1.11.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ခမရ ၈၀ နဲ့ ထောက်လှမ်းရေးတပ်အကြား တင်းမာမှုမြင့်မား
January 12, 2010
ပဲခူးတိုင်း အနောက်ဖက်ခြမ်း ပြည်ခရိုင် အင်းမရွာမှာ အခြေစိုက်တဲ့ တပ်မ ၆၆ က တပ်ရင်းဖြစ်တဲ့ ခမရ ၈၀ နဲ့ ခမရ ၅ ထောက်လှမ်းရေး တပ်ဖွဲ့တွေ အကြား တနင်္ဂနွေ ညက ပစ်ခတ်မှုတွေ ဖြစ်ခဲ့စဉ် ဒဏ်ရာ ရခဲ့တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ တပ်ကြပ်ကြီး သေဆုံးသွားပြီ ဖြစ်ပါတယ်။

ခမရ ၅ ထောက်လှမ်းရေး တပ်ဖွဲ့က အကြောင်းမကြားဘဲ လာရောက်စစ်ဆေးတာကို ခမရ ၈၀ က တပ်ထဲ အဝင် မခံတဲ့အတွက် ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုက်နှက်မှုတွေ ဖြစ်ပွားရာကနေ နောက်ဆုံး ပစ်ခတ်မှုတွေ အထိ ဖြစ်ခဲ့ရတာပါ။

ပစ်ခတ်မှုအတွင်း အဲဒီ တပ်ကြပ်ကြီး အပါအဝင် ၃ ဦး ဒဏ်ရာ ရသွားခဲ့ပါတယ်။

တပ်မ ၆၆ ရဲ့ ခမရ ၈၀၊ ၆၈၊ ၇၅ တပ်ရင်းတွေဟာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယ အပါတ် ကတည်းက အာဏာ ဖီဆန်လာခဲ့တာပါ။

အဲဒါကြောင့် လုံခြုံရေးအရ ထောက်လှမ်းရေးတပ်တွေက သူတို့ကို ဝိုင်းထားခဲ့တာ ဖြစ်ပါတယ်။

အင်းမရွာသားတွေကတော့ ခမရ ၈၀ တပ်ရင်းဖက်ကို ထောက်ခံကြပြီး အကူ အညီပေးဖို့ အဆင်သင့် ဖြစ်နေ ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက ညောင်လေးပင် ခရိုင်ဖက်မှာ လှုပ်ရှားတဲ့ ခလရ ၂၀ တပ်ရင်း ကလည်း ဘာအကြောင်းကြောင့် အဲဒီကို ရောက်နေလဲ ဆိုတာ မသိရတဲ့ အတွက် အခြေအနေဟာ ပိုတင်းမာ လာနေတယ် လို့ အခင်းဖြစ်ပွားတဲ့ နေရာက ဒေသခံ တဦးက ပြောပါတယ်။ Ref: BBC News

ILO logo

ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရဲ့ အမှုဆောင် ဒါရိုက်တာ မစ္စတာ ကာရီ တာပီယိုလာဟာ လာမယ့် သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။
 북-미 긴장고조
John_McCain
NLD အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ဖွဲ့စည်း

NLD အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ဖွဲ့စည်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) တွင် အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံတိုးချဲ့ရန် ယနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။လက်ရှိ အသက် အရွယ်ကြီးရင့်သော

ကချင်ပြည်နယ်နေ့သို့ စစ်အစိုးရ တိုင်းမှူး တက်ရောက်ခြင်းမရှိ

ယမန်နေ့က ပြုလုပ်သည့် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း တက်ရောက်မှု မရှိခြင်းမှာ စစ်အစိုးရက ၎င်းတို့၏ သမိုင်းဝင်နေ့ကို အလေးမထားခြင်း

ကားနှင့် စက်ယန္တရား တင်သွင်းမှု အခွန်ခ ၂ ဆကျော်တက်

ပြည်ပမှ တင်သွင်းသည့် ကားနှင့် စက်ယန္တရားများ အပေါ် အခွန်ကောက်ရာတွင် ဇန်နဝါရီ ၁ ရက်နေ့မှ စပြီး ယခင်ထက် ၂ ဆကျော် တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ အကောက်ခွန် ဦးစီးဌာနက
အန်အယ်လ်ဒီ လုပ်ငန်းတာဝန်များလုပ်ဆောင်ရန် အားသစ်လောင်း


NEJ / ၁၁ ဇန်န၀ါရီ ၂၀၁၀

“အစည်းအဝေး ကျင်းပပြီးစီးသွားပါပြီ၊ ဆုံးဖြတ်ချက်လည်း ချပြီးပါပြီ။ ဒါပေမယ့် ထုတ်ပြန်ဖို့ကို လုပ်ငန်းဆိုင်ရာကိစ္စတွေ ဥပဒေဆိုင်ရာ ကိစ္စတွေကြောင့် ရက်ရွှေ့ထားတယ်။ နောက်တနင်္လာနေ့ကျမှ ကြေညာချက်နဲ့ တခါတည်း ထုတ်ပြန်ဖို့ရှိပါတယ်။
အခုပြောလို့ ...”အပြည့်အစုံသို့

မြန်မာမိခင်လောင်း (၃၂) ရာခိုင်နှုန်း အကူအညီမဲ့ မွေးဖွား

စိုးမိုး / ၁၁ ဇန်န၀ါရီ ၂၀၁၀ “ရှမ်းပြည် အရှေ့ပိုင်း တောင်ပေါ်သူ လူမျိုးစု တခုဖြစ်တဲ့ အာခါလို့ ခေါ်တဲ့ အမျိုးသမီးငယ်တဦးဟာ ဆရာ တာဝန်ကျတဲ့ ဆေးရုံကို သူကိုယ်တိုင်မွေးလာတဲ့ ....” အပြည့်အစုံသို့
အက်ဖ်အီးစီဈေး စံချိန်တင် မြင့်တက်

မျိုးဝင်းဇော် / ၁၁ ဇန်န၀ါရီ ၂၀၁၀
“အက်ဖ်အီးစီဈေး မြင့်တက်တာဟာ အက်ဖ်အီးစီ ထုတ်ဝေသုံးစွဲပြီး ကတည်းက ...”အပြည့်အစုံသို့
ဗုဒ္ဓ FM ကို (၂၄) နာရီပတ်လုံး Online မှ စတင်ထုတ်လွှင့်

ဝီရ / ၁၁ ဇန်န၀ါရီ ၂၀၁၀
“ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက အခြေခံသဘောတရားတွေကို ပိုပြီး လေးနက်မှုရစေတယ် ....”အပြည့်အစုံသို့
မြန်မာအလုပ်သမားတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ရဲရင့်/ ၁၁ ဇန်န၀ါရီ ၂၀၁၀
“ကျနော်တို့ထင်တာကတော့ သူ့ကို တယောက်ယောက်က လူမှားပြီး ပစ်သွားတာလည်း ဖြစ်နိုင်တယ်။ ဒီနယ်ခြား သောင်ရင်းမြစ်နားမှာက မူးယစ်ဆေးဝါး ....”အပြည့်အစုံသို့
အပြောင်းအလဲ တကယ်ဖြစ်ချင်တယ်ဆိုရင်
အောင်ဇံ/ ၁၁ ဇန်န၀ါရီ ၂၀၁၀

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတခုဖြစ်ဖို့ဆိုရင် စစ်ခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒကို ပြောင်းလဲအောင် မလုပ်နိုင်ဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်များက မည်သို့ပင် အလျှော့ပေး ဆွေးနွေးဖို့ တောင်းဆိုစေကာမူ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်မယ့် အလားအလာ မရှိဘူးလို့ဘဲ သုံးသပ်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကအပြောင်းအလဲဖြစ်ဖို့ဆိုရင်၊ စစ်ခေါင်းဆောင်များရဲ့ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့ လုပ်ရပ်တွေနဲ့ ....အပြည့်အစုံသို့




ရှုမ၀ဦးကျော် နှစ် ၁၀၀ ပြည့် အခမ်းအနားကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ မိုးယံမခ၊ ရန်ကုန်
ဇန်န၀ါရီ ၁၁၊ ၂၀၁၀
အပြည့်အစုံသို့ ...

လူတုပ်ကွေး ကာကွယ်ဆေး အရွေးခက်နေခြင်း

“ကျနော်တို့မြို့မှာ လာထိုးပေးမယ့် လူတုပ်ကွေး ကာကွယ်ဆေးက ထိုင်ဝမ်နိုင်ငံက လုပ်တာတဲ့။ ဆေးရဲ့ ဆိုဒ်အဖက် (ဘေးထွက်ဆိုးကျိုး) က...

ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော
seiwlwins၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး...


မသန်စွမ်းသူများအတွက် ဂျပန် အဖွဲ့အစည်း ကူညီမည်
ဂျပန် နိုင်ငံတကာ အကူညီပေးရေး အဖွဲ့တခုဖြစ်သည့် Japan International Cooperation...
ဒုက္ခသည်များ ဂျပန်ရောက်လျှင် ၆ လ သင်တန်း တက်ရမည်
ဂျပန်နိုင်ငံက ပထမဆုံး လက်ခံမည့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ဦးရေ ၃၀...
သေဒဏ်စီရင်ခံရသည့် ပေၝက်ကြားမှုကိစ္စ ဆက်သွယ်မေးမြန်းချက်
ဘာသာရေးအလှူပိတ်ပင်မှု အလုံ NLD ကန်ႛကွက်စာပိုႛ

image
တရုတ် သင်္ဘောများ ဆိုက်ကပ်ရန်အတွက် ကျောက်ဖြူ အမှတ်(၁) ဆိပ်ခံ တံတားကို တိုးချဲ့ တည်ဆောက်

၁၊၁၁၊၂၀၁၀

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ အမှတ်(၁) ဆိပ်ခံ တံတားတွင် တရုတ်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် အတွက် စစ်အစိုးရမှ တံတားကို တိုးချဲ့ တည်ဆောက် နေသည်။ အပြည့်အစုံသို့

မြန်မာသို့ ပြန်ပို့မည့် သတင်းကြောင့် အရွယ်မရောက်သူ ဒုက္ခသည် အမျိုးသမီးငယ်များ လက်ထပ်မူ တိုးမြင့်လာ

၁၊၁၀၊၂၀၁၀

မောင်အေး(နိရဉ္စရာ) မြန်မာနိုင်ငံသို့ ပြန်ပို့မည့် သတင်းကြောင့် ဘင်္ဂလာဒေ့ခ်ျရှိ မြန်မာ မူဆလင် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် အသက်မပြည့်သူ အမျိုးသမီးငယ်များ၏ လက်ထပ်မူနုန်းမှာ အထူး တိုးပွားလာသည်ဟု နာမည်ကြီး ဘင်္ဂလီ သတင်းစာ ပြော်ထင့် အာလောင်က ယနေ့တွင် ရေးသားဖေါ်ပြသည်။ အပြည့်အစုံသို့

ရခိုင်ပြည်နယ် မင်းပြားမြို.သားတစ်ဦးထံမှ ရင်ဖွင့်တိုင်ကြားလာသော အကြောင်းအရာ။

ဒါကြောင့် ထိုင်း၊ မလေးရှား အစရှိတဲ့နိုင်ငံတွေမှာ ပတ်စပို. (သို.) အောက်လမ်းနှင့် သွားရောက် အလုပ်လုပ် ကြပါတယ်။တခြားနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ရတဲ့ အခြေအနေကို အသိဆုံးပါ။ တချို.ဆိုရင် ထောင်ထဲမှာ တချို.ဆိုရင် အလုပ်မရှိနဲ. ရွာလည်နေတာပါ။ ယခုလို ဆိုးရွားနေချိန်မှာ မင်းပြားမြို့ မှ ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (စ.ပ.ခ) ဆိုလား (စ.ယ.ခ) ဆိုလား၊ တစ်ချို.က အထူးစစ်ထောက်လှမ်းရေးဟု ဆိုသော အဖွဲ့အစည်းတစ်ခုမှ တခြားနိုင်ငံတွေ သွားရောက် အလုပ်လုပ်ကိုင်နေတဲ. သူတွေရဲ့ သား၊မယား၊ မိဘတွေ ဆီက နေ အချုပ်ထဲ ထည်.မယ်၊ လက်ထိပ်ခတ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ကာ ယင်းမိသားစုများထံမှ ငွေငါးသောင်း၊ တစ်သိန်း အစရှိသဖြင့် တောင်းယူနေပါတယ်။

ဆက်ဖတ်ရန်

အသိ.......

ဆရာတော်တို့ -

ဆရာတော်တို့နိုင်ငံမှာ
သူတို့ရဲ့ဝမ်းစာ - တစ်ခွက်တာကို
တစ်ဝက်လှူနေတဲ့ - ဆင်းရဲသားပြည်သူ
အနာဂတ်ပညာရေး - ရင်လေးစရာကောင်းတဲ့
အသိဥာဏ်မကြွယ် - ကလေးသူငယ်တွေ
ဗုဒ္ဓစာပေမပေါက် - အတန်းစာလည်း မမြောက်
သင်ကြားနေစား - ကျောင်းသားများနဲ့
မိဘမဲ့ဆင်းရဲသား - ခိုနားစရာ ရှားတဲ့
လူတွေများပြား စောင့်စားနေတယ်။

ကျောင်းသားတို့ -ဆက်ဖတ်ရန်...

ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထု ပူပေါင်းလှုပ်ရှားမူအဖွဲ့ ။

ကြေညာချက် - ၁/၂၀၁၀။

နေ့စွဲ။ ၁၅၊ ၀၁၊ ၂၀၁၀။

ကျွန်ုပ်တို့သည် မြန်မာပြည်တွင်း၌ လူထုတစ်ရပ်လုံးအတွက် ဒီမိုကရေစီ ထွန်းကားရေးကို ရှေးရှုကာ လူမျိုး၊ ဘာသာ၊ ပုဂ္ဂိုလ် မခွဲခြားဘဲ သံဃာ၊ ကျောင်းသား၊ လူထုတစ်ရပ်လုံး မြန်မာအရေးကို လက်တွဲညီစွာ လှုပ်ရှား လုပ်ဆောင်နိုင်ရေးအတွက် (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှ မျိုးဆက်များဖြစ်သော သံဃာ၊ ကျောင်းသား ၊ လူထုများကို အခြေခံ၍ မျိုးဆက်သစ် ပြည်သူများနှင့် အတူ (ရွှေဝါရောင်သံဃာ - ကျောင်းသား လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့) ကို ( ၁၊၀၁၊၂၀၁၀) နေ့၌ (ရွှေဝါရောင်သောတုဇနဘိက္ခူ အဖွဲ့ကြီး) ကို အခြေခံကာ ထပ်ဆင့်ဖွဲ့စည်းလိုက်သည်။ ဆက်ဖတ်ရန်..

ချင်းမိုင် မြန်မာ့ရုပ်သေးပြပွဲအတွက် ဗမာ့ဆိုင်းဝိုင်းတီးမှုတ်ပေးရသည့် ထိုင်းရောက် သျှမ်းများအား သတိထားမိသူနည်းပါး

ချင်းမိုင် မြန်မာ့ရုပ်သေးပြပွဲအတွက် ဗမာ့ဆိုင်းဝိုင်းတီးမှုတ်ပေးရသည့် ထိုင်းရောက် သျှမ်းများအား သတိထားမိသူနည်းပါးချင်းမိုင်အဆင့်မြင့်ဟိုတယ်တခုမှ ကမကထပြု ကပြစေသည့် ချင်းမိုင်ရုပ်သေးပြပွဲတခုအား ပြီးခဲ့သည့်တနင်္ဂနွေက ကျင်းပ စဉ် ဟိုင်းဆိုးဧည့်သည်တော်များ စိတ်ဝင်တစားရှိကြသော်လည်း မထင်မရှား ဗမာဆိုင်းဝိုင်းတီးပေးရသူ သျှမ်းအဖွဲ့ကိုမူ စိတ်ဝင် စား သတိထားမိသူသိပ်မရှိကြောင်း ပွဲတက်ရောက်သူတဦး ကပြောပါသည်။

မိုင်းလားအဖွဲ့လူထုအား နိုင်ငံသားစိစစ်ရေးကဒ်ပြားဖြင့်စည်းရုံးနေ

နှစ်ဆန်း တစ်ရက်နေ့မှစ၍ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း မိုင်းယန်း နအဖ - လ၀က ၀န်ထမ်းအဖွဲ့မှနိုင်ငံသား စိစစ်ရေးကဒ်ပြားအတွက် ကွင်းဆင်းလုပ်ပေးနေသည်ဟု နယ်စပ်သတင်း ရပ်ကွက်က ပြောပါသည်။

No comments:

Post a Comment