7.30.2009

Burma's News World's News

Emergency services near scene of car bombing in Majorca
Spanish police close ports and airports on Majorca, causing travel chaos, after a car bomb kills two Civil Guard officers.

Tehran police clash with mourners holding ceremonies for those killed in post-election violence, reports say.

A woman suffering from multiple sclerosis wins a legal battle to force the UK government to clarify the law on assisted suicide.

Iranian reformist presidential candidate Mir Hossein Mousavi during a press conference after polls closed in Tehran, 12 June 2009
Thu. 30 Jul 2009 1007 UTC

Iranian Opposition Holds Silent Memorial for Protest Victims

Eyewitnesses say police and paramilitary basij forces carrying clubs beat demonstrators at Behesht-e-Zahra cemetery, arresting dozens, dispersing dozens of others

Full Story » | Listen Audio clip available

British Foreign Secretary David Miliband (l) and U.S. Secretary of State Hillary Clinton at the State Department in Washington, 29 Jul 2009

Clinton Deplores Reported Iranian Prisoner Abuse Audio Clip Available

US secretary of state discussed situation in Iran with visiting British Foreign Secretary David Miliband

A building that allegedly housed Islamic extremists is reportedly burnt by military in Maiduguri, 30 Jul 2009

Nigerian Authorities say Islamist Sect Fleeing

Security forces, militants from Boko Haram sect - the so-called 'Nigerian Taliban' - have been clashing for four days

Baquba in Diyala province, Iraq

Iraq Bombing Targets Political Party Office

Police say bomb exploded inside headquarters of Reform and Development Party in Diyala province around time some party members were holding meeting

John Chilcot, chairman of the Iraq Inquiry, outlines terms of reference for inquiry at a news conference in London, 30 Jul 2009

Tony Blair to Testify at British Iraq War Inquiry

New inquiry to probe British involvement in Iraq from summer of 2001 to present


QUOTE OF THE DAY
I'm afraid the verdict will be painfully obvious
—Aung San Suu Kyi, Burma’s detained opposition leader and Nobel Peace Prize laureate.

Burmese PM Vows Green, Secure Energy

By WAI MOE
In an address to Asian energy ministers, Burmese Prime Minister Gen Thein Sein said that Burma is doing its best to ensure energy security and the development of green energy.

Security Increased for Suu Kyi Verdict

By SAW YAN NAING
Police reinforcements are stationed around Rangoon’s Insein Prison in preparation for the verdict on Friday

Doctors Criticize Burmese Junta Flu Policy

By ARKAR MOE
Burmese doctors are warning H1N1 flu is dangerous and greater public awareness is needed to combat the pandemic.

Landslide Leads to Relocation of Homes

By LAWI WENG
An estimated 100 residents in Hpakant Township have been ordered to relocate following a landslide on July 5, according to local residents.

Is China Playing Safe with its Burma Pipeline Plan?

By WILLIAM BOOT
BANGKOK—China appears to be making alternative plans in case its Middle East oil transshipment port and pipeline project in Burma fails because of regime change.

World Wants Suu Kyi Free: Ban

By LALIT K JHA
The UN secretary-general says that the Burmese junta will miss another opportunity to engage the international community if it sentences Suu Kyi to prison.

Editorial, Opinion and Analysis

Suffering and hope in a Burmese refugee camp

(Commentary) Rays of sun pierce the clouds, bathing the entire mountain range and forest. At other times during monsoon season, drizzle and mist veil the mounta...


A(H1N1) infection could be alarming in Burma: Experts

Even as Burma’s Ministry of Health on Thursday announced that the number of human infection of type A (H1N1) virus in the country has increased to 10, health experts sounded......

Lawyers oppose sale of Suu Kyi’s plot

The sale of a plot of land in detained opposition leader Aung San Suu Kyi’s house compound has been opposed by her lawyer through an official letter on Thursday. “We...

Host in the dark as Asean discusses energy

Residents of Yan Myo Hlone ward in Chan Aye Thar Zan Township of Burma’s second largest city of Mandalay were in for a pleasant surprise, when they began to receive...

Opposition lawyer hounded by authorities

Nyi Nyi Htwe, a lawyer belonging to the opposition camp, recently released from jail and forced out of his profession, alleged he is finding it difficult to continue with his...

အီး မလိုတဲ့နိုင်ငံ

E-mail Print

“ထုံးဖြူ၊ ဗမာဆေး တရာဖိုးပေးကွာ”
“ခပ် .. န လေးစောင့်နော်အားကို့ .. ချွန်ဒေါ် ယားပေးမယ်နော်၊ အော်ဒါ နည်းနည်းများလို့ပါ”
“မြန်မြန်လုပ်ကွာ .. တရာဖိုးကို ဘယ်နှယာ ရမှာလဲ”
“ခြောက်ယာရမယ်နော် အားကို .. ကွမ်းဈေးတွေ အရမ်းတက်တယ် .. ချွန်ဒေါ်တို့လည်း ရှုံးတယ်”

“မဖြစ်နိုင်ပါဘူးကွာ .. မင်း ဒီလောက်တောင် ရောင်းနေရတာ .. ရန်ကုန်တမြို့လုံးလည်း နေရာတိုင်း ကွမ်းတံတွေးချည်းပဲ .. မင်းတို့ သူဌေးမဖြစ် ဘယ်သူဖြစ်မှာလဲကွ။ ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ”
“ချွန်ဒေါ့်နာမည် မောင်တာတေပါ”

ရန်ကုန်မြို့လယ်တွင်ဖြစ်သည်။ ဖိုးရှုပ်တယောက် ကွမ်းယာဝယ်နေသည်ကို ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့ စောင့်နေ ရသည်။ ကွမ်းယာယာသည့် ကောင်လေးက လက်မလည်အောင်ယာရင်း စကားကိုလည်း အမျှင် မပြတ်ပြော နေသည်။ ဖိုးရှုပ်ကလည်း သတင်းထောက်ပီပီ စပ်စုနေသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ် မပြီးသေးဘူးလားကွာ .. ကြာလိုက်တာ။

ဦးရုက္ခစိုး၏ အသံကြားတော့ ကွမ်းယာသည်လေးက မော့ကြည့်သည် ..။

တာတေ။ ။ ဟား ဒီလူးကြီး ချွန်ဒေါ်မြင်ဖူးတယ် .. ဖိုးချစ်ဇာတ်ပွဲထဲက မဟုတ်လား။ ချွန်ဒေါ်နော် ကွမ်းယာရောင်းရင်း အဲဒီဇာတ်ပွဲကြည့်တယ်။ အရမ်းကောင်းတယ်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ .. ဦးရုက္ခစိုးကို ကွမ်းယာသည်က ဇာတ်ထဲကနတ်နဲ့ မှားနေပြီဗျ။

တာတေ။ ။ ဘယ်လိုဖစ်တာလဲ ဦးလေး .. အဝတ်အစားတွေ ပေါင်ပြီး ဖဲရိုက်လိုက်လို့လား ..။ ဇာတ်ထဲက အဝတ်တွေနဲ့ လျှောက်သွားတယ်နော် .. ဦးလေး မကောင်းဘူးရှိတယ်။ သူများ ရယ်မယ်နော်။ ဟီးဟီးဟီး။

ထင်ရာတွေလျှောက်ပြောရင်း ဖြူဖွေးသောသွားများကို ဖြဲကာ ရယ်ပြနေသော တာတေကြောင့် ဦးရုက္ခစိုး ကျွဲမြီးတိုသွားသည်။

ရုက္ခစိုး။ ။ ကဲ ကဲ ဖိုးရှုပ်ရေ .. မင်းလည်း မြန်မြန်ပြီးပါမှပဲ။ မဟုတ်ရင် ငါ ဒီကောင့်ကို ထ ရိုက်မိတော့မယ်။ သူပြောတာနဲ့ ငါ့မလဲ ရစရာကို မရှိတော့ဘူး။

ဖိုးရှုပ်။ ။ မင်းကလည်း မင်းပဲ။ အလုပ်ရှုပ်ရတဲ့ထဲ မင်းမို့လို့ ဒီလောက်လေကပန်းနိုင်တယ် အံ့ရော .. ရော့ ၂၀၀ တန် .. ပြန်အမ်း တရာ။

တာတေ။ ။ ဟား ဒါက ချွန်ဒေါ်တို့ အလုပ်ရဲ့ ကာစတန်မာ ဆားဗစ်ပဲ အားကို ..။ စကားများများ ပြောရတယ်နော်၊ လူများများလာမယ်။ ချွန်ဒေါ့်ကိုလူမှတ်မိမယ်။ ရော့ ရော့ အားကို့ ကွမ်းယာထုပ်။ ခဏစောင့် ချွန်ဒေါ် ချက် မှာ လက်မ ထိုးလိုက်ဦးမယ်။

ကြွက်စုတ်။ ။ ဟေ့ကောင် .. မင်းကို တရာပြန်အမ်းဖို့ ပြောနေတာ .. ဘယ်က ချက်ကို လက်မနဲ့ ထိုးဦးမလို့လဲ .. မြန်မြန်လုပ်စမ်းပါကွာ။ ဒီမှာ ဦးရုက္ခစိုးကြီး စိတ်တိုနေပြီ။

ကုလား။ ။ ဟား .. အားကိုတို့ တော်တော်ခေတ်နောက်ကျနေပြီ .. ကြည့်ရတာ တောက တက်လာတာနဲ့တူတယ် .. ခပ် … နလေးစောင့် ..။

ပြောရင်းဆိုရင်းနှင့် တာတေက စာရွက်ပိုင်းလေးတခုပေါ်တွင် “၁၀၀ ကျပ်” ဟု ရေးလိုက်သည်။ ပြီးတော့ အောက်တွင် “တာတေ” ဟု လက်မှတ်ထိုးကာ ဖိုးရှုပ်ကိုလှမ်းပေးလိုက်သည်။ ဖိုးရှုပ်ကလည်း ယောင်နန နှင့် ယူလိုက်သည်။

ရုက္ခစိုး။ ။ ဟ .. ဟေ့ကောင် မောင်တာတေ .. မင်းက လူလည်ကျတာလားကွ။ ဒီစာရွက်နဲ့ ဘာလုပ်လို့ ရမှာလဲ။ ပြန်အမ်းကွာ တရာ။

တာတေ။ ။ ဘာလုပ်လို့ရမလဲ .. ဟုတ်လား။ ချွန်ဒေါ် ရှင်းပြမယ် ..။ ဒီစာရွက်နဲ့နော် .. တာတေ့ ကွမ်းယာဆိုင်မှာ အချိန်မရွေး ကွမ်းပြန်လာဝယ်လို့ရတယ်။ ဒါမှမဟုတ် .. ချွန်ဒေါ့် ဆိုင်ခွဲတွေမှာ သွား ဝယ်ချင်လည်းရတယ်။ ဦးလေး တရာတောင်းတယ်နော်။ ဒါ စိတ်ကူးယဉ်တာပဲ .. ။ ဘယ်သူမှ မတောင်းတော့ဘူး .. ။ တရာတန်နော် .. အရမ်းကို ရှားပါးပစ္စည်း ဖစ်နေပြီ။

ကြွက်စုတ်။ ။ ဟေ့ကောင် အကြွေရှားတာတော့ ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ငါကြားဖူးတာတော့ ကော်ဖီမစ်ထုပ်တို့၊ သကြားလုံးတို့၊ ဖယောင်းတိုင်တို့ အမ်းတာဆို။ မင်းလို စာရွက်ပိုင်းပေါ် ၁၀၀ လို့ ရေးပေးတာတော့ ခုမှကြုံဖူးတယ်။

တာတေ။ ။ အဲဒါကြောင့် အားကိုတို့ ခေတ်နောက်ကျနေပြီလို့ ပြောတာ ..။

ဖိုးရှုပ်။ ။ နေပါဦးကွ .. ခု ဘဏ်တွေက ပိုက်ဆံအဟောင်းနဲ့ အသစ် လဲပေးနေပြီလေကွာ .. မင်း သွားလဲပါလား။

တာတေ။ ။ စိတ်ကူးမယဉ်ပါနဲ့ အားကို .. တာတေနော် ဘဏ်သွားဖို့ အချိန်မရှိဘူး။ လူအများကြီး မစောင့်နိုင်ဘူး။ ချွန်ဒေါ် စီးပွားပျက်မယ်လေ။ ပြီးတော့ တယောက်ကိုနော် အရွက် ၃၀ ပဲ လဲပေးမယ်။ မလောက်ဘူး။ ဒီနည်းက အားလုံး အဆင်ပြေတယ်။ တချို့ဆို စာရွက် မသိမ်းချင်တော့ ချွန်ဒေါ့်ဆီမှာ ကွမ်းယာ လပေးစားကြတယ်။ ကောင်းတယ်နော် အားကို။ ဒီမှာတော့ အားလုံး ဒေါင်ကျကျ ပြားကျကျပဲ ..။ ဘဏ်ကနော် အရမ်းကြာတယ်။ ချွန်ဒေါ်တို့ ကွမ်းယာသည်တွေ၊ လက်ဖက်ရည် ဆိုင်တွေ၊ စတိုးဆိုင်တွေအားလုံး ဒီနည်းကို သုံးနေတာကြာပြီ .. ရောင်းသူ ဝယ်သူ အားလုံး အဆင်ပြေတယ်။ မကြာဘူးနော်။

ထိုစဉ် လူတယောက် ရောက်လာပြီး “ကွမ်း ၂၀၀ ဖိုးပေးပါ” ဟု ပြောလိုက်သောကြောင့် တာတေလည်း စကား ပြတ်ကာ ဦးရုက္ခစိုးတို့လည်း ထိုသူကို လှည့်ကြည့်မိကြသည်။ ထိုလူစိမ်းကိုကြည့်ရသည်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။ အဝတ်အစား အကောင်းစားများကို ဘိုသီဖတ်သီ ဝတ်ထားပြီး ခေါင်း စုတ်ဖွားနှင့် ဖြစ်နေသည်။ ထိုသူကလည်း ဦးရုက္ခစိုးတို့ကို ပြန်ကြည့်သည်။

ကြည့်ရင်းက ဦးရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ ထိုသူကို မှတ်မိကာ ပြိုင်တူ အားရပါးရ အော်လိုက်ကြသည်
“ဟာ .. ဘီလ်ဂိတ်ကြီး”

ဂိတ်။ ။ ခင်ဗျားတို့ကို ကျုပ်သိပါတယ်ဗျာ။ နာမည်ကြီးတွေပဲဟာ ..။ ဦးရုက္ခစိုးဆို ပိုတောင် ရင်းနှီးနေသေးတယ်။

ရုက္ခစိုး။ ။ ဘယ်လိုဖြစ်ပြီး ကွမ်းဝယ်စားနေတာလဲဗျ။ မနည်းကြည့်ရတယ်။ ဘိုသီဖတ်သီနဲ့။

ဂိတ်။ ။ ပြော .. မပြောချင်ပါဘူးဗျာ။ ကျုပ် တသက်နဲ့ တကိုယ် မကြုံဘူးတာတွေ ကြုံလာရလို့ .. လူလည်း ရူးကြောင် မူးကြောင် ဖြစ်နေတာ။ ကွမ်းဝယ်တယ်ဆိုတာက စားမလို့ မဟုတ်ပါဘူးဗျာ .. စမ်းသပ်မလို့ပါ။

ဖိုးရှုပ်။ ။ ဘယ်လိုစမ်းသပ်မှာလဲဗျ .. ခင်ဗျားက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ပြောပါဦး။

“သတင်းထောက်ကတော့ မေးခွန်းတွေစပြီ” ဟု ဘီလ်ဂိတ်က တွေးလိုက်သည်။

ဂိတ်။ ။ မြန်မာပြည်မှာ အီးကောမာ့စ် (e commerce) စတော့မယ်ဆိုလို့ လာတာလေ။ ချိုကုပ်ဒူးကြီးက ကျုပ်ကို ဖိတ်လို့ဗျ။ သူကတော့ ပြောတာပဲ .. ခင်ဗျားက ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ကြားဖူးတယ် .. လာကူညီ စမ်းပါ ဆိုတာနဲ့ လာတာ။

ကြွက်စုတ်။ ။ အဲဒီသတင်း ကျနော်တို့လည်း ကြားတာပဲဗျ။ မြန်မာပြည်မှာ ခရက်ဒစ်ကတ် မရှိ ဘာမရှိနဲ့ ဘယ်လိုလုပ် အီးကောမာ့စ် မှာလဲဗျ။ ဘဏ်စနစ်တွေကလည်း ကမောက်ကမ မဟုတ်လား။

ဂိတ်။ ။ အေးဗျ .. ဒါပေမယ့် ကျုပ်ကို ခင်ဗျားတို့ ချိုကုပ်ဒူးကြီးက အထင်ကြီးနေတာဆိုတော့ ရသလောက် လုပ်ပေးကြည့်မယ်၊ ကျုပ်အစွမ်းကို ပြမယ်ဆိုပြီးလာတာပဲ။ ဒါပေမယ့် … အဲဒီ အီး …

ထိုစဉ် ကွမ်းယာသည်တာတေက ဘီလ်ဂိတ်လက်ထဲသို့ ကွမ်း ၁၂ ယာပါသည့် အထုပ်ကလေး ထည့်ပေး လိုက်သောကြောင့် စကားစပြတ်သွားသည်။ ဘီလ်ဂိတ်က ၅၀၀ ကျပ်တန်တရွက်ပေးလိုက်သည်ရာ တာတေက ၂၀၀ တန်တရွက်နှင့် ၁၀၀ ဟု ရေးထားသော စာရွက်ပိုင်းလေး တပိုင်း ပြန်ပေးသည်။ ဘီလ်ဂိတ်က ယူလိုက်သည်။

တာတေ။ ။ ဟေး .. အားကို့တို့ ပြောတဲ့ထဲမှာ အီး ဆိုတာတွေပါတယ်၊ ညစ်ပတ်တယ်နော်။

ဖိုးရှုပ်။ ။ ဟေ့ကောင် .. အဲဒီ အီး က ညစ်ပတ်တဲ့ အီး မဟုတ်ဘူးကွ။ အီလက်ထရွန်းနစ် အီး (E) ..။ မင်းက ငါတို့ကိုတော့ ခေတ်မမီဘူးပြောတယ် .. မင်းကျတော့ ဘာမှလည်း မသိဘူး။

ဖိုးရှုပ်က ခုနက ခံထားရသည့်အတွက် တာတေ့ကို ပြန်တွယ်လိုက်သည်။

တာတေ။ ။ ချွန်ဒေါ် နားမလည်ဘူး အားကို ..။

ဖိုးရှုပ်။ ။ နားမလည်ရင် မှတ်ထား ..။ ဒီဆရာကြီးက မိုက်ခရိုဆော့ဖ် သူဌေးကြီး ..။ မင်းနားလည်အောင် ပြောရရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး၊ အချမ်းသာဆုံးထဲမှာပါတဲ့ သူဌေးကြီးကွ။ သူက မြန်မာနိုင်ငံမှာ အွန်လိုင်း စီးပွားရေး ထွန်းကားဖို့ လာကူညီတာ ..။ လူပြိန်းနားလည်အောင် ပြောရရင် .. ပိုက်ဆံ ကိုင်စရာမလိုဘဲ ဈေးဝယ်လို့ရမယ့် စနစ်ပေါ့ကွာ .. ဟဲဟဲ .. ဟုတ်တယ်နော် .. ဆရာကြီး။

ဖိုးရှုပ်က ခပ်ကြွားကြွားပြောရင်း ဘီလ်ဂိတ်ဘက်ကိုလှည့်ကာ ထောက်ခံချက် ယူလိုက်သည်။

ဂိတ်။ ။ ဟုတ် .. ဟုတ် တော့ ဟုတ်ပါတယ် .. ဒါ .. ဒါပေမယ့် .. (တွန့်ဆုတ်ထစ်အစွာ ပြန်ပြောသည်)

တာတေ။ ။ ဟားဟား .. ပိုက်ဆံမသုံးဘဲ ဈေးဝယ်တာများ အထူးအဆန်းလုပ် လာပြောနေ သေးတယ်။ ခု ချွန်ဒေါ်တို့လည်း ဒီလိုပဲ လုပ်နေတာပဲလေ ..။ ပိုက်ဆံနော် အကုန်လုံး စုတ်ပြတ်သတ်နေတယ်။ ကွမ်းယာကို လက်ဖက်ရည်နဲ့ လဲသောက်တယ်၊ စတိုးဆိုင်က ပြန်အမ်းတဲ့ ဖယောင်းတိုင် သုံး၊ လေးတိုင် ပေါင်းလိုက်ရင် ကိုယ် လိုချင်တဲ့ ပစ္စည်း ထပ်ဝယ်ချင် ဝယ်လို့ရတယ်။ အမ်းထားတဲ့ သကြားလုံးတွေစုထားရင် လိုချင်တဲ့ ပစ္စည်းနဲ့ ပြန်လဲလို့ ရတယ်။ ကော်ဖီမစ် သုံးထုပ်ပေးရင် ခေါင်းလျှော်ရည် သုံးထုပ်ရတယ် ..။ ဘာလိုချင်လဲ အကုန်ရတယ်။ အားကိုတို့ ပြောတဲ့ အီးဆိုတာကြီး မလိုဘူးနော် .. လုံးဝ မညစ်ပတ်ဘူး။ ဘာမှမအမ်းချင်ဘူးနော် .. ခု ချွန်ဒေါ် လုပ်သလို စက္ကူပေါ်မှာ စာရေးပေးလိုက် .. ကွမ်းပြန်ဝယ်လို့ရတယ် .. တာတေ့မှာနော် .. ကွမ်းယာဆိုင်ခွဲ အများကြီးပဲ။ ရန်ကုန်မှာကော မန္တလေးမှာကော .. ရှိတယ်။ ဒီလိုလုပ်နေတာ ကြာပြီ .. အီး မလိုဘူး အားကို။

ဖိုးရှုပ်။ ။ ဟာ .. အရေးထဲ ကွမ်းယာဆိုင်ကြော်ငြာက ဝင်နေသေးတယ်။ ဒီကောင်ကတော့ ခက်နေပြန်ပါပြီ .. ခင်ဗျားပဲ ရှင်းပြလိုက်ပါတော့ ဦးဘီလ်ဂိတ်ရယ်။

ဂိတ်။ ။ သူပြောတာ ဟုတ်တယ်ဗျ။ ကျုပ်လည်း မြန်မာပြည်မှာ အီး ကောမာ့စ် ဖြစ်ထွန်းဖို့ တတ်စွမ်း သလောက် ကူညီမယ်ဆိုပြီး လာတာပဲ။ ဒီရောက်တော့ ကျုပ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ခု ကျနော့်မှာ ၁၀၀ တို့ ၅၀ တို့ရေးထားတဲ့ စာရွက်တွေ အများကြီးပဲ။ ဖယောင်းတိုင်တွေ၊ ကော်ဖီမစ် ထုပ်တွေလည်း အများ ကြီးပဲ။ မြန်မာပြည်မှာ လူများစုက ဒီလိုပဲ လုပ်နေကြတာဗျ။ ဘာခရက်ဒစ်ကတ်မှ မလိုဘူး။

ကြွက်စုတ်။ ။ ဟုတ်ပါ့မလားဗျာ .. ခင်ဗျားက မလုပ်ပေးချင်တာနဲ့ဘဲ။

ဂိတ်။ ။ လုပ်ပေးလို့ရရင် လုပ်ပေးပါတယ်ဗျာ။ ကျုပ်က ဆော့ဖ်ဝဲတွေ ဘယ်လောက်လုပ်ပေးလုပ်ပေး ..၊ ဘယ်လောက်လှူလှူ၊ ဘယ်သူက သုံးမှာလဲဗျ ..။ ခင်ဗျားတို့ ခေါင်းရှောင်ကြီးတွေပဲ သုံးမယ့်ကိစ္စ ကျုပ်က ဘာလို့ လုပ်ပေးမှာလဲ။ ပြည်သူလူထုက သူ့ဟာနဲ့သူ အဆင်ပြေနေတာပဲဟာ။ ခုနည်းက ဘယ်လောက်ကောင်းလဲ .. မီးလည်း လာစရာမလိုဘူး။ အင်တာနက်မရှိလည်းရတယ်။ ကျုပ်တောင် ဒီစနစ် ပြန်သုံးကြဖို့ အိမ်ဖြူတော်ကို အကြံပေးရင်ကောင်းမလား စဉ်းစားနေတာ။ ဘာပဲဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်ကိုလည်း ချွေတာရာ ရောက်တာ ပေါ့ဗျာ။ ကျုပ်လည်း အသစ်အဆန်းတွေချည်း လုပ်ရတာ ပျင်းလာပြီ၊ တခါတလေ ကမ္ဘာဦးကို ပြန်သွားချင်တဲ့ စိတ် ပေါက်နေတာ အတော်ပဲလေ။ အဲဒါကြောင့် ခုလို တာတေတို့ဆီက နည်းနာတွေ ဆည်းပူးနေတာ။ မကြာခင် ကျုပ်မိတ်ဆွေ ကမ္ဘာကျော် ဘဏ်သူဌေးကြီးတွေလည်း လာလိမ့်မယ်။ သူတို့ကလည်း စိတ်ဝင်စားတယ်ဗျ။

တာတေ။ ။ ကဲ .. ချွန်ဒေါ် မပြောဘူးလား .. ဘာ အီး မှ မလိုပါဘူးလို့ ..။

ဦးရုက္ခစိုး။ ။ သူတို့ပြောတာ ဟုတ်သားပဲကွ ..။ မြန်မာနိုင်ငံက အီး မလိုတဲ့ နိုင်ငံပဲ။ အမြော်အမြင် ရှိလိုက်တဲ့ ချိုကုပ်ကြီးတွေ။ ထွက်သမျှဓာတ်ငွေ့တွေ ရောင်းစားတာ လက်စသတ်တော့ အီး မလိုလို့ကိုး။ လူတွေဆီက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကိုပါ ရောင်းလို့ရရင် ရောင်းဦးမလားမသိဘူး။ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ … အီးပေါက်ရင် သတိထားပေါက်နော်။ နောက်ပိုင်း ဈေးကောင်းချင်ကောင်းမှာ။

ကြွက်စုတ်။ ။ အဲဒီတော့လည်း စုထားပြီး နိုင်ငံတော်ကို ပြန်သွင်းရတာပေါ့ဗျာ။

ထိုစဉ် ကွမ်းယာသည်၏ ဘေးနားတွင် ထူထားသော “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးဆီသို့” ဟု ရေးထားသည့် ဆိုင်းဘုတ်ကြီး “ဝုန်း” ခနဲ ပြုတ်ကျလာသဖြင့် သူတို့အားလုံး လွတ်အောင် မနည်းရှောင်လိုက်ရ လေတော့သည်။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။

မြန်မာ့ သတင်း ကမ္ဘာ့သတင်း

UN Secretary-General Ban Ki-moon (file photo)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေကို ပယ်ဖျက်ပြီး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ရုံးချုပ်မှာ မနေ့တုန်းကပဲ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။


မျှတမှုနှင့် ဂုဏ်ကြက်သရေ

၂၀၀၃ ခုနှစ်က နောက်ဆုံးအကြိမ် ကျနော် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရစဉ်က စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည် စီးနင်းလာသည့် ယာဉ်တန်းကို တိုက်ခိုက်ရန်အတွက် အမိန့်မပေးမီ ကာလ ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် အမိန့်ချသည့်နေ့တွင် လူထုတရပ်လုံးပါဝင်ရန် လှုံ့ဆော်စာများ ပျံ့နှံ့

ဒေါ်အောင်ဆန်းစုကြည် အမိန့်ချသည့်နေ့တွင် လူထုတရပ်လုံးပါဝင်ရန် လှုံ့ဆော်စာများ ပျံ့နှံ့

မနက်ဖြန်တွင် ပြုလုပ်မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက် ချမည့်ကိစ္စကို လူအများ စိတ်ဝင်စားလျက်ရှိပြီး လုံခြုံရေးများ တင်းကျပ် ထားသည့်

ဖားကန့်ရှိ အိမ်ခြေ ၁၀၀ ခန့်ကို အာဏာပိုင်များက ဖျက်သိမ်းခိုင်းနေ

ကချင်ပြည်နယ် ဖားကန့်မြို့မှ အိမ်ခြေ ၁၀၀ခန့်ကို ပြည်နယ်အာဏာပိုင်များက မြို့အင်္ဂါရပ်နှင့် မညီညွတ်ဟု အကြောင်းပြ ချက်ဖြင့် ယခုအပတ်တွင်း၌ ဖျက်သိမ်းခိုင်းထားကြောင်း သိရသည်။

အာဆီယံ လူ့အခွင့်အရေးအဖွဲ့ မေးခွန်းထုတ်ခံနေရ

မကြာမီ ပေါ်ပေါက်လာမည့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)၏ လူ့အခွင့်အရေး အဖွဲ့သည် အစိုးရ ခေါင်းဆောင် များကိုသာ အကာအကွယ် ပေးမည့် အဖွဲ့ ဖြစ်သည်

အကျဉ်းသားလွတ်မြောက်ရေး ဘန်ကီမွန်း မျှော်လင့်

အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ကတိ ပေးထားသဖြင့် အကျဉ်းသားများ လွတ်မြောက်လာမည်ကို မျှော်လင့်နေကြောင်း ကုလသမဂ္ဂ

သိန်းနှင့်ချီသည့် မြန်မာများ ထိုင်းတွင် အလုပ်သမား လက်မှတ်ပြုလုပ်

ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား သိန်းနှင့်ချီ၍ ယခုလအတွင်း အလုပ်သမားလက်မှတ် ပြုလုပ်ကြကြောင်း သတင်းရရှိသည်။ ဘန်ကောက်မြို့ ဝန်းကျင်တွင်ပင် အလုပ်သမား လက်မှတ်

ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိဟု ယက်ထော ရှေ့နေလျှောက်လဲ

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှု၌ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောတွင် အပြစ် ရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း

မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးဖြစ်သူ (၁၀) ဦးရှိပြီ

NEJ / ၃၀ ဇူလိုင် ၂၀၀၉
(၁၀) ဦးမြောက် ရောဂါဖြစ်ပွားသူမှာ ဇူလိုင် (၂၀) ရက်တွင် MI-512 ဖြင့် ရောက်ရှိလာသူ အသက် (၅၇) နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း ......အပြည့်အစုံသို့


စစ်သားကောင်း ပီသကြပါစေ

ဗိုလ်ထက်မင်း / ၃၀ ဇူလိုင် ၂၀၀၉
အရာရှိအချင်းချင်း နောက်ပြောင်ပြောဆိုနေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက်နေရတာမျိုးနဲ့ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ....... အပြည့်အစုံသို့


မရေရာသော အနာဂတ်ပညာရေးနှင့် ယနေ့ကျေးလက်တွဲဖက်(သူခိုး)ကျောင်းများ

အောင်ထက် / ၂၉ ဇူလိုင်၂၀၀၉
“လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက်ရေး၊ ပြည်ထောင်စုကြီး၏ နယ်မြေတခုနှင့်တခု နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာ၊ နည်းပညာဘာသာရပ် အလိုက် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရေး၊ မိမိတို့ကိုယ်ပိုင်စွမ်းအားနှင့်.....” အပြည့်အစုံသို့




အတိုက်အခံရှေ့နေကို အာဏာပိုင်များ နှောင့်ယှက်

ထောင်မှ ပြန်လွတ်လာပြီးနောက် ဝမ်းရေးအတွက် အောင်ဘာလေထီ ရောင်းချမှု မလုပ်နိုင်အောင် အာဏာပိုင်များက နှောင့်ယှက်ထားသည်ဟု ပဲခူးမြို့မှ ရှေ့နေ ကိုညီညီထွေးက...

မြောက်ပိုင်းတိုင်းမှူးနှင့် ဘာသာရေးခေါင်းဆောင်များ ကချင်တပ်အရေး ဆွေးနွေး

စစ်အစိုးရနှင့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့အကြား နယ်ခြားစောင့်တပ်အရေး သဘောကွဲလွဲမှုအပေါ် ညှိနှိုင်းရန်အတွက် မြောက်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံတို့ ယမန်နေ့က...

နယ်ခြားစောင့်တပ်အရေး ကေအိုင်အို တုန့်ပြန်ချက်

နယ်ခြားစောင့်တပ်အရေး ကေအိုင်အို တုန့်ပြန်ချက်


စက်တင်ဘာလမှာ ကြားဖြတ်အစိုးရ ဖွဲႚစည်းဖိုႛ အလားအလာရှိ

ဒေၞအောင်ဆန်းစုကြည်၏ ခြံဝင်းမြေ အချိုႚကို မောင်ဝမ်းကွဲက ရောင်းချ

သာသနာကို ထိပါးသူများ သိစေချင်သည်

I want you to know

Globel Action for Burma ၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်ရေး ထုတ်ပြန်ကြေငြာချက်

7.28.2009

Burma's News World's News

Protests turned violent after the 12 June presidential election
About 140 Iranian prisoners detained during protests against last month's disputed election have been released, officials say.

A group of Nigerian Islamist militants is barricaded in a district of Maiduguri, after two days of violence that left scores dead.

A team of robots designed to deal with the risks posed by gas cylinders at fire scenes has been demonstrated in London.

Israeli Prime Minister Benjamin Netanyahu, right, meets U.S. Mideast peace envoy George Mitchell in Jerusalem, Tuesday, 28 July 2009
Tue. 28 Jul 2009 1307 UTC

US Envoy Meets Israeli PM in Jerusalem

Washington says Israel must freeze settlement construction to promote peace, but Israel says it must continue building to allow for settlements' 'natural growth'

Full Story »

U.S. Defense Secretary Robert Gates (l) shakes hands with U.S. Army Staff Sgt. Stephen Claybourne during a visit to Contingency Operating Base Adder, Iraq, 28 Jul 2009

US Defense Secretary Makes Unannounced Visit to Iraq

Robert Gates meets with Iraqi Prime Minister Nouri al-Maliki to discuss US military's evolving role in country's security

Iranian supreme leader Ayatollah Ali Khamenei waves to the crowd during a religious ceremony, warning Western governments against

Iran to Release 140 Post-Election Detainees

In other news, Iran's supreme leader, Ayatollah Ali Khamenei orders closure of jail where some political prisoners are believed to be held

Chinese State Councilor Dai Bingguo and Sec. of State Hillary Clinton during US-China Strategic and Economic Dialogue in Washington, 28 Jul 2009

US, Chinese Officials Talk Health, Economy

Second and final day of talks focuses on health care, poverty, energy

Burmese activist holds a picture of opposition party leader Aung San Suu Kyi outside the Burmese embassy in Bangkok (File)

Trial of Burma's Democracy Leader Concludes; Verdict Expected Friday Audio Clip Available

Prosecutors accuse Aung San Suu Kyi of violating terms of house arrest by allowing American John Yettaw to rest at her home after he swam there uninvited


QUOTE OF THE DAY
In those long and often dark years, Aung San Suu Kyi has remained a symbol of hope, courage and the undying defense of human rights
— Irene Khan, secretary-general of Amnesty International, after announcing that Suu Kyi would be honored with Amnesty’s highest accolade, the Ambassador of Conscience Award.

Suu Kyi Insists Her Trial Will Test Rule of Law in Burma

By SAW YAN NAING
Aung San Suu Kyi has insisted after a final session of her trial before Friday’s scheduled verdict that the proceedings would show “whether or not the rule of law exists in the country,” according to her lawyer Nyan Win.

Suu Kyi Verdict Set for Friday

By THE ASSOCIATED PRESS
The defense concludes its arguments, and the judge will deliver a verdict on Friday.

Asean May Request Development Funds for Burma

By WAI MOE
The Southeast Asian bloc may ask the international community to invest in development projects in Burma, says the Malaysian foreign minister.

Seventh H1N1 Flu Case Reported in Burma

By ARKAR MOE
A 25-year-old man infected with the H1N1 virus is confirmed in Rangoon.

Burma Prepares to Import Onions

By LAWI WENG
Onion prices double in Rangoon, prompting authorities to import onions from India.

Philippine President Vows Not to Seek Fresh Term

By HRVOJE HRANJSKI
MANILA, Philippines— Philippine President Gloria Macapagal Arroyo, faced with the prospect of civil unrest unless she steps down at the end of her term, has vowed not to try to extend her time in office.

Legally Suu Kyi is innocent: Defence lawyer

The over two-month long trial of Burmese pro-democracy leader Aung San Suu Kyi points to her innocence, legally and the verdict to be pronounced on Friday will put to acid...

Aung San Suu Kyi supporters gather around Insein prison

(Video) Aung San Suu Kyi supporters gather around Insein prison

New report on ‘food security’ in Burma

Agricultural credit should be made available in order to prevent rural indebtedness and to improve agricultural production in Burma, said Dr. Noeleen Heyzer the Executive Secretary of...

Court verdict of Suu Kyi’s trial on July 31

The special court in Rangoon’s Insein prison heard the final arguments and responses on Tuesday and will pronounce a verdict on Friday on the trial of detained opposition leader Aung...

အညတြတော်လှန်ရေးသမားတဦး

သူတို့အတွေး သူတို့ အမြင်
၂၈ ဇူလိုင် ၂၀၀၉
ဥစ္စာဓန မက်မောသူများလို့ ဆိုလိုက်တော့ ဥစ္စာဓန မမက်မောတဲ့လူ ဘယ်မှာရှိလို့လဲလို့ မေးစရာရှိပါတယ်။ မက်မောတယ်လို့ ဆိုရာမှာ ဥစ္စာဓနကိုရယူဖို့ လမ်းစရှိသူတွေ တနည်းအားဖြင့် ရယူနိုင်ဖို့ အနေအထားရှိသူတွေကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမဆို ကုန်ကုန်ပြောရရင် ကုန်းကောက်စရာ ဘာတခုမှမရှိလောက်အောင် ဆင်းရဲနုံချာရှာလွန်းသူတွေကိုတောင် “ဥစ္စာဓနတွေ မလိုချင်ဘူးလား” လို့ ပေါ့ပေါ့တန်တန်လေးမေးရင် “လိုချင်တာပေါ့” လို့ ပြန်ဖြေရုံမက မေးသူကိုပါ “ဒီလို အရည်မရ အဖတ်မရတဲ့ မေးခွန်းကို ဘာဖြစ်လို့ လေကုန်ခံပြီး မေးနေသေးလဲ” လို့ အပြစ်တင်တဲ့အကြည့်နဲ့ပါ ပြန်ကြည့်လိုက်ပါဦးမယ်။ ဒါ့ကြောင့် ဥစ္စာဓန မက်မောတယ်ဆိုတာ အဲဒီလို ဘ၀နင်းပြား ဖြစ်နေရှာရသူတွေနဲ့ မဆိုင်ဘူးလို့ ကျနော်ဆိုလိုပါတယ်။

မိဘလက်ထက်က လက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်း သို့မဟုတ် အရင်းအနှီး တစုံတရာ သို့မဟုတ် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အကြားအမြင် အတွေ့အကြုံ၊ အဆက်အသွယ် အသိုင်းအ၀ိုင်း တစုံတရာရှိသူတွေ အစရှိတဲ့ အနေအထားမျိုးကို ရရှိပိုင်ဆိုင်ထားသူတွေကလည်း ဥစ္စာဓနကို ‘မက်မောအား’ ရှိကြပါတယ်။ ဒီဆောင်းပါးမှာ သူတို့တတွေ ဥစ္စာဓန မက်မောတဲ့ အကြောင်းကိုလည်း ဆွေးနွေးစရာမရှိပါ။

နောက်တမျိုးဖြစ်တဲ့ ဗိုလ်သန်းရွှေတို့လို အတုလံအတုမရှိတဲ့ အာဏာ (ကိုယ့်တိုင်းပြည် ကိုယ့်ရွာ၊ ကိုယ့်ဌာနေမှာပါ) ပိုင်စိုးထား သူတွေအဖို့တော့ ‘ဥစ္စာဓနမက်မောအား’ အရှိဆုံးဖြစ်ပါတယ်။ သိတော်မူကြတဲ့ အတိုင်းပါပဲ၊ မက်မောလွန်းအားကြီးလို့ ရာဇဣနြေ္ဒတောင်မဆည်နိုင်ကြဘဲ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေကြတာတွေ။ ‘ရွှေလက်တို့ ဘုရင်ကြီး’ လို သူတို့လက်နဲ့တို့ရာ ရွှေဖြစ်နေကြတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင် ထပ်နေပါပြီ။ မီဒီယာမှာ မကြားချင်၊ မဖတ်ချင်အဆုံးပါ။

ကျနော်ဆွေးနွေးတင်ပြချင်တာက ‘သန်း ၄၀ (ခုတော့ သန်း ၅၀၊ ၆၀ လောက်ရှိနေပြီလို့ ထင်ပါတယ်) ပြည်သူတွေအတွက်’ တို့၊ ‘(---) လူမျိုးအတွက်လို့’ ဆိုတဲ့ စကားမျိုးတွေ တွင်တွင်ပြောပြီး ဥစ္စာဓန မက်မောတဲ့ လူတွေရဲ့ ထုတ်ဖော်ကြေညာထားတဲ့ စေတနာဆိုတာနဲ့ သူတို့လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်းပဲ ဖြစ်ပါတယ်။

ဗမာပြည်ရဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ လူမျိုးရေးအခြေခံတဲ့ အဖွဲ့အစည်းတွေက အများစုဖြစ်ပါတယ်။ အဲဒီ လူမျိုးရေးအဖွဲ့အစည်းတွေမှာ အများအားဖြင့် မိမိတို့လူမျိုးထဲမှာ လူတန်းစားတွေ တည်ရှိနေတယ်ဆိုတာကို အသိအမှတ် မပြုကြပါဘူး။ ဒီတော့ အဖွဲ့အစည်း တည်ထောင်ဖွဲ့စည်းရာမှာ မိမိတို့အဖွဲ့အစည်းဟာ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်း သို့မဟုတ် ပါတီလဲဆိုတာကို သတ်မှတ်ထားခြင်း မရှိကြပါဘူး။ တချို့အဖွဲ့အစည်းတွေကျတော့ အမျိုးသားရေး ကြွေးကြော်ပေမယ့် လူတန်းစားတည်ရှိမှုကို အသိအမှတ်ပြုပြီး မိမိအဖွဲ့အစည်းဟာ ဘယ်လူတန်းစားကို အခြေခံတယ်၊ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို သတ်မှတ်ဖော်ပြပါတယ်။ သာဓကအားဖြင့်ဆိုရင် တချိန်တုန်းက ရှိခဲ့ဖူးတဲ့ KNUP ပါတီ။

တကယ်တော့ (ဘုံစနစ်ကျင့်သုံးနေတဲ့ ရှေးဟောင်းလူ့အဖွဲ့အစည်းအဆင့် လူ့အဖွဲ့အစည်းတွေကလွဲရင်) လူ့အဖွဲ့အစည်းမှာ လူတန်းစားတွေ တည်ရှိနေ တယ် ဆိုတာ ကို အသိအမှတ်ပြုကြတာချည်းပါပဲ။ လူတန်းစားတွေတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ လူမှုအခြင်းအရာတွေမှန်သမျှဟာ လူတန်းစားနဲ့ ကင်းလွတ် တာရယ်လို့ ဘာတခုမှ မရှိပါဘူး။ ယဉ်ကျေးမှုမှာတောင်မှ အခွင့်ထူးခံ လူတန်းစား ရဲ့ ယဉ်ကျေးမှု (elite culture) နဲ့ အများပြည်သူ့ယဉ်ကျေးမှု (popular culture) ရယ်လို့ ကွဲပြားခြားနားပါတယ်။ အကျိုးစီးပွားချင်း အပြန်အလှန် ပဋိပက္ခ တွေဖြစ်နေပြီး အကျိုးစီးပွားချင်း လုနေ သို့မဟုတ် ထိန်းညှိနေရတဲ့ နိုင်ငံရေး နယ်ပယ်မှာ လူတန်းစားတည်ရှိမှုကို အသိအမှတ်မပြုတာဟာ ပကတိ အဖြစ်မှန်ကို မမြင်တာ သို့မဟုတ် တမင်ငြင်းကွယ်တာသာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ မိမိဘယ်လူ တန်းစားရဲ့ ပါတီလဲဆိုတာကို အသိအမှတ်ပြုရမှန်း မသိ သို့မဟုတ် အသိအမှတ်မပြုပေမယ့် အဲဒီပါတီဟာ လူတန်းစားတရပ်ရပ်ရဲ့ ပါတီဖြစ်နေတယ် ဆိုတာကတော့ သေချာပါတယ်။

ဒါနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတခုထဲက ပညာတတ်လူငယ်တယောက်က “ကျနော်တို့ပါတီက ဘယ်လူတန်းစားရဲ့ ပါတီလဲဆိုတာ သတ်မှတ်ထားတာ မရှိဘူးဆိုတော့ ဧကန္တ ဓနရှင် ပေါက်စလူတန်းစားပါတီလား၊ “ဓနရှင် လူတန်းစားပါတီလား တခုခုတော့ တခုခုပဲဗျ” လို့ ပြောခဲ့ဖူးပါတယ်။

ဗမာပြည်တော်လှန်ရေးဖြစ်စဉ်ထဲမှာ ကြည့်လိုက်ရင် အဲဒီလို အဖွဲ့အစည်းတွေထဲမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ခွင့်ဟာ ထုတ်ပြန်ကြေညာပြီး ပြဋ္ဌာန်းပေးစရာတောင်မလိုတဲ့ သန္ဓေပါ အခွင့်အရေး ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်လိုက် ငယ်သားကနေ ခေါင်းဆောင်ထိပ်သီးပိုင်းအဆင့်အထိ စီးပွားရေးလုပ်ပါတယ်။ ဥစ္စာဓန ပိုင်ဆိုင်ခွင့်ရှိပါတယ်။ “ကိုယ့်စားဝတ်နေရေးအတွက် လုပ်ရတာပေါ့” လို့ ထိပ်တန်း ခေါင်းဆောင် အဆင့်ရှိသူတယောက်က ပြောပါတယ်။

ဒါဆိုရင် အဖွဲ့အစည်းက ရဲဘော်တဦးချင်းရဲ့ စားဝတ်နေရေးအတွက် မထောက်ပံ့ဘူးလားလို့ မေးစရာရှိပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ထောက်ပံ့ပါတယ်။ ဒါကို ‘ကိုယ့်စားဝတ်နေရေးအတွက်’ လို့ နားလည်ထား ပုံမရပါဘူး။ အတိအကျပြောရရင် ‘တောမခိုခင်တုန်းက ရှိခဲ့ဖူးတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး သို့မဟုတ် သည့်ထက်မကတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး ရရှိရေးအတွက်’ လို့ အဓိပ္ပာယ်ရပါတယ်။

ကျောင်းသားလူငယ်ဘ၀ကတည်းက တောခိုလာခဲ့ပြီး ခု ထိပ်တန်းခေါင်းဆောင်တယောက် ဖြစ်နေသူတဦးက သူ့မှာပိုင်ဆိုင်ထားတဲ့ သားသားနားနား အိမ်တလုံးရယ်၊ သိန်းရာပေါင်းများစွာ ကာလတန်ဖိုးရှိတဲ့ စီးပွားရေး ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ “တော်လှန်ရေးထဲရောက်လာတုန်းက လက်ချည်း ဗလာသက်သက်ပဲဗျ။ ဒါတွေက နောက်မှ ဖြစ်လာတဲ့ ဟာတွေပါ” လို့ ရိုးရိုးသားသား ပြောပါတယ်။ (သူဒီလိုပြောတော့ ဥပဒေဘောင်ထဲက နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ သိန်းတထောင်ကျော်တန် ဆိုင်ခန်းတခန်း စစ်အစိုးရရဲ့ အသိမ်းခံရကြောင်း သတင်းကို သွားသတိရမိပါသေးတော့တယ်။)

မိမိလူမျိုးအတွက် လုပ်နေပါတယ်လို့ ပြောရင်း မိမိလူမျိုးရဲ့ အများတကာ အများစုကြီးမှာတော့ ကဗျာဆရာ တယောက် ရေးခဲ့သလို ‘တွေ့ရာအနုပ်၊ ဟောင်းညစ်ပုပ်တဲ့၊ ရုပ်ပုံလွှာထဲ’ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေကြရှာတာကို လူချမ်းသာ ‘တော်လှန်ရေးသမား’ ပုဂ္ဂိုလ်ကြီးတွေ မမြင်လေရော့သလား၊ ဒါမှမဟုတ် ‘ဒို့ကောင်းစားတာ ဒို့လူမျိုး ကောင်းစားတာနဲ့ အတူတူပဲပေါ့။ ဒို့လူမျိုးတွေ ဂုဏ်ယူစရာပေါ့လို့ လူမျိုးရေးအမြင်နဲ့ ရိုးသားစွာ မြင်နေရော့သလားမသိပါ။

လူမျိုးရေးအမြင်လောက်ပဲရှိတာ၊ လူမျိုးတမျိုးထဲမှာ လူတန်းစားတွေ ရှိနေခြင်း၊ အဲဒီလူတန်းစားတွေရဲ့ အပြန်အလှန် ဆက်ဆံရေး၊ လူတန်းစားတရပ်ချင်းရဲ့ (တော်လှန်ရေးမှာ ပါဝင်နိုင်တဲ့) အခန်းကဏ္ဍတွေကို အသိအမှတ်မပြုတာ သို့မဟုတ် အသိအမှတ်မပြုနိင်တာတွေကြောင့် လူမျိုးရေးအမြင်လောက်သာရှိတဲ့ အဖွဲ့ အစည်းတွေဟာ ကိုယ်ကျိုးစီးပွားရှာရင်း နိဂုံးချုပ်သွားခဲ့ကြတာကို သမိုင်းမှာ အထင်အရှားတွေ့ရပါတယ်။ သာဓကအနေနဲ့ ပြောရရင် မြန်မာ့သမိုင်းမှာ (၁၉၂၀) ခုနှစ် ပတ်ဝန်းကျင်လောက်က ပေါ်ထွက်လာခဲ့တဲ့ ၀ံသာနုအသင်းချုပ်ကြီးရဲ့ ခေါင်းဆောင်အများစုဟာ ငါးထောင်စား အမတ်ရာထူးနဲ့ ကျဆုံးသွားခဲ့ကြပါတယ်။ တရုတ်ပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသားရေးဝါဒီသက်သက်သာဖြစ်ခဲ့တဲ့ ချန်ကေရှိတ်ဟာ အဲဒီခေတ်က တရုတ်ပြည်ရဲ့ အချမ်းသားဆုံးပုဂ္ဂိုလ် (၄) ဦးထဲက တဦးအပါအ၀င်ဖြစ်သွားပြီး နောက်ဆုံးမှာ ကျဆုံးသွားခဲ့ ပါတယ်။

ဗမာပြည် စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှာ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူတွေမှန်သမျှ (ယူဂျီ လှုပ်ရှားသူတွေပဲဖြစ်ဖြစ်၊ တရားဝင်ပါတီတွေထဲက လှုပ်ရှားသူတွေပဲဖြစ်ဖြစ်) အများသိကြတဲ့အတိုင်း၊ ကိုယ့် ထမင်းကိုယ်စားပြီး နိုင်ငံရေးလုပ်ကြရပါတယ်။ သူတို့ကိုလည်း (ပြောမယ်ဆိုရင်) နိုင်ငံရေးလုပ်ရင်း ကိုယ့်စီးပွားရေး ကိုယ်လုပ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့တတွေဟာ နိုင်ငံရေးလုပ်နေသရွေ့တော့ မချမ်းသာနိုင်ကြပါဘူး။ အတိုက်အခံတွေကို အငြှိုးတကြီးနဲ့ ဥပဒေလက်လွတ် ဖိနှိပ်နေတဲ့ စစ်အစိုးရအောက်မှာ ချမ်းသာလာဖို့ နေနေသာသာ မူလက ချမ်းသာခဲ့ကြသူတွေတောင် စီးပွားပျက်သွားကြတာကို တွေ့ရပါတယ်။ သူတို့စီးပွားရေးတွေကို ပံ့ပိုးပေးမယ့် သို့မဟုတ် ကာကွယ်စောင့်ရှောက်ပေးမယ့် အာဏာလက်ကိုင်မရှိတဲ့အပြင် နဂါးတို့မျက်စောင်းလို အကြောင်းသုံးပါးမရွေးတဲ့ စစ်အာဏာရဲ့ သံဖနောင့်အောက်မှာ နင်းသမျှ ကြေကြ ရပါတယ်။

တောတွင်းလက်နက်ကိုင်အင်အားစုတွေထဲက ခေါင်းဆောင်လုပ်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ အာဏာနဲ့ဖက်ထား တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မိမိကိုယ်တိုင်ပဲလုပ်လုပ်၊ မိမိရဲ့သားမယားတွေကဘဲလုပ်လုပ် အနည်းဆုံးတော့ အာဏာရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုရှိနေပါတယ်။ မြေယာတွေဆိုရင် အလကားတောင် ရနိုင်တဲ့အပြင် ဘယ်သူမှ မျက်စောင်းတောင် ထိုးရဲကြတာမဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့အစည်းအချို့ရဲ့ အချို့သော ခေါင်းဆောင်များဆိုရင် စစ်အစိုးရနဲ့ နားလည်မှုယူပြီး မိမိအမျိုးသား ပြည်သူတွေရဲ့ မြေယာတွေကိုတောင် ကိုယ်ကျိုးအတွက် သိမ်းယူတဲ့ သတင်းတွေ ကြားနေရပါတယ်။ (ဥစ္စာဓန မက်မောလိုက်ပုံများ ကိုယ်ကြွေးကြော်ခဲ့တဲ့ လူမျိုးရေးဆိုတာကိုတောင် ဖွတ်မေ့ ပတတ်မေ့ မေ့နေတဲ့အထိပါပဲ)။

သည့်ထက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကတော့ စစ်အစိုးရက သူ့ရဲ့အာဏာစက်ကို အပစ်အခတ်ရပ်စဲရေး နယ်မြေတွေထဲ အထိ တိုးချဲ့လာပြီး မိမိပြည်သူတွေအပေါ် ထင်သလို ရမ်းကားနေပါလျက်နဲ့ လက်ပိုက် ကြည့်နေတာပဲ ဖြစ်ပါတယ်။ အရင်းစစ်လိုက်ရင် ဥစ္စာဓန မက်မောမှုတွေကြောင့်ပဲဖြစ်ပါတယ်။ ‘ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့အနေနဲ့ သည်းခံနေရတယ်’ လို့ အကြောင်းပြပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးက ပြည်သူအတွက်လား၊ ပြည်သူက ‘ငြိမ်းချမ်းရေး’ အတွက် လည်စင်းခံပေးနေရ မှာလားလို့ ပြန်မေးရပါလိမ့်မယ်။

အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်က ပြည်သူလူထုအတွက် အကာအကွယ်မပေးနိုင်တာကို လူသိရှင်ကြား ၀န်ခံတာ တွေ့ရပါတယ်။ အခု ကာကွယ်မပေးနိုင်ရင်လည်း နောင် ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်နေပါသလဲလို့ ကြည့်လိုက် တော့ ကိုယ့်စီးပွားရေးကိုယ် လုပ်နေတာကလွဲလို့ ဘာတခုမှမတွေ့ရတာ အမှန်ပါ။ “လူကြီးတွေ တယောက်နဲ့တယောက် ဆုံတဲ့အခါဗျာ၊ နိုင်ငံရေးအကြောင်းမပြောကြဘဲ သူတို့ စီးပွားရေး အကြောင်းပဲ သူတို့ပြောကြတယ်ဗျာ” လို့ ခေါင်းဆောင်တွေကို ကားနဲ့ မောင်းပို့ပေးရတဲ့ ကားဆရာတယောက်က စိတ်ပျက်လက်ပျက်နဲ့ ပြောပြတာကို ကျနော်အမှတ်ရမိပါတယ်။

လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်လောက်က နယ်မြေတခုမှာ ဘုရင်ကြီးတပါးလို မင်းမူနေတဲ့ နယ်မြတပ်မှူးတယောက်နဲ့ ကျနော် ဆုံဖြစ်ခဲ့ပါတယ်။ သူဟာ ဘုရင်ကြီးတပါးလို လူအများ သူ့ကို မော်မကြည့်ရဲလောက်အောင် အာဏာစက် စူးရှလှကြောင်းကို သူကိုယ်တိုင်လည်း သိပါတယ်။ သူက စီးပွားရေးလုပ်ငန်းတွေ လုပ်ပါတယ်။ သိတော်မူကြတဲ့အတိုင်းပါပဲ။ တချက်လွှတ် အာဏာရှိသူ စီးပွားရေးလုပ်ရင် အရင်းအနှီးငွေကြေး စိုက်ထုတ် စရာတောင် မလိုပါဘူး။ အမြတ်ကလည်း သေချာပါတယ်။ ဒီတော့သူဟာ ဗမာပြည်သူပုန်ထဲမှာ အချမ်းသာ ဆုံးသူပုန်တွေထဲက တယောက်ဖြစ်ပါကြောင်း ထိုင်းဗိုလ်ချုပ်တဦးရဲ့ (ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလားတော့ ကျနော် မဝေခွဲတတ်ပါ) အသိအမှတ်ပြု ပြောကြားတာကို ခံရသူတဦးလည်း ဖြစ်ပါတယ်။ အဲဒီတပ်မှူးကပဲ ပြောပြလို့ သိရတာပါ။ သူနဲ့ပတ်သက်လို့ ရန်သူ့တပ်ထဲက စစ်ဗိုလ်တယောက်ကတော့ “ဒီကောင် သိပ်မကြာပါဘူး၊ ဒို့ဆီ ရောက်လာမှာပါ” လို့ ပြောပါတယ်တဲ့။ (အဲဒီရန်သူ့တပ်ကနေ တော်လှန်ရေးထဲကို ကူးပြောင်းလာတဲ့ စစ်သားတယောက်က ပြောပြလို့ သိရတာပါ။) အဲဒီမှန်သော သစ္စာစကားနဲ့ လျော်ညီစွာပဲ အဲဒီတပ်မှူးဟာ မကြာခင်ကာလမှာ သစ္စာဖောက် လက်နက်ချသွားခဲ့ပါတယ်။

မကြာသေးခင် နှစ်များအတွင်းကပဲ အဖွဲ့အစည်းတခုထဲက အလတ်တန်း ခေါင်းဆောင်အဆင့်ရှိသူတဦးက သူ့ကိုယ်သူ မလုံတာကြောင့်ဘဲလားတော့ မသိပါ။ “ကျနော်တော့ဗျာ၊ ကိုယ့်စားဝတ်နေရေးအတွက် လုပ်ငန်းတခုလုပ်ထားတယ်” လို့ နိုင်ငံရေးအကြောင်းပြောရင်း ကျနော့်ကို ပြောပြပါတယ်။ စားဝတ် နေရေး အတွက်ဆိုတာ ဘယ်အဆင့်အတန်းလောက်ရှိတဲ့ စားဝတ်နေရေးလဲလို့ မေးစရာရှိပါတယ်။ အသက်တချောင်း ရှင်သန်ရုံ စားဝတ်နေရေးလား၊ တောသူဌေးတယောက်ရဲ့ အဆင့်အတန်းရှိတဲ့ စားဝတ်နေရေးလား။ သူ့ဇနီးက လည်း ပြည်တွင်းနဲ့ နယ်စပ်ဒေသမှာ ကုန်ကူးနေတာပါ။ ဒီလောက်နဲ့ အားမရသေးလို့ သူဌေးဖြစ်လုပ် နေတယ်လို့ပဲ ကျနော်နားလည်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ (ဟိတောပဒေသပုံပြင်ထဲကလား၊ ရာမာခရစ်ရှနာ ပုံပြင်ထဲကလား မမှတ်မိတော့ပါ) ပုံပြင်တပုဒ်ကို ပြေးသတိရ မိပါတယ်။ ပုံပြင်ရဲ့ လိုရင်းအချက်ကတော့ …

ရှေးရှေးတုန်းက ရသေ့ကြီးတပါးက တောထဲမှာ အရည၀ါသီ တောမှီသတင်းသုံးဖို့ တောထွက်လာရာမှာ တပည့်တယောက်က သူလည်းအတူလိုက်ပြီး တရားအားထုတ်လိုပါတယ်တဲ့။ ရသေ့ကြီးက အဲဒီပုဂ္ဂိုလ်ကို စမ်းသပ်တဲ့အနေနဲ့ ရွာနဲ့ မနီးမဝေးတောစပ် မှာ အစမ်းသဘောနဲ့ တရားအားထုတ်ဖို့ နေရစ်ခဲ့ပြီး နှစ်ဘယ်၍ ဘယ်မျှကြာပြီးမှ တောနက်ထဲကို လိုက်ခဲ့ဖို့ မိန့်ခြွေခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ အဲဒီရသေ့သစ်ဟာ ဆရာရသေ့ကြီးရဲ့ စကားအတိုင်း တောစပ်မှာ တရားအားထုတ်နေရစ်ခဲ့ပါတယ်တဲ့။ နေ့တိုင်းရေချိုးပြီး ချုံပေါ်တင်လှန်းထားတဲ့ သင်းပိုင်ဟာ ကြွက်ကိုက်ခံရပါတယ်တဲ့။ ကြွက်ရန်ကို ကာကွယ်ဖို့အတွက် ရွာထဲမှာ ကြောင်တကောင် အလှူခံပါတယ်။ ကြောင်တကောင်ရတော့ ကြောင်အတွက် နွားနို့အလှူခံရပြန်ပါရော။ နွားနို့ နေ့တိုင်း အလှူခံရတော့ ရွားသားတွေက သူ့အတွက် နွားမတကောင် လှူရပြန်ပါတယ်။ ဒီတော့ နွားမအတွက် မြက်လိုလာပြန်ရော။ ရွာသားတွေကလည်း နွားအတွက် မြက်ခင်းလုပ်ပေးရပြန်ပါတယ်။ နောက်တခါ နွားတွေ ပေါက်ပွားလာပြန်တော့လည်း နွားတွေကို စောင့်ရှောက်ထိန်းကျောင်းဖို့ လူတယောက် လိုလာပြန်ပါတယ်။ ဒါနဲ့ သူ့အတွက် မိန်းမတယောက် ရှာပေးရပြန်ပါတယ်တဲ့။ ဆရာရသေ့ကြီးက အစမ်းသဘော သတ်မှတ်ထားတဲ့ နှစ်ရောက်လို့ တောစပ်ကို ထွက်လာပြီး ကြည့်လိုက်တဲ့အခါ မူလနေရာမှာ အိမ်ရာ၊ လယ်မြေ၊ ကျွဲနွားတိရစ္ဆာန်၊ ကလေးသူငယ်တွေနဲ့အတူ သူ့တပည့်ကို လူဝတ်ကြောင်အဖြစ်နဲ့ ပြန်တွေ့လိုက်ရပါတော့ တယ်တဲ့။ ပုံပြင်ရဲ့လိုရင်းကတော့ ဒါပါပဲ။

တော်လှန်ရေးထဲက ဥစ္စာဓနမက်မောတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်တဲ့အခါ သူတို့တတွေ မူလက ပြောခဲ့တဲ့၊ သန်း (၄၀) ပြည်သူအတွက်တို့၊ မိမိအမျိုးသားလွတ်မြောက်ရေးတို့၊ ဘာပြည်၊ ညာပြည်ရရှိရေးတို့ ဆိုတာတွေနဲ့ ပတ်သက်လို့ “အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေလား’ လို့ ဆိုနေပုံရပါတယ်။

တကယ်အရင်းစစ်ကြည့်လိုက်ရင် တော်လှန်ရေးသမားနဲ့ တောပုန်းဓားပြရဲ့ကြားမှာ ခြားထားတဲ့ စည်းကတော့ တော်လှန်ရေးအသိရယ်၊ အဲဒီတော်လှန်ရေးအသိက လမ်းညွှန်ပြထားတဲ့ တော်လှန်ရေးလုပ်ဆောင်ချက်ပါပဲ။ အများပြည်သူတွေ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေးပါပဲ။ ဖိနှိပ်သူဆိုတာ ဘယ်လူမျိုးကပဲ ဖိနှိပ်ဖိနှိပ်၊ မိမိအမျိုးသားချင်းပဲ ဖိနှိပ်ဖိနှိပ် အတူတူပါပဲ။ လူမျိုးတမျိုးရဲ့ ဖိနှိပ်မှုကို မိမိလူမျိုးထဲက လူတန်းစားတစားရဲ့ ဖိနှိပ်မှုနဲ့ အစားထိုးတာကို တော်လှန်ရေးလို့ မခေါ်နိုင်ပါဘူး။ တချိန်တည်းမှာပဲ မိမိအမျိုးသားကို မိမိကိုယ်တိုင်က ဖိနှိပ်နေပြီး တခြားလူမျိုးရဲ့ ဖိနှိပ်မှုကိုသာ လက်ညှိုးထိုးပြနေရုံနဲ့ မိမိပြည်သူက မိမိကို ထောက်ခံမှာ မဟုတ်တာကတော့ သေချာပါတယ်။

လက်ရှိ မြင်နေရတဲ့အတိုင်းပါပဲ။ ရန်သူက သူ့နည်းသူ့ဟန်နဲ့ သူ့အင်အားကို ကြီးထွားအောင် လုပ်နိုင်ခဲ့ပေမယ့် မိမိမှာတော့ မိမိအင်အားကြီးထွားအောင် မလုပ်နိုင်ခဲ့ဘူးဆိုတာ အခု လယ်ပြင်မှာ ဆင်သွားသလို မြင်နေရတယ် မဟုတ်ပါလား။ မိမိဘာတွေလုပ်နေမိသလဲ၊ မိမိရဲ့ လုပ်ရပ်တွေကကော မိမိအကျိုးစီးပွားအတွက်လား မိမိပြည်သူအတွက်လား ဆိုတာကို ပြန်သုံးသပ်မှသာ တော်လှန်ရေးလမ်းကြောင်းမှန်ပေါ် ရောက်မှာပါ။ တော်လှန်ရေးလုပ်နေပါတယ်လို့ပြောပြီး ဥစ္စာဓန မက်မောသူတွေကို တော်လှန်ရေးသမားလို့ ခေါ်နိုင်မှာတဲ့လား။

တောတွင်းတော်လှန်ရေးသမားတွေဆိုတာ လက်နက်ကိုင်ပြီး မိမိနယ်မြေက ပြည်သူတွေကို အုပ်ချုပ်နေကြ ရသူတွေပါ။ ကျနော် တွေ့ဖူးကြုံဖူးခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် တောတွင်းလက်နက်ကိုင် တယောက်ဟာ တော်လှန်ရေးဆိုတာဘာလဲ ဆိုတာကို နက်နက်နဲနဲ နားမလည်ရင် (ဆိုလိုတာက တော်လှန်ရေးဆိုတာ ရန်သူဘက်လှည့်ပြီး သေနတ်ပစ်ဖောက်တာ လောက်ပဲ ဆိုတာလောက်သာ နားလည်ထားခြင်းပါပဲ) သို့မဟုတ် နားလည်အောင် ပညာမပေးရင် သို့မဟုတ် အများပြည်သူအပေါ် လက်နက်အားကိုးနဲ့ အနိုင်မကျင့်နိုင်အောင် တင်းကျပ်တဲ့ စည်းကမ်းနဲ့ဖြစ်စေ၊ ဖန်တီးထားတဲ့ အခြေအနေတရပ် (ဆိုလိုတာက ပြည်သူကို အာဏာအပ်နှင်း ထားတဲ့ စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်ရေး) နဲ့ဖြစ်စေ ထိန်းချုပ် ချွန်းအုပ်မထားရင် အဲဒီလက်နက်ကိုင်ကို တောပုန်းဓားပြ တယောက်လို့သာ ဆိုနိုင်ကြောင်းပါ။
ခေတ်ပြိုင်ဝဘ်ဆိုက်မှ

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Aung San Suu Kyi (File photo)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ရုံးတင် တရားစွဲဆိုနေတဲ့ အမှုအတွက် နောက်ဆုံးစီရင်ချက်ကို လာမယ့် သောကြာ၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ ချမှတ်တော့မှာ ဖြစ်ပါတယ်။


ငွေစက္ကူအဟောင်းများ လဲပေးတော့မည်

မြန်မာနိုင်ငံတွင် လက်ရှိ သုံးစွဲနေသော ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို ဗဟိုဘဏ်များက လဲလှယ်ပေး တော့မည်ဟု မြန်မာနိုင်ငံတော် ဗဟို ဘဏ်လုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူ

ဗိုလ်ချုပ်မှူးကြီး၏သားက လုပ်ငန်းကြီးတခုကို သိမ်းပိုက်

ရန်ကုန်မြို့ ဗားကရာ ဆိပ်ကမ်းရှိ သစ်အတင်အချ လုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်း တခုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သား ဦးကြိုင်ဆန်းရွှေက လုယူခဲ့ကြောင်း သိရသည်။

အိန္ဒိယကြက်သွန်နီ မြန်မာပြည် တင်သွင်းမည်

ကြက်သွန်နီဈေး အဆမတန်ကြီးမြင့် လာခြင်းကို ဖြေရှင်းရန် ဈေးသက်သာသည့် အိန္ဒိယနိုင်ငံထွက် ကြက်သွန်နီများအား ပြည်တွင်းသို့ တင်သွင်းရောင်းချ ရေးအတွက် စီစဉ်နေကြောင်း

ယုံကြည်ချက်သံတမန်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် ယုံကြည်ချက် သံတမန် (Ambassador of Conscience) ဆုကို ပေးအပ် ချီးမြှင့် လိုက်ကြောင်း နိုင်ငံတကာ

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတော့မည်
မင်းနိုင်သူ / ၂၈ ဇူလိုင် ၂၀၀၉

“အဲဒီထပ်တိုးသက်သေနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်ရှေ့နေတွေ အကျဉ်းချုပ် လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ တရားရုံးက ဒီသက်သေဟာ အစိုးရအဖွဲ့က အဆုံးအဖြတ်ပြုပြီးသား ကိစ္စဖြစ်နေတယ်။ အတည်ဖြစ်နေတယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုပြီး ...”အပြည့်အစုံသို့
မန္တလေးမြို့အတွင်း စစ်တပ်များ နေရာယူထား

မင်းနိုင်သူ / ၂၈ ဇူလိုင် ၂၀၀၉ “ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချကိုချမယ်လို့ ပြလိုက်တဲ့သဘောပဲဗျ။ ကျနော်တို့ မြို့ခံတွေက အဲလိုပဲ ယူဆတယ်။ ထောင်ချလိုက်လို့ လူထုက ....”အပြည့်အစုံသို့

မယ်လစခန်းတွင် ယခင်နှစ်ထက် တုပ်ကွေးရောဂါ အဖြစ်များလာ

စောသိန်းမြင့် (ကေအိုင်စီ)

ဇူလိုင်လ ၂၈၊ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက် ၄၅ကီလို အကွာအဝေးတွင် ရှိသည့် မယ်လ ဒုက္ခသည် စခန်းတွင် ယခုနှစ် ဇူလိုင်လ အတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်ထက် ပိုမို များပြားလာသည်ဟု စခန်းဆေးရုံအုပ် စောနေစဲန်က ကေအိုင်စီကို ပြောသည်။

အျပည့္အစုံသိုႛ ...

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြား ...

ဒုက္ခဆိုတာ ဘဝမလှသူတွေအတွက်

နို့ဖိုးတောင်ကုန်းပေါ်ကနေ လှမ်းကြည့်ရင် တိမ်တွေကြားက ဖောက်ထွက်လာတဲ့ နေမင်းကြီးရဲ့ အလင်းရောင်က တောတောင်တခုလုံး ဖြာကျနေတယ်။ အခုလို မိုးတွင်းဆိုရင် တောတောင်ကို...

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယသို့ ခရီးစဉ် မှတ်တမ်း (လျှို့ဝှက်ဖိုင်တွဲ)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယသို့ ခရီးစဉ် မှတ်တမ်း (လျှို့ဝှက်ဖိုင်တွဲ)


ဒေါ်စု တရားဆိုင်နေချိန်တွင် ထောက်ခံသူများက စုဝေး ဆန္ဒပြကြ (ဗီဒီယို)

ဒေါ်စု တရားဆိုင်နေချိန်တွင် ထောက်ခံသူများက စုဝေး ဆန္ဒပြကြ (ဗီဒီယို)

အင်းစိန်ထောင်ရှေ့ လုံခြုံရေးလျော့ချ

ဒေါ်စုအမှုအတွက် သူ၏ရှေ့နေများက အစိုးရရှေ့နေ၏ လျှောက်လဲချက်များကို ပြန်လည်ရှင်းလင်းချေပသည့် ယနေ့တွင် အင်းစိန်ထောင်ရှေ့ လုံခြုံရေးများ ယမန်နေ့ထက် လျော့နည်းသွား ......

more


more

လွိုင်ကော်ထောင်မှ တိုင်းရင်းသား လူငယ်ခေၝင်းဆောင်များကို ရပ်ဝေးပိုႛ