1.31.2009

သတင်းပဒေသာ



NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ...အပြည့်အစုံသို့

ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ
မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူးအာမခံ

ဝီရ / ၃၀ ဇန်န၀ါရီ ၂၀၀၉ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ဖြည့် စွက်ခြင်းများ မလုပ်ဆောင်ပါလျှင် ၎င်းတို့ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်နက် ကိုင် အပစ်ရပ်အဖွဲ့အစည်းကြီး ..အပြည့်အစုံသို့

ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ

ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် စနေနေ့နံနက်က မြန်မာနိုင်ငံသို့ နောက်တကြိမ်လာရောက် လည်ပတ်ရာ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကြားဝင်ဆောင်ရွက်နေသော ကိုယ်စားလှယ်တော်ကြီး၏ ခုနှစ်ကြိမ်မြောက်...

ချင်းတောင်ပိုင်း မြို့နယ်များတွင် ရောဂါထူပြောလာဟု အန်ဂျီအိုပြော

ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များမှ အိန္ဒိယ-မြန်မာနယ်စပ် အခမဲ့ဆေးခန်းသို့ လာရောက် ဆေးကုသသူ ၁၅ ဆကျော် မြင့်တက်လာကြောင်း အန်ဂျီအိုအဖွဲ့ တခုက...

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဟု စစ်အစိုးရပြော

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုသည်မှာ မရှိကြောင်း မြန်မာစစ်အစိုးရက သူ၏ ယနေ့ထုတ် သတင်းစာမှတဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်။ "ပြည်ထောင်စု မြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားလူမျိုးစု...

ရန်ကုန်တွင် ဘိန်းဖြူများ ဖမ်းမိ

ရန်ကုန်တွင် ဘိန်းဖြူများ ဖမ်းမိ

ရန်ကုန်မြို့ အေးရှားဝေါလ် ဆိပ်ကမ်းကနေ ပြည်ပထွက်ခွာ သဘောင်္ တစင်းပေါ်တွင် ဇန်န၀ါရီ ၂၅ ရက်နေ့က အနည်းဆုံး ဘိန်းဖြူ ၂၉ ကီလိုဂရမ်ကို မူးယစ် ဗဟိုက ဖမ်းဆီးခဲ့ကြောင်း

နာဂစ်၏ ၀ိဉာဉ်များ ကျန်ရစ်သူများကို ခြောက်လှန့်နေဆဲ

ည ၁၂ နာရီထိုးပြီး မိနစ် ၂၀ ရောက်ပြီဆိုတာနှင့်ပင် သူ့ အာရုံတို့သည် ဖျတ်ခနဲ နိုးလာကာ ပြင်ပမှ အသံဗလံ တို့ကို စတင် ကြားယောင် လာတော့သည်။

ရိုဟင်ဂျာ ပြဿနာအစ မြန်မာပြည်က

လှေစီး ရိုဟင်ဂျာများ ကြုံတွေ့ နေရသည့် ပြဿနာ၏ အစမှာ မြန်မာနိုင်ငံ ဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့ကြီးတခုက ယမန်နေ့က ပြောကြားလိုက်ပြီး မြန်မာပြည်တွင် ရိုဟင်ဂျာ

ဖယောင်းတိုင်မီးကစ အိမ် ၂ လုံးပြာကျ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက်တွင် ယမန်နေ့ ည က လျှပ်စစ်မီးမလာ၍ ဖယောင်းတိုင် ထွန်းရာ မှတဆင့် အိမ် ၂ လုံးမီး လောင်ခဲ့ကြောင်း ဒေသခံများကပြော

ရိုဟင်ဂျာအရေး နေပြည်တော် အော်ပြီ
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၃၀၊ ၂၀၀၉ရခိုင်ပြည်နယ်ဘက်မှ ရိုဟင်ဂျာများအရေးနှင့်ပတ်သက်ပြီး ဆူပွက်နေချိန်တွင် မြန်မာစစ်အစိုးရ၏ သဘောထားကို ယနေ့ထုတ်သတင်းစာများမှတဆင့် တွေ့လိုက်ရသည်။
မဵက်မှောက်ရေးရာ - ခွဲခြမ်းစိတ်ဖြာ ပြည်တွင်းရေးရာ
မနိုင်ဝန် ထမ်းသူများအကြောင်း
ဒီအောင်ခင်
ဇန်န၀ါရီ ၃၀၊ ၂၀၀၉
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)က ပြီးခဲ့တဲ့လဆန်းပိုင်းမှာ သုံးရက်ကြာ လုပ်ခဲ့တဲ့ အစည်းအဝေးမှတ်တမ်း ပြင်ပကို ပေါက်ကြားလာပါတယ်။ မပခ နယ်မြေမှာ ကချင်ပြည်နယ် ပါဝင်ပါတယ်။ ကချင်ဒေသနဲ့ နီးတဲ့ ရှမ်းပြည်နယ်ထဲက မြို့တချို့လည်း ပါဝင်ပါတယ်။
မြစ်ကြီးနားမြို့မှာလုပ်တဲ့ ဒီအစည်းအဝေးကို တိုင်းမှူးဖြစ်လာတာ ၆ လပဲ ရှိသေးတဲ့ ဗိုလ်မှူးချုပ် စိုးဝင်း တက်ပါတယ်။ မြောက်ပိုင်းတိုင်းထဲမှာရှိတဲ့ ဗျူးဟာမှူး၊ တပ်ရင်းမှူး စသဖြင့် အရာရှိ အယောက် ၈၀ ၀န်းကျင်ရဲ့ နာမည်တွေလည်း တွေ့ရပါတယ်။
ပထမဆုံး တိုင်းမှူးက သူ့အထက် ခေါင်းဆောင်တွေရဲ့ အမှာစကားတွေကို ပြန်ရှင်းပြတဲ့အကြောင်း ထိပ်တန်းလျှို့ဝှက် ဆိုတဲ့ ဒီအစည်းအဝေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အျပည့္အစုံသိုႛ ...

2009 and economic cirsis
မဵက်မှောက်ရေးရာ - သတင်းဆောင်းပၝး
၂ဝဝ၉ နဲ့ မြန်မာ့စီးပွားရေး အကြပ်အတည်း
သန်းစိုးလှိုင်
ဇန်နဝါရီ ၂၉၊ ၂ဝဝ၉
(photos: moemaka)

ပြည်ပကလွှင့်တဲ့ မြန်မာပိုင်း ရေဒီယိုတွေ၊ အပတ်စဉ် ထွက်နေတဲ့ ဂျာနယ်တွေရဲ့ စာမျက်နှာပေါ်မှာ ကမ္ဘာမှာ စီးပွားရေး အကြပ်အတည်း ကြုံတွေ့နေရတာ၊ ကုမ္ပဏီတွေက လုပ်သားအင်အား လျှော့တာ၊ ၃လတခါ ထုတ်ပြန်တဲ့ စီးပွားရေး အချက်အလက်တွေမှာ စားသုံးသူ ဝယ်လိုအား လျော့ကျနေတာ၊ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း အမှာစာ လျော့ကျနေလို့ စက်ရုံတွေ ရပ်ထားတာ စတဲ့ သတင်းတွေ ကြားနေ ဖတ်နေရပါတယ်။ ဒါတွေက ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများကို ထိုးနေတဲ့ စီးပွားရေး အရိပ်မည်းကြီးတခုလို ဖြစ်နေပါတယ်။

အျပည့္အစုံသိုႛ ...

မဵက်မှောက်ရေးရာ - သတင်းဖတ်စာ

အင်န်အယ်လ်ဒီပါတီက ကုလကိုယ်စားလှယ်ခရီးအမီ သဘောထားထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အဓိကထား

မိုးမခ အထောက်တော် ၀၀၃

ဇန်န၀ါရီ ၂၉၊ ၂၀၀၉

ယနေ့ထုတ်ပြန်ချက် အပြည့်အစုံကို ဖတ်နိုင်ပါတယ်။ ၂၀၀၈ တပ်မတော်အခြေခံဥပဒေနဲ့ ၂၀၁၀ တပ်မတော် ရွေးကောက်ပွဲ အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ တိုင်းပြည်၏ အထွေထွေ အကြပ်အတည်းကို ဖြေရှင်းရန်အတွက် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊ အားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေးကို အဓိကထား ဆောင်ရွက်ကြရန် သဘောထားထုတ်ပြန်ထားပါတယ်။ ပြည်သူများကလည်း အင်န်အယ်ဒီပါတီ၏ သဘောထားအတိုင်း ရပ်တည်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။


ကရင့်အမျိုးသားတော်လှန်ရေးအခမ်းအနားပြန် စက်လှေတစီး
သောင်ရင်းမြစ်ထဲ နစ်မြုပ်
သတင်းနှင့် ဓာတ်ပုံ - ကိုလတ်

ယနေ့ (၃၁-၁-၀၉) နေ့လည် ၁ နာရီဝန်းကျင်ခန့်က ရေစီးကြမ်းသော သောင်ရင်းမြစ်ထဲတွင် နှစ် (၆၀) ပြည့် ကရင့်အမျိုးသားတော်လှန်ရေးအခမ်းအနားမှ ပြန်လာကြသည့် ခရီးသည် (၂၀) ခန့် စီးနင်းလိုက်ပါလာသော စက်လှေတစီး နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်လှေတစီးလုံး နစ်မြုပ်ခဲ့သော်လည်း စက်လှေ ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အခမ်းအနားတက်ရောက်သူများအားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

နစ်မြုပ်ခဲ့သည့် စက်လှေတွင်စီးနင်းလိုက်ပါလာသည့် အမည်မဖော်လိုသူ အခမ်းအနားတက်ရောက်သူတဦးက “လူတွေက ပြန်ချင်ဇောကြီးပြီး စက်လှေပေါ် တိုးကြိတ်တက်ကြတယ်။ စက်လှေက သေး၊ လူကများပြီး ရေဆန် ဆိုတော့ လှေကလူးနေရော။ အဲဒီမှာ တချို့က ကြောက်လန့်ပြီး မတ်တပ်ထရပ်ကြတာမှာ စက်လှေက မြုပ် သွားတာပါ။ တော်သေးတယ်။ မြုပ်တဲ့နေရာက ကမ်းနဲ့နီးပြီး ရေအနက်က ရင်ညွန့်လောက်ပဲ ရှိပေလို့။ နို့မို့ဆို အကုန်သေနိုင်တယ်။ စက်လှေပေါ်မှာ ကလေးငယ်တွေ တယောက်မှ မပါတာလည်း ကံကောင်းတယ်။ အခု တော့ တကိုယ်လုံး ရေတွေစိုရွှဲပြီး ပါလာတဲ့ ကင်မရာတွေ၊ လက်ကိုင်ဖုန်းတွေ၊ တခြားအီလက်ထရွန်းနစ်ပစ္စည်း တွေ သုံးလို့မရ ပျက်စီးကုန်တာပေါ့။ ဒါပေမယ့် အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပါ။ မွန်မြတ်တဲ့ အခမ်းအ နားတခုကို တက်ရောက်ပြီး ပြန်လာကြတဲ့သူတွေမို့လို့ ဘုရားသခင်က ကယ်လိုက်တယ်လို့ပဲ ကျနော်ကတော့ ယူဆမိပါတယ်” ဟု ရှင်းပြသည်။

နစ်မြုပ်ခဲ့သည့် စက်လှေပေါ်တွင် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေဦးအောင်ထူးနှင့် ဇနီး၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး မန်းစိန်ဟန်တို့လည်း စီးနင်းလိုက်ပါခဲ့ကြပြီး အသက် ဘေးမှ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။ နှစ် (၆၀) ပြည့် ကရင့်အမျိုးသားတော်လှန်ရေးအခမ်းအနားသို့ ပြည်တွင်းပြည်ပမှ လာရောက်သူ စုစုပေါင်း ၇၀၀၀ ကျော် တခဲနက်တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း သတင်း ရရှိသည်။
- မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံရောက်သွားပြီ click
- ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ click
- ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိမည် click
- ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံကို သတိထားစောင့်ကြည့်ရန် တိုင်းမှူးပြော click
- တြိဂံတိုင်းမှူး ‘၀’နှင့် မိုင်းလားနယ်ခြား၌ ကွင်းဆင်းစစ်ဆေး စစ်ရေးပြင်ဆင် click
- စီးပွားကျမှုကြောင့် အမေရိကန်လူလတ်တန်းစား ထိခိုက်မည် click
- ရီပတ်ဘလီကန်ပါတီဥက္ကဋ္ဌအဖြစ် အာဖရိကနွယ်ဖွားကို ရွေးချယ် click
- လှေစီးပြေးရိုဟင်ဂျာများ အင်ဒိုနီးရှားက ပြန်ပို့မည် click
- ရိုဟင်ဂျာသည် မြန်မာပြည်တိုင်းရင်းသားစာရင်းမ၀င်ဟု စစ်အစိုးရ သတင်းထုတ်ပြန် click
- ရန်ကုန်၌ ဆေးစောင့်နေသည့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် လူနာများကို အာဏာပိုင်များနှင်ထုတ် click
- ကျေးရွာမူလတန်းလွန်ကျောင်း အဖျက်ခံရ click
- အင်းစိန်ပိန္နဲကုန်း၌ မီးလောင် click
- ကားမှောက်၍ ဒဏ်ရာရသည့် ကျောင်းသားများ ဆေးရုံမှ မဆင်းရသေး click
- ရန်ကုန်တွင် သုံးရက်ဆက်တိုက် မြူနှင်းထူထပ်နေ click
- ကာတွန်း (ဦး) ဖေသိန်း ၈၅ နှစ်ပြည့်မည် click
- မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း (၈) (မှတ်စုမှတ်တမ်း) click