7.22.2008

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သက်တမ်း (၆) လအကြာတွင် ပြည့်မည်


၂၁ ဇူလိုင် ၂၀၀၈
line

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချမှတ်နိုင်သည့် အများဆုံးသက်တမ်းသည် လာမည့် (၆) လ အကြာတွင် ပြည့်တော့မည်ဟု နအဖ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

အာဆီယံအစည်းဝေးပွဲ တက်ရောက်ရန် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေး
ဝန်ကြီး ဦးဥာဏ်ဝင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ညစာစားပွဲအပြီး ယင်းသို့ ပြောဆို ခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးက သတင်းထောက်များအား ပြောကြား သည်။

၎င်းက “သူ (ဦးဥာဏ်ဝင်း) ရှင်းပြတာက သူတို့ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း တဲ့ကာလကို အများဆုံး (၁) နှစ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားတယ်တဲ့။ နောက်ပြီး တော့ ၀န်ကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ၀န်ကြီးချုပ်ကနေ (၅) နှစ်ထိ ထပ်တိုးနိုင်တယ်လို့ သတ်မှတ် ထားတယ်တဲ့။ အဓိပ္ပာယ်ကတော့ အများဆုံး (၆) နှစ်ထိပေါ့။ သူကျနော်တို့ကို ပြောတာတော့ လာမယ့်နှစ်ဝက်လောက်ကျရင် (၆) နှစ် သက်တမ်း ပြည့်သွားလိမ့်မယ်တဲ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နောက် (၆) လတွင် ပြန်လွှတ်ပေးမည်ဟု ဆိုလိုခြင်း ဟုတ်မဟုတ် သတင်းထောက်များ မေးမြန်းချက်ကို ဦးဥာဏ်ဝင်း ပြောပြခဲ့သည့်အတိုင်း ပြန်ပြောခြင်းသာဖြစ်ပြီး မမှန်မကန် ကောက်ချက်ချပြောဆိုခြင်းဟု မထင်ကြောင်း ဂျော့ခ်ျယိုးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာရန် အမြဲတမ်း မျှော်လင့်နေကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အား ဥပဒေအရ (၅) နှစ်အထိသာ ဖမ်းဆီးခွင့်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခု မေလ (၃၀) ရက် ဒီပဲယင်းအကြမ်းဖက်မှုဖြစ်ပွားစဉ်က စတင်ဖမ်းဆီးခဲ့ပြီး အစပိုင်း၌ အင်းစိန်ထောင်၌ ခေတ္တထိန်းသိမ်းထားရာမှ နောက်ပိုင်း၌ နေအိမ် အကျယ်ချုပ်ဖြင့် ပြောင်းလဲထိန်းသိမ်းခဲ့သည်။ ပြီးခဲ့သည့်မေလ (၂၇) ရက် (၅) နှစ်သက်တမ်း ပြည့်ချိန်တွင် ပြန်လွှတ်မပေးဘဲ သက်တမ်း (၁) နှစ် ထပ်တိုးချထားခဲ့သည်။ ။

Burmese Junta Signs Asean Charter

Burmese Junta Signs Asean Charter



Monday, July 21, 2008


The Burmese junta signed the new Asean Charter on Monday, which includes a regional human rights body.

Meanwhile, a joint Asean-UN press release issued on Monday said the Burmese relief and reconstruction effort will need US $1 billion over the next three years.

Burma’s participation in the charter ratification held during the Asean foreign ministers meeting in Singapore, "Demonstrates our strong commitment to embrace the common values and aspiration of the people of Asean to build… a sharing and caring community,” Burma’s foreign minister Nyan Win said at a signing ceremony.

Burma's Foreign Minister Nyan Win, center, takes his seat prior to the start of the plenary session of the 41th Asean Ministerial meeting in Singapore on July 21. Burma has ratified a proposed international charter that includes controversial human rights provisions, officials said Monday, a day after regional powers slammed the nation's ruling junta for extending opposition leader Aung San Suu Kyi's detention.
(Photo: AP)
A spokesperson for Burma’s main opposition National League for Democracy (NLD), Han Thar Myint, told The Irrawaddy on Monday that actions are more important than the signing of the charter.

“Accepting the charter seems to be a way for the ruling junta to rebuild its credibility,” said Han Thar Myint. “Burma had signed the Universal Declaration of Human Rights in the past, but we all have witnessed what is going on in the country.”

Debbie Stothard, the coordinator of the Alternative Asean Network (Altsean), said the Burmese junta is going to be a big problem for Asean because what the junta has done during the past year has been “atrocious.”

She noted that in July last year, the Burmese junta and other Asean countries agreed to form an Asean human rights body, but within a few weeks, the world saw Burmese junta’s brutal crackdown on peaceful Burmese monks and demonstrators. More than one dozen people were filled and hundred were injured. Thousands were arrested and detained.

The 41st Asean ministerial meeting will continue in Singapore until July 24. The Burma issue is one of its top agendas during the meeting.

“Just as we could not ignore political developments in Myanmar [Burma], neither could we stand aside from this humanitarian crisis when so many lives had been lost and many more remained at risk,” the Singapore prime minister said at the opening of the meeting.

On the Asean Charter, Lee Hsien Loong said the charter will itself be a signal of Asean’s resolve, and Asean principles should not be set by its lowest members.

Before the meeting, Minister Nyan Win hinted during a dinner on Sunday that Burma’s democracy icon Aung San Suu Kyi could be freed within six months.

Singaporean Foreign Minister George Yeo told reporters that Nyan Win said that under Burmese law a political detainee can be held for a maximum of six years. "And he told us that the six-year limit will come up in about half a year's time,'' he said.

Responding to the remark, the NLD spokesperson said only Aung San Sui Kyi release would be recognized, not a minister’s words.

Aye Thar Aung, an Arakan leader in Burma, said, “I couldn’t believe what the junta minister said in Singapore about her release because law enforcement under the current government depends on top generals, and they only use Burma’s laws to oppress the people.”

The United States Secretary of State Condoleezza Rice is scheduled to attend the 15th Asean Regional Forum. The US's Asean envoy and Deputy Secretary of State, Scot Marciel, said two Burma issues will be raised: the Cyclone Nargis relief and rehabilitation effort and the country’s lack of significant progress in moving toward real democracy and national reconciliation.

အာဆီယံပဋိညာဉ်စာတမ်းတွင် မြန်မာလက်မှတ်ထိုး
ဇူလိုင် ၂၁၊ ၂၀၀၈

စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ လူ့အခွင့်အရေးကော်မတီ ဖွဲ့စည်းမှုပါဝင်မည့် အာဆီယံ ပဋိညာဉ်စာတမ်းတွင် မြန်မာစစ်အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ယို (ဓာတ်ပုံ - အေပီ)

စစ်အစိုးရက အာဆီယံပဋိညာဉ်စာတမ်းတွင် လက်မှတ်ထိုးခဲ့သော်လည်း ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာအသိုင်း အ၀န်းက နအဖ စစ်အစိုးရအား သံသယဖြစ်လျက် ရှိသည်။

အန်အယ်လ်ဒီပါတီ၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးဟံသာမြင့်က “အာဆီယံပဋိညာဉ်စာတမ်းကို အစိုးရလက်ခံတယ်ဆိုတာ အမြင်ကောင်းအောင်လို့ သူတို့ရဲ့ပုံရိပ်ကိုတည်ဆောက်တာတခုပဲဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ လက်မှတ်ထိုးတာထက် တကယ်လုပ်တာက ပိုအရေးကြီးပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ယနေ့အချိန်တွင် တွေ့မြင်နေ ရသောကြောင့် လက်မှတ်ရေးထိုးရုံသက်သက်ထက် လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ခြင်းက ပိုမိုအရေးကြီးသည်ဟု ဦးဟံသာမြင့်က ရှင်းပြသည်။

မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးသည့်နိုင်ငံများအနက် ၇ နိုင်ငံမြောက်ဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့က သဘောလက်မှတ်မထိုးသေးပဲ လက်မှတ်ထိုးမည့်အချိန်ကာလကိုလည်း အတည်မပြုသေးပေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ပေးသ၍ အာဆီယံပဋိညာဉ်စာတမ်းတွင် လက်မှတ် မထိုးဟု ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တချို့က ပြောဆိုခဲ့ဖူးသည်။

နအဖ စစ်အစိုးရက နောက် ၆ လ ကြာလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဂျော့ယို က စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောဆိုချက်ကို ကိုးကား၍ ယမန်နေ့ညက သတင်းထောက်များအား ပြောဆိုလိုက်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့် နေအိမ်အကျယ်ချုပ်တနှစ်ထားခွင့်ရှိကာ ၀န်ကြီးချုပ် အမိန့်ဖြင့် ၅ နှစ်၊ စုစုပေါင်း ၆ နှစ် ထားခွင့်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါအမိန့် ၂ ရပ်ဖြင့် နေအိမ်အကျယ်ချုပ် ချထားသည်မှာ ၅ နှစ်ကျော်လာပြီဖြစ်သောကြောင့် နောက် ၆ လ ကြာလျှင် လွတ်မြောက်နိုင်ဖွယ်ရှိသည်ဟု ဦးဉာဏ်ဝင်းက မစ္စတာ ဂျော့ယိုကို ပြောဆိုခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသည် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေး အတွက် အချက်တချက်ဖြစ်သောကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို ထပ်မံတောင်းဆိုကြောင်းလည်း ဂျော့ယို က သတင်းထောက်များအား ပြောဆိုသည်။

ဦးဟံသာမြင့်ကမူ “လွတ်လာမှပဲ ယုံရမယ့်သဘောရှိတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းပြောတာဟာ အချက်အလက် ခိုင်လုံတယ်လို့ ပြောလို့မရသေးတော့ ကျနော်တို့အနေနဲ့ ဘာမှပြောစရာမရှိသေးပါဘူး” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “ဒါတွေက ပြောလို့တာ ကြားရတာ၊ အန်ကယ်ကတော့ မယုံဘူး။ ဘာကြောင့်မယုံလည်းဆိုတော့ မြန်မာနိုင်ငံမှာ ဥပဒေကတခြား၊ တာဝန်ရှိသူတွေကလည်း သူတို့မလိုရင် မလိုသလို၊ လိုရင် လိုသလို လုပ်နေတာတွေ များလာတဲ့အခါကျတော့ ဥပဒေအတိုင်း ပြောဆိုဖို့၊ လက်ခံဖို့ ဆိုတာ တော်တော်ခက်ခဲပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား လွန်ခဲ့သည့်မေလက အကျယ်ချုပ်တနှစ် သက်တမ်းတိုးလိုက်သည့်အပေါ် အာဆီယံ ခေါင်းဆောင်များအပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက နအဖ စစ်အစိုးရကို အပြစ်တင်ဝေဖန်မှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။

စင်ကာပူတွင် ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နာဂစ် မုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းများဆိုင်ရာ အကြောင်းအရာများနှင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လတ်တလောအငြင်းပွားလျက်ရှိသည့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အကြောင်းအရာများကို ဆွေနွေးမည်ဟု သိရသည်။