9.29.2008

သံလွင်ရေကာတာစီမံကိန်း ဇီဝမျိုးစိတ် (၄၀၀)ခန့်ကို အန္တရာယ်ပြုနေ

ပီတာအောင်/၂၉ စက်တင်ဘာ ၂၀၀၈။ ။

သံလွင်ရေကာတာစီမံကိန်းသည် ကရင်ပြည်နယ်အတွင်းရှိ အပင်နှင့်သတ္တ၀ါ ဇီဝမျိုးစိတ်ပေါင်း (၄၀၀) နီးပါးကို ခြိမ်းခြောက်အန္တရာယ်ပြုနေကြောင်း ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးအဖွဲ့ (KESAN)၏ အစီရင်ခံစာ၌ ဖော်ပြသည်။

သံလွင်မြစ်ကိုဖြတ်၍ ရေအားလျှပ်စစ်ထုတ်ယူမည့် ၀ဲကြီးရေကာတာ တည်ဆောက်ရေး စီမံကိန်းအနီးရှိ ကရင်ပြည်နယ် ခိုးကေးဒေသ၌ ကရင်သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ချင်းမိုင်တက္ကသိုလ်မှ ကျွမ်းကျင် သူပညာရှင်များ၏ အကူအညီဖြင့် (၃) လ ကြာ သုတေသန ပြုလုပ်ခဲ့ပြီးနောက် “ခိုးကေး ဒေသမှ ဇီဝမျိုးစိတ်များ အန္တရာယ်ကျ ရောက်နေပြီ” အမည်ရှိ အစီရင်ခံစာကို ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရေကာတာတည်ဆောက်မှုကြောင့် အမွေးရှည်လင်းနို့နှင့် အခွံပျော့လိပ်မျိုးများကဲ့သို့ ကမ္ဘာတွင်မျိုး တုံးတော့မည့် ဇီဝမျိုးစိတ် (၄၂) မျိုး အပါအ၀င် သတ္တ၀ါ မျိုးစိတ်ပေါင်း(၂၀၀)၊ အပင်မျိုးစိတ်ပေါင်း(၁၉၄) မျိုး စုစုပေါင်း (၃၉၄) မျိုးတို့ ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အစီရင်ခံစာပြုစုသည့် ကရင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှကိုရွှေက “သံလွင်မြစ်ဟာ ဇီဝမျိုးပေါင်းတွေ တော်တော်ကြွယ်ဝတဲ့ နေရာဖြစ်တယ်။ သုတေသန တွေ့ရှိချက်အရ တချို့ ငါးတော်တော်များများဟာ လုံးဝ သံလွင်မြစ် ထဲမှာပဲတွေ့ရတယ်။ တခြား ဘယ်မှာမှ ရှာလို့မရဘူး။ တချို့ အကောင်တွေဟာ ကမ္ဘာ့ မျိုးတုန်းခါနီး သတ္တ၀ါတွေထဲမှာ ပါတယ်။ အဲဒီနေရာမှာ ရေကာတာ ဆောက်လိုက်မယ်ဆိုရင် သစ်တောတွေနဲ့တကွ အဲဒီနေရာက ဒေသခံပြည်သူလူထုတွေ တချိန်လုံး အသက် မွေးဝမ်းကြောင်း နေရာတွေ အကုန်လုံး ပျက်စီးသွားပြီးတော့ ကျနော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ ပျက်စီးဆုံးရှုံး သွားမှာဖြစ်တယ်” ဟုပြောသည်။

ဇီဝမျိုးပေါင်းကြွယ်ဝလှသည့် သံလွင်မြစ်၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ရေကာတာစီမံကိန်း ရပ်တံ့သွားစေရန်အတွက် စစ်အစိုးရနှင့် ဖက်ဆပ်လုပ်ကိုင်နေသည့် ထိုင်းနှင့် တရုတ် အစိုးရတို့အား နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်ဝန်းဖိအား ပေးလာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင် သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ပြောသည်။

နအဖစစ်အစိုးရသည် ရေအားလျှပ်စစ်ထုတ်ယူရန်အတွက် သံလွင်မြစ်ပေါ်၌ ရေကာတာစီမံကိန်း (၅) ခု တည်ဆောက်ရန် စီစဉ်နေပြီး ကရင်ပြည်နယ် ခိုးကေးဒေသ၌ တည်ဆောက်မည့် ၀ဲကြီး ရေကာတာ စီမံကိန်းသည် ရှမ်းပြည်နယ်၌ တည်ဆောက်မည့် တာဆန်း ရေအားလျှပ်စစ် စီမံကိန်းပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သည်။

စစ်တွေမြို့ မှ ဆန္ဒပြ သံဃာတော် (၇) ပါးကိုဖမ်းဆီး

စက်တင်ဘာ(၂၇)ရက်စနေနေ့ကစစ်တွေမြို့ ပေါ်တွင်လမ်းလျှောက်စီတန်းမေတ္တာပို့ခဲ့ကြသည့်
သံဃာတော်များထဲမှ သံဃာတော် (၇) ပါးကို အာဏာပိုင်များက ယမန်နေ့ ညပိုင်းတွင်
ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တွေမြို့ ခံများက ပြောသည်။

စက်တင်ဘာလ (၂၇) ရက်ကို န.အ.ဖ.စစ်အစိုးရက ပတ္တနိက္ကုစ္ဇန ကံဆောင် သံဃာတော်များအား ကျောင်းတိုက်များအထိ လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများ နှစ်ပတ်လည်နေ့အဖြစ် စစ်တွေ သံဃာတော်များက အမိန့်ရှိသည်။ မြန်မာစစ်အစိုးရက သံဃာတော်များအား နှိမ်နင်းသည့် နှစ်ပတ်လည်တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားသည့်ကြားမှ စစ်တွေမြို့ခံ သံဃာတော်များကို ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်သည်။

“ဦးဇင်းတို့က စီတန်းလှည့်လည်မေတ္တာပို့တယ်ဆိုပေမယ့် အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်မဆိုင်ချင်တာကြောင့် အသံတိတ်၊ စိတ်ထဲကပဲ မေတ္တာပို့ပြီး လမ်းလျှေက်ခဲ့ကြတာပါ။ ဒီလိုငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာကိုတောင် လက်မခံဘဲ သံဃာတွေကို ဖမ်းဆီးတယ်ဆိုတော့ နအဖ အစိုးရဟာ ဘယ်လောက်တောင် မိုက်ရိုင်းသလဲ စဉ်းစားသာကြည့်ကြပါတော့” ဟု စစ်တွေသံဃာတော်တပါးက မိန့်ကြားသည်။

အဆိုပါစီတန်းလှည့်လည်မူကို မြင်တွေ့သည့် စစ်တွေမြို့ ခံ မျက်မြင်သက်သေတဦးကမူ-

“သံဃာတော်တွေဟာ အော်ဟစ်ခြင်းကြွေးကြော်ခြင်း မရှိခဲ့ကြပါဘူး။ ပိုစတာတွေဘာတွေလည်း ကိုင်ဆောင်ထားတာ မတွေ့ရပါဘူး။ အသံတိတ် စုပေါင်းလမ်းလျှေက်သွားကြတာပါ။ ဒါကိုတောင် ညပိုင်းမှာ ကျောင်းတိုက်ထဲကို ၀င်ပြီးသံဃာတော် (၇) ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကြားတယ်။ အာသောကာရုံကျောင်းတိုက်က နယ်လှည့် ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တဓမ္မ၀ံသ ကိုလည်း (၂၇) ရက် ညပိုင်းကတခါ (၂၈) ရက် မနက်ပိုင်း တခါလာပြီး မေးမြန်းစစ်ဆေးနေကြတယ်” ဟု ပြောသည်။
ယနေ့VOA နှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင်စစ်တွေသံဃာတော်များကမြန်မာပြည်ငြိမ်းချမ်းရေး
နှင့်ဒီမိုကရေစီရရှိရေးအတွက်ငြိမ်းချမ်းစွာဆက်လက်ဆန္ဒပြသွားမည်ဟုပြောကြား
သွားခဲ့ပါသည်။

Opposition Must Cooperate: Win Tin

By SAW YAN NAING Monday, September 29, 2008
E-MAIL
PRINT
TEXT SIZE

Recently freed after 19 years in prison, Win Tin, who was on Saturday reappointed secretary of the opposition National League for Democracy (NLD) at an event marking the party’s 20th anniversary, used the occasion to call for the NLD to cooperate with ethnic leaders and pro-democracy groups in the fight for change in Burma.

“Win Tin said the fight for democracy hasn’t ended yet,” NLD spokesman Win Naing told The Irrawaddy. “He said the NLD alone can’t work it out. He said we need to cooperate together with ethnic and pro-democracy forces.”

Burmese residents in Japan hold a giant flag as they stage a rally on Saturday to mark the 20th anniversary of the founding of detained Aung San Suu Kyi's National League for Democracy party (NLD) at a Tokyo park, Japan. (Photo: AP)
Freed as part of a government amnesty, the NLD’s Win Tin and Khin Maung Swe were appointed to the party’s Central Executive Committee, while another released member, Than Nyein, was reassigned to his former position as vice-chairman of the Rangoon Division Organizing Committee, according to NLD spokesman Win Naing.

Prominent ethnic Arakanese leader Aye Thar Aung, who is secretary of the Committee Representing the People’s Parliament (CRPP), welcomed the return of the NLD members and said he believed that the CRPP should also be more active in dealing with the NLD.

Aye Thar Aung told The Irrawaddy that the NLD had not been able to bring about any tangible improvements in democratic reform in Burma within the last 20 years as hoped.

Before his 19 years in prison, Win Tin served as a secretary of the NLD and was senior advisor to detained leader Aung San Suu Kyi. He was arrested in 1989 and sentenced to a total of 20 years imprisonment on a series of trumped up charges, such as “instigation to civil disobedience” and “secretly publishing anti-government propaganda.”

He was released on September 23 along with 9,001 other prisoners, only a handful of whom are considered political prisoners. According to a Thailand-based human rights group, the Assistance Association for Political Prisoners (Burma), there are more than 2,000 political prisoners still behind bars in Burma.

During the 20th anniversary ceremony in Rangoon, Win Tin called for the release of all political prisoners, including the detained Buddhist monks, Tin Oo of the NLD and leaders of the 88 Generation Students group—Min Ko Naing, Ko Ko Gyi and Htay Kywe.

That same day, several members of the NLD—including active youth member Htet Htet Oo Wai—were arrested by security forces and later released, said Nyan Win, the party’s spokesman.

On September 22, the NLD released a statement calling for a review of the junta’s constitutional process. The statement urged Burmese authorities to reconsider the state constitution, calling the draft constitution “one-sided” and lacking the participation of the 1990-elected members of parliament.

Then on Saturday at the anniversary ceremony, the NLD released another statement calling for the ruling junta to release all political prisoners, reopen NLD offices and convene a people’s parliament. More than 300 participants, including NLD members, veteran Burmese politicians and foreign diplomats, attended the 20th anniversary of the NLD’s founding.

The NLD was later warned by the head of Burma’s police, Brig-Gen Khin Yi, to withdraw its statement, because the authorities saw it potentially motivating citizens to undertake activities critical of the military government.
The NLD is the main opposition party in Burma and won a landslide victory—392 out of 492 seats—in parliamentary elections in 1990. However, the current Burmese government, led by Snr-Gen Than Shwe, ignored the election results and refused to transfer power to Suu Kyi’s NLD.

Meanwhile, a monk in Sittwe, the capital of Arakan state in western Burma, was briefly summoned and questioned by authorities after joining about 100 Buddhist monks marching in heavy rain on Saturday in protest against the military government, according to another monk in Sittwe.

9.28.2008

Monks protest in Sittwe, western Burma

About 150 Buddhist monks in Sittwe town in western Burma's Arakan state staged a protest march on Saturday morning to observe the first anniversary of last year's 'Saffron Revolution', eyewitness said.

Than Hlaing, a local resident of Sittwe town who witnessed the protest march told Mizzima that about 150 monks began marching from the Sittwe main road at about 10 a.m. (local time). The demonstration was peaceful.

"The monks were marching silently. Police and other officials in several cars and motorcycles followed them and asked them why they were marching," Than Hlaing said.

"People on the road were bowing and paying obeisance to the marching monks," he added.

The monks, he said, took the right side and continued marching on to U Ottama till the end of the road. They dispersed peacefully later.

"As soon as the first batch dispersed, another group of about 100 followed them and dispersed at the same point," said Than Hlaing adding that the monks ended the march at about 10:30 a.m. (local time).

While the authorities did not disrupt the procession, officials, however, followed the monks, Than Hlaing said. He was told that a monk, Shin Thawbanah, of the Ashokayone Monastery was taken away by the police.

"I was told that he [Shin Thawbanah] was taken to the police station for interrogation," said Than Hlaing, adding that he was unaware of the details.

The monks, according to Than Hlaing, were marching along the street in commemoration of the first anniversary of last year's monk-led protests, that was brutally crushed by the ruling junta.

According to the UN, at least 31 people were killed while thousands of monks and activists were arrested and detained. But activists and opposition political groups said, the number of deaths following the junta's brutal crackdown could be hundreds if not thousands.

ဗကသ တနှစ်ပြည့် ထောင်ထဲက ကဗျာ


ဗကသ တနှစ်ပြည့်

ထောင်ထဲက ကဗျာ

စက်တင်ဘာ ၂၇၊ ၂၀၀၈

အိုသူငယ်ချင်း

မင်းကလည်း တနေရာမှာ

ငါကလည်း တနေရာမှာ

ဒါပေမယ့် . . .

ငါတို့တွေ အချုပ်အနှောင်ထဲမှာပဲ။

မင်းဘယ်မှာ ငါသိစရာ မလိုသလို

ငါဘယ်မှာ မင်းသိစရာ မလိုဘူး ဒါပေမယ့် . . .

ငါ့အတွက် မင်းဂုဏ်ယူလိုက်ပါ။

အို . . . သူငယ်ချင်း ငါတို့တွေ

ငါတို့တွေ ကျောင်းပရဝဏ်မှာ ပန်းရနံဝေဖို့ ကြိုးစားသလို

တိုင်းပြည်မှာ စစ်ရမ္မက် ချွေဖို့ ကြိုးစားကြတယ်၊

ငါတို့ရဲ့ အစဉ်အလာ

ငါတို့ရဲ့ သမိုင်း

ငါတို့ရဲ့ စိတ်တံတိုင်းဟာ

မခါးတမာ ပျားသကာသို့

ချိုမြစေရာ ခိုင်မာစွာဖြင့်။

အို . . . သူငယ်ချင်း

ရင်မှ ဝေဒနာ

ပြည်သူ့ ဗျာပါ

အေးမြစေရာ

ဒီဝန်တာဟာ ခေတ်သစ် တမန်

ဒေါင်းအလံ၏ နောက်လိုက်ဗိုလ်ပါ

ကျောင်းသားတွေသာ

တို့တာဝန်ဟု ပြောလိုက်ပါရစေ

အို . . . သူငယ်ချင်း။

အို . . . သူငယ်ချင်း

ဟိုး အတိတ်ဆီက ငါ့ထံသို့လာ

အရိပ်ပမာ စိတ်ဝေဒနာ ဟာ

လ စက်တင်ဘာ

လမ်းမထက် အလယ်မှာ

ပြည်သူ့ ရတနာ

မြတ်ထေရ် သံဃာ

သွေး စံပယ်ကာ

မြေသို့ ခရှာ

ပြည်သူ့ရင်သွေး ကျောင်းသားတွေလည်း

ကျောင်နံရံ တဝိုက်

ဒေါင်းအလံ စိုက်ဖို့ရာအတွက်

ကြိုးစားရင်း ဘဝပါဆုံးခဲ့ရတာ

မေ့မရနိုင်ပါ

အို . . . သူငယ်ချင်းးရာ။

သူငယ်ချင်း (သာသနဝံသ)



Cartoon Beruma – Veto power is superior than UN power, Ok ?

September 27, 2008


အမေရိကန်နိုင်ငံရောက်ရဲဘော်တဦးပေးပို့ထားသောကဗျာ

အဆာမပြေပုံများ

လူတစ်ယောက်လိုအပ်တာထက်

ဘာမှ ပိုမမက်ခဲ့တာကိုက

မိုက်တွင်းနက်သတဲ့လား

ထားလိုက်တော့

ငွေတွင်းလည်းနက်တယ်

မနက်တွေ ခင်းခင်းလာတိုင်း

ဒီနေ့ 

သစ်ပါ့မလား

ကြောင့်ကြမျက်နှာသာ

ဟောင်းသထက် ဟောင်းဟောင်းလာခဲ့

တွေးကြည့်မိတော့မှ

ပိတောက် ဆယ့်ငါးကြိမ်အပွင့်ဟာ

တကြိမ်ထက် တခါမှပိုမရခဲ့ဘူး

အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ်

မနက်ဖြန်ကို

အမြစ်ကနေ လှန်သစ်လိုက်ပစ်လိုက်ချင်တာ

နောက်တနေ့ ပါကွာဆိုသူတွေနဲ့ 

ပုဝါတကမ်းမှာ

မနေခဲ့ဖူးဘူး

မသေကောင်း မပျောက်ကောင်းပါ

ဒါပေမယ့်

သေကောင်ပေါင်းလဲ

မျိုးမြင့်ချို

နှစ်နှစ်ဆယ်ပြည့်နေ့အခမ်းအနားတွင်ထုတ်ပြန်သော NLD၏ထုတ်ပြန်ကြေညာချက်

ကုလသမဂ္ဂနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးမြန်မာအစိုးရကို တိုက်တွန်း

မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ကျေနပ်အားရစရာ မရှိသေးတဲ့အတွက် ကုလသမဂ္ဂနဲ့ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်း (David Miliband) က ပြောလိုက်ပါတယ်။ မနေ့က ကုလသမဂ္ဂမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အဆင့်မြင့်အစည်းအဝေးတခုအပြီး အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ အစည်းအဝေးအပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်း သတင်းထောက်တွေ ကို ပြောပုံအရကတော့ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေ အနေနဲ့ အားမလိုအားမရ ဖြစ်ကြပုံရတာ ထင်ရှားပါတယ်။ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ တိုင်းရင်း သားလူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေအဆုံးသတ်ဖို့ တောင်းဆိုထားတဲ့အပြင် ကုလသမဂ္ဂက ကြားဝင် စေ့စပ်ပေးနေတဲ့ ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံတဲ့အကြောင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပြီး ဖြစ်ပေမယ့် မြန်မာစစ်အစိုးရဘက်က အကောင်အထည်ဖော်တာကတော့ လုံလောက်တဲ့အဆင့်ကို မရောက်တဲ့အကြောင်း မစ္စတာမီလီဘန်း က ပြောပါတယ်။

“မြန်မာစစ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုဒီဂရီဟာ အပြည့်အ၀မရှိပါဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေရဖို့ အတွက် မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီတို့နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာဟာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးမိတ်ဆွေတွေကိုင်စွဲထားတဲ့ အခြေခံမူဝါဒအဖြစ် ဆက်ရှိနေဆဲ ပါ။” လို့ ဒေးဗစ်ဒ် မီလီဘန်းကပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့အပေါ် ထပ်ပြီး အတည်ပြုပြောခဲ့သူကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ တွဲဘက် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖာရန် ဟတ်ခ် (Faran Haq) ပါ။ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို မကြာသေးခင်က လွှတ်ပေးခဲ့တဲ့အပေါ် မိတ်ဆွေနိုင်ငံတွေက အသိအမှတ်ပြု ပြောဆိုကြပေမယ့် ဒီ့ထက်ပိုလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်တဲ့။

“နိုင်ငံတကာအသိုင်းအ၀ိုင်းက အဓိကထားတဲ့ကိစ္စရပ်တွေနဲ့ စိုးရိမ်ပူပန်မှုရှိတဲ့ ကိစ္စရပ်တွေ၊ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အစိုးရနဲ့ အတိုက်အခံတွေအကြား သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ကိစ္စတွေမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပိုပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေလုပ်ဖို့လည်း မိတ်ဆွေနိုင်ငံတွေက မြန်မာအစိုးရကို အားပေး တိုက်တွန်းပါတယ်။” လို့ မစ္စတာ ဖာရင် ဟတ်ခ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂမှာ ဆွေးနွေးပြောဆိုတိုင်း နိုင်ငံတွေကြားမှာ မတူကွဲပြားတဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေ ရှိကြတာကို တွေ့ရစမြဲပါ။ အထူးသဖြင့်တော့ တရုတ်၊ ရုရှားတို့လို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ၊ အိန္ဒိယ လို မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေတဲ့နိုင်ငံတွေ၊ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကြားမှာ ကွဲပြားကြတာပါ။

ဒါပေမယ့် မနေ့ကအစည်းအဝေးမှာတော့ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး ကုလသမဂ္ဂအနေနဲ့ ထဲထဲဝင်ဝင် တက်တက်ကြွကြွ ဆက်ပြီးလုပ်ဆောင်သွားဖို့ကို ပါဝင်သူအားလုံးက သဘောတူခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂက ဘာပဲပြောပြော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘာပဲပြောပြော မြန်မာစစ်အစိုးရက ဂရုစိုက်လေ့ မရှိတာကြောင့် အခု ဆွေးနွေးတိုက်တွန်းတဲ့အချက်တွေကို မြန်မာအာဏာပိုင်တွေ လုပ်ဆောင်လာအောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေက ဘယ်လို လုပ်ဆောင်ကြမယ်ဆိုတာက မေးခွန်းထုတ်စရာပါ။ ဒီအချက်ကြောင့်လည်း ကုလသမဂ္ဂအနေနဲ့ အတွင်းရေးမှူးချုပ်အဆင့်ရော၊ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် အဆင့်မှာပါ ထိတွေ့ဆက်ဆံ လုပ်ကိုင်သွားဖို့ အရမ်း အရေးကြီးတာ ဖြစ်ပါ တယ်လို့ ဒေးဗစ်ဒ် မီလီဘန်း က ပြောပါတယ်။

“ဒီပြဿနာကို မျက်လှည့်ပြသလို ဖြေရှင်းနိုင်မယ့် အဖြေတခုခုရှိရင်တော့ တယောက်ယောက်က လုပ်ဆောင်ခဲ့ပြီးသား ဖြစ်မှာ အထင်အရှားပါ။ အမှန်ဖြစ်နေတာက စစ်အစိုးရဟာ အာဏာကို မလွှဲချင်ဘဲ မနာလိုဝန်တိုစွာ ဆုပ်ကိုင်ထားပါတယ်။ အင်မတန် အရေးကြီးတာတွေကတော့ ပထမအချက်၊ ပြီးခဲ့တဲ့နှစ်က အခြေခံဥပဒေကို ရုပ်ပြ အတည်ပြုပြဌာန်းခဲ့တဲ့ကိစ္စ ကျနော်တို့ လက်မခံပါဘူး၊ ဒုတိယအချက်၊ ကုလသမဂ္ဂက အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အခိုင်အမာဆက်ပြီး ထောက်ခံနေဆဲရှိပါတယ် ဆိုတာ ပါပဲ။” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်းက ပြောသွားတာပါ။

ပြီးခဲ့တဲ့နှစ်မေလမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူပွဲ လုပ်ခဲ့တဲ့အပေါ် မြန်မာစစ်အစိုးရကို ပြည်တွင်း ပြည်ပက အပြင်းအထန်ဝေဖန်ကြပါတယ်။ ဒါပေမယ့် မြန်မာအာဏာပိုင်တွေက တော့ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတွေလုပ်ဖို့တောင် ကြေညာထားပြီးသားပါ။ အဲဒီရွေးကောက်ပွဲတွေ ကျင်းပမယ့် ပုံသဏ္ဌာန် နဲ့ပတ်သက်ပြီး စိုးရိမ်မိတဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေ၀န်ကြီး ဂျော့ဂ်ျ ယို (George Yeo) ကလည်း မနေ့ကပြောပါတယ်။

“စစ်ဘက်က အသာစီးရအောင် အခြေအနေကို ဖန်တီးမှာဖြစ်ပေမယ့် ရှုထောင်တခုကနေ ကြည့်မယ်ဆိုရင် တိုးတက်မှုလုံးလုံးမရှိ တာထက် တိုးတက်မှုတချို့ ရှိတာက ပိုကောင်းတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပြဿနာက ဒီလုပ်ငန်းစဉ်ထဲမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ပါဝင်မှုမရှိဘူး၊ သူတို့ ရွေးကောက်ပွဲမ၀င်ဘဲ နေနိုင်တယ်၊ သူတို့မပါဘူးဆိုရင်တော့ နိုင်ငံဟာ ဆက်ပြီး ကွဲပြားနေဦးမှာဖြစ်ပြီး ပြဿနာကလည်း မဖြေရှင်းနိုင်သေးဘဲ ဆက်ရှိနေဦးမှာပါ။” လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျယိုက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ် ဂမ်ဘာရီ ပြီးခဲ့တဲ့သြဂုတ်လ မြန်မာနိုင်ငံ ကို သွားရောက်ချိန်တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်ပြီး နိုင်ငံရေးရာကိစ္စရပ်တွေကို မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့ ရှိတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် မနေ့ကအစည်းအဝေးအပြီး ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီးကရော၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောရေးဆိုခွင့် ရှိသူကပါ မစ္စတာ ဘန် ကီ-မွန်း မြန်မာနိုင်ငံ သွားမယ် မသွားဘူးဆိုတာ တိတိကျကျ မပြောခဲ့ကြပါဘူး။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ ဒီလိုခရီးစဉ်မျိုးဟာ ခပ်ပေါ့ပေါ့လုပ်ရမယ့် ကိစ္စမဟုတ်ဘဲ အချိန်အခါကို ဂရုတစိုက်ရွေးချယ်ရမယ့် ကိစ္စဖြစ်ပြီး ရှင်းလင်းသိသာတဲ့ တိုးတက်မှုတွေမရှိဘဲ မသွားသင့်ဘူး၊ ဒါပေမယ့် အတွင်းရေးမှူးချုပ်ရဲ့ အချိန်အခါသင့်
ဝင်ရောက် ဆောင်ရွက်မှုဟာ အင်မတန်အရေးကြီးပါတယ်လို့ဆိုပါတယ်။

ဒီအစည်းအဝေးဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အုပ်စုက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး အဆင့်မြင့် အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေးကို စုစုပေါင်း ၁၅ နိုင်ငံ တက်ရောက်တဲ့ ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့အပြင် သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နော်ဝေး၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး အရှေ့တောင်အာရှ နိုင်ငံတွေ ဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေကတော့ လေ့လာသူတွေ အဖြစ် တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း သီးခြားအစည်းအဝေးတခု အနေနဲ့ ကျင်းပတာ ဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် နှစ်ရက်အလိုမှာ ကျင်းပတာပါ။ ဒီအစည်းအဝေးအပေါ် မြန်မာအာဏာပိုင်တွေဘက်က တခုခု တုန့်ပြန်တာကိုတော့ ခုချိန်ထိ မကြားရသေးကြောင်းပါ။

ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် ဦးဝင်းတင် ပြောဆို

မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က မြန်မာ့ဒီမိုကရေစီရေး အတွက် အန်အယ်လ်ဒီ တဖွဲ့တည်းနှင့် လုပ်ဆောင်၍မရကြောင်း တိုင်းရင်းသားများ အပါအ၀င် ဒီမိုကရေစီ အင်အားစုများ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ ယနေ့ ကျင်းပသော နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပြောကြားလိုက်သည်။


အန်အယ်လ်ဒီ အခမ်းအနားသို့ တက်ရောက်လာသော ဦးဝင်းတင်
(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)

ထို့အပြင် ထောင်ဝတ်စုံ အပြာရောင်ပုံစံအင်္ကျီ ၀တ်ဆင်ထားသော ဦးဝင်းတင်က စစ်အစိုးရ၏ ဖမ်းဆီးခံထားရဆဲ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိရာတွင် အားလုံး လွတ်မြောက်ခြင်း မဟုတ်ဘဲ ၎င်း လွတ်မြာက်လာရသည်ကို ရှက်ရွံ့ မိကြောင်း အခမ်းအနားမိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာ ၀င်းနိုင်က ပြောဆိုသည်။

“အဓိကသူပြောတာက အခု ဒီမိုကရေစီ တိုက်ပွဲက မပြီးဆုံးသေးဘူး၊ အန်အယ်လ်ဒီ တဖွဲ့ တည်းနဲ့လည်း မရနိုင် ဘူး၊ ဒါကြောင့် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး ညီညီညွတ်ညွတ် ဆောင်ရွက် ကြဖို့ လိုအပ်တယ်လို့ပြောပါတယ်၊ သူ အခုလို လွတ်မြောက်လာ ပေမယ့် ထောင်ထဲမှာ ရဲဘော်တွေ ၂၀၀၀ ကျော် လောက် ကျန်နေသေးတဲ့ အတွက် ရှက်ရွံ့တယ်တဲ့၊ သူ့အနေနဲ့ ၀မ်းသာရမယ့်အစား သူ့စိတ်ထဲမှာ ရဲဘော်တွေ အတွက် ခံစားရတယ်၊ သူရှက်တယ်တဲ့”ဟု ဒေါက်တာ ၀င်းနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်အရှင်မြတ် များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရန် ၀ိုင်းဝန်း ကြိုးပမ်းကြရန်လည်း ဦးဝင်းတင်က တိုက်တွန်းပြောကြားသွားသည်ဟု ၎င်းကဆိုသည်။

အခမ်းအနားသို့ ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ဦးဝင်းတင် အပါ အ၀င် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ တို့ လည်း တက်ရောက်လာ ကြပြီး အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ မိန့်ခွန်း ပြောကြားရာတွင် ၎င်းတို့၏ မူလ တာဝန်များကို ပြန်လည် အပ်နှင်းကြောင်း ပြောကြားသည် ဟုလည်း သိရသည်။

“အခမ်းအနား မစခင်မှာ ဥက္ကဌ ဦးအောင်ရွှေက နေပြီးတော့ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဦးဝင်းတင် နဲ့ ဦးခင်မောင်ဆွေတို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ တာဝန်ပြန်လည် ထမ်းဆောင်ဖို့၊ ဒေါက်တာ သန်းငြိမ်းကို လည်း ရန်ကုန်တိုင်းစည်းရုံးရေး ဒု ဥက္ကဌ တာဝန်ကို ပြန်လည် ထမ်းဆောင်ဖို့ ပန်ကြားပါတယ်၊ သူတို့အားလုံးက လည်း သဘောတူညီပါတယ်”ဟု ဒေါက်တာ ၀င်းနိုင်က ပြောပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က“ဦးဝင်းတင်ဆိုရင် ကျနော်နဲ့ ရန်ကုန် ဆေးရုံကြီးမှာ လပေါင်းများစွာအကြာကြီး အတူတူနေလာတော့ သူရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး အမြင် တွေကို တော်တော် လေး လေ့လာခွင့်ရခဲ့ပါတယ်၊ ဒေါက်တာ သန်းငြိမ်းလည်း ထို့အတူပါပဲ၊ ဒီလိုပုဂ္ဂိုလ်တွေ အန်အယ်လ်ဒီထဲမှာ ၀င်ရောက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသား ခေါင်း ဆောင်များ၊ ပါတီများ အနေနဲ့လည်း အန်အယ်လ်ဒီကို ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အရင်က ထက်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ တကယ့်ကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ဖို့ကတော့ လူတဦးတယောက်တည်းအပေါ်မှာ မှုမတည်ဘူး၊ တိုင်းပြည် တခုလုံးနဲ့တကွ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း၊ ခေါင်းဆောင်အားလုံးအပေါ်မှာ တည်ပါတယ်”ဟု ပြောသည်။

ယင်းအခမ်းအနားတွင် စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုပြီး မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒကို ယနေ့ အထိ ငြင်းဆန်နေကြောင်း၊ပြီးခဲ့သည့် မေလက ပြုလုပ်သော အခြေခံဥပဒေ အတည်ပြု ဆန္ဒခံ ယူပွဲသည် ပြည်သူ့ဆန္ဒကို မရိုးမသား လိမ်လည်ရယူခြင်းဖြစ်၍ လက်မခံကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း အသိအမှတ်မပြုကြောင်း စသည့် အချက်များ ပါဝင်သည့် စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်သည်။

အန်အယ်လ်ဒီ အနှစ် ၂၀ လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ သည် ပြည်သူများနှင့် နိုင်ငံရေး အင်အားစု များ မျှော်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန် မလုပ်ဆောင်နေသေးကြောင်း ဦးအေးသာအောင်က သုံးသပ်သည်။

“အဓိကကတော့ အန်အယ်လ်ဒီ ဟာ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ တရှိန်ထိုး ပြည်သူတွေရဲ့ အားကိုး ယုံကြည်မှုကို ရခဲ့တယ်၊ ဒါပေမယ့် အန်အယ်လ်ဒီဟာ ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ မျှော်မှန်းသလို တကယ့် ဒီမိုကရေစီလမ်း ကြောင်းပေါ် ရောက်အောင်ယနေ့အထိ မလုပ်နိုင်သေးဘူး၊ အဲဒီမှာ ဘာပဲပြောပြော တဘက်မှာ စစ်အာဏာရှင်တို့ရဲ ဖိနှိပ်မှုတွေရှိသော် ငြားလည်း ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ဖို့ တကယ်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘူးဆိုတာကိုတော့ ၀န်ခံရလိမ့်မယ်”ဟု ဦးအေးသာအောင်က ပြောသည်။

၎င်းက ဆက်လက်ပြီး“အဲဒီအခါမှာကျနော်တို့အပါအ၀င် နိုင်ငံရေးပါတီတွေမှာ၊ နိုင်ငံရေးခေါင်းဆောင်တွေမှာ ဘာပဲဖြစ်ဖြစ် တစုံတခု အတိုင်းအတာအထိ ကြိုးပမ်းအားထုတ်မှုနဲ့ စွမ်းဆောင်မှုပိုင်းမှာ အားနည်းချက်ရှိတယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါ တယ်”ဟုလည်း ဆိုသည်။

အန်အယ်လ်ဒီ အနှစ် ၂၀ ပြည့် အခမ်းအနား မကျင်းပမီနှင့် ကျင်းပပြီးချိန်တွင် အဖွဲ့ဝင် ၉ ဦး ခန့် ဖမ်းဆီး ခံရ ကြောင်းနှင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်းလည်း သိရသည်။

ယနေ့ အန်အယ်လ်ဒီ အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် ဒီမိုကရေစီပါတီစသည့် တခြားသော နိုင်ငံရေး အင်အားစုများက သ၀ဏ်လွှာများပေးပို့ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံခြားသံတမန်များနှင့် တခြားသောဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း အန်အယ်လ်ဒီက ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ကြေညာချက်အား ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ကြာသပတေး နေ့က အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ခေါ်ယူပြောဆိုခဲ့သည်။

အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေး ကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။

9.27.2008

ဦးဝင်းတင်၏VOAမှတိုက်ရိုက်လေလှိုင်းအစီအစဉ်

ဦးဝင်းတင်၏VOAမှတဆင့်ပြန်လည်ဖြေကြားပေးသောတိုက်ရိုက်လေလှိုင်းအစီအစဉ်ကို
ပြန်လည်နားဆင်လိုသူများအနေဖြင့်http://www.voanews.com/burmese/
သတင်းနားဆင်ရန်အစီအစဉ်တွင်ဝင်ရောက်နားဆင်နိုင်ကြောင်းအသိပေးအပ်ပါသည်။
saffrontoward blog မှအနှစ်သက်ဆုံးအဖြေတခုကိုတော highlight လုပ်ချင်ပါတယ်။
နအဖကဖွင့်ပေးထားတဲ့ထွက်ပေါက်အတိုင်းသွားယင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမေးကို
ဦးဝင်းတင်ကအဲဒီထွက်ပေါက်အတိုင်းသွားယင်တော့ငရဲရောက်မှာပဲလို့ဖြေသွားတာပဲ
ဖြစ်ပါတယ်ခင်ဗျား။ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေသူများသတိပြုစရာပါလို့တင်ပြလိုက်
ရပါတယ်။

ဦးဝင်းတင်နှင့်ပါတီဝင်တချို့ကိုတာဝန်ပြန်ပေး၊ ပါတီဝင်အချို့ဖမ်းဆီးခြင်းခံရ


ပါတီဝင်၉ဦးကိုပါတီရုံးအနီးမှာပင်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း
သိရှိရပါသည်။
၆ဦးကိုအခမ်းအနားမစခင်မနက်၁၀နာရီခန့်တွင်ဖမ်းဆီးသွားခြင်းဖြစ်
ပြီး၃ဦး
ကိုအခမ်းအနားအပြီးနေ့လည်တနာရီခွဲခန့်တွင်ဖမ်းဆီးသွားခြင်း
ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာရွှေပြည်သာမှမထက်ထက်ဦးဝေ၊ဒေါ်ရှမ်းမနှင့်
အမည်မသိ
လူငယ်၆ဦးနှင့်အမျိုးသမီးကြီးတဦးတို့ပါဝင်ကြောင်းသိရ
ပါသည်။

စွမ်းအားမြင့်စစ်သည်တော်များ၏ထုတ်ပြန်ကြေညာချက်

ဒေါက်တာလွဏ်းဆွေဘလော့မှကူးယူဖေါ်ပြပါသည်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့ နိုင်ငံတကာတွင် ဆန္ဒပြ

Photos news of Saffron one year anniversary

ဓာတ်ပုံသတင်းများ

စက်တင်ဘာ ၂၆၊ ၂၀၀၈

သိရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ (photo:Reuters)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ (photo:AP)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ (photo:AP)

San Francisco remembers Saffron Revolution One year later


Saturday, 27 September 2008
From Saffron Revolution Remembered - One Year Later - SF
ဆန်ဖရန်စစ္စကိုက ရွှေဝါရောင် ၁ နှစ်ပြည့်ကို ယူနီယံရင်ပြင်တွင် ကျင်းပ

9.26.2008

NLD to Celebrate 20th Anniversary

The National League for Democracy will celebrate its 20th anniversary on Saturday in Rangoon with newly released political prisoners.

Win Tin, a founder of the NLD, was released on Tuesday along with six other NLD members.

Filipino protesters display photos of Burma's last year protests led by Buddhist monks during a silent protest outside the Burmese Embassy at the financial district of Makati city of Manila on Friday. (Photo: AP)
The NLD is the main opposition party which won a landslide victory—392 out of 492 seats—in parliamentary election in 1990. However, the current Burmese government led by Snr-Gen Than Shwe ignored the election result and refused to transfer power to the parliament.

Meanwhile, on Thursday the NLD was warned by the head of Burma’s police, Brig-Gen Khin Yi, to withdraw a statement it made following the release of the political prisoners, said party spokesperson Nyan Win.

The statement called for a review of the junta’s constitutional process. The regime saw the statement as potentially motivating citizens to undertake activities critical of the military government.

Nyan Win said, “They [Burmese authorities] said our earlier statement can motivate people to launch a movement against them. So, they asked us to withdraw our statement.”

“We replied that our statement contained credible information, and we have proof for it. So, we can’t withdraw it,” he said

The NLD statement urged Burmese authorities to reconsider the state constitution, calling the draft constitution one-sided and lacking the participation of the 1990 elected members of parliament.

A lawyer, Thein Nyunt, who is also a member of the NLD information department, said, “It is necessary to review the constitution before it becomes legitimate.”

Burmese authorities unofficially warned opposition leaders that action could be taken against them if they continued to make such statements.

Six members of the NLD’s Central Executive Committee met with Brig-Gen Khin Yi at the Ministry of Home Affairs for about one hour on Thursday, said Nyan Win.

He said Burmese authorities are trying to pressure NLD leaders to stop public criticism of the military regime.

In May, the NLD dismissed the national referendum on the draft constitution, calling it non-inclusive, non-transparent and undemocratic.

The party’s leader, Aung San Suu Kyi, has been detained under house arrest for more than 13 of the past 19 years. The latest round of her house arrest began o¬n May 30, 2003, following the ambush of her motorcade by a government-orchestrated mob in Depayin in Burma’s northwest Sagaing Division.

အန်အယ်လ်ဒီ ဖွဲ့စည်းခြင်း နှစ် ၂၀ ပြည့် ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် စနေနေ့၌ ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည့် အဖွဲ့ဝင်များ တက်ရောက်မည်ဖြစ်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။

ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ ရုံးချုပ်၌ ကျင်းပမည့် ယင်း အနှစ် ၂၀ ပြည့် အခမ်းအနား သို့ အင်္ဂါနေ့က ပြန်လည် လွတ်မြောက် လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် လွှတ်တော်အမတ်များ အပါအ၀င် အဖွဲ့ဝင် ၆ ဦး ခန့် တက်ရောက်မည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းကပြောသည်။

“အခုပြန်လွတ်လာတဲ့လူတွေ အားလုံးတက်ရောက်မယ်လို့လည်း ထင်ပါတယ်၊ ကျန်းမာရေး အခြေ အနေပေါ် မှာတော့ တည်တာပေါ့၊ ဆရာ ဦးဝင်းတင်ကတော့ တက်မှာပါ၊ အစီအစဉ်အနေနဲ့ တော့ ရိုးရိုးပါပဲ၊ ဒါပေမယ့် သဘာပတိ မိန့်ခွန်းတို့၊ ကြေညာချက်တို့မှာတော့ နိုင်ငံရေးအရ နည်းနည်း ထူးထူးခြားခြား ပါပါ လိမ့်မယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေး ကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။

တချိန်းတည်း၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို စစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ယမန်နေ့က ခေါ်ယူပြောဆိုခဲ့ ကြောင်း သိရသည်။

“အဓိကက တော့ ကျနော်တို့ အထူးကြေညာချက်မှာ ဖော်ပြတဲ့ အချက်အလက် တွေကတဲ့ ပြည်သူလူထုကို လှုံ့ဆော်ရာ ကြတယ်တဲ့၊ အဲဒါ ကြောင့် ကြေညာချက်ကို ရုပ်သိမ်းပေးပါတဲ့ ၊ ကျနော်တို့ အဖွဲ့ ပြန်ပြောတာက မဟုတ်ဘူး ဒီမှာပါတဲ့ အချက်အလက်တွေက အမှန်တွေ၊ ကျနော်တို့မှာ အထောက်အထားတွေ အကုန်ရှိတယ်၊ ဒါကြောင့် မရုပ်သိမ်းပေးနိုင်ဘူးလို့ ဖြေခဲ့တယ်”ဟု ဦးဥာဏ်ဝင်း က ပြောသည်။

အဆိုပါ ကြေညာချက်တွင် အမှန်တကယ် လွှတ်တော်ကိုယ်စားလှယ်များ ရေးဆွဲခြင်းမဟုတ်သောကြောင့် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်မ၀င်မီ အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့် လွှတ်တော်ခေါ်ယူရန် တို့ကို တောင်းဆိုထား ခြင်းများ ပါဝင်သည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ရှေ့နေ ဦးသိန်းညွန့်ကလည်း“အခုအချိန်မှာ ပြန်လည်သုံးသပ် မယ်ဆိုရင် အားလုံးသဘောတူညီတဲ့ အခြေခံဥပဒေတရပ် ပေါ်ပေါက်လာပြီးတော့ အမျိုးသားပြန်လည် သင့်မြတ် ရေးကို လည်း လုပ်နိုင် တဲ့၊ တကယ်မှန်ကန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို အားလုံးအကောင်အထည်ဖော်နိုင်ဖို့ အတွက် ဟာ အခုအခြေခံ ဥပဒေ ကိုပြန်သုံးသပ်တာလုပ်သင့်တယ်” ဟု ပြောဆိုသည်။

ကြေညာချက်ကို မရုပ်သိမ်းပါက မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မသိရှိရသော်လည်း အရေးယူခံရနိုင် သည်ဟု အာဏာပိုင်များက ပြောဆိုကြောင်းလည်း သိရသည်။

ယမန်နေ့က ဥက္ကဌ ဦးအောင်ရွှေ အပါအ၀င် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၆ ဦး ကို ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့က ပြည်ထဲရေး ၀န်ကြီးဌာနတွင်ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်ဟု ဦးဥာဏ်ဝင်း ကပြောသည်။

“အခုလို ဘာကြောင့် ခေါ်ပြောတယ်ဆိုတာ ကျနော်တို့ သိပ်တော့ မပြောတတ်ဘူး၊ ဒါပေမယ်လို့ အဖွဲ့ချုပ်အပေါ် မှာ ဖိအားပေးတဲ့ သဘောတော့ ရှိတာပေါ့”ဟုလည်း ဦးဥာဏ်ဝင်း က ပြောဆိုသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ အန်အယ်လ်ဒီက ထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်ခြင်း၊ အစိုးရအပေါ် ပြည်သူအများက အထင်မှား အကြည်အညို ပျက်စေခြင်း၊ အစိုးရနှင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအကြား ပူးပေါင်းဆောင်ရွက်နေမှုများကို သိက္ခာကျ စေခြင်းနှင့် ထိခိုက်ပျက်ပြားစေခြင်း၊ ဆန္ဒမဲပေးခဲ့သော ပြည်သူများကို စော်ကားရာ ရောက်စေခြင်းများ ပါရှိနေ သောကြောင့် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့က အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၅ ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခေါ်ယူတွေ့ဆုံ သတိပေးပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို နအဖ စစ်အစိုးရက မေလတွင် ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့သော် လည်း အန်အယ်လ်ဒီက ဒီမိုကရေစီနည်းလမ်းမကျသောကြောင့် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်း ဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။
ဖွဲ့စည်းပုံ ပြန်လည်ဆန်းစစ်ရေး ကြေညာချက် အန်န်အယ်လ်ဒီ မရုပ်သိမ်း
25 September 2008

စစ်အစိုးရ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စမ်းစစ်တဲ့ ကော်မတီ

တရပ် ဖွဲ့စည်းဖို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားတဲ့
ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာစစ်အစိုးရက ဒီနေ့ တောင်းဆိုပါတယ်။
အန်န်အယ်လ်ဒီ ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံပြီး အန်န်အယ်လ်ဒီရဲ့ ကြေညာချက်
ဟာ အများပြည်သူကို သွေးထိုးလှုံ့ဆော်တဲ့အချက်တွေ ပါနေတယ်ဆိုပြီး စစ်အစိုးရဘက်
က အကြောင်းပြပါတယ်။ အန်န်အယ်လ်ဒီကတော့ စစ်အစိုးရဲ့ တောင်းဆိုချက်ကို
လက်မခံခဲ့ပါဘူး။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းမှာပဲ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ရုံးက ဆက်သွယ်
ပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ
ကို ခေါ်ယူခဲ့ပါတယ်။ အန်န်အယ်လ်ဒီ စီအီးစီအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့
ဗိုလ်မှူးကြီးဟောင်း ဦးလွန်းတင်တို့ကလွဲရင် သွားရောက်တွေ့ဆုံခဲ့တဲ့သူ အားလုံးပါဝင်
တယ်လို့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အဓိကက ဘာလဲဆိုတော့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ အထူးကြေညာချက် ၁၈၊
အဲဒီကြေညာချက်က ဘာလဲဆိုတော့ လွှတ်တော်ခေါ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြန်လည်စမ်းစစ်ပေးမယ့် ကော်မတီဖွဲ့၊ ဒီလိုလုပ်ပါ ဘာညာ ကျနော်တို့က တိုက်တွန်း
ခဲ့တာပါ။ အဲဒီစာမှာပါတဲ့ အချက်အလက်တွေက အများပြည်သူတွေကို သွေးထိုး
လှုံ့ဆော်ရာကျတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ဥပဒေအရ တရားစွဲဆိုလို့ရတယ်၊
ဒါကြောင့် ဒီကြေညာချက်ကို ပြန်ရုပ်သိမ်းပေးပါဆိုပြီး တောင်းဆိုတာပါ။"

မြန်မာစစ်အစိုးရ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားမ၀င်ဘူး၊
ဒါ့ကြောင့် အသိအမှတ် မပြုနိုင်ဘူးဆိုပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
က ကြေညာထားပါတယ်။ အခု စစ်အစိုးရဘက်က ကြေညာချက်ကို ပြန်လည်ရုပ်သိမ်း
ပေးဖို့ တောင်းဆိုချက်ကို အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်မခံခဲ့တဲ့
အကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

"စီအီးစီက တခါတည်းဖြေခဲ့ပါတယ်။ ကျနော်တို့ မရုပ်သိမ်းပေးနိုင်ဘူး၊ ဒီကြေညာချက်
မှာပါတဲ့ အချက်အလက်တွေက အခိုင်အလုံရှိပါတယ်၊ အဲဒီလို ဖြေခဲ့ပါတယ်။ ဒါက
မှန်တယ်၊ အချက်အလက်တွေလည်း ခိုင်တယ်၊ မရုပ်သိမ်းနိုင်ဘူးဆိုပြီး ဖြေခဲ့တာပါ။
စာရွက်စာတမ်းအပေါ်မှာ ပြောရလို့ရှိရင် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့အချိန်မှာ မတရား
လုပ်တာတွေ ရှိတယ်။ အာဏာပိုင်တွေကိုယ်တိုင် ပါဝင်တယ်။ ဒါကြောင့်လည်း လူထုက
ဒီအခြေခံဥပဒေကို လက်မခံဘူးလို့ ပြောတာကို သူတို့ မကျေမနပ်ဖြစ်တယ်လို့ ယူဆပါ
တယ်။"

အခြေခံဥပဒေဟာ ရေးဆွဲပိုင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲတာ
မဟုတ်တဲ့အတွက် တရားဝင်မှု အားနည်းခဲ့တယ်လို့ အန်န်အယ်လ်ဒီဘက်က ပြောပါ
တယ်။ နောင်ကျင့်သုံးတဲ့အခါ ပေါ်ပေါက်လာနိုင်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း
တွေကိုလည်း လေ့လာတွေ့ရှိထားတယ်လို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်က ဆိုပါတယ်။ ဒါ့အပြင် ပြုပြင်ဖို့ခက်ခဲတဲ့ အချက်တွေကို ထည့်သွင်းထားတဲ့
အတွက် ဖွဲ့စည်းပုံ အာဏာမသက်ရောက်ခင် တရားဥပဒေဘောင်အတွင်းက နိုင်ငံရေး
နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့၊ ဒီဖွဲ့စည်းပုံကို ပြန်လည်စမ်းစစ်တဲ့ ကော်မတီတရပ် ဖွဲ့စည်း
ဖို့ဆိုပြီး တောင်းဆိုခဲ့တာပါ။

ဆူပူသွေးထိုးလှုံ့ဆော်တဲ့ အချက်တွေ ပါဝင်နေတယ်ဆိုပြီး တရားစွဲနိုင်တယ်လို့
စစ်အစိုးရဘက်က အကြောင်းပြတာကို ဒီလို အန်န်အယ်လ်ဒီဘက်က ပြန်လည်ရုပ်သိမ်း
ဖို့ ငြင်းဆိုခဲ့တဲ့အတွက် စစ်အစိုးရဘက်က ဘယ်လိုတုံ့ပြန်မယ် ဆိုတာကတော့ စစ်အစိုး
ရဘက်က သဘောထားအပေါ်မှာသာ မူတည်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

One year anniversary of Burma's Saffron Revoluation


Some monks and people whose were escaped from Burma after September 2007 monks and people movement of Burma celebrated a one year anniversary in Thai-Burma border. They did
warship for monks and people whose were kill or arrested by Military.
ေ၇ွှဝါရောင်တော်လှန်ရေးတနှစ်ပြည့်အခမ်းအနားကိုယနေ့နံနက်ကထိုင်းနိုင်ငံနယ်စပ်တနေရာတွင်
စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအပြီးတွင်ထိုင်းနိုင်ငံသို့တိမ်းရှောင်လာခဲ့သောသံဃာတော်များ
နှင့်လူပုဂ္ဂိုလ်များကဦးစီးကျင်းပခဲ့ပါသည်။
သံဃာတော်များနှင့်လူပုဂ္ဂိုလ်များကရွှေဝါရောင်တော်လှန်ရေးအတွင်းသူတို့၏တွေ့ကြုံခံစားခဲ့ရမှုများကို
အသီးသီးရှင်းလင်းတင်ပြသွားခဲ့ပါကြပါသည်။အချို့ပြည်ပနိုင်ငံများတွင်လဲရွှေဝါရောင်တော်လှန်ရေး
တနှစ်ပြည့်အခန်းအနားများကျင်းပခဲ့ကြကြောင်းသိရပါသည်။

ရွှေဝါရောင် (၁) နှစ်ပြည့်အခမ်းအနား ကျင်းပ


SaffronAnniversary Celemony

စက်တင်ဘာသံဃာ့လှုပ်ရှားမှု(ရွှေဝါရောင်တော်လှန်ရေး) (၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် သံဃာတော်များ၊ ပြည်သူများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစု မဟာမိတ်အဖွဲ့အစည်းများမှ အင်အား (၇၀) ခန့် တက်ရောက်ခဲ့ ကြသည်။

“အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ စက်တင်ဘာလ (၂၆) ရက်နေ့မှာ သံဃာ တော်တွေရဲ့ သွေးမြေကျခဲ့ရတဲ့အတွက် ရွှေဝါရောင်တော်လှန်ရေးနေ့နဲ့ မြန်မာရဟန်းတော် များနေ့လို့ သတ်မှတ်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) ဥက္ကဌ ဆရာတော် ဦးသြဘာသက မိန့်ကြားသည်။

သံဃာတော်များအနေဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ယခုအချိန်ထိ ထိန်းသိမ်းစောင့်ရှောက် ထားပြီး အချို့သံဃာတော်အနည်း အကျဉ်းသာ သပိတ်ကံပြန်လှန်ခြင်းရှိကြောင်း အဆိုပါ ဆရာတော်က ဆက်လက်မိန့်သည်။

“ဝိနည်းကံနဲ့ကြည့်မယ်ဆိုရင် အခုချိန်ထိ ဦးဇင်းတို့ မန္တလေး၊ ရန်ကုန် အစရှိတဲ့မြို့ကြီးတွေနဲ့ တနိုင်ငံလုံးက ရဟန်းသံဃာတွေဟာ ဒီကံကို ထိန်းသိမ်းစောင့်ရှောက်ဆဲပါ၊ ဒါပေမဲ့ နအဖရဲ့ လာဘ်လာဘကို မျှော်ပြီးတော့ ပြန်လှန်လိုက်တဲ့ သံဃာတွေတော့ ရှိပါတယ်၊ ဒါက အနည်း အကျဉ်းပါ၊ အများဆုံးကတော့ လုံးဝကိုမလှန်ပဲ နေကြတုန်းပါ၊ ဦးဇင်းပြောချင်တာကတော့ ပတ္တနိက္ကုဇ္ဖနကံကတော့ ဆောင်နေဆဲပါဘဲ”ဟု ပြောသည်။

ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတော်များသည် ပြည်သူလူထုအရေး၊ နိုင်ငံအရေးကိစ္စများတွင် ပုဂံခေတ်ကတည်း က ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ပြီး ယခုအခါတွင်လည်း ရှေ့တန်းမှဦးဆောင် ကာ လူထုကို သွန်သင်ဆုံးမ၍ မြန်မာပြည်လွတ်မြောက်ရေးအတွက် ကြိုးစားသွားကြရန်ကို လည်း ဆက်လက်မိန့်ဆိုသည်။

ထို့အပြင် စစ်တင်ဘာရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သည် သာသနာ့တက္ကသိုလ် မန္တလေး မှ သံဃာတော်တပါးက “နအဖကို သိပ်ပြီးကြောက်နေလို့တော့လည်း ပြီးမှာမဟုတ်ဘူး၊ ပိုကြောက်လေ ပိုဆိုးလေဖြစ်မှာဘဲ၊ ဒါကြောင့်မို့ ဘယ်လောက်ဘဲ နှိပ်စက်နှိပ်စက် ရုန်းထွက် တွန်းကန် ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားကြပါလို့ ဒီကနေ တိုက်တွန်းလိုပါတယ်”ဟု မိန့်ကြား သည်။

ထို့အပြင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) အနေဖြင့် မြန်မာနိုင်ငံတွင် ဘာသာမရွေး၊ လူမျိုးမရွေး လူ့အခွင့်အရေးအပြည့်အဝရရှိပြီး ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ လူမျိုးပေါင်းစုံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သဘောထားကြေညာချက် ထုတ်ပြန်လိုက် သည်။

ယနေ့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့သည်မှာ
(၁) နှစ်ပြည့်မြောက်ခဲ့သည့် နေ့ဖြစ်သည်။


ရွှေဝါရောင်တော်လှန်ရေး အတွေ့အကြုံ သံဃာတော်များ တင်ပြ

26 September 2008

မြန်မာစစ်အစိုးရ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ
တော်တွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှုဟာ အခုဆိုရင် တနှစ်ပြည့်ခဲ့ပါပြီ။ ဦးဆောင်လှုပ်ရှား
ခဲ့တဲ့ သံဃာတော်တွေ အပါအ၀င် သံဃာတော်နဲ့ သီလရှင် ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံ
နေရဆဲဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သံဃာတော်တွေလည်း ရှိနေဆဲပါ။
ဒီလိုလွတ်မြောက်လာတဲ့အထဲက သံဃာတော်တချို့ရဲ့ ကြားနာပွဲကို နယူးယောက်ခ်မြို့က
နယူးယောက်ခ်ပလာဇာမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ အရင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး
အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio
Pinheiro) က သဘာပတိအဖြစ် ဆွေးနွေးပွဲကို ကြီးမှူးဆောင်ရွက်ခဲ့ပါတယ်။

"၂၀ ရာစုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တိုက်ပွဲတိုင်းမှာ လှုပ်ရှား
မှုတွေအမျိုးမျိုး ရှိခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ ပေါ်တူဂီ၊ စပိန် စတဲ့ အနောက်
ဥရောပနိုင်ငံတွေအပြင် အရှေ့ဥရောပနိုင်ငံတွေရော၊ လက်တင်အမေရိကနိုင်ငံတွေမှာ
ပါ ရှိခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတိုင်းဟာလည်း အရေးကြီးတဲ့ သမိုင်းဝင်မျိုးစေ့တွေကို
ချပေးတာပါ။ အခု မြန်မာနိုင်ငံမှာဆိုရင်လည်း အနာဂတ် ဒီမိုကရေစီနိုင်ငံ
တည်ဆောက်နိုင်ဖို့အတွက် မျိုးစေ့ချ စိုက်ပျိုးနေချိန် ဖြစ်ပါတယ်။" လို့ အခမ်းအနား
သဘာပတိ ပါမောက္ခ ပင်ညဲရိုး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သံဃာတော်တွေ အပါအ၀င် ပြည်သူတရပ်လုံးဟာ ဖိနှိပ်မှုတွေအောက်
မှာ ဆက်လက်ခံစားနေရဆဲ ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို
အခုထက်ပို ဆောင်ရွက်သင့်တဲ့ အကြောင်းတွေကို ဆရာတော်တွေက တိုက်တွန်း
မိန့်ကြားခဲ့ပါတယ်။

အဓိကဆွေးနွေးခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ အရှင် ဦးပညာဇောတက
အခုလို မိန့်ကြားပါတယ်။

"အဓိကကတော့ လက်ရှိဥပဒေကိစ္စတွေကိုလည်း ဆွေးနွေးသွားတယ်။ စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဟာတွေကို ဦးဇင်းအနေ
နဲ့ ဆွေးနွေးသွားပါတယ်။"

ဒီသံဃာတော်တွေရဲ့ လှုပ်ရှားမှုဟာ ပြီးဆုံးသွားပါပြီလားလို့ မေးကြည့်တော့ အရှင်
ဦးပညာဇောတက အခုလိုမိန့်ပါတယ်။

"သံဃာတော်တွေကတော့ လှုပ်ရှားမှုဆိုတာ ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့အတွက်
ပြည်သူဘက်က ရပ်တည်ပြီး ပြည်သူ့လိုအပ်ချက်ကို ပြောဖို့အတွက် ပြင်ဆင်နေတာ
ရှိတယ်။ သို့သော်လည်း လက်ရှိ နအဖစစ်အစိုးရက ရွှေဝါရောင်တနှစ်ပြည့်တဲ့အချိန်မှာ
အဓမ္မ၀င်ရောက်ပြီး စောင့်ရှောက်ကြည့်နေတာတွေ၊ ထိန်းသိမ်းနေတာတွေ၊ လွတ်လပ်
စွာ သွားခွင့်လာခွင့်မရတာတွေ ဖြစ်တဲ့အတွက် လုပ်ဖို့ အတော်လေး အခက်အခဲ ရှိနေ
ပါတယ်။"

ဒီပွဲကနေ မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ မျှော်လင့်တဲ့
အကြောင်းလည်း ဆရာတော်က မိန့်ပါတယ်။

"ကုလသမဂ္ဂညီလာခံလည်း ကျင်းပနေတာဖြစ်တယ်။ နောက်တချက်က အခုလို
လုပ်လိုက်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ အခြေအနေတွေကို နိုင်ငံတကာက သိရှိခွင့်ရသွား
မယ်။ သိရှိခွင့်ရသွားခြင်းအားဖြင့် လက်ရှိ ကုလသမဂ္ဂကနေပြီး အရေးယူဆောင်ရွက်
နေတာ ထိရောက်မှုမရှိဘူး၊ ဒီ့ထက်ကြီးမားတဲ့၊ ခိုင်မာတဲ့၊ တိကျတဲ့၊ အချိန်ကာလပါတဲ့
အရေးယူဆောင်ရွက်ချက်တွေနဲ့ အကောင်အထည်ဖော်ဖို့ လိုပြီဆိုတာကို ဦးဇင်းတို့
ပြောခွင့်တွေ အများကြီးရခဲ့ပါတယ်။"
အရှင်ပညာဇောတဟာ စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း မြန်မာစစ်အစိုးရက
ဘုန်းတော်ကြီးကျောင်းတွေကို ၀င်ရောက်စီးနင်းပြီး သံဃာတော်တွေကို လိုက်လံ
ဖမ်းဆီး ထောင်ချမှုတွေ လုပ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံအတွင်း လှည့်လည်
ပုန်းအောင်းနေခဲ့ရပါတယ်။ လေးလကြာ လှည့်လည်ပုန်းအောင်နေပြီးနောက်
ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သလို ဒီနှစ် ဇန်န၀ါရီလကမှ
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တဲ့ သံဃာတော်တပါးပဲ ဖြစ်ပါတယ်။
သံဃာတော်တွေအပေါ် နှိပ်ကွပ်မှုကို အရေးယူရန် အမေရိကန် ဆောင်ရွက်မည်

26 September 2008


Buddhist monks march in a street in protest against the military government in Yangon, Myanmar, in this file photo of Sept 24,2007.AP
ယမန်နှစ် စက်တင်ဘာလက သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ ကြွချီဆန္ဒပြခဲ့ကြစဉ်။
စက်တင်ဘာ ၂၄၊ ၂၀၀၇။(ဓာတ်ပုံ-အေပီ)
မြန်မာနိုင်ငံမှာ မနှစ်က သံဃာထုလှုပ်ရှားမှု
ရွှေဝါရောင်တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာ
ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်း
ဖက် နှိပ်ကွပ်ခဲ့ရာမှာ တာဝန်ရှိတဲ့ မြန်မာ
စစ်အစိုးရ ခေါင်းဆောင်တွေကို တရားဥပဒေ
အရ အရေးယူရေး အမေရိကန်ပြည်ထောင်စု
အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ
ဆက်လက်ကြိုးပမ်းသွားမယ်လို့ သမ္မတ
ကတော် လော်ရာဘုရှ် (Laura Bush) က
ပြောဆိုလိုက်ပါတယ်။

စားဝတ်နေရေး ကျပ်တည်းကြတဲ့ လူထုအတွက် မေတ္တာရှေ့ထားပြီး ငြိမ်းချမ်းစွာ ကြွချီ
ဆန္ဒပြခဲ့ကြတဲ့ သံဃာထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ အကြိုအထိမ်း
အမှတ်အဖြစ် သမ္မတကတော် လော်ရာဘုရှ်က ကြာသပတေးနေ့က ကြေညာချက်
ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ မေတ္တာပို့၊ ဆန္ဒပြခဲ့တဲ့ သံဃာထုနဲ့ လူထုကို မြန်မာစစ်အစိုးရက သေနတ်နဲ့
ပစ် ဖြိုခွင်းခဲ့ရာမှာ ၃၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက မှတ်တမ်း
တင်ထားခဲ့ပါတယ်။

9.25.2008

One year after Saffron Revolution

ခေတ်ပြိုင်သတင်းများ


မဲဆောက်မှာ ဆည်ရေဖောက်ချ၊ မြန်မာအလုပ်သမားစက်ရုံနှင့် အထက ပိတ်ရ

NEJ/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။

(၂) ရက်ကြာမိုးသည်းထန်စွာ ရွာသွန်းသဖြင့် မဲဆောက်မြို့ပြင်ရှိ ဆည်ရေပြည့်ကာ ယနေ့နံနက် (၇း၀၀) နာရီခန့်က ဆည်ရေဖောက်ချ လိုက်သောကြောင့် မဲဆောက်အနိမ့်ပိုင်းရှိ စက်ရုံအလုပ်ရုံအချို့နှင့် မြန်မာကလေးငယ်များ ပညာသင်ကြားနေသည့် မြန်မာအထက်တန်း ကျောင်းတကျောင်း အကန့်အသတ်မရှိ ပိတ်လိုက်ရသည်။

မဲဆောက်ဆည်အနီး ဆည်ရေဖောက်ချရာလမ်းကြောအနီးတွင် တည်ရှိသည့် မြန်မာရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကြားနေသည့် ဆာသူးလေအထက်တန်းကျောင်း အတွင်းသို့ ဆည်ရေများ အရှိန်ပြင်းစွာဝင်ရောက်ပြီး ကျောင်းဝင်းကျောင်းပြင်တွင် ရေ (၂) ပေခန့် ၀င်ရောက်ခဲ့သဖြင့် ကျောင်းလာတက်သည့်ကလေးများ အန္တရာယ်ရှိသည့်အတွက် အကန့်အသတ်မရှိပိတ်လိုက်ရခြင်းဖြစ်သည်ဟု ကျောင်းအုပ်ဆရာမကြီး နော်ဖောရေက ခေတ်ပြိုင်သို့ ပြောသည်။

သူမက “ဒီလိုကျောင်းပိတ်လိုက်ရတော့ စာမေးပွဲအတွက်ပြင်ဆင်နေတဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ထိခိုက်တယ်။ ရေစီးတာအရှိန်ပြင်းတော့ ကလေးတွေအတွက် အန္တရာယ်ရှိတယ်။ ကျောင်းစိုက်ပျိုးရေးခင်းတွေလည်း ပျက်သွားတယ်။ အပိုင်သူကြီးက ဆည်ရေဖောက်မှာကို မနက် (၇း၀၀) နာရီမှ လာပြောတော့ ကျောင်းမှာရေက ပြည့်နေပြီ။ ဒါကြောင့် ကလေးငယ်တွေကို ကျောင်းသားကြီးတွေကချီပိုးပြီး ရေလွတ်ရာပို့ပေးလိုက်ရတယ်။ မိုးက လည်း ဆက်ရွာအုံးမယ်ဆိုတော့ ကလေးတွေကိုငဲ့ပြီး ပိတ်လိုက်ရတယ်။ အခုလိုရေကြီးပြီး ကျောင်းပိတ်လိုက်ရတာတာ ပထမဆုံးအကြိမ်ပဲ” ဟု ပြောသည်။

ဆာသူးလေအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် သတ္တမတန်းကျောင်းသူ မဆောင်းဦးက “ကျောင်းပိတ်လိုက်တော့ စာသင်ချိန်ထိခိုက်တယ်။ စာမေးပွဲအတွက် အိမ်မှာပဲပြန်ပြီးပြင်ဆင်ရမယ်။ ဖြစ်နိုင်ရင် ကျောင်းမပိတ်စေချင်ဘူး” ဟု ပြောသည်။

ဆည်ရေဖောက်ချရခြင်းနှင့် ပတ်သက်၍ ဆည်လုံခြုံရေးဝန်ထမ်းတဦးဖြစ်သူ နိုင်ချိုင်းက “မိုး(၂) ရက်ဆက်တိုက်ရွာတာ တောင်ကျရေနဲ့ မိုးရေ၀င်တော့ ဆည်ရေပြည့်သွားတယ်။ ဒါကြောင့် ဒီမနက်လူကြီးတွေက ဆည်ရေကို ဖောက်လိုက်တာပါ။ ဒီဆည်က မဲဆောက်မြို့ရဲ့ အမြင့်ပိုင်းမှာရှိတယ်။ အကယ်၍ မတော်တဆ ဒီဆည်ကျိုးသွားရင် မဲဆောက်တမြို့လုံး ရေလွှမ်းမိုးနိုင်တယ်” ဟု ပြောသည်။

ဆာသူးလေအထက်တန်းကျောင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ ပညာသင်ကြားနေသည့် ကျောင်းများထဲတွင် အကြီးဆုံးကျောင်းဖြစ်ပြီး မြန်မာကလေးငယ် (၆၅၀) ဦး အခမဲ့ပညာသင်ကြားလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ ဖို့ဖတ်၊ မဲလမတ် စသည့် သုံးမြို့နယ်တွင် ရွှေ့ပြောင်းမြန်မာကလေးကျောင်းပေါင်း (၅၄) ကျောင်းရှိပြီး ၂၀၀၈-၂၀၀၉ ပညာသင်နှစ် အတွင်း မြန်မာကလေးငယ် (၁) သောင်းခန့် အခမဲ့ပညာသင်ကြားလျက်ရှိသည်ဟု ဒေသအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့၏ မှတ်တမ်းအရ သိရှိရသည်။

ဆည်ရေကြောင့် စက်ရုံထဲရေ၀င်သဖြင့် အလုပ်ပိတ်ထားရပြီး မြန်မာအလုပ်သမား (၁၂၀) မှာ နေထိုင်ရေးအခက်အခဲရှိသဖြင့် စက်ရုံအနီးရှိ လူ့ဘောင်သစ်ပါတီစာကြည့်တိုက်တွင် လာရောက်တည်းခိုလျက်သည်။

ထိုင်းဝန်ကြီးချုပ်ဟေုာင်း စမတ်ကို ထောင်ဒဏ် (၂) နှစ်ချ

The Nations/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။

ထိုင်းဝန်ကြီးချုပ်ဟောင်း စမတ် ဆန်ဒရာဝတ်နှင့် ၎င်း၏အမှုတွဲ ဒူးစစ် စီရီဝန် တို့အား ပုဂ္ဂိုလ်ရေး အသရေဖျက်မှုဖြင့် အယူခံတရားရုံးက ထောင်ဒဏ် (၂) နှစ်စီ ယနေ့ချမှတ်လိုက်သည်။

သို့သော် တရားခံ (၂) ဦးအနေဖြင့် တရားရုံးချုပ်သို့ ရက်ပေါင်း (၃၀) အတွင်း နောက်ဆုံးအယူခံလွှာ တင်နိုင်မည်ဖြစ်သည်။

“ဒီတရားခံနှစ်ဦးဟာ နိုင်ငံရေးဦးဆောင်အခန်းမှာ ရှိနေသူတွေလည်းဖြစ်တယ်။ သူတို့ရဲ့ ထင်မြင်ချက်တွေဟာ ပြည်သူတွေအပေါ် သြဇာညောင်းတယ်ဆိုတာလည်းသိလျက်နဲ့ တရားသူကြီးတွေက ပြန်ပြင်နိုင်ဖို့ အခွင့်အရေးပေးနေတဲ့အကြားက တပါးသူထိခိုက်စေမယ့် အမြင်တွေကို ရုပ်သံကနေတဆင့် အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်တယ်” ဟု အယူခံတရားရုံးက စီရင်ချက်အတွင်း ထည့်သွင်းဖော်ပြသည်။

တရားရုံးက တရားခံများအပေါ် စာနာထောက်ထား၍ သက်သာခွင့် ပေးစရာအကြောင်းလုံးဝမရှိကြောင်း ဖော်ပြသည်။

မစ္စတာစမတ်နှင့် ဒူးစစ်တို့သည် ရုပ်သံတွေ့ဆုံစကားပြောခန်းမှတဆင့် ဘန်ကောက် ဒု-အုပ်ချုပ်ရေးမှူးဟောင်း စမတ် ရတ်ချာဖိုးဆစ်ကို ပုဂ္ဂိုလ်ရေး အသရေဖျက်မှုဖြင့် ရာဇ၀တ်မှုတရားရုံးက စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။


အိမ်မှာ ကား (၂၇) စီးသုံးနေသည့်ဝန်ကြီးကို အခြားဌာနမှာ ၀န်ကြီးအဖြစ်ပြောင်းရွှေ့ အရေးယူ

NEJ/ ၂၄ စက်တင်ဘာ ၂၀၀၈။ ။

အမှတ် (၂) စက်မှုဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်စောလွင်ကို မကြာခင်က လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းရွှေ့ခြင်းသည် စက်မှု (၂) လက်အောက်ခံ စက်ရုံများ အရှုံးပေါ်နေခြင်းအပြင် ဗိုလ်ချုပ်စောလွင်အိမ်တွင် မိသားစုသုံးကားပေါင်း (၂၇) စီးရှိသည့်အချက်ကြောင့်ဖြစ်သည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။

အိမ်မှာ ကား (၂၇) စီး ထည်လဲသုံးစီးနေသဖြင့် ဗိုလ်ချုပ်စောလွင်ကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းရွှေ့ အရေးယူပြီး မကြာခင် စက်မှု (၁) ၀န်ကြီးဌာန၀န်ကြီး ဦးအောင်သောင်း၏ နေအိမ်တွင်လည်း ကား (၁၇) စီး သုံးနေသည့်အတွက် ၀န်ကြီးအောင်သောင်း စိုးရိမ်နေသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

အဆိုပါဝန်ကြီးများ နေအိမ်တွင် သုံးနေသည့် များပြားလှသည့်ကားများမှာ ၀န်ကြီးလစာဝင်ငွေဖြင့် ၀ယ်ထားသည့်ကားများ မဟုတ်ဘဲ စစ်အစိုးရ သိမ်းဆည်းထားသည့် လိုင်စင်မဲ့ကားများထဲမှ အကောင်းဆုံး အမျိုးအစားကားများကို အပိုင်ယူ သုံးစွဲနေခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

Thousands still jailed one year after Saffron Revolution

Thursday, 25 Sep 2008 08:55
12 months on from Saffron Revolution, more than 2,000 political prisoners still in Burma, human rights groups warn

In Focus

One year on from the brutal crackdown of the largest anti-junta protests in Burma this century, aid groups have urged the international community not to forget the thousands of prisoners of conscience still languishing in jail.

Twelve months ago to the day the Burmese army was deployed to streets in major cities across the country in response to demonstrations that began in protest at fuel price rises.

Thousands were detained as a curfew was imposed, with the junta admitting that nine people – including Japanese photojournalist Kenji Nagai – died in the crackdown.

But international observers said the death-toll was likely to be much, much higher.

On the eve of the crackdown Amnesty International UK said there were 1,150 political prisoners in Burma, but that the figure now stands at 2,100.

The human rights group says it has "grave concerns" over their chances of release and accuses the UN's special advisor Ibrahim Gambari of achieving nothing other than 'implicit endorsement' of the Burmese regime in his several missions to the country.

Saffron Revolution timeline (source: Amnesty International UK)

August 15th 2007: Burmese government increases the cost of fuel as petrol and diesel double in price, while gas goes up fivefold

August 19th: 400 people march in Rangoon in the largest Burmese demonstration of the century

September 5th: Monks join the protests after a peaceful rally is broken up in Pakokku

September 17th: Monks take to the streets in their thousands in the main cities and towns after no apology is offered for the three monks injured in the Pakokku rally as the Saffron Revolution phrase is first coined

September 21st: The Alliance of All Burmese Buddhist Monks emerges to organise the protests as the military is dubbed "the enemy of the people"

September 24th: The protests' largest march takes place in Rangoon as National League for Democracy activists join the demonstrations in larger numbers

September 25th: The government crackdown begins as a curfew is imposed and hundreds of troops are deployed

September 26th: Television pictures show police using baton charges and tear gas as protestors are attacked and dissidents – including monks – are rounded up and detained

September 27th: The junta admits killing nine people, including Japanese photojournalist Kenji Nagai

In the build up to the anniversary, any commemoration of which will be suppressed by the junta, military chiefs arranged the release of seven political prisoners, including 78-year-old U Win Tin – one of the country's longest-serving prisoners of conscience.

Amnesty International's Burma researcher Benjamin Zawacki welcomed the seemingly unconditional release - U Win Tin had spent the last 19 years in jail – but reiterated that more than 2,000 prisoners of conscience still remained in custody.

"The release of these seven political prisoners is most welcome," he said. "But this is not – and cannot be seen as – an end in itself, only the beginning."

Mr Zawacki told inthenews.co.uk that the source of last year's protests – increases in fuel prices – gave hope to anti-junta movements.

"Economic mismanagement with political persecution, that's a real recipe for change," he explained.

"But when and how is very difficult to predict."