3.24.2010

Burma's News World's News


Oil plant in Saudi Arabia. File photo - 22 March 2006
Saudi authorities say they have arrested more than 100 al-Qaeda suspects, accused of plotting attacks on oil facilities.
Ire at new Jerusalem homes plan
Palestinians condemn plans for Jewish homes in East Jerusalem, unveiled during the Israeli PM's trip to Washington.
Pope accepts bishop's resignation
The Pope accepts the resignation of an Irish bishop found to have mishandled allegations of clerical sex abuse.
QUOTABLE
Daw Aung San Suu Kyi is entirely against the NLD doing party registration under these unjust laws. But she said this is her personal view, not an order or instruction to the party. The party should make the decision in accord with the democratic values.
—Nyan Win, a lawyer for Aung San Suu Kyi

Voters Divided on NLD's Fate

By THE IRRAWADDY
Forty-four percent of respondents to an Irrawaddy survey say the NLD should not participate in the election, while 39 percent said it should.

NLD's Fate Still Uncertain

By BA KAUNG
Leaders of the National League for Democracy remain confused over how to decide on the fate of the party.

15 More Parties to Register

By KYAW THEIN KHA
Fifteen more parties have confirmed that they will register to take part in this year's election.

Top UN Briefing on Burma to Focus on Election Laws

By SAW YAN NAING
Ban Ki-moon invites his “Group of Friends on Myanmar” and representatives of Security Council countries to a meeting on Thursday to discuss the Burmese regime's election plans.

New Party to Form in Arakan State

By KO HTWE
A new Arakan political party, under the name Union of Myanmar National Force Arakan State Party, says it will register to compete in the election, according to party chairman Aye Kyaing.
Protests in the offing if NLD re-registers
If the, National League for Democracy, re-registers with the Election Commission, ...
Government employees sent on long leave in Wa area
In a significant development, the Burmese junta has directed government employees ...
UNSC to have informal briefing on Burma
The United Nations Security Council (UNSC) on Wednesday will hear an informal briefing ...‘D-Day’ for Burma
(Commentary) The long awaited electoral announcement was ultimately made by ... ‘Third Force’ parties register for election thumbnail

‘Third Force’ parties register for election

Some political parties including so-called Third Force parties have begun to register for Burma’s upcoming elections after the ruling junta last week announced regulations for political parties registration.
Suu Kyi ‘wouldn’t think of registering’ for elections thumbnail

Suu Kyi ‘wouldn’t think of registering’ for elections

Burma's opposition leader sets the record straight on her objections to elections laws but says she will leave it up to her party to decide Cracks appear in Burma opposition party thumbnail

Cracks appear in Burma opposition party

More than 60 people sign a petition urging the National League for Democracy not to run in elections as party spokesperson reasserts unity
Suu Kyi ‘wouldn’t think of registering’ for elections thumbnail

Suu Kyi ‘wouldn’t think of registering’ for elections

Burma's opposition leader sets the record straight on her objections to elections laws but says she will leave it up to her party to decide

“စိတ်လျှော့ … စိတ်လျှော့”

 “ဝင်သင့်တယ်”
“မဝင်သင့်ဘူး၊ လုံးဝ မဝင်သင့်ဘူး”
“ဝင်ကို ဝင်ရမယ်၊ မဝင်ရင် ဘာလုပ်မလဲ”
“မဝင်ဘဲ ဘေးထိုင် ဘုပြော ကန့်လန့်တိုက် မှာပေါ့”
“ဒါဆို ဘိုင်ကျမှာပေါ့ … အဲ ယောင်လို့ ထွက်ရမှာပေါ့”
ဆူညံသံများကြောင့် ဒွိုင်ဆူထေ့ တောင်ပေါ်တွင် တဦးတည်း တရားမှတ်နေသည့် ဦးရုက္ခစိုးကြီး တုံ့ခနဲ ဖြစ်သွားသည်။

ဦးရုက္ခစိုးတယောက် လူတွေကြားထဲမှာ ဟိုစပ်စပ် သည်စပ်စပ် ဝင်ပါတာများလှပြီ။ နတ်ဆိုပေမယ့် လူတွေကိစ္စ ဝင်ပါမိလို့ ရင်တုန်ပန်းတုန် ဖြစ်ရပေါင်းလည်း များပြီ။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးတော့မည် ဆိုတော့မှ တနှစ်လုံး တရားဓမ္မနှင့် ကင်းဝေးခဲ့သည်ကို သတိရပြီး တရားမှတ် နေခြင်း ဖြစ်သည်။

ဆူညံသံများကို ကြားသဖြင့် စပ်စုလိုသော်လည်း သူ့ကိုယ်သူ “စိတ်လျှော့ … စိတ်လျှော့” ဟု သတိပေးလိုက်သည်။ အဆိုပါ အသံများ နီးသည်ထက် နီးကာ ဦးရုက္ခစိုး ရှေ့မှောက် ဆိုက်ရောက်လာသည်။ ဖိုးရှုပ်၊ ကြွက်စုတ်နှင့်အတူ ငြင်းခုန်လာသူ များမှာ အသံတိတ်ဂျာနယ် အယ်ချုပ်ကြီး ဦးနေဝင်းပြောင်နှင့် ပြည်ပအခြေစိုက် ရှိသမျှအဖွဲ့အားလုံးကို ကိုယ်စားပြုသူ ခင်ဆာရာပုလင်း တို့ ဖြစ်ပြီး ၎င်းနောက်မှ မိန့်မိန့်ကြီး လိုက်ပါလာသူ ချိုကုပ်ဒူးကြီးဖြစ်သည်။

ဦးနေဝင်းပြောင်။     ။ ဝင်ကို ဝင်ရမယ်ဗျာ။

ခင်ဆာရာပုလင်း။     ။ ဘာကိစ္စ ဝင်ရမှာလဲ။ ကျမကတော့ ဝင်မယ်ဆိုတဲ့သူတွေကို မေးလိုက်ချင်တယ် … ဘာလုပ်ဖို့ ဝင်ကြမှာလဲ။

ပြောင်။     ။ အိုဗျာ … မဝင်တာထက်စာရင် ဝင်တာက နည်းနည်း အခွင့်အရေး ရှိသေးတယ် … တခုရရ … နှစ်ခုရရ … ရတာလေးက အမြတ်ပဲ မဟုတ်ဘူးလား။

ပုလင်း။     ။ (နှုတ်ခမ်းထော်၍) နိုး … နိုး … အကုန်လုံး မရရင် ဘာတခုမှ မလိုချင်ဘူး။

သူတို့ ငြင်းနေကြသည်ကို ကြည့်ရင်း ချိုကုပ်ဒူးကြီးက မိန့်မိန့်ကြီး ပြုံးနေသည်။ ဘာစကားမှတော့ ဝင်မပြော။ ဦးရုက္ခစိုးကတော့ တကိုယ်တည်း “စိတ်လျှော့ … စိတ်လျှော့” ဟု ရေရွတ်နေသည်။

ဖိုးရှုပ်။     ။ ချိုကုပ်ဒူးကြီး တခုခု ဝင်ပြောဦးမှပေါ့ဗျာ၊ ဟိုမှာ ရန်ဖြစ်တော့မယ်။

ချိုကုပ်။     ။ ဖြစ်ပါစေ၊ ဖြစ်ပါစေ …။ အတော်ပဲ ဖိုးရှုပ် … မင်းနဲ့ငါ လောင်းမလား။ ဒီရန်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ။

ဖိုးရှုပ်။     ။ မလောင်းပါဘူးဗျာ … သရေပဲကျမှာ မယုံကြည့်နေ။

ပုလင်း။     ။ ဒီမှာ ဦးနေဝင်းပြောင် ...။ ရှင်က ရွေးဂေါက်ပွဲ ဝင်ကို ဝင်ရမယ်လို့ ပြောနေတယ်ဆိုတော့ ရှင် … စာမတတ်လို့ဘဲ ဖြစ်ရမယ်။ ထင်တော့ ထင်ပါတယ် ရေး တက္ကသိုလ်ရယ်လို့ မကြားဖူးပါဘူးလို့။ ထားဝယ်ကောလိပ်ဆို နည်းနည်း တော်သေးတယ်။

ပြောင်။     ။ ဘာပြောတယ် … ယေးလ် တက္ကသိုလ်ဗျ။ ကျုပ်တို့က အီလစ်တွေ။ နားလည်လား။ နအဖ ပေးသလောက် နည်းနည်းယူပြီး ဘာဆက်လုပ်မယ် ဆိုတာ စဉ်းစားပြီးပြီ။ အခုဆို နအဖ က ပုဂ္ဂလိကပိုင် လုပ်ငန်းတွေတောင် လွှဲပေးနေပြီ …။ ခင်ဗျားသာ ငတုန်းမို့လို့ မသိတာ။

ပုလင်း။     ။ ဘာပေးတာလဲ။ အမှိုက်ပုံထဲက အစုတ်အပြတ်တွေကို ပက်ကင်ထုပ်ပေးတာလား။

ပြောင်။     ။ ခက်တယ် … ။ ခင်ဗျားတို့လို ဘေးထိုင် ဘုပြောနေတဲ့ သူတွေကြောင့် တိုင်းပြည် တိုးတက်မှု မရှိတာ။

ပုလင်း။     ။ ဒီတခါ ဘုမပြောဘူး … ဒေါက်ဖိနပ်နဲ့ ချွတ်ရိုက်မယ်။

ရုက္ခစိုး။     ။ စိတ်လျှော့လေ … စိတ်လျှော့ကြပါဗျာ။

ဖိုးရှုပ်။     ။ ချိုကုပ်ဒူးကြီးရေ … ကြည့်ရတာ အခြေအနေတော့ သိပ်မကောင်းဘူး။ ဘယ်လိုလုပ်ကြမလဲ။

ချိုကုပ်။     ။ ဟဲဟဲ … ကြည့်ကောင်းတယ်ဗျ။ သူတို့ဟာသူတို့ ဝင်မယ်ပြောပြော၊ မဝင်ဘူးပြောပြော ကျုပ်က ရွေးဂေါက်ပွဲကြီး ကျင်းပမှာပဲဥစ္စာ။ အလကား လေကုန်ခံ ငြင်းနေကြတယ်။

ပုလင်း။     ။ ဒီမှာ ချိုကုပ်ဒူးကြီး … ရှင့်ဘာသာ ကျင်းပချင်ကျင်းပ မကျင်းပချင်နေ ကျမ လုံးဝ ဂရုမစိုက်ဘူး။ ဒုန့်ကဲပဲ။

ချိုကုပ်။     ။ ကျုပ်ကလည်း နိုးဂရု (စ်) … ဒုန့်ကဲပါဗျာ။ ခင်ဗျားကို ဂရုစိုက်မယ့်အစား ဘီကီနီလေးတွေနဲ့ ဖက်ရှင်ပြပွဲတွေပဲ ကြည့်တာကမှ စိတ်ချမ်းသာဦးမယ်။

ပုလင်း။     ။ (ဦးနေဝင်းပြောင် ဘက်ကိုလှည့်၍) ဝင်မယ့်သူတွေကိုလည်း ကျမက ဒုန့်ကဲပဲ။

ပြောင်။     ။ ကျုပ်ကလည်း ဒုန့်ကဲပါ။ ရွေးကောက်ပွဲပြီးမှ တိုင်းပြည်ကို တဖြည်းဖြည်း ပြောင်းလဲ တိုးတက်အောင် လုပ်ရမယ်။ ကျောင်းတွေထောင်မယ်။ ကျုပ်တို့ မပါလို့ မရှိလို့ မဖြစ်ဘူးဗျ … ။

ပုလင်း။     ။ အရူး။

ရုက္ခစိုး။     ။ ကျုပ်လည်း ဒုန့်ကဲပါ … ဟာ ယောင်လို့ … စိတ်လျှော့ပါဆိုနေဗျာ။

ချိုကုပ်။     ။ သူတို့က ခုထိ မဝင်ဘူး၊ ဝင်မယ် လုပ်နေတယ်။ မှတ်ပုံတင်တဲ့သူတွေကဖြင့် တင်နေပြီ။ ပါတီ နည်းနည်းပါးပါး မှတ်ပုံတင်ရင် ရွေးဂေါက်ပွဲက ကျင်းပလို့ရပြီ။ ကျုပ်ဆင်တဲ့ အကွက်ကလည်း တန်းနေတာပဲ၊ NLD လည်း ဘော်လီဘော ပုတ်ရလွန်းလို့ အမောဖောက်နေပြီ။ သူ့စရိတ်နဲ့သူ သွားတော့မယ်။

ဖိုးရှုပ်။     ။ ဝင်မယ့် ပါတီတွေက ပိုက်ဆံ သိပ်မရှိကြဘူးဗျနော်။ ဘယ်လို စခန်းသွားကြမလဲ မသိဘူး။

ချိုကုပ်။     ။ သူတို့က ဝင်တယ်ဆိုရုံလေးပဲ ဝင်ကြပစေ …။ ကျုပ်ထောက်ပံ့ပေးထားတဲ့ ကြံ့ဖွံ့ပဲ နိုင်မှာ။ စစ်တပ်က ၂၅၊ နောက်ထပ် ယူနီဖောင်း မဝတ်တဲ့ စစ်တပ်က ၅၀ …၊ တပ်မတော်က ၂၀ ...၊ ကျန်တဲ့ ၅ က စစ်တပ်နဲ့ အမျိုးတော်တဲ့ ပြည်သူလူထု။

ပုလင်း။     ။ ကဲ ကြားပြီလား ဦးနေဝင်းပြောင် … ရှင် ဝင်ချင်သေးလား။

ပြောင်။     ။ ကျုပ်က လုံး …......................... ဝ ဂရုမစိုက်ပါဘူးလို့ ပြောပြီးပြီပဲ။ ဝင်ကို ဝင်သင့်တယ်။

ပုလင်း။     ။ ဟာ … ဒီလောက်ထိ ပြောတာတောင် ဝင်မယ်လုပ်တုန်းပါလား။ ကကြီးကို ပုတ်လောက်ကြီး ရေးပြတောင် သိမယ့်ပုံ မရှိဘူး။

ပြောင်။     ။ မသိဘူး၊ ကျုပ်က အေဘီစီဒီပဲ သင်ဖူးတာစ် … သဘောပေါက်စ်။ 

ထိုစဉ် ဘေးတွင် အင်တာနက်ဖွင့်ကြည့်ကာ ဘာတခွန်းမှ ဝင်မပြောသော ကြွက်စုတ်ထံမှ အသံထွက်လာသည် …

ကြွက်စုတ်။     ။ မေးလ်ဝင်လာပြီ … အားလုံးငြိမ် ...။ ဒေါ်အောင်ဆန်းစုကြည်က ပြောနေပြီ … သူ့အနေနဲ့ဆိုရင် ပါတီ မှတ်ပုံမတင်ဘူးတဲ့ … ။ ပါတီ ဂုဏ်သိက္ခာက အရေးကြီးတယ်တဲ့။

ချိုကုပ်။     ။ ဘာ ...။

ပုလင်း။     ။ (လက်ခုပ်တီးရင်း) ဝေး … တွေ့တယ်မဟုတ်လား … ဒါမှ တို့ ဒေါ်စု။ ဂုဏ်သိက္ခာက အရေးကြီးတာပေါ့ … အရမ်းမှန်တယ်။

ကြွက်စုတ်။     ။ ဒါပေမယ့် သူ အမိန့်မပေးဘူး … ဆုံးလည်း မဆုံးဖြတ်ဘူး။ ပါတီကပဲ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ပါ တဲ့။

ချိုကုပ်။     ။ သြော် ဒီလိုလား၊ သူကလည်း ဘော်လီဘော ပုတ်ပြန်ပြီ။ အိမ်ထဲမှာ အေးအေး မနေဘူး။ ငါဆင်တဲ့ အကွက်ကို မဝင်ဘူးပေါ့လေ။ ဂုဏ်သိက္ခာရှိရှိ မတရားအသင်း ကြေညာခံလိုက်မယ်ပေါ့။ ဒါပေမယ့် ဘာပြောပြော ကွဲမှာပါပဲ။

ပြောင်။     ။ ကျုပ်ကတော့ ဒုန့်ကဲပဲ … ။ ချိုကုပ်ဒူးကြီးလည်း ဒုန့်ကဲပဲ ဟုတ်တယ်မဟုတ်လား။

ချိုကုပ်။     ။ ဟုတ်တယ် ဒုန့်ကဲပဲ … ။ ဒါပေမယ့် မင်း ဒုန့်ကဲနဲ့ ငါ့ဒုန့်ကဲ လာမညှိနဲ့နော်။ ငါက ငါ့ဘာသာ ဒုန့်ကဲတာ။

ပြောင်။     ။ ဟာ ဒုန့်ကဲ အချင်းချင်းတော့ တူသင့်ပါတယ်ဗျာ။

ပုလင်း။     ။ ကျမလည်း ဒုန့်ကဲပဲလေ … ။

ကြွက်စုတ်။     ။ NLD ကလည်း ဒုန့်ကဲပဲတဲ့။ မတရားအသင်း ကြေညာ ကြေညာ၊ လုပ်ချင်ရာလုပ်၊ ကွဲချင်ကွဲပစေ ဒုန့်ကဲပဲတဲ့။

ရုက္ခစိုး။     ။ စိတ်လျှော့ … စိတ်လျှော့ …။ ပြည်သူလူထုကလည်း ဒုန့်ကဲပဲ ...။ လုပ်ချင်ရာလုပ် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး ဆိုတာ သိတယ်တဲ့။ အဲဒါကြောင့် စိတ်လျှော့ကြပါ။

တချိန်လုံးစိတ်လျှော့ခိုင်းနေသည့် ဦးရုက္ခစိုးဘက်ကို အားလုံးလှည့်ကြည့် လိုက်ကြသည်။

“ကဲ … စိတ်လျှော့ခိုင်းဦး” “ဖုန်း” “ခွပ်” “ဒုတ်”

အရှေ့က “ဖုန်း” နှင့် “ခွပ်” မှာ ခင်ဆာရာပုလင်းနှင့် ဦးနေဝင်းပြောင်တို့၏ လက်ချက်ဖြစ်ပြီး … နောက်ဆုံး “ဒုတ်” မှာ ကြံ့ဖွံ့များက  သင်ပေးထားသည့်အတိုင်း ချိုကုပ်ဒူးကြီးကိုယ်တိုင် ဆွမ်းကြီး ဝင်လောင်းခြင်း ဖြစ်သည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တားချိန် မရလိုက်ပေ။

မကြာခင် ချင်းမိုင်မြို့တွင်း လူနာတင်ကားတစီး “ကွီးညောင်၊ ကွီးညောင်” အသံပြု၍ အပြင်းမောင်းနှင်သွားသည်ကို တွေ့ရတော့သည်။ ထိုကားပေါ်တွင် “စိတ်လျှော့” အပြောကောင်းသူ ဦးရုက္ခစိုးကြီး သွေးသံရဲရဲဖြင့် ပါသွားလေတော့၏။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

NLD flag

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ လျှောက်ထားသူ ပြုလုပ်ပြီး အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နစ်နာမှုတွေအတွက် လျှောက်ထားချက် ၂ ခုကို တင်ခဲ့ပါတယ်။
Israels embassy in Britain in central London, 23 Mar 2010-AP
Burmese democracy leader, Daw Aung San Suu Kyi
ပါတီ ၂၀ ထက် မနည်း မှတ်ပုံတင်ရန်ရှိ

ပါတီ ၂၀ ထက် မနည်း မှတ်ပုံတင်ရန်ရှိ

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန်အတွက် မှတ်ပုံတင်ကြေး ကြီးမြင့်ကြောင်း ဝေဖန်နေကြ သော်လည်း ဧပြီလအတွင်း နိုင်ငံရေး ပါတီ ၂၀ ထက် မနည်း မှတ်ပုံတင်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်နှင့်
NLD အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲ သဘောထား အမြင်များ

NLD အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲ သဘောထား အမြင်များ

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မတ်လ ၈ ရက်နေ့က ထုတ်ပြန်လိုက် ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်း ပါတီမှတ်ပုံ တင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ

ရခိုင်တွင် ပါတီသစ်ဖွဲ့မည်

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန်အတွက် ရခိုင်တိုင်းရင်းသား ပါတီသစ်တရပ် မှတ်ပုံတင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား အင်အားစု (ရခိုင်ပြည်နယ်)

ကယန်း ပါတီ ဖွဲ့စည်းရန်ပြင်ဆင်

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန်အတွက် ကယား ပြည်နယ်အတွင်း ကယန်းလူမျိုးစု ပါတီတဖွဲ့ ထူထောင်ရန် ပြင်ဆင် နေကြောင်း သိရသည်။ ယင်း ပါတီကို အပစ်အခတ် ရပ်စဲထားသော

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံထွက်ဗူးသီးနှင့် ၂၀၁၀”

By abma | March 24, 2010

(၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ NLD ရုံးမှာ သတင်းထောက်အ ချို့နဲ့တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ပြန်လည်ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများ အပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေး ကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ ပြုလုပ်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထားပေးခဲ့ပါသည်။ထူးခြားတာကတော့ အဲဒီနေ့မှာပဲ…
ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ဗဟိုအမျိုး သမီးအဖွဲ့ဝင်များအတွက် သူမ၏ ခြံထွက် ဗူးသီးကြီးတလုံးကိုပါ လက်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဒီလို ပေးလိုက်ခြင်းအပေါ် ဗဟိုအမျိုးသမီးအဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဆောင်ဟာ “ဗူးဆိုရင် ဖရုံ မသီးဘူး”ဆို တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေအပါအဝင် ကော်မရှင်ဥပဒေများကို ပြတ်ပြတ်သားသား
ဆန့်ကျင်ကြောင်းနှင့် ၎င်း ရွေးကောက်ပွဲကိုလည်း မဝင်ဘူး၊ ပါတီကိုလည်း မှတ်ပုံမတင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပဲ ပြောဆိုလိုက်တာပဲ” လို့ အဓိပ္ပါယ်ကောက်ယူကြပြီး အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ခိုင်လုံ တိ ကျ သော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

နေပြည်တော် သင်္ကြန်တွင် ကုမ္ပဏီကြီးများက သိန်း ၇၀၀၀ ကျော် သုံးမည်

နာမည်ကြီး ကုမ္ပဏီကြီးများ အနေနှင့် နေပြည်တော် သင်္ကြန် စည်ကားရေး အတွက် တာဝန်ယူ ကျင်းပပေးရန် အာဏာပိုင်တို့က ညွှန်ကြားထား သောကြောင့် ဖျော်ဖြေရေး ကဏ္ဍအတွက်

ပါတီမှတ်ပုံတင်ရေး ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်

ဒေါ်အောင်ဆန်း စုကြည်က သူ့တဦးတည်း ဆန္ဒအနေဖြင့် ပါတီမှတ်ပုံတင်ရေးကို မစဉ်းစား သော်လည်း ပါတီဗဟို ကော်မတီဝင် များက ၎င်းနှင့် ပါတီဥက္ကဌ ဦးအောင်ရွှေအား အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်

DKBA တပ်မှူး အိမ်သစ်တက်ပွဲ သိန်းရာချီ အကုန်ခံမည်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ၉၉၉မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ နေအိမ်သစ် တက်ပွဲကို သိန်းရာချီ အကုန်အကျခံပြီး ခမ်းနားစွာ ကျင်းပသွားမည်

စစ်အစိုးရကို NLD တရားစွဲမှု ပယ်ချခံရ

ယခုလအတွင်း ပြဌာန်းလိုက်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိဟု ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး
ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းများသေဆုံး
အောင်ထက်/၂၄ မတ် ၂၀၁၀
“အုံလိုက် ကျင်းလိုက် သေတာမျိုးတော့ မဟုတ်ဘူး။ သစ်ပင်တွေအောက်မှာ၊ တောခြံတွေထဲမှာ (၂) ကောင် (၃) ကောင်မျိုး သေနေတာ တွေ့ရတယ်။ လယ်ကွက်တွေထဲလည်း သေနိုင်တယ်။ ကျနော်တို့ သိရသလောက် ခုလို ရုတ်တရက် ပြုတ်ကျသေတဲ့ ကျီးကန်းဆိုတာ မကြုံဖူးဘူး....” အပြည့်အစုံသို့
မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် ဆွေးနွေးမည်
NEJ/ ၂၄ မတ် ၂၀၁၀
“မြန်မာစစ်အစိုးရက ယခုလ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ...” အပြည့်အစုံသို့ဝ ဒေသရှိ နတလ ဝန်ထမ်းများကို ခွင့်ရက်ရှည်ပေး ခေါ်ယူ
ခိုင်လင်း/ ၂၄ မတ် ၂၀၁၀
“ဝန်ထမ်းအားလုံး (၁ဝဝ) လောက်တော့ ရှိမယ်။ သူတို့ကို ခွင့်ပေးပြီး ခေါ်လို့ ပြန်သွားတာ။ ဝန်ထမ်းတွေ ဒီကို ရောက်တာက ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ...” အပြည့်အစုံသို့မြန်မာ (၉) ဦး သေဆုံးမှု ထိုင်းက ကရုဏာကြေးပေး
ရဲရင့်/ ၂၄ မတ် ၂ဝ၁ဝ
“သမီးရဲ့ကျန်ခဲ့တဲ့ ကလေးငယ် (၂) ယောက်ကို လူလားမြောက်အောင် စောင့်ရှောက် ...” အပြည့်အစုံသို့
မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်အခဲဖြစ်
စိုးမိုး/ ၂၄ မတ် ၂၀၁၀
“ရေအခက်အခဲ ရှိတာကတော့ အမှန်ပဲ။ အခု လပွတ္တာ ပင်လယ်ပိုင်း ရွာတွေဆိုရင် သောက်ရေရဖို့ မြစ်တွေဘက်ကို စက်လှေနဲ့သွားပြီး ယူရတဲ့အထိ ....” အပြည့်အစုံသို့နိုင်ငံရေးပါတီတွေကို အစဉ်အလာအရ ဖြိုခွဲဖျက်ဆီးနေတဲ့ စစ်အုပ်စု
ရဲဘော်ဖိုးသံချောင်း/ ၂၄ မတ် ၂၀၁၀

“မမေ့ကြသင့်တဲ့ အချက်တချက်က ဒီနေ့လိုအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက မတော်မတရား ဖျက်ဆီးနေတာကို ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုတုံ့ပြန်သလဲဆိုတာဟာ ဒီချုပ်အဖွဲ့ဝင်မဟုတ်တဲ့ တခြားနိုင်ငံရေးသမားများနဲ့ နိုင်ငံရေး အင်အားစုတွေကိုလည်း မှတ်ကျောက်တင်လိမ့်မယ် ဆိုတဲ့အချက်... ” အပြည့်အစုံသို့


ဟံသာဝတီဦးဝင်းတင် - ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ကောက်နုတ်ချက်များ (၃)
မတ် ၂၄၊ ၂၀၁၀
အပိုင်း ၁ - ငရဲဆိုတာ ဂျိုနဲ့လား
အခန်း ၃ - အရေးတော်ပုံ မသေ
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက မဆလတပါတီ အာဏာရှင်စနစ်ကို ရိုက်ချိုးချေမှုန်းနိုင်ခဲ့တယ်။ ၁၉၉၀ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီးက စစ်အာဏာရှင်စနစ် စိုးမိုးမှုကို သမိုင်းဝင်ငြင်းဆန် ပယ်ချနိုင် ခဲ့တယ်။ စစ်အာဏာယန္တရားကြီး ကသောင်းကနင်း ဖြစ်သွားတယ်။ ရှေ့တိုး နောက်ဆုတ်ဖြစ်သွားတယ်။ အင်ဂျင် ကျိုးပျက် ဖွတ်ချက် ဖွတ်ချက် ဖြစ်သွားတယ်။ ရပ်ဆိုင်းသွားခြင်းတော့ မရှိဘူး။
ဂျာအေးသီချင်းထဲကလိုပဲ ပြည်သူတွေကတော့ ငိုရဆဲပဲ။ အမှောင်တွင်းက ကယ်ထုတ်ဖို့ အရေးတော်ပုံ နောက်ဆက်တွဲ လှုပ်ရှားမှုတွေက ထရံပေါက်က ခြေထောက်ကို ဆွဲပေမယ့် တွဲလွဲပဲ ဖြစ်နေတယ်။ ပလ္လင်ပေါ်က မျောက်ကတော့ ဆင်းတက်လို့ ပြေးနေတုန်းပဲ။ ပြည်သူ့ဆန္ဒ သဘောထားတွေ၊ ပြည်သူ့အာဏာတွေ၊ ပြည်သူ့ တရားဥပဒေတွေ၊ ပြည်သူ့လွှတ်တော်တွေ ဆိုတာ စစ်ဖိနပ်ရဲ့ နင်းချေခံရတုန်းပဲ။
ဘုရားကား အောက်၊ မျောက်ကား အထက်ဆိုတာ ဒီနေ့ငါတို့ ပြည်သူတွေ ရင်ဆိုင် ကြုံတွေ့ ငိုညည်း ခံစားနေကြရတဲ့ ဘ၀တွေပါပဲကလား။ ငါတို့အရေးတော်ပုံတွေ မပြီးဆုံးသေး။ မပြီးတမ်း မပြတ်တမ်း တခုပြီး တခု ဆက်လက်ဆင်နွှဲသွားကြရ ဦးမှာပါတကား။ လူတွေ သေရင် သေမယ်။ အရေးတော်ပုံ မသေ။ ဒီမိုကရေစီ အရေးတော်ပုံကြီး သက်တော်ရာကျော် ရှည်ပါစေ။

သက်ကြီးစာပေပညာရှင် မောင်စွမ်းရည်၏ အမြင်
၂၀၁၀ ရွေးကောက်ပွဲနဲ့ အင်န်အယ်ဒီ
မိုးမခ
မတ် ၂၄၊ ၂၀၁၀
ကျနော်ရဲ့ အမြင်ကတော့ တိုင်းပြည်ရှေ့ရေးမှာ ပြည်သူက အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးပါတယ်။
ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်ခံ ထားရ တယ်။ ပြင်ပမှာ အားကိုးစရာ ခေါင်းဆောင်တွေကတော့ ဒေါ်စုနဲ့ အတူ တလျောက်လုံး လက်တွဲပြီး သေတွင်းသေ၀ထဲအထိ ရင်ဆိုင် ဖြတ်သန်းခဲ့တဲ့ ပါတီခေါင်းဆောင် ဦးတင်ဦး၊ အကျဉ်းထောင်ထဲမှာ အနှစ် ၂၀ နီးပါး ချုပ်နှောင်ခံထားတဲ့ကြားက ရဲရဲတောက် ရပ်တည် ကျော်ဖြတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး၊ ဦးဝင်းတင်နဲ့  တစိတ်တည်း တ၀မ်းတည်းရှိနေကြတဲ့ အင်န်အယ်ဒီ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေက ညီညီညွတ်ညွတ်၊ မကွဲပြားဘဲနဲ့ ဦးဆောင်မှုတွေနဲ့ ထိုးဖောက်လာမယ်လို့ မျှော်လင့်ပါတယ်။
အမျိုးသားရေးနဲ့ ပြည်သူလူထုရဲ့ အကျိုးကိုသာ မျက်နှာမူပြီးတော့ တက်ကြွညီညွတ်စွာနဲ့ အကောင်အထည် ဖော်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ရွေးကောက်ပွဲကသာ ထွက်ပေါက်ဖြစ်တယ် ဆိုရင် - ၂၀၁၀ ရွေးကောက်ပွဲရဲ့ မတိုင်မီ၊ ရှေ့က လူထုဆန္ဒနဲ့ အညီ ပေါ်ထွန်းခဲ့ပြီး ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။

ရှင်သန်ခွင့်
ခင်မမမျိုး
Tuesday, March 23, 2010
ခေါင်းဆောင်ဖြစ်ပြီးကာမှ ကိုကြီးက ပထွေးဆန့်ကျင်ရေးဆိုတဲ့ စကားကိုတောင် ရဲရဲမပြောလို့ မလေးတို့ ပြောပေး ခဲ့ကြတယ်။ ဒါပေမယ့် ဒီလိုပြောလို့ အရိုက်ခံရ၊ အနာခံရရင်လဲ ကိုကြီးက မသိချင်ယောင်ပဲ... အပြည့်အစုံသို့

မဲဆောက်မြို့ ဘန့်စောင်ခွဲရပ်ကွက်မှာရှိတဲ့ အမှိုက်ပုံမှာ အရင်ကလိုအမှိုက်ကားများ လာရောက်အမှိုက် ပုံခြင်း မရှိတော့တာကြောင့် ၎င်းအမှိုက်ပုံကို မှီခိုနေထိုင်စားသောက်နေကြတဲ့ ... အပြည့်အစုံသို့

မယ်လစခန်း၌ အိမ် ၂လုံးမီးလောင် လူတစ်ဦးဆေးရုံတင်ရ

Wed, 24/03/10 – 5:22 
မတ်လ ၂၄ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၂)လုံး လောင်ကျွမ်းခံရ ပြီး ဒုက္ခသည်တဦးကို ဆေးရုံတင်လိုက်ရသည်ဟု စခန်းဥက္ကဌ စောထွန်းထွန်းက ပြောသည်။

စစ်ဘေး စိုးရိမ်သည့် ၀ အရပ်သားရာချီ နေရပ်မှထွက်ခွာ

နအဖ စစ်တပ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) ရှိ ၀ ပြည်သွေးစည်းရေးပါတီတို့ကြား စစ်ရေးတင်းမာ နေချိန် တွင် ၀ ထိန်းချုပ် နယ်မြေအတွင်းရှိ ၀ ဒေသခံ ၃၀၀ ခန့်သည် ယခုအပတ်အတွင်း နေရပ်မှ ပြောင်းရွှေ့ထွက်ခွာ နေကြောင်း သိရသည်။

NGO များ ၀ နယ်မှ ထွက်ခွါပေးရန် နအဖဗျူဟာမှူးသတိပေး

ဝ နယ်မြေအတွင်းရှိ NGO အဖွဲ့များ ၂ ရက်အတွင်း ၀ နယ်မြေမှ ထွက်ခွာပေးရန် တန့်ယန်းဗျူဟာမှူးသတိပေးပြောကြား လိုက် သည်ဟု ပန်ဆန်းရှိ NGO ၀န်ထမ်းတဦးက ပြောပါသည်။

စစ်ကြောင်း၏ ပွိုင့်ထိုး မဖြစ်ဖို့ - တြိဂံတိုင်းမှူးထံ လားဟူပြည်သူ့စစ်တောင်းဆို

ယခုလအတွင်း သျှမ်းပြည်တပ်မတော်နှင့် ဖြစ်သည့်တိုက်ပွဲတိုင်း နအဖ စစ်ကြောင်း၌ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ပွိုင့်ထိုးပေး နေရသောကြောင့် - ‘နောက်နောင် နအဖ စစ်ကြောင်း၏ ပွိုင့်ထိုးအဖြစ် မထွက်ခိုင်းဖို့’-  လား ဟူပြည်သူ့စစ်တပ်ဖွဲ့က တြိဂံတိုင်းမှူးထံတောင်းဆိုလိုက်ပါသည်။ဝ'နယ်မှ ဝန်ထမ်းနှင့် NGO များ နေရပ်ပြန်ရန် နေပြည်တော် အမိန့်ထုတ်
နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရန် ငြင်းဆိုနေသည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး ...
ပါတီမှတ်ပုံတင်လျှင် ၂၄ မြို့နယ် ကန့်ကွက်မည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း ၃ တိုင်းမှ ၂၄ မြို့နယ်က ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်ရန် ... မြန်မာ့အရေး ကုလလုံခြုံရေး ကောင်စီ စည်းဝေးမည်
အဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၂ဝဝ၉ခုနှစ် သြဂုတ်လ ...
ဖက်ဆစ်တော်လှန်ရေး၊ Force - ၁၃၆ … ဗိုလ်ချုပ်အောင်ဆန်းနှင့် ကြေးနန်းနှစ်စောင် (ဆောင်းပါး)


more



more

မြန်မာ့နိုင်ငံရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေၞဆွေးနွေးမည်

ကဵပ် သိန်းငၝးထောင်ကျော်တန် မူးယစ်ဆေးချက်ပစ္စည်းများဖမ်းမိ

ေ႟ွးကောက်ပွဲဆန်ႛကဵျင်ရေး ပြည်ပရောက် အတိုက်အခံများ သဘောတူဆုံးဖြတ်

AAPP ဖွဲႚစည်းခြင်း ဆယ်နှစ်မြောက် အခမ်းအနား ကျင်းပ

NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေးပို့

မတ် ၂၄၊ ရန်ကုန်။
NLD က လှိုင်သာယာ စက်မှုဇုံရှိ အချို့စက်ရုံများတွင် လွန်ခဲ့သောလနှင့် ယခုလဆန်းပိုင်းက ဖြစ်ပွါးခဲ့သော ဆန္ဒပြမှုများနှင့် ပါတ်သက်ပြီး ပြေလည်မှု ရရှိစေရန် အတွက် ဆောင်ရွက်ပေးဖို့ စစ်အစိုးရကို တိုက်တွန်း တောင်းဆိုပေးရန် မေတ္တာရပ်ခံ တောင်းဆိုစာတစောင်ကို ရန်ကုန်အခြေစိုက် ILO ရုံးသို့ ပေးပို့ခဲ့သည်ဟု သိရပါသည်။ ထိုတောင်းဆိုစာကို ယနေ့နေ့လည်ပိုင်းက တရားဝင် ထုတ်ပြန်ခဲ့ပါသည်။
ထိုစတိတ်မန့်ထဲတွင် NLD လှိုင်သာယာ စက်မှုဇုံမှ အလုပ်သမားများသည် မြင့်တက်နေသော ကုန်ဈေးနှုန်းများကြောင့် သူတို့၏ လစာခံစားခွင်များကို တိုးမြှင့်ပေးရန် ငြိမ်းချမ်းအေးဆေးစွာဖြင့် ဆန္ဒပြ ခဲ့ကြခဲ့သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ ထို့အတူ နအဖသည် သူတို့၏ သြဇာအာဏာကို သုံး၍ အလုပ်ရှင် အလုပ်သမားနှစ်ဖက်လုံးကို ဆန္ဒပြမှုများပြီးဆုံးသွားစေရန် ဖိအားပေး ဆောင်ရွက်ခဲ့သည်ဟု ထောက်ပြခဲ့ပါသည်။ ထို့အတူ အလုပ်သမားများသည် သူတို့၏ တရားမျှတသော အခွင့်အရေးများကို တောင်းဆိုခွင့်နှင့် အလုပ်သမား သမဂ္ဂများ ဖွဲစည်းခွင့်ရှိသင့်သည်ဟုလည်း ထောက်ပြပြောဆိုခဲ့ပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

Burma's News World's News

Obama signs health bill into law
US President Barack Obama signs his landmark healthcare bill in a ceremony at the White House, saying it is "desperately needed".

Angry pensioners guilty of kidnap
Four German pensioners are found guilty of kidnapping the financial adviser they blamed for US investments that went awry.
QUOTABLE
We would like to know about the practical implications of the recently issued electoral law to determine whether its substance meets the Myanmar [Burma] government's commitment to hold a democratic, free and multi-party election. We hope Aung San Suu Kyi can participate in the election.
–Marty Natalegawa, Foreign Minister of Indonesia

Supreme Court Rejects NLD Lawsuit

By SAW YAN NAING
The supreme court in Rangoon rejects an attempt by the NLD to sue Snr-Gen Than Shwe for implementing unfair election laws.

Suu Kyi Against NLD Joining Elections

By BA KAUNG
Aung San Suu Kyi is against registering the National League for Democracy for Burma's upcoming election but says it is up to the party to make final decision.

Dissident Groups Call for UN Security Council Burma Session

By KYAW THEIN KHA
More than 150 Burmese dissident groups, local and in exile, call on the United Nations Security Council to hold an “urgent discussion” on Burma.

Junta Ally Hosts Housewarming Party

By LAWI WENG
DKBA commander Col Chit Thu has built a “palatial” new home in Myawaddy and is holding a three-day housewarming party.

India to Finance Burmese Truck Factory

By KO HTWE
Tata Motors, India's largest vehicle manufacturer, signs a contract with Myanmar Automobile and Diesel Industries to construct a heavy truck factory in Burma.
Fire Leaves 300 Refugees Homeless
By KO HTWE
Fire destroys 62 homes and leaves 300 people homeless in Karreni refugee camp(1) near Mae Hong Son in northern Thailand on Tuesday.
Aung San Suu Kyi against party contesting polls
The National League for Democracy's General Secretary and Nobel Peace Laureate ...Burma's Supreme Court rejects case filed by NLD
The Rangoon Supreme Court dismissed the case filed by the National League for ...Vietnamese journalists to visit Burma
Sixteen journalists from Vietnam will come to Burma on March 25 for ...Fire in Karen refugee camp, 300 homeless
A fire gutted over 60 houses in the Karen refugee camp No.1 yesterday midnight ...

Burma’s election process flawed from start

(Commentary) Even though Burma’s election laws are still being rolled out, many in the Burmese opposition movement abroad have already decided that ...
Suu Kyi ‘wouldn’t think of registering’ for elections thumbnail

Suu Kyi ‘wouldn’t think of registering’ for elections

Burma's opposition leader sets the record straight on her objections to elections laws but says she will leave it up to her party to decide Cracks appear in Burma opposition party thumbnail

Cracks appear in Burma opposition party

More than 60 people sign a petition urging the National League for Democracy not to run in elections as party spokesperson reasserts unity Burma urges new Bangladesh sea boundary thumbnail

Burma urges new Bangladesh sea boundary

Revised boundary demarcation could end fiery dispute over claims by Bangladesh and Burma to lucrative offshore gas blocks

သံဃာ့တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးဇဝနနှင့်တွေ့ဆုံမေးမြန်းချက်

Photobucket
Saffron ဘလော့ရဲ့ စာဖတ်သူများခင်ဗျား.. 
ဒီနေ့မှာ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP ရဲ့ ၁၀နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ သံဃာ့တပ်ပေါင်းစု အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို၊ နိုင်ငံရေး အကျဉ်းသားဟောင်းလဲ ဖြစ်ခဲ့တဲ့ ဆရာတော် ဦးဇဝနကို သူရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဦးဇင်းဘုရား ...  ဦးဇင်းတို့ရဲ့ သံဃာ့တပ်ပေါင်းစု ဘလော့မှာ ဦးဇင်းက AAPP ရဲ့ ၁၀နှစ်ပြည့် အခမ်းအနားကို ကြွရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဦးဇင်းသွားခဲ့တာ နိုင်ငံရေး အကျဉ်းသားဟောင်း အနေနဲ့လား၊ ဒါမှမဟုတ် သံဃာ့တပ်ပေါင်းစု အနေနဲ့ပါလား ဘုရား..
ဦးဇင်းကို အကျဉ်းသားဟောင်းအနေနဲ့ ဖိတ်ပါတယ်။ အဖွဲ့အနေနဲ့ ဖိတ်စာကို ကိုဇော်ထွန်းက ဖိတ်လိမ့် မယ်လို့ ကိုဌေးအောင်က ပြောပါတယ်။ ဒါပေမယ့်အဖွဲ့အနေနဲ့ ဖိတ်စာရောက်မလာပါဘူး။
ဒါဆိုရင် ဦးဇင်းက နိုင်ငံရေး အကျဉ်းသားဟောင်းအနေနဲ့ပဲ သွားခဲ့ရတာလို့ ပြောလို့ရမလားဘုရား..။
ရပါတယ်။
ဦးဇင်းတို့ ဝက်ဘ်ဆိုက်ထဲမှာ ဦးဇင်းက AAPP မှာ ကျေးဇူးတင်စကားပြောထားတာ တပည့်တော် ဖတ်ရပါ တယ်။ ကျေဇူးတင်ထိုက်တယ်ဆိုတဲ့ စာရင်းထဲမှာ AAPP လဲပါပါတယ်။ ဦးဇင်းထောင်ထဲမှာ ရှိနေစဉ် သူတို့ဆီက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကူအညီရဖူးပါသလား။
ရဖူးပါတယ်။
တပည့်တော် ကြားနေတာက တချို့ လူတွေ မရဘူးလို့ကြားလို့ အဲဒီ အပေါ် ဦးဇင်း ဘယ်လိုမြင်ပါသလဲ။
တချို့ထောင်တွေကိုတော့ သူတို့လက်လှမ်းမမှီဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ပို့ပေးမည့်သူမရှိတာ တို့ဘာတို့ ပေါ့ နော်..။
ဦးဇင်းတို့ရှိနေတဲ့ ပါတ်ဝန်းကျင်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေ အထောက်အပံ့မရတာ မရှိဘူးပေါ့။
ထောင်တိုင်းကိုတော့ မရောက်နိုင်ပါဘူး။ တောင်ငူမှာအားလုံးရတယ်၊ သူတို့လဲပြောပါတယ် ထောင်တိုင်းကို မရောက်နိုင်ဘူးဆိုတာ။
ဟုတ်ကဲ့ .. နောက် ဦးဇင်းတို့ရဲ့ မိခင်အဖွဲ့ အစည်းဆီကကော အကူအညီ ရပါသလား။
ရပါတယ်။ ဘုန်းကြီးတိုင်းဆီကို ပို့တယ်လို့ သိရပါတယ်။ ဦးဇင်းဆီလဲ ရောက်ပါတယ်။ အပြင်ရောက်တဲ့အထိ ကူညီပါတယ်။
နောက်ထပ် ဦးဇင်းတို့ကို ကူညီတဲ့ အဖွဲ့တွေ ရှိပါသေးလား။
ငွေပို့တယ်။ NLD ကဆို ငါးပိကြော် တွေလုပ်ပေးတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားတွေ ဖြစ်ရ ပါတယ်။ ထောင်ထဲမှာကတော့ တကယ့်ကို အားမန်တွေရပါတယ်။
တပည့်တော် နောက်တခု ထပ်မေးချင်တာက ဒီနေ့ပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သူတို့ ခံစား ခဲ့ရတာတွေကို သရုပ်ပြသွားပါတယ်။ ဦးဇင်းတို့ကော သံဃာတော်တွေ အနေနဲ့ကနေ ဖမ်းဆီးခံရတော့ လူသာမန်တွေနဲ့ ကွဲပြားတဲ့ အခွင့်အရေးတွေ ထောင်ထဲမှာ နအဖက ပေးပါသလား။
နေရာတိုင်းကိုတော့ ဦးဇင်းမသိနိုင်ပါဘူး။
ဦးဇင်းရဲ့ အတွေ့အကြုံကိုပဲပြောပြပါ ။
သာမန်လူတွေလိုပဲ ဥိးဇင်းတို့ကို ဆက်ဆံ ခံရပါတယ်။
အခုနိုင်ငံရေး အကျဉ်းသားတွေလိုပဲလို့ ဦးဇင်းဆိုလိုတာပါလား။
ကိုယ့်ရဲဘော်တွေကသာ ကိုယ့်ကို ရဟန်းလို့ အသိအမှတ်ပြုတာပါ။ ထောင်အာဏာပိုင်တွေကဆို ဟေ့ကောင် ဒီလိုခေါ်တာပါ။ အကန်ခံ အရိုက်ခံရတာ လူ၊ ဘုန်းကြီး မခွဲခြားပါဘူး။ အတူတူပါပဲ။
ဦးဇင်းတို့ သံဃာတော်တွေကော အခုနိုင်ငံရေး အကျဉ်းသားတွေလို ခြေကျဉ်းတွေ ဒေါက်တွေ ထည့်ခံရ ပါ သလား။
ဦးစန္ဒောဆို စိတ်ကထက်တော့ ပိုခံရတယ်။ ခံရတာပေါ့။ ခြေကျဉ်းထောက် ခံရတာအတူတူပါပဲ။ သာယာဝတီ ထောင် ရောက်စက ဦးဇင်းကို နှစ်ကြီးလို့ဆိုပြီး လူတွေ ခြေကျင်းဖြုတ်ပေမယ့် ဦးဇင်းတယောက်ထဲ ချန်ထား တာ၊ လက်နှစ်လုံးလောက်စာရွက်ထဲမှာကဗျာရေးထားတာမိလို့ တိုက်ပိတ်တာ ခံရဘူးတယ်။ ဆောင်းတွင်း ကြီး ချမ်းမှချမ်း ညခင်းဆို အိပ်မရဘူး ခုန်နေရတယ်။
တပည့်တော် ကိုယ်တိုင်လဲ ပဇင်းဝတ်ဘူးတော့ သိခဲ့တာ တခုရှိတယ်။ ဦးပဇင်းဖြစ်နေသူ တဦးက လူပြန် ထွက်တော့မယ်ဆိုရင် ဦးဇင်းကနေ ကိုရင်၊ ကိုရင်ကနေ လူအဖြစ် တဆင့်ချင်း ပြန်လျှော့ရတာ ကြုံဘူးတယ်။ ဦးဇင်းကနေ ကိုရင်အဖြစ် လျှော့ရင်တောင် ဆရာတော်က ကိုယ့်ကိုကိုယ် ကိုရင်ဖြစ်ပြီလို့ နှလုံးသွင်းနော် နိုမို့ ဆိုရင် အပြစ်ကြီးတယ်။ ဒီလိုပဲ ကိုရင်ကနေ လူထွက်တော့လဲ လူဖြစ်ပြီလို့ နှလုံးသွင်းနော် ဆိုပြီး ပြောပြ သတိပေးခဲ့ပါတယ်။ အဲဒါ ဝိနည်းတော်နဲ့ အညီပါပဲလား။
ဝိနည်းတော်မှာ သိက္ခာချတာ အင်္ဂါရပ်တွေရှိပါတယ်။ စိတ် ခေတ် ကာလ ပယောဂ ဇာန ပုဂ်ဂလာ ဆိုပြီး တော့ ရှိပါတယ်။ ဒီအင်္ဂါတွေ ညီမှ လူဖြစ်ပါတယ်။
သူတို့က ဦးဇင်းတို့ကို ဘုန်းကြီးကျောင်းတွေက အတင်းဖမ်းလာပြီး ထောင်ဝတ်စုံဝတ်ပေးလိုက်တဲ့ အခါ ဦးဇင်းတို့ဟာ လူဖြစ်သွားပါသလား ဒါမှမဟုတ် သံဃာပါပဲလား။
ဘုရားလက်ထက်က ဓားပြတွေလုယက်လို့ ရဟန်းတွေ သစ်ရွက်တွေပတ်ပြီး နေရတယ် ။ ဘုရားက ဒါ အပြစ် မရှိဘူးလို့ ပြောထားပါတယ်။ တိပိတဋက ဆရာတော် တို့တောင် ဒီလိုပဲနေခဲ့ရတာပါ။
ဒါဆိုရင် ထောင်ကျနေပေမယ့် ဦးဇင်းတို့ဟာ တလျှောက်လုံး ကိုယ့်ကိုကိုယ် သံဃာပဲလို့ နှလုံးသွင်း နေခဲ့ တာပေါ့။
အမှန်ပါပဲ။
ဒါဆိုရင် ဦးဇင်းတို့ကို စစ်ကြောရေးမှာ နှိပ်စက်တဲ့ ထောက်လှမ်းရေးတွေ ၊ နောက်ထောင်ထဲက ဖိနှိပ်တဲ့ ထောင်ဝန်ထမ်းတွေဟာ သံဃာတော်တွေကို စော်ကားမိတဲ့ သံဃာ့ဂိုဏ်းသင့်နေပြီလား ဦးဇင်း။
သင့်တာပေါ့။ ကံဆိုတာလက်ငင်းခံရတယ် ဗိုလ်စောမောင်ခမြာ ဘာဖြစ်သွားလဲ၊ နောက် ဦးစိုးဝင်း ၊ ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်ချုပ်ဝင်းမြင့်၊ နောက်ဆုံး ဗိုလ်ချုပ်ခင်ညွန့် အများကြီးပါ။ လက်ငင်းကံဆိုတာ ဒိဋ္ဌဓမ္မ ဝေဒနီယကံ ဆိုတာ ရှိပါတယ်။ အဘိဓမ္မာတရားပါ၊ မျက်နှုာမလိုက်ပါဘူး။ ထောက်လှမ်းရေးတွေအားလုံး သံဃာတွေကိုနှိပ်စက်ခဲ့တာပါ။ သူတို့ ဘာတွေဖြစ်သွားလဲ အားလုံးအသိပါ။ သူတို့တွေအတွက် ဘေးလေးမျိုး ဆိုတာခံရပါတယ်။ ဘေးလေးမျိုးဆိုတာက ဒဏ္ဍဘေး ၊ ဒုဂ်ဂတိဘေး ၊ အတ္တာနူဝါဒဘေး ၊ ပရာနုဝါဒဘေး ဆိုတာတွေပါ။ အတ္တာနုဝါဒဘေး ကစပြောမယ်။ ကိုယ့်ကိုယ်ကို ပြန်အပြစ်တင်တာ၊ ငါအပြစ်လုပ်မိပါလားလို့ သံသယကြီးက သူ့ကိုနှိပ်စက်နေတာ၊ ဒါအဦးဆုံးခံရမှာ။ ပရာနုဝါဒဘေး ၊ တကမ္ဘာလုံးက ကဲ့ရဲ့ ပြစ်တင်ခြင်းခံရတာ ။ ဒဏ္ဍဘေး ဆိုတာက နိုင်ငံတကာ တရားရုံးလိုဟာမျိုးရင်ဆိုင်ရမှာ။ ဒုဂ်ဂတိဘေး ဆိုတာက သေပြီးရင်ဆိုင်ရမည့်ကိစ္စ။ ဒါတွေကို အပြစ်ကျူးလွန်ရင် စေတနာ ဆိုးရင် ဆိုးသလောက်ခံရမယ်။
ဖြေကြားပေးတာ ကျေးဇူးးတင်ပါတယ်ဘုရား။ တပည့်တော် နောက်ဆုံး မေးခွန်းတခု မေးချင်တာက ပြည် တွင်းက သံဃာ့ နာယကဆိုတဲ့ ဆရာတော်ကြီးတွေဟာ ဝိနည်းတတ်၊ ကျမ်းတတ် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ရဲ့ သားနဲ့ သူတို့ကဘာလို့ နအဖကို ဒီအချက်တွေ မသွန်သင်တာလို့ ထင်ပါသလဲ ဘုရား။
ဂတိလေးပါးဆိုတာကြားဘူးလား ။
ကျေဇူးပြုပြီး ရှင်းပြပေးပါ ဘုရား.. ။
ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ဆိုတာပါ။ ဒီလေးပါးထဲက တခုခု ပူးကပ်ခံရရင် ဆုံးဖြတ်ချက်တွေ မမှန်တော့ဘူး ။ ချစ်လွန်းရင်၊ အမျက်ထွက်လွန်းရင်၊ မသိမိုက်မဲလွန်းရင်၊ ကြောက်လွန်းရင် ဆုံးဖြတ်ချက်တွေမှားကုန်တတ်တယ်။ ဒါတွေထဲက တခုခုမှာ မဟန ဆရာတော်တွေ ကပ်ညှိခံနေပါပြီ။ ဦးဇင်း ကိုယ်တွေ့နဲ့ဆို သံဃမဟာနာယက ဆရာတော်တွေဟာ အရေးကြီးတဲ့အမိန့်တွေဆို အစိုးရကို တင်ပြပြီးမှ ထုတ်ဝံ့တယ်။ ပြီးခဲ့တဲ့အပတ် ထုတ် ဦးဇင်းတို့ဂျာနယ်ပါ အာဘော်ကိုဖတ်ကြည့်ပါ။
အခုလို ဖြေကြားပေးတာ ကျေးဇူး အထူးတင်ပါတယ် ဘုရား လိုအပ်လို့ သံဃာ့ကိစ္စနဲ့ မရှင်းလင်းတာရှိရင် နောက်နောင်လဲ မေးမြန်းခွင့်ပြုပါ ဘုရား။
ဦးဇဝနသည် သံဃာ့တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူ ဆရာတော်တပါးဖြစ်သလို နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးလဲ ဖြစ်ပါသည်။ လက်ရှိ ABMA ဂျာနယ်တွင် သူ၏ ထောင်တွင်း အတွေ့အကြုံများကို  အခန်းဆက် ရေးသားနေရာ စိတ်ဝင်စားသူများ အနေနှင့် http://allburmamonksalliance.com/ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။