11.14.2010

ဒေါ်အောင်ဆန်းစုကြည် သတင်းများ

ဒီနေ့တက်လာသမျှ သတင်းတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းများသာ ဖြစ်နေတဲ့ အတွက် သတင်းခေါင်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သတင်းများလို့ ပြောင်းလဲ တင်ဆက်လိုက်ရပါတယ်။
DVB ၏ တင်ဆက်မှု

more

 

more

 

more

 

more
မိုးမခမီဒီယာ၏ တင်ဆက်မှု
အမေရိကန်မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက်တွန်း
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၁၄၊ ၂၀၁၀
ယနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ရန်ကုန်မြို့၊ ဗဟန်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရှေ့ ဧည့်ပရိသတ် သောင်းကျော်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သူလွတ်မြောက်လာအပြီး ပထမဦးဆုံး လူထုသို့ မိန့်ခွန်းပြောကြားလိုက်ပါတယ်။ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒသဘောထားကို နားထောင်သွားမယ်။ လူထုနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ကြမယ်လို့ ပြောလိုက်ပါတယ်။
အပြည့်အစုံသို့ ...
အမေရိကန်မြန်မာကွန်မြူနီတီက မြန်မာ့အရေးလှုပ်ရှားသူများရဲ့ ဒေါ်စုလွတ်မြောက်ခြင်း အပေါ်သဘောထား
မိုးမခနဲ့ စကားလက်ဆုံ
နိုဝင်ဘာ ၁၄၊ ၂၀၁၀
(Photo - Rangoon, Nov 13th 2010, Child with Suu's postcard stitched on her dress) 
အပြည့်အစုံသို့ ...
 
ခွန်အားအပြည့် အားမာန်အပြည့်နဲ့ ဒေါ်အောင်ဆန်းစုကြည်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
နိုဝင်ဘာ ၁၄၊ ၂၀၁၀
ယမန်နေ့  ညနေပိုင်းက မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ရက်စေ့ပြီး ပြန်လည် လွတ်မြောက်လာပါတယ်။ နိုင်ငံတကာနဲ့ အများပြည်သူတရပ်လုံးက မျှော်လင့် ထောက်ခံတဲ့ ဒီမိုကရေစီခေါင်းဆောင်တဦး အကျဉ်းကျနေရာက လွတ်မြောက်လာတဲ့အတွက် အားလုံးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ အဲသည်နေ့ မြင်ကွင်းနဲ့ အခြေအနေကို ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ (နိုဝင်ဘာ ၁၃ ရက် ညပိုင်း ၁၀ နာရီ ခန့်က မေးမြန်းခဲ့တာ ဖြစ်ပါတယ်) (Photo - 13th Nov 2010, Rangoon, NLD HQ, Burmese child with Suu's wall poster before her release in the afternoon - MoeMaKa)
အပြည့်အစုံသို့ ...
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် သမ္မတ ဘာရက် အိုဘားမား၏ သဘောထားထုတ်ပြန်ချက်
အိမ်ဖြူတော် - သတင်း ထုတ်ပြန်ရေးဌာန
သတင်းထုတ်ပြန်ချက် ။ ။ နိုဝင်ဘာ ၁၃၊ ၂၀၁၀
မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား လွန်လွန်ကဲကဲ အချိန်ကာလကြာရှည်စွာ အဆက်အသွယ်ဖြတ်တောက် နှုတ်ပိတ်ထားခဲ့ပေမယ့် သူမအနေနဲ့ ရဲရဲဝံ့ဝံ့ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး နဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲမှုများအတွက် ဆက်လက်တိုက်ပွဲနေခဲ့တယ်။ သူမဟာ ကျနော်ရဲ့  သူရဲကောင်တဦးဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝှမ်းမှာ အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင် (လုပ်ကိုင်) နေကြသူတွေအားလုံးအတွက် ခွန်အားအရင်းအမြစ် ဖြစ်ပါတယ်။ သူမရဲ့  ပြန်လည်လွတ်မြောက်လာမှုကို အမေရိကန်ပြည်ထောင်စု က ကြိုဆိုပါတယ်။
အပြည့်အစုံသို့ ...
ဧရာဝတီ၏ တင်ဆက်မှု
အန်အယ်လ်ဒီရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (ရုပ်သံ)
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်း
NLD နိုင်ငံရေး ဆက်လုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

NLD နိုင်ငံရေး ဆက်လုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရစီ အဖွဲ့ (NLD) ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ သတင်းသမားများနှင့် တွေ့ဆုံ၍ ယနေ့ နေ့လယ်ပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ
ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရင်ကြားစေ့ရေး ဆက်လုပ်မည်

ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရင်ကြားစေ့ရေး ဆက်လုပ်မည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ အင်အားစုအားလုံးနှင့် လက်တွဲ၍ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့ ပြောကြား

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကမ္ဘာ့ခေါင်းဆောင်များ ကြိုဆို

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ၇ နှစ်ခွဲကျော် အချုပ်ခံရရာမှ လွတ်မြောက်လာသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ ထင်ရှားသည့်

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ရ

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ်ရသည့်တိုင် သူ့အနေဖြင့် လူထု၏အသံကို နားထောင်ရန် နိုင်ငံတဝန်းသို့ ခရီးထွက်လိမ့်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)

မဇ္ဈမ၏ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု

အပျော်ဆုံးနေ့
(ဦးအောင်ဖေ၊ တွံတေးမြို့ကျုရှင်ဆရာ)

“ပြောရရင်တော့ အပျော်ဆုံးနေ့ပဲ။ ကျနော် ၁ဝ တန်း ကျောင်းသားသာဆိုရင် အပျော်ဆုံးနေ့ဆိုတဲ့ စာစီစာကုန်း ရေးခိုင်းရင် ဒီနေ့ကို ကျနော်ရေးမှာ။ မနေ့တုန်းက ဒေါ်စုခြံရှေ့မှာ လူထုကို ထိန်းတော့၊ အသံတိတ်ဖို့ ရှူးရှူးလုပ်တော့ လူတွေက မတိတ်ကြဘူးဗျာ။ ဒေါ်စုက သူ့လက်ကလေးခါပြီး ရှူးရှူး လုပ်လိုက်တော့ အားလုံးက မီးခဲကို ရေနဲ့ ဖြန်းလိုက်သလိုပဲ အကုန်လုံး ငြိမ်သွားတယ်။ အရမ်းပီတိဖြစ်သွားတာ။ နိုင်ငံရေးဆိုတာ အဲဒါပဲလို့ ပိုပြီးတော့ နားလည်သွားတယ်”

ပြောမပြနိုင်လောက်အောင် ဝမ်းမြောက်
(သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးဓမ္မဝံသ)

“ဦးဇင်းတို့အနေနဲ့ ဝမ်းမြောက်ပါတယ်။ ဘယ်လောက်ထိ ဝမ်းမြောက်လဲဆိုရင် ပြောမပြနိုင်လောက်တဲ့ အနေအထားမျိုးကို ဝမ်းမြောက်ပါတယ်။ ဒေါ်စုလွတ်လာတော့ ဘယ်လိုခံစားလဲဆိုရင် လေးလေးနက်နက် ခံစားရတယ်။ လူထုက ဒေါ်စုကို ထောက်ခံပါတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတယ်”

ပြည်သူ့ခေါင်းဆောင်
(ရန်ကုန်မြို့ခံတဦး)

“ဒီနေ့က အင်မတန်မှ လူသမုဒ္ဒရာကြီးလို့ ပြောရမှာပေါ့ဗျာ။ ပြည်သူတွေရဲ့ ဆန္ဒဟာ မဲမပေးရဘဲနဲ့ ရင်ထဲမှာ ဘာဆန္ဒ ရှိတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတာပေါ့ဗျာ။ ပြည်သူချစ်တဲ့ ပြည်သူတွေရဲ့ ခေါင်းဆောင်ဆိုတာ ဒီခေါင်းဆောင်မျိုးပဲ ဆိုတာကိုလည်း ရင်ထဲမှာ တကယ်ခံစားရပါတယ်ဗျာ”
16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်NLD က နိုင်ငံရေး ဆက်လုပ်မယ်လို့ ဒေါ်စု ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ နိုင်ငံရေးလုပ်ဖို့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်လို့ နိုင်ငံရေးပဲ ဆက်လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သံတမန်တချို့နဲ့ သတင်းထောက် အယောက် ၂ဝ လောက်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံပြောဆိုခဲ့ပါတယ်။  ရန်ကုန် NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “NLD ဟာ NGO (အစိုးရမဟုတ်သောအဖွဲ့) လုပ်မှာလား” ဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို ပြန်ဖြေခဲ့တာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

NLD ထဲက ခေါင်းဆောင်တချို့ဟာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဖွဲ့စည်းပြီး၊ ရွေးကောက်ပွဲ ဝင်ခဲ့တာကြောင့် NDF ကို ဘယ်လိုသဘောထားလဲဆိုတဲ့ အမေးကိုတော့ သူက “ကြံ့ခိုင်ရေးပါတီ အပါအဝင်၊ ပါတီတွေထဲက ပါတီတခုလို့ပဲ သဘောထားပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီကနေ့ နေ့လည် ၁၂ နာရီမှာ ဗဟန်းမြို့နယ်ထဲက ပါတီရုံးချုပ်မှာ လူထု ၄ သောင်းလောက်ကို မိန့်ခွန်းပြောခဲ့ရာမှာ “ ဇွဲရှိဖို့ တယောက်နဲ့တယောက် ညှာတာထောက်ထားဖို့၊ တယောက်နဲ့တယောက် စာနာစိတ်ထားဖို့ အဓိကထား ပြောသွားတယ်’’ လို့ NLD လူငယ် ကိုရာဇာက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ နေအိမ်မှာ အင်တာနက်နဲ့ တယ်လီဖုန်း သုံးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး၊ မနက်ဖြန်မှာ ရုံးတက်ဖို့ စီစဉ်ထားပါတယ်။ ရုံးကိုလာတဲ့ ပရိသတ်များရင်တော့ ဟောပြောပွဲလည်း လုပ်သွားမှာပါ။
15 နာရီ 53 မိနစ် - မြန်မာစံတော်ချိန်
15 နာရီ 53 မိနစ် - မြန်မာစံတော်ချိန်ယနေ့ နေ့လယ် ၁နာရီက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ

40017


၇ နှစ်အကြာမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ပ လူထုဟောပြောပွဲကို တက်ရောက်လာကြသူ များပြား

၇ နှစ်အကြာမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ပ လူထုဟောပြောပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ တနင်္ဂနွေ နိုဝင်ဘာ ၁၄ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပရိတ်သတ် အနည်းဆုံး ၄ သောင်းရှိမယ်လို့ ရန်ကုန်က မဇ္ဈိမသတင်းထောက်တွေက ခန့်မှန်းထားသည်။

13 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲပြီးဆုံး
12 နာရီ 58 မိနစ် - မြန်မာစံတော်ချိန်တိုးပေါက်မလွယ်တဲ့ လူအုပ်ကြီး
ကျမ လုပ်ဖော်ကိုင်ဘက်တွေ၊ ထောင်ထဲက ဒီမိုကရေစီ လုပ်ဖော်ကိုင်ဘက်တွေကို ဂုဏ်ပြုချင်တယ်။ မြန်မြန်လွတ်လာပါစေလို့။
12 နာရီ 35 မိနစ် - မြန်မာစံတော်ချိန်မိန့်ခွန်း ကောက်နုတ်ချက် ...
“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”

“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။  အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’

“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’

“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”

“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”

“လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။
ကျမတို့ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။”

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’

“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’

“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’

“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’
12 နာရီ 33 မိနစ် - မြန်မာစံတော်ချိန်တိုးပေါက်မလွယ်တဲ့ လူအုပ်ကြီး
၇ နှစ်အကြာမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နေအိမ်အပြင်ဘက်ထွက် လူထုစကားပြောမှုကို လာရောက်နားထောင်သူဟာ အနည်းဆုံး ၄ သောင်းကျော်မယ်လို့  သွားရောက် နားထောင်နေတဲ့ မဇ္ဈိမသတင်းထောက်တွေက ခန့်မှန်းထားကြပါတယ်။

လူအုပ်ကြီးက “တိုးပေါက်လို့မလွယ်အောင် ပြည့်ညှပ်ကြပ်နေတယ်” လို့ သတင်းထောက် တယောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ မိန်းခွန်းထဲက ကောက်နှုတ်ချက်တချို့ကို ထပ်မံတင်ပြရရင်

“ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"

“ ပြည်သူ့လုပ်အားတဲ့ အလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်လုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။”