Showing posts with label သူတို့အတွေး သူတို့အမြင်. Show all posts
Showing posts with label သူတို့အတွေး သူတို့အမြင်. Show all posts

10.01.2009

သတိသာထားကြပေတော့၊ ကျွန်ပွဲစားတို့လာချေပြီ

ရဲဘော် ကျော်သန်း
တချိန်တုန်းက ကျုပ်တို့အညာမှာ အလှူလုပ်ရင် ဖိတ်စာရယ်လို့ ဝေလေ့ ကမ်းလေ့ မရှိဘူး။ ရပ်ဝေးက ဆွေမျိုးမိတ်သင်္ဂဟတွေကို လက်ဖက်ထုပ်တန်သည်၊ ဆေးပေါ့လိပ်တန်သည် ကမ်းတယ်။ အနီးချုပ်စပ်က လေးငါးဆယ်ရွာကိုတော့ သက်ဆိုင်ရာ ရွာဆော်တွေကပဲ ဗျိုးဟစ်ပြီး ရွာလုံးကျွတ် ဖိတ်လိုက်တယ်။ အားလုံး မီးခိုးတိတ် ထမင်းရေချောင်းစီးဆိုတော့ ကလေးရော၊ ခွေးရော အကုန်ပါတာပေါ့။ ဒီတော့ ဗျိုးဟစ်သံကြားရင် ကလေးတွေ မြူးကြတယ်။ ကလေးတွေကြည့်ပြီး၊ ခွေးတွေအူကြတယ်။ အလှူရက်ကို လက်ချိုးပြီး စောင့်မျှော်ကြတယ်။
ခွေးဆိုတာကလည်း သိတဲ့အတိုင်း သူ့နယ်ကိုယ့်နယ် သတ်မှတ်ပြီးနေတယ်။ တနယ်နဲ့တနယ် ကူးလေ့မရှိကြဘူး။ နယ်ကူး ရင်ကျူးရင် နယ်ခံခွေးတွေက ဝိုင်းကိုက်ကြ၊ အမဲဖျက်ကြတာပဲ။ အဲ အလှူချိန်ရောက်ပြီဆိုရင်တော့ နယ်စည်းတွေပျက်ပြီ၊ သူ့နယ်ကိုယ့်နယ် ကူးကြပေမယ့် မကိုက်ကြတော့ဘူး၊ အမဲဖျက်တာတေ၊ွ ကိုက်ခဲတာတွေ ရပ်စဲထားကြတယ်။ ခွေးငြိမ်းချမ်းရေး ပြောလည်းရတယ်။ ခွေးလွတ်ငြိမ်းချမ်းသာခွင့် ပြောလည်းရတယ်၊ အဲဒီအချိန်မှာ အစာလုကြရင်း “ဟီးကနဲ ဟန်းကနဲ” မာန်ဖီပြကြတာလောက်ပဲရှိတယ်။ အလှူနေ့ဆိုရင်တော့ အလှူအိမ်မှာ ရွာပေါင်းစုံက ခွေးအပျို၊ ခွေးထီးပျို၊ ခွေးအမေ၊ ခွေးသမီး၊ ခွေးအဖွား၊ ခွေးသား၊ ခွေးအဖိုး၊ ခွေးသူခိုး၊ ခွေးဂျပိုး၊ ခွေးကျိုး၊ ခွေးဖင်လိမ်နဲ့ ခွေးမြီးကောက်ပါမကျန် ခွေးပေါင်းစုံတို့ ညီလာခံကြတာပေါ့။ ရတတ်သမျှ အရိုးအရင်းလေးတွေ လုကြယက်ကြနဲ့ ထမင်းကျွေးရုံမှာ တညံညံတစီစီနဲ့ပေါ့။
အဲဒီမှာ အခွင့်သာတာက ရွာခံခွေးတွေပဲ။ သူတို့က စားလို့ဝလည်း ဆက်လုကြတယ်။ ရတာကို မြေထဲမြုပ်ထား ဝှက်ထားတတ်တယ်။ ရွာခံမဟုတ်တဲ့ ခွေးများကတော့ အဝစားပြီး ချီနိုင်သလောက်ချီပြီး ပြန်ကြတယ်။ အလှူပြီးလို့ လေးငါးဆယ်ရက် အထိတော့ ခွေးတွေက မြေထဲဝှက်ထားတာလေးတွေ ပြန်ဖော်ပြန်မြုံ့နဲ့ တကယ့် စည်းစိမ်ပေါ့ ၊ ဒါကြောင့် ပြောကြတယ် မဟုတ်လား၊ မတော်မတတ်သူများ (တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ) တသက်တခါ လာဘ်လာဘရွှင်ကြရင် ‘ခွေး ဘုရားပွဲ တွေ့သလို’ ပဲလို့ပြောကြတာ။
အခုလည်း ကျူပ်တို့ပတ်ဝန်းကျင်က အခြေအနေတွေက အဲဒီအညာက အလှူလာတဲ့ခွေးတွေကို ပြန်ပြီး မြင်ယောင် သတိရစရာတွေ ဖြစ်လာတယ်။အပြည့်အစုံသို့......

9.29.2009

မြန်မာနိုင်ငံရေးလိုအပ်ချက်များ(အပိုင်း-၁)

မြန်မာ့နိုင်ရေးဟု ပြောလျှင် အာဏာရှင်(စစ်အစိုးရ)နှင့် အတိုက်အခံများ ဟူ၍ နှစ်မျိုးခွဲခြားပြီး ပြောဆိုရမည် ဖြစ်ပါသည်။
အာဏာရှင် စစ်အစိုးရပိုင်းတွင် လူအပြောင်းအလဲသာရှိနိုင်သော်လည်း မူအပြောင်းအလဲတော့ ဖြစ်လာ နိုင်စရာ မရှိဘူး ဆိုဒါ ကျနော်တို့ သိထားကြပြီး ဖြစ်ပါသည်။ အာဏာရှင်များမှာ စစ်သားများဖြစ်သည်နှင့် အညီ နိုင်ငံရေး ကို စစ်ဗျူဟာတစ်ခု ကဲ့သို့ အသုံးပြုပြီး ရန်သူ(အတိုက်အခံ)များကို နည်းမျိုးစုံဖြင့် လှည့်ဖျား နိုင်စွမ်းရှိသည်။ တနည်းအားဖြင့် မိမိတို့ထံတွင် ရှိနေသော အာဏာကို မိမိတို့ အစဉ်လက်စွဲကိုင်ရေး ဟူသည့် မူဝါဒ ကိုဦးတည်ပြီး အတိုက်အခံ အင်အားစုများနှင့်  ကမ္ဘာ့နိုင်ငံများကို စစ်သုံ့ပန်း သဖွယ် အသုံးပြုကာ (ထိုးစစ် ၊ခံစစ် ၊ခွာစစ်) ဗျူဟာ များဖြင့် ချော့တခါ၊ ခြောက်တလှည့် မာယာပရိယာယ်ကို အသုံးပြု ကာကွယ်နေခြင်း ဖြစ်သည်ကိုလည်း အားလုံး မြင်တွေ့ နေကြရသည်။
အာဏာရှင်များကို အပြင်ရုပ်ပိုင်း ဆိုင်ရာအရ ကြည့်ပါလျှင် မတူကွဲပြားနေသည်ဟု ထင်ရသော်လည်း မိမိတို့ထံတွင် ရှိနေသော အာဏာကို မိမိတို့ လက်စွဲကိုင်ရေး ဟူသည့် ခံယူချက်ဦးတည်ချက်မှာမူ အာဏာရှင် ခေါင်းဆောင် အားလုံးတို့၏ တူညီနေသောအဓိက အချက်တစ်ခုလည်း ဖြစ်ပါသည်။ သို့ ပါ၍ အချင်းချင်း မတူညီ ကွဲပြားနေမှုများ အားလုံးကို အာဏာအဓွန့်ရှည် တည်မြဲရေးဟူသော မူဝါဒ တစ်ခုက အာဏာရှင် အားလုံးကို ထိန်းကျောင်းထားခြင်းဖြစ်သည်။
အတိုက်အခံအင်အားစုများ တွင်မူ "ဒီမိုကရေစီ" အရေးဆိုသည့် ဦးတည်ချက်ကို ဦးတည်ပြီး တမျိုးသားလုံး လွတ်မြောက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဟူသော မူဝါဒကို ယနေ့ လက်စွဲပြု တိုက်ပွဲဝင် နေကြသည် ဟု ထင်ပါသည်။
ဤသို့ တိုက်ပွဲဝင်ရာတွင်မူ တိုင်းရင်းသား လူမျိုးစုများနှင့် နိုင်ငံရေးအင်အားစုများ ဟူ၍ နှစ်မျိုးတွေ့ရပါသည်။ တိုင်းရင်းသား လူမျိုးစုများ ဆိုသည်မှာ (တိုင်းရင်းသားအဖွဲ့ အစည်းများ အားလုံးကို ဆိုလိုခြင်း)ဖြစ်ပါသည်။ နိုင်ငံရေး အင်အားစုများ ဆိုသည်မှာ (ပါတီ အဖွဲ့ အစည်းများနှင့် ကျောင်းသားအစရှိသည့် အဖွဲအစည်း အင်အားစုများ အားလုံး)ကို ဆိုလိုခြင်း ဖြစ်ပါသည်။
(က) နိုင်ငံရေးအင်အားစုများ။

နိုင်ငံရေး အင်အားစုများအားလုံးသည် စစ်မှန်သော ဒီမိုကရေစီ အရေး ဦးတည်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး မူဝါဒကို လက်ကိုင်ပြု လိုကြသည်။ သို့ သော် ပါတီအဖွဲ့ အစည်း၊ နိုင်ငံရေးအင်အားစုများ မူဝါဒနှင့် ဦးတည်ချက် များမှာ တူညီနေကြသော်လည်း လမ်းစဉ် ကွဲပြားနေကြသည်။
ဤသို့ ကွဲပြားရခြင်းမှာ-
(၁) အဖွဲ့ အစည်းတစ်ခုကို ပီပီပြင်ပြင် ပုံစံပေါ် အောင်မဆောင်ရွက်နိုင်ခြင်း၊
(၂) ရှိပြီးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊
(၃)တစ်ဦးတစ်ယောက်၏ ဦးဆောင်မှု အသွင်ဆောင်နေသော အဖွဲ့အစည်း ပုံပေါ်နေခြင်း၊
(၄)တစ်ဦးတစ်ယောက်၏ အားနည်းချက်ကိုသာ ရှာဖွေနေကြခြင်း၊
(၅)ခေါင်းဆောင်ဖြစ်ရေးသာ လုံးပန်းနေကြရခြင်း၊
(၆)ကိုယ့်စိတ်ကူးကိုကိုယ် ပုံဖေါ်နေကြခြင်း၊
(၇)နေရာ အစားထိုး မူဝါဒပြောင်းလဲနိုင်မှု မရှိခြင်း၊
(၈)ပုဂ္ဂိုလ်ရေးကို ဦးစားပေးနေကြခြင်း၊
(၉)အချင်းချင်း လေးစားသော ခေါင်းဆောင်မရှိခြင်း၊
(၁၀)နိုင်ငံရေး အရေခြုံသူများ ပါဝင်နေခြင်း၊
(၁၁)အခွင့်အရေး နိုင်ငံရေးသမားများ ရှေ့ ထွက်လာခြင်း၊
(၁၂)ဦးဆောင်နိုင်စွမ်း ရှိသူများ ခေါင်းဆောင်မဖြစ်ခြင်း၊
(၁၃)ပြည်သူတရပ်လုံး အသိအမှတ်ပြု ခေါင်းဆောင်မရှိခြင်း၊
(၁၄)ရရှိနေသော လုပ်ပိုင်ခွင့်များကို နေရာတကျ မသုံးစွဲနိုင်ခြင်း၊
(၁၅)ရန်သူ့နောက်လိုက် လမ်းစဉ်ကိုသာ ကျင့်သုံးနေကြခြင်းတို့ကြောင့် ဖြစ်ပါသည်။

(ခ)တိုင်းရင်းသားလူမျိုးစုများ။

တိုင်းရင်းသား လူမျိုးစုများအားလုံးသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟူသော ဦးတည်ချက်ကို လက်ကိုင်ပြု ထားကြသည်။ သို့သော် ခိုင်မာသည့် နိုင်ငံရေးလမ်းစဉ်တခုကို ပူးပေါင်း ချမှတ်နိုင်ခြင်းမရှိပေ။ ဤသို့ ဖြစ်ရခြင်းမှာ-

(၁)တိုင်းရင်းသားအချင်းချင်းသွေးကွဲနေကြခြင်း၊
(၂)လက်နက်နှင့် လက်နက်မဲ့ ပူးပေါင်းမရနိုင်ခြင်း၊
(၃)လူမျိုးနွယ်စု တစ်ခုချင်းစီ၏ လွတ်မြောက်ရေးကို ဦးတည်နေခြင်း၊
(၄)မိမိ လူမျိုးနွယ်စုတို့၏ လေးစားချစ်ခင်မှုကို မရခြင်း။
(၅)အပြောနဲ့ အလုပ် လွဲမှားနေခြင်း
(၆)အတတ်ပညာပြည့်ဝသောခေါင်းဆောင်မရှိခြင်း
(၇)လူမျိုးနွယ်စု အချင်းချင်း လေးစားမူ မရှိခြင်း။
(၈)နေထိုင်ဆင်းရဲမူ ဒဏ်ကို ရေရှည်မခံနိုင်ခြင်း။
(၉)အမျိုးသားရေးနှင့် တစ်မျိုးသားလုံးရေးကို ခွဲခြားနေကြခြင်း
(၁၀)မျိုးဆက်သစ်များ မမွေးထုတ်နိုင်ခြင်း တို့ ကြောင့် ဖြစ်ပါသည်။
(ကျနော့်၏အမြင်သက်သက်သာဖြစ်ပါသည်။)

ကိုကို(ရွှေဝါရောင်)
အီးမေးမှ ပေးပို့လာခြင်း ဖြစ်ပါသည်။
သူတို့အတွေး သူတို့ အမြင်တွင် ရေးသားချက်များသည်
ဤဘလော့၏ အာဘော်မဟုတ်ပဲ
ကာယကံရှင်များ၏ တွေးမြင်ယူဆချက်များသာ ဖြစ်ပါသည်။

9.28.2009

သန်းရွှေနဲ့  သူရဲ့ သား ဘိုးတော် မောင်မောင် (ခ) သန့်ဇော်ရွှေ



















နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူလူထုတွေက၊ မြန်မာနိုင်ငံကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်း ဆောင်တဲ့၊ စစ်ကောင်စီက အုပ်ချုပ်နေတာလို့ သိရှိထားကြပါတယ်။ အဲဒီ စစ်ကောင်စီဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကို နောက်ကွယ်က ကြိုးကိုင်အုပ်ချုပ်နေသူတဦး ရှိနေတာ သိရှိသူ မရှိသလောက်ပါ။

သူ့နာမည်က “မောင်မောင် (ခ) သန့်ဇော်ရွှေ” ပါ။ ဦးသန်းရွှေ ဒေါ်မကြိုင်တို့ရဲ့ အငယ်ဆုံးသား ဖြစ်ပြီး၊ စိတ်ဝေဒနာ အနည်းငယ် ခံစားနေရသူပါ။ ဒါပေမဲ့ သူ့ကို တအိမ်သားလုံးက စိတ်ရောဂါရှင်လို့ မသတ်မှတ်ကြဘဲ ဘိုးတော်ဝင်စားသူတဦးအဖြစ် သတ်မှတ်ကိုးကွယ်ကြပါတယ်။

ဘိုးတော်မောင်မောင် (ခ) သန့်ဇော်ရွှေဟာ အသက်(၄၀)ခန့်ရှိပြီး ဝတ်ဖြူစင်ကြယ်နဲ့ နုတ်ခမ်းမွှေး မုတ်ဆိတ် မွှေးများထားရှိပြီး၊ ဘိုးတော်လိုလို အောက်လမ်းဆရာလိုလို ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောကြားပြီး ဆောင်ရန်ရှောင်ရန်တွေကို ညွှန်ကြားလေ့ရှိပါတယ်။

မိသားစုကိစ္စတွေသာ မကတော့ဘဲ၊ တဖြေးဖြေးနဲ့ တိုင်းပြည်ရဲ့အရေးကြီးတဲ့ မူဝါဒရေးရာတွေပါမကျန် ဘိုးတော်မောင်မောင်ရဲ့ အခါပေးညွှန်ကြားချက်တွေအတိုင်း အဖေဖြစ်သူ ဦးသန်းရွှေက လိုက်လံဆောင် ရွက်လေ့ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ်ကို အလုပ်ရှိလို့လာကြရတဲ့ ဗိုလ်ချုပ်ကြီးတွေအပါအဝင် ဧည့်သည်အားလုံးဟာ ကြမ်းပြင်ပေါ်မှာဘဲ ထိုင်ကြရတာ ဓလေ့တခုလို ဖြစ်နေပါပြီ။ ဧည့်ခန်းအတွင်း အမြင့် တနေရာမှာ ရှေးဘုရင်များခေတ်က သလွန်လို ပြင်ဆင်ထားတဲ့နေရာမှာ ဦးသန်းရွှေနဲ့ ဒေါ်မကြိုင်တို့က ထိုင်ပြီး ဧည့် သည်တွေကို လက္ခံတွေ့ဆုံပါတယ်။ အဲဒီအခြေအနေကို ဘိုးတော်မောင်မောင်က လျှို့ဝှက်ဗီဒီယိုမှတ်တမ်း တွေ ရိုက်ကူးပြီး၊ ဧည့်သည်တွေ ပြန်သွားတဲ့အခါ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ပြန်ဖွင့်ကြည့်ကြပြီး၊ ဘိုးတော်မောင်မောင်က ဝေဖန်သုံးသပ်ပြခါ အဖေဖြစ်သူဦးသန်းရွှေကို လိုအပ်သလို ညွှန်ကြားမှုတွေ ပေးနေကြပါ။

အလားတူ ယတြာလုပ်ရမဲ့ကိစ္စတွေကိုတော့ မိခင်ဖြစ်သူ ဒေါ်မကြိုင်ကို ညွှန်ကြား လုပ်ဆောင်စေပါတယ်။ ဘိုးတော်မောင်မောင်အနေနဲ့ အာရုံမှာ သဘောမတွေ့သူတွေမှန်သမျှ၊ နေရာပြောင်းရွှေ့ခံရတာ၊ ရာထူးချခံရတာ၊ အလုပ်ထုတ်ခံရတာတွေ ရှိသလို၊ သူသဘောတွေ့သူမှန်သမျှကတော့ ကောင်းစား လေ့ရှိပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်တွေအများစုကတော့ ဘိုးတော်မောင်မောင်ကို အလွန်ရွံရှာ ကြောက်လန့်ကြပါတယ်။ အကြောင်းက ဘိုးတော်မောင်မောင်ဟာ လူသတ်ရန် ဝန်မလေးတဲ့သူတယောက် ဖြစ်လို့ပါ။ လူမသိအောင် ဖုန်းဖိထားတဲ့ ဖြစ်စဉ်တခုကို တင်ပြရရင် ကမ္ဘာအေးဘုရားလမ်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အိမ် (၎င်းတို့အဆို အိမ်တော်) မှာ တပ်ချုပ်ကြီးဝတ်ရန် နေ့စဉ် ယူနီဖောင်းပြင်ဆင်ဝတ်ပေးရတဲ့ တာဝန်ကို ယူရသူ “ဗိုလ်ကြီးခင်မောင်လွင်”ကို လွန်ခဲ့တဲ့တနှစ်ခွဲလောက်က ဘိုးတော်မောင်မောင်က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ သူ့အာရုံမှာ သူ့အဖေကို လုပ်ကြံတယ်လို့ ပေါ်လာတာကြောင့် ပစ်သတ်လိုက်တာဆိုပြီး တိုးတိုးတိတ်တိတ် သတင်းထွက်ပေါ်ခဲ့ပေမဲ့ တကယ် သတ်လိုက်ရတဲ့ အကြောင်းရင်းကို ဒီကနေ့အထိ ဘယ်သူမှ မပြောရဲသေးပါဘူး။

အဲဒီအချိန်တုံးက ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဋ္ဌေးဝင်းနဲ့ မင်္ဂလာဒုံစစ်ဆေးရုံမှ တပ်မှူးတို့ ချက်ချင်း ရောက်ရှိလာပြီး တခြားကိစ္စတခုကြောင့် သေသွားသလို ဖန်တီးပေးခဲ့ရပါတယ်။ အသတ်ခံလိုက်ရတဲ့ ဗိုလ်ကြီးခင်မောင်လွင်ရဲ့ မိသားစုတွေကိုတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး ပါးစပ်ပိတ်ထားကြဘို့၊ ပေါက်ကြားခဲ့ ရင် မင်းတို့မိသားစုဝင်အားလုံး ထောင်ထဲ ပို့ထားလိုက်မယ်လို့ အိမ်တော်မိသားစုဝင်များက ခြိမ်းခြောက် ထားခဲ့ကြပါတယ်။

အလားတူ ရဟတ်ယာဉ်ပျက်ကြပြီး သေဆုံးသွားတဲ့ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့သား ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုဇော်ထွန်းဦးကို ဘိုးတော်မောင်မောင်နဲ့အဖွဲ့က ကမ္ဘာအေးဘုရား လမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဆုံအနီး ဓါတ်ဆီဆိုင်ရှေ့မှာ ကားနှစ်စီးနဲ့ ပိတ်ရပ်ပြီး၊ ဘိုးတော်မောင်မောင် ကိုယ်တိုင်မောင်းတဲ့ ကားအကြီးကြီးနဲ့ တိုက်သတ်ပါတယ်။ သေပြီလို့ ယူဆပြီးထားခဲ့ကြပေမဲ့ ကံကောင်းလို့ မသေဘဲ၊ ဆေးရုံပေါ်မှာ (၆) လခန့် ဆေးကုသခံခဲ့ရပါတယ်။ အဲဒီ့လို တိုက်သတ်ရတဲ့ အကြောင်ရင်းက ဘိုးတော်မောင်မောင်ရဲ့ အစ်မဖြစ်သူ မပြုံး (ခ) ပြုံးပြုံးရွှေနဲ့ ဇော်ထွန်းဦးတို့ဟာ အိမ်ထောင်အသီးသီး ရှိရက် နဲ့ ဖောက်ပြန်နေကြတာကြောင့်လို့ ပြောဆိုနေကြပေမဲ့၊ ထုံးစံအတိုင်း အကြောင်းရင်းအမှန်ကို ဘယ်သူမှ ခုချိန်ထိ မပြောရဲကြသေးပါဘူး။ သေချာတာတခုကတော့ အဲဒီဖြစ်စဉ်နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ရဲ့ဇနီး ဒေါ်ခင်သန်းနွဲ့တယောက် စစ်ဗိုလ်ချုပ်တွေရဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကနေ ပျောက်ကွယ် သွားခဲ့တာပါဘဲ။

တပ်ချုပ်ကြီးမိသားစုတွေထဲမှာ ကိုယ်ကျင့်တရားဖောက်ပြန်မှုတွေကြောင့် နာမည်ဆိုးနဲ့ ထင်ရှားကျော် ကြားလှတဲ့ မပြုံး (ခ) ပြုံးပြုံးရွှေဟာ ယခုလက်ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင် ရဲ့တရားဝင်ဇနီးပါ။ ကိုဇော်ထွန်းဦးအပြင် ဟစ်ဟော့အဆိုတော်လူငယ်လေးတဦးကိုလည်း တိတ်တိတ်ပုန်း ချစ်သူအဖြစ် မွေးစားထားသေးတယ်လို့ သိရှိနေကြပါတယ်။ အခြား သူအလိုရှိတဲ့အခါ လူငယ်လေးတွေကို ငွေကြေးအာဏာတွေနဲ့ ဖိအားပေး ခေါ်ခိုင်းကာ ညကလပ်တွေမှာ ရုပ်ဖျက်သွားရောက် ပျော်ပါးလေ့ရှိပါတယ်။ သူဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယအတွင်းဝန်ရာထူး ရယူထားပြီး၊ ရုံးတက်ခြင်းမရှိဘဲ လစာကိုတော့ နိုင်ငံခြားငွေ (ဒေါ်လာ) နဲ့ လစဉ် ထုတ်ပေးရပါတယ်။

အဲဒီ့လို အကျင့်ပျက်၊ ဦးနှောက်ပျက်၊ ခြစားသူတွေ စုပေါင်းပြီး တိုင်းပြည်ဖျက်နေကြတဲ့ စစ်အာဏာရှင်ကြီး ရဲ့ မိသားစုဟာ မြန်မာ့သမိုင်းမှာ နာမည်ဆိုးတွေနဲ့ ကျော်ကြားခဲ့ကြတဲ့ တရုပ်ပြေးမင်း၊ သိုဟန်ဘွားမင်း၊ သီပေါမင်းတို့ထက်တောင် ပိုမိုဆိုးဝါးပါကြောင်း၊ အနီးကပ်လေ့လာနေသူတဦးက မှတ်ချက်ချ ပြောဆိုခဲ့ ပါတယ်။

ဂမ္ဘီရအတွေးအခေါ်တွေအပြင် အောက်လမ်းနည်းများ အသုံးပြုပြီး ထင်ရာစိုင်းနေကြတဲ့ တပ်ချုပ်ကြီးမိ သားစုတွေရဲ့အန္တရာယ်ကို နေ့စဉ်နဲ့အမျှ ကြောက်ရွံနေကြရတဲ့ ဗိုလ်ချုပ်ကြီးများ အပါအဝင် သူတို့နဲ့ နီးစပ် တွေဟာ ဗိုလ်ကြီးခင်မောင်လွင်လို အဖြစ်ဆိုးမျိုးနဲ့ ကွေကွင်းရအောင်၊ ဘိုးတော်အမည်ခံ ဦးနှောက်ကြပ်မ ပြည့်တဲ့ ဦးသန်းရွှေ ဒေါ်မကြိုင်တို့ရဲ့သား၊ မောင်မောင် (ခ) သန့်ဇော်ရွှေကို နေ့စဉ်မပျက် ရှိခိုးဦးချနေကြ ကြောင်း အိမ်တော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါတယ်။

(ရေးသားသူ - အတွင်းသိ) ။

ကိုမိုးသီး ဘလော့မှ

8.24.2009

“အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လမ်းကြောင်း ဖြစ်နိုင်ပါ့မလား”

ဝါးလ်စရိ ဂျာနယ်တွင်ပါရှိသော “မြန်မာအတိုက်ခံများ အလျှော့အတင်း လုပ်ရန်စဉ်းစား နေပြီ” ဆိုသော ဆောင်ပါးကို ဖတ်ရှုပြီး သောအခါ ပြုံးလိုက်မိသည်။ ကျွန်တော်သည် စစ်အစိုးရကို ၁၉၇၄ ခုနှစ်ဒီဇင်ဘာလ ဦးသန့်အရေးခင်းမှ စတင်၍ ဆန့်ကျင်လာခဲ့သူဖြစ်သည်။ ၀ါရင့် နိုင်ငံရေးသမားတဦးအနေနှင့် စစ်ခေါင်းဆောင် များနှင့် အတိုက်ခံတို့၏ စိတ်ဓာတ်ရေးရာကို ရာစုနှစ် နှစ်စုကျော်အကြာ နက်နက်ရှိုင်းရှိုင်းပါ ၀င်ပတ်သက် သိရှိသူတဦး ဖြစ်၍ ကောင်းကောင်းနားလည် သဘောပေါက်သူ တစ်ယောက်ဖြစ်ပါသည်။
NCGUB ၏ လမ်းကြောင်းသစ်ဟုခေါ်သော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသည် ကျွန်ုပ်တို့ အားလုံးအတွက် အသစ်အဆန်းမဟုတ်ပါ။ ၎င်းလမ်းကြောင်းသည် NLD ပါတီက ၁၉၉၀ အလွန်ကာလတွင် စတင်ကြိုးစားခဲ့သော် မအောင်မြင်သည့် လမ်းကြောင်းဟောင်း တခုသာ ဖြစ်ပါသည်။ NCGUB နှင့် NCUB တို့အတူ ၎င်းတို့လက်သင့်ရာရွေးချယ်၍ ဖိတ်ခေါ်ထားသော အဖွဲ့အစည်းများနှင့် နအဖအပေါ် ကမ်းလှမ်းချက်သည် အရာထင် အကျိုးရှိလိမ့်မည် မဟုတ်ဟု ကြိမ်းသေ ပြောရဲပါသည်။ စစ်အုပ်စုအနေနှင့် ၎င်းတို့အား အဖက်လုပ်၍ စကားတလုံး တလေမျှပင် ပြန်ကြားလိမ့်မည် မဟုတ်ချေ။
ဂျာကာတာကွန်ဗင်းရှင်းတွင် ၎င်းတို့က သံတမာန်များကိုဖိတ်ကြားပြီး ၎င်းတို့၏ “အမျိုးသား ရင်ကြားစေ့ရေး” လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြမည်ဖြစ်ပါသည်။ ထိုမှတဆင့် ထိုအဆိုပြုချက် စာတန်းကို နအဖထံပေးပို့ပြီးဆုံးဖြတ်စေမည်ဖြစ်သည်။ ၎င်းကွန်ဗင်းရှင်း၏ အဓိက ရည်ရွယ်ချက်မှာ ငွေကြေးထောက်ပံ့မှုနှင့် နိုင်ငံရေးထောက်ခံအားပေးမှုတို့ကို နိုင်ငံခြား တိုင်းပြည်များမှ ရရှိရန်ပင်ဖြစ်သည်။
ထိုစာတန်း၏ အဆိုအရ အကယ်၍ နအဖစစ်အုပ်စုမှ ၎င်းစာတန်းပါအချက်အလက်များကို သဘောကျ ကြိုက်နှစ်သက် ပါက အတိုက်ခံတို့အနေနှင့် စတင်ဆွေးနွေးရမည်။ ၎င်းစာတန်းအရ ပထမဦးဆုံး စတင် ဆွေးနွေးရမည့် အချက်မှာ (၂၀၀၈) ခုနှစ်အခြေခံဥပဒေကို အများ လက်ခံလာသည် အထိ ညှိနှိုင်း ရေးဆွဲရေးပင်ဖြစ်သည်။
၎င်းအဆိုပြုချက်သည် စိတ်ကူးယဉ်ဆန်ကြောင်းကို ဆက်လက်တင်ပြဆွေးနွေးသွားပါမည်။
(၁) ယနေ့အမျိုးသာ ရင်ကြားစေ့ရေးကို တင်သွင်းလာသော NCGUB, NCUB နှင့် ၎င်းတို့၏ လက်ရွေးစင် (၇) ဖွဲ့သည် ပြည်ပနိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်အဖွဲ့စည်းများအဖြစ် ပြည်ပအင်အားစုများမှမသတ်မှတ်ထားပေ။ ၎င်းတို့စုစည်းထားသည့် ညီညွတ်ရေး ဆိုသည်မှာလည်း တကယ်ညီညွတ်ရေးမဟုတ် ကော်ကပ် ညီညွတ်ရေးသာ ဖြစ်သည်။ ၎င်းတို့ကို NLD ပါတီနှင့် နှိုင်းယှဉ်ကြည့်လျှင် NLD ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကြီး ဖြစ်သည်။ လူထုကြီးက ပါတီနောက်တွင်ရှိသည်။ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ ခေါင်းဆောင်သာမက ကမ္ဘာ့ဒီမိုကရေစီ သူရဲကောင်းတဦးဖြစ် သတ်မှတ်ခံထား ရသူဖြစ်သည်။ ထိုကဲ့သို့သော NLD ပါတီနှင့် ၎င်းပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့မှ (နအဖ) အား အမျိုးသားရင်ကြားစေ့ရေးကမ်းလှမ်းမှုကို နအဖမှပယ်ချထားခဲ့သည်။ NCGUB တို့ကဲ့သို့ ရော့ရဲရဲ ညီညွတ်ရေး လုပ်ထားပြီး ပြည်ပလှုပ်ရှားသူများမှ အော့နှလုံးနာနေသည့် အဖွဲ့အား နအဖသည် ထည့်၍ပင် စဉ်းစားလိမ့်မည် မဟုတ်ချေ။
(၂) ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့မှ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုနေသည့်ကြားမှ (နအဖ)တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ် လိုက်သည်။ ဆိုင်းငံ့အဖြစ် ထောင်ဒဏ် (၁၈) လနှင့် နေအိမ် အကျယ်ချုပ်သို့ သြဂုတ်လ(၁၁)ရက်နေ့တွင် ချမှတ်ခဲ့သည်။
ထိုလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် NCGUB တင်သွင်းလာသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို (နအဖ)မှ စိတ်မ၀င်စားကြောင်း ထပ်လောင်းသက်သေထူလိုက်ခြင်းဖြစ်သည်။ ထို့အပြင် (၂၀၁၀) ရွေးကောက်ပွဲကို ဆက်လက် ချီတက်တော့မည့် အကြောင်း ကြေငြာလိုက်ခြင်းပင်ဖြစ်သည်။
(၃) ဂျာကာတာ အုပ်စုဝင်တဦးဖြစ်သူ ကိုညိုအုန်းမြင့်မှ သတင်းစာရှင်းလင်းပွဲတွင် “ကျွန်တော်တို့ ဘာကို လိုချင်တယ် ဆိုတာကို စဉ်းစားတာထက် စစ်အုပ်စုကဘာကိုလုပ်ပေး နိုင်တယ်၊ ဘာကို လုပ်မပေးနိုင်ဘူး ဆိုတာကို စဉ်းစားပြီးလုပ်တာဖြစ်ပါတယ်” ဟုဆိုခဲ့သည်။
၎င်းတို့၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွင်ပင် “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေှးနှင့် (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲရလာဒ်ကိုအသိအမှတ်ပြုရေး” ဆိုသည့် အတိုက်အခံတို့မှ အစဉ်တစိုက် တောင်းဆိုနေခဲ့သည့် အချက်နှစ်ချက်ကို ချန်လှပ်ထားခဲ့ပြီး အမျိုးသား ရင်ကြားစေ့ရေးကို တောင်းဆိုခဲ့သည်။ ကိုညိုအုံးမြင့်တို့အနေနှင့် ၎င်းအချက်သည် စစ်အုပ်စုမှ လက်မခံနိုင်သည့် အချက်နှစ်ချက်အဖြစ် သဘောထား ခဲ့ကြသည်။ ယထာဘူတ ကျကျစဉ်းစား တွေးခေါ်ရလျှင် စစ်အုပ်စုသည် ၎င်းတို့ လွှတ်ပေးချင် သူများကို လွှတ်ပေးနေကြ ဖြစ်သည်။ နိုင်ငံ ရေး အကျဉ်းသားများအားလုံး လွှတ်ပေးချင်က လွှတ်ပေးနိုင်သည်။ ၎င်းတို့အတွက် ပြဿနာမဟုတ်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက် ပြန်ဖမ်းဆီးလိုက် လုပ်နေကျ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် တည်ငြိမ်သောတရားဥပဒေ တည်ရှိမနေသော ကြောင့်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် စစ်အုပ်စုမှ လုပ်နိုင်သော အလုပ်ဖြစ်ပြီး မလုပ်သေးခြင်း သာဖြစ်သည်။
၁၉၈၀ ခုနှစ်က စစ်အုပ်စုအနေနှင့် သံဃာတော်များကို ထိန်းချုပ်နိုင်သည့် သံဃာ့ မဟာနာယက အဖွဲ့ကြီးကို ဖွဲ့စည်းပေးနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သံဃာတော်များ ခရီးသွားလာရာတွင် သံဃာမှတ်ပုံတင်ဖြင့်သာ သွားလာရတော့သည်။ ယခင်ကလို မှတ်ပုံတင်မရှိပဲ လွတ်လပ်စွာသွားလာခွင့် ချုပ်ငြိမ်းသွားခဲ့သည်။ အစိုးရ ထိန်းချုပ်မှု အောက်တွင်မရှိသော သံဃာတော်များသည် နိုင်ငံရေးအရ နိုးကြားသည့်အုပ်စုကြီးဖြစ်သဖြင့် ဗိုလ်နေ၀င်းမှ စိုးရိမ်သော အုပ်စုများထဲတွင် ထိပ်တန်းမှပါဝင်နေသည်။
၎င်းတို့အစီအရင်တိုင်း သံဃာ့ မဟာနာယက အဖွဲ့နှင့် သံဃာ့ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို အတည်ပြုပြီး သံဃာတော်များကို အစိုးရမှ ထိန်းချုပ်နိုင်သော အခြေအနေရသည့်နှင့်တပြိုင်နက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ကို နိုင်ငံရေးအကျဉ်းသားများအားပေး၍ ထောင်မှလွှတ်လိုက်ခြင်းဖြစ်သည်။ ဗိုလ်သန်းရွှေ သည်လည်း တိုင်းပြည်အာဏာကို စစ်အုပ်စိုးမှုအောက်တွင် ထာဝရရောက်နေစေမည့် (၂၀၁၀) ရွေးကောက်ပွဲတွင် ၎င်းတို့ ပြတ်ပြတ်သားသား အနိုင်ရပြီးသည့်နောက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး၍ အမှတ်ယူပေလိမ့်မည်။
ထိုစစ်အုပ်စု၏ အဓိကရည်ရွယ်ချက်ဖြစ်သော စစ်တပ်မှ ဆက်လက်ဗိုလ်ကျစိုးမိုးထားနိုင်ရေး လမ်းစဉ်သည် (၂၀၁၀) ရွေးကောက်ပွဲ အနိုင်ရရေးပင်ဖြစ်သည်။ (၂၀၁၀) ရွေးကောက်ပွဲသည် (၂၀၀၈) ခုနှစ် အခြေခံဥပဒေ အပေါ်တွင် မူတည်၍ ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းအခြေခံဥပဒေ အတည်ပြုနိုင်ရေးကို စစ်အုပ်စုအနေဖြင့် နှစ်ပေါင်းရာစုနှစ်(၂) ခုနီးပါး ကြိုးစား အကောင်အထည်ဖော်ခဲ့ရသည်။
NCGUB မှ တင်သွင်းလာသော အမျိုးသားရင်ကြားစေ့ရေးစာတန်းကို သေသေချာချာ လေ့လာကြည့်ပါက ၎င်းစာတန်းသည် စစ်အုပ်စုမှတန်ဘိုးအထားဆုံးဖြစ်သည့် (၂၀၀၈) ခု အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရေး ပင်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် အခြေခံဥပဒေကို ပြင်ဆင်ရေး ဆွဲရေး နှစ်ချက်တွင် မည်သည့်အချက်ကို စစ်အုပ်စုမှ လက်ခံလိမ့်မည်ဟု ထင်သနည်း?
စစ်အုပ်စုသည် မည်သည့် အခြေအနေမျိုးတွင်မှ ၎င်းတို့ရေးဆွဲထားသည့် အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲခြင်းကို ခွင့်ပြုလိမ့်မည်မဟုတ်ချေ။ ၎င်းတိှု့နှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ အလိုဆန္ဒကိုဆန့်ကျင်ပြီး အတည်ပြုထားသည့် အခြေခံဥပဒေကို အစိုးရမည်ခံ လက်နက်ကိုင်တပ်မရှိသော လူခုနှစ်ဦးအဖွဲ့၏ ညွန့်ပေါင်း တောင်းဆိုချက်ကို စဉ်းစားပါ့မလားဟု မေးခွန်းထုတ် လိုက်ချင်ပါသည်။ ဤအချက်များသည် အမျိုးသား ရင်ကြားစေ့ရေးကို တကယ်မဖြစ်နိုင်ကြောင်း သုံးသပ် တင်ပြခြင်းဖြစ်သည်။
ထိုသို့မဟုတ်ပဲ “အမျိုးသားရင်ကြားစေ့ရေးကို ဟန်ပြအနေဖြင့်တင်ပြခြင်းမျိုးလားဟု” စဉ်းစားရန်ရှိပါသည်။ ၎င်းတို့ တင်ပြသော အမျိုးသားရင်ကြားစေ့ရေးသည် အပေါ်ယံတင်ပြချက်သာဖြစ်သည်။ ပယ်ချခံရ မည်ကို ကျိန်းသေ သိပြီးဖြစ်လျှက် တင်ပြခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ဖြစ်လျှင် မည်သည့် ရည်ရွယ်ချက်ဖြင့် တင်ပြခြင်းဖြစ်သနည်းဟု ဆန်းစစ်ကြည့်ရန် လိုအပ်လာပါသည်။

NCGUB, NCUB သတင်းစာရှင်းလင်းပွဲကိုကြည့်လျှင် ၎င်းတို့သည် ရာစုနှစ်တခုအတွင်း မဖြစ်ဖူးသေးသော အဓိက အဖွဲ့စည်းကြီး (၁၀) ဖွဲ့သည် ညီညွတ်စွာဖြင့် ဂျာကာတာတွင် ညီလာခံ ကျင်းပတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ၎င်းကြေငြာချက်သည် အချက်နှစ်ချက်ကို မီးမောင်းထိုး ပြနေခဲ့သည်။
(၁) NCGUB, NCUB တို့သည် လူသိရှင်ကြား ကုလသမဂ္ဂတွင် စစ်စိုးရ၏ ကိုယ်စားပြုမှုကို စိန်ခေါ်သည့် ကိစ္စနှင့် ပတ်သက်၍ ကွဲပြဲခဲ့ကြသည်။ တဖန် အိုင်ယာလန်နိုင်ငံတွင် ထပ်ကွဲကြပြန်သည်။ စစ်အစိုးရကိုယ်စားလှယ်အား ကုလသမဂ္ဂမှ ထုတ်ပယ်လိုသည့်အုပ်စုနှင့် မထုတ်ပယ်လိုသည့်အုပ်စု နှစ်ခုကွဲကာ မဲခွဲ ဆုံးဖြတ်ရသည့် အဆင့်ထိ ရောက်ခဲ့သည်။ စစ်အစိုးရကို ဆန့်ကျင်နေပါသည်ဆိုသောသူများထဲတွင် စစ်အစိုးရကို ဆန့်ကျင်ရန်သင့်မသင့် မဲခွဲ ဆုံးဖြတ်ရခြင်းက သမိုင်းအမဲစက်တခုအဖြစ် တင်ကျန်ရစ်ခဲ့သည်။ ၎င်းမဲခွဲမှုတွင် စစ်အစိုးရ ကိုယ်စားလှယ်အား ကုလသမဂ္ဂမှထုတ်ပယ်မှုကို လက်မခံသည့်အုပ်စုမှ အနိုင်ရသွားသည်ကို ကြည့်လျှင် အဓိက အဖွဲ့ကြီးများတွင် စစ်အစိုးရကို ဆန့်ကျင်သော အုပ်စုက အရေးနိမ့်နေကြောင်း ထိုစဉ်ကတည်းက မီးမောင်းထိုး ပြခဲ့သည်။ ထိုအကွဲအပြဲကြောင့် ၎င်းတို့ကို ထောက်ပံ့နေသော အဖွဲ့အစည်းများက ညီညွတ်မှုမရှိခြင်းကို အကြောင်းပြ၍ ငွေကြေးဖြတ်တောက်ခြင်းကို ခံခဲ့ရသည်၊ ထို့ကြောင့် ဂျာကာတာညီလာခံသည် NCGUB, NCUB တို့အပြင် ၎င်းတို့လက်ဝေခံ မေဂျာ အဖွဲ့ကြီးများကပါ ညီညွတ်နေပြီဖြစ်ကြောင်း ပြသနိုင်ရန်ဖြစ်သည်။ သို့မှသာ ငွေကြေးထောက်ပံ့သူများက အားတက်သရော ပြန်လည်ကူညီလာကြမည်ဖြစ်သည်။
(၂) NCGUB အနေနှင့် ၎င်းအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် (၁၉၉၁) ခုနှစ်မှစ၍ ယနေ့တိုင် ဒီမိုကရေစီ လှုပ်ရှားသူများကိုဦးဆောင်ဖိတ်ကြားပြီး တိုင်ပင်ဆွေးနွေးခြင်း၊ လမ်းညွှန်ခြင်း၊ ၎င်းတို့ လှုပ်ရှားမှုအားရှင်းပြခြင်း အလျဉ်းမရှိခဲ့ချေ။ အခြားခြားသော အဖွဲ့စည်းများမှ ဖိတ်ကြားသည့်အခါ တက်ရောက်ပြီး မိန့်ခွန်းချွေသည့် အလုပ်သာ လုပ်နေခဲ့သည်။ ယခု ဂျာကာတာ အစည်းဝေးပွဲသည် ရာစုနှစ်တခုအတွင်း မဖြစ်ဖူးသေးသည့် ဆွေးနွေးပွဲဖြစ်ကြောင်း ၎င်းတို့မှ ကြေငြာလိုက်ခြင်းသည် မည်သည့် အချက်ကို ရည်ညွန်းသနည်းဟု ဆန်းစစ်ကြည့်ရန် လိုပါသည်။
ထိုရာစုနှစ် (၁) ခုကျော် အတွင်း အဓိကအဖွဲ့ကြီးများစုစည်းမှုသည် တကယ့်စုစည်းမှုဟု ယူဆ၍ မရပါ လက်သင့်ရာ မိမိနှင့်အလွမ်းသင့်သူများကိုသာ ရွေးချယ်ဖိတ်ခေါ်သည့် ပွဲဖြစ်သည်။ မိမိစားရိတ် မိမိစားပြီး တစိုက်မတ်မတ် နိုင်ငံရေးကို ကျသည့်နေရာ၊ နိုင်သည့်ဝန်ထမ်းပြီး လုပ်နေသောသူများ အဖွဲ့အစည်းများကို ဖိတ်ကြားခြင်း အသိပေးခြင်း မရှိပဲပြုလုပ်သော အစည်းအဝေးပွဲဖြစ်သဖြင့် တန်ဘိုးရှိသောစုစည်းမှုဟု မခေါ်နိုင်ချေ။ တဖက်မှလည်း NCGUB သည် ဆယ်စုနှစ်တခုအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများကို လျစ်လျူရှု ထားခဲ့ပြီး ဆယ်နှစ်အကြာကာလရောက်မှ တကြိမ်စုစည်းနိုင်သည်ဟု ၀န်ခံလိုက်ခြင်းဖြစ်သည်။
ဦးစိန်ဝင်း၏ပြောနေကြစကားမှာ “ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူး” ဟူသော စကားသာ ဖြစ်သည်။ ဒီမိုကရေစီ အရေးအတွက် တစိုက်မတ်မတ်လုပ်နေသူများကို ရှောင်ရှားကြသည်။ လျို့ဝှက်ကြသည်။ တွဲမလုပ်ချင်ကြ။ ကိုယ့်အုပ်စု ကိုယ့်အသိုင်းအ၀ိုင်းလေးနှင့်သာ ခြံခတ် နေသူများဖြစ်သည်။ ၎င်းတို့အနေနှင့် နှစ်ပေါင်းနှစ်ဆယ် နီးပါး အချိန်အတွင်း အဖွဲ့စည်းများ အားလုံးကို ဖိတ်ကြားသည့်ဆွေးနွေးပွဲ တခုတလေမျှ မလုပ်ခဲ့ပဲ အဖွဲ့စည်းများက ဖိတ်ကြားသည့် ဆွေးနွေးပွဲများကိုသာ တက်ရောက်ခဲ့သည်။ ခေါင်းဆောင်နေရာ ယူထား သော်လည်း ကိုယ်က ဦးဆောင်လုပ်ရမှန်းမသိ။ အခြားအဖွဲ့များခေါ်ရာသို့သာ လိုက်တတ်သည့်အခြေအနေ အဆင့်တွင်သာ ရှိခဲ့သည်။ လက်နက်ကိုင်တိုက်ရန်အတွက် တပ်ထောင်ဖို့လိုသည်။ ထိုကိစ္စကို ဆွေးနွေးကြည့်ပါ ဆိုလျှင်လည်း ဦးစိန်ဝင်းက “အဲဒီလိုလုပ်ရင် ပိုက်ဆံရမှာမဟုတ်ဘူးဗျ” ဟု ပြောတတ်သည်။
ထို့ကြောင့် ကျွန်တော်တို့ ABSDF ဖွဲ့ကာစက ကျွန်တော်တို့ တပ်ထောင်လျှင် ပိုက်ဆံရမှာ မဟုတ်လို့ တပ်မထောင်ဘူးကွာဆိုသည့် အတွေးမျိုးမရှိခဲ့ဘူးချေ။ တပ်ထောင်ခဲ့သည်မှာ ယုံကြည်ချက်ဖြင့် တပ်ထောင်ခြင်း ဖြစ်သည်။”
ယနေ့တော်လှန်ရေးအသိုင်းအ၀ိုင်းတွင် NCGUB ကဲ့သို့ အစိုးရအမည်ခံအဖွဲ့စည်းမှအစ အသီးသီးသော အဖွဲ့အစည်း များသည် “ပရိုပိုဆယ်နိုင်ငံရေး” အသွင် ကူးပြောင်းလာပြီး နောက်ပိုင်း တော်လှန်ရေးစိတ်၊ တော်လှန်ရေး သဘောတရားပျောက်ကွယ်၍ ငွေရနိုင်သည့် အလုပ်မှလွဲ၍ တော်လှန်ရေး အောင်မြင်နိုင်သည့် လမ်းကြောင်းမှ သွေဖယ်၍ သွားခြင်းသည် အားလုံးအတွက် ဆုံးရှုံးမှုဖြစ်သည်။ ပို၍ဆိုးသည်ကား ၎င်းတို့က အဓိကအဖွဲ့အစည်းများ အမည်ခံပြီး နိုင်ငံရေးလုပ်စားနေကြခြင်းဖြစ်သည်။ နိုင်ငံရေးလုပ်စားသူများ ဂိုဏ်းကြီးများ ဖွဲ့ပြီး တဖွဲ့နှင့်တဖွဲ့ထောက်ခံခြင်း၊ ပေါင်းစားခြင်း၊ တကယ်လုပ်နေသူများ၏လုပ်ငန်းများကို ဟန့်
တားခြင်း၊ ဂိတ်စောင့်များလုပ်၍ပိတ်ပင်ခြင်းဖြင့် တော်လှန်ရေးကိုအနုကြမ်းစီးကာ သာယာ နေခဲ့ကြသည်။
တချိန်က အစည်းအဝေးတခုတွင် တက်ရောက်သူတချို့က NCGUB အနေနှင့် ငွေမည်မျှရသည်။ ဘယ်လို နေရာတွင် သုံးသည်၊ ဘာတွေလုပ်နေသည်တို့ကို ရှင်းပြရန်ဆွေးနွေးသော အခါ ဦးစိန်ဝင်းက “ကျွန်တော့်ကို မေးတဲ့သူတွေကို ပြန်မေးချင်တယ် ခင်ဗျားတို့ ကျွန်တော်တို့ကို အစိုးရဆိုပြီး အခွန်ဘယ်လောက်ပေးနေလို့လဲ၊ အစိုးရဆိုတာ ကိုယ့်ကို အခွန်ပေးတဲ့ သူတွေကို ရှင်းပြဖို့တာဝန်ရှိတယ်၊ ဒါကြောင့်အခွန်မပေးတဲ့ သူတွေကို ရှင်းပြစရာ မလိုဘူး၊ ကျွန်တော်တို့ကို ငွေကြေးအကူအညီပေးတဲ့အဖွဲ့တွေကိုသာ ရှင်းပြမယ်” ဟုဆိုခဲ့ဘူး ပါသည်။
အချုပ်အားဖြင့်
ယခုကဲ့သို့ အမျိုးသားရင်ကြားစေ့ရေးအထုပ်ကို တင်လာသည့် ရည်ရွယ်ချက်မှာ နိုင်ငံတကာသို့ ၎င်းတို့မှာ ကောင်းမွန်သော မဟာဗျူဟာရှိနေပြီဖြစ်ကြောင်း၊ ထို့အပြင် ညီညွတ်ရေးတည်ဆောက်ပြီးပြီဖြစ်၍ ထိုလုပ်ငန်းကို အကောင်အထည်ဖော်ရန် ငွေလိုသည် ငွေပေးပါဟူ၍ တောင်းရန်ဖြစ်သည်။ တနည်းအားဖြင့် ဒီမိုကရေစီ ရရှိရေးထက် ၎င်းတို့ လက်ဝါးရိုက်ထားသော အုပ်စုတို့၏ စားဝတ်နေရေးပြေလည်စေရန်အတွက် ထောက်ပံ့ ငွေရရှိရေး သက်သက် လုပ်ရပ်ဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်လိုက်သဖြင့် ရရှိလာသော အကျိုးဆက် နှစ်ရပ်မှာ….
၁။ ဒီမိုကရေစီ အင်အားစုများက ၎င်းတို့အား အော့နှလုံးနာမှု ရွံရှာမုန်းတီးမှုတို့ကို
ပို၍ ဖြစ်ပေါ်လာစေသည်။
၂။ ဒီမိုကရေစီ လှုပ်ရှားသူများ အကြားတွင် ပေါ်လစီရှုပ်ထွေးမှုကို ဖြစ်ပေါ်လာစေပြီး၊
ရွေးကောက်ပွဲဝင်ရမည်လော၊ ဆန့်ကျင်တိုက်ဖျက် ရမည်လော ဆိုသည့် တွေဝေမှု၊ စိတ်အနှောက် အယှက်ဖြစ်မှု၊ စိတ်ပျက်မှု တို့ကို ဖြစ်ပေါ်စေသည်။
NCGUB ကိုယ်စားလှယ် ကိုသောင်းထွန်းက“အဓိက အင်အားစုဖြစ်တဲ့ (NLD)နဲ့ တိုင်းရင်းသား အဖွဲ့အစည်း ကြီးများ အတွက် ဒီရွေးကောက်ပွဲမှာ တနည်းနည်းနဲ့ မပါဝင်ခဲ့ရင် ဘေးရောက် သွားမည့် အန္တရာယ်ရှိနေပါတယ်” လို့ ပြောခဲ့ပါသည်။ ထိုပြောကြားချက်အရ NCGUB ရဲ့ အသေအကြေ ဆောင်ရွက်ချက်သည် (နအဖ) ပြုလုပ်သော ရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ၀င်နိုင်မလဲဆိုသည့် တွေးခေါ်ကြံဆမှုဟု ယုံကြည်ရပါသည်။
ပြည်ပတွင် တကယ်အရည်ချင်းရှိသောခေါင်းဆောင်များ သူ့အုပ်စုနဲ့သူ တစိုက်မတ် မတ်လုပ်နေပြီး ပြည်တွင်းနှင့် ဆက်စပ်၍ သူ့အစုနှင့်သူ ရှိနေကြပါသည်။ ၎င်းအုပ်စုများသည် ယခုအခါ တဖွဲ့နှင့်တဖွဲ့ချိတ်ဆက်ပြီး ဆက်သွယ်ရေးကွန်ယက်များ ပြည်တွင်း ပြည်ပတွင်တည် ဆောက်ခြင်း သတင်းဖလှယ်ခြင်း ဆွေးနွေးတိုင်ပင်ခြင်းတို့ကို ခံစားချက်၊ ခံယူချက် အပြည့်ဖြင့် ပူးတွဲ ပြုလုပ်နေကြသည်။ တဖွဲ့နှင့်တဖွဲ့ အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် နှစ်(၂၀)ကျော် အတွေ့ကြုံအရ စုစည်းလာကြသည်။ ပို၍ နီးကပ်လာကြသည်။ ၎င်းတို့သည် မိမိတို့ ယုံကြည်ရာကို မိမိအုပ်စုဖြင့် တူညီသောလုပ်ငန်းများတွင် အခြားဖွဲ့စည်းများနှင့် ပူးတွဲ လုပ်ဆောင်ကြသည်။ ပရိုပိုဆယ် နိုင်ငံရေးလုပ်စားသူများနှင့် ကွာခြားချက်မှာ မိမိ အိပ်ကပ်ထဲမှ ငွေနှင့် မိမိယုံကြည်ရာကိုလုပ်ကြသဖြင့် ထိရောက်မှုရှိသည်။ ၎င်းတို့၏ ပြည်တွင်းလှုပ်ရှားမှု တချို့ သည် လက်ဝါးကြီးအုပ်နိုင်ငံရေးလုပ်စားသူများထက် ပိုထိရောက်မှုရှိသည်။ ပြည်တွင်း လှုပ်ရှားသူများသည် ၎င်းတို့ ယုံကြည်ရာ လုပ်ဖော်ကိုင်ဖက်များ၊ သမိုင်းရှိသူ ခေါင်းဆောင်များကိုသာ ဆက်ဆံခြင်း၊ လုပ်ငန်းများ ပူးတွဲ၍ လုပ်ခြင်းတို့ကို ပြုလုပ်လိုကြသည်။
တော်လှန်ရေးကို ငွေဖြင့်ဝယ်ယူလိုသော ငွေထုပ်ပိုက်ထားသူများကို ယုံကြည်မှုလည်းမရှိ၊ တွဲလုပ်လို စိတ်လည်း မရှိချေ။ ထို့ကြောင့် ငွေကြေှးရှိသောအဖွဲ့အစည်းကြီးများသည် အောင်မြင်မှု မရရှိပဲ ရပ်တန့် ဆုတ်ယုတ် နေခြင်းဖြစ်သည်။ ဥပမာအားဖြင့် (၂၀၀၈) ခုနှစ် အခြေခံ ဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲတွင် “ Vote No & No Vote” ဟူသည့် မဲလုံးဝမပေးပဲ ဆန့်ကျင်ခြင်းနှင့် မဲသွားပေးပြီး ၎င်းအခြေခံဥပဒေအတည်မပြုနိုင်ရန် ဆန့်ကျင်မဲပေးခြင်းဟူ၍ အယူအဆနှစ်ခု ကွဲထွက်လာခဲ့သည်။ အောက်ခြေထုအဖွဲ့စည်းကြီးများနှင့် နယ်စပ်ရှိ အဖွဲ့ အစည်းအချို့က လုံးဝမဲမပေးပဲ ဆန့်ကျင်ရန်။ “ No Vote” ကို လုပ်ချင်ကြသည် သို့ရာတွင် မဲရုံသို့ သွားပြီး ဆန့်ကျင်မဲပေး၍ “ Vote No” ကိုလုပ်ချင်သူများက ငွေကြေး ထောက်ပံ့သူများကို ၎င်းတို့တွင် အင်အားရှိကြောင်း (နအဖ) ၏ အခြေခံဥပဒေ အတည်မဖြစ်စေရန် “ Vote No” လှုပ်ရှားမှုဖြင့် ဆန့်ကျင်နိုင်မည်ဟုအာမခံ၍ US ငါးသိန်းကို လက်ခံရယူပြီး Vote No Campaign ကို ဦးဆောင်လုပ်ခဲ့ကြသည်မှာ အများအသိပင်ဖြစ်သည်။ ရလာဒ်မှာ (နအဖ) မှ အကောက်ကြံနည်းမျိုးစုံသုံးလျှက် အခြေခံဥပဒေကို ၉၀ရာခိုင်နှုန်းကျော်ဖြင့် အတည်ပြု
သွားနိုင်သည့် အတွက် (နအဖ)၏ အခြေခံဥပဒေကို ၎င်းတို့က မဲပေး၍ အတည်ပြုပေးလိုက် သကဲ့သို့ ဖြစ်သွားရသည်။ အမှန်မှာ အဓိက အဖွဲ့စည်းများဟု နာမည်တပ်ထားသူများသည် ပြည်တွင်းမှလက်ခံနိုင်သည့် ခေါင်းဆောင်များမဟုတ်သည့်အပြင် ၎င်းတို့ကိုလည်း ပြည်တွင်းမှ ယုံကြည်မှုမရှိခြင်း၊ ၎င်းတို့၏ ဆက်သွယ်ထားသည့် သူများမှာလည်း ငွေကြေးရရှိခြင်းကြောင့်သာ လုပ်ကိုင်ပေးကြပြီး တကယ့်ခံစားချက်၊ ခံယူချက်ရှိသူများမဟုတ်ခြင်းသည် အဓိကအားနည်းမှု ပင်ဖြစ်သည်။
ယခုလည်း အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းကို (နအဖ)မှ ငြင်းပယ်လိုက်ပါက ဂျာကာတာအုပ်စုတွင် နှစ်စုကွဲသွားနိုင်သည်။ တစုသည် နဂိုမူလရပ်တည်ချက်အတိုင်း အမာလိုင်းသို့ ပြန်လည်ဦးတည်သွားပြီး စီပွားရေးပိတ်ဆို့မှုကိုတင်းကြပ်စွာပြုလုပ်ရေး၊ ကုလသမဂ္ဂတွင် မြန်မာ့ကိုယ်စားလှယ်ကိုဖယ်ရှားရေး၊ ကာကွယ်မှု ပေးရန် တာဝန်ဆိုသည့် R2P အရ နိင်ငံအတွင်းသို့ ဝင်ရောက်ပြီးဒုက္ခရောက်နေသော ပြည်သူများအား ကယ်တင်ရေး၊ နိုင်ငံတကာ တရားရုံးတွင် စစ်ရာဇ၀တ်ကောင်များအဖြစ်တင်နိုင်ရေးတို့ကို ပြန်လည်ပြုလုပ် လာကြအုံးမည် ဖြစ်သည်။ ကျန်အုပ်စုကတော့ရွေးကောက်ပွဲကို ခေါင်းငုံ့ဝင်ကြဖို့ရှိသည်။ နိဂုံချုပ်အားဖြင့်
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်အတွက်…..
၁။ ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ၊
၂။ ဘယ်လို မဟာဗျူဟာချမှတ်ရမလဲ ဆိုသည်ကို နက်နက်နဲနဲ စဉ်းစားဖို့လိုပြီ။
၂၀၁၀ ရွေးကောက်ပွဲကို တနည်းနည်းဖြင့်မှမ၀င်လျှင် ဘေးရောက်သွားမယ်ဆိုတဲ့ အတွေးအခေါ်ဟာ
ရန်သူကို ဒူးထောက်အညံ့ခံရေး အတွေးအခေါ်သာ ဖြစ်သည်၊
ငါတို့ ဘာမှ မလုပ်နိုင်တော့ဘူး။ ဒါကြောင့် ရသမျှယူနိုင်အောင် ၀င်မှဖြစ်တော့မယ်ဆိုတဲ့ NCGUB ရဲ့ အတွေးအခေါ်ဟာ လက်ခံနိုင်စရာမရှိပါ။ မှန်ကန်တဲ့ အတွေးအခေါ်လည်း မဟုတ်ဟု ဆိုချင်ပါသည်။ ညီညွတ်ရေး ဆိုတဲ့စကားဟာ လူတိုင်းပြောနေတဲ့စကား လူတိုင်း အရေးကြီးတယ် ဆိုတာကို သိနေတဲ့ အကြောင်းအရာ တခုပါ။ ဒါပေမဲ့ ဒါကိုဘာကြောင့်မလုပ်နိုင်တာလဲလို့ မေးစရာ ရှိလာပါသည်၊ အဓိက ပြည်ပ နိုင်ငံရေးမှာ ညီညွတ်ရေးမလုပ်နိုင်တာက ပုဂ္ဂိုလ်ရေး မကြေလည်မှု၊ အုပ်စုဖွဲ့ပြီး ခြံခတ်နေထိုင်ရေး ထောက်ပံ့သူများ အလိုကျ တော်လှန်ရေးလမ်းကြောင်းမှ သွေဖယ်ပြီးလုပ်နေတဲ့နိုင်ငံရေးကြောင့် ဖြစ်ပါသည်။
ဒါတွေကိုကျော်လွှားနိုင်ဖို့က ခြံစည်းရိုးတွေအကုန်ရိုက်ချိုးပြီး ပုဂ္ဂိုလ်ရေးထက် ငါတို့ လက်နက်ကိုင် လမ်းစဉ်ကို ထည့်သွင်း စဉ်းစားရမည်။ လုပ်ရမည်။ အဲဒီအတွက် အားလုံး ညီညီညွတ်ညွတ်နဲ့ ပြောရဲရမယ်ဆိုတဲ့ အတွေးခေါ်ကို ကိုင်စွဲနိုင်ဖို့လိုတယ်လို့မြင်ပါတယ်။ ထောက်ပံ့သူတွေကို ငါတို့နိုင်ငံမှာ မင်းတို့နိုင်ငံတွေလို လူတွေက အုပ်ချုပ်နေတာမဟုတ်ဘူးဆိုတာကို တဖွဲ့ချင်းမဟုတ်ပဲ အုပ်စုအလိုက်ရှင်းပြရမယ်။ ဒါ့အပြင် ဥရောပ၊ အမေရိက၊ အာရှနိုင်ငံတွေမှာ ရှိတဲ့ လှုပ်ရှားသူတွေကိုဖိတ်ပြီး တလေးတစား လူရာသွင်းဆွေးနွေးရင် အများက ထောက်ခံလာမှာ ဖြစ်ပါသည်။ လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ်ကို ရဲရဲဝံ့ဝံ့သာချပြဆွေးနွေး၊ တကယ်လည်း အကောင်အထည် ဖော်မယ်ဆိုရင် မြန်မာ့အဖွဲ့စည်းတွေ၊ ကျောင်းသားတပ်မတော် လူဟောင်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေအာလုံး ၀ိုင်းဝန်းထောက်ပံ့မှုနဲ့ တော်လှန်ရေးကို စတင် နိုင်ပါလိမ့်မယ်။ အဓိကကတော့ ကိုယ့်လုပ်တဲ့ အလုပ်ကို ယုံကြည်ဖို့ပါပဲ၊ ယုံကြည်တဲ့အတိုင်းလဲ လုပ်ကြမယ်ဆိုရင် ပြည်သူတွေပါလာမှာပဲ၊ ယနေ့ပြည်သူတွေက ရွှေပြည်အေး သမားတွေကို မျှော်နေတာမဟုတ်ဘူး၊ ခေါင်းဆောင်ကောင်း တွေကို မျှော်နေတာ ဖြစ်တယ်။ ABSDF တပ်ဖွဲ့ဝင် လူတသောင်းကျော် တောထဲ ရောက်လာတော့ ဘယ်သူက ကျွေးခဲ့တာလဲ? ဆိုတာကို ပြန်မေးဖို့သင့်ပါတယ်၊ တော်လှန်ရေးကကျွေးခဲ့တာပါ တော်လှန်ရေး သမားတွေက ပေးခဲ့တာပါ။ ပိုက်ဆံဆိုတာ၊ ထောက်ပံ့မှုဆိုတာ ကိုယ်က တကယ်လုပ်နိုင်ရင် နောက်က လိုက်လာတာပါ။ ပိုက်ဆံနောက်မလိုက်ပဲ ယုံကြည်ရာကိုလုပ်ဖို့ပဲ လိုပါတယ်။
ပထမဆုံးလုပ်ရမည့် အလုပ်ကတော့ အမျိုးသား ကွန်ဂရက်ကြီး ခေါ်ယူရေးဖြစ်ပါတယ်။ အဲဒီ ကွန်ဂရက်ကြီးမှာ လွှတ်တော်အမတ်များ၊ လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်များ၊ ငြိမ်းအဖွဲ့များ၊ ကျောင်းသားမျိုးဆက်များ၊ သံဃာတော်များ၊ တတ်သိပညာရှင်များ အားလုံး ပါဝင်တဲ့ နိုင်ငံတကာ မြန်မာအမျိုးသား ကွန်ဂရက်ကြီး ခေါ်ယူနိုင်ရေးကို အများက ၀ိုင်းဝန်း ကြိုးစားရမှာ ဖြစ်ပါတယ်။
ဒီကွန်ဂရက်ကြီးမှ တိုက်ပွဲဝင်အစိုးရကို ခေါင်းဆောင်နိုင်သူ ပြတ်သားသူတွေကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဖောင်းပွနေသော တော်လှန်ရေး အဖွဲ့အစည်းများ၊ တပ်ပေါင်းစုအတွင်းမှ ထပ်ဖွဲ့ထားသည့် ဘော်ချက်နေသော တပ်ပေါင်းစုကလေးများ အားလုံးကို ဖျက်သိမ်း၍ (ဖဆပလ) အဖွဲ့ချုပ်ကြီးကဲ့သို့တခုတည်းသော အဖွဲ့ကြီးဖြစ်ရန် သမိုင်းပေး အခြေအနေအရ လိုအပ်နေပြီဖြစ်သည်။
စစ်အာဏာရှင်တို့ကို လက်နက်မဲ့နည်းလမ်းတခုတည်းဖြင့်မရ လက်နက်ကိုင် လမ်းစဉ်နဲ့ပါ ပေါင်းစပ်မှ ရနိုင်မည်ဆိုသည့် အယူအဆကို ၎င်းမြန်မာအမျိုးသားများ ကွန်ဂရက်ကြီးမှ ကမ္ဘာသိ ကြေငြာချက်ထုတ်ပြန်၍ “ငါတို့ ဒီလိုမြင်တယ်၊ ဒါကြောင့်ဒီလိုလုပ်မယ်၊ မင်းတို့ပြောနေတဲ့ လက်နက်မဲ့နည်းက မင်းတို့နိုင်ငံမှာပဲရမယ်၊ လူအသက်ကို တန်ဘိုးမထားတဲ့ မိစ္ဆာတွေရဲ့လက်ထဲမှာ လက်နက်မဲ့ကျောင်းသားတွေဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ဖြိုခွဲခံခဲ့ရပြီးပြီ၊ သံဃာတော်တွေရဲ့ ရွှေဝါရောက်တော်လှန် ရေးကြီးကိုလည်း လက်နက် အားကိုးနဲ့ ရက်ရက်စက်စက် ဖြိုခွဲခဲ့ပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းစွာ ကျိုးစားမှုကိုလည်း နေအိမ် အကျယ်ချုပ်နဲ့ ရပ်ဆိုင်းထားလိုက်ပြီ၊ ဒါကြောင့် ငါတို့နိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ငါတို့အစိုးရဖွဲ့မယ်၊ အစိုးရမှာ တပ်လိုတယ်၊ ငါတို့ရဲ့တပ်ဟာ ပြည် ထောင်စု တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ပြည်ထောင်စု တပ်ဖြစ်တယ်၊ ဒီတပ်ရဲ့ ရည်ရွယ်ချက်က၊ ပြည်သူတွေကိုကာကွယ်ဖို့ဖြစ်တယ်၊ ပြည်သူတွေ အတင်းအဓမ္မ ချောဆွဲခိုင်းနေတာတွေ ရပ်တန့်ဖို့၊ ကျေးရွာတွေကို အတင်းအကြပ်ပြောင်းရွေ့နေတာကို ရပ်တန့်ဖို့၊ ကလေးငယ်တွေ စစ်ထဲသွပ်သွင်း နေတာတွေကို တားဆီးဖို့၊ ပြည်ထောင်စုဘွား တိုင်းရင်းသားအမျိုးသမီး ငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့၊ တပ်ရဲ့မတရားမှုကို မကြိုက်လို့ ဘက်ပြောင်းလာတဲ့ အရာရှိ အကြပ်တပ်သားတွေကို လက်ခံဖို့၊ ကြိုဆိုဖို့ ကာကွယ်ပေးဖို့ဖြစ်တယ်၊ ငါတို့ တပ်ဖွဲ့က အကြမ်းဖက်ဖို့မဟုတ်ဘူး၊
ပြည်သူတွေအတွက် ကာကွယ်ရေးသာဖြစ်တယ်။
ဒါကြောင့် ငါတို့ အကူအညီလိုတယ်၊ ငါတို့လမ်းစဉ်မှန်ကန်ကြောင်းကို နိုင်ငံအသီးသီးမှာ ရှိနေတဲ့ မြန်မာပြည်သူတွေက ထောက်ခံနေကြပြီဆိုတာကို ရဲရဲဝံ့ဝံ့ပြောရဲရမယ်။ နိင်ငံတကာ အကူ အညီမရရင် တိုက်မှရမယ်ဆိုတာကို ယုံကြည်တဲ့ ပြည်တွင်း ပြည်ပမှာရှိတဲ့ မြန်မာပြည်သူ လူထုရဲ့ထောက်ခံပံ့ပိုးမှုနဲ့ဆက်လုပ်ရဲရမယ်
“တပ်ဖွဲ့ရင် ပိုက်ဆံရမှာ မဟုတ်ဘူးဗျ” ဆိုရင် ဘယ်တော့မှတော်လှန်ရေးဟာဖြစ်လာမှာမဟုတ်ဘူး ။
တော်လှန်ရေး သစ္စာဖြင့်
ထွန်းအောင်ကျော်
(August 11, 2009)

8.04.2009

မျှတမှုနှင့် ဂုဏ်ကြက်သရေ

E-mail Print
၂၀၀၃ ခုနှစ်က နောက်ဆုံးအကြိမ် ကျနော် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရစဉ်က စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည် စီးနင်းလာသည့် ယာဉ်တန်းကို တိုက်ခိုက်ရန်အတွက် အမိန့်မပေးမီ ကာလ ဖြစ်သည်။

ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အများအပြား သေဆုံး ခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် စကားပြော လေရာ နိုင်ငံနေရာ အနှံ့အပြားတွင် လူထောင် သောင်း ချီ၍ စုဝေးလာသည့်အတွက်ကြောင့်လည်း အစိုးရက ရက်ရက်စက်စက် တခုခု ပြုမူ လာတော့မည် ဖြစ်ကြောင်း ခြိမ်းခြောက်သတိပေးမှုများ များပြားလာနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားခဲ့သေးသည်။ လူမြင်ကွင်းမှပျောက်ကွယ်နေ၍ တဦးတည်း ထိန်းချုပ်ထားသည့်တိုင် လူထုအကြား ဒေါ်အောင် ဆန်း စုကြည်အပေါ် ထောက်ခံနေမှုမှာ လျော့ကျမသွားခဲ့ပါ။ အန္တရာယ်တိုးများလာနေသော်လည်း မလျှော့တန်း ဆက် လက် လုပ်ကိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းအားနှင့် ဇွဲစိတ်သန်မှုမှာ လေးစားအားကျဖွယ်ပင် ဖြစ်ပါသည်။

ယခု ရင်ဆိုင်နေရသည့် ဟန်ပြခုံရုံးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့တွင်ရှိနေသည့် ရှားရှားပါးပါး အရည်အသွေး များကို အသုံးချ၍ ကျော်ဖြတ်သွားမည်ဆိုသည်ကို သိနေပါသည်။ မည်သို့ဖြစ်စေ ဤဖြစ်ရပ် ကြောင့် ဒေါ်အောင်ဆန်း စုကြည်ကို အင်အားတိုး၍ တက်ကြွစေမည်ဖြစ်ပြီး ပို၍ပင် ထောက်ခံမှုအား ကောင်းလာမည်သာ ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များက အဖြစ်အပျက်များတွင်လည်း မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကလေးကလား ဆန်ဆန် ညစ်ပတ်ကွက်ကို ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံခေါင်းဆောင်တဦးအလား တည်ကြည်စွာ တုံ့ပြန် ပြုမူခဲ့ပုံ နောက်တကြိမ်ကို မြင်ခဲ့ကြရပြန်သည်။ နိုင်ငံတကာ သတင်းမီဒီယာများကလည်း ဤသတင်းကိုသာ အသားပေး ဖော်ပြခဲ့ ကြသည်။ အချုပ်အနှောင် ခံနေရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အလွန် အင်အားကြီးလာအောင်၊ ရှိသမျှ မရေမတွက်နိုင် သည့် အင်အားများက ဒေါ်အောင်ဆန်းစုကြည်ထံ စုပြုံစီးဆင်းသွားလေအောင် စစ်အစိုးရက လုပ်ပေးနေ သည့် အသွင်ဖြစ်နေပါသည်။

ဒေါ်အောင်ဆန်းစုကြည်ထံတွင် ရှိနေသည့် အာဏာအစွမ်းသည် နေရာပေါင်းများစွာမှ စီးဆင်းလာပါသည်။ မြန်မာနိုင်ငံ အရေးအတွက် သူ့ထံတွင် မျှော်လင့်ချက်ထားနေကြသူ ပြည်တွင်း၊ ပြည်ပရှိ လူပေါင်းများစွာထံမှ လာပါသည်။ လယ်ကွင်း ထဲရှိ ဆင်းရဲမွဲတေနေသည့် လယ်သမားများမှသည် မြစ်ဝကျွန်းပေါ်ဒေသရှိ နာဂစ်လေမုန်တိုင်းဒဏ် ခံစားခဲ့ကြရသည့် ဒုက္ခ သည်များထံမှ လည်းကောင်း၊ မြန်မာပြည်နယ်စပ်ပြင်ပရှိ ဒုက္ခသည်များမှသည် ပြည်တွင်း၌ပင် တိမ်းရှောင်ပြေးလွှားနေကြ ရသည့် ပြည်တွင်းဒုက္ခသည် များထံမှ သော်လည်းကောင်း၊ စစ်အစိုးရ ဒုက္ခပေးမှုကြောင့် အသက်ငင်နေကြရသည့် စီးပွားရေး လုပ်ငန်းရှင်များမှသည်၊ ပြည်သူ့အကျိုး ထမ်းဆောင်ပေးခွင့် မရရှာသော ပြည်သူ့ဝန်ထမ်းများ ထံမှသော်လည်းကောင်း၊ စုပြုံရောက်ရှိ လာကြခြင်း ဖြစ်ပါသည်။

ထိုမျှမက ကျနော်တို့၏ ခေါင်းဆောင်များအပေါ်တွင် မယုံကြည်နိုင် သံသယအမြင်အပြည့်ဖြင့် ကြည့်နေကြရ သည့် ကမ္ဘာ ကြီးထဲ၌ တည်ကြည်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု စသည့် သူမတူသည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းများကို လေးစားကြည်ညိုနေကြသူများထံမှလည်း ၎င်းအာဏာခွန်အားများလာခြင်း ဖြစ်ပါသည်။ ထိုမျှမက တကိုယ်တော်၊ သတ္တိ ပြောင်မြောက်လှသည့် အမျိုးသမီးတဦးအပေါ် တသွေးတသံတမိန့် ဖြစ်နေသည့် စစ်တပ်ကြီးတခုလုံးက ရန်ပြုခံနေရသည့် အခြေအနေ၊ ဇာတ်နာစရာအကြောင်းမှလာခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ် သန်းရွှေအနေနှင့် ဤသို့ ခွန်အားများ စီးဆင်းလာနေ မှုကို ရပ်ဆိုင်းပိတ်ဆို့နိုင်ဖွယ် အကြောင်းမရှိပါ။ တိုး၍သာ ပို၍ပြင်းထန်စွာ၊ ပို၍ မြန်ဆန်စွာ စီးဆင်းလာမည်သာ ဖြစ်ပါ သည်။ ဤအချက်ကြောင့်လည်း သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရွံ့စိုးရိမ်နေကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အာဏာအစွမ်းက သူ၏ ဆုံးဖြတ်ချက်မှန်ကန်မှု၊ ထက်မြက်မှုအပေါ်တွင် ထပ်၍ထပ်၍ တိုးတက် လာနေကြောင်း ပို၍ ထင်ရှားလာရပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို သိပ်ခေါင်းမာသည်၊ သိပ် ပျော့ပြောင်းသည်၊ သိပ်အလျှော့ပေး စေ့စပ်လိုသည်၊ အလျှော့ပေး စေ့စပ်လိုစိတ်မရှိ.. စသဖြင့် ဝေဖန်ခဲ့သူ အများရှိခဲ့ပြီး၊ တချို့ပညာရှင်များပင် ပါဝင်ခဲ့ကြပါသည်။ ထိုသူများက ဖော်ပြချက်မှာ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာကြီး က သာ စစ်အစိုးရအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြ ပါက စစ်အစိုးရက သူ့ဘာသာ ပြောင်းလဲသွားမည်ဟု ဆိုကြ ပါသည်။ အကယ်၍ ကျနော်တို့က စစ်အစိုးရအပေါ် သနားကြင်နာစွာဆက်ဆံပါက အမှန်ပင် စစ်အစိုးရပြောင်းလဲသွားမည် ဟု သူတို့ စိတ်ထဲက ယုံကြည်စွာပြောဆိုနေခဲ့ခြင်း ဖြစ်ပါသည်။ (ဤသို့ပြောဆိုနေကြသော်လည်း သူတို့၏အမြင်ကို ထောက်ခံပံ့ပိုး ပေးမည့် သက်သေသာဓက တစုံတရာ မရှိပါ။)

ထိုသူများတွင် အချိန်နှင့် ခွန်အား မြောက်များစွာ ရှိခဲ့ကြပါသည်။ မြန်မာနိုင်ငံ သမိုင်းနှင့်ပတ်သက်၍ စာအုပ် တွဲများ ထွက်ရ လောက်အောင်၊ ဉာဏ်ကြီးရှင် အစီရင်ခံစာများ၊ မြန်မာနိုင်ငံ၏ အုပ်စုဂိုဏ်းဂဏ နိုင်ငံရေးနှင့် ပတ်သက်၍ အသေးစိတ် ဖော် ပြထားသည့် သုံးသပ်ချက်များ.. စသည်ဖြင့် ရေးသားကြပြီး ဒေါ်အောင်ဆန်း စုကြည်၏ ဂုဏ်သိက္ခာသတင်း ကျော်စောနေရ မှု ချက်ကောင်းကို ထိုးနှက်ရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့သော်လည်း ဖြစ်လာသမျှအကြောင်းအချက်များက သူတို့၏ ဝေဖန် ချက်များကို ဘေးရောက်သွားခဲ့ စေသည်သာ ဖြစ်ပါသည်။ သူတို့၏ အချက်အလက်များကလည်း သွေလွဲခဲ့ရသည်ချည်း ဖြစ်ပါသည်။

ပထမအချက်မှာ မြန်မာနိုင်ငံ အိမ်နီးချင်းများက ဆန်းစစ်ဝေဖန်မှု လုံးလုံးမရှိဘဲ ကျင့်သုံးနေကြသော အပြုသဘောဆောင် သည့် ပူးပေါင်းဆက်ဆံရေးမှာ ဆယ်စုနှစ် ၂ ခုတိုင် ရှိခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု အနည်ဆုံး တခုသော်မျှ မဖြစ်စေသည့်အပြင် စစ်အစိုးရအနေနှင့် ပြောင်းလဲလိုက်လျော လာစေမည့် အသွင် မမြင်ခဲ့ကြရပါ။ အကယ်၍ ပညာရှင် တဦးတလေက မိမိကြွင်းကျန်နေနိုင်သည့် သက်သေ သာဓက တခုခုကို ပေးနိုင်ပါမည်လား။ အမှန်ပင် ၀မ်းသာမိ မည် ဖြစ်ပါသည်။

ဒုတိယအချက်မှာ မြန်မာပြည်သူများအတွက် အကူအညီများ(သဘာဝအရ ကောင်းမွန်သည့် အလုပ် ဖြစ်သော် လည်း)သည် လည်း စစ်အစိုးရအတွက် မက်လုံးသဖွယ် မဖြစ်စေခဲ့ပါ။ ကြိုတင်သိရှိထားမှု မရှိဘဲ၊ သတင်းမရရှိကြဘဲ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသတခုလုံး မြေပုံမှ ပျောက်ကွယ်သွား တော့မတတ် ဖြစ်ခဲ့ရသော်လည်း ကမ္ဘာက အား တက်သရောပေးကမ်းလာကြမည့် အကူအညီများအား စစ်အစိုးရက ငြင်းပယ်ကာ မုန်တိုင်းသင့်ဒုက္ခသည်များကို တပူပေါ် နှစ်ပူဆင့် ပို၍ ဒုက္ခသင့်စေခဲ့ပါသည်။

တတိယအချက်မှာ မြန်မာနိုင်ငံရှိ ပြည်သူများက အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လို နေကြပါသည်။ ဝေဖန် သူအများစုကဆိုနေကြသည်မှာ မြန်မာပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရည်မှန်းချက်များကို စိတ်မ၀င် စားကြတော့ဘဲ သူတို့ နေ့စဉ်နှင့်အမျှ စားရေးသောက်ရေး အပြောင်း အလဲ ကိုသာ ရှာဖွေနေကြသည်ဟု ဆိုပါသည်။

၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာ ထောင်ပေါင်းများစွာက အပြောင်း အလဲများ ဖြစ်လာစေရန် ရဲဝံ့စွာချီတက် လမ်းလျှောက်ခဲ့ကြပြီး ပြည်သူအများက ၀န်းရံအားပေးခဲ့ကြပါသည်။ သေချာသည်မှာ ပြည်သူများက လုံးဝဥဿုံပြောင်းလဲမှုမျိုးကိုသာ ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြခြင်း ဖြစ်ပါသည်။

သို့သော်လည်း တဘက်အမြင်မှနေ၍ ဝေဖန်နေကြသူများကိုလည်း မျှမျှတတသဘော တုံ့ပြန်လိုပါသည်။ သူတို့ ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းများသုံး၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ဖိအားပေးရေး၊ သံတမာန်ရေး နည်း လမ်းများဖြင့် ကြိုးပမ်းနေကြသူများ ဖြစ်ပါသည်။

ကိုဖီအာနန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ယူနေစဉ်ကာလအတွင်း သူ့ထံမှ "အလွန်အမင်း စိုးရိမ် မကင်း ဖြစ်ရပါသည်" ဟူသော ထုတ်ပြန်ကြေညာချက် မည်မျှ တွေ့ခဲ့ရပြီဆိုသည်ကို အသေအချာ မပြောနိုင်တော့ပါ။ မစ္စတာ ဘန်ကီမွန်းသည်လည်း စက္ကူချွေတာလိုလျင်ဖြင့် ယခင်ကြေညာချက်များအောက် လက်မှတ်ထိုးသည့်နေရာတွင် ကိုဖီအာနန်၏ အမည်ကိုဖျက်၍ ဆက်ခံသူ သူ့အမည်ကို ရေးသားရုံသာ ရှိပါတော့သည်။ ထိုမျှမက စစ်အစိုးရ၏ လုပ်ရပ် များအပေါ် ပြစ်တင်ရှုတ်ချကြသူ၊ ဒေါသဖြစ်ရသူ၊ ဝေဖန်ကြသူ အစိုးရအများအပြားလည်း ရှိနေပါသေးသည်။ ရုပ်ပြ သဘောဆောင်သည့် ပိတ်ဆို့ဒဏ်ခတ်မှုဖြင့် တုံ့ပြန်ခဲ့သူ အစိုးရများလည်း ရှိနေပါသေးသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို အိမ်နီးချင်းကောင်းဟုပင် ဆို၍ မရနိုင်ကြတော့ပါ။ သူတို့က နေ့စဉ်နှင့်အမျှ၊ နှစ် လ ကြာရှည် မြန်မာနိုင်ငံတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်ညှဉ်းပန်းသံများ နားမခံသာအောင် ကြားနေကြရ သော်လည်း သူတို့အရေးမဟုတ်ဟု ဆိုနေကြပါသည်။ သူတို့၏ မူဝါဒများ၊ သို့မဟုတ် မူမဲ့ကျင့်သုံးနေပုံများမှာ ပို၍ပင် အန္တရာယ်ကြီးနေစေပါသည်။

ဤကိစ္စများတလျောက်လုံး၌ ဒေါ်အောင်ဆန်းစုကြည်က မျှမျှတတနှင့် တည်ကြည် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခဲ့သည်ဟု မြင်ပါသည်။ ကြိုတင်သတ်မှတ်ချက်များ မရှိဘဲ တွေ့ဆုံဆွေးနွေးမည်ဟု ကမ်းလှမ်းထားပြီးလည်း ဖြစ်သည်။ တိုးတက်မှုရ လာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်ပေးရမည်ဆိုသည့် အပေးအယူကိုလည်း နားလည်ထားသူ ဖြစ်ပါ သည်။ သူက နိုင်ငံရေး ရည်ရွယ်ချက်အတွက် လူထုကို လက်နက်သဖွယ် ချသုံးမည့်သူ မဟုတ်ပါ။ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးဟူသည်မှာ လက်တွေ့ကျမှု၊ ပွင့်လင်းသောစိတ် စသည့် မူများမှနေ၍ အခြေခံ၍လာရမည်ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည်က သဘောပေါက် ထားပါသည်။ စစ်ဗိုလ်ချုပ်များက တခုခု တုံ့ပြန်လာနိုး မျှော်လင့်ချက် ဖြင့် သင်၏ အားကောင်းချက်များကို လက်လွှတ်ပေး အပ်လိုက်ရန် မလိုအပ်ပါ။

အမှန်တကယ် အပြောင်းအလဲများ ဖြစ်ရန်အတွက်ဆိုလျှင် ဖိအားလိုအပ်ပါသည်။ ဗိုလ်ချုပ်သန်းရွှေ လက်အောက်တွင် ရှိနေ ကြသူများအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲအလုပ်လုပ်ပါက သူတို့အတွက် အကျိုးပို၍ ရှိစေမည်၊ မဟုတ်ပါက ဆုံးရှုံးရန်အကြောင်းချည်းသာ ရှိနေသည်ဟု နားလည်သဘော ပေါက်လာစေသည့်တိုင် ဖိအားများ လိုအပ်နေ ပါသေးသည်။ ၎င်းဖိအားများသည် တရုတ်နိုင်ငံမှ လာရန် လိုအပ် ပါသည်။ အကယ်၍ ဗိုလ်ချုပ်သန်းရွှေကို နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး တင်ရတော့မည့်အရေး၌ တရုတ်နိုင်ငံက ဗီတိုအာဏာဖြင့် ကာကွယ်မပေးနိုင်ကြောင်း သိစေရန် လိုအပ်ပါ သည်။

အာဆီယံ အဖွဲ့ကလည်း မကြာသေးမီကမှ လက်မှတ်ရေးထိုးခဲ့သည့် လူ့အခွင့်အရေး သဘောတူညီချက်များဖြင့် တုံ့ပြန်လာ ရန် လိုအပ်နေပါသည်။ စစ်အစိုးရအပေါ် သြဇာအများဆုံးသက်ရောက်နိုင်ကြသည့် အနောက်နိုင်ငံ များထံမှလည်း သံတမန် ရေးအရ ဖိအားများ အပြင်းထန်ဆုံးသက်ရောက်စေရန် လိုအပ်နေပါသည်။ ပြစ်တင် ဝေဖန်နေရုံမျှဖြင့် မည်သည့်အခါမျှ အလုပ်မဖြစ်နိုင်ပါ။ နိုင်ငံတကာ မိသားစုအနေဖြင့် တိကျသော လုပ်ဆောင်မှုများ၊ အကယ်၍ စစ်အစိုးရက ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်ရန် ဆက်လက်ပျက်ကွက်ပါက အမှန်တကယ်ရင်ဆိုင်ရမည့် အကျိုးဆက်များကို သေချာချမှတ်ဆောင် ရွက်သင့်နေပြီ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် သိသိသာသာ ချီးမြှောက်ဂုဏ်ပြုလိုပါသည်။ သို့သော်လည်း သူ့အပေါ် မိမိ၏ အမြင်နှင့် ရောထွေး၍ နားမလည်ပစ်ရန် လိုအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က သူပြုခဲ့သည့် အမှားများ ရှိသည်ဆိုလျှင် ၎င်း တို့အတွက် ပထမဦးဆုံး ၀န်ခံပြောဆိုရမည့်သူဟု ကျနော်က မြင်ပါသည်။ လုံးဝပြုပြင် ပြောင်းလဲပစ်မည့်သူလည်း ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်တွင် ဤကဲ့သို့သော ရိုးသားမှု ရှိပါသည်။ သို့သော် အရေးကြီးသည့်အချက်မှာ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ စစ်တပ်ကို မည်သည့်အခန်းကဏ္ဍတွင် ထားရှိ မည် နည်း၊ တိုင်းရင်းသားများအရေး တရားမျှတအောင် မည်သို့ဖြေရှင်းပေးမည်နည်းဟူသော မေးခွန်းများ ဖြစ်ပါသည်။ ဤ ကိစ္စများအပေါ် ဒေါ်အောင်ဆန်းစုကြည်က မှန်မှန်ကန်ကန်ပင် မြင်ထားပါသည်။

နိုင်ငံရေး လှုပ်ရှားမှုများ နိဂုံးချုပ်ခဲ့လေပြီ၊ သို့မဟုတ်လျှင်လည်း အလျှင်အမြန်ရလဒ်ကောင်းထွက်လာဖွယ် မရှိဟု ယုံကြည် နေကြသူများအတွက်လည်း သူတို့၏ သမိုင်းစာအုပ်ကို သေသေချာချာ၊ စိစိစစ်စစ် ပြန်လည်ဖတ်ရှုရန် တိုက်တွန်းလိုပါ သည်။

အာဖရိက အမျိုးသားကွန်ဂရက် (အေအန်စီ)ကို ၁၉၁၂ ခု စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ သူတို့၏ ရည်မှန်းချက် ဒီမိုကရေစီ တောင်အာဖရိကနိုင်ငံတော် ဖြစ်ပေါ်လာစေရန်အထိ ဆယ်စုနှစ် ၈ ခုကျော် ဖြတ်သန်းခဲ့ကြရပါသည်။ အရှေ့ဥရောပရှိ ဒီမိုကရက်များအနေနှင့် အောင်ပွဲခံရန် ရာစုနှစ်တ၀က်မျှ ရုန်းကန်လှုပ်ရှားခဲ့ကြရပါသည်။

မြန်မာနိုင်ငံကို ဤမျှ ကြာရှည်စောင့်ရမည်ဟု မဆိုလိုပါ။ လှပလွန်းသည့် နိုင်ငံတွင် အပြောင်းအလဲများ တွေ့မြင်ရစေရန် မိမိတို့ ဆန္ဒစောနေကြပါသည်။ သည်းညည်းမခံနိုင် ဖြစ်နေခြင်းသာ ဖြစ်ပါသည်။ အမှန်တကယ် အပြောင်းအလဲဆိုသည်မှာ မည်သို့မည်ပုံ ဟူသည်ကိုလည်း ကျနော်တို့က အာရုံမပြတ်စေသင့်ပါ။ ဤအချက်ကို ဒေါ်အောင်ဆန်းစုကြည်က အမြဲ မျက်ချည်မပြတ်ရှိ နေသည်ဟု ယုံကြည်ပါသည်။

တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောခဲ့ဖူးပါသည်။ သူ့အပေါ် မှီခိုအားထားနေကြသူများ စိတ်ဓာတ်ကျဆင်း သွားရမည်ကိုသာ စိုးရိမ်သည်ဟု ဆိုခဲ့ပါသည်။ ဖြစ်နိုင်လျှင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် သူသာ အနစ်နာခံလိုက်မည်ဟု ဆိုပါ သည်။ ဤအချက်ကပင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်နေသဘောထားကို ဖော်ပြနေပြီး ဤအတိုင်း အနစ်နာခံ ဆောင် ရွက်နေခြင်း ဖြစ်ပါသည်။ ထိုမျှမက ဤအချက်က နိုင်ငံတကာ မိသားစု အတွက်လည်း တစုံတရာပြောဆိုနေခြင်း ဖြစ်ပါတော့ သည်။

John Jackson ရေးသားသည့် Balance and Grace ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

John Jackson သည် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဟောင်းတဦး ဖြစ်ပါသည်။

7.28.2009

အညတြတော်လှန်ရေးသမားတဦး

သူတို့အတွေး သူတို့ အမြင်
၂၈ ဇူလိုင် ၂၀၀၉
ဥစ္စာဓန မက်မောသူများလို့ ဆိုလိုက်တော့ ဥစ္စာဓန မမက်မောတဲ့လူ ဘယ်မှာရှိလို့လဲလို့ မေးစရာရှိပါတယ်။ မက်မောတယ်လို့ ဆိုရာမှာ ဥစ္စာဓနကိုရယူဖို့ လမ်းစရှိသူတွေ တနည်းအားဖြင့် ရယူနိုင်ဖို့ အနေအထားရှိသူတွေကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမဆို ကုန်ကုန်ပြောရရင် ကုန်းကောက်စရာ ဘာတခုမှမရှိလောက်အောင် ဆင်းရဲနုံချာရှာလွန်းသူတွေကိုတောင် “ဥစ္စာဓနတွေ မလိုချင်ဘူးလား” လို့ ပေါ့ပေါ့တန်တန်လေးမေးရင် “လိုချင်တာပေါ့” လို့ ပြန်ဖြေရုံမက မေးသူကိုပါ “ဒီလို အရည်မရ အဖတ်မရတဲ့ မေးခွန်းကို ဘာဖြစ်လို့ လေကုန်ခံပြီး မေးနေသေးလဲ” လို့ အပြစ်တင်တဲ့အကြည့်နဲ့ပါ ပြန်ကြည့်လိုက်ပါဦးမယ်။ ဒါ့ကြောင့် ဥစ္စာဓန မက်မောတယ်ဆိုတာ အဲဒီလို ဘ၀နင်းပြား ဖြစ်နေရှာရသူတွေနဲ့ မဆိုင်ဘူးလို့ ကျနော်ဆိုလိုပါတယ်။

မိဘလက်ထက်က လက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်း သို့မဟုတ် အရင်းအနှီး တစုံတရာ သို့မဟုတ် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အကြားအမြင် အတွေ့အကြုံ၊ အဆက်အသွယ် အသိုင်းအ၀ိုင်း တစုံတရာရှိသူတွေ အစရှိတဲ့ အနေအထားမျိုးကို ရရှိပိုင်ဆိုင်ထားသူတွေကလည်း ဥစ္စာဓနကို ‘မက်မောအား’ ရှိကြပါတယ်။ ဒီဆောင်းပါးမှာ သူတို့တတွေ ဥစ္စာဓန မက်မောတဲ့ အကြောင်းကိုလည်း ဆွေးနွေးစရာမရှိပါ။

နောက်တမျိုးဖြစ်တဲ့ ဗိုလ်သန်းရွှေတို့လို အတုလံအတုမရှိတဲ့ အာဏာ (ကိုယ့်တိုင်းပြည် ကိုယ့်ရွာ၊ ကိုယ့်ဌာနေမှာပါ) ပိုင်စိုးထား သူတွေအဖို့တော့ ‘ဥစ္စာဓနမက်မောအား’ အရှိဆုံးဖြစ်ပါတယ်။ သိတော်မူကြတဲ့ အတိုင်းပါပဲ၊ မက်မောလွန်းအားကြီးလို့ ရာဇဣနြေ္ဒတောင်မဆည်နိုင်ကြဘဲ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေကြတာတွေ။ ‘ရွှေလက်တို့ ဘုရင်ကြီး’ လို သူတို့လက်နဲ့တို့ရာ ရွှေဖြစ်နေကြတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင် ထပ်နေပါပြီ။ မီဒီယာမှာ မကြားချင်၊ မဖတ်ချင်အဆုံးပါ။

ကျနော်ဆွေးနွေးတင်ပြချင်တာက ‘သန်း ၄၀ (ခုတော့ သန်း ၅၀၊ ၆၀ လောက်ရှိနေပြီလို့ ထင်ပါတယ်) ပြည်သူတွေအတွက်’ တို့၊ ‘(---) လူမျိုးအတွက်လို့’ ဆိုတဲ့ စကားမျိုးတွေ တွင်တွင်ပြောပြီး ဥစ္စာဓန မက်မောတဲ့ လူတွေရဲ့ ထုတ်ဖော်ကြေညာထားတဲ့ စေတနာဆိုတာနဲ့ သူတို့လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်းပဲ ဖြစ်ပါတယ်။

ဗမာပြည်ရဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ လူမျိုးရေးအခြေခံတဲ့ အဖွဲ့အစည်းတွေက အများစုဖြစ်ပါတယ်။ အဲဒီ လူမျိုးရေးအဖွဲ့အစည်းတွေမှာ အများအားဖြင့် မိမိတို့လူမျိုးထဲမှာ လူတန်းစားတွေ တည်ရှိနေတယ်ဆိုတာကို အသိအမှတ် မပြုကြပါဘူး။ ဒီတော့ အဖွဲ့အစည်း တည်ထောင်ဖွဲ့စည်းရာမှာ မိမိတို့အဖွဲ့အစည်းဟာ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်း သို့မဟုတ် ပါတီလဲဆိုတာကို သတ်မှတ်ထားခြင်း မရှိကြပါဘူး။ တချို့အဖွဲ့အစည်းတွေကျတော့ အမျိုးသားရေး ကြွေးကြော်ပေမယ့် လူတန်းစားတည်ရှိမှုကို အသိအမှတ်ပြုပြီး မိမိအဖွဲ့အစည်းဟာ ဘယ်လူတန်းစားကို အခြေခံတယ်၊ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို သတ်မှတ်ဖော်ပြပါတယ်။ သာဓကအားဖြင့်ဆိုရင် တချိန်တုန်းက ရှိခဲ့ဖူးတဲ့ KNUP ပါတီ။

တကယ်တော့ (ဘုံစနစ်ကျင့်သုံးနေတဲ့ ရှေးဟောင်းလူ့အဖွဲ့အစည်းအဆင့် လူ့အဖွဲ့အစည်းတွေကလွဲရင်) လူ့အဖွဲ့အစည်းမှာ လူတန်းစားတွေ တည်ရှိနေ တယ် ဆိုတာ ကို အသိအမှတ်ပြုကြတာချည်းပါပဲ။ လူတန်းစားတွေတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ လူမှုအခြင်းအရာတွေမှန်သမျှဟာ လူတန်းစားနဲ့ ကင်းလွတ် တာရယ်လို့ ဘာတခုမှ မရှိပါဘူး။ ယဉ်ကျေးမှုမှာတောင်မှ အခွင့်ထူးခံ လူတန်းစား ရဲ့ ယဉ်ကျေးမှု (elite culture) နဲ့ အများပြည်သူ့ယဉ်ကျေးမှု (popular culture) ရယ်လို့ ကွဲပြားခြားနားပါတယ်။ အကျိုးစီးပွားချင်း အပြန်အလှန် ပဋိပက္ခ တွေဖြစ်နေပြီး အကျိုးစီးပွားချင်း လုနေ သို့မဟုတ် ထိန်းညှိနေရတဲ့ နိုင်ငံရေး နယ်ပယ်မှာ လူတန်းစားတည်ရှိမှုကို အသိအမှတ်မပြုတာဟာ ပကတိ အဖြစ်မှန်ကို မမြင်တာ သို့မဟုတ် တမင်ငြင်းကွယ်တာသာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ မိမိဘယ်လူ တန်းစားရဲ့ ပါတီလဲဆိုတာကို အသိအမှတ်ပြုရမှန်း မသိ သို့မဟုတ် အသိအမှတ်မပြုပေမယ့် အဲဒီပါတီဟာ လူတန်းစားတရပ်ရပ်ရဲ့ ပါတီဖြစ်နေတယ် ဆိုတာကတော့ သေချာပါတယ်။

ဒါနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတခုထဲက ပညာတတ်လူငယ်တယောက်က “ကျနော်တို့ပါတီက ဘယ်လူတန်းစားရဲ့ ပါတီလဲဆိုတာ သတ်မှတ်ထားတာ မရှိဘူးဆိုတော့ ဧကန္တ ဓနရှင် ပေါက်စလူတန်းစားပါတီလား၊ “ဓနရှင် လူတန်းစားပါတီလား တခုခုတော့ တခုခုပဲဗျ” လို့ ပြောခဲ့ဖူးပါတယ်။

ဗမာပြည်တော်လှန်ရေးဖြစ်စဉ်ထဲမှာ ကြည့်လိုက်ရင် အဲဒီလို အဖွဲ့အစည်းတွေထဲမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ခွင့်ဟာ ထုတ်ပြန်ကြေညာပြီး ပြဋ္ဌာန်းပေးစရာတောင်မလိုတဲ့ သန္ဓေပါ အခွင့်အရေး ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်လိုက် ငယ်သားကနေ ခေါင်းဆောင်ထိပ်သီးပိုင်းအဆင့်အထိ စီးပွားရေးလုပ်ပါတယ်။ ဥစ္စာဓန ပိုင်ဆိုင်ခွင့်ရှိပါတယ်။ “ကိုယ့်စားဝတ်နေရေးအတွက် လုပ်ရတာပေါ့” လို့ ထိပ်တန်း ခေါင်းဆောင် အဆင့်ရှိသူတယောက်က ပြောပါတယ်။

ဒါဆိုရင် အဖွဲ့အစည်းက ရဲဘော်တဦးချင်းရဲ့ စားဝတ်နေရေးအတွက် မထောက်ပံ့ဘူးလားလို့ မေးစရာရှိပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ထောက်ပံ့ပါတယ်။ ဒါကို ‘ကိုယ့်စားဝတ်နေရေးအတွက်’ လို့ နားလည်ထား ပုံမရပါဘူး။ အတိအကျပြောရရင် ‘တောမခိုခင်တုန်းက ရှိခဲ့ဖူးတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး သို့မဟုတ် သည့်ထက်မကတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး ရရှိရေးအတွက်’ လို့ အဓိပ္ပာယ်ရပါတယ်။

ကျောင်းသားလူငယ်ဘ၀ကတည်းက တောခိုလာခဲ့ပြီး ခု ထိပ်တန်းခေါင်းဆောင်တယောက် ဖြစ်နေသူတဦးက သူ့မှာပိုင်ဆိုင်ထားတဲ့ သားသားနားနား အိမ်တလုံးရယ်၊ သိန်းရာပေါင်းများစွာ ကာလတန်ဖိုးရှိတဲ့ စီးပွားရေး ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ “တော်လှန်ရေးထဲရောက်လာတုန်းက လက်ချည်း ဗလာသက်သက်ပဲဗျ။ ဒါတွေက နောက်မှ ဖြစ်လာတဲ့ ဟာတွေပါ” လို့ ရိုးရိုးသားသား ပြောပါတယ်။ (သူဒီလိုပြောတော့ ဥပဒေဘောင်ထဲက နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ သိန်းတထောင်ကျော်တန် ဆိုင်ခန်းတခန်း စစ်အစိုးရရဲ့ အသိမ်းခံရကြောင်း သတင်းကို သွားသတိရမိပါသေးတော့တယ်။)

မိမိလူမျိုးအတွက် လုပ်နေပါတယ်လို့ ပြောရင်း မိမိလူမျိုးရဲ့ အများတကာ အများစုကြီးမှာတော့ ကဗျာဆရာ တယောက် ရေးခဲ့သလို ‘တွေ့ရာအနုပ်၊ ဟောင်းညစ်ပုပ်တဲ့၊ ရုပ်ပုံလွှာထဲ’ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေကြရှာတာကို လူချမ်းသာ ‘တော်လှန်ရေးသမား’ ပုဂ္ဂိုလ်ကြီးတွေ မမြင်လေရော့သလား၊ ဒါမှမဟုတ် ‘ဒို့ကောင်းစားတာ ဒို့လူမျိုး ကောင်းစားတာနဲ့ အတူတူပဲပေါ့။ ဒို့လူမျိုးတွေ ဂုဏ်ယူစရာပေါ့လို့ လူမျိုးရေးအမြင်နဲ့ ရိုးသားစွာ မြင်နေရော့သလားမသိပါ။

လူမျိုးရေးအမြင်လောက်ပဲရှိတာ၊ လူမျိုးတမျိုးထဲမှာ လူတန်းစားတွေ ရှိနေခြင်း၊ အဲဒီလူတန်းစားတွေရဲ့ အပြန်အလှန် ဆက်ဆံရေး၊ လူတန်းစားတရပ်ချင်းရဲ့ (တော်လှန်ရေးမှာ ပါဝင်နိုင်တဲ့) အခန်းကဏ္ဍတွေကို အသိအမှတ်မပြုတာ သို့မဟုတ် အသိအမှတ်မပြုနိင်တာတွေကြောင့် လူမျိုးရေးအမြင်လောက်သာရှိတဲ့ အဖွဲ့ အစည်းတွေဟာ ကိုယ်ကျိုးစီးပွားရှာရင်း နိဂုံးချုပ်သွားခဲ့ကြတာကို သမိုင်းမှာ အထင်အရှားတွေ့ရပါတယ်။ သာဓကအနေနဲ့ ပြောရရင် မြန်မာ့သမိုင်းမှာ (၁၉၂၀) ခုနှစ် ပတ်ဝန်းကျင်လောက်က ပေါ်ထွက်လာခဲ့တဲ့ ၀ံသာနုအသင်းချုပ်ကြီးရဲ့ ခေါင်းဆောင်အများစုဟာ ငါးထောင်စား အမတ်ရာထူးနဲ့ ကျဆုံးသွားခဲ့ကြပါတယ်။ တရုတ်ပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသားရေးဝါဒီသက်သက်သာဖြစ်ခဲ့တဲ့ ချန်ကေရှိတ်ဟာ အဲဒီခေတ်က တရုတ်ပြည်ရဲ့ အချမ်းသားဆုံးပုဂ္ဂိုလ် (၄) ဦးထဲက တဦးအပါအ၀င်ဖြစ်သွားပြီး နောက်ဆုံးမှာ ကျဆုံးသွားခဲ့ ပါတယ်။

ဗမာပြည် စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှာ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူတွေမှန်သမျှ (ယူဂျီ လှုပ်ရှားသူတွေပဲဖြစ်ဖြစ်၊ တရားဝင်ပါတီတွေထဲက လှုပ်ရှားသူတွေပဲဖြစ်ဖြစ်) အများသိကြတဲ့အတိုင်း၊ ကိုယ့် ထမင်းကိုယ်စားပြီး နိုင်ငံရေးလုပ်ကြရပါတယ်။ သူတို့ကိုလည်း (ပြောမယ်ဆိုရင်) နိုင်ငံရေးလုပ်ရင်း ကိုယ့်စီးပွားရေး ကိုယ်လုပ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့တတွေဟာ နိုင်ငံရေးလုပ်နေသရွေ့တော့ မချမ်းသာနိုင်ကြပါဘူး။ အတိုက်အခံတွေကို အငြှိုးတကြီးနဲ့ ဥပဒေလက်လွတ် ဖိနှိပ်နေတဲ့ စစ်အစိုးရအောက်မှာ ချမ်းသာလာဖို့ နေနေသာသာ မူလက ချမ်းသာခဲ့ကြသူတွေတောင် စီးပွားပျက်သွားကြတာကို တွေ့ရပါတယ်။ သူတို့စီးပွားရေးတွေကို ပံ့ပိုးပေးမယ့် သို့မဟုတ် ကာကွယ်စောင့်ရှောက်ပေးမယ့် အာဏာလက်ကိုင်မရှိတဲ့အပြင် နဂါးတို့မျက်စောင်းလို အကြောင်းသုံးပါးမရွေးတဲ့ စစ်အာဏာရဲ့ သံဖနောင့်အောက်မှာ နင်းသမျှ ကြေကြ ရပါတယ်။

တောတွင်းလက်နက်ကိုင်အင်အားစုတွေထဲက ခေါင်းဆောင်လုပ်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ အာဏာနဲ့ဖက်ထား တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မိမိကိုယ်တိုင်ပဲလုပ်လုပ်၊ မိမိရဲ့သားမယားတွေကဘဲလုပ်လုပ် အနည်းဆုံးတော့ အာဏာရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုရှိနေပါတယ်။ မြေယာတွေဆိုရင် အလကားတောင် ရနိုင်တဲ့အပြင် ဘယ်သူမှ မျက်စောင်းတောင် ထိုးရဲကြတာမဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့အစည်းအချို့ရဲ့ အချို့သော ခေါင်းဆောင်များဆိုရင် စစ်အစိုးရနဲ့ နားလည်မှုယူပြီး မိမိအမျိုးသား ပြည်သူတွေရဲ့ မြေယာတွေကိုတောင် ကိုယ်ကျိုးအတွက် သိမ်းယူတဲ့ သတင်းတွေ ကြားနေရပါတယ်။ (ဥစ္စာဓန မက်မောလိုက်ပုံများ ကိုယ်ကြွေးကြော်ခဲ့တဲ့ လူမျိုးရေးဆိုတာကိုတောင် ဖွတ်မေ့ ပတတ်မေ့ မေ့နေတဲ့အထိပါပဲ)။

သည့်ထက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကတော့ စစ်အစိုးရက သူ့ရဲ့အာဏာစက်ကို အပစ်အခတ်ရပ်စဲရေး နယ်မြေတွေထဲ အထိ တိုးချဲ့လာပြီး မိမိပြည်သူတွေအပေါ် ထင်သလို ရမ်းကားနေပါလျက်နဲ့ လက်ပိုက် ကြည့်နေတာပဲ ဖြစ်ပါတယ်။ အရင်းစစ်လိုက်ရင် ဥစ္စာဓန မက်မောမှုတွေကြောင့်ပဲဖြစ်ပါတယ်။ ‘ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့အနေနဲ့ သည်းခံနေရတယ်’ လို့ အကြောင်းပြပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးက ပြည်သူအတွက်လား၊ ပြည်သူက ‘ငြိမ်းချမ်းရေး’ အတွက် လည်စင်းခံပေးနေရ မှာလားလို့ ပြန်မေးရပါလိမ့်မယ်။

အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်က ပြည်သူလူထုအတွက် အကာအကွယ်မပေးနိုင်တာကို လူသိရှင်ကြား ၀န်ခံတာ တွေ့ရပါတယ်။ အခု ကာကွယ်မပေးနိုင်ရင်လည်း နောင် ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်နေပါသလဲလို့ ကြည့်လိုက် တော့ ကိုယ့်စီးပွားရေးကိုယ် လုပ်နေတာကလွဲလို့ ဘာတခုမှမတွေ့ရတာ အမှန်ပါ။ “လူကြီးတွေ တယောက်နဲ့တယောက် ဆုံတဲ့အခါဗျာ၊ နိုင်ငံရေးအကြောင်းမပြောကြဘဲ သူတို့ စီးပွားရေး အကြောင်းပဲ သူတို့ပြောကြတယ်ဗျာ” လို့ ခေါင်းဆောင်တွေကို ကားနဲ့ မောင်းပို့ပေးရတဲ့ ကားဆရာတယောက်က စိတ်ပျက်လက်ပျက်နဲ့ ပြောပြတာကို ကျနော်အမှတ်ရမိပါတယ်။

လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်လောက်က နယ်မြေတခုမှာ ဘုရင်ကြီးတပါးလို မင်းမူနေတဲ့ နယ်မြတပ်မှူးတယောက်နဲ့ ကျနော် ဆုံဖြစ်ခဲ့ပါတယ်။ သူဟာ ဘုရင်ကြီးတပါးလို လူအများ သူ့ကို မော်မကြည့်ရဲလောက်အောင် အာဏာစက် စူးရှလှကြောင်းကို သူကိုယ်တိုင်လည်း သိပါတယ်။ သူက စီးပွားရေးလုပ်ငန်းတွေ လုပ်ပါတယ်။ သိတော်မူကြတဲ့အတိုင်းပါပဲ။ တချက်လွှတ် အာဏာရှိသူ စီးပွားရေးလုပ်ရင် အရင်းအနှီးငွေကြေး စိုက်ထုတ် စရာတောင် မလိုပါဘူး။ အမြတ်ကလည်း သေချာပါတယ်။ ဒီတော့သူဟာ ဗမာပြည်သူပုန်ထဲမှာ အချမ်းသာ ဆုံးသူပုန်တွေထဲက တယောက်ဖြစ်ပါကြောင်း ထိုင်းဗိုလ်ချုပ်တဦးရဲ့ (ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလားတော့ ကျနော် မဝေခွဲတတ်ပါ) အသိအမှတ်ပြု ပြောကြားတာကို ခံရသူတဦးလည်း ဖြစ်ပါတယ်။ အဲဒီတပ်မှူးကပဲ ပြောပြလို့ သိရတာပါ။ သူနဲ့ပတ်သက်လို့ ရန်သူ့တပ်ထဲက စစ်ဗိုလ်တယောက်ကတော့ “ဒီကောင် သိပ်မကြာပါဘူး၊ ဒို့ဆီ ရောက်လာမှာပါ” လို့ ပြောပါတယ်တဲ့။ (အဲဒီရန်သူ့တပ်ကနေ တော်လှန်ရေးထဲကို ကူးပြောင်းလာတဲ့ စစ်သားတယောက်က ပြောပြလို့ သိရတာပါ။) အဲဒီမှန်သော သစ္စာစကားနဲ့ လျော်ညီစွာပဲ အဲဒီတပ်မှူးဟာ မကြာခင်ကာလမှာ သစ္စာဖောက် လက်နက်ချသွားခဲ့ပါတယ်။

မကြာသေးခင် နှစ်များအတွင်းကပဲ အဖွဲ့အစည်းတခုထဲက အလတ်တန်း ခေါင်းဆောင်အဆင့်ရှိသူတဦးက သူ့ကိုယ်သူ မလုံတာကြောင့်ဘဲလားတော့ မသိပါ။ “ကျနော်တော့ဗျာ၊ ကိုယ့်စားဝတ်နေရေးအတွက် လုပ်ငန်းတခုလုပ်ထားတယ်” လို့ နိုင်ငံရေးအကြောင်းပြောရင်း ကျနော့်ကို ပြောပြပါတယ်။ စားဝတ် နေရေး အတွက်ဆိုတာ ဘယ်အဆင့်အတန်းလောက်ရှိတဲ့ စားဝတ်နေရေးလဲလို့ မေးစရာရှိပါတယ်။ အသက်တချောင်း ရှင်သန်ရုံ စားဝတ်နေရေးလား၊ တောသူဌေးတယောက်ရဲ့ အဆင့်အတန်းရှိတဲ့ စားဝတ်နေရေးလား။ သူ့ဇနီးက လည်း ပြည်တွင်းနဲ့ နယ်စပ်ဒေသမှာ ကုန်ကူးနေတာပါ။ ဒီလောက်နဲ့ အားမရသေးလို့ သူဌေးဖြစ်လုပ် နေတယ်လို့ပဲ ကျနော်နားလည်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ (ဟိတောပဒေသပုံပြင်ထဲကလား၊ ရာမာခရစ်ရှနာ ပုံပြင်ထဲကလား မမှတ်မိတော့ပါ) ပုံပြင်တပုဒ်ကို ပြေးသတိရ မိပါတယ်။ ပုံပြင်ရဲ့ လိုရင်းအချက်ကတော့ …

ရှေးရှေးတုန်းက ရသေ့ကြီးတပါးက တောထဲမှာ အရည၀ါသီ တောမှီသတင်းသုံးဖို့ တောထွက်လာရာမှာ တပည့်တယောက်က သူလည်းအတူလိုက်ပြီး တရားအားထုတ်လိုပါတယ်တဲ့။ ရသေ့ကြီးက အဲဒီပုဂ္ဂိုလ်ကို စမ်းသပ်တဲ့အနေနဲ့ ရွာနဲ့ မနီးမဝေးတောစပ် မှာ အစမ်းသဘောနဲ့ တရားအားထုတ်ဖို့ နေရစ်ခဲ့ပြီး နှစ်ဘယ်၍ ဘယ်မျှကြာပြီးမှ တောနက်ထဲကို လိုက်ခဲ့ဖို့ မိန့်ခြွေခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ အဲဒီရသေ့သစ်ဟာ ဆရာရသေ့ကြီးရဲ့ စကားအတိုင်း တောစပ်မှာ တရားအားထုတ်နေရစ်ခဲ့ပါတယ်တဲ့။ နေ့တိုင်းရေချိုးပြီး ချုံပေါ်တင်လှန်းထားတဲ့ သင်းပိုင်ဟာ ကြွက်ကိုက်ခံရပါတယ်တဲ့။ ကြွက်ရန်ကို ကာကွယ်ဖို့အတွက် ရွာထဲမှာ ကြောင်တကောင် အလှူခံပါတယ်။ ကြောင်တကောင်ရတော့ ကြောင်အတွက် နွားနို့အလှူခံရပြန်ပါရော။ နွားနို့ နေ့တိုင်း အလှူခံရတော့ ရွားသားတွေက သူ့အတွက် နွားမတကောင် လှူရပြန်ပါတယ်။ ဒီတော့ နွားမအတွက် မြက်လိုလာပြန်ရော။ ရွာသားတွေကလည်း နွားအတွက် မြက်ခင်းလုပ်ပေးရပြန်ပါတယ်။ နောက်တခါ နွားတွေ ပေါက်ပွားလာပြန်တော့လည်း နွားတွေကို စောင့်ရှောက်ထိန်းကျောင်းဖို့ လူတယောက် လိုလာပြန်ပါတယ်။ ဒါနဲ့ သူ့အတွက် မိန်းမတယောက် ရှာပေးရပြန်ပါတယ်တဲ့။ ဆရာရသေ့ကြီးက အစမ်းသဘော သတ်မှတ်ထားတဲ့ နှစ်ရောက်လို့ တောစပ်ကို ထွက်လာပြီး ကြည့်လိုက်တဲ့အခါ မူလနေရာမှာ အိမ်ရာ၊ လယ်မြေ၊ ကျွဲနွားတိရစ္ဆာန်၊ ကလေးသူငယ်တွေနဲ့အတူ သူ့တပည့်ကို လူဝတ်ကြောင်အဖြစ်နဲ့ ပြန်တွေ့လိုက်ရပါတော့ တယ်တဲ့။ ပုံပြင်ရဲ့လိုရင်းကတော့ ဒါပါပဲ။

တော်လှန်ရေးထဲက ဥစ္စာဓနမက်မောတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်တဲ့အခါ သူတို့တတွေ မူလက ပြောခဲ့တဲ့၊ သန်း (၄၀) ပြည်သူအတွက်တို့၊ မိမိအမျိုးသားလွတ်မြောက်ရေးတို့၊ ဘာပြည်၊ ညာပြည်ရရှိရေးတို့ ဆိုတာတွေနဲ့ ပတ်သက်လို့ “အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေလား’ လို့ ဆိုနေပုံရပါတယ်။

တကယ်အရင်းစစ်ကြည့်လိုက်ရင် တော်လှန်ရေးသမားနဲ့ တောပုန်းဓားပြရဲ့ကြားမှာ ခြားထားတဲ့ စည်းကတော့ တော်လှန်ရေးအသိရယ်၊ အဲဒီတော်လှန်ရေးအသိက လမ်းညွှန်ပြထားတဲ့ တော်လှန်ရေးလုပ်ဆောင်ချက်ပါပဲ။ အများပြည်သူတွေ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေးပါပဲ။ ဖိနှိပ်သူဆိုတာ ဘယ်လူမျိုးကပဲ ဖိနှိပ်ဖိနှိပ်၊ မိမိအမျိုးသားချင်းပဲ ဖိနှိပ်ဖိနှိပ် အတူတူပါပဲ။ လူမျိုးတမျိုးရဲ့ ဖိနှိပ်မှုကို မိမိလူမျိုးထဲက လူတန်းစားတစားရဲ့ ဖိနှိပ်မှုနဲ့ အစားထိုးတာကို တော်လှန်ရေးလို့ မခေါ်နိုင်ပါဘူး။ တချိန်တည်းမှာပဲ မိမိအမျိုးသားကို မိမိကိုယ်တိုင်က ဖိနှိပ်နေပြီး တခြားလူမျိုးရဲ့ ဖိနှိပ်မှုကိုသာ လက်ညှိုးထိုးပြနေရုံနဲ့ မိမိပြည်သူက မိမိကို ထောက်ခံမှာ မဟုတ်တာကတော့ သေချာပါတယ်။

လက်ရှိ မြင်နေရတဲ့အတိုင်းပါပဲ။ ရန်သူက သူ့နည်းသူ့ဟန်နဲ့ သူ့အင်အားကို ကြီးထွားအောင် လုပ်နိုင်ခဲ့ပေမယ့် မိမိမှာတော့ မိမိအင်အားကြီးထွားအောင် မလုပ်နိုင်ခဲ့ဘူးဆိုတာ အခု လယ်ပြင်မှာ ဆင်သွားသလို မြင်နေရတယ် မဟုတ်ပါလား။ မိမိဘာတွေလုပ်နေမိသလဲ၊ မိမိရဲ့ လုပ်ရပ်တွေကကော မိမိအကျိုးစီးပွားအတွက်လား မိမိပြည်သူအတွက်လား ဆိုတာကို ပြန်သုံးသပ်မှသာ တော်လှန်ရေးလမ်းကြောင်းမှန်ပေါ် ရောက်မှာပါ။ တော်လှန်ရေးလုပ်နေပါတယ်လို့ပြောပြီး ဥစ္စာဓန မက်မောသူတွေကို တော်လှန်ရေးသမားလို့ ခေါ်နိုင်မှာတဲ့လား။

တောတွင်းတော်လှန်ရေးသမားတွေဆိုတာ လက်နက်ကိုင်ပြီး မိမိနယ်မြေက ပြည်သူတွေကို အုပ်ချုပ်နေကြ ရသူတွေပါ။ ကျနော် တွေ့ဖူးကြုံဖူးခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် တောတွင်းလက်နက်ကိုင် တယောက်ဟာ တော်လှန်ရေးဆိုတာဘာလဲ ဆိုတာကို နက်နက်နဲနဲ နားမလည်ရင် (ဆိုလိုတာက တော်လှန်ရေးဆိုတာ ရန်သူဘက်လှည့်ပြီး သေနတ်ပစ်ဖောက်တာ လောက်ပဲ ဆိုတာလောက်သာ နားလည်ထားခြင်းပါပဲ) သို့မဟုတ် နားလည်အောင် ပညာမပေးရင် သို့မဟုတ် အများပြည်သူအပေါ် လက်နက်အားကိုးနဲ့ အနိုင်မကျင့်နိုင်အောင် တင်းကျပ်တဲ့ စည်းကမ်းနဲ့ဖြစ်စေ၊ ဖန်တီးထားတဲ့ အခြေအနေတရပ် (ဆိုလိုတာက ပြည်သူကို အာဏာအပ်နှင်း ထားတဲ့ စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်ရေး) နဲ့ဖြစ်စေ ထိန်းချုပ် ချွန်းအုပ်မထားရင် အဲဒီလက်နက်ကိုင်ကို တောပုန်းဓားပြ တယောက်လို့သာ ဆိုနိုင်ကြောင်းပါ။
ခေတ်ပြိုင်ဝဘ်ဆိုက်မှ

7.10.2009

Empty-handed UN Missions to Burma Can’t Succeed

By KYAW ZWA MOE

No one should be frustrated or surprised that UN Secretary-General Ban Ki-moon left Burma empty-handed after his brief visit there last week. After all, he arrived there empty-handed on a mission he said at the outset would be “tough.”

He must, however, have been expecting to achieve more, for he said he had been “deeply disappointed” by the results of his two-day stay.

The generals in their remote capital, Naypyidaw, were more realistic—they knew that the UN chief was armed with no intimidating weapon, only words. Junta leader Snr-Gen Than Shwe just shook his head when Ban asked for permission to see detained pro-democracy leader Aung San Suu Kyi. His true mission, to persuade Than Shwe to free Suu Kyi and other political prisoners, was doomed from the start.

Than Shwe and his generals acted in the confident knowledge that if they rebuffed Ki-moon the possible repercussions would certainly exclude the one they fear the most—an Iraq-like invasion.

They would have calculated that more economic sanctions would be imposed. British Prime Minister Gordon Brown said after Ban returned from Burma that the world was prepared to “respond robustly” to the junta.

“So what?” was undoubtedly their reaction. For all their negative effects, sanctions pose no direct threat to the regime, which can continue to rely on the income from sales of its natural resources to keep it securely in power.

However, critics believe that the junta fears the UN Secretary Council. The Burma issue is sure to be raised before the Security Council in August, when the UK has the chair, and in September, when the US takes over the position.

Ban is expected to brief the UN Security Council about his Burma visit and it’s felt that this time, because of his humiliation at the hands of the generals, he might express himself more forcefully than ever.

Burma can still, of course, count on the support of China and Russia and the veto power they wield in the Security Council. There is no sign of change in that scenario.

Ban is not the only one to blame for that. The world is deeply divided and the junta exploits this failure to present a united stand in the face of its oppression of the Burmese people.

Only when the international divisions over the Burma issue are overcome will the UN be able to arm its secretary-general and special envoys with the means they need to force the regime to change its ways.

Only then will any UN mission to secure the release of Suu Kyi and other political prisoners have any chance of success. Only then can the first steps be taken towards national reconciliation.

Until that day, Suu Kyi will remain in detention or even behind bars. Political prisoners will continue to die in Burma’s gulags. National reconciliation will remain a day dream.

By their treatment of Ban Ki-moon and other UN envoys, the generals illustrate the truth of the old saying: “Fool me once, shame on you. Fool me twice, shame on me.” In this case, countless times means shame on us.

So the next time the UN undertakes a mission to Burma, expectations should stay low if it goes there with empty hands, for it will surely return again empty-handed.

7.08.2009

နိုင်ငံရေးဘေးလွယ်အိတ်များ သတိထား

ကျော်ဗလ ၈ ဇူလိုင် ၂၀၀၉

၆၀ ခုနှစ်များ ၀န်းကျင်မှာ စာအုပ်အဟောင်းဆိုင်တဆိုင်ကရခဲ့တဲ့ ဆရာကြီး မှော်ဘီဆရာသိန်းရဲ့ ‘အရူးလွယ်အိတ်’ ဆိုတဲ့ စာအုပ်တအုပ် ဖတ်ခဲ့ရဖူးပါတယ်။ ‘အရူးလွယ်အိတ်’ ဆိုတဲ့ နာမည်က ဆန်းနေတာနဲ့ သိချင်လို့ ဖတ်ကြည့်မိတာပါ။ ‘အရူးလွယ်အိတ်’ လို့ ဆရာသိန်းက နှိမ့်နှိမ့်ချချ ခေါင်းစီးတပ်ထားပေမယ့် တကယ်က ဗြုတ်စဗျင်းတောင်း သောင်းပြောင်း အကြောင်းအရာတွေ မဟုတ်ပါဘူး။ ဆရာသိန်းရဲ့ ‘ပါးစပ်ရာဇ၀င်’ စာအုပ်ထဲကလို လူထုကြားထဲက ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတွေ လူထုစကားလုံး၊ လူထုအသုံးအနှုန်း စကားပုံတွေရဲ့ အဓိပ္ပာယ်နဲ့ နောက်ခံကားတွေကို ရှင်းပြထားတဲ့ ဗဟုသုတဟင်းလေးအိုး စာအုပ်မျိုးပါ။ ဒါကြောင့် ‘အရူးလွယ်အိတ်’ ဆိုပေမယ့် စာဖတ်သူတွေအတွက် ပညာလည်းရ၊ အကျိုးလည်းရှိတဲ့ စာအုပ်တအုပ်ပါ။

ဒီနေ့မြန်မာပြည် နိုင်ငံရေးလောကမှာ ‘အရူးလွယ်အိတ်’ လို့ ပြောရလောက်တဲ့ ဗြုတ်စဗျင်းတောင်း သမား တွေတော့ သိပ်မရှိလှပါဘူး။ ဒါပေမယ့် ‘နိုင်ငံရေးဘေးလွယ်အိတ်’ သမားတွေတော့ အတော် သတိထားစရာ ကောင်းအောင်ကိုပဲ များပြားနေပါပြီ။ တကယ်တော့ လွယ်အိတ်ဆိုတာ ကိုယ့်ရှေ့မှာ ထားလို့လည်းမရ၊ နောက်ကျောဘက်ပို့လို့လည်း မဖြစ်တော့ ဘေးတိုက်ပဲ လွယ်ပိုးထားကြရတတ်ပါတယ်။ ဒီလို ‘ဘေးလွယ်အိတ်’ မျိုး ပိုးပြီး ခရီးသွားကြရပြီဆိုရင် တခါတရံမှာ သွားလာလှုပ်ရှားရတာ မလွတ်လပ်၊ ရံဖန်ရံခါ ကန့်လန့်ဖြတ် ခံနေတတ်လို့ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ အတားအဆီးဖြစ်မှုတွေ ကြုံရလေ့ရှိပါတယ်။

ဒါကြောင့်လည်း ‘ဘေးလွယ်အိတ်’ ဆိုတဲ့ အသုံးအနှုန်းဟာ လူထုကြားထဲမှာ နာမည်ပျက်နေရတာပါ။ ရှေ့ကလည်း မသွားရဲ၊ နောက်မှာလည်း မနေချင်၊ ဘေးတိုက်ကနေ ပေကပ်လိုက်ကာ အနှောင့်အယှက်ပေး အဟန့်အတား ပြုတတ်ကြသူမျိုးတွေကို ‘ဘေးလွယ်အိတ်’ လို့ ခေါ်တတ်ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သာမန်လူမှုရေးကိစ္စတွေမှာ ‘ဘေးလွယ်အိတ်’ လုပ်နေတာ ထိခိုက်နစ်နာ မှု သိပ်မကြီးမားလှပါဘူး။ ဒါပေမယ့် ‘နိုင်ငံရေးဘေးလွယ်အိတ်’ တွေ လုပ်နေကြပြီ ဆိုရင်တော့ တိုင်းပြည်နဲ့ လူထုသာမက အရေးတော်ပါ ထိခိုက်နစ်နာမှု ကြီးမားတတ်တာဖြစ်လို့ သတိထားဖို့ လိုပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးတွေ သမိုင်းမှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

၁၉၄၇ ခု နှစ်ဦးက မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် အရေးဆိုဆွေးနွေးဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလကိုယ်စားလှယ်အဖွဲ့ လန်ဒန်ကိုသွားကြတော့ ‘နိုင်ငံရေးဘေးလွယ်အိတ်’ နှစ်လုံး ပါသွားခဲ့ ပါတယ်။ သခင်ဗစိန်နဲ့ ဦးစောတို့ နှစ်ဦးပါပဲ။

သူတို့နှစ်ယောက်ကို ဖဆပလ ဗဟိုဦးစီးအဖွဲ့က ရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က ရည်ရွယ်ချက်ရှိရှိ သူတို့နှစ်ဦးကို ကိုယ်စားလှယ်အဖွဲ့ထဲမှာ ရွေးချယ်ထည့်သွင်းခဲ့တာပါ။ ဘုရင်ခံရဲ့ အဓိကရည်ရွယ်ချက်က မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ဖဆပလခေါင်းဆောင်တွေသာမက ဖဆပလကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမား ဘုရင်ခံအလိုတော်ရိ နိုင်ငံရေးသမားတွေကိုပါ ထည့်သွင်းပြီး မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ရေးအထိ မပေးရအောင် ကြိုးပမ်းဖို့ပါပဲ။ ဒီလိုရည်ရွယ်ချက်တွေရှိခဲ့လို့လည်း ပြည်ပက ပြန်ရောက်လာခဲ့တဲ့ သခင်ဗစိန်နှင့် ဦးစောတို့ကို ဖဆပလတွေကြီးစိုးနေတဲ့ ဘုရင်ခံကောင်စီထဲမှာ ၀န်ကြီးနေရာပေးပြီး ဘုရင်ခံက လူမွေးခဲ့တာဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုကို ဦးဆောင်မှုပေးခဲ့တဲ့ ဒို့ဗမာအစည်းအရုံးကြီး ပြိုကွဲအောင် ဂိုဏ်းခွဲထောင်ခဲ့တဲ့ သခင်ဗစိန်နဲ့ ကိုလိုနီနန်းရင်းဝန်ဟောင်း ဦးစောတို့ နှစ်ယောက်ကို ‘ဘေးလွယ်အိတ်’ အဖြစ်သုံးဖို့ ဘုရင်ခံက ရွေးချယ်ခဲ့တာ အလွန်မှန်တယ်လို့ ဆိုရမှာပါပဲ။

ဇန်န၀ါရီလ (၂၇) ရက်နေ့ လန်ဒန်မှာ ‘အောင်ဆန်း-အက်တလီ’ စာချုပ် လက်မှတ်ရေးထိုးကြတဲ့အခါ ပုဂ္ဂိုလ်နှစ်ယောက်ကလွဲလို့ ကိုယ်စားလှယ်အားလုံးကပဲ သဘောတူထောက်ခံကြောင်း ပါဝင်လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးကတော့ ‘ဘေးလွယ်အိတ်’ အဖြစ် တလျှောက်လုံး ကန့်လန့်တိုက်လိုက်ပါခဲ့တဲ့ သခင်ဗစိန်နဲ့ ဦးစောတို့ပါပဲ။

သူတို့နှစ်ဦးရဲ့ ‘ဘေးလွယ်အိတ်’ အစွမ်းအစ သတ္တိပြမှုက လန်ဒန်မှာတင် ပြီးဆုံးရပ်တန့်သွားကြတာ မဟုတ်ပါဘူး။ ဗမာပြည် ပြန်ရောက်လို့ အောင်ဆန်း-အက်တလီစာချုပ်အရ ဘုရင်ခံကောင်စီဝန်ကြီးအဖွဲ့ ပြန်လည်ဖွဲ့စည်းတဲ့အခါ သခင်ဗစိန်နဲ့ ဦးစောတို့ နှစ်ယောက်လုံး ၀န်ကြီးအဖြစ်မှ နုတ်ထွက်သွားခဲ့ကြပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ ဖွဲ့စည်းပုံရေးဆွဲဖို့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်း သခင်ဗစိန်နဲ့ ဦးစောတို့ နှစ်ယောက်စလုံးက သတ္တိပြောင်ပြောင်နဲ့ ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။ နောက်ဆုံး နှိုင်းယှဉ်ချိန်ထိုးကြည့်ကြမယ်ဆိုရင်တော့ ရူးသွပ်မိုက်မဲတဲ့နေရာမှာ ဦးစောက သခင်ဗစိန်ထက် ပိုမိုသာလွန်တယ် ဆိုရပါလိမ့်မယ်။ ဇူလိုင်လ (၁၉) ရက်နေ့မှာ အစည်းအဝေးထိုင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၀န်ကြီးအဖွဲ့တဖွဲ့လုံးကို ဦးစောရဲ့ လက်မရွံ့ တပည့်ငမိုက်သားများက ရက်စက်အတင့်ရဲစွာ လုပ်ကြံသတ်ဖြတ်ခဲ့ ကြပါတယ်။ ခါးသီးနာကြည်း နောင်ကြဉ်စရာကောင်းလှတဲ့ သမိုင်းသခင်ခန်းစာများက ‘နိုင်ငံရေးဘေးလွယ်အိတ်’ များရဲ့ အန္တရာယ်ကို သက်သေထူ ညွှန်ပြခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ရွှေဂုံတိုင်ကြေညာစာတမ်းထွက်လာတော့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေ နှစ်ထောင်းအားရများစွာ ၀မ်းသာကြရပါတယ်။ ဌာနချုပ်မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းစည်း၊ မြို့နယ်စည်းတွေကိုယ်တိုင် ကွန်ဖရင့်လက္ခဏာဆောင်တဲ့ အစည်းအဝေးကြီးမှာ တက်ရောက်ပါဝင်ဆွေးနွေးကြ၊ ဆုံးဖြတ်ချက်တွေချကြနဲ့ဆိုတော့ (၆) နှစ်ကျော် နိုင်ငံရေးအရ သေနေခဲ့တဲ့ ပါတီဟာ ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့ပြီဆိုပြီး ကျေနပ်အားရ ကြည်နူးဝမ်းမြောက် ခဲ့ကြရပါတယ်။ ရှေ့ဆက်ပြီး ပါတီဟာ မှန်ကန်တဲ့ ပေါ်လစီမူဝါဒတွေကို ဆုပ်ကိုင်ပြီး လူထုကို စည်းရုံးခေါင်း ဆောင် သွားလိမ့်မယ်။ ပါတီဝင်တွေကို ပြန်လည်စုစည်းပြီး အရေးတော်အတွက် အဖွဲ့စည်းအဆင့်ဆင့်တို့ တိုးမြှင့်တည်ဆောက် လှုပ်ရှားကြတော့မယ်လို့ များစွာ အားထားမျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် မျှော်ပင်မျှော်လည်း မထူးဆိုတာမျိုးလိုပါပဲ။ ရွှေဂုံတိုင်ဌာနချုပ်ဟာ တလကြာလည်း မလှုပ်၊ နှစ်လကြာလည်း ငုတ်တုတ်ဆိုတာလို အရင်အတိုင်း နိုင်ငံရေးအရ ပြန်သေသွားတာတွေ့လာပြန်တော့ အားမလို၊ အားမရနဲ့ တဖန် စိတ်မကောင်း ပြန်ဖြစ်ကြရပါတယ်။ ဒီဌာနချုပ်ဟာ အခမ်းအနားလုပ်တာနဲ့ ကြေညာချက် ထုတ်တာကလွဲရင် ဘာနိုင်ငံရေးလှုပ်ရှားမှုကိုမှ စိတ်မ၀င်စားသလို ခံစားနေခဲ့ကြရပါတယ်။ အရင်အတိုင်းပဲ ပွဲပြီးမီးသေ အေးအေးဆေးဆေး ပြန်ဖြစ်နေကြပြီလို့ ထင်စရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ထုံးစံအတိုင်း ကျင်းပနေကျ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နှစ်ပတ်လည်အခမ်းအနားမှာ ပါတီအခြေအနေ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မနေနိုင်မထိုင်နိုင် စူးစမ်းမေးမြန်းမိပါတယ်။ ဌာနချုပ်ခေါင်းဆောင်တယောက်က တော့ အခြေအ နေကို အခုလို ရှင်းပြပါတယ်။

ရွှေဂုံတိုင်ကြေညာစာတမ်းနောက်ပိုင်းမှာ ဌာနချုပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ မြင်သလောက်တော့ ခေါင်းဆောင်ပိုင်းကို ဆွေးနွေးတင်ပြကြည့်ပါတယ်ဗျာ။ ဒါပေမယ့် ထောက်ခံတယ်လို့လည်း မကြိုဆို၊ ကန့်ကွက်တယ်လို့လည်း ပယ်မချ၊ ဘာဆွေးနွေး ဆုံးဖြတ်ချက်မှလည်း မရှိနဲ့ ဒီအတိုင်း ပေထိုင်နေကြတာပဲဗျ။ ကျနော်တို့က အခြေအနေတောင်းဆိုမှု ထက် အများကြီးနောက်ကျနေပြီ။ ဒီလိုနဲ့ပဲ ပါတီလည်း ရေစုန်မျော တော့မလား မသိပါဘူး။ ဒီလိုရှင်းပြတော့လည်း အခြေအနေမှန်ကို ပိုမိုသဘောပေါက်ရ ပိုမိုစိတ်ပျက်စရာ ကောင်းရပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပျက်နေလို့ မဖြစ်သလို ပါတီလည်း ရေစုန်မျောလို့ မဖြစ်ပါဘူး။ ပါတီမျောရင် ဒီမိုကရေစီရေးလည်း မျောမှာဖြစ်သလို ပြည်သူတွေလည်း ဒုက္ခပင်လယ်ဝေနေကြရဦးမှာ အသေအချာပါပဲ။

- ဒီလိုမဖြစ်စေချင်ရင် ဘာလုပ်သင့်တယ် ထင်ပါသလဲ။
* ရိုးရိုးလေးပါပဲ ပါတီကို နိုင်ငံရေးအရ နိုးကြားရှင်သန်လာအောင် လုပ်ပေးကြရမှာပါ။

- နိုင်ငံရေးအရ ပါတီရှင်သန်နိုးကြားလာအောင် ဘယ်လိုလုပ်ကြမလဲ။
* ရှင်းရှင်းလေးပါပဲ။ အရင်ဆုံး ခေါင်းဆောင်မှုကို ထကြွလှုပ်ရှားလာအောင် နိုင်ငံရေးအရ လှုပ်နှိုးပေးကြရမှာပါ။ ခေါင်းက မလှုပ်ရင် ကိုယ်ကလည်း လှုပ်မှာမဟုတ်ပါဘူး။ ခေါင်းတွဲက ဘာကြောင့် မလှုပ်ရှားသေးတာလဲ။ ကြည့်ရတာ ရုံပိုင်က ခရာမတုတ် အလံမလှုပ်သေးလို့နဲ့ တူပါတယ်။

တချို့ခေါင်းဆောင်တွေမှာ ‘ပါတီတရားဝင် ရပ်တည်ခွင့်ရရေးဟာ အရေးကြီးဆုံးဖြစ်တယ်’ ဆိုတဲ့ အစွဲမျိုးရှိနေကြပုံပါပဲ။ ဒါကြောင့် ‘ပါတီတရားဝင် ရပ်တည်ခွင့်’ အတွက် နအဖရဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိဘူးလို့ ယုံကြည်ယူဆနေခဲ့ကြပုံရပါတယ်။ တကယ်တော့ ဒါဟာ စိတ်ကူးယဉ်တာပါ။ နအဖက NLD ပါတီကို သေဒဏ်ချမှတ်ထားပြီးသားပါ။ အခြေအနေ အချိန်အခါကောင်းကို စောင့်နေတာပါ။

ဒီလို စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းပေးနေရတာလည်း အဓိက အကြောင်း (၂) ချက်ကြောင့်ပါ။ တချက်က NLD ပါတီဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဒီမိုကရေစီလစ်ဘာတီရုပ်တု ဖြစ်နေလို့ပါ။ နောက်တချက်က နိုင်ငံတကာ ဒီမိုကရေစီအင်အားစု အားလုံးက NLD ပါတီရဲ့ တည်ရှိခွင့်ကို ထောက်ခံအကာ အကွယ် ပေးနေကြလို့ပါ။ ဒီလိုအနေအထားတွေသာမရှိခဲ့ရင် NLD ပါတီဟာ ရေဝေးက မီးသင်္ဂြိုဟ်စက်ထဲမှာ ပြာဖြစ် သွားတာကြာပါပြီ။ ဒါကြောင့်လည်း နအဖက NLD ပါတီကို နိုင်ငံရေးအရ နည်းမျိုးစုံနဲ့ ဖိအားပေး ညှဉ်းပန်း နှိပ်စက်ကာ မျှဉ်းသတ်နေတာပါ။ ဒါတောင်မှ နအဖရဲ့ ဥပဒေအမိန့် စီရင်ချက်တွေ စောင့်စားရင်း လည်စင်းပေး ကြဦးမယ်ဆိုရင်တော့ အဲဒီလိုခေါင်းဆောင်မှုမျိုးကို စင်ပေါ်က ဆွဲချကြရုံပဲ ရှိပါလိမ့်မယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဧပြီလ ရွှေဂုံတိုင်အစည်းအဝေးမှာ ကိုယ်စားလှယ် တချို့ဆီက လက်ရှိ CEC ကို ဖြုတ်ချပေးဖို့ တောင်းဆိုသံတချို့ သဲ့သဲ့မျှ ထွက်လာ တာ ကြားလိုက်ရပါတယ်။ ဒီလေသံမျိုးကို နအဖကပဲ ကြိုက်မှာပဲ။ လူထုတွေက ကြိုက်မှာ မဟုတ်ပါဘူး။ ဒီနေ့လို အချိန်အခါမျိုးမှာ ပြည်တွင်းမှာဖြစ်ဖြစ် ပြည်ပမှာ ဖြစ်ဖြစ် ကွဲသံခွဲသံတွေ ထွက်လာတာဟာ ဒီမိုကရေစီအင်အားစုတွေအတွက် အားပျက်စရာ ချည်းပါပဲ။ အခုချိန်မှာ ပါတီကို ကွဲအောင် ခွဲရမှာ မဟုတ်ပါဘူး။ စည်းစည်းလုံးလုံးဖြစ်အောင် အားဖြည့်တည်ဆောက်ကြရမှာပါ။ အကြောင်းအမျိုး မျိုးနဲ့ ပါတီပြင်ပရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို နည်းမျိုးစုံနဲ့ ပြန်လည်စုစည်း သိမ်းသွင်းဖို့လိုပါတယ်။ ပါတီစည်းကမ်းအရ အရေးယူမှုမျိုး ရှိရမှာဖြစ်ပေမယ့် ပါတီက ထုတ်ပစ်တဲ့အထိ ပြင်းထန်တဲ့ အရေးယူမှုမျိုးတွေ ဆင်ခြင်သင့်ပါတယ်။

တချိန်တည်းမှာ ရပ်ကျေးစည်း၊ မြို့နယ်စည်း၊ တိုင်းစည်းတွေကို ပြန်လည်အားဖြည့်တည်ဆောက်ဖို့လိုပါတယ်။ အရေးကြီးဆုံးက ခေါင်းဆောင်အဖွဲ့ကို ကြိတ်ဝိုင်းလောက် လူစုနဲ့ လက်သင့်ရာ စုစည်းထားမှုမျိုးကနေ အရည် အချင်းပြည့်မီသူတွေကို အားဖြည့်ပါဝင်စေခြင်းဖြင့် ကျယ်ပြန့်တဲ့ အလုပ်အမှုဆောင်အဖွဲ့ကြီး ဖြစ်စေချင်ပါတယ်။ အရေးကြီးတဲ့ အယူအဆ သဘောထား ပေါ်လစီပြဿနာတွေနဲ့ လုပ်ငန်းအစီအစဉ်တွေကို ဒီမိုကရေစီနည်းကျ ဆွေးနွေးဆုံးဖြတ်၊ အလျင်အမြန် အကောင်အထည်ဖော် နိုင်ဖို့ အထူးလိုအပ်နေချိန်ဖြစ်ပါတယ်။

တကယ်တမ်း ပါတီလိုလားတဲ့စိတ်နဲ့ အားမနာစတမ်း ပြောကြကြေးဆိုရင် ပါတီဟာ ကိုယ်တခြမ်းသေနေတဲ့ နိုင်ငံရေးလူမမာကြီး အဖြစ် လဲနေတာ (၆) နှစ်လောက် ရှိနေခဲ့ပါပြီ။ ဒီလို ဆိုးဝါးတဲ့အနေအထားမျိုးအောက်မှာ နအဖကျွေးတဲ့ ဆေးကိုစား၊ ပေးတဲ့ ဆေးညွှန်းအတိုင်းသာ ဆက်စခန်းသွားနေကြဦးမယ်ဆိုရင်တော့ မကြာခင် ‘ကိုးမား’ (COMA) ၀င်တော့မှာ သေချာသလောက် ပါပဲ။ ကိုးမားဝေဒနာသည်ဘ၀ ရောက်ပြီဆိုရင်တော့ ပါတီဆိုင်းဘုတ် ချိတ်ထားတာကလွဲရင် နိုင်ငံရေးအရ ဘ၀ဆုံးပြီလို့ပဲ ပြောကြရတော့မှာပါ။ ဒီအခြေအနေ မဆိုက်ချင်ဘူးဆိုရင်တော့ သင့်လျော်တဲ့ လုပ်ငန်းစဉ်နဲ့ လှုပ်ရှားမှုအစီအစဉ်တွေ ချမှတ်၊ လိုအပ်တဲ့ စည်းရုံးဖွဲ့စည်းမှုတွေ ပြင်ဆင်၊ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားဖြစ်အောင် အလျင်အမြန် ပြုပြင် တည်ဆောက် ထားဖို့ လိုနေပါပြီ။

ဒီလိုလုပ်နိုင်ဖို့ ထားရှိသင့်တဲ့ စိတ်ဓာတ်သဘောထားကတော့ ပါတီအကျိုးစီးပွားအတွက် အခွင့်အာဏာ၊ အဆင့်နေရာ၊ ဂိုဏ်းအုပ်စုအကျိုး၊ ကိုယ်ကျိုးအားလုံးကို လိုအပ်သလို စတေးရဲတယ်ဆိုတဲ့ ပိုင်းဖြတ်ချက်မျိုး ချထားနိုင်ဖို့ အရေးကြီးပါတယ်။ သေကောင်ပေါင်းလဲ ဖြစ်နတဲ့ လူမမာကို အသက်ကယ်ဖို့ ခြေမ မကောင်းရင် ခြေမ၊ လက်မ မကောင်းရင် လက်မ၊ လိုအပ်သလို ခွဲစိတ်ဖြတ်တောက်ရဲဖို့ လိုပါတယ်။ လူမှုစနစ်တရပ်ကို တော်လှန်ပြောင်းလဲပစ်ဖို့ တိုက်ပွဲဝင်တယ်ဆိုတာ ဆင်စွယ်နန်းမြင့်ပေါ်က ဇာခန်းဆီးနောက်ကွယ်မှာ စန္ဒရား တီးနေတာမျိုး မဟုတ်ပါဘူး။ စိတ်ကူးယဉ်လို့မရ တိုင်ပွဲဝင်ဖို့ အလျင်အမြန် အသင့်ပြင်ကြရမယ့် အချိန်မျိုး ဖြစ်ပါတယ်။

ပါတီအဖွဲ့အစည်းတိုင်းမှာ လူအမျိုးမျိုး ပါဝင်တတ်သလို စိတ်အထွေထွေလည်း ရှိတတ်ကြပါတယ်။ တချိန်မှာ တက်ကြွရှေ့တန်းရောက်ခဲ့သူတဦးဟာ အခြားအချိန်တခုမှာ နောက်တန်းကိုလည်း ရောက်နေနိုင်ပါတယ်။ ရှေ့ရောက်နေသူက နောက်ကျသူကို တွဲခေါ်၊ နောက်ရောက်နေသူက ရှေ့ကို ကြိုးစားအမီလိုက်ကြရမှာပါ။ ဒီလိုမဟုတ်ဘဲ အဖွဲ့အစည်းထဲမှာ ရှေ့ကလည်းမသွား နောက်ပါးကလည်းမလိုက် ဘေးကနေ ကန့်လန့်တိုက် နေလို့ မဖြစ်ပါဘူး။ လူမှုစီးပွားရေးဘ၀ထဲမှာ ထော်လော်ကန့်လန့်လုပ်တယ်ဆိုတာ သိပ်ပြီးထိခိုက်နစ်နာမှု မကြီး လှ ပါဘူး။ ဒါပေမယ့် နိုင်ငံရေးပါတီထဲမှာ အထူးသဖြင့် ခေါင်းဆောင်ပိုင်းထဲမှာ ဘေးလွယ်အိတ်တွေ ပါလာပြီဆိုရင်တော့ နိုင်ငံနဲ့လူထုအတွက် ထိခိုက်နစ်နာမှုကြီးမားနိုင်လို့ သတိထားဖို့ လိုအပ်ပါတယ်။ မြန်မြန်ဆန် ဆန် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲ ဖြေရှင်းနိုင်ရေးဟာ အရေးကြီးပါတယ်။

နိုင်ငံရေးအရ ဖြေရှင်းတယ်ဆိုတာ ဘေးလွယ်အိတ်တွေကို ခေါင်းဆောင်အဖွဲ့ထဲက ဖယ်ထုတ်ပစ်လိုက်ရုံနှင့် ပြေလည်သွားတာမျိုး မဟုတ်ပါဘူး။ ဒါ့အပြင် ‘ဘေးလွယ်အိတ်’ ဆိုတာမျိုးကလည်း လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ထည့်ထားရတတ်တာမျိုးမို့ အသုံးတည့်မှုတွေ ရှိတတ်လို့ အလွယ်တကူ ဖျက်ဆီးလွှင့်ပစ်ဖို့ဆိုတာလည်း မဖြစ်ပါဘူး။ ဒါကြောင့် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ‘ဘေးလွယ်အိတ်တွေကို ကျောပိုးအိတ်အဖြစ် ပြောင်းလဲပစ်လိုက်ပါ’ ။ ကျောပိုးအိတ်ဆိုတာလည်း ဘေးလွယ်အိတ်လိုပဲ ထမ်းပိုးထားရတာပေါ့။ ဒါပေမယ့် ကျောပိုးအိတ်ဆိုတော့ ရှေ့မှာထားစရာမလို၊ နောက်ကျောကို ပို့ထားရင်ပဲ ရပါပြီ။ နောက်ပြီး ကျောပိုးအိတ် ဆိုတာ ဘေးကလိုက်ပြီး ကန့်လန့်တိုက်လို့လည်း မရတော့ပါဘူး။ ဒါကြောင့် နိုင်ငံရေးကျောပိုးအိတ်တွေကို ကျောပေးပြီး ကိုယ်ဦးတည်ရာ ရှေးရှုကာ နောက်ဆံကင်းကင်း၊ ရဲရဲတင်းတင်း နင်းဖြတ်ထိုးဖောက် ဆက်လျှောက်သွားကြပါလို့ တိုက်တွန်းအကြံပေးပါရစေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့၊ ဒီအချိန်မျိုးမှာ ‘နိုင်ငံရေးဘေးလွယ်အိတ်’ တွေ ပြဿနာကို အလျင်အမြန် ‘သတိထား’ ဖြေရှင်းဖို့ အထူးလိုအပ်နေပါပြီ။