10.07.2008

Thai Police Use Tear Gas to Disperse Anti-government Demonstrators

By SUTIN WANNABOVORN / AP WRITER Tuesday, October 7, 2008


BANGKOK — Police used tear gas on Tuesday on several thousand protesters who barricaded Parliament trying to block the new prime minister from delivering his first policy speech to lawmakers. Scores of protesters were injured.

Prime Minister Somchai Wongsawat opened the parliamentary session after a 90-minute delay despite a boycott by the opposition Democrat Party, which said it objected to the government's use of force.

The unrest was the latest twist in a political crisis that has gripped Thailand for six weeks and virtually paralyzed the government.

Protesters from the People's Alliance for Democracy—which is seeking the government's resignation and a major overhaul of the electoral system—have occupied the grounds of the prime minister's office since late August. They expanded their protest overnight by marching to Parliament, erected barbed wire and tire barricades to block lawmakers from entering the building.

Reporters outside Parliament heard gunfire when police moved in after sunrise, but police Maj Gen. Viboon Bangthamai said that only tear gas was being used against the crowd.

Sixty-five people were injured, including two seriously, said Petpong Kumtonkitjakarn of the Erawan Medical Center.

"One of them lost his leg, another was hit with shrapnel in the chest," he said.

The morning clashes came just hours before Somchai, who was sworn in on September 25, was scheduled to deliver his government's policy statement to lawmakers from both houses of Parliament.

The session was due to start at 9 a.m. but was delayed to give lawmakers extra time to access the building, said House Speaker Chai Chidchob.

A quorum of 311 lawmakers was needed to convene the session of both houses, which have 620 lawmakers and senators. The opposition Democrats have 164 seats in the lower house.

After the morning clashes, thousands of protesters regrouped in front of Parliament where speakers addressed the crowd from a makeshift stage.

"Fight with us in protecting this country! Stay with us here until we have our victory," a speaker told the cheering crowd.

The alliance says Somchai is a proxy for ex-Prime Minister Thaksin Shinawatra, who was ousted in 2006 by military leaders who accused him of corruption and who now resides in exile. Somchai is a brother-in-law of Thaksin.

When protesters originally took over the grounds of Government House on August 26, their intention was to oust then Prime Minister Samak Sundaravej—whom they also accused of being a puppet of Thaksin. They later said they also opposed his successor, Somchai.

Samak was dismissed from office on September 9 by a court decision that found him guilty on a conflict of interest charge. He had accepted pay for hosting a TV show while in office.

At the nearby Government House, protest leaders called for supporters to join their ranks.

"We were protesting peacefully. I urge you to come out to join us in our fight against this illegitimate government," said Somsak Kosaisuk, one of nine protest leaders. "We will fight until we have our victory!"

The alliance claims Thailand's rural majority—who gave strong election victories to the ruling People's Power Party—is too poorly educated to responsibly choose their representatives and says they are susceptible to vote buying.

The protest group wants the country to abandon the system of one-man, one-vote, and instead have a mixed system in which some representatives are chosen by certain professions and social groups. They have not explained how exactly such a system would work or what would make it less susceptible to manipulation.

ထိုင်းနိုင်ငံရေး အဖြေဝေး

ကိုဝိုင်း/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ထိုင်းနိုင်ငံတွင် ယခုနှစ် မေလမှစ၍ အစိုးရဆန့်ကျင်မှုများ ပြန်လည်ဖြစ်ပွားလာပြီး ယခင်လ၌ အရှိန်မြင့်လာခဲ့ရာမှ ဆန့်ကျင် ဆန္ဒပြနေသူများက ၀န်ကြီးချုပ်ရုံးဝင်းအတွင်း စခန်းချ၍ သိမ်းပိုက်ထားသည်မှာ (၃) ပတ်ကျော်ခဲ့ပြီဖြစ် သော်လည်း ထိုင်းအစိုးရဘက်က ဆန္ဒပြသူများနှင့် ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

နိုင်ငံတ၀န်းသို့ ကူးစက်သွားပြီး ကျယ်ပြန့်သည့် အသွင်ဆောင်သော အဆိုပါ ဆန္ဒပြမှုများကို ရပ်တန့်သွားနိုင်ရေး ကြိုးပမ်းရန်မှာ ယခုရက်ပတ်အတွင်းက ၀န်ကြီးချုပ်အသစ်ဖြစ်လာသူ ပြည်သူ့စွမ်းအားပါတီ (ပီပီပီ) မှ မစ္စတာဆွန်ချိုင်း ဝေါင်ဆ၀တ် (၆၁) နှစ်၏ ဦးစားပေးလုပ်ငန်းတခု ဖြစ်လာသည်။

ယခင်နှစ် ဒီဇင်ဘာရွေးကောက်ပွဲမှ တက်လာသော ၀န်ကြီးချုပ်ဟောင်း မစ္စတာစမတ်အား ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်၍ ရုပ်သံချက်ပြုတ်ခန်း (၂) ခုကို အခကြေးငွေယူပြီး လက်ခံလုပ်ကိုင်ခဲ့သဖြင့် ရာထူးမှဆင်းပေးရန် ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ၀န်ကြီးချုပ် ရွေးချယ်ရေး ပါလီမန်အတွင်း မဲခွဲရာတွင် ညွန့်ပေါင်းအစိုးရ၀င် အခြားပါတီ (၅) ခုနှင့် ညှိနှိုင်းထားသူ မစ္စတာဆွန်ချိုင်းက ဒီမိုကရက်ခေါင်းဆောင် အဘီဆစ်ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြနေမှုများကို ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပီအေဒီ) အဖွဲ့က ဦးဆောင်နေခြင်းဖြစ်ပြီး ၎င်းအဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့သူမှာ သတင်းစာနှင့် ဆက်သွယ်ရေးလုပ်ငန်းပိုင်ရှင် ထိုင်းတရုတ်သူဌေးကြီး သတင်းစာသမား ဆွန်ထိ လင်းထောင် ကူးဖြစ်သည်။

ထိုင်းနိုင်ငံရေးလောကတွင် ငွေကြေးချမ်းသာသူများနှင့် ဗျူရိုကရက်များသာ ကြီးစိုးနေကြောင်း သုံးသပ်သူများက ထောက်ပြကြသည်။ ၂၀၀၆ စက်တင်ဘာ၌ စစ်တပ်၏ အာဏာသိမ်းဖြုတ်ချခြင်းခံခဲ့ရသူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင်ကို ဆန့်ကျင်ရန် ပီအေဒီကို ထူထောင်သူ မစ္စတာဆွန်ထိသည်ပင် ထိုင်းနိုင်ငံ၌ ပုံနှိပ်၊ အသံလွှင့်နှင့် ဆက်သွယ် ရေးလုပ်ငန်း အင်ပါယာကြီး ထူထောင်ရန် စိုင်းပြင်းခဲ့သူလည်းဖြစ်သည်။

၂၀၀၁ ခု မစ္စတာတပ်ဆင်အစိုးရ တက်လာသောအခါ ချေးငွေ အမြောက်အမြားရသောကြောင့် မစ္စတာတပ်ဆင်၏ ထောက်ခံသူတဦးဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်း၌ ၎င်း၏ ဘဏ္ဍာရေး အကြံပေးဟောင်း ဘန်ကောက်ဘဏ်ဥက္ကဋ္ဌကို ချေးငွေပြဿနာများကြောင့် ရာထူးမှ ဖြုတ်ချလိုက်ရုံသာမက ၎င်း၏ ဆက်သွယ်ရေးလုပ်ငန်းများအား ခြိမ်းခြောက်လာသူ မစ္စတာတပ်ဆင်ကို ဦးတည်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်မှာ ယခုအထိဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပီအေဒီလှုပ်ရှားမှု ခေတ္တရပ်သွားသော်လည်း ယခင်နှစ် ရွေးကောက်ပွဲမှ ၀န်ကြီးချုပ် ဖြစ်လာသူ မစ္စတာစမတ်သည် တပ်ဆင်၏ ရုပ်သေးရုပ်သာဖြစ်သည်ဟု ထောက်ပြပြောဆိုပြီး ယခုနှစ် မေလတွင် လှုပ်ရှားမှုများပြန်လည် စတင်ခဲ့သည်။ ဆန္ဒပြမှုများအတွင်း အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားများပါ ပူးပေါင်း ပါဝင်လာပြီးနောက် ယခင်လ (၂၆) ရက်တွင် ၀န်ကြီးချုပ်ရုံးအား သိမ်းပိုက်၍ စခန်းချဆန္ဒပြမှုအထိ ဖြစ်လာသည်။

ထိုင်းနိုင်ငံရေးသည် စစ်တပ်အာဏာသိမ်းမှု၊ အကျင့်ပျက်လာဘ်စားမှုများဖြင့်သာ အမြဲတစေ ရှုပ်ထွေးနေသည်။ ထိုင်း နိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှု (၁၈) ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ (၁၈) ခုရှိခဲ့သည်။

စည်းမျဉ်းခံဘုရင်စနစ်ရှိနေသေးသဖြင့်သာ တော်သေးသည်ဟု ကောက်ချက်ဆွဲသူများလည်းရှိသည်။ လက်ရှိဘုရင်ကိုမူ မည်သူမျှ ထိပါးပြောဆို၍ပင်မရပေ။ နိုင်ငံရေး အကျပ်အတည်းများတွင် ဘုရင်က ပါဝင်ဖြေရှင်းပေးခဲ့ရသည့် သာဓကများ လည်းရှိသည်။

မည်သို့ပင်ဆိုစေ ၁၉၉၁ ခု စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ဆူချင်ဒါကို ဆန့်ကျင်ဆန္ဒပြမှုများသည် ထိုင်း နိုင်ငံရေး၌ စစ်တပ်က ပါဝင်ပတ်သက်မှုများမှ တစုံတရာ ပြောင်းလဲမှုဆီသို့ ဦးတည်လိုက်နိုင်သည်။ သို့သော် အရပ်သား အစိုးရ နုနယ်သေးသဖြင့် ၁၉၉၂ မှ ၉၆ အတွင်း အရပ်သားဝန်ကြီးချုပ် (၃) ဦး ပြောင်းသွားခဲ့သည်။ ၁၉၉၇ ခု ဖွဲ့စည်း ပုံသည် အစိုးရ၊ အမတ်များနှင့် အဂတိမှု တိုက်ဖျက်ရေးဌာနများအကြား အပြန်အလှန်ထိန်းကျောင်းရေးသို့ ဦးတည် ထားသည်။ အုပ်ချုပ်ရေးဆိုင်ရာတရားရုံး၊ စည်းမျဉ်းခံတရားရုံး၊ ရွေးကောက်ပွဲကော်မတီတို့ ပေါ်ပေါက်လာသည်။

သို့သော် မစ္စတာတပ်ဆင်သည် စီးပွားရေး၊ နိုင်ငံရေးကဏ္ဍများကို ၎င်း၏မိသားစုက လက်ဝါးကြီးအုပ်ရန် ကြိုးစားခဲ့သဖြင့် ထိုင်းနိုင်ငံသည် စစ်တပ်မှ အာဏာသိမ်းမှုကို ထပ်ကြုံခဲ့ရသည်။ အာဏာသိမ်းခေါင်းဆောင်က မစ္စတာတပ်ဆင်၏ ထိုင်း ရတ်ထိုင်းပါတီ ကို ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင် (၁၁၁) ဦးကို နိုင်ငံရေးလုပ်ခွင့်မှ (၅) နှစ် ပိတ်ပင်လိုက်သည်။ မစ္စတာတပ်ဆင်ကိုလည်း အဂတိမှုများဖြင့် တရားစွဲလိုက်သည်။ ၉၇ ဖွဲ့စည်းပုံကို မွန်းမံပြီး ၂၀၀ရ ခု သြဂုတ်တွင် ဖွဲ့စည်း ပုံအသစ်တခုကို အတည်ပြုလိုက်သည်။

အာဏာသိမ်းခံရပြီး အဂတိမှုများဖြင့် စွပ်စွဲခံထားရသော မစ္စတာတပ်ဆင်သည် ထိုင်းစစ်အစိုးရလက်ထက် ပြည်ပမှာ သောင်တင်နေရာက စမတ်အစိုးရအတက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာခွင့်ရသည်။ ထိုအချက်က ၀န်ကြီးချုပ်ဟောင်း စမတ်နှင့် လက်ရှိညွန့်ပေါင်းအစိုးရအပေါ် တပ်ဆင်၏ သြဇာမည်မျှ သက်ရောက်နေသည်ကို ပြသနေသည်။ လက်ရှိ ညွန့်ပေါင်းအစိုးရသည် မစ္စတာတပ်ဆင်နှင့် ထိုင်းရတ်ထိုင်းပါတီ ထိပ်ပိုင်းခေါင်းဆောင်များ နိုင်ငံရေးထဲ ပြန်လည် ၀င်ရောက်နိုင်ရန် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေး ကြိုးစားခဲ့သည်။

သို့သော် လွတ်လပ်သည့် တရားစီရင်ရေးစနစ်ကို ဘုရင်ကိုယ်၌က ထောက်ခံအားပေးထားသည့်အချက်သည် ထိုင်း ပြည်သူတွေ အားတက်စေသည့် အချက်ဖြစ်သည်။ တပ်ဆင်၏ အမှုများ စစ်ဆေးချိန်က မစ္စတာတပ်ဆင်၏ ရှေ့နေ များကို တရားသူကြီးအား လာဘ်ထိုးမှုဖြင့် ထောင်ဒဏ်များ ချမှတ်နိုင်ခဲ့သည်သာမက မစ္စတာတပ်ဆင်၏ဇနီး ပွတ်ဂျမန်၊ သူမ၏ မောင်နှင့် သူမ၏ အတွင်းရေးမှူးတို့အား အခွန်ငွေတိမ်းရှောင်မှုဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ပွတ်ဂျမန်မှာမူ အဂတိမှုများနှင့် ရင်ဆိုင်နေရပြီး လွတ်လမ်းမရှိဖြစ်နေသော သူမ၏ ခင်ပွန်းနှင့်အတူ ဗြိတိန်သို့ အာမခံငွေများကို အဆုံးခံ၍ ထွက်ပြေးရသည့်အဖြစ် ရောက်ခဲ့သည်။ တပ်ဆင်သည် ယခုအခါ ၀ရမ်းပြေးဘ၀ဖြင့် မိသားစုနှင့်အတူ လန်ဒန်၌ နေထိုင်လျက်ရှိသည်။

သို့သော် ထိုင်းနိုင်ရေးတွင် မစ္စတာတပ်ဆင်၏ အရှိန်သြဇာ ဆက်လက်တည်ရှိနေသေးသည်ကို ထွက်ပေါ်နေသည့် သတင်းများနှင့် လက်ရှိထိုင်းအစိုးရ၏ လှုပ်ရှားမှုများက သက်သေပြနေသည်။ မစ္စတာစမတ် နုတ်ထွက်ခဲ့ရပြီးနောက် အသစ်တက်လာသည့် ပီပီပီ ပါတီခေါင်းဆောင်တဦးဖြစ်သူ မစ္စတာဆွန်ချိုင်းသည် မစ္စတာတပ်ဆင်၏ ညီမ ယောင် ၀ါပါနှင့် လက်ထပ်ထားသူဖြစ်ခြင်း၊ ပီပီပီ ပါတီအတွင်း၌ ယခင် ထိုင်းရတ်ထိုင်းပါတီဝင်ဟောင်းများ ပါဝင်နေခြင်းတို့အပြင် မဲဝယ်မှုစွပ်စွဲခံထားရသဖြင့် ဖျက်သိမ်းခံရဖွယ်ရှိ နေသည့် ပီပီပီ နေရာအစားထိုးရေး ရည်ရွယ်၍ ယောင်ဝါပါ၏ အမည်ဖြင့် The Puea Thai ပါတီအသစ်ကို မှတ်ပုံ တင်လိုက်ခြင်းတို့သည် ယနေ့ထိုင်းနိုင်ငံရေးဇာတ်ခုံတွင် ပါဝင်ပတ်သက်နေ ဆဲ ဖြစ်သော မစ္စတာတပ်ဆင်၏ အခန်းကဏ္ဍကို ဖော်ပြခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။ ပါတီဖွဲ့ရေး အစည်းအဝေးကို လည်း မစ္စတာတပ်ဆင်၏ အခြားညီမတဦးဖြစ်သူ ယောင်ဝရတ် ရှင်နာဝါထရာပိုင် အဆောက်အဦ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြနေသည့် ပီအေဒီအဖွဲ့ကမူ ၀န်ကြီးချုပ်အသစ် ဆွန်ချိုင်းအနေဖြင့် မစ္စတာတပ်ဆင်၏ သြဇာခံ မဟုတ်ကြောင်း ပြသ ရန်၊ မစ္စတာတပ်ဆင်အား တရားပြန် ရင်ဆိုင်စေရန် မည်သို့ဆက်လက်ကိုင်တွယ်မည်ကို ရှင်းပြရန်၊ ၂၀၀၇ ခု ဖွဲ့စည်းပုံကို ပြင်မပြင်ကို ထုတ်ဖော်ရန် စသည့်အချက် (၅) ချက်တောင်းဆိုထားသည်။

ဒေသအတွင်း၌လည်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားရသော ထိုင်း နိုင်ငံအဖို့ အဆိုပါအမှုများနှင့် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မျက်နှာပျက်စရာဖြစ် နေသည်။ ဘန်ကောက်၌ မကြာမီ ကျင်းပရန်ရှိသည့် အာဆီယံအစည်းအဝေး၏ လုံခြုံရေးအနေအထားကို မေးခွန်း ထုတ်နေသူများလည်း ရှိသည်။

ဝန်ကြီးချုပ်အသစ်သည် ၎င်း၏ပါတီအတွင်းမှ အမတ် (၇၀) ကျော်ဖြင့် စုစည်းထားသော နေ၀င်းအုပ်စုအပါအ၀င် အခြား စိမ်ခေါ်မှုအမျိုးမျိုးသာမက နိုင်ငံအတွင်းသို့ နေ့စဉ်နှင့်အမျှ ၀င်ရောက်လာနေသော မြန်မာအလုပ်သမားများအရေး၊ သိန်း နှင့်ချီရှိသော ဒုက္ခသည်များအရေး၊ လူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှု မြင့်မားလာနေခြင်း၊ တောင်ပိုင်းခွဲထွက်ရေး အကြမ်းဖက်မှု၊ စီးပွားရေးအရ ယုံကြည်မှုပြန်လည်တည်ဆောက်ရေး၊ ကမ္ဘောဒီယား နယ်စပ်အရေး စသည့်ပြဿနာ အမြောက်အမြားကိုလည်း ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

သို့သော် ကိုယ်ပိုင်ဝန်ကြီးချုပ်ရုံးဖြင့် ရုံးမထိုင်နိုင်ဘဲ ဘန်ကောက် ဒွန်မောင်းလေဆိပ်၌သာ ရုံးထိုင်ရမည့် ၀န်ကြီးချုပ် အသစ်သည် ယခင်က တရားသူကြီးနှင့် တရားရေးအတွင်းဝန်ဖြစ်ခဲ့ဖူးခြင်း၊ ပျော့ပျောင်းစွာပြောဆိုတတ်ခြင်း စသည့် အရည်အချင်းများ ရှိရုံဖြင့် အဆိုပါပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။

မစ္စတာစမတ် နုတ်ထွက်စဉ်က အမျိုးသားညီညွတ်ရေးအစိုးရတရပ် ဖွဲ့စည်းရန် အတိုက်အခံ ဒီမိုကရက်ပါတီက အဆိုပြု ခဲ့သည်။ ကြည်းတပ်ဦးစီးချုပ်ကလည်း ယင်းအဆိုပြုချက်ကို ထောက်ခံခဲ့သည်။ သို့သော် ပီပီပီက လက်မခံဘဲ ညွန့် ပေါင်းအစိုးရဖြင့်သာ ဆက်လက်စခန်းသွားခဲ့ခြင်းဖြစ်သည်။ ညွန့်ပေါင်းအစိုးရအတွင်းပါဝင်နေသော အခြားပါတီ (၅) ခုသည်လည်း ဒီမိုကရက်အပါ အ၀င် အခြားနိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းလိုခြင်းမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွား အခြေခံသော အုပ်စုဖွဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကိုသာ ဆက်လက်ယုံကြည်နေဆဲဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တစုံတရာရောက်ရှိနေသည်ဟု ချီးမွမ်းခြင်း ခံခဲ့ရသော ထိုင်းနိုင်ငံသည် နိုင်ငံရေးဇာတ်ခုံတွင် မစ္စတာတပ်ဆင်၏ ခြေရာလက်ရာများရှိနေသရွေ့၊ အကျိုးစီးပွားအခြေခံသော အုပ်စုဖွဲ့ နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်နေသရွေ့ ငွေကြေးချမ်းသာသူများနှင့် ဗျူရိုကရက်များ၏ နိုင်ငံရေးလုပ်စားမှု သံသရာမှ လွတ်မြောက်နိုင်ရန် အချိန်ယူရဦးမည်ဖြစ်သည်။

No comments:

Post a Comment