ဗကသ တနှစ်ပြည့်
ထောင်ထဲက ကဗျာ
စက်တင်ဘာ ၂၇၊ ၂၀၀၈
အိုသူငယ်ချင်း …
မင်းကလည်း တနေရာမှာ
ငါကလည်း တနေရာမှာ
ဒါပေမယ့် . . .
ငါတို့တွေ အချုပ်အနှောင်ထဲမှာပဲ။
မင်းဘယ်မှာ ငါသိစရာ မလိုသလို
ငါဘယ်မှာ မင်းသိစရာ မလိုဘူး ဒါပေမယ့် . . .
ငါ့အတွက် မင်းဂုဏ်ယူလိုက်ပါ။
အို . . . သူငယ်ချင်း ငါတို့တွေ
ငါတို့တွေ ကျောင်းပရဝဏ်မှာ ပန်းရနံဝေဖို့ ကြိုးစားသလို
တိုင်းပြည်မှာ စစ်ရမ္မက် ချွေဖို့ ကြိုးစားကြတယ်၊
ငါတို့ရဲ့ အစဉ်အလာ
ငါတို့ရဲ့ သမိုင်း
ငါတို့ရဲ့ စိတ်တံတိုင်းဟာ
မခါးတမာ ပျားသကာသို့
ချိုမြစေရာ ခိုင်မာစွာဖြင့်။
အို . . . သူငယ်ချင်း
ရင်မှ ဝေဒနာ
ပြည်သူ့ ဗျာပါ
အေးမြစေရာ
ဒီဝန်တာဟာ ခေတ်သစ် တမန်
ဒေါင်းအလံ၏ နောက်လိုက်ဗိုလ်ပါ
ကျောင်းသားတွေသာ
တို့တာဝန်ဟု ပြောလိုက်ပါရစေ
အို . . . သူငယ်ချင်း။
အို . . . သူငယ်ချင်း
ဟိုး အတိတ်ဆီက ငါ့ထံသို့လာ
အရိပ်ပမာ စိတ်ဝေဒနာ ဟာ
လ စက်တင်ဘာ
လမ်းမထက် အလယ်မှာ
ပြည်သူ့ ရတနာ
မြတ်ထေရ် သံဃာ
သွေး စံပယ်ကာ
မြေသို့ ခရှာ
ပြည်သူ့ရင်သွေး ကျောင်းသားတွေလည်း
ကျောင်နံရံ တဝိုက်
ဒေါင်းအလံ စိုက်ဖို့ရာအတွက်
ကြိုးစားရင်း ဘဝပါဆုံးခဲ့ရတာ
မေ့မရနိုင်ပါ
အို . . . သူငယ်ချင်းးရာ။ ။
သူငယ်ချင်း (သာသနဝံသ)
September 27, 2008
အမေရိကန်နိုင်ငံရောက်ရဲဘော်တဦးပေးပို့ထားသောကဗျာ
အဆာမပြေပုံများ
လူတစ်ယောက်လိုအပ်တာထက်
ဘာမှ ပိုမမက်ခဲ့တာကိုက
မိုက်တွင်းနက်သတဲ့လား
ထားလိုက်တော့
ငွေတွင်းလည်းနက်တယ်
မနက်တွေ ခင်းခင်းလာတိုင်း
ဒီနေ့ 
သစ်ပါ့မလား
ကြောင့်ကြမျက်နှာသာ
ဟောင်းသထက် ဟောင်းဟောင်းလာခဲ့
တွေးကြည့်မိတော့မှ
ပိတောက် ဆယ့်ငါးကြိမ်အပွင့်ဟာ
တကြိမ်ထက် တခါမှပိုမရခဲ့ဘူး
အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ်
မနက်ဖြန်ကို
အမြစ်ကနေ လှန်သစ်လိုက်ပစ်လိုက်ချင်တာ
နောက်တနေ့ ပါကွာဆိုသူတွေနဲ့ 
ပုဝါတကမ်းမှာ
မနေခဲ့ဖူးဘူး
မသေကောင်း မပျောက်ကောင်းပါ
ဒါပေမယ့်
သေကောင်ပေါင်းလဲ
မျိုးမြင့်ချို
No comments:
Post a Comment