8.17.2009

Burma's News World's News

The Arctic Sea (file image)
Russia says it has found a missing cargo vessel near the Cape Verde islands and retrieved its 15-member Russian crew.

On the last day of campaigning before Thursday's poll, candidates in the Afghan presidential election woo voters.

Gay Iraqis are being murdered in a brutal co-ordinated campaign involving militia forces, a rights group says.


Policemen work at the site of explosion in a police compound in Nazran, 17 Aug 2009
Mon. 17 Aug 2009 0908 UTC

Truck Bomb in Russia's Caucasus Kills 20

Attack early Monday targets police headquarters in Ingushetia's capital city of Nazran

Full Story » | Listen Audio clip available

A man in Kabul passes an election poster of Afghan presidential candidate and current Pres. Hamid Karzai, 14 Aug 2009

Afghanistan Faces Many Challenges in Run-Up to Election Audio Clip Available Video clip available

This time, Afghans are controlling the process and there will be fewer international advisers, observers

A Pakistani paramilitary soldier stands guard at a tense area after the killing of an Islamic religious leader Ali Sher Haideri, in Karachi, 17 Aug 2009

Head of Banned Pakistani Militant Group Shot Dead

Officials say gunmen killed Ali Sher Haideri and one of his companions as they were driving in Sindh province, northeast of Karachi

President Hosni Mubarak at a press conference near Alexandria, Egypt (File)

Mubarak: Peace Before Normalization with Israel

Egypt's president says Israel must halt settlement construction, resume peace talks with Palestinians before Arabs normalize ties

US Senator Jim Webb’s meeting with Burma's Chairman of the State Peace and Development Council Senior Gen. Than Shwe, in Naypyidaw, 15 Aug 2009

US Senator: Burma Denies Nuclear Plans Audio Clip Available

Senator Jim Webb also says Burma's opposition leader Aung San Suu Kyi has indicated a willingness to see some sanctions on Burma lifted


Webb Hints Suu Kyi May Favor Engagement

By SIMON ROUGHNEEN
US Sen Jim Webb hints to reporters in Bangkok that Aung San Suu Kyi may be in favor of the US and EU lifting some sanctions on Burma.

NLD Leader Undergoes Operation

By ARKAR MOE
Win Tin, a veteran NLD leader, is in good condition following surgery for a heart condition.


Villagers Fear September Offensive

By SAW YAN NAING
A joint Burmese army and DKBA force plans to attack KNLA Brigade 5 in September.

Burmese Puzzled and Angered by Yettaw’s Release

By WAI MOE
The release of John W Yettaw, the American who got Aung San Suu Kyi into trouble by intruding into her home, has puzzled and angered many Burmese.

Mae Sot Reacts to Suu Kyi Verdict

By ALEX ELLGEE
The Burmese community in the border town of Mae Sot was especially sensitive to the fate of the pro-democracy leader.
NEWS ANALYSIS

Risky Rescue Missions Can Complicate US Diplomacy

By LOLITA C. BALDOR
With their timing so close, the Clinton and Webb missions may suggest to other rogue nations that in dealings with the Obama administration, holding American hostages can be a profitable political ploy.

US Senator’s mercy mission to Burma may start a new process

The American senator, Jim Webb may have started something significant, but at this stage everything to do with his visit is still shrouded in mystery. Even at his two press...

Veteran opposition leader in hospital

Win Tin, a member of the Central Executive Committee of the National League for Democracy, who was hospitalised on Saturday and underwent a cardiac surgery,...

Editorial, Opinion and Analysis

Will ‘Webb diplomacy’ bring a thaw in US-Burma relation

(Analysis) US Senator Jim Webb, who is also the chairman of the Senate Foreign Relations Asia Pacific Subcommittee, during his visit to Burma this weekend,...


Government employees to lose incentives in Naypyitaw

Authorities will begin collecting five different bills including house rent, electricity and water bills, from government employees they were earlier exempted from...

Ceasefire groups put business expansion on hold

Four ceasefire groups, which have an alliance and have flatly refused the junta’s proposal to transform into the Border Guard Force (BGF), are putting on hold their business expansion......

လာတော့မယ့် စည်းကမ်းရှိဒီမိုကရေစီရဲ့ ပြယုဂ်တခု

ရဲဘော်ဖိုးသံချောင်း

၁၇ သြဂုတ် ၂၀၀၉

နအဖဗိုလ်ချုပ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၄) ယောက်ကို ကြပ်ပြေးကို လာဖို့ ခေါ်လိုက်တယ်ဆိုတဲ့ကိစ္စကို ဗမာပြည်နိုင်ငံရေး စိတ်ဝင်စားသူတိုင်း သတိပြုမိကြပါတယ်။ သူတို့ရဲ့ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်လောက်ယုတ်မာတဲ့ အကြံအစည်တွေ၊ လုပ်ဟန်တွေ ရှိနေတယ် ဆိုတာ ကိုလည်း နိုင်ငံရေးအကင်း နည်းနည်းလေးပါးသူ တိုင်း ရိပ်မိကြပါတယ်။

အမေရိကန်က ကွန်ဂရက်လွှတ်တော်အမတ်ဝက်ဘ် ဗမာပြည်ကိုလာတဲ့ကိစ္စမှာ နအဖဗိုလ်ချုပ်တွေဟာ တွေ့ဆုံဖို့ ဖိတ်တာမှာ ဒီအချက်လေးချက်ဟာ ပေါ်လွင်နေပါတယ်။

၁။ နအဖက ဘာကိစ္စနဲ့ ခေါ်တယ်ဆိုတာ မပြောပါဘူး။ ဆင့်စာပို့သလို ပို့လာတာဖြစ်ပါတယ်။ လူလူချင်း အပြန် အလှန် လေးစားမှုမျိုးတောင် မဖော်ပြပါဘူး။ ပဒေသရာဇ်မင်းကြီး ဗိုလ်သန်းရွှေဟာ သူ့ရဲ့ ပဒေသရာဇ် အာဏာစက် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာခံဖို့ ပို့လွှတ်လိုက်တာလို့ဆိုရင် ရမလားပါပဲ။

၂။ နအဖက ဆင့်ခေါ်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ကို လိပ်မူ ဖိတ်ခေါ်တာ မဟုတ်ဘဲ လူနာမည်တွေတပ်ပြီး ဖိတ်ခေါ်တာဟာ ကြားသိရသူတိုင်းကို ဒေါသဖြစ်စေပါတယ်။

၃။ ပိုသတိထားသင့်တာက ဒါဟာ ပထမအကြိမ်မဟုတ်ဘူး၊ ဒုတိယအကြိမ်ဖြစ်တယ်ဆိုတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာတုန်းကလည်း ဒီလိုတခါလုပ်ခဲ့ပြီးပါပြီ။

၎။ ဖိတ်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ပို့တာမဟုတ်ဘဲ ဥက္ကဋ္ဌ ဦးအောင်ရွှေရဲ့အိမ်ကို ပို့တာဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်ရုံးတို့အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာကို သိစေချင်လို့ တမင်လုပ်တယ်လို့ စဉ်းစားစရာဖြစ်ပါတယ်။

ဒါတွေက ဖော်ပြနေတာကတော့ နအဖဗိုလ်ချုပ်တွေဟာ အားလုံးကို တမင်အစီအစဉ်ရှိရှိနဲ့ အခုလို လုပ်နေတယ် ဆိုတာပါပဲ။

သူတို့ ဒီလိုလုပ်နေတာမှာ အဓိကရည်ရွယ်ချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်မှုအတွင်းမှာ သွေးခွဲဖို့ ဖြစ်တယ်ဆိုတာကို လူတိုင်းမြင်ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အဖွဲ့ထဲမှာမှ နှစ်ခါစလုံး ဒီလူတွေကိုချည့်ပဲ ကွက်ခေါ်တယ်ဆိုတော့ တရားလွန်တယ်လို့တောင် ပြောနိုင် ပါတယ်။ ဒီအလုပ်အမှုဆောင်အတွင်း တဦးနဲ့တဦး သို့လော-သို့လောတွေ ဖြစ်မ ကုန် နိုင်ပေဘူးလား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘယ်သူကိုယ်စားပြုတွေ့မယ်ဆိုတာကို ဘာကြောင့် အဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့က ရွေးခွင့်မရှိရတာလဲ။ နအဖဟာ ဘယ်တုန်းကများ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ရဲ့ အာဏာတွေကို ရယူထားပြီး ရွေးပေးနေတာလဲ။ နောင်မှာလည်း ဒီလိုပဲ သူတို့ကချည်း ရွေးပေးနေမှာလား။ တကယ်လို့များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်ဆိုရင် ကိုယ်စားလှယ်လောင်းအဖြစ် ဘယ်သူတွေကိုရွေး၊ ဘယ်သူတွေကိုတော့ မရွေးနဲ့လို့များ နအဖဗိုလ်ချုပ်တွေက သတ်မှတ်နေဦးမှာလား။

သေချာတာကတော့ နအဖဟာ သူတို့ အကောင်အထည်ဖော်တော့မယ့် သူတို့ရဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို အမြည်းပေးနေတာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှု ဆိုတာဟာ ဒီလိုပဲ သူများပါတီတွေထဲမှာ အလုပ်အမှုဆောင်အဖွဲ့ကို ကျော်လွှားပြီး ဦးဆောင်မှုပေးမယ့် အဓိပ္ပာယ် လို့ ယူဆရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲသာပြီးသွားရင် နအဖဗိုလ်ချုပ်တွေ ပိုမာနတက်ပြီး အခုလို လုပ်ရပ်တွေ ပိုများလာမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

ဗမာပြည်နိုင်ငံရေးမှာ ဗိုလ်နေ၀င်းတယောက်ဟာ သွေးခွဲပြီးအုပ်ချုပ်တယ် (Divide and Rule) ဆိုတာမှာ နာမည်ကြီးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုနာမည်ကြီးတဲ့လူဟာ အခု နအဖလုပ်သလို ပါတီတခုတည်းမှာကိုပဲ ပြောင်သွေးခွဲဆက်ဆံတာမျိုး မလုပ်ဝံ့ပါဘူး။ အနည်းဆုံး ကိုယ့်သိက္ခာကိုယ် ထောက်ထားရပါတယ်။ နအဖက တော့ နိုင်ငံရေးပါတီတွေထဲမှာလည်းခွဲ။ ငြိမ်းအဖွဲ့တွေထဲမှာ ဘယ်သူ့ကို ကြပ်ပြေးခေါ်။ ဘယ်သူ့ကို ချိန်ထား လုပ်ပြီး သွေးခွဲ။ ပါတီတခုချင်းအတွင်းမှာလည်း ထပ်သွေးခွဲ ဘာမဆိုလုပ်ဝံ့၊ လုပ်ရဲနေပါတယ်။

ဒါတွေကိုကြည့်ရင် နအဖဘာတွေ ကြံစည်နေတယ်ဆိုတာ အလွယ်နဲ့ တွေးကြည့်လို့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ၊ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာလွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်စဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ချည့်နဲ့သထက်ချည့်နဲ့အောင်၊ ဖြစ်နိုင်ရင် ကွဲသွားအောင်လုပ်ရေးဆိုတာဟာ ဗိုလ်ချုပ်တွေ ရဲ့ ဦးစားပေးလုပ်ငန်းတခုဖြစ်တယ် ဆိုတာ အသေအချာပြောလို့ရပါတယ်။

ဒါကြောင့် လာတော့မယ့် နအဖရဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီကာလ ဗမာပြည်နိုင်ငံရေးဟာ အင်မတန်မှ ရှုပ်ထွေး၊ အင်အတန်မှ ကောက်ကျစ်တာတွေ တွေ့ရပါလိမ့်မယ်။ ဒီအတွက် အသေအချာစဉ်းစား၊ ပြင်ဆင်ထားကြရပါမယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတွေရဲ့ သံတမန်ရေးလှုပ်ရှားမှုတွေကလည်း ပိုမိုများပြား၊ ပိုမိုမျက်စိလည်စရာတွေ တွေ့ရမှာဖြစ်ပါတယ်။ အခုကိုပဲ နအဖကို ရှေ့နေလိုက် ရေးသားပြောဆိုကြတာတွေကို ဖတ်နေ၊ ကြားနေကြရတယ် မဟုတ်ပါလား။ ကိုယ့်ကိုယ်ကိုယ် အသက် (၈၀) ကျော် နိုင်ငံရေး အတွေ့ အကြုံကြွယ်ဝသူတွေလို့ ကြေညာပြီး နအဖပါးစပ်ကတောင် မထွက်ရဲတဲ့ နအဖဗိုလ်ချုပ်တွေကို ချီးမွမ်းခန်းတွေ ပြောထွက်၊ ရေးထွက်နေကြပါတယ်။ ဒါတွေအားလုံးဟာ သူ့အလိုလို သဘာဝကျကျ ပေါ်ထွက်လာတာ မဟုတ်ဘဲ ချိန်ကိုက်ထွက်ပေါ်လာနေတာဆိုတာ ရှင်းနေပါတယ်။

ဒီလိုကာလမှာပဲ နအဖစစ်ဗိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်အဖြစ် တနှစ်ခွဲချမှတ်တုန်းက ဗိုလ်သန်းရွှေ ပြောခဲ့တဲ့ စကားလုံးတွေလို နအဖဟာ သကာလူးတဲ့စကားတွေ ပြောပြီး ထောင်ချ လိုက်တာ မျိုးတွေလည်း ဆက်တွေ့ရအုန်းမှာပါ။ ဒါတွေကို ဗမာပြည် ပြည်သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေအရ လုံးဝနားဝင်မှာမဟုတ်ပေမယ့် နအဖကို ကြံဖန်ပြီး ချီးမွန်းခန်းရေးနေကြသူတွေအတွက်တော့ အချက် အလက်တချို့ ဖြစ်ပါလိမ့်မယ်။ အခုကိုပဲ တချို့က အပြစ်မရှိတဲ့လူကို အိမ်ချုပ်တနှစ်ခွဲချလိုက်တဲ့ သဘောထားကြီးမှုကို အသိအမှတ် မပြုရကောင်းလားလို့ မြန်မာ့အလင်းမှာ ရန်တွေ့နေတာတွေ ဖတ်နေရ ပါတယ်။ နောင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သွားရင် ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ ဒီပဲယင်း ကားလမ်းမှာ ရိုက်သတ်ဖို့စီစဉ်တာ။ တဦးနဲ့တဦး အာဃာတမထားချင်လို့ သံဃာတွေကို လမ်းမပေါ်မှာ သတ်ပစ် တာတွေ၊ ထောင်ဒဏ် (၇) နှစ်ချထားတဲ့ နိုင်ငံခြားသားကိုတော့ အိမ်ပြန်ခွင့်ပေးလိုက်ပြီး တမှုတည်းအတွက် တနှစ်ခွဲ အိမ်ချုပ်မိန့် ချထားတဲ့ ကိုယ့်နိုင်ငံသားကိုတော့ အစောင့်တိုးချထားတာ စတဲ့ စည်းကမ်းရှိ ဒီမိုကရေစီ ပြယုဂ်တွေ ပိုပြီးတွေ့လာရစရာ ရှိပါတယ်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ တွေ့ဆုံခဲ့

ဒေါ်အောင်ဆန်းစုကြည် နှင့်သူမရှေ့နေများ တွေ့ဆုံခဲ့စဉ် သူမက သူမအပေါ် ချမှတ်ထားသော စီရင်ချက်အပေါ် ဥပဒေကြောင်းအရ ဆက်လက် တုန့်ပြန်သွားရန် ပြောဆိုညွှန်ကြားခဲ့ကြောင်း သိရပါသည်။ ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် ၁၇ရက်နေ့ ညနေ ၄နာရီ မှ ၅နာရီ ၄၅မိနစ်အထိ တွေ့ဆုံခဲ့ရာတွင် ထိုကဲ့သို့ ပြောခဲ့ကြောင်းသိရပါသည်။

သူမ၏ရှေ့နေ ဦးကြည်ဝင်းက အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး လျှောက်လဲချက် မူကြမ်းကို ရေးပြီး လာမယ့် ကြာသာ ပတေးနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အတည်ပြုချက်ရယူသွားဖို့ ရှိတယ်လို့ပြောပြခဲ့ပါတယ်။

၎င်းက ဆက်လက်ပြောပြရာမှာ ဆီနိတ်တာ ဂျွန်ဝဘ်နဲ့ သူမတွေ့ဆုံခဲ့မှု အပေါ်မှာတော့ သူတို့ရဲ့ ရှေ့နေ လုပ်ငန်းနဲ့ သက်ဆိုင်မှု မရှိပါဘူး ။ သူတို့ရဲ့ တာဝန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက် အတိုင်း ဥပဒေကြောင်းအရ တုန့်ပြန်မှုအတွက် ဆောင်ရွက်ဖို့သာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ သူမရဲ့ကျမ်းမာရေး အခြေအနေနဲ့ ပါတ်သက်ပြီး သူမဟာ ကျမ်းမာရေး ကောင်းမွန်ပုံ ရပေမယ့် သိသိသာသာ ပိန်သွားတယ်လို့ ပြောပြ သွားပါတယ်။

U.S. Sen. Jim Webb answers questions Sunday, Aug. 16, 2009, at a press conference in Bangkok, Thailand.

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှု တချို့ကို ရုတ်သိမ်းဖို့ရာ မကန့်ကွက်ဖူးလို့ သူခံစားမိတဲ့ အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ပြောလိုက်ပါတယ်။



ဘန်ကောက်ရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ
ဓာတ်ပုံသတင်း
သြဂုတ် ၁၇၊ ၂၀၀၉ ယမန်နေ့က မြန်မာ့အရေး လှုပ်ရှားသူများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ တရုတ်သံရုံးရှေ့သို သွားရောက်ပြီး မြန်မာ စစ်အစိုးရနှင့် ဂျွန်ယက်တော တို့ကို ဝေဖန် သရော် ထားသည့် ကာတွန်း ပိုစတာများ ကိုင်စွဲကာ ဆန္ဒပြကြသည်။ (ဓာတ်ပုံ-AP)

သတင်းထောက်တဦး၏ နာဂစ် ဒိုင်ယာရီ - ၉

သန်းစိုးလှိုင်

သြဂုတ် ၁၇၊ ၂၀၀၉

(နတ်သမီးကျွန်း၊ တလ အကြာ၊ အလောင်းများ တင်ရစ်နေဆဲ)

နာဂစ်နှင့် လူသား၏ ဂုဏ်သိက္ခာ

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့်နောက်တွင် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာ၏ အမြင်တွင်လည်း စိတ်လက်မသက်မသာ ဖြစ်ခဲ့ရသည့် ကိစ္စရပ်ကြီး တခုရှိခဲ့သည်။ ထိုအဖြစ်အပျက်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားကြရသူများ၏ ရုပ်အလောင်းများ ရှာဖွေခြင်းနှင့် သဂြိုဟ်ခြင်းပင်ဖြစ်သည်။
အဴပည့္အစုံသိုႛ ...

ထိုင်းမြန်မာနယ်စပ်က မြေမြှုပ်မိုင်း နင်းမိတဲ့ ဆင်မ လမ်းလျှောက်နိုင်ပြီ
ဓာတ်ပုံသတင်း
သြဂုတ် ၁၇၊ ၂၀၀၉ ယမန်နေ့က ထိုင်းနိုင်ငံ၊ လန်ပမ်းခရိုင်ရှိ ဆေးရုံတွင် မိုတာလာ ဟု အမည်ရသည့် အသက် ၄၈နှစ် အရွယ် ဆင်မ တကောင် ခြေတု တဖက်ဖြင့် လမ်းလျှောက်နေပုံ။ မိုတာလာသည် လွန်ခဲ့သည့် ၁၀နှစ် က ထိုင်း-မြန်မာ နယ်စပ်တွင် မြေမြှပ်မိုင်း နင်းမိခဲ့ပြီး ရှေ့ ခြေထောက်တဖက် ဆုံးရှုံးခဲ့ရတယ်။ (ဓာတ်ပုံ-Reuters)

အမေရိကန် အထက်လွှတ်တော်အမတ်၏ ခရီးစဉ် မြန်မာ့နိုင်ငံရေးအတွက် မျှော်လင့်စရာမရှိ

မင်းနိုင်သူ / ၁၇ သြဂုတ် ၂၀၀၉
“သူ့ရဲ့ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပါအ၀င် ဒီမိုကရေစီအရေး ပြောင်းလဲမှုတွေရှိလာနိုင်မယ်လို့ ကျနော်မထင်ဘူး။ မစ္စတာယက်တောကို အမေရိကန်နိုင်ငံကို ပြန်ခေါ်သွားနိုင်တာကိုလည်း သူ့ရဲ့ကြီးမားတဲ့ ဆောင်ရွက်နိုင်မှုလို့ ကျနော်မမြင်ပါဘူး။ အရင်ကတည်းက ကျနော်ပြောနေပါတယ်။ ဂျွန်ယက်တောကို ......”အပြည့်အစုံသို့
------------------------------------------------------------------------------------------------------------------------------
အမေရိကန်နိုင်ငံသား ပြစ်ဒဏ်မှ ကင်းလွတ်
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရဆဲ

NEJ / ၁၇ သြဂုတ် ၂၀၀၉
“သူဟာ မလုပ်သင့်တာကို လုပ်ခဲ့တဲ့ အတွက် ၀မ်းနည်းစရာ ကောင်းပါ တယ်။ သူတပါးကို...”အပြည့်အစုံသို့
ဦးဝင်းတင် နှလုံးခုန်စက် တပ်ဆင်

မင်းနိုင်သူ / ၁၇ သြဂုတ် ၂၀၀၉
“အသေးစားခွဲစိတ်မှုပါ။ ထုံဆေးပဲ သုံးသွားတယ်။ ခွဲခန်းထဲက ပြန်ထွက်လာတော့...”အပြည့်အစုံသို့

သံဃာများ အရေးအခင်းစမည်ဟု သတင်းထွက်ပေါ်
ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်ချထား

မျိုးချစ်သူ/ ၁၇ သြဂုတ် ၂၀၀၉
“ကြားနေတာပဲ။ အဲဒီသတင်းကတော့ ထွက်နေတာ (၃) ရက်လောက်ရှိပြီ။ ရန်ကုန်မှာတော့ သံဃာအရေးအခင်းဖြစ်မှာ ကို ကြောက်နေတဲ့သူတွေ ရှိသလို....”အပြည့်အစုံသို့
တပြေးညီ စည်းကမ်းထားရန် စာပေစိစစ်ရေးကို
တောင်းဆို

အောင်ကျော်မိုး / ၁၇ သြဂုတ် ၂၀၀၉
“ဒါဟာ ဘာသဘောလဲဆိုပြီး အထောက်အထားတွေနဲ့တကွ တင်ပြကြတယ်။ ဗိုလ်မှူးတင့်ဆွေက သူတို့အမှားကို သူတို့သိတယ်။ ဒီတော့ သူ့ရဲ့ ...”အပြည့်အစုံသို့

ယက်ထောကို လွှတ်ပေးသည့်အတွက် မြန်မာလူထု မကျေနပ်

ယက်ထောကို လွှတ်ပေးသည့်အတွက် မြန်မာလူထု မကျေနပ်

မြန်မာနိုင်ငံသို့ ၃ ရက်ခရီးစဉ် သွားရောက်ခဲ့သော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်နှင့်အတူ မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား ပြန်လွှတ်ပေးလိုက်ပြီး

ကွာလာလမ်ပူ ထိန်းသိမ်းရေး စခန်းမှ မြန်မာများထွက်ပြေး

မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် Kuala Lumpur International Airport (KLIA) အနီးရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ဦးသည် ယမန်နေ့

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးရန် ဒေါ်အောင်ဆန်း စုကြည်တိုက်တွန်း သင့်သည်ဟု ဂျင်မ် ဝက်ဘ် ပြောခဲ့

အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်၏ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့စဉ် မြန်မာ စစ်အစိုးရအပေါ် အမေရိကန်နှင့် ဥရောပနိုင်ငံ

ဦးဝင်းတင် နှလုံး ခွဲစိတ်ကုသမှုခံယူရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်သည် ယမန်နေ့က ရန်ကုန်ရှိ ပုဂ္ဂလိက ဆေးရုံတခုတွင် နှလုံးနှင့် ပတ်သက်၍ အသေးစား ခွဲစိတ် ကုသမှု

မြန်မာစစ်တပ် ခေတ်မီလက်နက်ငယ်များ တပ်ဆင်ပြီးစီး

မြန်မာစစ်တပ်တွင် လက်ရှိအသုံးပြုနေသော လက်နက်ငယ်များ နေရာ၌ ပိုမိုခေတ်မီသော လက်နက်ငယ်များဖြင့် ပြောင်းလဲအစားထိုး အသုံးပြုနေသည်ဟု သိရသည်။ အင်အားလေးသိန်း

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်လျှော့ရေး ဗီယက်နမ်နှင့်လာအို ကန့်ကွက်

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ် စီရင်ချက်ကို လျှော့ပေါ့ပေးရေးနှင့်ပတ်သက်ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက အဖွဲ့ဝင်နိုင်ငံများကို စာရေးအဆိုပြုခဲ့ရာ မြန်မာနိုင်ငံ၏ အရေးကို

အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်ဝဘ် ဘန်ကောက်တွင် သတင်းစာရှင်းလင်း

Photobucket

သြဂုတ် ၁၇

ယမန်နေ့ ကမစ္စတာ ယက်ထောနှင့်အတူ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလာသော အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာဂျွန်ဝက် ဘန်ကောက်မြို့  Four Seasons Hotel တွင် သတင်းစာ ရှင်းလင်း တစ်ရပ် ကျင်းပခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ်(နိုင်ငံခြားရေးရာကော်မီတီ မှအာရှနှင့်ဖစ္စဖစ်ရေးရောတာဝန်ခံ Jim Webb သည်မူလက ယနေ့မှ သတင်းစာရှင်းလင်းပွဲ လုပ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ကြေညာ ထားသော်လည်း ယမန်နေ့ ကမြန်မာနိုင်ငံမှ နံနက် ပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ ကိုရောက်ရှိလာခဲ့ပြီး နာရီပိုင်း အတွင်း သတင်းစာရှင်းလင်းပွဲကို စီစဉ်ခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာသတင်းထောက်များနှင့် မြန်မာသတင်းဌာများမှ သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် “အမေရိကန်နိုင်ငံရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေးနဲ့ လူ့ အခွင့်ရေး ရရှိရေး မူဝါဒအပေါ်မှာ ကျနော်ရဲ့ ခရီးစဉ်ဟာ ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ကျနော်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတွေ့ ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ၊ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် လေးစားကြဖို့ လိုတယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာ နိုင်ငံက ပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေကို ဘယ်လိုတိုးတက်အောင် လုပ်မလဲလို့ ကျနော်တို့ ကြိုးစား နေပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်စုကြည် မပါပဲနဲ့ စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ် ဆိုတာ တကမ္ဘာလုံးကလက်ခံမှာမဟုတ်ဘူးဆိုတာကို မြန်မာ အာဏာပိုင်တွေ ကို သိအောင် ကျနော် ပြောခဲ့ပါတယ်’’ဟုပြောသည်။

ဆက်လက်၍ “ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တ၇ုတ်နိုင်ငံကို ပိုမိုဖိအားပေးသင့်ပါတယ်။ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံအပါအ၀င် အနောက်နိုင်ငံတွေကစီးပွားရေး ဒဏ်ခတ် ပိတ်ဆိမှုတွေ လုပ်ထားတာကြောင့် အထီး ကျန် ဖြစ်ခဲ့ရပါတယ်။ ဒါဟာ တရုတ်နိုင်ငံအနေနဲ့  မြန်မာနိုင်ငံ ပေါ်စီးပွားရေးအရရော၊နိုင်ငံရေးအရပါ သြဇာအာဏာကြီးထွားဖို့  အခွင့်အလမ်း ရနေပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ သူတပါးပြည်တွင်းရေးကိုဝင်မစွက်ရေးမူကိုရပ်တန့် ပြီး မြန်မာအစိုးရကို ကာကွယ်ပေးလို့ မျက်နှာပျက် စရာ ဖြစ်နေတဲ့ ကျဆင်းနေတဲ့ တိုင်းပြည်ဂုဏ်သိက္ခာကိုအဖတ်ဆယ်ပြီး မြန်မာပြည် ဒီမိုကရေစီရရှိရေးကို အားပေး နေတဲ့ တိုင်းပြည်တွေနဲ့ ပူးပေါင်းလာသင့်ပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ မှု အကြောင်းကို ဒေါ်အောင်ဆန်းစုကြည် နဲ့  ကျနော် အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။ကျနော့်အမြင်ပြောရရင်တော့ မြန်မာပြည်သူ တွေသာ စီးပွားရေး ဒဏ်ခတ်မှုကို ခံရပြီး အနောက်ကမ္ဘာနဲ့  ပြတ်တောက်စေတယ်လို့ ထင်ပါ တယ်။
တရုတ်ကို ပိုမိုအခွင့်အလမ်း သာစေနေတာကြောင့် ကျနော်လေ့လာစူးစမ်းရမယ့် အချက် ဖြစ်ပါတယ်’’ “ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရတော့မယ်လို့ ဘုရားသခင်က စေလွှတ်တယ်လို့ ပြောပြီး ဒေါ်အောင်ဆန်း စုကြည်နေအိမ်ကို ရေကူးဝင် ရောက်ခဲ့တဲ့ ဂျွန်ယက်ထောရဲ့ လုပ်ရပ်ဟာ ကူညီရာမရောက်ပဲအတော်ကို စိတ် မချမ်းမြေ့ ဘွယ်ရာဖြစ်ပြီး ထိခိုင်နစ်နာစေတယ်လို့ ကျနော် ထင်ပါတယ်။ သူဟာ မရိုးမသား ဖေါက်ဖျက်တဲ့လူလို့ တော့ ကျနော်မထင်ပါဘူး။

ပြီးခဲ့သော သောကြာနေ့ က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော၊ အမေရိကန် အထက်လွှတ်တော်အမတ် အနေဖြင့် မြန်မာ စစ်အစိုးရအား အချက်သုံးချက် တောင်းဆိုခဲ့သည်။ မစ္စတာ ယက်တောလွတ်မြောက်ရေး။ ဒေါ်အောင် ဆန်းစုကြည်နဲ့  တွေဆုံခွင့်နှင့် သူမကို လွှတ်ပေးပြီး၂၀၁၀ ရွေးကောက်ပွဲပါဝင်ခွင့်ရရှိရေးတို့ ကိုတောင်းဆိုခဲ့ သည်။

အလားတူ နိုင်ငံရေးပါတီ သုံးခုမှ ပုဂ္ဂိုလ်များနှင့်လည်းတွေ့ ဆုံခဲ့သည်။ ဂျွန်ဝက်လာရောက်မှုအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ က မည်သို့ မှမျော်လင့်ချက်မထားခဲ့သလို မြန်မာ့အရေး လေ့လာသူများကလည်း မြန်မာနိုင်ငံ အပြောင်းအလဲ မဖြစ်သရွေ့ အမေရိကန် အစိုးရ၏ မြန်မာအစိုးရ အပေါ် ထားရှိသော သဘောထားမှာ ပြောင်းလဲ နိုင်မည် မဟုတ်ဟုဆိုသည်။

သို့ ရာတွင် မြန်မာအစိုးရက ယက်တော့ကိုပြန်ခွင့်ပြုခဲ့သည်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ရေးကို ရှေ့  ရှုသည် ဟုဆိုသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်ပြုမူနေသော မြန်မာ စစ်အစိုးရ အား နိုင်ငံတကာမှ ၀ိုင်းဝန်း အပြစ်တင် နေချိန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ၄င်းမှာ အထူးသတိထား ဆောင်ရွက်ခဲ့ပုံ ရှိကြောင်း သတင်းထောက်များက သုံးသပ်ကြသည်။ မြန်မာ စစ်ရဟတ် ယာဉ်ဖြင့် ဘန်ကောက်မြို့သို့  ရောက်လာခဲ့သော မစ္စတာယက်တောမှာ ကျမ္မာရေး မကောင်း မှုကြောင့် ချက်ချင်း ဆေးရုံတက်ရောက် ကုသမှုခံယူနေရသည်။

ဆယ်စုနှစ်အတွင်း အမေရိကန် အဆင့်မြင့် အရာရှိတစ်ယောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သည်။ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရေကူးဝင်ရောက်သူ အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ယက်ထော၏အမှုမှာ မေလ ၁၄ ရက်နေ့ မှာ စတင် စစ်ဆေးခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့ တွင် ဆုံးဖြတ်ချက်ချခဲ့သော တကမ္ဘာလုံးမှ စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရသော တရားရုံးတင် စစ်ဆေးသောအမှုတွင် ရေကူးဝင်ရောက်သူ ကလွတ်မြောက်လာခဲ့ပြီးဖြစ်သော်လည်း ဒေါ်အောင်ဆန်း စုကြည်မှာမူ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ သနားညှာတာမှုဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ တာ ကာလကို ဖြတ်ကျော်နေရပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးမည်လား။ လာတွေ့ လို သူများကို စစ်ကောင်စီခွင့်ပြုချက်ဖြင့် ယခုကဲ့ သို့ တွေ့ ဆုံခွင့် ပေးနေခြင်း ဖြစ်နေမည်လား ဆိုသည်ကိုစောင့်ကြည်ရဦးမည်ဖြစ်သည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။

တရုတ်အစိုးရအား မြန်မာပြည်သူများမျက်နှာကိုသာကြည့်ရန် တောင်းဆို


သြဂုတ် ၁၇

ယမန်နေ့ နေ့လည်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေ စိုက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများနှင့် မြန်မာ အလုပ် သမားများ စုပေါင်းပြီးဘန်ကောက်မြို့  တရုတ် သံရုံး ရှေ့ တွင် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ဘန်ကောက်မြို့ အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် (ထိုင်းဌာနခွဲ)၊ ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများ အသင်း (အလုပ်သမားအရေး ဆောင်ရွက်သောအဖွဲ့ )နှင့် နိုင်ငံရေး အကျဉ်းသားများအသင်းတို့ အပြင် အလုပ်သမားများ စုစုပေါင်း အင်အား တစ်ရာခန့် တို့ က သွားရောက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အကျဉ်းကျနေသော ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများကိုကိုင်ဆောင်ပြီး အဖွဲ့ အစည်းအမှတ် အသားပါ အနီ ရောင် နဖူးစီများအလံများ ကိုင်ဆောင်ထားကြသည်။ ဆန္ဒပြရာတွင် ပါဝင်သော မြန်မာ အလုပ်သမများမှာ အနက် ရောင်ဝတ်စုံများကို ၀တ်ဆင်ထားကြသည်။
ယင်းဆန္ဒပြပွဲ၏ထူးခြားချက်မှာတရုတ်သံရုံးတာဝန်ခံ Mr.Yuo Wen (offiicer China embassy)က ဆန္ဒပြ သူများက တရုတ်နိုင်ငံသမ္မတ ဟူကျင်းတောင်းထံသို့ ပေးပို့ သော အိပ်ဖွင့်ပေးစာကို လက်ခံ ရယူခဲ့ခြင်းဖြစ်သည်။ ယခင်က တရုတ်သံရုံးရှေ့တွင် မြန်မာ့အရေးတက်ကြွသူ များက အိပ်ဖွင့်ပေးစာများ ပေးခဲ့သော်လည်း မည်သည့် အခါမှ လက်ခံယူခြင်းမရှိခဲ့ပေ။

တရုတ်သံရုံးတာဝန်ခံထံသို့  စာပေးခဲ့သူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း နိုင်ငံခြား ဆက်ဆံရေးနှင့် သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးမျိုးနိုင်က“ကျနော်တို့ ပေးတဲ့စာကိုချက်ချင်းပို့ ပေးမယ်လို့ ပြောပါတယ်။ တရုတ်အစိုးရဟာ မြန်မာပြည်သူတွေကို ငှဲ့ညှာမှာပါ။ မိတ်ဆွေကောင်း ပီသစွာနဲ့ ရေရှည် နေထိုင်သွားရမယ့် မိတ်ဆွေတွေပါလို့ ပြောပါတယ်။ ကျနော်ပေးခဲ့တဲ့ စာမှာတော့ မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးယူဆောင်ရွက်တိုင်း တရုတ်အစိုးရက မြန်မာစစ်အာဏာရှင် တွေကို အကာအကွယ်ပေးနေမှုတွေကို ရပ်တန့် ပြီးတော့ စားရမဲ့သောက်ရမဲ့ ဒုက္ခမျိုးစုံ ခံနေရတဲ့ သန်းငါးဆယ်ကျော်တဲ့ မြန်မာပြည်သားတွေရဲ့ မျက်နှာ ကို ကြည့်ပါ။ စစ်အာဏာရှင် လူတစ်စုရှေ့ က နေပြီးတော့ နောင်အချိန်တွေမှာ အကာအကွယ်မပေးပါနဲ့ လို့  ကျနော်တို့ က ရေးထားပါတယ်''ဟု ပြောသည်။

ပြည်ပ စာနယ်ဇင်းလောကတွင် အထင်ကရ ကာတွန်းဆရာ ကိုဟန်လေး သီးသန့် ရေးဆွဲပေးသော တရုတ်နဂါး တစ်ကောင်က မြန်မာနိုင်ငံကို ၀ါးမြိုလုဆဲ ကာတွန်းပုံတွင် “ရက်စက်ယုတ်မာသော တရုတ်အစိုးရ လုပ်ရပ် ရပ်တန့်ပါ'' ဟူသောစာတန်းပါ ကာတွန်းပုံကို ဖူးစကပ်ဆိုဒ်ဓါတ်ပုံ ၁၀၀ ကူယူပြီး ဆန္ဒပြပွဲကိုရောက်ရှိလားသော ထိုင်းလုံခြုံရေးအဖွဲ့ ဝင်များ၊နိုင်ငံတကာသတင်းထောက်များနှင့် သံရုံးဝန်ထမ်းတို့ အားဖြန့် ချိခဲ့သည်။

အဆိုပါဓါတ်ပုံကို လိုက်လံဝေငှခဲ့သူ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ထိုင်းနိုင်ငံ)ဥက္ကဌ ကိုခိုင်အံ့မောင်က“ ကျနော့်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ တွေက ကာတွန်းဓါတ်ပုံရဲ့ အဓိပ္ပါယ်ကိုမေးကြတယ်။ ကျနော်က တရုတ်နိုင်ငံအစိုးရရဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာစစ်အစိုးရရှေ့ က အကာအကွယ် ပေးနေတာဟာ မြန်မာပြည်သား တွေကို လောင်မီးတိုက်သွင်းပေးနေသလို ဖြစ်စေတာကြောင့် ဒီလုပ်ရပ်ကို ရပ်တန့် ပေးပါဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကာတွန်းဆရာရေးပေးထားတာပါလို့ ကျနော် ရှင်းပြလိုက်ပါတယ်။အချို့ ထိုင်းရဲတွေဆိုရင် သုံးလေးပုံတောင် ယူကြတယ်'ဟုပြောသည်။

ယခုကဲ့သို့ တရုတ်သံရုံးရှေ့ တွင်ဆန္ဒပြပွဲဖြစ်မြောက်စေနိုင်ရေးအတွက် လှုပ်ရှားတက်ကြွသော ဦးဆောင် အဖွဲ့ များက ပြီးခဲ့သောအပတ်ကတည်းကပင် ဒေါ်အောင်ဆန်းစုကြည် သတင်းအချက်အလက်များကိုရေးသားလျှက် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများထည့်၍ ဘန်ကောက်မြို့ ရှိ စက်ရုံအလုပ်ရုံများတွင် လက်ကမ်းစာစောင် များ ဖြန့် ဝေပြီးနှိုးဆော်ခဲ့ကြသည်။

ဆန္ဒပြပွဲ ကိုဦးဆောင်သူတစ်ဦးအပါအ၀င်ဖြစ်သော ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းမှ ဒေါ်သက် သက်ဦးက“ကျမတို့ ကပြည်ပမှာဆိုတော့ အခြေအနေတွေဖန်တီးတဲ့အပေါ်မှာ သက်ဆိုင်ရာ သံရုံးတွေကို သွားပြီး ဆန္ဒပြနိုင်တာပေါ့နှော်။ တရုတ်အစိုးရဟာ အာဏာရှင် တစ်စုဖက်ကသာ ရပ်တည်နေ တာဖြစ် တယ်။ ကျမတို့ တိုင်းသူပြည်သားတွေကိုပစ်သတ်ဖို့ လက်နက်ရောင်းနေ သူတွေ ဖြစ်တယ်။ ကုလသမဂ္ဂ မှာ ဗီတိုသုံး တယ်၊ အဲဒါကြောင့် မြန်မာပြည်တွင်းက လူတွေကို မေတ္တာရပ်ခံချင်တာ တစ်ခုကတော့ တရုတ် နိုင်ငံက ထုတ်လုပ် တင်သွင်းနေတဲ့ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေကို အသုံးမပြုပဲ သပိတ်မှောက်ကြ ပါလို့ အထူး ပြောချင်ပါတယ်''ဟုပြောသည်။

ဆန္ဒပြပွဲကို “ဗီတို…ဗီတို….နိုး…နိုး။ ရှုရှား၊ ချိုင်းနား…ဂိုး..ဂိုး၊ ဖရီး..ဖရီး..အောင်ဆန်းစုကြည်။ စသည့် ကြွေးကြော်သံများကို အင်တိုက်အားတိုက် ကြွေးကြော်ခဲ့ကြပြီး၊ နံနက်၁၁နာရီမှ စတင်သော ဆန္ဒပြပွဲကို ၁၂နာရီ တွင် နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုပြီး အောင်မြင်စွာ ကျင်းပခဲ့ကြသည်။

ဘန်ကောက်မြို့ အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ထိုင်းဌာနခွဲ)၊ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများ အသင်း (အလုပ်သမားအရေးဆောင်ရွက်သောအဖွဲ့ )နှင့် နိုင်ငံရေး အကျဉ်းသားများ အသင်းတို့သည် မိမိ လုပ်အားခ ငွေများကို စုပေါင်းကျခံကြပြီး မြန်မာ့အရေး တတ်နိုင်သမျှ လှုပ်ရှားနေသော အဖွဲ့ များဖြစ်ကြသည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။