| ||
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချမှတ်နိုင်သည့် အများဆုံးသက်တမ်းသည် လာမည့် (၆) လ အကြာတွင် ပြည့်တော့မည်ဟု နအဖ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ အာဆီယံအစည်းဝေးပွဲ တက်ရောက်ရန် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေး ၎င်းက “သူ (ဦးဥာဏ်ဝင်း) ရှင်းပြတာက သူတို့ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း တဲ့ကာလကို အများဆုံး (၁) နှစ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားတယ်တဲ့။ နောက်ပြီး တော့ ၀န်ကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ၀န်ကြီးချုပ်ကနေ (၅) နှစ်ထိ ထပ်တိုးနိုင်တယ်လို့ သတ်မှတ် ထားတယ်တဲ့။ အဓိပ္ပာယ်ကတော့ အများဆုံး (၆) နှစ်ထိပေါ့။ သူကျနော်တို့ကို ပြောတာတော့ လာမယ့်နှစ်ဝက်လောက်ကျရင် (၆) နှစ် သက်တမ်း ပြည့်သွားလိမ့်မယ်တဲ့” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အား နောက် (၆) လတွင် ပြန်လွှတ်ပေးမည်ဟု ဆိုလိုခြင်း ဟုတ်မဟုတ် သတင်းထောက်များ မေးမြန်းချက်ကို ဦးဥာဏ်ဝင်း ပြောပြခဲ့သည့်အတိုင်း ပြန်ပြောခြင်းသာဖြစ်ပြီး မမှန်မကန် ကောက်ချက်ချပြောဆိုခြင်းဟု မထင်ကြောင်း ဂျော့ခ်ျယိုးက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာရန် အမြဲတမ်း မျှော်လင့်နေကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အား ဥပဒေအရ (၅) နှစ်အထိသာ ဖမ်းဆီးခွင့်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခု မေလ (၃၀) ရက် ဒီပဲယင်းအကြမ်းဖက်မှုဖြစ်ပွားစဉ်က စတင်ဖမ်းဆီးခဲ့ပြီး အစပိုင်း၌ အင်းစိန်ထောင်၌ ခေတ္တထိန်းသိမ်းထားရာမှ နောက်ပိုင်း၌ နေအိမ် အကျယ်ချုပ်ဖြင့် ပြောင်းလဲထိန်းသိမ်းခဲ့သည်။ ပြီးခဲ့သည့်မေလ (၂၇) ရက် (၅) နှစ်သက်တမ်း ပြည့်ချိန်တွင် ပြန်လွှတ်မပေးဘဲ သက်တမ်း (၁) နှစ် ထပ်တိုးချထားခဲ့သည်။ ။ | ||
The Latest: Israel launches attack on Iran's capital
13 minutes ago

No comments:
Post a Comment