3.14.2009

Burma News

Villages Reluctant to Take in Roadside Refugees

By AUNG THET WINE
Many who were left homeless by Cyclone Nargis still have nothing to return to, and nowhere to go but local villages that don’t really want them.

Weekly Business Roundup (March 13, 2009)

By WILLIAM BOOT
Japan will pick up much of the bill for improving public transport in Rangoon where hundreds of old buses dating from before World War II are reportedly to be scrapped and replaced.

Political Prisoners Doubled in Two Years, Say Activists

By WAI MOE
The number of political prisoners in Burma has almost doubled since July 2007, according to activists who launched a campaign on Friday to press for their release.

We Will Boycott Election: CRPP

By LAWI WENG
A spokesman for the CRPP has said it will not take part in next year’s general election in Burma unless the junta agrees to major political reforms.

Monk’s Family Members Sentenced in Reprisal

By MIN LWIN
A brother and five family members of the influential, imprisoned monk, Ashin Gambira, each receive five-year prison terms.

Ad Appears for USDA Political Journals

By WAI MOE
An ad for two revamped political journals published by the junta-backed USDA appears in a government-sponsored Rangoon newspaper.

Major parties not to contest polls unless constitution is revised

The leader of the 'Committee Representing People's Parliament' (CRPP) Aye Thar Aung has declared that they will not contest the 2010 general elections in Burma unless the constitution is...

Ashin Gambira longs for internet and tea

Activist Buddhist monk Ashin Gambira serving 68 years in prison, is longing for internet and tea. The 29 year-old monk’s mother Daw Ray who visited Khamti prison in Sagaing Divison...

Editorial, Opinion and Analysis

Limitations of the global human rights paradigm

(Commentary) Since the 1988 uprising, Burma campaign groups have adopted the standard approach of the transnational human rights movement everywhere, advocating...


Clinton hails Aung San Suu Kyi as “Beacon of Hope”

US Secretary of State, Hillary Clinton, on Thursday called Burma’s imprisoned Nobel Peace Laureate Aung San Suu Kyi, a “Beacon of Hope”, for people around the world. During her speech,...

RSF lists Burma among 12 “Internet Enemies”

Paris-based media watchdog, Reporters Without Border (RSF), has listed military-ruled Burma among 12 countries, which it has called “Internet Enemies” for censoring online freedom of expression.

Just Back From: Burma - temples, nice people
San Francisco Chronicle - CA, USA
Burma is amazing. The junta stays in its jungle capital and leaves the rest of Burma to its wonderful people. Coolest souvenir: Hard to choose. ...
See all stories on this topic
Norway hit for Dongfeng over Burma arms sale
The Standard - Hong Kong
Norway's state pension fund, one of the world's biggest investors, has pulled out of Dongfeng Motor over its sale of military equipment to the Burmese junta ...
See all stories on this topic
Burmese Prime Minister Slated to Visit Indonesia
Jakarta Globe - Jakarta,Indonesia
Burma’s Prime Minister Gen. Thein Sein is scheduled to visit Indonesia on March 16 and 17, Teuku Faizasyah, a spokesman from the Ministry of Foreign Affairs ...
See all stories on this topic
INDIA – MYANMAR Burmese people sacrificed on the altar of economic ...
AsiaNews.it - Italy
The clergyman’s outcry coincides with Human Rights Day in the former Burma. For the occasion activists have launched a campaign to free Aung San Suu Kyi and ...
See all stories on this topic
Norway's vast oil wealth fund drops Chinese firm
International Herald Tribune - France
"We cannot finance companies that support the military dictatorship in Burma through the sale of military materials," said Minister of Finance Kristin ...
See all stories on this topic
Biofuel Gone Bad: Burma's Atrophying Jatropha
TIME - USA
13, 2009 Ethnic minorities in traditional dress and Burmese civil servants plant jatropha crops at an official planting ceremony in Burma's Shan State on ...
See all stories on this topic
Lightning strikes at fest
Toronto Star - Ontario, Canada
Burma VJ: Reporting from a Closed Country: The story of underground video journalists in Burma and their tactics for bringing footage of 2007's massive ...
See all stories on this topic
UNHCR to expand activities in Burma
Mizzima.com - New Delhi,Delhi,India
Antonio Guterres, the High Commissioner for Refugees, who concluded a six-day mission to Burma on Thursday, was told by Burmese authorities to submit a ...
See all stories on this topic
BBC News
UN to expand north Burma mission
BBC News - UK
The UN's refugee agency says it is to expand its work immediately in Burma's northern Rakhine state. The state - one of the poorest and most isolated in ...
See all stories on this topic
UN to focus on Burma's boat people
Sydney Morning Herald - Sydney,Australia
The UN has agreed with Burma to extend its activities in a region from which hundreds of Muslim boat people recently fled. Antonio Guterres, the United ...
See all stories on this topic

Blogs Alert for: Burma news

the world my place!: Chicken fajitas
By May Burma
May Burma: Entrepreneur in Myanmar, a pioneer in Advertising and Marketing industry in Myanmar. A partner of international firms ( before trade sanctions ) A true Myanmar national with pride for her country. View my complete profile ...
the world my place! - http://freedom-in-america.blogspot.com/
Researchers take first look at the genetic dynamics of inbreeding ...
The fact that a relatively large number of genes are affected by inbreeding is bad news for conservationists hoping to save small populations of plants or animals from extinction, Paige said. It means that there is no easy fix to the problem of inbred ... The Wildlife Conservation Society and the Panthera Foundation announced plans to establish a 5000 mile-long "genetic corridor" from Bhutan to Burma that would allow tiger populations to roam freely across landscapes. ...
Science Current Events | Science... - http://www.brightsurf.com/
Norway fund expels China firm, says eyeing Siemens | Financial 24
The company (Dongfeng Motor Group) sells military trucks to Burma, the finance ministry said in a statement. We cannot finance companies that support the military dictatorship in Burma through the sale of military materials, ...
Financial 24 - Top News - http://www.financial24.org/

တံတားနီနေ့ (သို့) တံတားဖြူ အရေးအခင်း - မတ်လ (၁၆) ရက်။


1988

၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ် နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအတွင်းမှာ ကျောင်းသား ထောင်ပေါင်း များစွာ စုရုံးကြပြီး မဆလအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြကြတယ်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေက ကျောင်းသားများကို ရွှေပြည်အေး တရား ဟောခဲ့ပါတယ်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းတဲ့အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေလည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး တားမရတဲ့အဆုံး ကျောင်းဝင်းတွင်းက မထွက်ရင် ဘာမှ မဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးတယ်။

အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်းမှာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြတယ်။ ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြတယ်။

ကျောင်းသားများထဲမှ အလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက် ကြရန် လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံ ခဲ့ကြတယ်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိ လမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။

ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကိုဝင်ပြီး သမိုင်းဝင်းတစ်ခုလုံးရှိ ကျောင်းသားအင်အားစုရန် ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။ ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီး အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ဆီသို့ ဦးတည်ပြီး ချီတက်ကြတာ အလွန် တက်ကြွဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။

အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသား တော်လှန်ရေး တိုင်းမှာ အသုံးပြုခဲ့ကြသော ခွပ်ဒေါင်းအလံကြီးကို စတင် တင်လွှင့် ခဲ့ကြတယ်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်း တောက်လျှောက်တွင် အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနဲ့ ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြတယ်။ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်း အင်အားကြီးမားလာခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ညီညွတ်စွာ သံပြိုင်ကြွေးကြော်လာကြတယ်။

ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် တံတားဖြူကန်ဘောင်ကို ကျော်လိုက်တာနဲ့ ရုတ်တရက် ကျောင်းသားထုကြီး ရပ်တန့်သွားခဲ့တယ်။ တံတားဖြူကန်ဘောင် အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကို တွေ့လိုက်ရတယ်။ စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနဲ့ စောင့်နေကြတယ်။ ဘရင်းကယ်ရီယာများကလည်း စစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားတယ်။ ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနဲ့ တပ်မတော်သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြတယ်။

အဲ့ဒီ အချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံလိုက်ကြတယ်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြတယ်။ ပိတ်မိနေကြပြီ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများ နဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲ သို့ အလိုလို ရောက်သွားရတယ်။

ထိုအချိန်မှာပဲ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များ နဲ့ ၀င်ရိုက်ကြတော့တယ်။ နံပါတ်တုတ်များ နဲ့ ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေရတယ်။ ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ ကန်ဘောင်ပေါ် တက်ပြေးကြတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြတယ်။

ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုံး လဲကျကုန်ကြတယ်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြတယ်။ ကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူဆို့ ရဲ့ သွေးတွေနဲ့  တံတားနီအဖြစ် ရောက်ခဲ့ရတယ်။

အဲ့ဒီနောက် အသင့်စောင့်နေသော လုံထိန်းကားများက မောင်းဝင်လာကာ လမ်းမတလျှောက် လဲကျနေသူ၊ ဒဏ်ရာရသူနဲ့ သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြတယ်။ ဖမ်းဆီးမိတဲ့ ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြတယ်။ ကားတွေ မောင်းထွက်သွားတဲ့ အခါမှာတော့ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင် နဲ့ တံတားဖြူ ကို ဆေးကြောသုတ်သင် လိုက်ကြပြန်တယ်။

ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလ အစိုးရ အရှင်သခင် ဦးနေ၀င်း၏ ညာလက်ရုံး ဦးစိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်တယ်။

တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်တွင် ပါလာသော လုံထိန်းမျာက မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ထားခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။ မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းအောင် ဖြစ်နေရတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေတဲ့ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့က အနီးဆုံး လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့တယ်။

မနက်မိုးလင်းတဲ့အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရတယ်။ ရန်ကုန် ဆေးရုံကြီး မှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါတယ်။ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့် ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ ကျောင်းသားများ ထောင်နဲ့ ချီပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြတယ်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိတဲ့ စင်မြင့်ပေါ်မှာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော် နှင့် မယုယုမော်တို့က ဟောပြောခဲ့ကြတယ်။

ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီး စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေက တိတ်တဆိတ် သင်္ဂြိုဟ်လိုက်ကြတယ်။ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြတယ်။

ကျောင်းသားများ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းတွင်းကို ပြန်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးကို စစ်သားများ လုံထိန်းများ ထောင်နဲ့ချီပြီး ဘရင်းကယ်ရီယာများ နဲ့ ၀ိုင်းရံပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။ ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေက မိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းဝင်းပြင်ကို မထွက်ပါက လုံခြုံပါတယ်လို့ ပြောခဲ့ပါတယ်။

ကျောင်းဝင်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝင်းထဲ သေနတ်များ နံပါတ်တုတ်များနဲ့ ကျောင်းဝင်းကို ၀င်စီးလိုက်ကြတယ်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြတယ်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲ ၀င်လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ကျောင်းဆောင်တွေထိပါ ၀င်လာပြီး ကျောင်းသားတွေကို ထွက်ခိုင်းကာ အချုပ်ကားပေါ် တင်သွားကြတယ်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာတဲ့အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီခေါ်လာတဲ့ ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြသနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်တယ်။ အစိုးရက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တစ်လအတွင်း အစီရင်ခံစာ တင်ပြရန် တာဝန် လွှဲပြောင်းပေးလိုက်တယ်။ (ဒီ မဆလအာဏာရှင်ရဲ့  အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လိမ်ညာသောချက်အလက်များနဲ့  အစီရင်ခံစာထုတ်ပြန်ခဲ့တယ်)။

အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားကျောင်းသူများက အုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ စုစည်းခဲ့ကြတယ်။ အဲဒီနောက် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်း လှည့်လည် ဆန္ဒပြကြတယ်။ နာရီအနည်းငယ် အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြ လူအုပ်ကြီး ဖြစ်ခဲ့တယ်။

ဒီလိုနဲ့  ကျောင်းသူကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကြီးဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး ဆီကို အရှိန်အဟုန်ပြင်းစွာနဲ့  အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကို ကြံ့ ကြံ့ ခံရင်း မဆလ တစ်ပါတီစနစ်ကို ပျက်သုံးစေပြီး အာဏာရှင် နေ၀င်း ပြုတ်ကျတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။

(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။

၁၉၈၉ ခုနှစ် မတ်လ (၁၆) ရက်နေ့ မှာ တံတားနီနေ့  တစ်နှစ်မြောက်နဲ့  ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းဝင်း အတွင်း ဗိုလ်အောင်ကျော် အုတ်ဂူရှိရာ မြေကွက်လပ်မှာ နှစ်ပတ်လည် ကျင်းပခဲ့ပါတယ်။

inya-lake

(ယခင် တံတားဖြူ (တံတားနီ) ရှိရာ အင်းလျားကန်ဘောင်အား ယခုအခါတွေ့ မြင်ရသော မြင်ကွင်းပုံ ဖြစ်ပါ တယ်)။

inya-kyet-island1

(၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက်နေ့ တွင် သွေးမြေကျခဲ့ကြရသော ကျောင်းသူကျောင်းသားများ၏ ကြေကွဲဖွယ် အဖြစ် အပျက်များအား သက်သေတည်ကာ ၀မ်းနည်းနေမည့် အင်းလျားကန်အလယ်မှ ကျွန်းလေး)။

redbridge

(ရန်ကုန်တက္ကသိုလ် (ပင်မ) နှင့် အင်းလျားကန်ဘောင်တစ်လျှောက်အား တွေ့ မြင်ရစဉ် -ကျောင်းသူ ကျောင်း သား တွေရဲ့  ၀ိညာဉ်တွေ ဒီနေရာမှာ ကြွေလွင့်ပျောက်ကွယ်ခဲ့ကြရတယ်)။

red-fighting-peacock

၁၉၈၈ ခုနှစ်၊ မတ်လ ကာလအတွင်းမှာ ပေးဆပ်ရင်းနှီးဆုံးရှုံးခဲ့ကြရတဲ့ ကျောင်းသူကျောင်းသားတွေရဲ ဘ၀တွေနဲ့  စိတ်ဓါတ်တွေကို လေးစားဂုဏ်ပြုကြရဖို့  ကျွန်တော်တို့ အားလုံးရဲ့  တာဝန်ဖြစ်သလို၊ မပြီးဆုံးသေးတဲ့ အာဏာရှင် ဆန့် ကျင်တော်လှန်ရေးကိုလည်း နောင်တော် ကျောင်းသူကျောင်းသားကြီးများရဲ့  ၀ိညာဉ်တွေနဲ့အတူ ဆက် လက် ဆင်နွဲရင်း အမိမြန်မာပြည်ပေါ်မှာ အာဏာရှင်စနစ်ချူပ်ငြိမ်းပျောက်ကွယ်စေဖို့  စွမ်းစွမ်းတမာန် ဆောင် ရွက်ကြ ရမှာ ဖြစ်ပါတယ်။

“အို - ကျောင်းသားအပေါင်းတို့  ငါတို့  ကျောင်းသားတွေကို သွေးမြေကျအောင် မိုက်ရိုင်းခဲ့ကြတဲ့ အာဏာရှင်တွေကို ငါတို့  ကျောင်းသားစိတ်ဓါတ်နဲ့  သမိုင်းကြွေးဆပ်ကြစို့ ”

နစ်နေမန်းဘလော့မှ


သတင်းပဒေသာ

“ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်ပါဝင် တိုက်ပွဲဝင်ကြ”
















“ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်ပါဝင် တိုက်ပွဲဝင်ကြ”



arttoday_norway_oslo_flag_22aug03_eng_1501

တရုတ်နိုင်ငံ ဒန်ဖွန်း မော်တော်ကား ကုမ္ပဏီကြီးက စစ်တပ်အုပ်စိုးနေတဲ့ မြန်မာနိုင်ငံကို စစ်တပ်သုံးမော်တော်ယာဉ်များ ရောင်းချတဲ့အတွက် နော်ဝေနိုင်ငံက အဲဒီ ကုမ္ပဏီမှာ ငွေရင်းနှီးမြှုပ်နှံထားတာကို
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ပြည်ပရောက် အတိုက်အခံများ ကျင်းပ
ဓာတ်ပုံသတင်း
မတ် ၁၃၊ ၂၀၀၉
အျပည့္အစုံသိုႛ ...


NEJ / မတ်လ(၁၃) ရက်၊ ၂၀၀၉



NEJ / မတ်လ(၁၃) ရက်၊ ၂၀၀၉

နအဖစစ်အစိုးရက စစ်တပ်ပိုင် မြဝတီသတင်းစာတစောင် ထုတ်ရန် စီစဉ်နေကြောင်း အဆိုပါသတင်းစာအတွက် အကြံဉာဏ်ပေးနေသူ အငြိမ်းစား အစိုးရသတင်းစာ စာတည်းမှူးတဦးက ပြောသည်။ ၎င်းက “သူတို့က ၂ဝဝ၈ ခုနှစ်ကတည်းက ပြင်ဆင်နေတာ။ လုပ်မယ့် သတင်းစာကတော့ လက်ရှိ ထွက်နေတဲ့ မြန်မာ့အလင်း၊ ကြေးမုံလို ပုံစံပဲ။...အပြည့်အစုံသို့


ကြံ့ဖွံ့အမတ်လောင်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း
တောင်ဥက္ကလာမှာ မဲဆွယ်ဖို့ ကတ္တရာလမ်းခင်း

အောင်ထက် / မတ်လ(၁၃) ရက်၊ ၂၀၀၉
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ လမ်းအချို့အား ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးအသင်းမှ နိုင်လွန်ကတ္တရာ လမ်းခင်း ခြင်းလုပ်ငန်းကို မတ် (၇) ရက်နေ့ကတည်းက စတင်ခဲ့သော် လည်း မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်ခိုင်ဖြိုးအသင်းမှ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မဲဆွယ်ဖို့အတွက်..အပြည့်အစုံသို့
ဆယ်တန်းစာမေးပွဲရက်
ရန်ကုန်မှာ စစ်ကားတွေ ကင်းလှည့်

NEJ / မတ်လ(၁၃) ရက်၊ ၂၀၀၉
ရန်ကုန်မှာ ဆယ်တန်းစာမေးပွဲရက်အတွင်း မီးမလာသော် လည်း သံချပ်ကာအပြည့်နှင့် ရဲအပြည့်တင်ထားသော စစ်ကားကြီးများ ရန်ကုန်မြို့တွင် လှည့်နေကြောင်း မျက်မြင် သက်သေများက ပြောသည်။ “ဒီမနက်ကပဲ အနော်ရထာ လမ်းမှာ ရဲတွေအပြည့်၊ လက်နက်အပြည့်နဲ့ လည်မှာ အနီတွေ စည်းပြီးတော့၊ ကားကြီး (၇) ...ပြည့်အစုံသို့

မြန်မာ့နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု စပြီ
မင်းနိုင်သူ / မတ်လ(၁၃) ရက်၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ် ကို ယနေ့ နိုင်ငံပေါင်း (၁၀) နိုင်ငံတွင် စတင်ပြုလုပ်နေပြီဖြစ် ကြောင်း ဦးဆောင်စီစဉ်သူ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) တို့မှ ...အပြည့်အစုံသို့
ရန်ကုန်မှာ KTV, မာဆတ်
မှောင်ခိုစီးပွားရေးလုပ်ငန်းတွေများလာ

အောင်ထက် / မတ်လ(၁၃) ရက်၊ ၂၀၀၉
ကမ္ဘာ့နိုင်ငံအနှံ့ စီးပွားရေးကျဆင်းနေချိန်တွင် နိုင်ငံတော် အကြီးအကဲတို့သည် နိုင်ငံတကာရောက် အလုပ်လက်မဲ့ မြန်မာအလုပ်သမား (၅) သန်းခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများပေးရန် အသင့်ရှိနေကြောင်း ပြောနေ သော်လည်း လက်တွေ့တွင် ပြည်တွင်းလုပ်ငန်းရှင်ကြီးများ ကပင် သူတို့၏ ပင်မအလုပ်များကို ...အပြည့်အစုံသို့

စည်းကမ်းတကျ ဆင်းရဲကြဟု ရုပ်ရှင်ဥက္ကဌ တိုက်တွန်း

စည်းကမ်းတကျ ဆင်းရဲကြဟု ရုပ်ရှင်ဥက္ကဌ တိုက်တွန်း

မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုများ ရိုက်ကူးရာတွင် ဆင်းရဲသား ဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးခြင်း မပြုရန် ထုတ်လုပ်သူများအား သတိပေးသည်ဟူသည့် ကိစ္စရပ်နှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း

မြန်မာပြည်၏ မျှော်လင့်ချက် ဒေါ်စုဟု ဟီလာရီ ပြောဆို

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ပြည်သူများအတွက် အင်အားနှင့် မျှော်လင့်ချက် အလင်းရောင်ဖြစ်သည် ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

၂ နှစ်အတွင်း အကျဉ်းသားအရေအတွက် ၂ ဆ တိုး

နိုင်ငံရေး အကျဉ်းသား အရေအတွက်သည် မြန်မာပြည်တွင် ၂၀၀၇ သြဂုတ်လမှ စတင်ပြီး နှစ်ဆ တိုးတက်လာသည်ဟု ယနေ့စတင်သည့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်သူများက ပြောကြားလိုက်သည်။

နာဂစ် ဒုက္ခသည်များ အလုပ်လက်မဲ့ ဖြစ်နေဆဲ

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် လပွတ္တာ မြို့ ပြင်တွင် နေထိုင်လျှက်ရှိသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒုက္ခသည် ၁၀၀၀ ကျော်သည် အလုပ်အကိုင်နှင့် စားဝတ်နေရေး အခက်အခဲများ

ရှစ်နှစ်အတွင်း ယဉ်တိုက်မှုကြောင့် လူသေမှု အများဆုံးဖြစ်

ယဉ်တိုက်မှုကြောင့် ယမန်နှစ်အတွင်း သေဆုံးသူအရေအတွက်မှာ ၈ နှစ်အတွင်း အများဆုံးဖြစ်ခဲ့သည်ဟု ရန်ကုန်တိုင်း ကြိုးမဲ့ ကြေးနန်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။ ၂၀၀၈ ခုနှစ် အတွင်း ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်......

ကလင်တန်က ဒေါ်စုကို ‘မျှော်လင့်ချက်ရောင်ခြည်’ အဖြစ် ချီးကျူးပြောဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်က မြန်မာ့ ထိန်းသိမ်းခံနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ တဝှမ်းမှပြည်သူများအတွက် ‘မျှော်လင့်ချက်လင်းရောင်ခြည်’ ဖြစ်သည်ဟု ကြာသပတေးနေ့က ခေါ်ဆိုလိုက်ပါသည်။

စု-လွှတ်-တွေ့ ရှင်သန်နေဆဲ

(အင်တာဗျူး) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဆရာဦးဝင်းတင်သည် ယမန်နေ့က အသက် ၇၉ နှစ် မွေးနေ့ကျရောက်ခဲ့သည်။ စု-လွှတ်-တွေ့ နှင့် ရံသုံးရံ တို့၏ ပိုင်ရှင်အတွက် မိတ်ဆွေ၊...

ဦးဂန္ဘီရက အင်တာနက်ကို တမ်းတ

နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသူ သံဃာတော် ဦးဂန္ဘီရက အင်တာနက်နှင့် လက်ဖက်ရည်ကို တမ်းတကြောင်း သူ၏ မိခင်အပြောအရ သိရသည်။ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့...

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အင်ဒိုနှင့် စင်္ကာပူတို့သို့ အလည်အပတ် သွားမည်

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်များအရ သိရသည်။ အင်ဒိုနီးရှားနိုင်ငံ...

ပြင်သစ်ဝန်ကြီး မြန်မာ ဒုက္ခသည်စခန်းသို့ သွားမည်

ပြင်သစ် နိုင်ငံခြားရေးနှင့် လူ့အခွင့်အရေးဝန်ကြီး ရာမာရာဒီသည် ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ယနေ့ ရောက်လာပြီး၊...

- စု-လွှတ်-တွေ့ ရှင်သန်နေဆဲ (ဦးဝင်းတင်နှင့် အင်တာဗျူး) click
- မြန်မာပြည်၏ မျှော်လင့်ချက် ဒေါ်အောင်ဆန်းစုကြည်ဟု ဟီလာရီ ပြောဆို click
- ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ‘မျှော်လင့်ချက်ရောင်ခြည်’အဖြစ် ချီးကျူးပြောဆို click
- ၂ နှစ်အတွင်း အကျဉ်းသားအရေအတွက် ၂ ဆ တိုး click
- ရှစ်နှစ်အတွင်း ယဉ်တိုက်မှုကြောင့် လူသေမှုအများဆုံးဖြစ် click
- အပစ်ရပ် ကိုးကန့်အဖွဲ့က တွေ့ဆုံဆွေးနွေးရေး တောင်းဆို click
- ဒလိုင်းလားမားကို တရုတ်အစိုးရ ပြင်းပြင်းထန်ထန် ဝေဖန် click
- မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံ ၂၀ ကျော်မှာ လက်မှတ်စုဆောင်း click
- ဒုက္ခသည်မဟာမင်းကြီး မူစလင်ရိုဟင်ဂျာအရေး ပိုမိုဦးစားပေးမည် click
- နေပြည်တော်နှင့် အိုင်အယ်လ်အို တာဝန်ရှိသူများ အောင်လံမြို့မှာ စစ်ဆေး click
- နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင် click
- မြန်မာ့လူ့အခွင့်အရေးနေ့ ထိုင်း၊ အိန္ဒိယနှင့် ဂျပန်တွင် ကျင်းပ click
- ကိုဖုန်းမော်အရေးအခင်း ၂၁ နှစ်မြောက်မှာ အတွေ့အကြုံများ ရင်ဖွင့် click
- ရိုဟင်ဂျာအရေးကို ပို၍ အလေးထားဆောင်ရွက်မည် - ယူအင်အိပ်ခ်ျစီအာ click
- အားလုံးပါဝင်ခွင့်ရမှသာ ရွေးကောက်ပွဲကို လေ့လာသူလာစေချင် - စီအာပီပီ click
- အဖွဲ့ချုပ်ဝင်အမျိုးသမီး ၂ ဦးကို ထောင်ဒဏ်ချမှတ် click
- အရှင်ဂမ္ဘီရ၏ မိသားစုဝင် ၂ ဦးကို ထောင်ဒဏ်ချမှတ် click
- နိုင်ငံရေးအကျဉ်းသားလွတ်ရေး ရက် ၇၀ လှုပ်ရှားမှုစတင် click
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ကမ္ဘာတ၀ှမ်းလှုပ်ရှားမှု စတင် click
- အခင်းဖြစ်ရာ တောင်တရုတ်ပင်လယ်သို့ အမေရိကန်တိုက်သင်္ဘောတွေ ရောက်ရှိ click
- လက်ဖက်ထဲမှာ ဆိုးဆေးများပါဝင်ကြောင်း စစ်အစိုးရ ကြေညာ click
- နှင်းဆီရနံ့တွေ အိမ်အပြန်ရထားကို မီခဲ့မယ်ဆိုရင် (ဆောင်းပါး) click
- ၈၈ ရဲ့ မတ်လမှာ (ဆောင်းပါး) click
အိုဘယ့် မြန်မာ့လူ့အခွင့်အရေး (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

မြန်မာနိုင်ငံ့ လူ့အခွင့်အရေးနေ့ နိုင်ငံတကာတွင်ကျင်းပ

လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပသည့် ၂၁ နှစ်မြောက် ဖုန်းမော်နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

ဓာတ်ပုံ - ကိုလတ်


၂၁နှစ်မြောက်လူ့အခွင့်အရေးနေတွင် BPPU ၏ထုတ်ပြန်ကြေငြာချက်

ဗကသအဖွဲ့ချုပ် (အထက်ဗမာပြည်-ယာယီ) ၏ ၂၁ နှစ်မြောက် ဖုန်းမော်နေ့

မတ်လ ၁၃

မြန်မာနိုင်ငံ လူ့အခွင့်အေ၇းနေ့ကို ကမ္ဘာ့နိုင်ငံအချို့တွင် တပြိုင်တည်းကျင်းပနေ ကြကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံတွင် ၂၆နှစ်ကြာ တပါတီ အာဏာရှင်စနစ်ကို ပြုတ်ကျရေးနှင့် ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး လူထု လှုပ်ရှားမှု အထိဖြစ်ပေါ်စေခဲ့သော သမိုင်း ၀င်နေ့တစ်နေ့ဖြစ်သည်။

အန္ဒိယ၊ ထိုင်း၊ ဂျပန်၊ အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံ များတွင်လည်း အခမ်းအနားများ ကျင်းပကြသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေ၇ာတွင် ဆွမ်းကျွေး တရားနာပွဲနှင့်အတူ နိုင်ငံရေးစကားဝိုင်းကို ၁၉၇၄ ကျောင်းသား ဟောင်းများ၊ ၈၈ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများ၊ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ကျောင်းသားများ အဖွဲချုပ်က ကျောင်းသား ကြီးများက ကျင်းပခဲ့ကြသည်။

ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်သူ ကဗျာဆရာ ကိုလွဏ်းနီက “မဆလစနစ်ဆိုးကြီးကို ကျနော်တို့ ကျောင်းသားတွေနဲ့ ပြည်သူတွေ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တာပါ။ ပြည်သူတွေ ပူးပေါင်းပါဝင်မှ လူထု အောင်ပွဲဆိုတာ ဖြစ်လာတာပဲ။ ခွပ်ဒေါင်းသွေးတွေ ရဲရဲနီဆဲပါ။ ခွပ်ဒေါင်းအလံတွေကို လက်ဆင့်ကမ်း သယ်ဆောင်ကြဆဲပါ။ ခေတ်အဆက်ဆက် ဗိုလ်အောင်ကျော်တို့ ခေတ်က နယ်ချဲ့ ကို တော်လှန်ခဲ့ကြ ဗိုလ်ချုပ်အောင်ဆန်းတို့ အလယ် ခုနောက်ဆုံးအထိ တွန်းလှန်ခဲ့ကြတယ်။ အာဏာရှင်တွေ သတ်ဖြတ်ခဲ့လို့ တစ်နိုင်ငံလုံးဆိုရင် သောင်းချီပြီး သေမယ်လို့ ခန့်မှန်း၇ပါတယ်။ ရင်ကော့ပြီး စတေးခဲ့ကြတဲ့ ကျောင်းစိမ်း အဖြူတွေနဲ့ ကျောင်းသားငယ် တွေရဲ့  သွေးတွေ ကတ္တရာလမ်းပေါ်မှာ ရှိနေပါသေးတယ်။ အောင်ပွဲကို ဆောင်ကျဉ်း နိုင်တဲ့ အထိကျနော်တို့ ခိုင်ခိုင်မာမာ တိုက်ပွဲဝင်သွားမယ်လို့ ကျနော်တို့ နှလုံးသွင်းထားပါတယ်။ မတ်လကျောင်းသား သွေးမြေကျတိုက်ပွဲကို အာဏာရှင်တွေက အရပ်သားနဲ့ ကျောင်းသားရန်ဖြစ်တာလို့ ခုထိ သမိုင်း ကို လိမ်ဖို့ကြိုးစားတုန်း ဖြစ်တယ်''ဟု ပြောသည်။

၁၉၈၈ ရန်ကုန်တက္ကသိုလ် ဗကသ အဖွဲ့မှ ကိုတင်အေးက'' ကျနော်တို့တခါမှ မမြင်ခဲ့ဖူးတဲ့ ကျောင်းသား သမဂ္ဂ ခွပ်ဒေါင်း အလံကို မတ်လ၁၆ရက်နေ့မှာ ၇န်ကုန်တက္ကသိုလ်မှာ စပြီးတော့ ကျနော်တို့ ကိုယ်တိုင် လွှင့်တင် နိုင်ခဲ့တယ်။ စက်မှုတက္ကသိုလ်ကို ပိတ်လိုက်ပြီ။ ၇န်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို သွားပေါင်းမယ်ဆိုပြီး လုပ်နေတဲ့ အခါ ပစ်သတ်တာပါ။ ကျနော်တို့၈၈မှာပါဝင်ခဲ့တယ်။ ခုမျိုးဆက်သစ် ကျောင်းသားတွေ ၂၀၀၇ မှာ ဆက်ကိုင်တယ် ကျောင်းသား အဆက်ဆက်ဟာ အာဏာရှင်ကို တော်လှန်တယ်။ တစ်ဦးချင်း ကြောက်ကောင်း ကြောက်မှာဖြစ်ပေမယ့် ကျောင်းသားထုဆိုတာနဲ့ တပြိုင်နက် ပြည်သူရှေ့က မားမားမတ်မတ် သမိုင်း တလျှောက်မှာ ရပ်တည်ခဲ့တယ်။ ကျနော်တို့ ထောင်ကျနေ ချိန်မှာ မမွေးသေးတဲ့ ကလေးတွေ ခုခွပ်ဒေါင်း အလံကို ဆက်ကိုင်ကြတယ် အားရကြေနပ်ပါတယ်''ဟုပြောသည်။
အာဏာပိုင်များ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးသည့် နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အေ၇းနေ့ အဖြစ် သတ်မှတ် ကျင်းပလာခဲ့သည်မှာ ယခု ၂၁နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်ရှိ စက်မှုတက္ကသိုလ်ကို မြန်မာ စစ်တပ်က စစ်တလင်းပြင်သဖွယ် စီနင်းတိုက်ခိုက်မှုနှင့် မတ်၁၆ ရက်နေ့ ရန်ကုန်ပင်ပမက္ကသိုလ် အနီး အင်းယားဘေး တံတားဖြူကား မှတ်တိုင်တွင် စုဝေးနေသော ကျောင်းသားများကို ထပ်မံ၍ ပစ်ခတ်ခဲ့သည်။

၁၉၈၇ခုနှစ်လည်က တိုင်းပြည်တွင်း သုံးစွဲနေသော ငွေစက္ကူများကို မဆလအစိုးရက တရားမ ၀င် ကြေညာခဲ့သည်မှ စ၍ မြန်မာပြည်သူများ မကြေနပ်မှု ဖြစ်ပေါ်နေခဲ့သည်။ ၁၉၆၂ ကျောင်းသားဟောင်းများနှင့် ၁၉၆၇ ခုနှစ် ကျောင်းသားဟောင်းများ၏ မြေအောက် လှုပ်ရှားမှုများကလည်း များစွာ အရာရောက်ခဲ့ကြောင်း ကျောင်းသားများက ပြောသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။