2.26.2010

ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံပယ်ချခံရ

ဒေါ်အောင်ဆန်းစုကြည်၏ အမှု အယူခံလျှောက်လဲချက်ကို ဗဟိုတရားရုံးချုပ်က ယနေ့ နံနက်ပိုင်းတွင် ပယ်ချ လိုက်သည်ဟု သိရပါသည်။
သူမ၏ရှေ့နေ တဦးဖြစ်သူ ဦးဥာဏ်ဝင်းက ပြောပြရာတွင် ယနေ့နံနက်ပိုင်းတွင် လျှောက်လဲချက်ကို ပယ်ချ သည့် အမိန့်ကို ဖတ်ကြားပြခဲ့သည်ဟု ပြောပြခဲ့ပြီး၊ ပယ်ချသည့် အကြောင်းပြချက်ကို သိရသည်နှင့် ဥပဒေ အရ ရပိုင်ခွင့်ရှိသည်များကို ဆုံးခန်းတိုင်အောင်ဆက်လုပ်သွားမည်ဟု ဆိုပါသည်။
ပြင်သစ်သံအမတ် Jean-Pierre Lafosse က မျှော်လင့်ထားပြီးဖြစ်၍ ထိုအမိန့်ချမှတ်သည့်အပေါ် လုံးဝ အံအား သင့်ခြင်း မရှိကြောင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်မည်ဆိုပါက သူမကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဦးစွာ လုပ်ဆောင်ရမည့် အချက်ဖြစ်သည်ဟု ထောက်ပြပြောကြားခဲ့ ကြောင်း သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်း သည် လာမည့် နိုဝင်ဘာလတွင် ပြည့်မည်ဖြစ်ရာ အောက်တို ဘာလတွင် ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေသော ရွေးကောက်ပွဲဝင် ပါဝင်နိုင်မည့် အခွင့်အရေး မရှိအောင် လုပ်ဆောင်ထားခြင်း ဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုကြပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)