10.01.2008

Escaped Monk Describes Torture in Burmese Labor Camp ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင်သံဃာတပါး ရဲဘက်စခန်းက ထွက်ပြေးလွတ်မြောက်

အရှင်ပညာသီရိ


အင်တာနက်ကဖေးတွင် အဖမ်းခံခဲ့ရသည့်သံဃာ အလုပ်ကြမ်းစခန်းမှ ထွက်ပြေးလွတ်မြောက်

The only leader of Burma’s 2007 Saffron Revolution to escape from a junta prison camp has described torture and backbreaking hard labor in custody, Radio Free Asia (RFA) reports.

Ashin Panna Siri spoke after arriving safely in New Delhi following his breakout from the Lin Dan prison camp in Burma’s Chin state on Sept. 15. He was a close associate of U Gambira, leader of the All-Burmese Monks Alliance, which spearheaded last year’s uprising against the military junta that has ruled Burma since 1988.

“I was badly tortured during interrogation [by] agents from military security affairs [formerly military intelligence], and special branch police and conventional police,” Ashin Panna Siri told RFA’s Burmese service.

“I was forced to do squatting and stand on one foot while answering questions. When I couldn’t answer or the answer was unsatisfactory, I was punched in the head, face, and ribs. My toes were stepped on by boots,” he said.

“The military security agent was worst. He kicked my face with boots and also kicked my chest. He said he wouldn’t care if he was dismissed for using violent methods. He also put his pistol on table and threatened me.”

On Sept. 15, Ashin Panna Siri said, he scaled two barbed-wire fences to flee the camp—one of them 10 feet high and one 15 feet high. He declined to disclose any details of his flight to India.

“I climbed over both fences. My hands and arms were torn and lacerated by the barbed wire. But I didn’t care,” he said

Hard labor

Even monks handed only brief sentences for their roles in the 2007 uprising were sent to hard labor camps, a punishment usually reserved for those handed longer terms, he said.

“Conditions in these camps are far worse than in proper prisons. The food is horrible. Rice mixed with stones and sometimes with rat feces. There was almost no proper medical care and inmates had to do very hard labor,” he said.

“Our feet were chained. We had to work from 7 a.m. to 11 a.m., and then from 1 p.m. to 4 or 5 p.m. We had only Sundays off. It was very hard labor. We had to bring timber logs and carry them on our shoulders. We had to dig ditches, pound gravel, and mend roads,” Ashin Panna Siri said.

While he was initially detained from Oct. 18-24 in police station #1 in Monywa, he said, “High-level military officials—I believe they were the divisional commander and deputy commander—visited quite often and closely supervised my questioning to get information from me. They asked my interrogators in front of me, ‘What is the situation now? What information did we get? Get it from him by any means!’”

Ashin Panna Siri was convicted Jan. 18, 2008 of possessing foreign currency, which he acknowledges having at the time of his arrest. “The reason they didn’t charge me with political acts is that they want to deny that there are any political prisoners in Burma,” he said.

Ashin Panna Siri hid with U Gambira after the crackdown, in which dozens were killed and thousands arrested. Arrested on Oct. 18, 2007, he spent seven months in Kalay prison before he was convicted and sent to hard labor.

စက်တင်ဘာ ၃၀၊ ၂၀၀၈

ပြီးခဲ့သော ၂၀၀၇-ခုနှစ်၊ စက်တင်ဘာ၊ ရွှေဝါရောင် တော်လှန်ရေး ကာလမှာ ခေါင်းဆောင် သံဃာတော်တစ်ပါးအဖြစ် ပါဝင် အကျိုးပြုခဲ့တဲ့ ရဟန်းတော်တစ်ပါးဟာ မကြာသေးခင် ကာလက အလုပ်သမား အကျဉ်းစခန်းကနေ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။

ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးပြီး အလုပ်ကြမ်းစခန်းကို ပို့ဆောင်ခံရတဲ့ သံဃာတော်ကတော့ မန္တလေးမြို့ပြည်ကြီးတံခွန်ရပ် ရန်ကုန်ကျောင်းတိုက်က အရှင် ပညာသီရိဖြစ်ပါတယ်။ အရှင်ပညာသီရိဟာ စစ်အစိုးရက သံဃာလှုပ်ရှားမှုကို ပစ်ခတ်နှိပ်နင်းပြီးတဲ့နောက် ၂၀၀၇ခုနှစ် အောက်တိုဘာလအတွင်း မုံရွာမြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ ရွှေဝါရောင်တော်လှန်ရေး ကာလ တစ်လျှောက်လုံးမှာ မြန်မာပြည်လုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု (ABMA)ရဲ့ တွဲဘက် တည်ထောင်သူ ဦးသြဘာသနဲ့ တစ်ချိန်လုံး ရှိနေခဲ့သူ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈-ရက်နေ့မှာ မုံရွာမှာရှိတဲ့ အင်တာနက်ကဖေးဆိုင်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

သူဟာ အောက်တိုဘာ ၁၈-ရက်ကနေ ၂၄-ရက်ထိ မရပ်မနား နှိပ်စက်ခံခဲ့ရပါတယ်။

မေလမှာတော့ သူ့ကို အာဏာပိုင်တွေက အလုပ်ကြမ်းအကျဉ်းစခန်းကို ပို့ခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရပါတယ်။

၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ ၁၆-ရက်၊ မနက် ၁-နာရီ သန်းခေါင်အချိန်မှာ အဆိုပါ အကျဉ်းစခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ၂-ရက်နဲ့ ၂-ညတိုင်တိုင် တောတွင်းခရီးလမ်းမှာ မရပ်မနား ထွက်ပြေးခဲ့ရပါတယ်။

ဖမ်းဆီးခံရစဉ်မှာ အာဏာပိုင်တွေက ညှင်းပမ်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်လို့ အရှင်ပညာသီရိက အခုလို မိန့်ကြားပါတယ်။

“ဖမ်းပြီးပြီးချင်း ဦးဇင်းကို ဘယ်လို နှိပ်စက်လဲဆိုတော့ ထိုင်ထလုပ်ခိုင်းတယ်။ ထိုင်ထလုပ်ခိုင်းပြီးတော့ မေးခွန်းတခါ မေးတိုင်း လက်သီးနဲ့ထိုးတယ်။ ဦးဇင်းကိုလည်း လက်ထိပ်ခတ်ထားတယ်။ ခြေထောက်တွေကိုလည်း စစ်ဖိနပ်နဲ့ နင်းတယ်။ ခြေဖျားတွေ ခြေဖျားတွေကို တက်ကျိတ်တာပေါ့ ။ မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှာ စရဖရယ်၊ အက်စ်ဘီရယ်၊ ရဲရယ်သုံးပွင့်ဆိုင်ပြီးမှ ဦးဇင်းကို စစ်ဆေးတာ။ အဆိုးဆုံး

ကတော့ စရဖပေါ့နော်။ စရဖက ဦးဇင်းကို မေးခွန်းတခါ မေးတိုင်း မေးတိုင်း နရင်းရိုက်ရိုက်ပြီးမှ မေးတယ်။ ဦးဇင်းကို မေးလို့ မရတဲ့အခါကျ အဖြေမှန်ပေါ်အောင်စစ်မယ်ဆိုပြီးတော့မှ ဦးဇင်းကို စစ်ဖိနပ်နဲ့

ရင်ဝကန်တယ်။ ဖိနပ်နဲ့ မျက်နှာကို ပေါက်တယ်။ ညှင်းပန်းနှိပ်စက်တာကတော့ မျိုးစုံပဲ ဒကာကြီး။

ဒီလို စစ်ဆေးမေးမြန်းတာဟာ ၆ရက်လောက်ကြာမြင့်ခဲ့ပြီး ၄၅မိနစ်တခါလောက်လာရောက်စစ်ဆေး

တာဖြစ်တယ်။ စစ်ဆေးစဉ်မှာ အဲန်အယ်ဒီပါတီ၊ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့တွေနဲ့ ဆက်စပ်တာရှိ မရှိမေးမြန်းတယ်။
စစ်ဆေးပြီးတဲ့နောက်မှာ တရားမ၀င်နိုင်ငံခြားငွေကြေးလက်ဝယ်ထားရှိမှုနဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပါတယ်။ နိုင်ငံခြားငွေကတော့ တရုတ်ငွေ ၄ယွမ်၊ အမေရိကန် ၂ဒေါ်လာနဲ့ ယူရိုငွေ ၁၂၀ဖြစ်ပြီး ဘယ်လို ရရှိတယ်ဆိုတာကို အခုလိုဆက်မိန့်ကြားပါတယ်။

အဲဒီငွေက မန္တလေး ကဦးဇင်းရဲ့ ကျောင်းမှာ ဦးဇင်းက ပညာဒါနသင်တန်းရှိတယ်လေ။ နွေရာသီမှာ

ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာ အခမဲ့ သင်တန်းဖွင့်တယ်။ ဖွင့်တဲ့အခါကျတော့ နိုင်ငံခြားသားတွေ အ၀င်အထွက်ရှိတယ်။
တရုတ်ငွေ ၄ကျပ်နဲ့ အမေရိကန် ၂ဒေါ်လာက တရုတ်ကျောင်းဆရာမက လှုသွားတယ်။ ယူရိုငွေ ၁၂၀က သြစတြေးလျက ခရစ်ယန်ဘုန်းကြီးကနေပြီး ပညာသင်စရိတ်ဆို လှူသွားတာ ဒကာကြီး။

အရှင်ပညာသီရိဟာ မုံရွာထောင်မှာ ၇လလောက်ကျခံပြီး ကလေးထောင်ကနေတဆင့် ချင်းပြည်နယ် လင်တန် ရဲဘက် အလုပ်ကြမ်းစခန်းကို ပို့ဆောင်ခံရတာဖြစ်ပါတယ်။

အလုပ်ကြမ်းစခန်းမှာတော့ အလုပ်မျိုးစုံလုပ်ရတယ်။ အဓိက လုပ်ရတာကတော့ လမ်းပြင်တာရယ်။ လမ်းဘေး ရေမြောင်း တူးတာရယ်။ ကျောက်ထုတာရယ်ပေါ့။ နောက်မျောတုံးကြီးတွေ ခုတ်ရတယ်။ မျောတုံးကြီးတွေ ခုတ်ရတာကတော့မီးသွေးဖုတ်တာတွေပေါ့နော်။ အဲဒါတွေ လုပ်ရတာပေါ့။ တချို့ဟာတွေက ၀န်ထမ်း

အရာရှိတွေကနေပြီးတော့မှ အလုပ်ကို စပ်ထားတာလေ ကြိုတင်ပြီးတော့မှ ။ တချို့တွေကျတော့ တပ်စိတ်မှုးတပ်ခွဲမှုးကနေ ဘယ်နားမှာ ဘာအလုပ်ရှိတယ်ဘယ်နားမှာ ကူလီထမ်းရမယ်ပေါ့။ အဲဒါမျိုးတွေပေါ့။

အလုပ်လုပ်ကိုင်စဉ်မှာ သံခြေကျင်းတွေ အလုပ်လုပ်ရတယ်။ ထောင်အတွင်းမှာ ပုံစံထမင်းပဲ စားရပြီး ကျန်းမာရေး စောင့်ရှောက်မှု မရှိတာကြောင့် တချို့အကျဉ်းသားတွေ သေဆုံးရတယ်လို့ မိန့်ကြားပါတယ်။

အရှင်ပညာသီရိဟာ အခုလ ၁၅ရက်နေ့က ရဲဘက် အလုပ်ကြမ်းစခန်းကနေ အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေး လာခဲ့တာ ဖြစ်ပါတယ်။ ၂ရက် ၂ည ထမင်းမစားရပဲတောင်ပေါ်လမ်းတွေကို ဖြတ်သန်းပြီး အိနိယနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။

အရှင်ပညာသီရိဟာ ဖမ်းဆီးခံရစဉ်မှာ အာဏာပိုင်တွေက အမျိုးမျိုးဖြောင့်ဖျ ခြိမ်းခြောက်ပြီး ရဟန်းသိက္ခာချခဲ့ပေမယ့် သိက္ခာချမခံခဲ့ပဲ ဒီရက်ပိုင်းအတွင်းမှာ ရဟန်းပြန်ခံမယ်လို့ မိန့်ကြားပါတယ်။



No comments:

Post a Comment