8.27.2008

အထိမ်းအမှတ်မှသည်တိုက်ပွဲဆီသို့



















၁၉၉၈ ခုနှစ် သြဂုတ်လ၂၄ရက်နေ့ကလှည်းတန်းလမ်းဆုံပြည်မြန်မာကုန်တိုက်ရှေ့မှာ

(၁)ရက် ၆၀ အတွင်းလွတ်တော်ခေါ်ယူရေး

(၂)ဖမ်းဆီးထားသောကျောင်းသားများနှင့်နိုင်ငံရေးအကျဉ်းသားများပြန်လွတ်ပေးရေး

(၃)ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအမြန်ဆုံးအကောင်အထည်ဖေါ်ရေးဆိုတဲ့

တောင်းဆိုချက်၃ရပ်နဲ့ဆန္ဒပြခဲ့တဲ့ကျောင်းသားတွေကိုမတရားဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်များ

ချမှတ်ခြင်းခံခဲ့ကြရပါတယ်။အချို့ကျောင်းသားတွေဆိုယင်အမြင့်ဆုံးထောင်ဒဏ် ၅၉နှစ်အထိ

ချမှတ်ခြင်းခံခဲ့ရပါတယ်။တချို့ကကံကောင်းထောက်မစွာလွတ်မြောက်လာခဲ့ပေမယ့်တချို့ကတော့

အခုအချိန်အထိထောင်ဒဏ်ကျခံနေကြရဆဲဖြစ်ပါတယ်။

အဲဒီထဲကကျောင်းသားခေါင်းဆောင်ကိုသက်ဝင်းအောင်ဆိုယင်မတရားရိုက်နှက်ညှင်းပန်းခံရတဲ့

အတွက်ထောင်ထဲမှာပဲကွယ်လွန်ခဲ့ရပါတယ်။ကံကောင်းစွာလွတ်မြောက်လာသူတချို့ကထိုင်းမြန်မာ

နယ်စပ်တနေရာမှာ၁၀နှစ်ပြည့်အခမ်းအနားတခုကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။အဲဒီအခမ်းအနားကို ၁၉၉၈ ခုနှစ်ကျောင်းသားများ၊၁၉၈၈ကျောင်းသားဟောင်းများဖိတ်ကြားထားသူများနဲ့သတင်းဌာများတက်

ရောက်ကြပါတယ်။

၁၉၉၈ခုနှစ်ဆန္ဒပြပွဲမှာပါဝင်ခဲ့သူများကသူတို့ရဲ့တွေ့ကြုံခံစားခဲ့ရတာတွေ

ကိုရှင်းလင်းပြောပြခြင်းကျဆုံးခဲ့သူတွေကိုအလေးပြုခြင်းစတဲ့ပုံမှန်ဆောင်ရွက်ကြမှူတွေအပြင်ထူးခြားချက်

တခုကတော့ပြောဆိုရှင်းလင်းကြသူများကလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေများအပေါ်သုံးသပ်

ချက်များနဲ့ရှေ့လုပ်ငန်းစဉ်များကိုအလေးအနက်ထားဆွေးနွေးသွားကြခြင်းပင်ဖြစ်ပါတယ်။

ပြီးခဲတဲ့စက်တင်ဘာရွေဝါရောင်တော်လှန်ရေးကာလမှာဦးဆောင်သံဃာတော်တပါးဖြစ်သလို

ပြည်တွင်းရှိသံဃာ့တပ်ပေါင်းစုရဲ့ခေါင်းဆောင်တဦးလဲဖြစ်တဲ့ဆရာတော်ဦးပညာဇောတကလည်းပြီးခဲ့တဲ့

၁၉၈၈ခုနှစ်ကစပြီးယခုအချိန်အထိအခြေအနေနဲ့လိုအပ်ချက်များကိုရှင်းလင်းပြောပြခဲ့ပါတယ်။
ဆရာတော်ကနိုင်ငံရေးဦးဆောင်မှု၏အားနည်းလိုအပ်နေသည်များကိုလည်း
ကောင်း၊ကုလသမဂ္ဂနှင့်

ပြည်ပနိုင်ငံများကိုလိုအပ်သည်ထက်ပိုမိုအားမကိုးကြရန်ကိုလည်းကောင်း၊အနာဂတ်မြန်မာနိုင်ငံ၏

အပြောင်းအလဲသည်ပြည်တွင်းအင်အားစုများ၏အခြေအနေပေါ်တွင်များစွာတည်နေသဖြင့်ပြည်တွင်း

အင်အားစုများကိုပိုမိုပံ့ပိုးဆောင်ရွက်ရေး၊ပြည်တွင်းဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့်တပြေးညီ

ဆောင်ရွက်နိုင်ရေးအတွက်မျက်ခြေမပြတ်လေ့လာသုံးသပ်အဆင်သင့်လိုက်လျှောညီထွေဆောင်ရွက်

နိုင်ရေးသည်အရေးအကြီးဆုံးဖြစ်ပြည်တွင်းပြည်ပဆက်စပ်မှုရှိစေရေးတို့ကိုအလေးအနက်ဆွေးနွေး

သွားခဲ့ပါသည်။

ထိုအခမ်းအနားသည်ပုံမှန်ပြုလုပ်နေကျအောက်မေ့ဘွယ်အခမ်းအနား၊နှစ်ပါတ်လည်အခမ်းအနား

များနှင့်တမူခြားနားအလုပ်ရုံဆွေးနွေးပွဲတခုသဖွယ်ဖြစ်နေသဖြင့်ပိုမိုလေးနက်သောအဓိပ္ပါယ်ရှိစေခဲ့

ကြောင်းတင်ပြလိုက်ရပါတယ်။

ညတည











ဂျိမ်းခနဲ့တခါးဆောင့်ပိတ်သံကြောင့်

ညနဲ့အတူကျနော်လန့်နိုးခဲ့ရတယ်

အဲဒါကျနော့်တခန်းကျော်ကိုရောက်လာတဲ့

ခင်ဗျားရဲ့ပထမညတိုက်ပွဲပေါ့

မျက်နှာမမြင်ရဘဲ

ရေချိုးခေါ်ထုတ်လာတဲ့ဒဏ်ရာများ

ရေကန်မှာခေါင်းစွပ်ဖြုတ်ပေးတော့မှ

ဒဏ်ရာမှာနာမည်တွဲပြီးလှမ်းမြင်ရတော့တယ်။

“ကျနော်အညတရနိုင်ငံရေးသမားလေးပါဗျာ”ဆိုတဲ့

ခင်ဗျားအပြော

“မင်းတို့ကြည့်ရတာသိပ်လေးလေးနက်နက်မရှိဘူး”ဆိုတဲ့

ခင်ဗျားရဲ့ကရုဏာဒေါသော

အမှတ်ရမိတယ်ဗျာ။

(၆)တိုက်ရှေ့ဖြတ်လျှောက်ရတိုင်း

အဖြူရောင်ပုဆိုးလေးသပ်သပ်ရပ်ရပ်ခင်းထားတဲ့

ခင်ဗျားရဲ့အနီရောင်အခန်းဖြူကို

ခေါင်းစွပ်အမမှာလှမ်းမြင်ရတယ်။

ဒဏ်ရာနဲ့လူရဲ့အခန်းငြိမ်

ရုံးထုတ်တော့

ကျနော်တို့ကိုခတ်ဖို့လက်ထိပ်မလုံလောက်ပေမယ့်

နှစ်အကြီးဆုံးထောင်ဒဏ်တွေချမှတ်ခဲ့ကြတယ်။

သူတို့က

ခင်ဗျားကိုသတ်ပစ်မှ

ကျောင်းသားတွေကိုသတ်ပစ်မှ

အနာဂတ်ရှိမယ်လို့ထင်ကြသူတွေကိုး၊

ခင်ဗျားတင်မက

ခင်ဗျားရဲ့ဈာပနကိုတောင်သူတို့အကျဉ်းချခဲ့ကြတယ်မဟုတ်လား။

ခင်ဗျားကတော့နှလုံးသားရေလည်အုံကြီးစုတ်ကွဲသွားတဲ့အထိ

ဒီခရီးထဲကိုမောင်းနှင်သွားနှင့်ပြီ။

အဝေးတနေရာကနေ

ဒဏ်ရာအပြည့်နဲ့ကျောပြင်တခုအတွက်

ဂျိမ်းကနဲ့သံတခါးပိတ်သံအတွက်

ကျနော်အမျှမဝေဖြစ်သေးဘူး။

AMT(၁၉၉၈ကျောင်းသားဟောင်း)

ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ဆောင်းပါး






ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ဆောင်းပါး

အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး လှမ်း(၁) မှာ စစ်ဦးစီးမှူး ဒုတိယတန်းတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့အမေရိကန်နိုင်ငံဝါရှင်တန်မှဗိုလ်မှူး

အောင်လင်းထွဋ်က ထိုင်းဝန်ကြီးချုပ် ဆမတ် သိသာစေဖို့ ဆောင်းပါးကိုရေးသားခဲ့ပါတယ်။ ဒီဆောင်းပါးမှာ မြန်မာနိုင်ငံကို နျူကလီးယား ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ်နအဖကကြိုးစားနေကြောင်းနဲ့
နအဖရဲ့ထိုင်းနိုင်ငံအပေါ်ထားတဲ့သဘောထားကိုဖေါ်ပြထားပါတယ်။











8.25.2008

မစ္စတာ ဂမ်ဘာရီရဲ့  မြန်မာပြည်ခရီးစဉ် အကျိုးမရှိကြောင်း NLD ဝေဖန်

အငြင်းပွါးဖွယ် ရွေးကောက်ပွဲ အကြောင်း ပြောဆိုခြင်းအားဖြင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ဟာ မြန်မာပြည် လာခဲ့တဲ့ သူ့ခရီးစဉ်အတွင်း အချိန် ဖြုန်းသွားခဲ့တယ်လို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က တနင်္ဂနွေနေ့ က ပြောဆိုလိုက်ပါတယ် လို့ အေပီ သတင်းဌာန က ဆိုပါတယ်။

တွေ့နေကျ မဟုတ်လှတဲ့ အခုလို ဝေဖန်ချက် က မစ္စတာ ဂမ်ဘာရီ ရဲ့ ၆ ရက်ကြာ ခရီးစဉ် ပြီးဆုံးသွားတဲ့အချိန်မှာ ထွက်ပေါ် လာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံရေး ကို ငြင်းခဲ့တဲ့သူ က အစိုးရ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သာ ဖြစ်ပါတယ် လို့ မစ္စတာ ဂမ်ဘာရီ က သံတမန်တွေ ကို ပြောကြားခဲ့ကြောင်း အေပီသတင်း မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို မတွေ့နိုင်တဲ့အတွက်ရော၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် တွေ့ဆုံ ဆွေးနွေးရေး စတင်နိုင်အောင် မလုပ်ဆောင်နိုင်တဲ့ အတွက်ပါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က မစ္စတာ ဂမ်ဘာရီ ကို ဝေဖန်လိုက်ပါ တယ်။ စီစဉ်ထားတဲ့အတိုင်း၊ ရွေးကောက်ပွဲ ကို စစ်အစိုးရ က ပြင်ဆင်ရာမှာ မစ္စတာ ဂမ်ဘာရီ က အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တဲ့အတွက် လည်း ဦး ဥာဏ်ဝင်း က မစ္စတာ ဂမ်ဘာရီ ကို ဝေဖန်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ရွေးကောက်ပွဲ အစီအစဉ် ကို ဝေဖန်ထား ပါတယ်။

“အင်န်အယ်ဒီ က စစ်တပ် ကျောထောက် နောက်ခံပေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို အသိအမှတ် မပြုတဲ့ အတိုင်း မစ္စတာ ဂမ်ဘာရီ ရဲ့ လုပ်ငန်းစဉ် မှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို မဆွေးနွေးသင့်ဘူး လို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ကို ကျွန်တော်တို့ ရှင်းရှင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ သူ မလုပ်ရမယ့် ကိစ္စတွေ အပေါ် မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟာ သူ့အချိန်တွေ ကို ဖြုန်းပစ် နေပါတယ်။” လို့ ဦး ဥာဏ်ဝင်း က ပြောဆိုတာကိုလည်း အေပီ သတင်း မှာ ကိုးကားထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းပြီးတဲ့အခါ၊ လိုအပ်မယ့် ကျွမ်းကျင်မှု ဆိုင်ရာ ကိစ္စတွေ မှာ ကုလသမဂ္ဂ က ပူးပေါင်း ဆောင်ရွက်လို ကြောင်း မစ္စတာ ဂမ်ဘာရီ က ပြောကြားခဲ့တယ်လို့ တနင်္ဂနွေနေ့ ထုတ် မြန်မာ့အလင်း က ဆို ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် မရတဲ့အတွက် စိတ်ပျက်ဖို့ မလိုသလို၊ ဆွေးနွေးနေတာတွေ အဆုံးသတ် လိုက်ဖို့လည်း မလိုပါဘူး လို့ ဗိုလ်မှုးချုပ်ကျော်ဆန်းတို့ အဖွဲ့ နဲ့ တွေ့ဆုံရာမှာ မစ္စတာ ဂမ်ဘာရီ က ပြောကြားခဲ့တယ်လို့ အစိုးရ သတင်းစာ က ဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ဒုတိယအကြိမ်တွေ့ဆုံတဲ့အခါ၊ ပူးပေါင်း ဆောင်ရွက်ရေး၊ သဘောတူညီနိုင်မှု နဲ့ သဘော မတူညီနိုင်မှုတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာ ဂမ်ဘာရီ က ပြောခဲ့ကြောင်း ဆက်လက် ရေးသားပါတယ်။ သူ က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကို အစိုးရ ကို တောင်းဆိုခဲ့ပါတယ်။ စီးပွါးရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့လည်း သူ က အဆိုပြုခဲ့ပြီး၊ သက်ဆိုင်ရာ ၀န်ကြီးဌာန က ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စတွေ ကို စဉ်းစားမယ်လို့ ဆိုခဲ့တဲ့အတွက် မစ္စတာ ဂမ်ဘာရီ က ၀မ်းသာစကား ကိုလည်း ပြောကြားခဲ့ပါတယ် လို့ နိုင်ငံတော်ပိုင် သတင်းစာ က ဆိုပါတယ်။

အစိုးရ ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ နဲ့ သွားနေတဲ့ ဖြစ်စဉ် ကို နှောင့်ယှက်ဖို့ ကြိုးစားရင်၊ သည်းခံလိမ့်မယ် မဟုတ်ဘူး လို့ ဗိုလ်မှုးချုပ်ကျော်ဆန်း က ပြောကြားကြောင်း ဆင်ဟွာ သတင်း မှာ တွေ့ရပါတယ်။ နိုင်ငံရေး ပါတီတွေ ထူထောင်ခြင်း၊ စည်းရုံး ဖွဲ့စည်းခြင်း ရွေးကောက်ပွဲ ၀င်ခြင်း ဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေ ကို ပြဌာန်း ဆောင်ရွက်မယ်လို့ လည်း သူ က ပြောကြားသွားပါတယ်။ အရင် က လုပ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်း တွေ အတိုင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးရေး ကိုလည်း ဆက်လက် လုပ်ဆောင်မယ် လို့ ဗိုလ်ချုပ်ကျော်ဆန်း က ဆိုပါတယ်။ လမ်းပြမြေပုံ ကို အကောင်အထည်ဖော်ရာမှာ ကုလသမဂ္ဂ က အပြည့်အ၀ ကူညီလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူ က ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာန ရဲ့ သတင်း က ဆိုပါတယ်။

မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံခဲ့ကြတဲ့ သံတမန်တွေ ကတော့ သူ့ခရီးစဉ် ဟာ ဘာမှ ပြီးမြောက်အောင် မဆောင်ရွက်နိုင် သလောက်ပဲ လို့ ပြောဆိုကြပါတယ်။

စစ်အစိုးရ လုပ်ပုံကိုင်ပုံတွေ ကို ပြောင်းလဲဖို့ ယုံကြည်လာအောင် ကုလသမဂ္ဂ က မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါ က ပြဿနာကြီး ဖြစ်ပြီး၊ မစ္စတာ ဂမ်ဘာရီ ကြုံနေရတဲ့ အခက်အခဲ က အဲဒီ ပြဿနာကြီး ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ အေပီ သတင်း က ဆိုပါတယ်။





ဒေါ်စုနှင့်တွေ့ရန် ဂမ်ဘာရီလက်ထောက်တို့ ခြံရှေ့တွင် ကြိုးစားနေပုံကို မြန်မာရုပ်မြင်က ထုတ်လွှင့်
ဓာတ်ပုံသတင်း
သြဂုတ် ၂၃၊ ၂၀၀၈

မြန်မာရုပ်မြင်သံကြားတွင် ယမန်နေ့က ဒေါ်စုခြံဝရှေ့တွင် တွေ့ဆုံရန် လာစောင့်နေသူ စစ်အာဏာပိုင် ၀န်ထမ်းများနှင့် ကုလအထူးကိုယ်စားလှယ်၏ လက်ထောက် ၂ ဦးတို့ ရုပ်ပုံများကို အစိုးရ ရုပ်မြင်က ထုတ်လွှင့်သွားသည်။ ကုလက တွေ့ဆုံရန်ကြိုးပမ်းခဲ့သည့် ထိပ်ပိုင်းစစ်ခေါင်းဆောင်တို့နှင့် မည်သို့ ဖြစ်ပျက်ခဲ့သည်ကိုမူ ထုတ်ပြန်ခြင်း မရှိချေ။

BPPU သဘောထားထုတ်ပြန်ကြေညာချက်


8.23.2008

ကုလကိုယ်စားလှယ်နှင့် အန်အယ်လ်ဒီ ထပ်မံတွေ့ဆုံရာတွင်

မစ္စတာဂမ်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခွင့်ရသည့် အတွက် အထိုက်အလျောက် ကျေနပ်အားရမှုရှိကြောင်း၊ ဗုဒ္ဓဟူးနေ့က ပထမအကြိမ် ဆွေးနွေးခဲ့ပြီး မစ္စတာဂမ်ဘာရီ နအဖထံ တင်ပြတောင်းဆိုမည့် အစီအစဉ် (၅) ရပ်ကိုပင် ယနေ့ ထပ်မံဆွေးနွေး ခဲ့သည်ဟု အန်အယ်လ်ဒီက ပြောသည်။
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ရှင်းပြရာတွင် “ဟိုတနေ့က အဲ့ဒီကိစ္စတွေ ဆွေးနွေးဖို့ သိပ်အချိန်မရဘူးလေ။ ခုမှ စဆွေးနွေးတာပါ။ ဆွေးနွေးပွဲက မပြီးပြတ်သေးတော့ ဘာမှသတင်းမထုတ်ပြန်သေးဘူး။ ကျနော်တို့ နောက်ထပ်တွေ့ဖို့ အစီအစဉ်ရှိတယ်။ ဘယ်တော့ လည်းတော့မသိသေးဘူး။ အဓိကတော့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား တွေလွှတ်ပေးရေးကို စဆွေးနွေးတယ်” ဟု ပြောသည်။
ဲပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်များနှင့် မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံခဲ့သော်လည်း အပြန်အလှန်ဆွေးနွေးခွင့် အပြည့်အ၀မရသဖြင့် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီက ပြောခဲ့သည်။
မစ္စတာဂမ်ဘာရီ၏ အစီအစဉ် (၅) ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားများအားလုံး ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့အကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တိုင်းပြည် ဆုတ်ယုတ်နေသည့် စီးပွားရေးအခြေအနေ အကူအညီ ပေးရန်၊ မစ္စတာဂမ်ဘာရီ၏ ကိုယ်စားလှယ် ရန်ကုန်၌ ထားရှိပေးရေးနှင့် လာမည့်ဒီဇင်ဘာ၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံ လာရောက်၍ မြန်မာနိုင်ငံရေးကိစ္စ ဆွေးနွေး ရန်တို့ဖြစ်သည်။
ကုလသမဂ္ဂကိုယ်စားလှယ်နှင့် ယနေ့ ထပ်မံတွေ့ဆုံသည့် အန်အယ်လ်ဒီ ခေါင်းဆောင်များမှာ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးညွှန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်တို့ဖြစ်ကြသည်။ ယနေ့မွန်းလွဲ (၂) နာရီခန့်က အစိုးရဧည့်ဂေဟာ၌ ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။

Suu Kyi Reportedly Refuses to Meet Gambariဒေါ်စုနှင့် တွေ့ခွင့်ရရေး ဂန်ဘာရီ အထူးကြိုးပမ်းနေ

Burma’s pro-democracy leader Aung San Suu Kyi is reportedly refusing to meet UN special envoy Ibrahim Gambari because she’s unhappy with the way his mission is being organized and carried out.
An official of Suu Kyi’s National League for Democracy (NLD) said: “We heard that she is unhappy with the atmosphere of the Gambari trip.”
Sources suggested that Suu Kyi wanted to make it clear to Gambari that she thought he should also meet Than Shwe and urge the junta leader to begin substantive talks.
The NLD official said Suu Kyi might also have been unhappy with the regime’s organization of a meeting lasting only 20 minutes between Gambari and the NLD central executive committee on Wednesday, the third day of his five-day visit to Burma.
At Gambari’s request, the envoy had another, longer meeting with five NLD central executive committee members of the NLD at a government’s house in Rangoon, said Win Naing, a leading NLD member.
Others attending the meeting were Chairman Aung Shwe, Secretary U Lwin, Than Htun, Soe Myint and Nyunt Wai.
NLD Spokesman Nyan Win said Gambari discussed his mission with the group. Sources said Gambari plans to extend his stay in Burma by one more day in an attempt to meet Suu Kyi.
On Friday morning, two Gambari aides were seen by neighbors outside the gate of Suu Kyi's residence, shouting Gambari's name. They left when nobody came out to meet them, according to the Associated Press. During the meeting with NLD executive committee members on Wednesday, Gambari said he would urge the junta to make sure the general election planned for 2010 would be free and fair. Ohn Kyaing, a leading member of the NLD, said Gambari made no reply when tackled about the 1990 election, the result of which had been ignored by the regime.In the 1990 election, NLD candidates won 82 percent of the parliamentary seats, but the results were not honored by the military government which continued to retain power. In July, the Burmese regime urged the NLD to forget the results of the 1990 election and to form a new political party to contest the 2010 election.
ဒေါ်စုနှင့် တွေ့ခွင့်ရရေး ဂန်ဘာရီ အထူးကြိုးပမ်းနေ
သြဂုတ် ၂၂၊ ၂၀၀၈
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ဗုဒ္ဓဟူးနေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်နှင့် တွေ့ဆုံရန်အစီအစဉ်ပျက်သွားပြီးနောက် ၎င်း မပြန်မီ တွေ့ဆုံခွင့်ရရန် အထူး ကြိုးပမ်းနေ ကြောင်း သိရသည်။
မစ္စတာ ဂန်ဘာရီသည် ယနေ့ပြီးဆုံးပြီဖြစ်သော ၎င်း၏ ခရီးစဉ်ကို စနေနေ့ အထိ တရက် ထပ်မံတိုးလိုက်သည်ဟု လည်း ဆိုသည်။
ယင်းသို့ နေထိုင်ရက် တိုးရခြင်းသည် ဗုဒ္ဓဟူးနေ့ က တွေ့ဆုံရန် စီစဉ်ထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်မှုမရှိ၍ တွေ့ဆုံခွင့်မပေးသည့် အတွက် ဖြစ်နိုင်ကြောင်း စုံးစမ်းသိရှိရသည်။
မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရန် စီစဉ်ထားသော အစိုးရ ဧည့်ဂေဟာသို့ ဒေါ်အောင်ဆန်းစုကြည်က လာရောက် တွေ့ဆုံခြင်း မရှိကြောင်း၊ ယင်းအစီအစဉ် ပျက်ကွက်သွားခြင်းကို ကုလသမဂ္ဂ အပါအ၀င် စစ်အစိုးရ ဘက်ကပါ မည်သို့မျှ ထုတ်ပြန် ပြောဆိုခြင်းမရှိကြောင်းလည်း သိရသည်။
ယနေ့ နံနက်ပိုင်းက မစ္စတာ ဂန်ဘာရီ၏ လက်ထောက် ၂ ဦး တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အပြင် ဘက်မှ နေ၍ မစ္စတာ ဂန်ဘာရီ အမည်ကို သုံးပြီး ဟစ်အော်အသံပြု ခေါ်သော်လည်း မည်သူတဦး တယောက် မှ ထွက်တွေ့ခြင်း မရှိခဲ့ဟုလည်း အေပီ သတင်းတပုဒ်တွင် ရေးသားထားသည်။
ထို့အပြင် မစ္စတာ ဂန်ဘာရီ၏ မေတ္တာရပ်ခံချက်အရ အန်အယ်လ်ဒီ စီအီးစီ အဖွဲ့နှင့် ယနေ့ မွန်းလွဲပိုင်းက ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံကြောင်း သိရသည်။
စစ်အစိုးရ ဧည့်ဂေဟာ၌ မွန်းလွဲပိုင်း ၂ နာရီ ခန့်မှ စတင်၍ အချိန် တနာရီ ခွဲ ခန့် အကြာတွေ့ဆုံရာတွင် မစ္စတာ ဂန်ဘာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(စီအီးစီ)များအား ၎င်း အနေနှင့် ဆက်လက် လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းစဉ် တချို့ကို ရှင်းလင်းခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။
“မစ္စတာ ဂန်ဘာရီနဲ့ ဆက်ပြီးတွေ့ဖို့ရှိသေးလို့ ကျနော်တို့အနေနဲ့ အသေးစိတ်မပြောနိုင်သေးပါဘူး၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့ ကိစ္စကိုလည်း အသေအချာမသိရသေးပါဘူး”ဟု ဦးဥာဏ်ဝင်း ကပြောဆိုသည်။
ယင်း အန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်များနှင့် မစ္စတာ ဂန်ဘာရီ် သည် ဗုဒ္ဓဟူးနေ့က အစိုးရ စိမ်းလဲ့ကန်သာ ဧည့် ဂေဟာတွင် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့ပြီး အန်အယ်လ်ဒီ ဘက် က အားရကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
ယနေ့ မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံသော အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင်များမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း တို့ ၅ ဦး ပင်ဖြစ်သည်။
ယင်း မစ္စတာဂန်ဘာရီ၏ ခရီးစဉ်များနှင့် ပတ်သက်ပြီး ထိရောက်မှုမရှိကြောင်းနှင့် စိတ်ပျက် အားမရဖွယ် ဖြစ်ကြောင်း သံအမတ်ကြီးဟောင်းနှင့် ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကဝေဖန် ပြောဆိုသည်။
“မြန်မာ့ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂကို အားကိုးလို့ကတော့ ရှေ့အလားအလာ မကောင်းနိုင်ဘူး၊ ဘာဖြစ် လို့လဲ ဆိုတော့ တကယ်အရေးယူ ဆောင်ရွက်နိုင်တာက လုံခြုံရေးကောင်စီပဲ၊ လုံခြုံရေးကောင်စီကို တက်သွား ရင်လည်း တရုတ်နဲ့ ရုရှ က ဗီတို သုံးပြီးပယ်ချ ဆိုတော့ အားကိုးလို့မရနိုင်ဘူး” ဟု သခင်ချန်ထွန်းက ပြောဆို သည်။
မစ္စတာ ဂန်ဘာရီ၏ ၅ ရက်ကြာခရီးစဉ်သည် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည်များကိုဆက်လက်လုပ်ဆောင်နိုင်ရန် သွားရောက်ခြင်း ဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေး အစုအဖွဲ့များ အားလုံး နှင့် တွေ့ဆုံခွင့်ရ ရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုး ရ က နိုင်ငံ တ၀န်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

8.22.2008

ဂမ်ဘာရီ ဆောင်ရွက်ချက်များ မူလတာဝန်ပိုင်းမှ သွေဖည်နေဟု ဒီမိုကရေစီ လှုပ်ရှားနေသူများ ဝေဖန်

မစ္စတာဂမ်ဘာရီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ မစ္စတာဂမ်ဘာရီဟာ သူတကယ်
လုပ်ရမယ့် ကုလသမဂ္ဂတာဝန်ပိုင်း၊ ကုလသမဂ္ဂရဲ့ ရပ်တည်မှုကနေ သွေဖည်နေပြီ၊
လမ်းလွဲနေပြီလို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for
Burma ကနေ ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ကျန်တဲ့
ဒီမိုကရေစီရေး အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့အစည်းအမှန်
တွေကို မတွေ့ဘဲ စစ်အစိုးရက စီစဉ်ပေးတဲ့အတိုင်းပဲ စစ်အစိုးရထောက်ခံသူတွေကိုပဲ
တွေ့ဆုံနေတဲ့အပေါ် USCB လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု
အဖွဲ့က ဝေဖန်လိုက်ပါတယ်။

"ဂမ်ဘာရီရဲ့ အဓိကတာဝန်က ဒီအဖွဲ့အစည်းတွေကြားထဲမှာ လွန်းပြန်တွေ့ဆုံပြီး
သုံးဘက်ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့၊ အဲဒီဆွေးနွေးပွဲတွေ မစနိုင်ခင်မှာ
တောင် ဒီသုံးဘက်ကြားမှာ အပြန်အလှန် နားလည်မှုတွေရအောင် ဆောင်ကြဉ်းဖို့ ဒါ
သူ့ရဲ့ အဓိကတာဝန်ပါ။ ဒါပေမယ့် မနေ့က သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင်များနဲ့ တွေ့တဲ့အချိန်မှာ သူ့ဘက်က ပြောခဲ့တာကတော့ ၂၀၁၀
ရွေးကောက်ပွဲကို ဦးစားပေးပြီး ဒီရွေးကောက်ပွဲကို နအဖက သန့်သန့်ရှင်းရှင်းလုပ်ဖို့
သူတို့က တိုက်တွန်းမယ်။ တဖက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ဖို့
တိုက်တွန်းတာမျိုး လုပ်တယ်ဆိုတော့ သူ့ရဲ့လမ်းကြောင်းနဲ့ သူ့ရဲ့ ဆောင်ရွက်မှုတွေက
သူ့ကိုပေးအပ်ထားတဲ့ မူလတာဝန် ၀တ္တရားတွေကနေ လွဲမှားနေတယ်လို့ တွေ့ရတယ်။
ဒါကြောင့် အခုလို ဝေဖန်တာပါ။

"ပြီးတော့ မြန်မာနိုင်ငံမှာရောက်တာ ဒီနေ့ဆိုရင် ၄ ရက်ရှိသွားပြီ။ အဓိက ဒီမိုကရေစီ
အင်အားစုတွေနဲ့တွေ့ဆုံတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနဲ့
တွေ့ဆုံတာ မိနစ် ၂၀ ပဲရှိတယ်။ ကျန်တဲ့အချိန်တွေမှာ နအဖရဲ့ ကိုယ်စားလှယ်တွေ၊
နအဖရဲ့ အဆင့်နိမ့်အရာရှိတွေ၊ နအဖက တွေ့ခွင့်ပေးတဲ့ နအဖကိုထောက်ခံတဲ့ အဖွဲ့
အစည်းများနဲ့ တွေ့ဆုံတာလောက်ပဲ ရှိတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မှ တာဝန်သိတဲ့ အမျိုးသမီး
ခေါင်းဆောင်တယောက်ပါ။ ဂမ်ဘာရီနဲ့ တွေ့ဆုံရမယ့်ကိစ္စ အရေးကြီးတယ်လို့ သူ
နားလည်တယ်ဆိုရင် ဘယ်လောက်ပဲ ကျန်းမာရေး ချို့တဲ့နေပါစေ၊ သူ တွေ့ကိုတွေ့မှာ
ပါ။ သူ မတွေ့ဘူးဆိုရင်တော့ သူကိုယ်၌ကိုယ်က မစ္စတာဂမ်ဘာရီကို မတွေ့ချင်လို့။

"မတွေ့ချင်တဲ့ဟာမှာလည်း ဖြစ်နိုင်ချေက မစ္စတာဂမ်ဘာရီရဲ့ ဆောင်ရွက်ချက်တွေ
အပေါ်မှာ သူကိုယ်၌က သဘောမကျတာမျိုး ရှိနိုင်တယ်။ နောက်တခုက ကျနော်တို့
နားလည်သလောက် အမြဲတမ်း သူတောင်းဆိုခဲ့တာရှိတယ်၊ မစ္စတာဂမ်ဘာရီကို
တွေ့တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီခေါင်းဆောင်များနဲ့ သူနဲ့ အတူ
တကွ တွေ့ဖို့၊ အဲလိုမှမဟုတ်ဘဲ စီအီးစီက သတ်သတ်တွေ့၊ သူက သတ်သတ်တွေ့ဆိုရင်
တော့ သူတို့ တဖွဲ့တစည်းတည်း ဖြစ်လင့်ကစား တိကျတဲ့၊ တူညီတဲ့အသံ ပေးနိုင်မှာ
မဟုတ်ဘူး။ အခုတခေါက်မှာတော့ အဲဒီလို အတူတကွတွေ့ခွင့်ရဖို့ တောင်းဆိုတာကို
နအဖက လက်မခံတဲ့အတွက် ဆန္ဒပြတဲ့အနေနဲ့ မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။"

မစ္စတာဂမ်ဘာရီ မြန်မာပြည်ကိုလာတာ ၆ ခေါက်ရှိသွားပြီ။ ကိုဖီအန်နန်
လက်ထက်မှာ Under Secretary General ရာထူးနဲ့ ၂ ခေါက်ရောက်ခဲ့တယ်၊ မစ္စတာ
ရာဇာလီ ထွက်ပြီးခါစ။ အဲဒီနောက် ဘန်ကီမွန်းက ဆက်ပြီးတာဝန်ပေးတဲ့အတွက်
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ နောက်ထပ် ၄ ခေါက်၊ စုစုပေါင်း
၆ ခေါက်ရှိသွားပြီ။

"အဲဒီ ၆ ခေါက်စလုံးမှာ သူ့ရဲ့ လှုပ်ရှားမှုတွေက နအဖ စီစဉ်ညွှန်ကြားတဲ့အတိုင်းပဲ ဖြစ်နေ
ပြီးတော့ သူပြောသလိုဆိုရင် သူတွေ့ချင်တဲ့လူတွေနဲ့ မတွေ့ရဘူး။ သူ မတွေ့ချင်တဲ့
လူတွေနဲ့ တွေ့ရတယ်။ ကျနော်တို့မြင်တာကတော့ တွေ့ချင်တဲ့လူတွေနဲ့ တွေ့ခွင့်မရဖို့
နအဖက ဟန့်တားထားတယ်ဆိုရင် နအဖရဲ့ အပြစ်ပေါ့။ သို့သော်လည်း သူ့မှာ သူ
မတွေ့ချင်တဲ့လူကို မတွေ့ခွင့်တော့ ရှိမယ်ထင်ပါတယ်။ မတွေ့ချင်တဲ့လူကို မတွေ့ဖို့
ငြင်းဆန်ခွင့် သူ့မှာရှိလိမ့်မယ်လို့ ထင်ပါတယ်။ အခုလို သူ မတွေ့ချင်တဲ့လူတွေကို
တွေ့ပြီးတော့ အဲဒါကိုပဲ မြန်မာနိုင်ငံက လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ တွေ့ပါတယ်
လို့ ကမ္ဘာကိုကြေညာတာကြတော့ အင်မတန်မှ လှည့်ဖျားရာရောက်ပါတယ်။"


"အထူးသဖြင့် မစ္စတာဘန်ကီမွန်းရဲ့ ရုံးကို လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး
မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ဖို့နဲ့ တကယ်လုပ်ရမယ့်အလုပ်၊ တကယ်ရွေ့ရှားရမယ့်
လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား၊ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့
ဆက်ပြီးတော့ ဖိအားပေးမှာပါ။ မူလ လမ်းကြောင်းမှန်ကို ပြန်ရောက်လာဖို့ ကျနော်တို့
ဝိုင်းဝန်းဖိအားပေးမှာပါ။"
USCB အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်ဒင် ရှင်းပြသွားတာ ဖြစ်ပါတယ်။

emailme.gif

ထိန်းသိမ်းခံ ၈၈ မျိုးဆက်ခေါင်းဆောင်များ ဥပဒေအကျိုး ခံစားခွင့်ဆုံးရှုံး



88 Generation Students group,May 27,2007.AP
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့။
မေ ၂၇၊ ၂၀၀၇။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တွေ အခုတကြိမ် ထိန်းသိမ်းခံထားရတာ
တနှစ်ပြည့်မြောက်လာပြီ ဖြစ်ပေမယ့် ခုချိန်
ထိ ဥပဒေကြောင်းအရ တရားရုံးတင်
စစ်ဆေးတာမျိုး မရှိသလို ရှေ့နေနဲ့ တွေ့ခွင့်
မရတဲ့အပြင် ဘာပုဒ်မနဲ့ စွဲဆိုထားတယ်
ဆိုတာကိုတောင်မှ သက်ဆိုင်သူမိသားစု
တွေ မသိကြပါဘူး။

သူတို့အခြေအနေကတော့ တနှစ်ပြည့်တဲ့ထိ ထိန်းသိမ်းခံထားရတာတောင် ခုချိန်ထိ
မရေမရာလို့ပဲ ပြောရမှာပါ။ အာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ချိန်တုန်း
ကလည်း ဘာပုဒ်မတွေတပ်ပြီး ဖမ်းမှန်းမသိ၊ နောက်ပိုင်းမှာလည်း ပုဒ်မတွေက တမျိုး
ပြီးတမျိုး ပြောင်းလာခဲ့တာဆိုတော့ ခုလက်ရှိမှာ ဘာပုဒ်မတွေတပ်ထားပြီး ဘယ်လိုတွေ
စွပ်စွဲထားတယ်ဆိုတာကို ရေရေရာရာမရှိ ဖြစ်နေပါတယ်။

ဒါ့အပြင် ရှေ့နေရှေ့ရပ်တွေနဲ့တွေ့ဆုံပြီး ဥပဒေအရ ကိုယ့်ကိုယ်ကို ခုခံချေပဖို့လည်း
ခုချိန်ထိ အခွင့်မရကြသေးပါဘူး။ သူတို့ကို စဖမ်းသွားကတည်းကိုက ခိုင်ခိုင်လုံလုံမရှိဘဲ
ဖမ်းသွားတာဖြစ်တဲ့အတွက် တရားရုံးတင်စရာမလိုဘဲ ဆက်ပြီး ထိန်းသိမ်းထားလို့ရ
အောင် ပုဒ်ထီးပုဒ်မတွေ အမျိုးမျိုးပြောင်း၊ နောက်ကွယ်ရမန်တွေ အကြိမ်ကြိမ်ယူပြီး
အကျဉ်းထောင်ထဲကနေ ထွက်လို့မရအောင်ကို လုပ်နေတာလို့ လူ့အခွင့်အရေးလှုပ်ရှား
သူတွေက ဝေဖန်ကြပါတယ်။

ဒါပေမယ့် ဒီလိုလုပ်နေတာဟာ နိုင်ငံရေးတွေ၊ လူ့အခွင့်အရေးတွေအရ မဆိုထားနဲ့၊
နိုင်ငံတွင်း လက်ရှိကျင့်သုံးနေတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရကို တရားမ၀င်ပါဘူး
လို့ အခိုင်အမာပြောသူကတော့ BLC မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အဖွဲ့ဝင်၊ အာရှ
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်သူ ရှေ့နေ
ဦးမင်းလွင်ဦးပါ။

"ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတာက ရှင်းရှင်းလေးပါ။ လူတဦး
တယောက်ကို ဖမ်းမယ်ဆိုရင် စုံစမ်းစစ်ဆေး မေးမြန်းပြီးတော့ တရားစွဲဖို့ အကြောင်း
အရာတွေ ပေါ်ပေါက်တယ်ဆိုရင် တခါတည်း ရုံးတင် တရားစွဲဖို့ ထိုက်သင့်တဲ့ရက်
ပေးထားတယ်။ အလွန်ဆုံးပေးထားတာကတော့ ၂၈ ရက်ဖြစ်တယ်။ အဲဒါမှ မစွဲတင်နိုင်
ဘူးဆိုရင် ဒီလူကို လွှတ်ရမှာဖြစ်တယ်။ အခုလုပ်နေတာက လူကိုဖမ်းထားပြီးတော့မှ
သက်သေအထောက်အထား ခိုင်လုံအောင်ဆိုပြီး လိုက်စုနေတာက ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆန့်ကျင်တယ်၊ သက်သေ
ခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆန့်ကျင်တယ်ဆိုတာကို ကျနော်
ပြောချင်ပါတယ်။"

အခုထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အခုတကြိမ်
မှာမှ ထောင်နဲ့ယဉ်ပါးရသူတွေတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီတောင်းကြတယ်ဟေ့
ဆိုကတည်းကိုက မရှေးမနှောင်း အဖမ်းခံခဲ့ကြရပြီး ပထမဆုံးအကြိမ် ထောင်သက်တမ်း
အနည်းဆုံးနေခဲ့ရဖူးသူက ၇ နှစ်ပါ။ ကိုမင်းကိုနိုင်ဆိုရင်တော့ ၁၅ နှစ်ကျော် ကြာခဲ့ပါ
တယ်။ အဲဒီကနေ ပြန်လွတ်လာပြီးနောက်ပိုင်း မနှစ် သြဂုတ်လ အဖမ်းမခံရခင် ကြားထဲ
မှာလည်း တော်ကြာ လာခေါ်သွားလိုက်၊ ရက်ပိုင်း လပိုင်းကြာလိုက်၊ ပြန်လွတ်လာလိုက်၊
တော်ကြာ ပြန်ခေါ်သွားလိုက်နဲ့ အင်းစိန်ထောင်၊ ရဲအချုပ်ခန်းနဲ့ စစ်ကြောရေးစခန်းတွေ
ကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေခဲ့ရသူတွေပါ။

သူတို့စိတ်ဓာတ်တွေက မာကျောဆဲ၊ ခိုင်မာဆဲ ဒီမိုကရေစီရေးအတွက် မဆုတ်မနစ်
ရှိဆဲပဲလို့ သူတို့ကို အလျဉ်းသင့်သလို ထောင်ဝင်စာတွေ့ခွင့်ရတဲ့ မိသားစုတွေက
ပြောကြပေမယ့် အခုလောက် ထောင်ထဲ ၀င်လိုက်ထွက်လိုက် လုပ်နေရသူတွေအဖို့
သူတို့ခန္ဓာကိုယ်တွေကတော့ ချို့ယွင်းမှုရှိလာတာပါပဲ။

ဥပမာအားဖြင့်ဆိုရင် ကိုမင်းကိုနိုင်ဟာ မျက်လုံးဝေဒနာ၊ နှလုံးရောဂါနဲ့ ခြေထောက်
နာကျင်ပြီး လမ်းလျှောက်မရတဲ့ ဝေဒနာတွေကို ခံစားနေရပါတယ်။ ကိုမြအေးဆိုရင်
လည်း နှလုံးရောဂါခံစားနေရပြီး ကိုလှမျိုးနောင်ကတော့ မျက်စိဝေဒနာပြဖို့ မျက်စိ
ဆေးခန်း ရောက်နေချိန်မှာ အဖမ်းခံရ၊ စနစ်တကျ ဆက်ပြီး ကုသခွင့်မရခဲ့တဲ့အတွက်
ပထမမျက်စိတလုံး ကွယ်ခဲ့ရ၊ ဆက်ပြီးတော့လည်း ကုသခွင့်မရပြန်တာကြောင့် နောက်
မျက်စိတလုံးပါ ကွယ်ရတော့မယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။

မနှစ်က ဒီအချိန်မှာ အဖမ်းခံလိုက်ရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၃ ဦး
အရင်ကျခံခဲ့ရတဲ့ ထောင်သက်တွေကိုပဲ ပြန်တွက်မယ်ဆိုရင်တောင် စုစုပေါင်း နှစ် ၁၄၀
နဲ့ တလ ရှိနေပါပြီ။
ပြီးခဲ့တဲ့နှစ် သြဂုတ်လ အခုလိုရက်ပိုင်းတွေက လောင်စာဆီဈေးနှုန်းတွေ တိုးမြှင့်လိုက်
ပြီးတဲ့နောက် ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းလာတာကို ပေါ်လွင်ထင်ရှား
စေချင်တဲ့အတွက် ၈၈ မျိုးဆက်ကျောင်းသားတွေက စီတန်း လမ်းလျှောက်ခဲ့ကြပါ
တယ်။ အဲဒါပြီးတဲ့နောက်မှာ သူတို့တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာပါပဲ။

သူတို့ဖမ်းဆီးခံရတာ တနှစ်ပြည့်မြောက်လာချိန် အခုကာလမှာလည်း ဘယ်ကုန်ဈေး
နှုန်းမှ ကျဆင်းမလာတဲ့အပြင် လူထုစားဝတ်နေရေးကလည်း ကျပ်တည်းနေဆဲဖြစ်တဲ့
အတွက် ဒီလို ဖမ်းဆီးထိန်းသိမ်းတာတွေဟာ တိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့
အဖြေမဟုတ်တဲ့အကြောင်း မြန်မာ့အရေး ဝေဖန်သုံးသပ်သူတွေက ပြောဆိုနေကြပါ
တယ်။

မဲဆောက်ဆန်လှူပွဲမှာ မြန်မာအများစုက အလှူခံ



၂၁ သြဂုတ် ၂၀၀၈
line

rice

ယနေ့မွန်းလွဲပိုင်းက မဲဆောက်မြို့ရှိ တရုတ်ဘုံကျောင်းတွင် ဆင်းရဲချို့တဲ့သူများအား ဆန်လှူဒါန်း ပွဲကျင်းပရာ ဒေသတွင်းရောက် မြန်မာများ၊ မြန်မာနိုင်ငံမြ၀တီမြို့မှ လာရောက်သူများ အပါအ၀င် မြန်မာတသောင်းကျော် လာရောက်အလှူခံကြသည်။

မဲဆောက်မြို့ရှိ လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများနှင့် စုပေါင်းဖွဲ့စည်းထားသည့် စုပေါင်းကုသိုလ် ပြုအဖွဲ့မှ နှစ်စဉ်ကျင်းပလှူဒါန်းခြင်းဖြစ်ပြီး စတင်လှူဒါန်းစဉ်က ဆင်းရဲချို့တဲ့သည့် ထိုင်းလူမျိုး များအား ရည်ရွယ်လှူဒါန်းခဲ့သော်လည်း လွန်ခဲ့သည့် နှစ် (၂၀ ) ခန့်က စတင်၍ နှစ်စဉ် မြန်မာ ပြည်သားများ သောင်းဂဏန်းအထက် လာရောက်အလှူခံကြသည်။

အဖွဲ့၏ ဒုဥက္ကဋ္ဌ နိုင်ချွန်းအေ အော်တန်တိခူးက “ဒီအလှူဟာ ဘာသာလူမျိုး မခွဲခြားပဲ နှစ်စဉ် လှူဒါန်းတဲ့ အလှူဖြစ်တယ် မြန်မာ (၉၅) ရာခိုင်နှုန်းနဲ့ ထိုင်း (၅) ရာခိုင်နှုန်း နှစ်စဉ်ဆန်လာယူကြ တယ် ဒီနေ့အလှူအတွက် ဆန်ထုတ်ပေါင်း (၁၀,၃၀၀) စီစဉ်ထားတယ် ဒီနှစ်ကစပြီး ကလေးငယ် တွေကို မပေးတော့ဘူး ခေါ်မလာဖို့လည်း ကြိုပြောထားတယ် ဆန်လှူပွဲမှာ လူတွေတိုးကြိတ်နေ တဲ့ကြားမှာ ကလေးငယ်တွေ အနင်းခံရတာ အဖိခံရတာတွေ နှစ်တိုင်းပြဿနာတက်လို့ပါ သေကြတဲ့အထိတော့ မရှိခဲ့ပါဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။

ယနေ့လှူဒါန်းသည့်ဆန်ထုတ်တွင် ဆန် (၄) ကီလို မာမားခေါက်ဆွဲခြောက် (၂) ထုပ် စိမ်းစားငါးပိ တဗူး ဆားတထုပ်ပါရှိပြီး အလှူပစ္စည်းကို ပြန်လည်ရောင်းချပါက ပစ္စည်းပြန်သိမ်းမည်ဟု ဘုံ ကျောင်းတွင် ကြိုတင်ကြေညာထားသည်။

မြ၀တီမြို့မှ လာရောက်သူများထဲတွင် ဆယ်ကျော်သက် ကလေးငယ်များ အများစုဖြစ်ပြီး ကလေး များနှင့် အတူလာသည့် မိခင်တဦးက “ဆန် (၂) ပြည်ဟာ ဘာမှမဟုတ်ဘူးလို့ ပြောကြပေမယ့် တကယ်မရှိတဲ့သူအတွက်တော့ ဆန်တဗူးလည်း ဆန်ပြုတ်စားလို့ရတယ် ဒီနှစ်ဝေတဲ့ဆန်ဟာ ညံ့ပေမယ့် ဒီဆန်မျိုး မြ၀တီမှာ တပြည် တထောင်လောက်ရှိတယ် ကျမတို့ဆီမှာ နေ့စားလုပ်ရင် တနေ့တထောင်ထက် မပိုဘူး မိသားစုများတဲ့သူတွေအတွက်တော့ ဆန်လှူပွဲလာတာ တွက်ခြေ ကိုက်တယ်” ဟု ပြောသည်။

ဆန်လှူပွဲနေ့တွင် လာရောက်သူများ အနှောင့်အယှက်မရှိ လာရောက်နိုင်ရန်အတွက် စုပေါင်း ကုသိုလ်ပြုအဖွဲ့မှ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များသို့ အကူအညီတောင်းကာ မေတ္တာရပ်ခံ ထားသည်ဟု သိရှိရသည်။ နှစ်စဉ် ကျင်းပလာသည့် စုပေါင်းကုသိုလ်ပြုအဖွဲ့၏ ဆန်လှူပွဲသည်
(၃၉) ကြိမ်ရှိပြီးဖြစ်သည်။ ။

8.21.2008

Gambari Fails to Meet with Suu Kyi

The United Nations special envoy to Burma failed to meet with Aung San Suu Kyi on Wednesday as scheduled, according to Rangoon sources.

No reason was given for the failure, and there was speculation he could meet with her before his trip ends on Friday.

Rumors spread that Suu Kyi, the pro-democracy leader, was seriously ill. However, a National League of Democracy (NLD) official said she was well.

Meanwhile, five members of the central executive committee of Burma’s main opposition group, the National League for Democracy, and Gambari discussed issues including the release of political prisoners and reconciliation talks between Suu Kyi and the military regime, said Ohn Kyaing, an NLD member.

NLD executive committee members who met with Gambari included Chairman Aung Shwe, Secretary U Lwin and spokesperson Nyan Win. The meeting started at 3 p.m. and lasted about 20 minutes.

During the meeting, the UN envoy said he will try to obtain the release of political prisoners and the formation of genuine talks between Suu Kyi and regime leaders.

The UN envoy said he had already discussed several issues—including the release of political prisoners and a genuine dialogue with Suu Kyi—with Information Minister Brig-Gen Kyaw Hsan in their meeting on Tuesday.

Gambari said he had not received any response so far for the government, said Ohn Kyaing.

The envoy also discussed the junta’s scheduled general election in 2010 with NLD leaders, telling them he urged the regime to conduct open and fair elections.

UN Secretary-General Ban Ki-Moon is scheduled to visit Burma again in December to discuss the election and other issues with the military regime.

The envoy also told NLD members he was scheduled to meet a wide range of parties during his visit this week, said Farhan Haq, a UN spokesperson, including parties he has met on previous occasions.

During past trips, the UN envoy met Burmese generals including Snr-Gen Than Shwe, leaders of the NLD, Suu Kyi and junta-backed ethnic leaders.

Meanwhile, Burmese dissidents in exile have sent a petition to Gambari urging him to make efforts to move the junta toward a genuine democratic transition that goes beyond the scheduled 2010 elections.

They also asked Gambari to urge the regime to allow newspapers and other media to report news and information without censorship in order to educate the people about Burmese politics and the rest of the world.


ဂန်ဘာရီနှင့် တွေ့ဆုံရာတွင် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်များနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီတို့ ယနေ့ ညနေ ပိုင်းက စစ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံရာတွင် အားရကျေနပ်မှု မရှိဟု အန်အယ်လ်ဒီက ပြောသည်။

ယနေ့ ညနေ ၃ နာရီခန့်က စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် မစ္စတာ ဂန်ဘာရီနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ၀င်(စီအီးစီ) များဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း တို့ ၅ ဦးနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံ ဆွေးနွေးခဲ့သည် ဟု အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့မှ ဒေါက်တာ ၀င်းနိုင် က ပြောသည်။

“နာရီဝက် တွေ့ရမယ်ပြောပြီးတော့ တကယ်တွေ့ရတဲ့ အခါကျတော့ မိနစ် ၂၀ သာသာပဲ ပြောခွင့်ရတယ်၊ တွေ့တဲ့ အချိန်က နည်းတဲ့အတွက် မစ္စတာဂန်ဘာရီက နအဖ ကို သူတင်ပြမယ့် အချက် ၅ ချက် ကို ရှင်းပြတယ်၊ စီအီးစီ ကလည်း သူတို့ ပြောဆိုချင်တာကို ပြောတယ်၊ အပြန်အလှန် ဆွေးနွေးချိန် မရဘူး၊ ဒီအပေါ်မှာ ကျနော်တို့ စီအီးစီက အားရကျေနပ်မှုမရှိ ပါဘူး”ဟု ဒေါက်တာ ၀င်းနိုင်က ပြောပြသည်။

မစ္စတာ ဂန်ဘာရီ ရှင်းပြသည့်အချက်များမှာ (၁) ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး ရန်၊ (၂) ဒေါ်အောင်ဆန်းစုကြည် နှင့် နအဖ တို့ တိုက်ရိုက်တွေ့ဆုံ စကားပြောရန်၊ (၃) တိုင်းပြည် အကြပ် အတည်း ဆိုက် ရောက်နေသော စီးပွားရေး အခြေအနေအရ အထက်ပါ အချက် ၂ ချက်ကို မဖြစ်မနေ ဆောင်ရွက်ပေးရန်၊ (၄) သူ့အနေနှင့် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် တကြိမ်နှင့် တကြိမ် အချိန်ကြာလွန်းသည့် အတွက် သူ့ကိုယ်စား စင်္ကာပူတွင် ကိုယ်စား လှယ်ထားရန်နှင့် အချက် (၅)မှာ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဒီဇင်္ဘာလ အကုန်တွင် နိုင်ငံရေးကိစ္စအတွက် သီးသန့် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်းတို့ သိရသည်။

အန်အယ်လ်ဒီ စီအီးစီ အဖွဲ့က ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်အပေါ် သဘောထားနှင့် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက် ပွဲ အသစ်တို့ကို လက်မခံကြောင်း မေးမြန်းပြောဆိုရာတွင် မစ္စတာ ဂန်ဘာရီက ပြန်လည်ဖြေ ကြား ခြင်း မရှိကြောင်း၊ နအဖ တွေ့ပေးသည့် အဖွဲ့အစည်းများနှင့်သာတွေ့ဆုံနေသော ၎င်း၏ ခရီးစဉ် ရည်ရွယ်ချက် ကို မေးမြန်းရာတွင်လည်း မည်သို့ မျှ ပြန်လည် ဖြေကြားခြင်း မပြုကြောင်း ဒေါက်တာ ၀င်းနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံက်တွင် တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း အန်အယ်လ်ဒီ စီအီးစီ အဖွဲ့နှင့် တွေ့ဆုံချိန် အထိ မတွေ့ရသေးကြောင်း၊ တွေ့ခွင့်ရရန် ကြိုးပမ်းနေကြောင်း မစ္စတာ ဂန်ဘာရီ က ပြောကြားသည် ဟု လည်း ၎င်းက ဆိုသည်။

ယင်းသို့ အန်အယ်လ်ဒီ စီအီးစီ နှင့် တွေ့ဆုံနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ဆိုးရွားနေသည် ဟု သတင်း များထွက်ပေါ်လာခဲ့ရာ မဟုတ်မှန်ကြောင်းလည်း ဒေါက်တာ ၀င်းနိုင်က ရှင်းလင်းသည်။

မစ္စတာ ဂန်ဘာရီသည် ယမန်နေ့က ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း နှင့် ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်တို့ ဦးဆောင်သည့် နအဖ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့နှင့် ရန်ကုန်မြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့သေးသည်။

ဒုတိယနေ့ ခရီးစဉ်တွင် မစ္စတာဂန်ဘာရီသည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်သို့ သွားရောက်ကြည့်ရှုခဲ့သော်လည်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ရန် စီစဉ်ထားပြီး နောက် မိုးလေ၀သ အခြေအနေ ဆိုးရွားသောကြောင့် ယင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ တနင်္လာနေ့ နံနက်က ရောက်ရှိခဲ့ပြီး စစ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြား သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေအနီအဖွဲ့၊ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာ ဂန်ဘာရီ၏ ၅ ရက်ကြာခရီးစဉ်သည် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည်များကိုဆက်လက်လုပ်ဆောင်နိုင် ရန် သွားရောက် ခြင်းဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေး အစုအဖွဲ့များ အားလုံး နှင့် တွေ့ဆုံခွင့်ရ ရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုးရက နိုင်ငံ တ၀န်း ကယ်ဆယ် ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် သည်။

မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ယင်းခရီး စဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။ [

Children Die in Chin State Famine






More than 30 children have died in a famine in Chin state, western Burma, according to the Chin National Council, an exile rights group.

The famine was caused by a plague of rats, which ate rice stocks in many of the state’s villages.

Another Chin group, the Chin Human Rights Organization, said the famine had hit about 20 percent of the state’s population, or at least 100,000 people.

“They have no food,” said Lian H Sakhong, a leader of the Chin Humanitarian and Relief Committee. “Unless we provide sufficient relief soon, the situation will become worse.”

He pleaded with donors to contact the Chin Humanitarian and Relief Committee so that relief can be rushed to the stricken areas.

The famine occurs about every 50 years when the flowering of a native species of bamboo gives rise to an explosion in the rat population. The International Rice Research Institute has warned of “widespread food shortages” because of the crisis.

8.20.2008

မစွန့်ပဲမစားနိုင်





နှင်းဆီပန်းပွင့်ကို

လိုချင်တဲ့အခါ။

ဆူးချွန်ဆူးခက်တွေဘယ်လိုပဲစူးစူး

ဆွတ်ခူးရမှာ။

ဆူးစူးလို့လက်သွေးဖြာ

ဘာမှုစရာရှိလဲ

နှင်းဆီပွင့်ကို ရင်မှာပိုက်

နိုင်လိုက်မှာပဲ။

ကြာပန်းကြာပွင့်ကို

လိုချင်တဲ့အခါ

ရေပြင်လွှာဘယ်လောက်နက်နက်

ဆင်းသက်ရမှာ။

ရေ ရွှဲလို့အအေးမိတာ

ဘာမှုစရာရှိလဲ

ကြာပန်းပွင့်ကို ရင်မှာပိုက်

နိုင်လိုက်မှာပဲ။

တခုခုကိုလိုချင်တဲ့အခါ

တခုခုကိုစွန့်လွှတ်ပြီး

ရင်းနှီးရမှာ

အရေးကြီးတာ

ခြေရာပါပဲ

အမှန်တရားကိုချစ်

ဟန်သမားကိုပစ်

အနှစ်စေတနာနဲ့

အသစ်ဖွေရှာကြပါစို့

ရဲသူတို့ပွဲ။

မောင်မောင်ငြိမ်းအေး

ဦ;ကြည်မောင်ကွယ်လွန်ခြင်း လေးနှစ် ပြည့် ပြည်တွင်းပြည်ပ အလှူဒါနပြုကြ



ဦးကြည်မောင် ကွယ်လွန်ခြင်းရဲ့(၄)နှစ်ပြည့်အခမ်းအနားများကိုပြည်တွင်းပြည်ပနေရာ

အချို့တွင်ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။တိုင်းပြည်အတွက်

ဂုဏ်ပြောင်စွာဆောင်ရွက်ခဲ့သူများကိုဂုဏ်ပြုခြင်းသည်မွန်မြတ်လှပါသည်။

မကွယ်လွန်ခင်အထိမြန်မာပြည်ဒီမိုကရေစီတိုက်ပွဲအတွက်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဘဘ
ဦးကြည်မောင်အားဦးညွတ်ဂုဏ်ပြုရင်းဘဘရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းကိုဖေါ်ပြလိုက်ပါ
သည်။

OD;}unfarmif

. EdkifiHa&;jzwfoef;rSK tusOf;csKyf

OD;}unfarmifudk tzOD;bdk;odef; trda':aiGcifwdkhrS 1920 'DZifbmv 20&ufwGif arG;zGg;cJhonf? 1936wGif wuUodkvf0ifwef; atmifjrifcJhjyD;/ 1938 wwd, ausmif;om; oydwfwGif a&Shwef;rS yg0ifcJholjzpfonf? ausmif;om;acgif;aqmif Adkvfatmifausmf ESifh twl OD;acgif;wGif t&dkufcHcJh&I '%f&mjyif;xefpGm &&dScJhol wOD; jzpfygonf// Adkvfatmifausmf '%f&m jyif;xef vGef;ojzifh vJusoGm;&mtcsdefrS uG,fvGefonf txd teD;uyf az;rjyKpk cJholvnf; jzpfygw,f//

1941 wGif bDataemufqHk;eSpfpmar;yGJ tm; ausmcdkif; I jrefrmvGwfvyfa&;wyfrawmf (bDtdkifat) odkh0ifa&mufcJhygonf?

1943 rS 1945 xd *syefedkifiHppfwuUodkvfwGif tywfpOf (57) oifwef; jyD;qHk;onf txdppfoifwef; wufa&mufcJhonf?

1945wGif Armhaoewfudkifwyf&if; (o e u 5) odk h a&muf&dSjyD;/ 1948wGif wyf&if;rSl; wm0efxrf;aqmif cJhonf?

1951wGif xdkpOfu arjrdKhwGiftajcpdkufaom ajrmufydkif;wdkif; ppfXmecsKyf Y ppfOD;pD; yxrwef; wm0ef xrf;aqmifcJhonf?

1953wGif wyfr[m(7) wyfr[mrSL; tjzpf wm0ef xrf;aqmifcJh_jyD; 1955/56wGif tar&duef EdkifiH ppfwuUodkvfwGif oifwef;wufa&mufcJhonf//

1960 wGif &efukefwdkif;ppfXmecsKyf wdkif;rSL;tjzpf wm0ef xrf;aqmifcJhonf?

1962 wGifwyfrawmfrS EdkifiHawmftm%m odrf;,lpOf wGif awmfvSefa&;aumifpD0if tjzpf wm0efay;tyfjcif; cH&onf?

1962 - 63 wGif taemufawmifwdkif; ppfXgecsKyf wdkif;rSL;tjzpf wm0ef,lpOf ppfwyfESifh edkifiHa&; tcef;u¾tm; aumif;pGmcGJjcm; od&dSol wpfOD; jzpfonfh tm;avsmfpGm 1962 ppftm%mrS odrf;,lonfh udpPtm; tjyif;txefqefhusifcJhonf?

1963 wGif awmfvSefa&;aumifpDrS }uD;rSL;usif;yonfh 'l;,m;eSD;aeSmzvS,fyGJudk rwufa&mufyJ trdefhtm%m zDqefcJh ojzifhtjidrf;pm;ay;jcif;cHcJh&ygonf//

1988 'Drdkua&pD ta&;awmfyHk umvwGif trsdK;om; 'Drdkua&pDtzGJ hcsKyf zGJhpnf;aomtcg Y OD;atmif}uD; OD;aqmifonfh tzGJhwGifyg0ifvmjyD; A[dktvkyfrSKaqmif tzGJh0ifokawoe XmerSK;tjzpf wm0efxrf;aqmifcJhyg onf? EdkifiHa&;vrf;pOfcsif; rwlnDjuI tzGJhcsKyfrS OD;atmif}uD; tkyfpk cGJxGuf&mwGif OD;atmif}uD;. tzGJh csKyf tay:pGyfpGJcsufrsm;udk vufrcHyJ a':atmifqef; pk}unf zufrS jywfjywfom;om; &yfwnfcJhygonf// OD;wifOD;eSifh a':atmifqef;pk}unf tzrf; cHcJh&jyD;aemuf tzGJhcsKyf. ,m,DOuUXtjzpf wm0ef,l cJhygonf//

1990 wGifusif;ycJhonfh ygwDpHktaxGaxG a&G;aumufyGJ wGif trsdK;om; 'Drdkua&pD tzGJhcsKyftm; rJtjywf towfjzifh tedkif&&Sdatmif OD;aqmifcJhonf? udk,fwdkifvnf; A[ef; jrdKhe,f rJqENe,f trSwf(2) rS 0ifa&muf,SOfjydkif cJh&m rJ&mcdkifeSef; (73 . 17)jzifh ta&G; cs,f cHcJh&ol jzpfonf//
၁၉၉၀ပြည်ဇူလှိုင်(၂၈။ ၂၉)တွင် ကျင်းပခဲ့သည့် ဂန္ဒီခန်းမ အစည်းအဝေးကို အောင်မြင်အောင်ဦး ဆောင်နိုင်သူလည်း ဖြစ်သည်။။
ဂန္ဒီခန်းမအစည်းအဝေးပြီးနောက် စစ်အုပ်စုမှ ဖမ်းဆီး ခြင်းခံခဲ့ရသည်။။ ပုဒ်မ ၅ည နှင့်အစိုးရလျို့ ဝှက် အက်ဥပဒေ ပုဒ်မ ၆(၂)ခနှင့် ၆(၃) အရပြစ်မှုထင်ရှားသည်ဟု စီရင်ခြင်း ခံရသည့် အပြင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁ ည နှင့်ငြိစွန်းသဖြင့်ပြည်သူ လွတ်တော် ကိုယ်စားလှယ် အဖြစ်မှပယ်ဖျက် ကြောင်းရွေးကောက်ပွဲကော်မရှင်မှ ၁၉၉၁ခုနှစ် ဒီဇင်ဘာ(၁၀)ရက်နေ့တွင်ကြေညာခဲ့သည်၊

OD;}unfarmifonf 1995 rwfv 14&ufaehwGif tif;pdef tusOf;axmifrS jyefvGwfvmjyD; a':atmifqef;pk}unf rSm ZlvdSKifv 10&ufaeh wGifjyefvnf vGwfajrmuf vmcJhonf?

1995 atmufwdkbm 9 &ufaehwGif tzGJhcsKyf tm; jyefvnfzGJhpnf;&m OD;}unfarmiftm; A[dktvkyf trSLaqmiftzGJhwGif 'kwd,OuUXtjzpf a&G;cs,f wifajrSmuf jcif;cHcJ@ygonf?

tygwfpOf pae we*FaEG a[majymyGJrsm;wGif ppftkyfpktm; yg;eyfaom pum;vHk;rsm;/ xdrdaom oHk;oyfcsufwdkhjzifhaxmufjya[majymjcif;udk vma&muf em;axmifaom jynfol vlxk}uD;rS auseyf tm;&jyD; OD;}unfarmif&yfwnfcsuf tay: tm;udk; ,Hk}unfrSK}uD;rm;I txl; av;pm;jcif; cH&olvnf;jzpfonf?


tusOf;cscH&rSKrsm;wGif wyfrawmfrS tjidrf;pm;,ljyD; aemuf 25eSpfwmumvtwGif; axmifeSpf}udrf uscHcJh&jyD; axmifwGif;Y (7)eSpfaecJh&onf//

1988ckeSpf 'Drdkua&pDta&;awmfyHk jzpfjzpfcsif; wwd,t}udrf wpfvcefh zrf;qD;cHcJh&onf?

1990 pufwifbmvwGif av;}udrfajrmuf tzrf;cHcJh&jyD; axmif'g%f teSpf eSpfq,f uscHcJh&onf? axmifwGif;Y (5)eSpfeD;yg; aecJh&jyD; 1995wGif jyefvnfvGwfajrmuf cJhygonf? OD;}unfarmif. EDkifiHa&; b0wav#mufvHk; axmifwGif;Y 12eSpfcefh aecJh&onf? odkhaomf OD;}unfarmifonf b0aemufqHk; tcsdef zdpD;vmaom a&m*ga0'emrsm; '%fudk cH&if; ppftm%m&Sifpepf csKyfjidrf;a&;ESifh acwfrSD wdk;wufaom 'Drdkua&pD EdkifiHawmfopf wnfaqmuf Edkifa&;twGuf rsdK;qufopfrsm;tm; avhusifh ysdK;axmif ay;cJhygonf? aoG;vnfygwfrSK pHepfysufpD;I aoG;a}um rsm;rS aoG;rsm; OD;aESmufwGif;odkh 50 &mcdkifeSKef; om ay;ydkh tvkyfvkyfawmhonfh tcsdeftxd pmay oif}um; ay;jcif;ESifh edkifiHa&;A[kokwrsm; ay;cJhygonf?

tbufbufrS c|wfcsKHK usaeonfh wdkif;jynf twGuf cHpm;csuf / apwem w&m;}uD;rm;pGm &kef;uefwdkufyGJ0if&if; 19/8/2004ae rGef;vGJ (12;15) tcsdefwGif a&$awmif}um;(1)&yfuGuf uarBmZ&dyfom vrf;aetdrf Y uG,fvGefoGm;cJhygonf?










8.19.2008

UN Envoy Begins Burma Visit မစ္စတာ ဂမ်ဘာရီ ရန်ကုန်ရောက်

UN Envoy Begins Burma Visit

18 August 2008


Ibrahim Gambari (file photo)
Ibrahim Gambari (file photo)
U.N. special envoy Ibrahim Gambari began a five-day visit to military-ruled Burma Monday.

The trip is expected to focus on restarting stalled talks between the opposition National League for Democracy and the country's military rulers.

Gambari has visited Burma four times since the country's military rulers carried out a bloody crackdown on democracy protests last September.

Previous talks have yielded few results.

Western diplomats in Rangoon say Gambari will try to persuade Burma's military junta to revive its dialogue with detained opposition leader Aung San Suu Kyi and address the key issue of political prisoners.

The former Nigerian foreign minister is expected to meet directly with Aung San Suu Kyi, who has been held under house arrest for more than 12 of the past 18 years.

On Sunday, Burma's military government allowed Aung San Suu Kyi, a Nobel peace laureate, to meet with her lawyer at her Rangoon home for over four hours.

မစ္စတာ ဂမ်ဘာရီ ရန်ကုန်ရောက်
နိုင်ငံရေးပြုပြင်နိုင်ဖို့ မျှော်လင့်ချက်နည်းဟု အတိုက်အခံဘက်က မြင်



မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးနေသည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် ယနေ့ နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီ) ရုံးက အတည်ပြု ပြောကြားသည်။

ယူအန်ဒီပီရုံး သတင်းအချက်အလက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက “ရောက်နေ
ပါပြီ။ မြရိပ်ညိုဟိုတယ်မှာ တည်းပါတယ်။ မနက် (၉) နာရီလောက်က ရောက်တာပါ။ တွေ့မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဘာမှ ကြိုတင်ပြောလို့ မရသေးပါဘူး။ သိတဲ့အခါ ကျနော်ပြောမှာပါ”
ဟု ပြောကြားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၌ (၅) ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ
ညီလာခံက အပ်နှင်းထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ လုပ်ပိုင်ခွင့်အရ မြန်မာအစိုးရ နှင့် အခြားသက်ဆိုင်သူများ အားလုံးအကြား စေ့စပ်ညှိနှိုင်းပေးရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု မစ္စတာဂမ်ဘာရီက ပြောကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

မစ္စတာဂမ်ဘာရီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နှင့်တွေ့ဆုံရန် ယခု အထိ အကြောင်းကြားလာခြင်း မရှိသေးသော်လည်း တွေ့ခွင့်ရမည်ဟု မျှော်လင့်ထားကြောင်း
အန်အယ်လ်ဒီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

၎င်းက “နိုင်ငံတော် အာဏာပိုင်တွေက သူတို့မှာ ဆန္ဒမရှိဘူး။ တွေ့ဆုံဆွေးနွေးဖို့ အတိုက်အခံနဲ့ စကားပြောဖို့ ဆန္ဒမရှိဘူး၊ ကိုယ့်သဘောနဲ့ကိုယ် ဆက်လုပ်မယ်ဆိုရင်တော့ ယူအန်က အသုံးချ
ခံရတဲ့ သဘောလောက်ပဲရှိမယ်။ နိုင်ငံတကာ အတိုင်းအတာအရ သူတို့တတ်နိုင်သလောက်
ကြိုးစားမှာပဲ။ ခု မအောင်မြင်လည်း နောက်ထပ်ကြိုးစားဦးမှာပဲ။ အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုတာ သက်ဆိုင်တဲ့လူတွေရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာအပေါ်မှာ အများကြီးမူတည် တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ခရီးစဉ်များအတွင်း သိသာထင်ရှားသည်ရလဒ် ထွက်မလာသဖြင့် ယခုခရီးစဉ်အတွက် လည်း ဘာကိုမှ မျှော်လင့်မထားကြောင်း အမျိုးသားပြန်လည် သွေးစည်းညီညွတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး မရှိမဖြစ် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဟု ဒေါက်တာ ၀င်းနိုင်က ဆက်လက်ပြောသည်။ မြန်မာစစ်အစိုးရဘက်မှ Road Map အစီအစဉ်တိုင်း အဓမ္မဆက်သွားမည့်ပုံပေါ်နေသဖြင့် မြန်မာ့နိုင်ငံရေးအတွက် အကောင်းဘက်က မျှော်လင့်စရာ နည်းပါးသည်ဟု ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောသည်။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံလာရောက်ခါနီး ယမန်နေ့နံနက်ပိုင်း၌ စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်အယူခံဝင်ရေးကိစ္စ ဆွေးနွေးရန် သူမ၏ ရှေ့နေဦးကြည်ဝင်းနှင့် ဒုတိယအကြိမ် တွေ့ခွင့်ပေးခဲ့ပြီး၊ သူမ၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့်လည်း
တွေ့ခွင့်ပေးလိုက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။

မစ္စတာ ဂမ်ဘာရီ၏ ယခု ခရီးစဉ်သည် ယမန်နှစ် စက်တင်ဘာအရေးအခင်းအပြီး မြန်မာနိုင်ငံသို့ (၄) ကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ (၆) ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲမတိုင်ခင်က နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရဘဲ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော် ဆန်း ခေါင်းဆောင်သည့် နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် (၂) ကြိမ်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် (၂) ကြိမ်၊ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်၊ အန်အယ်လ်ဒီ၊ တစည၊ ကြံ့ဖွံ့၊ အိုင်စီ အာစီ စသည်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ယင်းခရီးစဉ်ကို မျှော်လင့်ထားသလောက် အောင်မြင်မှုမရခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ထုတ်ဖော်ပြော ကြားခဲ့သည်။ ။

ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များရဲ့ နာဂစ်အလွန် မြန်မာကလေးသူငယ်များ စောင့်ရှောက်ရေး အစီအစဉ် လက်ကမ်းစာစောင်ထွက်ရှိ

ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များရဲ့ နာဂစ်အလွန် မြန်မာကလေးသူငယ်များ စောင့်ရှောက်ရေး အစီအစဉ် လက်ကမ်းစာစောင်ထွက်ရှိ
မိုးမခ အထောက်တော် ၀၀၃

သြဂုတ် ၁၃၊ ၂၀၀၈

၂၀၀၈ မေလ ၂ ရက် နာဂစ်မုန်တိုင်းသင့်ပြီးနောက် ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အလှူဒါနပြု စေတနာဝန်ထမ်း ဆောင်ရွက်လျက်ရှိသော မြန်မာဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးများအနက် သင်္ကန်းကျွန်း ငါးကျမ်းပြန် ကျောင်းတိုက်၏ အစီအစဉ်တခုအဖြစ် နာဂစ်လွန် မြန်မာကလေးသူငယ်များ စောင့်ရှောက်ရေး နှိုးဆော်သည့် လက်ကမ်းစာစောင်တခု ထွက်ရှိလာသည်ကို တွေ့ရသည်။

မိဘမဲ့၊ အုပ်ထိမ်းသူမဲ့နေသည့် ကလေးသူငယ်များကို စာရင်းကောက်ယူခြင်း၊ ခိုလှုံရန် စီစဉ်ခြင်းနှင့် ပညာသင်ကြားပေးခြင်းတို့ ပြုလုပ်ရန်နှင့် အများအကျိုးမဲ့စေသည့် လမ်းမှားများသို့ မရောက်စေရန်တို့ကို ရည်ရွယ်ပြီး ကိုယ့်အားကိုယ်ကိုး ကုသိုလ်ဖြစ် ထူထောင်သော "Child Aid Foundation" - ကလေးသူငယ်များ စောင့်ရှောက်ရေး အဖွဲ့ ဖြစ်သည်ဟု စာစောင်တွင် ပါရှိသည်။

ငါးကျမ်းပြန်ကျောင်းတိုက်ဆရာတော် ဦးဓမ္မပီယက ရှင်းလင်းပြောကြားရာတွင် - နာဂစ်မုန်တိုင်းသင့်ထားသည် မြန်မာပြည်၏ နေရာဒေသတို့သည် မပြီးဆုံးသေးသော ပန်းချီကားကြီးတခုကို ကြည့်ရသည်နှင့်တူကြောင်း၊ အစစအရာရာ ရေရှည် ၀ိုင်းဝန်း ထူထောင်ရေးတို့ကို အများပြည်သူတို့က ဆက်လက်ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ ကလေးသူငယ်များမှာ လူကြီးများထက် အားနည်းနိမ့်ကျသဖြင့် ကူညီစောင့်ရှောက်မှုများ အထူးလိုအပ်ကြောင်း၊ ကိုယ်တိုင် မွေးစားခြင်း၊ မမွေးနိုင်ပါက ခိုလှုံသည့်ဌာနများ၊ မိသားစုများကို စာရိတ်ထောက်ပံ့ခြင်း သို့မဟုတ် ပညာရေး ဆုံးခမ်းတိုင် သင်ကြားပေးခြင်း စသည့် အလုပ်တာဝန်များကို ခွဲခြမ်းပြီး ယူကြရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုလို ကမကထပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မိုးမခသို့ ပြောကြားသည်။

ဆရာတော် ဦးဆောင်သော တကာ၊ တကာမများ စေတနာရှင်များအဖွဲ့သည် မေ၊ ဇွန်၊ ဇူလိုင်လများအတွင်းက ကယ်ဆယ်ရေး ခရီးစဉ် ၆ ကြိမ်ထက် မနည်း သွားရောက်ခဲ့သည်။ ပြည်တွင်း ပြည်ပက အလှူခံရရှိသမျှကို စုဆောင်းလက်ခံလျှက် ကုန်းလမ်း၊ ရေလမ်း သာမက ခြေလျင်ခရီးများနှင့် ရွာစွန် ရွာဖျားများအထိ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

ဆရာတော်နှင့်တကွ အခြား မြန်မာပြည်အသီးသီးက သာသနာပြု ဆရာတော်များ အချင်းချင်း တိုင်ပင်အသိပေးကြလျက် အလှူရှင်များ၊ စေတနာဝန်ထမ်း လုပ်အားပေးများ၊ ဒေသခံ ပြည်သူ့ အင်အားများနှင့် ထိရောက်သော အလှူဒါန လုပ်ငန်း၊ ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေး လုပ်ငန်းတို့ ဆောင်ရွက်နိုင်ခဲ့သည်ဟု မျက်မြင်တို့က မှတ်ချက်ပေးသည်။

ဆရာတော်ကို ဆက်လက်ဆောင်ရွက်စရာရှိသည့် ကူညီစောင့်ရှောက်ရေး ကဏ္ဍများအကြောင်းကို မေးမြန်းကြည့်ရာတွင် -

စံပြ ကျေးရွာများ တည်ဆောက်ပေးခြင်း၊ ထိုကျေးရွာများတွင် ဘေးရန်များကို ကာကွယ်နိုင်မည့် ခိုင်ခန့်သည့် အရေးပေါ်အဆောက်အဦ ဆောက်လုပ်ပေးခြင်း၊ ဥပမာ ၂ ထပ် ကျောင်းဆောင်များ ဆောက်လုပ်ထားပြီး အောက်ထပ်ကို စာသင်ကျောင်းများအဖြစ် သာမန်အချိန်တွင် သုံးစွဲခြင်း၊ စားရေ ရိက္ခာများ ထောက်ပံ့ လှူဒါန်းခြင်း၊ ဆေးကုသ ပြုစုမှု ကာကွယ်မှုများ ဆောင်ရွက်ခြင်း၊ လူမှုဘ၀များ ပြန်လည်ထူထောင်နိုင်အောင် ထောက်ကူခြင်းနှင့် ယခုအစီအစဉ်ကဲ့သို့ ကလေးသူငယ်များ စောင့်ရှောက်ခြင်း တို့ကို ဆောင်ရွက်နိုင်ပါက မုန်တိုင်းသင့် ဒေသများနှင့် ပြည်သူတို့ အကျိုးရှိမည်ဟု ဖြေကြားသည်။

"ဆရာတော်ကြီးတွေဆိုရင် ပထမ ၀တ္ထု (ငွေကြေး) နဲ့ အမိုးအကာတွေ ရွာခံတွေကို ပေးလှူလိုက်တယ်။ ဒုတိယ ကွင်းဆင်းကြည့်ပြီး တကယ်ဆောင်ရွက်နိုင်သလား၊ တခြား အခက်အခဲတွေ ရှိသလားဆိုတာကို ကြည့်ပြီးတော့မှ နောက်ထပ် ဆက်ပြီး ထောက်ပံ့တယ်။ အဲသည်တော့ နှစ်ဦး နှစ်ဖက် အလုပ်လုပ်ရတာ အကျိုးရှိတယ်။ တိုးတက်မှုတွေကိုလည်း မြင်ရတယ်။ …" ဟု ဆရာတော်က အမိန့်ရှိသည်။

ကျေးရွာများတွင် အရေးပေါ် အဆောက်အဦများကို ဆောက်လုပ်ရာတွင် ကုလနှင့် နိုင်ငံတကာ ထောက်ပံ့ရေးအဖွဲ့များ၏ သတ်မှတ်သည့် စာရိတ်ထက် သက်သာအောင်၊ စာတွေ့ထက် လက်တွေ့ကျအောင် ဆောက်လုပ်နိုင်ကြလျင် ကျေးရွာ အမြောက်အများကို သဘာဝဘေးဒဏ်ကာကွယ်ရေး ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု ဆရာတော်က မိန့်ကြားသည်။ ကမ္ဘာတွင် သဘာဝဘေးအန္တရာယ်တို့ တောက်လျောက် နှောက်ယှက်နေကြပြီ ဖြစ်ရာ နာဂစ်မုန်တိုင်း တခါဝင်ပြီးနောက်ပိုင်း နောက် မလာနိုင်တော့ဘူးဟု မပြောနိုင်ကြတော့ကြောင်း၊ ယခုဆိုလျင် ဂေဟစနစ်တို့ကို မုန်တိုင်းဖျက်ဆီးလိုက်ပြီးနောက်ပိုင်း သဘာဝဘေးတို့ ပို ရင်ဆိုင်ရဖွယ်ရှိသည်ဟု မှတ်ချက်ပေးသည်။

မိုးမခဘလော့မှကုးယူဖေါ်ပြပါသည်။