11.20.2010

Burma's News World's News

Nato backs Afghan exit strategyAfghan President Hamid Karzai at the Lisbon summit

Nato leaders agree with Afghan President Karzai to work towards transferring military command in Afghanistan to national forces by the end of 2014.

Troops put down Madagascar mutiny

Madagascan troops storm an army barracks and arrest an estimated 20 rebellious officers, ending a three-day mutiny, reports say.

'We’re Simply Hopeless and Helpless Here'

By SEIN HTAY
The path to Myitsone Village is thickly covered with weeds. Most of the houses are abandoned. There's no children, no noise, no music in this village, which used to be home to 62 families.

Mandalay Blast Adds to Fears for Suu Kyi's Security

By WAI MOE
Supporters of Aung San Suu Kyi say that the latest explosion to hit Burma in the past week has heightened their concerns for the pro-democracy leader's safety.
INTERVIEW

“If We Want Change, We Have to Make It Happen”

By THE IRRAWADDY
Burmese pro-democracy leader Aung San Suu Kyi speaks to The Irrawaddy about her views on the military and her hopes for a new generation of activists.

Burma’s HIV/AIDS Patients Face Eviction after Suu Kyi’s Visit

By THE ASSOCIATED PRESS
Burmese authorities ordered more than 80 people at a shelter for patients with HIV and AIDS to leave after pro-democracy Aung San Suu Kyi’s visit.

Main Ethnic Parties Plan to Sit in New Parliament

By SAI ZOM HSENG
Despite complaints of widespread irregularities in the Nov. 7 election, Burma's largest ethnic parties say they won't boycott the new Parliament when it's formed next year.
Weekly Business Roundup (November 20, 2010)
By WILLIAM BOOT
Major Chinese state business Sinopec has found significant quantities of gas and oil in central Burma near Mandalay.
Suu Kyi urges ‘practical’ US approach thumbnail

Suu Kyi urges ‘practical’ US approach

Washington's moves to engage with Burmese junta welcomed but approach should not be made with 'rose-coloured glasses'

Transport link whets ASEAN’s appetite thumbnail

Transport link whets ASEAN’s appetite

Regional corridor linking lower Southeast Asian countries with China gets the nod as ASEAN looks to prosper from its burgeoning northern neighbour Monk rejects USDP liaison role thumbnail

Monk rejects USDP liaison role

Influential abbot approached by top junta ministers with requests to secure support for the USDP from victorious Karen party 38 DKBA splinter troops rejoin armed wing of KNU
thai-soldiers-sAbout three dozen soldiers with weapons from a Democratic Karen Buddhist Army splinter brigade ...
Junta evicts Aids patients after visit by Suu Kyi
assksJunta authorities have ordered Aids patients out of one of the National League for Democracy ... NDF expels deputy who called party to account
ndf-press-10sThe National Democratic Force has voted to expel its deputy chairman Thein Nyunt ...
Shan units abandon bases
ssasShan troop units have withdrawn into the jungle after burning their camps in central Shan State ...
USDP wins 77pc of seats, Xinhua, not the UEC, says
Mg-aye-vote_tnThe Union Election Commission announced the final election results yesterday, with the Union ...  
Dialogue with The Lady, Aung San Suu Kyi
interview-with-suu3s(Interview) Burmese pro-democracy leader Aung San Suu Kyi was released from ...

မြန်မာ့သတင်း ကမ္ဘာ့သတင်း

နိုင်ငံရေးလှုပ်ရှားသူများကို ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ် (နိုဝင်ဘာလ ၂၀၊ ၂၀၁၀)
ဓာတ်ပုံ ASSOCIATED PRESS

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်

ဒုတိယပင်လုံညီလာခံကျင်းပရေး တာဝန်ကို နိုင်ငံရေး ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တာဝန်လွှဲအပ်လိုက်ပါတယ်။
သတင်းအပြည့်အစုံ

ထိပ်တန်းသတင်းများ

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်

ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာများ အဖြေ ရှာမှသာ မြန်မာ့ စီးပွားရေး တိုးတက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ
ကမ္ဘာ့ ကလေးများနေ့ ချင်းမိုင်တွင် ကျင်းပ

ကမ္ဘာ့ ကလေးများနေ့ ချင်းမိုင်တွင် ကျင်းပ

ကလေးများကို မိသားစုနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လုံခြုံမှု အပြည့်အဝပေးရန် လိုအပ်သည်ဟု နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးများနေ့ (Universal Children’s Day)

အင်တာနက်ဆိုင်များ CCTV ကင်မရာ တပ်ရန် ညွှန်ကြား

ရန်ကုန် မြို့တော်ခန်းမ အနီးရှိ အင်တာနက်ဆိုင် တခုတွင် ဗုံးများတွေ့ရှိ ပြီးနောက် အင်တာနက် ဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် အာဏာပိုင်များက ညွန်ကြား ထားကြောင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များတွေ့

၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများအနေဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသူ ၁၁ ဦးခန့်က ယမန်နေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် ရန်ကုန် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ

NLD စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင် ၅၀ ပြောင်းရွှေ့ရမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များကို ရန်ကုန်တိုင်း သာကေတ ဆေးရုံသို့ လွှဲပေးရန် သက်ဆိုင်ရာ ဆရာဝန်များက

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား တချို့ ကျန်းမာရေး ချို့ယွင်းမှုများရှိနေပြီး ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ထောင်ဝင်စာတွေ့သူ မိသားစုဝင်များက

မန္တလေး အိမ်တော်ရာ ဘုရားဝင်း ဗုံးကွဲ၊ နှစ်ဦး ဒဏ်ရာရ

ယနေ့နံနက် ၇ နာရီခန့်တွင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော ကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။မန္တလေးတိုင်း

First Eleven ဂျာနယ် နှစ်ပတ်ပိတ်ခံရ

“ စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့ ” ဟု အဓိပ္ပာယ်ရသော စာသားကို ဖော်ပြသည့် First Eleven ဂျာနယ်ကို စာပေစိစစ်ရေးက နှစ်ပတ်ပိတ် လိုက်ကြောင်း

“အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲ ရအောင်ကြိုးစား”

“အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲ ရအောင်ကြိုးစား” မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ်မှ နိုဝင်ဘာ
ဆက်ဖတ်ရန် ...dasskinterview








မျိုးချစ် ၃၄ ဦး မြန်မာပြည် ပြန်မပို့တော့
အမှုပြီးသော်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားထောင် တွင် ထိန်းသိမ်းခံရဆဲ ရခိုင်နှင့် ကရင် ...
တောင်ဒဂုံစင်တာရှိ HIV/AIDS ပိုးရှိသူများ မယက က ဆေးရုံသို့ ပြောင်းရွှေ့လို
dawaungsansuukyi4ssဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး ခဲ့သော တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS ...
မြန်မာအပေါ် အိန္ဒိယ စိတ်စေတနာ နည်းပါးဟု NCG ဝေဖန်
မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရှုတ်ချပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ...
ဒီချုပ်နှင့် တသီးပုဂ္ဂလများ ကွန်ယက်ထောင်ရန် သဘောတူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် တသီးပုဂ္ဂလ ...
တသီးပုဂ္ဂလ ၁၂ ဦးက ဒေါ်စုနှင့် ပူးပေါင်းလို
mettaids111ssssရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်း ၁၂ ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ...
ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၇)

မောင်မောင်ဝမ်း

နိုဝင်ဘာ ၂၀၊ ၂၀၁၀

“ကျနော်တို့တတွေ “ည” ဆိုတဲ့ ကာလတခုကို အချိန်အားဖြင့် အဓိပ္ပာယ်အားဖြင့် လိုသလို ဆွဲယူလို့ မရနိုင်တော့ဘူးလား။ ည ဟာ နေ့ ရဲ့ ရှေ့တော်ပြေး၊ လေပြေလေညှင်းကလေးကော မဖြစ်နိုင်ဘူးလား။ ည ဟာ အနှုတ်လက္ခဏာ မဟုတ်ဘဲ အပေါင်းလက္ခဏာရဲ့ မိခင် အဖြစ် ကျနော်တို့ ပြောင်းယူလို့ မရနိုင်တော့ဘူးလား။” (ကဗျာဆရာ ငြိမ်းဝေ)
အပြည့်အစုံသို့ ...
 

ကာတွန်းစောငို - ဒါတော့ မထိနဲ့လေ …
နိုဝင်ဘာ ၂၀၊ ၂၀၁၀
နိုဝင်ဘာ ၂၀၊ ပြည်တွင်းဂျာနယ်ဒိုင်ဂျက်
ဂျာနယ်ဂြိုဟ်သာဂိ
နိုဝင်ဘာ ၂၀၊ ၂၀၁၀
နိုင်ငံရေးဒသန - ဒေါက်တာခင်မောင်ဝင်းသချာင်္
ရွေးကောက်ပွဲအပြီးမှာ တသီးပုဂ္ဂလများ ပါတီထောင်မည်။ ၂၀၁၅ မှာ အနိုင်ရစေဖို့ ရည်ရွယ်တယ်
(၂၀၁၀ ရွေးကောက်ပွဲတောင် အတော်ဆန့်ကျင်ခဲ့ရသူတွေ အမောတောင် မပြေသေးဘူးဗျာ။)
ရှုံးနိမ့်ပါတီတွေ ဘာလုပ်ကြမလဲ။ ဦးစိုးမောင်၊ ဦးဘိုမောင်၊ ဦးထွန်းရွှေ၊ ဦးသိန်းတင်အောင် …
အနိုင်ရသူတွေကော ဘာလုပ်မှာလဲ။ ဦးနိုင်ငွေသိန်း၊ ဒေါ်တင်တင်မာ …
အပြည့်အစုံသို့ ...
 

ရွေးကောက်ပွဲဝင်သူ အမတ်လောင်းများက ၂၀၁၅ ကို မျက်စကြိုပစ်နေပြီ
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၂၀၊ ၂၀၁၀
၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်က စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီက မဲ အပြတ်အသတ်ဖြင့် နိုင်ကြောင်း ထုတ်ပြန်လိုက်သည်။ မကျေနပ်က တိုင်ကြားနိုင်ကြောင်းလဲ ထုတ်ပြန်ထားသည်။ သို့ဖြစ်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့နဲ့ စစ်အစိုးရရဲ့ မသမာမှုများကို ရင်ဆိုင်ခဲ့ရသူ ပါတီများ၊ တသီးပုဂ္ဂလများက အမျိုးမျိုးသော တုန့်ပြန်ချက်များ ထုတ်နေကြချိန်တွင် တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ၀င်ပြိုင်ခဲ့ကြသူ ၁၅ ဦးက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရစေဖို့ ယခုကတည်းက ပါတီထူထောင်ရန် ပြင်ဆင်နေပြီဟု ပြည်တွင်းဂျာနယ်တခုတွင် ပြောကြားလိုက်သည်။
အပြည့်အစုံသို့ ...
 

ကာတွန်းဘီရုမာ - အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲရအောင် ကြိုးစား … တဲ့
နိုဝင်ဘာ ၂၀၊ ၂၀၁၀
(ပို့စကဒ်အနေနဲ့ ပို့လည်း ရပါတယ် တဲ့)
 ဖီးနစ်၊ အာရီဇိုးနားရောက် မြန်မာမိသားစုများက မြန်မာ့အရေးလှုပ်ရှားမှုများ စုဝေးပြုလုပ်
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၂၀၊ ၂၀၁၀
နိုဝင်ဘာ ၁၄ရက်က အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့၊ ကော်တးပန်းခြံတွင် ထိုဒေသရောက်  မြန်မာမိသားစုများ စုဝေးကြပြီး လက်ရှိ မြန်မာပြည် ရင်ဆိုင်နေရသော အရေးကိစ္စများအတွက် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံသို့ ...
 



more



more



more



more
2010-11-19

ကုလအတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ခွန်းဆက်

2010-11-19
အခုလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၈ ရက် မနေ့က ကိုယ်တိုင် တယ်လီဖုန်းဆက်ပြီး ၁၅ မိနစ်ကြာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
2010-11-20

စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး

မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကို ထောက်ခံမယ်၊ စစ်အစိုးရနဲ့ အတူ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2010-11-20

စစ်အစိုးရကို ပကတိအတိုင်း မြင်အောင် ကြည့်ပြီး ဆွေးနွေးသင့်

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်မယ်ဆိုတာဟာ ကောင်းမွန်တဲ့ ကိစ္စတရပ် ဖြစ်ပေမယ့် အမေရိကန် အစိုးရ တာဝန်ရှိသူတွေဟာ အကောင်းတွေကိုသာ ရွေးကြည့်ပြီး မဆွေးနွေးစေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒုတိယပင်လုံ ညီလာခံ ပေါ်ပေါက်ရေးသည် တော်လှန်ရေး တစ်ရပ်ဖြစ်သည်

ရန်ကုန် နိုဝင်ဘာ ၂၀။
၂၀၀၈ အခြေခံဥပဒေနှင့် တရားမျှတမှုမရှိသော ၂၀၁၀ ရွေးကောက်ပွဲကို အခိုင်အမာ ဆန့်ကျင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးစုများနှင့် ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးများက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအရေးအတွက် မျှတသော အခြေခံမူများဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်ရန် တာဝန် ပေးခဲ့ပါသည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်လွှဲအပ်သည့် အခမ်းအနားကို ဝါရင့်နိုင်ငံရေး သမားကြီး သခင် သိန်းဖေ၏ အိမ်တွင် ယနေ့ နံနက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီး ၄၀ တက်ရောက်ခဲ့သလို တိုင်းရင်းသား လူမျိုးစုခေါင်းဆောင် ၄၀လည်း တက်ရောက်ခဲ့ကြပါသည်။ ထိုတိုင်းရင်းသားခေါင်းဆောင်များတွင် ၂၀၀၈ အခြေခံ ဥပဒေကို NLD နှင့်အတူ သပိတ်မှောက်ခဲ့သော ရှမ်းအမျိုးသား ဒီမိုကရေစီပါတီလည်း ပါဝင်ပါသည်။
မြန်မာနိုင်ငံ၏ အရေးပါသော ပင်လုံ ညီလာခံကို မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသလို ထိုပင်လုံစာချုပ်သည် မြန်မာနိုင်ငံကို လွတ်လပ်ရေးရရှိရန် အထောက်အကူပြုခဲ့ပါသည်။
ဇိုမီးအမျိုးသား ကွန်ယက်၏ ၂၂ နှစ်ပြည့် အထိမ်းအမှတ် ချင်းပြည်နယ် ကလေးမြို့ အခမ်းအနားတွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့ ၂၁ ရာစုနှစ် ပင်လုံညီလာခံအတွက် လွှဲအပ်ခံရခြင်းနှင့်ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတိုတစ်ခု ပြောခဲ့ရာတွင်-
ယခုကဲ့သို့ တာဝန်လွှဲပြောင်း ပေးမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က တတ်စွမ်းသမျှ ကြိုးစား ဆောင်ရွက်မည်ဟု ဂတိပြု ပြောကြားခဲ့ပြီး ဒီမိုကရေစီလိုလားသော အင်အားစုအားလုံး၏ ကူညီပံ့ပိုးမှုကို လိုအပ်ကြောင်းနှင့် ယခုကဲ့သို့ တော်လှန်ပြောင်းလဲမှုကို မျိုးဆက်တစ်ခုမှမှ တစ်ခုအထိ တရားမျှတမှုကို မရမခြင်း လက်ဆင့်ကမ်းလုပ်ဆောင်သွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ‘သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်’

‘သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်’

လေးစားအပ်ပါသော ဘဘတို့ခင်ဗျား...

လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ခန့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲသွားပြီး နောက် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာ့နိုင်ငံရေး အင်အားစုတွေကြား၊ အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့တာ ယနေ့ဆို အမြင့်ဆုံးအချိန်ရောက်နေပါပြီ။ နိုင်ငံရေး ထိပ်တိုက်တွေ့ဆုံမှုတွေ၊ ပြည်တွင်းစစ်ကို အစပျိုးစေမယ့် စစ်ပွဲတွေကလည်း နယ်စပ်ဒေသတွေမှာ တစထက်တစ ကျယ်ပြန့် ဖြစ်ပေါ်လာနေပါတယ်။ တဖက်မှာလည်း စီးပွားရေးက ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် လျော့ကျသွားခဲ့ရုံသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာလည်း ကမ္ဘာ့အနိမ့်ဆုံးအဆင့်ကို သက်ဆင်းကျရောက် သွားခဲ့ရပါပြီ။
အဲဒီလို ဘက်စုံအကျပ်အတည်းကြီးကို တပ်မတော်အစိုးရရဲ့ မကြာမီက ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ဖြစ်ဖြစ် နောက်ဆက်တွဲပေါ်ပေါက်လာမယ့် ပြည်သူ့လွှတ်တော်နဲ့ အရပ်သားအစိုးရဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းလို့ရနိုင်မှာမဟုတ်ပါ။ ဒီလိုဘက်စုံအကျပ်အတည်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျနော်တို့နိုင်ငံအတွက် လက်ငင်း လိုအပ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ အတူတကွ လက်တွဲပူးပေါင်းကာ မြန်မာတနိုင်ငံလုံးအကျိုးအတွက် ပြည်သူလူထုကြီး အကျိုးအတွက်၊ သံသယတွေ အာဃာတတွေ အမုန်းတရားနဲ့ မာန်မာနတွေ ဘေးဖယ်ပြီး ညီညီညွတ်ညွတ် စုပေါင်းဆွေးနွေး အဖြေရှာရေးပဲဖြစ်ပါတယ်။
လွတ်လပ်ရေးမရခင်ကာလ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေနှင့်အတူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ညှိနှိုင်းဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။
ယခုလတ်တလော အခြေအနေအရ မြန်မာတနိုင်ငံလုံးရဲ့ ပြဿနာကို ဖြေရှင်းရမှာဖြစ်တဲ့အတွက် အဆိုပါ ပင်လုံညီလာခံကဲ့သို့သော အမျိုးသားညီလာခံစစ်စစ်တခု ကျင်းပပြီး ကျွန်ုပ်တို့နိုင်ငံအတွင်းမှာ ကြီးထွားလာနေတဲ့ အာဃာတတွေ၊ သံသယတွေ၊ အမုန်းတရားတွေကိုလျော့ချပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နောင်ရင်ဆိုင် လာရမယ့် အခက်အခဲအကျပ်အတည်းတွေကို စုပေါင်းဖြေရှင်းဖို့ လိုအပ်ပါတယ်။
ညီလာခံဆိုတာ ကိုယ်နဲ့နီးစပ်ရာ အဆင်ပြေရာတွေစုခေါ်ပြီး ကိုယ့်အကျိုးအတွက်၊ ကိုယ်လိုချင်ရာ ကိုယ်ဆုံးဖြတ်တာမျိုးမဖြစ်စေရပါဘူး။ အဲဒီလိုလုပ်ခဲ့ရင်လဲ သံသယတွေ အာဃာတတွေ အမုန်းတရားတွေ တိုးပွား လာရုံသာမကပဲ ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်း အခက်အခဲတွေကို ကြုံတွေ့ရမှာမို့ သက်ဆိုင်သူ အာလုံးနဲ့တကွ အဲဒီအကြပ်အတည်းရဲ့ဒဏ်ကို ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ကလည်း လက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသားရေး အကျပ်အတည်းကြီးကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကိုလည်း အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် အမျိုးသားညီလာခံစစ်စစ် တခုဖြစ်ဖို့တော့ လိုအပ်ပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ(၂၄)ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇိုမီးအမျိုးသားကွန်ကရက် ၂၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားပြုလုပ်စဉ် တမျိုးသားလုံးရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒုတိယ ပင်လုံညီလာခံခေါ်ဆိုဖို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဒီမိုကရေစီ အင်အားစုများ သဘောတူလက်မှတ်ရေးထိုး တာတွေ့ရပါတယ်။ တိုင်းရင်းသားများအပါအ၀င် တနိုင်ငံလုံးမှာရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်အတည်းကြီးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဖိတ်ခေါ်တာလို့ ယူဆပါတယ်။ ဒုတိယပင်လုံညီလာခံလို့ အမည်တပ်တာလဲ ပထမပင်လုံညီလာခံမှာလို စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့လက်အောက်က လွတ်လပ်ရေးရယူပေးနိုင်ခဲ့သလိုမျိုး ဒုတိယ ပင်လုံညီလာခံ (ညီလာခံစစ်စစ်) ကျင်းပပြီး ပြည်တွင်းမှာလိုအပ်နေတဲ့ “ငြိမ်းချမ်းရေး”ကို အဓိကထား စုပေါင်းအဖြေရှာပြီး ရယူနိုင်ဖို့ ရည်ရွယ်တယ် လို့သိရပါတယ်။
ကချင်တိုင်ရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်ရဲ့ မိန့်ခွန်းတစ်ခုမှာ ‘နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်တယ်ဆိုတာ အဲဒီနိုင်ငံမှာရှိတဲ့ သယံဇာတပစ္စည်းတွေနဲ့ မဆိုင်ပါဘူး။ အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ လူထုကြီးရဲ့ စည်းလုံးညီညွတ်မှုနှင့်ပဲ ဆိုင်ပါတယ်’ လို့ပြောခဲ့ပါတယ်။ အဲဒီစည်းလုံးညီညွတ်မှုသာ မရှိဘူးဆိုရင်ဖြင့် ဘယ်လောက်အားကြီးတဲ့ အစိုးရတက်တက်၊ ဘယ်လောက်ကောင်းတဲ့ ၀ါဒနဲ့ အုပ်ချုပ်အုပ်ချုပ် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုံးဝလုပ်နိုင်မှာမဟုတ်သလို အေးချမ်းမှုလဲရှိမှာမဟုတ်ပါဘူး။
နိုဝင်ဘာ (၁၃)ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ တိုင်းရင်းသားအားလုံး ပြည်သူလူထုအားလုံးကသာမက တစ်ကမ္ဘာလုံးကပါ တခဲနက်ထောက်ခံနေတဲ့ ၁၉၉၀ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါပြီ။
၎င်းလွတ်မြောက်လာချင်းချင်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်မယ့်အကြောင်းနဲ့ အဲဒီလိုဖော်ဆောင်ရာမှာလည်း ဒီမိုကရေစီကို အမှန်တကယ်လိုလားသူ မည်သည့် နိုင်ငံရေး အင်အားစုနဲ့မဆို လက်တွဲ ဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားထားခဲ့တဲ့အလျောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသား ညီလာခံစစ်စစ်ဖြစ်တဲ့ ဒုတိယ ပင်လုံညီလာခံကြီး အကောင်အထည်ဖော် ပေါ်ပေါက်လာရေးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဆောင်ဦးရွက် ပြုနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
တဆက်တည်းမှာပဲ ယနေ့နိုင်ငံအုပ်ချုပ်ရေးမှာ တာဝန်ယူနေကြတဲ့ တပ်မတော်ခေါင်းဆောင်ကြီးများကို ပန်ကြား လိုတာကတော့ -
ယနေ့နိုင်ငံတော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း တည်ထောင်မွေးဖွားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ခေါင်းဆောင်ကြီးများအနေနဲ့ နိုင်ငံနဲ့ပြည်သူလူထုအပေါ်မှာ အမှန်တကယ်စေတနာရှိတယ်ဆိုရင် ယခုကဲ့သို့ တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ် အရေးလည်းပါ လိုလည်းလိုအပ်တဲ့ အထက်ပါအမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကြီး လက်တွေ့ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး အရေးပါတဲ့ အခန်းကဏ္ဍတခုကနေ တာဝန်သိသိ သစ္စာရှိရှိ ပါဝင်ဆောင်ရွက်ပေးပါရန် ကျနော်တို့အလေးအနက် တိုက်တွန်းပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ အမျိုးသားညီလာခံပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်နေသူတွေကိုလည်း ကူညီပေးဖို့ တောင်းဆိုပါတယ်။
တပ်မတော်ခေါင်းဆောင်ကြီးများအနေနဲ့ အဆိုပါအမျိုးသားညီလာခံစစ်စစ် ပေါ်ပေါက်အောင် ပါဝင်ကူညီ ကြိုးပမ်း ဆောင်ရွက်မယ်ဆိုရင်ဖြင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ထောက်ခံမှု၊ ယုံကြည်မှုကို ရမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း အလွန်မင်္ဂလာရှိတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ထည် နိုင်မှာပါ။
လေးစားအပ်ပါတဲ့ ၀ါရင့်သက်ကြီးနိုင်ငံရေးခေါင်းဆောင်များခင်ဗျား…
အသက်အရွယ်ကြီးရင့်လို့ဖြစ်စေ ကျန်းမာရေးမကောင်းလို့ဖြစ်စေ၊ နိုင်ငံရေးတာဝန်တွေကို စွန့်လွှတ်ပြီး အနားမယူကြပါနဲ့ဦးလို့ မေတ္တာရပ်ခံပါရစေ။ နယ်ချဲ့ကိုတော်လှန်ခဲ့ကြတဲ့ လွတ်လပ်ရေး အရယူပေးနိုင်ခဲ့ကြတဲ့ ဖက်ဆစ်နဲ့ အာဏာရှင်စနစ်ကို အစဉ်အဆက် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီစနစ်စစ်စစ် ပေါ်ပေါက်ရေးနဲ့ ထာဝစဉ် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးမျိုးပေါ်ပေါက်သည်အထိ ကိုယ်တိုင်ပါဝင်၍ဖြစ်စေ အကြံဉာဏ်များပေး၍ဖြစ်စေ မိမိတို့တတ်နိုင်သလောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက်၍ လက်တွဲပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

မြန်မာပြည်ငြိမ်းချမ်းပါစေ -
(အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ)

ဝါရင့်နိုင်ငံရေး သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်

Photobucket
Photobucket


Photobucket
Photobucket
အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲ တရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ အိမ်တွင် ယနေ့ (၂၀.၁၁.၂၀၁၀) စနေနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံ သက်ကြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ (၆၂)မျိုးဆက် (၇၄-၇၅-၇၆)မျိုးဆက် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူများနှင့် အခြား နိုင်ငံရေးလှုပ်ရှားသူများ (၁၀၀)ကျော်ခန့် တက်ရောက်ကြသည်။
အဆိုပါကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့် သက်ကြီးနိုင်ငံရေး သမား ကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ကန်တော့သူ အမျိုးသား ပြန်လည် သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း။ အပူဇော်ခံ သက်ကြီးဝါရင့် နိုင်ငံရေးသမားကြီးများကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြောကြားခြင်းတို့အပြင် အထူးအစီအစဉ်အဖြစ် ဒုတိယ ပင်လုံသဘောတူညီချက် ပေါ်ထွက်လာသည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန် လွှဲအပ်ပေးပြီး နောက်ဆုံး အစီအစဉ် အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။
ကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသည့် ၀ါရင့်သက်ကြီးနိုင်ငံရေးသမားကြီး( ၂၈)ယောက် အနက် ရပ်ဝေးနေသူများနှင့် ကျန်းမာရေးချို့တဲ့၍ မလာရောက်နိုင်သူများမှ လွဲ၍ စုစုပေါင်း( ၂၀ )ဦး တက်ရောက်အပူဇော်ခံကြသည်။
ကန်တော့ပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များနှင့် NLD ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအင်အားစု (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည့်အပြင် သတင်း ထောက်များနှင့် လာရောက်ကြည့်ရှုအားပေးသူ ရာနှင့် ချီရှိခဲ့ကြောင်း သိရှိရသည်။
ကန်တော့ပွဲပြီးနောက် ကျန်းမာရေးကြောင့် မလာရောက်နိုင်သူ ဆရာကြီးဒဂုန်တာရာနှင့်တကွ NLD ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့အားလည်း အိမ်တိုင်ရာရောက် သွားကန်တော့ခဲ့ကြောင်း သိရှိရသည်။
လေ့လာသူတစ်ဦး 

သက်ကြီးဝါရင့်နိုင်ငံရေးသမားအားကန်တော့ကြိုး

နယ်ချဲ့ကိုတော်လှန်ခဲ့သော ဖက်ဆစ်နှင့် အာဏာရှင်စနစ်အဆင့်ဆင့်ကို ဆန့်ကျင်ခဲ့သော လွတ်လပ်ရေးကို ရယူပေးခဲ့သော ပြည်သူလူထုကြီးအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသော နိုင်ငံရေးဂုဏ်သိက္ခာ ကြီးမားလှပါသော ဘဘတို့အား ကျနော်၊ ကျမတို့ ရိုသေလေးစားစွာ လက်ဆယ်ဖြာဦးထိပ်မိုး၍ ရှိခိုး ကန်တော့ပါတယ်။
ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်မှာ အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျနော်ကျမတို့ဟာ ဘဘတို့အပေါ်မှာ စိတ်အား ဖြင့်ဖြစ်စေ၊ ကိုယ်နှုတ်အမူအရာအားဖြင့်ဖြစ်စေ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ပဲနှင့်ဖြစ်စေ ဘဘတို့အနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည် များရှိခဲ့ပါက သို့တည်းမဟုတ် အခြားအပြစ်များရှိခဲ့ပါက ယနေ့ယခု အချိန်အခါမှစ၍ ကျနော်ကျမတို့အား ခွင့်လွှတ်ပေးကြပါ။ ဆိုဆုံးမစရာများရှိပါကလည်း ဆိုဆုံးမပေးကြပါ။ အမြင်မှားယွင်းနေမှုများရှိရင်လည်း ပြုပြင်ပေးကြပါ။
ဘဘတို့အား ကန်တော့ရသည့် အကျိုးအားကြောင့်လည်း ကျနော်တို့ကျမတို့နဲ့ မြန်မာပြည်သူများအားလုံး၊ ဓားဘေး၊ လှံဘေး၊ စစ်လက်နက်ဘေးတို့မှ ကင်းဝေးပါစေ။ မြန်မာပြည်တွင်းနေထိုင်ကြကုန်သော၊ တိုင်းရင်းသားအချင်းချင်း၊ လက်နက်ကိုင်များအချင်းချင်း စည်းလုံးညီညွတ်ကြပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖော်ဆောင်နိုင်ကြပြီး၊ ငြိမ်းချမ်းစွာနေထိုင်ကြရပါစေ။
ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်မှာ ကျဆုံးခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသူကျောင်းသား၊ ပြည်သူလူထုများရဲ့ ဆန္ဒအရ ဒီမိုကရေစီ အစိုးရစစ်စစ်လည်း အမြန်ဆုံးပေါ်ပေါက်နိုင်ပါစေ။
အကျဉ်းထောင်များအတွင်း၊ အကျဉ်းကျခံနေရသည့် ရဟန်းသံဃာတော်များအပါအ၀င် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ဝင်များနှင့် အခြား လုပ်ဖော်ကိုင်ဖက်များ သည်လည်း အကျဉ်းကျရာမှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။
ဘဘတို့လည်း ပြည်သူလူထုရှေ့မှ မားမားမတ်မတ်ရပ်၍ ကွယ်လွန်သည့် အချိန်အထိ နိုင်ငံရေးတာဝန်ကို ဦးဆောင်ထမ်းရွက်သွား နိုင်ပါစေကြောင်း ပန်ကြားတိုင်တည်လျှက် ကျနော်ကျမတို့က လက်ဆယ်ဖြာမိုး၍ ဦးနှိမ်မာန်လျှော့ ကန်တော့ပါသည် ခင်ဗျား။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ မိန့်ခွန်း

ယနေ့ကြွရောက်လာကြတဲ့ အပူဇော်ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများနဲ့ ပူဇော်ကန်တော့သူ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ အခြား ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူအပေါင်းတို့ခင်ဗျား… ယခုလို အင်မတန် မင်္ဂလာရှိတဲ့ ၀ါရင့် နိုင်ငံရေးသက်ကြီးပူဇော်ပွဲမှာ အပူဇော်အကန်တော့ ခံရတဲ့ အတွက်ကြောင့်ရော ကန်တော့ခံရသူများ ကိုယ်စား ပထမဆုံးသြ၀ါဒစကားပြော ကြားခွင့်ရတဲ့ အတွက်ကြောင့်ရော အထူးပဲ ကျေးဇူးတင် ဂုဏ်ယူကြောင်း အရင်ဆုံး ပြောလိုပါတယ်။
အခုလို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရဲဘော်ရဲဖက်တွေကို စုစုဝေးဝေး တွေ့ဆုံရတဲ့အတွက် အားတက်မိပါတယ်။ ၀မ်းလည်းဝမ်းသာပါတယ်။ ကန်တော့ပွဲ ဖြစ်အောင် ကြိုးစားကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနဲ့ ဒီမိုကရေစီ အင်အားစုများကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးအတွက် လိုအပ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်မယ့် ဒုတိယ ပင်လုံညီလာခံပဲခေါ်ခေါ်၊ အမျိုးသားညီလာခံ စစ်စစ်လို့ပဲပြောပြော၊ ၂၁ရာစု ပင်လုံညီလာခံလို့ပဲဆိုဆို အဲဒီညီလာခံ အမြန်ဆုံး ပေါ်ပေါက်နိုင်ပါစေ။ အဲဒီလိုပေါ်ပေါက်နိုင်ရေးအတွက် မစုက ဦးဆောင်ဦးရွက် ပြုပြီး တိုင်းရင်းသား ပြည်သူတရပ်လုံးက လက်တွဲညီညီလိုက်ပါဆောင်ရွက်နိုင်ကြပါစေလို့ ဆုပေးချင်ပါတယ်။ ကျနော်နဲ့တကွ အကန်တော့ခံ ၀ါရင့်သက်ကြီး နိုင်ငံရေးသမားကြီးများ အားလုံးကလည်း နောက်ဆုံး ထွက်သက်အထိ နိုင်ငံ့အကျိုးအတွက် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကတိပေးပါတယ်။
မြန်မာပြည်သူများနှင့် တကွ နိုင်ငံရေးရဲဘော်အားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

အရှေ့ဆီမှာ ရောင်နီတွေသန်းလို့လာပြီ

 



အရှေ့ဆီမှာရောင်နီတွေသန်းလို့လာပြီ
သြဘာသံတွေပြည့်လျှံ
ဟော....ဟိုရှေ့နားက လူအုပ်စုရဲ့အသံ
We love ဒေါ်အောင်ဆန်းစုကြည်
ဒေါ်စုကျမ္မာပါစေ ချမ်းသာပါစေ
အန်တီစု သက်တော်ရာကျော် ရှည်ပါစေ
ကျမလည်း ပြည်သူကိုချစ်ပါတယ်
ဒေါ်စုနဲ့ ပြည်သူ
ရင်တွင်းဖြစ်စကားတွေ အပြန်အလှန်ဆိုကြနေလေ...ရဲ့။
ယုံမကြည်နိုင်လောက်အောင်ပါပဲ
မလွတ်ခင်ကလည်းကြို
ွှလွှတ်ပြီးတော့လည်း ပိုလာတာဟာ
သူမရဲ့ မေတ္တာအစွမ်း
ကမ္ဘာကိုလွှမ်းတာ ပြသလိုက်သလိုပါပဲ။
တချို့.....ကင်မရာတွေ တကိုင်ကိုင်နဲ့
မီဒီယာတွေနဲ့ စကားတွေဆို
တချို့.....ဝမ်းသာလွန်းတော့ စကားမဆိုနိုင်
တချို့.....ပါးပြင်ထက်မှာ မျက်ရည်တွေစို
ဒီလူတွေနဲ့ ဒေါ်စုရဲ့ချစ်ခြင်း
ဘယ်သူခွဲခွဲ ကွဲရိုးတဲ့လား။
မိခင်တယောက်လို အားကိုး
ဖခင်နေရာမှာ အစားထိုးခံခဲ့ရတဲ့ ဒေါ်စု
အောင်ဆန်းရဲ့လမ်းစဉ် ဗိုလ်ချုပ်ရဲ့ခွန်အားတွေ
သူမဆီမှာ အပြည့်ရှိတယ်။
ဟော....ဟိုရှေ့ဆီမှာ
ရောင်နီတွေ သန်းလို့လာပြီ
ငါတို့အားလုံး စိတ်သစ်အားမာန်နဲ့
အမေ့ကိုလက်တွဲ NLD ကိုဝိုင်းရံပြီ
ပန်းတိုင်ဆီကို မရောက်အရောက်လျှောက်လှမ်းကြပါ...စို့။
                  အမေ့သား(ဒိန်းမတ်)
                                                                



တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟု ဦးသုဝေပြော

ရန်ကု နိုဝင်ဘာ ၁၉ ။
ပါတီဌာနချုပ်တွင် ယနေ့နေ့လည်ခင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒီမိုကရေစီပါတီ ဥက္ကဌဦးသုဝေက ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲ လုံးဝ မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ တရားမျှတမှုနှင့် ညီမျှသော အခွင့်အရေးများ လုံးဝမရှိပဲ နအဖက သူတို့၏ ကိုယ်ပွါးပါတီ ကြံဖွံ့ကို အာဏာလွှဲပြောင်း ပေးရန် အကွက်ချ စီစဉ်ခဲ့ခြင်းသာ ဖြစ်သည်ဟုလည်း ပြောဆိုခဲ့ပါသည်။
ဒီမိုကရေစီပါတီတွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့်ဝန်ကြီးများဖြစ်ခဲ့ကြသော ဦးနု ၊ ဦးဘဆွေနှင့် ဦးကျော်ငြိမ်းတို့၏ သမီးများလည်းပါဝင်ပြီး ပြီးခဲ့သော ရွေးကောက်ပွဲတွင် ၄၇ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၃နေရာသာ အနိုင်ရရှိခဲ့ပါသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၁၆ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်ဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ တရားမမျှတမှုကို မီဒီယာများသို့ ထုတ်ဖေါ်မပြောရန် တားမြစ်ချက်ကို လျှစ်လျှူရှုကာ ဦးသုဝေက ၇မျက်နှာပါ ထုတ်ပြန်ချက်နှင့် ရွေးကောက်ပွဲ၏ တရားမမျှတမှုများနှင့် ရွေးကောက်ပွဲ ကော်မရှင်၏ ဘက်လိုက်မှုများကိုပါ ထုတ်ဖေါ်ခဲ့ပါသည်။
ထိုထုတ်ပြန်ချက်ထဲတွင် ဝေးလံသောဒေသများရှိ လယ်သမားများကို ဒေသဆိုင်ရာ အာဏာပိုင်များက ကြံဖွံ့ကိုမဲပေးရန် ဖိအားပေး လုပ်ဆောင်ခဲ့ပုံများကိုလဲ ဖေါ်ပြခဲ့ပါသည်။ မြန်မာနိုင်ငံ၏ များစွာသော နေရာများတွင် လယ်သမားများကို ကြံဖွံ့ကို မဲမပေးလျှင် အမတော်ကြေးနှင့် မြေသြဇာများ ထုတ်ပေးမည်မဟုတ်ဟု အာဏာပိုင်များက ခြိမ်းခြောက်ခဲ့သည်ဟုလည်း ဆိုပါသည်။
ထို့အတူ ဝန်ထမ်းများ ၊ စစ်သားများ၊ ရဲများ၊ မီးသတ်သမားများနှင့် စက်ရုံအလုပ်သမားများကို ကြိုတင်မဲ အဖြစ်ကြံဖွံ့တို့၏ မဲပုံးထဲ ထည့်ရန် တရားမဝင် ဖိအားပေးခဲ့သည်ဟုလည်း ဆိုပါသည်။ ထိုကြိုတင်မဲ စာရင်းများ အားလုံးတွင် အခြားပါတီများကို မဲမပေးအောင် ဆောင်ရွက်ခဲ့သည်ဟု ပြောပါသည်။
သတင်းအချက်အလက်များ အားလုံးအရ ရွေးကောက်ပွဲသည် လုံးဝတရားမျှတခြင်း မရှိပဲ စစ်အစိုးရသည် သူတို့ပါတီ အနိုင်ရရန် မတရားနည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။
ထို့အတူ ဒိမိုကရေစီပါတီ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြောင်းးအလဲများ ပေါ်ပေါက်လာ သည်အထိ လှုပ်ရှားဆောင်ရွက်သွားမည်ဟု ဆိုပါသည်။
သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့သလို ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ဆိုပါသည်။
ထိုသို့ ကန့်ကွက်ပြောဆိုမှု အများအပြား ရှိနေသော်လည်း ရွေးကောက်ပွဲကော်မရှင်ကမူ ကြံဖွံ့ပါတီသည် မဲဆန္ဒနယ် ၁၁၅၈နေရာတွင် ၈၈၂ နေရာ (၇၆.၁၆ ရာခိုင်နှုန်း) ဖြင့် အနိုင်ရရှိသွားသည် ဟု ကြေငြာခဲ့ပါသည်။ သူတို့ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်တွင် ၂၅၉ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၂၉နေရာ၊ တိုးဒေသကြီးလွှတ်တော်တွင် ၄၇၇ နေရာနှင့် တိုင်းရင်းသာ လွှတ်တော်တွင် ၁၇ နေရာ အနိုင်ရခဲ့သည်ဟု ဆိုပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)