1.11.2009

သတင်းပဒေသာ


လေးဖြူ ပြန်လာပြီ

လေးဖြူ ပြန်လာပြီ

နိုင်ငံကျော် အဆိုတော် လေးဖြူ၏ စင်မြင့် ဖျော်ဖြေပွဲများ မကြာမီ ပြန်လည် စတင် တော့မည်ဟု ၎င်း၏ ပင်တိုင် တေးဂီတ အဖွဲ့ Iron Cross (IC) ၀ိုင်းတော်သား တဦးထံမှ သိရသည်။

မိုင်းဖုန်း ဆရာတော် မွေးနေ့ မြန်မာ နိုင်ငံသားများ လာရောက် ပူဇော်ကြ

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ကျိန်းသျှာန်မြို့နယ် ၀ိန်းကျောက် ရွာတွင် ကျင်းပသော မိုင်းဖုန်း ဆရာတော် ဦးဥာဏသံဝရ၏ သက်တော် ၄၆ နှစ်ပြည့် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ သံဃာတော်များ

နိုင်ငံရေး အကျဉ်းသားများကို ရဲဘက်စခန်းပို့ပြီ

နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်းဆီး ခံထားရသူများ ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်ဟု ရန်ကုန်မြို့ နိုင်ငံရေး အကျဉ်းသား မိသားစုများထံမှ သိရသည်။

မှတ်ပုံတင်ပျောက် နာဂစ် ဒုက္ခသည်များ အခက်အခဲဖြစ်

နာဂစ် မုန်တိုင်းဒဏ် ပြင်းပြင်း ထန်ထန် ခံခဲ့ရသည့် ဧရာဝတီ တိုင်းအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက နိုင်ငံသား မှတ်ပုံတင် ပြန်လည် ပြုလုပ်ပေးခြင်း မရှိသေးသည့် အတွက်

၂ဝဝ၉ ခုနှစ်တွင် ချင်းပြည်နယ်၌ လူမှုဒုက္ခ အကြပ်အတည်းများ ပိုမိုလာဖွယ်ရှိဟု NGO ပြော

ရာသီဥတု ဆိုးရွား၍ သီးနှံများ အထွက်နှုံး ကျဆင်းခြင်းနှင့် ကြွက်ကပ်ကြောင့် သီးနှံများ ပျက်စီးခြင်းကြောင့် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်အတွင်း ၂ဝဝ၉ ခုနှစ်၌ လူမှုဒုက္ခ အကြပ်အတည်းများနှင့်...

တင်မောင်ဦး၏ သတ္တမမြောက် တကိုယ်တော်ပြပွဲ

ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

ပန်းချီဆရာ တင်မောင်ဦး၏ ၇ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သုဝဏ္ဏဘူမိ အနုပညာ ခန်းမ တွင် ယနေ့ စတင်ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၁ဝရက်နေ့မှ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ အထိ တလတိတိ ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။ ပြပွဲတွင် ပန်းချီကားပေါင်း ၂၇ ကား ပါဝင်ပါသည်။ (photo: Naw Kabaw Shee)

Poet Ant Maung honored Dagon Taryar on 61st Burma Independence
မိုးမခရုပ်သံဘဏ်တိုက် - မိုးမခ မော်ကွန်းရုပ်သံ

ကဗျာဆရာ အံ့မောင်က ဒဂုန်တာရာကို လွတ်လပ်ရေးနေ့မှာ ကဗျာနဲ့ ဂုဏ်ပြုခဲ့

မိုးမခ ရုပ်သံ

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

လွန်ခဲ့တဲ့ ဇန်န၀ါရီ ၄ က ကျင်းပခဲ့တဲ့ သက်ကြီး စာရေးဆရာကြီးများရဲ့ လွတ်လပ်ရေးနေ့ ညစာစားပွဲမှာ ကဗျာဆရာကြီး အံ့မောင်က ဆရာကြီး ဒဂုန်တာရာကို ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ပါတယ်။ ဆရာ ဒဂုန်တာရာ ရေးခဲ့တဲ့ ဂျပန်တော်လှန်ရေးကို သရုပ်ဖော်တဲ့ မတ်လတော်လှန်ရေး ဂန္ထ၀င်ကဗျာကို ပြန်လည်ရွတ်ဆိုပြတာ ဖြစ်ပါတယ်။

Pe Thit Ti cartoon 02
သောင်းပြောင်းထွေလာ - ကာတွန်း Box
Performance အနုပညာကို ခံစားမှု
ကာတွန်းဖေသစ်တည်
ဇန်န၀ါရီ ၉၊ ၂၀၀၉ ပုံ - [ ၁ ]
အျပည့္အစုံသိုႛ ...
Burmese in Singapore tour Buddhist Monastaries in New Year
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
From Burmese in Singapore tour Buddhist Centers

စင်္ကာပူက ဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစုတို့ နှစ်သစ်ကူး ဘုရားဖူး ခရီးစဉ် မြင်ကွင်း

မိုးမခ ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

ဇန်န၀ါရီ ၁၊ နှစ်သစ်ကူးနေ့က စင်္ကာပူမှာ ၁ သုးံးလုံး ဘုရားဖူးအဖွဲ့က စင်္ကာပူရောက် ဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစုများကို ဖိတ်ကြားပြီး ကျွန်းအနှံ့ ဘုရားဖူးခရီးစဉ်ကို မေတ္တာဖြင့် ပို့ဆောင်ခဲ့ပါတယ်။ ဆရာတော် ၁၅ ပါးနဲ့အတူ မြန်မာအမျိုးသားမိသားစုများ ၁၅၀ ကျော်တို့ကို ဘတ်စကားကြီး ၁စီး၊ ၂စီးတွဲ တစီးနဲ့ ခရီးလှည့်လည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ ၅ ကြိမ် မြောက်ခဲ့ပြီလို့ ဆိုပါတယ်။ အထူးသဖြင့် စင်္ကာပူကို ရောက်ခါစ ဧည့်သည်များ၊ အလုပ်သမား လူငယ်များက စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။ (Photo - ဂျစ်တူး)

Burmese in Wshington DC marked 61st Burma Independence
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း

#fullpost {display:none;}

ဝါရှင်တန်ဒီစီက ၆၁ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ပွဲ

အနုပညာရှင်ကြီးများနှင့် ကျင်းပခဲ့သည့် မြင်ကွင်း

မိုးမခ ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

လွန်ခဲ့တဲ့ ဇန်န၀ါရီ ၃၊ စနေနေ့က ၀ါရှင်တန်ဒီစီ၊ မေရီလင်း၊ ဗာဂျီးနီးယားဒေသရောက် မြန်မာအမျိုးသားများ စုစည်းကျင်းပတဲ့ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ၈၈ နှစ်မြောက် ရန်ကုန်တက္ကသိုလ်မွေးနေ့ အခမ်းအနားမှာ ဆရာကြီး ဆရာမကြီးများဖြစ်ကြတဲ့ ဦးဝင်းဖေ၊ မောင်စွမ်းရည်နဲ့ မာမာအေး တို့အပြင် အနုပညာရှင်များဖြစ်တဲ့ အောင်ဝေး၊ စန္ဒယားအောင်ဝင်းတို့နဲ့ အတူ မကြာမီက အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေစိုက်လာတဲ့ မေငြိမ်းလည်း ကြွရောက်ချီးမြှင့်ကြတယ်လို့ သိရပါတယ်။ ပွဲတော် မှတ်တမ်းဓာတ်ပုံတွေကို ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။ (Photo – NLD-LA)


- အပစ်ရပ်တောင်းဆိုချက်ကို အန်တု၊ အစ္စရေးလ်နဲ့ ဟားမတ်စ် ဆက်တိုက်နေကြ click
- ဂါဇာစစ်ဆင်ရေး အရှိန်မြှင့်မယ်လို့ အစ္စရေးပြော click
- အစ္စရေးအပေါ်ရပ်တည်ချက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခုခံကာကွယ် click
- စီးပွားရေးဆုတ်ယုတ်မှုကြောင့် အမေရိကန်အလုပ်လက်မဲ့ဦးရေ များလာ click
- ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ကိုမင်းအောင် နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ထပ်တိုး click
- ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးနေပြီ click
- ကိုဇော်သက်ထွေးဇနီး ထောင်ဝင်စာတွေ့ခွင့်မရ click
- နိုင်ငံရေးအကျဉ်းသားတချို့ ရဲဘက်စခန်းပို့ click
- မိတ္ထီလာမထသ ချောကြေးကောက်ငွေ သိန်းသုံးရာကျော် ပျောက်ဆုံးနေ click
- ကချင်ကျောင်းသားသမဂ္ဂလှုပ်ရှားမှု click
- ကချင်အမျိုးသားအစည်းအရုံး ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ကြေညာချက်ထုတ်ပြန် click
- အစ္စရေးက ထိုးစစ်ဆင်မှုတွေ တိုးလုပ်မယ်လို့ သတိပေးလိုက် click
- ကမ္ဘာ့စီးပွားရေးကျဆင်းမှုက မြန်မာ့စီးပွားရေးကို ရိုက်ခတ်နေပြီ click
- တင်မောင်ဦး၏ သတ္တမမြောက် တကိုယ်တော်ပြပွဲ (ဓာတ်ပုံသတင်း) click
- ၂ဝဝ၉ ခုနှစ်တွင် ချင်းပြည်နယ်၌ လူမှုဒုက္ခအကျပ်အတည်းများ ပိုမိုလာဖွယ်ရှိဟု NGO ပြော click
- စင်ပြိုင်အစိုးရသစ်ပေါ်ပေါက်ရေး စတင်လုပ်ဆောင်ပြီဟု အန်စီယူဘီ ပြောကြား click
- မြန်မာ့ဆန်ဈေးထိုးကျ click
- ကချင်ပြည်နယ်၌ ရဲများ တာဝန်မဲ့ အကျင့်ပျက် click
- မလေးရှား၌ မြန်မာအလုပ်သမားများ အဖမ်းခံရ click
- လောင်းကစားဝိုင်းမှ မော်တော်ဆိုင်ကယ် အစီး ၅၀ ကျော် သိမ်းဆည်းခံရ click
- ဂီနီရွေးကောက်ပွဲ ခြောက်လအတွင်းမလုပ်ရင် အာဖရိကသမဂ္ဂ အရေးယူမည် click
- ဆေးလိပ်အန္တရာယ် ထင်တာထက် ဆိုးရွား click
- ကဗျာဆရာ အံ့မောင်က ဒဂုန်တာရာကို လွတ်လပ်ရေးနေ့မှာ ကဗျာနဲ့ ဂုဏ်ပြုခဲ့ click
- စင်္ကာပူက ဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစုတို့ နှစ်သစ်ကူး ဘုရားဖူးခရီးစဉ်မြင်ကွင်း၊ ၀ါရှင်တန်ဒီစီက ၆၁ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ပွဲ အနုပညာရှင်ကြီးများနှင့် ကျင်းပခဲ့သည့်မြင်ကွင်း (ဓာတ်ပုံသတင်း) click

1.09.2009

Burma News

Burmese blogger in running to win "Best Asian Blog"

The Weblog of a veteran Burmese Buddhist monk, Ashin Mattacara, which contains writings on Burma, has been selected among the finalists for the 'Best Asian Bolg' Award for 2008.

Muslims proscribed from worshipping in residential flats

Aping a recent diktat against the country's Christian community, authorities have summoned and warned leaders of Burma's Muslim community not to worship in residential flats.

Fresh offensive on Thai-Burmese border

A fresh offensive has broken out along the Thai-Burmese border between ethnic Karen guerillas of the Karen National Union (KNU) and a joint force of Burmese Army troops and those...

Ethnic Kachin rebel vow to oppose junta held elections

The Kachin National Organization (KNO) in exile on its 10th anniversary vowed to boycott the military junta's 2010 general elections. Colonel Lamang Brang Seng, in-charge of the military wing of...

Burmese Abbot’s Birthday Draws Thousands to Thailand Celebrations

By WAI MOE
Tens of thousands of Burmese pilgrims crossed into Thailand to attend celebrations marking the 46th birthday of a monk who was once a close spiritual adviser of Burma’s ousted prime minister and military intelligence chief, Gen Khin Nyunt.

Mass Unemployment Looms Up in China

By ANTOANETA BEZLOVA
China is facing the volatile mix of rising unemployment and economic gloom that sparked the 1989 mass pro-democracy marches.

Nowhere to Hide

By JAMES FORREST
Thousands of displaced people in Eastern Burma live in daily fear of the Burmese army. For many, the only respite comes through the relief efforts of mobile teams such as the Free Burma Rangers.

Teenage Activist Transferred to Labor Camp

By MIN LWIN
A 19-year-old political activist who was sentenced to three years imprisonment has been transferred to a labor camp near Rangoon.

Business Roundup (January 9, 2009)

By WILLIAM BOOT
Despite China’s overall rising influence on Burma’s economy, the regime continues to remain dependent in Thailand “as the principal market for Burma’s exports”—notably gas.

Falling Fuel Prices Have No Effect on Gov’t Pumps

By MIN LWIN
Official fuel prices in Burma, unchanged since the country’s ruling junta slashed subsidies in August 2007, have overtaken black market rates in recent weeks.

ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်(D-WAVE)

ယခုဆောင်းပါးကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂ရက်နေ့က ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။ အချိန်အခါနှင့် တိုက်ဆိုင်၍ ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်။


“နှစ်နှစ်ဆယ် ကြာခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးဟာ ပြည်သူလူထုတွေကလဲ
ထောက်ခံပါရဲ့နဲ့ ဘာဖြစ်လို့ မအောင်မြင်ရတာလဲ”

ရုတ်တရက် ဗုံးပေါက်ကွဲသလို ထွက်ပေါ်လာတဲ့ မေးခွန်းလေးတခုပါ။ နေရာက မယ်တော် ဆေးခန်း ၈လေးလုံး နှစ်နှစ်ဆယ်ပြည့် အခမ်းအနား ပြုလုပ်နေတဲ့ ခန်းမထဲမှာ။

မေးခွန်းထုတ်သူက အသက် လွန်ရောကျွံရောရှိမှ ၁၅ နှစ်သာသာလောက် ရှိမယ့်CDC ကျောင်းက ကျောင်းသား ငယ် တဦးပါ။

ပြီးခဲ့တဲ့ ၈.၈.၂၀၀၈ ရှစ်လေးလုံး နှစ်နှစ်ဆယ်ပြည့်နေ့မှာ ပြုလုပ်တဲ့ အခမ်းအနား တချို့ ကို ကျွန်တော် တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ မယ်တော်ဆေးခန်းက အခမ်းအနားကို ရောက်မှ ကျွန်တော် ဒီမေးခွန်းကို ကြားလိုက်ရတာ ဖြစ်တယ်။ အဲဒီ အခမ်းအနားမှာ ထူးခြား ချက်တခုက အခမ်းအနား တက်ရောက် လာသူတွေဟာ CDCကျောင်း အပါအဝင် နယ်စပ် တွေမှာ ရှိတဲ့ ကျောင်းတချို့က ကျောင်းသားငယ်တွေ အများစုဖြစ်ပြီး ဟောပြောကြသူ တွေက ၁၉၆၂၊ ၇၄၊ ၈၈အစရှိတဲ့ ကျောင်းသားဟောင်းကြီးတွေ ဖြစ်ပါတယ်။

အဖြေပေးသူကတော့ အတွေ့အကြုံရှိ ကျောင်းသားဟောင်း နိုင်ငံရေး ခေါင်းဆောင် တဦးမို့ အဲဒီ ကျောင်းသား လေးတွေ ကျေနပ်အောင် အဖြေပြန်ပေးနိုင်ခဲ့ပါတယ်။ သူရှင်းပြတဲ့ အထဲမှာ အချက်အလက် တော်တော်များများ ပြည့်စုံစွာ ပြောပြသွားပါတယ်။

ကျွန်တော့် စိတ်ထဲမှာ ဒီနေ့အထိ စွဲနေတဲ့ အချက်နှစ်ခုရှိပါတယ်။ ပထမတချက်ကတော့ အခုအချိန်အထိ အောင်မြင်မှုမရသေးပေမယ့် ကျွန်တော်တို့ ဘက်မှာ တိုးတက် ဖြစ်ထွန်းမှု အများကြီး ဖြစ်ခဲ့တယ်ဆိုတာနဲ့ နောက်တချက်ကတော့ အခုပြဿနာကို W=FS ဆိုတဲ့ PHYSICS ပုစ္ဆာတခုလို (S=0,W=0) အရွေ့မရှိရင် အလုပ် မဖြစ်ဘူးလို့ ပုံသေကားချပ် မယူဆကြစေချင်ဘူးလို့ ရှင်းပြသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခန်းအနားက ပြီးခဲ့ပေမယ့် ကျွန်တော့်ရင်ထဲမှာ အတွေးတစ ကျန်နေခဲ့ပါတယ်။ ၈၈ကနေ ယခုအချိန်အထိ တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီး ရှိခဲ့သလို ကျွန်တော်တို့ရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို တိုက်ခိုက် ထိုးနှက်မှုတွေ အများကြီး လုပ်နိုင်ခဲ့တယ် ဆိုတာ ဘယ်သူမှ အချေအတင် ငြင်းလိမ့်မယ်မဟုတ်ဘူးလို့ ထင်ပါတယ်။ ရန်သူဟာ အခုအချိန်အထိ တညလေးမှတောင် စိတ်အေးချမ်းသာစွာ အိပ်ခဲ့ရလိမ့်မယ် မဟုတ်ဘူး
လို့ ကျွန်တော်လည်း ယူဆပါတယ်။

ဒုတိယ အချက်အနေနဲ့က PHYSICS ပုစ္ဆာတခုလို အရွေ့မရှိရင် အလုပ်မဖြစ်တဲ့ ပုံမျိုး ကျွန်တော်လည်း မယူဆချင်ပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့ အရွေ့မရှိရလဲဆိုတဲ့ အပေါ်မှာ တော့ တွေးစရာ အများကြီးရှိခဲ့ပါတယ်။

ကျွန်တော်တို့ ချဉ်းကပ်တဲ့ပုံ မှားခဲ့သလား

Physics သဘော နဲ့ပဲ ဆက်စဉ်းစားကြည့်ရင် ကျွန်တော်တိှု့ Surface area ယူထားတာ သိပ်ကျယ်နေလို့ အလုပ်မဖြစ်တာလား။ တနည်းပြောရရင် အသွားဘက်က သွေးရမယ့် ဓါးကို အနှောင့်ဘက်က သွေးနေမိလို့ အလုပ်မဖြစ်တာလား ဆိုတာကိုတော့ ထည့်စဉ်းစားရပါ လိမ့်မယ်။နောက်ထပ် စဉ်းစားရမယ့် အချက် တခုကတော့ ကျွန်တော်တို့ရဲ့ အားစိုက်ထုတ်မှုဟာ အကျိုး သက်ရောက်မှု နည်းနေလား ဆိုတာပါ။ ဆိုလိုတာက တချို့က တွန်းနေချိန်မှာ တချို့က ထိုင်နေသလား။ ဒါမှမဟုတ် တွန်းတဲ့သူက တွန်းနေချိန်မှာ ဖိတဲ့သူက ဖိနေလား။ ဘက်ပေါင်းစုံက တပြိုင်တည်း ဖိတွန်းနေမိလို့ တခုနဲ့ တခု ချေဖျက်နေသလို ဖြစ်ပြီး အရွှေ့မရှိတာလား လို့ပါ။
လွယ်လွယ်နဲ့ ရိုးရိုးလေးတွေးရင်တော့ ဦးတည်ချက် တခုတည်းကို ရည်စူးလို့ ပြိုင်တူတွန်းကြမှ ရွှေ့နိုင်မှာပါ။

ပြီးခဲ့တာတွေအတွက် ဘယ်သူ့ကို အပြစ်ပုံရမလဲ

အဲဒီမေးခွန်းကို မဖြေခင် အဲဒီမေးခွန်းအတွက် အဖြေရရင် ဘာအကျိုးရှိမလဲဆိုတာ အရင် ဆန်းစစ် ချင်ပါတယ်။ တကယ်ဖြေခိုင်းရင်လဲ အဖြေ မထွက်မယ့်အပြင် တယောက်နဲ့ တယောက် အပြစ်ပုံချနေကြတာနဲ့ပဲ ရှိစုမဲ့စု ညီညွတ်ရေးလေးတောင် ပျက်မယ့် အခြေ အနေရှိပါတယ်။ အခုအချိန်မှာ အဖြေထုတ်သင့် မသင့်သာ စဉ်းစားကြည့်ကြပါ ခင်ဗျာ။ တခုတော့ရှိပါတယ်။ ကျွန်တော်တို့တွေ အရင်တုန်းက ဘာအမှားတွေ လုပ်ခဲ့မိကြလဲ
ဆိုတာတော့ သုံးသပ်သင့်ပါတယ်။ အဲဒီအမှားတွေကို သင်္ခန်းစာယူလို့ ရှေ့ခရီးမှာ အမှားအယွင်းတွေ နည်းနိုင်သမျှ နည်းအောင် ရှောင်ရှားနိုင်ပါလိမ့်မယ်။

လက်ရှိ နိုင်ငံရေးအပြောင်းအလဲနှင့် မျှော်လင့်ချက်ရောင်နီ

အများသိကြတဲ့အတိုင်း ထင်ရှားတဲ့ သတင်းစာဆရာကြီး လည်းဖြစ် NLD ရဲ့ ခေါင်းဆောင် တဦးလဲဖြစ်ခဲ့တဲ့ ဦးဝင်းတင်ဟာ ၁၉နှစ်ကျော် ထောင်ဒဏ် ကျခံခဲ့ရရာက ပြန်လည်လွတ် မြောက်လာခဲ့ပါတယ်။ ထောင်မကျခင် ကတည်းက ပြတ်သားတဲ့ နိုင်ငံရေး ဦးဆောင်မှု ပေးနိုင်ခဲ့တာ အပြင်။ ထောင်ထဲမှာ နေခဲ့ရစဉ်တလျှောက်နဲ့ ထောင်က ပြန်လွတ်ပေး လိုက်ရ တဲ့အချိန်အထိ စစ်အာဏာရှင်တွေကို သတ္တိပြောင်မြောက်စွာ အံတု ရင်ဆိုင်ခဲ့တာတွေကြောင့် အတိုက်အခံတွေ အများစုရဲ့ လေးစားယုံကြည်မှုတွေ ရခဲ့ပါတယ်။

ဦးဝင်းတင်နှင့် တကွ နိုင်ငံရေး အကျဉ်းသားတချို့ လွတ်မြောက်မှုသတင်းကို အင်တာနက် ဝက်ဆိုက်တွေ၊ လေလှိုင်းနဲ့ ရုပ်မြင်သံကြား ချယ်နယ်များအထိ ကျယ်ပြန့်စွာ ထုတ်လွှင့်ခဲ့ ကြပါတယ်။တွေ့ဆုံ မေးမြန်းချက်တွေ အပြင် သတင်းသုံးသပ်ချက်များ သတင်းဝေဖန်ချက်များနဲ့ အတူ ကမ္ဘာ့ သတင်းစာမျက်နှာများမှာ ပါနေရာ ယူခဲ့ပါတယ်။

များပြားလှတဲ့ သတင်းဝေဖန် သုံးသပ်ချက်တွေနဲ့အတူ အချို့ရုပ်ပုံဖေါ်မှုတွေဟာ အထင် အမြင် လွဲစရာတွေ ဖြစ်လာပါတယ်။ ဥပမာ-ဦးဝင်းတင်က အိမ်မှာ နိုင်ငံရေးပါတီက အချို့ ပုဂ္ဂိုလ်တွေကို ခွဲခြားပြီးစည်းရုံးနေသလိုလို၊ NLD ပါတီထဲမှာ စစ်ပြန်၊ စစ်မှုထမ်းဟောင်း အုပ်စုတွေကို တတ်သိပညာရှင်တွေက ဖယ်ရှားပစ်တော့မလိုလိုနဲ့ သတင်းတွေက စိတ်ဝင်စားစရာ ကောင်းပေမယ့် ရှိစုမဲ့စု ညီညွတ်ရေးလေးကိုတောင် ထိခိုက်ရတော့မလို
ဖြစ်လာပါတယ်။ ဦးဝင်းတင် တွင်တွင်ပြောနေတဲ့ စကားတွေမှာ အဲဒီ အချက်အလက်တွေ မပါဘူးဆိုတာ သတင်း သုံးသပ်ချက်တွေကို ဖယ်ပြီး သူ့ပြောဆိုချက်တွေကို ကြည့်ရင် တွေ့ပါလိမ့်မယ်။ သူ့အနေနဲ့ အားလုံး ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ကြဖို့ကိုပဲ ပြောဆိုနေတာပါ။

စု လွှတ် တွေ့ နဲ့ ရံ သုံးရံကို ဝန်းရံကြ

မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် မင်းကိုနိုင်၊ ဒါမှမဟုတ် ဦးဝင်းတင် တဦးဦးအပေါ်မှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ အတိုက်အခံ အင်အားစုအားလုံးနဲ့ မြန်မာနိုင်ငံသား အားလုံးမှာ တာဝန်ရှိပါတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ ကိုယ်ကျရာ တာဝန်ကိုယ် ကျေကြမယ် ဆိုရင် ဒီမိုကရေစီ ပန်းတိုင်ဟာ မဝေးနိုင်ပါဘူး။

အခု ကျွန်တော်တို့ နိုင်ငံမှာ ပြဿနာ တက်နေတာက ခေါင်းဆောင်မှု ပြဿနာလို့ အများပြောဆို ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသားအားလုံး လက်ခံကြတဲ့ လူထု ခေါင်းဆောင်ဆိုရင် ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ သူမ ဦးဆောင်တဲ့အခါ အားလုံး ညီညွတ်စွာ ဝန်းရံကြပါတယ်။ အဲဒီတော့ န အ ဖ က ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်မှု မပေးနိုင်အောင် အကျယ်ချုပ် ချထားလိုက်တယ်။ မင်းကိုနိုင်တို့ လူထု လှုပ်ရှားမှုတွေ အစပြုလာတဲ့ အခါ သူတို့ကိုလဲ ဖမ်းထားလိုက်တယ်။ နောက်ထပ် ဘယ်လောက်များတဲ့ ခေါင်းဆောင်တွေ ထပ်တက်တက် နအဖက ဖမ်းဖို့ အဆင်သင့် ပြင်ထားမှာပဲ။

ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ၊ ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင် ခံ ထားရတဲ့အချိန်မှာ ဘာမှမလုပ်ပဲ သူမလွတ်တဲ့အထိ ထိုင်စောင့်နေကြမှာလား။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါလို့ တစာစာ အော်နေယုံနဲ့ နအဖက သူတို့ ကုလားထိုင်ကို ရိုက်ချိုးမယ့် သူတွေကို လွှတ်ပေးမှာတဲ့လား။ ဒေါ်အောင်ဆန်းစုကြည် ချမှတ်ပေးခဲ့တဲ့ အားလုံးလည်း လက်ခံတဲ့ နိုင်ငံရေး လမ်းစဉ်တခုသာ ရှိခဲ့ရင် ကျွန်တော်တို့တွေ အဲဒီလမ်းစဉ်အပေါ်မှာ ညီညီညာညာနဲ့ မလျှောက်နိုင် ဘူးလား ဆိုတာ စဉ်းစားဖို့ ကောင်းပါတယ်။

ဦးဝင်းတင် ထောင်က မလွတ်ခင်ကတည်းက “စု လွှတ် တွေ့ နဲ့ ရံ သုံးရံ” လမ်းစဉ်ကို ဖေါ်ထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဝန်းရံသင့်တာ အဲဒီ လို လမ်းစဉ် အပေါ်ကိုပါ။ ခေါင်းဆောင်တွေ ရှိရှိ မရှိရှိ သူတို့ ချပေးခဲ့တဲ့ လမ်းစဉ်အပေါ်မှာ အချင်းချင်း ညီညွတ်စွာ လျှောက်လှမ်းကြဖို့ လိုတာပါ။ ပြီးခဲ့တဲ့ အချိန်တုန်းက လုပ်ရပ်တွေ အတွက် ဘယ်သူတွေမှာ အပြစ်ရှိတယ်။ ဘယ်သူ တွေမှာ တာဝန်ရှိတယ်ဆိုတဲ့ ကိစ္စတွေ အပေါ်မှာပဲ စွဲစွဲမြဲမြဲနေချင်တယ်ဆိုတဲ့ လူတွေကို ကျွန်တော် တခုလောက် ပြောချင်ပါတယ်။ စပြီးတက်လာကတည်းက ရဟန်းရှင်လူ ပြည်သူ လူထုတွေအပေါ် အမျိုးမျိုးသတ်ဖြတ်၊ ဖမ်းဆီး၊ ညှင်းပန်း နှိပ်စက်နေတဲ့ နအဖတွေကို ကျတော့ လက်သဲခြစ်ရာလေးတောင် ထင်အောင်တောင် မလုပ်နိုင်သေးဘူး ဆိုတာပါ။ ဘုံရန်သူကြီးကို အရှေ့တည့်တည့်မှာ ထားပြီး ကိုယ့်အချင်းချင်း ပြောင်မြောက်စွာ တိုက်ခိုက်နေကြတာကို ကျွန်တော်ကတော့ ဘယ်တော့မှ လက်ခုပ်တီးပေးမှာ မဟုတ်ပါဘူး။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

ဒီခေါင်းစဉ်လေးဟာ ကျွန်တော်တို့ ပထမတန်း ဖတ်စာမှာ ပါခဲ့တဲ့

“ဇွန်ပန်းရုံအနီး
လှည်းဘီးကျွံနေသည်။
ကူ၍တွန်းပေးကြပါ
လေးလွန်း၍မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။

ဆိုတဲ့ စာပိုဒ်ကလေးက ယူထားတာပါ။
ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ လှည်းဘီးကြီးလည်း စစ်အာဏာရှင် နွံ့ထဲမှာ ကျွံနေတုန်းပါ။ ဦးတည်ဘက် တဖက်ထဲကို ညီညီညာညာ အားစိုက်လို့ ပြိုင်တူ ဝိုင်းတွန်းလိုက်ကြဖို့ လိုနေပါတယ်။

“စုလွတ်တွေ့နဲ့ ရံသုံးရံ”ကိုသာ ကျွန်တော်တို့ ညီညာစွာ ဝန်းရံလိုက်ရင် စစ်အာဏာရှင် နွံထဲနစ်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ မုချ လွတ်မြောက်နိုင်မယ်လို့ အလေးအနက် ယုံကြည်ကြောင်း တင်ပြလိုက်ရပါတယ်။


D-Wave

သတင်းပဒေသာ

ကချင်လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြုနိုင်ငံရေးပါတီ
ကချင်အတိုင်ပင်ခံကောင်စီက ဦးစီးဖွဲ့မည်

NEJ/ ၉ ဇန်န၀ါရီ ၂၀၀၉

၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတခုကို ကချင်အတိုင်ပင်ခံကောင်စီက ကြီးမှူးပြီးဖွဲ့ရန် စီစဉ်နေကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အရာရှိတဦးက ခေတ်ပြိုင်သို့ အတည်ပြုပြောသည်။...အပြည့်အစုံသို့


လွတ်လပ်ရေးနေ့အကြောင်းရေးသူ အယ်ဒီတာ
စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေးခံရ

NEJ/ ၉ ဇန်န၀ါရီ ၂၀၀၉ စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုသည့် ဆောင်းပါးနှစ်ပုဒ် အန်အယ်လ်ဒီနဲ့ နိုင်ငံရေးသမား အသိုင်းအဝန်းတွင် ပျံ့နှံ့ခဲ့ သည့်ကိစ္စနှင့် ပတ်သက်ပြီး ဆောင်းပါးရေးသူ ဦးထွန်းဝင်းငြိမ်း ကို စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေး ခဲ့ကြောင်း စာပေစိစစ် ရေးရုံးမှ အမည်မဖော်လိုသူ စာစစ်မှူးတဦးက ပြောသည်။ ၎င်း က “ပြီးခဲ့တဲ့အပတ် လွတ်လပ်ရေးနေ့ မတိုင်မီ..အပြည့်အစုံသို့
၂၀၀၈ မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲ
အနုပညာရှင်များ စိတ်မ၀င်စား

NEJ/ ၉ ဇန်န၀ါရီ ၂၀၀၉ ၂၀၀၈ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ပေးပွဲကို အနုပညာရှင်များ စိတ်ဝင်တစားမရှိကြောင်း ရုပ်ရှင်အသိုင်းအ၀န်းက ပြောသည်။“ဖေဖော်ဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်ကြားမှာ..အပြည့်အစုံသို့

နာဂစ်ကြောင့် စီးပွားကူးသန်းဝန်ကြီးဌာန အခက်တွေ့
NEJ/ ၉ ဇန်န၀ါရီ ၂၀၀၉

နာဂစ်ကြောင့် ပျက်စီးသွားသည့် စီးပွားကူးသန်းဝန်ကြီးဌာန လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လက်အောက်ရှိ ဂိုဒေါင်များနှင့် သိုလှောင်ရုံများကို မပြင်နိုင်၍ ရောင်းရာ ပုဂ္ဂလိကလည်းမ၀ယ် တခြားဝန်ကြီးဌာနများကလည်း မ၀ယ် ဖြစ်နေသည်။

လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လက်အောက်ရှိ ပျက်စီးသွားသည့် ဂိုဒေါင်များနှင့် သိုလှောင်ရုံများ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် စုစုပေါင်း (၁၄၁) လုံးရှိ သည်။ ပြန်ပြင်ရန် ငွေမရှိသည့်အတွက် ပုဂ္ဂလိကများကို ၀ယ်လိုခြင်းရှိမရှိ ကမ်းလှမ်းသော်လည်း ရာဖြတ်တန်ဖိုး သိန်းထောင်ချီသည့်အတွက် မည်သူမျှ မ၀ယ်ဟု စီးပွားကူးသန်းဝန်ကြီးဌာန ..အပြည့်အစုံသို့


လေးဖြူ ပြန်လာပြီ

လေးဖြူ ပြန်လာပြီ

နိုင်ငံကျော် အဆိုတော် လေးဖြူ၏ စင်မြင့် ဖျော်ဖြေပွဲများ မကြာမီ ပြန်လည် စတင် တော့မည်ဟု ၎င်း၏ ပင်တိုင် တေးဂီတ အဖွဲ့ Iron Cross (IC) ၀ိုင်းတော်သား တဦးထံမှ သိရသည်။

မိုင်းဖုန်း ဆရာတော် မွေးနေ့ မြန်မာ နိုင်ငံသားများ လာရောက် ပူဇော်ကြ

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ကျိန်းသျှာန်မြို့နယ် ၀ိန်းကျောက် ရွာတွင် ကျင်းပသော မိုင်းဖုန်း ဆရာတော် ဦးဥာဏသံဝရ၏ သက်တော် ၄၆ နှစ်ပြည့် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ သံဃာတော်များ

နိုင်ငံရေး အကျဉ်းသားများကို ရဲဘက်စခန်းပို့ပြီ

နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်းဆီး ခံထားရသူများ ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်ဟု ရန်ကုန်မြို့ နိုင်ငံရေး အကျဉ်းသား မိသားစုများထံမှ သိရသည်။

မှတ်ပုံတင်ပျောက် နာဂစ် ဒုက္ခသည်များ အခက်အခဲဖြစ်

နာဂစ် မုန်တိုင်းဒဏ် ပြင်းပြင်း ထန်ထန် ခံခဲ့ရသည့် ဧရာဝတီ တိုင်းအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက နိုင်ငံသား မှတ်ပုံတင် ပြန်လည် ပြုလုပ်ပေးခြင်း မရှိသေးသည့် အတွက်

ပြည်သူ့အသက်နဲ့ နန်းဆက်သူ

ပြည်သူ့အသက်နဲ့ နန်းဆက်သူ မြန်မာ စစ်အစိုးရက နက္ခတ်ဗေဒင် ပညာကို ဘယ်လောက်ထိ နိုင်ငံရေးနဲ့ သူတို့ ကုလားထိုင် မြဲဖို့အတွက် အသုံးချ နေခဲ့တယ်၊ ဘယ်လောက် အထိ ဗေဒင် ပညာကို ယုံကြည် နေခဲ့တယ်
ဆက်ဖတ်ရန် ...

ငယ်သော်လည်း အနုစိတ် ဆွဲထားသည့် ပန်းချီကား

ငယ်သော်လည်း အနုစိတ် ဆွဲထားသည့် ပန်းချီကား ဤစာအုပ်တွင် ဖောင်တိန်၊ မင်တို့ဖြင့် မြန်မာ နိုင်ငံရှိ နိုင်ငံခြားသားတို့၏ နေ့စဉ် ဘ၀ကို စာရေးသူက ပုံဖော်၍ အသေးစိတ် ချယ်မှုန်းထားသည်။
ဆက်ဖတ်ရန် ...

အစိုးရမင်းများ၏ ဘုံဗိမာန်သို့ အလည်တခေါက်

အစိုးရမင်းများ၏ ဘုံဗိမာန်သို့ အလည်တခေါက် ရုက္ခစိုးနှင့် သတင်းထောက် ဖိုးရှုပ်တို့ ဘန်ကောက် မြို့တွင် ရောက်နေသည်။ ဖိုးရှုပ်က ဘန်ကောက်သို့ သွားမည်၊ ဦးရုက္ခစိုး လိုက်ခဲ့ပါဟု ဆွယ်သဖြင့် ဒေသန္တရ ဗဟုသုတ ရလိုသည့် ဦးရုက္ခစိုး ဘန်ကောက်သို့ ရောက်နေခြင်းဖြစ်သည်။
ဆက်ဖတ်ရန် ...

မြန်မာ့ရုပ်ရှင်အပေါ် ဒါရိုက်တာ တဦး၏ ရှုမြင်ချက်

မြန်မာ့ရုပ်ရှင်အပေါ် ဒါရိုက်တာ တဦး၏ ရှုမြင်ချက် မြန်မာ နိုင်ငံ၏ နာမည်ကြီး ဒါရိုက်တာ ကြည်စိုးထွန်းအား ၂၀၀၇ ခုနှစ် အတွက် ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ပေးပွဲနှင့် ပတ်သက်ပြီး တွေ့ဆုံ မေးမြန်း၍ ဧရာဝတီ ပရိသတ် အတွက်
ဆက်ဖတ်ရန် ...

ကချင်သူပုန်များက ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု သံဓိဌာန်ချ

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သွားမှာဖြစ်ကြောင်း ပြည်ပအခြေစိုက် ကချင်အမျိုးသား အစည်းအရုံးက သူတို့၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသွား ...

နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာ ပိတ်ပင်

ရန်ကုန်မှ အလှမ်းဝေးသည့် နယ်ထောင်များတွင် နှစ်ရှည်ထောင်ဒဏ် ကျနေသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများထံ ထောင်ဝင်စာသွားတွေ့သည့် မိသားစုဝင်အချို့ တွေ့ဆုံခွင့်မရဘဲ ပြန်လာရ...

မုဒိမ်းကျင့် လူသတ်ရန် စစ်သား နှစ်ဦး ကြိုးစားခဲ့ဟု စွပ်စွဲခံရ

ခရစ်ယာန် ကျမ်းစာသင်ကျောင်း တက်နေသူ အမျိုးသမီးတဦးကို စစ်သားနှစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း ဆွေမျိုးများနှင့် မိတ်ဆွေများက စွပ်စွဲ...

အစိုးရသစ် ဖွဲ့စည်းမည့် အစီအစဉ်အပေါ် သူတို့အမြင်

၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြည်ပအခြေစိုက် အစိုးရသစ်တရပ် ဖွဲ့စည်းမည်ဆိုသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ - NCUB...


- စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင် click
- အခြေခံဥပဒေ မပြင်မချင်း ရွေးကောက်ပွဲကိစ္စ မစဉ်းစားဟု ဦးဝင်းတင် ပြောကြား click
- နယ်အဖွဲ့ချုပ်ဝင်များက အဖွဲ့ချုပ်ဗဟိုကို တက်ကြွစွာ ဦးဆောင်စေလို click
- ကချင်လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြုနိုင်ငံရေးပါတီ ကချင်အတိုင်ပင်ခံကောင်စီက ဦးစီးဖွဲ့မည် click
- လွတ်လပ်ရေးနေ့အကြောင်းရေးသူ အယ်ဒီတာ စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေးခံရ click
- ၂၀၀၈ မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲ အနုပညာရှင်များ စိတ်မ၀င်စား click
- မော်လမြိုင် မီးလောင်ဆိုင်ခန်း နေရာမချနိုင်သေး click
- စီးပွားပျက်ကပ်ကြောင့် ရေနံမှော်ပါ ဒုက္ခရောက် click
- နာဂစ်ကြောင့် စီးပွားကူးသန်းဝန်ကြီးဌာန အခက်တွေ့ click
- ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် (ဆောင်းပါး) click
- ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်နှစ်ပါတီ ပြိုင်ခွင့်ရမလဲ (သတင်းသုံးသပ်ချက်) click
- စင်ပြိုင်အစိုးရအရှုပ်တော်ပုံကိစ္စ ဦးခွန်မာကိုဘန်းနှင့် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် click
- ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး နှိုးဆော်မှုကို လျစ်လျူရှူ မနေသင့် (အယ်ဒီတာ့အာဘော်) click
- လေးဖြူ ပြန်လာပြီ click
- မိုင်းဖုန်းဆရာတော်မွေးနေ့ မြန်မာနိုင်ငံသားများ လာရောက်ပူဇော်ကြ click
- နိုင်ငံရေးအကျဉ်းသားများကို ရဲဘက်စခန်းပို့ပြီ click
ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်
- မှတ်ပုံတင်ပျောက် နာဂစ်ဒုက္ခသည်များ အခက်အခဲဖြစ် click
- မြန်မာ့ရုပ်ရှင်အပေါ် ဒါရိုက်တာတဦး၏ ရှုမြင်ချက် (အင်တာဗျူး) click
- မူဆလင်ဘာသာဝင်များ လူနေအိမ်ခန်းမှာ ၀တ်ပြုခွင့်မပေး click
- နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာ ပိတ်ပင် click
- ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်ပျက်နှစ်စီး နပခဌာနချုပ်မှ ရှာဖွေမှုလုပ် click
- တရားမ၀င်ရွှေကျင်းသွား ယာဉ်များကို ရဲက ငွေတောင်း click
- ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ်သဘောမကျ click
- အိုဘားမားရဲ့ စီးပွားရေးမိန့်ခွန်း click
- ဖားကန့်၌ ကျောက်စိမ်းတွင်း ပေါက်ကွဲ၍ အလုပ်သမားနှစ်ဦး သေဆုံး click
- အင်ဒိုနီးရှားပင်လယ်မှာ မြန်မာ ၂၀၀ ခန့် အင်ဒိုရဲ ဖမ်းမိ click
- ဘုရားစာဖြန့်ချိရေးကမ်ပိန်း မြန်မာပြည်အနှံ့ စတင် click
- အဖွဲ့ချုပ်ဝင်၏ ဈာပနကို အကျဉ်းကျသားသမီးများ ပို့ဆောင်ခွင့်မရ click
- တောင်သူများ ပဲခင်းရေနစ်ပျက်စီးရုံမက မစိုက်ချင်သော နွေစပါးကိုပါ စိုက်နေရ click
- မန်းဝင်းမောင် အတ္ထုပ္ပတ္တိ - အပိုင်း ၂ (မှတ်စုမှတ်တမ်း) click
- ပီကာဆာဝက် (Picasaweb) ကိုသုံးရအောင် (လောကဓာတ်ခန်း) click
- အရှိချင်းပေါင်း (မာမာအေးရဲ့ ကဗျာ) click
မျှော်လင့်ချက်အသစ်နဲ့ တို့လူဟောင်းတွေ (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

1.08.2009

Burma News

Global Crisis Hits Junta’s Pockets as Gas Prices Fall

By WILLIAM BOOT
The Burmese regime’s income from selling natural gas is likely to suffer dramatically from falling prices triggered by the global financial crisis.

Karen Girl, 7, Raped and Killed: KWO

By LAWI WENG
A Karen women’s group has reported that a seven-year-old girl was recently raped and murdered by a Burmese soldier in Pegu Division.

OPINION
Editorial:

Suu Kyi Issues a New Year Challenge


While a mood of pessimism greeted the New Year in Burma, opposition leader Aung San Suu Kyi reminded the nation and the international community of her heroic father’s call for “decisive action.”
New Year’s Resolutions for the NLD
By MIN ZIN
The Stories We Missed in 2008
By AUNG ZAW

Did Than Shwe’s Grandson Kidnap Model?

By WAI MOE
Rumors abound that Than Shwe’s favorite grandson was involved in the kidnapping of a Hip-Hop star’s girlfriend.

NGOs Question Thai Government Freeze on Migrant Registration

By LAWI WENG
A Thai government decision to suspend registration of new migrants for one year has come under fire from Thai non-government organizations.

Burma’s Potential for Growth

By THE IRRAWADDY
An international business consultant has tipped Burma as “the largest untapped market for consumer goods in the world.”

Top Bush Aide Hopes Obama Will Push Burmese Cause

By LALIT K JHA
A top aide to US President George W Bush said he hopes the incoming Obama administration will continue to push for democracy in Burma.

Humanitarian crisis in Chin state likely to escalate in 2009: NGO

With crop yields declining due to severe weather conditions and the devastation caused by rat infestation, a humanitarian crisis is imminent for western Burma's Chin state in 2009, a leading...

Burma's fight against polio continues

With the help of donations from international organizations the Burmese Health Ministry said it will administer polio vaccinations to more than 7 million children across the country.
The Irrawaddy News Magazine
Global Crisis Hits Junta’s Pockets as Gas Prices Fall
The Irrawaddy News Magazine - Chiang Mai,Thailand
But economist Sean Turnell, a professor at Australia’s Macquarie University who specializes in monitoring Burma’s economy, said the situation is likely to ...
See all stories on this topic
200 boat people found in Indonesian waters
Radio Australia News - Melbourne,Australia
Local navy commander Yanuar Handwiyono says the boat carried 174 people from Burma and 19 from Bangladesh. The vessel was found at sea by fishermen off the ...
See all stories on this topic
ROBERTS: Score one for the first lady
Galesburg Register-Mail - Galesburg,IL,USA
Not so Burma. In May 2008, it was no "prim" first lady who broke all precedent by going to the White House press room herself to condemn the military regime ...
See all stories on this topic

Blogs Alert for: Burma news

Bangkok Pundit: BURMA: Home to 50 million forgotten consumers
By Bangkok Pundit
Here is some other news about Burma: this is a country where live not only 200 generals and one Lady, but also 50 million ordinary people, 50 million consumers who have developed very similar consumption habits to their neighbours in ...
Bangkok Pundit - http://bangkokpundit.blogspot.com/
2 M’sians jailed in Vietnam for credit card fraud « San Oo Aung’s ...
A court in the capital yesterday sentenced the two - identified as Tan Wei Hong, 26, and Cham Tack Choi, 23 - after they were arrested in Hanoi in December 2007, said the state-run Vietnam News Agency (VNA). Read all in Malaysiakini ...
San Oo Aung's Weblog - http://sanooaung.wordpress.com/
GlobalTalk 21: Joseph Nye, Ambassador to Japan, Not Good News for ...
By Jun Okumura
Joseph Nye, Ambassador to Japan, Not Good News for the Ozawa DPJ. According to an Asahidispatch from Washington, Joseph “Soft Power” Nye will replace John Thomas “Tom” Shieffer as ambassador to Japan. The article repeats earlier media ...
GlobalTalk 21 - http://son-of-gadfly-on-the-wall.blogspot.com/
Marriage Equality Future Unclear as Smith Made NY Majority Leader ...
Marriage Equality Future Unclear as Smith Made NY Majority Leader -- TowleRoad.com on Democratic Party, Gay Marriage, Malcolm Smith, New York, News.
Towleroad: More gay guys. More... - http://www.towleroad.com/
Inner City Press: Vietnam Outlaws News Blogs, Claims Foreign ...
By Matthew Russell Lee
The Vietnam government stated that services such as Google and Yahoo will help them enforce these "no news on blogs" rules. While Yahoo did turn in a Chinese dissident blogger to the government in Beijing, and Google has a history of ...
Inner City Press - http://innercitypress.blogspot.com/
- Report on post-Nargis recovery plan to be released in Myanmar click
- Myanmar footballer listed in players to watch in Asia in 2009 click
- The world looks away as Burma mocks democracy click
- Presuming a democratic Myanmar: Looking beyond election 2010 click
- Drug Trade In The ‘Golden Triangle’ click
- Myanmar export through border trade increases in 11 months of 2008 click
- No novices at posing! click
- Myanmar: Farmers lament post-Nargis harvest click
- Why is the Italian army shooting techies? click

သွားပေအုံးတော့ ဒီတကွေ့

အညတြတော်လှန်ရေးသမားတဦး / ၅ ဇန်န၀ါရီ ၂၀၀၉


အကြောင်းကြောင်းကို ထောက်ထားပြီး ဘယ်သူမှ မပြောမဆိုခဲ့တဲ့ အင်အားစုတွေအကြောင်းကို ရေးမယ်ကြံတိုင်း ချီတုံချတုံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြောချိန်တန်ပြီလို့ ယူဆမိတာကြောင့် ဒီဆောင်းပါးကို ကျနော်အရဲစွန့်ရေးလိုက်ပါတယ်။

တော်လှန်ရေးထဲမှာ သက်တမ်းနှစ် (၂ဝ) ကြာလာတော့ အထက်တန်းကျောင်းသားဘဝ၊ နိုင်ငံရေးသဘောတရားတွေ၊ ဘာတွေ ဘာတခုမှ နားမလည်သေးတုန်းက ဖတ်ခဲ့ဖူးတဲ့ ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ် (၂ဝ) ဆိုတဲ့ စာအုပ်မှာရေးထားတဲ့ ကောက်နုတ်ချက်ကို ခဏခဏ သတိရမိပါတယ်။ တိုင်းပြည်အတွက် အနှစ် (၂ဝ) လုပ်ခဲ့ပြီးတဲ့နောက် မိမိကိုယ်ကို ပြန် ကြည့်တဲ့အခါ ကြိုးတိုက်ထဲမှာ တွေ့ပါတယ်တဲ့။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စာအုပ်ကို ရေးသားတဲ့ ဗိုလ်မှူးချစ်ကောင်းကို စာနာမိပါတယ်။ လေးလည်းလေးစားမိပါတယ်။ သူ့အတွက်လည်း ရင်နာမိပါတယ်။ ဒီခံစားမှုတွေဟာ ကျနော် တော်လှန်ရေးသမားတယောက် ဖြစ်လာရေးအတွက် ဖြည့်ဆည်းပေးခဲ့တဲ့ အချက်အလက်တွေထဲမှာ တခုအပါအဝင်ဖြစ်ခဲ့ တယ်ထင်ပါရဲ့။ အုပ်စိုးသူလူတန်းစားတွေကို ကျနော်မုန်းတီးလို့ မဆုံးခဲ့ပါဘူး။

ခုတော့ တော်လှန်ရေးထဲမှာ သက်တမ်းနှစ် (၂ဝ) ကြာပြီးတဲ့အခါ မိမိကိုယ်ကို မိမိပြန်ပြန်ကြည့်မိ (မကြာ၊ မကြာ ပြန်ကြည့်မိတာကို ပြောခြင်းဖြစ်ပါတယ်။ အထူးသဖြင့် တရေးနိုးလို့ ငါ ဘယ်ရောက်နေပါလိမ့်လို့ ဇဝေဇဝါဖြစ်မိတဲ့အခါ မျိုးမှာပါ) တော့ နယ်စပ်တနေရာမှာ တကိုယ်တည်းဖြစ်နေတာကို တွေ့ရပါတယ်။ အရာရာကို စွန့်လွှတ်စတေးထားခဲ့ရလို့၊ မိမိဆီမှာမြဲနေတာ အသက်တချောင်းပဲ ရှိနေပါတယ်။ အုပ်စိုးသူလူတန်းစားကို မုန်းတီးတဲ့အမုန်းကတော့ သေရာပါမယ်ထင်ပါရဲ့။ ဒါပေမယ့် အမုန်းတခုပါတိုးလာခဲ့ပါတယ်။ တော်လှန်ရေးသမားအမည်ခံသူတွေရဲ့ သီလကြောင် အကျင့်ပျက်မှု၊ (တနည်း) ကိုယ်ကျိုးရှာစိတ်ဓာတ်ပါပဲ။ စစ်အစိုးရရဲ့ထင်သလိုရမ်းကားနေတာ၊ ပြည်သူကို စော်ကားနေတာ၊ တိုင်းပြည်ကို ရောင်းစားနေတာတွေကို ကြားရတိုင်း လက်နက် တွေ ကိုင်ထားပါရက်နဲ့ နှစ်ဆယ်စုပေါင်းများစွာ ပြည်သူ့ဆီက အခွန်ကောက် (ခုတော့ အုပ်စိုးသူအဆက်ဆက်က ပြောတဲ့အသုံးအနှုန်းအတိုင်း ‘ဆက်ကြေး’ ကောက်တယ်ဆိုတဲ့ စကားကိုပဲ သုံးရတော့မလိုဖြစ်နေပါတယ်။)၊ မြေပေါ်မြေအောက်သယံဇာတတွေကို ရောင်းစားခဲ့ပြီး၊ ပြည်သူ့မျက်နှာမထောက် စစ်အစိုးရရှေ့မှောက်မှာ ကိုယ်ကျိုးစီးပွားအတွက် ဒူးထောက်နေကြသူတွေဟာလည်း စစ်အစိုးရရဲ့ ကြံရာပါတွေဖြစ်ကုန်ကြပြီလို့ မြင်မိပါတယ်။ သူတို့ပြောပြောနေတဲ့ တော်လှန်ရေးဆိုတာ လက်နက်ကိုင် အကြမ်းဖက်နေတာ လောက်ပဲရှိတာကို တွေ့ရပါတယ်။ ဒီလောက်ကတော့ လက်နက်ကိုင်ပြီး ဗိုလ်ကျ စားသောက်ချင်တဲ့ လူတွေလည်း လုပ်နိုင်ပါတယ်။

လူမှုတော်လှန်ရေးဖြစ်စဉ်တွေမှာ တွေ့ရတဲ့အချက် (၂) ချက်ရှိပါတယ်။ တော်လှန်ရေးရည်မှန်းချက်ပေါက်မြောက်ဖို့အတွက် အကြမ်းဖက်နည်းကို သုံးရခြင်းနဲ့၊ တည်ဆဲလူမှုဆက်ဆံရေးစနစ်၊ တည်ဆဲ လူတန်းစားအုပ်စိုးမှုအနေအထားကို အခြေအမြစ်ကနေ ဖယ်ရှားပစ်ပြီး၊ တော်လှန်ရေးရဲ့ တွန်းအားဖြစ်တဲ့ အများပြည်သူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှု စနစ်သစ်ကို ဆောင်ကျဉ်းပေးဖို့ပါပဲ။

ဒီလိုမှ လူနေမှုစနစ်သစ်ကို အာမမခံနိုင်ဘူးဆိုရင် ပြည်သူကလည်း လိုက်ပါလာမှာမဟုတ်ဘဲ ‘တော်လှန်ရေး’ ဆိုတဲ့ အင်အားစုတွေဟာ ရန်သူကို ချေမှုန်း အနိုင်ယူနိုင်လောက်တဲ့အင်အား တွေ ဖြစ်မလာဘဲ လုံးပါး ပါးသွားတာပါပဲ။ ခု လက်နက်ကိုင် အင်အားစုတွေမှာ ဖြစ်နေတဲ့ အတိုင်းပါပဲ။ ဒို့ပြည်သူတွေက ဒို့ကို ထောက်ခံနေသားပဲလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ကိုယ့်အဖွဲ့အစည်း ဘာဖြစ်လို့ ဘယ်အခြေအနေ၊ ဘယ် သောင်ဘယ်ကမ်းကို ဆိုက်နေတယ်ဆိုတာကို မသိတာတွေအများကြီးပါ (အဖွဲ့အစည်းအနေ နဲ့ ခြုံပြောခြင်းဖြစ်ပါတယ်။ တဦးချင်းအနေနဲ့ သိမြင်တတ်သူတွေရှိပါတယ်။ သိတဲ့အတိုင်းပါပဲ၊ အဖွဲ့အစည်းတွင်းမှာ ဒီမိုကရေစီမရှိ၊ ကော်မတီစနစ်ဆိုတာကလည်း ကော်မတီဆိုတာတွေကို ဖွဲ့ထားရုံလောက်သာရှိတော့၊ သိနားလည်တဲ့ပုဂ္ဂိုလ်တွေမှာ ဘာမှ မစွမ်းသာပါဘူး) ဒီလိုအဖွဲ့အစည်းမျိုးတွေဟာ ပြည်သူက ကိုယ့်ကို ထောက်ခံနေသလား၊ လက်နက်ကို ကြောက်ပြီး ခိုင်းတာလုပ်၊ တောင်းတာပေးနေရတာလားဆိုတာကို ရဲရဲ ကြည့်သူတွေ မဟုတ်ပါဘူး။ အင်မတန် ရက်စက်ယုတ်မာလှတဲ့ သန်းရွှေစစ်အုပ်စု အောက်မှာ နေနေရတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ် ဆိုးရွားရက်စက်ပုံတွေကို မီဒီယာမှာ ပြောင်ပြောင်တင်းတင်း ပြောရဲနေကြပေမယ့် တောတွင်းလက်နက်ကိုင် အင်အားစုတွေရဲ့ အုပ်ချုပ်ခံပြည်သူတွေဟာ ဒီလိုမပြောရဲပါဘူး။ တဖက်က လက်တုံ့ပြန်မှုက မြန်လည်းမြန် ကိစ္စတုံးလောက်တဲ့ အထိလည်းဖြစ်တတ်လို့ပါ။ မကြာသေးခင်ကဘဲ၊ လက်နက်ကိုင်အဖွဲ့အစည်းတခုထဲက အလယ်အလတ်တန်း အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တယောက်က သူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ မကျေနပ်တာတွေကို ကျနော့်ဆီမှာ လာပြီး ညည်းပါတယ်။ “ပြောစရာရှိတာကို အစည်း အဝေးမှာ ပြောပါလား” လို့ သူ့ကိုပြောတော့ “ဒီလိုပြောရင် ကျနော့်ကို ရက်ရက်စက်စက် လုပ်မှာပေါ့” တဲ့။ အရပ်သား ပြည်သူတွေအနေနဲ့ ပြောရဲဆိုရဲရှိဖို့တော့ ဝေးရောပဲ။

ဒီအဖွဲ့အစည်းတွေဟာ သူတို့အခြေစိုက်ရာနယ်မြေ ပြည်သူတွေအတွက် မရေရာတဲ့ ပန်းတိုင်တွေ ညွှန်ပြထားတာတွေတော့ရှိပါတယ်။ (စာရေးသူအနေနဲ့ အဲဒီပန်းတိုင် တွေရဲ့အမည်တွေကို အတိအကျ မဖော်ပြဘဲ ထားတာကောင်းမယ်လို့ ထင်ပါတယ်)။ အဲဒီပန်းတိုင်ကို ရောက်ရင် ပြည်သူတွေက ဘယ်လိုအခွင့်အရေးမျိုးတွေ ရရှိခံစားရမယ်၊ ဘယ်လို ဖော်ဆောင်ပေးမယ်ဆိုတာကို တိတိကျကျရေရေရာရာ ရှင်းလင်းပြတာ၊ ပြဋ္ဌာန်း ထားတာတွေ မရှိပါဘူး။ ခုလက်တွေ့မှာတောင် ဒါတွေကို လက်တွေ့ (အဖွဲ့အစည်းထဲမှာရော၊ အုပ်ချုပ်ရေးနယ်မြထဲမှာပါ) လုပ်နိုင်တာမဟုတ်တော့၊ ရေးပြထားလည်း အပိုပါပဲ။ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်သလို ဖြစ်သွားမယ် မဟုတ်ပါလား။ ဗမာပြည် စစ်အာဏာ ရှင်များရဲ့ ဖခင်ကြီး ဗိုလ်နေဝင်းတောင် ကတိတည်တာမတည်တာ အပထား၊ “ပြည်သူလူထု အပေါင်းအား အစားဆင်းရဲခြင်းဒုက္ခ၊ အနေဆင်းရဲခြင်းဒုက္ခ၊ အူမမတောင့်နိုင်၍ သီလမစောင့် နိုင်သော ဒုက္ခတည်းဟူသော လူမှုဒုက္ခ အပေါင်းမှ လွတ်မြောက်စေ” ရမယ်။ “သာယာဝပြောသော ဆိုရှယ်လစ်လောကသို့ မရောက်ရောက်အောင် ချီတက်မည်” လို့ ကတိပေးရဲခဲ့ပါတယ်။ (၄) နှစ် (၅) နှစ်သာ အာဏာယူထားခွင့်ရှိတဲ့ ပါလီမန် ရွေးကောက်ပွဲဝင် ပါတီတွေတောင် ကတိကဝတ်တွေ အတိအကျပေးပါတယ်။ ဥပမာ အခွန်ရှော့ပေါ့မယ်။ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးမယ် စသည်ဖြင့်။

ဒီနေရာမှာ၊ ၁၉-ရာစုအလယ်လောက်က တရုတ်ပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ တိုင်ပင်းသူပုန် (Taing Ping Rebellion-1855-1873) နဲ့ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ အဲဒီကာလတုန်းက တော်လှန်ရေး သဘောတရားတွေတောင် တရုတ်ပြည်ကို ရောက်မလာသေးပါဘူး။ ၁၉၁၁-ခုနှစ် သမ္မတနိုင်ငံ တည်ထောင်ရေး တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တဲ့ ဆွန်ယက်ဆင်လက်ထက်ကျမှသာ (ဒါတောင် ၁၉၁၇-ခုနှစ် ရုရှပြည် မဟာအောက်တိုဘာ တော်လှန်ရေးနောက်ပိုင်းမှာ မပြီးဆုံး သေးတဲ့ တော်လှန်ရေးအတွက် နည်းလမ်းရှာရင်း) တော်လှန်ရေးသဘောတရားတွေကို တင်သွင်းခဲ့တာပါ။ ဒီ သူပုန်လှုပ်ရှားမှုမှာတောင် ပုဂ္ဂလိကပိုင်ပစ္စည်း ဖျက်သိမ်းရေး၊ မြေယာမြေချမ်းရေးတွေကို ဆောင်ရွက်တဲ့အပြင် လူတန်းစားတွေနဲ့ ယောက်ျား၊ မိန်းမ တန်းတူညီမျှခွင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အရင် ဘယ်ခေတ်တုန်းကနဲ့မှ မတူဘဲ၊ အ မျိုးသမီးတွေကို စာမေးပွဲဝင်ဖြေခွင့်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ယိုယွင်းသွားခဲ့တယ်ဆိုပေမယ့် ဒီသူပုန်လှုပ်ရှားမှုဟာ ဒီပေါ်လစီတွေကို အကောင်အထည်ဖော်ခဲ့တာတော့ အမှန်ပါပဲ။ ကျနော်တို့ရဲ့ တော်လှန်ရေးအမည်ခံထားတဲ့ အဖွဲ့အစည်းအများစုဟာ အဲဒီသူပုန်လှုပ်ရှားမှု လောက်မှ အဆင့်ရှိပါရဲ့လား။

“လူမျိုးရေး၊ လူမျိုးရေး” လို့ ပြောကြပါတယ်။ အဲဒီလူမျိုးတွေထဲမှာ လူတန်းစားတွေ ရှိနေတာကို မမြင်မတွေ့နိုင်တာ မဟုတ်ပါ။ (“ဒို့က ဒို့လူမျိုးဆိုတာပဲ သိတယ်။ လူတန်းစားတွေ ဘာတွေ နားမလည်ဘူး” လို့ ပြောမယ်ဆိုရင် အဲဒီခေါင်းဆောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၅ဝ) လောက်က တိုင်ပင်သူပုန်ခေါင်းဆောင် ဟောင်ဇူကွမ်း (Hong Xiuquan) လောက်တောင်မှ အမြင်မရှိဘူးလို့ ပြောရပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်က အပေါ်စီးလူတန်းစားနေရာမှာ နေနေတာကို မမြင်ရအောင် ကိုယ့်ပြည်သူတွေရဲ့ မျက်လုံးထဲ ‘လူမျိုးရေး’ သဲပက်ထားတာလား။ ဒါပေမယ့် လူထုက အဲဒီ ခေါင်းဆောင်တွေ ချမ်းသာနေတာကို မေးငေါ့ တာဟာ လူတန်းစားအမြင်ပါပဲ။) ကျနော်တော်လှန်ရေးထဲ ရောက်စတုန်းက လူမျိုးစုအဖွဲ့ အစည်းထဲက အလတ်တန်း အထက်ဆင့် ခေါင်းဆောင်တယောက်က “လူလူချင်း ဆက်ဆံနေ တယ် ဆိုပေမယ့် တကယ်တော့ လူတန်းစားချင်း ဆက်ဆံနေရတာပါ” လို့ ပြောဖူးပါတယ်။ ဒါက သူ့တဦးချင်းရဲ့အမြင်ပဲ ဖြစ်ပါတယ်။ သူ့အဖွဲ့အစည်းမှာတော့ ဒီအမြင်မျိုးကို တညီတညွတ်တည်း လက်ခံထားကြတာ မဟုတ်ပါဘူး။ ‘လူမျိုးရေး’ ကိုပဲ အလွယ်ပြောနေ ကြပါတယ်။ သူတို့ ပြည်သူတွေအပေါ် သူတို့ဆက်ဆံနေပုံကို ထောက်ပြီးပြောရရင် “ဗမာတွေ အုပ်ချုပ်တာကို ဒို့လက်မခံဘူး” ဆိုတာပဲဖြစ်ပါတယ်။ ဒီထက် ပိုပြီး ပြောရရင် “ဗမာတွေမဖိနှိပ်စေရဘူး၊ ဒို့ပဲဖိနှိပ်မယ်” ဆိုတာပါပဲ။ တကယ်တော့ လူမျိုးစုပြည်သူတွေဟာ ဘယ်သူ့ဖိနှိပ်မှုကိုမှ ခံလိုကြမယ်မဟုတ်ပါဘူး။ ဗြိတိသျှနယ်ချဲ့၊ ဂျပန်ဖက်ဆစ်နယ်ချဲ့တွေရဲ့ ဖိနှိပ်မှုကို ခေါင်းငုံ့မခံခဲ့ကြတဲ့ ဗမာပြည် ပြည်သူတွေဟာ ဗမာအမျိုးသား အုပ်စိုးသူတွေရဲ့ ဖိနှိပ်မှုကိုလည်း ခေါင်းငုံ့မခံခဲ့ကြတာ ဒီနေ့ မျက်မြင်ကိုယ်တွေ့ပါပဲ။

ဒို့လူမျိုးအတွက် ဒို့လုပ်နေကြတာပဲဆိုတဲ့ အမြင်လောက်ပဲရှိတော့၊ တဖက်က တော်လှန်ရေးလို့ ပြောပြီး တဖက်မှာတော့ ကိုယ်ကျိုးလုပ်ကြပါတယ်။ ဒီလိုကိုယ်ကျိုးလုပ်တာဟာ တရားတယ် လို့ မြင်နေပုံရပါတယ် (“တော်လှန်ရေးအတွက် ငါ ဒီလောက်နှစ်ပေါင်းများစွာ လုပ်ခဲ့တာပဲ၊ ဒီလောက်တော့ ငါခံစားခွင့်ရှိတာပေါ့” ဆိုတဲ့ ကိုယ်တရားကိုယ် ထူထောင်၊ ကိုယ့်ကိုယ်ကိုယ် ဆုချတတ်တဲ့ လူစားမျိုးတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အတော်များများတွေ့ရ ပါတယ်။) တောမှာလည်းတော၊ အာဏာအလျောက် ရထားတဲ့အာဏာကို အသုံးချပြီး စီးပွားရေးလုပ်ပါတယ်။ အောင်မြင်ကြပါတယ်။ မအောင်မြင်ဘဲ ဘယ်ရှိပါ့မလဲ။ အရှင်သခင်တယောက်လို အာဏာရှိပြီး၊ အလွယ်ရတဲ့ ငွေကြေးကလည်းရှိပြန်တော့၊ နှုတ်က အသံမထွက်တာတောင် အကျေနပ်ကြီးကျေနပ်နေပြီပေါ့။ စစ်အစိုးရရဲ့ ဖိနှိပ်သတ်ဖြတ်မှု၊ လုယက်မှုစော်ကားမှုတွေကို အလူးအလဲခံစားနေရတဲ့ပြည်သူတွေအဖို့ ဒီစစ်အစိုးရကို ခါးသည်းနာကြည်းပါတယ်။ စစ်အစိုးရအပေါ်မှီခိုပြီး စီးပွားဖြစ်ထွန်းနေကြတဲ့ အဖွဲ့အစည်းတွေ (အောက်ခြေငယ်သားတွေကို မဆိုလိုပါ) ကတော့ သူတို့ပါးစပ်က ဘာပြောပြော လက်ရှိ အခြေအနေကို ကြိတ်ပြီး ကျေနပ်နေကြပါတယ်။ လက်ရှိအခြေအနေလို့ ဆိုရာမှာ အတိအကျ ပြောရရင်၊ အခု ၂ဝဝ၉-ခုနှစ် ဆန်းပိုင်းအခြအနေပဲဆိုပါတော့။ ကိုယ့်အိမ်၊ ကိုယ့်စီးပွားရေး လုပ်ငန်းတွေကို မြို့ရွာတွေမှာ အခြေစိုက်ထားတဲ့ (တချိန်က တောတွင်း) လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်ဆိုသူတွေဟာ ကိုယ့်ပိုင်ဆိုင်မှုတွေ၊ သာယာနေတဲ့ ဘဝအ ခြေအနေတွေ အရာယွင်းသွားမှာ သို့မဟုတ် ဆုံးရှုံးသွားမှာစိုးလို့ လက်ရှိအခြေ အနေပြောင်းသွားမှာကို မျက်ကလဲဆန်ပြာ စိုးရိမ်နေကြတာ မျက်မြင်ထင်ရှားပါပဲ။ ဒီတော့၊ သူတို့တလျှောက်လုံး ပြောလာခဲ့တဲ့ အမျိုးသားရေးဆိုတာကို ဘေးချိတ်ပြီး စစ်အစိုးရ ပြုသမျှနုကြတော့မှာပါ။ ဒီနေရာမှာ စစ်အစိုးရရဲ့ အာဏာစက်နဲ့ဝေးရာ သို့မဟုတ် အိမ်နီးနားချင်းတိုင်းပြည်တွေထဲမှာ အခြေချထားသူတွေအနေနဲ့ စစ်အစိုးရကို ဆက်လက် အန်တု (ဒီစကားလုံးပဲ သုံးချင်ပါတယ်။ တော်လှန်ဆိုတဲ့စကားနဲ့မထိုက်တန်ပါဘူး) မယ်ဆိုရင် ဆက်လက် အန်တုလာစရာရှိပါတယ်။ ဒါပေမယ့် ပြည်သူအတွက် မရေရာတဲ့ ကတိတွေ ပေးပြီး၊ ကိုယ်ကျိုးရှာနေသရွေ့တော့၊ အိမ်နီးချင်းနိုင်ငံတွေက စစ်အစိုးရနဲ့ ပလဲနံပသင့်ပြီး ဖိအားပေးလို့ဖြစ်စေ၊ အခြားသော အကျပ်အတည်းများကြောင့်ဖြစ်စေ၊ ခံနိုင်ရည်မရှိတော့ရင်၊ (နဂိုမူလက ရှိနေတဲ့ ကိုယ်ကျိုးကြည့်စိတ်ဓာတ်ကြောင့်) ကိုယ်လွတ်ရုန်းသွား ကြစရာရှိပါတယ်။

အရင်းစစ်က အမြစ်မြေက ဆိုသလို ဒီအဖွဲ့အစည်းတွေဟာ (ဒီနေရာမှာလည်း ဒီအဖွဲ့အစည်းတွေထဲက လွှမ်းမိုးနေတဲ့ အင်အားစုကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ မှန်မှန်ကန်ကန်နားလည်တဲ့ ပုဂ္ဂိုလ်တွေကို သိမ်းကျုံးပြောမိရာ ရောက်မှာစိုးလို့ပါ) မတရားသဖြင့် အုပ်စိုးတဲ့ အစိုးရအဆက်ဆက်ကို တွန်းလှန်ဖြိုချပြီး၊ ငြိမ်းချမ်းသာယာတဲ့ အမျိုးသားနိုင်ငံတော်တရပ် (စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့လည်း ပြောနိုင်ပါတယ်) တည်ဆောက်လိုတဲ့ဆန္ဒ အမှန်တကယ်မရှိဘဲ၊ အစိုးရအာဏာစက် အလှမ်းမမီရာ ကိုယ့်နယ်မြေ၊ ကိုယ့်တောတောင်ထဲမှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံလေးတွေရဲ့ အစိုးရ တွေ (တချို့အဖွဲ့အစည်းတွေဆိုရင် အစိုးရဆိုတဲ့ အမည်ကို မြိန်ရေရှက်ရေသုံးပါတယ်။ နောက်ပိုင်းမှာ အခြေမလှတော့မှ မသုံးတော့တာကို တွေ့ရပါတယ်)၊ သို့မဟုတ် တဘက်နိုင်ငံရဲ့ နယ်စားလေးတွေ၊ သို့မဟုတ် ဟိုးရှေးရှေး ဘုရင့်နိုင်ငံတော် (Kingdom) ခေတ်က ဘုရင်လေးတွေလို ‘စိုးစံ’ နေလိုကြတာကို တွေ့ရပါတယ်။

ဘာကြောင့် ဒီလိုပြောရပါသလဲ။။
နိုင်ငံတကာ အသိအမှတ်ပြုအာဏာကို လက်ကိုင်ထားတယ်ဆိုတဲ့ လက်ဦးမှုလည်းရှိ၊ တတိုင်းပြည်လုံးရဲ့ အခြေခံအဆောက်အအုံ အပါအဝင် အရင်းအမြစ်တွေကို ချုပ်ကိုင်ထားပြီး နှိုင်းယှဉ်ချက်အရ ပိုမိုအားကြီးစွာ လူမျိုးရေးဝါဒမှိုင်း တိုက်နိုင်တဲ့ အစိုးရကို တွန်းလှန်ဖြိုဖျက်ဖို့ ဆိုရင် တောတွင်းလက်နက်ကိုင်အင်အားစုတွေသာမက စစ်အစိုးရကို ဆန့်ကျင်တဲ့ အခြားအင်အားစုမှန်သမျှနဲ့ သွေးစည်းညီညွတ်မှုတရပ် တည်ဆောက်ရမယ်ဆိုတာ လူတိုင်းနားလည်တဲ့အချက်ပါ။ တပ်ပေါင်းစုတွေ တည်ဆောက်ခဲ့သားပဲလို့ ပြောချင်ပြောကြ ပါလိမ့်မယ်။ ဒါပေမယ့် တကယ့်တပ်ပေါင်းစု တည်ဆောက်လိုတဲ့စေတနာရှိ၊ မရှိဆိုတာကို အဲဒီတပ်ပေါင်းစုတွေဟာ ဘယ်လောက်အထိ ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့သလဲ၊ အဲဒီလို ထိထိရောက်ရောက် စွမ်းဆောင်နိုင်အောင် ဘယ်လောက် အစဉ်တစိုက် ကြိုးပမ်းနေသလဲ၊ ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲ ဆိုတာနဲ့ပဲ တိုင်းတာရပါလိမ့်မယ်။ လက်တွေ့မှာ တပ်ပေါင်းစုအကျိုးထက် တဖွဲ့ချင်းအကျိုး (ဒီထက်ပိုပြီးပြောရရင် တဖွဲ့ချင်းအထဲမှာ တဦးချင်းအကျိုး) ကိုသာ ကြည့်ခဲ့ကြလို့ တပ်ပေါင်းစုတွေ ဘယ် အခြေအနေရာက်နေသလဲဆိုတာ မျက်မြင်ထင်ရှားပါပဲ။ ဒီအချက်ကိုကြည့်ရင် လက်နက်ကိုင်အဖွဲ့အစည်းအများစုဟာ စစ်အစိုးရကို တွန်းလှန်ဖြိုချရေးအတွက်မဟုတ်ဘဲ ကိုယ့်နယ်မြေ၊ ကိုယ့်တောတောင်ထဲမှာ မင်းမူနေရရုံနဲ့ ကျေနပ်နေခဲ့ကြတယ်ဆိုတာ သိသာပါတယ်။

ဒါပေမယ့် အဲဒီအဖွဲ့အစည်းအသီးသီးက သူတို့ကိုယ်စားပြုထားသယောင်ယောင်ပြောနေတဲ့ သို့မဟုတ် သူတို့ကိုယ်စားပြုထားတယ်လို့ အထင်ရောက်နေတဲ့ ဒေသခံပြည်သူအသီးသီးက တော့၊ စစ်အစိုးရဖိနှိပ်မှုကို တွန်းလှန်ဖြိုဖျက်ရေးအတွက် တတိုင်းပြည်လုံး သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်ရမယ်ဆိုတာကို ကောင်းကောင်းကြီးနားလည်ထားကြပါ တယ်။ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေလို သွေးခွဲရေးစကားတွေနဲ့ အကြောင်းပြပြီး ရှောင်ဖယ်နေကြတာမဟုတ်ပါဘူး။ ဒီအချက်ကိုကြည့်ရင် ဒီအဖွဲ့အစည်းတွေရဲ့ (ခေါင်းဆောင်တွေရဲ့) အကျိုးစီးပွားနဲ့ သူတို့ကိုယ်စားပြုပါတယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားဟာ တခြားစီပဲလို့ ဆိုနိုင်ပါတယ်။ ဒီတော့ သူတို့ဟာ သက်ဆိုင်ရာလူမျိုးစုပြည် သူတွေကို ကိုယ်စားပြုသူတွေမဟုတ်ပါဘူး။ လူမျိုးအမည်ခံထားရုံနဲ့ ဒီလူမျိုးကို ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ မြန်မာအစိုးရလို့ အမည်တပ်ပြီး ကုလသမဂ္ဂမှာ ပါဝင်နေရုံနဲ့ မြန်မာပြည်တပြည်လုံးက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုသူတွေလို့ မဆိုနိုင်သလိုပေါ့။

သာဓကဆောင်ပြပါမယ်။
ဗိုလ်နေဝင်းရဲ့ မဆလ စစ်အစိုးရက ‘ဆိုရှယ်လစ်’ ဆိုင်းဘုတ်တပ်ပြီး ရှိရှိအမျှ စီးပွားရေး လုပ်ငန်းတွေကို ‘ပြည်သူပိုင်’ သိမ်းခဲ့တဲ့ ၁၉၆၄ ခုနှစ်ကစပြီး ၁၉၈၈ ခုနှစ်အထိ ကာလအတွင်း မှာ မှောင်ခိုဈေးကွက်ကြီး ထွန်းကားခဲ့ပြီး၊ နယ်စပ်ဒေသရဲ့ သွင်းကုန်ပို့ကုန် အခွန်အကောက် တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက နေ့စဉ်သိန်းသန်းနဲ့ချီပြီး ရပါတယ်။ ဒါ့အပြင် စစ်အစိုးရရဲ့ တပ်တွေကလည်း နယ်စပ်အထိ မထိုးဖောက်နိုင်သေးတော့ သစ်ထုတ်လုပ်ရေး လုပ်ငန်း၊ ဓာတ်သတ္တုနဲ့ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းတွေဆီကလည်း မနည်းလှတဲ့ အခွန်အကောက်တွေ ရခဲ့ပါတယ်။ (ခွန်ဆာအဖွဲ့လို အဖွဲ့အစည်းမျိုးကျတော့၊ ဘိန်းကုန်ကူးလို့ ဒီ့ထက်တောင် ဝင်ငွေကောင်းသေးတယ်လို့ သိရပါတယ်) ဒီ လက်နက်ကိုင် အဖွဲ့အစည်းအများစုမှာကလည်း ခေါင်းဆောင်တွေကိုယ်ကျိုးရှာတာ၊ ဥစ္စာဓန ပိုင်ဆိုင်တာကို တရားတယ်လို့ပဲ နားလည်ထားကြလို့ (အင်အားကြီးတယ်ဆိုတဲ့ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်ကြီးက “ဒီကောင်က ကိုယ်ကျိုးမလုပ်ဘူး။ ငါကတော့ ကိုယ်ကျိုးမလုပ်ဘဲ မနေနိုင်ဘူး” လို့ လူပုံအလယ်မှာ ပြောပါတယ်တဲ့) တချို့အဖွဲ့အ စည်းတွေရဲ့ ခေါင်းဆောင်တွေ ချမ်းသာသွားခဲ့ကြတာကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ကြဖူးသူတွေ မှန်သမျှ သိကြပါတယ်။

သူတို့တတွေက စစ်အစိုးရရဲ့ ရန်က ဝေးရာမှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်နေကြတော့ စစ်အစိုးရရဲ့တပ်တွေ ကိုယ့်နယ်မြေထဲ ဝင်လာတဲ့အခါ တိုက်ရုံကလွဲလို့ တတိုင်းပြည်လုံး သွေးစည်းညီညွတ်ပြီး၊ တိုက်ပွဲဝင်ဖို့ စိတ်မဝင်စားခဲ့ကြပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်လိုတဲ့ ဒေသခံပြည်သူအသီးသီးကတော့၊ (အဲဒီ လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ခေါင်းဆောင်မှုမပါဘဲ) တတိုင်းပြည်လုံးရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ တွေမှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ လူမျိုးရေးစကား၊ သွေးခွဲရေးစကားတွေနဲ့ အကြောင်းပြပြီး ရှောင်ဖယ်မနေကြပါဘူး။ ထင်ရှားတဲ့ ဖြစ်ရပ်တွေကတော့၊ တတိုင်းပြည်လုံးမှာရှိတဲ့ ဒေသအသီးသီးပြည်သူတွေ တခဲနက်နဲ့ တက်တက် ကြွကြွပါဝင်ခဲ့ကြတဲ့ (၈) လေးလုံး အရေးတော်ပုံ ဒီမိုကရေစီရရှိရေးတိုက်ပွဲ၊ ၂ဝဝ၇ ခုနှစ် သံဃာလှုပ်ရှားမှုအကြို ကျောင်းသား လှုပ်ရှားမှု၊ သံဃာလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရှားမှုတွေမှာ ဒေသအသီးသီး ပြည်သူတွေ ပါဝင်ခဲ့တာဟာ ဒီအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုတွေနဲ့ ပါဝင်ခဲ့တာ မဟုတ်ပါဘူး။ သံဃလှုပ်ရှားမှုအကြို ကျောင်းသားလူငယ်လှုပ်ရှားမှုကာလမှာ ရှမ်းလူငယ်အဖွဲ့ ခေါင်းဆောင်က ဘီဘီစီနဲ့တွေဆုံမေးမြန်းခန်းမှာ သူတို့လည်း ပူးပေါင်းပါဝင်မယ်။ မိမိတို့အမျိုးသား အပစ်အခတ်ရပ်စဲရေးအဖွဲ့ရဲ့ သဘောထားကို ဂရုစိုက်မနေနိုင်ပါဘူးလို့ ပြောခဲ့တာကိုကြည့်ရင် သိသာပါတယ်။ ဒါ့အပြင် လူမျိုးစုပြည်သူများရဲ့ ရွေးကောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်အမတ်များဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ စီအာပီပီထဲမှာ ပူးပေါင်းပါဝင်ပြီး စစ်အစိုးရကို ဆန့်ကျင်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် စည်းရုံးရေးခရီးစဉ်တလျှောက်လုံးမှာ လူမျိုးစုပြည်သူအသီးသီးက သောင်းသောင်းဖြဖြကြိုဆိုကြတာတွေဟာ အထင်အရှားပါပဲ။

စစ်အစိုးရကို တိုက်ဖျက်ရေး တတိုင်းပြည်လုံးသွေးစည်းရေးကိစ္စမှာ စုစည်းလို့ မရလောက်အောင် ရှောင်ဖယ်ဖယ် လုပ်ခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ (အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ) ဟာ စစ်အစိုးရက သံဃာ့လှုပ်ရှားမှုကို နှိပ်ကွပ်လို့ ကောင်းတုန်းအချိန်မှာလုပ်တဲ့ သံဃာ့လှုပ်ရှားမှု တန်ပြန်ရေး ‘အခြေခံဥပဒေကြိုဆိုထောက်ခံပွဲ’ မှာ တညီတညွတ်တည်း တက်ရောက်ပြီး စစ်အစိုးရအတွက် (ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) အင်အားပြပေးခဲ့ကြပါတယ်။ တချို့ထိပ် သီးခေါင်းဆောင်တွေဆိုရင် မျက်နှာပြောင်ပြောင်နဲ့ စင်မြင့်ပေါ်တက်၊ မိန့်ခွန်းပြောပေးတဲ့အထိ စစ်အစိုးရအလိုကျ လူထုဆန့်ကျင်ရေး လုပ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃာ့လှုပ်ရှားမှုဟာ သူတို့ပြောတဲ့ ‘မဟာဗမာ’ သံဃာတွေ သက်သက်ရဲ့ လှုပ်ရှားမှုမဟုတ်ဘဲ၊ ဘုန်းတော်ကြီးကျောင်းများရှိရာ ဒေသအားလုံးက ရဟန်း သံဃာတော် မှန်သမျှ (ရခိုင်၊ မွန်၊ ရှမ်း၊ ကရင် အစရှိတဲ့ လူမျိုးပေါင်းစုံ ရဟန်းသံဃာတော်များ) ပါဝင်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

ကိုယ်ကျိုးစီးပွားနောက်ကို လိုက်ခဲ့ကြပြီး၊ ပြည်သူလူထုအကျိုးကို ကိုယ့်အကျိုးရဲ့ အစွန်းထွက်လောက်ပဲ သဘောထားတဲ့ တောတွင်းအဖွဲ့အစည်းတွေဟာ ခုတော့ ပြည်သူလူထုရဲ့ စိတ်ရောကိုယ်ပါလိုက်ပါမှု မရှိတော့တဲ့အဆုံးမှာ စစ်အစိုးရရဲ့ ရှေ့မှောက် သဏ္ဌာန်အမျိုးမျိုးနဲ့ ဒူးထောက်နေကြရပါပြီ။ ရှေ့အလားအလာကိုကြည့်ရင် စစ်အစိုးရရဲ့ သူခိုးသေဖော်ညိရာမှာ စစ်အာဏာရှင်ဇာတ်ဝင်တွေ ဖြစ်ကုန်ကြဖို့ပဲ ရှိပါတော့တယ်။ (လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်တုန်းက အပစ်အခတ်ရပ်စဲရေးအဖွဲ့ထဲက အလတ်တန်းအဆင့် ခေါင်းဆောင်တယောက်ကို ကျနော်က “စစ်အစိုးရက အပစ်ရပ်အဖွဲ့တွေကို သူတို့ ဇာတ်ထဲသွင်းဖို့ ကြိုးစားနေပုံရတယ်” လို့ပြောတော့ အဲဒီပုဂ္ဂိုလ်က “ဝင်တောင်ဝင်နေပြီ” လို့ ပြန်ပြောခဲ့ပါတယ်။)

အထက်ပါအချက်တွေကို ခြုံပြီးပြောရရင် တော်လှန်ရေးဆိုတာကိုလုပ်ပြီး ကိုယ်ကျိုးဖက် တယ်ဆိုရင် ကျဆုံးမယ့်လမ်းကို သွားနေတာဖြစ်တယ်။ မိမိတို့ အပြောကြီးပြောခဲ့တဲ့ ရန်သူ့လက်အောက်မှာ ကိုယ်ကျိုးစီးပွားအတွက် ရှိုဝင်၊ ဒူး ထောက်ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ ဘာကိုလိုတယ်ဆိုတာကို စစ်အစိုးရက ကောင်းကောင်းကြီး နား လည်တယ်ထင်ပါရဲ့။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို လက်နက်ကိုင်တိုက်ပွဲ ကာလတုန်းကလို မဟုတ်ဘဲ မြို့ရွာတွေမှာ စီးပွားရေးလုပ်ခွင့်တွေသာမက ဘိန်းကုန်ကူးခွင့်ပါပေးပါတယ်။ အပစ်အခတ်ရပ်စဲရေးမလုပ်တဲ့ အဖွဲ့တွေကိုတော့ စီးပွားရေးလုပ်ခွင့် လုပ်ငန်းလိုက်စင်၊ အခွန်- ဒါကိုတော့ ဆက်ကြေးလို့ ကျနော်ရဲရဲပြောဝံ့ပါတယ်။ ကောက်ခွင့်တွေ ပေးပြီး ခွဲထုတ်စည်းရုံးပါတယ်။ ဒီလိုနဲ့ စစ်အစိုးရက တောထဲက အတိုက်အခံအင်အားစုတွေကို အညှာကိုင်ပြီး ချိုးနှိမ်ပစ်ပါတယ်။ မြို့ပေါ်က အင်အားစုတွေကိုတော့ လက်နက်အားကိုးနဲ့ ထင်သလိုရမ်းကားဖိနှိပ်နိုင်ပြီပေါ့။ ဒါ ကြောင့်လည်း ဒီလက်နက်ကိုင်အင်အားစုတွေဟာ စစ်အစိုးရရဲ့ ကြံရာပါတွေလို့ အထက်မှာ ကျနော်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ ကျဆုံးသွားတာတော့ မဟုတ်ပါ။ စစ်အာဏာရှင်စနစ်က ကျဆုံးရမှာပါ။ ဘယ်သူတွေ သစ္စာဖောက်သွားပါစေ၊ ပြည်သူလူထု ကတော့ ဆက်လက်တိုက်ခိုက်သွားမှာ မုချပါပဲ။ ၁၉၂ဝ ပြည့်နှစ် ဝန်းကျင်က ဝံသာနု လှုပ်ရှားမှုကိုသာ အမှတ်ရစရာဖြစ်ပါတယ်။ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား ပြည်သူ တွေရဲ့ အခွင့်အရေးတွေကို ကျောခိုင်းပြီး ဝံသာနုခေါင်းဆောင်အများစုက ဗြိတိသျှတွေပေးတဲ့ ငါးထောင်စားအမတ် ရာထူးနောက်ကို ငန်းငန်းတက် လိုက်သွားခဲ့ကြပေမယ့် ဝံသာနုတွေ တောင်းဆိုခဲ့တဲ့ ဟုမ္မရူး (ကိုယ်ပိုင်အုပ်ချုပ်ရေး) ထက်တောင် အဆင့်မြင့်တဲ့ အမျိုးသား လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပေါ်လာခဲ့တယ်မဟုတ်ပါလား။

ဒီနေရာမှာ ကျနော်ကြားဖူးတဲ့ ဖြစ်ရပ်တခုကို တင်ပြလိုပါတယ်။ လူလတ်ပိုင်းအရွယ် ပညာတတ်တယောက်ဟာ (၈) လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး တောခိုလာခဲ့ပါတယ်။ သားမယားတွေကို ပစ်ထားခဲ့ရသူပါ။ နဂိုက တော်လှန်ရေးသမားဖြစ်ဖို့ တည်ဆောက်ထား ခဲ့တာ မဟုတ်တော့ တောတွင်းအဖွဲ့အစည်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေရဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ စိတ်ညစ်ပြီး လက်နက်ချသွားခဲ့ပါတယ်။ သူ့ကို စစ်ကြောမေးမြန်းတဲ့ ရန်သူ့ထောက်လှမ်းရေးက သူ့ကို အပေါ်စီးနဲ့ “ခုတော့ ခင်ဗျားတို့ ဘာတတ်နိုင်တော့လဲ” လို့ မေးပါတယ်တဲ့။ ဒီတော့ သူက “အင်းလေ ဒီတပွဲတော့ ကျနော်တို့ ရှုံးသွားပြီပေါ့ဗျာ” လို့ ပြန်ပြောပါတယ်တဲ့။ ပြည်တွင်းကလာတဲ့ သူနဲ့သိသူတယောက်က ပြောပြတာပါ။

သူပြောတာမှန်ပါတယ်။ ရိုးရိုးသားသားနဲ့ ရဲရဲဝန်ခံရမယ်ဆိုရင် ဒီတပွဲ ဒီတကွေ့မှာ ကျနော်တို့ စစ်ရှုံးခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရှိနေသရွေ့ ကျနော်တို့တော်လှန်ရေးက နိဂုံးချုပ်သွားမှာမဟုတ်ပါဘူး။

အမေရိကန်လို အင်အားကြီးနိုင်ငံကြီးရဲ့ ဝင်ရေက်ကယ်တင်ပေးမှုကို မျှော်နေလို့လည်း မရပါဘူး။ အမေရိကန်က အီရတ်အရေးနဲ့တောင် မထွေးနိုင်မအန်နိုင်ဖြစ်နေတာကို အားလုံးအသိပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကြားဝင်ပေးမှုကို အားထားရအောင်လည်း ကုလသမဂ္ဂက (သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်းပြောသလို) သွားမရှိတဲ့ ကျားကြီးပါ။

လက်နက်ကိုင်တော်လှန်ရေးကလွဲလို့ စစ်အစိုးရကို ရှင်းပစ်စရာ တခြားနည်းလမ်းမရှိပါဘူး။ ဒါပေမယ့် တိုင်ပင်း သူပုန်လို သူပုန်မျိုးလောက်တောင်မှ အဆင့်မရှိဘဲနဲ့ ဆက်စခန်းသွားနေ ရင် တိုင်းပြည်နဲ့ ပြည်သူတွေ ဒုက္ခရောက်ရုံပဲရှိမှာပါ။ စစ်မှန်တဲ့ တော်လှန်ရေးတရပ်ကို အတွေး အခေါ်သစ်၊ နည်းလမ်းသစ်တွေနဲ့ ကိုယ်ကျိုးမဖက်ဘဲ ဆက်လက်ဆင်နွှဲ သွားဖို့လိုတာအမှန်ပါ။