1.24.2009

AAPP and BWU inadequate health care statement To: Media Statement – for immediate release

Friday 23 January

The Assistance Association for Political Prisoners (Burma) and the Burmese Women's Union today strongly condemned the inadequate health care for political prisoners in Burma's prisons.
23 year-old Kay Thi Aung has recently suffered a miscarriage in O Bo Prison, Mandalay Division, due to lack of adequate medical care in prison. Kay Thi Aung, a member of the All Burma Federation of Students Unions, was arrested on 14 September 2008 in connection with her efforts to provide aid to Cyclone Nargis victims. She was pregnant at the time of her arrest. In December, the regime's courts sentenced her to 26 years in prison.

Nilar Thein, a leading member of the 88 Generation Students Group who was sentenced to 65 years in prison on 11 November 2008, has been suffering from gastric problems in Thayet Prison in Magwe Division. The authorities have not yet granted her proper medical treatment for her condition.

General-Secretary of the Burmese Women's Union Tin Tin Nyo said, "The SPDC signed the Convention on the Elimination of All Forms of Discrimination Against Women in 1997, promising to uphold women's rights. Yet women who are involved in pro-democracy activities are subjected to harsh and cruel punishments such as Kay Thi Aung's 26-year sentence. In her case, the authorities have clearly failed to meet their obligations under Article 12 of the convention, relating to providing adequate health care to women during pregnancy. As a result,
Kay Thi Aung has suffered a terrible loss. She needs urgent medical treatment."

Bo Kyi, Joint-Secretary of AAPP said, "Pregnant women in prisons must be given top priority for medical treatment. Kay Thi Aung's tragic case is a clear example of the regime's neglect of the health and well-being of all political prisoners, even those who need priority treatment. We strongly condemn the regime's systematic neglect of the health care needs of political prisoners. The International Committee of the Red Cross must be allowed to resume prison visits immediately.

They should be allowed to fulfil their independent, impartial mandate, free of restrictions."

-ENDS-
AAPP and the BWU

မြန်မာရွေ့ ပြောင်းတစ်ဦး ထိုင်းတက္ကသိုလ် တစ်ခုမှ ထိုင်းဘာသာဖြင့် ဘွဲ့ရ



ဇန္န၀ါရီ ၂၄

ထိုင်းနိုင်ငံသို့ ပြောင်းရွေ့ နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ဘီဘီစီ သတင်းဌာန သတင်းထောက် ဦးဝင်းမြင့် ယမန်နေ့က ထိုင်းနိုင်ငံ Sukhothai Thammathirat Open University စူခိုထိုင်း ထမ်းမထိရတ် တက္ကသိုလ်မှ ထိုင်ဘာသာဖြင့်ဘွဲ့ရရှိခဲ့သည်။

ဂျာနယ်လစ်ဇင် အဓိကဘာသာဖြင့် တက်ရောက်သင်ကြားခဲ့ပြီး၊ ထိုင်းသမိုင်း၊ စီးပွားရေးအခြေခံ၊ အင်္ဂလိပ်စာ အခြေခံနှင့် မှတ်တမ်းတင် ဘာသာရပ်များကို အဝေးသင် သင်ကြားခဲ့သည်ဟု ဆိုသည်။ စုစုပေါင်း ၂၄ ဘာသာ ဖြေဆို ရပြီး အင်္ဂလိပ် ဘာသာရပ်မှလွဲ၍ ကျန်ဘာသာ ရပ်အားလုံးကို ထိုင်းဘာသာဖြင့် သင်ကြားရသည်။

မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် Sukhothai Thammathirat Open University မှ ယခုကဲ့သို့ ပထမဦးဆုံး ထိုင်းဘာသာဖြင့် ဘွဲ့ရရှိသူဦးဝင်းမြင့်က “တစ်နှစ်ကို (၇)ဘာသာပဲ ဖြေဆိုခွင့်ပြု ပါတယ်၊ တစ်နှစ်ကို ပညာသင်စရိတ် ဘတ်၅၀၀၀ ၀န်းကျင်လောက် ပေးသွင်းရပါတယ်၊ ထိုင်းနိုင်ငံပညာရေးအစဉ်အလာ အရ ဆိုရင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အောင်မြင်ပြီးမှ တက္ကသိုလ်ဝင်ခွင့်ရပါတယ်၊ အရည်အချင်း စစ် စာမေးပွဲဖြေတဲ့ အခါ တတိယအဆင့် ရခဲ့လို့ မူလတန်း အောင်လက်မှတ် ရခဲ့ပါတယ်၊ အလယ်တန်းမှာ ၂နှစ်၊ အထက်တန်းမှာ ၂နှစ် တက်ခဲ့ပါတယ်။ ထိုင်းပညာရေးက ၁၂ တန်းအောင်မှ တက္ကသိုလ် တက်ခွင့် ရှိတယ် ဆိုတော့ ၁၃ နှစ် ကျောင်းတက်ရပါမယ်။ ကျနော် ပထမ တစ်နှစ်နဲ့ ၆ တန်းအောင် အောင် ဖြေဆိုနိုင်ခဲ့ပါတယ်၊ ကျနော် ဘွဲ့ရတဲ့အထိ စုစုပေါင်း ၁၀နှစ်ကြာခဲ့ပါတယ်။ ကျနော်ဆက်သင်ချင်ရင်၊ ဘွဲ့လွန်ကနေ ပါရဂူအထိ ဆက်တက်ခွင့် ရှိပါတယ်။ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ထွက်လာရတဲ့ မြန်မာတွေအနေနဲ့ မိမိ ရောက်ရှိနေတဲ့ နိုင်ငံရဲ့  ဘာသာစကားကို တတ်မြောက်ဖို့ လိုပါတယ်၊ သူများကို ဘာသာပြန်ခိုင်းရင် ရတယ် ဆိုပြီး သူများကို အားမကိုးသင့်ပါဘူး၊ ဘယ်ဘာသာမှာပဲ ဖြစ်ဖြစ် အခြခံ ကကြီး ခခွေး အတူတူပါပဲ၊ နိုင်ငံခြား ဘာသာ တစ်ခုကို လေ့လာမယ် ဆိုလို့ရှိရင် အခြေခံအားဖြင့် အရေး၊ အဖတ်၊ အပြော၊ နားထောင် ရှိပေမယ့်၊ ကျနော် ပေးချင်တဲ့ နည်းကတော့ -

(၁)စာလုံးကိုမြင်တာနဲ့ ပေါင်းဖတ်ပြီး အသံထွက်တတ်ရမယ်၊

(၂)အဓိပ္ပါယ် သိရမယ်၊

(၃)ဘယ်နေရာမှာ သုံးမလဲလို့ သိရမယ်။ ဘယ်နိုင်ငံရောက်ရောက် သူတို့စာနဲ့ စကားကို တတ်မှ ဆက်ဆံရေး အဆင်ပြေမယ်၊

လက်တွေ့ လုပ်ကိုင်ရာမှာလည်း အဆင်ပြေမယ်၊ နည်းပညာပိုင်းကိုလည်း လေ့လာခွင့် ရမှာဖြစ်တယ်။ ဒါမှ အဲ့ဒီ နည်းပညာတွေနဲ့ ကိုယ့်တိုင်းပြည်မှာ အကျိုးပြုနိုင်မယ်၊ မဟုတ်ရင် လူဖြစ်ရှုံးမယ်၊ ကျနော် မြန်မာပြည်မှာ အလယ်တန်း အဆင့်ပဲ သင်ခဲ့ဖူးပါတယ်၊ တကယ်ဖြစ်ချင်ရင် ကြိုးစားရင် ဖြစ်ကို ဖြစ်ပါတယ်လို့ ပြည်ပရောက် မြန်မာတွေကို ပြောချင်ပါတယ်’’ဟု ပြောသည်။

ထိုင်းဘာသာဖြင့် ပထမဦးဆုံး ထိုင်းတက္ကသိုလ် မှ ဘွဲ့ရရှိသူ ဦးဝင်မြင့်သည် ကရင်ပြည်နယ် ဖါပွန်မြို့ နယ် ဇာတိ ဖြစ်သည်။ ထိုင်းနယ်စပ်တွင်း အရောင်းအ၀ယ်လုပ်ကိုင်နေရာမှ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ မဲဆောက် ဆေးရုံ HIV ကာကွယ် စောင့်ရှောက်ရေး စီမံချက် တွင် World Vistion အဖွဲ့နှင့် အတူတူ လုပ်ကိုင် ခဲ့သည်

၁၉၉၉ နှစ်ကုန်ပိုင်းတွင် ဘီဘီစီ သတင်းဌာနသို့ကူးပြောင်းတာဝန်ထမ်းဆောင် ခဲ့သည်မှာ ယခုထိဖြစ်သည်။ ယိုးဒယားလို ပြောကြစို့ ဟူသော လက်စွဲ စာအုပ်ငယ်ကို ၁၉၈၉ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး တစ်ကြိမ်လျှင် အုပ်ရေ ၂၀၀၀ စီ ပုံနှိပ်ကာ ယခုထိ အကြိမ်၂၀ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ထိရောက် လွယ်ကူစွာ တတ်မြောက်နိုင်ရေး အတွက်၊ ထိုင်းပထမတန်း စာအုပ်တစ်အုပ် ၀ယ်၍ အနီးအနားရှိ ထိုင်းလူမျိုးကို ဖြစ်စေ။ ထိုင်းစာနှင့် စကား အသင့်အတင့် ကျွမ်းကျင်သူအား ဖြစ်စေ မေမြန်း၍ နေ့စဉ် လေ့လာပါက မြန်မာ အလုပ်သမားများ အနေဖြင့် မတတ်မြောက်စရာ မရှိကြောင်း၊ သူသင်ကြားစဉ်က လေ့လာစရာ မြန်မာဘာသာဖြင့် မရှိသော်လည်း သိလိုသည်ကို မေးမြန်း၍ မှတ်သားခဲ့ရကြောင်း၊ အလေး ဂရုပြု၍ သင်ကြားကြ စေလိုကြောင်း ဦးဝင်းမြင့်က ပြောဆိုသွားသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

သတင်းပဒေသာ

- အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များညီလာခံမှ စင်ပြိုင် အစိုးရ တိုးချဲ့ဖွဲ့စည်းရန်အတွက် ရွေးချယ်လိုက်သည့် အမတ် (၇) ဦးမှာ ဒေါက်တာ စိန်ဝင်း၊ ဦးဘိုလှတင့်၊ ဒေါက်တာ တင့်ဆွေ၊ ဦးခွန်မားကိုဘန်း၊ ဦးခွန်မြင့်ထွန်း၊ ဦးထွန်းဝင်းနှင့် ဦးဝင်းလှိုင်တို့ ဖြစ်ကြောင်း သတင်းရရှိ။
ပြည်ပရောက် မြန်မာ ညွန့်ပေါင်းအစိုးရ တိုးချဲ့ ဖွဲ့စည်း

24 January 2009

ပြည်ပရောက်မြန်မာအစိုးရအဖွဲ့ဖြစ်တဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်း အစိုးရကို ၀န်ကြီးအဖွဲ့ဝင် အသစ်တချို့ ထပ်တိုးပြီး ဖွဲ့စည်းလိုက်ပါပြီ။ ၀န်ကြီးချုပ်ကတော့ အရင်ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းကိုပဲ ပြန်ပြီး ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီရွေးကောက်ပွဲကို အိုင်ယာလန်နိုင်ငံ မြို့တော် ဒဗ္ဗလင်မှာ ကျင်းပ ခဲ့တာပါ။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ပရောက် မြန်မာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်း ထားတဲ့ MPU အဖွဲ့ရဲ့ ၄ နှစ်တကြိမ် ကျင်းပတဲ့ ညီလာခံနဲ့အတူ NCGUB ရဲ့ အစိုးရသစ် တိုးချဲ့ ဖွဲ့စည်းမှုကို လုပ်ခဲ့ ကြတာပါ။ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂကနေ ဖယ်ရှားရေးဆိုတဲ့ အစီအစဉ်ကတော့ အများရဲ့ သဘော တူညီချက်နဲ့ ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။ NCGUB အစိုးရမှာ ၀န်ကြီးသစ် တဦးအဖြစ် တက်လာတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း ကို ကိုကျော်အောင်လွင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီတခေါက်ကျင်းပတဲ့ ညီလာခံက အထူးခြားဆုံးအချက်က ဘာပါလဲခင်ဗျ။ -

“အစိုးရဖွဲ့သစ်ကို ပြန်ပြီးတော့မှ ကျနော်တို့ ရွေးချယ်နိုင်ခဲ့ပါတယ်။ ဒါ ကျနော်တို့ ထူးခြားချက်ပါ။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရကို တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င် ပါသင့် ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုးချဲ့ ဖွဲ့စည်းရမယ်ဆိုတဲ့ အဲဒီမူကို ဆက်လက် အကောင်အထည် ဖော်ဖို့အတွက်ကိုလည်း ဒီညီလာခံ ကနေ လုပ်ငန်း အကောင်အထည် ဖော်ဖို့အတွက်ကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။”

ဟုတ်ကဲ့။ အစိုးရသစ် ဖွဲ့တယ်ဆိုတော့ ဒီအစိုးရသစ်က ဘယ်သူတွေနဲ့ဖွဲ့တဲ့အစိုးရသစ်လဲ။ ဘာတွေ ထူးခြားပါ လဲခင်ဗျ။ ဒီအစိုးရသစ်က အရင်အစိုးရနဲ့ ဘာကွာပါသလဲခင်ဗျ။ -

“ပြန်လည်ပြီးတော့မှ ဒီမိုကရေစီနည်းကျ ပြည်သူ့လွှတ်တော် အားလုံးရဲ့ လျို့ဝှက် ဆန္ဒမဲတွေနဲ့ ကျနော်တို့ ပြန်ပြီးတော့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးချုပ်ကတော့ ဒေါက်တာစိန်ဝင်းကပဲ ၀န်ကြီးချုပ် အနေနဲ့ ပြန်ပြီးတော့ တာဝန် ပြန်ထမ်းဆောင်ခွင့်ရပါတယ်။ နောက်တခါ ယခင်က ကျနော်တို့ ၀န်ကြီးတာဝန်တွေ ယူခဲ့ကြတဲ့ ဦးဘိုလှတင့်၊ ဒေါက်တာ တင့်ဆွေ၊ ဦးခွန်မားကိုဘန်း တို့လည်း ၀န်ကြီးတွေ အဖြစ်နဲ့ ပြန်ပြီးတော့ ရွေးကောက်တင်မြှောက်ခံရပါတယ်။ အသစ်အနေနဲ့ကတော့ ကျနော် ခွန်မြင့်ထွန်း ရယ်၊ ကိုဝင်းလှိုင် ရယ်။ ဦးထွန်းဝင်း ရယ် သုံးဦးကတော့ ကျနော်တို့ ထပ်ပြီးတော့ ရွေးကောက်တင်မြှောက် ခံရပါတယ်ခင်ဗျ။ ဒီအစိုးရ အဖွဲ့ထဲမှာ။”

ဟုတ်ကဲ့။ ဆိုတော့ ဒီအစိုးရ အဖွဲ့သစ်က ကိုယ်စားလှယ်သစ် သုံးဦး ထပ်တိုးတာက လွဲပြီးတော့ ဘာမှမထူးခြားဘူး ဆိုတဲ့ သဘောလား။ -

“ဟုတ်ကဲ့။ ကျနော်တို့ ဒီ အစိုးရအဖွဲ့ကို ဖွဲ့တဲ့အခါမှာတော့ ကျနော်တို့ရဲ့ အခြေအနေ အကြောင်းမျိုးပေါ် မူတည်ပြီးတော့မှ အခုလို ဒီ လူဦးရေရဲ့ အနေအထားကတော့ ပြန်လည် ဖွဲ့စည်းရတာဖြစ်ပါတယ်။ သို့သောလည်း ကျနော်တို့က ဒီအစိုးရ ဖွဲ့တယ်ဆိုတဲ့အပေါ်မှာက ချမှတ်ထားတဲ့ မူတွေကို အဓိက ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။”

အဲဒီမူက အဓိက အချက်က ဘာပါလဲခင်ဗျ။ -

“ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မထိခိုက်စေဘဲနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရယ် ပါသင့်ပါထိုက်သူတွေနဲ့ ဒါ တိုးချဲ့ဖွဲ့စည်းရမယ် ဆိုတဲ့မူကို ကျနော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။ အဲဒါကို အကောင်အထည် ဖော်ဖို့အတွက် ဒီညီလာခံကြီး ကနေ ကျနော်တို့ ဆုံးဖြတ်ပြီးတော့မှ တာဝန်ပေးပါတယ်။ ကျနော်တို့ ကော်မတီ တရပ်ကိုလည်း ဖွဲ့စည်း ပြီးတော့ တာဝန် ပေးခဲ့ပါတယ်။”

ဟုတ်ကဲ့ခင်ဗျ။ လူတွေ အတော်များများက ဝေဖန်နေတာ အချက်တချက် ရှိပါတယ်ခင်ဗျ။ အဲဒါကတော့ မြန်မာပြည်မှာ စစ်အစိုးရဘက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့လိုမျိုး ခေါင်းဆောင်တွေ မပြောင်းမလဲဘဲ မြန်မာပြည်မှာ နှစ်ရှည်လများ အုပ်ချုပ်နေသလိုပဲ ပြည်ပမှာရှိတဲ့ အဲန်စီဂျီယူဘီ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ အဖွဲ့မှာလည်း ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းကချည်းပဲ တောက်လျှောက် အာဏာကို ရယူထားတယ် ဆိုတဲ့ ဒီ မြန်မာစစ်အာဏာရှင်နဲ့ နှိုင်းယှဉ်ပြီးတော့ ဝေဖန်ပြောဆိုတဲ့အချက်တွေ ရှိပါတယ်ခင်ဗျ။ အခုလည်း ၀န်ကြီးချုပ် ဦးစိန်ဝင်းကပဲ အနိုင်ရသွားတယ် ဆိုတော့ ဒီလို မပြောင်းလဲတဲ့ကိစ္စအပေါ်မှာ ဘ,ယ်လိုများ တုံ့ပြန် ချင်ပါသလဲခင်ဗျ။ -

“အဓိက ကတော့ ကျနော်တို့ ရွေးချယ်တင်မြှောက်ပုံစနစ်ဟာ နအဖ နဲ့ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ နဲ့ ကွာခြားချက်ဖြစ်ပါတယ်။ နအဖ မှာ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တကြိမ်တခါမှ သူဟာ ရွေးကောက်တင်မြှောက်ခံတယ် ဆိုတဲ့ဟာမျိုးနဲ့ ရွေးကောက်ပွဲနဲ့ ပြန်လုပ်တာ မဟုတ် ပါဘူး။ သူ့ရဲ့ အာဏာကို အသုံးပြုပြီးတော့မှ တောက်လျှောက် အုပ်ချုပ်တာ ဖြစ်ပါတယ်။ ဒီမှာ ကျနော်တို့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကိုက ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် အကုန်လုံးကနေပြီးတော့မှ လျို့ဝှက်မဲ နဲ့ ရွေးချယ်ရတာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံးကနေပြီးတော့မှ လျို့ဝှက်မဲ နဲ့ ရွေးချယ်တာ။ အဲဒီတော့ အခုလို ဒီမိုကရေစီနည်းကျ ရွေးချယ်တာနဲ့ ခုနကလို အာဏာကို မလွတ်တမ်း ဆုတ်ထား ပြီးတော့ ရွေးကောက်တင်မြှောက်ခံရမှုမျိုး မရှိတာ အဲဒါ ကွာပါတယ်။”

ဟုတ်ကဲ့ခင်ဗျ။ နောက်တခုက အခုကျင်းပတဲ့ ညီလာခံမှာ ကုလသမဂ္ဂကနေပြီးတော့ မြန်မာစစ်အစိုးရကို ဖယ်ရှားရေး ကိစ္စကိုရော ဆွေးနွေးခဲ့ကြတာ ရှိပါသလားခင်ဗျ။ ကျနော်တို့ အဲဒီလို ဆွေးနွေးတယ်လို့ ကြားလို့ပါ။ -

“ဟုတ်ကဲ့။ ဒါကို ကျနော်တို့ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။ နအဖ ကို ကုလသမဂ္ဂမှာ ဖယ်ရှားရေး ဆိုတဲ့ Credential Challenge နဲ့ ပတ်သက်ပြီးတော့ အကြိတ်အနယ် ဆွေးနွေးကြပါတယ်။ အကြိတ်အနယ် ဆွေးနွေး ပြီးတော့မှ ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ညီလာခံရဲ့ ထူးခြားချက်ကတော့ အခြေအတင် ရှိလာတဲ့ ဆွေးနွေးချက်တွေကို ကျနော်တို့ ဒီမိုကရေစီ နည်းကျ ကျနော်တို့ ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ မဲခွဲပြီးတော့ ကျနော်တို့ ဆုံးဖြတ်တာဖြစ်ပါတယ်။ မဲခွဲပြီးဆုံးဖြတ်တဲ့အခါမှာတော့ အခြေအနေ အကြောင်းကြောင်း အရ Credential Challenge ကို ကျနော်တို့ ဆက်လက်ပြီးတော့ မဆောင်ရွက်သင့်ဘူးဆိုတဲ့ အဆိုဘက်က အနိုင်ရ ပါတယ်။”

ဟုတ်ကဲ့၊ ဆိုတော့ ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို ဖယ်ရှားရေးဆိုတဲ့ လုပ်ငန်းက လုံးဝ ပျက်သွားပြီပေါ့ခင်ဗျ။ -

“လုံးဝ ပျက်သွားပြီလို့ ဆိုတာထက်ကို ကျနော်တို့ အခု တင်မြှောက်ထားတဲ့ အစိုးရ အဖွဲ့သစ်ရဲ့ အခြေအနေ နောက်တခါ ပေးအပ်လာတဲ့ အခြေအနေတွေကိုရော မူတည်ဦးမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ အခုနေအခါမှာတော့ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကတော့ ဒါကို ဆက်လက် မဆောင်ရွက်သင့်ဘူးလို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။”

ဆိုတော့ ၂၀၁၀ မှာ မြန်မာစစ်အစိုးရကလည်း ရွေးကောက်ပွဲ ထပ်ကျင်းပဖို့ ပြင်ဆင်ထားပါပြီ။ အခု ကိုမြင့်ထွန်းတို့ ပါဝင်တဲ့ အစိုးရသစ်အဖွဲ့က ဒီ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ အပါအ၀င် နောက်ပိုင်း လုပ်ဆောင်မယ့် ခြေလှမ်းတွေအပေါ်မှာ ဘယ်လိုများ ထူးခြားတဲ့ တုံ့ပြန်ချက်တွေ လုပ်သွားဖို့ အစီအစဉ်တွေ ရှိနေပါပြီလဲခင်ဗျ။ -

“အခုဒီမှာ ကျနော်တို့ ကြေညာချက်ကို ထုတ်ပြန်ဖို့ ရှိပါတယ်။ အထူးအားဖြင့်တော့ ဒီကြေညာချက်မှာ ကျနော်တို့ ဘာကို ဖော်ပြထားလဲဆိုရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပတာဟာ ဒါဟာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် (၂၁)၊ ပုဒ်မ (၃) ကို ချိုးဖောက်ရာရောက်တယ် ဆိုတာကို ကျနော်တို့ တိတိလင်းလင်း ဖော်ပြပါတယ်။ နအဖ ကို ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်တဲ့သူတွေဟာလည်း သူတို့လည်း ဒါ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ကျမှာပါပဲ။ ဒီအချက်ကို ကျနော်တို့ အဓိက ထားပြီးတော့ နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေ၊ နိုင်ငံတကာမှာရှိတဲ့ လွှတ်တော်တွေ အားလုံးကို ကျနော်တို့ ပန်ကြားမှာဖြစ်ပါတယ်။ ကျနော်တို့က တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့တံခါးကို အမြဲတမ်း ဖွင့်ထားပါတယ်။ ဒါပေမယ်လို့ အခု နအဖ က တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ ကမ်းလှမ်းချက် အပေါ်မှာ၊ ဖိတ်ခေါ်ချက်အပေါ်မှာ နိုင်ငံတကာကနေပြီးတော့ တွန်းအားပေးတဲ့အပေါ်မှာ လုံးဝ ဂရုစိုက်တာမရှိပါဘူး။ ထိုနည်းတူပဲ နအဖ က ဥပဒေပေါင်းများစွာကို ချိုးဖောက်ခဲ့တယ်။ ပြည်တွင်း ဥပဒေတွေကိုရော၊ နိုင်ငံတကာ ဥပဒေတွေကိုရော ချိုးဖောက်ခဲ့တာ ရှိပါတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့က ညီလာခံမှာ ထူးခြားတဲ့တခုကတော့ ကျနော်တို့ဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ နအဖ ကို အပြည်ပြည်ဆိုင်ရာ ခုံရုံးတွေမှာ တရားစွဲဆိုရေးကို ကျနော်တို့ မရောထွေးဘဲနဲ့ သီးသန့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးတံခါးကို ကျနော်တို့ ဖွင့်ထားသလိုပဲ နအဖ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ခုံရုံးတွေမှာ တရားစွဲဆိုသွားတဲ့ ကိစ္စရပ်တွကို ဆောင်ရွက်နေတဲ့ သူတွေကို ကျနော်တို့က အစိုးရတရပ် အနေနဲ့ ဆက်လက် ကူညီပံ့ပိုး ဆောင်ရွက်သွားပေးမှာဖြစ်ပါတယ်။”

အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တော်မှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ ညီလာခံမှာ လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး တက်ရောက်ခဲ့ကြပြီး ဒီညီလာခံဖြစ်မြောက်ရေးကို အိုင်ယာလန်အစိုးရက ထောက်ပံ့ကူညီပေးခဲ့တာ ဖြစ်ပါတယ်။


ဗိုလ်တေဇလမ်း "ရွှေ" ငါးမုန့်စက်ရုံနှင့် အဆောက်အဦးတခု ကို မီလောင်ကျွမ်မှု သောကြာနေ့ညက ဖြစ်ပွား ...ဗိုလ်တေဇလမ်း "ရွှေ" ငါးမုန့်စက်ရုံနှင့် အဆောက်အဦးတခု ကို မီလောင်ကျွမ်မှု သောကြာနေ့ညက ဖြစ်ပွား ...

"ရွှေ" မီးလောင်

ဗိုလ်တေဇလမ်း "ရွှေ" ငါးမုန့်စက်ရုံနှင့် အဆောက်အဦးတခု ကို မီလောင်ကျွမ်မှု သောကြာနေ့ညက ဖြစ်ပွား ...

ရွှေပေါက်ကံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား

ရွှေပေါက်ကံစက်မှုဇုန်တွင် သောကြာနေ့ည ၁၀ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ စက်ရုံနှစ်ခု လောင်ကျွမ်းသွားခဲ့သည်။ ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ်၊ ရွှေပေါက်ကံစက်မှုဇုန် ကနောင်မင်းသားလမ်းနှင့် ဗိုလ်တေဇလမ်းကြားရှိ အမှတ်(၃၃၂) ကနောင်မင်းသားလမ်း မြန်မာပြည်သား...




သီရိလင်္ကာမှ နာမည်ကျော် သတင်းစာအယ်ဒီတာ Lasantha Wickramatunga သည် ကားမောင်းနေစဉ် ဦးခေါင်း၊ ရင်ဘတ်တို့ကို ပတ်ခတ် လုပ်ကြံခံခဲ့ရပြီး သေဆုံးသွားသည်။
အုတ်ဂူထဲက လာတဲ့စာ
ကေ ဘာသာပြန်သည်
ဇန်န၀ါရီ ၂၄၊ ၂၀၀၉

ပြီးခဲ့တဲ့ ကြာသပတေး နေ့က သီရိလင်္ကာ နိုင်ငံရဲ့ The Sunday Leader သတင်းစာ အယ်ဒီတာ တယောက်ဖြစ်တဲ့ အသက် ၅၂ နှစ် အရွယ် Lasantha Wickramatunga ဟာ အလုပ်ကနေ အိမ်အပြန်ခရီးမှာ မော်တော်ဆိုင်ကယ်စီး သေနတ်သမား ၂ယောက်ရဲ့ ပစ်ခတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ The Sunday Leader သတင်းစာရဲ့ စုံစမ်းဖော်ထုတ် ရေးသားချက်တွေဟာ လက်ရှိ အစိုးရနဲ့ သူ့ရဲ့ တမီးလ် ခွဲထွက်ရေးသမားများအပေါ် ဆင်နွှဲနေတဲ့ စစ်ကို ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြမှုတွေ ရှိခဲ့တယ်။

အျပည့္အစုံသိုႛ ...

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂)
‘အိုးဝေကျေးဇူး’
အောင်ဝေး
ဇန်န၀ါရီ ၂၄၊ ၂၀၀၉

အိုးဝေခွပ်ဒေါင်း - ခွပ်ဒေါင်းအိုးဝေလို့ တင်စားကြတဲ့ ကျောင်းသားတွေရဲ့ အမျိုးသားရေးတိုက်ပွဲ၊ ကျောင်းသားတွေရဲ့ လွတ်လပ်ရေး ကျေးဇူးကို ဆရာကြီး မင်းသုဝဏ်က အခုလို ကဗျာတပုဒ်နဲ့ ဂုဏ်ပြု ဖော်ကျူးခဲ့ဖူးပါတယ်။

‘ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွပ်လပ်ရလေ၊ တို့တတွေသည်၊ အိုးဝေကျေးဇူးပါတကား’ တဲ့။

အျပည့္အစုံသိုႛ ...


အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များအား ရဲကစောင့်ကြည့်နေ

မိုးမခ အထောက်တော် (ရန်ကုန်)

ဇန်န၀ါရီ ၂၃၊ ၂၀၀၉

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း ယုဒသန် ခန်းမ တွင်ပြုလုပ်ခဲ့သော အိတ်ခ်ျအိုင်ဗီ (ကိုယ်ခံအားကျဆင်းသည့် ရောဂါ) ဝေဒနာရှင်များ အတွက် ရန်ပုံငွေပွဲ အပြီး အဆိုပါ ဝေဒနာရှင်များ အနက်မှ ၂၆ ဦးအား အာဏာပိုင်များက ၄င်းတို့ တည်းခိုနေသော မြောက်ဥက္ကလာပ ရေလယ် ဘုန်းကြီးကျောင်းမှ ဝေဘာဂီ ဆေးရုံကြီးသို့ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းပြီး စောင့်ကြည့်နေသည်ဟုသိရှိရသည်။

အျပည့္အစုံသိုႛ ...

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး


ဇန်န၀ါရီ ၂၃၊ ၂၀၀၉

ဆရာကြီးက အမတို့သိပ်ချစ်ရတဲ့အဖေပါ။ ဒီလိုဘဲ။ ကျနော့်ရဲ့အဖေဆိုလည်း မမှားပါဘူး။ ဆရာကြီးဆုံးသွားလို့ အမတို့ညီအမတွေ ကြေကွဲထိခိုက်ကြရသလို ကျနော်လည်း ဘယ်လောက်ကြေကွဲထိခိုက်ရသလဲဆိုတာ ခုကျနော်ပို့လိုက်တဲ့စာအုပ်ကို စ … ဆုံး ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။

အျပည့္အစုံသိုႛ ...

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၃)
အမျိုးသားစာဆို ကဗျာဆရာတင်မိုး
ထိန်လင်း
ဇန်န၀ါရီ ၂၃၊ ၂၀၀၉
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အကြောင်း ရေးသားတုန်းက အမေရိကန်သမ္မတ ဂျွန်ဆင်ဟာ ဦးသန့်ရဲ့ ၆၄ နှစ်ပြည့်မွေးနေ့မှာ ကွယ်လွန်ခဲ့တဲ့အကြောင်း ဦးသန့်ရေးထားတဲ့စာအုပ်ထဲက ကောက်နုတ်ပြီး ပြောပြခဲ့ပါတယ်။ တကယ်တော့ သူကွယ်လွန်ပြီးမှ သူ့မွေးနေ့မှာ ကွယ်လွန်ခဲ့တဲ့ စာဆိုကြီးတစ်ယောက်အကြောင်းတော့ ဦးသန့် သိမသွားခဲ့ပါဘူး။ သူကတော့ ကဗျာဆရာကြီး တင်မိုးဖြစ်ပါတယ်။ ဆရာတင်မိုးက ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဆိုတော့ ဦးသန့်ရဲ့ ရာပြည့်မွေးနေ့ဖြစ်တဲ့ အခုနှစ်မှာ ဆရာတင်မိုး ကွယ်လွန်ခဲ့တာ ၂ နှစ်ပြည့်ခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို ပုဆိုးနဲ့ ပင်နီတိုက်ပုံ ဝတ်ဆင်ရင်း သွားလာခဲ့တဲ့ ဆရာဟာ မြန်မာပြည်ကို သိပ်ချစ်တဲ့သူဖြစ်ပါတယ်။

အျပည့္အစုံသိုႛ ...

- ပြည်ပရောက် မြန်မာညွန့်ပေါင်းအစိုးရ တိုးချဲ့ဖွဲ့စည်း click
- MPU ညီလာခံ အိုင်ယာလန်မှာ ကျင်းပ click
- အမေရိကန်စီးပွား ဦးမော့လာရေး အိုဘားမား ဦးစားပေး click
- မစ္စတာဂမ်ဘာရီ မကြာမီ မြန်မာပြည်သွားမည် click
- အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ click
- မိတ္ထီလာ၌ သားသတ်လိုင်စင်ကြေး တိုးမြှင့်တော့မည် click
- အာဏာပိုင်များအတွက် သုံးရလွန်း၍ ဖျာပုံဆန်ကုန်သည်များ လိုငွေများစွာပြ click
- မြန်မာငွေဈေးမာပြီး နယ်စပ်ကုန်သွယ်ရေးကျ click
- အုတ်ဂူထဲက လာတဲ့စာ (ဘာသာပြန်ဆောင်းပါး) click
- ‘အိုးဝေကျေးဇူး’ click
- ရွှေပေါက်ကံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား click
- ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်များ ပန်းချီအနုပညာပြပွဲ ပြုလုပ် click

Burma News

Soaring Kyat Slows Remittances from Abroad

By THE IRRAWADDY
The black market value of Burma's currency, the kyat, hit a three-year high of nearly 1,000 to the US dollar on Friday, putting a brake on the unofficial cash transfers from abroad known as hundi.

Burma’s Chinese Gear Up for Year of the Ox

By SAW YAN NAING
Burma’s Chinese residents are gearing up for four days of celebrations marking their New Year, which officially begins on Monday.

Migrant Crackdown Won’t Solve Problem: Rights Groups

By LAWI WENG
The Thai government’s planned crackdown on illegal migrants won’t solve the underlying problem, say human rights groups.
INTERVIEW

No Great Expectations

By THE IRRAWADDY
Ludu Sein Win, a veteran Burmese journalist and lifelong observer of the world political scene, spoke to The Irrawaddy recently about his views on US President Barack Obama.

Child Labor Widespread in Delta

By THE IRRAWADDY
Some 300,000 children have been unable to return to school since last year’s cyclone and many are working as cheap labor.
LETTER FROM DELTA

On the Road to Labutta

By KYI WAI
The Irrawaddy’s Rangoon-based reporter recently returned to the scene of last year’s cyclone disaster and witnessed first-hand how villagers are handling the aftermath.
OPINION

Ethnic Minorities Hold the Key to Burma’s Future

By MIN ZIN
Ethnic ceasefire groups could play a game-changing role in Burmese politics, but only if they are strategic and coordinated. Otherwise, they will be the ultimate losers under the military’s constitution.

UN envoy to test waters in Burma's political quagmire

(Analysis) The United Nation's special envoy, Ibrahim Gambari will make another visit to Burma at the end of the month on what may be his final effort to broker talks...

Gambari's return fails to inspire Burmese Opposition

Burma's main opposition party - the National League for Democracy - said it does not expect United Nations special envoy Ibrahim Gambari's visit to yield fruit as the ruling generals...

UN awaits permission to assist Rohingyas in Indonesia

The United Nations Refugee agency (UNHCR) said it has requested permission from the Indonesian government to provide protection to 193 Burmese and Bangladeshis stranded off Sabang Island...

USDA will not contest in 2010 election: Official

The pro-government organization – Union Solidarity and Development Association – in Burma's western Chin state on Friday denied rumors that it will be changed into a political party to contest...


Sister Says Jailed Burmese Monk on Hunger Strike
Voice of America - USA
By VOA News The sister of a Buddhist monk imprisoned by Burma's military rulers for pro-democracy activities says her brother is on a hunger strike. ...
See all stories on this topic
Burma’s Chinese Gear Up for Year of the Ox
The Irrawaddy News Magazine - Chiang Mai,Thailand
By SAW YAN NAING Preparations are in full swing for Chinese New Year celebrations in Burma. The New Year is officially observed next Monday, ...
See all stories on this topic
UN seeks access to Burmese boat people
Sydney Morning Herald - Sydney,New South Wales,Australia
The United Nations is concerned over the plight of 174 Burmese boat people in Indonesian custody who were allegedly left to die at sea by the Thai military. ...
See all stories on this topic
AFP
Jailed Myanmar monk goes on hunger strike
AFP
Monk Gambira began to refuse food ten days ago, said Bo Kyi of the Thailand-based Assistance Association for Political Prisoners-Burma. ...
See all stories on this topic
Judgment for Mugabe
Boston Globe - United States
At present, comparable crimes are being committed by the military junta in Burma and the genocidal regime in Sudan. The best hope to save lives in the ...
See all stories on this topic
Burma's government-in-excile mulls future
Radio Australia - Melbourne,Victoria,Australia
Burma's government-in-exile is holding its fourth congress in the Irish city of Dublin. The group is made up of elected parliamentarians from the 1990 polls ...
See all stories on this topic
Talk will focus on regime in Burma
Flintshire Chronicle - Mold,Flintshire,UK
TWO campaigners travelling throughout the UK to spotlight the repressive regime in Burma will be visiting Hawarden on Sunday, February 8. ...
See all stories on this topic
Burmese refugees fearful of new life in USA
USA Today - USA
On the other hand, Say was a very important man — a teacher — among the other Burmese refugees at the Mae La camp in western Thailand. ...
See all stories on this topic
Report Says Deaths, Economic Losses Jump in 2008
Voice of America - USA
The Center for Research on Epidemiology of Disasters reports 2008 was one of the deadliest years on record, with two disasters, Cyclone Nargis in Burma and ...
See all stories on this topic
Dumped at sea: migrants accuse Thai army
guardian.co.uk - UK
Four men were shot dead and more than 400 died from dehydration and drowning after the Thai army intercepted migrant workers from Bangladesh and Burma and ...
See all stories on this topiic

Blogs Alert for: Burma news

Burma orders churches to cease services, stop meeting
Compass Direct went on to say that another local online news source, the Democratic Voice of Burma, claimed officials from the Ministry of Religious Affairs had summoned the owners of buildings where churches met and ordered them not to ...
Christian News - http://www.christiantelegraph.com/
Rule of Lords:The ties that bind Thailand's Burma policy « Pick to ...
The strength of these ties could not have been more apparent than in the handling of news that perhaps thousands of people from western Burma travelling to southern Thailand in boats have been repeatedly forced back out to sea since ...
Prachatai in English - http://www.prachatai.com/english/
BURMA: AUTHORITIES CLAMP DOWN ON CHRISTIANS « Particular Baptist ...
Another local online news source, the Democratic Voice of Burma, claimed officials from the Ministry of Religious Affairs had summoned the owners of buildings where churches met and ordered them not to rent their properties to religious ...
Particular Baptist Kev's Random Thoughts - http://pbaptist.wordpress.com/
Gambari to head back to Burma | Words of Life
Gambari to head back to Burma. Posted on January 23, 2009. Filed Under Burma news |. Ibrahim Gambari, the UN’s special envoy to Burma will visit the country at the end of this month according to media reports. ...
Words of Life - http://www.shaneabrahams.com/
Dumped at sea: migrants accuse Thai army | Bad News Day - Bad News ...
Four men were shot dead and more than 400 died from dehydration and drowning after the Thai army intercepted migrant workers from Bangladesh and Burma and left them to drift at sea, according to survivors' testimonies seen by the ...
Bad News Day - Bad News Blog - http://www.bad-news-day.com/

ဘန်ကောက်မြို့  ဂက်အိုး စက်ရုံတွင် အလုပ်သမားများ အလုပ်ထုတ်ခံရ ကိုယ်ဝန်ဆောင်များပါဝင်

ဇန္န၀ါရီ ၂၃

ဘန်ကောက်မြို့ စမူပါကန် ပါနန်း ဖက်ကစာ ရှိ ဂက်အိုးထုတ်လုပ်သည့်စက်ရုံတွင် မြန်မာ အလုပ်သမားများအား အလုပ်ရှင်မှ အလုပ်ထုတ်လိုက်သဖြင့် ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ အခက်ကြုံနေကြ ကြောင်းသိရသည်။

အလုပ်ထုတ်ခံရသူ အလုပ်သမား ကိုမင်းစိုးက (ဇန္န၀ါရီ ၁၆ ရက်နေ့က နယ်မြေခံပုလိပ်တွေလာတယ် ကျနော်တို့ အတွက် ငွေတောင်းတယ်။ သဌေးနဲ့ ညှိကြတယ်။ ပုလိပ်တွေတောင်းတဲ့ ငွေကများတယ်လို့ ပြောတယ်။ သူဌေး လည်း မတတ်နိုင်တဲ့ အဆုံး အလုပ်သမား ၇၀ ကျော်ကို ထုတ်လိုက်တယ်။ အဆက်အသွယ်ရှိတဲ့လူတွေ အခြား နေရာမှာ အလုပ်သွားရှာ နေကြတယ်။ ခုဒီမှာ လူ၃၀ ၀န်းကျင်လောက် အလုပ်လက်မဲ့ဖြစ်နေသေးတယ်။ ကိုယ်ဝန် ဆောင်ထား သူနှစ်ယောက်နဲ့ ကလေးမိခင် တစ်ယောက်ပါတယ်)ဟု ပြောသည်။

အလုပ်ထုတ်ခံရသော အလုပ်သမားများထဲတွင်ကိုယ်ဝန် ၄လရှိ မိခင် လောင်းတစ်ဦးနှင့် ကိုယ်ဝန်ဝန် ၅ လ ရှိ မိခင်လောင်း တစ်ဦး အပါအ၀င် ၆ လသားအရွယ် ကလေးနှင့် မိခင်တို့လည်း ပါဝင်ကြောင်း သိရသည်။

ဘန်ကောက် အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများ အနေဖြင့် ထိရောက်သော အကူအညီများကို မပေးနိုင်ကြသော်လည်း ထိုင်းနိုင်ရောက် မြန်မာနိုင်ငံသားများ အသင်းက ကလေးမိခင်များနှင့် ကိုယ်ဝန် ဆောင် မိခင်လောင်းများ အတွက် အကူအညီပေးနိုင်ရန် အင်ဂျီအိုများအား စုံစမ်းမှုများ ပြုလုပ်နေကြသည်

အလုပ်ထုတ်ခံရသော အလုပ်သမားများသည် အဆိုပါအလုပ်ရုံတွင် ၂ နှစ်ခန့် လုပ်ကိုင်ခဲ့သူများ ဖြစ်ကြသည်။ ၄င်းတို့ အလုပ်အကိုင် ပြန်လည်ရရှိရေးမှာ အလုပ်လုပ်ကိုင်ခွင့် (ဘတ်)မရှိသဖြင့် အလုပ်အကိုင် ရှာဖွေရန် အထူး ခက်ခဲလျှက် ရှိသည်။

အလုပ်ထုတ်လိုက်သော မြန်မာရွေ့ ပြောင်း အလုပ်သမားများ နေရာတွင် ထိုင်းအလုပ်သမားများနှင့် အစားထိုး လုပ်ကိုင်လျှက် ရှိကြောင်း အလုပ်ထုတ်ခံရသူများက ပြောသည်။

ကမ္ဘာစီးပွါးရေး ကျဆင်းမှုနည်းတူ ထိုင်းနိုင်ငံတွင်လည်း စီးပွားရေး ဆက်လက်ကျဆင်းလျှက် ရှိရာ ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင် နေကြသော မြန်မာများ အနေဖြင့် အလုပ်ထုတ်ခံရခြင်းများ နိုင်ငံအနှံ့ ပေါ်ပေါက် လျှက် ရှိသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

သတင်းပဒေသာ



ဂမ်ဘာရီ ပြန်လာမည်
(သုံးသပ်ချက်)
မြလူ/ ၂၃ ဇန်န၀ါရီ ၂၀၀၉
ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီသတင်းထောက် က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောက တခုလုံး သိနေကြပြီဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ ...အပြည့်အစုံသို့

ရွှေပြည်အေးမြို့သစ်တည်ဆောက်ရေး
သဘာဝပတ်ဝန်းကျင်ယိုယွင်း

မင်းနိုင်သူ/ ၂၃ ဇန်န၀ါရီ ၂၀၀၉
နအဖစစ်အစိုးရအနေဖြင့် ထမံသီရေအားလျှပ်စစ်စီမံကိန်း ကြောင့် ၎င်းတို့ ရွှေ့ပြောင်းခိုင်းထားသော ကျေးရွာများအား နေရာအစားပေးရန် ဟုမ္မလင်းမြို့၏ အောက်ဘက် (၂၂) မိုင်ခန့်အကွာတွင် ရွှေပြည်အေး မြို့သစ်ကို အပူတပြင်း တည်ဆောက်နေခြင်းကြောင့် သစ်တောများပြုန်းတီးကာ သဘာဝပတ်ဝန်းကျင် ...အပြည့်အစုံသို့
ဧည့်လာရန်သာ အရေးကြီးဟု
ဟိုတယ်လုပ်ငန်းရှင်များပြော
NEJ/ ၂၃ ဇန်န၀ါရီ ၂၀၀၉
ငွေဆောင်ကမ်းခြေဟိုတယ်များ သို့ ဧည့်သည်ဝင်ရန် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း (၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် ခရီးသွား ရာသီမ ကုန်မီ) တွင် ဟိုတယ်ဇုန်တခုလုံး မည်သည့်နည်း ဖြင့် ဧည့်သည် ၀င်ရောက်နိုင်မည်ကို .အပြည့်အစုံသို့

ရန်ကုန်မှာ လျှပ်စစ်မီးပြတ်
EPC က အကြောင်းအမျိုးမျိုးပြ

NEJ/ ၂၃ ဇန်န၀ါရီ ၂၀၀၉
ရန်ကုန်တွင် လျှပ်စစ်မီး အမြဲတမ်းပြတ်တောက်နေသည်ကို EPC သို့ မြို့ခံများက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြရာ EPC က အကြောင်းအမျိုးမျိုးပြ၍ ဖြေဆိုကြောင်း မြို့ခံများက ပြော သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှ ယခု ၂၀၀၉ ခုနှစ် ဇန်န၀ါရီအထိ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဝါးနေကြောင်း ၎င်းတို့က ဆိုသည်။ ...အပြည့်အစုံသို့
လေထန်ကုန်း
တပတ်ပိတ်
NEJ/ ၂၃ ဇန်န၀ါရီ ၂၀၀၉
ရန်ကုန်မီဒီယာလောကနှင့် စာပေလောကသားများ အမြဲ တမ်းထိုင်လေ့ရှိသည့် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် (၃၃) လမ်း (အထက်) ရှိ လေထန်ကုန်း လက်ဖက်ရည် ဆိုင်အား မြို့နယ် ကြံ့ဖွံ့အာဏာပိုင်များက ၂၀၀၉ ခု ဇန်န၀ါရီ (၂၂) ရက်နေ့မှစ၍ တပတ် ပိတ်ခိုင်းလိုက် ကြောင်း ရန်ကုန် စာပေလောကသားများက.အပြည့်အစုံသို့


တရုတ်နှစ်ကူး မြန်မာပြည်တွင် ပြုလုပ်သည်

တရုတ်နှစ်ကူး မြန်မာပြည်တွင် ပြုလုပ်သည်

မြန်မာပြည်ဖွား တရုတ် လူမျိုးများက လာမည့် တနင်္လာနေ့ (ဇန်နဝါရီလ ၂၆ ရက်နေ့) တွင် ကျရောက်မည့် တရုတ် နှစ်သစ်ကူး ပွဲတော်နေ့ အတွက် အသင့်ပြင်နေ ကြသည်။

တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများကို နှိမ်နင်းတော့မည်

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ များကို ရှေ့လျှောက် နှိမ်နင်းသွား တော့မည် ဟူသော ထိုင်းအစိုးရ၏ ကြေညာချက်မှာ အဖြေတခု မဟုတ်ကြောင်း ထိုင်းနိုင်ငံ

မြန်မာငွေ ရုတ်တရက်မာ၊ ငွေလွှဲလုပ်ငန်းတချို့ ရပ်ဆိုင်း

မြန်မာငွေဈေး ၂ ရက်အတွင်း ရုတ်တရက် တက်လာပြီး မြန်မာငွေနှင့် ဆက်စပ် နေသည့် အမေရိကန် ဒေါ်လာ၊ ထိုင်း ဘတ်ငွေ၊ တရုတ် ယွမ်ငွေ၊ စင်ကာပူ ဒေါ်လာ စသည့် ငွေကြေးများ

- ကွန်ဂို သူပုန်ခေါင်းဆောင် အဲန်ကွန်ဒါးကို ဖမ်းမိ click
- လှေစီးပြေး ရိုဟင်ဂျာတွေ နိုင်ငံရေးဒုက္ခသည် မဟုတ်လျင် အင်ဒိုနီးရှား လက်ခံမည်မဟုတ် click
- ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှားနိုင်ငံက ခိုလှုံခွင့်မပေး click
- တစညပါတီ ပဲခူးတိုင်း စည်းရုံးရေးဆင်း click
- နိုင်ငံရေးအကျဉ်းသားများရော မိသားစုများပါ ဒုက္ခမျိုးစုံ ကြုံနေရ click
- ရာဇ၀တ်မှုများနှင့် ပတ်သက်နေသည့် ဆရာတော်တပါးကို နိုင်ငံတော်သံဃာ့အဖွဲ့ ကာကွယ် click
- မဲဆောက်မြို့တွင် မြန်မာအလုပ်သမား ၄၀၀ ကျော် အဖမ်းခံရ click
- ကျန်းမာရေးဆိုးဝါးနေသည့် မကေသီအောင်ကို ပြန်လွှတ်ဖို့ တောင်းဆို click
- သံလျင်ရေကြောင်းတက္ကသိုလ်ကိုသွားမည့် ကျောင်းကား တိမ်းမှောက် click
- အိုင်အယ်လ်အိုကို အကြောင်းကြားရာ၌ တောင်သူများကို ကူညီခဲ့သူ ထောင်ဒဏ်ချမှတ်ခံရပြီ click
- ထိုင်းက ရိုဟင်ဂျာတွေနဲ့တွေ့ခွင့် ကုလတောင်းထား click
- အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များအား ရဲကစောင့်ကြည့်နေ click
- ရွှေ့ပြောင်းလုပ်သားအရေး တရားမျှတမှုရှိသင့်ဟု လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို click
- မဲဆောက်တွင် မြန်မာနိုင်ငံသားများ ရာချီအဖမ်းခံရ click
- သိုင်းဆရာကြီး စောလှမောင် ပြန်လည်လွှတ်မြောက်လာသော်လည်း ဆက်လက်စောင့်ကြည့်ခံနေရဆဲ click
- တိုင်းမှူးကတော်မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ရန်ပုံငွေအတွက် CDMA ဖုန်းရောင်းမည် click
- ဂမ်ဘာရီ ပြန်လာမည် click
- ရွှေပြည်အေးမြို့သစ်တည်ဆောက်ရေး သဘာဝပတ်ဝန်းကျင် ယိုယွင်း click
- ဧည့်လာရန်သာ အရေးကြီးဟု ဟိုတယ်လုပ်ငန်းရှင်များပြော click
- ရန်ကုန်မှာ လျှပ်စစ်မီးပြတ်၊ EPC က အကြောင်းအမျိုးမျိုးပြ click
- လေထန်ကုန်း တပတ်ပိတ် click
- ဘာလင်-မြန်မာသံရုံး လွတ်လပ်ရေးဧည့်ခံပွဲ၊ နာဇီအမျိုးသားသီချင်းနှင့် မှားဖွင့်လို့ အရှက်ရ click
- စီးပွားရေးဒဏ်ခတ်မှုကို စစ်အစိုးရ ဘာကြောင့်ကြောက်ရသလဲ (အယ်ဒီတာ့အာဘော်) click
- ၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ-၂ (ဆောင်းပါး) click
- ထိုင်း-မြန်မာ အောက်လမ်းခရီး ဟွေ့ဟင်ဖွန်ဂိတ်နှင့် (၉၉၉) လူပွဲစားများ (သတင်းဆောင်းပါး) click
- တရုတ်နှစ်ကူး မြန်မာပြည်တွင် ပြုလုပ်သည် click
- တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများကို နှိမ်နင်းတော့မည် click
- ဦးသန့် သို့မဟုတ် မီးလျှံကြားက ကြာပန်းတပွင့် (ဆောင်းပါး) click
- ကမ္ဘာ့တဘက်ခြမ်းမှ ပဲ့တင်သံအင်အား (သူ့အမြင် သူ့အတွေး) click
- ဝ ပြည်သွေးစည်းရေးကို ပါတီအဖြစ်ပြောင်းရေး စစ်အစိုးရ စည်းရုံးပြန် click
- လှဒါနီ ပြောချင်သေးတယ် (ဆောင်းပါး) click
- မြန်မာ့နိုင်ငံရေးကို ကုလအထူးသံ သွေးတိုးစမ်းဦးမည် (သုံးသပ်ချက်) click
- လူပျင်းနှင့် တန်ဖိုးသတ်မှတ်ခြင်း (ဆောင်းပါး) click
- ပွင့်အန်ထွက်လာသော စကားလုံးများ (သို့မဟုတ်) ယဉ်ကျေးမှုကို လက်ဝါးကြီးအုပ်၍မရ (ဆောင်းပါး) click
- ရွေးကောက်ပွဲဝင်မည့် အဖွဲ့များကို ၀န်ကြီးဌာနများက စာရင်းကောက် click
- ကုလကိုယ်စားလှယ် ဂမ်ဘာရီ မကြာမီ မြန်မာပြည်လာဦးမည် click
- ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးတာဝန် စတင်ထမ်းဆောင် click
- ၁၆ လအတွင်း အီရတ်ကဆုတ်ခွာရေး အမေရိကန် စဉ်းစားဆဲ click
- သေကံမရောက် ရေမျော မြန်မာနှစ်ဦး (ဗွီဒီယိုသတင်း) click
- အရေးပါတဲ့ ရာထူးတွေ အိုဘားမား ခန့်အပ်ပြီ click
- စစ်တွေသံဃာ့လှုပ်ရှားမှု ဦးဆောင်သံဃာ ထောင်တွင်း၌ ကျန်းမာရေးဆိုးရွားနေ click
- ပြည်ပရောက် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ အိုင်ယာလန်၌ စည်းဝေး click
- အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုရေး စီအာပီပီ ဆွေးနွေး click
- ထောင်ကျနေသည့် လူငယ်ရှေ့နေ ဦးညီညီထွေး၏ အယူခံကို ပယ်ချ click
- လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ရှေ့နေမပါဘဲ အမှုစတင်စစ်ဆေး click
- ပြန်ပေးဆွဲမှုနှင့် ပတ်သက်၌ မြန်မာနှစ်ဦးကို တရုတ်ရဲက ဖမ်းထားသည်ဟုဆို click
- ပူကျင့်ရှင်းထန်၏ သားအမှုကို ပြင်ဆင်လိုက်၍ ထောင်ဒဏ် ၁၃ နှစ်လျော့ click
- သီးနှံပျက်၍ တောင်သူအခက်ကြုံ၊ နာဂစ်ဒေသ၌ ကုလသမဂ္ဂက ကူညီနေဟုဆို click
- မိတ္ထီလာတွင် အနှိပ်ခန်းဗန်းပြသည့် ဇိမ်ခန်းများ များပြားလာ click
- ဒလအဖွဲ့ချုပ်လူငယ်ခေါင်းဆောင် အမှုဆင်ထောင်ချခံရ click
- ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး (အမှတ်တရများ) click
- အမျိုးသားစာဆို ကဗျာဆရာတင်မိုး (ဆောင်းပါး) click
- ကမ္ဘာကြီး ပြောင်းလဲသွားတဲ့နေ့ (ဆောင်းပါး) click
- ညောင်ရွှေဟော်နန်းအား နအဖစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းလဲ click
- နယ်လှည့်ပြည်သူ့ဆက်ဆံရေးဇာတ်အဖွဲ့ တညတာဖြေဖျော်မူ ဆုငွေသန်းချီရ click
လမ်းပြမြေပုံကလည်း ခေါင်းကိုက်စရာပါလား (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

အမျိုးသားညီညွတ်ရေးလွှတ်တော် ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရတရပ် ဖော်ဆောင်သင့်ကြောင်း NCUB ၏ အဆိုပြုတင်ပြချက်

Cover Letter & Concept Paper for NUP & NUG Approved Draft _Bur_ 21 Jan 2009