1.11.2010

ကာရာအိုကေအမည်ခံ ပြည့်တန်ဆာရုံတွင် မြန်မာအမျိုးသမီးများအား ဖမ်းဆီး

Photobucket
ဇန္န၀ါရီ ၈။ဒေလီင်္နယူး။

ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

လဘူရီခရိုင်။ ဘန့်ဘုန်မြိုနယ် နခိုခြုံရွာ ၁၃၁ မူ ၁၁ တွင် ဖွင့်လှစ်ထားသော ပန်ပီ ကာရာအိုကေနှင့် စားသောက် ဆိုင်တွင် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေကြောင်း ကျေးရွာမှ တိုင်တန်းသဖြင့် မြို့နယ် ရဲမှူး ၀ီရက စီးနင်း ဖမ်းဆီးခဲ့ရာ လော၊ မြ န်မာ၊ ထိုင်းယိုင်(တောင်ကြီးရှမ်း) အမျိုးသမီး၂၁ ယောက် ဖမ်းဆီးရမိခဲ့သည်။ ဆိုင်ပိုင်ရှင်မှာ အသက်၂၉နှစ်အရွယ် နိုင်ပထစ်ပုန်ပန်ပီ ဆိုသူဖြစ်သည်။

နယ်မြေမှူး နိုင်ပထစ်နိုင်မူမုန်းက “ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေမှာ လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီး တော့ မစောင့်ထိန်း နိုင်ဘူးဆိုရင်၊ ဒုစရိုက်အလုပ်ကို အားပေးသလိုမျိုး ဖြစ်နေမယ်၊ အဲဒါမျိုး ကျနော်တို့ အဖြစ်မခံ နိုင်ဘူးလေ။ ဒါ့ကြောင့်မို့လို့ ပြည်နယ်မှူးကစလို့ ပတ်သက်နေသူ ဟူသမျှကို အရေးယူသွားမှာ ဖြစ်ပါတယ်။ ရာထူး ကြီးချင်သလောက် ကြီးပါစေ၊ ဥပဒေအထက်မှာ တစ်ယောက်မှ မရှိစေရဘူး။ လဘူရီခရိုင်အတွင်း နောက်နောင် ဒီလို ကိစ္စရပ်မျိုး မပေါ်ပေါက်အောင် ထိန်းသိမ်းသွားမယ်။ သတင်းလာလုပ်ကြတဲ့ သတင်းထောက် များကိုလည်း ကျေးဇူးတင်ပါတယ်”ဟု သတင်းစာတွင် ရေးသား ဖေါ်ပြ ထားသည်။
ရဲမှူးကြီးက ထောက်လှမ်းရေးများ အပါအ၀င်သတင်းထောက်များနှင့် အတူ သွားရောက်ခဲ့သည်။ လိင်ပျော်ပါးရန် ပုံစံမျိုးဖြင့် ပြည့်တန်ဆာမနှစ်ဦးအား တစ်ဦးစီ ၅၇၀ ဘတ်ပေးချေ ခေါ်ယူလိုက်သည်။ ထို့ နောက် ဆိုင်နောက် ဖက် လမ်းကြားထဲတွင် အခန်းပေါင်း ၂၄ ခန်းရှိသည့် အဆိုပါ အခန်းများတွင် တစ်ဦးတည်း နေထိုင်သူများ ရှိသကဲ့သို့ တစ်ခန်းတွင် နှစ်ယောက် နေထိုင်သူများလည်း ရှိသည်။

နိုင်ငံခြားသား အလုပ်သမားများ ကိုင်ဆောင်ထားကြသည့် နေထိုင်အလုပ် အလုပ်လုပ်ကိုင်ခွင့် ဘတ် လက်ဝယ် ရှိသူ ၁၉ဦး ပါဝင်သော်လည်း အခြားနယ်မြေများမှ ဖြစ်သဖြင့် ဖမ်းမိသော နိုင်ငံခြားသား ပြည့်တန်ဆာများအား နယ်မြေဖြတ်ကျော်မှု၊ ပြည့်တန်ဆာမှုတို့ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment