11.28.2009

Burma's News World's News



Overturned train carriage
A bomb blast caused the derailment of a Russian express train, killing at least 26 people, intelligence officials say.

UN chief urges deal at Copenhagen
UN head Ban Ki-moon urges world leaders to "seal a deal" on climate change when they meet in Copenhagen next month.

Golfer Woods faces police queries after crash
World number one golfer Tiger Woods faces police questions after a car accident near his home in Florida.

QUOTE OF THE DAY
The critical role that civil society groups played providing critically needed assistance after Nargis has been done by many by maintaining a low profile.
—Benjamin Zawacki, the Burma researcher for Amnesty International

Cambodian Ex-prison Chief Pleads for Release

By SOPHENG CHEANG and LUKE HUNT
After claiming to feel great remorse for his part in Khmer Rouge atrocities, the defendant in Cambodia's first genocide trial makes a last-minute plea for his freedom.

Dubai Debt Problems Cast Shadow Over Region

By THE ASSOCIATED PRESS
An unfolding financial crisis in the UAE's glitzy, debt-ridden emirate has alarmed investors throughout the Middle East and beyond.

HIV Infection Rates Still High Among Injecting Drug Users

By THE IRRAWADDY
Despite efforts by local and international agencies, a growing number of intravenous drug users in Burma are being infected with HIV.

Weekly Business Roundup (November 28, 2009)

By WILLIAM BOOT
An infestation of rats caused by Cyclone Nargis is threatening to devastate rice crops in the Irrawaddy delta—in contradiction of government claims that Burma is set to produce a one million tons surplus for export.

A Husband Whose Wife is a Political Prisoner

By THAN HTIKE OO
The husbands of political prisoners in remote Burmese prisons have their own form of suffering and hardship.

Thailand surveys location for second bridge with Burma

Thailand has started searching for a suitable location to build the second Thailand-Burma Friendship Bridge on the Moei River even as the Thai Deputy Commerce Minister...

Handcuffing of Burmese-American in court protested

The lawyer of detained Burmese born American, Kyaw Zaw Lwin (alias) Nyi Nyi Aung, said he had objected to handcuffing the accused during the trial and had submitted...

Editorial, Opinion and Analysis

The faces of two HIV positive patients

(Commentary) I would like to tell you the stories of two hapless and vulnerable HIV patients in Burma. The first is a female farmer hailing from Magwe Division....

Increased drug threat due to instability in Burma: report

Political instability in Burma could lead to an increase in trafficking of illicit drugs and may result in the shifting of clandestine manufacturing facilities across the borders of...

Burmese cultural troupe to perform in northeast India

A 15-member cultural troupe from Burma is to arrive in India’s North-eastern region on Saturday to showcase their country’s traditional art and culture,...

Burmese pro-democracy activists brief Indian intellectuals

A group of Indian intellectuals and Burmese pro-democracy leaders in exile on Thursday held a brainstorming seminar on the possibilities of democratic transition in Burma and...

Swiber bags US $ 77 million contract

Singapore’s Swiber Holdings Ltd. has bagged its first offshore pipeline installation contract in Burma. In a press release on Thursday, Swiber said it has been awarded a US$ 77 million......
Methamphetamine use ‘rapidly’ rising in Burma

Nov 27, 2009 (DVB)–Figures released by the United Nations’ drugs agency show that use of methamphetamine in Burma is on the rise, and is having an increasingly detrimental effect on neighbouring countries. - more


British MPs allege war crimes in Burma

Nov 27, 2009 (DVB)–A group of high profile MPs in Britain have submitted a parliamentary petition calling for the United Nations to investigate possible crimes against humanity and war crimes in Burma. - more


Obama saddles up to ‘rogue states’

Joseph Allchin

Nov 27, 2009 (DVB)–Washington looks set to join ‘rogue states’ like Burma as conspicuous absentees from a gathering in Colombia next week where global leaders will attempt to rid the world of landmines. - more


Teenage girl’s death sparks media frenzy

Nov 27, 2009 (DVB)–The death of a 15-year-old girl from a misdiagnosis has sparked a plethora of revelations about Burma’s healthcare system, with doctors admitting that they often assess patients in less than a minute. - more

နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ

အောင်ဇံ

၂၆ နိုဝင်ဘာ ၂၀၀၉

အန်အယ်လ်ဒီဟာ မကြာသေးခင်ကာလမှာ ရွှေဂုံတိုင်ကြေညာချက်အဖြစ်နဲ့ နိုင်ငံရေး သဘောထား၊ နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ အဓိက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၂၀၀၈ ခုနှစ်မှာ တဖက်သတ် ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည် သုံးသပ် ပြင်ဆင်ဖို့၊ နောက် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတကာ ကြပ်မတ်မှုတွေအောက်မှာကျင်းပဖို့ ဆိုတဲ့အချက်တွေ တောင်းဆိုပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စီအာပီပီအဖွဲ့ဝင် တိုင်းရင်းသားပါတီများဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက် စတဲ့ ပါတီတွေကလည်း သူတို့သဘောထားတွေကို အသီးသီး ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒီသဘောထား တွေကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည် သုံးသပ် ပြင်ဆင်ရေးဆွဲပေးဖို့၊ အထူးသဖြင့် ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခြေခံ အခွင့်အရေး တွေကို ထည့်သွင်းပြဋ္ဌာန်းပေးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအဖြစ် ပြင်ဆင်ပေးဖို့ တောင်းဆို ထားတာဖြစ်ပြီး အကယ်၍ ပြင်ဆင်မပေးဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူးလို့ သဘောထား ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ စီအာပီပီရဲ့ ရပ်တည်ချက်လို့ပဲပြောပြော၊ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီများရဲ့ ရပ်တည် ချက်လို့ပဲ ဆိုဆို ဒီနေ့ နိုင်ငံရေးရပ်တည်ချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် အဓိကအချက်ကတော့ ၂၀၀၈ ခုနှစ်မှာ နအဖက တဖက်သတ် ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးဟာ အဓိကကျတဲ့ မူလည်းဖြစ်သလို လောလောဆယ်မှာရော၊ ကာလအတိုင်းအတာတခုအထိရော ဆုပ်ကိုင်ရပ်တည်ထားရမယ့် မူလည်းဖြစ်ပါတယ်။ ဒီတော့ အခု ဒီမူတွေရှိနေရုံနဲ့ ပြီးပြီလားဆိုတော့ မပြီးသေး ပါဘူး။ ဒီမူတွေအပေါ် ရပ်တည်ပြီးတော့ နိုင်ငံရေးအရ ရှေ့ကို ကျနော်တို့ ဘယ်လိုအခြေခံသွားမလဲ၊ ဒီမူတွေကို အကောင်အထည်ပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေဟာ အရေးကြီးသလို ဒီမူတွေကို အခိုင်အမာ ရပ်တည် ဆုပ်ကိုင်ဖို့၊ အလွယ်တကူမစွန့်လွှတ်မိဖို့လည်း အရေးကြီးပါတယ်။

ဒီနေရာမှာ မူကို အလွယ်တကူ မစွန့်လွှတ်ရေးဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ နေရာတကာမှာ တရားသေ မဖြစ်သင့်၊ ပြောင်းလွယ်၊ ပြင်လွယ်ရှိရမယ်၊ Flexible ဖြစ်ရမယ်။ သို့သော် မူမဲ့ အခြေခံမဲ့ ပြောင်းတာမျိုး၊ မလိုအပ်ဘဲနဲ့ မူကို စွန့်တာမျိုးတွေကိုတော့ ရှောင်ဖို့လိုပါတယ်။ အကယ်၍ နအဖ အာဏာပိုင် များနဲ့ တွေ့ဆုံဆွေးနွေးလို့ အမျိုးသားရေးလုပ်ငန်းစဉ်တရပ်ကို ရပြီ၊ ဒီလုပ်ငန်းစဉ်ဟာ တိုင်းပြည်နဲ့ ပြည်သူ အတွက် အနာဂတ်မှာ အကျိုးလည်းရှိပြီး သင့်မြတ်တဲ့ လုပ်ငန်းစဉ်တရပ်လည်းဖြစ်တယ် ဆိုရင်တော့ မလိုအပ်ဘဲ ဆုပ်ကိုင်ထားတဲ့ မူတွေကို စွန့်သင့်ရင် စွန့်ရမှာပါ။ ဒီလိုမှမဟုတ်ဘဲနဲ့ နိုင်ငံရေးအခြေအနေအပြောင်းအလဲမရှိ ထူးခြားမှုမရှိဘဲနဲ့ မူတွေကို အလွယ်တကူ စွန့်လွှတ်တာမျိုးတွေတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဥပမာတခု တင်ပြပါရစေ။ န၀တ အစိုးရက အပစ်အခတ်ရပ်စဲရေး စတင်ကမ်းလှမ်းခဲ့စဉ်က တိုင်းရင်းသားတပ်ပေါင်းစုမှာ ချမှတ်ထားတဲ့ မူတခုရှိပါတယ်။ အဲဒါက န၀တ အာဏာပိုင်များက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့အခါကျရင် တပ်ပေါင်းစု အနေနဲ့ပဲတွေ့မယ်၊ တိုင်းရင်းသားပါတီများအနေနဲ့ တပါတီချင်း သီးခြားမတွေ့ဖို့ ဆိုပြီး တပ်ပေါင်းစုက မူတခု အနေနဲ့ ချမှတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ အဲဒီမှာ န၀တ အာဏာပိုင်များဘက်ကလည်း တပ်ပေါင်းစုအနေနဲ့ဆိုရင် မတွေ့နိုင်ဘူး၊ တပါတီချင်းသာလျှင် သီးခြားစီတွေ့ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုက တပ်ပေါင်းစုက ချမှတ်ထားတဲ့ မူကို ချိုးဖောက်စွန့်လွှတ်ပြီးတော့ န၀တနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီလိုမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တပ်ပေါင်းစုတခုမှာ အားလုံးသဘောတူပြီးချထားတဲ့ မူတခုကို တဖွဲ့တပါတီက ချိုးဖောက်ပြီးတော့ လုပ်တာမျိုးဟာ မူအားဖြင့်သော်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းအရသော်လည်းကောင်း မသင့်လျော်ဘူးလို့ မြင်ပါတယ်။ အကယ်၍ ငြိမ်းချမ်းရေးရယူဖို့ တပါတီချင်း မဖြစ်မနေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်ဆိုရင်တောင် တပ်ပေါင်းစုအစည်းအဝေးကို ပြန်လည်ခေါ်ယူပြီးတော့ အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒသစ်ကို ချမှတ်ပြီး အဲဒီမူနဲ့အညီဘဲ လိုက်နာဆောင်ရွက်သင့်ပါတယ်။

ဒါကြောင့်မို့လို့ စီအာပီပီမှာပဲဖြစ်ဖြစ်၊ အန်အယ်လ်ဒီမှာပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီမှာပဲဖြစ်ဖြစ် ရပ်တည်ကိုင်စွဲ ထားတဲ့ မူတွေ၊ သဘောထားတွေရှိတယ်။ ဒီမူတွေကိုလည်း ပြင်လွယ်၊ ပြောင်းလွယ်၊ ဖြစ်ဖို့လိုပေမယ့် အကြောင်းမဲ့၊ အကျိုးမဲ့ မလိုအပ်ဘဲ မူကို စွန့်သွားတာမျိုးတွေ မဖြစ်ဖို့လိုပါတယ်။ ဒါကို ဘာကြောင့်ပြောရသလဲဆို ဒီကနေ့ ကာလဟာ အလွန်အရေးကြီးတဲ့ ကာလတခုရောက်နေပါပြီ။ အခုအချိန်မှာ အထူးသဖြင့် နိုင်ငံရေးအရ ပြောရမယ်ဆိုရင် ဦးဆောင်ပါတီလို့ပဲပြောပြော မြန်မာပြည်နိုင်ငံရေးရဲ့ Mainstream အဓိကပင်မရေစီးဖြစ်တဲ့ အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ဟာ အလွန်အရေးကြီးပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးအလှည့်အပြောင်း၊ နိုင်ငံရေးအကွေ့အလှည့်တွေဟာ မြန်မာပြည်ရှေ့နိုင်ငံရေးအတွက် အလွန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီပါတီဟာ တတိုင်းပြည်လုံးကို လွှမ်းခြုံထားတဲ့ ပါတီတခုဖြစ်သလို ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တခဲနက် ထောက်ခံမှုရထားတဲ့ ပါတီလည်းဖြစ်လို့ပါပဲ။

အခုဆိုရင် ကိုးကန့်ပါတီရဲ့အခြေအနေ၊ ၀ ပါတီရဲ့အနေအထား၊ နောက် ကချင်ပါတီရဲ့အခြေအနေတွေကို ကြားသိ နေရပါတယ်။ ဒီပါတီတွေရဲ့ နိုင်ငံရေးအလှည့်အပြောင်း၊ ရပ်တည်ချက်တွေဟာ မြန်မာပြည်နိုင်ငံရေးမှာ အတိုင်းအတာတခုအထိ အရေးပါတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့တွေဟာ မြန်မာပြည်တခုလုံးရဲ့ နိုင်ငံရေးအတိုင်းအတာနဲ့ နှိုင်းစာမယ်ဆိုရင် အစိတ်အပိုင်းတခုသာဖြစ်တာကြောင့် သူတို့ရဲ့ အလှည့် အပြောင်းဟာ မြန်မာပြည်နိုင်ငံရေးမှာ အတိုင်းအတာတခုအထိသာ သက်ရောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးအလှည့်အပြောင်း အကွေ့အလှည့်ကတော့ မြန်မာပြည်ရဲ့ ရှေ့ဆက်ရမယ့် နိုင်ငံရေးဘ၀တခုလုံးကို သက်ရောက်နိုင်တဲ့ အနေအထားတွေရှိပါတယ်။

ဒါကြောင့်မို့လို့ မြန်မာပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းအတွက် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးသဘောထားနဲ့ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံ့ရှေ့ရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒီနေ့ကာလမှာ ရွှေဂုံတိုင်ကြေညာချက်အတိုင်း အန်အယ်လ်ဒီက ပြတ်ပြတ်သားသား မှန်မှန်ကန်ကန် ရပ်တည်နေပါတယ်။ အခုအချိန်မှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူးဆိုတာ ယတိပြတ်မပြောသေးပေမယ့် ရှေ့မကြာ တော့မယ့် ကာလ၊ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ဥပဒေတွေ ထွက်လာတဲ့ အချိန်ကျရင် ပြည်သူတွေနဲ့ နိုင်ငံတကာကို ထုတ်ဖော်ပြောရတော့မှာဖြစ်ပါတယ်။

အဲလိုပြောတဲ့နေရာမှာ အန်အယ်လ်ဒီရဲ့ ပြောဆိုထုတ်ပြန် ရပ်တည်ချက်ဟာ ပြတ်သားဖို့လိုသလို မှန်မှန်ကန်ကန် ပြောဆိုရပ်တည်ဖို့လည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီဟာ မြန်မာပြည် နိုင်ငံရေးရဲ့ Mainstream ပင်မရေစီးလည်းဖြစ်တယ်၊ ဒီမိုကရေစီတပ်ဦးလည်းဖြစ်တယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရထားတဲ့ ပါတီလည်းဖြစ်တဲ့အတွက်ကြောင့် အန်အယ်လ်ဒီရဲ့ ရှေ့ဆက်မယ့် နိုင်ငံရေး သဘောထား ရပ်တည်ချက်ဟာ မြန်မာပြည်ရဲ့ အနာဂတ်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့လို့ အန်အယ်လ်ဒီရဲ့ နိုင်ငံရေးသဘောထားရပ်တည်ချက်နဲ့ ပတ်သက်လို့ မူရှိနေရုံနဲ့မပြီးဘဲ အဲဒီမူကို အခြေခံပြီး ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တရပ်ကိုချမှတ်၊ အဲဒီဆုံးဖြတ်ချက်အတိုင်း မယိမ်းမယိုင် ရပ်တည်သွားဖို့ လိုပါတယ်။

နိုင်ငံရေးပါတီများရဲ့ ဖြတ်သန်းခဲ့တဲ့ ခရီးတလျှောက်မှာ ကျနော်တို့ မစွန့်ချင်ဘဲနဲ့ မူကို စွန့်ခဲ့ရတာတွေ ရှိပါတယ်။ ဒီနေရာမှာ ၉၀ ရွေးကောက်ပွဲကနေ စပြီးတော့ ပြောပါရစေ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူပဲ တိုင်းရင်းသားပါတီတချို့ဟာလည်း သက်ဆိုင်ရာ ပြည်နယ် အသီးသီးမှာ ထိုက်သင့်သလောက် အနိုင်ရခဲ့ကြပါတယ်။

ဒါက ဘာကိုပြသလဲဆိုရင် ပြည်သူတွေဟာ (၂၆) နှစ်လုံးလုံး တပါတီအာဏာရှင်စနစ်အောက်မှာ လူ့အခွင့် အရေးတွေ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးပြီးတော့ လွတ်လပ်မှုမရှိ၊ ပြောခွင့်ဆိုခွင့်မရ၊ ဖိနှိပ်မှုတွေကို ကြိမ်မီးအုံးလို ခံခဲ့ရတယ်။ အဲဒီလို ခံခဲ့ရရုံသာမကဘဲ တိုင်းပြည်မွဲပြာကျပြီးတော့ ပြည်သူတွေဟာလည်း အတိဒုက္ခတွေ အမျိုးမျိုး ရောက်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ ၈၈ မှာ ဒီတပါတီအာဏာရှင်စနစ်ကို တွန်းလှန်ပြီး တဲ့အခါမှာ အန်အယ်လ်ဒီပါတီရယ်လို့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီ အန်အယ်လ်ဒီဟာ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်၊ စစ်အာဏာစနစ်အောက်က လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ တွေက အန်အယ်လ်ဒီကို ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားပါတီတွေကို ပြည်နယ် တွေမှာ မဲပေးခဲ့တာကလည်းပဲ လွတ်လပ်ရေးရပြီး အနှစ်ငါးဆယ်လောက်သက်တမ်းမှာ တိုင်းရင်းသားတွေဟာ သူတို့ ဆုံးရှုံးခဲ့ရတဲ့ မွေးရာပါ အခွင့်အရေးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေကို ဒီတိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ဖော်ဆောင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အဲဒီတိုင်းရင်းသား ပါတီတွေကို မဲပေးခဲ့တာဖြစ်ပါတယ်။

ဒီတော့ ၉၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ အဲဒီပါတီတွေကို ပြည်သူတွေက ထောက်ခံဆန္ဒမဲတွေ ပေးခဲ့တာကို ကောက်ချက်ချလိုက်မယ်ဆိုရင် အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ဖို့နဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးတွေ ထွန်းကားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို ထူထောင်ပေးဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မဲပေးခဲ့ကြတာပါ။ ထို့အတူ တိုင်းရင်းသားပါတီတွေကိုလည်း တိုင်းရင်းသားတွေရဲ့ မွေးရာပါအခွင့်အရေးတွေကို ဖော်ဆောင်ပေး နိုင်လိမ့် မယ်လို့ ယုံကြည်မျှော်လင့်ပြီး မဲပေးခဲ့ကြတာပါ။ အကယ်၍ အန်အယ်လ်ဒီကသာ အနိုင်ရပါတီအနေနဲ့ ဖြစ်ရိုး ဖြစ်စဉ် အတိုင်း လွှတ်တော်ခေါ်ပြီးတော့ အုပ်ချုပ်ရေးအာဏာတွေကို ရယူခဲ့မယ်ဆိုရင် အခုလို အနှစ် (၂၀) ကာလမှာ ရွေးကောက်ပွဲ လေးကြိမ်ငါးကြိမ်လောက်လုပ်ပြီးတော့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တွေရော ပြည်သူတွေပါ ဒီမိုကရေစီ အလေ့အကျင့်နဲ့ အတွေ့အကြုံတွေ ရင့်ကျက်လာပြီးတော့ တိုင်းပြည် ဟာလည်း ဘယ်နည်းနဲ့မဆို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံမဟုတ်တောင် အတော်အတန် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်။

ထို့အတူပဲ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ နှီးနှောပြီးတော့ ဖွဲ့စည်းပုံအသစ်ကိုရေးဆွဲပြီး စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ကို ဖော်ဆောင်ခဲ့မယ်ဆိုရင် အခု ၂၀၀၈ ဖွဲ့စည်းပုံထက် အများကြီးသာတဲ့၊ ပြီးတော့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ ကာကွယ် စောင့်ရှောက်ပေးနိုင်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်ထောင်စုစနစ်တရပ်ကို ဖော်ဆောင်နိုင် လိမ့်မယ်ဆိုတာ ကျနော် လုံးဝယုံကြည်ပါတယ်။

ဒါပေမယ့် အခု ကံအကြာင်းမလှလို့ပဲ ဆိုရမလား၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရ လိုက်တာနဲ့ စစ်အစိုးရဟာ အန်အယ်လ်ဒီကို အာဏာလွှဲပြောင်းပေးဖို့ တွန့်ဆုတ်သွားခဲ့ပြီး နောက်ပိုင်းမှာ အာဏာလွှဲပြောင်းရေးနဲ့ လွှတ်တော်ခေါ်ယူရေးကို မပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြံဖန်ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အကယ်၍ တစညသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ အာဏာလွှဲပြောင်းကောင်း လွှဲပြောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ ယခင့်ယခင်ကတည်းက တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ပြီး တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် ခြယ်လှယ်လိုတဲ့ဆန္ဒ ရှိခဲ့ပါတယ်။ အဲဒီဆန္ဒကြောင့်ပဲ ရွေးကောက်ပွဲကို မလွဲမရှောင်သာ လုပ်ပေးခဲ့ရသည့်တိုင် တစညပါတီ အနိုင်ရအောင် ပြုလုပ်ပြီး တစည ပါတီက တဆင့် တိုင်းပြည်ကို ဆက်လက်စိုးမိုးအုပ်ချုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

တစညပါတီဟာ တချိန်တုန်းက လမ်းစဉ်ပါတီက ပြောင်းလဲလာတဲ့ ပါတီဖြစ်ပါတယ်။ လမ်းစဉ်ပါတီမှာ ရှိနေကြတဲ့ ခေါင်းဆောင်တွေဆိုတာကလည်း တပ်က ပြောင်းလဲလာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အကယ်၍ လမ်းစဉ် ပါတီတဖြစ်လဲ တစညပါတီသာ အာဏာရမယ်ဆိုရင် အဲဒီတပ်မတော်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးဆန္ဒကို သွယ်ဝိုက်တဲ့နည်းနဲ့ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် တစညအနိုင်ရရင်တော့ စစ်အစိုးရဟာ အာဏာလွှဲပြောင်းကောင်း လွှဲပြောင်းမှာဖြစ်ပေမယ့် ၁၉၉၀ ရွေးကောက်ပွဲမှာ တစညပါတီ မရှုမလှ အရေးနိမ့်ပြီး အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရလိုက်တဲ့ အချိန်ကစပြီးတော့ စစ်အစိုးရဟာ အာဏာ လွှဲပြောင်းပေးမယ် ဆိုတဲ့ဆန္ဒ လုံးဝမရှိတော့ဘူးဆိုတာကို တွေ့ရပါတယ်။

ဒါတွေကို အထင်သက်သက်နဲ့ပြောတာ မဟုတ်ပါဘူး။ အထောက်အထား အချက်အလက်တွေနဲ့ ပြောတာပါ။ ၁/၉၀ ကြေညာချက်ကို ထုတ်ပြန်လိုက်တာနဲ့ ဒါဟာ သိသာပါတယ်။ အဲဒီကြေညာချက်မှာ ၁၉၉၀ ရွေးကောက်ပွဲကြောင့် အာဏာသုံးရပ်ကို အလိုအလျောက် မရနိုင်ဘူးလို့ ငြင်းပယ်ထားပါတယ်။ ဥပဒေပြု အာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာဆိုတဲ့ အာဏာသုံးရပ်ကို ၉၀ ရွေးကောက်ပွဲကြောင့် အလိုအလျောက် မရနိုင်ဘူးလို့ ငြင်းပယ်လိုက်တာပါပဲ။ အဲလိုငြင်းပယ်လိုက်တာဟာ တနည်းနည်းနဲ့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အန်အယ်လ်ဒီကို အာဏာလွှဲပြောင်းမပေးနိုင်ဘူးလို့ ငြင်းလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီတုန်းက ၁/ ၉၀ ကို အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးပါတီတွေက သဘောတူလက်ခံခဲ့ကြသလား ဆိုတော့ လက်မခံကြပါဘူး။ လက်မခံပေမယ့်လည်း ၁/၉၀ ကို အမိန့်အာဏာကဲ့သို့ ထုတ်ပြန်ခဲ့တာကြောင့် အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးပါတီတွေဟာ မကြိုက်ပေမယ့် သဘောတူလက်မှတ်ထိုးခဲ့ရပါတယ်။ အဲလို သဘောတူ လက်မှတ်ထိုးခဲ့တာဟာ အဲဒီနိုင်ငံရေးပါတီတွေအနေနဲ့ အာဏာလွှဲပြောင်းရေးကို စွန့်လွှတ်ခဲ့တဲ့သဘောပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၁/၉၀ ကို ပြန်သုံးသပ်လိုက်တဲ့အခါမှာ နိုင်ငံရေးပါတီတွေအနေနဲ့ မျှော်လင့်ချက် နှစ်ချက်ရှိပါတယ်။ တချက်က ဘာလဲဆိုလို့ရှိရင် အဲဒီ ၁/၉၀ ကြေညာချက် အပိုဒ် (၁၂) မှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃ မှာဖော်ပြထားတဲ့ “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ကိုးကားပြီး န၀တအနေနဲ့ လွှတ်တော်ခေါ်ယူပေးမယ်လို့ အတည်ပြုဖော်ပြခဲ့တဲ့အချက်ပါ။ နောက်တချက်က လွှတ်တော် ကိုယ်စားလှယ် များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရန် တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီအချက်နှစ်ချက်ကို ကြည့်ပြီးတော့ အာဏာလွှဲပြောင်းမပေးသည့်တိုင် လွှတ်တော်ခေါ်ပေးရင် လွှတ်တော်မှာ တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် အမျိုးသားရေးလုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မယ်၊ ဖွဲ့စည်းပုံအသစ်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များနဲ့ ရေးဆွဲနိုင်မယ်လို့ မျှော်လင့်ပြီးတော့ စိတ်သက်သာရာရခဲ့ကြပါတယ်။ တိုင်းရင်းသား ပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဖွဲ့စည်းပုံကို ရေးဆွဲခွင့်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စိတ်သက်သာရာရခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာကျတော့ လွှတ်တော်ခေါ်ပေးဖို့အစား စစ်အစိုးရဟာ အမျိုးသားညီလာခံဆိုတာကိုသာ ခေါ်ယူကျင်းပဖို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

တကယ်တော့ ဒီအမျိုးသားညီလာခံဆိုတာကို ခေါ်ယူကျင်းပလိုက်တာဟာ လွှတ်တော်ခေါ်ယူရေးကို ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီမှာ နိုင်ငံရေးပါတီတွေက ညီလာခံတက်ရေး မတက်ရေးဆိုတာ ဖြစ်လာကြပါတယ်။ တချို့ကလည်းပဲ အဲဒီညီလာခံမှာ တိုင်းပြည်ရဲ့အမျိုးသားရေးကိစ္စတွေကို ဆွေးနွေးနိုင် လိမ့်မယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရေးဆွဲနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထားခဲ့ကြပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် သတ်သတ်မှတ်မှတ် ထည့်သွင်း ဖော်ဆောင်ရေးအတွက် အမျိုးသားညီလာခံကို မဖြစ်မနေ တက်ရောက်ဆွေးနွေးရမယ်ဆိုတဲ့ သဘောထား ဆန္ဒတွေ ရှိခဲ့ကြပါတယ်။

အဲဒီလိုနဲ့ အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသားပါတီတွေ အမျိုးသားညီလာခံကို တက်ခဲ့ကြတာဟာ တနည်း ပြောရမယ်ဆိုရင် လွှတ်တော်ခေါ်ယူရေးကို စွန့်တယ်လို့ မပြောပေမယ့် လက်တွေ့မှာ စွန့်ခဲ့ကြတဲ့သဘောပဲ ဖြစ်ပါတယ်။ ညီလာခံမှာလည်း နိုင်ငံရေးပါတီတွေ မူလက မျှော်လင့်သလို၊ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်သည် ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမည် ဆိုတဲ့ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့အပိုဒ်တွေကို ဆွေးနွေးညှိနှိုင်း ပြောင်းလဲလို့ မရခဲ့သလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး အခြေခံမူ ၁၀၄ ချက်ကိုလည်း အပြန်အလှန် ဆွေးနွေးညှိနှိုင်း ရတာမျိုးလည်းမဟုတ်၊ မိမိတို့ကိုယ်တိုင် သဘောမတူဘဲနဲ့လည်း လက်ခံခဲ့ရပါတယ်။

နောက်တခါ အမျိုးသားညီလာခံဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ မူတွေကိုသာ ချမှတ်ရမှာ ဖြစ်ပေမယ့် နအဖက သူကိုယ်တိုင်ရေးဆွဲထားတဲ့ အသေးစိတ် အချက်အလက်တွေကိုပါ ချပြရေးဆွဲခဲ့ပါတယ်။ ချပြရေးဆွဲတဲ့ နေရာမှာလည်းပဲ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ တင်ပြချက် တွေကို အလေးအနက်ထား ဆွေးနွေးခွင့်မရဘဲ န၀တ/နအဖ အာဏာပိုင်တွေ ရေးဆွဲပြီးသား အချက်အလက် တွေကိုသာ အတည်ပြုပြဋ္ဌာန်းခဲ့ရတာ ဖြစ်ပါတယ်။ ဥပမာ - တိုင်းရင်းသားပါတီ (၁၃) ပါတီက ပြည်ထောင်စု မူအတွက် တင်ပြခဲ့တဲ့ အချက်တွေကိုလည်းပဲ ညီလာခံမှာ ဆွေးတောင်မဆွေးနွေးဘဲ မှတ်တမ်းတင်ရုံ တင်ပြီးတော့ ပယ်ချခဲ့ပါတယ်။ ဒါဟာ သာဓကတခုသာဖြစ်ပါတယ်။ ပြီးတော့ အမျိုးသားညီလာခံမှာဆွေးနွေးဖို့ အစုအဖွဲ့ (၈) ဖွဲ့ ဖွဲ့ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟာ အဲဒီအထဲမှာ အစုအဖွဲ့အနေနဲ့ တဖွဲ့သာ ဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲနိုင်သည်လို့ ၁/၉၀ မှာ ပြဋ္ဌာန်းထားပေမယ့် လက်တွေ့မှာတော့ တကယ်တမ်း နအဖက ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အချက်အလက်တွေကိုသာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူလက်ခံ အတည်ပြုပေးခဲ့ရတဲ့ အနေအထားမှာသာ ရှိခဲ့ရပါတယ်။ သဘောမတူလို့လည်း မရပါဘူး။ အစုအဖွဲ့အားဖြင့် လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ တဖွဲ့၊ နိုင်ငံရေးပါတီက တဖွဲ့၊ နအဖက သူတို့အလိုကျ ခေါင်းခေါက်ရွေးထားတဲ့ အခြား အစုအဖွဲ့က (၆) ဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ခြောက်ဖွဲ့နှစ်ဖွဲ့၊ ခြောက်မဲ နှစ်မဲနဲ့ သူတို့သာ အမြဲတမ်း အသာစီး ရနေအောင် စီမံထားတာလည်း ညီလာခံမှာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များ မျှော်လင့်ခဲ့သလို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခွင့် ရှိတယ်ဆိုတဲ့ ၁/၉၀ အပိုဒ်ပါ အချက်ကိုပင်လျှင် ဆောင်ရွက်နိုင်ခွင့်မရှိတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတွေ ဖြတ်သန်းလာခဲ့တဲ့ခရီးမှာ ကျနော်တို့ရဲ့ အခြေခံမူတွေကို မစွန့်ချင်ဘဲ စွန့်ခဲ့ရတဲ့ အတွေ့အကြုံတွေပါပဲ။

တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲပါ။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဆိုတာ အာဏာသုံးရပ်ကိုပိုင်စိုးတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီလို အာဏာသုံးရပ်ကို ပိုင်စိုးတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီများ တောင်းဆိုတဲ့ အာဏာလွှဲပြောင်းပေးဖို့၊ ပြည်သူ့ လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုချက်ဟာလည်း မှန်ကန်တဲ့ တောင်းဆိုချက်၊ မှန်ကန်တဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ကျနော်တို့ မူလက ရပ်တည်တောင်းဆိုခဲ့တဲ့ အာဏာ လွှဲပြောင်းရေး၊ လွှတ်တော်ခေါ်ယူရေး ဆိုတာတွေကို စွန့်လွှတ်ခဲ့ရပြီးတဲ့နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ရပ်တည်ချက် သဘောထားတွေကိုပဲ ကျနော်တို့ ကိုင်စွဲခဲ့ရပါတော့တယ်။

ဒီနေရာမှာ အန်အယ်လ်ဒီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ အန်အယ်လ်ဒီရဲ့  နိုင်ငံရေးမူ၊ နိုင်ငံရေးသဘောထား ရပ်တည်ချက်တွေဖြစ်သလို စီအာပီပီရဲ့မူ၊ စီအာပီပီရဲ့ ရပ်တည်ချက်လည်းဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားပါတီများရဲ့ သဘောထားနဲ့ ရပ်တည်ချက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီမှာ ဒီရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်(၃)ချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် အဓိကအချက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရေးဟာ အဓိကကျပါတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းနှင့်အတူ အဓိက ကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဟာ ကျနော်တို့ ကိုင်စွဲရမယ့် သဘောထား ဖြစ်ပါတယ်၊ မူလည်းဖြစ်ပါတယ်။

အဲဒီတော့ ဒီမူကို ကျနော်တို့က ဒီနေ့အချိန်အခါမှာ ဆုပ်ကိုင်ရပ်တည်ကြပေမယ့် မကြာခင်ကာလမှာ နအဖ အစိုးရက နိုင်ငံရေးထိုးစစ်တရပ် ဆင်လာဖို့ရှိနေပါတယ်။ အဲဒီထိုးစစ်အတွက်လည်း သူတို့ဘက်က ပြင်ဆင်မှုတွေ အခင်းအကျင်းတွေ လုပ်နေပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ပြုလုပ်နေတာဖြစ်တယ်။ အထူးသဖြင့် မကြာသေးခင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ နအဖရဲ့ ၀န်ကြီးချုပ်ကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံဖို့ တိုက်တွန်းပြောကြားခဲ့တာ တွေ့ရပါတယ်။ အဲဒါဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာပဲ ဖြစ်ပါတယ်။ မကြာတော့မယ့် ကာလမှာ နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ အဲလို ကျင်းပတာဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုပြီး ၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲရပ်တည်ကြတဲ့ နိုင်ငံရေး ပါတီတွေကို နိုင်ငံရေးအရ နောက်ဆုံးထိုးစစ်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။

အဲလိုအချိန်မှာ ကျနော်တို့က ဒီရွေးကောက်ပွဲအပေါ် ၀င်မယ်မ၀င်ဘူး ဆိုတာကို တိတိကျကျ ပြတ်ပြတ်သားသား ပြောဖို့ လိုလာပါတယ်။ အထူးသဖြင့် အန်အယ်လ်ဒီဟာ ဒီကိစ္စကို ပြတ်ပြတ်သားသား ပြောဖို့လိုပါတယ်။ အခုအချိန် အထိတော့ အန်အယ်လ်ဒီဟာ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်တည်နေဆဲပါ။ ဒါပေမယ့် နအဖ ကတော့ ကျနော်တို့ ရပ်တည်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ထဲက အရေးကြီးဆုံးအချက်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အခုအချိန်အထိ လိုက်လျောမယ့် အသွင်အပြင်လက္ခဏာဆိုလို့ တစိုးတစိမှ မမြင် တွေ့ရသေးပါဘူး။ အဲဒီတော့ အခုလိုအခြေအနေမျိုးမှာ ကျနော်တို့ ဘယ်လိုရပ်တည်ကြမလဲ။

တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးအတွက်၊ ဒီမိုကရေစီရေးဆောင်ရွက်ဖို့အတွက် ပါတီတည်ရှိနေဖို့လိုတယ်၊ ပါတီရှင်သန်ဖို့လိုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလံဖြူလေးထောင် (ပြည်သူတွေရဲ့ တကယ့်စစ်မှန်တဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီး) ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကို စွန့်လွှတ်စတေးပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မှာလား၊ ဒါမှမဟုတ် ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ မူတွေကို ခိုင်ခိုင်မာမာ စွဲကိုင်ပြီးတော့ နောက်ဆုံး ခံစစ်ကြောင်းမှာပဲ ပြတ်ပြတ်သားသား ရပ်မလားဆိုတဲ့ ကျနော်တို့ ရွေးချယ်စရာ လမ်းနှစ်သွယ် ပေါ်လာပါတယ်။

အဲဒီတော့ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့ဘက်ကို ရွေးချယ်ပြီးတော့ စဉ်းစားကြရအောင်။ အကယ်၍ ရွေးကောက်ပွဲဝင်မယ်ဆိုရင် နအဖမှာ အာဏာရှိတယ်၊ ငွေရှိတယ်၊ လူရှိတယ်၊ နောက် ယန္တရားရှိတယ်။ ကျနော်တို့မှာ အာဏာမရှိ၊ ငွေမရှိ၊ လူအနေနဲ့ကတော့ ပြည်သူတွေရဲ့ အတော်အတန် ထောက်ခံမှုတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ၉၀ တုန်းကလို ပြည်သူအားလုံးရဲ့ ထောက်ခံမှုရဖို့တော့ မျှော်လင့်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုရဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နဲ့ စိတ်ဓာတ်အခြေအနေဟာ ၉၀ ပြည့်နှစ် အခြေအနေတွေနဲ့ များစွာကွာခြားသွား ပြီဖြစ်လို့ပါ။ နောက်တခုက ကျနော်တို့မှာ ယန္တရားမရှိ။ အန်အယ်လ်ဒီဟာ အောက်ခြေအထိ ဖွဲ့စည်းတယ်ဆိုပေမယ့် ကျနော်တို့အဖွဲ့အစည်းဟာ တကယ်တမ်းပြောရရင် ခိုင်မာကျစ်လျစ်မှု မရှိတော့ပါဘူး။

အဲဒီလို အခြေအနေတွေမှာ ကျနော်တို့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များ အနေနဲ့ ခလုတ်တံသင်းတွေ ထောင်ချောက်တွေ အများကြီးဖြတ်ကြရမယ်။ ရွေးကောက်ပွဲဥပဒေတွေနဲ့ အပယ်ခံ ရမှာ တွေရှိသလို နောက်တချက်က ကိုယ်စားလှယ်တွေကို အမျိုးမျိုး အဟန့်အတားတွေ အနှောင့်အယှက်တွေ အန္တရာယ်တွေ မပေးဘူးလို့လည်း ဘယ်လိုမှ အာမ,မခံနိုင်ပါဘူး။ အဲဒီမှာ ကိုယ်စားလှယ်တွေ စောင့်နေတဲ့ ကြားထဲက မဲလိမ်မှုတွေ၊ မဲခိုးမှုတွေ မဖြစ်နိုင်ဘူးလို့လည်း ကျနော်တို့ ဘယ်လိုမှ အာမခံချက်မပေးနိုင်ဘူး။ ဒီလိုအခြေအနေမျိုးတွေ မှာ ကျနော်တို့ ရွေးကောက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ဘာသာရေးယုံကြည်ချက်အမြင်နဲ့ ဆက်စပ်နေတဲ့ ဆိုးရိုးစကားတခုကို တင်ပြချင်ပါတယ်။ အခုကာလဟာ သိကြားသာသနာ ဖြစ်တဲ့အတွက်ကြောင့် ကပ်ဆိုးဘေးဆိုးကြီးတွေနဲ့ ကြုံတွေ့ကြတော့မယ်။ အဲဒီကာလဆိုးနဲ့ ပတ်သက်ပြီး “ယက်သဲ့ကြား ငါးတင်၊ တင်တဲ့ငါး ကြောင်စား၊ ကျန်တဲ့ငါးမှ လွတ်” ဆိုတဲ့ ဆိုရိုးစကားပါ။ ထို့အတူပဲ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အနေနဲ့လည်း စောစောက ထောင်ချောက်တွေ ခလုတ်တံသင်းတွေ ကျော်ဖြတ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင် အနည်းစုသော အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနဲ့၊ တိုင်းရင်းသား တွေရဲ့ အခွင့်အရေးတွေအတွက် ဘယ်လောက်များ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကို အလေးအနက်စဉ်းစားဖို့ လိုပါတယ်။

နောက်တချက်က ပြန်လည်ပြင်ဆင်ဖို့ လုံးဝမဖြစ်နိုင်အောင် အသေအချာ စီမံရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ ဘယ်လိုလုပ်ပြီးတော့ ပြင်ဆင်နိုင်မှာလဲ။ ဒါကြောင့်မို့လို့ အဲဒီလမ်းကြောင်းက သွားမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ဖို့အတွက် ကြိုးပမ်းမှုတွေ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့် အဲဒီလိုဝင်လိုက်ခြင်းအားဖြင့် ရနိုင်မယ့်အကျိုးအမြတ်က မရေရာ ပေမယ့် တဘက်မှာတော့ ပေးလိုက်ရမယ့် အရင်းနှီးတွေ ဆုံးရှုံးမှုတွေက အတိုင်းအဆမရှိ ပေါ်လာနိုင်တယ်။

ပထမဆုံးရှုံးမှုကတော့ ပြည်သူလူထုကြီးရဲ့ စစ်မှန်တဲ့ ဆန္ဒလည်းဖြစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်သီး အောင်နှံ လည်းဖြစ်၊ ဒီမိုကရေစီအင်အားစုတွေရဲ့ တိုက်ပွဲအောင်လံတံခွန်လည်းဖြစ်တဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်ဆုံးရှုံးခံရမယ့်အရေးပါ။

ဒုတိယဆုံးရှုံးမှုကတော့ နအဖအုပ်စုက တိုင်းပြည်ကို ထာဝရ စိုးမိုးခြယ်လှယ်နိုင်ဖို့ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှုတ်အားဖြင့်၊ သဘောတရားရေးအားဖြင့် မည်သို့သော ဆန့်ကျင်ကန့်ကွက် မှုတွေ ပြုလုပ်သည်ဖြစ်စေ ရွေးကောက်ပွဲကို ၀င်လိုက်ခြင်းအားဖြင့် အဆိုပါ ဖွဲ့စည်းပုံဥပဒေကို ကာယကံမြောက် လက်ခံ အတည်ပြုပေးလိုက်သလို ဖြစ်သွားမယ့်အရေးပါ။

တတိယအချက်ကတော့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအပါအ၀င် ဒီမိုကရေစီအင်အားစုတွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် ဘယ်သူပဲ နိုင်နိုင်ရှုံးရှုံး ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် အစိုးရရဲ့ တရားဝင် ဖြစ်မှုဟာ ပိုမိုခိုင်မာသွားမှာဖြစ်ပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကြား အဲဒီ ၂၀၀၈ အခြေခံဥပဒေ အရ ပုံပြောင်းထားတဲ့ စစ်အစိုးရအပေါ် ထားရှိရမယ့် သဘောထားနဲ့ ပတ်သက်လို့ အမြင်ရှုပ်ထွေးမှုတွေ၊ ၀ိဝါဒကွဲပြားမှုတွေ ပေါ်ပေါက်နိုင်ပြီး အဲဒီကတဆင့် ဒီမိုကရေစီအင်အားစုတွေရဲ့ ရှေ့ဆက်ရမယ့် ခရီးလမ်း ကြောင်းမှာ ချည့်နဲ့အားနည်းမှုတေ၊ွ ထိခိုက်ဆုံးရှုံးမှုတွေ ပေါ်ပေါက်လာနိုင်မယ့် အရေးပါ။

ဒါကြောင့်မို့လို့ ကျနော်တို့ ဒီလမ်းထက်စာရင် စောစောကပြောသလို နအဖရဲ့ ၂၀၁၀ ထိုးစစ်ကို ကြံ့ကြံ့ခံရင်းနဲ့ မိမိရဲ့ခံစစ်ကြောင်းကို လုံအောင်ထိန်းပြီးတော့ ရွေးကောက်ပွဲမတိုင်မီမှာလည်း ရွေးကောက်ပွဲကို ဆန့်ကျင်မယ်၊ ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း ကျနော်တို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ရပ်မယ်ဆိုရင် ကျနော်တို့ ရှေ့ကိုဆက်ပြီးတော့ နိုင်ငံရေးကြိုးပမ်းဆောင်ရွက်မှု လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲ ဟိုဘက်ကာလမှာလည်း ကျနော်တို့ပြည်တွင်းမှာ အန်အယ်လ်ဒီနဲ့တကွ နိုင်ငံရေးပါတီတွေကို အပေးအယူ မလုပ်တဲ့အတွက်၊ မညှိနှိုင်းတဲ့အတွက်၊ မဆွေးနွေးတဲ့အတွက်၊ အမျိုးသားညီညွတ်မှုမရှိတဲ့အတွက် တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု မရနိုင်ပါဘူး။ ထို့အတူ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တခု ဆောင်ရွက်ဖို့ တိုက်တွန်းနေတဲ့ကြားက နအဖအနေနဲ့ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပဆောင်ရွက်သွားမယ်ဆိုရင် ရွေးကောက်ပွဲကိုသော်လည်းကောင်း၊ ရွေးကောက်ပွဲပြီးနောက် ဖြစ်ပေါ် လာမယ့် အစိုးရကိုသော်လည်းကောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံမှာမဟုတ်သလို ပြည်သူလူထု ကလည်း လက်ခံမှာမဟုတ်တဲ့အတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဆက်ဆံရေးမှာ လိပ်ခဲတည်းလည်း ရှိနေမှာပါ။

နောက်တချက်က တိုင်းရင်းသားများနဲ့ အခုလို အသွင်ကူးပြောင်းရေးကိစ္စတွေ၊ လက်နက်ရုပ်သိမ်းရေး ကိစ္စတွေဟာ အခုအချိန်မှာ မပြေလည်သလို ၂၀၁၀ ရွေးကောက်ပွဲပြီးရင်လည်း ပြေလည်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လက်မခံသလို တိုင်းရင်းသား ငြိမ်းအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း လက်မခံတဲ့အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းပဲ အပြည့်အ၀ ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလို ပြည်တွင်း ငြိမ်းချမ်းရေးမရှိ၊ ပြည်တွင်းမှာ နိုင်ငံရေးတည်ငြိမ်မှုမရှိ၊ နိုင်ငံတကာဆက်ဆံရေးမှာလည်း လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ နိုင်ငံဟာ ကြီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အလွန်မှ ခက်ခဲပါလိမ့်မယ်။ အဲဒီတော့ ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ဆိုတာကလည်းပဲ မလွယ်ကူတဲ့အတွက် ပြည်သူတွေရဲ့ဘ၀၊ ပြည်သူတွေရဲ့စားဝတ်နေရေး၊ ပြည်သူတွေရဲ့ တိုးတက်မှု မဖြစ်နိုင်တဲ့အတွက်ကြောင့် ပြည်သူတွေကလည်း အမြဲတမ်းဆန့်ကျင် နေမှာ ဖြစ်ပါတယ်။

အဲဒီလိုကာလမှာ ကျနော်တို့နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ခံစစ်ကြောင်းကနေ နိုင်ငံရေးထိုးစစ်ကို ပြန်လည်ဆင်နွှဲပြီး ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးအတွက် ဆက်လက်ကြိုးပမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအပါအ၀င် နိုင်ငံရေးပါတီအားလုံး မိမိတို့ရဲ့ရပ်တည်ချက် မူတွေဟာ ပြင်လွယ်၊ ပြောင်းလွယ် Flexible ဖြစ်တယ်ဆိုပေမယ့် မလိုအပ်ဘဲနဲ့ အကြောင်းမဲ့ မစွန့်လွှတ်ကြဖို့နဲ့ အခြေခံမူ ပေါ်မှာ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ကြဖို့လိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း


The 02 Mar 2009 opening session of the IAEA's board meeting in Vienna, Austria

နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင်တဲ့ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ ဗီယင်နာ မြို့ စည်းဝေးပွဲမှာ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အဆိုတရပ်ကို မဲခွဲချမှတ်လိုက်ပါတယ်။

Oil and Gas

Packs of methaphatamine tablets displayed before setting them on fire at a ceremony, Saturday, Oct. 31, 2009, in Laukkai, Myanmar.AP

အိန္ဒိယ အမတ်များနှင့် AIPMC ၂၀၁၀ ရွေးကောက်ပွဲ အတွက် တောင်းဆို

အိန္ဒိယ အမတ်များနှင့် AIPMC ၂၀၁၀ ရွေးကောက်ပွဲ အတွက် တောင်းဆို

မြန်မာ့အရေးလှုပ်ရှားနေသော အိန္ဒိယ ပါလီမန်အမတ်များနှင့် မြန်မာ့ရေးရာ အာဆီယံအမတ်များအဖွဲ့တို့က မြန်မာစစ်အစိုးရက ရေးဆွဲအတည်ပြုထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ရန်လိုအပ်ကြောင်းနှင့်

ဖမ်းဆီးထားသော ငါးဖမ်းသမားများ လွှတ်ရန် ဖိလစ်ပိုင်တောင်းဆို

ရေပိုင်နက် ကျူးကျော် ငါးဖမ်းမှုဖြင့် မြန်မာ စစ်အစိုးရဘက်မှ ဖမ်းဆီးထားသော ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းသမား ၁၄ ဦးကို ပြန်လွှတ်ပေးရန် ရန်ကုန် အခြေစိုက် ဖိလစ်ပိုင်သံရုံးက တောင်းဆို

မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာ

ယခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီသွား အရေအတွက်မှာ ပြီးခဲ့သည့် နှစ်ထက် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်မား လာကြောင်း မြန်မာဟိုတယ်နှင့် ခရီးသွားလာရေး

သံဃာတော်များ ဆက်လက်ဖိနှိပ်ခံနေရ

သံဃာများ ဦးဆောင်သော ၂၀၀၇ခုနှစ် ဆန္ဒပြမှုများကို လက်တုံ့ပြန်သည့် အနေဖြင့် စစ်အစိုးရက ရဟန်းသံဃာများကို ဆက်လက် ဖိနှိပ်လျက် ရှိသည်။ စစ်အစိုးရသည် တရားပွဲများကို ပိတ်ပင်ခြင်း

မြန်မာ မူးယစ်ဆေး ထွက်နှုန်းတိုးဟု ဆို

မြန်မာနိုင်ငံတွင် ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုမှာ ယခင် နှစ်များထက် (၄) ဆခန့် ပိုမိုများပြား လာကြောင်း မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက

လိင်ပြောင်းလိုသူများ ၁ နှစ်စောင့်ဟု ထိုင်းပြဌာန်း

လိင်ပြောင်းလဲမှုများ မလုပ်ဆောင်မီ ၁ နှစ်ခန့် ကြိုတင်၍ ပြင်ဆင်မှုများ ပြုလုပ်၍ အသက် ၁၈ နှစ်ပြည့်မှ သာလျှင် ခွဲစိတ်ခြင်းကို ခွင့်ပြုရန် ထိုင်းနိုင်ငံက ဥပဒေတခု ထုတ်ပြန်လိုက်ကြောင်း အေပီ သတင်းတွင်

ချင်းမိုင်နေ မြန်မာ အလုပ်သမားများ အခမဲ့ ဆေးကုသခွင့်ရ

သြစတြေးလျ၊ အမေရိကန်နှင့် ကိုရီးယားနိုင်ငံမှ ဆရာဝန်များ အပါအ၀င် မြန်မာနိုင်ငံမှ ဆရာဝန်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တကျောင်းတွင် ၂ ရက်ကြာ မြန်မာ

ဒေါ်လာဈေး ကျဆင်းမှုကြောင့် အန်ဂျီအိုများ အခက်ကြုံ
အောင်ကျော်မိုး / ၂၇ နိုဝင်ဘာ ၂၀၀၉

“ဒေါ်လာဈေးကြောင့် ကျနော်တို့ဆီ ဝင်လာတဲ့ ငွေတွေဟာ ပြီးခဲ့တဲ့ လကနဲ့စာရင် (၁ဝ) ရာခိုင်နှုန်းကျော် လျော့သွားတယ်။ ဒါပေမယ့် ကျနော်တို့ ဒီမှာ မြန်မာကျပ်ငွေနဲ့ ပြန်ပြီး ဝယ်ခြမ်းသုံးနေရတာတွေက တခုမှ ဈေးမကျဘူး။ ဒီအတွက် နဂိုက ကျနော်တို့ ....”အပြည့်အစုံသို့

မော်လမြိုင် နှစ်ထပ်ဈေးမှ အမြတ်ငွေ သိန်းပေါင်း သိန်းချီရ
လင်းနိုင်ဦး / ၂၇ နိုဝင်ဘာ ၂၀၀၉ “ကုမ္ပဏီဟာ ဈေးကောင်းရမယ့် နေရာကောင်းမှန်သမျှ ကြိုတင်ရယူထားပြီး ကျန်နေရာတွေကိုသာ မဲနှိုက်နေရာ ချထားပေးခဲ့တာ။ မူလ ဆိုင်ခန်းပိုင်ရှင်တွေ....”အပြည့်အစုံသို့
လက်ခုပ်ကုန်း Cyclone Shelter ဒေသခံတို့အတွက် လက်တွေ့အကျိုးမရှိနိုင်
အောင်ထက် / ၂၇ နိုဝင်ဘာ ၂၀၀၉ “လက်ခုပ်ကုန်း Shelter က လူ (၅၀၀) ဆံ့တယ်ကြားတယ်။ ဆယ်အိမ်တန်း၊ အလယ်ရွာ၊ ကညင်ကုန်း၊ ကန်လျားရှည်တို့လို ရွာနီးချုပ်စပ်တွေမပြောနဲ့ .....”အပြည့်အစုံသို့
ရန်ကုန်အဆင့်မြင့် အရောင်းစင်တာများ ဈေးပိတ်ရက် စတင်သတ်မှတ်
ဝီရ / ၂၇ နိုဝင်ဘာ ၂၀၀၉ “Shopping Center အားလုံးကို ရုံးပိတ်ရက် သတ်မှတ်ဖို့ ညွှန်ကြား ထားပြီးပြီ။ ကျန်တဲ့..”အပြည့်အစုံသို့
ရန်ကုန် တိရစ္ဆာန်ဥယျာဉ် မြေနေရာ ရောင်းချကြောင်းသတင်း မမှန်ကန်
အောင်ထက် / ၂၇ နိုဝင်ဘာ ၂၀၀၉ “နှစ်ချီပြီးနေလာတဲ့ တိရစ္ဆာန်အတော်များများကို မနှစ်က ဇူလိုင်လောက်က နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို ပို့လိုက်တယ်။ ခုဆို ကြံ့တကောင်..”အပြည့်အစုံသို့

ရွှေဈေး ၆ သိန်းအောက် မဆင်းနိုင်တော့

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ လိုက်တက်လာခဲ့သော မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံ သမိုင်းတလျှောက် စံချိန်တင် ဈေးနှုန်းဖြစ်သည့် ၆ သိန်း ၁ သောင်း ၃...

၂၀၁၀ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဦးမည်ဟု

မြန်မာစစ်ခေါင်းဆောင်က ပြော

မိုးမခအထောက်တော် ၀၀၃

နိုဝင်ဘာ ၂၈၊ ၂၀၀၉

ယနေ့ထုတ် မြန်မာစစ်အုပ်စုသတင်းစာများတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အထက်ပါအတိုင်း ၎င်း၏ ကြံဖွံ့အဖွဲ့ဝင်များအား သောကြာနေ့က ကျင်းပသော ညီလာခံတခုတွင် မိန့်ကြားလိုက်သည်ကို တွေ့ရသည်။ တိုင်းပြည်၏ ယခုကဲ့သို့ အရေးကြီးလှသော သမိုင်းဝင်မည့် အဖြစ်ကို အားလုံးက အပြုသဘော ၀ိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းသည်ဟုလည်း အစိုးရသတင်းစာတွင် ဆိုထားသည်။ ဖျက်လိုဖျက်ဆီး မလုပ်ကြရန်လိုကြောင်း၊ ကြံ့ဖွံ့တို့က ပြည်သူနှင့်လက်တွဲပြီး စစ်အုပ်စု၏ လမ်းညွှန်မြေပုံ ၇ ရပ်ကို အကောင်အထည်ဖော်ကြဖို့ ဖြစ်ကြောင်း မိန့်ကြားသည်ဟု ဖော်ပြထားသည်။

အျပည့္အစုံသိုႛ ...

ရင္ထဲက အခ်ိဳ

ဉာဏ်ဦးမောင်

နိုဝင်ဘာ ၂၈၊ ၂၀၀၉

ဒီနေ့ နှုတ်ဆက်စကားကို မိတ်ဆက်ကာပြောပေးဖို့ ကိုယ့်အလှည့်ကျတယ်။ ကိုယ့်အရင်က တော်တော်များများ ပြောသွားကြပြီ။ အာမေးနီးယန်းအတန်းဖော်က Padex Inspexsk-ကောင်းသောညနေခင်းပါလို့နှုတ်ဆက်ရင် Lavem-လို့ ပြန်ဖြေရတယ်လို့ ပြောတယ်။ ဆူဒန်ကလာတဲ့ အာဖရိကန်မိတ်ဆွေကတော့ Habani Yako-ဆို တာကို Mzuri Sana လို့ တုံ့ပြန်ရတယ်လို့ ဆိုပါတယ်။ သူပြောတဲ့ 'ဟာဗာနီ ယကို' ဆိုတာက အင်္ဂလိပ်ဘာသာ စကားနဲ့ဆို How are you လို့အဓိပ္ပါယ်ထွက်ပြီး 'မဇူရီ ဆာ့နာ' ကတော့ 'I'm fine' လို့ဆိုလိုပါသတဲ့။ တွန်ဂါ ကျွန်းသူ(အာဖရိကမှာရှိတဲ့ တွန်ဂါနိုင်ငံ မဟုတ်ပါ) ကတော့ 'Malolelei' Hello လို့ အဓိပ္ပါယ်ရတဲ့စကားကို OK လို့ အဓိပ္ပါယ်ရတဲ့ 'Saipe' ဆိုတဲ့ စကားနဲ့ ပြန်ဖြေရပါသတဲ့။ သူမရဲ့ ဂီတသံနွယ်နေတဲ့ ’မာလို လေးလေ’ဆိုတဲ့ နှုတ်ဆက်သံနဲ့ ဆိုက်ပေ့ဆိုတဲ့ ပြန်ဖြေသံကလည်း တမျိုးစိတ်ဝင်စားဖို့ အကောင်းသားပါ။
အျပည့္အစုံသိုႛ ...

Iranian judge and activist Shirin Ebadi, pictured here in June, won the 2003 Nobel Peace Prize.
Iranian judge and activist Shirin Ebadi, pictured here in June, won the 2003 Nobel Peace Prize.(CNN)
အီရန်အာဏာပိုင်တို့က ငြိမ်းချမ်းရေးနိုဘယ်ဆုကို အဓမ္မသိမ်း
စီအင်န်အင်န်၊ ဂါဒီးယန်း၊ အင်တာနက်
နိုဝင်ဘာ ၂၇၊ ၂၀၀၉
အီရန်နိုင်ငံ၏ ထင်ရှားသော လူ့အခွင့်အရေးရှေ့နေ အတိုက်အခံအမျိုးသမီးတဦးဖြစ်သူ “အီဘဒီ” ၏ ၂၀၀၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု တံဆိပ်နှင့် လက်မှတ်ကို အီရန်အာဏာပိုင်တို့က ၎င်းနေအိမ်မီးခံသေတ္တာထဲမှ ထုတ်ယူသိမ်းဆည်းသွားသည်ဟု သတင်းကြားသိရသည်။ ၎င်း ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း၊ ခင်ပွန်းသည်အား လုံခြုံရေးအဖွဲ့ဝင်များက အပြင်းအထန် ရိုက်နှက် စစ်ဆေးခဲ့ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်က နေအိမ်တွင်း ၀င်ရောက်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုတံဆိပ်နှင့် လက်မှတ်များကို ၀င်ရောက် သိမ်းပိုက်သွားကြောင်း သတင်းများက ဆိုသည်။
အျပည့္အစုံသိုႛ ...

အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား


စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောက်ခြေတပ်မှူးများ စိတ်ဝင်စားခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်သည် မှန်ကန်ခြင်းမရှိဟု သုံးသပ်ပြောဆိုနေကြသည်။

“စားဝတ်နေရေးကိစ္စကို တပ်ကိုပဲမှီခိုနေရလို့ စိတ်သွားတိုင်း ကို အပြည့်အစုံသို့...
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အခမဲ့ ဆေးကုသပေး
- သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
နိုဝင်ဘာလ ၂၇ရက်၊ ၂၀၀၉ ခုနှစ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အခြေခံကျန်းမာရေး စစ်ဆေးကုသပေးသည့် အ ပြင် သွားရောဂါ၊ မျက်စိ နှင့်ပတ်သက်သည့် ရောဂါများလည်း စစ်ဆေးပေးပြီး နာတာရှည် ရောဂါရှိသူများကိုလည်း .........

(အပြည့်အစုံ)

ကျောင်းသားလူငယ်များအပါဝင် အာဏာပိုင်များလည်း ဘော်လုံးပွဲ လောင်းကစား
Fri 27 Nov 2009, မင်းအာသံ
ယခုနှစ် ဘော်လုံးရာသီတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ စည်ကားသော မြို့ကြီးများတွင် ကျောင်းသားလူငယ်များအပါအဝင် မြို့ခံပြည်သူများသာမက...
November 27, 2009 – 8:33 am | No Comment

နိုဝင်ဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(ပီအက်စ်အယ်လ်အက်ဖ်)က ရှုံးဆုံးနေသော ပလောင်အမျိုးသားတို့၏ အခွင့်အရေးများကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပေါ်လစီများ၊ ရှေ့လုပ်ငန်း စဉ်များကို ချမှတ်လိုက်ကြောင်း ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

သျှမ်းရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံရေးနှင့်ပတ်သက်ခြင်းမရှိဟု ခေါင်းဆောင်များထုတ်ဖေါ်

သျှမ်းရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံရေးနှင့်ပတ်သက်ခြင်းမရှိဟု ခေါင်းဆောင်များထုတ်ဖေါ် ရှုပ်ထွေးသည့် ထိုင်းနိုင်ငံရေးအကြား အစိုးရဆန့်ကျင်ဆန္ဒပြမှုတိုင်းတွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားများပါဝင် ပတ်သက်ခြင်းမရှိဟု သျှမ်းအလုပ်သမားခေါင်းဆောင်များပြောကြားသည်။

မျက်စိဝေဒနာရှင် ၂ သောင်းခန့်က အခမဲ့ကုသမည် ဆိုသော ကြံ့ဖွံ့ကို ယုံကြည်မှုကင်းမဲ့

မျက်စိဝေဒနာရှင် ၂ သောင်းခန့်က အခမဲ့ကုသမည် ဆိုသော ကြံ့ဖွံ့ကို  ယုံကြည်မှုကင်းမဲ့

ဒေသအတွင်း၌ အခမဲ့ မျက်စိရောဂါကုသပေးမည်ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကြံ့ဖွံ့အသင်းက ဖိတ်ကြား လိုက်သဖြင့် မျက်စိဝေဒနာရှင် ၂ သောင်းကျော်ခန့် ဆေးကုသမှုခံယူရန် လာရောက်ခဲ့ကြောင်း သိရသည်။


တြိဂံဒေသ လားဟူပြည်သူ့စစ်များအား မဲခေါင်နယ်ခြား လုံခြုံရေးတပ်ရင်းအဖြစ်စတင်ဖွဲ့စည်း

နအဖ စစ်ရုံးချုပ်ညွှန်ကြားချက်အရ တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ ရွှေတြိဂံဒေသလားဟူပြည်သူ့စစ်အဖွဲ့များ စုစည်း ၍ မဲခေါင်နယ်ခြားလုံခြုံရေးတပ်ရင်းအဖြစ် စတင်ဖွဲ့စည်းလိုက်ကြောင်းတာချီလိတ်မြို့ခံလားဟူအသိုင်းအ၀ိုင်း ကပြောပါသည်။

နိုင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှုဖြင့် သာသနာရေးဝန်ထမ်း (၇) ဦး အပြစ်ပေးခံရ

-

more


တရုတ်ဟက်ကာ အန္တရာယ်ခြိမ်းခြောက် နေပြီလော ! ”-- ဇာမဏီရိုင်း

ို့်ဘီဂျင်းကိုသွားမဲ့ ရှီကားဂိုး အိုးလ်ဟာရယ် နိုင်ငံတကာ လေဆိပ်မှာ အမေရိကန် ဖို့တ်မော်တာ ကုမ္မဏီက ဝန်ထမ်းဟောင်း Mike Yu (aka) Xiang Dong Yu ( အသက်-၄၇နှစ်) ကို ဖမ်းဆီး လိုက်ပါတယ်၊ အမှုကတော့ ဒေါ်လာ ၂၄သန်းကနေ ၃၂သန်း တန်ကြေးရှိတဲ့ အမေရိကန် ဖို့တ် ကားကုမ္မဏီ ရဲ့ ကုန် သွယ်မှုဆိုင်ရာ ထိပ်တန်း လှို့ဝှက်ချက် အထောက်အထားတွေ ၂၇။ ၁၁
(အပြည့်အစုံသို့)-

နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်ဝေမော်

၁။ ရဲစွမ်းသတ္တိဆိုတာ အကြောက်တရားကင်းစင်ခြင်းမဟုတ်၊ အကြောက်တရားကို ကျော်လွန်လုပ် ဆောင်ဖို့ စေ့ဆော်အားမွေး ပေးခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် တောင်အာဖရိကနိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်မှု ကာလအတွင်းက သူ့ကို ထောက်ခံသူ ဇူးလူးလူမျိုးစု (Zulu)တွေကို မိန့်ခွန်း စကားပြောကြားရန် မင်ဒဲလားဟာ
။၂၇။၁၁။၀၉

(အပြည့်အစုံသို့)

မလေးရှားတွင် ရခိုင်အလုပ်သမားတစ်ဦးနှင့် မွန်အလုပ်သမားတစ်ဦး ပြန်ပေးဆွဲခံရ

မလေးရှားနိုင်ငံ ပီးနံမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်း၌ အလုပ်လုပ်နေသော ကိုညီညီနှင့် ကိုသိန်းဇော် တို့ကို ၂၆ရက်နေ့က တက္ကစီသမားမှ ပြန်ပေးဆွဲသွားခဲ့ကြောင်း ကိုဝင်းဇော်က Arakan Review သို့ပြောပြခဲ့သည်။

“ကိုညီညီနဲ့ ကိုသိန်းဇော်ဟာ ပူတူးစာဖာမှာရှိတဲ့ ကိုသိန်ဇော်တို့အစ်ကိုအိမ်ကို ကွာလာလန်ပူ (ပူတူးရာယာကားဝင်းအဝေးပြေးဂိတ်)ကနေ ညနေ ၅နာရီကျော်မှာ ကားသမားကို ရင်းဂစ်(၁၀) နဲ့ ငှားပြီးသွားကြတယ်၊ ကားဂိတ်နဲ့ ပူတာစာကို (၅)မိနစ်လောက်ပဲ မောင်းရတာကို ကားသမားက (၂)နာရီလောက် ပတ်ပြီး မောင်းနေတယ်၊ ကားသမားက လမ်းမှာ သူ့လူတစ်ယောက်ကို ခေါ်တင်သေးတယ်၊ မိုးချုပ်လာတော့ သူတို့နှစ်ယောက်က အိမ်ကို ပြန်ပို့ပေးဖို့ပြောတော့ ပြန်ပို့ ပေးမယ် ဆိုပြီး သူတို့အိမ်ကို ခေါ်သွားခဲ့တယ်” ဟု၎င်းက ပြောသည်။

ဆက်ဖတ်ရန်

ပစ်ခတ် ဖမ်းဆီးမူများကြောင့် တောဆင်ရိုင်းများ မြန်မာဘက်၌ ကျက်စားမူ လျော့နည်းလာ

မင်းအောင်(နိရဉ္စရာ) ဆင်လိုက်မုဆိုးများနှင့် ဒေသခံ စစ်တပ်များ၏ ပစ်ခတ် ဖမ်းဆီးမူများ ကြောင့် ရခိုင် တောတောင်များထဲတွင် ကျက်စားနေသော တောဆင်ရိုင်း အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာနေကြောင်း ဒေသခံ တဦးက ပြောသည်။

“ ဟုတ်ပါတယ်။ အရင်ကတော့ ဒီရခိုင် အနောက်ဘက် နယ်စပ်တလျောက်မှာ ဆင်တွေက အထူးပေါများပါတယ်။ တအုပ်စုကို ဆယ်ကောင်ကနေ တဆယ့်ငါးကောင်ထိ အုပ်စုလိုက် သွားလာနေတာတွေ ရှိပါတယ်။ အခုအခါ ဆင်တွေကို အုပ်စုလိုက် မတွေ့ရတာ ကြာပါပြီ။

ဆက်ဖတ်ရန်

ရခိုင်အမျိုးသမီးများ အကြမ်းဖက်ခံရမူ တိုးတက်လာမူ မရှိသေး

wlb285

မောင်အေး (နိရဉ္စရာ) ရခိုင်အမျိုးသမီးများ အပေါ် အကြမ်းဖက် ခံရမူမှာ ယခုအချိန်ထိ တိုးတက်လာမူ မရှိသေးကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး စောမာမာကျော်ဇောက ပြောသည်။

“ ရခိုင်အမျိုးသမီးတွေဟာ နအဖ စစ်အာဏာရှင် လက်အောက်မှာ အစိတ်အပိုင်းနေရာ အတော်တော်များမှာ ခုချိန်ထိ အကြမ်းဖက်ခံနေရတုန်း ဖြစ်ပါတယ်။ အဲသလို အကြမ်းဖက်မူ ကနေ တိုးတက်မူတွေ ရှိလာသလားဆိုတော့ ခုချိန်ထိ တိုးတက်မူတွေ မရှိသေးဘူး။

ဆက်ဖတ်ရန်



more


more


more


more


more
နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ရွေးကောက်ပွဲ လက်မခံ
ကရင်နီဒုက္ခ္ခသည်စခန်းမှာ ဝက်တုတ်ကွေးလူနာ နည်းသွား္ဘပီ

အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး တိုက်ပိတ်ခံရ

လူႛအခွင့်အရေးချိုးဖောက်မှု စုံစမ်းရန်္ဘဗိတိသျှအမတ်များ တိုက်တွန်း

ဒေၞအောင်ဆန်းစုကြည်၏စာဖြင့် ပတ်သက်္ဘပီး ပညာရှင်များ ဆွေးနွေးမည်

ဝါရင့်နိုင်ငံရေး လုပ်ဖေါ်ကိုင်ဘက်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာပေးပို့

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်
ရက်စွဲ - ၂၀၀၉၊ နိုဝင်ဘာလ၊ ၂၈ရက်။

အကြောင်းအရာ။ ။ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့် ပါတ်သက်သော ကိစ္စ။

(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ်ရေး ပြိုကွဲခဲ့ရာမှ အလွန်နာကျည်း မနှစ်မြို့ဖွယ်ရာ ပြည်တွင်းစစ်ဖြစ်ခဲ့ရာ ယနေ့မြန်မာနိုင်ငံ အခြေ အနေကို ဓမ္မဒိဌာန် ကျကျ သုံးသပ်ကြည့်ရှုလျှင် အဖက်ဖက်မှယိုးယွင်းနိမ့်ကျလျက်၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ အဖြစ်မှ ရုန်းမထွက်နိုင် သေးသည်ကို ထင်ထင်ရှားရှားတွေ့နိုင်မည် ဖြစ်ပါသည်။
(၂) ယင်းသို့သော အခြေအနေမှ လွတ်မြောက်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်၍ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” “အမျိုးသား ညီညွတ်ရေး”ကို အမြန်ဆုံးမဖြစ်မနေတည်ဆောက်ရန်ဖြစ်သည်ဟု နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအနေနှင့်လည်း အလေးထားယုံကြည်သည်ကို ၄င်း၏နိုင်ငံရေးဦးတည်ချက်(၄) ရပ်တွင် အောက်ပါ အတိုင်း ထင်ထင်ရှားရှားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
“နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး“ ဟု ပါရှိပါသည်။
(၃) ကျနော်တို့ သက်ကြီးရွယ်အိုနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များကလည်း ကျနော်တို့ ဖြတ်သန်း တွေ့ကြုံ ကိုယ်တိုင်ဆင်နွှဲခဲ့သည့် တိုက်ပွဲသင်ခန်းစာများအရ လွန်ခဲ့သော ၁၉၉၅ခုနှစ် နိုဝင်ဘာလ ၂၄ရက် နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ပန်ကြားစာ တစ်စောင် ပေးပို့ခဲ့ရာ၌ အောက်ပါအတိုင်း မေတ္တာရပ်ခံပန်ကြားခဲ့ပါသည်။
(၁) ရရှိပြီးသော မြန်မာနိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရေးနှင့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ ကျသော၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ကြီး တည်ဆောက်ရေးအတွက်၎င်း၊
(၂) တစ်တိုင်းတစ်ပြည်လုံး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ရေး အတွက် ဆောင်ရွက် သွားမည်ဟု၎င်း၊
(၃) ယနေ့မြန်မာနိုင်ငံလက်ရှိ အခြေအနေမှာ “တစ်မျိုးသားလုံးသွေးစည်း ညီညွတ်ရေး တည်ဆောက် ရန် အလိုအပ်ဆုံးအခြေအနေဖြစ်နေပါသည်” ဟု၎င်း ဖော်ပြခဲ့ပါသည်။
အလားတူပင် ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၁၇ရက်နေ့စွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးအတွက် အကြံပြု စာတမ်းတစ်စောင်ကို ရေးသားကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့၎င်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့၎င်း ပေးပို့ခဲ့ရာ ယင်းစာတမ်း၌ ကျွုန်ုပ်တို့၏ရည်ရွယ်ချက် ဟူသော ခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်းဖော်ပြခဲ့ပါသည်။
(၁) အမျိုးသားသွေးစည်းညီညွတ်ရေးတည်ဆောက်ရန်၊
(၂) လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကိုထိန်းသိမ်း ကာကွယ်ရန်၊
(၃) ငြိမ်းချမ်းသော ဒီမိုကရေစီကျသော ပြည်ထောင်စုကြီးတည်ဆောက်ရန် ဟု ဖော်ပြခဲ့ပါသည်။

ဆက်လက်၍လည်း ကျနော်တို့စတင်အကြံပြုခဲ့သည့် ၁၉၉၅ခုမှ ယနေ့အထိ ၁၄နှစ်တိုင်တိုင် အဆိုပါ သဘောထားအတိုင်း အကြိမ်ကြိမ်အကြံပေးပန်ကြား မေတ္တာရပ်ခံခဲ့ပါသည်။
ကျနော်တို့ အကြံပြုခဲ့ချက်များမှာ ရက်ရှည်လများစွာ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖော်နိုင် ခဲ့သော်လည်း ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူ၍ ပေးပို့သောစာတွင် “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကိုရုပ်သိမ်းရေး” နှင့် ပတ်သက်၍ ပေးပို့သော စာတွင် အောက်ပါ အတိုင်း ဖော်ပြပါရှိသည်ကို တွေ့ရပါသည်။
အပိုဒ်(၂) “မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရေး အတွက် ကျွန်မအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်း ဆောင်ရွက် လိုကြောင်း” ဟူ၍၎င်း၊
အပိုဒ်(၃) “နိုင်ငံတော်အတွက် အကျိုးရှိမည့်လုပ်ငန်းများကိုလည်း ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည် ဟု မျှော်လင့် ပါသည်။” ဟုဖော်ပြသည်ကို တွေ့လိုက်ရ ဖတ်လိုက်ရသောအခါ ကျနော်တို့တိုင်းပြည်တွင် လွတ်လပ်ရေးရပြီးစ အချိန် မှစ၍ နိုင်ငံရေးသဘောထားကွဲလွဲမှုများမှ အခြေခံကာ နယ်ချဲ့သမားတို့ကို အတူလက်တွဲ၍ အသက်ပေး တိုက်ခိုက်ခဲ့သူများ အချင်းချင်း ဂိုဏ်းဂဏ၀ါဒ၊ အတ္တ၀ါဒတည်းဟူသော မာန်မာနတို့၏ လွှမ်းမိုးမှုကို မလွန်ဆန် ခံနိုင်ခဲ့ကြသဖြင့် အမျိုးသားခေါင်းဆောင်ကြီးများ (အာဇာနည် ခေါင်းဆောင်ကြီးများ) အသက်ပေး တည်ဆောက် ခဲ့သည့် အမျိုးသားညီညွတ်ရေးပြိုကွဲကာ နိုင်ငံတော်၏ အခြေအနေ အဖက်ဖက်မှယိုယွင်း မှုများအားလုံး အဆုံးသတ်တော့မည့် လမ်းစပေါ်လာခဲ့ပြီဟု ကျနော်တို့ ယူဆမိပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား -

ကမ္ဘာကြီး၏ လက်ရှိအခြေအနေမှာ ဗိုလ်ချုပ်မှူးကြီးသိရှိထားပြီးဖြစ်သည့်အတိုင်း
- နိုင်ငံကြီးငယ်အားလုံး စီးပွားပျက်ကပ်ဒဏ်ကို အလူးအလဲခံနေရရာ ယခုတိုင် နလန်မထူနိုင်ကြသေးခြင်း
- နိုင်ငံကြီးအချို့တို့၏ လက်နက်ပြိုင်ဆိုင်မှု စစ်အေးတိုက်ပွဲပြင်းထန်လာ နေခြင်း၊
- အစွန်းရောက် ၀ါဒသမားများ၏ အကြမ်းဖက်မှုအန္တရာယ်တစ်နေ့တခြား ကြီးမား လာခြင်း၊
- အနုမြူအန္တရာယ်၏ ခြိမ်းခြောက်မှုခံနေကြရခြင်း စသည်တို့ကြောင့်
တတိယကမ္ဘာစစ်၏ အန္တရာယ်သည် အေးချမ်းစွာနေလိုသော ကျနော်တို့ပြည်သူ တစ်ရပ်လုံးအား ခြိမ်းခြောက် လျှက် ရှိသည်ဟု ယူဆမိပါသည်။
ယင်းကဲ့သို့သော အခြေအနေအရပ်ရပ်တွင် ဗိုလ်ချုပ်မှူးကြီးပြောကြားခဲ့သည့် မိန့်ခွန်းအသီးသီး၌ လည်း “အမျိုးသား ညီညွတ်ရေးအရေးကြီးပုံ” ဆိုသည့် စကားရပ်မပြတ်ပါရှိခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၈၉ကြိမ်မြောက် အမျိုးသားနေ့ ကြောညာချက်တွင်လည်း “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးစီးပွား ကို ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြရမည်” ဟုဖော်ပြထားပြီး ဥက္ကဌကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာတွင် “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးရှိမည့် လုပ်ငန်းများကိုလည်း နိုင်ငံ တော် အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီနှင့် အတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဖော်ပြထားပါသည်။ ထို့အတူ ပြည်သူတစ်ရပ်လုံးကလည်း နှစ်ရှည်လများ နိုင်ငံကို ဦးဆောင်ခဲ့ကြသည့် မည်သည့်ခေါင်းဆောင် တစ်ယောက်ကမှ မတည်ဆောက်နိုင်ခဲ့သည့် “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” တစ်နည်းအားဖြင့် “အမျိုးသား ညီညွတ်ရေး” တည်ဆောက် နိုင်တော့မည်၊ စစ်မဲ့ဘေးအန္တရာယ် အသွယ်သွယ်တို့မှ၎င်း အကြပ်အတည်း ပေါင်းစုံတို့မှ၎င်း ညီညွတ်ရေး လက်နက်နှင့် ခုခံဖြိုခွင်းနိုင်တော့မည်။ ငါတို့ မြန်မာနိုင်ငံခေတ်ဆန်း ချိန်ရောက် တော့မည်ဟု ၀မ်းမြောက်ဝမ်းသာ ရှိနေကြပါသည်။ ဤသို့သော ဆန္ဒနှင့် ပြည်သူ့သဘောထားကို ဗိုလ်ချုပ်မှူး ကြီး ကိုယ်တိုင် ဦးဆောင်ကာ ပတ်သက်သူအားလုံးနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ အတိတ်ကို သင်ပုန်းချေ၊ ခန္တီတရား လက်ကိုင်ထား၍ မေတ္တာတရား ရှေးရှုကာ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့ကို ကြိုးပမ်းပေးပါရန် နိုင်ငံတော်နှင့် အားလုံးသော ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ညီညွတ်ရေးကို အာသာငမ်းငမ်း တောင့်တနေကြသည့် ပြည်သူများ၏ ကိုယ်စားမေတ္တာရပ်ခံလိုပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား -

ကျနော်တို့သည် အသက်အရွယ်ကြီးရင့်နေကြပါပြီ။ သေမင်းထံ ခြေတစ်ဖက်လှမ်းနေ သူများလည်း ဖြစ်ပါသည်။ “တို့တစ်တွေ ညီညွတ်ရေးရခဲ့လျှင်” ဟူသော ခံစားချက်ဖြင့်သာ ဤစာကိုရေးသားပေးပို့ခြင်းဖြစ်ပါသည်။
ဥက္ကဌကြီးသည် နိုင်ငံတော်ကို ဦးဆောင်နေသူတစ်ယောက်အဖြစ် ဂါရ၀တရား “ဂုဏ၀ုတ္တိ” ထား၍ နိုင်ငံအကျိုးရှေးရှုကာ မိမိတို့ ဥာဏ်မီသလောက် ရေးသားတင်ပြရခြင်းကို ခွင့်လွှတ်စေ လိုပါသည်။


“ကျန်းမာချမ်းသာကြပါစေ”

(သခင်သိန်းဖေ)
(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ကိုယ်စား)

ထိုင်းလမ်းသရဲ ရိုက်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၈
Photobucket
သေဆုံးသူ မောင်စိုးဦး၏ ဓါတ်ပုံ
ထိုင်းနိုင်ငံဘန်ကောက်မြို့ အစွန်၊မဟာချိုင်နယ်စပ်၊စွယ်ဖစိဖစ်အုန်းနွဲ့ တွင်ရှိသော တိုင်စင်အထည်ချုပ် စက်ရုံ ရှေ့တွင် လုပ်ငန်းခွင်မှပြန်လာသော မြန်မာလူငယ်တစ်ဦးအား ထိုင်းလမ်းသရဲများက ၀ိုင်းရိုက်သတ်သဖြင့် နေရာ တွင် ပွဲချင်းပြီး သေဆုံးသွားပြီး နောက်တစ်ဦးမှာ ဒဏ်ရာရရှိသွားသည်။

သေဆုံးသွားသူမှာ မြ၀တီမြို့ ရွှေကုက္ကိုရွာနေ ဦးထွန်းကြည်နှင့် ဒေါ်တင်လှတို့၏ ဒုတိယမြောက်သား မောင်စိုးဦး အသက် ၁၉ နှစ်ဆိုသူဖြစ်သည်။ မြန်မာအလုပ်သမားများ ၅၀ ၀န်းကျင်ခန့်ရှိသော အဆိုပါအလုပ်ရုံတွင် အချိန်ပို ဆင်းပြီး ညဥ့်၈နာရီခွဲ အချိန်တွင် ထမင်းဝယ်စားခဲ့ကြသည်။ ထမင်းစားနေစဉ် အခြားစားပွဲခုံ တစ်ခုမှ အသက် ၁၆ နှစ်ဝန်းကျင် ထိုင်းလူငယ် သုံးဦး ထမင်းစားနေသည်ကို သေဆုံးသူကစောင်းငဲ့ ကြည့်မိသဖြင့် ရိုက်နှက်ဟန် တူကြောင်း အတူတူ အရိုက်ခံရပြီး ကြောတွင် သံတုတ်ဒဏ်ရာရရှိခဲ့သူ ကိုအစောက ပြောသည်။

“ ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ပါဘူး။ ကျနော်တို့ ဖယ်ရီကားပေါ်က ဆင်းပြီး ထမင်းဆိုင်မှာ ဆင်းနေခဲ့ပြီး ထမင်းစားကြပါတယ်။ ကျနော်တို့နဲ့အနီးက စားပွဲခုံမှာ ထိုင်းလူငယ် သုံးယောက်ဆဲဆိုပြီး၊ ခုံကိုထုကြတယ်၊ ဆူပူ နေတယ်။ အဲဒါကို မောင်စိုးဦးက နဲနဲစောင်းကြည့်တယ်။ အခြားဘာမှမဖြစ်ပါဘူး။

ကျနော်တို့ ထမင်းစားပြီး ထွက်လာတော့ မီးနဲနဲမှောင်တဲ့ အနားက ထွက်ပြီးတော့ သံတုတ်နဲ့ ရိုက်တယ်။ မောင်စိုးဦးကို ခေါင်းအုတ်ဆက်ကို ထိတယ်။ မှောက်ကျသွားတယ်၊ ထမိုင်း ထမိုင်း လို့ အော်ပြီး ရိုက်တယ်။ ပြီးတော့ ခြေထောက်ကို ဒရွတ်တိုက် ဆွဲခေါ်သွားပြီးတော့ ခေါင်းကို ခဲတွေနဲ့ ရိုက်ထုတယ်။

ကျနော်က အရပ်နဲနဲမြင့်တော့ ကြောကိုထိတယ်။ ကျနော်ထွက်ပြေးတယ်။ အစောင့်ကို သွားခေါ်ပြီးတော့ ပြန်လာကြည့်တာ မောင်စိုးဦး သေနေပြီ”ဟု ပြောသည်။

မျက်မြင်များ ထွက်ဆိုချက်နှင့် လမ်းထိပ်ဈေးတွင် တပ်ဆင်ထားသော ကွန်ပျူတာ ဒယ်ဂျစ်တယ် ကင်မရာတို့မှ ဖေါ်ထုတ်ချက်အရ ရိုက်နှက်သူ ထိုင်းလမ်းသရဲ လူငယ်များအား နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

သေဆုံးသူ၏ ၀မ်းကွဲညီအစ်ကိုဖြစ်သူ ကိုအထွေးက“ စိုးဦးလာတာ ၂နှစ်လောက်ရှိပြီ။ ဘာမှအရှုပ်အရှင်း လည်းမရှိဘူး၊ သူက မွေးချင်း ငါးယောက်မှာ ဒုတိယမြောက်သားဖြစ်တယ်။ အလုပ်လုပ်ပြီး မိဘတွေကို လုပ်ကျွေးနေတဲ့သူပဲ၊ ကျနော် သူ့ မိဘတွေကို ဖုန်းဆက်လိုက်ပါပြီ။ ကျနော်တို့ရဲ့ မလုံခြုံတဲ့ဘ၀ကို တွေးပြီးကြောက်တယ်ဗျာ။ ကိုယ့်တိုင်းပြည်မှာ လုပ်စားစရာမရှိ ၊ အဆင်မပြေလို့ ထိုင်းကိုလာပြီး အလုပ် လုပ်ကြတာ၊ ကျနော်တို့ မြန်မာအလုပ်သမားတွေရဲ့ ဘ၀တွေ ဟာ တကယ် အကာအကွယ်မဲ့ ပါတယ် ဗျာ”ဟု ပြောသည်။

အတူတူ အရိုက်ခံခဲ့ရသူ ကိုအစော က“ မတရားခံရမှန်းသိတယ်။ ဒါပေမယ့် ကျနော်တို့ ဘာမှမလုပ်ရဲဘူး နောက်ဒီလိုမျိုး မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ၊ ပုလိပ်ကမေးတော့ ထိုင်းလမ်းသရဲက ဘာပြောလဲဆိုရင် သူ့ကို ကြည့်လို့ ဆုံးမတာတဲ့။ သေအောင် ဆုံးမရသလားဗျာ” ဟု ပြောသည်။

ထိုင်းလူငယ်များ အထူးသဖြင့် သောက်စားတတ်သူများနှင့် တွေ့ဆုံပါက ၄င်းတို့အား မကြည့်ရန်နှင့် အသွား အလာများကို အထူး သတိထားကြ စေလိုကြောင်း။ မီးလင်းသောနေရာမှ သွားကြစေလိုကြောင်း ကိုအစောက ပြောသည်။

အလောင်းကို ယနေ့ညနေ ၆နာရီတွင် ဖက်ကဆင် အုန်းနွဲ့ တံတားအနီး ဘုန်းတော်ကြီးကျောင်းတွင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း ၀ိုင်းဝန်းကူညီပေးနေသူ များကပြောသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။