8.30.2009

မြန်မာ့ စစ်အုပ်စု၏ ရုပ်မြင်သံကြား MRTV မှ ကိုးကန့်သတင်းထုတ်ပြန်ကြေငြာ

နအဖ စစ်အုပ်စု၏ MRTV ရုပ်မြင်သံကြား အစီအစဉ်မှ ယခုလ ၂၇ ရက်မှ ၂၉ ရက် အထိစစ်တပ် နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တပ်ဖွဲ့များ ဖြစ်ပွါးခဲ့သော တိုက်ပွဲများနှင့် ပါတ်သက်၍ သတင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်၏။
မြန်မာ့ရုပ်မြင်သံကြား၏ ထုတ်ပြန်ချက်အရ ထိုတိုက်ပွဲမျာား အတွင်း နအဖဘက်မှ စစ်သား ၁၁ဦးနှင့် ရဲတပ်သား ၂၉ဦး ကျဆုံးခဲ့ပြီး ။ ကိုးကန့်ဘက်မှ ၈ဦး ကျဆုံးခဲ့ကြောင်း ကြေငြာသွားခဲ့ ပါသည်။
ယခုအခါတွင် စစ်တပ်မှ ဒေသအားလုံးကို ထိမ်းချုပ် ထားလိုက်ပြီဖြစ်ပြီး ကိုးကန့်ဒေသ အုပ်ချုပ်ရေးကော်မတီက အခြေအနေ အားလုံးကို ထိမ်းသိမ်းထားနိုင်ပြီဖြစ်၍ ရာနှင့်ချီ၍ ထွက်ပြေးသွားကြသော ဒေသခံများကို ပြန်လာ ကြရန် ဖိတ်ခေါ်ခဲ့ပါသည်။
ထိုဒေသကို ယခုအခါ ဒေသဆိုင်ရာ ယာယီအုပ်ချုပ်ရေး ကော်မတီ၏ ထိမ်းသိမ်းမှု အောက်တွင် အေးချမ်း တည်ငြိမ်မှုများရရှိနေပြီ ဖြစ်၍ ထွက်ပြေးတိမ်းရှောင်သွားသူများ အားလုံးကို ပြန်လာကြရန် ပြောကြားခဲ့ပါသည်။
သို့ရာတွင် အထက်မြန်မာပြည် မန္တလေးနှင့် စစ်ကိုင်း မြို့များတွင် စစ်တပ်မှ ပေါ်တာဆွဲမှုများကို စတင် ပြုလုပ် နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။

ပုဇွန်အလုပ်ရုံတွင် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်သမားများ အရေးပေါ်ဆေးရုံတင်ရ

သြဂုတ် ၂၈
ရွှေမောင်း
ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ကျုံဖေါ်မြို့ ပါနန်း လို့ ခေါ်တဲ့ ရေထွက်ကုန်တွေ ထုတ်လုပ်တဲ့ ပိုက်ဆိပ် ရှိ ပုဇွန် ကုန်ချော ထုတ်လုပ်သော ကုမ္ပဏီ တွင် ဂက်စ်အိုးမှ ဓါတ်ငွေ့ များယိုစိမ့်သဖြင့် အလုပ်သမား အချို့ အရေးပေါ် ဆေးရုံ တင်လိုက်ရသည်။
မြန်မာအလုပ်သမား ၈ယောက်ကို ပါနန်းဆေးရုံတွင် တင်လိုက်ရပြီး စိုးရိမ်ရသူ ၄ဦးကို ကျုံဖေါ်မြို့ဆေးရုံကြီးသို့ ပို့ ဆောင် လိုက်ရကြောင်း စက်ရုံအလုပ်သမတစ်ဦးကပြောသည်။ “နေ့လည် ထမင်းစား နားခါနီး ၁၁ နာရီကျော် လောက်မှာ ဓါတ်ငွေ့ယိုတော့ အနံ့ တော်တော်ပြင်းတယ် လူတွေ မူးမေ့လဲ ကုန်ကြတယ်။ ကျမတို့ ထွက်ပြေး ကြတော့ ဘာမှမဖြစ်လိုက်ဘူး၊ အလုပ်ရှင်က ဖြစ်ဖြစ်ချင်း ကားနဲ့ ဆေးရုံကို လိုက်ပို့ပါတယ်၊ ကျုံဖေါ်ဆေးရုံက ၄ယောက်တော့ ညနေပိုင်းအထိ ပြန်မဆင်း လာရသေးဘူး၊ ပါနန်း ဆေးရုံက ၈ ယောက်ကတော့ ညနေက ပြန်ဆင်းလာကြပါပြီ” ဂက်အိုးယိုစိမ့်ရာ အလုပ်ရုံအခန်းအမှတ် ၄ တွင် အများစုမှာ မြန်မာအလုပ်သမားများ ဖြစ်ကြသည်။ မြန်မာများ အခေါ် ဆီးဗစ် ပုဇွန် ကုမ္ပဏီ တွင် မြန်မာ အလုပ်သမားများ ထောင်ချီ၍ ရှိသည်။ယခင်ကအဆိုပါ ဤအလုပ်ရုံတွင် မြန်မာအလုပ်သမားကို လက်မခံခဲ့ သော်လည်း ယခုနှစ်တွင် နေထိုင်အလုပ်ကိုင်ခွင့် ဘတ် လုပ်ပေးသဖြင့် မြန်မာ အလုပ်သမားများကို ခေါ်ခဲ့သည်။ နေ့တွက်အခ အပါအဝင် အချိန်ပိုကြေးပါ အလုပ်သမား တစ်ဦးလျှင် ဘတ်ငွေ ၃ဝဝ ကျော်ရကြောင်း ၄င်းအလုပ်ရုံမှ အလုပ်သမားများက ပြောသည်။
ကျုံဖေါ်မြို့ နယ် ပါနန်းလှေဆိပ်တစ်နေရာတည်းတွင် မြန်မာအလုပ်သမားများသုံးလေးသောင်းဝန်းကျင်ခန့် ရှိနိုင် ကြောင်း အလုပ်သမားများကပြောသည်။

Burma's News World's News

The honor guard carries the casket from the church after Roman Catholic Funeral Mass for Sen. Edward Kennedy at Our Lady of Perpetual Hope Basilica in Boston
Sat. 29 Aug 2009 2108 UTC

Senator Kennedy Honored As Master Legislator, 'Giving Heart'

President Obama joined by three former presidents and more than 60 current and former senators

Full Story » | Listen Audio clip available

Afghan President Hamid Karzai (file photo)

Incumbent President Increases Lead in Latest Release of Afghan Election Vote Tallies Audio Clip Available

Election officials say they have now processed ballots from more than one-third of polling stations nationwide and just more than two million votes have been deemed valid

Iraqi officers inspect the scene following a car bomb in Shirqat, 100 kms north of the city of Tikrit, 29 Aug 2009

Explosions in Northern Iraq Claim More Lives Audio Clip Available

Two separate explosions kill at least 15 people, wound 30 others, as security situation across country remains tense

Iran's Ambassador to the International Atomic Energy Agency (IAEA), Ali Asghar Soltanieh (file photo)

Iran Claims Report 'Vindicated' Nuclear Program

Semi-official news agency Fars quotes Ali Asghar Soltanieh as saying country will resist political pressure to give up its nuclear goals

Voters cast their ballots for parliament's lower house election at a polling station in Tokyo, Japan

Voting Begins in Election Expected To Reshape Japan

Election expected to attract an unprecedented portion of eligible voters


Taro Aso and Yukio Hatoyama
Japan is voting in an election widely expected to end the Liberal Democratic Party's half-century of dominance.

US Senator Edward Kennedy is buried in Washington, after President Barack Obama leads tributes to the liberal "lion".

A murder investigation is under way in Georgia, US, following the discovery of seven bodies in a mobile home, police say.

Nearly 30,000 civilians flee conflicts in Northeastern Burma: UN

As many as 30,000 civilians have fled to China in the wake of fighting between government troops and ethnic rebels in Burma’s north-eastern region, the United Nations Refugee...

Thousands flee as Kokang and government troops fight

Thousands of refugees on Friday continued fleeing to the Sino-Burma border as clashes between the Burmese Army and Kokang rebels entered the second day. Tension,...

Editorial, Opinion and Analysis

Burma's fishery export downward trend continue

(Analysis) Despite Burma’s fishery products being a good revenue earner in the export market, this year it has taken a beating and failed to achieve the targe...

US set to announce new Burma policy

United States is set to announce its new policy on Burma as the Obama administration is on the verge of completing its review, visiting Congress staff members on Friday told......

Monks form secret organizations

The internet has revealed more and more statements relating to forming of anti-junta secret organizations by monks. The statements issued by the All Burma Students Union said...

Fighting Stops as Kokang Surrender Arms to Chinese

By WAI MOE
Days of clashes near the Sino-Burmese border end after about 700 Kokang troops hand over their weapons to Chinese officials.

10,000 More Kokang Refugees Flee into China

By SAW YAN NAING
As fighting continues between the Burmese army and an alliance of ethnic groups, thousands more Kokang civilians flee to the Chinese border.

Cooking Oil Ban Rescinded in Rangoon

By LAWI WENG
Rangoon authorities have withdrawn a ban on seven brands of cooking oil, as tensions grow between a military-owned enterprise and one of Burma’s largest private companies.

Weekly Business Roundup (August 22, 2009)

By WILLIAM BOOT
A legal loophole that let British tourism operators continue doing business in Burma in defiance of European Union sanctions has been closed by an amendment to UK law.

US Congress Staffers Meet NLD

By THE IRRAWADDY
Three Congress staffers have met with NLD representatives for talks about political prisoners in Burma.
NEWS ANALYSIS

Junta Renews ‘Divide-and-Rule’ Tactic in Shan State

By WAI MOE
Armed clashes between northern ethnic armies and government troops mark the beginning of a divide-and-rule tactic by the junta.

ထုတ်ပြန် ကြေငြာချက်များ

ABFSU Statement (English)
ABSFU ထုတ်ပြန်ချက် (မြန်မာ)
သံဃာ့ကိုယ်စားလှယ် အဖွဲ့၏ ထုတ်ပြန်ကြေငြာချက်

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ChinaMyanmar Boarder

မနေ့ကညပိုင်းအထိ တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသအတွင်း ပစ်ခတ်သံတွေ ကြားနေရတုန်းပဲလို့ တရုတ်မြန်မာနယ်စပ် စစ်ရေးနဲ့နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဗွီအိုအေကိုပြောပါတယ်။


ကိုးကန့် တပ်ဖွဲ့ဝင် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချ

ကိုးကန့် တပ်ဖွဲ့ဝင် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချ

ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ၇၀၀ကျော်သည် ယနေ့နေ့လယ်ပိုင်းက တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်သွားပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်လိုက်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလို၍ ကိုးကန့်စစ် ဖန်တီးဟု ဆို

စစ်အစိုးရသည် ကိုးကန့်ဒေသနှင့် နယ်စပ်ဒေသများတွင် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များနှင့် ပြည်တွင်းစစ် ဖန်တီးတိုက်ခိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်ဟူသော ထင်မြင်ယူဆချက်များ ရန်ကုန်မြို့ နေ ပြည်သူများအကြားတွင် ပျံ့နှံ့နေကြောင်း သိရှိရသည်။

အမေရိကန် ကိုယ်စားလှယ်များ နှင့် NLD တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင်များနှင့် အမေရိကန် အောက်လွှတ်တော် အမတ်များ၏ အရာရှိ ၃ ဦးတို့ ယနေ့ တွေ့ဆုံကာ

ကိုးကန့်ဒေသ အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြီ

ကိုးကန့်ဒေသတွင် ယမန်နေ့က စတင်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်အစိုးရနှင့် ကိုးကန့်အဖွဲ့ ကြားရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း

ကိုးကန့်ဒေသတိုက်ပွဲ တရုတ်ဘက်မှ တဦး သေဆုံး
ဓာတ်ပုံသတင်း
သြဂုတ် ၂၉၊ ၂၀၀၉မြန်မာပြည် ကိုးကန့် ဒေသမှ ထွက်ပြေးလာသော အရပ်သားတချို့ကို တရုတ်နိုင်ငံဘက်တွင် ယနေ့ တွေ့ရသည့် မြင်ကွင်း။ မြန်မာ့တပ်မတော် နှင့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အကြား ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာသူပေါင်း သုံးသောင်းအထိ ရှိသည်ဟု ကုလသမဂ္ဂသို့ ရောက်လာသည့် စာရင်းများက ဆိုသည်။ တရုတ်နိုင်ငံအတွင်း ဗုံးတလုံး ကျရောက် ပေါက်ကွဲသဖြင့် ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု သိရသည်။ တရုတ်နိုင်ငံက လာမည့် ၄ ပတ်အကြာတွင် ကျရောက်မည့် တော်လှန်ရေး အနှစ် ၆၀ ပြည့် အခမ်းအနားအတွက် အကြီးအကျယ် ပြင်ဆင်လျက်ရှိသည်။ ဤတိုက်ခိုက်မှုများက အခမ်းအနားကာလအတွင်း တည်ငြိမ်မှုကို လိုလားသည့် တရုတ်အစိုးရကို ထိခိုက်စေနိုင်သည်ဟု တရုတ်ပြည်မှ လာသည့် သတင်းများက ဆိုသည်။ တိုက်ခိုက်မှု ကာလအတွင်း လူနာ ၂၅ ဦး ရောက်လာကြောင်း၊ အများစုမှာ ကိုးကန့် တိုင်းရင်းသားများဖြစ်ကြောင်း Zhenkang အရပ်ရှိ ဆေးရုံမှ ဆရာဝန်တဦးက AP သတင်ဌာနကို ပြောသည်။( ဓာတ်ပုံ - AP )
အမေရိကန်က မြန်မာ့အရေး ကွင်းဆင်းပြီး အချက်အလက် စုနေ
ဓာတ်ပုံသတင်း
သြဂုတ် ၂၉၊ ၂၀၀၉ယမန်နေ့က အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် ဆက်သွယ်ရေး အရာရှိ Lynne Well နှင့် အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ သွားရောက်ပြီး မြန်မာပြည်ရေးရာများကို ဆွေးနွေးခဲ့သည်။ ဤအတောအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အမေရိကန် သံရုံး နှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးကလည်း မြန်မာ့အရေး လှုပ်ရှားသူများကို ဖိတ်ခေါ်ပြီး ထိုသို့ ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ စစ်အစိုးရကို စီးပွားရေး ပိတ်ဆို့သည့် နည်းဖြင့် အရေးယူထားသည့် အမေရိကန်အစိုးရက ၎င်းတို့၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်မည်ဟု ကြေညာထားသည်။ (ဓာတ်ပုံ-AP)

ကရင်စစ်ဘေး ဒုက္ခသည်များ ရတက်မအေးနိုင်သေး

မြန်မာနိုင်ငံ ကိုးကန့်ဒေသမှ စစ်ဘေးရှောင်သူများ တရုတ်နိုင်ငံထဲသို့ ရောက်ရှိလာနေခိုက် ထိုင်းနိုင်ငံက ယာယီ ဒုက္ခသည်စခန်းများနေ ကရင်ဒုက္ခသည်များမှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း အသက်အိုးအိမ်လုံခြုံရေးအတွက်...
အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တွေ့ဆုံ မြန်မာ့ နိုင်ငံရေး အခြေအနေများ ဆွေးနွေး

NEJ / ၂၉ သြဂုတ် ၂၀၀၉

“သူတို့ပြောတဲ့စကားတွေအရပဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ လာရောက်စုဆောင်းတယ်ဆိုတာ ပေါ်နေတယ်။ ဘယ်အတွက်လဲဆိုတာက ကွန်ဂရက် အတွက်လား၊ မူဝါဒသစ် အတွက်လား ဒါတော့ .....”အပြည့်အစုံသို့

ကိုးကန့်နယ်မြေတွင် ဒုတိယမြောက်နေ့ တိုက်ပွဲဖြစ်

ခိုင်လင်း / ၂၈ သြဂုတ် ၂၀၀၉ “အခုထိ ချနေတုန်းပဲ။ ဒီကိုးကန့် တပ်ဘက်က စချတာ။ မနက် သုံးနာရီလောက်....”အပြည့်အစုံသို့
မြို့ပြင်တက္ကသိုလ်ပညာရေးကြောင့် ကျောင်းသားများအခက်တွေ့
ဝီရ / ၂၈ သြဂုတ် ၂၀၀၉ “ကျနော်တို့ကျောင်းက အိမ်သာ (သန့်စင်ခန်း) တွေက ရေအမြဲပြတ် နေတော့ ဘယ်သူ...”အပြည့်အစုံသို့
အလုပ်သမားလက်မှတ်ရှိသူများသာ ယာယီနိုင်ငံကူးလက်မှတ်လုပ်ခွင့်ရှိ
NEJ / ၂၈ သြဂုတ် ၂၀၀၉ ထိုင်းမှထုတ်ပေးသည့် အလုပ် လုပ်ခွင့် အလုပ်သမားလက်မှတ် သည် ရှေ့နှစ်...အပြည့်အစုံသို့


ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်မည့်သတင်း ပေါက်ကြား
NEJ/ ၂၈ သြဂုတ် ၂၀၀၉ “ဒီစစ်ဆင်ရေးမှာလည်း နအဖတပ်တွေက နောက်ကနေ လိုက်ဖြည့်တာလောက်ပဲ ပါမယ်။ ဒီစစ်ကြောင်း (၃) ကြောင်း စလုံးကို ဒီကေဘီအေက ဗိုလ်နှုတ်ခမ်းမွှေးက..”အပြည့်အစုံသို့
နအဖ ဆိုတဲ့ (အ)နူ ကလီးယား
(အထူးဆောင်းပါး)
ဂါမဏိ / ၂၈ သြဂုတ် ၂၀၀၉
အခု သတင်းထွက်တာက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်နဲ့ ပွင့်ဖြူဘက်မှာ နျူကလီးယားစက်ရုံတွေ ဆောက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ သပိတ်ကျဉ်းစက်ရုံကတော့ တပ်မတော် သိပ္ပံနဲ့သုတေသန နည်းပညာတပ် (သသန) က တာဝန်ယူတဲ့ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့အဆင့်အထိ ထုတ်လုပ်တဲ့ ....အပြည့်အစုံသို့

နအဖဘက်တော်သားများမှ ကျောင်းသားသမဂ္ဂ၏ သမိုင်းဝင် ဒေါင်းအလံများအား ခိုးယူသုံးစွဲခြင်း။

မကွေးတိုင်း၊ ပခုက္ကခရိုင် အတွင်း နအဖ ရဲ့ ဘက်တော်သားများက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တရားဝင် အမှတ်တံဆိပ် အမှတ်အသားတခုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အလံ နှစ်ခု တို့ အား အလွဲသုံးစားလုပ် ဘမ်းပြ၍ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ဟု ဆိုကာ ရုံးခန်းဖွင့် လှစ်ခြင်း ၊ အစည်းအဝေး ခေါ်ယူခြင်းများကို ပြည်သူလူထုသို့  တရားဝင်ပါတီများ ဖွဲ့ စည်းခွင့် နှင့် ဆိုင်းဘုတ် တင်ခွင့် ရှိပြီ ဖြစ်ကြောင်း တရားဝင် မကြေငြာပါဘဲ နှင့်  ယခုကဲံသို့  မြို့ လည် ခေါင်တွင် ဗြောင်ကျကျ လုပ်ဆောင်လျှက် ရှိနေပါတယ်။















အပြည့်အစုံသို့

၈၈၈၈ အရေးတော်ပုံခေါင်းဆောင် ကိုမိုးသီးဇွန် နှင့် တော်လှန်ရေးအင်အားစု ဆွေးနွေးပွဲ





ကျနော်တို့မှာ လက်သီးတွေ ရှိတယ်ဗျာ ဘာလုပ်ဖို့ ထားလဲ
မိုးသီးဇွန်

၂၀၁၀ က ၀င်လို့ ရတဲ့ပွဲမဟုတ်ဘူး ကိုယ်တိုင်က ဖွင့်မပေးဖို့ လို့ တယ်
ရဲဘော်သံခဲ

ဒီကနေ့  မြန်မာပြည် နယ်စပ် တနေ ရာမှာ စည်းဝေး ဖြစ်ခဲ့တဲ့ မြန်မာ ပြည်ရဲ့ လက်၇ှိနိုင်ငံရေး သုံးသပ် ဆွေးနွေးပွဲ အကြောင်း တင်ပြပါ မယ်။ အစည်းအဝေးတက်ရောက်လာသူတွေကတော့အများအားဖြင့် Activistတွေလို့ ပြောရမဲ့ powerless တွေ အများစုလို့ ပြောမယ်ဆိုရပါတယ်။ တက်ရောက်လာသူ ၇၀ နီးပါး ရှိပြီး ထဲမှာ ကိုမိုးသီးဇွန် ၊ ကိုမြတ်စိုး၊ ဦးပီတာလင်းပင်(ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) ဦးချစ်တင်(ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) နိုင်ဥဿာ(မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်) ဦးဇော်ငြိမ်းလတ် (မြန်မာနိုင်ငံရေး အကျဉ်းသားသမဂ္ဂ) ကိုသံခဲ(၈၈၈၈ ကျောင်းသားတစ်ဦးအနေနှင့် ABSDF ဥက္ကဌ) ဒေါက်တာကျော်ညွန့့်(DAB အတွင်းရေးမှုး) တို့ နဲ့အတူ ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ရဲဘော် အများစုဖြစ်ပါတယ် ။ Powerless လို့ ဘာ့ကြောင့် ပြောရလဲ ဆိုရင် လာရောက်သူအသီးသီးဟာ ပွင့်လင်းလွတ်လပ်စွာ လက်ရှိ အခြေအနေ အပေါ်မှာ ဖလှယ် ကြဆွေး နွေးကြတာ ဖြစ်တာကြောင့် အားမနာတမ်းပြင်းပြင်းထန်ထန်ဝေဖန် တာမို့ ပြီးတော့ တစ်ဦးချင်းစီရဲ့ စွမ်းအားကိုသာ အခြေခံတာပဲ ဖြစ်ပါတယ်။ စစချင်းဆွေးနွေးရတဲ့ အကြောင်းရင်းကတော့ ပြည်ပမှာ လမ်းပျောက်နေတယ်လို့ ပြောလို့ ရတဲ့ နိုင်ငံရေး နဲ့ သံတမန်ရေးဆိုင်ရာ ကို စဉ်းစားကြတာပါ။ ဘာကြောင့် ဒီဆွေးနွေးပွဲ ဖြစ်ရလဲ ပြောရင်တော့ ပြီးခဲ့တဲ့ ဂျကာတာ အစည်းအဝေး ကို အောက်ခြေက တော်လှန်ရေးအင်အားစု အများစု သဘောထားမပါတာကြောင့် ပွက်လောရိုက်သွားတဲ့ နိုင်ငံရေး ဖြစ်စဉ်ကြောင့်ပဲဆိုရင် မမှားပါဘူး။

ဒီမှာ ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးပီတာလင်းပင် ကအဖွင့်အမှာစကားပြောပြီး လူငယ် တွေ တိုင်းပြည်ရဲ့ အနာဂတ်အတွက် စစ်တပ်ပြုတ်ကျရေးကို ဆက်လက်တိုက်ပွဲဝင်ဖို့  အနူးအညွှတ် တောင်းပန်တယ်လို့ ပြောသွားပါတယ်။ဦးချစ်တင် အောင်လံအမတ်ကတော့ နှစ်နှစ်ဆယ်ကြာပြီ ဘာ့ကြောင့် မအောင်မြင်သေးတာလဲ ဆိုတာ အဖြေရှာဖို့ ဆွေးနွေးသွားပါတယ် ။ ကိုမိုးသီးဇွန်ကတော့ လက်၇ှိ အခြေအနေမှာ စိန်ခေါ်မှုတွေ ရှိနေသလို အခက်အခဲတွေလည်း ၇ှိနေတယ် လက်ဦးမှုရှိမှအောင်ပွဲခံ နိုင်မယ်ဆိုတာကို ပမာဏတင်ပြသွားပြီး စစ်ရေးနဲ့ သံတမန်ရေးကို ဘယ်လို ပုံဖော်သွားကြမယ် ဆိုတာကို နောက်ထပ် အသေးစိတ် ဆွေးနွေးကြဖို့ ပမာဏပြောသွားပါတယ်။
ABSDF မှ ကိုလွမ်းဏီကလည်း ကျနော်တို့ မျော်မြင်ခဲ့တဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးဟာ နအဖလမ်းပြမြေပုံနောက် လိုက်မှာလား အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလမ်းစဉ် တခုတော့လိုပြီ -ပြီးခဲ့တဲ့ ဒပ်ဖရင် ကိစ္စ ဂျကာတာကိစ္စ-တပ်ပေါင်းစု ၇ ဖွဲ့  -- ဘယ်မှာလဲ ညီညွတ်ရေး ဘယ်လိုတိုက်မလဲ ဘယ်လိုဦးဆောင်မလဲ ကြေညာချက်ထုပ်ရုံ နဲ့ပြီးမလား တိကျခိုင်မာတဲ့ ရလဒ် စုဖွဲ့ မှု ဖြောင့်စင်းတဲ့ နိုင်ငံရေးပစ်မှတ်တွေ ၇ှာဖွေရမယ် လို့  ဆွေးနွေးပါတယ် ။ ကိုလွဏ်းဆွေ ရဲ့ လူထုတိုက်ပွဲ နဲ့ ပွဲ သိမ်းရမယ် ဆိုတာတွေ ကိုထက်အောင်ရဲ့ ဒီမှာ၇ှိနေတဲ့သူတွေ အသီးသီးဟာ ၈၈ ကစ ဟိုး ၆၂ ထဲက ပါဝင်တိုက်ပွဲဝင်သူတွေ က အစ အဖွဲ့ အစည်း အရေခွံတွေ ခွါချလိုက်ရင် သာမာန် ပြည်သူတွေပါပဲ ကျနော်တို့ ရဲ့ သဘော ထားလေးတွေ ကိုတော့ ပြည်သူ သဘောထားလေးတွေ ဆိုပြီး ယူဆောင်ဖို့ တော့ လိုပါတယ် ဆိုတဲ့ သဘောထား တပ်ပေါင်းစုခေါင်းဆောင်များကို မတ်ဆိတ်ပေးလိုက်ပါတယ် အဓိက က ကတော့ ဂျကာတာ မှာ ထိပ်သီးများသဘောတူပြီးတင်တဲ့စာတန်း ဟာ စဉ်းစားစရာဖြစ်ခဲ့လို့ ပါပဲ ။။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (ပြည်တွင်း) လူငယ်တာဝန်ခံဟောင်း ဖြစ်ခဲ့တဲ့ အိရွှေစင် ကတော့ တဦးတည်းသဘော နဲ့ ဂျကာတာကို သဘောမတူဘူး ဦးဝင်းတင်ပြောပြီးပြီ ဒေါ်စုမပါတဲ့ ဘာညှိနှိုင်းရေးမှ မဖြစ်သင့်ဖူး ဆိုတာရယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ညှိနှိုင်းရေးဆိုတာပြည်တွင်းကပဲ စသင့်တယ် ပြောထားတဲ့အတွက် ကျမတဦးတည်း သဘော နဲ့ တော့ ဒီလုပ်ရပ်ကိုလက်မခံဘူး ။ ၂၀၁၀ လို့ အမည်တပ် တာကလည်း န အ ဖ တီးနေတဲ့ ဆိုင်းနောက်ကနေ လိုက်နေတာမဟုတ်ဘူး ၂၀၁၀ ကို စစ်အုပ်စု ကဇွတ်မလုပ်ခင် မှာ ကျမ တို့ တိုက်ရတာ စစ်အာဏာရှင်
ဖြစ်တယ် ၂၀၁၀ ပြီးလို့ စစ်အုပ်စု ကသူ့ ဖာသာ ဘယ်လို ပင် လိမ်လိမ် ကျမတို့ တော်လှန်ရေး အင်အားစုတစ်ရပ်က တိုက်ရမှာ တရားမမျှတပဲ အနိုင်ရတဲ့ နိုင်ငံရေးပါတီတခု သာဖြစ်မယ် ဒါ့ ကြောင့် ၂၀၁၀ ကို ကျမ တို့ ဖျက်နိုင်ဖို့ လိုတယ် ။ ကန့်ကွက်မဲ သွားထဲ့ ဖို့ တိုက်တွန်းခဲ့ တဲ့ အမှားမျိုးကိုလည်း ပြည်ပအင်အားစု မှားခဲံပြီးပြီ စစ်အုပ်စုရဲ့ လမ်းပြမြေပုံ အချက်တိုင်းကို ပြင်းပြင်း ထန်ထန်ကန့် ကွက် ဖို့  မပတ်သတ်ဖို့ သဘောထားပဲကျမမှာရှိတယ် ဒါ့ကြောင့် စစ်အုပ်စု ကို ညှိနှိုင်းတာဆွေးနွေးတာ ကို ကျမ မယုံကြည်ဘူး လက်မခံဘူး အပြတ်တိုက်မယ်ဆို ဘယ်သူ ဦးဆောင်ဦးဆောင် ကျမတို့ နောက်ကလိုက်မယ် ။ ဟု ဆွေးနွေးပါတယ် ။ကိုသိန်းစန်း၊ ကိုအောင်ခိုင်၊ မန်းမျိုးမြင့် စသဖြင့် အသီးသီး က ၄င်းတို့ သဘောထား အောက်ခြေလူတန်းစားသဘောထား များကိုဆွေနွေးပြီး ကိုသံခဲ မှ နိုင်ငံရေးဆိုတာ တိုက်တာ နိုင်ငံတကာလွှတ်မြောက်ရေးတိုက်ပွဲ တိုင်းပူးခွါ တိုက်ရတယ် ရဲဘော်ရဲဘက်စိတ်နဲ့ ဘယ်နေရာ မဆို လက်တွဲလုပ်ဖို့ လိုတယ် မိတ်ဖက် ပဌိပက္ခ အဆင့် ကတော့ ရှိကြမှာပါပဲ ။ တသမတ်ထဲ ချီတက်နိုင်မဲ့ အရည် အချင်း၇ှိဖို့ တော့ လိုတယ် ။
စဦးစားတဲ့နေရာမှာ ပထမ ပြည်တွင်းအား
ဒုတိယ -ဒုတိယနိုင်ငံ ထဲကအား
တတိယ တတိယနိုင်ငံထဲကအား အဓိက ကကျပါတယ် ။ ကျနော်တို့ ကတော့ အလယ် အလတ်အားပဲ တံတားပဲ ထိုးလို့ ရတယ် ပွဲသိမ်း တိုက်ဖို့ က ပြည်တွင်းပဲဖြစ်တယ်။ စသဖြင့် ကျယ်ပြန့် တဲ့ လက်တွေ့ ကျတဲ့ နိုင်ငံရေး နည်းနာတွေ ဆွေးနွေးသွားပါတယ် ။ အဆုံးသတ်မှာ ကိုမိုးသီး ကတော့ ရှေ့လုပ်ငန်းစဉ်တွေ နဲ့ပတ်သတ်တာတွေ ဆွေးနွေးညှိနှိုင်းသွားတဲ့ အတွက် နောင်လည်း ယခု ကြွရောက်လာတဲ့ နိုင်ငံရေး နယ်ပယ်ထဲက အမှန်တကယ် ရပ် တည်ဆောင်ရွက်နေသူတွေ နဲ့ ဆက်လက် တိုက်ပွဲဝင်သွားဖို့ လမ်းစဉ်တွေ ရှိနေပါတယ် ။

မှတ်ချက် ။ ။ ဆွေးနွေးညှိနှိုင်းမှု အဖြေနှင့် ရှေ့လုပ်ငန်းစဉ်များကို ချန်ရစ်၍ တင်ပြထားခြင်းဖြစ်သည် ။ အထူး သဖြင့် နိုင်ငံရေး စစ်ရေး သံတမန်ရေး နည်းဗျူဟာများ ချန်လှပ်ထား ခဲ့ခြင်းကို နားလည် နိုင်ပါစေ ။။
လမင်းခင် ဘလော့မှ