတွေ၊ ဘယ်မှာဖြစ်ခဲ့တဲ့ ပြဿနာ ဘယ်အဆင့်ရောက်နေပြီလဲလို့ စစ်ဆေးတာတွေ ဂရုစိုက်တာတွေ လုပ်လာခဲ့မယ်ဆိုရင် ထိုင်းတွေဟာ ခုလို လုပ်ချင်သလို လုပ်နေတဲ့ လုပ်ရပ်တွေကို အနည်းဆုံး ဆင်ခြင်လာနိုင်ပါတယ်။ ဥပမာ ဂျပန်နိုင်ငံက ဂျပန်လူမျိုးတစ်ယောက် ထိုင်းဆန္ဒပြပွဲမှာ သေသွားတယ်၊ ဂျပန်အစိုးရကိုယ်တိုင် အဖွဲ့ ဖွဲ့ ပြီးတော့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပါတယ်။
ဒီလို မိမိတိုင်းသူပြည်သားများ အရေးကိစ္စဖြစ်ပေါ်လာလျှင့် အစိုးရအနေဖြင့် မေးမြန်းစုံစမ်းလာရင် အစိုးရပိုင်းဆိုင်ရာတွေက မျက်နှာပျက်စရဖြစ်မှာစိုးလို့ အရေးယူ ဖေါ်ထုတ်လာမှာဖြစ်ပါတယ်။ မြန်မာ အစိုးရအနေနဲ့ ဒီရွှေ့ ပြောင်းအလုပ်သမားတွေကို ရင်ခွင့်ထဲက သားသမီးလို သဘောထားပြီး အလေး ဂရုပြုလာရင်တော့ ဒီလုပ်ရပ် တွေဟာ လုံးဝလျှော့နည်း ပပျောက်သွားမယ်လို့ ယူဆပါတယ်။
အကောင်းအထည်ဖေါ်နိုင်ဖို့ အကြံပြုခြင်း
ထိုင်းမှာအခြေစိုက်တဲ့ မြန်မာအဖွဲ့ အစည်းတွေ ကိုယ့်လူမျိုးတွေအရေးမို့လုပ်မယ်လို့ ကြိုးစားတဲ့အခါ----
(၁)လူကုန်ကူးသူနဲ့လူကုန်ကူးခံရသူတွေနဲ့ ပါတ်သက်တဲ့ဓါတ်ပုံတို့ ဗွီဒီယိုတို့ ရရှိဖို့ဆိုတာ အတော် ခက်ပါတယ်။ စွန့်စား ပြီးမှ ရရှိနိုင်မှာဖြစ်တယ်။ ခိုင်မာတိကျတဲ့ အချက်အလက်တွေရရှိဖို့ မှတ်တမ်းရအောင် လုပ်ဖို့အတွက် ထောက်ကူပစ္စည်း ကင်မရာရှိဖို့လိုတယ်။ အထူးအရေးကြီးဆုံးက အချက်အလက်တွေ စုဆောင်းစဉ် မမျှော်လင့်ပဲ အာဏာပိုင်တွေ၊ လူကုန်ကူးသူတွေသိရှိ သွားလို့ ဖမ်းဆီးနှောက်ယှက်ခံရတဲ့အခါ လုံလောက်တဲ့ ကြောထောက် နောက်ခံအကာအကွယ် လိုပါတယ်။အချိန်မရွေး သတ်ဖြတ်ခံရနိုင်ပါတယ်။ စရိတ်စကများ ကုန်ကျပါမယ်။
(၂)အသိစိတ်ဓါတ်အပြည့်နဲ့ လိုက်လံပြသသူတွေအတွက် အတိုင်းအတာတစ်ခုထိ မြှောက်စား ချီမြှင့်ဖို့လိုအပ်ပါမယ်။ လိုအပ်တဲ့ ကာကွယ်မှုရှိရပါမယ်။ (နေထိုင်အလုပ်လုပ်ကိုင်ခွင့် တရားဝင် လုပ်ပေးခြင်းစသည်)
(၃) လူကုန်ကူးခံရသူတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်များလုပ်ပေးပြီး ၄င်းတို့ ခံစားခဲ့ရတဲ့ မလုံခြုံတဲ့ဘ၀တွေကို အစားထိုးပြီး ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ခွင့်ပြုသင့်ပါတယ်။
(၄)လူကုန်ကူးခံရသူများကို ဥပဒေအရ အရေးယူနိုင်ဖို့ အစိုးရ သက်သေတွေအဖြစ် စောင့်ဆိုင်းနေရလို့ ကြာနေတဲ့အချိန်တွေအတွက် နေ့ တွက်ခများပေးချေသင့်ပါတယ်။
(၅)လူကုန်ကူးဂိုဏ်းတို့သည် ၄င်းလုပ်ငန်းစဉ်အတွင်း ပတ်သက်ဆက်နွယ်သူ ဟူသမျှတို့အား သင့်တော် သည့် အကျိုးခံစားနုန်းထားများ သတ်မှတ်ထားချက်ရှိသကဲ့သို့ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့များအနေ ဖြင့်လည်း ပူးပေါင်းပါဝင်သူများကိုသင့်တော်သည့်ရပိုင်ခွင့်များအား ထောက်ပံ့ပေးကမ်းပြီး နွေးထွေးစွာ ၊ထိ ရောက်စွာ ဆောင်ရွက်သင့်တယ်။ နဂိုမူလ ဥခွံဟောင်းထဲမှ ဖေါက်ထွက်စဉ်းစားပြီး လုပ်ငန်းစဉ်သစ်တွေချ မှတ်ပြီး ထိထိရောက်ရောက် လုပ်ကိုင်သင့်ပါတယ်။
ခက်ခဲတဲ့အလုပ်၊ စွန့် စားရတဲ့ အလုပ်ဖြစ်တယ်ဆိုတာမှန်တယ်။ ၀ီရီယစိုက်ထုတ်မှုက လုံးဝမရှိတာကအထူး စိတ်ပျက်ဖို့ ကောင်းပါတယ်။ အမှောင်ထဲက ဥပဒေအပြင်ဘက်က လူတွေကိုသယ်ယူ ရောင်းဝယ်ရောင်းနေ တာ က သိန်းသန်းချီတဲ့လူတွေကို လူကုန်ကူးခဲ့ကြပြီးဖြစ်တယ်။ ဥပဒေအတွင်းက အလင်းက လူကုန်ကူးမှု တိုက်ဖျက်ရမယ့် အစိုးရတွေက ဘာကြောင့် ဒီကိစ္စကို မနှိမ်နင်းနိုင်တာလဲ။ စဉ်းစားသင့်တယ်။ ရှက်သင့်တယ်။

ကျနော်နဲ့ ဆုံဖူးတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ
နေ့စဉ်နေ့တိုင်း နယ်စပ်နဲ့ ထိုင်းနိုင်ငံအတွင်းက အအလုပ်သမားကိစ္စတွေ လုပ်ကိုင်ရင်း၊ ဘလော့တွေမှာ သတင်း တွေရေးရင်း လူကုန်ကူးမှုတွေ၊ ကလေးအလုပ်သမားကိစ္စ တွေကို အတော်များများသိနေရတယ်။ ဒီလိုသိလာတော့ မိမိမှာရှိတဲ့ အသိမိတ်ဆွေတွေနဲ့ စုပေါင်းပြီးတော့ အချက်အလက်တွေ အတိအကျရဖို့ အတော်ပင်ပင် ပန်းပန်းကြိုးစားကြရပါတယ်။
အထက်ကပြောခဲ့သလို အထောက်အထားအပြည့်အစုံပြရုံမက လူကုန်ကူးသူ နေအိမ်ကို လိုက်လံပြသနိုင်တဲ့
လူကုန်ကူးခံရာက လွတ်မြောက်လာသူ ကိုယ်တိုင်အဆင်သင့်ဖြစ်နေတာကို လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ဆိုတဲ့ နာမည်ခံအဖွဲ့က လူတွေက ခုထက်ထိတော့ ဖမ်းဆီးအရေးယူခြင်း မရှိသေးပါဘူး။ ကျနော်သိထားတဲ့ လူကုန်ကူးခံရမှု တစ်ခုနှစ်ခုတောင်မှ အကောင်အထည် မပေါ်နိုင်ရင် ကျနော်မသိတဲ့၊ အချက်အလက် မပြည့်စုံတဲ့၊ ထောင်သောင်းချီတဲ့ ရောင်းစားခံမြန်မာတွေရဲ့အခြေအနေတွေကို မတွေးမိအောင် ထိတ်လန့် တုန်လှုပ်မိပါတယ်။

နှစ်ဖက်ကို မျှတစဉ်းစားကြည့်သော်
အဲဒီ Human Right (လူ့အခွင့်အရေးအဖွဲ့တွေ) Human Trafficking (လူကုန်ကူးမှုအဖွဲ့တွေ)က ထိုင်းဥပဒေအတိုင်းပဲ လုပ်နိုင်မှာဖြစ်တယ်။ (အချုပ်အခြာအာဏာ ဆိုတာ ရှိသေးတယ်) ကျနော်တို့ မြန်မာအချင်းချင်း ကယ်တင်ချင်တယ်။ ဥပဒေအတိုင်းလည်း ဘောင်ဝင်ချင်တယ်။ ဒါကြောင့် ပွဲစားအိမ်မှာ လူကုန်ကူးခံရသူတွေ ရှိနေတာကို သိရှိအောင် ဘယ်လိုစောင့်ကြည့်နေမလဲ။ လှုပ်ရှားမှုစောင့်ဆိုင်းပြီး ဖမ်းဆီးအရေးယူမယ့် ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေက အဆင်သင့်ဖြစ်နေပါ့မလား။
နောက်တစ်ချက်က ဒီလူကုန်ကူးမှုတွေမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု ဘယ်လောက်ရှိနေသလဲ။ အာဏာပိုင်တွေ မျက်ကွယ်မပြုပဲ လူကိုရောင်းစားဖို့ လူကုန်ကူးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စရပ်ဖြစ်တယ်။ စုံစမ်း သိရှိချက်တွေအရဆိုရင် ဒီလူကုန်ကူးမှုလုပ်ငန်းကို ဒေသတွင်းသြဇာရှိသူ၊ ငွေကြေးချမ်သာသူတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းလုပ်ကိုင်နေကြတာမို့ သတင်းအချက်အလက် စုဆောင်းသူတွေတောင် မ၀ံ့မရဲဖြစ်နေကြရတယ်ဆို တာပါပဲ။ နေ့စဉ်မဲဆောက်၊ ရနောင်းဘက်က ရာချီပြီး ထိုင်းနိုင်ငံထဲကို ၀င်လာနေကြတယ်။ ကိုယ်ဖျောက်လာတာ မဟုတ်ဘူးလေ။ လူတွေကိုထုတ်ပိုးပြီး သယ်ယူလာလို့ရတာ မဟုတ်ဘူးလေ။

ဗြောင်ကျကျ လူကုန်ကူးနေရာ
အချောင်ဆိုတဲ့လှေဆိပ်မှာ ရှိသမျှ လှေသမားတိုင်း ဟာ ပုံစံအမျိုးမျိုးနဲ့ ရောင်းစားခံနေရသူတွေ ဖြစ်တယ်လို့ ဆိုတယ်။ စမေးစံတို့ ခြုံဘူရီတို့ မဟာချိုင်တို့၊ မဲခေါင်တို့မှာလည်း ရောင်းစားခံနေရတဲ့ မြန်မာ လှေလုပ်သားတွေ အများကြီးရှိတယ်။ မြ၀တီမဲဆောက်နဲ့ ကော့သောင်း ရနောင်းတွေမှာ နယ်မြေခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လုပ်နေကြတာပဲ။ လူတန်းရှည်ကြီးတွေ ထိုင်းနိုင်ငံထဲကို နေ့တိုင်း ၀င်ရောက်နေတာပဲ။ သွားလိုတဲ့ နေရာကို နှစ်ဦးသဘောတူ ဈေးသတ်မှတ်ပြီး သွားလာကြတာကို ဘာမှမပြောစရာ မရှိပေမယ့် သွားလိုတဲ့နေရာကို ငွေပေးပြီး ဖြစ်ပေမယ့် လှေပေါ်ကို ကာယကံရှင် သဘောမတူပဲ ရက်ရက်စက်စက် ရောင်းချလိုက်တာတွေ ကတော့လူမဆန်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ငါးဖမ်းလှေကို ရောင်းတာက လူကုန်ကူးသူတွေအတွက် ငွေပိုမိုရရှိပါတယ်။
ရောင်းစားခံထားရတဲ့ ဆွေမျိုးသားချင်းတွေကို ဆက်သွယ်လာရင် လိုအပ်တဲ့ အချက်အလက်အလက်တွေကို စုဆောင်းထားဖို့  ဘာတွေလိုအပ်တယ်ဆိုတာကို လူကုန်ကူးမှုကို တကယ် လုပ်နေတဲ့အဖွဲ့ အစည်းတွေ ကို ဆက်သွယ်မေးမြန်း ဆောင်ရွက်ဖို့လိုပါတယ်။ နယ်စပ်ကိုရောက်ရှိလာပြီး ထိုင်းနိုင် ငံအတွင်း ကို ပို့တောမယ် ဆိုရင် ပို့မယ့်လူရော ထည့်လိုက်မယ့် လူကုန်ကူးသူ(ပွဲစားများ)ရဲ့ ဓါတ်ပုံများကိုပါ ရိုက်ကူးထား သင့်ပါတယ်။ ပွဲစားတွေရဲ့ နေထိုင်လုပ်ကိုင်တဲ့ ဂွင်နေရာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ အကောင်းဆုံး ကာကွယ်နည်းတွေကို ရှာကြံပြီးတော့မှ မိမိတို့ မိသားစုကို လူကုန်ကူးသူများလက်ထဲသို့ အပ်သင့် ကြောင်း အကြံပြုလိုပါတယ်။ အကြောင်းကတော့ လူကုန်ကူးခံရသူများ ပြန်လည်လွတ်မြောက်လာဖို့ ဆိုဒါ မျှော်လင့်ချက် လုံးဝနည်းနေလို့ ဖြစ်ပါတယ်။
မြန်မာအစိုးရကို အကြံပြုချင်တာရှိပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း အထူးနည်းပါး တာကြောင့် အရွယ်ရောက်ပြီး သူတိုင်း အလုပ်လုပ်နိုင်သူတိုင်း ထိုင်းနိုင်ငံကို ထွက်ခွာလာနေတာကို ဘယ်လိုမှ တားမြစ်ပိတ် ပိတ်ပင်လို့ မရနိုင်ပါ။ အလုပ်လုပ်နိုင်သူပေါင်း သုံးသန်းထက်မနည်း ထိုင်းနိုင်ငံ အတွင်းကို ရောက်ရှိနေပြီးဖြစ်ပါတယ်။ ဒီလူတွေကို လွယ်ကူ သက်သာတဲ့ တရားဝင် စာရွက်စာတမ်းများ လုပ်ကိုင်ပေးသင့်ပါတယ်။ ပြည်တွင်းမှ ပြည်ပသို့ ထွက်ခွာလိုတဲ့ အလုပ်သမားတွေကိုလည်း အသက်သာဆုံး အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် လုပ်ပေးသင့်ပါတယ်။
ဥပမာ။ ။ထိုင်းလူမျိုးတွေဟာ ပြည်ပနိုင်ငံကို အစိုးရဆီမှာ အကြောင်းကြားစရာမလိုပဲ လေယာဉ်လက်မှတ် ၀ယ်ပြီး ထွက်သွားရုံပဲဖြစ်ပါတယ်။ ပြည်ပကို ထွက်ခွာအလုပ်လုပ်လိုတဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ဟာ ဘတ် ၂၀၀၀၀ အောက် (ကျပ်ငွေခြောက်သိန်းဝန်းကျင်)ဆိုရင် တကမ္ဘာလုံးကို ထွက်ခွာခွင့်ရရှိသွားပြီး ဖြစ်ပါတယ်။
အကျဉ်းအကြပ်ထဲက ရုန်းထွက်လိုကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာအစိုးရထံမှာ မြန်ကောင်းသက်သာ
ပြည်ပထွက်ခွာခွင့်ကို မရနိုင်တာကိုသိကြတာကြောင့် ပွဲစား(လူကုန်ကူးသူတွေ) နဲ့ ထိုင်းနိုင်ငံအတွင်းကို ၀င် ရောက်လာခဲ့ကြပါတယ်။ တစ်ခွန်းတည်းသော စကားကိုပြောရရင် လွယ်အောင်လုပ်မပေးပဲ ခက်ခဲကြန့်ကြာ ကုန်ကျမှု များအောင်လုပ်နေတဲ့ မြန်မာအစိုးရရဲ့ မူဝါဒ လက်ဟောင်းတွေကြောင့် ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေ၊ လူကုန်ကူးဂိုဏ်တွေ နဲ့ ထိုင်း/မြန်မာပွဲစားတွေက မြန်မာတွေကို ဘာပဲလုပ်လုပ် မြန်မာ
အစိုးရက တစ်ခါတစ်ရံတောင် ဂရုတစိုက် စုံစမ်းစစ်ဆေး အပြစ်ပေးအရေးယူ၊ ကုညီဆောင်ရွက်ခြင်းမရှိ ဆိုတာသိကြတာကြောင့် မြန်မာတွေကို ရောင်းချင်တိုင်းရောင်းပြီးကျွန်ပြုချင်တိုင်းပြုနေကြတာဖြစ်ပါတယ်။
အထူးပြုပြောကြားချင်တာက ခုထိုင်းနိုင်ငံမှာ မြန်မာအစိုးရ ထုတ်ပေးတဲ့ ယာယီပတ်စပို့ အတုပေါ်နေပြီးဖြစ် ပါတယ်။ ယာယီပတ်စပို့ကုမ္ပဏီတွေကြောင့် မြန်မာအလုပ်သမားတွေ ငွေကြေးဆုံးရှုံးတာတွေနဲ့ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးသွားသူတွေရှိပါတယ်။ ဒီအရေးကိစ္စတွေကို ထိုင်းအစိုးရရော မြန်မာအစိုးရပါ ယနေ့ အထိ အရေးယူ ဆောင်ရွက်ခြင်းလုံးဝမရှိသေးပါ။
ကျော်သောင်း


4.12.2011

Burma's News World's News

Japan raises nuclear crisis levelFile photo of the Fukushima Daiichi Nuclear Power Station taken on 24 March 2011

Japan raises the severity rating of its nuclear crisis to the highest level, but says radiation leakage is a 10th of that from the 1986 Chernobyl disaster.

Libyan tank burns after being hit in a Nato air strike (10 April 2011) Nato urged to boost Libya effort

Nato must intensify its air campaign in order to destroy heavy weaponry used by Muammar Gaddafi's forces in Libya, the French and UK foreign ministers say.

A man passes a portrait of Yuri Gagarin in Moscow on 11 April 2011Space travel 'Russia's priority'

Space exploration remains a priority for Russia, President Dmitry Medvedev has said, on the 50th anniversary of the first human space flight by Yuri Gagarin.
By LALIT K JHA
International security experts presenting findings at a conference in Washington D.C. continue to assess the Burmese military regime's attempts to acquire nuclear technologies.
By SAW YAN NAING
Thailand's National Security Council chief announces the Thai government's intention to repatriate many of the 140,000 refugees to Burma.
By SAI ZOM HSENG
Locals are reporting large-scale human rights abuses by the Burmese military in connection with its recent offensive against the Shan State Army-North (SSA-North).

Restrictions Dampen Thingyan Celebrations

By WAI MOE
Banning of satirical Than Gyat performances and limits of water-throwing pavilions during New Year festivities show regime is not loosening its grip.
  1. Suu Kyi's Son to Become Monk in Rangoon
  2. Than Shwe Continues to Control Burma's Military
  3. Thai Police Oppression for Burmese Untouchables
  4. Exploited, in More Ways Than One
  5. Inside the KIA—Ramping-Up and Staying Alert
  6. Burma's Democratic Parties Welcome US Special Envoy
  7. Unmasking Burma's 'Democracy'
  8. Than Shwe Acquires State Properties
  9. Suu Kyi Named 'Voice of the Decade'
  10. Burmese Authorities Crack Down on VoIP Calls
Maung Maung counters charges of secret trips to BurmaU-Maung-Maung-s(Interview) Mizzima interviews former treasurer Zaw Tun of the Federation of Trade Unions of Burma (FTUB), ...

Dunkley shows up for court hearing; prosecution fails to appearross-dunkley-arrest3ssThe prosecutor in the case against the Australian cofounder of the Myanmar Times newspaper failed to ... Thailand-Burma discuss plan to return refugees to BurmaMae-La-refugee-camp2sA sideline talk between the foreign ministers of Thailand and Burma has led Thailand to discuss plans to ...

EU set to lift Burmese regime travel restrictions on civilians in gov'tthei-sein-speak-sThe European Union on Tuesday will lift a European-wide travel ban on some members of the Burmese ...
Karen Political Party calls for peace in Karen Statekayin-people-party-1ssThe Kayin People’s Party (KPP) says it wants to end all armed conflict with the Burmese army and Karen ...
A Water Festival without the jokes of Thangyat?2010ThinGyan20ssThe new Burmese government has issued an order banning traditional Thangyat that could ...

I.T & Technology seminar 2011

April 2, 2011
News
I.T & Technology seminar 2011 is held at Community Resource Center on 1st April 2011.It is organized by Burma Icon Multi-Media Network & CCBC to have better knowledge and media products.
The seminar started with the keeping silent action for a few seconds refer to the victims by earthquakes,Tsunami and natural disasters happened all over the world.
There are over 40 participants and discussed about “how important media role”by Soe Nay Lynn …Read the Rest

New Assault on Human Trafficking

A fresh regional assessment still sees lack of progress in tackling the growing problem.
Conversation with Aung San Suu Kyi

Every Friday, opposition leader Aung San Suu Kyi addresses ordinary people's concerns in a broadcast program in Burmese.

မြန်မာ့သတင်း ကမ္ဘာ့သတင်း

မြန်မာဒုက္ခသည် ပြန်ပို့ရေး ထိုင်းအစိုးရ ကုလနဲ့ဆွေးနွေး

ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် ၁သိန်းကျော် နေရပ်ပြန်ပို့နိုင်ရေး ကုလသမဂ္ဂနဲ့အတူ ပူးတွဲလုပ်ဆောင်နေပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
ထိုင်းက ဒုက္ခသည် တသိန်းကျော် ပြန်ပို့မည်

ထိုင်းက ဒုက္ခသည် တသိန်းကျော် ပြန်ပို့မည်

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် နေထိုင်လျက်ရှိသော ဒုက္ခသည် တသိန်းကျော်ကို ထိုင်းအစိုးရက မြန်မာနိုင်ငံ သို့ ပြန်ပို့နိုင်ရန် စီစဉ်နေသည်။ ထိုင်းအစိုးရ
ယခုနှစ် သင်္ကြန် အဆိုတော်များ ၀င်ငွေထိခိုက်

ယခုနှစ် သင်္ကြန် အဆိုတော်များ ၀င်ငွေထိခိုက်

ယခုနှစ် သင်္ကြန်မဏ္ဍပ်များတွင် အနုပညာရှင်းများ လိုက်လံ ဖျော်ဖြေခွင့် နည်းပါးသွားခြင်းကြောင့် ၀င်ငွေထိခိုက်သည်ဟု  ဂီတအသိုင်းအ၀န်းတွင် ပြောဆိုနေ

ထိုင်းရောက် မြန်မာများ နှစ်ကူး အိမ်ပြန်စရိတ်ကြီးမြင့်

အတာသင်္ကြန်ကာလ အိမ်ပြန်ကြသည့် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ နယ်စပ် မြ၀တီမြို့ မှတဆင့် နေရပ်ပြန်ရန်အတွက် ယာဉ်စီးခများကို မော်တော်ယာဉ်

မြန်မာဘီယာ ဥပဒေကို လက်တလုံးခြား ကြော်ငြာလုပ်

မြန်မာရိုးရာ အတာသင်္ကြန်တွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်များ ကြော်ငြာခွင့်မရှိဟု အာဏာပိုင်များက ပြဌာန်းထားသော်လည်း မန္တလေးသင်္ကြန်၌  မြန်မာဘီယာက

‘ဝ’ ဒေသတွင် စစ်ရေးပြင်ဆင်ထား

အခြေအနေ တင်းမာနေသည့် အစိုးရတပ်များနှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်များသည် ၎င်းတို့ ရင်ဆိုင်ထားသည့် နေရာများတွင် စစ်ရေးပြင်ဆင်မှုများ

မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကင်တာနာသည် မြန်မာအစိုးရသစ်ထံ ပြည်ဝင်ခွင့်ဗီဇာရရှိရေးအတွက်

စာရေးဆရာကြီး ပါရဂူ ဈာပန ပို့ဆောင်သူများပြား

ကွယ်လွန်သူ စာပေပညာရှင် စာရေးဆရာကြီး ပါရဂူ၏ ဈာပနအား မူလ သတ်မှတ်ချိန် ၅ နာရီထက် စော၍ ယမန်နေ့ညနေ ၄ နာရီခွဲတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ရာ

လင်းနို့ချေး လုပ်ငန်းအတွက် လာဘ်ပေးရ

မွန်ပြည်နယ်အတွင်းမှ လင်းနို့ဂူများတည်ရှိရာ မြို့နယ်၊ ကျေးရွာများ၏ အာဏာပိုင် ရာထူး နေရာများ ရရှိရေးအတွက် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများကို

ဝေဒကဝိ အခါပေး မင်္ဂလာဆြာတေ၏ ၂၀၁၁ သင်္ကြန်စာတော်ကြီး

ဝေဒကဝိ အခါပေး မင်္ဂလာဆြာတေ၏ ၂၀၁၁ သင်္ကြန်စာတော်ကြီး သုဝဏ္ဏ၊ သာကေတ၊ မြောက်ဥက္ကလာ၊ ဒေါပုံ၊ နေပြည်တော်။ တောင်ဒဂုံ၊ ယုဇန၊ ပျဉ်းမနား၊ မင်္ဂလာဒုံ၊ လယ်ဝေး ၊တောင်ဥက္ကလာ စပယ်ယာတို့ သံကုန်ကာ လူသာခေါ်ရင်း
ဆက်ဖတ်ရန် ...တီးတိုး ငွေကြေးများ အပိုင်း (၄)
’ကျနော်က ကျောင်းဆရာ အလုပ်နဲ့ အသက်မွေးတာ အနှစ် ၃ဝ နီးပါး ရှိသွားပါပြီ။ မူလတန်းပြနဲ့တင် ...

ဦးမောင်မောင် ပြည်တော်ပြန် မပြန် (ဦးဇော်ထွန်းနှင့် အင်တာဗျူး)
ဦးမောင်မောင် မြန်မာပြည် ပြန်သည်ဟု စွပ်စွဲသူ ဦးဇော်ထွန်းအား မဇ္ဈိမက ဆက်သွယ် မေးမြန်း ...
ပြည်တော်ပြန် မပြန် (ဦးမောင်မောင်နှင့် အင်တာဗျူး)
NCUB ၏ အထွေထွေ အတွင်းရေးမှူး မြန်မာနိုင်ငံသို့ ၂ဝဝ၈ ခုနှစ်က သုံးကြိမ် သွားရောက်ခဲ့ကြောင်း ..
ဒေါ်ခင်မာအေး ၃ နှစ်မြောက် ဆွမ်းကျွေးပွဲ (ခင်ပွန်းသည် ဦးလှရွှေနှင့် အင်တာဗျူး)
Daw-Khin-Mar-Aye-Interviewsနိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်ခင်မာအေး ကွယ်လွန်မှု ၃ နှစ်မြောက် ဆွမ်းကျွေးပွဲကို ...ရွှေ့ပြောင်းများအရေး ဦးစားပေးချင်သည့် AMDP မွန်ပါတီ
mon-party-logoမွန်လူထုအတွင်း စားဝတ်နေရေးအတွက် ပြည်ပထွက်ကာ အလုပ်လုပ်ကိုင်သူ ...

EU သို့ ခရီးသွားပိတ်ဆို့မှု ရုပ်သိမ်းမည်ဟု အေပီ ဖော်ပြ
thei-sein-speak-sဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံများသို့ မြန်မာအစိုးရအဖွဲ့ဝင်အချို့ ခရီးသွားလာခွင့် ...

မြန်မာဒုက္ခသည်များ ပြန်ပို့ရေး ထိုင်း-မြန်မာ ဆွေးနွေး
Mae-La-refugee-camp-sထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုလုံးကို ပိတ်ပစ်ရေး ...

ဆီးနိတ်အမတ်က မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး စုံစမ်းစေလို
ကြီးထွားလာသည့် မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးကို စုံစမ်းစစ်ဆေးရန် ...
တိုက်ပွဲများ ရပ်စဲချင်သည့် ကရင်ပါတီ
ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကရင် လက်နက်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား အပစ်အခတ် ရပ်စဲစေလိုကြောင်း ...
သံချပ်မထိုးရန် အစိုးရသစ် တားမြစ်
သမ္မတ ဦးသိန်းစိန် အစိုးရသစ်က သင်္ကြန်ပွဲတော် ရက်များအတွင်း ရိုးရာ အစဉ်အလာတခု ဖြစ်သော ...

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more
2011-04-11

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်လာနိုင်

2011-04-11
မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းကို ဧပြီ ၈ ရက် ပြီးခဲ့တဲ့ သောကြာနေ့က ရှမ်းပြည်နယ် ဗထူးတပ်မြို့မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2011-04-11

ဘိုကလေးမှာ လေဆင်နှာမောင်းတိုက်ခတ်

ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီလောက်က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အတွက် ပျဉ်ဘိုးကြီးကျေးရွာမှာ စာသင်ကျောင်း တကျောင်း အပါအဝင် အိမ်ခြေ ၂၀ လောက် ပျက်စီး သွားကြောင်း သတင်းရရှိပါတယ်။
2011-04-11

အမေရိကန်နိုင်ငံ ဖို့တ်ဝိန်းမြို့မှာ မြန်မာတဦး အသတ်ခံရ

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့မှာ မြန်မာလူမျိုးတဦး အသတ်ခံရတာနဲ့ ဆက်စပ်ပြီး သံသယ ရှိသူတဦးကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ ရဲက ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။
2011-04-11

ကုလအထူးကိုယ်စားလှယ် ကင်တားနား ဗီဇာတောင်းထား

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ရှေ့လအတွင်း သွားရောက်စုံစမ်း လေ့လာနိုင်ဖို့ မြန်မာအစိုးရသစ်ထံ စာရေး တောင်းဆိုလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက RFA ကို ပြောကြားပါတယ်။
2011-04-11

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ခန့်အပ်တာဝန်ပေး

အမေရိကန်သမတ ဘာရက် အိုဘားမားဟာ လက်ရှိ ပင်တဂွန်စစ်ဌာနချုပ်က အရာရှိတဦးဖြစ်သူ မစ္စတာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ပြင်ဆင်နေပါတယ်။
2011-04-11

လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်လျက်ရှိ

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာတာနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့ လားရှိုးထောင်မှာ အကျဉ်းကျနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂၀၀၇ မျိုးဆက် ကျောင်းသူ မဟန်နီဦးကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောပါတယ်။
2011-04-10

ဂျပန်ငလျင်ဒဏ် ခံရသူများအတွက် ဆုတောင်းပွဲကျင်းပ

ဂျပန်နိုင်ငံက မြေငလျင်နဲ့ ဆူနာမီဒဏ် ကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ ဂျပန် ပြည်သူတွေကို ရည်စူးတဲ့ ဆုတောင်းပွဲ တရပ်ကို တိုကျိုမြို့ တာကာဒါးနိုး ဗားဗား အရပ်မှာ ဒီကနေ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
2011-04-10

မီးဘေးအန္တရာယ် ကာကွယ်ဖို့ ရွာပြင်ထွက် ချက်ပြုတ်ရမယ့် အမိန့်ထုတ်

မီးဘေး ကာကွယ်တဲ့အနေနဲ့ ကျေးရွာ တွေမှာ ရွာအပြင်ဘက် ထွက်ပြီး ချက်ပြုတ်ဖို့ မကွေးတိုင်း အတွင်း မြို့နယ် အားလုံးလိုလိုမှာ သက်ဆိုင်ရာ က အမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။