2.14.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

U Tin Oo, left, prepares to pour water on a Buddha image during his visit to the revered Shwedagon Pagoda in Yangon, Myanmar, Sunday morning, Feb. 14, 2010-AP

မြန်မာနိုင်ငံက အဓိက နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ဖမ်းဆီးခံထားရာက လွတ်မြောက်လာပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့မှောက် ထွက်လာခဲ့ပါတယ်။
Ban Ki-moon, 26 Jun 2008

A British Ministry of Defense photo shows British troops as they prepare to go on patrol in Afghanistan's Helmand province (File) အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို ထိုးစစ်ဆင်တိုက်ခိုက် Audio Clip Available



ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကလေးကဗျာနှင့် သီချင်းပြိုင်ပွဲကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကလေးကဗျာနှင့် သီချင်းပြိုင်ပွဲကျင်းပ

အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ၏ ကလေးငယ်များအတွက် ယနေ့ ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၅ နှစ် မြောက် မွေးနေ့အထိမ်းအမှတ်၊ ကလေးများနေ့ ကလေးကဗျာနှင့် သီချင်းပြိုင်ပွဲကို နယူးဒေလီမြို့တွင် ပြုလုပ်သည်။
သင်္ဃန်းကျွန်းဈေးမီး ဆိုင်ခန်း ၆၀၀ ကျော်ပျက်စီး

သင်္ဃန်းကျွန်းဈေးမီး ဆိုင်ခန်း ၆၀၀ ကျော်ပျက်စီး

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်း ဈေးကြီး ယမန်နေ့ ညဦးပိုင်းက မီးလောင်ရာတွင် ဆိုင်ခန်း ပေါင်း ၆၀၀ ကျော် လောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။

ဒီပဲယင်းဖြစ်ရပ်သည် နိုင်ငံရေးလှုပ်ကြံမှုဟု ဦးတင်ဦးပြောကြား

NEJ/ ၁၄ ဖေဖော်ဝါရီ ၂၀၁၀

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကိုလည်း ရိုက်တယ်။ သူ့ကားကိုလည်း ရိုက်တယ်။ အဲဒီအခါမှာ သူ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းတယ်။ လွတ်ရာကျွတ်ရာကို သွားပါလို့ ဆိုတာကို မသွားဘူးလို့ ပြောတယ်တဲ့။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အများကြီးအရိုက်ခံရတယ်။ အဲဒီ အချိန်အခါမျိုးမှာ ကျမထွက်မသွားနိုင်ဘူးဆိုပြီး အကြိမ်ကြိမ်ငြင်းတယ်။ အဲလို ငြင်းနေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် .... ” အပြည့်အစုံသို့

သင်္ကန်းကျွန်းဈေး ၀ါယာရှော့ခ်ဖြစ်ပြီး မီးလောင်
တက်လူ/ ၁၃ ဖေဖော်ဝါရီ ၂၀၁၀
“ဈေးတွေမှာညအတွက် လုံခြုံရေးမီးတွေရှိတယ်၊ အဲဒါက ရှော့ခ်ဖြစ်ပြီးလောင်တာ၊ ပြောရရင်တော့ ၀ါယာကြိုးတွေက ဟောင်းနေပြီလေ၊ စိတ်မချရတော့ဘူး ...” အပြည့်အစုံသို့
အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်

NEJ/ ၁၃ ဖေဖော်ဝါရီ ၂၀၁၀
“လွတ်မြောက်ချိန်မှာ လွတ်လာတဲ့ ခေါင်းဆောင်အတွက် ကျနော်တို့က ကြိုဆိုပါတယ်။ ကျနော်တို့အတွက်လည်း အများကြီး အားတွေ တိုးလာမယ် ...” အပြည့်အစုံသို့

ဘ၀မတင့်တယ်သည့် နှင်းဆီခြံမှ ဥယျာဉ်မှူးများ
ရဲရင့်/၁၃ ဖေဖော်ဝါရီ ၂၀၁၀

ချစ်သူများနေ့လို ခါတော်မီပြီး နှင်းဆီပန်းတွေ ဈေးမြှင့် ရောင်းကြတဲ့ ပန်းခြံပိုင်ရှင်နဲ့ ပန်းပွဲစားတွေ၊ လက်လီလက်ကား ရောင်းချသူတွေဟာ သိန်းသန်းချီပြီး အကျိုးအမြတ် ရရှိကြပေမယ့်လည်း ဒီပန်းတွေကို လှပတင့်တယ်စေဖို့ အဓိက ပြုစုပျိုးထောင်ပေးသူ ဥယျာဉ်မှူးတွေ ....အပြည့်အစုံသို့

“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်” (သို့မဟုတ်) ကျွန်ုပ်နှင့် စနိုက်ပါ သမားများ

“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်”
(သို့မဟုတ်) ကျွန်ုပ်နှင့် စနိုက်ပါသမားများ

ဒေါက်တာလွဏ်းဆွေ

အိပ်မှုန်စုံမွှား တမနက်သား၏ မျက်ချေးပင် မစင်သေးချိန် အခါသမယ၌ အင်တာနက်ကို ဖွင့်ပြီးသကာလ ကျွန်ုပ်၏ ဘလော့ဂ်စီဘောက်သို့ ကြည့်ရှုလိုက်မိသည်တွင် “ဖွဆွေတယောက် ဘယ်ရောက်နေ ဖာခန်းကို ရောက်နေ၊ ဖာခန်းကနေ ဘယ်လိုပြန် လေးဘက်ထောက်ပြီးပြန်” ဟူသည့် ကျွန်ုပ်အား အတော်ကလေးပင် မြင်ပြင်းကတ်နေပုံရသည့် စနိုက်ပါသမားတဦး၏ ပစ်ခတ်မှုအရေးအသားကို ဖတ်ရှုရလေ၏။


ကျွန်ုပ်အနေနှင့် စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံရတတ်သည့် သူများသည် ထင်ပေါ်ကျော် ကြား လူသိများသော ပုဂ္ဂိုလ်ကျော်များသာဖြစ်တတ်သည်ဟု မှတ်ယူထားဖူးလေ၏။ ကျွန်ုပ်ပြည်တွင်း၌ရှိစဉ်က ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများ၏ အသည်းကျော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နအ ဖစနိုက်ပါသမားများက သူတို့ပိုင် သတင်းစာများမှတဆင့် နာမည်ဝှက်အမျိုးမျိုးဖြင့် ချောင်းမြောင်းပစ်ခတ်ကြ သည်ကို ပျင်းရိငြီးငွေ့စရာကောင်းလောက်အောင် ကာလအတန်ကြာ ဖတ်ရှုခဲ့ရဖူးသကဲ့သို့ ပြည်ပသို့ ရောက်ရှိ သည့်အခါတွင်လည်း ထင်ပေါ်ကျော်ကြားသည့် ကျွန်ုပ်တို့၏ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင် ခေါင်းဆောင်ဆို သူများနှင့် ပတ်သက်၍ စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုများကို ဘလော့များ၊ စီဘောက်များ၊ ဂရု မေးလ်များတွင် ယခုအချိန်အထိ မကုန်မခမ်းနိုင်လောက်အောင်ပင် ဖတ်ရှုခဲ့၊ ဖတ်ရှုနေရဆဲဖြစ်လေ၏။

ယခုမူ အကျွန်ုပ် ဒေါက်တာလွဏ်းဆွေဟူသည့် ထင်လည်းမထင်ပေါ် ကျော်လည်းမကျော်ကြားသည့် ပါမွှား လေးတယောက်အား ဘလော့ဂ်တည်းဟူသော မီဒီယာတခုကို စတင်လုပ်ကိုင်မိချိန်မှစ၍ မကြာခဏဆိုသလို အမည်မဖော်ဘဲ ပစ်ခတ်တတ်သည့် စနိုက်ပါသမားများ တယောက်ပြီးတယောက် ပေါ်ထွက်လာသည်ကို အံ့ အားသင့်ဖွယ် တွေ့နေရပေ၏။ ထိုသို့ ပစ်ခတ်ခံရခြင်းများကို အကြောင်းပြု၍ ကျွန်ုပ်မှာ အံ့အားတသင့်ဖြစ်နေမိ ပြီး စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံရလောက်အောင် “ငါ ဘာတွေများ ကြီးထွားလာနေပါ လိမ့်” ဟု တွေးတောမိသည့်အလျောက် မိမိကိုယ်ကိုယ်မိမိ အောက်သို့ပြန်ငုံ့ကြည့်မိသည်တွင် အထင်နှင့်အမြင် တက်တက်စင်အောင် လွဲချော်နေသဖြင့် အတော်ကြီးပင် ရှက်သွေးဖြန်းမိလေတော့၏။

ယခင့်ယခင်အခါများက မိမိ၏ ဘလော့ဂ်စီဘောက်မှတဆင့် အပေါ်မှ စနိုက်ပါသမား ပစ်ခတ်သကဲ့သို့ တ တောင့်ထိုးကျည်များဖြင့် ကြိုကြားကြိုကြား ပစ်ခတ်မှုကိုသာ ခံခဲ့ရဖူးသော်လည်း မကြာသေးမီနေ့ရက်များကမူ တတောင့်ထိုးကျည်ဖြင့်မဟုတ်ပါဘဲ စက်သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်သည့် စနိုက်ပါသမားတဦး၏ ပစ်ခတ် မှုအရေးအသားများကို 8888peoplepower ဂရုမေးလ်တွင် ကျွန်ုပ် ဖတ်ရှုလိုက်ရပေ၏။

အဆိုပါ စနိုက်ပါသမားက ကျွန်ုပ်နှင့်အတူ ကိုထော်ကြီး (ABSDF တပ်ရင်း-၈)၊ နေလင်း (နောင်မှ JACBA အ လုပ်သမားအဖွဲ့ ဥက္ကဌ ကိုမိုးကြိုးကို ပြောမှန်းသိရ) နှင့် ကျွန်ုပ် သိကျွမ်းခြင်းအလျဉ်းမရှိသည့် ကျော်မြထူး၊ အောင်မိုးဝင်း၊ မောင်မောင်စိုး၊ ကျော်သိုက်၊ အတာ၊ ရွှေထီး အမည်ရ လူပုဂ္ဂိုလ်တချို့ကိုပါ အတွဲလိုက် ပစ်ခတ် ထားခြင်းဖြစ်၏။ RFA သတင်းဌာနမှ ကိုခင်မောင်စိုးပင် အဆစ်ပါချေသေး၏။ သူ၏ ပစ်ခတ်ပုံအရေးအသားကို ကြည့်၍ ကျွန်ုပ်၏ မျက်စိထဲတွင် ၀န်ကြီးများရုံး၌ ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ပုဂ္ဂိုလ်များ ပစ်ခတ်ခံခဲ့ရသည့် မြင်ကွင်းကို (နှိုင်းယှဉ်ရေးသားခြင်းမဟုတ်ရပါ) ပြန်လည် မြင်ယောင်လိုက်မိပေ၏။

ဂဠုန်ဦးစော၏ တပည့်များက ဗိုလ်ချုပ်တို့ကို မသေမချင်း ဒရစပ် ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သော်လည်း ကျွန်ုပ်ပါ မွှား ဒေါက်တာလွဏ်းဆွေမှာကား ဂျာမဏီ မာစီးဒီးဘင့်ဇ်ကားစက်ရုံမှ (ကားဝယ်မစီးနိုင်သော်လည်း) လမ်း ပေါ်တွင် ကျကျန်ခဲ့သည့် ကျည်ကာအင်္ကျီ အကောင်းစားတထည်ကို ကောက်ရ၀တ်ဆင်ထားမိ၍သာ ကျွန်ုပ် ရေးသားနေသည့် ယခုစာစုကို စာရှုသူသို့ ဖတ်ရှုနေရခြင်းဖြစ်ပေတော့၏ဟု အောက်မေ့သမှုပြုမိချေ၏။

ဗိုလ်ချုပ်တို့ ပုဂ္ဂိုလ်ကျော်တစုမှာ ကံမကောင်း အကြောင်းမလှစွာ ချက်ချင်းအသက်ပါသွားကြ၍ မိမိတို့အား ဂ ဠုန်ဦးစောနှင့် တပည့်များ အဘယ်ကြောင့် လုပ်ကြံသတ်ဖြတ်ကြပါလိမ့်ဟု ပြန်လှန်တွေးတောချိန် မရလိုက်သ ကဲ့သို့ ပစ်ခတ်လုပ်ကြံသူများအား ခွင့်လွှတ်ကြေအေးပြီးသကာလ ကြိုးစင်မတက်ရလေအောင် ကယ်တင်နိုင် သည့် အခွင့်အရေးမျိုးလည်း ရရှိခဲ့ခြင်းမရှိခဲ့ပေ။

သို့သော် ကျွန်ုပ်ပါမွှား ဒေါက်တာလွဏ်းဆွေမှာမူကား ယားတယ်လို့ပင် ခါးမတွန့်လိုက်ရဘဲ ပကတိအကောင်း အတိုင်း ကျန်ရစ်ခဲ့သည်ဖြစ်သည့်အတွက် ဤစနိုက်ပါသမားအနေနှင့် ကျွန်ုပ်နှင့် ကျွန်ုပ်လုံးဝသိကျွမ်းခြင်းမရှိ သော လူတချို့အား အဘယ်သို့သော အငြိုးအတေးကြောင့် ယခုကဲ့သို့ တရစပ် ပစ်ခတ်ပါလိမ့်ဟု တွေးတော ချိန် ရတော်မူခဲ့၏။ ထိုသို့ တွေးတောချိန် ရရှိတော်မူခဲ့သည့်အလျောက် အဖြေကိုလည်း တွေ့ရှိခဲ့သည်ဟု ထင် မြင်ယူဆမိသည့်အတွက် အဆိုပါ စနိုက်ပါသမား အမျက်တော် အမုန်းတရားများ ဖိစီးပြီး စိတ်ပင်ပန်းနေမှုဒဏ် လျော့ကျစေရန် ရည်သန်၍ (ထပ်မံပစ်ခတ်ခံရမည်ကို ကြောက်ရွံ့၍မဟုတ်ဘဲ) ယခုကဲ့သို့ စာတတန် ပေတဖွဲ့ ဖြင့် မေတ္တာရှေ့ထား ရေးသားရှင်းလင်းလိုက်ရခြင်း ဖြစ်ပါ၏။

စနိုက်ပါသမား၏ စာထဲတွင် ကျွန်ုပ်အား ထိပ်ဆုံးမှ စတင်ပစ်ခတ်ရေးသားထားပြီး ကျန်လူများနှင့် ကျွန်ုပ်တို့ ပူး ပေါင်း၍ 88 People Power အဖွဲ့ တည်ထောင်ထားသည်ဟုလည်း အခြေအမြစ်မရှိ စွပ်စွဲရေးသားထားလေရာ နောင်တချိန် မြန်မာ့သမိုင်းအမှန်ကို ရေးသားပြုစုကြရာ၌ ဘာမှမဟုတ်သည့် ကျွန်ုပ်ပါမွှားကို ခေါင်းဆောင်အ မှတ်နှင့် ကမ္ပည်းတင်နေမည်စိုးသည့် နောက်အကြောင်းတချက်ကြောင့်လည်း ယခုကဲ့သို့ ရှင်းလင်းရေးသားရ ခြင်း ဖြစ်ချေသည်တမုံ့။

ဦးစွာမဆွ ကျွန်ုပ်၏ ကျည်ကာအင်္ကျီကို တောက်ခနဲ ထိမှန်ပြီး လွင့်စင်သွားသည့် ကျည်ဆံတောင့် အမှတ် (၁) ကို ကောက်ယူစစ်ဆေးတော်မူမိ၏။ အဆိုပါ ကျည်ဆံကို သေချာစွာ စစ်ဆေးကြည့်ရှုမိသည့်အခါကျမှ အဆိုပါ စနိုက်ပါသမားသည် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြပေးခဲ့သော ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ ၏ လေထန်ကုန်း ကဏ္ဍပါ ‘ဟီးဟီးဟားဟား ဆွေးနွေးပွဲ’ ဟူသည့် ခေါင်းစဉ်အောက်မှ အရေးအသားများအပေါ် စိတ်ဆိုးဒေါသ ထွက်ပြီးသကာလ ကျွန်ုပ်နှင့်လူတစုအား ယခုကဲ့သို့ တရပ်စပ် ပစ်ခတ်ခြင်းအမှု ပြုခဲ့ခြင်းဖြစ်သည်ကို သိရှိရပေ တော့၏။

ထိုကိစ္စနှင့် ပတ်သက်၍ စနိုက်ပါသမား ကျွန်ုပ်အပေါ် အထင်အမြင် လွဲတော်မူနေခြင်းကို ကျွန်ုပ်က ရိုးရိုးသား သား ရှင်းလင်းပြလိုပေ၏။ ကျွန်ုပ်သည် အဆိုပါ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ ဟူသော ပီဒီအက်ဖ်ဖိုင်လေးအား ‘လေထန်ကုန်း’ ဟူသည့် အပတ်စဉ်ကဏ္ဍ မပါဝင်မီ ရှေးပဝေသဏီ ကာလကတည်းပင် အပတ်စဉ် ဖော်ပြပေး ခဲ့ခြင်းဖြစ်ပါ၏။ 8888peoplepower ဂရုမေးလ်တွင် တွေ့ရှိဖတ်ရှုခဲ့ရပြီးနောက် စစ်အာဏာရှင်စနစ်ကို စစ်စစ် မှန်မှန် ဆန့်ကျင်တိုက်ပွဲဝင်နေသည့် စာစဉ်အဖြစ် သဘောကျ နှစ်ခြိုက်တော်မူမိသည့်အတွက် မည်သူမည်ဝါ ထုတ်ဝေနေသည်မှန်း ကျွန်ုပ် အမှန်တကယ် မသိရှိသည့် အဆိုပါ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ ကို ဂရုမေးလ်မှ ဒေါင်းလုပ်ဆွဲချကာ ကျွန်ုပ်စိတ် ကျွန်ုပ်သဘောနှင့် ဘလော့ဂ်၌ အပတ်စဉ် တင်ပေးခဲ့ခြင်းဖြစ်ပါ၏။ နောင်တွင် လည်း မည်သူတားတား၊ မည်သူမကြိုက်မကြိုက် ကျွန်ုပ်က တင်ဆက်ပေးနေဦးမည်ဖြစ်ပါ၏။

ယခုနောက်ပိုင်းတွင် အဆိုပါ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ မှ လေထန်ကုန်းဟူသည့် အခန်းကဏ္ဍမှာ တဟုန်ထိုး နာမည်ကြီးလာသည့်အလျောက် ထိုကဏ္ဍနှင့်ပတ်သက်၍ ကျွဲမြီးတိုမိသူများက စနိုက်ပါသမား ထင်မြင်ယူဆ သကဲ့သို့ ကျွန်ုပ် ဒေါက်တာလွဏ်းဆွေ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည်ဟူသည့် အတွေးမျိုး တွေးကြ မည်ကို ကျွန်ုပ်ကလည်း မျှော်လင့်ပြီးသားဖြစ်ပေ၏။ ထိုသို့တွေးတောကြသည်ကို ကျွန်ုပ်အနေနှင့် ဗွေမယူမိ သော်လည်း လုံးဝဆက်စပ်ပတ်သက်မှု အလျဉ်းမရှိကြောင်းကိုတော့ ကျွန်ုပ်က ရိုးသားစွာ ကျိန်တွယ်ပြောဆို လိုပေ၏။

သို့ဖြစ်၍ လေထန်ကုန်းကဏ္ဍနှင့် ပတ်သက်ပြီး စနိုက်ပါသမားကဲ့သို့ ကျွန်ုပ်အပေါ် ကျွဲမြီးတိုသည်ဆိုလျှင် အ ပေါ်တွင် ဒေါက်တာလွဏ်းဆွေ-စင်မ်ပသိုက်ဇာတဦး ပြောခဲ့သလို မရည်ရွယ်ပါဘဲ မတော်တဆ ခုံဖိနပ်နှင့် တက်နင်းခဲ့မိခြင်းမျိုးသာဖြစ်၍ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ ကို နှစ်ခြိုက်၍ဖော်ပြပေးမိသူ ကျွန်ုပ်အား ခွင့်လွှတ် ပါရန် စနိုက်ပါသမားနှင့်တကွ ကျွဲမြီးတိုသူအားလုံးအား တောင်းပန်သမှုပြုလိုက်ရပေ၏။ ရှေ့လျှောက်တွင် လည်း ကျွန်ုပ်၏ အာဘော် တစိုးတစိမျှ မပါဝင်ကြောင်း ယုံကြည်ကြမည်ဟု မျှော်လင့်ပါ၏။

စနိုက်ပါသမားက ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ အား အခဲမကျေမှုကို အကြောင်းပြုပြီးသကာလ ကျွန်ုပ် ပါဝင် သည်အထင်နှင့် ကျွန်ုပ်အား ပုဂ္ဂိုလ်ရေးထိုးနှက်သည့် ကျည်ဆံတောင့်များနှင့်ပါ သဲကြီးမဲကြီး ပစ်ခတ်တိုက် ခိုက်ခဲ့ပါသေး၏။ ကျွန်ုပ်ကား ယားတယ်လို့ ခါးမတွန့်မိသော်လည်း စနိုက်ပါသမား တိုက်ခိုက်သည့် ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်အချို့နှင့် စပ်လျဉ်း၍ ကြုံတုန်း ကျွန်ုပ်၏ အယူအဆ၊ ကျွန်ုပ်၏ ထင်မြင်ချက်လေးတချို့ကို ပြော ကြားလိုက်ချင်မိပေ၏။ ကြုံကြိုက်တုန်းကလေး ပြောကြားခွင့်ရသည့်အတွက်လည်း ၀မ်းသာအယ်လဲဖြစ်မိပေ ၏။

စနိုက်ပါသမား ပစ်ခတ်သည့် “မောင်လွမ်းဆွေဟာ ၈၈ တုံးကဘာမှ ဟုတ်တိပတ်တိမလုပ်ခဲ့ဘဲ ယောင်ခြောက် ဆယ်လုပ်နေသူပါ။ ၈၈ အာဏာသိမ်းပြီးတော့ရော။ ဒီအခါမှာလည်း သူဟာ ယောင်ခြောက်ဆယ်ပဲ” ဟူသည့် ပုဂ္ဂိုလ်ရေးကျည်တောင့်နှင့် ပတ်သက်၍ ကျွန်ုပ်က ပြောကြားရလျှင် ကျွန်ုပ်သည် ဘလော့ဂ်ကို စပြီးတင်ဆက် စဉ်ကတည်းကပင် ပြည်တွင်း၌ရှိစဉ်က ကျွန်ုပ် လုပ်ကိုင်ခဲ့သည့် အလုပ်မှန်သမျှကို ဘလော့ဂ်ရှိ ABOUT ME ၌ ရိုးရိုးသားသား ဖော်ပြထားခဲ့ပြီးဖြစ်လေ၏။ ထိုမျှသော အလုပ်ကလေးများကိုသာ မောင်ရင်လွဏ်းဆွေ လုပ် ကိုင်ခဲ့သည့်အတွက် နိုင်ငံရေးလုပ်ကိုင်ခွင့်မရှိဟူသည့် သတ်မှတ်ပြဌာန်းချက်ကလေးများ ရှိခဲ့လျှင်ဖြင့် စစ်အာ ဏာရှင်စနစ်အောက်မှ လွတ်မြောက်ရန် သန်းခြောက်ဆယ်ပုံ တပုံစာ တာဝန်ရှိသည်ဟု ယူဆလုပ်ကိုင်နေမိ သည့် ကျွန်ုပ်အတွက် အားငယ်စရာဖြစ်ချေတော့မည်တမုံ့။

ထို့ပြင်တ၀ တောခိုမှ၊ ထောင်ကျမှ နိုင်ငံရေးသမားဟူသည့် ဂုဏ်ပုဒ်မျိုးကို ရယူနိုင်အံ့ဟူသည့်သဘောမျိုး ပြော ဆိုသမှုပြုနေကြမှုများကိုလည်း အနှီပြည်ပနိုင်ငံရေးလောကသို့ ရောက်ရှိမှသာ ကြားသိတော်မူရသည့်အတွက် တောမခို၊ ထောင်မကျရှာဘဲ နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားခဲ့ရှာသည့် ကျွန်ုပ်တို့၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား အားငယ်သမှုဖြစ်ရဘိသကဲ့သို့ စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of Press) အတွက် တသီးပုဂ္ဂလ လွတ်လွတ်လပ်လပ် (Freelance) နေထိုင်လုပ်ကိုင်မည်ဟု အား ခဲကာ နိုင်ငံရေးနှင့် ဆက်စပ်ပတ်သက်သည့် ဘလော့ဂ်တခုကို တစိုက်မတ်မတ် လုပ်ကိုင်နေမိသည့် ကျွန်ုပ်အ နေနှင့်လည်း နှစ်ထပ်ကွမ်းအားငယ်သမှု ဖြစ်ရချေတော့သည်တမုံ့။

ထို့နောက် စနိုက်ပါသမားက ကျွန်ုပ်အား “ဆရာဝန်ဆိုတာမှ ဟုတ်ပါရဲ့လားဗျာ” ဟူသည့် ကျည်တောင့်ဖြင့် ပစ် ခတ်ပြန်ပါ၏။ အနှီကျည်တောင့် တောက်ခနဲ မှန်လေသည့်အခါ ကျွန်ုပ်မှာ ရုတ်တရက် အားငယ်သွားပြီး အိတ် စုတ်လေးအတွင်း လဲလျောင်းနေသည့် ၀ါကျင့်ကျင့် ဘွဲ့လက်မှတ်လေးကို အပြေးအလွှား ပြန်ထုတ်ကြည့်မိကာ စနိုက်ပါသမား သိစေရန် စကင်ဖတ်၍ ဘလော့ဂ်မှတဆင့် တင်ပြပေးရမည်လား တွေးနေမိပေ၏။ သို့သော် လည်း စနိုက်သမား ထိုကဲ့သို့ ထင်မှတ်လောက်အောင်ပင် ဘွဲ့ရပြီးပြီးချင်း ဆေးကုသခြင်းအမှုကို ဖင်ပူအောင် မပြုဘဲ စာပေလောကအတွင်းသို့ အပြီးတိုင် သက်ဆင်းသွားမိခဲ့သည့် ကျွန်ုပ်က (၁၅) နှစ်နီးပါး အသုံးမပြုဘဲ ပစ်ထားခဲ့သည့် ဆေးကြိမ်လုံးဖြင့် လူနာများအား မဝှေ့ယမ်းမိတော့ရန် သတိထားဆင်ခြင်ခဲ့ပါ၏။

ထို့အတွက် တချို့ တချို့က ကျွန်ုပ်အား ဘာမှမသိတော့သည့် ‘အလကား ဆရာဝန်’ ဟု ထင်မြင်ကြသည်ကို ကျွန်ုပ် ကျွဲမြီးမတိုမိသလို တခါတရံတွင် “ဆရာ .. ကျနော့်တူမလေးပါးမှာ ပွေးပေါက်နေလို့ ဆေးလေး ရေးပေး ပါဦး” ဟုတဖုံ၊ “ဒေါက်တာလွဏ်းရေ အိမ်ကမိန်းမ ညလုံးပေါက် ၀မ်းလျှောနေလို့ ဘာဆေးဝယ်သောက်ရမလဲ” ဟုတနည်း၊ “ဆရာရေ တိုက်ပွဲကျလို့ လုပ်ပါဦး” ဟူသည့် ညီငယ်များက တမျိုး၊ “ဆရာရေ ကျမသူငယ်ချင်းတ ယောက် မိန်းမကိုယ် ယားနေလို့ ဆေးလေးညွှန်ပါဦး” ဆိုသည်က တလမ်း ဆေးပညာနှင့်ပတ်သက်၍ အကဲမ စမ်းချင်တော့ဘဲ ခပ်ကင်းကင်း နေထိုင်လိုသည့် ကျွန်ုပ်အပေါ် ရင်းနှီးသူများက အနို့ကလို သို့ကလို အပူကပ် ကြပြန်လေ၏။ ထိုအခါမျိုးများတွင် ကျွန်ုပ်မှာ ခြေကြွခကို စဉ်းစားဖို့နေနေသာ အိတ်စိုက်ပြီး အလကား ကုသ ပေးလိုက်ရခြင်းမျိုးပင် ရှိတတ်ခဲ့သည့် ‘အလကား ဆရာဝန်’ နောက်တမျိုးလည်း ဖြစ်နေတတ်ပြန်သေး၏။ ဤ လောက်ရှင်းပြလျှင် “ဆရာဝန်ဆိုတာမှ ဟုတ်ပါရဲ့လားဗျာ” ဟု သိချင်တော်မူနေသည့် စနိုက်ပါသမား ကျေနပ် မည်ဟု မျှော်လင့်မိ၏။

စနိုက်ပါသမား ပစ်ခတ်လိုက်သည့် ကျည်တောင့်များထဲမှ ကျွန်ုပ်နောက်ဆုံးဆွေးနွေးလိုသည့် ကျည်တောင့်က တော့ “သူ့အားနည်းချက်ကတော့ သိပ်မရှိပါဘူး။ အရက်၊ မိန်းမ၊ ဘောပွဲနဲ့ ဖာဖြစ်ပါတယ်” ဟူသည့် ကျည် တောင့်ပင် ဖြစ်ပါချေ၏။ အနှီကျည်တောင့်ကား မြန်မာ့လူမှုလောကတွင်လည်းကောင်း၊ ဟိုးယခင် ပါလီမန် ခေတ် နိုင်ငံရေးလောကတွင်လည်းကောင်း၊ ယနေ့ခေတ် အင်တာနက်လောကတွင်လည်းကောင်း လူတ ယောက် သိက္ခာကျသွားလောက်အံ့ဟု တွေးတောကာ အပြန်အလှန် ပစ်ခတ်ခဲ့ကြ၊ ပစ်ခတ်နေကြဆဲ၊ နောင် လည်း ပစ်ခတ်နေကြဦးမည့် သမာရိုးကျ ကျည်တောင့်ပင် ဖြစ်ချေတော့၏။ စနိုက်ပါသမားကလည်း မောင် လွဏ်းဆွေလေးတယောက် သိက္ခာကျစေတော့အံ့ ဟူသည့် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်လိုက်ဟန်တူပေ၏။

ကျွန်ုပ်ကား “ပျင်းတောင်ပျင်းသေးတယ်” ဟူသည့် သီချင်းကိုသာ ဆိုညည်းနေမိတော့၏။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်သည် ပြည်သူကို သစ္စာဖောက်သည့် ကိစ္စ၊ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ထိပါးသည့် ကိစ္စ နှင့် ခိုး၊ ဆိုး၊ လိမ်၊ ညာ၊ လုယက်၊ သူတပါးမယားကို ပြစ်မှားကျူးလွန်သော ကိုယ်ကျင့်သိက္ခာ ပျက်ပြားသည့် ကိစ္စရပ်မျိုးများမဟုတ်လျှင် ဖီလင်ရှိသလို နေထိုင်လုပ်ကိုင်တတ်သည့် အထုံပါရမီ ရှိသည်ကတကြောင်း၊ သူ တပါး စာမူပေါင်းစုံကို တည်းဖြတ်ဖတ်ရှုသမှုပြုရသည့် အယ်ဒီတာဟူသည် ဘ၀စုံအောင် သိထားလျှင် ပို ကောင်းလေစွတကားဟု ယုံကြည်သည်က တနည်း၊ “လူတော်တိုင်းသည် ရှုပ်၏။ သို့သော် လူရှုပ်တိုင်းသည် မတော်” ဟူသည့် ဆောင်ပုဒ်ကို နှစ်နှစ်ကာကာ ကိုင်စွဲထားသောကြောင့်တဖုံ ထိုထိုသော အကြောင်းပြချက် ပေါင်းစုံတို့ဖြင့် ကိုယ်လုပ်ချင်ရာဆိုလျှင် မည်သူ့ကိုမှလှည့်မကြည့်အားဘဲ ကိုယ့်စံ၊ ကိုယ့်ပေတံနှင့် လွတ်လွတ် လပ်လပ် နေထိုင်လုပ်ကိုင်တတ်ခဲ့သူ ဖြစ်ပါချေ၏။

ထို့အပြင် ကျွန်ုပ်သည် လုပ်နိုင်၊ ကိုင်နိုင်၊ စားနိုင်၊ သောက်နိုင်၊ ကန်နိုင်သူများကို မုဒိတာပွား အားကျတတ်သူ တယောက် ဖြစ်သည်နှင့်အညီ ကျွန်ုပ်အား အဆိုပါ ‘အရက်၊ မိန်းမ၊ ဘောပွဲနဲ့ ဖာ’ တည်းဟူသော ဘွဲ့ထူးဂုဏ် ထူးများ အပ်နှင်းသည်ကို အားငယ်ရှက်ရွံ့ခြင်း အလျဉ်းမဖြစ်မိဘဲ ဘလော့ဂ်လုပ်ရင်းတဘက်နှင့် ဤမျှ စားနိုင်၊ သောက်နိုင်၊ လုပ်နိုင်၊ ကိုင်နိုင်၊ ကန်နိုင်နေသေးခြင်းအတွက် မိမိကိုယ်ကိုယ်မိမိ မုဒိတာပြန်ပွားနေမိပြန်လေ၏။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့ မှီတင်းနေထိုင်သော အမိမြန်မာပြည်ကြီးတွင် အရက်သမားလည်း အရက်သမား အလျောက် ကောင်းကွက်ကလေးရှိမည်ဖြစ်၏။ ဖဲသမားလည်း ဖဲသမားအလျောက် တော်သည့်အကွက်က လေး ရှိမည်ဖြစ်၏။ ဖာချသူလည်း ဖာချသူအလျောက် အားသာချက်ကလေး ရှိမည်ဖြစ်၏။ ဘောကန်သူလည်း ဘောကန်သူအလျောက် အားကောင်းချက်ကလေး ရှိမည်ဖြစ်၏။ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေ သည့် လူတဦးချင်းစီမှ ထိုထိုသော ကောင်းကွက်ကလေး အနည်းအကျဉ်းစီကို စုစည်းကာ မျက်ရည်ပင်လယ် ဝေနေသည့် မြန်မာပြည်သူလူထုနှင့် စစ်ဖိနပ်အောက် ရောက်ရှိနေသည့် အမိမြန်မာပြည်ကြီးကို တတ်စွမ်းသမျှ ဆွဲထုတ်ကယ်တင်ကြရမည်ဖြစ်သဖြင့် ဒေါက်တာလွဏ်းဆွေကဲ့သို့ လူရှုပ်လူပွေကြီးများရော၊ ချောင်းမြောင်း ပစ်ခတ်တတ်သည့် စနိုက်ပါသမားများရော၊ ကျွန်ုပ်ကဲ့သို့ပင် မကြာခဏ စနိုက်ပါလက်ချက်မိလေ့ရှိသည့် အိတ်တီအိတ်သူခိုးဆိုသူများရော၊ ဂီးဇောင်ဂျောင်းဆိုသူများရော၊ အလုပ်အကိုင်မရှိ ယောင်ခြောက်ဆယ်များ ရော၊ အော့ကြောလန်မယ်စွာတေးများပါ ယခုအချိန်မှစ၍ “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ရှေး ကထက် ပိုချစ်ကြမည်” ဆိုသည့် သီချင်းစာသားအတိုင်း ကျင့်ကြံကြဖို့လိုမည်ဟု စဉ်းစားမိပေ၏။

ထိုသို့စဉ်းစားမိသည့်အလျောက် ညီညွတ်ရေးတည်ဆောက်ရန် ကျွန်ုပ်စဉ်းစားမိသည့် အကွက်တကွက်ကို တင် ပြလိုပေ၏။ ကျွန်ုပ်ကား အချိန်ကြာကြာ ၀ိုင်းဖွဲ့စားသောက်ရတတ်သည့် မူကထ(အသားကင်)ဆိုင်မျိုးတွင် အား လုံးနှင့် စားရင်းသောက်ရင်း ပျော်ပျော်ပါးပါး စကားလက်ဆုံကျကာ ညီညွတ်ရေးကို တည်ဆောက်ချင်ပါ၏။ သို့တည်းမဟုတ် ခေါင်းချင်းဆိုင် ၀ိုင်းဖွဲ့ကစားရသည့် တချပ်မှောက်ဝိုင်းကလေးတွင် သရီးဆက်ရှင်၊ ဖိုးဆက် ရှင် လူလဲကစားကာ ညီညွတ်ရေးကို သဲကြီးမဲကြီး တည်ဆောက်လိုက်ချင်ပါ၏။ သို့သော် မူကထဆိုင်သို့ လာ ရောက်ပြီး ညီညွတ်ရေးတည်ဆောက်လိုသူများရော၊ တချပ်မှောက်ဝိုင်းဖွဲ့ကစားပြီး ညီညွတ်ရေးတည်ဆောက် လိုသူများပါ ဘတ်ထားသည့် ဘတ်ငွေ အလုံအလောက်မရှိသည့် ကျွန်ုပ်အတွက် အပိုဆောင်း ဘတ်ငွေက လေးများ ဆောင်ကြဉ်းလာကြပါရန် မေတ္တာရပ်ခံရင်း ချစ်သူများနေ့တွင် ရှေ့ပြေးညီညွတ်ရေးလေး စတင် တည်ဆောက်ရန် ဖိတ်မန္တက ပြုလိုက်ရပါ၏။ ဆုံစည်းလိုသူများ ကျွန်ုပ်အား ဖုန်းဆက်ကြပါကုန်။

ဒေါက်တာလွဏ်းဆွေ
(ညီညွတ်ရေးသို့ ရှေးရှုလျက် ချစ်သူများနေ့ အမှတ်တရ ရေးဖွဲ့ပါသည
အပြည့်အစုံသို့...
ဦးတင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
tinOOsနေအိမ် အကျယ်ချုပ် သက်တမ်း ၆ နှစ်သက်တမ်း ကုန်ဆုံးပြီး ယနေ့တွင် ...

ဒေါ်အောင်ဆန်းစုကြည်လွတ်မည်ဟု ဦးတင်ဦးမျှော်လင့်
အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးကို အာဏာပိုင်များက လာရောက်လွှတ်ပေးပုံနှင့် လွတ်မြောက် ...
street1s
ဦးတင်ဦး လွတ်မြောက်မှုအပေါ် သူတို့ သဘောထား
ဦးတင်ဦး ပြန်လွတ်လာသည့်အပေါ် ပြည်တွင်းရှိ ဒီမိုကရေစီရေး လှုပ်ရှားနေသူများ၏ သဘောထား ...
ပဒိုမန်းရှာ ကျဆုံးခြင်း (၂) နှစ်ပြည့် ဆွမ်းကပ်အလှူပွဲပြုလုပ်

ပဒိုမန်းရှာ ကျဆုံးခြင်း (၂) နှစ်ပြည့် ဆွမ်းကပ်အလှူပွဲပြုလုပ်


ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ANC တခုတည်းသာရှိကြောင်း အထွေထွေအတွင်းရေးမှူးသစ်ကပြောဆို

ANC ဟာ ၂ ခု မရှိပါဘူး။ တခုတည်းသာ ရှိပါတယ်။ ပီးတော့ အဲဒီ မလေးရှားမှာ လုပ်တဲ့ ANC ညီလာခံဟာ တရားမဝင် ညီလာခံဖြစ်တယ်လို့ ထုတ်ပြန်ထား ပီးသား ဖြစ်ပါတယ်။ အပြည့်အစုံသို့

စစ်ဘက်ဆိုင်ရာ အရေးကြီးသော စာရွက်စာတန်းများ ခိုးထုတ်မူဖြင့် မြန်မာ ၈ ဦးကို ဘင်္ဂလာရေတပ်က ဖမ်းဆီး

၂၊၁၃၊၂၀၁၀

စစ်ဘက်ဆိုင်ရာ အရေးကြီးသော စာရွက် စာတန်းများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ မြန်မာဘက်သို့ ခိုးထုတ်သည်ဟု ဆိုကာ မြန်မာနိုင်ငံသား ၈ ဦးကို စက်လှေ တစီးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ယမန်နေ့က ဖမ်းဆီးလိုက်သည်။ အပြည့်အစုံသို့


image

ALA နှင့်တိုက်ပွဲ ဖြစ်ပွား၍ နအဖ စစ်သား တဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

၂၊၁၃၊၂၀၁၀

ALA ခေါ် ရခိုင်ပြည် လွှတ်မြှောက်ရေး တပ်မတော်နှင့် နအဖ စစ်တပ်တို့အကြား ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားရာ နအဖ စစ်တပ်မှ တဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိသွားသည်။ အပြည့်အစုံသို့

ALD ပြည်ပ နာယက ဂျပန် ခရီးစဉ်အတွင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ

၂၊၁၃၊၂၀၁၀

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) နာယက ဦးခိုင်အောင်ဝင်းသည် ယခုလ ၇ ရက်နေ့က ဂျပန်နိုင်ငံရှိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ အပြည့်အစုံသို့


ရန်ကုန်၊ ချင်းနှင့် ရှမ်းပြည်နယ်တွင် A(H1N1) ရောဂါ ဖြစ်ပွားနှုန်း တိုးပွားနေ

၂၊၁၃၊၂၀၁၀

စံလင်း(နိရဉ္စရာ) မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးခေါ် A(H1N1) ရောဂါဖြစ်ပွားမှု တနေ့တခြား တိုးပွား လာနေပြီး ယခုအခါ ရန်ကုန်တိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ တွင် ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။ အပြည့်အစုံသို့

ခွေးက လူကို သတ်တဲ့နေ့ (သို့) ကော်သူးလေအတွက်
သွေးစွန်းတဲ့ ချစ်သူများနေ့

ပဒိုမန်းရှာ (၂) နှစ်ပြည့် အောက်မေ့ဖွယ် အမှတ်တရ

ဇကောလောက်မှ ဇောက်မနက်ပဲ အသားထဲက လောက်ထွက်သူများရဲ့ လက်ချက်နဲ့ ကရင့်အမျိုးသား တော်လှန် ရေးကို မှန်ကန်စွာ ဦးဆောင်မှုပေးနေခဲ့တဲ့ ဖထီးမန်းရှာ (ပဒိုမန်းရှာလားဖန်း) ကျဆုံးသွားခဲ့ရပါတယ်။ မြန်မာပြည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ တန်းတူ အခွင့်အရေး ရရှိရေးနဲ့ ဒီမိုကရေစီ ထွန်းကားလာရေးအတွက် အရှိန်မြင့် ချီတက်လာတဲ့ တော်လှန်ရေးလမ်းကြောင်း လမ်းခုလတ်တွင် ယခုလို ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံး သွားခဲ့ရတဲ့ အတွက် ကရင့်တော်လှန်ရေးအတွက်ရော မြန်မာပြည် ဒီမိုကရေစီရေး အတွက်ပါ များစွာ ထိခိုက် နစ်နာခဲ့ရပါတယ်။
Continue reading »



more


more


more


more


more


more

အဲန်အယ်လ်ဒီ ပၝတီ ဒု-ဥက္ကဌဦးတင်ဦး နေအိမ်အကျယ်ချုပ်မှပြန်လွတ်
ဗိုလ်ချုပ်အောင်ဆန်းမွေးနေႛ (ကလေးမဵားနေႛ) ပြည်တွင်းပြည်ပမှာ ကျင်းပ
မြန်မာ ၈ ဦးကို သူလျှိုဆိုပြီး ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့က ဖမ်းဆီး
ဗိုလ်ချုပ်အောင်ဆန်းကဗျာ မန္တလေးမှာ ဖြန်ႛဝေ
သင်္ဃန်းကျွန်းဈေး မီးလောင်မှု လက်လှမ်းမှီသလောက် ဓါတ်ပုံလေးတွေ

ကိုရွှေနန္ဒ၏ ဖေါ်ဝပ်မေးမှ ရရှိပါသည်။




ချစ်သူများနေ့တဲ့လား

ချစ်သူများနေ့တဲ့လား

Written by ဟယ်ရီလွင်

ဒီနေ့ . . .
ဖေဖော်ဝါရီ ၁၄ ရက်
''ချစ်သူများနေ့''တဲ့လား
ညီမလေးရေ . . .
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ
ချောကလက်လေးတွေ၊
. . .တွေ၊ . . .တွေ
ဟိုက သည်က
အများကြီး အများကြီး
မင်းရနေသလား
လူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေလဲ ဗရုတ်ဘယက်၊
အော် . . .
တကယ်တော့ . . .
ဒီနေ့ဟာ . . .
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ . . .
'ကလောဒီယမ်စ်'ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီ
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ . . .
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ . . .
သူတို့ဟာ သူတို့
ဂုဏ်ပြုရင်ပြုပါစေ . . .
တို့တွေနဲ့အဝေးကြီးပါကွယ် . . .
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က . . .
ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၅ နှစ်ကာလက
နွေအကူး . . .
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ . . .
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ . . .
'ထိန်လင်း'ဆိုတဲ့
ကလေးငယ်ကလေး
ဟိုး အညာက နတ်မောက်မြို့မှာ
မွေးဖွားခဲ့တယ်
သူက . . .
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး . . .
တို့တိုင်းပြည်ကိုချစ်သတဲ့
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ . . .
နောက်ဆုံး . . .
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ . . .
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ . . .
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်။
'ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ထထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
မိခင်ဒေါ်စု သား . . .'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး . . .
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့'ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက်
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပါယ်ရှိပါတယ်ကွယ် . . .
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် . . .

ဟယ်ရီလွင်

2.13.2010

Burma's News World's News


Tin Oo vice chairman of NLD released this evening under arrested nearly 7 years in prison and housed arrested.
Photobucket
Rangoon , Feb:13;

Vice Chairman of the NLD U Tin Oo (83 years old) was released under detaining nearly 7 years in prison and house arrested . U Tin Oo who had served as Commander-in-Chief of Burma Defense Services with the rank of General from 1964 to 1966 during General Ne Win period in Burmese Army and Vice chairman of NLD said what ever may be the cause, he would continue to fight for democratic cause under the leadership of detained Democracy icon Aung San Suu Kyi.

( Reported by Saffron Reporter inside)


Deadly restaurant blast in India
A bomb blast at a restaurant popular with tourists in India's western city of Pune kills at least eight people, police say.

Luge goes ahead despite death
The luge competition at the Vancouver 2010 Winter Olympics will go ahead on Saturday despite the death of Nodar Kumaritashvili.






Fire Destroys Rangoon Market

By BA KAUNG
More than 600 shops are destroyed as a fire consumes one of the largest markets in Rangoon.

Security Concerns Dampen Chinese New Year Festivities in Rangoon

By AUNG THET WINE
The Year of the Tiger looks set to begin not with a roar, but a whimper, as worries about bombs and protests get in the way of the traditional Chinese New Year shopping frenzy.

Timor-Leste: Choosing Between Asean and Burmese Reform?

By SIMON ROUGHNEEN
Timor-Leste says it continues to back democratic reform in Burma, despite suggestions that it is softening its stance on the military-ruled country to win membership in Asean.

Weekly Business Roundup (February 13, 2010)

By WILLIAM BOOT
A leading European independent think-tank says the European Union's economic sanctions against Burma have been a failure and may have actually strengthened the military government's position.

NLD Prepares for Expansion of Party Leadership

By BA KAUNG
Senior representatives of Burma's opposition party have begun to arrive in Rangoon from all over the country to participate in next week's expansion of the party's leadership.

Ju Ju Kay appointed tourism ambassador
Ju Ju Kay was appointed tourism ambassador at the Miss Tourism 2010 pageant ...
UN rights envoy prepares for Burma visit
tomas-ojea-quintanasUnited Nations Special Rapporteur for Human Rights, Tomas Ojea Quintana, is set to visit military-ruled ...
Hope mounts over Tin Oo’s release
tinooFollowing an operation on his eyes, expectations have risen over the possibility of tomorrow’s...

Business

Cement prices soar

A spurt in demand for cement has sent prices soaring by over Kyat 1,000 in the past week, according to construction material suppliers ...

Burma’s national airline sold to private bank

News image

Myanmar Airways, Burma’s national carrier has sold 80 per cent of its shares to the privately held Kanbawza (KBZ) bank ...

Inordinate delay in procuring import license

Procuring import licenses is taking inordinately long for traders on the Sino-Burmese border, traders at the105-mile border trade zone ...

Will junta focus on agricultural reform?

A United Nation’s report recently urged Burma to prioritize its agricultural sector in the fight against poverty, as it has considerable ...

Thailand concerned over agricultural smuggling from Burma

Thailand has increased surveillance along the Thai-Burma border since the ASEAN Free Trade Agreement (AFTA) came into full effect ...

Junta to privatize oil industry

Burma’s military government notified private businessmen on January 19th of their plan to privatize Burma’s oil industry. Sources in Rangoon’s ....

thingangyun-firesdemonstration-hlaing7s

Rangoon market destroyed in Union Day blaze
thingangyun-firesThingangyun Market, one of the biggest in Rangoon, was gutted by fire this evening, ...
ဦးတင်ဦး ပြန်လွတ်ပြီ

E-mail Print

နေအိမ် အကျယ်ချုပ် ကျနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဦးတင်ဦးကို အာဏာပိုင်တို့က ယနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။

u-tinoo
၇ နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရသည့် ဦးတင်ဦးက နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နေအိမ်သို့ ရောက်ရှိလာသည့် သတင်းထောက်များကို ပြောသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲ၍ အစိုးရအာဏာပိုင်များက နှစ်စဉ် သက်တမ်းတိုး၍ ဆက် လက်ထိန်းသိမ်းခဲ့သည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က ဦးတင်ဦးကို ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြား ထားသည်။

ဗိုလ်ချုပ်မောင်ဦးက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch- HRW)ကလည်း ဦးတင်ဦး သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည့်အတွက် လွှတ်ပေး ရမည် ဖြစ်ကြောင်း ယမန်နေ့က တောင်းဆို ထားသည်။


အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်
NEJ/ ၁၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ယနေ့ ည (၈ ) နာရီခွဲကျော်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီဖြစ်သည်။

နေအိမ်အကျယ်ချုပ် သက်တမ်း (၆) နှစ်ပြည့်သည့် ဖေဖော်ဝါရီ (၁၃ ) ရက်နေ့တွင်လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးတင်ဦး လွတ်မြောက်လာသည်ကို သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဋ္ဌ၊ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ -ဂျပန်ဌာနခွဲ) မှ အတည်ပြုပြောကြားသည်။

အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလတွင် အထက်မြန်မာပြည်သို့ စည်းရုံးရေးခရီးထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် နအဖစစ်အစိုးရကို အားပေးထောက်ခံသူ လူအုပ်ကြီးက ၀ိုင်းဝန်းရိုက်နှက် တိုက်ခိုက်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ လည်းကောင်း၊ ဦးတင်ဦးအား စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့လည်းကောင်း စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီးပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့အား နေအိမ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ကာ အကျယ်ချုပ် ချထားခြင်းဖြစ်သည်။

ဦးတင်ဦးသည် ကလေးမြို့အကျဉ်းထောင်တွင် (၁) နှစ်နီးပါး နေခဲ့ရပြီး ၂၀၀၄ ခု ဖေဖော်ဝါရီ (၁၃) ရက်တွင် နေအိမ်သို့ ပြန်လည် ရောက်ရှိကာ အကျယ်ချုပ်ချထားခံခဲ့ရသည်မှာ ယနေ့ (၆) နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

အသက် (၈၃) နှစ်ရှိပြီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးသည် ဗိုလ်ချုပ်ကြီးဟောင်းတဦးလည်း ဖြစ်ပြီး မြန်မာ့တပ်မတော်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ အများက ချစ်ခင်လေးစားခြင်း ခံရသူဖြစ်သည်။

ယခုလောလောဆယ်တွင် ကျန်းမာရေးအရ စိုးရိမ်ရသည့်အနေအထား မရှိသော်လည်း မကြာသေးမီက မျက်စိခွဲစိတ်ကုသမှု ခံယူခဲ့သည်ဟု သိရသည်။

မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန်တွင် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့ပြီး အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအားလည်း ဖေဖော်ဝါရီ (၁၃) ရက်တွင် လွှတ်ပေးမည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း၌ ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ဦးတင်ဦး လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးတင်ဦး လွတ်မြောက်လာမှုအပေါ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ကြိုဆိုကြောင်း၊ အန်အယ်လ်ဒီအတွက် အင်မတန်ကောင်းမွန်ကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ပြောကြားသည်။

“လွတ်မြောက်ချိန်မှာ လွတ်လာတဲ့ ခေါင်းဆောင်အတွက် ကျနော်တို့က ကြိုဆိုပါတယ်။ ကျနော်တို့အတွက်လည်း အများကြီး အားတွေ တိုးလာမယ်၊ ခေါင်းဆောင်မှုတွေ မြင့်မားလာမယ်၊ နောက် စည်းရုံးလှုပ်ရှားမှုတွေလည်း မြင့်မားလာမယ်လို့ ယူဆပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေးအတွက်သာ မဟုတ်ဘဲ ကျန်သည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်လည်း လိုအပ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။

ဦးတင်ဦး လွတ်ပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ခြောက်နှစ်ကြာ အချုပ်အနှောင် ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးသည် ယနေ့တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ပြီ ဖြစ်သည်။
tinOO

ဦးတင်ဦး

ဦးခင်မောင်ဆွေ

အခုဘဲ ၈ နာရီခွဲမှာ လွှတ်ပေးလိုက်ပါပြီ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက ကားနှစ်စီးနဲ့ ဝင်လာပြီးတော့ အမိန့်တွေ ဖတ်ပြတယ်ထင်ပါတယ်။ ဓါတ်ပုံတွေ ရိုက်ပြီးတော့ သတင်းထောက်တွေနဲ့ အန်ကယ်တို့ကို ဝင်ခွင့်ပြုပါတယ်။ အန်ကယ်တို့လည်း အိမ်ထဲရောက်နေပါပြီ။ နိုင်ငံခြား သတင်းအဖွဲ့ကနေပြီးတော့ မေးမြန်းနေပါတယ်။ ကျနော်တို့ကတော့ စကားမပြောဖြစ်သေးဘူ။ အဝေးကနေဘဲ နားထောင်နေပါတယ်။ သတင်းထောက်က ၃၀ လောက်ရှိတယ်ဆိုတော့၊ အုတ်တွေ ကာထားတော့ အသံဘဲ ကြားနေရတယ်။

သူ့ကို မြင်လိုက်တော့ စိတ်ထဲမှာတော့ စိတ်မကောင်းဘူး။ နည်းနည်းပိန်သွားတယ်။ အသံလည်း မှိန်သွားတယ်။ ကျန်းမာေ၇းအတွက် စိတ်မကောင်းပေမဲ့ ။ သူ့စိတ်ဓါတ်ကိုတော့ အားတက်မိတယ်။ ဝမ်းသာပါတယ်။

(မြန်မာစံတော်ချိန် ၈ နာရီ ၅၅ မိနစ် ဆက်သွယ်မေးမြန်းချက်)


''ခင်ဗျား အခုဖုန်းဆက်နေတဲ့အချိန်မှာ ကျနော်တို့ အိမ်ထဲကို ရောက်နေပါပြီ။ သတင်းထောက်တွေလည်း ဝင်နေပါပြီ။ အိမ်ထဲရောက်နေပါပြီ'' ဟု အန်အယ်ဒီ CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

(မြန်မာစံတော်ချိန် ၉ နာရီ ဆက်သွယ်မေးမြန်းချက်)


''သတင်းထောက်တွေ ဝိုင်းမေးနေပါတယ်။ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်၊ ကောင်းပါတယ်။ ရွှင်ရွှင်လန်းလန်းပါပဲ။ ပင်နီတိုက်ပုံ ဝတ်ထားတယ်။ အန်အယ်ဒီဝတ်စုံ ဝတ်ထားတယ်။ သတင်းထောက်တွေကို အတွေ့ခံနေတယ်။ အင်တာဗျူး လုပ်နေတယ်။ လူတွေက အုံခဲနေတယ်'' ဟု ဦးအုန်းကြိုင်က ပြောသည်။

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသူ ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အတိုင်း ဒီမိုကရေစီရေး ဆက်လက်ဆောင်ရွက် သွားမည်ဟုပြော

Photobucket
ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၃။
မြန်မာ့တပ်မတော်၏ ဗိုလ်ချုပ်ကြီးဟောင်းနှင့် NLD ၏ ဒုဥက္ကဌ ဖြစ်သူ ဦးတင်ဦးသည် ယနေ့ ညနေပိုင်းက နေအိမ် အကျယ်ချုပ် ကျခံနေရရာမှ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် သတင်းထောက်များ၏ မေးမြန်း ချက်များကို ဖြေကြားရာတွင် ဒီမိုကရေစီအရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။
နေအိမ်အကျယ်ချုပ်နှင့် အကျဉ်းထောင်တို့တွင် ခုနှစ်နီးပါးခန့် နေခဲ့ရသူ ယခု အသက် ၈၃နှစ် ရှိပြီ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းနှင့် NLD ၏ ဒုဥက္ကဌ ဖြစ်သူ သူရ ဦးတင်ဦးသည် ယနေ့ည ၈နာရီ ၃၀ က နေအိမ် အကျယ် ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါသည်။
၁၉၆၄ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက လွတ်မြောက်လာပြီးသည့်နောက် NLD ၏ ဒုဥက္ကဌ တာဝန်ကို ဆက်လက် ထမ်းဆောင်သွားမည်ဟု ပြောဆိုခဲ့သလို လက်ရှိနေအိမ် အကျယ်ချုပ် ကျခံနေရဆဲဖြစ်သော မြန်မာ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဟု ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။
၂၀၁၀ ခုနှစ်အတွင်း ကျင်းပမည်ဟု နအဖက ကြေငြာထားခဲ့သော ရွေးကောက်ပွဲနှင့် ပါတ်သက်သော သဘော ထားကို သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာတွင် ဦးတင်ဦးက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ၏ အဆုံးအဖြတ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြား သွား ခဲ့ပါသည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ၃၀ရက်နေ့က က စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် ဖြစ်ပွားခဲ့သော လုပ်ကြံခံရမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ကလေးထောင်တွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံခဲ့ ရပါသည်။
၂၀၀၄ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ဦးတင်ဦးအား စစ်အုပ်ချုပ်သူများက ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်ပို့ ခဲ့ပြီး နိုင်ငံတော်ကို အန္တရယ်ပြုမည့် သူများဘေးရန်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် နေအိမ် အကျယ် ချုပ်ကျခံခြင်း ခံခဲ့ရသည်မှာ လွတ်မြောက်လာသော ယနေ့ အထိ ဖြစ်ပါသည်။
ဦးတင်ဦးသည် ကလေးထောင်တွင် ၈နှစ်နှင့် ၁၆ရက် နေခဲ့ရသည်သည့် အပြင် အထက်ပါ ဥပဒေအရ နေအိမ် အကျယ်ချုပ် ဖြင့် ၆နှစ်နီးပါးခန့် နေထိုင်ခဲ့ရပါသည်။
ဦးတင်ဦးက သတင်းထောက်များကို ဆက်လက် ပြောဆိုရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောပြသွားခဲ့ပါ သည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

(၂၄-၁- ၂၀၁၀)ရက်နေ့ ထိုင်းနိုင်ငံ မဲဆောက် ၊ Tak ခရိုင် အတွင်း ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော မြန်မာ အလုပ်သမား (၈)လောင်း၏ ဓါတ်ပုံမှတ်တမ်း

အသတ်ခံရတဲ့ မြန်မာပြည်သား (၉) ဦးထဲမှ (၈) ဦးရဲ့ အသုဘအခမ်းအနား မဲဆောက်မှာ ကျင်းပ
ပေးပို့ - နေ့သစ်မီဒီယာ

သတင်းဓါတ်ပုံများကို ရွှေနန္ဒ၏ အီးမေးပေးပို့ မှုမှ ရရှိပါသည်။
(၂၄-၁- ၂၀၁၀)ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင် ကျေးရွာနေ
၁။ စောဒီးဒုံ (အသက် ၂၈ နှစ်)
၂။ စောတူအောင် (အသက် ၃၃ နှစ်)
၃။ နော်တင်ချိုအေး (အသက် ၂၈နှစ်)
၎။ မူးချဲချဲ (အသက် ၂၈ နှစ်)
၅။ စောကျော်ဦး (အသက် ၂၇)နှစ် တို့နှင့်
ကရင်ပြည်နယ် ဖားအံမြို့ နယ်။ ထောင်ကလပ်ကျေးရွာနေ
၆။ နန့်ကျွန်အေး (အသက် ၃၂ နှစ်)
၇၊ နန့်အေးချို (အသက် ၂၃ နှစ်)
၈၊ စောအကုံ (အသက် ၂၈နှစ်) တို့၏ ရုပ်ကလပ်ကို ဒီကနေ့ မီးသင်္ဂြိုလ် သွားပါတယ်။ လိုက်ပါပို့ဆောင်သူ မြန်မာ အလုပ်သမားပေါင်း (၁,၀၀၀)နီးပါးခန့် ရှိပါတယ်၊ အောက်မှာ မှတ်တမ်းဓါတ်ပုံများကိုပါ ဖော်ပြပေးလိုက်ပါတယ်၊ မှတ်ချက်။ ။ အသက်ခံရသူ (၉)ယောက်တွင် (၁)ယောက်မှာ ယနေ့အထိပျောက်ဆုံးနေဆဲဖြစ်ပါသည်။





SANY0276