7.09.2009

Burma’s News World’s News

US President Obama shares a word with French President Sarkozy during group photo of G8 and G5 leaders in L'Aquila, Italy, 09 Jul 2009
Thu. 09 Jul 2009 1307 UTC

G8, Developing Countries Discuss Trade, Climate

Leaders agree on need for completing stalled Doha round of world trade talks by next year

Full Story »

Police and civilians stand at the scene of a car bombing near Mosul, northwest of Baghdad, Iraq, 09 Jul 2009

Explosions in Iraq Kill, Wound Dozens Audio Clip Available

Violence targets Tal Afar, near Syrian border, Baghdad's Sadr City, just over a week after US troops pulled out of Iraqi towns and cities

Heavily-armed special police officers face off a crowd of Uighur residents after they staged a protest in Urumqi, capital of Xinjiang Uighur Autonomous Region, China, 07 Jul 2009

China's Urumqi Returning to Normal, Following Bloody Violence Audio Clip Available

Demonstration Sunday turned violent and deadly, after mostly minority Uighur Muslim protesters clashed with Chinese security forces

People stand around the crater caused by a bomb blast in the Mohammad Agha district on the main road from Kabul to the Logar province, Afghanistan, 09 Jul 2009

Bomb in Afghanistan Kills 25

Afghan official says a truck bomb in central Afghanistan has killed at least 25 people, including at least 12 school children

A banner depicting US Pres. Barack Obama and Ghanaian Pres. John Atta Mills, in Accra, Ghana, 09 Jul 2009

Ghana Police Say Security Ready for Obama Visit

Officials say 10,000 police officers to handle security during visit of US President


G8 leaders after 'family' photo
UN Secretary General Ban Ki-moon criticises the G8 countries for not doing enough to combat climate change.

At least 42 people are killed in bomb attacks in Iraq, the deadliest day since US troops withdrew from Iraqi towns.

Rhino poaching around the world is set to reach a 15-year high as demand for the animals' horns grows, conservation groups warn.





NEWS ANALYSIS

The Junta Hit Men

By SAW YAN NAING
The Democratic Karen Buddhist Army (DKBA) is killing their own people for junta money.

UN Chief Says He's a Man of Results not Rhetoric

By EDITH M LEDERER
Midway through his five-year term, UN Secretary-General Ban Ki-moon says he isn't concerned that he's not a household name.

Suu Kyi Denied Access to News

By WAI MOE
Burma's detained pro-democracy leader is denied access to keep a radio—only way to keep in touch with national and world events—during her time in Rangoon’s Insein Prison.

Many Die as Landslide Sweeps through Jade-mining Area

By LAWI WENG
At least 30 people have died in a massive landslide that swept away homes, blocked roads and cut communications in Burma’s northern Kachin State.

North Korea Suspected in Cyber Attacks in US

By KELLY OLSEN
North Korea has been identified by South Korea's main spy agency as a suspect in the cyber attacks targeting government and other Web sites in the US and South Korea.

Did Foreign Pressure Make Ship Turn Back?

By LALIT K JHA
Did pressure from Burma’s neighbors play a role in making the Kang Nam 1 return to North Korea?

Aung San Suu Kyi meets legal team refuses comment on Ban visit

Burma’s detained opposition leader Aung San Suu Kyi has refused to comment on the just concluded visit of United Nations Secretary General Ban Ki-moon, after she was briefed by...

Ban lifted on some tea products

Some tea products, which were banned earlier, were given clearance certificate by Burma’s Food and Drug Administration (FDA), it was learnt on Thursday. “We have given clearance certificates,...

Thai PM proposes visit to Burma

Thailand’s Prime Minister Abhisit Vejjejiva proposes to visit neighbouring military-ruled Burma later this month, sources in the Thai Ministry of Foreign Affairs said. The PM, according to...

၂၀၀၉ နိုင်ငံရေးစစ်တမ်း (အပိုင်း - ၅ )


ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
ကြာသပတေးနေ့၊ ဂျူလိုင်လ 09 ရက် 2009 ခုနှစ် 14 နာရီ 09 မိနစ်

ဗျူဟာ ပေါ်လစီ စမ်းစစ်ချက်

ကျနော်တို့ မြန်မာတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု အားနည်းချက်တခုမှာ “မူ” သို့မဟုတ် ပေါ်လစီထက် “လူ” ကို ခင်တွယ်တာ “ပို” ကြတယ်။ ဒါကြောင့် ဒေါ်စုက အကြမ်းမဖက်တဲ့ ဝါဒ Non-Violence ကို ဦးစားပေးတယ်ဆိုတာနဲ့ လူတိုင်း အကြမ်းမဖက်တဲ့ ဝါဒီတွေ ဖြစ်ကုန်ကြရော။ ဒေါ်စုနဲ့ ပတ်သက်တယ် ထင်ရင်ပဲ “ရလဒ်” ကို မဆန်းစစ်ချင်ကြတော့ဘူး။ အကြမ်းမဖက်တဲ့ ဝါဒဆိုတာ ခံယူချက်၊ ပေါ်လစီ မဟုတ်ပါ။

အကြမ်းမဖက်တဲ့ ဝါဒအပေါ် အခြေခံပြီး စေ့စပ်ရေးလမ်းကြောင်း ပေါ်လစီကို ဖော်ဆောင်ရာမှာ ကုလသမဂ္ဂ ယူအင် - UN ကိုချည်း အားကိုးနေ၍ မရနိုင်ပါဘူး။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုနဲ့ ဖိအားပေး၊ ကုလသမဂ္ဂက လုံခြုံရေး ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးမယ်ဆိုပြီး ရာဇသံပေးလို့ နအဖ ဗိုလ်ချုပ်တွေကို စည်းဝေးဝိုင်းအတွင်း ဆွဲခေါ်ဖို့ ကြိုးစားခဲ့ကြတာ အနှစ် ၂၀ ရှိပြီပဲ။

ပေါ်လစီ ဖော်ဆောင်မှုမှာ အားနည်းတာလား၊ ပေါ်လစီကိုယ်တိုင်က အားနည်းတာလား၊ ဆိုတာကို ဘယ်သူကမှ ဆန်းစစ်ဖို့ သတိမရှိခဲ့ကြဘူး။

နအဖ က “အချိန်” ကို ရတဲ့နည်းနဲ့ ဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် သုံးခဲ့တာ အနှစ် ၂၀ ကြာတော့ “လူ” တွေလည်း ခြေကုန်လက်ပန်းကျ၊ တိုင်းပြည်လည်း မွဲသထက်မွဲ၊ မြန်မာပြည်သားတွေလည်း တကမ္ဘာလုံး ပြန့်ကြဲကုန်၊ နိုင်ငံရေးသမား အများစုဟာလည်း ထောင်ထဲရောက်ကုန်ပြီ။

နအဖ ဗိုလ်ချုပ်တွေကတော့ အလှည့်ကျနည်းနဲ့ တိုင်းပြည် သယံဇာတတွေကို ရောင်းစားရင်း ချမ်းသာကြွယ်ဝပြီး၊ မြန်မာစစ်တပ်ဟာ ကြီးထွားလာရုံမက အနုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေးအတွက် ကြိုးပမ်းလျက်ရှိတယ်။

နအဖ က ပြည်တွင်း အတိုက်ခံတွေကို အနိုင်ကိုင်နိုင်ပြီလို့ ယူဆပုံရတယ်။ နောက်တဆင့် ရေနံနဲ့ ဓာတ်ငွေ့ကရတဲ့ ငွေတွေနဲ့ စစ်အင်အားကို ချဲ့ကာ ဒေသဆိုင်ရာ စစ်အင်အားကြီးနိုင်ငံ ဖြစ်ရအောင် ချီတက်လျက်ရှိတယ်။

မကြာခင် အနှစ် ၂ဝ အတွင်းမှာ စစ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေသာမက အရှေ့တောင်အာရှ ဒေသတခုလုံးကိုပါ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ပါလိမ့်မယ်။ အားလုံးအတွက် ပြဿနာ ဖြစ်လာပါလိမ့်မယ်။

ဒေါ်စုရဲ့ ပြဿနာ

ကျနော့်အမြင်အရ ဒေါ်စုကို ထိပ်တန်းကို တင်ပို့လိုက်တာ ဒေါ်စုရဲ့ သတ္တိနဲ့ ဒီမိုကရေစီ ယုံကြည်ချက်အပြင် အကြမ်းမဖက်တဲ့ဝါဒ Non-Violence ကို ထိပ်တန်းတင်လာတဲ့အတွက် အနောက်နိုင်ငံက တက်ကြွလှုပ်ရှားသူတွေ Activists တွေ အကြိုက် ဖြစ်သွားတယ်။ ဒါကြောင့် နိုဘယ်ဆုရအောင် ဝိုင်းထမ်းတင်ပေးလိုက်ကြတယ်။ ဒီဆုကြီးကြောင့် ကိုင်ထားတဲ့ ဝါဒကို ပစ်ပယ်လို့ မရတော့ဘူး။ ဒီနည်းနဲ့ နအဖ ကို တိုက်လို့မရကြောင်း သိရင်တောင် ဒီလမ်းက သွေဖည်ဖို့ အခက်ဖြစ်နေတယ်။ Activists ဆိုတာ တာဝန်ယူမှု မရှိဘူး။ အရွေးခံရတဲ့ နိုင်ငံရေးသမားတွေနဲ့ ပေါ်လစီကိုင်သူ Policy makers တွေရဲ့ တာဝန်ကိုး။

ဒေါ်စုက ဘာသာရေးကြည်ညိုစိတ် ပြင်းပုံရတယ်။ ဂျပန်က ပညာရှင်တယောက်က ဒေါ်စုနဲ့ အင်တာဗျူးလုပ်ပြီး ပြန်ရေးပြထားတဲ့ အထဲမှာ ဒေါ်စုဟာ ဘာသာရေးနဲ့ ကြည့်ပြီး “ အမှန်တရား” က “ မကောင်းမှုအမှား” ကို ကျော်လွှား အနိုင်ယူမယ်လို့ မြင်ပုံရတယ်လို့ သုံးသပ်ထားတယ်။ လက်တွေ့မှာ အာဏာနဲ့ စည်းစိမ်အတွက်ဆိုရင် “ဘာသာ” လည်း မရှိ၊ တိုင်းပြည်နဲ့ လူမျိုး ချစ်စိတ်လည်း မရှိ၊ တိုင်းပြည်ကို ရောင်းစားရမှာလည်း မကြောက်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကို “အမှား”၊ “အမှန်” တခုထဲနဲ့ အနိုင်ယူဖို့၊ မေတ္တာသစ္စာနဲ့ပဲ အနိုင်ယူဖို့ဆိုတာ လက်တွေ့ကျပါ့မလားလို့ မေးစရာရှိတယ်။

စတာလင်တို့၊ မော်စီတုံးတို့ဆိုတာ အာဏာအတွက် ကိုယ့်လူမျိုးတွေကို သန်းပေါင်း ဆယ်ဂဏန်းမက သတ်ခဲ့ကြတဲ့ လူသတ်ကောင်တွေပဲ။ ဒါပေမဲ့ အာဏာလက်ကိုင် ဘဝနဲ့ သေဆုံးသွားကြတော့ သူရဲကောင်းတွေအဖြစ် သေသွားကြပြီး အခုမှ ရာဇဝင်က တဖြည်းဖြည်း ဖော်လာကြရတာပဲ။ အာဏာရှင်ဆိုတာ ဆန့်ကျင်ရုံနဲ့မရ တော်လှန်မှ ရတာကိုး ။ မော်စီတုံးပြောသွားသလို အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်ဆိုတာကို တရုတ်တွေဆီက နအဖ ဗိုလ်ချုပ်တွေက လက်ခံ ဆည်းပူးထားပုံရတယ်။

ဒေါ်စုဟာ စိတ်ကောင်း ရှိလွန်းတယ်။ မိခင်စိတ် ရှိလွန်းတယ်။ ဒါကြောင့် မရက်စက်ချင်ဘူး။ ဖြစ်နိုင်ရင် ခွင့်လွှတ်ချင်တယ်။ ဒိအပြင် ကိုယ့်လူငယ်တွေကို ရက်ရက်စက်စက်၊ ပြတ်ပြတ်သားသား မစွန့်လွှတ် မစတေး ရက်ဘူး။

စိတ်ကောင်းရှိတဲ့  အကြမ်းမဖက်တဲ့ ဝါဒကို ယုံကြည်မှုပြင်းတဲ့ ဒေါ်စုကို ကျနော် နားလည်တယ်။ သူ အနာခံ ဆန့်ကျင်ပြတာကို ကျေးဇူးလည်း တင်တယ်။ အမေရိကားမှာ သမ္မတကြီး ငြင်းဆိုခွင့် Plausible Deniability ရှိအောင် တခါတရံ သမ္မတကို တမင်အသိမပေးဘဲ အောက်က လုပ်ရတာတွေ ရှိတယ်။ ဒီလိုပဲ ဒေါ်စုကို ဒီမိုကရေစီ ပုံရိပ်အဖြစ် လူတွေ တက်ကြွလာအောင် နှိုးဆော်ပေးနိုင်တဲ့ ခေါင်းဆောင် Inspirational-Leader အဖြစ် ထိပ်မှာတင်ထားပြီး၊ မလုပ်မဖြစ်တဲ့ Grass-Root အောက်ခြေလူတန်းစား စည်းရုံးရေးနဲ့ အင်အား တည်ဆောက်ဖို့က ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ မြင်မိတယ်။ ဒီ “အင်အား” နဲ့ တောခြောက်ပြီး၊ အဖြေရှာပြီးတော့မှ ထိပ်မှာနောက်ဆုံး ညှိနှိုင်းဆွေးနွေးကြရင် ကျနော်တို့ခေါင်းဆောင် ဒေါ်စုပဲ “အဖြေရှာ” ရမှာပဲ။ ဒါကြောင့် နောက်ဆုံးပန်းတိုင်ကို ဒေါ်စုသာ လျှောက်နိုင်ပါတယ်။ Only Daw Suu can walks the last mile လို့ ကျနော် အခါခါ ရေးပြခဲ့တာပေါ့။

“အင်အား” မတည်ဆောက်နိုင်သရွေ့၊ တောမခြောက်နိုင်သရွေ့၊ အနောက်နိုင်ငံတွေက ဟန်ဆောင်ခြိမ်းခြောက်လိုက်၊ လိုအပ်ရင် တရုတ်နဲ့ ရုရှားက ဗီတိုနဲ့ ဟန့်တားလိုက်၊ နအဖ က အတိုက်အခံ ဟူသမျှကို ဖမ်းပြီး နှစ်ရှည်လများ ထောင်ထဲမှာ ထည့်ထားလိုက်နဲ့ အချိန်ကိုဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် အသုံးပြုပြီး ကိုမင်းကိုနိုင်တို့လည်း နှစ် ၆ဝ ကျော်၊ ဒေါ်စုလည်း နှစ် ၈ဝ ကျော် ရောက်ကုန်မယ်။ ကျနော်တို့ အားလုံး သဘာဝ တရားအရ တဖြည်းဖြည်း ခန္ဓာကြွေကုန်ကြမယ်။

စိတ်ဓာတ်ကျစရာမဟုတ် အရှိကို အရှိအတိုင်း မြင်တတ်ဖို့သာ လိုပါတယ်။

လက်ရှိအခြေအနေမှာ အတိုက်အခံဟာ ‘အားနည်းတယ်’။ ဒါကို စိတ်ဓာတ်ကျစရာ မလိုပါ။ ဘာကြောင့် အားနည်းသလဲဆိုတာကို ကြည့်မြင်တတ်ရင် ဘယ်လို ‘အားရှိ’ အောင် လုပ်မလဲဆိုတာကို ‘အဖြေ’ ရှာရမယ်။ End Game ဆိုတဲ့ နောက်ဆုံး ရည်မှန်းချက်က ဘာလဲဆိုတာကို သိရမယ်။ သိမှ ‘ဗျူဟာ’ ကို ပြင်ချင်ရင်ပြင်၊ ဖြည့်စွက်ချင်ရင် ဖြည့်စွက်ပေါ့။ ‘လိုချင်’ တဲ့ စိတ် ရှိဖို့ လိုတယ်။ လိုလျှင်ကြံဆ နည်းလမ်းရတာပေါ့။

နိုင်ငံရေးသမားဆိုတာ

မြန်မာ့လွတ်လပ်ရေးသမိုင်းကစလို့ ဒီကနေ့အထိ မြန်မာ့နိုင်ငံရေးသမိုင်းကို ကြည့်ရင် နိုင်ငံရေးသမား တွေ၎င်း၊ နိုင်ငံရေးကို စိတ်ဝင်စားသူတွေ အများစုဟာ ပြဿနာတခုဖြစ်ရင် ဝုန်းဆို ကောက်ရိုးမီးလို ထတောက်ကြပြီး၊ စိတ်အလိုလိုက်တတ်ကြတယ်။ ရေတက်နေတဲ့ အချိန်မှာ ဆူကြပူကြ ဖြစ်ကြပြီး၊ သွေးအေးသွားရင် ဖုတ်ဆို ပြုတ်ကျ၊ စိတ်ဝင်စားမှု မရှိကြတော့ဘူး။ အထူးသဖြင့် စိတ်လှုပ်ရှားမှုဖြစ်ပြီး၊ စိတ်အလိုလိုက် Emotional ဖြစ်တတ်ကြတယ်။ လူအုပ်များလာရင် လူအုပ်စိတ်ဓာတ် Mob Mentality ဝင်လာပြီး တယောက်ယောက်က ထအော်လိုက်ရင် “ဟေ့လာ … မောင်ရိုးဝါး” ဆိုပြီး ထလိုက်သွားတတ်ကြတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေဟာ ဖရိုဖရဲနဲ့ လူအုပ်နောက် ပါသွားတတ်ကြတယ်။ တနည်းအားဖြင့် နိုင်ငံရေးသမား အများစုဟာ သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်ပြီး အစီအစဉ် “ပလင်” ကောင်းကောင်းနဲ့ တဆင့်ပြီး တဆင့်၊ ခြေလှမ်း တချက်ပြီး တစ်ချက် ခြေလှမ်းညီညီ မလှမ်းတတ်ကြဘူး။ ဒါက နိုင်ငံရေးသမားတွေရဲ့ (အားနည်းချက်)ပဲ။

ဒါကြောင့် နိုင်ငံရေးသမားတွေတွေးပုံက လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲ အတင်းဝင်၊ အတင်းတက်၊ အတင်းအော်ကြပေါ့။

စစ်သားဆိုတာ

စစ်သားဆိုတာက စစ်သား ‘စ’ ဖြစ်တဲ့နေ့မှာပဲ ‘လွတ်လပ်ခွင့်’ ကို တံခါးပေါက်မှာ ထားခဲ့ရပြီ။ ခိုင်းတာလုပ်၊ စေရာသွား၊ ပြန်မပြောနဲ့ဆိုတဲ့ သံမဏိစည်းကမ်းကို လိုက်နာရပြီ။ ရောမခေတ်ကတည်းက စစ်သားဆိုတာ ‘စုစည်းမှုအဖွဲ့’ နဲ့ အားယူတာပဲ။ တဦးချင်းမဟုတ်၊ အဖွဲ့နဲ့ တိုက်ရတာကိုး။ တပ်စု တပ်စိပ် တပ်ခွဲ တပ်ရင်း တပ်မဟာ တပ်မ တပ်မအုပ်စု တပ်မတော်ဆိုပြီး ‘အစု’ နဲ့ တိုက်တာ။

စစ်သားဆိုတာ စစ်ပွဲမဖြစ်ခင်ကတည်းက Battle-Plan လို့ခေါ်တဲ့ စစ်ပွဲအစီစဉ် (Plan) ရှိတယ်။ Logistic လို့ ခေါ်တဲ့ ထောက်ပံ့မှုတွေကို ဖြည့်ဆည်းထားရမယ်။ Training လို့ ခေါ်တဲ့ ပြင်ဆင်မှုသင်တန်းတွေ ရှိရတယ်။ Reinforcement လို့ ခေါ်တဲ့ တပ်ဖြည့်မှုတွေကို နားလည်ရတယ်။ Intelligence လို့ ခေါ်တဲ့ ကြိုတင်ထောက်လှမ်းပြီး ရန်သူ့သတင်း ရှိနေရမယ်။ Objective လို့ ခေါ်တဲ့ မိမိသိမ်းပိုက်ရမယ့် ရည်မှန်းချက်၊ ဗျူဟာ Strategy ။ နောက်ဆုံး ဆုတ်ရရင် Exit-Strategy ဆိုတဲ့ ထွက်ပေါက်တွေ အားလုံးကို စဉ်းစားထားရမယ်။ ဒါ စစ်ဗိုလ်ချုပ်တိုင်း မသိမဖြစ်သိရမယ့် အခြေခံအချက်တွေပဲ၊ စစ်ပညာအရင်းခံပဲ။ ဒါကြောင့်စစ်ဗိုလ်တွေရဲ့ အားသာချက်က ခေါင်းအေးအေးနဲ့ အစီအစဉ် (Plan) နဲ့ တိုက်တတ်တဲ့ အကျင့်ရှိတယ်။ စိတ်ထဲပေါ်တဲ့အတိုင်း စိတ်ဆွဲဆောင်ရာနောက် မလိုက်နိုင်၊ လိုက်ခွင့် မရှိပါ။

စစ်ပွဲအစီအစဉ် ရှိပြီးတာတောင် မလုံလောက်သေးပါ။ War Games လို့ ခေါ်တဲ့ ၂ ဖက် ၂ သင်း ဖွဲ့ပြီး၊ တိုက်ကြည့်ရပါတယ်။ ဒါမှ Logistic လိုအပ်ချက်တွေ၊ ဗျူဟာ Strategy ရဲ့ အားနည်းချက်၊ အားသာချက်တွေ ‘ပေါ်’ လာပြီး ပြင်နိုင်တယ်။ စစ်ပွဲတပွဲမှာ ရန်သူအငိုက်မိအောင် လျှပ်တပြက် တိုက်နိုင်တာဟာ အရေးအကြီးဆုံးပဲ။ ဒါကြောင့် ဘယ်ခြောက်ခါ ညာလှမ်းဆိုသလို တဖက်ကို ဟန်ပြပြီး၊ ပရိယာယ်သုံးရတာကို ကောင်းကောင်း နားလည်ရတယ်။ အင်္ဂလိပ်လိုတော့ Deception ဆိုတာပေါ့။

စစ်ပွဲတခုမှာ Logistic (ထောက်ပံ့ရေး) မနိုင်ဘဲ အောင်မြင်ဖို့ သိပ်ခက်တယ်။ ဒါကြောင့် စစ်ဗိုလ်ဖြစ်တာနဲ့ Logistic အကြောင်း နားလည်ရပါတယ်။ ထိုနည်းတူစွာပဲ Professional လို့ ခေါ်တဲ့ တကယ်အလုပ်လုပ်ဖူးတဲ့ အတတ်ပညာရှင် ဖြစ်လာရင် Logistic ကို အရင်မေးကြတာပဲ။ လက်ရှိ စစ်အစိုးရကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးသမား အများစုဟာ တာဝန်ကြီးကြီးယူရတဲ့ Responsible အလုပ်တွေ မလုပ်ဖူးကြဖူးဘူး (အထူးသဖြင့် ပြည်ပရောက်နေသူတွေပါ)။ လက်တွေ့ အတွေ့အကြုံ မရှိကြဘဲ၊ တသက်လုံး ‘အော်’ လာကြတော့ ‘လိုချင်’ တာပဲ သိကြတယ်။ ‘လိုအပ်’ တာကို နားမလည်ကြဘူးလို့ မြင်မိတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး ‘ပြည်ပ’ မှာ ကျင်လည်နေကြတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးကြည့်ကြပါ။ ‘အရေးကြီးပြီဟေ့’ ဆိုတာကို တွင်တွင်ပြောကြပါလိမ့်မယ်။ ဘာအရေးကြီးတာလဲ၊ ဘာတွေ ‘လို’ သလဲ၊ ဘာတွေ ‘ပြင်’ ထားရမှာလဲ၊ ဘယ်လို ‘အောင်ပွဲ’ ခံမှာလဲ၊ ‘တိုက်ကွက်’ က ဘာလဲ၊ ‘ဆုတ်ကွက်’ က ဘာဆိုတာ မပါကြဘူး။ တယောက်ယောက်က အရေးကြီးပြီဆို အားလုံးက သံယောင်လိုက်ပြီး အရေးကြီး ကုန်ကြရော။ ကြာတော့ တကယ် အရေးပေါ်လာတာတောင် လူအများစုက မယုံတော့ဘူးပေါ့။ ဒါ လက်တွေ့ပကတိ ဖြစ်ရပ်ပါ။

နိုင်ငံရေးသမားတွေရဲ့ အားသာချက်က Diversity လို့ ခေါ်ရမယ့် လူပေါင်းစုံ ပါဝင်ခွင့်ရတဲ့အတွက် ဘက်ပေါင်းစုံက ကြည့်တတ်တယ်။ ဒါကြောင့် တိုင်းပြည်ထူထောင်တဲ့ (Day-2) လုပ်ငန်းတွေကျတော့ ပုံမှန် အံဝင်ခွင်ကျ ဖြစ်တယ်။ တော်လှန်ရေးကာလ (Day-1) ကာလမှာကျတော့ ဒီ Diversity က အားနည်းချက် ဖြစ်လာနိုင်တယ်။

စစ်ဗိုလ်မှာ ၃ မျိုး ၃ စား ရှိတယ်။ ရှေ့တန်းမှာ စစ်တိုက်တော်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်ကျော်ဇောတို့၊ ဂျာမန်ဗိုလ်ချုပ် ရွမ်းမဲလ်၊ အမေရိကန်ဗိုလ်ချုပ် မက်အာသာတို့လိုပေါ့။ စစ်တပ်ရဲ့ လိုအပ်ချက်ကိုသိပြီး၊ စစ်တပ်ကို ထူထောင်နိုင်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်မောင်မောင် (ဆိုရှယ်လစ်)၊ အမေရိကန်ဗိုလ်ချုပ် မာရှယ်တို့လိုပေါ့။ ရှေ့တန်းက ဗိုလ်ချုပ်တွေ အောင်ပွဲခံနိုင်အောင် ဒီဗိုလ်ချုပ်တွေက ထူထောင်ဖြည့်ဆည်းပေးရတာ။ နောက်ဆုံးကတော့ နိုင်ငံရေးနားလည်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်နေဝင်းနဲ့ အမေရိကန်ဗိုလ်ချုပ် ကောလင်းပါဝဲလ်တို့လိုပေါ့။ ဒီဗိုလ်ချုပ်တွေက နိုင်ငံရေးကို နားလည်လိုက်စားပြီး စစ်တပ်ထူထောင်ဖို့ ငွေနဲ့ အခွင့်အရေးတွေရအောင် နိုင်ငံရေးသမားတွေနဲ့ ပလူးပြီး၊ စစ်တပ်ဘတ်ချက်အတွက် ‘ငွေ’ ရှာရတဲ့ နိုင်ငံရေး ဗိုလ်ချုပ်တွေပေါ့။

ဒီမိုကရေစီ မတည့်တံ့သေးတဲ့ နိုင်ငံတိုင်း စစ်တပ်ရဲ့ အာဏာသိမ်းမှု အန္တရာယ်နဲ့ ကြုံတွေ့ရတတ်တယ်။ မြန်မာနိုင်ငံမှာ ကွန်မြူနစ်တွေ တောခိုတော့ ပြည်တွင်းစစ်ကြောင့် စစ်တပ်ရဲ့နေရာနဲ့ အရှိန်က ပိုကြီးထွားလာတာပေါ့။ တရုတ်ဖြူအန္တရာယ်ကြုံရတော့ စစ်တပ်ရဲ့ အရှိန်က ကြီးသထက် ကြီးလာတာပေါ့။ လွတ်လပ်ရေး တိုက်ပွဲကာလမှာ နိုင်ငံရေး အကွက်မြင်ပါတယ်ဆိုတဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ သခင်သန်းထွန်းစတဲ့ နိုင်ငံရေးသမားတွေကိုကျော်ပြီး ဗိုလ်ချုပ်နေဝင်းဟာ ဘာကြောင့် မြန်မာနိုင်ငံရေးကို အုပ်စီးနိုင်ခဲ့သလဲ။ နိုင်ငံရေးပရိယာယ် ကြွယ်တာချင်း တူကြရင်တောင် စစ်သားဆိုတာက စိတ်ရှည်တယ်။ ကြိတ်ကြံထားတဲ့ အစီအစဉ်တွေ ရှိတယ်။ ပရိယာယ်နဲ့ လှည့်ဖြားမှု Deception ရှိတယ်။ နိုင်ငံရေးသမားတွေကို လှည့်ကစားပြီး ကိုယ့်လက်ကို ကိုယ်မပြခဲ့ဘူး။ ဒါကြောင့် ဦးနုက ၁၉၆၂ ခုနှစ် အာဏာသိမ်းခံရတဲ့ ညမှာ ဗိုလ်နေဝင်း သိရဲ့လား၊ ဗိုလ်နေဝင်း သိရင် ပြီးမှာပဲဆိုပြီး စိတ်ချလက်ချ အိပ်ပျော်သွားတာပေါ့။ ဗိုလ်နေဝင်းက အစောကြီး နိုင်ငံတော်ဘဏ္ဍာနဲ့ ရေကြည်အိုင်မှာ နိုင်ငံရေးသမားတွေကို ထိန်းသိမ်းဖို့ လုံးချင်းအိမ်တွေ ကြိုဆောက်ထားတာ ဦးနု မသိလိုက်ဘူး။ အချိန်ယူပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးမှ ခေါင်းအေးအေးနဲ့ အနိုင်ယူသွားတာ။ နိုင်ငံရေးသမားတွေလို Emotion စိတ်ဆန္ဒစောတာ မပါဘူး။ ဒါ့ကြောင့် အစီအစဉ် Plan မရှိတတ်တဲ့ စိတ်ဆန္ဒနောက် လိုက်တတ်တဲ့ နိုင်ငံရေးသမားတွေကို အစီအစဉ်နဲ့ စည်းကမ်းရှိတဲ့ စစ်ဗိုလ်ချုပ်က အာဏာသိမ်းနိုင်ခဲ့တာ။

နိုင်ငံရေးသမားတွေ (တွေးပုံ) (တွေးနည်း) ကို ကောင်းကောင်း နားလည်ပြီး၊ ကြိုတင်ပြင်ဆင်နိုင်တာ ဗိုလ်ချုပ်နေဝင်းရဲ့ (အားသာချက်) ပဲ။

အခု စစ်တပ်အုပ်စိုးတဲ့ ခေတ်မှာ တော်လှန်ရေးသမားတွေကလည်း စစ်ဗိုလ်ချုပ်တွေ တွေးသလို၊ တွေးနိုင်ရမယ်။

နိုင်ငံရေး လှုပ်ရှားမှု၊ နိုင်ငံရေး တိုက်ပွဲကို စစ်ပွဲတပွဲ တိုက်သလို နိုင်ငံရေး စစ်ပွဲသဏ္ဌာန် တိုက်နိုင်ရမယ်။

ဒီလိုတိုက်နိုင်ဖို့ နိုင်ငံရေးသမားတွေဟာ စစ်ဗျုဟာနဲ့ စစ်သားစိတ်ဓာတ်၊ စစ်သားဉာဉ်ကို လေ့လာဆည်းပူးသင့်တယ်။

မော်စီတုံးဟာ စစ်ဗိုလ်ချုပ် မဟုတ်ပေမဲ့ စစ်ဗျူဟာကို ကောင်းကောင်း နားလည်တဲ့ နိုင်ငံရေးသမားပဲ။ ချူအင်လိုင်း၊ တိန်လျှောက်ပိန်တို့လည်း စစ်ဗျူဟာကို နားလည်တဲ့၊ စစ်တပ်ကို ထိန်းချုပ်ရတဲ့ နိုင်ငံရေး ကွန်မင်ရှင်နာ Political Commissioners တွေပဲ။ ခရူးရှက်လည်း ထိုနည်းလည်းကောင်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း လိုအပ်လို့ စစ်တိုက်ရတဲ့ နိုင်ငံရေးသမားပဲ။ စစ်ဗိုလ်တွေတောင် နိုင်ငံရေး နားလည်နိုင်ရင် နိုင်ငံရေးသမားတွေကတော့ ဘာကြောင့် စစ်ဗျူဟာ နားမလည်နိုင်ရမှာလဲ?

ဒါပေမဲ့ ခက်တာက လက်ရှိ စစ်တပ်ကို တော်လှန်ဖို့ ကြိုးစားနေကြတဲ့ လူအများစုက စစ်တပ်အကြောင်း စိတ်မဝင်စားကြဘူး။ စိတ်ဝင်စားတယ်ဆိုတဲ့ လူတချို့ကလည်း ဗိုလ်ချုပ်သန်းရွှေနဲ့ မောင်အေး အားပြိုင်နေကြတယ်၊ ဘယ်သူကတော့ ဒေါ်ကြိုင်ကြိုင့်လူ၊ ဘယ်သူနဲ့ ဘယ်သူ မတဲ့ဘူးဆိုတဲ့ ‘အတင်း’ နဲ့ ‘အဖျင်း’ နောက် လိုက်ကြတာ များတယ်။ တပ်မတော် ဖွဲ့စည်းပုံက ဘယ်လို၊ ထိပ်က ဗိုလ်ချုပ်တွေ ‘အာဏာ’ ကို ဘယ်နည်းနဲ့ ထိမ်းချုပ်ထားတာလဲ။ စနစ် System က ဘယ်လို၊ Form ပုံသဏ္ဌာန်က ဘယ်လိုဆိုတာကို အရေးမထားကြဘူး။

မြန်မာတွေထဲမှာ စနစ်တကျ သတင်းစုဆောင်းတဲ့ Source သတင်းဆုံချက် မရှိဘူး။ ရလာတဲ့သတင်းကို စိတ်ခံစားမှုမပါဘဲ ရှိတဲ့ Data သတင်းသက်သက်နဲ့ ယှဉ်ပြီး အရှိကို အရှိအတိုင်း ဝေဖန်သုံးသပ်နိုင်တဲ့ ဝေဖန်သုံးသပ်နိုင်သူ Analyst မရှိဘူး။ အမှန်တကယ် ကြည့်တတ်ရင် Direct Source လို့ ခေါ်တဲ့ တိုက်ရိုက် သတင်းပေးနိုင်သူ မရှိဘူး။ နအဖ ဗိုလ်ချုပ်တွေက သတိရှိတယ်။ ဘယ်သူမှ အဝင်မခံဘူး။ သူတို့နောက်လိုက်တွေ၊ ကပ်ဖားနေတဲ့ စီးပွားရေးသမားတွေ ပြောတာကို တဆင့်ခံကြားပြီး ပုံကြီးချဲ့ကြည့်နေကြတာ။ အင်္ဂလိပ်လို့ Proxy လို့ ခေါ်ပါတယ်။ တိုက်ရိုက်သိတာ တယောက်မှ မရှိပါ။ တဆင့်စကား တဆင့်ပွားပြီး လူတတ်ကြီးတွေ လုပ်နေကြတာပဲ။ နအဖ ဘက်က တမင်လုပ်ကြံပြီး ‘အပင်း’ ထည့်တာတွေကလည်း ခဏခဏပဲ။ တကြိမ်က လက်ရှိ နိုင်ငံရေး လှုပ်ရှားနေတဲ့ အရေးပါတဲ့ နိုင်ငံရေးသမားတယောက်က Brigadier General ဗိုလ်မှူးချုပ်ဟာ Major General ဗိုလ်ချုပ်ထက် ရာထူးကြီး ပါတယ်ဆိုပြီး အတင်းငြင်းတယ်။ ကျနော် ဘာပြန်ငြင်းရမှန်းမသိ ဖြစ်ခဲ့ရတယ်။ နိုင်ငံရေး လှုပ်ရှားသူတွေကြားမှာ စစ်တပ်နဲ့ဆိုင်တဲ့ နားလည်မှု၊ လေ့လာမှု၊ စိတ်ဝင်စားမှု ချို့ယွင်းနေသေးတယ် ဆိုတာကို သိစေချင်တာပါ။

နအဖ ဘက်က ဒေါ်စုကို အသေးစိတ် လေ့လာထားတယ်။ ဒေါ်စုရဲ့ တွေးပုံတွေးနည်း၊ ဒေါ်စုရဲ့ စိတ်ဓာတ် အနေအထား Psychological Profile၊ ဒေါ်စုရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသေအချာ လေ့လာပြုစုထားတယ်။ ဒါ့အပြင် National Defense College လို့ ခေါ်တဲ့ ဗိုလ်ချုပ်ဖြစ်မယ့် သူတွေကို ရွေးပြီး၊ မွေးထုတ်ပေးတဲ့ အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ NLD ကို ဘယ်လိုရင်ဆိုင်မလဲ၊ NLD အားသာခဲ့ရင် ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို စစ်ပွဲတိုက်ပွဲသဏ္ဌာန် War Game လုပ်ကြတယ်။ နအဖ က စစ်သားတွေပီပီ စစ်ပညာရှင် ရှင်စူး Shin Tsu ပြောခဲ့တဲ့ Know thy Enemy သင့်ရန်သူအကြောင်းကို သိပါစေ ဆိုတာကို မမေ့ဘူး။ အတိုက်အခံကို ရင်ဆိုင်ဖို့ ရန်သူနဲ့ စစ်တိုက်ရသလို သဘောထားဆက်ဆံ၊ ကြိုတင်ပြင်ဆင်ထားတယ်။

ကျနော်တို့ အတိုက်အခံတွေဘက်က ဘယ်နှယောက်များ စစ်တပ်အကြောင်း စိတ်ဝင်စားလို့ လေ့လာထားတာ ရှိကြသလဲ ပြန်မေးကြည့်ကြပါ။ လက်တဖက်နဲ့ ရေနိုင်ပါတယ်။ ဒီလူနည်းစုထဲမှာပဲ ဘယ်နှယောက်က အတင်းနဲ့ အဖျင်းကို သတင်းနဲ့ မရောဘဲ စနစ်တကျ စိတ်ဖြာသုံးသပ်နိုင်ပါသလဲ။ ဘယ်ဟာက ‘အတင်း’၊ ဘယ်ဟာက ‘သတင်း’ ဆိုတာ ကို ခွဲစိတ်နိုင်ကြရဲ့လား။ ဗိုလ်ချုပ်သန်းရွှေရဲ့ တွေးတောပုံတွေးတောနည်း၊ ဘယ်ဟာကို အလေးပေးတယ်၊ ဘယ်ဟာကိုတော့ အရေးမပေးဘူး။ သူ့ရဲ့ Psychological-Profile ဘယ်လို ဆိုတာတွေကို ပြုစုထားကြသလား။ ဗိုလ်ချုပ်သန်းရွှေနဲ့ တိုက်ရိုက်ဆက်ဆံဖူးတဲ့သူ ဘယ်နှစ်ယောက်နဲ့ ဆွေးနွေးဖူးကြသလဲ။ သံတမန်တွေဆီက ကြားတဲ့ စကားနဲ့ တဆင့် Proxy တွေက ပြောတာတွေကိုပဲ နားစွင့်ပြီး ပုံကြီးချဲ့နေကြရတယ် မဟုတ်လား။ တခါတခါ အချင်းချင်း လွှင့်လိုက်တာကပဲ သတင်းဖြစ်ပြီး ပြန်လည်လာတယ် မဟုတ်လား။

ဒါကြောင့် အတိုက်အခံတွေကြားမှာ ဖြစ်ချင်တဲ့ စေတနာနဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ငပေါကြီး၊ ဗိုလ်ချုပ် မောင်အေးက ‘ငမူး’ ဒီ နှစ်ယောက် အားပြိုင်နေကြတယ်။ စသဖြင့် စိတ်ကူးယဉ် ပုံရိပ်ဖော်ခဲ့ကြတယ်။ ကိုယ့်ရှူးကိုယ်ပတ်ပြီး ဗိုလ်ချုပ်သန်းရွှေရဲ့ ပကတိအနေအထားကို ယုတ္တိကျကျ မမြင်ချင်တော့၊ မမြင်တတ် ကြတော့ဘူးပေါ့။ ဒါကြောင့် သန်းရွှေကြီးတော့ ကြောက်နေပြီ။ သန်းရွှေကြီး ဒုက္ခတွေ့နေပြီဆိုပြီး ဖြစ်ချင်တာကို စိတ်ခံစားမှု Emotion နဲ့ ရောပြီး ယုံလိုက်ကြ၊ ကောက်ချက်ချလိုက်ကြတော့ ရန်သူကို အရှိကို အရှိအတိုင်း မမြင်ကြဘဲ၊ ပြင်ဆင်မှု မလုပ်ခဲ့ကြ။ နောက်ဆုံး တိုက်ပွဲဖြစ်တိုင်း ကိုယ့်ဘက်က အဆင့်သင့်မဖြစ်ကြဘဲ အခွင့်အရေးတွေ ဆုံး၊ အချိန်တွေကုန်ပြီး တိုင်းပြည်နဲ့ လူမျိုးလည်း ‘စစ်ကျွန်’ ဘဝက မလွတ်ဘဲ၊ မွဲသထက် မွဲကုန်ကြတာပေါ့။

ကျနော့်အမြင်ကို တင်ပြရရင် ဗိုလ်ချုပ်သန်းရွှေဟာ ‘ငပေါ’ မဟုတ်ပါ။ ပညာတတ် အတွေးအခေါ်ရှိတဲ့ ‘လူတော်’ လည်း မဟုတ်ပါ။ တိုင်းပြည်ကိုချစ်တဲ့ ‘မျိုးချစ်’ လည်း မဟုတ်ပါ။ ဒါပေမဲ့ အာဏာမက်တဲ့၊ အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့၊ အာဏာကို ထိန်းနိုင်တဲ့ ‘အာဏာရှင်’ သက်သက်ပဲ ဖြစ်တယ်။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်စစ်ဆင်ရေးကို အတွေ့အကြုံရှိတဲ့ လူတွေ့ရဲ့ စိတ်ဓာတ်ကို နားလည်တဲ့၊ လမ်းပေါ်က တိုက်ပွဲအကြောင်းကို နားလည်တဲ့ Street Smart လူလည်တယောက်ပဲ။ ဗျုဟာ Strategy ကို နားလည်တဲ့ ဗျုဟာမှူးကောင်း Good Strategist လို့ ပြောလို့ရနိုင်တယ်။

ဗိုလ်ချုပ်သန်းရွှေဟာ သူ့အာဏာတည်မြဲရေးအတွက် အာဏာရှင်တိုင်း ကျင့်သုံးရမယ့် Manipulation & Exploitation by power ဆိုတဲ့ အာဏာသုံးပြီး လူတွေကို ဘယ်လို အသုံးချရမယ်၊ ကြိုးကိုင်ရမယ် ဆိုတာကို ကောင်းကောင်း သိတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နည်းပရိယာယ်နဲ့ အာဏာရှင်ကျမ်းကို ကျေခဲ့ပုံရတယ်။ ကိုယ့်အင်အားမရှိခင် ရေမြွေလို ငြိမ်နေပြီး အဆိပ်ရှိတာ မပြနဲ့၊ ပိုင်မှ တချီထဲ ထပေါက်လိုက်တာ။ ဗိုလ်ချုပ် ခင်ညွန့်ကို ‘ဝ’ အောင် အသုံးချပြီး၊ ဗိုလ်ချုပ်နေဝင်းကိုတောင် ပြန်ကိုင်နိုင်တာ ငပေါ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်ရန်သူတွေက ကိုယ့်ကို လျှော့တွက်အောင် အထင်သေးအောင် ‘နေ’ နိုင်တာ ‘ပညာရပ်’ တခုပဲ။

အာဏာရှင်စနစ်မှာ အာဏာရှင်မှန်ရင် အဓိကဟာ အမြဲသတိရှိရမယ်၊ အမြဲစောင့်ကြည့်နေရမယ်၊ နှိပ်ကွပ်စရာရှိရင် လက်မနှေးရဘူး၊ ရက်စက်နိုင်ရမယ်။ စတာလင်သော်၎င်း၊ မော်စီတုံးသော်၎င်း တိုင်းပြည် အုပ်ချုပ်ရေးနဲ့ ထူထောင်ရေးကို အချိန်ပြည့် အလေးထားကြတာမှ မဟုတ်တာ။ ဒါက ချူအင်လိုင်းရဲ့ တာဝန်။ ယဉ်ကျေးမှု တော်လှန်ရေးမှာ မော် ဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှ အကုန်မသိဘူး။ အကုန်မပြော။ အားလုံးအန္တရာယ်ရှိအောင် ‘လုပ်’ ထားပြီး တဖက်နဲ့တဖက်၊ တယောက်နဲ့တယောက် ‘အားပြိုင်’ ခိုင်ထား။ ‘အလုပ်’ ပေးထားတာ။ ဒါမှ အာဏာ လုဖို့၊ ကြံဖို့ အချိန် မရှိအောင် လုပ်ထားတာ။ မော့် အစီအစဉ်ကို မော် တယောက်ပဲ သိတာ။ မော်ဟာ သူ့လူတွေကို အချိန်ပြည့် စောင့်ကြည့်နေတာ။ လူတိုင်းကိုလည်း အတွေ့မခံ၊ တွေ့ချင်ရင် ခွင့်တောင်းနေရတာ။

ဗိုလ်ချုပ်သန်းရွှေကို လေ့လာရင်လည်း ဗိုလ်ချုပ်တွေဟာ တွေ့ချင်တိုင်း ဗိုလ်ချုပ်သန်းရွှေကို မတွေ့ရပါ။ ‘ခေါ်’ မှ တွေ့ရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကြည့်ရင်လည်း ဘယ်သူမှ ဘာ ‘လုပ်’ မယ်ဆိုတာ တိတိကျကျ မသိကြပါ။ ဟိုဝန်ကြီးကို တမျိုးခိုင်း၊ ဒီဝန်ကြီးကို တမျိုးခိုင်း၊ ဒီဗိုလ်ချုပ်ကို မျက်နှာသာပေးလိုက်၊ ဟိုဗိုလ်ချုပ်ကို မျှော်လင့်ချက်ပေးလိုက်နဲ့ အချင်းချင်း ပြိုင်ခိုင်းထားတာပါ။ အာဏာကို နားမလည်တဲ့ ဗိုလ်ချုပ်ဆိုရင် အကွက်မှားတာနဲ့ ‘နာ’ ပြီသာ မှတ်ပေတော့။ ၂ဝ၁ဝ ရွေးကောက်မှာ ဘာဖြစ်မယ်ဆိုတာ ဗိုလ်ချုပ်သန်းရွှေပဲ သိတယ်လို့ ကျနော် ယူဆတယ်။

ဗိုလ်ချုပ်သန်းရွှေ ‘မှား’ တဲ့ အကွက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီအမှားတွေကိုလိုက် ‘နင်း’ ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှု မရှိတာကတော့ ကျနော်တို့ အတိုက်ခံတွေရဲ့ ‘အားနည်း’ ချက် သက်သက်ပဲ။ ဒါကြောင့် ‘အတို’ ချုပ်ရရင် -

* ရန်သူကို နားလည်ပါ Know your Enemy
* ရန်သူ တွေးသလို၊ တွေးပါ
* စစ်ပွဲတပွဲလို (ပြင်ဆင်) ထားပါ
* စစ်သား (တွေး) နည်းကို သိပါစေ
* စစ်သားဖြစ်မှတော့ လူသတ်ရမှာကို မကြောက်တာကြောင့် စိတ်ပုတီးဆွဲပြီး တိုက်၍ မရပါ
* စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ချင်ရင် ‘အနိုင်’ ယူရမှာကို လက်တွန့်၍ မရပါ
* ပြင်ဆင်မှု ရှိကြပါစေ
* နိုင်ငံရေးတိုက်ပွဲကို စစ်ပွဲတပွဲအဖြစ် မြင်ကြ၍ ဗျူဟာ ရှိပါစေ

မြန်မာ့သတင်း ကမ္ဘာ့သတင်း

United Nations Security Council (file photo)

မြန်မာနိုင်ငံရေး နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ခေါ်ယူဆွေးနွေးဖို့ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က တောင်းဆိုနေပါတယ်။

Group of Eight (G8) leaders pose for a family photo at the summit in L'Aquila, central Italy, 08 Jul 2009

US President Barack Obama, left, is greeted by Italian PM Silvio Berlusconi at G8 summit in L'Aquila, Italy, 08 Jul 2009

ဗိုလ်စံပြုံးကို ဘယ်သူလုပ်ကြံသလဲ

ဗိုလ်စံပြုံးကို ဘယ်သူလုပ်ကြံသလဲ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်မဟာ ၇ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စံပြုံး လုပ်ကြံခံရမှု နှင့် ပတ်သက်ပြီး ထိုင်းမြန်မာ နယ်စပ်ဒေသတွင် အမျိုးမျိုး

ပိတ်ဆို့မှု သက်တမ်းတိုးရန် အမေရိကန်တွင် တောင်းဆို

မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှု ဥပဒေကို ထပ်မံ သက်တမ်းတိုးရန် တောင်းဆိုချက်များသည် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သို့ ရောက်ရှိနေပြီ

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အပြင်ထွက်ခွင့်ရ
မင်းနိုင်သူ / ၉ ဇူလိုင် ၂၀၀၉
“ဦးတေဇတို့၊ ဇေကမ္ဘာဦးခင်ရွှေတို့လို စီးပွားရေးသမားကြီးတွေလည်း လာမေးကြတယ်လေ။ ဦးခင်ညွန့်ရောက်လာတော့ အားလုံးအပြင်ထွက် ပေးကြရတယ်။ ဒါပေမယ့် ဦးခင်ညွန့်နဲ့ သူ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ တို့ကို မြင်လိုက်....” အပြည့်အစုံသို့
မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရိုက်စနစ်သစ် သုံးမည်

NEJ / ၉ ဇူလိုင် ၂၀၀၉ “မြို့နယ်အသီးသီးမှာ ဖွင့်ထားတဲ့ ကြေးနန်းရုံးတွေရှိရာ စာတိုက်စခန်းတွေအနက် အင်တာနက် တပ်ဆင်ထားပြီးသား ရုံးတွေက တရုံးနဲ့တရုံး အီးမေးလ် .....”အပြည့်အစုံသို့
ရန်ကုန်တွင် မိုးရာသီ၌လည်း လျှပ်စစ်မီးအပြည့်အ၀မရ

NEJ / ၉ ဇူလိုင် ၂၀၀၉ “ကျနော်သိသလောက် ပြောရရင် အရင်နှစ်တွေတုန်းကလည်း အချိန်ပိုင်းနဲ့ မီးပေးခဲ့ပေမယ့် မိုးရာသီမှာတော့ မီးလာချိန်များ တယ်။ မိုးရေတွေရတော့ ရေအားလျှပ်စစ်နဲ့ ....”အပြည့်အစုံသို့
တပ်တွင်းက နေရာယူမှု ပြဿနာနဲ့
ဆက်ဆံရေး အခက်အခဲများ


ဗိုလ်ထက်မင်း / ၉ ဇူလိုင် ၂၀၀၉
ယနေ့ခေတ်အချိန်မှာ ဗျူဟာမှူးဆိုတဲ့ ဗိုလ်မှူးကြီးအဆင့်မှာ ယခင်ကလို ရာထူးတက်လမ်း မလွယ်ကူတော့ဘဲ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးများဖြစ်တဲ့ တပ်မမှူး၊ တိုင်းမှူးရာထူးတွေကို တက်နိုင်ဖို့အတွက် အမြောက်အမြား ရှိနေတဲ့ ဗျူဟာမှူးများအကြားက ခက်ခက်ခဲခဲ ထိုးဖောက် ထွက်ရတဲ့ အနေအထားကို..... အပြည့်အစုံသို့

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ သွားရောက်ရန် ကမ်းလှမ်း

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝက မြန်မာနိုင်ငံသို့ ယခုလနှောင်းပိုင်းတွင် သွားရောက်လည်ပတ်ရန် ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြော ...

ထိုင်း-မြန်မာနယ်စပ်၌ အနေအထားသစ်တရပ် ပေါ်လာ

ကရင်အမျိုးသား အစည်းအရုံး - KNU ၏ အခြေခံ စခန်းများကို ပြီးခဲ့သည့် လအတွင်း တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်နှင့်...

နိုင်ငံရေးအကျဉ်းသားမဵား လွတ်မြောက်ရေး လန်ဒန်အနုပညာပွဲမှာ တောင်းဆို

နာဂစ်မုန်တိုင်းဒဏ်သင့် လယ်သမားအချိုႚ စိုက်ပျိုးစရိတ် ချေးငွေရဖိုႛခက်ခဲနေ

ထောင်တွင်း ဆိုဆန္ဒပြရန် ကြိုးပမ်းသူလေးဦးကို ဗန်းမော်ထောင်သိုႛ ပြောင်းရွှေႚ

လမ်းတံတားဂိတ်ကြေးများပြား၍ ကားသမားများ အခက်တွေႚ



7.08.2009

Burma’s News World’s News


US President Barack Obama, left, is greeted by Italian Prime Minister Silvio Berlusconi at the G8 summit in L'Aquila, Italy, 08 Jul 2009
Wed. 08 Jul 2009 0907 UTC

World Leaders Meet for G8 Summit in Italy

G8 leaders are expected to focus on the global economic recession and at what point the economy is stable enough to stop major stimulus spending

Full Story »

Heavily-armed special police officers face off a crowd of Uighur residents after they staged a protest in Urumqi, capital of Xinjiang Uighur Autonomous Region, China, 07 Jul 2009

China's President Skips G-8 Summit to Deal with Xinjiang Unrest

State Councilor Dai Bingguo now will represent China at the gathering of the world's leading industrialized nations

Indonesian presidential candidate and current President Susilo Bambang Yudhoyono salutes during a press conference at his residence in Cibubur, on the outskirts of Jakarta, Indonesia, 08 Jul 2009

Indonesia's Early Count Gives President Yudhoyono Majority Vote Audio Clip Available

Sample tallies from polling stations across Indonesia say President Yudhoyono won 52 percent of the vote, which would be enough to prevent a run-off election

Cybercrooks -- and even pedophiles -- can and do break into computer conversations far more easily than they intrude into physical homes.  And the consequences can be ruinous

US, S. Korean Government Web Sites Targeted in Cyber Attack Audio Clip Available

Reports are emerging in South Korean media that intelligence officials suspect North Korea may have had a hand in the disruption

Soldiers on a sidewalk in downtown Tegucigalpa, 07 Jul 2009

Honduran Rivals Agree to Mediation Talks

Announcement comes after Manuel Zelaya met with US Secretary of State Hillary Clinton in Washington


US drone
At least 40 people are killed in a suspected US attack in NW Pakistan, officials say, as it steps up its fight against militants.

China's riot-torn city of Urumqi is now under control and those guilty of murder will be executed, local officials say.

Some 70,000 construction workers in South Africa go on strike, halting work on stadiums for the 2010 World Cup.

Indonesian President Set for Re-election

By NINIEK KARMINI
Indonesians voted Wednesday in their country's second direct presidential election, and early ballot counts showed the incumbent would likely win a single-round victory.

Burmese Refugee Numbers Swell in Thailand

By CAROLINE STAUFFER
As the 50,000th Burmese refugee to be resettled abroad recently left Thailand for the United States, thousands of others fled their military-ruled homeland to seek shelter under tarps and in temples along the Thai-Burmese border.

Meeting with Ban “Unsatisfactory”: NLD

By SAW YAN NAING
NLD leaders had little time to meet with Ban Ki-moon and do not blame him for failure.

US Expresses Concern over Burma

By LALIT K JHA
The US Department of State reiterates the call for progress towards democracy in Burma.

Burma Rebuilding Uneven After Cyclone

By JOHN HEILPRIN
As the UN helicopter skimmed above the placid Irrawaddy Delta, Burma's military junta was putting the final touches on its showcase village.

Philippine Bombings Halt UN Food Distribution

By OLIVER TEVES
A spate of deadly bombings has prompted the United Nations to suspend food distribution to hundreds of thousands of people displaced by fighting in the southern Philippines.
Suspected North Korean Ship Returns Home
By ARKAR MOE
Japan aims to tighten sanctions as suspected North Korean vessel is thought to have docked in North Korea on Monday.

India to repatriate second batch of Rohingya to Bangladesh

India is set to repatriate 150 Rohingya boat people, who have been stranded on the Andaman Island for nearly six months, following a green signal from Bangladesh saying,...

Htoo Co. negotiates for mobile services of Myanmar Telecom

The management rights of mobile phone services of the Burmese government operated Myanmar Telecom is being negotiated for transfer to the powerful Htoo company,...

Editorial, Opinion and Analysis

‘SOS BURMA,’ time for UN to do the right thing

(Commentary) Unlike in the past visit, this time there was no real expectation that the United Nations General Secretary’s visit to Burma would change anythin...


Two new FM radio channels soon

Two new FM radio channels will begin broadcasting in Burma as of August, according to sources from the Music Association and FM stations. The FM radio stations in operation now...

Die Hard’ spirit of 7-July; Burmese activists vow to march ahead

Burmese activists and Indian supporters on Tuesday reiterated their call to the Indian government to stop supporting Burma’s military regime and instead support the movement for,...

Air Mandalay to resume Int’l flight in August

Air Mandalay, one of Burma’s private airlines, is set to resume international flights between Burma’s former capital Rangoon and Thailand’s northern city Chiang Mai in August,...

India urged to stop helping Burmese junta

The Indian government has been exhorted to stop helping the Burmese military regime by student leaders and journalists from Northeast Indian states, who in a show of solidarity,...

နိုင်ငံရေးဘေးလွယ်အိတ်များ သတိထား

ကျော်ဗလ ၈ ဇူလိုင် ၂၀၀၉

၆၀ ခုနှစ်များ ၀န်းကျင်မှာ စာအုပ်အဟောင်းဆိုင်တဆိုင်ကရခဲ့တဲ့ ဆရာကြီး မှော်ဘီဆရာသိန်းရဲ့ ‘အရူးလွယ်အိတ်’ ဆိုတဲ့ စာအုပ်တအုပ် ဖတ်ခဲ့ရဖူးပါတယ်။ ‘အရူးလွယ်အိတ်’ ဆိုတဲ့ နာမည်က ဆန်းနေတာနဲ့ သိချင်လို့ ဖတ်ကြည့်မိတာပါ။ ‘အရူးလွယ်အိတ်’ လို့ ဆရာသိန်းက နှိမ့်နှိမ့်ချချ ခေါင်းစီးတပ်ထားပေမယ့် တကယ်က ဗြုတ်စဗျင်းတောင်း သောင်းပြောင်း အကြောင်းအရာတွေ မဟုတ်ပါဘူး။ ဆရာသိန်းရဲ့ ‘ပါးစပ်ရာဇ၀င်’ စာအုပ်ထဲကလို လူထုကြားထဲက ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတွေ လူထုစကားလုံး၊ လူထုအသုံးအနှုန်း စကားပုံတွေရဲ့ အဓိပ္ပာယ်နဲ့ နောက်ခံကားတွေကို ရှင်းပြထားတဲ့ ဗဟုသုတဟင်းလေးအိုး စာအုပ်မျိုးပါ။ ဒါကြောင့် ‘အရူးလွယ်အိတ်’ ဆိုပေမယ့် စာဖတ်သူတွေအတွက် ပညာလည်းရ၊ အကျိုးလည်းရှိတဲ့ စာအုပ်တအုပ်ပါ။

ဒီနေ့မြန်မာပြည် နိုင်ငံရေးလောကမှာ ‘အရူးလွယ်အိတ်’ လို့ ပြောရလောက်တဲ့ ဗြုတ်စဗျင်းတောင်း သမား တွေတော့ သိပ်မရှိလှပါဘူး။ ဒါပေမယ့် ‘နိုင်ငံရေးဘေးလွယ်အိတ်’ သမားတွေတော့ အတော် သတိထားစရာ ကောင်းအောင်ကိုပဲ များပြားနေပါပြီ။ တကယ်တော့ လွယ်အိတ်ဆိုတာ ကိုယ့်ရှေ့မှာ ထားလို့လည်းမရ၊ နောက်ကျောဘက်ပို့လို့လည်း မဖြစ်တော့ ဘေးတိုက်ပဲ လွယ်ပိုးထားကြရတတ်ပါတယ်။ ဒီလို ‘ဘေးလွယ်အိတ်’ မျိုး ပိုးပြီး ခရီးသွားကြရပြီဆိုရင် တခါတရံမှာ သွားလာလှုပ်ရှားရတာ မလွတ်လပ်၊ ရံဖန်ရံခါ ကန့်လန့်ဖြတ် ခံနေတတ်လို့ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ အတားအဆီးဖြစ်မှုတွေ ကြုံရလေ့ရှိပါတယ်။

ဒါကြောင့်လည်း ‘ဘေးလွယ်အိတ်’ ဆိုတဲ့ အသုံးအနှုန်းဟာ လူထုကြားထဲမှာ နာမည်ပျက်နေရတာပါ။ ရှေ့ကလည်း မသွားရဲ၊ နောက်မှာလည်း မနေချင်၊ ဘေးတိုက်ကနေ ပေကပ်လိုက်ကာ အနှောင့်အယှက်ပေး အဟန့်အတား ပြုတတ်ကြသူမျိုးတွေကို ‘ဘေးလွယ်အိတ်’ လို့ ခေါ်တတ်ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သာမန်လူမှုရေးကိစ္စတွေမှာ ‘ဘေးလွယ်အိတ်’ လုပ်နေတာ ထိခိုက်နစ်နာ မှု သိပ်မကြီးမားလှပါဘူး။ ဒါပေမယ့် ‘နိုင်ငံရေးဘေးလွယ်အိတ်’ တွေ လုပ်နေကြပြီ ဆိုရင်တော့ တိုင်းပြည်နဲ့ လူထုသာမက အရေးတော်ပါ ထိခိုက်နစ်နာမှု ကြီးမားတတ်တာဖြစ်လို့ သတိထားဖို့ လိုပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးတွေ သမိုင်းမှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

၁၉၄၇ ခု နှစ်ဦးက မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် အရေးဆိုဆွေးနွေးဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလကိုယ်စားလှယ်အဖွဲ့ လန်ဒန်ကိုသွားကြတော့ ‘နိုင်ငံရေးဘေးလွယ်အိတ်’ နှစ်လုံး ပါသွားခဲ့ ပါတယ်။ သခင်ဗစိန်နဲ့ ဦးစောတို့ နှစ်ဦးပါပဲ။

သူတို့နှစ်ယောက်ကို ဖဆပလ ဗဟိုဦးစီးအဖွဲ့က ရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က ရည်ရွယ်ချက်ရှိရှိ သူတို့နှစ်ဦးကို ကိုယ်စားလှယ်အဖွဲ့ထဲမှာ ရွေးချယ်ထည့်သွင်းခဲ့တာပါ။ ဘုရင်ခံရဲ့ အဓိကရည်ရွယ်ချက်က မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ဖဆပလခေါင်းဆောင်တွေသာမက ဖဆပလကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမား ဘုရင်ခံအလိုတော်ရိ နိုင်ငံရေးသမားတွေကိုပါ ထည့်သွင်းပြီး မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ရေးအထိ မပေးရအောင် ကြိုးပမ်းဖို့ပါပဲ။ ဒီလိုရည်ရွယ်ချက်တွေရှိခဲ့လို့လည်း ပြည်ပက ပြန်ရောက်လာခဲ့တဲ့ သခင်ဗစိန်နှင့် ဦးစောတို့ကို ဖဆပလတွေကြီးစိုးနေတဲ့ ဘုရင်ခံကောင်စီထဲမှာ ၀န်ကြီးနေရာပေးပြီး ဘုရင်ခံက လူမွေးခဲ့တာဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုကို ဦးဆောင်မှုပေးခဲ့တဲ့ ဒို့ဗမာအစည်းအရုံးကြီး ပြိုကွဲအောင် ဂိုဏ်းခွဲထောင်ခဲ့တဲ့ သခင်ဗစိန်နဲ့ ကိုလိုနီနန်းရင်းဝန်ဟောင်း ဦးစောတို့ နှစ်ယောက်ကို ‘ဘေးလွယ်အိတ်’ အဖြစ်သုံးဖို့ ဘုရင်ခံက ရွေးချယ်ခဲ့တာ အလွန်မှန်တယ်လို့ ဆိုရမှာပါပဲ။

ဇန်န၀ါရီလ (၂၇) ရက်နေ့ လန်ဒန်မှာ ‘အောင်ဆန်း-အက်တလီ’ စာချုပ် လက်မှတ်ရေးထိုးကြတဲ့အခါ ပုဂ္ဂိုလ်နှစ်ယောက်ကလွဲလို့ ကိုယ်စားလှယ်အားလုံးကပဲ သဘောတူထောက်ခံကြောင်း ပါဝင်လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးကတော့ ‘ဘေးလွယ်အိတ်’ အဖြစ် တလျှောက်လုံး ကန့်လန့်တိုက်လိုက်ပါခဲ့တဲ့ သခင်ဗစိန်နဲ့ ဦးစောတို့ပါပဲ။

သူတို့နှစ်ဦးရဲ့ ‘ဘေးလွယ်အိတ်’ အစွမ်းအစ သတ္တိပြမှုက လန်ဒန်မှာတင် ပြီးဆုံးရပ်တန့်သွားကြတာ မဟုတ်ပါဘူး။ ဗမာပြည် ပြန်ရောက်လို့ အောင်ဆန်း-အက်တလီစာချုပ်အရ ဘုရင်ခံကောင်စီဝန်ကြီးအဖွဲ့ ပြန်လည်ဖွဲ့စည်းတဲ့အခါ သခင်ဗစိန်နဲ့ ဦးစောတို့ နှစ်ယောက်လုံး ၀န်ကြီးအဖြစ်မှ နုတ်ထွက်သွားခဲ့ကြပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ ဖွဲ့စည်းပုံရေးဆွဲဖို့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်း သခင်ဗစိန်နဲ့ ဦးစောတို့ နှစ်ယောက်စလုံးက သတ္တိပြောင်ပြောင်နဲ့ ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။ နောက်ဆုံး နှိုင်းယှဉ်ချိန်ထိုးကြည့်ကြမယ်ဆိုရင်တော့ ရူးသွပ်မိုက်မဲတဲ့နေရာမှာ ဦးစောက သခင်ဗစိန်ထက် ပိုမိုသာလွန်တယ် ဆိုရပါလိမ့်မယ်။ ဇူလိုင်လ (၁၉) ရက်နေ့မှာ အစည်းအဝေးထိုင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၀န်ကြီးအဖွဲ့တဖွဲ့လုံးကို ဦးစောရဲ့ လက်မရွံ့ တပည့်ငမိုက်သားများက ရက်စက်အတင့်ရဲစွာ လုပ်ကြံသတ်ဖြတ်ခဲ့ ကြပါတယ်။ ခါးသီးနာကြည်း နောင်ကြဉ်စရာကောင်းလှတဲ့ သမိုင်းသခင်ခန်းစာများက ‘နိုင်ငံရေးဘေးလွယ်အိတ်’ များရဲ့ အန္တရာယ်ကို သက်သေထူ ညွှန်ပြခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ရွှေဂုံတိုင်ကြေညာစာတမ်းထွက်လာတော့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေ နှစ်ထောင်းအားရများစွာ ၀မ်းသာကြရပါတယ်။ ဌာနချုပ်မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းစည်း၊ မြို့နယ်စည်းတွေကိုယ်တိုင် ကွန်ဖရင့်လက္ခဏာဆောင်တဲ့ အစည်းအဝေးကြီးမှာ တက်ရောက်ပါဝင်ဆွေးနွေးကြ၊ ဆုံးဖြတ်ချက်တွေချကြနဲ့ဆိုတော့ (၆) နှစ်ကျော် နိုင်ငံရေးအရ သေနေခဲ့တဲ့ ပါတီဟာ ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့ပြီဆိုပြီး ကျေနပ်အားရ ကြည်နူးဝမ်းမြောက် ခဲ့ကြရပါတယ်။ ရှေ့ဆက်ပြီး ပါတီဟာ မှန်ကန်တဲ့ ပေါ်လစီမူဝါဒတွေကို ဆုပ်ကိုင်ပြီး လူထုကို စည်းရုံးခေါင်း ဆောင် သွားလိမ့်မယ်။ ပါတီဝင်တွေကို ပြန်လည်စုစည်းပြီး အရေးတော်အတွက် အဖွဲ့စည်းအဆင့်ဆင့်တို့ တိုးမြှင့်တည်ဆောက် လှုပ်ရှားကြတော့မယ်လို့ များစွာ အားထားမျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် မျှော်ပင်မျှော်လည်း မထူးဆိုတာမျိုးလိုပါပဲ။ ရွှေဂုံတိုင်ဌာနချုပ်ဟာ တလကြာလည်း မလှုပ်၊ နှစ်လကြာလည်း ငုတ်တုတ်ဆိုတာလို အရင်အတိုင်း နိုင်ငံရေးအရ ပြန်သေသွားတာတွေ့လာပြန်တော့ အားမလို၊ အားမရနဲ့ တဖန် စိတ်မကောင်း ပြန်ဖြစ်ကြရပါတယ်။ ဒီဌာနချုပ်ဟာ အခမ်းအနားလုပ်တာနဲ့ ကြေညာချက် ထုတ်တာကလွဲရင် ဘာနိုင်ငံရေးလှုပ်ရှားမှုကိုမှ စိတ်မ၀င်စားသလို ခံစားနေခဲ့ကြရပါတယ်။ အရင်အတိုင်းပဲ ပွဲပြီးမီးသေ အေးအေးဆေးဆေး ပြန်ဖြစ်နေကြပြီလို့ ထင်စရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ထုံးစံအတိုင်း ကျင်းပနေကျ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နှစ်ပတ်လည်အခမ်းအနားမှာ ပါတီအခြေအနေ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မနေနိုင်မထိုင်နိုင် စူးစမ်းမေးမြန်းမိပါတယ်။ ဌာနချုပ်ခေါင်းဆောင်တယောက်က တော့ အခြေအ နေကို အခုလို ရှင်းပြပါတယ်။

ရွှေဂုံတိုင်ကြေညာစာတမ်းနောက်ပိုင်းမှာ ဌာနချုပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ မြင်သလောက်တော့ ခေါင်းဆောင်ပိုင်းကို ဆွေးနွေးတင်ပြကြည့်ပါတယ်ဗျာ။ ဒါပေမယ့် ထောက်ခံတယ်လို့လည်း မကြိုဆို၊ ကန့်ကွက်တယ်လို့လည်း ပယ်မချ၊ ဘာဆွေးနွေး ဆုံးဖြတ်ချက်မှလည်း မရှိနဲ့ ဒီအတိုင်း ပေထိုင်နေကြတာပဲဗျ။ ကျနော်တို့က အခြေအနေတောင်းဆိုမှု ထက် အများကြီးနောက်ကျနေပြီ။ ဒီလိုနဲ့ပဲ ပါတီလည်း ရေစုန်မျော တော့မလား မသိပါဘူး။ ဒီလိုရှင်းပြတော့လည်း အခြေအနေမှန်ကို ပိုမိုသဘောပေါက်ရ ပိုမိုစိတ်ပျက်စရာ ကောင်းရပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပျက်နေလို့ မဖြစ်သလို ပါတီလည်း ရေစုန်မျောလို့ မဖြစ်ပါဘူး။ ပါတီမျောရင် ဒီမိုကရေစီရေးလည်း မျောမှာဖြစ်သလို ပြည်သူတွေလည်း ဒုက္ခပင်လယ်ဝေနေကြရဦးမှာ အသေအချာပါပဲ။

- ဒီလိုမဖြစ်စေချင်ရင် ဘာလုပ်သင့်တယ် ထင်ပါသလဲ။
* ရိုးရိုးလေးပါပဲ ပါတီကို နိုင်ငံရေးအရ နိုးကြားရှင်သန်လာအောင် လုပ်ပေးကြရမှာပါ။

- နိုင်ငံရေးအရ ပါတီရှင်သန်နိုးကြားလာအောင် ဘယ်လိုလုပ်ကြမလဲ။
* ရှင်းရှင်းလေးပါပဲ။ အရင်ဆုံး ခေါင်းဆောင်မှုကို ထကြွလှုပ်ရှားလာအောင် နိုင်ငံရေးအရ လှုပ်နှိုးပေးကြရမှာပါ။ ခေါင်းက မလှုပ်ရင် ကိုယ်ကလည်း လှုပ်မှာမဟုတ်ပါဘူး။ ခေါင်းတွဲက ဘာကြောင့် မလှုပ်ရှားသေးတာလဲ။ ကြည့်ရတာ ရုံပိုင်က ခရာမတုတ် အလံမလှုပ်သေးလို့နဲ့ တူပါတယ်။

တချို့ခေါင်းဆောင်တွေမှာ ‘ပါတီတရားဝင် ရပ်တည်ခွင့်ရရေးဟာ အရေးကြီးဆုံးဖြစ်တယ်’ ဆိုတဲ့ အစွဲမျိုးရှိနေကြပုံပါပဲ။ ဒါကြောင့် ‘ပါတီတရားဝင် ရပ်တည်ခွင့်’ အတွက် နအဖရဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိဘူးလို့ ယုံကြည်ယူဆနေခဲ့ကြပုံရပါတယ်။ တကယ်တော့ ဒါဟာ စိတ်ကူးယဉ်တာပါ။ နအဖက NLD ပါတီကို သေဒဏ်ချမှတ်ထားပြီးသားပါ။ အခြေအနေ အချိန်အခါကောင်းကို စောင့်နေတာပါ။

ဒီလို စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းပေးနေရတာလည်း အဓိက အကြောင်း (၂) ချက်ကြောင့်ပါ။ တချက်က NLD ပါတီဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဒီမိုကရေစီလစ်ဘာတီရုပ်တု ဖြစ်နေလို့ပါ။ နောက်တချက်က နိုင်ငံတကာ ဒီမိုကရေစီအင်အားစု အားလုံးက NLD ပါတီရဲ့ တည်ရှိခွင့်ကို ထောက်ခံအကာ အကွယ် ပေးနေကြလို့ပါ။ ဒီလိုအနေအထားတွေသာမရှိခဲ့ရင် NLD ပါတီဟာ ရေဝေးက မီးသင်္ဂြိုဟ်စက်ထဲမှာ ပြာဖြစ် သွားတာကြာပါပြီ။ ဒါကြောင့်လည်း နအဖက NLD ပါတီကို နိုင်ငံရေးအရ နည်းမျိုးစုံနဲ့ ဖိအားပေး ညှဉ်းပန်း နှိပ်စက်ကာ မျှဉ်းသတ်နေတာပါ။ ဒါတောင်မှ နအဖရဲ့ ဥပဒေအမိန့် စီရင်ချက်တွေ စောင့်စားရင်း လည်စင်းပေး ကြဦးမယ်ဆိုရင်တော့ အဲဒီလိုခေါင်းဆောင်မှုမျိုးကို စင်ပေါ်က ဆွဲချကြရုံပဲ ရှိပါလိမ့်မယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဧပြီလ ရွှေဂုံတိုင်အစည်းအဝေးမှာ ကိုယ်စားလှယ် တချို့ဆီက လက်ရှိ CEC ကို ဖြုတ်ချပေးဖို့ တောင်းဆိုသံတချို့ သဲ့သဲ့မျှ ထွက်လာ တာ ကြားလိုက်ရပါတယ်။ ဒီလေသံမျိုးကို နအဖကပဲ ကြိုက်မှာပဲ။ လူထုတွေက ကြိုက်မှာ မဟုတ်ပါဘူး။ ဒီနေ့လို အချိန်အခါမျိုးမှာ ပြည်တွင်းမှာဖြစ်ဖြစ် ပြည်ပမှာ ဖြစ်ဖြစ် ကွဲသံခွဲသံတွေ ထွက်လာတာဟာ ဒီမိုကရေစီအင်အားစုတွေအတွက် အားပျက်စရာ ချည်းပါပဲ။ အခုချိန်မှာ ပါတီကို ကွဲအောင် ခွဲရမှာ မဟုတ်ပါဘူး။ စည်းစည်းလုံးလုံးဖြစ်အောင် အားဖြည့်တည်ဆောက်ကြရမှာပါ။ အကြောင်းအမျိုး မျိုးနဲ့ ပါတီပြင်ပရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို နည်းမျိုးစုံနဲ့ ပြန်လည်စုစည်း သိမ်းသွင်းဖို့လိုပါတယ်။ ပါတီစည်းကမ်းအရ အရေးယူမှုမျိုး ရှိရမှာဖြစ်ပေမယ့် ပါတီက ထုတ်ပစ်တဲ့အထိ ပြင်းထန်တဲ့ အရေးယူမှုမျိုးတွေ ဆင်ခြင်သင့်ပါတယ်။

တချိန်တည်းမှာ ရပ်ကျေးစည်း၊ မြို့နယ်စည်း၊ တိုင်းစည်းတွေကို ပြန်လည်အားဖြည့်တည်ဆောက်ဖို့လိုပါတယ်။ အရေးကြီးဆုံးက ခေါင်းဆောင်အဖွဲ့ကို ကြိတ်ဝိုင်းလောက် လူစုနဲ့ လက်သင့်ရာ စုစည်းထားမှုမျိုးကနေ အရည် အချင်းပြည့်မီသူတွေကို အားဖြည့်ပါဝင်စေခြင်းဖြင့် ကျယ်ပြန့်တဲ့ အလုပ်အမှုဆောင်အဖွဲ့ကြီး ဖြစ်စေချင်ပါတယ်။ အရေးကြီးတဲ့ အယူအဆ သဘောထား ပေါ်လစီပြဿနာတွေနဲ့ လုပ်ငန်းအစီအစဉ်တွေကို ဒီမိုကရေစီနည်းကျ ဆွေးနွေးဆုံးဖြတ်၊ အလျင်အမြန် အကောင်အထည်ဖော် နိုင်ဖို့ အထူးလိုအပ်နေချိန်ဖြစ်ပါတယ်။

တကယ်တမ်း ပါတီလိုလားတဲ့စိတ်နဲ့ အားမနာစတမ်း ပြောကြကြေးဆိုရင် ပါတီဟာ ကိုယ်တခြမ်းသေနေတဲ့ နိုင်ငံရေးလူမမာကြီး အဖြစ် လဲနေတာ (၆) နှစ်လောက် ရှိနေခဲ့ပါပြီ။ ဒီလို ဆိုးဝါးတဲ့အနေအထားမျိုးအောက်မှာ နအဖကျွေးတဲ့ ဆေးကိုစား၊ ပေးတဲ့ ဆေးညွှန်းအတိုင်းသာ ဆက်စခန်းသွားနေကြဦးမယ်ဆိုရင်တော့ မကြာခင် ‘ကိုးမား’ (COMA) ၀င်တော့မှာ သေချာသလောက် ပါပဲ။ ကိုးမားဝေဒနာသည်ဘ၀ ရောက်ပြီဆိုရင်တော့ ပါတီဆိုင်းဘုတ် ချိတ်ထားတာကလွဲရင် နိုင်ငံရေးအရ ဘ၀ဆုံးပြီလို့ပဲ ပြောကြရတော့မှာပါ။ ဒီအခြေအနေ မဆိုက်ချင်ဘူးဆိုရင်တော့ သင့်လျော်တဲ့ လုပ်ငန်းစဉ်နဲ့ လှုပ်ရှားမှုအစီအစဉ်တွေ ချမှတ်၊ လိုအပ်တဲ့ စည်းရုံးဖွဲ့စည်းမှုတွေ ပြင်ဆင်၊ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားဖြစ်အောင် အလျင်အမြန် ပြုပြင် တည်ဆောက် ထားဖို့ လိုနေပါပြီ။

ဒီလိုလုပ်နိုင်ဖို့ ထားရှိသင့်တဲ့ စိတ်ဓာတ်သဘောထားကတော့ ပါတီအကျိုးစီးပွားအတွက် အခွင့်အာဏာ၊ အဆင့်နေရာ၊ ဂိုဏ်းအုပ်စုအကျိုး၊ ကိုယ်ကျိုးအားလုံးကို လိုအပ်သလို စတေးရဲတယ်ဆိုတဲ့ ပိုင်းဖြတ်ချက်မျိုး ချထားနိုင်ဖို့ အရေးကြီးပါတယ်။ သေကောင်ပေါင်းလဲ ဖြစ်နတဲ့ လူမမာကို အသက်ကယ်ဖို့ ခြေမ မကောင်းရင် ခြေမ၊ လက်မ မကောင်းရင် လက်မ၊ လိုအပ်သလို ခွဲစိတ်ဖြတ်တောက်ရဲဖို့ လိုပါတယ်။ လူမှုစနစ်တရပ်ကို တော်လှန်ပြောင်းလဲပစ်ဖို့ တိုက်ပွဲဝင်တယ်ဆိုတာ ဆင်စွယ်နန်းမြင့်ပေါ်က ဇာခန်းဆီးနောက်ကွယ်မှာ စန္ဒရား တီးနေတာမျိုး မဟုတ်ပါဘူး။ စိတ်ကူးယဉ်လို့မရ တိုင်ပွဲဝင်ဖို့ အလျင်အမြန် အသင့်ပြင်ကြရမယ့် အချိန်မျိုး ဖြစ်ပါတယ်။

ပါတီအဖွဲ့အစည်းတိုင်းမှာ လူအမျိုးမျိုး ပါဝင်တတ်သလို စိတ်အထွေထွေလည်း ရှိတတ်ကြပါတယ်။ တချိန်မှာ တက်ကြွရှေ့တန်းရောက်ခဲ့သူတဦးဟာ အခြားအချိန်တခုမှာ နောက်တန်းကိုလည်း ရောက်နေနိုင်ပါတယ်။ ရှေ့ရောက်နေသူက နောက်ကျသူကို တွဲခေါ်၊ နောက်ရောက်နေသူက ရှေ့ကို ကြိုးစားအမီလိုက်ကြရမှာပါ။ ဒီလိုမဟုတ်ဘဲ အဖွဲ့အစည်းထဲမှာ ရှေ့ကလည်းမသွား နောက်ပါးကလည်းမလိုက် ဘေးကနေ ကန့်လန့်တိုက် နေလို့ မဖြစ်ပါဘူး။ လူမှုစီးပွားရေးဘ၀ထဲမှာ ထော်လော်ကန့်လန့်လုပ်တယ်ဆိုတာ သိပ်ပြီးထိခိုက်နစ်နာမှု မကြီး လှ ပါဘူး။ ဒါပေမယ့် နိုင်ငံရေးပါတီထဲမှာ အထူးသဖြင့် ခေါင်းဆောင်ပိုင်းထဲမှာ ဘေးလွယ်အိတ်တွေ ပါလာပြီဆိုရင်တော့ နိုင်ငံနဲ့လူထုအတွက် ထိခိုက်နစ်နာမှုကြီးမားနိုင်လို့ သတိထားဖို့ လိုအပ်ပါတယ်။ မြန်မြန်ဆန် ဆန် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲ ဖြေရှင်းနိုင်ရေးဟာ အရေးကြီးပါတယ်။

နိုင်ငံရေးအရ ဖြေရှင်းတယ်ဆိုတာ ဘေးလွယ်အိတ်တွေကို ခေါင်းဆောင်အဖွဲ့ထဲက ဖယ်ထုတ်ပစ်လိုက်ရုံနှင့် ပြေလည်သွားတာမျိုး မဟုတ်ပါဘူး။ ဒါ့အပြင် ‘ဘေးလွယ်အိတ်’ ဆိုတာမျိုးကလည်း လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ထည့်ထားရတတ်တာမျိုးမို့ အသုံးတည့်မှုတွေ ရှိတတ်လို့ အလွယ်တကူ ဖျက်ဆီးလွှင့်ပစ်ဖို့ဆိုတာလည်း မဖြစ်ပါဘူး။ ဒါကြောင့် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ‘ဘေးလွယ်အိတ်တွေကို ကျောပိုးအိတ်အဖြစ် ပြောင်းလဲပစ်လိုက်ပါ’ ။ ကျောပိုးအိတ်ဆိုတာလည်း ဘေးလွယ်အိတ်လိုပဲ ထမ်းပိုးထားရတာပေါ့။ ဒါပေမယ့် ကျောပိုးအိတ်ဆိုတော့ ရှေ့မှာထားစရာမလို၊ နောက်ကျောကို ပို့ထားရင်ပဲ ရပါပြီ။ နောက်ပြီး ကျောပိုးအိတ် ဆိုတာ ဘေးကလိုက်ပြီး ကန့်လန့်တိုက်လို့လည်း မရတော့ပါဘူး။ ဒါကြောင့် နိုင်ငံရေးကျောပိုးအိတ်တွေကို ကျောပေးပြီး ကိုယ်ဦးတည်ရာ ရှေးရှုကာ နောက်ဆံကင်းကင်း၊ ရဲရဲတင်းတင်း နင်းဖြတ်ထိုးဖောက် ဆက်လျှောက်သွားကြပါလို့ တိုက်တွန်းအကြံပေးပါရစေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့၊ ဒီအချိန်မျိုးမှာ ‘နိုင်ငံရေးဘေးလွယ်အိတ်’ တွေ ပြဿနာကို အလျင်အမြန် ‘သတိထား’ ဖြေရှင်းဖို့ အထူးလိုအပ်နေပါပြီ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

US President Barack Obama, left, is greeted by Italian PM Silvio Berlusconi at G8 summit in L'Aquila, Italy, 08 Jul 2009

ကမ္ဘာပေါ်က သြဇာရှိတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် စက်မှုထိပ်သီး G – 8 ဆွေးနွေးပွဲအတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားဟာ အီတလီနိုင်ငံမှာ ရောက်ရှိနေပါတယ်။


Burmese opposition leader Aung San Suu Kyi (file photo)
ဖားကန့်ရေဘေးကယ်ဆယ်ရေး မလုပ်နိုင်သေး
ရေဘေးဒုက္ခသည်များ အခက်ခဲကြုံနေရ

NEJ / ၈ ဇူလိုင် ၂၀၀၉
“စည်ပင်သာယာက အခုလောလောဆယ် ရေပေါ်မျောလာတဲ့ အလောင်းကောက်တာလောက်ပဲ လုပ်သေးတယ်။ သူတို့ချည်းနဲ့မရလို့ ကုမ္ပဏီတွေက လူလွှတ်ပေးပြီး ဝိုင်းကူလုပ်နေရတယ်။ စားဖို့သောက်ဖို့က ကိုယ့်အသိမိတ်ဆွေအချင်းချင်း ဝေငှစားသောက်နေရတယ်။ မုန့်နှစ်ထုပ်စီ ရယက ထုတ်ပေးတယ်လို့ ပြောတယ်။ လိုက်ဝေတာ.....” အပြည့်အစုံသို့
ရန်ကုန်မြို့ မင်္ဂလာဈေးမှ ပြည့်တန်ဆာဈေးကွက်
ကြီးမားကျယ်ပြန့်လာ

အောင်ထက် / ၈ ဇူလိုင် ၂၀၀၉ “အဲလိုဆိုင်တွေမှာ ထိုင်နေကြတဲ့ အမျိုးသမီးတွေက (၁၀၀) လောက်ရှိတယ်၊ ပြည့်တန်ဆာထိန်း (ခေါင်း) က အယောက် (၃၀) လောက်ရှိတယ်။ လာခေါ်တဲ့ဧည့်သည်...”အပြည့်အစုံသို့
ဖားကန့်ဒေသအတွင်း ချောင်းရေကြီး
လူအသေအပျောက် အများအပြားရှိ

NEJ / ၈ ဇူလိုင် ၂၀၀၉ လူတွေလည်း အနည်းဆုံး (၃ဝ) လောက်ရှိတယ်။ သေတာ၊ ပျောက်နေတာလည်း အများကြီပဲ။ ဇူလိုင် (၆) ရက်နေ့ ကျနော်လာတဲ့အထိ ဘာကယ်ဆယ်ရေးမှ....အပြည့်အစုံသို့
ကရင်စစ်ပြေးဒုက္ခသည်များအား
စခန်းရွှေ့ပြောင်းရန်စီစဉ်

NEJ / ၈ ဇူလိုင် ၂၀၀၉
“လုံခြုံရေးကိုအကြောင်းပြပြီး ပြောတယ်။ ကျနော်ထင်တယ်၊ ထိုင်းနယ်စပ်မှာ ..”အပြည့်အစုံသို့





ဤနေရာမှလည်းရယူနိုင်ပါသည်
ဘန်ကီမွန်းနှင့် တွေ့ဆုံသည့်အပေါ် ကျေနပ်မှုမရှိဟု NLD ပြော

ဘန်ကီမွန်းနှင့် တွေ့ဆုံသည့်အပေါ် ကျေနပ်မှုမရှိဟု NLD ပြော

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အချိန်အကန့် အသတ်ဖြင့်သာ တွေ့ဆုံခွင့် ရခဲ့သည့်အတွက် အားရကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ

ပိတ်ဆို့မှု သက်တမ်းတိုးရန် အမေရိကန်တွင် တောင်းဆို

မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှု ဥပဒေကို ထပ်မံ သက်တမ်းတိုးရန် တောင်းဆိုချက်များသည် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သို့ ရောက်ရှိနေပြီ

ကျောက်စိမ်းဒေသတွင် မိုးဆက်တိုက်ရွာပြီး ရေကြီးမှုကြောင့် ၃၀ ၀န်းကျင် သေဆုံး
Reuters သတင်းဌာန
ဇူလိုင် ၈၊ ၂၀၀၉ ဖားကန့်မြို့ ကျောက်စိမ်းတူးဖော်ရေးဒေသတခု (photo: M Thant for MoeMaKa)

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရာ ဒေသတွင် ရေကြီးမှုများကြောင့် လူ ၃၀ ၀န်းကျင် သေဆုံးသွားကြောင်း ထိုဒေသနှင့် အဆက်အသွယ်ရှိသူများက ယနေ့ ပြောကြားသည်။

ဖားကန့်မြို့နယ်၊ လုံးခင်း ဒေသတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အျပည့္အစုံသိုႛ ...

သမဂ္ဂအဆောက်အဦး ဗုံးခွဲခံရမှု နှစ်လည်နေ့ သံရုံးများရှေ့တွင် ဆန္ဒပြ
ဓာတ်ပုံသတင်း
ဇူလိုင် ၈၊ ၂၀၀၉ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြမှု မြင်ကွင်း။ ယမန်နေ့က ကျရောက်သည့် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲခံရမှု နှစ်ပတ်လည်နေ့တွင် မြန်မာသံရုံးရှေ့သို့ သွားရောက် ဆန္ဒပြကြခြင်း ဖြစ်သည်။ (ဓာတ်ပုံ-AP)
အျပည့္အစုံသိုႛ ...

"သမဂ္ဂစိတ်ဓာတ်"

အယ်ဇီ

ဇူလိုင် ၈၊ ၂၀၀၉


၇ ဇူလိုင်ဟာ မြန်မာပြည်သူပြည်သားတွေ ၀မ်းနည်းကြေကွဲရတဲ့ တက္ကသိုလ်မြေ သွေးစွန်းခဲ့တဲ့ မော်ကွန်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြိုခွင်း ဖျက်စီးခံခဲ့ရတဲ့နေ့ သမိုင်း အကျည်းတန်တဲ့ နေ့တနေ့ ဖြစ်တယ်။
အဴပည့္အစုံသိုႛ ...

ကကြီးရေ ... က

ကိုလူထွေး

ဇူလိုင် ၇၊ ၂၀၀၉

၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း

(မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

အျပည့္အစုံသိုႛ ...

ကုလအတွင်းရေးမှူးချုပ်နှင့် တွေႚဆုံခဲ့ခြင်းကို NLD ရှင်းလင်းပွဲ ကဵင်းပ