1.16.2010

Burma's News World's News



Looters in Port-au-Prince, 15 January 2010.
Security concerns rise in Haiti's capital as distribution problems continue to hamper the supply of aid to desperate quake survivors.

Karzai in second cabinet setback
Afghan MPs reject 10 of 17 revised cabinet posts suggested by President Hamid Karzai, dealing him a new blow.
US to protest to China on Google
The US says it will make a formal protest to China over alleged cyber-attacks on internet search giant Google.
QUOTE OF THE DAY
We want to be sure that Aung San Suu Kyi has the possibility and opportunity to interact with her party colleagues. This is for the NLD to decide how they will approach the elections, whether they will participate or not participate.

Evicted from an Earthly Paradise

By KYI WAI
Residents of Burma's famous beach resort areas once made a respectable living growing coconuts; now they're reduced to selling food to tourists and dodging the police.

Is War Office Reshuffle Related to Info Leak?

By THE IRRAWADDY
Analysts say the recent reassignment of six officials from the War Office could be related to last year's leak of information about secret military ties between Burma and North Korea.

Weekly Business Roundup (January 16, 2010)

By WILLIAM BOOT
Bangladesh has described its latest negotiations with Burma over oil and gas exploration in disputed sea territories as “fruitful.”

Burmese workers in Jordan resume work after negotiation
map_of_jordansAfter a nine-day cease work in the wake of a brawl inside the premises nearly 600 Burmese ...


First Burmese women pilots take to the sky air-baganssAs the first female pilots in Burma, two women, after completing commercial pilot ...

BGF talks on hold, junta and Wa at impasse United Wa State Party (UWSP) Chairman Bao Yu Xiang recently rejected ...
Aung San Suu Kyi meets junta’s liaison minister
suu-kyi-campbellssDetained Burmese pro-democracy leader Aung San Suu Kyi on Friday, for the first time ...

ရေရာ သေချာ နေတာ

နအဖ က အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းပြမြေပုံကို အသေဆုပ်ကိုင်ထား လျက်ပါ။ ဒီ လမ်းပြ မြေပုံရဲ့ “အုဋ်မြစ်”ဖြစ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို ဖြစ်မြောက် ပြီးစီးအောင် နည်းမျိုးစုံနဲ့ လုပ်ခဲ့ပါတယ်။ အနှောက်အယှက်ကင်းတဲ့အခါ အချိန်ဆွဲပြီးကျင်းပခဲ့တယ်။ အရေးပေါ်လိုအပ်တဲ့အခါ ကောက်ကာ ငင်ကာ ၀ုန်းကနဲထ မြန်မြန်ထက်ထက် လုပ်ခဲ့ပါတယ်။ ၁၉၉၃ ခုဇန္န၀ါရီလ ၉ ရက်နေ့မှ စတင် ကျင်းပခဲ့တဲ့ နအဖရဲ့ အတုအယောင်အမျိုးသားညီလာခံဟာ ၂၀၀၇ ခုစက်တင်ဘာ ၃ ရက်နေ့မှာ အဆုံးသတ်ခဲ့ ပါတယ်။ ကမ္ဘာ့အရှည် ကြာဆုံးကျင်းပခဲ့တဲ့ ညီလာခံ ဖြစ်ခဲ့ပါတယ်။

ဒီ လမ်းပြမြေပုံရဲ့ “အသက်” ဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၀၈ မေလ ၁၀ ရက်နေ့မှာကျင်းပမယ်လို့ ၂၀၀၈ ဖေဖော်ဝါရီလမှာ နအဖကကြေညာခဲ့ပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပရေး ဥပဒေနဲ့ ကော်မရှင်ဖွဲ့စည်းပြီးကြောင်းကို ၂၀၀၈ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းကိုတော့ ၂၀၀၈ ဧပြီလ ၉ ရက်နေ့မှာ အများ လေ့လာဘို့ ထုတ်ဝေရောင်း ချပေးခဲ့ပါတယ်။ ဆန္ဒခံယူပွဲကိုတော့ ကြေညာထားတဲ့အတိုင်း မေလ ၁၀ ရက်နေ့မှာ လုပ်ဖြစ်အောင် လုပ်ခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဒေသအတွင်း အဆိုးဆုံးလို့ သတ်မှတ်ခံရတဲ့ နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများ မျက်နှာမှ မထောက် ဇွတ်အတင်းကို ကျင်းပခဲ့ပါတယ်။ မလွှဲသာလွန်းလို့ ‘လူစိတ်မရှိဆုံးလို့ အပြောခံ လွတ်ရုံလေး’ နာဂစ်ဘေးဒဏ်သင့် ဒေသ အချို့မှာ မေလ ၂၄ တွင် ကျင်းပခဲ့ပါတယ်။ နာဂစ်မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၁၄၆,၀၀၀ ကျော်သေဆုံးကာ လူ ၂ သန်းခွဲကျော် အတိဒုက္ခ ရောက်ခဲ့ရပြီး၊ အမေရိကန် ဒေါ်လာ ၁၀ ဘီလျံ အထက် နစ်နာဆုံးရှုံးခဲ့တယ်လို့ မှတ်တမ်းတင်များက ဆိုပါတယ်။

ဆန္ဒခံယူပွဲ အတွက်လဲ မသမာမှုတွေ ဗြောင်ကျကျ များများ သုံးခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေ၊ ဖြားယောင်းမှုတွေ၊ ထောက်ခံမဲများကို ကြိုတင်လှည့်ဖြား ကောက်ယူမှုတွေ၊ လျှို့ဝှက်မဲပေးစံနစ် သာဆိုတယ် ထည့်ရမဲ့ မဲပြားပေါ်မှာ မဲဆန္ဒရှင်ရဲ့ အမည်နဲ့ အဘအမည် ရေးခိုင်းမှုတွေ စတာတွေနဲ့ ပြည်သူတွေရဲ့ အသည်းကြားက မဲတပြားကို မတ ရားမှု မျိုးစုံနဲ့ ‘အေးဓါးပြ’ တိုက်ယူခဲ့ကြပါတယ်။ မတရား ဆန္ဒခံယူပွဲပြီးတော့ ပြည်သူ့ဆန္ဒ ၉၂.၄%နဲ့ တရားဝင်အ တည်ဖြစ်ခဲ့ကြောင်း ကမ္ဘာကို အတိအလင်းကြေညာခဲ့တယ်။

ဆန္ဒခံယူပွဲ ရလဒ်ဟာ မသမာမှုများစွာဖြင့် ရယူထားတာကြောင့် ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အတု အယောင်ဖြစ်ပြီး တရားဝင် အသိအမှတ်မပြုကြောင်း ကမ္ဘာ့နိုင်ငံ အများအပြားက ထုတ်ဖော်ပြောခဲ့ကြပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲပြောပြော နအဖကတော့ “ဘယ်သူသေသေ ငတေမာဘို့” လမ်းစဉ်က တဖ၀ါးမှ မခွါပါ။ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့လဲ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ တိကျတဲ့ အချိန်သတ်မှတ်မှုကို တော့ ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအ တွက် ဆန္ဒခံယူပွဲတုန်း ကလိုပဲ လအနည်းငယ်အလိုမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် လိုအပ်တာတွေ ကြေညာမဲ့ ပုံပါ။ ၂၀၁၀ ဆိုတာ ဒီဇင်ဘာလအထိကိုး။

လာမဲ့ရွေးကောက်ပွဲကို အတားအဆီးဖြစ်မဲ့ လှုပ်ရှားမှုများ ပြုစွမ်းနိုင်သူများကို မလှုပ်ရှားနိုင်အောင် မတရား သဖြင့် ဖမ်းဆီးထောင်ချထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဌဦးတင်ဦးကိုတော့ နေအိမ် အကျယ်ချုပ် အဖြစ် ဆက်လက် ချုပ်ပိုင်ခွင့်ရှိသေး၍ နောက်ထပ် နေအိမ်အကျယ်ချုပ် သက်တမ်း တနှစ် ထပ်တိုးကာ ချုပ်နှောင် ထားဆဲပါ၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ် သက်တမ်းအနေနဲ့ ထပ်မံတိုးပိုင်ခွင့်မရှိတော့၍ မစ္စတာ ဂျွန်ယက်ထောကို အကြောင်းပြုကာ မတရား အမှုဆင်ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ နအဖခေါင်းဆောင်ရဲ့ သက်ညှာ ထောက်ထားမှုကြောင့် ဟုဆိုကာ နေအိမ်တွင်ပင် အကျယ် ချုပ်အဖြစ် ၁၈ လ သာ ကျခံစေခဲ့ပါတယ်။ ဖြစ်စဉ်ကို ခြုံကြည့်လိုက်ရင် လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီးစီး ချိန်အထိ ခေါင်းဆောင်ကြီး နှစ်ဦးကို ဆက်လက်ထိန်းသိမ်းထားလိုက်တာပဲဖြစ်ပါတယ်။

လူထုအတွင်း စိမ့်ဝင်လှုပ်ရှားနိုင်စွမ်းရှိတဲ့ ရဟန်းသံဃာများ၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ စစ်မှန်တဲ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားသူများကိုလဲ ရာဇ၀တ်မှုပုဒ်မများတပ်ကာ နှစ်ရှည် ထောင်ဒဏ်များဖြင့် ချုပ်နှောင်ထားလျက်ရှိနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အန္တရာယ်ရှင်းအောင် စီစဉ်ထား တာပါ။

နအဖက သူတို့အပေါ် အနောက်နိုင်ငံကြီးများက ဒဏ်ခတ်အရေးယူထားတဲ့ စီးပွါးရေးပိတ်ဆို့မှု၊ ပစ်မှတ်ပိတ်ဆို့ မှုများကို အမြန်ဆုံးရုတ်သိမ်းပေးရန် အထူးလိုလားနေပါတယ်။ ဒီ ပိတ်ဆို့မှုများဟာ သာမန်မြန်မာနိုင်ငံသားအ များစုထက် နအဖမိသားစုများနဲ့သူတို့ရဲ့အပေါင်းပါများကို ပိုမို ထိခိုက်နစ်နာနေစေတာကြောင့်ဖြစ်ပါတယ်။ အ ခွင့်ရတိုင်းလဲ အနောက်နိုင်ငံအစိုးရများကို စီးပွါးရေးပိတ်ဆို့အရေးယူမှု ရုတ်သိမ်းပေးဘို့ နအဖကပြောဆိုနေပါ တယ်။ အမြင့်ဆုံးအနေနဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂညီလာခံကြီးမှာ နအဖ နိုင်ငံ ခြားရေးဝန်ကြီးက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူထားတဲ့ စီးပွါးရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးဘို့ တရားဝင်တောင်းဆိုခဲ့ပါတယ်။

တရားခံဂျွန်ယက်ထောကို အမေရိကန်ဆီးနိတ်အမတ်ဂျင်မ်ဝက်ဘ် လာရောက်ကယ်ထုတ်သွားတာမှာ အဟန့် အတားမရှိ အသာတကြည်ပြန်ထည့်ပေးလိုက်တာဟာ နအဖက လိုချင်တဲ့ တောင်းဆိုချက် အချို့အတွက် အပေး အယူတည့်သွားတာ ဖြစ်မယ်လို့ အကဲခတ်သမားများက သုံးသပ်ကြပါတယ်။

အဓိက စီးပွါးရေးပိတ်ဆို့မှု ပြုလုပ်တဲ့ နိုင်ငံများကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ဖြစ်ကြပါတယ်။ အိုဘားမား အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံပေါ်ထားရှိတဲ့ အမေရိကန် ပေါ်လီစီသစ်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စံချိန်မှီ ဒီမိုကရေစီစံနစ် အမြန်ထွန်းကားရေး ပြုပြင်ပြောင်းလဲဘို့ အတွက် စီးပွါးရေး ပိတ်ဆို့ဒဏ်ခတ် မှုများကို လက်ရှိအတိုင်း ဆက်လက်ထားရှိပြီး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမယ်၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာတဲ့ တိုးတက်မှုတွေ ရရှိတဲ့အထိ စီးပွါးရေး ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဆက်လက် ထားရှိမှာဖြစ် တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်က ၂၀၀၉ ခု စက်တင်ဘာ ၂၃ ရက်နေ့မှာ အတိ အလင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ အဆင့်မြင့်ထိတွေ့ ဆွေးနွေးရေး ပေါ်လီစီသစ်အရ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကွတ်ကဲန်ဘယ်လယ်နဲ့ အဖွဲ့ကို နအဖ၀န်ကြီးချုပ်နဲ့ အဖွဲ့က နေပြည်တော်မှာ ၂၀၀၉ ခုနိုဝင်ဘာ ၃ ရက်နေ့တွင် တွေ့ဆုံခဲ့ပါတယ်။ ဒေါ်စုကိုလဲ မကြာခင်လွှတ်ပေးဘို့အစီအစဉ်ရှိပြီး ဒေါ်စုအနေနဲ့ သူ့ပါတီကို စည်းရုံးနိုင်ပါလိမ့် မယ်လို့ မြန်မာ့နိုင်ငံခြားရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က အေပီသတင်းကို ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက ဒေါ်စုနဲ့ တွေ့ခွင့်တောင်းခဲ့တာကို ခွင့်မပြုခဲ့တဲ့ နအဖက မစ္စတာ ကွတ် ကဲန်ဘယ်လယ်တို့ကို ဒေါ်စုနဲ့ တွေ့ခွင်ပေးခဲ့ပါတယ်။ ဂျွန်ယက်ထောကို လာခေါ်သွားတဲ့ အမေရိကန် ဆီးနိတ်အ မတ်ဂျင်မ်ဝက်ဘ်ကိုလဲ ဒေါ်စုနဲ့တွေ့ခွင့်ပေးခဲ့ပါတယ်။ စီးပွါးရေး ပိတ်ဆို့မှု ဖယ်ရှားရေးဆိုတဲ့ ‘မက်လုံး’ကြောင့် လိုက်လျောတာဖြစ်မှာပါ။

ဒေါ်စုက ၂၀၀၉ ခု စက်တင်ဘာ ၂၅ ရက်နေ့စွဲဖြင့် နအဖခေါင်းဆောင်ထံ စာပေးပို့ခဲ့ပါတယ်။ စီးပွါးရေးပိတ်ဆို့မှု ဖယ်ရှားရေးကို ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ ဒိအတွက် အမေရိကန်၊ အီးယူ၊ သြစတြေးလျသံအမတ်ကြီးများ နဲ့၎င်း၊ မိမိ၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၎င်းတွေ့ဆုံဆွေးနွေးလိုကြောင်း စာမှာဖော်ပြတောင်းဆိုထားပါ တယ်။ နအဖကလဲခွင့်ပြုခဲ့ပါတယ်။ ၂၀၀၉ နိုဝင်ဘာ ၁၁ ရက်နေ့တွင်လဲ ဒေါ်စုက နအဖခေါင်းဆောင်ထံ တိုက် ရိုက် ဆွေးနွေးခွင့်ပြုရန် မေတ္တာရပ်ခံစာ ထပ်မံ ပေးပို့ခဲ့ပါတယ်။

ဒေါ်စုကို အဲန်အယ်လ်ဒီ ဗဟိုကော်မီတီဝင်ကြီးများအား ဂါရ၀ပြုခွင့်နဲ့ အဲန်အယ်လ်ဒီဗဟိုကော်မီတီ ပြန်လည်ဖွဲ့ စည်းခွင့်လဲ ပေးခဲ့ပါတယ်။

ဒီအခြေအနေတွေ ဖြစ်ပေါ်လာတော့ နအဖ သဘောထားပျော့ပျောင်းလာတယ်၊ အမှန်တကယ်ပဲ စစ်မှန်တဲ့ ပြောင်းလဲမှုများ လုပ်ပေးဘို့ ‘တာစူ’လာတယ်လို့ကောက်ချက်ချရင်တော့ မှားပါလိမ့်မယ်။ သူတို့အပေါ် အရေးယူ ပိတ်ဆို့မှုများ ပယ်ဖျက်ရေးအတွက် အားထုတ်ကြိုးပမ်းတာပါ။ သူတို့ရဲ့ ၇ ချက်ပါ လမ်းပြမြေပုံစီမံကိန်းကို မထိ ပါးမခြင်း ဒေါ်စုနဲ့ အဲန်အယ်လ်ဒီကို လူမြင်ကောင်းအောင်လှုပ်ရှားခွင့် ပေးထားမှာပါ။ ထိပါးလာရင်တော့ ချက်ခြင်း ချုပ်ခြယ်ပစ်မှာ မြေကြီးလက်ခတ်မလွဲပါ။

နအဖ ဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလဲ ပြင်ဆင်ပေးမှာမဟုတ်သလို ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ဖြစ်စေချင်တဲ့အတိုင်း အောင်မြင် ထမြောက်အောင် လုပ်သွားမှာပါ။ ဒါကို နအဖခေါင်းဆောင်ရဲ့ ပြောကြား ချက်များက သက်သေထူနေပါတယ်။ ၈၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ တကြိမ်၊ ၂၀၁၀ ဇန္န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာတကြိမ် ၂၀၁၀ ရွေးကောက်ပွဲကျင်းပဘို့ အသင့်ပြင်ဆင်နေပြီ ဖြစ်ကြောင်း အတိအလင်း ပြောဆိုဖော်ပြထားပါတယ်။

ပြည်တွင်းကလာတဲ့သတင်းတွေအရ ရွေးကောက်ပွဲဝင်မဲ့ အမတ်လောင်းတွေ လျာထားတာ၊ နအဖရဲ့ဒေါက်တိုင် များ လျှို့ဝှက်စည်းရုံးနေတာ၊ မဲဆန္ဒရှင်စာရင်းအတွက် မှတ်ပုံတင်များပြုလုပ်ပေးပြီး သန်ခေါင်စာရင်းများ ကောက်ခံ နေတာ၊ အငြိမ်းစားများ စာရင်းကောက်ယူပြုစုနေတာ၊ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက် နက်ကိုင် တပ်ဖွဲ့များကို စည်းရုံးသိမ်းသွင်းနေတာ စတာ စတာတွေဟာလဲ ၂၀၁၀ ရွေးကောက်ပွဲကို စီစဉ်ထား တဲ့အတိုင်း စင်းလုံးချော အထမြောက်အောင်မြင်ရေးအတွက်ပါပဲ။

ဒါကြောင့် ရေရာ သေချာ နေတာကတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲက ထွက်ပေါ်လာမဲ့ လွှတ်တော်နဲ့အစိုးရသစ်ဟာ မြန်မာတိုင်းရင်းသား တရပ်လုံးကို သားစဉ်မျိုးဆက် စစ်ကျွန်ဘ၀ နစ်ကျွံကျအောင် ဖန်တီးမှာပါပဲ ဖြစ်ပါတယ်။

နအဖရဲ့ တဘက်သတ်အောင်ပွဲခံမဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်ပေါ်လာရေးအတွက် ရေရာ သေချာ စေမှာ ကတော့ ၂၀၁၀ မဟာဗျူဟာကို လက်တွေ့ကျကျ ထိထိမိမိ အကောင်အထည်ဖော်ဘို့ပဲဖြစ်ပါတယ်။ ဒီဗျူဟာ ကတော့ “စု - လွှတ် - တွေ့”ဖြစ်ပါတယ်။ ဒီဗျူဟာကို ထိရောက်စွာအထောက်အကူပေးနိုင်မှာကတော့ နည်းဗျူဟာ တခုဖြစ်တဲ့ ‘နအဖ အရှိုက်ကို ထိစေမဲ့ လက်နက်ကောင်း’ ဖြစ်ပါတယ်။


မောင်မောင်လှကြိုင်

၂၀၁၀ ဇန္န၀ါရီ ၉

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Burma's opposition leader Aung San Suu Kyi (2008 file)

နေအိမ်မှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပညာရှင်အဖွဲ့ တဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


ရတနာပုံ အသင်း အလိုအလျောက် ချန်ပီယံဖြစ်သွား

ရတနာပုံ အသင်း အလိုအလျောက် ချန်ပီယံဖြစ်သွား

မြန်မာနေရှင်နယ်လိဂ် (MNL) ဘောလုံးပြိုင်ပွဲတွင် မန္တလေးအခြေစိုက် ရတနာပုံအသင်း သည် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီ အတွက် အမှတ်ပေးချန်ပီယံဖြစ်သွားပြီဖြစ်သည်။
ဟေတီကို ကူညီကြပါ

ဟေတီကို ကူညီကြပါ

အင်အား ပြင်းထန်သည့် ငလျင်ဒဏ် ခံခဲ့ရသော ဟေတီနိုင်ငံ၊ ပို့အော်ပရင့်စ် မြို့တော်တွင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်း ဆောင်ရွက် နေကြသည်။သမ္မတ ဘားရက် အိုဘားမားက အမေရိကန်နိုင်ငံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့ ၂၀၁၀ ခုနှစ်တွင် ပထမဆုံး အကြိမ် အဖြစ် ယနေ့တွေ့ဆုံကြောင်း အမျိုးသား

ဒေါ်စုနှင့် ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ
စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ၂၀၁၀ ခုနှစ်တွင် ပထမဆုံးအကြိမ် ...
ပထမဆုံး အမျိုးသမီး လေယာဉ်မှူးများ ကောင်းကင်ယံ ပျံတက်မည်
မလေးရှား နိုင်ငံတွင် ခရီးသည်တင် လေယာဉ်မှူး သင်တန်း ပြီးဆုံး အောင်မြင်သွားပြီး ...
ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည့် အစီအစဉ် ဖျက်သိမ်း
ဂျပန်နိုင်ငံ တိုကျိုမြို့၌ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား ဆန္ဒပြမည်ကို ရဲက ...

တပ်သားသစ်တထောင်ကျော် ၀ တပ် စစ်ရေးသင်တန်းဆင်းပွဲ လားဟူအမျိုးသားအများဆုံးပါဝင်

တပ်သားသစ်တထောင်ကျော် ၀ တပ် စစ်ရေးသင်တန်းဆင်းပွဲ လားဟူအမျိုးသားအများဆုံးပါဝင်ဝ ပြည်သွေးစည်းရေးတပ်မတော် တပ်မဟာ ၄၆၈ မိုင်းပေါက်ဌာနချုပ်၌ စစ်သင်တန်းဆင်းပွဲအခမ်းအနားတရပ် ယနေ့ မနက် ပိုင်းက ကျင်းပခဲ့သည် ဟု တရုတ်နယ်စပ်သတင်းရပ်ကွက်ကပြောပါသည်။

ချောက်ထဲဆင်းမည့် ဦးဆောင်မှုမျိုး မလုပ်ဟု အပစ်ရပ် SSA ခေါင်းဆောင်တဦး ကတိပေး

ချောက်ထဲဆင်းမည့် ဦးဆောင်မှုမျိုး မလုပ်ဟု အပစ်ရပ် SSA ခေါင်းဆောင်တဦး ကတိပေးဒေသကာကွယ်ရေးတပ်/ပြည်သူ့စစ် အဖြစ်အသွင်ပြောင်းရန် နအဖ အကြိမ်ကြိမ်ဖိအားပေးလာမှုအပေါ် အပစ်ရပ် SSA ခေါင်းဆောင်ပိုင်းတဦးက ရဟန်း ရှင်လူ ပြည်သူများအား ချောက်ထဲဆင်းမည့်ဦးဆောင်မှုမျိုး လုပ်မည်မဟုတ်ဟု ကတိပေး ပြောခဲ့ကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်ကပြောပါသည်။

SSA အပစ်ရပ် ထိုးစစ်ဆင်မည့်သတင်းကြောင့် ဗမာတပ် မိသားစု ပြောင်းရွှေ့

SSA အပစ်ရပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည်ဟူသောအကြောင်းပြချက်ဖြင့် သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ် နအဖတပ်ရင်းအချို့သည် မိသားစုများအား လဲချား၊ တောင်ကြီးသို့ ၁၁-၁၂ ရက်နေ့များ၌ ပြောင်းရွှေ့ထားသည်ဟု နီးစပ်သည့် အသိုင်းအ၀ိုင်းကပြောပါသည်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးစနစ် ကတိမ်းကပါး ဖြစ်နေသေးသမျှ၊ ထိုင်းအာဏာပိုင်တွေကလည်း ရွှေ့ပြောင်း အလုပ်သမားတွေရဲ့အရေးကို အလေးဂရုပြုဖို့ ငြင်းဆန်နေသေးသမျှ သာမန်ပြည်သူတွေဟာ နိုင်ငံရဲ့မူဝါဒကျဆုံးမှု အတွက် အကြီးဆုံးအရှုံးသမားတွေ ဖြစ်နေကြရအုံးမှာပဲ ဖြစ်ပါတယ်... အပြည့်အစုံသို့

ရွေးကောက်ပွဲလုပ်မယ့်ရက်ကို မကြေညာရဲတဲ့ နအဖ - Saturday, January 16, 2010

နအဖ အနေနဲ့ သူတို့ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို သ ပိတ်ဝင်အိတ်ဝင် ရပြီးသားဆိုတာမှန်ပေမယ့် အဲဒီဖွဲ့စည်းပုံမှာ သူတို့စစ်တပ်က ယူဖို့သတ်မှတ် မထားတဲ့ ဝန်ကြီးနေရာတွေနဲ့ အမတ်နေရာတွေကိုလည်း သူတို့က လိုချင်မှာ ... အပြည့်အစုံသို့


January 16, 2010 – 3:49 am | No Comment

ဇန်န၀ါရီလ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဒေသတွင် အခြေချလှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့ဝင်များ၏ ပစ် ခတ်မှုကြောင့် ထိုင်းရွာလူကြီးတဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံတက်လိုက်ရသည်ဟု သတင်းရရှိသည်။

ယနေ့ နေကြတ်မှု အပေါ် ရခိုင် ဝေဒနှင့် သမိုင်းသုတေသီ တဦး ဟောပြောချက်

၁၊၁၅၊၂၀၁၀

မောင်အေး(နိရဉ္စရာ) ယနေ့တွင် ဖြစ်ပေါ်ခဲ့သည့် နေကြတ်မှုနှင့် ပတ်သက်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မဟားဇိုးမြို့ သံသီးရွာ ရခိုင်အမျိုးသား ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်မူသည့် ဝေဒနှင့် သမိုင်း သုတေသီ ပညာရှင် အရှင် ဣန္ဒာစက္ကကို နေရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ အရှင်ဘုရားက အောက်ပါ အတိုင်း ဖြေဆိုထားပါသည်။ အပြည့်အစုံသို့

စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦး လှ နှစ်တရာပြည့် အဖွဲ့ ချုပ်လူငယ် ဂုဏ်ပြု...

၁၄.၁.၂၀၁၀၊ ရန်ကုန် ၁၉.၁.၂၀၁၀တွင် အနှစ်(၁၀၀)ပြည့်မြောက်ပြီဖြစ်သည့် သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးလှကို ဂုဏ်ပြုသောအားဖြင့် ယနေ့  ၁၄.၁.၂၀၁၀တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် လူငယ်ဖွံ့ ဖြိုးရေး အစီအစဉ်တစ်ခုဖြစ်သည့်...
ဆက်ဖတ်ရန်
ငလျင်ကြောင့် သေဆုံးသူ ၂ သိန်းအထိ ရှိနိုင်သည်ဟု ဟေတီအစိုးရ ပြောဆို
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၁၆၊ ၂၀၁၀ အပျက်အစီးများအောက်တွင် ၄ ရက်ကြာ ပိတ်မိနေသော ကလေးကို ကယ်ထုတ်လာပုံ။ အင်္ဂါ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၂ သိန်းအထိ ရှိနိုင်သည်ဟု ဟေတီအစိုးရ၏ ပြောကြားချက်ကို Reuters သတင်းတပုဒ်တွင် ရေးထားသည်။
အပြည့်အစုံသို့ ...


၂၀၁၀ နှစ်သစ် နေကြတ်သည်ကို ရန်ကုန်မှလည်း မြင်တွေ့ခဲ့ရ
မိုးမခအထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၁၅၊ ၂၀၁၀ ရန်ကုန်မြို့တွင် နေကြတ်နေသည့် မြင်ကွင်း (ဓာတ်ပုံများ-မိုးမခ)

၂၀၁၀ နှစ်သစ်သို့ စတင် ၀င်ရောက်ပြီး ၁၅ ရက် အကြာတွင် နေကြတ်သည့် အဖြစ်အပျက်ကို ကမ္ဘာ့ နေရာ ဒေသ အတော်များများမှ မြင်တွေ့ရသည့် နည်းတူ ရန်ကုန်မြို့ နေသူများလည်း မြင်တွေ့ခဲ့ကြရသည်။

အပြည့်အစုံသို့ ...


more


more


more


more


more


more

စစ်အစိုးရကို ပံ့ပိုးသူ လုပ်ငန်းရှင်နှစ်ဦး သီရိပျံချီဘွဲ့ ချီးမြေၟာက်ခံရ
တရားမဝင် မြန်မာ ၃၀ ကျော် ထိုင်းရေပိုင်နက်အတွင်း အဖမ်းခံရ
မြန်မာနိုင်ငံ နေရာအများမှာ နေလုံးဝကြတ်တာ မြင်တွေႚကြရ
စာရေးဆရာကြီး ဦးသုခ နှစ် ၁၀၀ ပြည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ကုသိုလ်လုပ်
လူကုန်ကူးခံရသူ မြန်မာအမျိုးသမီး ၃၃ ဦး တရုတ် အာဏာပိုင်တွေ နယ်စပ်ကိုနှင်ထုတ်