9.20.2008

Irrawaddy news forward

Irrawaddy online magazine was attacked by unknown hackers .But you can see at this moment at

http://theirrawaddy.blogspot.com/
http://theirrawaddyburmese.blogspot.com/

Suu Kyi Appeal to be Lodged Next Week in Naypyidaw

Posted by The Irrawaddy Magazine | Friday, September 19, 2008 | | 1 comments »

By LAWI WENG

Burmese opposition leader Aung San Suu Kyi’s lawyer said on Friday his legal assistant will travel to Naypyidaw next week to lodge a formal appeal against her continuing house arrest.

Suu Kyi’s house arrest was extended in May for a further year. She had already served five years, and her lawyer, Kyi Win, has said the extension was illegal.

Kyi Win told The Irrawaddy he would meet Suu Kyi soon to discuss the appeal, which would be presented in Naypyidaw by his assistant, Hla Myo Myint.

Kyi Win said Suu Kyi would meet the regime's liaison officer, Aung Kyi, when her health permitted.

The French news agency AFP reported that Suu Kyi was receiving intravenous treatment to restore her health. She refused to receive food supplies at her home for four weeks in what was seen as a protest against the conditions of her detention.

Last week, the regime relaxed some restrictions, and Suu Kyi agreed to accept deliveries of food and other household supplies to her home, where she has been detained for more than 13 of the past 19 years.

ရန်ကုန်တွင် သံဃာ ၅ ပါးထက်ပို၍ စုဝေးခွင့်မရ

Posted by The Irrawaddy Magazine | Saturday, September 20, 2008 | | 0 comments »

ကိုသက် | စက်တင်ဘာ ၂၀၊ ၂၀၀၈

ရန်ကုန်မြို့ရှိလမ်းမများတွင် သံဃာတော် ၄ … ၅ ပါးခန့်သွားလာနေလျှင် အာဏာပိုင်များနှင့် ကြံဖွံ့၊ စွမ်းအားရှင်များက အချင်းချင်းစကားပြောစက်ဖြင့်ဆက်သွယ်ကာ အဆင့်ဆင့်အသိပေးစောင့်ကြည့်မှုများ ပြုလုပ်နေသကဲ့သို့ စုံစမ်းမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်ဟု ရန်ကုန်ရှိ သံဃာ အသိုင်းအ၀န်းက ဆိုသည်။

၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်များ ချီတက်လာစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အဆိုပါလုပ်ဆောင်မှုများကြောင့် သံဃာများဆွမ်းခံထွက်ချိန်နှင့် ဒါယကာ၊ ဒါယကာမများပင့်ဖိတ်သည့် ဆွမ်းသွပ် အလှူပွဲများကို တစုတဝေးတည်းသွားခွင့်မရကြောင်း သိရသည်။

လမ်းမတော်မြို့နယ်ရှိ သရက်တောကျောင်းတိုက်နှင့် နီးစပ်သူတဦးက “ကိုယ်တော်တွေ ဆွမ်းခံတောင် သိပ်မထွက်ရဲတဲ့ပုံစံမျိုး ဖြစ်နေတယ်။ နာရေးတို့ .. အာရုဏ်ဆွမ်းတို့ကပ်တဲ့အခါကျရင် ၅ ပါးစုပြီး မသွားရဲဘူး။ ဘုန်းကြီးတွေ အစုခွဲပြီး ကြွနေရတယ်” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်ရှိ ဓမ္မာစရိယ စာချကိုယ်တော်တပါးက “သုံးလေးငါးပါးသွားလာတာမျိုးတွေ့ရင် စကားပြောစက်တွေနဲ့ အဆင့်ဆင့်လှမ်းပြီးပြောနေကြတယ် … ဘယ်သူတွေလဲဆိုတော့ ရဲတို့၊ စွမ်းအားရှင်တို့ပေါ့ … ယူနီဖောင်းတော့ မ၀တ်ထားဘူး … အဲဒီလိုလူတွေ အများကြီးရှိတယ်” ဟု မိန့်ကြားသည်။

လွန်ခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့် ကာလဖြစ်သောကြောင့် လှုပ်ရှားမှုများ ထပ်မံမပေါ်ပေါက်အောင် အာဏာပိုင်တို့က လုံခြုံရေးကို တင်းကျပ်ထားပြီး သံဃာတော်များ၏ သွားလာလှုပ်ရှားမှုများကို အထူးစောင့်ကြည့်နေခြင်း ဖြစ်သည်။

လွန်ခဲ့သည်လကစ၍ ရန်ကုန်နှင့် တခြားမြို့ကြီးများရှိ ကျောင်းတိုက်များတွင် အာဏာပိုင်တို့က သီတင်းသုံး သံဃာစာရင်းကောက်ခံထားပြီး သံဃာလှုပ်ရှားမှုများပေါ်ပေါက်ပါက ကျောင်းထိုင်များ၏တာဝန်ဖြစ်သည်ဟု ဖိအားပေးမှုများ ပြုလုပ်သည်ဟုလည်း ဓမ္မာစရိယ စာချကိုယ်တော်က မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့မှာ ဘုရားပေးတဲ့ဝိနည်းနဲ့ မနေရဘဲ နအဖ ပေးတဲ့ဝိနည်းနဲ့နေနေရတယ်။ အလွန်တရာကို စိတ်ပျက်ဖို့ ကောင်းပါတယ် .. နောက်တခုက စစ်သားက လေးသိန်းကျော်ရှိပြီး ဘုန်းကြီးက ငါးသိန်းကျော် ခြောက်သိန်း ရှိတယ်ဆိုပြီး အင်အားယှဉ်သလို ဖြစ်နေတယ်” ဟု ဓမ္မာစရိယ စာချကိုယ်တော်က ဆက်၍ မိန့်ကြားသည်။

လွန်ခဲ့သည့်အပတ်ကစ၍ လယ်စည်းအနီများတပ်ဆင်ထားသည့် လက်နက်ကိုင်လုံထိန်းရဲများက သရက်တောကျောင်းတိုက်အ၀နှင့် ကျောင်းတွင်း၌ စောင့်ကြပ်နေသည်ဟုလည်း အဆိုပါ ကျောင်းတိုက်နှင့် နီးစပ်သူက ပြောသည်။

အန်အယ်လ်ဒီ ဌာနချုပ် ပတ်ဝန်းကျင်ဖြစ်သည့် ရွှေဂုံတိုင်လမ်းစုံရှိ မြန်မာ့အလင်းသတင်းစာတိုက်တွင် စစ်သားများ အရံသင့်နေရာယူထားကြောင်းလည်း သိရသည်။

“လုံခြုံရေးတွေကို မြို့နယ်တိုင်းမှာ ဖွက်ထားတာ နည်းတာမဟုတ်ဘူး။ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၊ လှိုင်၊ တံတားဖြူ သံလမ်းဘက်မှာ တိုက်အဟောင်းတွေ၊ တိုက်ကြို၊ တိုက်ကြားတွေမှာ ..မြို့ထဲမှာဆိုလည်း တော်တော်များတယ်။ သာကေတကုန်းမှာဆို အငှားကားတွေကို နောက်ဖုံးတွေဖွင့်ရှာ .. ဖုန်းပါလာရင် အဲဒီလူကိုဆင်းခိုင်းပြီး စစ်တာ ..” ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောဆိုသည်။

ကိုစိုး | စက်တင်ဘာ ၂၀ ၊ ၂၀၀၈

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသတချို့တွင် အကူအညီများ ယခုအချိန် အထိလိုအပ်နေဆဲဖြစ်ပြီး မိုးစပါးစိုက်ပျိုးရေးသည်လည်း အပြည့်အ၀ ဖြစ်ထွန်းအောင်မြင်မှု မရှိနိုင်ကြောင်း သိရ သည်။

မြစ်ဝကျွန်းပေါ် ဘိုကလေးမြို့နယ်ရှိ ငါးပြေမ ဒိုင်နယ်၊ ဟေမန် ဒိုင်နယ်၊ ပတ္တမြားကုန်း ဒိုင်နယ်၊ ပေါင်းတည် ဒိုင်နယ်၊ မရမ်းဒိုင်နယ်များရှိ ကျေးရွာများမှ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများသည် မျိုးစပါး အခက်အခဲ၊ လယ်ယာ လုပ်သား ငှားရမ်းမှု အခက်အခဲ၊ လယ်ယာသုံး စက်ကိရိယာများ အချိန်မီ မရရှိသည့် အခက်အခဲများ ကြောင့် ယခုနှစ် မိုးစပါး စိုက်ပျိုးရေးမှာ ရာနှုန်းပြည့်မဖြစ်ထွန်းနိုင်ကြောင်း မကြာသေးခင်က ယင်းဒေသများသို့ သွားရောက် ကူညီထောက်ပံ့ရေးလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပြန်ကြားရေးအဖွဲ့ မှ ဒေါက်တာဝင်းနိုင်က ပြောသည်။

“အကြောင်းတွေကတော့ အများကြီးပေါ့၊ အချိန်မီ လယ်ထွန်စက်၊ လယ်ယာသုံးကိရိယာတွေမရတာ၊ မျိုးစပါး ကလည်း တခါက၂ ခါ ဆိုတော့ တချို့လည်း မတတ်နိုင်တာတွေ၊ ပထမတခါ စိုက်တယ်၊ မျိုးစပါးတွေက မအောင် ဘူး၊ ဒုတိယတခါ ကျိုးတိုးကျဲတဲပေါက်တယ် ဒီအတိုင်းပဲ ထားလိုက်ရတော့တာပေါ့၊ မတတ်နိုင်ကြတော့ဘူး၊ တချို့ ရွာတွေမှာ ထိုက်သင့်သလောက်ဖြစ်တာတော့ရှိတယ်၊ ကျနော်သွားခဲ့တဲ့ လှည်းဆိပ်ဖိုးညိုရွာဘက်ဆိုရင် မျိုးစပါး တွေ ကျဲတာ ၂ ကြိမ် ၃ ကြိမ်၊ လယ်ကွင်းမှာ တ၀က်လောက်ပဲပေါက် တယ်၊ ပတ္တမြားကုန်း ဒိုင်နယ်က ရွာတရွာ မှာလည်း ဧက ၃၀၀၀ လောက်စိုက်တာ ၁၀၀၀ ကျော်လောက်ပဲ ဖြစ် တယ်၊ ကျန်တာတွေက မဖြစ်ဘူး၊ အကုန် လုံး မြက်တွေချည်းပဲ”ဟု ဒေါက်တာဝင်းနိုင် က ပြောပြသည်။

ယင်းသို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆင်မပြေသောကြောင့် လယ်ယာလုပ်သား နေ့စားလုပ်ကိုင်သူများမှာ မြို့ပေါ်တက်၍ အလုပ်ရှာဖွေလုပ်ကိုင်ကြရရာ လယ်ယာလုပ်သား ငှားရမ်းမှု အခက်အခဲလည်းရှိကြောင်း သိရ သည်။

“ပြဿနာကတော့ လယ်သမားတွေက လယ်လုပ်ငန်းမကောင်းဘူး၊ အရင်းအနှီးကလည်း သိပ်မတတ်နိုင်ကြ တော့ တနိုင်တပိုင်လုပ်ကြတဲ့ အခါမှာ လယ်လုပ်သားတွေကို ငှားရတာ အခက်အခဲဖြစ်တယ်၊ လယ်လုပ်သားတွေ ကလည်း လယ်ပိုင်ရှင်တွေက အလုပ်သိပ်မပေးနိုင်တော့ နေ့စား ဘောက်သမားတွေက မြို့ပေါ်တက်ပြီး အလုပ် ရှာလုပ်ကြရတယ်၊ တချို့ ဧက ၈၀-၁၀၀ ရှိတဲ့ လယ်ပိုင်ရှင်တွေကလည်း အကုန်လုံးမလုပ် နိုင်ဘူး၊ သူတို့ ဒီတနှစ် တာ ရပ်တည်နိုင်ဖို့ကို ကြိုးစားစုဆောင်းပြီး လုပ်ကြရတာရှိတယ်”ဟု ဒေါက်တာ ၀င်းနိုင်က ပြောဆိုသည်။

လယ်သမားများမှာ ယခုအချိန် မျိုးစပါးထပ်မံရရှိမည် ဆိုပါကလည်း မိုးစပါးစိုက်ပျိုးရန် မဖြစ်နိုင်ကြောင်း လယ်သမားများက ၎င်းအား ပြောသည်ဟုလည်း ဒေါက်တာဝင်းနိုင်က ဆိုသည်။

“အခုနေ မျိုးစပါး ရမယ်ဆိုရင် တောင်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြောင်းကြားရမှာနဲ့ သူတို့ကနေ တဆင့် အထက်အဖွဲ့အစည်းတွေ တင်ပြရမှာ နဲ့ ပြန်ယူမှာနဲ့ ဆိုတော့ ဒီမိုးကတော့ သူတို့ ထပ်ပြီးတော့စိုက်နိုင်ဖို့ ဆိုတာ မလွယ်တော့ဘူးတဲ့၊ ရှေ့နှစ် စပါးထွက်လာတဲ့အချိန်ကြရင်ဘယ်လိုဖြစ်လာမလဲ ဆိုတာ မသိသေးဘူးပေါ့၊ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ မေးတဲ့အခါ ဒီနှစ်ကတော့ ဒီအတိုင်းပဲ ပစ်ထားရမှာပဲတဲ့၊ တချို့လယ်ကွင်းတော့ ကောင်းတာတွေ့ရပါတယ်၊ ကျနော်တို့ အယူအဆအရ မိုးစပါးက အလွန်ဆုံးထွက်ရင်လည်း အရင်ကထက် တ၀က်လောက်ပဲ ထွက်နိုင်မယ်”ဟုလည်း လယ်သမားများကို ကိုးကား၍ ၎င်းက ပြောသည်။

ဘိုကလေးမြို့ပေါ်တွင်လည်း ဒုက္ခသည်စခန်းများ မရှိတော့ကြောင်း၊ ဒုက္ခသည်များမှာ နေရပ်ရင်းဒေသများသို့ ပြန်နေကြရကြောင်း၊ ၎င်းတို့၏ စားဝတ်နေရေးအတွက် WFP , Care Myanmar စသည့် အကူအညီပေးရေး အဖွဲ့များမှ ပုံမှန်ကူညီထောက်ပံ့မှုများရှိသော်လည်း မလောက်ငကြကြောင်း သိရသည်။

“ဥပမာ ၁၅ ရက်ကို ဆန် ၈ ပြည် နဲ့ ဆီ ၆၀ သား(တကီလို) လာပေးတာမျိုးတွေရှိတယ်၊ အလုံအလောက်တော့ မဟုတ်ဘူးပေါ့၊ တချို့လည်း နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီက ချေးငှား စားသောက်ရတာမျိုးတွေလည်း ရှိတာ ပေါ့၊ အရင်ထက်စာရင် ထိုက်သင့်သလောက် အကူအညီရကြပါတယ်”ဟု ဒေါက်တာဝင်းနိုင်က ပြောပြသည်။

မြစ်ဝကျွန်းပေါ် မော်လမြိုင်းကျွန်း မြို့နယ်ရှိ ကျေးရွာများတွင်လည်း ပုဂ္ဂလိက အလှူရှင်များအပါအ၀င် WFP , UNDP , World Vision , Save the Children , UNICEF အဖွဲ့အစည်းများက အကူအညီပေးမှုများရှိသော်လည်း လေဘေးသင့်ဒုက္ခသည်များမှာ အခက်အခဲများဆက်လက်ရှိနေပြီး ၎င်းတို့အား အကူအညီတောင်းခံသောကြောင့် သွားရောက် ကူညီထောက်ပံ့ပေးမှုများပြုလုပ်ခဲ့ကြောင်း အန်အယ်လ်ဒီ လေဘေးကယ်ဆယ်ရေး အဖွဲ့ ဥက္ကဌ ဦးအုန်းကြိုင်ကလည်း ပြောသည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပြီးစီးသောကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြား ကြောင်း မေလ ၁၆ ရက်ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်မှ စတင်၍ ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခံခဲ့ရသည်မှာ ၄ လ ကျော် ရှိပြီ ဖြစ်သည်။