10.10.2008

အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး

မနေ့က အမေရိကန် အစုရှယ်ယာဈေးကွက် ဒေါင်းဂျုန်းစ် (Dow Jones) အညွန်းကိန်း
၇% အထိ ကျဆင်းခဲ့သလို ဥရောပဈေးကွက် ပိတ်ချိန်မှာလည်း ၂.၅% အထိ ရှယ်ယာ
ဈေးတွေ ကျဆင်းခဲ့ပါတယ်။

ဒီလို စီးပွားရေးအခြေအနေ ကမောက်ကမဖြစ်နေတာကြောင့် သမ္မတဘုရှ်က ဒီနေ့
ကြေညာချက်တစောင် ထုတ်ပြန်ဖို့ရှိပါတယ်။

ဘဏ္ဍာရေးစနစ်ကြီးတည်ငြိမ်အောင် စီးပွားရေးရာ တာဝန်ခံတွေက ဖိဖိစီးစီး အရေး
တယူ ဆောင်ရွက်နေကြတာမို့ အမေရိကန်လူထုအနေနဲ့ ယုံကြည်မှု ရှိသင့်ကြတဲ့
အကြောင်း၊ ငွေချေးစနစ် အကျပ်အတည်းလျော့အောင် ဘဏ္ဍာရေးဌာနက အမြန်ဆုံး
လှုပ်ရှားနေပြီဖြစ်ကြောင်း သမ္မတဘုရှ်က လူထုကို စိတ်ချရအောင် ရှင်းပြရမှာဖြစ်တယ်
လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဒေနာ ပရီနို (Dana Perino) က ပြောဆိုလိုက်
ပါတယ်။

အိုင်အမ်အက်ဖ်ခေါ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ဒေါမနစ် စထရပ်စ်
ခန်း (Dominique Strauss-Kahn) ကလည်း ကမ္ဘာကြီးဟာ စီးပွားရေး ကျဆင်းလုနီးပါး
အခြေစိုက်နေပေမယ့် ၂၀၀၉ ခု နှစ်ကုန်ပိုင်းမှာ ပြန်ပြီး နာလန်ထူလာလိမ့်မယ်လို့
မနေ့က ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ထိန်းဖို့အတွက် နိုင်ငံအားလုံး အတူတကွ ပူးပေါင်းကြဖို့
လိုကြောင်း ဒီသီတင်းပတ်ထဲမှာ ကမ္ဘာ့ဗဟိုဘဏ်ကြီးတွေက အတိုးနှုန်းလျှော့ချတာကို
ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြတာဟာ နမူနာကောင်းတခုဖြစ်တယ်လို့
အိုင်အမ်အက်ဖ် ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ စောင့်ရှောက်ခံ ဒုက္ခသည် သုံးပုံတပုံ အခြေခံလိုအပ်ချက် မပြည့်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ယူစောင့်ရှောက်တဲ့
မြန်မာနိုင်ငံအပါအ၀င် ဒုက္ခသည်တွေနဲ့ တခြားသူတွေရဲ့ သုံးပုံတပုံလောက်ဟာ သူတို့မှာ
တကယ်လိုအပ်နေတဲ့ အခြေခံထောက်ပံ့မှုတွေကို မရရှိကြတာ တွေ့ရှိတယ်လို့ အစီရင်
ခံစာ ပေါ်ထွက်လာပါတယ်။
ဒီနှစ်ထဲမှာ နိုင်ငံ ၈ နိုင်ငံဖြစ်တဲ့ ကင်မရွန်း၊ အီကွေဒေါ၊ ဂျော်ဂျီယာ၊ ရ၀မ်ဒါ၊ ထိုင်း၊
တန်ဇန်းနီးယား၊ ယီမင်နဲ့ ဇမ်ဘီယာနိုင်ငံတွေမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီး (ယူအန်အိတ်ခ်ျစီအာ) ရုံးက သွားရောက်ကွင်းဆင်း လေ့လာပြီးမှ ဒီအစီ
ရင်ခံစာကို ပြုစုခဲ့တာလို့ ဗွီအိုအေသတင်းထောက် လီဆာ ရှလိုင်းက ပြောပါတယ်။

ဒုက္ခသည်စခန်းထဲမှာ နေထိုင်တဲ့သူတွေ၊ ဒုက္ခသည်စခန်းမှာ စာရင်းသွင်းပြီး မြို့ပေါ်မှာ
နေထိုင်နေကြတဲ့သူတွေ အပါအ၀င် နိုင်ငံမဲ့နေသူတွေ၊ နိုင်ငံရင်းကနေ အိုးပစ်အိမ်ပစ်
ထွက်ပြေးနေကြသူတွေအားလုံးကို စုံစမ်းမေးမြန်းတဲ့အခါ ဒုက္ခသည် ကူညီ
စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ဆောင်ရွက်နေကြသူတွေဟာ သူတို့တွေ့ကြရ
မယ့်၊ ကြုံကြရမယ့်ကိစ္စတွေအတွက် တအံ့တသြ ဖြစ်ကြပြီး အဲဒီအတွက် သူတို့မှာ
ပြင်ဆင်ထားတာ မရှိကြဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
ပြောခွင့်ရအမျိုးသမီး ဂျနီဖာ ပါဂိုနစ် (Jennifer Pagonis) က ပြောပါတယ်။

"ဒုက္ခသည်တွေ တကယ်လိုအပ်နေတဲ့အရာ ၃၀% လောက်ကို မရရှိဘူးဆိုတာ ကျမ
သိလိုက်ရတော့ တော်တော်လေး အံ့သြ တုန်လှုပ်ခဲ့ရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊
နေ့စဉ် ကိုယ်လက်သန့်ရှင်းမှု၊ အညစ်အကြေးစွန့်မှုအတွက် လိုအပ်သမျှတွေပေါ့။
ဒီလောက် အခြေခံကျတဲ့ ကိစ္စလေးတွေတောင်မှ အထောက်အပံ့မရကြတော့ ဒုက္ခသည်
တွေရဲ့ဘ၀ဟာ သိပ်ကို ဆိုးဝါးလှပါတယ်။"

မြို့ပေါ်က ဒုက္ခသည်တွေထက်စာရင် စခန်းတွေမှာနေထိုင်ကြတဲ့ ဒုက္ခသည်တွေမှာ ပိုပြီး
လုံခြုံတဲ့ ပတ်ဝန်းကျင်အနေအထား ရှိတယ်လို့လည်း မစ္စပါဂိုနစ်က ဆိုပါတယ်။
ဒါပေမယ့်လည်း မြို့ပေါ်မှာနေကြတဲ့ ဒုက္ခသည်တွေအပေါ် စိုးရိမ်ပူပန်ရမှုတွေကတော့
တမျိုးတဘာသာပါ။ ဒီဒုက္ခသည်တွေဟာ တိုက်ခန်းနဲ့ဘာနဲ့ နေကြရတာတော့ အမှန်ပါ။
ဒါပေမယ့် တရားဝင်နေထိုင်ကြတာမဟုတ်လို့ သက်ဆိုင်ရာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး
အာဏာပိုင်တွေရဲ့ အဖမ်းအဆီးခံကြရမှာ၊ နေရင်းနိုင်ငံတွေကို ပြန်ပို့ခံကြရမှာတွေကို
အမြဲပူပန်နေရပြီး မြို့ပြမှာနေတဲ့ ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) ရဲ့ တရားဝင် အကာအကွယ်ပေး စောင့်ရှောက်
မှု ပိုပြီးလိုအပ်နေပါတယ်လို့လည်း မစ္စပါဂိုနစ်က ရှင်းပြပါတယ်။

၁၉၉၀ ခုနှစ်တွေထဲက ဂျော်ဂျီယာရဲ့ ခွဲထွက်ဒေသတွေဖြစ်တဲ့ တောင်အိုဇက်စတီးယားနဲ့
အက်ဘ်ခါဇီးယား နယ်မြေတွေက ဒုက္ခသည်တွေ၊ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြ
ရသူတွေ သိန်းနဲ့ချီရှိနေပြီး ဒီဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းရယ်လို့ ကျကျနနမရှိဘဲ
ဒုက္ခသည်စုဆောင်းရေးဌာနတွေမှာ အခုထိနေထိုင်နေကြရပုံကိုလည်း မစ္စပါဂိုနစ်က
အခုလို ဆက်ပြောပြပါတယ်။

"ဒုက္ခသည်စုဆောင်းရေးဌာနတွေမှာ နေမှုထိုင်မှု အခြေအနေတွေဟာ အံ့သြဖို့ကောင်း
လောက်အောင်ကို တုန်လှုပ်ချောက်ချားစရာ အခြေအနေတွေလို့ပဲ ပြောပါရစေတော့
ရှင်။ အခြေခံအကျဆုံး လူတယောက်အတွက် လိုအပ်ချက်ဖြစ်တဲ့ သောက်ရေ၊ သုံးရေ
မရှိ၊ မိလ္လာစနစ်ဆိုတာကတော့ ဝေလာဝေး၊ နေကြထိုင်ကြရတာကလည်း တကယ့်ကို
ကျင်းခလုပ်တွေပါ။

"အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ သားသမီး၊ မြေးတွေအားလုံး အခန်းလေးတခုထဲမှာ စုပြီး
တော့ ပြွတ်သိပ်နေကြရပါတယ်။ အကျိုးဆက်အဖြစ် အခန်းကျဉ်းလေးထဲမှာ မျိုးဆက်
သုံးစုစာ မိသားစုမှာ အချင်းချင်းတင်းမာမှုတွေ ပိုများလာပါတယ်။ ကလေးတွေက
ကျောင်းမသွားကြဘူး၊ ရေမရှိလို့၊ ညစ်ပတ်လို့ ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေက
လည်း ရှင်းလို့ကို မနိုင်နိုင်အောင်ပါပဲ။"

ပြီးခဲ့တဲ့ဇွန်လကမှ အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ကို
ရောက်ရှိလာခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် အုန်းဖျန် ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရသူ
ကိုနေကော်က နာဂစ်မုန်တိုင်းအပြီး ဒုက္ခသည်တွေ သူတို့စခန်းကို ရောက်လာတဲ့
အတွက် ကြုံရတဲ့ အတွေ့အကြုံကိုလည်း ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"မြစ်ဝကျွန်းပေါ် နာဂစ်မုန်တိုင်းနဲ့ပတ်သက်ပြီး လူသစ်တွေ တော်တော်များတယ်။
သူတို့က မြစ်ဝကျွန်းပေါ်မှာ လုံးဝ အခြေချနေထိုင်လို့ မရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့
ထွက်လာကြတာပဲ။ ပျှမ်းမျှခြင်း ထောင်ဂဏန်းတော့ ကျော်မယ်ထင်တယ်။
ရောက်တော့လည်း ပလာက အရမ်းအ၀င်မခံဘူး၊ ထိုင်းလုံခြုံရေးပေါ့၊ ပုလိပ်ခေါ်မယ်
ထင်တယ်။

"ယူအန်အိတ်ခ်ျစီအာကတော့ ချပေးတဲ့ပမာဏအပေါ်မှာ နည်းနည်းတော့ အခက်အခဲ
ရှိတယ်။ ကျနော်တို့က စာပြန်တင်ရတယ်၊ အဆင့်ဆင့်ပေါ့။ ရုံးအဆင့်ဆင့်တင်တဲ့နေရာ
မှာ အပေါ်ကိုမရောက်တော့ လောလောဆယ် ရောက်လာတဲ့လူသစ်တွေက နည်းနည်း
တော့ အခက်အခဲရှိတာပေါ့။"

ဒုက္ခသည်တွေအနေနဲ့ သူတို့ ဒုက္ခသည်အဖြစ် ရပ်တည်ရေး နိုင်ငံရေးခိုလှုံခွင့်စနစ်တွေ၊
ဒုက္ခသည်မှတ်ပုံတင်ရေးလုပ်ငန်း၊ စာရွက်စာတမ်း ပြုစုရေးလုပ်ငန်းနဲ့ နယ်စပ်တွေမှာ
စောင့်ကြည့်ရေးလုပ်ငန်းတွေပါ ပါဝင်ပြီး ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်
ဖို့နဲ့ အမျိုးသမီးတွေအပေါ် လိင်မှုဆိုင်ရာ အကြမ်းဖက်မှု အပါအ၀င် တခြား အကြမ်းဖက်
တာတွေ မကျရောက်ရအောင် စွမ်းအားမြှင့်လုပ်ဆောင်ရမယ်လို့ မစ္စပါဂိုနစ်က ပြောပြ
သွားပါတယ်။
နိုင်ငံတကာဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ယူအန်အိတ်ခ်ျစီအာ
အနေနဲ့ အလှူရှင်နိုင်ငံကြီးတွေထံမှာ အမေရိကန်ဒေါ်လာ ၆၃ သန်း ၅ သိန်းကို တင်ပြ
တောင်းခံထားတယ်လို့ မစ္စပါဂိုနစ်က ပြောပြသွားပါတယ်။

10.09.2008

Appeal against Suu Kyi’s Detention Handed in at Naypyidaw ဒေါ်စု လွတ်မြောက်ရေး နေပြည်တော်မှာ အယူခံတင်

A legal representative of Burma’s detained opposition leader Aung San Suu Kyi handed in to the military government in Naypyidaw on Wednesday a formal appeal against the latest extension of her house arrest.

Suu Kyi’s lawyer, Kyi Win, told The Irrawaddy on Thursday that the appeal had been handed in personally by his assistant, Hla Myo Myint.

The government had given no indication when the appeal would be heard in court, Kyi Win said. “But we are hoping for a positive outcome.”

Suu Kyi’s latest five-year term of house arrest was extended in May for a further year—illegally, according to Kyi Win, because article 10 (b) of the Burmese State Protection Law 1975 stipulates that a person judged to be a “threat to the sovereignty and security of the State and the peace of the people” can only be detained for up to five years.

Suu Kyi has spent more than 13 years of the past 19 years confined to her Rangoon home.

Kyi Win said he planned to meet Suu Kyi soon to discuss the appeal.

Suu Kyi has reportedly been in poor health recently. She refused for about one month to accept deliveries of food and other household supplies at her home in what was seen as a protest against her continuing house arrest. Last week, she was visited by an eye specialist, Dr Kan Nyunt, and her personal physician, Dr Tin Myo Win.

At a Geneva press conference earlier this month, a UN High Commissioner for Human Rights official, Navanethem Pillay, expressed concern about Suu Kyi’s continuing detention and urged the regime to free her and all other political prisoners.

Suu Kyi had “in fact served a sentence that far exceeds that served by many hardened criminals,” Pillay said.

Pillay welcomed the recent release of seven political prisoners, but said it was a very small step when more than 2,000 political activists were still detained. “I urge the government to release them all as soon as possible,” she said.

ဒေါ်စု လွတ်မြောက်ရေး နေပြည်တော်မှာ အယူခံတင်

အောက်တိုဘာ ၉၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သောအယူခံလွှာကို ယနေ့တွင် နေပြည်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။

ယင်းအယူခံလွှာအား နံနက်ပိုင်းတွင် အစိုးရအဖွဲ့က လက်ခံထားလိုက်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

“အယူခံလွှာကတော့ ကျနော့် လက်တွဲဖက် ရှေ့နေဦးလှမျိုးမြင့်က နေပြည်တော်မှာ ဒီနေ့ မနက်က တင်လိုက်ပါပြီ၊ အစိုးရ အဖွဲ့ကလည်း လက်ခံထားလိုက်ပြီ၊ နောက်တခါ ဒီဘက်က ပြည်ထဲရေးဗဟိုအဖွဲ့ ဆိုတာ ရှိတယ်၊ တရားပြိုင်ပေါ့၊ သူတို့က လည်း လက်ခံထားလိုက်တယ်၊ လျှောက်လွှဲချက် ဘယ်နေ့ပေးရမလဲ ဆိုတာ ရက်စွဲတော့ မပေးသေးဘူး”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါအယူခံလွှာသည် ပြည့်ပြည့်စုံစုံပါရှိသည့်အတွက် စိတ်ကျေနပ်မှုရှိကြောင်း၊ အယူခံလွှာနှင့် ပတ်သက် ၍ဖြစ်ပေါ်လာ မည့် အကျိုးသက်ရောက်မှု အသေးစိတ်ကို ဖြေဆိုခြင်းမပြု သော်လည်း အယူခံလွှာအား အတည်ပြုရန် မျှော်လင့်ထား ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ၍တွေ့ဆုံနိုင်ရန်အတွက် လာမည့် သောကြာနေ့တွင် အာဏာပိုင်များထံ စာရေး၍ ခွင့်တောင်းရန်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

၎င်းအယူခံလွာနှင့်ပတ်သက်၍ ယခင်က ရှေ့နေကြီးများဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့် တို့က လိုက်ပါဆောင်ရွက်ရန် စီစဉ်ထားသော်လည်း စစ်အစိုးရက တားမြစ်သည့်အတွက် ဦးဥာဏ်ဝင်းမှာ လိုက်ပါ ဆောင်ရွက်နိုင် ခြင်းမရှိတော့ကြောင်း သိရသည်။

“အခုအမှုမှာ ဦးဥာဏ်ဝင်းက ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘူး၊ သူက အန်အယ်လ်ဒီ ပါတီဝင်ဖြစ်နေတယ်၊ တားဆီးမိန့် ၁၀(ခ)မှာ တခုပါတာက သံရုံးကပုဂ္ဂိုလ်တွေ၊ ပါတီကပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မှုမရှိရဘူး၊ အဲဒီအတွက် အားလျော့သွား တာပေါ့”ဟုလည်း ဦးကြည်ဝင်းက ဆက်လက်ပြောဆိုသည်။

ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်၍ ဥပဒေကြောင်းရ အယူခံဝင် ရန်အတွက် ဦးကြည်ဝင်းနှင့် လက်ထောက် ရှေ့နေ ဦးလှမျိုးမြင့်တို့ ၂ ဦးကသာ ဆက်လက် တာဝန်ယူ ဆောင်ရွက်သွား ကြမည်ဖြစ်သည်။

အယူခံလွှာကိစ္စနှင့် ပတ်သက်ပြီး ရှေ့နေကြီးဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ သည်မှာ ၅ ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။

အဆိုပါအယူခံလွာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံးဝင် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်းအတွက် လက်ထောက်ရှေ့နေ ထပ်မံဌားရမ်းခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီ ဖြစ်သော်လည်း
စစ်အစိုးရက ယခုနှစ်မေလတွင် အကျယ်ချုပ်သက်တမ်း ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

The other side of ‘Refusal of the national hostage’ အမျိုးသားဓါးစာခံရဲ့ငြင်းပယ်မှု၏အခြားတဘက်

The media has been seriously infected with a neo-virus – PSY-OP2008 originated from SPDC of Burma since August 20, 2008. Many people around the world have been affected uneasily.

The excerpt of the news release appeared in the mouthpiece of the spdc on August 24, 2008 stated as- On the 20th, according to the schedule of Mr. Garnbari's visit in Myanmar, he has arranged to meet Daw Aung San Su Kyi at 10:00 am but Daw Aung San Su Kyi refused the appointment. Therefore, Mr. Gambari tried to get an appointment by sending a personal letter to Daw Aung San Su Kyi through officials concerned. However, she didn’t receive the letter and there was no reply. From 10:30 to 11:40 hrs, officials tried to inform that they want to send personal letter of Mr. Gambari by using the speaker at the backyard gate of Daw Aung San Su Kyi's residence. From 10:45 to 10:55 hrs, they also informed that they want to give Mr. Gambari’s letter and if not able to receive the letter, it will be stuck on the gate wall. At 14:40 hrs, officials left the letter at the gate.

On the 22nd, with the request of Mr. Gambari who wanted to try again for the appointment, two members of Mr. Gambari, Mr. Erwan Pouchous and Ms. Hua Jiang together with U Soe Win, Deputy Director-General of the Ministry of Foreign Affairs and Police Col. Win Naing Tun of Myanmar Police Force visited Daw Aung San Su Kyi's residence, at 07:50 hrs. They tried to make contact by repeatedly informing the visit of two members of Mr. Gambari in front of her residence gate from 08:00 to 08:25 hrs. But there was no response. Despite Mr. Gambari's second attempt, he therefore didn't have a chance to meet Daw Aung San Su Kyi. However, Mr. Gambari tried to meet Daw Aung San Su Kyi, there was no response and he could not meet her on that day. (Excerpts from The New Lights of Myanmar 24-Aug-2008 and MRTV-3 news) It Is not uncommon that the official media of spdc presents news and articles of propaganda for good for the regime and for disgrace for oppositions.

Who told that Daw Aung San Su Kyi (DASSK) refused to see or accept Mr. Gambari? So far, only the official source of the spdc has released the information.

Who arranged the meeting for DASSK and Mr. Gambari? Only the assigned personnel with permission of the spdc members.

Who can grant permission to go inside the compound of DASSK’s residence to see her? Only the assigned personnel allowed by the spdc members can; without their permission one who dares to do is automatically designated as a betrayer.

DASSK is a detained person under heavy security, surveillance and guards. She cannot do anything as she wishes because she has been imprisoned under house arrest. The chance to meet, to talk and deal with DASSK is manipulated only by the very high authorities with permission of the spdc members. The residence is really owned by DASSK’s family but under the surrogated guardian – spdc, the national kidnappers; without their permission nothing can be dealt for the national hostage – DASSK.

Is it the proper and decent dealing with the respectful national and Asian heroine by calling out by the backyard gate using the speaker from outside? It is no need for the concerned persons to call out DASSK from the gate to deliver the letter or information as they can get proper permission from the very high authorities for reaching DASSK personally according to the proper procedure. It is not necessary for the concerned persons to stick the letter at the gate; if they have the strong will the letter can be reached to DASSK by the proper mean with the grant of the higher authorities. However, the spdc members deliberately and intentionally want to create the situation as such for propaganda of that DASSK is ignoring the request of Mr. Gambari and undermining the prestige of the UN special envoy. DASSK can do nothing without permission except sitting and waiting to be contacted as the detained hostage.

Here the following queries are raised and have to be judged for answers.

Did DASSK actually know the meeting with Mr. Gambari? (Who can guarantee that DASSK got the prior notification for the meeting with Mr. Gambari)

Had DASSK been well informed for the prepared meeting? (How can we know whether the authorities honestly and officially notify DASSK for meeting with the special UN envoy or not)

Did the authorities really arrange to take DASSK for the meeting with Mr. Gambari? (Just for show jobs, the authorities may send a vehicle with official/s to DASSK’s residence for transport with the instruction not to contact anyone including DASSK just entering and waiting; so how did DASSK know the vehicle is for what purpose; after some hours the vehicle got out of the compound without DASSK as instructed}

Did DASSK really refuse to meet the UN special envoy? ( Only DASSK can give the correct answer )

Is there any eyewitness to testify that DASSK has voluntarily turned down the appointment? ( very doubtful )

Is there any record of verbal or written evidence for DASSK’s refusal? ( If the concerned authorities are sincere they will make record for evidence )

Was DASSK given the letter of Gambari? (How can we prove whether the letter was given to DASSK)

If the answers are ‘NO’, the other side of the refusal of DASSK will be assessed with common sense. The right answers can be released by only one person – the national hostage.

The information for the refusal of DASSK to meet Mr. Gambari will reflect the consequences –

*DASSK is a villain for the process of Burmese democracy

*DASSK is a rude fellow ( commented by one of the Japanese diplomats – Jarry Largen’s "It's un-Asian to let the envoy wait in vain for her to show up," said a Japanese diplomat, who closely follows Burma."It seems unusually rude, to the extent that it gives the impression of being insensitive." It will only serve to further undermine Mr. Gambari's credibility and strengthen the regime's belief that she is ill-tempered and uncompromising, the diplomat added. August 21,2008){ the diplomat has been infected with neo-virus PSY-OP2008 and fallen in the trap of spdc - author }

*DASSK is not cooperated with the UN good office

The information has been manipulated by the spdc’s members performing psychological operation with PSY-OP2008 neo-virus to defame DASSK, to destroy the image of the NLD, to get the upper hand in the political atmosphere of Burma, to lure UN, Asean and regional countries for supporting their road map.

The spdc’s leader Than Shwe is the champion of the psychological operation as career and the Liaison minister Aung Kyi is the master of brain-wash program for military personnel.

The spdc has tried for assassination of DASSK and NLD leaders at the corner near her compound in November 11, 1996, and in the Deparin crisis in May 30, 2003. Those are the assassination of life of the Burmese charisma. Now the spdc has plotted the assassination of fame, prestige and dignity of the Nobel peace laureate.

In accordance with the recent development of the mission of the UN and the special envoy everyone can wisely comment that Mr. Gambri et al squeeze milk from the horn. UN and Mr. Gambari has been fallen in the SPDC’s trap.

Dr. Maung Maung Hla Kyaing




အမျိုးသားဓါးစာခံရဲ့ငြင်းပယ်မှု၏အခြားတဘက်


၂၀၀၈ သြဂုတ်လ ၂၀ ရက်နေ့ မှစ၍ သတင်းလောကသည် မြန်မာ့နအဖကအခြခံဖန်တီးလိုက်သော PSY-OP2008 ဟူသောဗိုင်း ရပ်စ်ပိုးအသစ် ကူးစက်ခံနေရသည်။ ကမ္ဘာတလွှားမှပြည်သူအများ မသက်မသာခံစားနေကြရပါသည်။


သြဂုတ်လ ၂၈ ရက်နေ့ ထုတ် နအဖအာဘော်ဖြစ်သည့် သတင်းမီဒီယာများတွင် ရေးသားချက်များ၏ကောက်နှုတ်ချက်များက ဤသို့ ဖော်ပြထားပါသည်။ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ မစ္စတာဂမ်ဘာရီလာရောက်လည်ပတ်သည့်အစီအစဉ်အရ နံနက် ၁၀ နာရီ၌ ဒေါ် အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း ချိန်းဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ပါသည်။ ထို့အတွက် မစ္စတာ ဂမ်ဘာရီက တွေ့ဆုံနိုင်ရေးကြိုးစားရန်သက်ဆိုင်ရာအရာရှိများမှတဆင့် ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေး စာတစောင် ပေးပို့ ခဲ့ပါ သည်။ သို့ သော် သူကစာကို လက်မခံပဲ အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါ။ ၁၀၃၀ မှ၁၁၄၀ အတွင်း အရာရှိများ က မစ္စတာ ဂမ်ဘာရီ၏ ပုဂ္ဂိုလ်ရေးစာကို သူတို့ ပေးလိုကြောင်း ဒေါ်စုအိမ်၏အနောက်ဘက်ခြံမှ လော်စပီကာအသုံးပြုပြီးအော်ကာ အကြောင်းကြား လျက် အကယ်၍ စာကိုလက်ခံနိုင်စွမ်းမရှိလျှင် စာကို ဂိတ်နံရံတွင်ကပ်ထားခဲ့မည်ဟု အော်ပြောခဲ့ပါသည်။ ၁၄း၄၀ နာရီတွင် အရာရှိများ က စာကို ဂိတ်တွင်ထားခဲ့ပါသည်။


၂၂ ရက်နေ့တွင် တွေ့ဆုံရန်ထပ်မံကြိုးစားလိုသည့် မစ္စတာဂမ်ဘာရီ၏တောင်းဆိုမှုအရမစ္စတာဂမ်ဘာရီ၏အဖွဲ့ဝင်နှစ်ဦးဖြစ်ကြသော မစ္စတာအာဝမ်ပေါင်ချိုးစ်နှင့်မစ္စ ဟွာချိယန်တို့သည် နိုင်ငံခြားရေးဝန်ကြီးဌာနလက်ထောက်ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ မြန်မာ့ရဲ တပ်ဖွဲ့ မှရဲမှူးကြီးထွန်းနိုင်ဝင်းတို့နှင့်အတူ ဒေါ်စု၏အိမ်သို့ ၀၇း၅၀ နာရီကသွားရောက်ခဲ့ကြပါသည်။ သို့ရာတွင် တုန့်ပြန်မှုတစုံတရာ မရှိခဲ့ပါ။ သူတို့သည် ဒေါ်စု.ခြံဂိတ်ဝရှေ့ဝမှ ၀၈း၀၀ မှ ၀၈း၂၅ နာရီအထိ မစ္စတာဂမ်ဘာရအဖွဲ့ဝင်နှစ်ဦးလာရောက်လည်ပတ် ကြောင်းကို ထပ်ခါ တလဲလဲသတင်းပို့ရင်းအကြောင်းကြားခဲ့ကြပါသည်။ မစ္စတာဂမ်ဘာရီဒုတိယအကြိမ်ကြိုးစားသော်လည်း ဒေါ်စု နှင့်တွေ့ဆုံခွင့်မရခဲ့ ပါ။ မစ္စတာဂမ်ဘာရီကဒေါ်စုကိုတွေ့ရန်ကြိုးစားသော်လည်း တုန့်ပြန်မှုမရ၍ ထိုနေ့တွင်လည်း ဒေါ်စုကိုမတွေ့ နိုင်ခဲ့ပါ။(၂၀၀၈ သြဂုတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ-MRTV3 သတင်းများမှကောက်နှုတ်ချက်)

နအဖ၏ တရားဝင်သတင်းမီဒီယာများသည် အစိုးရအတွက်ကောင်းပြီး အတိုက်အခံများအတွက်မကောင်းသော ၀ါဒဖြန့်သတင်းများ ကိုသာဖော်ပြနေခြင်းမှာ အဆန်းတော့မဟုတ်ပါ။


မစ္စတာဂမ်ဘာရီကိုတွေ့ရန် သို့မဟုတ် လက်ခံရန် ဒေါ်စုငြင်းဆန်သည်ဆိုခြင်းကို ဘယ်သူပြောခဲ့ပါသလဲ။ ယခုအချိန်အထိ နအဖ၏တရားဝင်သတင်းရပ်ကွက်ကသာ သတင်းထုတ်ပြန်မှုသာရှိခဲ့ပါသည်။

မစ္စတာဂမ်ဘာရီနှင့်တွေ့ဆုံရန် ဘယ်သူစီစဉ်ခဲ့ပါသလဲ။ နအဖအဖွဲ့ဝင်များ၏ခွင့်ပြုချက်ရသော သတ်မှတ်ပေးထားသည့်အရာရှိကသာစီစဉ်နိုင်ပါသည်။


ဒေါ်စုကိုတွေ့ရန် ဒေါ်စု၏ခြံအတွင်းကိုဝင်ရောက်ဘို့ မည်သူကခွင့်ပေးပါသလဲ။ နအဖအဖွဲ့ဝင်များ၏ခွင့်ပြုချက်ရသော သတ်မှတ်ပေးထားသည့်အရာရှိကသာပြုဆောင်နိုင်ပါသည်။ နအဖ၏ခွင့်ပြုချက်မရပဲ လုပ်

ဆောင်ရဲသူသည် အလိုအလျောက် အာခံသူသစ္စာဖောက်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ပါသည်။


ထူထပ်သော လုံခြုံရေးကြီးကြပ်မှုအစောင့်အရှောက်များအောက်တွင် ဒေါ်စုသည် အထိန်းသိမ်းခံရထားသူုဖြစ်ပါသည်။ အိမ်အကျယ် ချုပ်ဖြင့်အကျဉ်းကျခံနေရသူဖြစ်သဖြင့် ဒေါ်စုသည် မိမိဆန္ဒဖြင့် ဘာကိုမျှမလုပ်နိုင်ပါ။ ဒေါ်စုကို တွေ့ဆုံ စကားပြော ဆက်ဆံရန်အ ခွင့်အရေး ကို နအဖအဖွဲ့ဝင်များ၏ခွင့်ပြုချက်ဖြင့်သာ အဆင့်မြင့်အာဏာပိုင်များကသာ ကြိုးကိုင်ထားပါသည်။ အိမ်ခြံမြေသည် ဒေါ် စု၏မိသားစုပိုင်ဆိုင်သည်မှန်သော်လည်း အမျိုးသားပြန်ပေးများဖြစ်ကြသော နအဖက အငှားချုပ်ကိုင်ထိန်းသိမ်းထားပါသည်။ သူတို့  ၏ခွင့်ပြုချက်မရှိပဲ လျက်အမျိုးသားဓါးစာခံ ဒေါ်စုကို တွေ့ဆက်ဆံရန် မဖြစ်နိုင်ပါ။


လေးစားအပ်သော အမျိုးသားနှင့်အာရှသူရဲကောင်းအား ပြင်ပမှ လော်စပီကာအသုံးပြု၍ ခြံနောက်ဖက်မှအော်ပြောဆက်ဆံခြင်းသည် လျော်ကန်ယဉ်ကျေးသည့်ဆက်ဆံမှုဖြစ်ပါသလား။ မှန်ကန်သောလုပ်ထုံးလုပ်နည်းအရ သက်ဆိုင်သူများသည် ဒေါ်စုကို လူကိုယ်တိုင်တွေ့ဆုံရန်အတွက် အဆင့်မြင့်အာဏာပိုင်များမှ လျော်ကန်သည့်ခွင့်ပြုချက်ကိုရနိုင်သည့်အတွက် သူတို့သည် စာပေးရန် သို့မဟုတ် သတင်းစကားပါးရန် ခြံဂိတ်ပေါက်မှနေပြီး ဒေါ်စုကို အော်ခေါ်ဘို့မလိုပါ။ သက်ဆိုင်သူများသည် စာကိုဂိတ်တွင်ကပ်ထားရန်မလိုပါ။ သူတို့ တွင်တကယ်ဆန္ဒရှိပါလျှင် အဆင့်မြင့်အာဏာပိုင် များ၏ခွင့်ပြုချက်ကို မှန်ကန်သည့်နည်းလမ်းဖြင့်ရယူ၍ ဒေါ်စုထံ စာအရောက်ပို့နိုင်ပါသည်။ သို့ ရာတွင် ဒေါ်စုသည် မစ္စတာ ဂမ်ဘာရီ၏ တောင်းဆိုချက်ကို လျစ်လျူပြုကာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်ပြုလုပ်သည်ဆိုသည့် အခြေအနေ ရောက်အောင် ၀ါဒဖြန့်ရန် နအဖအဖွဲ့ဝင်များက ဖန်တီးလိုပြီး တမင်္ဂလာ ရည်ရွယ်လုပ်ကြံခြင်းသာဖြစ်ပါသည်။


ဤတွင် စဉ်းစားချင့်ချိန်ဖြေဆိုရန်အတွက် အောက်ပါမေးခွန်းများပေါ်ထွန်းလာပါသည်။


မစ္စတာဂမ်ဘာရီနှင့်တွေ့ဆုံရန် ဒေါ်စု အမှန်တကယ်သိရှိခဲ့ရပါသလား။ (မစ္စတာဂမ်ဘာရီနှင့်တွေ့ဆုံရန် ကြိုတင်အကြောင်းကြားချက်ကို ဒေါ်စု အမှန်တကယ် လက်ခံရခဲ့ခြင်းကို ဘယ်သူအာမခံနိုင်ပါ့မလဲ)


ကြိုတင်ပြင်ဆင်ထားသည့်တွေ့ဆုံပွဲကို ဒေါ်စုကောင်းစွာ အကြောင်းကြားခြင်းခံရပါသလား။

(ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် အာဏာပိုင်များက ရိုးသားစွာဖြင့်တရားဝင်အကြောင်းကြားခြင်းရှိမရှိ ကျွန်ုပ်တို့ မည် သို့သိနိုင်ပါ့မလဲ)


မစ္စတာဂမ်ဘာရီနှင့်တွေ့ဆုံရန် ဒေါ်စုကိုခေါ်ဆောင်ရန် အာဏာပိုင်များသည် အမှန်တကယ်စီစဉ်ခဲ့ပါသလား။ [ရုပ်ပြအနေနှင့် သယ်ယူပို့ဆောင်ရန်ယာဉ်ဖြင့် အရာရှိ(များ)ကို ဒေါ်စုအပါအ၀င်မည်သူ့ကိုမျှမဆက်ဆံပဲ ၀င်ရောက်စောင့်ဆိုင်းခြင်း သာပြုလုပ်ဘို့အတွက် ညွှန်ကြားကာ ဒေါ်စု၏ခြံအတွင်းသို့ စေလွှတ်နိုင်ပါသည်။ ဒေါ်စုသည်လည်း ထိုယာဉ်မှာ မည်သည့်ရည်ရွယ် ချက်ဖြင့်လာမှန်း မသိနိုင်ပါ။ နာရီအနည်းငယ်ကြာသော် ညွှန်ကြားချက်အရ ထိုယာဉ်သည် ဒေါ်စုမပါပဲနှင့် ခြံဝင်းအတွင်းမှပြန်ထွက် ခွါလာပေမည်။]

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုတွေ့ဆုံရန် ဒေါ်စုအမှန်တကယ်ငြင်းပယ်ခဲ့ပါသလား။ ( ဒေါ်စုကိုယ်တိုင်သာ အဖြေမှန်ကိုပေးနိုင်ပါမည်။)

ဒေါ်စုက ကိုယ်တိုင်တွေ့ဆုံရေးကို စိတ်လိုလက်ရ ပယ်ချကြောင်းထွက်ဆိုပေးမည့်မျက်မြင်သက်သေရှိပါသလား။ (အလွန်ဝိရောဓိဖြစ်ဘွယ်ပင်။)


ဒေါ်စုငြင်းပယ်ခြင်းအတွက်သက်သေပြရန် ပြောစကား သို့မဟုတ် စာအထောက်အထားမှတ်တမ်းများရှိပါသလား။ (တာဝန်ရှိအာဏာပိုင်များသည် အမှန်တကယ်ရိုးသားပါလျှင် သက်သေပြရန် မှတ်တမ်းယူထားရမည်ဖြစ်ပါသည်။ )


ဒေါ်စုအား မစ္စတာဂမ်ဘာရီ၏စာကိုပေးခဲ့ပါသလား။ (စာကို ဒေါ်စုအားပေးခဲ့ခြင်းရှိမရှိ ကျွန်ုပ်တို့မည်သို့သက်သေပြနိုင်ပါမည်နည်း။)


အကယ်၍ အဖြေများသည် (မဟုတ်)များသာဖြစ်ပါက ဒေါ်စုငြင်းပယ်သည်ဆိုခြင်း၏အခြားတဘက်ကို သာမန်ဉာဏ်ဖြင့်ပင် သိမြင်နိုင်ပါ သည်။ အဖြေမှန်များကို တဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည့် အမျိုးသားဓါးစာခံသာလျှင် ထုတ်ပြန်ပေးနိုင်ပါလိမ့်မည်။


ဒေါ်စုသည်မစ္စတာဂမ်ဘာရီကိုတွေ့ဆုံရန်ငြင်းပယ်သည်ဆိုသည့်သတင်းသည် အောက်ပါကွင်းဆက်များကို ရောင်ပြန်ဟပ်စေရန် ကြံ ရွယ်ခြင်းဖြစ်ပါမည်။


ဒေါ်စုသည် မြန်မာ့ဒီမိုကရေစီဆောင်ရွက်ရာတွင် ဗီလိန်းဖြစ်နေသည်။

ဒေါ်စုသည် ရိုင်းပျသောပုဂ္ဂိုလ်ဖြစ်သည်။

(၈ျပန်သံတမန်တဦးကမှတ်ချက်ပေးသည်ဟုဂျာရီလာဂင်၏

ဆောင်းပါးတွင်ဖော်ပြထားရာ


-ကုလကိုယ်စားလှယ်ကို သူမလာမည်အထိစောင့်ဆိုင်းခိုင်းသလိုဖြစ်နေခြင်းသည် အာရှသားတို့ ၏စရိုက်မဟုတ်ဟု မြန်မာ့အရေး စောင့် ကြည့်နေသည့် ဂျပန်သံတမန်တဦးကပြောဆိုခဲ့သည်။ ယင်းအချက်သည် အရေးမစိုက်ဘူးဆိုသည့်သဘောကိုဆောင်နိုင် လောက်သော ဖြစ်ရိုးဖြစ်စဉ်မဟုတ်သောရိုင်းပျခြင်းဖြစ်သည်၊ မစ္စတာဂမ်ဘာရီအရည်အသွေးများကို အထင်သေးရာပိုရောက်စေ သည့်အပြင်ဒေါ်စုသည် စိတ်ကောင်းမရှိ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိဟု စစ်အစိုးရ၏ယုံကြည်မှုကိုလည်း ခိုင်မာသွားစေသည်ဟု ထိုသံတမန်က ဖြည့်စွက်မှတ် ချက်ချသွားသည်။) (ထိုသံတမန်သည်လည်း ဗိုင်းရပ်စ်ပိုးအသစ် PSY-OP2008 ကူးစက်ခံလိုက်ရပြီး နအဖ၏ထောင်ချောက်ထဲသို့ ကျ ရောက်သွားခဲ့သည်။ --- စာရေးသူ)


ဒေါ်စုသည် ကုလသမဂ္ဂကောင်းမွန်သောလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိ။

ဒေါ်စုသိက္ခာကျဆင်းစေရန် - အမျိုးသားဒီမိုကရေစီ အင်္ဂါရုပ်ပျက်စေရန် - မြန်မာ့နိုင်ငံရေးဝန်းကျင်တွင် နအဖ အထက်စီးရရန် - နအဖ၏ လမ်းပြမြေပုံကိုထောက်ခံဘို့  ကုလသမဂ္ဂ၊ အာစီယံနှင့်ဒေသတွင်းနိုင်ငံများကိုလှည့်ဖျားရန် -

ယခုသတင်းကို ဗိုင်းရပ်စ်ပိုးအသစ် PSY-OP2008 ဖြင့် စိတ်ဓါတ်စစ်ဆင်ရေးဝါဒဖြန့်ရေးအတွက် နအဖအဖွဲ့ဝင်များက ဖန်တီးလုပ်ဆောင် ခြင်း ဖြစ်ပါသည်။


နအဖခေါင်းဆောင် ဗိုလ်သန်းရွှေသည် အလုပ်အကိုင်အရ စိတ်ဓါတ်စစ်ဆင်ရေးတွင် ချံပီယံဖြစ်ပါသည်။ ဆက်ဆံရေးဝန်ကြီး ဦး အောင်ကြည်သည် စစ်တပ်အရာရှိများကို ဗူးသွင်းခြင်း (brain wash) ၌ ဆရာတဆူဖြစ်ပါသည်။


နအဖအုပ်စုသည် ဒေါ်စုနှင့်အမျိုးသားဒီမိုကရေစီခေါင်းဆောင်ကြီးများအား ၁၉၉၆ ခု နိုဝင်ဘာ ၉ ရက်နေ့၌ ဒေါ်စု၏အိမ်ဝန်းအနီး လမ်း ထောင့်တွင်တကြိမ်၊ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်းအရေးအခင်းမှာတကြိမ် သတ်ဖြတ်ရန်လုပ်ကြံခဲ့ကြပါသည်။ ထိုစဉ်က မြန် မာပြည်သူတို့၏အချစ်ပန်း ဒေါ်စု၏အသက်ကို လုပ်ကြံခဲ့ကြခြင်းဖြစ်ပါသည်။ ယခုတခါတွင်တော့ ငြိမ်းချမ်းရေးနိုဘယ် ဆုရှင်၏ ကျော် ကြားမှု၊ ဂုဏ်ကျက်သရေနှင့်ဂုဏ်သိက္ခာများ ညှိုးနွမ်းမှေးမှိန်ကျဆင်းအောင် လည်ဆယ်လုပ်ကြံခြင်းဖြစ်ပါသည်။


ကုလသမဂ္ဂနှင့်ယင်း၏အထူးကိုယ်စားလှယ်တို့၏ မြန်မာ့အရေးကြိုးပမ်းဆောင်ရွက်မှု၏ လတ်တလောဖြစ်ပေါ်တိုးတက်ခြင်းအရ မစ္စတာ ဂမ်ဘာရီနှင့်အပေါင်းပါများသည် ဦးချိုမှနို့ညှစ်နေကြခြင်းဖြစ်သည်ဟု လူတိုင်းက အမြင်ကျယ်စွာ မှတ်ချက်ပေးနိုင်နိုင်မည် ဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် မစ္စတာဂမ်ဘာရီတို့သည် နအဖ၏ထောင်ချောက်ထဲကျရောက်နေကြပါပေသည်၊


(Dr.မောင်မောင်လှကြိုင်၏ The other side of ‘Refusal of the national hostage’ကိုဆီလျော်အောင် ပြန်ဆိုပါသည်)



နှင်းယုလွင် ၂၀၀၈ စက်တင်ဘာ ၁၁

Thai Protest Leaders Agree to Surrender

By AMBIKA AHUJA / AP WRITER Thursday, October 9, 2008

BANGKOK — Leaders of Thailand's anti-government protests said Thursday they will surrender to police after a court dropped treason charges against them, but vowed to continue their sit-in at the prime minister's office.

Hundreds of black-clad doctors and nurses, meanwhile, marched to the national police headquarters in Bangkok, demanding that the government step down to take responsibility for clashes between police and protesters two days earlier in which two people were killed and more than 443 were injured, including 20 police.

Anti-government demonstrators march in protest past a popular shopping district in Bangkok on October 9. The protesters, consisting of black-clad doctors, nurses, lecturers and university staff, waved placards condemning Thai Prime Minister Somchai Wongsawat after police cracked down on street protesters on Tuesday. (Photo: Reuters)
Protest leader Sondhi Limthongkul said he and other leaders of the People's Alliance for Democracy would report to police and apply for bail on Friday.

Arrest warrants were issued for the alliance's nine leaders August 27, the day after they led thousands of protesters onto the grounds of Government House. They have occupied the complex since then, demanding the resignation of leaders linked to former Prime Minister Thaksin Shinawatra, who was ousted in a 2006 military coup for alleged corruption and misuse of power.

The Appeals Court on Thursday revoked three of the five charges on the warrants—treason, stockpiling of weapons and refusing to disperse. It said it would issue new warrants with the two remaining charges of inciting a public disturbance and illegal assembly, which carry prison terms of seven and three years respectively.

Protest leaders had said they were willing to fight the charges, except treason, which carries a possible death sentence and that they deemed unjustified.

"We have never accepted the charges of insurrection and stockpiling of weapons in the first place so I am grateful that the court revoked them," Sondhi told protesters from a stage on the Government House lawn. "We will report to the police for the rest of the charges."

"But we will not leave Government House until they come to disperse us," he said to loud cheers.

Two of the nine protest leaders—Chamlong Srimuang and Chaiwat Sinsuwongse—were arrested recently after leaving the grounds of the compound. The Criminal Court said Thursday they would be released and waived bail of 100,000 baht (US $2,900) when a senator agreed to act as their guarantor. The others had escaped arrest by refusing to leave Government House.

The prime minister and his Cabinet have been forced to operate temporarily out of Bangkok's old airport.

The development came two days after the protesters clashed with riot police in the worst political violence in Thailand in more than a decade.

Both sides have accused the other of using excessive force.

Some protesters had their limbs or feet blown off, but police insist they only used tear gas and that some demonstrators may have been hurt by explosives they themselves were carrying. AP reporters saw police using stun grenades.

Police also have faced criticism for firing the tear gas canisters directly at the crowd, rather than aiming away from the protesters and letting the wind carry the gas into the crowd—as is the general practice with riot police.

Protesters said their gathering was peaceful, but many used iron rods, slingshots, firecrackers and bottles to attack police. An AP Television News reporter saw at least three protesters carrying guns.

The protesters from the People's Alliance for Democracy say Prime Minister Somchai Wongsawat is a pawn of Thaksin, his brother-in-law. Thaksin has fled to London to escape an array of corruption charges.

Thaksin, a former telecommunications billionaire, was highly popular among Thailand's rural majority. The alliance wants sweeping changes to the country's election system to reduce the power of the rural poor, who it claims are susceptible to vote-buying by corrupt politicians.

UN Outlines Steps to Improve Burma’s Human Rightsလူ့အခွင့်အရေးအတွက် လိုအပ်ချက် (၄) ရပ် ဆောင်ရွက်ရန် စစ်အစိုးရကို ကုလတိုက်တွန်း

Tomás Ojea Quintana, the UN special reporteur on human rights in Burma, outlined “core human rights elements” that should be put in place before the 2010 general election, in a statement released on Wednesday.

The elements include:

—Amend domestic laws that limit freedom of expression, opinion and peaceful assembly.

—Release of political prisoners.

—Repeal discriminatory laws.

—Stop the recruitment of child soldiers.

"Respect for international human rights standards is indispensable" for the regime's proposed "roadmap to democracy" to gain international acceptance, Quintana said.

He said full enjoyment of human rights does not exist in Burma, according to "reliable reports on the extension of detentions and/or new arrests of political activists."

The release of political prisoner would reduce tension and inspire political participation among stakeholders in Burma, he said.

The transition to a multi-party democratic and civil government, as planned under the new constitution, will require “an intensive process of incorporating democratic values,” Quintana said.

He suggested a number of changes in the country’s judiciary, which currently "is not independent and is under the direct control of the government and the military."

Proposed changes include guaranteeing the due process of law, establishing a fully independent and impartial judiciary and setting up a mechanism to investigate human rights abuses.

Quintana, who took up his post in May 2007, visited Burma in August and met with prominent political prisoners, including U Gambira, the head of the All-Burmese Monks Alliance, a leading force in the 2007 demonstrations. He met with Gambari in Insein Prison, where he was being held prior to standing trial for posing a threat to the security of the state.

Meanwhile, UN Secretary-General Ban Ki-moon said on Tuesday his planned visit to Burma in December might not take place unless he sees the regime is ready to produce tangible results toward progress in democratization.

Also, the UN High Commissioner for Human Rights, Navi Pillay, this week called for the release of all political prisoners including detained democracy leader Aung San Suu Kyi.

The junta now holds 2,123 political prisoners in various prisons across the country, according to a report compiled by the Thailand-based Assistance Association for Political Prisoners (Burma) and the US-based Campaign for Burma.

Two leading activist groups in a joint letter to UN Secretary-General Ban released on Sunday said, "Dramatic increases in the number of political prisoners show the junta's defiance of the United Nations and international community, as well as its own people."

UN/ ၉ အောက်တိုဘာ ၂၀၀၈။ ။
ဒီမိုကရေစီစနစ်ဆီသွားရာတွင် အဓိကလိုအပ်သည့် လူ့အခွင့်အရေးဆိုင်ရာ လိုအပ်ချက် (၄) ရပ်ကို ဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်ကင်တာနာက မြန်မာစစ်အစိုးကို တိုက်တွန်းလိုက်သည်။

မစ္စတာ ကင်တာနာ၏ အကြံပြုချက် (၄) ရပ်အနက် မြန်မာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်များကို အခြေခံဥဒေသစ်၊ နိုင်ငံ တကာဝတ္တရားများနှင့်အညီ ပြန်လည်သုံးသပ်ရန်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများကို ပြန်လွှတ်ပေးရန်၊ လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းဏ္ဍနှင့် တရားစီရင်ရေးစနစ်တို့ကို ပြန်လည် သုံးသပ်ရန်တို့ ပါရှိသည်။

ထိုအကြံပြုချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံက ထုတ်ပြန်သည့် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် မစ္စတာကင်တာနာက ဖော်ပြထားခြင်းဖြစ်ပြီး မြန်မာစစ်အစိုးရအနေဖြင့် အခြေခံဥပဒေအား ပြန်လည် သုံးသပ်ပြင်ဆင်မှုများကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဆောင်ရွက်ရန်လည်း မစ္စတာ ကင်တာနာက တိုက်တွန်း ထားသည်။

မစ္စတာ ကင်တာနာသည် သြဂုတ် (၃) ရက်မှ (၇) ရက်ထိ မြန်မာသွားရောက်ခဲ့သည့် ခရီးစဉ်အပြီး စက်တင်ဘာလ၌ ယင်းအစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်သည်။

Khitpyaing web site was attacked again

Khitpyaing editor inform to reader that their web site was attacked next time.

Letter From Khitpyaing Editor


Dear Readers: We would like to inform you that our server of New Era Journal www.khitpyaing.org has been down at the moment due to anonymous multiple attack. Meanwhile, readers are kindly requested to visit following temporary blog mirror site. sorry for the inconvenience.

http://www.newskhitpyaing.co.cc/

ခေတ်ပြိုင်ဝက်ဆိုက်ကိုနောက်ထပ်အတိုက်ခိုက်ခံရသဖြင့်အခြားလင့်တခုတွင်ကြည့်ရှု
နိုင်ရန်ဆောင်ရွက်ထားကြောင်းခေတ်ပြိုင်အယ်ဒီတာမှစာပို့အကြောင်းကြားခဲ့ပါသည်။
ခေတ်ပြိုင်အပါအဝင်ပြည်ပသတင်းဌာနဝက်ဆိုက်များတိုက်ခိုက်ခံနေရသည်မှာအကြိမ်
ကြိမ်ရှိနေပြီဖြစ်ပါသည်။

10.08.2008

မိုးမခသတင်းလွှာ

#fullpost {display:none;}

Cartoon Aw Pi Kye - Saving our Earth and Environment - Cartoon Series 01 October 7th 2008

checkFull("post-" + "8803765999711424612");

#fullpost {display:none;}

Cartoon Beruma - Underage Smoking in Burma
October 7th 2008

checkFull("post-" + "894023471442501637");

#fullpost {display:none;}


အရှေ့နဲ့အနောက် ဆုံကြရာဝယ် - အရင်းရှင် ဆိုရှယ်လစ်စနစ် နဲ့ ဆိုရှယ်လစ် အရင်းရှင်စနစ်

မောင်ရစ်

အောက်တိုဘာ ၇၊ ၂၀၀၈

အမေရိကန်မှာ စီးပွားပျက်ကပ်ဆိုက်ပြီလို့ ဆိုပါတယ်။ အိမ်ဈေးတွေ ဖောင်းပွ၊ အရင်းရှင်များက စားသုံးသူတွေကို လှည့်စား ဖြားယောင်းပြီး ငွေတွေချေး၊ ဈေးတင်ရောင်း၊ အချင်းချင်း ကတုံးပေါ်ထိပ်ကွက် ပွဲစားခ၊ အတိုးနှုန်း အဆင့်ဆင့်နဲ့ လက်လွှဲရောင်း စသည်တို့ရဲ့ အကျိုးဆက်အဖြစ် သူတို့ ဝေါ့စထရိ အစုရှယ်ယာနဲ့ ငွေကြေးဈေးကွက် ပြိုလဲမတတ် ဖြစ်ကြရတာပါပဲ။

အိမ်ခြံမြေ ငွေချေးသူ အဖွဲ့ကြီး ပြိုလဲတော့ အစိုးရက ၀င်ကယ်ခဲ့ပါတယ်။ ပြီးတော့ ငွေချေးစာချုပ်တွေ မြီရှင် မြီစား အာမခံလုပ်ငန်းတွေ ဈေးပျက်ကုန်တော့ အစိုးရက ၀င်ရောက်ထိမ်းသိမ်းဖို့ ကြိုးစားပါတယ်။ ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ ထိခိုက်လာချိန်မှာတော့ အမေရိကန် အစိုးရက ဘီလျံ ၇၀၀ ဖိုး ကယ်တင်ရေး စီမံကိန်းကို ထုတ်ဖော်လာခဲ့ပါတယ်။

အခု သူတို့ရဲ့ ဘီလျံ ၇၀၀ ဖိုး ကယ်တင်ရေး စီမံချက်ကို အရင်းရှင်ကြီးများရဲ့ လူတစု ကောင်းစားရေး ဆိုရှယ်လစ်စနစ်လို့ အမည်ပေးကြပါတယ်။ အရှုံးအကြီးအကျယ် ပြနေပြီ ဖြစ်တဲ့ ငွေရှင်ကြေးရှင်ကြီးများကို အကျနာခြင်းက သက်သာအောင် အစိုးရက ၀င်ပြီး ခု ပေးတာ မို့လို ဖြစ်ပါတယ်။

သူတို့တွေ ကျဆုံးရင် လမ်းပေါ်ကလူတွေ၊ အိမ်ပေါ်က လူတွေ၊ အလုပ်ခွင်ထဲက လူတွေပါ ထိခိုက်ပြိုလဲပြီး အမေရိကန်တပြည်လုံး လူမွဲစာရင်း ၀င်ကုန်ကြမှာ ဖြစ်တာကို ကာကွယ်ဖို့အတွက် သူတို့ကို ကယ်တင်မှ ဖြစ်မယ်လို့ အားလုံးက ဆင်ခြေပေးပြီး အားလုံးက ခေါင်းတငြိမ့်ငြိမ့်နဲ့ လက်ခံကြပုံပါပဲ။

သူတောင်းစား ခွက်ပျောက်တာ အရေးမကြီးဘူး၊ သူဌေး ကော်ဖီငတ်တာက ပိုအရေးကြီးတဲ့ အမေရိကန်ပြည်ထောင်စုကြီးရဲ့ အရင်းရှင်စနစ်က ကွန်မြူနစ်၊ ဆိုရှယ်လစ် ၀ါဒီများကဲ့သို့ ပြည်သူ့ ဘဏ္ဍာ၊ ပြည်သူ့အခွန်ကို သုံးစွဲပြီး လုပ်ငန်းကြီးများကို ကယ်တင်လိုက်တာမို့ ဥရောပ ဈေးကွက်များ၊ အာရှ ဈေးကွက်များက အထူး အာရုံစိုက် စောင့်ကြည့်နေကြပါတယ်။

အထူးသဖြင့် တပါတီ ဆိုရှယ်လစ် နိုင်ငံတော်ကြီး ဖြစ်တဲ့ တရုတ်ပြည်မကြီးဟာ ဆိုလျင် အမေရိကန်တွေရဲ့ အကြီးကျယ်ဆုံးသော အကြွေးရှင်ကြီး၊ အရင်းရှင်ကြီး ဖြစ်နေတဲ့အတွက် အမေရိကန် စီးပွားရေးကို ကယ်တင်ရန် တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးလေမလား လို့ ၀ိုင်း ကြည့်နေကြပေမယ့် တရုတ်ပြည်မကြီးကတော့ အရင်းရှင် ဈေးကွက် နိယာမအတိုင်း အရှုံးပေါ်တာ ကိုယ်အသုံးမကျလို့ အစိုးရက ၀င်ကူစရာ မလို၊ လေညာက နေသာသပါ့ ဆိုသကဲ့သို့ ခပ်မဆိတ် ပြုမူနေတာကို တွေ့နေရပါတယ်။

ဆိုတော့ တပါတီ အာဏာရှင်တွေက အရင်းရှင်တွေ ဖြစ်လာချိန်မှာ အရင်းရှင် နိုင်ငံတွေက ဆိုရှယ်လစ်နည်းလမ်းတွေ သုံးပြီး အစိုးရ ၀င်စွက်ရေး လမ်းစဉ်နောက်လိုက်တာ စိတ်ဝင်စားစရာ ဖြစ်နေပါတော့တယ်။ ဥရောပ သမဂ္ဂနဲ့ ဗြိတိန်တို့ အနေနဲ့ကတော့ အရင်းရှင်မိတ်ဖက်များပီပီ ဈေးကွက်စီးပွားရေး စနစ်ကို ကာကွယ်ဖို့ ( အရှုံးပြ လုပ်ငန်းရှင်၊ ငွေရှင်ကြီးများကို ကာကွယ်ဖို့) သမ၀ါယမစနစ်ကို ထုတ်သုံးပြီး စုပေါင်း အရှုံးကို ထေကြဖို့ တိုင်ပင်နေတာကိုလည်း တွေ့နေရပါတယ်။

အရင်းတွေ၊ အမြတ်တွေ၊ ငွေကြေးတွေ ဘယ်ရောက်ကုန်ပြီလဲ ခင်ဗျား လို့ မေးမယ်ဆိုရင်တော့ တရုတ်ပြည်ကြီးနဲ့တကွသော အရင်းရှင်နိုင်ငံများနဲ့ ကတိက၀တ်မရှိတဲ့ တတိယနိုင်ငံများရဲ့ အာဏာရှင်များ၊ ငွေရှင်ကြေးရှင်၊ လုပ်ငန်းရှင်ကြီးများ လက်ထဲမှာ ရှိနေပါတယ်လို့ ဖြေရမယ့် ပုံ ဖြစ်နေပါတယ်။ ဥပမာ အာရှကျားများ၊ အရှေ့အလယ်ပိုင်း နိုင်ငံများ … စသည် စသည်

၁၉၉၇ အာရှငွေကြေး ဈေးကွက် ပြိုကွဲတုန်းက အိုင်အမ်အက်ဖ် (ကမ္ဘာငွေကြေးရန်ပုံငွေ အဖွဲ့)က ကယ်တင်ရှင်ကြီး လုပ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူတို့ပြောသလို ငွေလဲနှုန်းကို မျှောလိုက်မိလို့ ထိုင်းနိုင်ငံ သေကောင်ပေါင်းလဲ ဖြစ်ချိန်မှာ စင်္ကာပူနဲ့ မလေးရှားကတော့ သူ့ငွေဈေးကို ကျားကန်ပြီး ပြန် မ တင်ခဲ့ဖူးပါတယ်။

၂၀၀၁ အမေရိကန် အင်တာနက်ပူဖောင်းကြီး ပေါက်ပြီး ဈေးကွက်တွေ ပြိုလဲတော့ အမြတ်ကြီးစားတွေ အရှင်းရှင်ကြီးတွေက ကိုယ့်အပြစ်ကိုယ်ဝန်ခံလို့ တစစီ ပြန်ကောက် ဆောက်တည်ခဲ့ကြဖူးပါတယ်။

ဒီတခေါက် စီးပွားပျက်ကပ် ပုံသဏ္ဍန်ကတော့ အနောက်ကလူတွေ ကုန်းအော်ပြီး အမွှန်းတင်မဆုံးတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကြီးကို ပြန်ပြီး ဆင်ခြင်စရာ ဖြစ်တော့မယ် ထင်ပါတယ်။ လုပ်ငန်းတွေချဲ့၊ ကမ္ဘာလုံး ခြေဆန့်၊ အမြတ်တွေ ဖြန့်၊ အလုပ်တွေ ဟိုပို့၊ ပစ္စည်းတွေ မှာသုံး၊ လူပေါ်နဲ့ လူဇော်လုပ်တမ်း ကစားကြ၊ ကွန်ယက်စနစ်နဲ့ တဦးကို တဦး ညှိနှိုင်း ဈေးကွက်ဖော် စသည်တို့ မနားတမ်းလုပ်ရင်းနဲ့ စားသုံးသူတွေကို တ ၀ယ်တည်း ၀ယ်ခိုင်းနေရာက၊ အကြွေးက ပြည်တွင်းမှာ တင်ကျန်ပြီး အမြတ်က နိုင်ငံခြားကို အိပ်စပို့အလုပ်ခံလိုက်ရတော့မှ အခုလိုမျိုး သူဌေးတွေ အချင်းချင်း လည်ပင်းဖက် ငိုကြချိန်ကို မြင်ကြရတော့တာကိုး။

စစ်အေးခေတ်တုံးကတော့ မဟာမိတ်နဲ့ ရန်သူကို ခွဲခြားလို့ မျက်နှာလိုက်ခဲ့ကြပေမယ့် စစ်အေးအလွန်မှာ အနောက်တိုင်း အရင်းရှင်တို့က တတိယနိုင်ငံတွေအပေါ်မှာ ၀င်ချင်တိုင်း ၀င်၊ ထွက်ချင်တိုင်း ထွက်၊ စီးပွားရေးကြီးနဲ့ ပစ်ပြက်ပြီး ပေါင်းလို့၊ ဇာတ်သွင်းလို့ရမယ်လို့ ထင်ခဲ့တာကို သူတို့ ပြန်စဉ်းစားရတော့မယ် ထင်ပါတယ်။ စီးပွားပျက်ကပ်မတိုင်ခင်က အစပျိုးခဲ့တဲ့ ကမ္ဘာ လောင်စာဆီအကြပ်အတည်းကိုလည်း သူတို့က အမြတ်ကြီးစားမျက်နှာကြည့်ပြီး ဖော့ခဲ့ကြပုံပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် မဟုတ်ပေမယ့် အဓိပ္ပါယ်ရှိရှိ အချိန်ကိုက်ဖြစ်ပွားတဲ့ အမေရိကန်စီးပွားရေး အကြပ်အတည်းဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ဇာတ်ရှိန်မြှင့်စေတဲ့ ထိုးဇာတ်တခု ဖြစ်နေပါပြီ။ နောက်ထပ်တက်မယ့် သမ္မတဟာ အမေရိကန်ပြည်ကနေတဆင့် မီးခိုးကြွက်လျောက်လိုက်မယ့် နိုင်ငံတကာ ဈေးကွက်ပျက်မည့် အကြပ်အတည်းကြီးကနေ ဦးဆောင်ပြီး ရုန်းထွက်ပြရန် အဆင်သင့်ပြင် ခါးတောင်း ဘယ်လို ကျိုက်ပြတော့မယ်ဆိုတာကို တကမ္ဘာလုံးက ရင်တမမ ထားပြီး ကြည့်နေရပြီ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ကတော့ အကြံပေးမယ်ဆိုရင် ရှင်းရှင်းလေးပါ။ ရွေးကောက်ပွဲ အခု မလုပ်နဲ့အုံး။ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ အာဏာကို ဆက်သိမ်းထားပါ။ ကြားထဲမှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲ တခု လုပ်ချင်လည်း လုပ်ပေါ့လေ။ ပြီးရင်တော့ ပြိုင်ဘက်တွေကို ဖမ်း။ ၂၀၁၀ ကျမှ ရွေးကောက်ပွဲ လုပ်မယ်လို့ ကတိပေး။ အဲလိုမျိုး လမ်းပြ မြေပုံ ဖြစ်နိုင်ပါတယ်။

ကမ္ဘာကြီးရဲ့ အဓိက ဇာတ်လိုက်တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံကြီးနဲ့ အမေရိကန်နိုင်ငံသားတွေကတော့ ဒီ အကြပ်အတည်းကြီးကို ခေတ်နောက်ပြန်ဆွဲ မြန်မာစစ်အစိုးရနည်းတွေ မသုံးစွဲဘဲ တစိတ် တ၀မ်းတည်း ဖြတ်ကျော်နိုင်စေဖို့ ဆုတောင်းလိုက်ပါတယ်။

(ဟဲ ဟဲ)


checkFull("post-" + "48623958904873520");


#fullpost {display:none;}

သေနတ်တဖက် ကလောင်တဖက်

တာရာလင်းယုန်

အောက်တိုဘာ ၆၊ ၂၀၀၈

ဗမာပြည်တွင်စစ်ဗိုလ်များ တမိုးလုံးဖျောက်ဆိတ်ဖြစ်နေသည်။ ကြာပြီ။

သို့သော် ထူးထူးခြားခြား ပြောစရာဖြစ်နေသည်က စာပေလောကဖြစ်သည်။ စာပေ-မီဒီယာလောကမှာ စစ်ဗိုလ်များ၏မိုး ဖြစ်နေသည်ဟု ဆိုလိုက်လျှင် အခြားနိုင်ငံများမှ အကြောင်းမသိသူများ အံ့သြသွားကြမည်။ ဗမာပြည်မှစစ်ဗိုလ်များ စာပေလိုက်စား လှချေလား၊ စာပေအရည်အချင်း မြင့်မားလှချည့်လားဟု မသိသူများက ထင်ကောင်းထင်ကြပေမည်။ ပြန်စဉ်းစားလိုက်လျှင် ဗမာပြည်လောက် စစ်ဗိုလ်စာရေးဆရာ ပေါများသောနိုင်ငံ ကမ္ဘာတွင် အခြားမရှိ ဆိုသည်ကိုလည်း တွေ့ကြရမည်။


ရေးလည်းရေးနိုင်ကြပါပေသည်။ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ရုပ်ရှင်ဇာတ်ညွှန်း၊ အကုန်ရေးသည်။ အမေရိကန် မကောင်းဘူး၊ (တချိန်ကတော့ တရုတ်မကောင်းဘူး)၊ အင်န်အယ်လ်ဒီ မကောင်းဘူး။ ဗကပမကောင်းဘူး၊ ဖဆပလ မကောင်းဘူး။ တိုင်းရင်းသားတွေ မကောင်းဘူး၊ ကျောင်းသားတွေ မကောင်းဘူး။ သူတို့မှတပါး ဘယ်သူမှ မကောင်းဘူး။ ဘာပဲရေးရေး၊ နှစ်နှစ်-သုံးနှစ်လောက်နေလျှင် အမျိုးသားစာပေဆုကို မျှော်မှန်းနိုင်ပြီ။ အမျိုးသားစာပေ ဆုရှင် စစ်ဝန်ထမ်းအရေအတွက်သည် မှန်မှန်ကြီး တိုးတက်နေသည်။ ဤတိုင်းပြည်တွင် စစ်သားဦးရေနှင့် အရပ်သားဦးရေ အချိုးအစားမှာ တစ်အချိုး တရာခန့် ဖြစ်သည်။ သို့သော် အမျိုးသားစာပေ ဆုရသူ အချိုးအစားမှာ တစ်အချိုးလေး၊ တစ်အချိုး သုံးလောက် ဖြစ်လာနေသည်။


တကယ်ကတော့ ဗမာပြည်တွင် တပ်မတော်အမှုထမ်းများ စာရေးဆရာလုပ်သည် ဆိုခြင်းမှာ ဆန်းသည့်ကိစ္စမဟုတ်။ လွတ်လပ်ရေးရပြီးကာစ ကာလတွင်ပင် တွေ့ကြရသည်။ နာမည်ကျော်ကြားသူ၊ မကျော်ကြားလှသူ၊ အောင်မြင်သူ၊ မအောင်မြင်သူ၊ အမျိုးမျိုးပင်ရှိသည်။ သို့သော် ထူးခြားသည်မှာ ထိုစဉ်က တပ်မတော်ထဲ၊ အထူးသဖြင့် တပ်မတော်အရာရှိများထဲတွင် တပ်မတော် တာဝန်ကို ရိုးသားစွာ ထမ်းဆောင်နေသူများ များပြားသေးသလို စာရေးသော တပ်မတော်ဝန်ထမ်းများထဲတွင်လည်း ယခုကဲ့သို့ ဝါဒဖြန့် လုပ်ငန်း သဘောထားပြီး စာရေးနေသူများ နည်းလှပေသည်။ မောင်သော်က၊ ဆရာဝန်မောင်သင်၊ ဝင်းဦး၊ လေသူရဲတဦး၊ ဗိုလ်မြင့်၊ နာမည် ကျော်ကြားခဲ့၊ စာဖတ်သူများက သဘောကျခဲ့သည့် စာဆိုစစ်သည်များ၏ နာမည်အရေအတွက်မှာ မနည်းလှပါ။ သို့သော် သူတို့သည် သူတို့၏စာကို ဝါဒဖြန့်ချိရေးပစ္စည်းအဖြစ် အသုံးချမခံခဲ့ဘူး ဆိုသည့်အချက်ကို သတိထားမိသည်။


အလှည့်အပြောင်း၏အစမှာ တပ်မတော်အတွင်း၌ ဆိုရှယ်လစ်စစ်ဗိုလ်ဂိုဏ်းက အုပ်စီးထားသော ဆိုက်ကို ခေါ် စိတ်ဓာတ်စစ်ဆင်ရေးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုဌာနမှနေ၍ တပ်တွင်းရှိစာရေးသူများထဲမှ သူတို့လိုချင်သူအချို့ကို ရွေးခေါ်ခဲ့သည်။ အခေါ်ခံရသူများ မငြင်းနိုင်ပါ။ သို့တိုင်အောင် စာရေးဆရာမင်းရှင်လို လူအချို့ကဆိုလျှင် ဆိုက်ကိုဌာနတွင် ဝင်ရောက် လုပ်ကိုင်ရာ၌ စာဖတ် ပရိသတ် လက်ခံထားသော မိမိ၏ ပင်ကိုကလောင်နာမည်ကို လုံးဝ အသုံးမပြုခဲ့ကြချေ။ ကိုယ့်ကလောင်ညစ်နွမ်းမှာကို ရှောင်ကျဉ်ကြသည်။


သို့သော် ဤအချိုးအကွေ့မှာ သာမန်အချိုးအကွေ့မဟုတ်၊ ဗမာပြည်သမိုင်းကို ကြီးမားစွာ ဂယက်ရိုက်မည့် အပြောင်းအလဲကြီးတရပ် ပေါ်ပေါက်လာသည့်အချိန် ဖြစ်နေသည်။ အခြားမဟုတ်ပါ၊ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်တို့က တပ်မတော်တွင်း၌ ဆိုရှယ်လစ်စစ်ဗိုလ်များ၏ ဂိုဏ်းကို ထူထောင်လာခြင်းဖြစ်သည်။ တဆက်တည်းမှာ ယင်း၏နောက်ဆက်တွဲများဖြစ်သော ၁၉၅၈ခုနှစ် အာဏာသိမ်းမှု၊ စစ်ထောက်လှမ်းရေး တွင်ကျယ်လာမှု၊ ထိုမှတဆင့် ၁၉၆၂ခုနှစ် အာဏာသိမ်းမှုအထိ ဆက်တိုက်ဖြစ်လာသည်။ အာဏာရ ဖဆပလအစိုးရ၏ ပျော့ညံ့မှုကြောင့် စစ်အုပ်စုသည် လေးငါးခြောက်နှစ်အတွင်း တဟုန်ထိုး ရှေ့ထွက်လာခြင်းဖြစ်သည်။ ဗိုလ်နေဝင်းတို့၏ အုံဖွ မန်းချက်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကြီးသည် တမုဟုတ်ခြင်းပင် ဆိုရှယ်လစ်ခေတ်သို့ ရောက်ရှိသွားတော့သည်။ သို့ဖြင့်တပ်မတော်အရာရှိ အများစုမှာ မိမိတို့အသက်ရှင် ရပ်တည်ရေးအတွက် မဆလပါတီထဲသို့ ဝင်ကြရတော့သည်။


မဆလပါတီဆိုသည်မှာ ဆိုရှယ်လစ်ပါတီ အမည်ခံထားသော်လည်း စင်စစ်တွင် စစ်အုပ်စုပါတီသာ ဖြစ်သည့်အလျောက် မဆလပါတီထဲတွင် တွင်ကျယ်၊ နေရာရလိုသူများမှာ စစ်အုပ်စုအလိုကျများ လုပ်ကြရတော့သည်။ နဂိုက သာမန်တပ်မတော်သားများ၏ ခံစားချက်များကို စာဖွဲ့နေသော ကဗျာဆရာထီလာစစ်သူသည် စစ်အုပ်စုအတွက် ဝါဒဖြန့်ပေးသူ ဖြစ်လာခဲ့သည်။ သို့ဖြင့် အချိန် တချိန်သို့ ရောက်သောအခါ ဝန်ကြီးဖြစ်လာခဲ့သည်။ သူလို အရေခွံပြောင်းရန် ငြင်းဆန်ခဲ့သော ဗိုလ်မှူးမောင်သော်ကမှာတော့ ထောင်တွင်း၌ သေသွားအောင် စစ်အုပ်စုက ဇာတ်လမ်းဆင်ခြင်း ခံခဲ့ရသည်။ အခြားသော ဗိုလ်နေဝင်းတို့ စစ်အုပ်စုကို မထောက်ခံသူများလည်း တဖြည်းဖြည်းဖြင့် တပ်မတော်ပြင်ပသို့ ရောက်ရှိသွားခဲ့သည်။ စစ်အာဏာရှင်များ၏ စစ်တပ်အတွင်း၌ ဦးနှောက်ဖြင့်စာရေးသူများအတွက် နေရာ မရှိတော့။


အချိန်ကာလရွေ့လျားလာသည်နှင့်အမျှ ဗမာနိုင်ငံ၏ နယ်ပယ်အသီးသီးကို စစ်ဗိုလ်များက ချုပ်ကိုင်လာခဲ့ကြသည်။ စီးပွားရေး၊ လူမှုရေး၊ စာပေအနုပညာ၊ ရုပ်ရှင်၊ အကုန်ပဲဟု ဆိုရမည်။ ပိုဆိုးသည်က သူတို့သည် ထိုသို့ချုပ်ကိုင်ယုံနှင့် မကျေနိုင်ကြ။ သူတို့၏ သစ္စာရှိလူယုံများများနှင့် လွှဲထားယုံနှင့် မကျေနပ်နိုင်ကြ။ သူတို့ကိုယ်တိုင် နယ်ပယ်များအတွင်းသို့ သဏ္ဍာန်မျိုးစုံဖြင့် ပါဝင်လာ ကြသည်။ အထင်ရှားဆုံးဥပမာမှာ စာနယ်ဇင်းလောကပင်ဖြစ်သည်။


သတင်းစာမှန်သမျှမှာ စစ်အစိုးရပိုင်ဖြစ်သည်။ မီဒီယာအားလုံးကို စာပေစိစစ်ရေးက ချုပ်ကိုင်ထားသည်။ ဂျာနယ်မဂ္ဂဇင်းများထဲတွင် သူတို့လူတွေ ဝင်ထားသည်။ သူတို့သားသမီးများ၊ ကြံ့ဖွတ်များက ထုတ်ဝေနေခြင်း၊ ငွေထုတ်ပေးထားခြင်းများလည်း ရှိနေသည်။ သို့တိုင်အောင် သူတို့ အားမရနိုင်ကြ။ ကိုယ်တိုင် စာရေးဆရာလုပ်ကြသည်။ သူတို့မို့ရေးပြီဆိုလျှင် မည်သည့်အယ်ဒီတာကမျှ မပယ်ရဲသလို မည်သည့်စာပေစိစစ်ရေးကလည်း စာတလုံး မပြင်ရဲ။


ထို့ပြင်အာဏာရှိသူက စာရေးနေခြင်းဖြစ်သောကြောင့် စီးပွားရေးသက်သက်ကိုသာ ထောက်ရှုသည့် မီဒီယာလုပ်ကိုင်သူ အချို့ကလည်း သူတို့စာမူများကို ဖော်ပြခြင်းဖြင့် နအဖအာဏာပိုင်များကို မျက်နှာလုပ်ကြသည်။ ကံကောင်းလျှင် စက္ကူချပေးခြင်းလို လက်ငင်းအကျိုးခံစားခွင့်များပင် ခံစားရတတ်သည်မဟုတ်လော။


ယင်းသို့ တခေတ်ထလာသော စစ်ဝတ်စာရေးသူများသည် သူတို့ရေးချင်သည်များကို ရေးချင်သလိုရေးကြသည်။ တဖက်က ပြန်ချေပနိုင်ခြင်းမရှိခြင်းနှင့် စာပေစိစစ်ရေးက ဘာမှမပြောရဲသည်တို့ကို အခွင့်ကောင်းယူကာ အဖြစ်အပျက်များကို စောက်ထိုး ပြောင်းပြန်ရေးကြသည်။ သမိုင်းကိုပင် ပြင်ရေးကြသည်။ သမိုင်းမှ ခေတ်သစ်သမိုင်းကိုသာမက သမိုင်းမတင်မီကျောက်ခေတ် အကြောင်းကိုပင် သူတို့လိုချင်သလို ပြင်ရေး၊ ထင်သလို ရေးနေကြသည်။ သူတို့ကိုယ်တိုင်လည်း ရေးသည်၊ ခိုင်း၍ရသော သမိုင်း ဆရာတို့ကိုလည်း ရေးခိုင်းသည်။ ကွန်မြူနစ်တွေက “လူထုဟာ သမိုင်းကိုဖန်တီးသူ ဖြစ်သည်”ဟု ဆိုကြသည်။ နအဖခေတ်တွင်မူ သမိုင်းကို စစ်ဗိုလ်တွေက ဖန်တီးနေကြသည်။


သူတို့ကိုယ်ရည်သွေးတာ၊ မဏ္ဍပ်တိုင်တက်တာတွေကိုတော့ စကားလုပ်ပြီး ပြောနေစရာမလိုဟု ယူဆပါသည်။ သူတို့အထဲတွင် ဆရာကြီးဒေါက်တာသန်းထွန်းလို “ငါရေးချင်သမျှငါအကြောင်း” ရေးဝံ့သူရှိသလားဟုသာ မေးခွန်းထုတ်လိုပါသည်။ အကြောင်းက သူတို့ဘာအကြောင်းပဲရေးရေး၊ သိသိသာသာ ရှောင်ကွင်းရသည့် အချက်တချက်ရှိသည်။ ယင်းမှာ စစ်အုပ်စုတွေ၏ အတွင်းရေးများ ဖြစ်သည်။ ဤသစ္စာတော်ကို စစ်အုပ်စုပြင်ပရောက်သွားသူ၊ အထုတ်ခံရသူ၊ အထုခံရသူများပါ စောင့်ထိန်းရသည်။ စစ်အုပ်စု၏ အတွင်းရေးတွေကို သူတို့အများကြီး သိပါသည်။ သို့သော် ယောင်လို့ပင် မဟပါ။ အပုပ်ချပြီး အထုတ်ခံရသူပင်လျှင် သူ့ကို ဘယ်လို အပုပ်ချပြီး ထုတ်လိုက်တာဖြစ်ကြောင်း မရေးပါ။ ဒါဖြင့် သူတို့ကျေနပ်နေလို့လားလို့ မေးစရာရှိပါသည်။ သူတို့ မကျေနပ်ယုံမက ခံစားမှုများလည်း ရှိကြပါသည်။ သို့သော် သူတို့အတွင်းမှာ “စစ်အုပ်စုဝံသာနုဝါဒ” ရှိပါသည်။ ထို့ကြောင့်မရေးပါ။ ရေးလျှင်လည်း “စာပေစိစစ်ရေး”က လက်မခံယုံမက “ဘေး”ပင် တွေ့နိုင်သည်။


တပ်အပြင်ရောက်မှ စာရေးသူများထဲတွင် ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်အပါအဝင် အခြား ဆိုရှယ်လစ်ထိပ်သီး စစ်ဗိုလ်တွေ အများကြီးရှိပါသည်။ ဗိုလ်နေဝင်းအကြောင်းကို သူတို့အသိဆုံးဖြစ်သည်။ သို့သော် သူတို့မရေးပါ။ တလုံးမျှမရေးပါ။ (ရှစ်စ်လေးလုံးအကြိုကာလတုန်းက ဗိုလ်အောင်ကြီး ရေးခဲ့သည်များကိုကြည့်ပါ)။ စစ်အုပ်စု အတွင်းရေးကို သူတို့ လုံးလုံးမရေးပါ။ ဗိုလ်တင်ဖေကို အရူးလို့ ရေးချင်ရေးမည်။ ဗိုလ်တင်ဖေက မုံရွာဦးဘငြိမ်ကို ဆရာတင်နေသူဖြစ်ကြောင်း ရေးချင်ရေးမည်၊ ဗိုလ်နေဝင်း အကြောင်းကိုတော့ လုံးလုံးမရေးပါ။ ၅၈ခုနှစ် အာဏာသိမ်းပွဲ၊ ၇ရက် ဇူလိုင် လူသတ်မှအစ အရေးကြီးကိစ္စအားလုံးကို ဗိုလ်နေဝင်း ခေါင်းမငြိမ့်ဘဲ ဘယ်သူမှ ဘာကိုမှ မလုပ်နိုင်ကြောင်းကို သူတို့အသိဆုံးဖြစ်ပါသည်။


သူတို့ရှောင်သည့် နောက်တချက်လည်း ရှိသေးသည်။ ယင်းမှာ သမိုင်းအဖြစ်မှန်ကို ရေးရန် ရှောင်ခြင်းဖြစ်သည်။ စာပေစိစစ်ရေးလည်း မသိနိုင်သော နအဖ စစ်အုပ်စုထိပ်သီးတွေလည်း မမှီလိုက်သော ရှေးဟောင်းနှောင်းဖြစ်တွေကို လုပ်ထွင်ပစ်လိုက်ခြင်း ဖြစ်သည်။ ဥပမာ စာအုပ် တအုပ်တွင် ၁၉၃၆ကျောင်းသားသပိတ်နှင့် ၁၉၃၈ကျောင်းသားသပိတ်ကို လုံးထွေးပစ်လိုက်သည်။ ၁၉၃၆ကျောင်းသား သပိတ်တွင် ကိုဗဟိန်းနှင့် ကျောင်းသားသပိတ်သမားတွေကို စစ်ကိုင်းက ကျောင်းအုပ်ကြီးမစ္စတာဒေါင်း (ဘိုးဝါး စစ်ပြန်ကြီး) ဦးစီးသည့် စကောက်အဖွဲ့က တုတ်ရှည်တွေနှင့် ရိုက်ခဲ့သည့်ကိစ္စကို မရေးပါ။ (ဘယ်ရေးမလဲ၊ ယင်း စကောက်အဖွဲ့တွင် သူတို့ ဆိုရှယ်လစ် စစ်အုပ်စုဝင်တယောက် ပါနေတာပဲ) နောက် ဗြောင်လိမ်တာတခုကတော့ အာဏာသိမ်းပွဲကို သူတို့ မသိလိုက်ပါ ဟု လိမ်ခြင်းဖြစ်သည်။ ဗကပ ပါတီအတွင်း ကိစ္စတွေကိုတော့ အပ်ကျတာကအစ သူတို့သိနေသလို ရေးလေ့ရှိကြသော်လည်း သူတို့လက်အောက်က စစ်တပ်ထဲတွင် အာဏာသိမ်းရန် ပြင်နေခြင်းကိုတော့ မသိပါဟု ဗြောင်လိမ်ကြသည်။ “စစ်တပ် အာဏာသိမ်းပွဲဖြစ်တော့မည်” ဆိုခြင်းကို (ပွဲကြည့်ပရိသတ်) ဘေးလူတွေက သိနေကြသော်လည်း ဇာတ်စင်ပေါ်က (စစ်တပ်ထဲက) လူက မသိပါဟု ဆိုခြင်းမှာ ဗြောင်လိမ်နေခြင်းသာဖြစ်ပါသည်။ ဗိုလ်နေဝင်းက တရေးနိုးမှ အကြံပေါ်ပြီး အာဏာသိမ်းခဲ့ခြင်းမဟုတ်။ အတွင်းလူတွေနှင့် တိုင်ပင်၊ စီမံကိန်းချပြီးမှ အာဏာသိမ်းခြင်းဖြစ်သည်။ ပြောစရာရှိသည်က အာဏာသိမ်းပြီးနောက် အာဏာဝေစု (တိုက်ရာပါပစ္စည်း) ခွဲဝေရာ၌ “ကျနော်မပါဘူး၊ လက်မခံပါရစေနဲ့” ဟုငြင်းခဲ့သူ တယောက်မှမရှိ ဆိုသောအချက်ဖြစ်ပါသည်။


ဗမာ့သမိုင်းတွင် လက်နက်တဖက် ကလောင်တဖက်ဖြင့် စာရေးခဲ့သော စာဆိုစစ်သည်များ ကျော်ကြား၊ လူလေးစားခံရခြင်းများ ရှိခဲ့ပါသည်။ ရှေးခေတ်သမိုင်းတွင်သာမက အနီးခေတ်သမိုင်းတွင်လည်း ရှိခဲ့ပါသည်။ သို့သော် ယနေ့ခေတ်တွင်မူ ယင်းသို့သော စာပေစစ်သည်များ မတွေ့ရသလောက် ဖြစ်နေသည်။ အဓိကအကြောင်းရင်းမှာ သူတို့၏လက်ထဲကသေနတ်သည် ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ်သော သေနတ်ဖြစ်နေသောကြောင့် ဖြစ်လေသည်။

UN Chief May Not Visit Burma in Decemberဒီမိုကရေစီရေး တိုးတက်မှုမရှိရင် ဘန်ကီမွန်း မြန်မာခရီးစဉ် ဖျက်မည်

By LALIT K JHA / UNITED NATIONS Wednesday, October 8, 2008


UN Secretary-General Ban Ki-moon has cast doubt on a tentatively scheduled trip to Burma in December, saying so far he sees no tangible progress in achieving UN-mandated goals.

The secretary-general, in a press conference at UN headquarters in New York, said he would visit Burma only when he sees the possibility of achieving progress toward the goals the UN has set and is certain his visit would yield tangible results.

Ban said he does not see those conditions right now, and he is unlikely to visit Burma under the present circumstances.

"As to my visit, when I said I will be personally engaged, that meant that I would be willing to pay a return visit to Myanmar at an appropriate time,” he said. “But you should also know that without any tangible or very favorable results to be achieved, I may not be in a position to visit Myanmar without any expectations."

Ban, who has organized several meetings during the General Assembly session of the UN including ministerial-level meeting of the Friends of the Secretary General on Burma, said he is studying the possibility of a visit.

"I am now in the process of making some groundwork, which may allow me to consider my own visit. But at this time, I need some more time. I will have to consider all the circumstances—when would be an appropriate time for me to visit," he said.

Such a statement by the secretary-general could be considered a major setback for the military junta, since a visit by Ban would enhance their credibility. It was during the last visit of Ibrahim Gambari, the special UN envoy on Burma, that it was announced that Ban would make a second trip to Burma in December.

Ban’s first visit was in May in the aftermath of cyclone Nargis when he visited the Irrawaddy delta. His talks with top Burmese officials were restricted to humanitarian relief efforts.

The secretary-general, however, said he is committed to ensure that things move in a positive direction in Burma.

"On this [Burma], you have my firm commitment and assurances that I will be constantly and personally engaged—at my level and through my special adviser Mr Gambari's engagement with the Myanmar authorities," Ban said.

Gambari last visited Burma in August, which many considered a failed mission. He failed to meet with either Sen-Gen Than Shwe or opposition leader Aung San Suu Kyi.

"I have convened for the first time this high-level meeting where many countries were represented at the ministerial, foreign ministers, level. It was very encouraging," Ban said, referring to the ministerial-level meeting of 14 Friends of the Secretary-General on Burma.

"There was firm support for the continuing good offices role of the secretary-general, and also Gambari's engagement there. That will continue," Ban said.

"There was again strong commitment from the Group of Friends of the Secretary-General that they will provide whatever necessary assistance and cooperation to enable that," he said.

The secretary-general said there was strong support from UN member nations that it is up to the Burmese government to implement fully the democratization process and also release all political prisoners.


United Nations Secretary General Ban Ki-moon, Sept 24, 2008.AP
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း။ စက်တင်ဘာ ၂၄၊ ၂၀၀၈။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်မှုတွေ
မတွေ့ရဘူးဆိုရင်တော့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်
ကို ပယ်ဖျက်ကောင်း ပယ်ဖျက်မယ့်အကြောင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က အင်္ဂါနေ့မှာ ပြောလိုက်ပါ
တယ်။ လာမယ့်ဒီဇင်ဘာလမှာ သူ မြန်မာနိုင်ငံကို
သွားရောက်မယ်ဆိုပြီး အရင်ထွက်ပေါ်နေခဲ့တဲ့
သတင်းတွေနဲ့ပတ်သက်လို့ အင်္ဂါနေ့က ကုလ
သမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ
ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက
မေးမြန်းတဲ့အပေါ် မစ္စတာဘန်ကီမွန်းက တုံ့ပြန်
ဖြေကြားခဲ့တာပါ။


နိုင်ငံရေးကိစ္စရပ်တွေကို ပြောဆိုဆွေးနွေးဖို့ လာမယ့်ဒီဇင်ဘာလမှာ သွားဖို့ရှိတယ်လို့
ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ
(Ibrahim Gambari) ပြီးခဲ့တဲ့ သြဂုတ်လ မြန်မာနိုင်ငံရောက်ရှိချိန်အတွင်း ပြောခဲ့ပါ
တယ်။

မစ္စတာဘန်က သူ့အနေနဲ့ရော၊ သူ့ရဲ့အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီအနေနဲ့ရော
မြန်မာ့အရေးမှာ အဆက်မပြတ် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့လုပ်ဆောင်သွားမယ်ဆိုတာ
ကို အခိုင်အမာ ထပ်ပြောခဲ့ပါတယ်။ မစ္စတာဘန်ကီမွန်းက …

"ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက အပြည့်အ၀ အကောင်
အထည် ဖော်သင့်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး
အကျဉ်းသားတွေကိုလည်း လွှတ်ပေးသင့်ပါတယ်။"

သူ့ရဲ့ခရီးစဉ်ဟာ ကုလသမဂ္ဂက တောင်းဆိုထားသလို မြန်မာအစိုးရက ဒီမိုကရေစီရေး
ပြုပြင်ပြောင်းလဲမှုတွေ လုပ်သလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်
သလား၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးသလားဆိုတာတွေပေါ်မှာ မူတည်နေ
တယ်လို့ မစ္စတာဘန်က ပြောပါတယ်။

"သင့်တော်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ကျနော်ပြန်သွားချင်ပါတယ်။ ဒါပေမယ့်
အကောင်အထည်ပြနိုင်တဲ့ ဒါမှမဟုတ် အင်မတန် အားတက်ဖွယ်ကောင်းတဲ့ တိုးတက်မှု
တွေ မရဘူးဆိုရင်တော့ ကျနော် မြန်မာနိုင်ငံကို သွားမှာမဟုတ်ပါဘူး။"


"ဒီတကြိမ်မှာ ကျနော့်အတွက် အချိန် ပိုလိုအပ်ပါတယ်။ သွားရောက်ဖို့ အသင့်တော်ဆုံး
အချိန်က ဘယ်အချိန်ဖြစ်မယ်ဆိုတာကို သတ်မှတ်ဖို့အတွက် အခြေအနေအားလုံးကို
ကျနော် ထည့်သွင်းစဉ်းစားရမှာပါ။"


မစ္စတာဘန်ကီမွန်းက သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်
ပြောင်းလဲမှုတွေ ရှိ-မရှိ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ
လွတ်-မလွတ် ဆိုတာတွေအပေါ် မူတည်နေတယ်လို့ မြန်မာအစိုးရအပေါ် သွယ်ဝိုက်ပြီး
ဖိအားပေးတဲ့သဘော ပြောသွားခဲ့ပါတယ်။

Thai Crisis Turns Bloodyဆန္ဒပြမှု ထိန်းသိမ်းရေး စစ်တပ်အကူအညီ ထိုင်းရဲရယူ


By GRANT PECK / AP WRITER Wednesday, October 8, 2008


BANGKOK — Thailand suffered its worst political violence in more than 16 years as police battled protesters who besieged the Parliament in their struggle to change the country's system of democracy. At least one person was killed and more than 400 people were injured.

The army moved into the streets of the capital, Bangkok, while most of the protesters eventually left the area around Parliament and regrouped on the grounds of the prime minister's office, which they have occupied since August 26.

Riot policemen fire tear gas towards anti-government demonstrators protesting outside Parliament in Bangkok on October 7. (Photo: Reuters)
The violence heightened the political uncertainty that has bedeviled Thailand since early 2006, when large protests called for Thaksin Shinawatra, the tycoon-turned-prime minister, to step down for alleged corruption and abuse of power.

A September 2006 coup ousted Thaksin, but a military-appointed interim government proved incompetent and scared away foreign investors.

Thaksin's political allies were restored to power by a December 2007 election, serving only to deepen the split between his rural majority supporters and urban-based opponents, who have made it difficult for the government to function. The problems stayed at a boil when Somchai Wongsawat, Thaksin's brother-in-law, became prime minister.

Earlier, according to Thai media, he climbed over a fence to get past the crowds and escape from Parliament.

The protesters' rage over what they see as an effort to reinstall Thaksin by stealth leads some to suspect they are pushing to force another coup to oust the government.

"It is increasingly apparent that the alliance is provoking confrontation so that the military would intervene," said Charnvit Kasetsiri, a historian and a former rector of Bangkok's Thammasat University: "They are confusing anarchy and democracy and I don't think a coup can be ruled out at this point. It seems that they want to drag it to that end, one way or the other."

But Army Commander Gen Anupong Paochinda, speaking to reporters Tuesday night, said: "The military will not stage a coup. A coup would not do any good to the country. It won't accomplish anything. It is not hard to stage a coup. But making a country function after staging one is."

The prime minister rebuffed the protesters' demands to step down. "I came in to do my job, so I will not quit working," Somchai told reporters.

An injured anti-government protester, center, is carried by her comrades after police dispersed thousands of protesters. (Photo: AP)
The protesters, calling themselves the People's Alliance for Democracy, include royalists, wealthy and middle-class urban residents and union activists, all of whom feel threatened by political and social change.

The alliance claims Thailand's electoral system is susceptible to vote-buying, and that the rural majority, the Thaksin camp's power base, is not sophisticated enough to cast ballots responsibly.

It advocates abandoning one-person, one-vote to allow some lawmakers to be chosen by professions and social groups, but has not explained how such a system would work and be free and fair.

The violence was the worst since 1992, when the army killed dozens of pro-democracy demonstrators seeking the ouster of a military-backed government.

The protesters had surrounded the squat, modern Parliament buildings Monday night with barbed wire and tire barricades. The first burst of violence came at 6 a.m. Tuesday when police cleared the street, allowing the prime minister to enter and deliver a policy statement.

Another erupted in the late afternoon with authorities firing countless volleys of tear gas to clear a path for lawmakers to leave.

About a mile (1.6 kilometers) away from the fighting, an unidentified person was killed when a Jeep Cherokee exploded. Police said they suspected a bomb, but gave no details.

Witnesses reported hearing gunshots throughout the day, though who was firing them could not be determined.

07 October 2008



Anti-government protesters try to flee from tear gas in front of Parliament in Bangkok, Thailand, Tuesday, Oct. 7, 2008.AP
မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် ထွက်ပြေးနေကြသော ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ။
အောက်တိုဘာ ၇၊ ၂၀၀၈။
ထိုင်းစစ်တပ်များ ချထားတာဟာ ရဲရဲ့အကူ
အညီတောင်းခံလို့ ကူညီဖို့အတွက်သာ
ဖြစ်တယ်၊ လက်နက်မကိုင်ထားကြပါဘူးလို့
စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောဆို
ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသမားများနဲ့ လုံခြုံရေးတပ်ဖွဲ့များ
ပဋိပက္ခ ဖြစ်ပွားနေစဉ် မသင်္ကာဖွယ် ကားဗုံး
ပေါက်ကွဲလို့ အမျိုးသမီးတယောက် သေဆုံး
သွားပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ ပါလီမန်ကို
ဝိုင်းပြီး ဆန္ဒပြနေကြတဲ့ ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများ ပတ်သက်ခြင်း
ရှိမရှိ မသိရသေးဘူးလို့ အစိုးရတာဝန်ခံများက ပြောဆိုကြပါတယ်။

ပါလီမန်လွှတ်တော်ထဲ ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝပ် (Somchai Wongsawat)
မိန့်ခွန်းပြောရာသို့ လွှတ်တော်ကိုယ်စားလှယ်များ မတက်နိုင်အောင် အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသမားများက လွှတ်တော်ကို ၀ိုင်းရံပိတ်ဆို့ထားတာဖြစ်လို့ ရဲက ထပ်တလဲလဲ
မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲရပါတယ်။

ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံလိုက်ရတဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)
နဲ့ နီးစပ်တဲ့ ဒီရွေးကောက်တင်မြှောက်ခံအစိုးရ ဆင်းပေးဖို့ လူထောင်ပေါင်းများစွာတို့က
ဘန်ကောက်မြို့ရှိ အစိုးရရုံးဝင်းကို သိမ်းပိုက်ပြီး ဆန္ဒပြနေတာ တလကျော်သွားပါပြီ။
ဒီနေ့ပဋိပက္ခဟာ ဒီကာလအတွင်း အဆိုးဝါးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဆွန်ချိုင်းက ရာထူးကမထွက်ဘူး၊ အရေးပေါ်အခြေအနေလည်း မကြေညာ
ဘူးလို့ ငြင်းဆန်ကြောင်း သတင်းရရှိပါတယ်။