7.30.2010

Burma's News World's News

Syria and Saudi leaders in Beirut

King Abdullah of Saudi Arabia and Syrian President Bashar al-Assad - 29 July 2010

Syria's president is in Lebanon after years of tension between the two countries, on a visit with the Saudi king to try to avert a looming political crisis.
US economy's growth slows
Growth in the world's largest economy slowed to an annualised 2.4% in the second quarter of 2010, amid fears about the strength of its recovery.
French mother 'relieved by truth'
A French mother who admitted killing eight of her newborn babies is relieved that her secret is finally out in the open, her lawyer says.

'Diplomacy by Stealth' Needed in West's Approach to Burma

By ADAM SELENE
The US and the European Union would be well advised to adopt a policy of deal-making and “diplomacy by stealth” in their approach to Burma.

NEWS ANALYSIS

Superstitious Than Shwe's Quest for Atonement at India's Shrines

By BA KAUNG
One purpose of Burma junta leader Snr-Gen Than Shwe's visit to India appears to be an attempt to seek atonement at the country's holiest Buddhist

Burma's Generals Meet North Korea's FM

By WAI MOE
Top Burmese generals are reportedly scheduled to meet North Korea's Foreign Minister in Naypyidaw during his four-day visit
INTERVIEW

Getting the Facts Straight about 'The Dear Leader'

By THE IRRAWADDY
Hein Latt, the author of a recent Burmese biography of North Korean leader Kim Jong Il, speaks to The Irrawaddy about the troubles surrounding publication of his book.

USDP Constitution Maintains Junta's Policies

By HTET AUNG
The formation of the Union Solidarity and Development Party is “due to the call of history,” according to its constitution.

USDP Assigns Constituencies to Ministers

By KHIN OO THA
Though the election law forbids government officials from taking part in the poll, regime ministers are starting to organize their campaigns

North Korea joins the junta's censors.

Child presumed dead after flood hits ward of northwestern Kalaymyo
Floods in the northwestern Burmese division of Sagaing resulting from torrential ...
Burma Campaign urges Cameron to press India on Burmese issues
Burma Campaign UK has called on British Prime Minister David Cameron and Foreign ...
USDP to extend its campaign to urban areas of Mon State
The junta-backed Union Solidarity and Development Party is soon to start electoral ...
Suu Kyi, NLD leaders confident of her release in November
Burmese opposition leader Aung San Suu Kyi and her National League for Demo ...
MDC chief looks ahead to ask when military will quit parliament
Party leader, poet and author, Wei Mhu Thwin, says the problem with the upcoming ...
Grim warning sounded on climate change thumbnail

Grim warning sounded on climate change

Plankton down by 40% in past 50 years as scientists sound warning bell about rising sea temperatures, with implications for Burma likely severe Burma parties wary of US sanctions thumbnail

 Burma parties wary of US sanctions

Candidates complain that US sanctions will do little to affect repressive laws that govern how parties approach Burmese elections this year China seals biggest Burma mining deal thumbnail

China seals biggest Burma mining deal

World's largest steel manufacturer one of two Chinese companies set to sink $800 million into lucrative nickel mine in northern Burma

ဂန္ဒီကြီးတောင် ငိုမယ့်သူ

ချိုကုပ်ဒူးကြီး၊ ဇနီးသည် ဒေါ်ကွိုင်ကွိုင်နှင့် နောက်ပါ ၇၀ ကျော်တို့ အိန္ဒိယပြည်သို့ ရောက်နေကြသည်။ ချိုကုပ်ဒူးကြီး၏ သတင်းမှာ  လတ်တလော လူကြိုက်အများဆုံး ဖြစ်နေပြီး ကောလာဟလ အမျိုးမျိုးလည်း ထွက်ပေါ်လျက်ရှိရာ ထိုသတင်းများ မှန်၊ မမှန်ကို ကျွန်ုပ်တို့၏ သတင်းထောက်ကျော် ဖိုးရှုပ်က သိချင်နေသည်။ အိန္ဒိယသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရသည်ကို အားမရ သောကြောင့် ကိုယ်တိုင် သွားချင်သော်လည်း လမ်းစရိတ် မတတ်နိုင်သဖြင့် ဖရီးရိုက် ကုန်းဆင်းလိုက်မည်ဟု ဆုံးဖြတ်ကာ ဦးရုက္ခစိုးကြီးကို အပူကပ်ရလေတော့သည်။
cmnat-than-shweဖိုးရှုပ်။     ။ သွားပေးပါ ဦးရုက္ခစိုးရယ်။ သတင်းက အကြီးကြီးမို့လို့ပါ။
ရုက္ခစိုး။     ။ ကိုယ့်ဘာသာ သွားပါလားကွ ...။ မင်းက သတင်းထောက်ပဲ။
ဖိုးရှုပ်။     ။ သွားချင်ပါတယ်ဗျာ … ဒါပေမယ့် ရုံးက ထုတ်ပေးလိုက်တဲ့ လမ်းစရိတ်တွေကို ကြွက်စုတ်နဲ့အတူ အရက်သောက် လိုက်တာ ကုန်သွား … အဲ ယောင်လို့ … ကလေးနေမကောင်းတာနဲ့ သုံးလိုက်တာ ကုန်သွားလို့ပါ။ သွားပေးပါနော်။ ဦးရုက္ခစိုးက ဗီဇာဖရီး၊ လမ်းစရိတ်လည်း မကုန်ဘဲ သွားချင်ရာ သွားနိုင်တာပဲဟာ။
ရုက္ခစိုး။     ။ မသွားချင်ဘူးကွာ … ငါက ချင်းမိုင်မှာ ကန်မယ့် ရန်ကုန် ယူနိုက်တက်နဲ့ ချင်းမိုင်အက်ဖ်စီ ပွဲ နွှဲချင်သေးတယ်။
ဖိုးရှုပ်။     ။ ဟား … ဦးရုက္ခစိုး ဒိတ်အောက်သွားပြီ။ အဲဒီပွဲက ပြီးသွားပြီ လေ။ ချင်းမိုင်က အမျိုးသမီးအဖွဲ့တောင် ဆန္ဒပြမယ် ဆိုပြီး လက်သီး လက်မောင်းတွေ တန်းပြီး ချီတက်သွားကြပါရောလား။
ရုက္ခစိုး။     ။ ဟာ … ဟုတ်လား။ ဆန္ဒပြလိုက်တော့ ပွဲပျက်ကရောလား။
ဖိုးရှုပ်။     ။ ဆန္ဒတော့ မပြလိုက်ကြပါဘူး ဦးရုက္ခစိုးရယ်၊ သူတို့လည်း သူတို့ ဆန္ဒရှိတဲ့အတိုင်း ဘောလုံး သမားတွေနဲ့ ဓာတ်ပုံတွေ တွဲရိုက်ပြီး ဝက်ဝက်ကွဲ ပျော်လိုက်ကြတာနဲ့ မေ့သွားတယ် ထင်ပါတယ်။ ကဲပါဗျာ … တောင်းပန်ပါတယ်။ ချိုကုပ်ဒူးကြီး ရှိတုန်းလေး သွားပေးပါ … နော်။
ရုက္ခစိုး။     ။ ခက်တယ်၊ ခက်တယ်။ အပေါင်းအသင်း မှားရင် နတ်တောင် မခံနိုင်ပါလား။ ကဲ … ကဲ။ သွားပေးမယ် ဟုတ်လား။
ဖိုးရှုပ်။     ။ ဟား … ဝမ်းသာလိုက်တာ ဦးရုက္ခစိုးရယ်။ ဦးရုက္ခစိုးကို ယုံကြည်တယ်၊ လေးစားတယ်၊ ချစ်ခင်တယ်နော်။ သေသေချာချာလေး တွေ့ခဲ့ပါ နော် … နော် ...။
ဦးရုက္ခစိုးမှာ ဖိုးရှုပ်၏ ပတ်ချွဲနပ်ချွဲသံများကို လျစ်လျူရှု၍ လက်ညှိုးတချောင်းထောင်ရင်း သွားလိုရာနေရာကို အာရုံပြုလိုက်ရာ … ဝုန်းခနဲအသံမမြည်ဘဲ ဗြုန်းခနဲ ဖိုးရှုပ်နားမှ ပျောက်ကွယ်သွား လေတော့သည်။
မဆလာနံ့နှင့် နွားချေးနံ့ကလေး သင်းနေသည့် ကြားထဲတွင် ပုပ်အဲ့အဲ့ အနံ့တခုကို ရလိုက်သဖြင့် ဦးရုက္ခစိုး မျက်စိမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်သည်။
“ဟာ … ဦးရုက္ခစိုး” ဆိုသော ဝမ်းသာအားရ အသံတသံနှင့်အတူ ချိုကုပ်ဒူးကြီးတို့ လင်မယားကို ဦးရုက္ခစိုး တွေ့လိုက်ရလေသည်။
ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးပါလား ...။ ဘယ်လိုလဲ ချွေးသီးချွေးပေါက်တွေလည်း ကျလို့ … နေမကောင်း ဘူးလား။
ချိုကုပ်။     ။ နေကောင်းပါတယ် … ။ ဒီ ကတုံးကြီး ပြောနေတာတွေ နားမလည်လို့။ လုပ်ပါဦး … ဦးရုက္ခစိုး ဘာသာ ပြန်ပေးပါဦးဗျာ။
ချိုကုပ်ဒူးကြီးက ကတုံးကြီးဟု ခေါ်သူကိုကြည့်လိုက်ရာ အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းရေး ဖခင်ကြီးဖြစ်သူ ဂန္ဒီကို တွေ့လိုက်ရ လေသည်။
ရုက္ခစိုး။     ။ ဟာ … ဘယ်က ကတုံးကြီးကမှာလဲ။ အဲဒါ ဂန္ဒီလေဗျာ။
ချိုကုပ်။     ။ ဟုတ်လား။ မသိပါဘူးဗျာ၊ ကျုပ်က နွားနို့လာရောင်းနေတာ မှတ်လို့ ...။ လုပ်ပါဦး … သူ ဘာတွေ ပြောနေတာလဲ။
ဤနေရာတွင် စာမျက်နှာ အခက်အခဲကြောင့် ဦးရုက္ခစိုးက တဆင့်ဘာသာပြန်ပြနေသည်ကို မဖော်ပြ တော့ဘဲ ဂန္ဒီကြီး ပြောနေသော အင်္ဂလိပ် စကားများအား တိုက်ရိုက် မြန်မာလို ရေးသားပါမည်။
ရုက္ခစိုး။     ။ ဂန္ဒီက သေသွားတာပဲ ကြာလှပြီ … ဘာလို့ ဒီနေရာကို ရောက်နေရတာလဲဗျ။
ဂန္ဒီ။     ။ ဒါက ကျုပ်အထိမ်းအမှတ် သင်္ချိုင်း နေရာလေ။ ခါတိုင်းတော့ ကျုပ် ထွက်လာလေ့မရှိပါဘူး။ ဒီနေ့တော့ ဘာဖြစ်တယ် မသိဘူး ပူလွန်းတာနဲ့ ထွက်ကြည့်တာ … ဟောဒီက ချိုကုပ်ဒူးကြီး ဖြစ်နေတာကိုး။
ချိုကုပ်။     ။ အမယ် … ရာရာစစ၊ ကျုပ်ရောက်လာလို့များ ပူသလေးဘာလေးနဲ့ … သူ့ဘာသာသူ အဲကွန်း မသုံးဘဲနဲ့များ။
ရုက္ခစိုး။     ။ ဂန္ဒီကြီးက ပြောစရာ ရှိပုံရတယ် ချိုကုပ်ဒူးကြီး။
ဂန္ဒီ။     ။ ဟုတ်တယ်။ ကျုပ် ငြိမ်းချမ်းရေး တရား ဟောစရာရှိတယ်။ ဒီက ချိုကုပ်ဒူးကြီးကို ဟောချင်တယ်။ နားထောင်နော် ... လောကကြီးမှာ လူလူချင်း ညှာတာထောက်ထားမှု ရှိရမယ်၊ ငြိမ်းချမ်းရေးကို ဦးထိပ် ပန်ဆင်ကြရမယ်။
ချိုကုပ်။     ။ ဒါတွေက ကျုပ်သိပြီးသားပါ။ လူလူချင်း ညှာတာထောက်ထားမှု ရှိသလားမမေးနဲ့ … ကျုပ်က ကျုပ်မိန်းမနဲ့ သားသမီးတွေ၊ မြေးတွေကို ဘယ်လောက် ညှာတာ ထောက်ထားမှုရှိလဲဆိုရင် … ကျုပ်ထက် ညှာတာ ထောက်ထားတဲ့ သူတောင် ကျုပ်လောက် ညှာတာ ထောက်ထားမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း ဦးထိပ် ပန်ဆင်ပါတယ်ဗျာ။ ပြောလိုက်စမ်းပါ ဦးရုက္ခစိုးရယ် ...၊ ကျုပ်ရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့ အစီအစဉ်တွေကို ...။
ရုက္ခစိုး။     ။ ဟုတ်ပါတယ်လေ။ ဒါပေမယ့် နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို ဘာလုပ်ဖို့ စဉ်းစား ထားလဲ။
ချိုကုပ်။     ။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှင်းပစ်မှာပေါ့ဗျ။ ကျုပ်ဘက်က သေနတ်တချက် မဖောက်ဘူး စိတ်ချ။ သူတို့အချင်းချင်း စိတ်ဝမ်းကွဲပြီး ပစ်ကြ ခတ်ကြရင်တော့ မသိဘူးနော်။ ကျုပ်နဲ့ မဆိုင်ဘူး။
ဂန္ဒီ။     ။ အင်း … ဘယ်လိုမှ ဆုံးမလို့ရမယ့်ပုံ မပေါ်ဘူး။
ချိုကုပ်။     ။ ဟာ … ဘယ်ရမလဲ … ကျုပ်ကပဲ ဆုံးမမှာ။ ဒီမှာ ဦးဂန္ဒီ၊ နောက်တခါ ကျုပ်လာရင် အဲဒီ ကတုံးကို မမြင်ချင်ဘူး။ ပြောင်ချော်ချော်ကြီးနဲ့ ကြည့်လို့ကို မရဘူး။ ရိုရိုသေသေ ဆံပင်လေး ဘာလေးနဲ့ ကြိုဆိုဗျာ နော်။
ဂန္ဒီ။     ။ ဒါက ကျုပ်ရဲ့ ...။
ချိုကုပ်။     ။ နေဦး ရှိသေးတယ်။ ခင်ဗျား အဝတ်အစားတွေကလည်း အရမ်းအောက်တာပဲ၊ နောက်မှ ခင်ဗျားတို့ ဝန်ကြီးချုပ်ကို ခင်ဗျားအတွက် ဝတ်စုံတစုံလောက် ဆင်ပေးဖို့ ပြောပေးဦးမှပါပဲ။
ဂန္ဒီ။     ။ မှားပါတယ်၊ မှားပါတယ်။ ထွက်လာမိတာကိုက ကျုပ်အမှားပါ။ ကျုပ်ဘာသာကျုပ် အထဲ ပြန်ဝင်တော့မယ်။ ဒါပေမယ့် မသွားခင် ကျုပ်မြေးအတွက်ပေးခဲ့တဲ့ အပြစ်တရား ၇ ချက်ပါတဲ့ စာလွှာကို လက်ဆောင်ပေးလိုက်ပါရစေ။
ဂန္ဒီကြီးက စာလွှာကို ဒေါ်ကွိုင်ကွိုင်အား ပေးကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။ ဘေးတွင် ရပ်နေသော ဒေါ်ကွိုင်ကွိုင်က “အဲဒီစာလွှာက ဘာလုပ်ဖို့လဲ မောင်တော်” ဟု လှမ်းမေးသည်။
ချိုကုပ်။     ။ ယူသာ ယူထားလိုက်ပါကွာ … အဲဒါတွေက တို့နဲ့ မဆိုင်ပေမယ့် တခြားသူကို ဆုံးမသြဝါဒ ခြွေတဲ့ အခါကျရင် အသုံးတည့်တာပေါ့။
ရုက္ခစိုး။     ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက ရန်ကုန်က အာဇာနည်ကုန်းတောင် တခါမှမသွားဘဲ … ဂန္ဒီကြီးရဲ့ သင်္ချိုင်း ကျတော့ ဘာသွားလုပ်တာလဲ။
ချိုကုပ်။     ။ အာဇာနည်ကုန်းလား … ထားလိုက်စမ်းပါဗျာ ...။ ဒီနေရာကတော့ နာမည်ကြီးတဲ့ နေရာဆိုလို့ သွားကြည့်တာ၊ အခုလို ကတုံးကြီးနဲ့ တွေ့မယ်မှန်းသိရင် မလာပါဘူး။ သိပြီးသားတွေများ လာပြောနေ သေးတယ်။ ကျုပ်က သူများကိုပဲ သြဝါဒခြွေချင် တာဗျ … သူများ ဆုံးမတာ ခံချင်တာ မဟုတ်ဘူး။
ရုက္ခစိုး။     ။ မြန်မာပြည်က သံဃာတွေကျ သတ်တာတွေ၊ ရိုက်တာတွေလုပ်ပြီး အိန္ဒိယရောက်နေတဲ့ မြန်မာပြည်က သံဃာတွေ ကျတော့ ဝတ္ထု ကပ်တယ်ဆိုတော့ တမျိုးကြီးပဲနော်။
ကွိုင်ကွိုင်။     ။ ဦးရုက္ခစိုးကြီးကလည်း စပ်စုလိုက်တာ လွန်ရော ...။ ယတြာချေတာရှင့် ယတြာချေတာ သိပြီလား။
ရုက္ခစိုး။     ။ ဗျာ … ယတြာ ဟုတ်လား။ မြန်မာပြည်မှာ ယတြာချေရတာ အားမရလို့လား။
ချိုကုပ်။     ။ တနိုင်ငံလုံးက သံဃာတွေက ကျုပ်ကို ကံဆောင်ထားတော့ သံဃာ ၂၇ ပါး ပြည့်အောင် လှူလို့ မရဘူးလေ။ ဗေဒင်ကလည်း ၉ နဝင်းကြေအောင် ၂၇ ပါး အပြည့်လှူရမယ်တဲ့။ အဲဒါကြောင့် အိန္ဒိယအထိ လာလှူရတာ။
ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးနောက်မှာ နောက်လိုက် နောက်ပါတွေကလည်း များလိုက်တာဗျာ … ဘယ်လိုဖြစ်တာလဲ။
ချိုကုပ်။     ။ များဆို … ဖင်တွန့်တုန်းကလို ကျုပ်အပြင်ထွက်တုန်း အာဏာသိမ်းကြမှာ စိုးလို့ အကုန်ခေါ်လာတာ။ အခုတော့ အေးအေးဆေးဆေးပဲ၊ မောင်ကွေးတော့ ချန်ခဲ့တယ်။ သူကတော့ စိတ်ချရတယ်လေ။ အရက်တလုံး ထောင်ပေးခဲ့ရင် ကျေနပ် နေတဲ့ကောင်။ သေချာ အိမ်စောင့် ထားလိမ့်မယ်။
ရုက္ခစိုး။     ။ အခု ခရီးစဉ်မှာ ချိုကုပ်ဒူးကြီးရဲ့ အဓိက လုပ်ငန်းစဉ်က ဘာလဲဗျ။
ချိုကုပ်။     ။ ကဲ … ကွိုင်ကွိုင်ပဲ ဖြေလိုက်ပါတော့၊ မောင်တော်ကမှ မသိဘဲ … အဲ ဟုတ်ပေါင် … မောင်တော် မောတော်မူလို့။
ကွိုင်ကွိုင်။     ။ အဓိကကတော့ ယတြာချေဖို့ပဲလေ ဦးရုက္ခစိုးရဲ့၊ ယတြာခြေရင်း တခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့တို့ ဘာတို့ လုပ်ချင်ယောင်၊ ပြောချင်ယောင် ဆောင်ကြမှာပေါ့။ အိန္ဒိယက ပညာရှင်တွေနဲ့လည်း ပုဂံက အာနန္ဒာစေတီကြီးကို ဖျက် … အဲ ပြုပြင်ဖို့ ပြောပြီးပြီ။ အဲဒါကြီးပြင်ပြီးရင် အကုန်အောင်ပြီ ဦးရုက္ခစိုးရဲ့။
ချိုကုပ်။     ။ ဒလက ဓနုတ်စေတီကြီးလို ဖြစ်ရင် ဘယ်လိုလုပ်မလဲ။
ကွိုင်ကွိုင်။     ။ ဟယ် … ဦးရုက္ခစိုးပါးစပ်ကို ရွှေချထားဖို့ ကောင်းနေပြီ မောင်တော်ရေ ...။ အဲဒီလို ဖြစ်အောင်လုပ်ရမှာ … မောင်တော်ရဲ့ သမိုင်းတွင်ကျန်ရစ်မယ့် အမည်းစက်တွေအားလုံး ကင်းစင်ဖို့ သမိုင်းဝင်ပစ္စည်းတွေ အဆောက်အအုံတွေ စေတီတွေအားလုံးကို ပြင်ချင်ယောင်ဆောင်ပြီး ဖျက်ရမယ်လေ ...။ ဖျက်နိုင်ရင် အောင်ပြီ ...။
ဒေါ်ကွိုင်ကွိုင့် စကားအဆုံးတွင် သူတို့ရပ်နေသော မြေကြီးမျက်နှာပြင် သိမ့်ခနဲ လှုပ်သွားသောကြောင့် ဦးရုက္ခစိုးမှာ ကိုယ်ဖျောက်ရန် မေ့သွားပြီး ဖနောင့်နှင့်တင်ပါး တသားတည်း နေအောင် ပြေးတော့သည်။ သို့ရာတွင် ထိုသို့ မြေကြီး လှုပ်ရှားသည်ကို ချိုကုပ်ဒူးကြီးနှင့် ဒေါ်ကွိုင်ကွိုင်တို့အဖွဲ့မှာ ကောင်းချီးသြဘာ ပေးသည်ဟု ထင်မှတ်၍ လက်ခုပ် လက်ဝါးတီးရင်း အိန္ဒိယ အကများဖြင့် ကခုန်၍ ကျန်ခဲ့လေတော့၏။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။
ဓာတ်ပုံ US State Department
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။

မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အမေရိကန် စိုးရိမ်ကြောင်း ထပ်လောင်းပြောဆို

ပွင့်လင်းထင်သာမှု မရှိတဲ့ မြန်မာ၊ မြောက်ကိုရီးယား ဆက်ဆံရေးကြောင့် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ


ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး

ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး

စစ်အစိုးရသည် ကာကွယ်ရေး ၀န်ကြီး ဌာနအတွက် တနှစ်လျှင် ၆ ထရီလီယံ ကျပ် ခန့် အသုံးပြုနေကြောင်း သိရှိရသည်။ နိုင်ငံတွင်း ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်
ဝန်ကြီးများ USDP အတွက် စည်းရုံး

ဝန်ကြီးများ USDP အတွက် စည်းရုံး

“မဲပေးမယ်ဆို ‘ဆန်စိ’ ကို ပေးဖို့ မမေ့နဲ့ ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ခေါင်းဆောင် ၀န်ကြီးချုပ် ဗိုလ်ချူပ် ကြီးဟောင်း ဦးသိန်းစိန်က ရှမ်းပြည်နယ်သို့ သွားရောက်စဉ် ပြောကြား

မန္တလေး ကုန်သည်များ စီမံကိန်း နေရာသစ်သို့ မရွှေ့လို

မန္တလေးမြို့တွင် ၃ လနှင့် အပြီး တည်ဆောက်မည့် မန္တလေး ကုန်သွယ်ရေး ဗဟိုစီမံကိန်း (MMC) တည်ရှိရာသို့ အာဏာပိုင်များက ပြောင်းရွှေ့ ခိုင်းမည်ကို ဒေသခံ ပွဲရုံ လုပ်ငန်းရှင်များ စိုးရိမ်လျက်

ဝန်ကြီးများ ရွေးကောက်ခံ နယ်မြေ သတ်မှတ်ပြီးစီး

စစ်အစိုးရ အဖွဲ့တွင် လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများသည် ရန်ကုန်တိုင်း အပါအ၀င် နယ်မြို့ တချို့တွင် လာမည့် ရွေးကောက်ပွဲ အတွက် USDP ပါတီ မှ ၀င်ရောက် ယှဉ်ပြိုင်

USDP ဖွဲ့စည်းပုံ စည်းမျဉ်း စစ်အစိုးရ မူဝါဒသာ ဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖွဲ့စည်း ထူထောင်ခဲ့ ခြင်းသည် “သမိုင်းရေး ပကတိ လိုအပ်ချက် အရ” ဖြစ်သည်ဟု ၂၀၁၀ ခုနှစ် မေလတွင် ပါတီတွင်း ထုတ်ဝေခဲ့သည့်

ငါးသိန်းတန် လက်ကိုင်ဖုန်းများ အလုံးရေ သိန်းနှင့်ချီ ရောင်းပေး

ရန်ကုန်နှင့် မန္တလေး အပါအ၀င် မြို့ကြီးများတွင် ငါးသိန်းတန် CDMA 800 MHZ မိုဘိုင်းဖုန်း အလုံးရေ သိန်းနှင့်ချီ၍ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရ

ဖမ်းဆီးခံ မြန်မာ အလုပ်သမားများ နယ်စပ်ပိတ်၍ ပြန်လွတ်

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သိုးမွေး စက်ရုံများမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၅၀ ခန့်ကို ထိုင်းရဲများက ယမန်နေ့ ညနေတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ သို့သော် နယ်စပ်တံတား ပိတ်ထား၍ မြန်မာဘက် အခြမ်းသို့

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လည်ပတ်

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ၂၅ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံသို့ ယနေ့ အလည် အပတ် လာရောက်ကြောင်း

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

“ကြံ့ဖွံ့ပါတီဆိုတာ ကြံ့ဖွံ့အသင်းက ဖြစ်လာတာပဲလေ၊ အဲဒီအသင်းကလည်း အစိုးရက ဖွဲ့စည်းထားတာဖြစ်တယ်လေ။ ပါတီအနေနဲ့ ပြောင်းလိုက်တော့ အခုအစိုးရ၀န်ထမ်း မိသားစုတွေကို ကနဦးပါတီဝင်တွေလုပ်ပြီးတော့ ကြိုတင်မဲကောက်နေပြီ

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ရေး ရက် မသတ်မှတ်နိုင်သေး
ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများချထား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံ မှ ကန်ဒေါ်လာ ၆၆ သန်း ကျော် ထပ်မံ ချေးဌား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အိန္ဒိယနိုင်ငံသို့ သွားရောက် သည့် ငါးရက်တာ ခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အိန္ဒိယ သမ္မတ မန်မိုဟန်ဆင်းဂ် တို့ နှစ်ဦး သည် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးကာ နှစ်ဖက် သဘော တူညီချက် ငါးခုကို လက်မှတ် ရေးထိုး နိုင်ခဲ့ ကြကြောင်း သိရှိရ ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော အဖွဲ့ တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ အတွင်းရေးမှူး (၁)

 

ရွှေသံလွင် နှင့် ရတနာပုံ ပူးပေါင်း၍ ရုပ်သံ လိုင်းသစ် ထုတ်လွှင့်မည်

ဖိုက်ဘာ ဆက်ကြောင်း အင်တာနက်လိုင်း (Fiber to the Home) စနစ် ပေါ်တွင် ဝန်ဆောင်မှု ပေးမည့် Triple Play Services တွင် ပါဝင်သော IPTV အစီ အစဉ် အတွက် နိုင်ငံတကာ i-Move TV Channel ကို ပြည်တွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ စတင် အကောင် အထည်ဖော် နေပြီ ဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။ Fiber to the Home (FTTH) စနစ် ပေါ်တွင် အခြေခံပြီး နိုင်ငံတကာ ရုပ်သံ

ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့်လက်နက်ကိုင်တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီတုန့်ပြန်

ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့်လက်နက်ကိုင်တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီတုန့်ပြန်ကချင်ပြည်သို့ မြို့နယ်ကော်မတီဖွဲ့ရန် စည်းရုံးရေးဆင်းသည့် ကျားဖြူ/သျှမ်းပါတီအား ‘တရားမ၀င် လက်နက်ကိုင်တပ်ဖွဲ့ နောက်ခံရှိပါတီ’ဟု ကြံ့ဖွတ်ပါတီဝေဖန်ပုတ်ခတ်သည့် အပေါ်မဟုတ်မှန်ကြောင်း ဥက္ကဌစိုင်းအိုက်ပေါဝ်း ကတုန့်ပြန် ပြောဆိုသည်။

ကြက်ဆူ အစားလက်ဖက်နှင့် ကျွန်းပင်များ နအဖပိုစိုက်ခိုင်း

ကြက်ဆူ အစားလက်ဖက်နှင့် ကျွန်းပင်များ နအဖပိုစိုက်ခိုင်းသျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိကျေးလက်လူထုအားဆင့်ခေါ်၍ ကြက်ဆူပင်များအမြစ်ပါမကျန်ခုတ်ထွင်ရှင်း လင်းပြီး လက်ဖက်ပင်နှင့်ကျွန်းပင်များ အစားထိုးစိုက်ပျိုးခိုင်းကြောင်း စုံစမ်းသိရှိရပါသည်။

၂၀၁၀ ရွေးကောက်ပွဲ တိုင်းရင်းသားများကို ကိုယ်စားမပြုဟု အကဲခတ်ပြော

ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများမှ ပြည်သူ များအား ကိုယ်စားမပြုနိုင်ဟု တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အသက်မပါသည့် အသေမွေး ဥပဒေများနှင့် နအဖ
ဦးဦးထက်သာ
ဇူလိုင် ၃၀၊ ၂၀၁၀
(ပြည်တွင်းက ဥပဒေပညာရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ အာဘော်အဖြစ် တင်ဆက်ခဲ့တဲ့၊ မတ်လ ၁၁၊ ၂၀၁၀ စာတမ်း၊ ရဲရင့်ငယ်ဘလောဂ့်က ကူးယူတယ်)
အတိုက်အခံ ပါတီများ နှင့်ပြည်သူလူထုသို့ အိပ်ဖွင့်ပေးစာ……
၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (၁/၂၀၁၀) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ(၂/၂၀၁၀) ထုတ်ပြန်လိုက်သည့်အခါ အံ့သြတုန်လှုပ်ပြီး အတိုက်အခံပါတီများ၏အသံသည် ဆူညံပွက်လောရိုက်၍ ထွက်လာပါသည်။
၁၉၉၀ခုနှစ် ကတည်းကစ၍ တရားဝင်ရပ်တည်လျှက်ရှိသော အတိုက်အခံပါတီ (၁၀) ခုစလုံး အသေသတ်၊ အမြစ်ဖြတ်လိုက်သည့် အမိန့်ဖြစ်သည်။ သို့သော်… … …
အပြည့်အစုံသို့ ...
“ ငါ့သား... မင်း လူလားမြောက်ပြီ ”
သားဦး
ဇူလိုင် ၃၀၊ ၂၀၁၀

၁။ မင်းရဲ့ အခန်းကျဉ်းကို
ခြေသံပြင်းပြင်း မာန်တင်းတဲ့မျက်နှာနဲ့
သော့ပိတ်ရန် လာသူကို
ကရုဏာရှေ့ထား
ကျေးဇူးစကား ဆိုနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၂။ တလောကလုံး အမှောင်ဖုံးတဲ့အခါ
သူရဲကောင်းတို့ရဲ့ ဂုဏ်တော်
သီဆို ပူဇော်ရင်း
အလင်းသစ်နဲ့ နံနက်ခင်းကို
မင်း မျှော်လင့်နိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။
အပြည့်အစုံသို့ ...
 

ရောင်စုံပန်းချီကား
(Melting Pot, Multiculturalism, Diversity)
အရှင်ဉာဏိက
ဇူလိုင် ၃၀၊ ၂၀၁၀
မနေ့ညနေက သူတို့မိခင်ကြီးနဲ့အတူ ကျောင်းပြီးစ သားကြီးနဲ့ မကြာမီမှာ ကောလိပ်ကနေ တက္ကသိုလ်ကို ပြောင်းတော့မယ့် သားလတ်တို့ ကျောင်းကိုရောက်လာတယ်။ သားကြီးဖြစ်သူရဲ့ လုပ်အားခထဲကနေ ရလာတဲ့ ငွေနဲ့ ဦးဦးဖျားဖျားအလှူအဖြစ် ဝါဆိုသင်္ကန်းတစ်စုံ လာရောက်လှူဒါန်းကြတာ။လွန်ခဲ့တဲ့ သုံးလေးလလောက်က လည်းပဲ သူတို့ဖခင်က သူ့ရဲ့သားတွေ ဘာသာရေးနဲ့ စိမ်းမသွားစေဖို့ အိမ်ကိုကြွရောက်ပြီး သားတွေနဲ့ လိုက် လျောညီထွေဖြစ်စေမယ့် တရားစကား အနည်းအကျဉ်းပြောပေးပါဦးဆိုလို့ သူတို့အိမ်ကြွရောက်ကာ တရား စကားပြောဖြစ်ခဲ့ပါသေးတယ်။
ကာတွန်း စောငို - နောင်ခါလာ နောင်ဈေးပေါ့ ...
ဇူလိုင် ၂၉၊ ၂၀၁၀

ကြွက်များပျော်ပြီး အမှိုက်များတောင်လိုပုံတဲ့ မြို့တော်ရန်ကုန်
ဝင်းမြတ်၊ ရန်ကုန်
ဇူလိုင် ၂၉၊ ၂၀၁၀
ရန်ကုန်မြို့ ရန်ကင်းမြို့နယ် တစ်နေရာတွင် အမှိုက်ပုံမှ ပလပ်စတစ်၊ ကြေး၊ သံ၊ စက္ကူ တို့ကို ရွေးချယ် ဖယ်ထုတ်နေသည့် စည်ပင် အလုပ်သမားများ
မမေမိုးရဲ့ တစ်နေ့တာကို ရေနွေးအိုး တည်ခြင်းနဲ့ စတင်ပါတယ်။ ရေနွေးအိုး မဆူခင် နောက်ဖေး မီးဖိုချောင်ထဲမှာ ပျံ့ကြဲနေတဲ့ ကြွက်ချေးနဲ့ အမှိုက်တွေကို ရှင်းလင်းရပါတယ်။ ရေနွေးအိုး ဆူပြီ ဆိုတာနဲ့ နောက်ဖေး လမ်းကြားထဲကနေ အိမ်ထဲ ၀င်လာတဲ့ ကြွက်တွေကို ရေနွေးနဲ့ လိုက်ပက်ခြင်းဟာ မမေမိုးရဲ့ နံနက်ခင်း အလုပ်တွေပဲ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...

ပြိုင်ဘက်မရှိ ရွေးကောက်ပွဲ နိုင်မည်ဟု ကြံ့ဖွံ့ယုံကြည်နေ
12sဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ... 
မိုးကြိုးပစ်၍ တဦး သေ၊ တဦး ဆေးရုံတင်
ကောက်စိုက်နေစဉ် မိုးကြိုးပစ်ခံရသဖြင့် ကလေးမြို့ ချမ်းသာကြီးရွာမှ အသက် ၂ဝ နှစ်အရွယ် ... 
နိုဝင်ဘာတွင် လွတ်မည်ဟု ဒေါ်စု မျှော်လင့်
untitledsမြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် ... 
ကြံ့ဖွံ့ စည်းရုံးရေး မြို့ပေါ်တက်တော့မည်
thein-seinsမွန်ပြည်နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် ကျေးလက်များတွင် စည်းရုံးရေး ... 
ကလေးမြို့ရေကြီး ကလေးငယ်တဦး ပျောက်ဆုံး
sasky2ssssခြောက်နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် စစ်ကိုင်းတိုင်း ... 
မြေမြၟုပ်မိုင်းသင့် မြန်မာဒုက္ခသည်များကို အမေရိကန် ကူညီထောက်ပံ့မည်
မုတ္တမကမ်းလွန်မှ သဘာဝဓာတ်ငွေႚ နှစ် ၃၀ စာ ထိုင်းဝယ်မည်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လူႛအခွင့်အရေးကိစ္စ အိန္ဒိယပြောဖိုႛ အမေရိကန်မျှော်လင့်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က NLD နှင့် ပူးပေၝင်းဆောင်႟ရွက်မည်