ဇူလိုင်၂၅

ယမန်နေ့ ကထိုင်းနိုင်ငံဘန်ကောက်မြို့ ဖလန်ဆောင်နယ်မြေ စင်ထလယ်ရပ်ကွက် ကုလားထိုင် အလုပ်ရုံမှ မြန်မာအလုပ်သမား ကိုဇေါ်မျိုး ၀က်တုတ်ကွေးရောဂါဖြင့် ဆေးဝါးကုသမှု ခံနေရသည်။

ထင်ထလယ်၂၅ လမ်းရှိ ကုလားထိုင်အလုပ်ရုံမှ အသက် ၃၅ နှစ်အရွယ် ကိုဇေါ်မျိုး ဆိုသူသည် လွန်ခဲ့သော ရက်၂၀ ခန့် မှ အဆုတ်ပွ ကာ ဖျားနာနေခဲ့သည်။ နီးစပ်ရာ ဆေးခန်းများတွင်ပြသ ပြီး ဆေးဝါးကုသမှု ခံယူခဲ့သော်လည်း သက်သာခြင်းမရှိ၍ ယနေ့ တွင်ဘန်ကောက်မြို့  ဖလန်ဆောင်လမ်းမကြီးတွင်ရှိသော ဘန်မော့ အင်တာနယ်ရှင်နယ် ဆေးရုံးကြီးတွင် ဆေးဝါးကုသမှုခံယူနေခြင်းဖြစ်သည်။

ကိုဇေါ်မျိုးက“ကျနော်ဖြစ်နေတာကြာပြီ ဒီနေ့ ဒီဆေးရုံကဆရာဝန်တွေက ဓါတ်မှန် ရိုက်တယ်။ သွေးတွေ စစ်တယ်။ ဆရာဝန်ပြောတာကတော့ တီဗွီတွေမှာလွှင့်တဲ့ ၀က်တုတ်ကွေး ရောဂါ လို့ ပြောတယ်။ခု ကျနော့်ကို အောက်စီဂျင် သွင်းထားတယ်။ ဆေးပုလင်းကြိး ချိတ်ထားတယ်။ နဲနဲတော့သက်သာပါတယ်။ သက်သာရင် နက်ဖြန် ဆေးရုံကဆင်းရမယ်ပြောတယ်” ဟုပြောသည်။

ဘန်ဘော်ငါးသေတ္တာရုံ အလုပ်သမားများနေထိုင်ရာ ကွန်ဒိုတိုက်ခန်းတွင် မြန်မာ အလုပ်သမားများ ဖတ်ရှုနိုင်ရန် ဖွင့်လှစ်ထားသော ဇာမဏီ စာကြည့်တိုက် အုပ်ချုပ်ရေးမှူး ကိုသန်းစိုးက အဆိုပါလူနာအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ကိုသန်းစိုးက“ကျနော် ညီမကအေးဒီအလုပ်ရုံမှာ အလုပ်လုပ်ရာကသတင်းပို့ တယ်။ အလုပ်ရုံနဲ့ အနီအနားမှာ ဟိုးလေတကျော်ဖြစ်နေတယ်ဆိုတာကြောင့် ကျနော်ဆေးရုံကို သွားကြည်တယ်။ လူနာ သက်တောင့် သက်သာပါ။ ဆေးပုလင်းတွေချိပ်ထားတယ်။ အောက်စီဂျင်ပိုက်တွေ တပ်ထားတယ်။ အခြေအနေ ကောင်းပါတယ်။ ကျနော် သတိထား မိသလောက် ဆိုရင် မြန်မာအလုပ်သမားတွေ ထဲမှာ အခြားဖြစ်တဲ့ သူတော့ မကြားမိ သေးပါဘူး” ဟုပြောသည်။

ဇူလိုင်(၁၁)ရက်နေ့ ထုတ် ဘန်ကောက်ပို့ သတင်းစာတွင် ထိုင်းနိုင်ငံမှာ တုပ်ကွေး အမျိုးအစား A (H1N1) ဗိုင်းရပ်စ်ပိုးဟာ လူဦးရေး သန်း ၃၀ ထိကူးစက်ပြန့်ပွားနိုင်ပြီး ၁,၂၀၀ လောက်ဟာ ဒီ ဗိုင်းရပ်ပိုးကြောင့် သေဆုံးနိုင်ကြောင်း ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနက ကြိုတင် ခန့်မှန်းပြောကြား လိုက်သည်။

ဗိုင်းရပ်စ်ပိုးရှိသူများ များထဲမှ လူပေါင်း ၃၀,၀၀၀ ကနေ ၁၃၀,၀၀၀ လောက်တွင် ဆေးရုံတက်ရောက် ကုသ ရန် လိုအပ်မှာဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီး ဌာန ကြီးကြပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ Prasert Thongcharoen က ပြောသည်။ ကူးစက်ပျံ့နှံ့မှု မှာ ၁ နှစ်မှ ၃ နှစ် အထိကြာနိုင်ကြောင်းဆိုသည်၊

ပြီးခဲ့သောဗုဒ္ဓဟူးနေ့ ကKo Zaw Myoဘန်ကောက်ပို့ သတင်းစာတွင် ထိုင်းနိုင်ငံတစ်ခုလုံးတွင် လူပေါင်း ၄၄ ယောက် သေဆုံးခဲ့ပြီး ဖြစ်ကြောင်းနှင့် ပြီးခဲ့သော တစ်ပတ်အတွင်း ထိုင်း တစ်နိုင်ငံလုံးတွင် လူပေါင်း ၂၀ သေဆုံးခဲ့သည်။ နိုင်ငံအတွင်းရှိ စာသင်ကျောင်း ၁၂၈ ကျောင်းကိုပိတ်ထားပြီး ရောဂါဖြစ်နေသူ ၂၀၀ ကျော် ရောဂါ ခံစားနေရပြီး သေဆုံးမှုရှိခဲ့သည်။ ရောဂါကူးစက်ခံထားရသည့် ကျောင်းသား/သူ ၆၀၀၀ခန့်ကို အထူး စောင့်ကြည်နေသည်။ ဇူလိုင်လပထမပတ်တွင် ထိုင်းနိုင်ငံအတွင်းရှိ ပုဂ္ဂလိက ကျောင်း များနှင့် အင်တာနက်ဆိုင်များကို ပိတ်ထားမည်ဟု ထိုင်းအစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ၀က်တုပ်ကွေး ရောဂါဖြစ်ပွား ကူးစက်မှုနှင့် သေဆုံးမှုတို့ကို ပြည်သူများ အထိတ်တလန့်  မဖြစ်စေလို သဖြင့် ထုတ်ပြန်မှု မရှိတော့ကြောင်း သိရှိရသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ အားကူးစက်ပြန့် နှ့ံနေစဉ်အတွင်းလူပေါင်း ၈၀၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း WHO ကမ္ဘာ့ကျမ္မာရေးအဖွဲ့ ကယမန်နေ့ က ထုတ်ပြန်ကြေညာလိုက်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကာကွယ်ဆေး သန်း ၁၅၀ အားဆေးဝါးထုတ်လုပ်သောကုမ္ပဏီ ကြီး၂ခုထုတ်လုပ်ပေးမည်ဖြစ်ပြီး ဆင်းရဲသော နိုင်ငံများ အတွက် အခြား ကုမ္ပဏီများနှင့် ညှိနှိုင်းဆဲ ဖြစ်ကြောင်း ဖေါ်ပြထားသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။