9.22.2010

တရားမ၀င်အမိန့်ထုတ်စာ မြန်မာအလုပ်သမားများ နေအိမ်ခန်းများတွင်ကပ်ထား

Photobucket
စက်တင်ဘာ ၂၂
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကူရပူရီ မြို့နယ်၊ နန်ယွန်ရလား(နံယောင်)နယ်မြေအတွင်းရှိ မြန်မာအလုပ်သမားများ နေထိုင်ရာအိမ်ခန်းများတွင် မြန်မာများညမထွက်ရအမိန့်နှင့် မော်တော်ဆိုင်ကယ်စီးနင်းခွင့်မပြုကြောင်း တရားမ၀င်ထုတ်ပြန်ကြေညာချက် စာရွက်များကပ်ထားကြောင်း သိရှိရသည်။ အဆိုပါစာတွင်-
(၁)၊ မြန်မာ အလုပ်သမားများအနေဖြင့် ညနေ ၉နာရီမှ နံနက်၅နာရီအတွင်းအပြင်သို့ ထွက်ခွင့်မပြု။
(၂)အလုပ်သမားများ ဘတ်ရှိရမည်ဖြစ်ပြီး၊ အလုပ်လုပ်သည့်နေရာနှင့်မိမိဘတ်တို့ တစ်ထပ်တည်းဖြစ်ရမည်။ စစ်ဆေးလျှင် ပြသနိုင်ရန် ကိုယ်နှင့်မကွာ အမြဲတမ်းထားရှိရမည်။
(၃)ဘတ်ရှိသည် ဖြစ်စေ/မရှိသည်ဖြစ်စေ၊ သူဌေးပိုင်ဆိုင်သော ယာဉ်များကို စီးနင်းခွင့်မပြု၊ သူဌေး အနေဖြင့်လည်း မိမိအလုပ်သမားအား ယာဉ်စီနင်းခွင့်မပြုရ၊ အကယ်၍ တွေ့ရှိပါက အပြစ်ပေး အရေးယူခြင်း ခံရမည်။ စက်တင်ဘာ(၇)ရက်နေ့မှ စတင်၍ ကြပ်မတ်ဆောင်ရွက်သွားမည်။( အသိပေးသူ ပုလိပ်) ဟူ၍ ရေးသားထားသည်။
နေအိမ်ခန်းတွင် စာကပ်ခြင်းခံထားရပြီး စိုးရိမ်နေသော မြန်မာအလုပ်သမ ဒေါ်…..က“ကျမကတော့ ဆိုင်ကယ်သမားတွေက ပုလိပ်ကိုတိုင်တဲ့အတွက် ပုလိပ်တွေက စာကပ်ထားတာဖြစ်တယ်။ မြန်မာအလုပ် သမားတွေ ဆိုင်ကယ်စီးလာကြတယ်၊ သူဌေးခိုင်းတာလည်းရှိတာပေါ့၊ ဆိုတော့ ဆိုင်ကယ်သမားတွေဝင် ငွေနည်းလာတယ်လေ။ အဓိကကတော့ မြန်မာအလုပ်သမားတွေကို နှိပ်ကွပ်တဲ့သဘောပါပဲ”ဟု ပြောဆို သည်။
ယခင်လပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် မြန်မာအလုပ်သမားဆိုင်ကယ်စီသည့်အရေ အတွက် တိုးပွားလာခဲ့သဖြင့် အငှားဆိုင်ကယ်ပြေးဆွဲသူများက မြို့နယ်အာဏာပိုင်ရုံးတွင် ဆန္ဒပြခဲ့ကြသည်။ ဒေသခံ အငှါးဆိုင်ကယ်သမားများ ကန့်ကွက်ထားမှုကြောင့် ရနောင်းမြို့တွင် မြန်မာအလုပ်သမားများအား ယာဉ်မောင်းလိုင်စင် ထုတ်ပေးသည့် လုပ်ငန်းကို ရပ်တန့်ထားခဲ့သည့်မှာ တစ်လကျော် ကြာခဲ့ပြီးဖြစ်သည်။ ဖန်ငအခြေစိုက် FED အဖွဲ့ဒါရိုက်တာ ဦးထူးချစ်က “ဒီကြေညာချက်ကို ထိုင်းအာဏာပိုင်တွေက တကယ်ထုတ်ပြန်ရိုး မှန်ရင်တော့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးကိုချိုး ဖေါက်တာဖြစ်တယ်၊ နောက်ဆိုးကျိုးတွေဖြစ်လာမှာက ဒီကြေညာချက်ကို အခွင့်ကောင်းယူပြီးတော့
ဒေသခံ ထိုင်းလူမျိုးတွေက မြန်မာအလုပ်သမားတွေ အပြင်ကို ထွက်လာရင်၊ အနိုင်ကျင့်ဗိုလ်ကျတာတွေ
စော်ကားတာတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးသလို ဖြစ်လာမှာပေါ့၊ ဒါမျိုးက မဖြစ်သင့်တဲ့ကိစ္စပါ”ဟု
ပြောသည်။
ထိုင်းနိုင်ငံတနံတလျား၌ လုပ်ငန်းခွင် အသီးသီးအတွက် သန်းချီသော မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်လျှက် ရှိကြရာတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း မပြည်စုံခြင်းများကြောင့် မြန်မာရွေ့ပြောင်း အလုပ်သမားများမှာ ထိုင်းရဲများ၊ ထိုင်းလုပ်ငန်းရှင်များနှင့် ထိုင်းလူမျိုးလေ့လွင့် လူငယ်များ၏ အနိုင်အထက်ပြုမူခြင်း အမျိုးမျိုးတို့ကို အချိန်ကာလ အတန်ကြာခံစားခဲ့ကြပြီးဖြစ်သည်။
ထို့ကြောင့်လည်း၊ နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)အပြင် ယာယီပတ်စပို့တို့ အားလည်း ငွေအများအပြား
အကုန်အကျခံ လုပ်ကိုင်နေကြဆဲဖြစ်သည်။ သို့ရာတွင် ထိုင်းလူမျိုးတို့က မြန်မာရွေ့ ပြောင်းအလုပ်သမားများ
အား ဖိနှိပ်ဆက်ဆံလိုကြဆဲဖြစ်ကြောင်း (နံယောင်) အခြေစိုက် မြန်မာကျောင်းဆရာမတစ်ဦးက ထောက်ပြ ပြောဆိုသွားသည်။

ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)

ABMA Journal Volume 1 No 16

ရဲကားကိုတိုက်မိသည့်ကားပေါ်မှ မြန်မာရွေ့ပြောင်း၁၀၀ ဖမ်းမိ

Photobucket
စက်တင်ဘာ၂၀
ထိုင်းဘာသာပြန် ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံတောင်ပိုင်းကျုံဖေါ်မြို့နယ်၊လန်စွန်းမြို့အနီးရှိ အာရှလမ်းမကြီး၊မိုင်တိုင်အမှတ် ၄၁ အနီးရှိ၊ရဲကင်းမှ
စစ်ဆေးရန်ရပ်နားခိုင်းစဉ်၊ ရပ်မပေးပဲ မောင်းပြေးသည့်ကားက ထိုင်းလုံခြုံရေးကင်းလှည့်အား တိုက်မိသဖြင့်၊ ရပ်နားခဲ့ရာမှ ကားပေါ်တွင်ပါသော မြန်မာတစ်ရာကိုဖမ်းမိခဲ့သည်။
ယမန်နေ့ညနေပိုင်းက၊ ကျုံဖေါ်မြို့နယ်၊ နယ်မြေအမှတ်(၄)အရောက်တွင် လုံခြုံရေးကားအားတိုက်မိခဲ့သဖြင့် ထိုင်းရဲကားမှာ ရစရာမရှိအောင် ပျက်စီးသွားကြောင်း ရေးသားထားသော်လည်း ကားမောင်းသည့်ရဲဝန်ထမ်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် မြန်မာအလုပ်သမား တင်ဆောင်လာသည့်ကားအား မောင်းနှင်လာသည့် ကားမောင်းသမားအား ဖမ်းမိ/မမိကိုမူ ခုံချလစ်(ကြည်လင်ပြတ်သားသည့်သတင်းစာ)သတင်းတွင် ရှင်းရှင်းလင်းလင်း ရေးသားထားခြင်းမရှိပါ။