3.14.2011

စတုဒီသာ သံဃာ မြန်မာအဖွဲ့ က ဂျပန်ဆူနာမီ ဒုက္ခသည်များအား ဘတ်တစ်သိန်း လှူဒါန်း

Photobucket

မတ်လ ၁၄
ထိုင်းနိုင်ငံ မဟာချိုင်မြို့အခြေစိုက် စတုဒီသာ သံဃာ မြန်မာအဖွဲ့က ဂျပန်ဆူနာမိဒုက္ခသည် များအား ယနေ့ ဘတ်တစ်သိန်း လှူဒါန်းလိုက်ကြောင်းသိရသည်။
စတုဒီသာ သံဃာ မြန်မာအဖွဲ့ ဒါရိုက်တာ ကိုလှခိုင်က “ကျနော်တို့ CS မြန်မာလို့ ခေါ်တဲ့ ဒီအဖွဲ့ချုပ်က ဂျပန်မှာ အခြေစိုက်ပါတယ်။ နည်းတာများတာ ပဓါနမထားပဲ ကျနော်တို့တတ်နိုင်သမျှ ဂျပန်ဆူနာမီ ဒုက္ခသည် တွေအတွက် ဘတ်တစ်သိန်း လှူဒါန်းလိုက်တာပါ။ ကျနော်တို့အဖွဲ့က စတုဒီသာ ဂျပန်အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ မြန်ပြည်တွင်းမှာဖြစ်ဖူးတဲ့ နာဂစ်ဒေ သကိုစက်တွေ၊ ကျွဲနွားတွေ အများကြီးလှူခဲ့ပါတယ်၊ ဂီရိဒေသကိုလည်း ဘတ်တစ်သိန်းလှူခဲ့ပါတယ်။ အလားတူ အခြားနိုင်ငံတွေမှာ အရေးပေါ်ဘေးဒုက္ခတွေ ပေါ်လာရင်လည်း တတ်နိုင်သမျှ ပေးပို့ လှူဒါန်း ပါတယ်” ဟု ပြောသည်။
ဂျပန် ဆူနာမီ ဘေးဒုက္ခအတွက် ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံက အကူအညီများ ပေးပို့ နေသည့်အနက် မြန်မာ နိုင်ငံ အမည် ပါသွားမည်ကို ၀မ်းမြောက်ကြောင်း ကိုလှခိုင်က ဆက်လက်ပြောပြသည်။
စတုဒီသာသံဃာအဖွဲ့တွင် နိုင်ငံပေါင်း ၁၂နိုင်ငံပါဝင်ပြီး ၂၀၀၇ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။ အဖွဲ့ဝင် နိုင်ငံများမှာ (၁)ဂျပန် (၂)လာအို (၃)ကမ္ဘောဒီယား (၄)ဗီယက်နာမ် (၅)ထိုင်း (၆)ဘင်္ဂလားဒေ့ခ်ျ (၇)တိုင်ဝမ် (၈)မလေးရှား (၉)ရုရှား (၁၀)တရုတ် (၁၁)သြစတေးလျ နှင့် (၁၂)မြန်မာနိုင်ငံတို့  ဖြစ်ကြသည်။

No comments:

Post a Comment