8.06.2009

မြိတ်မြို့ မှ လူငယ်များရဲ့  ဂုဏ်ယူဖွယ် ဆုတောင်းမှုလေး

ဇူလိုင်လ (၃၁) ရက်နေ့ က မြိတ်မြို့ က ပေါ်တော်မူစေတီတော်၊ လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော်နဲ့  အောင်ချမ်းသာ ဘုရားစေတီတော်တို့ မှာ သမိုင်းပေးတာဝန်ကို အသိစိတ်ဓါတ် အပြည်နဲ့  ဆောင်ရွက်ခဲ့ကြတဲ့ လူငယ်တစ်စုရဲ့  ဂုဏ်ယူလေးစားထိုက်ဖွယ် ရဲဝန့် ပြောင်မြောက်တဲ့ လှုပ်ရှားဆောင်ရွက်မှု ဖြစ်ပါတယ်။



နအဖရဲ့  မတရားအမှုဆင် တရားစွဲဆိုခြင်းကို ခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ အတွက် ရည်စူးပြီး အဆိုပါ မြိတ်မြို့ က လူငယ်တစ်စုဟာ နံနက်စောစောအချိန် မိုးများ သည်းထန်စွာရွာသွန်းနေတဲ့ကြားကနေ ဖခင် ဗိုလ်ချူပ်အောင်ဆန်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဓါတ်ပုံပါ အင်္ကျီ တီရှပ်များဝတ်ဆင်ကာ ဘုရားစေတီတော်များသို့ သွားရောက်ပြီး ဆုတောင်းမှု ပြုလုပ် ခဲ့ကြပါတယ်။ နအဖလုံခြုံရေးတွေ စောင့်ကြည့်မှတ်တမ်းယူနေပေမယ့် ဆုတောင်းမှုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။



ထိုကဲ့သို့  ဆုတောင်းမှုပြုလုပ်ခဲ့ကြသော မြိတ်မြို့ မှ လူငယ်များအား အထူးလေးစား ဂုဏ်ယူပါကြောင်းနဲ တောင်းသော ဆုဖြစ်တဲ့ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ” ဆုတောင်းမှု အလျင်အမြန် ပြည့်ဝပါစေသား။


နစ်နေမန်းဘလော့မှ

No comments:

Post a Comment