1.15.2010

မြန်မာအလုပ်သမားများအား ရနောင်းသို့ အလာတွင်ဖမ်းဆီး

Photobucket

ဇန္န၀ါရီလ ၁၅

ကော့သောင်းမြို့ မှ ရနောင်ဖက်သို့ မြန်မာ အလုပ်သမားများကို တင်ဆောင်လာသော လှေတစ်စီးအား ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် ဖမ်းဆီးလိုက်သည်။

မြန်မာ အလုပ်သမား လူကြီး ၃၄ဦးနှင့် ကလေး၃ဦးတို့အား တင်ဆောင်လာသော စက်လှေအား ကော့သောင်း ကမ်းခြေစောင့် တပ်ဖွဲ့က ဓါတ်မီးများဖြင့် ထိုးကြည့်စဉ် ထိုင်းပိုင်နက် သူဌေးကျွန်း အနောက်ဖက်တွင် မြန်မာ အလုပ် သမားများအား ကျွန်းတွင် ထားခဲ့ပြီး လှေမောင်းသည့် ထိုင်းလူမျိုးက လှေဖြင့် ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

ရနောင်း ဆိပ်ကမ်းအနီးရှိ ထိုင်းရဲစခန်းနှင့် နီးစပ်သူတစ်ဦးက “ဟုတ်ကဲ့ ညဥ့်၁၀နာရီလောက်မှာ ဖမ်းမိတာပါ ။ ကော့သောင်း အချုပ်ကို ရောက်နေပါပြီ ။ ထုံးစံအတိုင်း ဆိုတော့ ထောင်ဆယ်ရက် ချမယ် ပြောတယ်။ လာတဲ့ လူတွေက အပေါ်သွားမယ် ပြောတယ်။ မဟာချိုင်သွားမယ် ပြောတော့ ပိုဆိုးတာပေါ့၊ ခုဖမ်းဆီမှုဟာ နည်းတယ် လို့ ပြောလို့ ရပါတယ်၊ လူတွေ အလာ တော်တော် နည်းသွားတယ်လို့ ပြောလို့ ရပါတယ်။

ဒီ၂၀၁၀ မှာဆိုရင် အရင်နေ့က ကျုံဖေါ်မှာ တဖွဲ့ ဖမ်းတယ်၊ ဒီလောက်ပဲ ကျနော် ကြားမိသေးတယ်” ဟု ပြော သည်။ ဖမ်းဆီး ရမိသူ များထဲတွင် ယောက်ျားလူကြီး ၁၅ဦးနှင့်။ မိန်းမကြီး၁၉ဦးတို့ ဖြစ်သည်။ ၁၅နှစ်အောက် ယောာက်ျား ကလေး၂ဦးနှင့် မိန်းကလေးငယ် တို့လည်း ပါဝင်သည် ။ပွဲစားများမှာ လက်ပြောင်း လက်လွှဲစနစ်ဖြင့် သယ်ယူခြင်း ဖြစ်သောကြောင့် ဖမ်းမိသော မြန်မာ အလုပ်သမားက ပြန်လည်း ပြောပြနိုင်ခြင်း မရှိကြောင်း ရဲစခန်းနှင့် နီးစပ်သူက ပြောသည်။

ပြီးခဲ့သော ရက်ပိုင်းကလည်း ကျုံဖေါ်သို့ အလာ ဆီအုန်းခြံတခုထဲတွင် မြန်မာ အလုပ်သမား လေးဆယ်ကျော် တို့အား ထိုင်းစစ်တပ်မှ ဖမ်းဆီးမိခဲ့သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment