- ၁၉၅၁ ခုနှစ်တွင် ကုလသမဂ္ဂအောက်ရှိ နိုင်ငံတကာ ရေကြောင်းဆိုင်ရာ အဖွဲ့အစည်း (International Maritime Organization- IMO) သို့ ၀င်ရောက်ခဲ့သည်။
- ၁၉၇၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် “ပိုက်နက်ပင်လယ်နှင့် ပင်လယ်ဇုံများ ဥပဒေ” ကို ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ (အခြေခံမျဉ်းမှ) ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင် (ရေမိုင် ၁ မိုင် = ၁၈၅၂ မီတာ/၁.၁၅၀၇၇၉ မိုင်) ပိုင်ဆိုင်သည်ဟု ပြဌာန်းသည်။
- မြန်မာနိုင်ငံသည် ပင်လယ်ပိုင်နက်ဆိုင်ရာ သဘောတူညီချက်ကို အိန္ဒိယနှင့် (၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး၊ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် အသက်ဝင်) ထိုင်းနိုင်ငံ (၁၉၈၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး၊ ၁၉၈၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် အသက်ဝင်) တို့နှင့် တသီးတခြား သဘောတူညီမှု ရရှိခဲ့ပြီး ၃ နိုင်ငံ (မြန်မာ၊ အိန္ဒိယနှင့် ထိုင်း) သဘောတူညီချက် (၁၉၉၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး၊ ၁၉၉၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် အသက်ဝင်) ရေးထိုးနိုင်ခဲ့သည်။
- ဘင်္ဂလားဒေ့ရှ်နှင့် ယနေ့အချိန်အထိ သဘောတူညီမှု မရသေး။ ဆွေးနွေးဆဲကာလဖြစ်သည်။
- မြန်မာ့ပိုင်နက် ရခိုင်ကမ်းလွန်ဒေသရှိ Block A-1, A-3 နှင့် AD-7 လုပ်ကွက်များသည် ကိုရီးယားကုမ္ပဏီ Daewoo ၏ လုပ်ကွက်ဖြစ်သည်။ ၎င်းလုပ်ကွက် တောင်ဘက်ရှိ AD-8, AD-2, AD-3, AD-4 လုပ်ကွက်များမှာ တရုတ်ကုမ္ပဏီ ONGC ၏ လုပ်ကွက်များဖြစ်သည်။
- ဘင်္ဂလားဒေ့ရှ်၏ တခုတည်းသော သန္တာကျောက်တန်း တည်ရှိရာလည်းဖြစ်၊ ကမ္ဘာလည့်ခရီးသည်များကို ဆွဲဆောင်ရာ နေရာလည်းဖြစ်သည့် St. Martin’s ကျွန်းသည် မြန်မာကမ်းရိုးတန်း အနောက်-မြောက်ဘက် ၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။
- ယခုနှစ်ဦးပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ အခက်အခဲအား ဖြေရှင်းရန် နိုင်ငံတကာ ရေနံကုမ္ပဏီများထံ သူ၏ ရေပိုင်နက်အား block 28 ခု ပိုင်းကာ ရေနံနှင့် ဂက်စ် ရှာဖွေတူးဖော်ရေးအတွက် လေလံတင် ရောင်းချလျက်ရှိသည်။ ယခု အငြင်းပွားနေသည့် ဒေသမှာ ဘင်္ဂလားဒေ့ရှ်၏ block – 3 နှင့် block – 8 အနီးတွင် တည်ရှိသည်ဟု ဆိုသည်။
- ဘီဘီစီသတင်းအရ ယခုအငြင်းပွားနေသည့် နေရာမှာ St. Martin’s ကျွန်းမှ အနောက်တောင်ဘက် ရေမိုင် ၅၀ အကွာတွင် တည်ရှိသည်ဟု ဆိုသည်။ ဖြစ်ပွားပုံမှာ မြန်မာနိုင်ငံမှ ကမ်းလွန်ပင်လယ်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး ရေနံရှာဖွေရေးယာဉ် ၄ စီး (ဘာဟားမားစ်တွင် မှတ်ပုံတင်ထားသော ရေယာဉ် ၂ စီး၊ Belize တွင် မှတ်ပုံတင်ထားသော ရေယာဉ် ၁ စီး၊ အိန္ဒိယတွင် မှတ်ပုံတင်ထားသော ရေယာဉ် ၁ စီး) နှင့် မြန်မာရေတပ်မှ ရေယာဉ် ၂ စီးတို့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ၀င်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
- ဘင်္ဂလားဒေ့ရှ်က ယခုကိစ္စအား ညှိနှိုင်းပေးရန် တရုတ်အစိုးရကို အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။
- ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ခရီးစဉ်တွင် ပါဝင်လိုက်ပါခဲ့သည့် စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်လွန်းသီက နှစ်နိုင်ငံ ရေပိုင်နက်သတ်မှတ်ခြင်းကိစ္စ မပြီးပြတ်မချင်း အငြင်းပွားလျက်ရှိသော ကမ်းလွန်ဒေသအတွင်း ရေနံ၊ သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို အာမခံခဲ့သည်ဟု ဆိုသည်။
- ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်နိမတ် ၉၀ ကီလိုမီတာ ရှည်လျားသည်။
- ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနအတွင်းရေးမှူးက မြန်မာသံတမန်သို့ ပေးအပ်သည့် ကန့်ကွက်လွှာတွင် ဘင်္ဂလားဒေ့ရှ်၏ ၁၉၇၄ ခုနှစ် Territorial Water and Maritime Zone Act ဥပဒေအရ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ရောက်ရှိနေသည်ဟု ဆိုသည်။
- ဘင်္ဂလားပင်လယ်အော်သည် ၂၀၀၅-၂၀၀၆ ခုနှစ် အိန္ဒိယက 100 trillion cubic feet ရှိ သဘာဝဓာတ်ငွေ့သိုက် ရှာဖွေတွေ့ရှိခြင်း၊ မြန်မာက 7 trillion cubic feet တချိန်တည်းတွင် ရှာဖွေတွေ့ရှိခြင်းတို့ကြောင့် အရေးပါရာ ဒေသဖြစ်လာသည်။
Bay of Bengal Maritime map
Maritime boundary dispute and oil ... 393 x 400 - 120k - png deshcalling.blogspot.com [ More from blogger.com ] | Bay of Bengal. A map showing the ... 300 x 306 - 147k - png wiki.chainofthoughts.com |
Iranian Cargo Ship Sinks In Bay Of ... 300 x 306 - 22k - jpg cruelkev2.blogspot.com | Map References: Asia 318 x 318 - 21k - jpg www.bangladeshlive.net |
Flooding in India 588 x 599 - 378k - png www.wmo.int | India's Eastern Naval Command "The ... 600 x 611 - 48k - jpg www.tamilnation.org |
Map of Tamil Nadu 700 x 894 - 127k - gif www.indtravel.com [ More from www.indtravel.com ] | Map of Tamil Nadu 355 x 345 - 13k - jpg www.indtravel.com |
National Maritime Museum, Greenwich, ... 200 x 270 - 31k - jpg www.nmm.ac.uk | ... just in the Bay of Bengal region ... 527 x 717 - 45k - gif www.sdnpbd.org |
No comments:
Post a Comment